၃၉ စကြဝဠာကြီးသည် ဘုရားသခင်ကို ချီးမွမ်းခြင်းအသံများဖြင့် မြည်ဟည်း
၁
လောကသည် သီချင်းများ၊ ကခုန်ခြင်း နှင့် သမုဒ္ဒရာကဲ့သို့ပြည့်လျှံနေသည်။
ကျွန်ုပ်တို့ကခုန်၊ ကြယ်များခုန်ပေါက်၊
လသည် လည်း ပြုံးပျော်၊ စကြဝဠာသည် ချီးမွမ်းခြင်းနှင့်ပြည့်
အနန္တတန်ခိုးရှင်ဘုရား၊ နောက်ဆုံးနေ့၏ ခရစ်တော် ကမ္ဘာမြေသို့ကြွလာပြီ
သမ္မာတရားများကို မြွှတ်ဆိုကာ
တိုင်းနိုင်ငံအားလုံး၊ ဘာသာတရားများကို လှုပ်ခါ
ရွေးနှုတ်ခံသူများ ဘုရားအသံကိုကြားကာ သူ့ဘက်လှည့်ကာ ကိုးကွယ်ကြ
ဇိအုန်တွင် ဘုရားသခင် သည် စကြဝဠာသို့ သူ့ကိုယ်ကိုလှည့်ကာ
သူ၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းကို ဖွင့်ပြ
ဘုရား၏လူများ၊ ဝမ်းမြောက်ခြင်း နှင့်ပြည့်၊ ဘုရားကို အစဉ်ချီးမွမ်း
ဘုရားကို...ချီးမွမ်း...ဟာလေလုယာ
ဘုရားကို...(ဘုရားကိုချီးမွမ်း...ချီးမွမ်း)
ချီးမွမ်း...(ဘုရားကိုချီးမွမ်း...ဘုရားကိုချီးမွမ်း)
၂
ဘုရားကို ချစ်ဖို့ ကျွန်ုပ်တို့တာဝန် ဆောင်ရွက်ကာ
အလိုတော်ကို အလေးပေးပါ။
ကျွန်ုပ်တို့ ညီကို မောင်နှမများ၏ နှလုံးသားသည် ရင်းနှီးစွာ ဆက်နွယ်
ယောက်ကျားမိန်းမ၊ လူအိုလူငယ်များ ဘုရားကို
တစ်စိတ်တစ်ဝမ်းတည်း ချီးမွမ်းကြ
သင်ဆိုရင် ကျွန်ုပ်ကခုန်။
သင် ဘုရားတွက်သက်သေခံသော် ကျွန်ုပ်ပါဝင်မည်
နဂါးနီနတ်ဆိုးကြီးအား ကျွန်ုပ်တို့ အရှက်ရစေကာ
ဘုရားနာမတော်ကို ချီးမြှောက်ကြလော့
ဘုရား၏ဖြောင့်မတ်သော စိတ်သဘောထားကို
သူ၏အမှုတော် အားဖြင့် ကျွန်ုပ်တို့တွေ့မြင်
သူ၏ ဂုဏ်ကျက်သရေရှိသော မျက်နှာတော်ကို မြင်ကာ၊
သူ့ကို ကြိုးစားချစ်လျက် ကျေနပ်စေသည်။
သူ့ကို အစဉ်သစ္စာရှိသောသူ ဖြစ်ဖို့ ဆန္ဒရှိကြ သည်
ဘုရားကို...ချီးမွမ်း...ဟာလေလုယာ
ဘုရားကို...(ဘုရားကိုချီးမွမ်း...ချီးမွမ်း)
ချီးမွမ်း...(ဘုရားကိုချီးမွမ်း...ဘုရားကိုချီးမွမ်း)
၃
ဘုရားသည် ဤမြေပေါ်တွင် ဘုန်းအသရေ ရရှိပြီး၊
လူတွေလည်း ဝမ်းမြောက်
နိုင်ငံတော်ရှိ အသက်တာသည် လွန်စွာလှပပေ
အဲဒါ အသစ်သောကောင်းကင် နှင့်
အသစ်သောမြေကြီး၊ အသစ်သောနိုင်ငံတော်ရှိသည်
ဘုရားအတွက် ကျွန်ုပ်တို့ သီဆိုကခုန်၊ ကျွန်ုပ်တို့ လွန်စွာ ဝမ်းမြောက်သည်
ကျွန်ုပ်တို့သိသော အလှပဆုံးသီချင်းများကို၊ ဘုရားအတွက် သီဆိုကြသည်။
သူ့အတွက် ကခုန်ခြင်းသည် အလှပဆုံးသော ကခုန်ခြင်းပင်
ဘုရားအား စစ်မှန်သောနှလုံးသားကို ပူဇော်။
ကျွန်ုပ်တို့၏ နှလုံးသားသည် ဖြူစင်ပြီး၊ စစ်မှန်
ဘုရား၏လူတို့၊ ဖန်ဆင်းခံအားလုံး သူ့အား အစဉ်ချီးမွမ်း
ဘုရားကို...ချီးမွမ်း...ဟာလေလုယာ ဘုရားကို...(ဘုရားကိုချီးမွမ်း...ချီးမွမ်း)
ချီးမွမ်း...(ဘုရားကိုချီးမွမ်း...ဘုရားကိုချီးမွမ်း)
၄
အို ဇိအုန်၊ ဤကဲ့သို့သောဘုန်းတော်၊ ဘုရား၏နေအိမ် လွန်စွာတောက်ပ
စကြဝဠာတစ်ခုလုံး ထိုဘုန်းတော်အလင်း ဖြန့် ကြက်ထားသည်။
အနန္တတန်ခိုးရှင်ဘုရားသည် သူ၏ပလ္လင်တော်ပေါ်တွင် ယခုပြုံးရွင်တော်မူ၏
စကြဝဠာ၏ အသစ်ပြုပြင်ခြင်းကို ကြည့်ရှုလေသည်
(သင်ချီးမွမ်းရပေမည်) ဘုရားကို...ချီးမွမ်း...ဟာလေလုယာ
ဘုရားကို...(ဘုရားကိုချီးမွမ်း...ချီးမွမ်း) ဆက်ကာ ချီးမွမ်းပါ
ချီးမွမ်း...(ဟာလေလုယာ...ချီးမွမ်း ဘုရားကိုချီးမွမ်း...ဘုရားကိုချီးမွမ်း)
ဘုရားကို...ချီးမွမ်း...ဟာလေလုယာ ဘုရားကို...(ဘုရားကိုချီးမွမ်း...ချီးမွမ်း)
ချီးမွမ်း...(ဘုရားကိုချီးမွမ်း...ဘုရားကိုချီးမွမ်း) ဟာလေလုယာ၊ ဟာလေလုယာ