၁၅၂ ချိုမြိန်သော မေတ္တာတေးသီချင်း
၁
ကျွန်ုပ်နှလုံးသားထဲ ကိုယ်တော့်မေတ္တာ သိုဝှက်လို့ထား
ထိုမေတ္တာတော် ကျွန်ုပ်အား ကိုယ်တော်ရှင်နဲ့ သာ၍နီးစေ
ကိုယ်တော်၏နှလုံးသားကို အစေခံခြင်းက
ကျွန်ုပ်နှလုံးသားကို ပိုမိုကောင်းမွန်စေ၊
ကိုယ်တော်ကို စိတ်နှင့်နှလုံးသားဖြင့် အစေခံပါ၏၊
ကိုယ်တော်၏နှုတ်ကပတ်တော်
ကျွန်ုပ် နှလုံးသားကို ဦးဆောင်လမ်းပြ၊
ကိုယ်တော်၏ ခြေလှမ်းနောက်ကို လိုက်တယ်၊
ကိုယ်တော်၏အလိုတော်ကို အသက်သွင်းမည်၊
ကိုယ်တော်အား ကျေနပ်စေတာ ကြည်နူးစရာ အကောင်းဆုံး
ကိုယ်တော်နှင့် ကျွန်ုပ်သာရှိသော
သာယာသောအရပ်သို့ ကိုယ်တော် ကျွန်ုပ်အား ပို့ဆောင်၊
ပူဆွေးသောက၊ နာကျင်ခြင်း ကင်းမဲ့၊
ကိုယ်တော်၏နှုတ်ကပတ်တော် ကျွန်ုပ်၏ဒုစရိုက်ကို သန့်စင်ပေးသည်
ထိုနှုတ်ကပတ်တော် သည် ကျွန်ုပ်နှလုံးသားကို ဖြည့်ဆည်းပေးခဲ့၊
ကိုယ်တော်ကို ကျွန်ုပ်ချစ်သည်၊ အို၊ ကိုယ်တော်ကို ကျွန်ုပ် ချစ်သည်၊
ကိုယ်တော်၏နှုတ်ကပတ်တော် သည်
ကျွန်ုပ်ဘဝ၏ အကြီးမားဆုံး အစိတ်အပိုင်း၊
ကိုယ်တော်၏ကယ်တင်ခြင်းကိုရတာ ချီးမွမ်းပါ၏
ကိုယ်တော်ကို အစဉ် မြတ်နိုးမည်၊
ကိုယ်တော်အား ချီးမွမ်းသီချင်း ဆိုမည်၊
ဟာလေလု-ဟာလေလုယ၊ ဟာလေလု-ဟာလေလုယ၊
ဟာလေလု-ဟာလေလုယ၊ ဘုရားကို ချီးမွမ်းကြစေ၊
၂
ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့ကို ခွဲ၍မရ၊
ပျော်ရွှင်စေသည်၊
ကိုယ်တော်၏အလိုတော်ကို ကျွန်ုပ် နားလည်၍ အကြွင်းမဲ့ နာခံ
ကျွန်ုပ် ဘယ်တော့မှ မပုန်ကန်၊ ကိုယ်တော်နှင့် မခွဲခွာ၊
ကိုယ်တော့်ရှေ့ ၌ ကျွန်ုပ်အသက်ရှင်မည်
ကိုယ်တော်၏နှုတ်ကပတ်တော်ကို ကျွန်ုပ်ဆင်ခြင်အောက်မေ့၊
ချစ်လှစွာသော ဘုရား၊ ကိုယ်တော်၏ ဝိသေသ ကို ကျွန်ုပ်တန်ဖိုးထားသည်
ကိုယ်တော်၏နှုတ်ကပတ်တော် ကျွန်ုပ်၏ဒုစရုက်ကို သန့်စင်ပေးသည်
ထိုနှုတ်ကပတ်တော်သည် ကျွန်ုပ်နှလုံးသားကို ဖြည့်ဆည်းပေးခဲ့၊
ကိုယ်တော်ကို ကျွန်ုပ် ချစ်သည်၊ အို၊ ကိုယ်တော်ကို ကျွန်ုပ် ချစ်သည်၊
ကိုယ်တော်၏နှုတ်ကပတ်တော် သည်
ကျွန်ုပ်ဘဝ၏အကြီးမားဆုံး အစိတ်အပိုင်း၊
ကိုယ်တော်၏ကယ်တင်ခြင်းကိုရတာ ချီးမွမ်းပါ၏
ကိုယ်တော်ကို အစဉ် မြတ်နိုးမည်၊
ကိုယ်တော်အား ချီးမွမ်းသီချင်း ဆိုမည်၊
ဟာလေလု-ဟာလေလုယ၊ ဟာလေလု-ဟာလေလုယ၊
ဟာလေလု-ဟာလေလုယ၊ ဘုရားကို ချီးမွမ်းကြစေ၊
ဟာလေလုယ၊ ဘုရားကို ချီးမွမ်းကြစေ၊