လေနှင့် မိုးကို ဖြတ် အတူတကွရှိလျက် သေသည်အထိ သစ္စာတည်

ကိုယ်တော်သည် ကောင်းကင်မှ မြေကြီးသို့ လူ့ဇာတိ၌ ကွယ်ဝှက်လျက် ကြွလာခဲ့သည်။

လူကြားတွင် ကိုယ်တော် အမှုပြုကာ မုန်တိုင်းများထန်သော နှစ်များစွာကို ရဲဝံ့ခဲ့လေပြီ။

လမ်းကြမ်းတစ်ခုကို လျှောက်ရင်း၊ အသစ်သော ကာလတစ်ခုကို ကိုယ်တော် ဖွင့်ပေးလိုက်ပြီ။

လူသားမျိုးနွယ်ကို လုံးလုံးလျားလျား ကယ်တင်ရင်း၊ တရားစီရင်ဖို့ သမ္မာတရားကို ကိုယ်တော် ဖော်ပြခဲ့။

နှစ်များစွာကြာ အခက်အခဲကို သည်းခံကာ လူ၏ ငြင်းပယ်မှုနှင့် ဆိုင်သော နာကျင်မှုကို ကိုယ်တော် ခံစားခဲ့သည်။

နှိမ့်ချကာ ကွယ်ဝှက်လျက်၊ ယနေ့ထိ ကိုယ်တော် သည်းခံလေပြီ။

တရားစီရင်ခြင်းနှင့်ဆိုင်သော နာကျင်မှုကို ကျွန်ုပ် တွေ့ကြုံပြီး ကျွန်ုပ်၏ စိတ်နှလုံးတွင် ညှင်းဆဲမှုက များလှသည်။

ရိုက်နှက်ပြီး ပဲ့ပြင်ဆုံးမခံရလျက်၊ ကျွန်ုပ် သေမလား ရှင်မလား ဖြစ်ခဲ့သည်။

ကိုယ်တော်၏ ဂရုစိုက်မှုကို ပြန်မှတ်မိရင်း၊ ကိုယ်တော့်ကို ပို၍ပင် ကျွန်ုပ် မြတ်နိုးရသည်။

အတိတ်ကို ပြနကြည့်ရာတွင်၊ ကျွန်ုပ်၏ စိတ်နှလုံး ဝမ်းနည်းမှုနှင့် ပြည့်သည်။

များလှစွာသော စမ်းသပ်မှုများနှင့် စစ်ဆေးမှုနောက်တွင်၊ ကိုယ်တော့်အတွက် ကျွန်ုပ်၏ ချစ်ခြင်းက ပို၍ ဖြူစင်သည်။

လေနှင့် မိုးကို ဖြတ်၍ ကိုယ်တော်နှင့်အတူ ကျွန်ုပ် ရှိမည်၊ သေသည်အထိ ကျွန်ုပ် သစ္စာရှိပါမည်။

ကျွန်ုပ်၏ အားနည်းချက်ကို ထောက်ထားလျက်၊ ကိုယ်တော်၏ သနားကရုဏာတော်ကို ကိုယ်တော်ပြသပေ။

ကျွန်ုပ်၏ မနာခံမှုကို ကျိန်ဆဲလျက်၊ ကိုယ်တော်၏ အမျက်ဒေါသကို ကိုယ်တော် ပြသပေ။

ကိုယ်တော်၏ သနားကရုဏာတော် ကျယ်ပြန့်သည်၊ ကိုယ်တော်၏ အမျက်ဒေါသ နက်ရှိုင်းသည်။

ကိုယ်တော်၏ ဘုန်းအာနုဘော်ကို ကျွန်ုပ် ရှုမြင်ရပြီး၊ ကိုယ်တော်၏ ဉာဏ်ပညာတော်ကို ကျွန်ုပ် အသိအမှတ်ပြုရသည်။

များလှစွာသော ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းနောက်တွင်၊ ကိုယ်တော့်အတွက် ကျွန်ုပ်၏ ချစ်ခြင်းက ပို၍ ဖြူစင်သည်။

လေနှင့် မိုးကို ဖြတ်၍ ကိုယ်တော်နှင့်အတူ ကျွန်ုပ် ရှိမည်၊ သေသည်အထိ ကျွန်ုပ် သစ္စာရှိပါမည်။

အောင်မြင်သောသူများ အုပ်စုကို ဖန်တီးရင်း ကိုယ်တော် စကားပြောဆိုပြီး အမှုပြုသည်။

နာကျင်စရာကောင်းသော စစ်ဆေးမှုများအားလုံးမှာ ကိုယ်တော်အားဖြင့် စီမံထားခြင်း ဖြစ်ပေ။

