လူသားအပေါ် ဘုရားသခင် အမြဲစောင့်ရှောက်သည်
၁
နှစ်ထောင်ပေါင်းများစွာ ကုန်လွန်ပြီးဖြစ်ကာ၊ လူသားမျိုးနွယ်အပေါ် တောက်လျှောက် ကိုယ်တော် စောင့်ရှောက်ပေသည်။
နှစ်ပေါင်းများစွာသော လောကဓံတရားများ၏ နောက်တွင်၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကိုယ်တော်၏ စိတ်ဆုံးဖြတ်ချက် လုံးဝ မပြောင်းလဲပေ။
လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကိုယ်တော်၏ အသွေးတော် စီးဆင်းလျက် တစ်ချိန်က ကိုယ်တော် နှိပ်စက်ညှင်းပန်းခံရကာ ကားတိုင်တွင် သံမှိုရိုက်နှက်ခံရပေ။
လူကို အပြစ်မှ ရွေးနုတ်ရင်း၊ အသက်၏ အဖိုးအခကို ကိုယ်တော်ပေးခဲ့။
လူ့ဇာတိ၌ ပေါ်ထွန်းရင်း၊ နောက်ဆုံးသော ကာလအတွင်း လူသားကြား ကိုယ်တော် ပြန်ကြွလာပြီ။
အိပ်မရသည့် ညများစွာ ဖြတ်သန်းရင်း လေနှင့် မိုးအတွင်း လူနှင့်အတူ ကိုယ်တော် ဒုက္ခခံစားပေ။
နှုတ်ကပတ်တော်များ အထောင်အသောင်း ဖော်ပြရင်း အသွေးတော်ကို ကိုယ်တော် သွန်းကာ အစွမ်းကုန် ကိုယ်တော် လုပ်ဆောင်။
လူသားမျိုးနွယ်အပေါ် အဖိုးတန် သမ္မာတရားများကို နှင်းအပ်ကာ၊ လူအုပ်များ၏ စိတ်နှလုံးများကို သိမ်းပိုက်ပေ။
၂
ကိုယ်တော် ကျွန်ုပ်တို့ကို ပြစ်တင်ဆုံးမကာ တရားစီရင်၊ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားက ကျွန်ုပ်တို့ စိတ်နှလုံးများထဲတွင် ကြောက်ရွံ့ခြင်းကို မွေးဖွားစေသည်။
ကိုယ်တော်၏ နှုတ်ကပတ်တော်များက နှစ်သိမ့်ခြင်းနှင့် ခွန်အားပေးခြင်း ယူဆောင်လာ၊ ကိုယ်တော်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့က ကျွန်ုပ်တို့အထဲတွင် အဆုံးစွန် ကြည်ညိုလေးစားမှုကို ဖြစ်ပေါ်စေ။
စာတန်အားဖြင့် ကျွန်ုပ်တို့ အလွန် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးခဲ့၊ ကျွန်ုပ်တို့၏ မာနထောင်လွှားကာ ပုန်ကန်လိုသော စိတ်သဘောထားတို့က ကိုယ်တော်၏ နှလုံးသားဆီ မချိတင်ကဲ ဝေဒနာ ဆောင်ကျဉ်းပေ။
မည်သည့် လူသားဆန်ခြင်း မဆို ကျွန်ုပ်တို့ ဆုံးရှုံးသည်မှာ ကြာခဲ့ပြီ၊ သားရဲတိရိစ္ဆာန်များကဲ့သို့ အပြစ်တရားထဲ ကျွန်ုပ်တို့ သက်ဆင်းကြပြီ။
ကိုယ်တော်၏ နှုတ်ကပတ်တော်များက မိမိကိုယ်ကိုယ် သိခွင့်ပေးရင်း၊ ကျွန်ုပ်တို့ကို ထုတ်ဖော်ပြကာ တရားစီရင်ပေ။
အခက်အခဲများ၊ စမ်းသပ်မှုများနှင့် ဘေးအန္တရာယ်တို့က ကျွန်ုပ်တို့၏ ဆိုးယုတ်သော စိတ်သဘောထားများကို သန့်စင်ပြီ။
ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ချစ်ခြင်းမေတ္တာဖြစ်ပေ၊ ကျွန်ုပ်တို့ကို သန့်ရှင်းစေကာ ကယ်တင်ပေ။
ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ အလွန်များစွာ မြည်းစမ်းကြပြီ၊ ကိုယ်တော့်ကို ကျွန်ုပ်တို့ စိတ်နှလုံးများထဲက မြတ်နိုးပေ။
သံပြိုင်အပိုဒ်
အို ဘုရားသခင်။ နေ့နှင့်ည ကိုယ်တော် ကျွန်ုပ်တို့အတွက် စိုးရိမ်ပေ၊ ကျွန်ုပ်တို့ကို စောင့်ရှောက်ရင်း ကျွန်ုပ်တို့ နံဘေးတွင် ကိုယ်တော် အမြဲရှိပေ။
ကျွန်ုပ်တို့ကို ကယ်တင်ခြင်း ဆောင်ကျဉ်းရင်း၊ သမ္မာတရားနှင့် အသက်ကို ကိုယ်တော် ပေးသည်။
ကိုယ်တော်၏ ချစ်ခြင်းက အလှပဆုံး၊ အဖြူစင်ဆုံးပေ၊ လူသား၏ ချီးမွမ်းခြင်းနှင့် သင့်တော်ပေ။
ကျွန်ုပ်တို့ နှလုံးသားများထဲက ချစ်ခြင်းမေတ္တာကို ကိုယ်တော်အား ကျွန်ုပ် ပေးမည်၊ ကိုယ်တော်ကို ကျွန်ုပ်တို့ ထာဝရ သက်သေခံမည်။