၃၈၁ အဘယ်သို့သောလူမျိုးသည် ကယ်တင်၍ မရနိုင်သနည်းကျူး

၁ သင် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင် မည်မျှဝါရင့်သည် သို့မဟုတ် နှစ်ပေါင်းမည်မျှ သင် အလုပ်လုပ်နေခဲ့ပြီး ဖြစ်သည်ဆိုသည့်အပေါ် မူတည်ခြင်းမရှိပေ၊ သင့်တော်သော အရည်အချင်းများကို တစ်ဆင့်ပြီးတစ်ဆင့် သင် မည်မျှတည်ဆောက်ပြီးပြီဆိုသည့်အပေါ် သာ၍ပင် မူတည်ခြင်းမရှိပေ။ ယင်းထက်၊ ထိုအရာသည် သင်၏လိုက်စားခြင်းက အသီးသီးခြင်း ရှိမရှိ ဆိုသည့်အပေါ် မူတည်လေသည်။ လမ်းများတွင် နှစ်များစွာ လှည့်လည်သွားလာရင်း သင် အချိန်ကုန်ဆုံးပြီးဖြစ်လျှင်ပင်၊ ယင်းက မည်သည့်အရေးနည်း။ သင်၏ သက်သေခံချက်မှာ အဘယ်မှာနည်း။ ဘုရားသခင်အပေါ် သင်၏ ကြည်ညိုခြင်းသည် သင့်ကိုယ်သင် ချစ်ခြင်းနှင့် သင်၏ ရမ္မက်ကြီးသော ဆန္ဒများထက် များစွာ လျော့လေသည်- ဤကဲ့သို့သော လူမျိုးသည် အကျင့်ပျက်သော သူတစ်ဦး ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် ကယ်တင်ခြင်းအတွက် အဘယ်သို့ နမူနာနှင့် စံပုံစံ ဖြစ်နိုင်မည်နည်း။ သင်၏ သဘာဝဗီဇသည် ပြုပြင်မရ၊ သင်သည် အလွန်ပုန်ကန်လွန်းလှပြီး၊ သင့်ကို ကယ်တင်၍ ရနိုင်မည် မဟုတ်ပေ။ ထိုသို့သော လူတို့သည် ပယ်ရှင်းခံရမည့်သူများ ဖြစ်ကြသည် မဟုတ်လော။ ငါ၏ အမှုပြီးစီးသည့် အချိန်သည် သင်၏ နောက်ဆုံးနေ့ရက် ရောက်ရှိသည့်အချိန် ဖြစ်သည် မဟုတ်လော။

၂ ငါသည် သင်တို့ကြားတွင် အလွန်များလှစွာသော အမှုများကို ပြုပြီးဖြစ်ကာ အလွန်များလှစွာသော နှုတ်ကပတ်တော်များကို ပြောဆိုပြီးလေပြီ- ထိုအရာထဲမှ သင်တို့ အမှန်တကယ် မည်မျှနားဝင်ခဲ့သနည်း။ သင်တို့ မည်မျှ နာခံဖူးပါသနည်း။ ငါ၏ အမှုအဆုံးသတ်သည့်အခါ၊ ယင်းသည် သင်ငါ့ကို ဆန့်ကျင်ခြင်း ရပ်သည့်အချိန်၊ ငါ့ကို ဆန့်ကျင်ရပ်တည်ခြင်းအား သင် ရပ်တန့်သည့်အချိန် ဖြစ်လိမ့်မည်။ ငါ အမှုပြုစဉ်၊ သင်တို့သည် စဉ်ဆက်မပြတ် ငါ့ကို ဆန့်ကျင်ပြုမူ၏။ ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ ဘယ်သောအခါမျှ မလိုက်နာကြ။ ငါ၏ အမှုကို ငါလုပ်ဆောင်ပြီး သင်သည် သင်၏ ကိုယ်ပိုင်နိုင်ငံငယ်ကို ဖန်တီးရင်း သင်၏ ကိုယ်ပိုင် “အလုပ်” ကို လုပ်သည်။ သင်တို့သည် ငါ့ကို အရာရာတွင် ငါ့ကို ဆန့်ကျင်နေသည့် မြေခွေးများနှင့် ခွေးများ တစ်အုပ်သာဖြစ်သည်။ ၎င်းတို့၏ မဆုတ်မနစ်သော ချစ်ခြင်းမေတ္တာကို သင့်အား ပေးသောသူတို့ကို ထွေးပိုက်ရန် သင်တို့ စဉ်ဆက်မပြတ် ကြိုးစားနေကြ၏- သင်တို့၏ ရိုသေမှုမှာ အဘယ်မှာနည်း။ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသော အရာဖြစ်သည်။ သင်တို့တွင် နာခံခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိသကဲ့သို့ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသောအရာနှင့် ပြစ်မှား စော်ကားသောအရာ ဖြစ်၏။ ထိုသို့သော လူတို့သည် ကယ်တင်ခံရ နိုင်သလော။