ကိုယ်တော်၏ အမှုတော်ကို ကျွန်ုပ် မြည်းစမ်းပြီး၊ ကိုယ်တော်၏ ကြင်နာမှုကို ကျွန်ုပ် ခံစားရပြီ။

ခါးသီးခြင်းနှင့် ချိုမြိန်ခြင်းတို့ကို ပြန်အမှတ်ရရင်း၊ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်ခြင်းတို့ကြား ကျွန်ုပ် တစ်လှည့်စီနေသည်။

များလှစွာသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းနောက်တွင်၊ ကိုယ်တော့်အတွက် ကျွန်ုပ်၏ ချစ်ခြင်းက ပို၍ ဖြူစင်သည်။

လေနှင့် မိုးကို ဖြတ်၍ ကိုယ်တော်နှင့်အတူ ကျွန်ုပ် ရှိမည်၊ သေသည်အထိ ကျွန်ုပ် သစ္စာရှိပါမည်။

ကိုယ်တော်၏ အလိုတော်အတွက် မိမိကိုယ်ကိုယ် စွန့်လွှတ်ရန်မှာ ကျွန်ုပ်၏ စိတ်ဆန္ဒဖြစ်ပေ။

စမ်းသပ်မှုများကို ရင်ဆိုင်ရာတွင်၊ ကျွန်ုပ်၏ စိတ်ဆုံးဖြတ်ချက် ခိုင်မာစွာ ရပ်တည်သည်။

ကိုယ်တော့်အတွက် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာ တိုးပွားသည်၊ နာကျင်မှုတွင် ချိုမြိန်ခြင်းကို ကျွန်ုပ် ရှာတွေ့သည်။

အဖော်အဖြစ် ကိုယ်တော်၏ နှုတ်ကပတ်တော်နှင့်အတူ၊ ကျွန်ုပ်၏ ဘဝက အလင်းနှင့် ပြည့်ပေ။

အကြိမ်များစွာ ရိုက်နှက်ခံရပြီး ကွဲကြေပြီးသည့်နောက်၊ ကိုယ်တော့်အတွက် ကျွန်ုပ်၏ ချစ်ခြင်းက ပို၍ ဖြူစင်သည်။

လေနှင့် မိုးကို ဖြတ်၍ ကိုယ်တော်နှင့်အတူ ကျွန်ုပ် ရှိမည်၊ သေသည်အထိ ကျွန်ုပ် သစ္စာရှိပါမည်။

နောက်ထပ် မည်သို့မျှ မနှောင့်နှေးချင်တော့ဘဲ ကြီးမားသော ဝန်များကို ကျွန်ုပ် ထမ်းရသည်။

ကျွန်ုပ်၏ ဝိညာဉ်ရေး အသက်တာ အလွန်နုနယ်သည်၊ သို့သော် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် ရရှိ။

ကိုယ်တော်၏ စေခိုင်းချက်ကို ကျွန်ုပ် ပြည့်စုံစေပြီး၊ ကျွန်ုပ်၏ အသက်တာကို စုံလင်စေမည်။

ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ် ဖြည့်ဆည်းကာ၊ စစ်မှန်သော လူသားအသက်တာကို အသက်ရှင်နေထိုင်မည်။

မိုးလေ ထန်သော နှစ်များတွင်၊ ဘဝလမ်းက ဗြောင်းဆန်မှုနှင့် အပြည့်။

ခါးသီးမှု၊ ဝမ်းမြောက်ခြင်း သို့မဟုတ် သေခြင်းဖြစ်စေ၊ ကျွန်ုပ် ညည်းညူခြင်းမရှိပေ။

မိုးလေထန်သော နှစ်များတစ်လျှောက်၊ ကျွန်ုပ် ရှေ့ဆက်သည်နှင့်အညီ ကိုယ်တော်၏ မေတ္တာက ကျွန်ုပ်နှင့်အတူ ရှိခဲ့ပေ။

ကိုယ်တော့်ကို ကျွန်ုပ် သစ္စာရှိကာ ဝမ်းနည်းမှုများမရှိဘဲ သေဆုံးမည်။

အရှေ့သို့- လေနှင့် မိုးကို ဖြတ်၍

နောက်တစ်ခုသို့- အူလှိုက်သည်းလှိုက် တွယ်တာခြင်း တေးသီချင်း

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၌သာ အသက်လမ်းရှိ

Ⅰ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး အသက်မှာ ဘုရားဆီကသာ လာသည်မို့ ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေ ကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

I ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ် သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်— ကယ်တင်ရှင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်