အို ဘုရားရှင်၊ ကျွန်ုပ်၏ နှလုံးသား ကိုယ်တော်ပိုင်ဆိုင်ပြီးဖြစ်ပေ

အို ဘုရားရှင်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များအားလုံး သမ္မာတရားဖြစ်ပေ။ ကိုယ်တော့် နှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြခြင်းများက ကျွန်ုပ်ကိုယ်ကျွန်ုပ် ရှင်းရှင်းလင်းလင်း မြင်နိုင်စေသည်။

ကိုယ်တော့်အတွက် ကျွန်ုပ်၏ ချစ်ခြင်းကို ဟစ်ကြွေးလေ့ရှိသော်လည်း၊ ကိုယ်တော့်ကို ကျွန်ုပ် ဆက်ကပ်အပ်နှံကာ ကိုယ်တော့်အတွက် အမှုအရာများကို စွန့်လွှတ်ခဲ့သော်လည်း အရာအားလုံးက ကောင်းချီးမင်္ဂလာနှင့် သရဖူရရှိဖို့ဖြစ်သည်ကို ယနေ့ ကျွန်ုပ် သိသည်။

ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ကျွန်ုပ် အလွန်နောင်တရမိပြီး ကိုယ်တော်နှင့် အပေးအယူလုပ်ဖို့မှာ အလွန် စက်ဆုပ်ဖွယ် ဖြစ်ပေ။

ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးခြင်းတို့က ကျွန်ုပ်ကို သန့်စင်ကာ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာထဲက မစင်ကြယ်မှုများကို ဖယ်ရှားဖို့ဖြစ်ပေ။

အို ဘုရားရှင်။ ကျွန်ုပ်၏ စိတ်နှလုံးက ကိုယ်တော့်ကို အစဉ်အမြဲ ချစ်ပေ။ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ယခု ကျွန်ုပ် သိသည်။

ကိုယ်တော်၏ ကြင်နာသော နှုတ်ကပတ်တော်များက ကျွန်ုပ်၏ နှလုံးသားတွင် ထွင်းထုထားပေ။ ကိုယ်တော့်ကိုကျွန်ုပ် ထာဝရ ချစ်ချင်။

အို ဘုရားရှင်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များအားလုံး သမ္မာတရားဖြစ်ပေ။ ကိုယ်တော့်နှုတ်ကပတ်တော်တို့သည် ကျွန်ုပ်အသက်တာ၏ အခြေပြုချက် ဖြစ်သည်။

နှိပ်စက်ညှင်းပန်းခြင်း၊ ဆင်းရဲဒုက္ခများ၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုမှတဆင့်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်နှင့်အတူ အမြဲရှိ။

ဆင်းရဲဒုက္ခနှင့် နာကျင်မှု နှစ်ကာလများ၏ ကောင်းမွန်သည့် အမှတ်ရစရာများဖြင့် ကျွန်ုပ် ကျန်ရစ်ရပေ။

ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ ယုံကြည်ခြင်းကို စုံလင်စေပြီ။ ကျွန်ုပ် ဘယ်သောအခါမျှ တစ်ဖန် စိတ်ပျက်အားလျော့ကာ အားငယ်မည်မဟုတ်ပေ။

အို ဘုရားရှင်။ ကျွန်ုပ်၏ စိတ်နှလုံးက ကိုယ်တော့်ကို အစဉ်အမြဲ ချစ်ပေ။ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းက အမှန်တကယ် ချစ်ဖွယ်ဖြစ်ပေ။

ကိုယ်တော်၏ ကြင်နာသော နှုတ်ကပတ်တော်များက ကျွန်ုပ်၏ နှလုံးသားတွင် ထွင်းထုထားပေ။ ကိုယ်တော့်ကို ကျွန်ုပ်ထာဝရ ချစ်ချင်။

အို ဘုရားရှင်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များအားလုံး သမ္မာတရားဖြစ်ပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များဖြင့် ကျွန်ုပ်ကို သန့်စင်ကာ ကယ်တင်သည်မှာ ကိုယ်တော် ဖြစ်ပေ။

ကိုယ်တော်၏ နှုတ်ကပတ်တော်များက အလွန်အဖိုးတန်ပေ၊ ယင်းတို့ ကျွန်ုပ်၏ အသက်ဖြစ်လာကာ ကျွန်ုပ်၏ စိတ်နှလုံးကို ပြည့်စေပြီ။

ကိုယ်တော်၏ နှုတ်ကပတ်တော်များအားလုံး ပြီးမြောက်ကာ ပြည့်စုံလေပြီ၊ ကိုယ်တော်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ ကမ္ဘာမြေပေါ် ပေါ်ထွန်းပေ။

အို ဘုရားရှင်။ ကျွန်ုပ်၏ နှလုံးသား ကိုယ်တောပိုင်ဆိုင်ပေ၊ ကိုယ်တော့်ကို ပြောပြဖို့ ကျွန်ုပ်တွင် ချစ်ခြင်းများစွာ ရှိပေ။

အို ဘုရားရှင်။ ကျွန်ုပ်၏ စိတ်နှလုံးက ကိုယ်တော့်ကို အစဉ်အမြဲ ချစ်ပေ။ ကိုယ်တော်သာ အကောင်းမြတ်ဆုံး၊ အလှပဆုံးဖြစ်ပေ။

ကိုယ်တော်၏ ကြင်နာသော နှုတ်ကပတ်တော်များက ကျွန်ုပ်၏ နှလုံးသားတွင် ထွင်းထုထားပေ။ ကိုယ်တော့်ကို ကျွန်ုပ်ထာဝရ ချစ်ချင်။

အရှေ့သို့- သမ္မာတရားကို လိုက်စားခြင်းကသာ အသက်ကို ဆောင်ကျဉ်းနိုင်

နောက်တစ်ခုသို့- ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေ ကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

I ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ် သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်— ကယ်တင်ရှင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်