ဘုရားကို သစ္စာဖောက်ခြင်း၏ အန္တရာယ်များသည့် အကျိုးဆက်များကျူး
၁ စာတန်၏ စာရိတ္တဖျက်ဆီးခြင်းကိုခံရသော ၀ိညာဉ်အားလုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိကြသည်။ ခရစ်တော်အား ယုံကြည်သူများကိုသာ ရွေးနှုတ်ခြင်းခံရ၍ စာတန်၏တပ်စခန်းမှ ကယ်တင်ခြင်းခံရကာ၊ ယနေ့နိုင်ငံတော်သို့ ပြန်ရောက်ရှိလာကြသည်။ ဤလူစုသည် စာတန်သြဇာအောက်မှ လွတ်မြောက်လေပြီ။ သို့ပင်လျှင် လူ့သဘာဝသည် ဇာတိတွင် အမြစ်တွယ်နေဆဲပေ။ ဆိုလိုသည်မှာ သင်တို့၏ ၀ိညာဉ်များသည် ကယ်တင်ခြင်းရရှိပြီးဖြစ်သော်လည်း၊ သဘာဝအားဖြင့် ရုပ်သွင်ဟောင်းပေါ်လွင်နေကာ ငါ့အား သစ္စာဖောက်နိုင်ခြေ တစ်ရာ ရာခိုင်နှုန်းရှိသည်။ ထိုအကြောင်းကြောင့် ငါ့အမှုတော်သည် ကာလကြာရှည်ရခြင်းဖြစ်သည်။ ကြောင်းမှာ သင်တို့သဘာဝသည် အလွန်ခိုင်မာလွန်းသည်။
၂ ယခုတွင် သင်တို့အားလုံးသည် တာဝန်ကျေပွန်နိုင်ရေးအတွက် အစွမ်းကုန်ဒုက္ခခံလျက်ရှိကြသော်လည်း ငြင်း၍မရသော အမှန်တရားမှာ- သင်တို့တစ်ဦးစီတွင် ငါ့ကိုသစ္စာဖောက်ကာ စာတန်၏နယ်မြေ သူ့တပ်စခန်းရှိရာသို့ ထွက်ပြေး၍ ဘဝဟောင်းသို့ ဦးပြန်လှည့်မည့် ဖြစ်နိုင်ခြေရှိသည်။ ထိုတစ်ချိန်တွင် ယခုသင်တို့ပိုင်ဆိုင်ကြသော လူ့ရုပ်သွင် တစ်ပိုင်းတစ်စမျှပင် သင်တို့၌ ကျန်ရှိတော့မည်မဟုတ်ပေ။ ပြင်းထန်သည့် အခြေအနေများတွင်၊ သင်တို့သည် ဖျက်ဆီးခြင်းကိုခံရမည့်အပြင် ထာဝရကျိန်ဆိုခြင်းကို ထွေးပိုက်ကာ လူဝင်စားခြင်း လုံးဝမဖြစ်နိုင်တော့သည့် ပြင်းထန်လှသောဒဏ်ခတ်ခြင်းကို ခံရလိမ့်မည်။ ငါ့အမှုတော်သည် လူ့ဝိညာဉ်များကို ကယ်တင်သောအမှုတော် ဖြစ်သည်။ သင့်ဝိညာဉ် စာတန်လက်ထဲသို့ ကျရောက်ခဲ့သော် သင့်ခန္ဓာကိုယ်အတွက် အေးချမ်းသာယာသော နေ့ရက်များ ရှိနိုင်တော့မည်မဟုတ်ပေ။
၃ သင့်ခန္ဓာကိုယ်အား ငါကာကွယ်လျှင် သင့်ဝိညာဉ်လည်း ငါစောင့်ရှောက်မှုအောက်တွင် တည်ရှိနေမည်။ ငါသည် သင့်အားရွံရှာလျှင် သင့်ခန္ဓာနှင့်ဝိညာဉ်သည် စာတန်လက်ထဲသို့ ချက်ချင်းကျရောက်သွားမည်။ ထိုအခါ သင်ဆိုက်ရောက်မည့်အခြေအနေကို သင်တွေးဝံ့သလော။ တစ်နေ့တစ်ချိန် သင်တို့၌ ငါ့နှုတ်ကပတ်တော်မရှိတော့လျှင် ငါလုံးဝအမျက်ပြေ သည့်အထိ နှစ်ဆ ညှင်းပန်းနှိပ်စက်မှုကို ခံစားစေရန် သင်တို့အား စာတန်လက်သို့ ဝကွက်အပ်မည်။ သို့မဟုတ် ကယ်တင်ရန်မဖြစ်နိုင်တော့သည့် လူသားများဖြစ်ကြသော သင်တို့၏နှလုံးသားသည် ငါ့အပေါ် သစ္စာဖောက်ခြင်းကို မစွန့်လွတ်ခြင်းကြောင့် သင်တို့အား ငါကိုယ်တိုင် ဒဏ်ခတ်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆိုးရွားလှသော ပြဿနာ- သစ္စာဖောက်ခြင်း (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။