၃ ယနေ့၊ ဤသမ္မာတရား၊ ဤလမ်းခရီးနှင့် ဤအသက်တို့ကို သင်တို့ စိတ်မဝင်စားစေပေ။ ယင်းထက်၊ သင်တို့သည် အပြစ်နှင့်ပြည့်ဝခြင်း၊ ငွေ၊ ရပ်တည်ချက်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ ဇာတိပကတိ၏ ပျော်မွေ့ခြင်း၊ အမျိုးသားများ၏ ချောမောခန့်ညားခြင်းနှင့် အမျိုးသမီးတို့၏ ဆွဲဆောင်မှုတို့ကို စိတ်ဝင်စားကြ၏။ ငါ၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ရန် သင်တို့ကို မည်သည့်အရာက အရည်အချင်းနှင့် ပြည့်မီစေသနည်း။ လူတို့ကြား သင်တို့၏ သိက္ခာကို မဆိုနှင့်ဦးတော့၊ သင်တို့၏ ပုံရိပ်သည် ဘုရားသခင်၏ ပုံရိပ်ထက်ပင် ကြီးမား၏၊ သင်တို့၏ အဆင့်အတန်းသည် ဘုရားသခင်၏ အဆင့်အတန်းထက်ပင် မြင့်မား၏- သင်တို့သည် လူတို့ကိုးကွယ်သည့် ရုပ်တုဆင်းတုများ ဖြစ်လာကြပေပြီ။ သင်သည် ကောင်းကင်တမန်မင်း ဖြစ်လာပြီ မဟုတ်လော။ ကယ်တင်ခြင်း အမှု အဆုံးသတ်ဖို့ နီးမည့်အချိန်လည်းဖြစ်သော လူတို့၏နိဂုံး ထုတ်ဖော်ပြခံရသည့် အချိန်တွင်၊ သင်တို့သည် ကယ်တင်မရသည့် အလောင်းကောင်များ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ပယ်ရှင်းခံရကြပေမည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၈၀ ဘုရားကို သစ္စာဖောက်ခြင်း၏ အန္တရာယ်များသည့် အကျိုးဆက်များကျူး

နောက်တစ်ခုသို့- ၃၈၂ သင်၏အဆုံးသတ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၁၅ လူသားအပေါ် ဘုရား ပေးတဲ့ အကြီးမားဆုံး ကောင်းချီး

၁သခင်ဘုရားနှုတ်တော် စုံခြင်းဖြင့် နိုင်ငံရဲ့ပုံပေါ်ထွက်လာလူပြန်လှည့်ခြင်း အားဖြင့် မူလနေရာကို ဘုရားနိုင်ငံတည်လာဘုရားရဲ့လူတွေ နိုင်ငံထဲ...

၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ

၁ အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်ထိုအရာသည် သန့်ရှင်းသော...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။