ဘုရားသခင်၏အနှစ်သာရသည် ဧကန်တည်ရှိ၏ကျူး
ဘုရားသခင်၏ အနှစ်သာရသည် အတုမဟုတ်၍ဖြစ်သည်၊ သူ၏ချစ်ခြင်းမေတ္တာက အတုမဟုတ်၍ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရသည် အမှန်တကယ်တည်ရှိပြီး အခြားလူများ ထည့်သွင်းထားသည့်အရာတစ်ခု မဟုတ်ဘဲ အချိန်၊ နေရာနှင့် ခေတ်ကာလများပြောင်းလဲမှုနှင့်အညီ ပြောင်းလဲသည့် အရာတစ်ခု လုံးဝမဟုတ်ပေ။ မထူးခြားသည့်အရာနှင့် အရေးမပါသည့်အရာဟုလူများထင်ကြသည့် အရာတစ်ခုကို ပြုလုပ်ခြင်းမှတစ်ဆင့် ဘုရားသခင်၏စစ်မှန်ခြင်းနှင့် ချစ်ဖွယ်ကောင်းခြင်းတို့ကို အမှန်တကယ် ထင်ရှားပေါ်လွင်စေနိုင်သည်။ ဘုရားသခင်သည် ဟန်ပန်မများတတ်ပေ။ သူ၏စိတ်သဘောထားနှင့် အနှစ်သာရမှာ ချဲ့ကားခြင်း၊ ဟန်ဆောင်ခြင်း၊ မာန သို့မဟုတ် ထောင်လွှားခြင်းတို့ မပါဝင်ပေ။ သူသည် ဘယ်တော့မျှ မကြွားဝါဘဲ ကြွားဝါမည့်အစား သူဖန်ဆင်းခဲ့သည့် လူသားများကို ယုံကြည်မှုနှင့် စိတ်ရင်းအမှန်နှင့် ချစ်ခင်၍ အလေးထားကာ စောင့်ရှောက်ပြီး ဦးဆောင်သည်။ လူများက ထိုအရာ၏ မည်မျှကိုသာ နားလည်နိုင်သည်ဖြစ်စေ၊ ခံစားနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မြင်နိုင်သည်ဖြစ်စေ၊ ဘုရားသခင်က ဤအရာများကို အကယ်ပင် လုပ်နေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။