၉၆၉ ဘုရား၏အနှစ်သာရသည် ကိုယ်ကျိုးမငဲ့ပေကျူး

၁ ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားထဲတွင် အားလုံး သတိမမူမိဖို့ လွယ်ကူလွန်းလှသည့် အရာတစ်ခု၊ အခြားသူများက ကြီးမြတ်သည့်လူများ၊ သူတော်ကောင်းများ၊ သို့မဟုတ် ၎င်းတို့စိတ်ကူးထဲက ဘုရားအဖြစ် တွေးထင်ကြသည့် သူများအပါအဝင်၊ မည်သည့် လူကမျှ မပိုင်ဆိုင်ဘဲ၊ ဘုရားသခင်သာလျှင် ပိုင်ဆိုင်သည့် အရာတစ်ခုရှိပေသည်။ ဤအရာမှာ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့မှု ဖြစ်သည်။ ကိုယ်ကျိုးမငဲ့မှုအကြောင်းဆိုသည့်အခါ၊ သင်သည် သင်၏သားသမီးများနှင့် ပတ်သက်လာသည့်အခါတွင်၊ ၎င်းတို့နှင့် ပတ်သက်၍ မကတ်သတ် သို့မဟုတ် ရက်ရောတတ်သောကြောင့် မိမိမှာလည်း အင်မတန်မှပင် ကိုယ်ကျိုးမငဲ့တတ်သည့်သူ ဖြစ်သည်ဟု သင်တွေးကောင်းတွေးနိုင်သည် သို့မဟုတ် သင်၏ မိဘနှင့် ပတ်သက်လာသည့်အခါ သင်သည်လည်း အလွန်ကိုယ်ကျိုးမငဲ့ဟု သင် ထင်တတ်သည်။ သို့ရာတွင် အရာခပ်သိမ်းတွင်၊ လူများ၊ အဖြစ်အပျက်များ၊ အရာဝတ္ထုများအလယ်နှင့် ဘုရားသခင်၏ အမှုတို့တွင် ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းကို မြင်နိုင်သူ မည်သူမျှ မရှိပေ။ အဘယ်ကြောင့်ဆိုသော် လူသားသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သောကြောင့် ဖြစ်သည်။

၂ လူသားမျိုးနွယ်သည် ရုပ်ဝတ္ထုလောကထဲတွင် အသက်ရှင်၏။ သင်သည် ဘုရားသခင်နောက်ကို လိုက်ကောင်း လိုက်နိုင်သော်လည်း၊ ဘုရားသခင်သည် သင့်ကို မည်သို့ထောက်ပံ့ပေးသည်၊ မည်သို့ချစ်ပြီး မည်သို့ အရေးထားသည်ကို မည်သည့်အခါမျှ သင် မမြင် သို့မဟုတ် နားမလည်ပေ။ သင့်ကို ချစ်မြတ်နိုးသည့် သွေးသားရင်းချာ ဆွေမျိုးများကို သင်မြင်သည်။ သင်၏ အသွေးအသားအတွက် အကျိုးရှိသည့် အရာများကို သင် မြင်သည်၊ သင်ချစ်သည့် လူများနှင့် အမှုအရာများနှင့် ပတ်သက်၍ သင် ဂရုစိုက်သည်။ ဤသည်မှာ လူသားက ကိုယ်ကျိုးမငဲ့ခြင်းဟု ခေါ်သည့်အရာ ဖြစ်တော့သည်။ သို့ရာတွင် ထိုသို့သော “ကိုယ်ကျိုးမငဲ့သည့်” လူများသည် ၎င်းတို့ကိုအသက်ပေးသည့် ဘုရားသခင်ကိုမူ မည်သည့်အခါတွင်မျှ အလေးမထားခဲ့ကြပေ။ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းနှင့် ဆန့်ကျင်စွာ၊ လူသား၏ ကိုယ်ကျိုးမငဲ့မှုသည် တစ်ကိုယ်ကောင်းဆန် လာပြီး စက်ဆုပ်ရွံရှာဖွယ် ဖြစ်လာသည်။ လူသားက ယုံကြည်သည့် ကိုယ်ကျိုးမငဲ့မှုသည် အနှစ်မဲ့ပြီး သဘာဝမကျပေ၊ ဖောက်ပြန်ကာ၊ ဘုရားသခင်နှင့် သဟဇာတမဖြစ်သကဲ့သို့၊ ဘုရားသခင်နှင့် ဆက်နွှယ်ခြင်း မရှိပေ။

၃ လူ၏ ကိုယ်ကျိုးမငဲ့ခြင်းသည် မိမိကိုယ်ကိုယ်အတွက် ဖြစ်သော်လည်း၊ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းသည် သူ၏အနှစ်သာရ၏ စစ်မှန်သည့် ဖော်ပြချက် ဖြစ်ပေသည်။ လူသည် ဘုရားသခင်၏ စဉ်ဆက်မပြတ် ထောက်ပံ့မှုခံရသည်မှာ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့မှုကြောင့် အတိအကျ ဖြစ်ပေသည်။ သင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ စိတ်နှလုံးကို နားလည်ဖို့ ကြိုးစားသည့်အခါတွင်၊ သင်သည် ဤအရာကို အမှတ်တမဲ့ သိရလိမ့်မည်- သင့်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည်သာ အခြေအနေပေါ် မမူတည်သကဲ့သို့ ပြစ်မျိုး မှဲ့မထင်သောကြောင့်၊ ဤလောကကြီးထဲ၌ သင်ခံစား သိရှိနိုင်သော လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများ အားလုံးအထဲတွင် ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းသည်သာ စစ်မှန်ပြီး ခိုင်မာသည် ဟူ၍ ဖြစ်သည်။ ဘုရားသခင်မှလွဲ၍၊ အခြားမည်သူမဆို၏ ကိုယ်ကျိုးမငဲ့မှုဟုခေါ်သော အရာသည် အယောင်ဆောင်ထားခြင်း ဖြစ်သည်၊ အပေါ်ယံဖြစ်ပြီး အစစ်အမှန်မဟုတ်ပေ။ ယင်းသည် ရည်မှန်းချက်တစ်ခု၊ ရည်ရွယ်ချက်အချို့ရှိသည်၊ အပေးအယူသဘော ပါရှိပြီး၊ စမ်းသပ်ခြင်းကို မခံနိုင်ပေ။ ယင်းသည် ညစ်ညူးကာ စက်ဆုပ်ဖွယ် ဖြစ်သည်ဟုပင် သင်တို့ ပြောနိုင်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၆၈ ဘုရား၏စိတ်သဘောထားသည် သန့်ရှင်း၍ အပြစ်အနာအဆာကင်း၏ကျူး

နောက်တစ်ခုသို့- ၉၇၀ ဘုရား၏ သန့်ရှင်းသော အနှစ်သာရကို နားလည်ရန် အလွန်အရေးကြီး၏ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၆၆ အသင်းတော် ဓမ္မတေးသီချင်း

ဘုရားအပေါ် ပေတရု၏ချစ်ခြင်း၁အို ဘုရား၊အချိန်၊ နေရာမရွေး ကိုယ်တော်ကို သတိရနေမှာပါဘယ်အချိန်နေရာမဆို ကိုယ်တော်ကို ချစ်လိုပါ၏သို့သော်...

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ကမ္ဘာပေါ်သို့ကြွလာပြီ နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။