၁၆၇ သန့်ရှင်းသူများ အောင်မြင်ကြသည်
၁
နောက်ဆုံးသောကာလ၏ ခရစ်တော်သည် လူသားမျိုးနွယ်ကို တရားစီရင်ပြီး သန့်စင်စေလျက် သမ္မာတရားကို ဖော်ပြသည်။
ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်တို့ကြားပြီး ကိုယ်တော့်ရှေ့သို့ ပြန်လာခဲ့ကြသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို နိုးထစေပြီး သိမ်းပိုက်ရင်းဖြင့် ကိုယ်တော်၏ အနန္တတန်ခိုးကို ပြသသည်။
စာတန်၏ ဆိုးညစ်သောအင်အားစုများ၏ နှောင့်ယှက်မှု၊ အတားအဆီးများ သို့မဟုတ် တိုက်ခိုက်မှုများ ရှိပါစေ၊
ခရစ်တော်သည် သမ္မာတရားနှင့် အသက်ဖြစ်သည်ကို ကျွန်ုပ်တို့ တွေ့ရှိထားပြီဖြစ်ပြီး ဘုရားသခင်နောက် ကျွန်ုပ်တို့ ပြတ်ပြတ်သားသား လိုက်ကြသည်။
၂
နတ်ဆိုးတို့၏ မှောင်မိုက်သော သားရဲတွင်းထဲ၌ ကျွန်ုပ်တို့၏ စိတ်နှလုံးနှင့်ခန္ဓာ ညှင်းဆဲခံရကာ၊ သွေးနှင့် မျက်ရည် စီးဆင်းလေသည်။
ရှင်ခြင်းနှင့်သေခြင်း အခိုက်အတန့်တွင် ဘုရားသခင်ကို ကျွန်ုပ်တို့ အော်ခေါ်ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို ဒုက္ခများတလျှောက် လမ်းပြသည်။
ဘုရားသခင်၏ အသက်စွမ်းအား မည်မျှကြီးမြတ်သည်၊ မည်မျှ အံ့မခန်းဖြစ်သည်ကို တွေ့မြင်လျက် ကိုယ်တော့်ကို ကျွန်ုပ် ပို၍ပင် ခိုင်မာစွာ ချစ်သည်။
ဘုရားသခင်ကို သစ္စာရှိရန် ကျွန်ုပ်တို့၏ အသက်တာများကို ပေးမည်ဖြစ်ပြီး စာတန်ကို ယုဒကဲ့သို့ ကျွန်ုပ်တို့ ဘယ်သောအခါမျှ အညံ့ခံမည်မဟုတ်။
စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့ကို တွေ့ကြုံရင်း ဘုရားသခင်ကို ကောင်းမြတ်ပြီး ထူးကဲသောသက်သေ ကျွန်ုပ်တို့ ခံကြသည်။
၃
အောင်မြင်သောသူများ အုပ်စုတစ်စုကို ဘုရားသခင် ပေါ်ထွက်စေလေပြီ၊ စာတန်ကို သူအနိုင်ယူပြီး ပြည့်ဝသော ဘုန်းအသရေကို ရရှိလေပြီ။
ဘုရားသခင်၏ ကြီးမြတ်သောအမှု ပြီးမြောက်လေပြီ၊ ထို့ပြင် ကပ်ဘေးများကို စတင်သွန်ဆင်းလာစေပြီး အဆင်းနီသော နဂါးကြီးကို ဖျက်ဆီးလေသည်။
ဖြောင့်မတ်သော ဘုရားသခင်သည် လူကောင်းများကို ဆုချီးမြှင့်ပြီး ဆိုးညစ်သူတို့ကို အပြစ်ပေးသည်၊ သူ၏ စိတ်သဘောထားကို လုံးဝ ထုတ်ဖော်ပြလေပြီ။
သန့်ရှင်းသူများ အနိုင်ရပြီ၊ ကမ္ဘာလောကသို့ ခရစ်တော်၏နိုင်ငံတော် ကြွလာပြီး သမ္မာတရားက အာဏာကို စွဲကိုင်လေပြီ။
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် အနန္တတန်ခိုးကို ကျွန်ုပ်တို့ ချီးမွမ်းကြပေ။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ သန့်ရှင်းသော နာမတော်အား ကျွန်ုပ်တို့၏ ချီးမွမ်းခြင်း မဆုံးနိုင်တော့သည်တကား။