လူသား၏ နာကျင်မှုကို ဘုရားသခင် တွေ့ကြုံခြင်းသည် နက်ရှိုင်းစွာ အဓိပ္ပါယ်ရှိသည်
၁ ဘုရားသခင်၏လူ့ဇာတိခံယူခြင်းများ၏ အမှုတော် အဆင့်နှစ်ဆင့်ကို ဤပုံစံဖြင့် ပြီးမြောက်သည်မှာ စုံလင်ပေသည်။ ယင်းမှာ၊ ပထမ လူ့ဇာတိခံယူခြင်းမှသည် ဤလူ့ဇာတိခံယူခြင်းဟူသော ဤအဆင့်နှစ်ဆင့်၌ ပြီးမြောက်ခဲ့သည့် အမှုသည် လူသားမျိုးနွယ်၏ ဘဝထဲက ဆင်းရဲဒုက္ခအားလုံးကို ဖြေရှင်းပေးပြီးဖြစ်သည်။ ဤအရာကို မိမိကိုယ်တိုင် လုပ်ဆောင်ဖို့ လူ့ဇာတိခံယူဖို့ရန် ဘုရားသခင်အတွက် အဘယ်ကြောင့် လိုအပ်သနည်း။ လူသားတို့၏ အသက်တာတစ်လျှောက်တွင် ရှိနေခဲ့သော မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအရွယ်တို့၏ နာကျင်မှုမှာ အဘယ်ဆီမှ လာခဲ့သနည်း။ အဘယ်အရာက လူတို့ကို ဤအရာများအား ရရှိစေခဲ့သနည်း။ လူသားတို့ ကနဦး ဖန်ဆင်းခံခဲ့ရစဉ်က သူတို့တွင် ထိုအရာများ မရှိခဲ့ကြသည် မဟုတ်လော။ သို့ဆိုလျှင် ဤအရာများသည် မည်သည့်နေရာမှ လာခဲ့သနည်း။ ခန္ဓာ၏ နာကျင်မှု၊ ခန္ဓာ၏ ဒုက္ခပြဿနာများနှင့် အနှစ်သာရမဲ့ခြင်းနှင့် ကမ္ဘာလောက၏ အလွန်အမင်း စိတ်ပျက်ဖွယ်ကောင်းခြင်းတို့မှာ လူသားများ စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံရပြီးနောက်မှ ရောက်လာခြင်းဖြစ်သည်။
၂ စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းနောက်တွင် လူသားများသည် ပို၍ပို၍ အကျင့်ပျက်ယိုယွင်းလာခဲ့သည်၊ လူသားမျိုးနွယ်၏ ရောဂါများမှာ ပို၍ပို၍ ကြီးမားလာပြီး သူတို့၏ ဆင်းရဲဒုက္ခမှာ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ ပို၍သာပင်၊ လူတို့သည် ကမ္ဘာလောက၏ အနှစ်သာရမဲ့ခြင်း၊ ကံဆိုးမိုးမှောင်ကျခြင်းနှင့် ဆက်လက်အသက်ရှင်ရန် မတတ်စွမ်းနိုင်ခြင်းတို့ကို ခံစားခဲ့ကြရပြီး၊ သူတို့သည် ကမ္ဘာလောကအတွက် မျှော်လင့်ချက် ပို၍ပို၍လျော့နည်းစွာ ခံစားခဲ့ကြရသည်။ ထို့ကြောင့် ဤဒုက္ခကို လူသားများအပေါ် စာတန်က ကျရောက်စေခြင်းဖြစ်ပြီး၊ ထိုအရာသည် သူတို့အား စာတန်မှ ဖောက်ပြန်ပျက်စီးစေပြီးနောက်မှသာ ရောက်လာကာ သူတို့၏ ဇာတိပကတိမှာ အကျင့်ပျက်ယိုယွင်းလာခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် ဤဒုက္ခခံစားမှုသည် စာတန်၏ ထိန်းချုပ်အုပ်စိုးမှုအောက်၌ ရှိနေသေး၏၊ ယင်းသည် လူသား၏ သေနိုင်လောက်သော အားနည်းချက်များထဲမှ တစ်ခုဖြစ်၏။ စာတန်သည် သူဖျက်ဆီး၍ နင်းခြေခဲ့ပြီးသော ထိုအရာများကို အသုံးပြုနိုင်ဆဲဖြစ်၏၊ ယင်းတို့မှာ လူသားများကိုဆန့်ကျင်၍ စာတန်အသုံးပြုနိုင်သော လက်နက်များပင်ဖြစ်၏။
၃ ထို့ကြောင့်၊ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ဖို့ နောက်ဆုံးသော ကာလတွင် ဘုရားသခင် လူ့ဇာတိ တဖန်ခံယူပြီးဖြစ်ကာ၊ သိမ်းပိုက်ခြင်း အမှုကို ဆောင်ရွက်စဉ်တွင် လူသားမျိုးနွယ်ကိုယ်စား ဆင်းရဲဒုက္ခခံခဲ့ရလေသည်။ ဆင်းရဲဒုက္ခခံခြင်း အဖိုးအခ ပေးခြင်းအားဖြင့်၊ လူ့ဇာတိခံ ဘုရားသခင်သည် လူသားမျိုးနွယ်၏ သေစေနိုင်သော အားနည်းချက်ကို ဖြေရှင်းလိမ့်မည်ဖြစ်သည်။ လူသားမျိုးနွယ်၏ ဆင်းရဲဒုက္ခကို မြည်းစမ်းခြင်းဖြင့် လူသားမျိုးနွယ်ကို သူ ပြန်ဆောင်ယူလာပြီးနောက်တွင်၊ စာတန်သည် ၎င်းတို့ကို ဆန့်ကျင်အသုံးပြုနိုင်သည့်အရာ တစ်ခုမျှ ရှိတော့မည် မဟုတ်ပေ၊ ထို့အပြင် လူသားမျိုးနွယ်သည် ဘုရားသခင်ထံ လုံးဝ ပြန်သွားကြလိမ့်မည်။ ထို့နောက်တွင်မှ လူသားမျိုးနွယ်ကို ဘုရားသခင်နှင့် အပြည့်အဝ သက်ဆိုင်သည်ဟု ယူဆနိုင်လိမ့်မည်။ ထိုသို့ဖြင့်၊ လူ့ဇာတိခံ ဘုရားသခင်သည် လောက၏ နာကျင်မှုကို တွေ့ကြုံနေရပြီး လူသားမျိုးနွယ်ကိုယ်စား ဤနာကျင်မှုကို သည်းခံရခြင်းသည် မရှိလျှင်လည်းဖြစ်သော ကိစ္စရပ် မဟုတ်ပေ။ ယင်းမှာ လုံးဝ မရှိမဖြစ်လိုအပ်ပေသည်။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လောကကြီး၏ နာကျင်မှုကို ဘုရားသခင် တွေ့ကြုံခြင်း၏ အဓိပ္ပါယ်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။