ဘုရားသခင်၏ နှလုံးသား အလှပဆုံးနှင့် အကြင်နာဆုံးဖြစ်သည်ကို ကျွန်ုပ် မြင်ပြီ
၁
ဘုရားသခင်၏ ရှေ့မှောက် ကျွန်ုပ် ချီမခံရ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နှစ်သက်ခံစားခြင်းဖြင့် ကျွန်ုပ်၏ စိတ်နှလုံး ကျေနပ်နှစ်သိမ့်သည်။
ဘုရားသခင်၏ စားပွဲတော်ကို တက်ရောက်ခြင်းအား ကျွန်ုပ် အမှန်တကယ် ပျော်မွေ့မိ၊ ယင်းသည် ဘုရားသခင်၏ အကြီးမားဆုံး ကောင်းချီးမင်္ဂလာဖြစ်ပေ။
ကိုယ်တော်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များက ကျွန်ုပ်၏ ဆိုးညစ်သော ဝိညာဉ်ကို ဖွင့်ဟရင်း ထက်သော ဓါးတစ်စင်းကဲ့သို့ ဖြစ်ပေ။
ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ရရှိဖို့သာ ကျွန်ုပ် ဘုရားသခင်အတွက် အသုံးတော်ခံပြီး ကျွန်ုပ်တွင် အသိတရား သို့မဟုတ် အသိစိတ် မရှိပေ။
ကျွန်ုပ် အလွန်အမင်းနက်နဲစွာ ဖောက်ပြန်ပျက်စီးကာ လူသားပုံသဏ္ဍာန်မရှိသည်ကို ကျွန်ုပ် မြင်ရ။
ဝမ်းနည်းမှုဖြင့် ကျွန်ုပ် ပြည့်လျက်၊ ဘုရားသခင်ရှေ့မှောက်တွင် ကျွန်ုပ် နောင်တရကာ ကျွန်ုပ်ကို ခွင့်လွှတ်ပြီး သနားကရုဏာထားဖို့ သူ့ကို တောင်းလျှောက်မိ။
ကျွန်ုပ်၏ အပြစ်များနှင့်အညီ ကျွန်ုပ်ကို ဘုရားသခင် မဆက်ဆံပေ၊ သူ့ထံ ပြန်လာဖို့ ကိုယ်တော် ကျွန်ုပ်ကို တိတ်တဆိတ် စောင့်ဆိုင်းပေ။
ဘုရားသခင်၏ ဖြောင့်မတ်ပြီး သန့်ရှင်းသည့် စိတ်သဘောထားကို ကျွန်ုပ် တွေ့ကြုံရ၊ ကျွန်ုပ်၏ နှလုံးသား ကိုယ်တော့်ကို ကြည်ညိုကာ နာခံမိပေ။
၂
ဘုရားသခင်၏ ရှေ့မှောက် ကျွန်ုပ် မိမိကိုယ်ကိုယ် တိတ်ဆိတ်စေကာ သမ္မာတရားကို ရှာဖွေပြီး၊ ဘုရားသခင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များကို ကျွန်ုပ် နားလည်။
ဘုရားသခင် တရားစီရင်သည်ဖြစ်စေ၊ ပြစ်တင်ဆုံးမသည်ဖြစ်စေ၊ လူကို သန့်စင်ကာ ကယ်တင်ဖို့ သက်သက် ဖြစ်ပေ။
ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို ကျွန်ုပ် လက်ခံပြီး စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့ကို ကျွန်ုပ် ကြုံရပေ။
နာကျင်မှုများစွာ ကျွန်ုပ် ခံစားရပြီ၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း သန့်စင်ခံရပြီ၊ ဤသည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်း သက်သက်ဖြစ်ပေ။
ဘုရားသခင်၏ စိတ်သဘောထား အလွန်ချစ်ဖွယ်ဖြစ်ကာ ဘုရားသခင်၏ စိတ်နှလုံး အလှပဆုံးနှင့် အကြင်နာဆုံးဖြစ်သည်ကို ကျွန်ုပ် မြင်ရ။
ဘုရားသခင်ရှေ့ ကျွန်ုပ် ကျိုးနွံနာခံဖို့ ကျွန်ုပ် လိုလားနေ၊ ကျွန်ုပ်၏ စိတ်နှလုံး ဝမ်းမြောက်ကာ သာယာချမ်းမြေ့ပေ။
ရိုးသားသော လူတစ်ဦးဖြစ်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရင်း၊ ဘုရားသခင်အားဖြင့် ကျွန်ုပ် ကောင်းချီးခံစားရ။
သမ္မာတရားကို ရရှိဖို့၊ ဘုရားသခင်အားဖြင့် ကယ်တင်ခံရဖို့နှင့် ဘုရားသခင်ကို ဘုန်းထင်ရှားစေဖို့ လူသားပုံသဏ္ဍာန် အသက်ရှင်နေထိုင်ဖို့ ကျွန်ုပ် ဆန္ဒရှိပေ။