ဘုရားသခင်၏သိုးတို့သည် သူ၏အသံကို ကြားနိုင်ကြ၏ကျူး
၁ နေ့ရက်တို့သည် အဆုံးသို့ ရောက်လာလိမ့်မည်၊ ကမ္ဘာပေါ်ရှိအရာအားလုံးတို့သည် အနတ္တအဖြစ်သို့ ရောက၍ အားလုံးတို့သည် အသစ်ပြန်လည် မွေးဖွားခြင်းခံရ လိမ့်မည်။ ဤအရာကိုမှတ်သားလော့။ ဤအရာကို မှတ်သားလော့။ ဒွိဟဖြစ်စရာ မရှိပေ။ ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။ သင်တို့ကို ထပ်မံ၍ တိုက်တွန်းခွင့်ပြုလော့။ အချည်းနှီးသက်သက် မပြေးကြနှင့်။ နိုးထကြလော့။ နောင်တရ ကြလော့။ ကယ်တင်ခြင်းသည် လက်တစ်ကမ်း၌ ပင်ရှိသည်။
၂ ငါသည်သင်တို့ကြားတွင် ပေါ်ထွန်းခဲ့ပြီးဖြစ်၍ ငါ၏အသံသည်လည်း ပေါ်ထွက်ပြီး ဖြစ်သည်။ နေ့စဉ်နေ့တိုင်း သင်တို့နှင့် မျက်နှာချင်းဆိုင်လျက် လန်းဆန်း သစ်လွင်စွာဖြင့် ငါ၏အသံသည်ု သင်တို့ရှေ့တွင် ပေါ်ထွက်ပြီး ဖြစ်သည်။ သင်သည် ငါ့ကိုမြင်၍ ငါသည်လည်း သင့်ကို မြင်သည်။ ငါသည် သင်နှင့် အဆက်မပြတ် မျက်နှာချင်းဆိုင်၍ စကားပြောသည်။ သို့သော်လည်း သင်သည် ငါ့ကို ငြင်းပယ်သေးသည်။ ငါ့ကို သင်သည် မသိ။ ငါ့သိုးတို့သည် ငါ့စကားကို ကြားနိုင် သော်လည်း သင်တို့သည် ဆိုင်းငံ့ နေကြသေး သည်။ သင်တို့ ဆိုင်းငံ့နေကြသည်။ သင်တို့စိတ်နှလုံး သည်မိုက်လျက်၊ မျက်စိတို့သည် စာတန်အားဖြင့် ကန်းလျက်ရှိပြီး ငါ၏ ဘုန်းနှင့်ပြည့်စုံသော မျက်နှာတော်ကို မမြင်နိုင်ကြ။ သနားဘွယ်ကောင်း လှစွာတကား။ သနားဘွယ်ကောင်းလှစွာတကား။
၃ ငါ၏ပလ္လင်တော်ရှေ့ရှိ ဝိညာဉ်ခုနစ်ပါးတို့ကို ကမ္ဘာ မြေကြီး၏ ထောင့်စွန်းနေရာအားလုံးတို့ဆီသို့ စေလွှတ် ထားပြီး အသင်းတော်များထံသို့ ငါ၏တမန်ကို စကား ပြောရန် ငါစေလွှတ်မည်။ ငါသည် ဖြောင့်မတ်၍ သစ္စာရှိသော သူဖြစ်သည်။ ငါသည် လူ၏စိတ်နှလုံး အနက်နဲဆုံး အပိုင်းတို့ကို စစ်ကြောစုံစမ်းသော ဘုရားသခင်ဖြစ်သည်။ ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူ၍၊ နားရှိသောသူ အပေါင်းတို့ နားထောင်သင့်သည်။ အသက်ရှိသော သူအပေါင်းတို့ လက်ခံသင့်သည်။ ၎င်းတို့ကို စားသောက်ရုံသာ စားသောက် လိုက်ပါ၊ သံသယမရှိနှင့်။ ငါ၏ နှုတ်ကပတ်တော်တို့ကို နားထောင်၍ လိုက်နာသောသူအားလုံးတို့သည် ကြီးမြတ်သော ကောင်းကြီးတို့ကို ခံရလိမ့်မည်။
၄ ငါ၏ မျက်နှကို ရိုးသားစွာ ရှာသောသူအပေါင်းတို့သည် အသစ်သော အလင်း၊ အသစ်သော ဉာဏ်ပွင့်ခြင်းနှင့် အသစ်သော ထိုးထွင်းအမြင် တို့ကို ဧကန်အမှန်ရကြလိမ့်မည်။ အရာ အားလုံးတို့သည် လန်းဆန်းသစ်လွင်ခြင်း ရှိကြလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်တို့သည် သင့်ထံ အချိန်မရွေး ပေါ်ထွန်း၍ သင်သည် ဝိညာဉ်လောက၏ လျှို့ဝှက်ဆန်းကြယ်သော အရာအားလုံးတို့ကို မြင်နိုင်ရန်နှင့် နိုင်ငံတော်သည် လူသားတို့အကြားတွင်ရှိသည်ကို မြင်တွေ့စေရန် သင်၏ ဝိညာဉ်မျက်စိကို ဖွင့်ပေးလိမ့်မည်။ ခိုလှုံရာနေရာသို့ ဝင်လော့၊ ထိုသို့ပြုလျှင် ကျေးဇူးတော်နှင့်ကောင်းကြီးအလုံးစုံတို့သည် သင့်အပေါ် ကျရောက်လိမ့်မည် ဖြစ်၍၊ အစာငတ် ခြင်းနှင့် ရောဂါဘေးဆိုးတို့သည် သင့်အား ထိနိုင်စွမ်း ရှိမည် မဟုတ်ပေ။ မြေခွေး၊ မြွေဆိုး၊ ကျားနှင့် ကျားသစ်တို့သည် သင့်ကို အန္တရာယ်မပြုနိုင်ရာ။ သင်သည် ငါနှင့်အတူရှိပြီး ဘုန်းတော်အတွင်း ငါနှင့်အတူတကွ လျှောက်သွားရကြလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၅” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။