၇၁၆ သမ္မာတရားရှိသောသူတို့သာ စစ်မှန်သော အသက်တာကို အသက်ရှင်နေထိုင်နိုင်သည်

၁ လူတို့သည် ဘုရားသခင်၏ စိတ်နေသဘောထားအား စစ်မှန်သောနားလည်ခြင်းရှိပြီး သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းအား လှိုက်လှိုက်လှဲလှဲချီးမွမ်းခြင်းကို ပေးနိုင်ပါက၊ သူတို့သည် သူ့ကို စစ်မှန်စွာ သိပြီး သမ္မာတရားကို ပိုင်ဆိုင်သည်ဟု ဆိုလိုပေသည်။ ထိုအခါမှသာ သူတို့သည် အလင်းထဲတွင် အသက်ရှင် နေထိုင်သည်။ လူ၏ လောကအမြင်နှင့် ဘဝအမြင်တို့ ပြောင်းလဲသည်နှင့်တစ်ပြိုင်နက်မှသာ၊ အခြေခံကျသော အသွင်ပြောင်းလဲခြင်းကို ကြုံရပေသည်။ လူတစ်ဦးတွင် ဘဝရည်မှန်းချက်တစ်ရပ်ရှိပြီး သမ္မာတရားနှင့်အညီ မိမိကိုယ်ကိုယ် ကျင့်ကြံပြုမူသည့်အခါ၊ လူတစ်ဦးသည် ဘုရားသခင်အား လုံးဝ ကျိုးနွံနာခံပြီး သူ၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်နေထိုင်သည့်အခါ၊ လူတစ်ဦးသည် ငြိမ်းချမ်းမှု ခံစားရပြီး သူ၏ စိတ်ဝိညာဉ် အတွင်းနက်နက်နေရာများအထိ အလင်းပေးခြင်းခံရသည့်အခါ၊ လူတစ်ဦး၏နှလုံးသားတွင် အမှောင်ထုကင်းမဲ့သည့်အခါ၊ ပြီးလျှင် လူတစ်ဦးသည် လုံးဝ လွတ်လွတ်လပ်လပ် အသက်ရှင်နိုင်ပြီး ဘုရားသခင်၏ မျက်မှောက်တွင် ချုပ်ထိန်းမခံရသည့်အခါ၊ ထိုအခါမှသာ သူသည် စစ်မှန်သော လူ့အသက်တာကို နေထိုင်ပြီး၊ ထိုအခါမှသာ တစ်ဦးတစ်ယောက်သည် သမ္မာတရားကို ပိုင်ဆိုင်သူတစ်ဦး ဖြစ်လာပေသည်။

၂ ထို့အပြင် သင်၏ ပိုင်ဆိုင်မှုထဲက ခပ်သိမ်းသော သမ္မာတရားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင် ကိုယ်တော်တိုင်ထံမှ လာပြီးဖြစ်ပေသည်။ စကြဝဠာတစ်ခွင်လုံးနှင့် ခပ်သိမ်းသောအရာတို့အပေါ် အုပ်ချုပ်သူ— အမြင့်ဆုံးသောဘုရားသခင်— သည် သင့်ကို မှန်ကန်သော လူ့အသက်တာကို အသက်ရှင်နေထိုင်နေသည့် စစ်မှန်သော လူတစ်ဦးအဖြစ် သဘောကျ၏။ မည်သည့်အရာသည် ဘုရားသခင်၏နှစ်သက်သဘောကျခြင်းထက် သာ၍အဓိပ္ပာယ်ရှိနိုင်မည်နည်း။ ဤသည်မှာ သမ္မာတရားကို ပိုင်ဆိုင်ခြင်း၌ ရှိခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်သာ သမ္မာတရားဖြစ်သည်။ ကောင်းကင်၊ မြေကြီးနှင့် ၎င်းတို့ထဲရှိ အရာအားလုံးကို ဘုရားသခင် ထိန်းချုပ်ပြီး အရာခပ်သိမ်းအပေါ် အုပ်စိုးလေသည်။ ဘုရားသခင်ကို မယုံကြည်ခြင်းနှင့် ဘုရားသခင်ကို နာခံမှုမရှိခြင်းမှာ သမ္မာတရားကို မရရှိနိုင်ခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်လျှင်၊ သင်၏ စိတ်နှလုံး နက်ရှိုင်းသည့်နေရာများတွင်၊ သင်သည် စိတ်ကြည်လင်မှု ရှိလိမ့်မည်ဖြစ်ပြီး အေးအေးသက်သာ အားတက်မှုခံစားရမည် ဖြစ်ပြီး၊ နှိုင်းဆမရနိုင်သည့် ချိုမြိန်မှုတစ်ခုကိုလည်း သင် မွေလျော်ရလိမ့်မည်ဖြစ်သည်။ ထိုသို့ ဖြစ်ပျက်သည့်အချိန်တွင်၊ သင်သည် အမှန်တကယ် အသက်ရရှိပြီး ဖြစ်လိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၁၅ ဤသည်မှာ စစ်မှန်သော လူတစ်ဦး၏ ပုံသဏ္ဌာန်ဖြစ်သည်

နောက်တစ်ခုသို့- ၇၁၇ ဘုရားသခင်၏ သက်သေများသည် စိတ်နေသဘောထားပြောင်းလဲခြင်းရှိရမည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၁၅ လူသားအပေါ် ဘုရား ပေးတဲ့ အကြီးမားဆုံး ကောင်းချီး

၁သခင်ဘုရားနှုတ်တော် စုံခြင်းဖြင့် နိုင်ငံရဲ့ပုံပေါ်ထွက်လာလူပြန်လှည့်ခြင်း အားဖြင့် မူလနေရာကို ဘုရားနိုင်ငံတည်လာဘုရားရဲ့လူတွေ နိုင်ငံထဲ...

၄၆၆ လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ

၁လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကိုဘုရားသခင် ဖန်ဆင်းပြီးကတည်းကကမ္ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီလူတွေရဲ့...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။