ကျွန်ုပ်ရှေ့တွင် ကိုယ်တော် ပေါ်ထွန်းစဉ် ကိုယ်တော်၏ ပြုံးရွှင်သော မျက်နှာကို ကျွန်ုပ်ကြိုဆိုမည်
၁
ရင်းနှီးသော အသံတစ်ခုက ရံဖန်ရံခါ ကျွန်ုပ်ကို ခေါ်
ကျွန်ုပ်၏ စိတ်ဝိညာဉ်ကို နိုးထစေရင်း၊ ရှည်လျားသော ညမှ ကျွန်ုပ်ကို နိုးထစေရင်းလေ။
မြူကိုဖြတ်၍ ကိုယ်တော်၏ ပြုံးရွှင်သော မျက်နှာကို ကျွန်ုပ် မြင်ရ။
ဘုရားသခင်၏ မျက်နှာတော်ကို ဖူးတွေ့ဖို့ ကျွန်ုပ် လုံးဝ အိပ်မက်မမက်ဖူးပေ။
ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၊ ဂုဏ်ကင်းမဲ့သူ ကျွန်ုပ်ပေ၊
သို့တိုင် ဂုဏ်ကျက်သရေ အရှိဆုံးနှင့် ခန့်ညားသည့် ရှင်ဘုရင် ကျွန်ုပ် ဆီသို့ ကြွလာနေ။
ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို ဆွဲဆောင်၊ ကျွန်ုပ်၏ နှလုံးသားက ဝမ်းမြောက်ခြင်းဖြင့် ယစ်မူးပေ။
နေ့တိုင်း ကိုယ်တော့်ရှေ့မှောက် အသက်ရှင်ခြင်းက ချိုမြိန်မှုနှင့် ချမ်းမြေ့ပျော်ရွှင်မှု ဖြစ်ပေ။
၂
ကိုယ်တော့် ရှေ့မှောက် ငြိမ်သက်ကာ၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များ ကျွန်ုပ် နားဆင်။
ကိုယ်တော်၏ နှုတ်ကပတ်တော်များက နွေးထွေးကာ ခိုင်မာပေ။
ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းထဲက ချစ်ခြင်းသည် ကျွန်ုပ်၏ နှလုံးသားကို နိုးထစေပြီ။
ကိုယ်တော်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ကျွန်ုပ်မြင်၊ အလွန်အဖိုးတန်လှပေ။
ကိုယ်တော်၏ ချစ်မေတ္တာ ၊ အလွန်စစ်မှန်ကာ လှပ၊
ကျွန်ုပ်၏ စိတ်နှလုံး၌ ပြည့်ကာ ကျွန်ုပ်၏ ချစ်ခြင်းကို နိုးဆွပေ။
ကိုယ်တော်၌ ချစ်ဖို့ရာ အလွန်များလှကာ၊ ကျွန်ုပ်၏ နှလုံးသားထဲ အားလုံး ကမ္ပည်း ထိုးထားပေ။
ကိုယ်တော်ကို ကျွန်ုပ် နှလုံးသားနှင့် ကျွန်ုပ်၏ ချစ်ခြင်းကို ဆက်ကပ်ဖို့က ကျွန်ုပ်၏ ဆန္ဒပေ။
၃
ကျွန်ုပ် အချစ်ဆုံးသော သူ၊ ယခု ကိုယ်တော် အဘယ်မှာနည်း။
ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် တမ်းတသည်နှင့်အမျှ၊ အိပ်မရသည့်ညက ရှည်လျားပေ။
ကိုယ်တော် ကျွန်ုပ်ကို ချစ်သည်၊ သို့ဆိုလျှင် မိမိကိုယ်ကိုယ် ကျွန်ုပ်ထံမှ ကိုယ်တော် အဘယ်ကြောင့် ပုန်းကွယ်။
ကိုယ်တော်၏ မျက်နှာတော်ကို ကျွန်ုပ် မမြင်ရသည့်အခါ ကျွန်ုပ်၏ နှလုံးသား ဘဝင်မကျပေ။
ဆင်းရဲဒုက္ခနှင့် စမ်းသပ်မှုများတွင်၊ ကိုယ်တော့်ကို ကျွန်ုပ် ခေါ်ကာ မျှော်ကြည့်ပေ။
ကျွန်ုပ်ကို ကိုယ်တော်၏ နှုတ်ကပတ်တော်များ လမ်းပြခြင်းနှင့်အတူ၊ ကိုယ်တော်၏ မျက်နှာတော်ကို မြင်ရခြင်းနှင့် တူပေ။
ကျွန်ုပ်၏ စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို ချစ်လျက်၊ ကိုယ်တော်၏ ခြေလှမ်းများနောက် နီးကပ်စွာ ဆက်နေရင်း၊ ယုံကြည်ခြင်း၌ ကျွန်ုပ် တိုး၍ အားကောင်းလေ။
ကိုယ်တော်၏ နှုတ်ကပတ်တော်များဖြင့် အသက်ရှင်ခြင်းက ကျွန်ုပ်ကို အေးချမ်းကာ သက်သာစေ။
ပြန်ဆိုအပိုဒ်
ကိုယ်တော်၏ နှုတ်ကပတ်တော်က သမ္မာတရားဖြစ်ကာ ကျွန်ုပ်၏ နှလုံးသားကို ပိုင်ဆိုင်ပြီလေ။
ကိုယ်တော်၏ နှုတ်ကပတ်တော်ဖြင့် အသက်ရှင်ခြင်းက အဆုံးစွန် ချမ်းမြေ့ပျော်ရွှင်မှု ဖြစ်ပေ။
ကိုယ်တော်ကို ချစ်ကာ သက်သေခံဖို့ နှင့် ကျွန်ုပ်၏ ဘဝတစ်ခုလုံး ကိုယ်တော့်နောက်လိုက်ဖို့ ကျွန်ုပ် ဆန္ဒရှိပေ။
ထို့နောက်၊ ကျွန်ုပ်၏ သက်သေခံချက် ပြီးလေပြီ၊ ကျွန်ုပ်ရှေ့တွင် ကိုယ်တော် ပေါ်ထွန်းစဉ် ကိုယ်တော်၏ ပြုံးရွှင်သော မျက်နှာကို ကျွန်ုပ်ကြိုဆိုမည်။