လူတိုင်းကို ဘုရားပြသသည်မှာ သူ၏ဖြောင့်မတ်သော စိတ်သဘောထားတည်းကျူး
၁ မိမိ၏အလုပ်ကို မိမိကိုယ်တိုင်လုပ်ဆောင်နေချိန် ဤကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့နောက်ကို လိုက်သောသူများအဖွဲ့ထံသို့သာ မိမိကိုယ်မိမိ ထင်ရှားစေပြီး ဖန်ဆင်းခံ သတ္တဝါအားလုံးထံသို့ ထင်ရှားစေမည် မဟုတ်ပါ။ သူ့အလုပ်၏ အဆင့်တစ်ဆင့်ကို စုံလင်စေရန်သာ သူသည် လူ့ဇာတိကိုခံယူခဲ့ခြင်းဖြစ်ပြီး မိမိ၏ပုံသဏ္ဌာန်ကို လူသားထံပြရန် မဟုတ်ပါ။ လူအစုအဝေးထံ သူပေါ်လွင်စေခဲ့သည့်အရာသည် သူ၏ဖြောင့်မတ်သောစိတ်နေသဘောထားနှင့် သူ၏လုပ်ဆောင်မှုများသာဖြစ်ပြီး၊ လူ့ဇာတိနှစ်ကြိမ်ခံယူစဉ်က သူ့ခန္ဓာကိုယ်၏ပုံသဏ္ဌာန်မဟုတ်ပေ၊ အကြောင်းမှာ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို သူ၏စိတ်နေသဘောထားဖြင့်သာ ပေါ်လွင်စေနိုင်ပြီး လူ့ဇာတိခံယူထားသည့် သူ့ဇာတိခန္ဓာ၏ ပုံသဏ္ဌာန်က အစားထိုး၍ မရနိုင်သောကြောင့်ဖြစ်သည်။ သူ့ဇာတိခန္ဓာ၏ပုံသဏ္ဌာန်သည် ကန့်သတ်ထားသည့်လူအချို့ဖြစ်သော လူ့ဇာတိ၌သူအလုပ်လုပ်နေစဉ် သူ့နောက်ကိုလိုက်သော သူများထံသို့သာ ပြခဲ့သည်။ ယခုလုပ်နေသောအလုပ်ကို လျှို့ဝှက်စွာလုပ်နေရခြင်းမှာ ဤအရာကြောင့် ဖြစ်သည်။
၂ ဘုရားသခင်သည် လူ့ဇာတိနှစ်ကြိမ်ခံယူစဉ် သူ၏ပုံသဏ္ဌာန်ကို လူအမြောက်အမြားထံသို့ မိမိကိုယ်မိမိ ပွင့်လင်းစွာ ဖော်ပြမည်မဟုတ်ပါ။ လူသားတို့ကြားထဲတွင် သူပြုလုပ်သောအလုပ်သည် သူ၏စိတ်နေသဘောထားကို လူသားတို့အား နားလည်ခွင့်ပေးရန် ဖြစ်သည်။ ဤအရာအားလုံးကို မတူညီသောခေတ်များ၏ အလုပ်များအားဖြင့် လူသားထံသို့ ဖော်ပြပေးသည်။ ၎င်းကို ယေရှု၏ ပေါ်လွင်ထင်ရှားခြင်းဖြင့် မဖော်ပြဘဲ၊ သူပြုလုပ်ခဲ့သည့်အလုပ်နှင့် သူဖော်ပြခဲ့သည့် သူ၏စိတ်နေသဘောထားဖြင့် ပြီးမြောက်စေသည်။ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ပုံသဏ္ဌာန်အားဖြင့် ဘုရားသခင်၏ပုံသဏ္ဌာန်ကို ဖော်ပြခြင်းမရှိဘဲ ပုံသဏ္ဌာန်နှင့် သွင်ပြင်နှစ်ခုလုံးရှိသော လူ့ဇာတိခံယူသည့်ဘုရားသခင် လုပ်ဆောင်သည့် အလုပ်အားဖြင့် ဖော်ပြခြင်းဖြစ်သည်။ သူ၏အလုပ်အားဖြင့် သူ၏ပုံသဏ္ဌာန်ကို ဖော်ပြပြီး သူ၏စိတ်နေသဘောထားကို ထင်ရှားစေသည်။ ၎င်းသည် ဇာတိခန္ဓာဖြင့် သူလုပ်လိုသည့်အလုပ်၏ အရေးပါပုံဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။