ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလ ခရစ်တော်အဖို့ သက်သေခံများ ဖြစ်ကြသည်
၁
လူသားမျိုးနွယ် နှစ်ထောင်ပေါင်းများစွာကြာ ဖောက်ပြန်ပျက်စီးခဲ့ပြီး ကြည့်ရှုရန် အလွန်ဆိုးညစ်လှပေသည်။
ကျော်ကြားမှုနှင့် ဥစ္စာပစ္စည်းတို့ကို ရှာဖွေလိုက်စားရင်းနှင့် အပြစ်ထဲတွင် အသက်ရှင်ရင်းဖြင့်၊ ကျွန်ုပ်တို့သည် လူ့သဘာဝနှင့် အသိစိတ် ပျောက်ဆုံးခဲ့ကြသည်။
နောက်ဆုံးသော ကာလတွင် မွေးဖွားကာ ကယ်တင်ရှင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုဖို့ရန်မှာ ကျွန်ုပ်တို့ ကံကောင်းကြသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းက သမ္မာတရားဖြစ်သည်ကို ကျွန်ုပ်တို့ မြင်ရပြီး ကျွန်ုပ်တို့၏ စိတ်နှလုံးများ သိမ်းပိုက်ခံရကြသည်။
တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတဆင့်၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးမှု သန့်စင်ခံရသည်။
ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ကို ကျွန်ုပ်တို့ ယုံကြည်ပြီး၊ ကိုယ်တော်၏ ခြေလှမ်းများကို နီးကပ်စွာ ကျွန်ုပ်တို့ လိုက်ကြသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဆိုးရွားသော နှိပ်စက်ညှင်းပန်းမှုနှင့် ဆင်းရဲဒုက္ခ များတစ်လျှောက် ကျွန်ုပ်တို့ကို လမ်းပြသည်။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အလွန်များစွာ ကျွန်ုပ်တို့ တွေ့ကြုံခံစားရသည်၊ သံမဏိစိတ်ဓါတ်ဖြင့် ဘုရားသခင်နောက် ကျွန်ုပ်တို့လိုက်သည်။
ဆင်းရဲဒုက္ခများမှတဆင့်၊ ကျွန်ုပ်တို့သည် အသစ်သော အသက် ပေးခြင်းခံရကာ အောင်မြင်သော သက်သေခံချက်များကို ကျွန်ုပ်တို့ ခံကြသည်။
ဖြောင့်မတ်ခြင်းတရား၏ နေမင်း ပေါ်ထွန်းလေပြီ၊ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်အဖို့ သက်သေခံများ ဖြစ်ကြပေ။
၂
လူသားကို ကယ်တင်ဖို့ ဘုရားသခင် လူ့ဇာတိခံယူပြီး ကြီးမားသော အရှက်ရခြင်းကို သူ ခံစားလေသည်။
ငြင်းပယ်ခြင်းကို သူခံစားပြီး နားလည်မှုလွဲခြင်းများကို ညည်းညူခြင်း သို့မဟုတ် ဝမ်းနည်းမှုမရှိဘဲ သူ သည်းခံသည်။
ကျွန်ုပ်တို့သည် မြေမှုန့်ကဲ့သို့ ဖြစ်ပြီး ဘုရားသခင်အားဖြင့် ချီမခံရဖို့မှာ အမှန်ပင် ကျွန်ုပ်တို့၏ ကောင်းမြတ်သော အခွင့်အလမ်းဖြစ်သည်။
သမ္မာတရားနှင့် အသက်ကို ကျွန်ုပ်တို့ ရရှိခြင်းသည် ဘုရားသခင်၏ ကြီးမြတ်သော ကြင်နာခြင်းအားဖြင့် ဖြစ်ပေ။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ အဖွဲ့တွင် ရှိသည်၊ ဘုရားသခင်နှင့်အတူ ကျွန်ုပ်တို့ လျှောက်လှမ်းသည်။
ရိုးသားခြင်းကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်၏ လက်ခံမှုကို ဧကန်မုချ ကျွန်ုပ်တို့ ရရှိလိမ့်မည်။
နောက်ဆုံးတစ်ကန့်တွင်၊ ကျွန်ုပ်တို့၏ တာဝန်ကို ကျွန်ုပ်တို့ ဆောင်ရွက်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေကြသည်။
ဆင်းရဲဒုက္ခနှင့် နာကျင်မှုတွင်၊ ကျွန်ုပ်တို့ ညည်းညူခြင်းများ မရှိ။ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာကိုသာ ကျွန်ုပ်တို့ ရှာဖွေသည်။
ဆင်းရဲဒုက္ခများမှတဆင့်၊ကျွန်ုပ်တို့သည် အသစ်သော အသက် ပေးခြင်းခံရကာ အောင်မြင်သော သက်သေခံချက်များကို ကျွန်ုပ်တို့ ခံကြသည်။
ဖြောင့်မတ်ခြင်းတရား၏ နေမင်း ပေါ်ထွန်းလေပြီ၊ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်အဖို့ သက်သေခံများ ဖြစ်ကြပေ။