ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

ငါတို့၏ ပြီးခဲ့သည့် မိတ်သဟာယသည် သင်တို့ အယောက်တိုင်းပေါ် ကြီးမားသော သက်ရောက်မှုတစ်ခု ရှိပေပြီ။ ယခုတွင်မူ လူတို့သည် နောက်ဆုံးတွင် ဘုရားသခင်၏ စစ်မှန်သော တည်ရှိမှုနှင့် ဘုရားသခင်သည် လူနှင့် အမှန်တကယ် အလွန် နီးနီးကပ်ကပ်ရှိသည်ကို အမှန်တကယ် ခံစားနိုင်ကြပေသည်။ လူတို့သည် ဘုရားသခင်၌ နှစ်ပေါင်းများစွာ ယုံကြည်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ သူ၏အတွေးများနှင့် စိတ်ကူးများကို ယခု ၎င်းတို့ နားလည်ကြသကဲ့သို့ အမှန်တကယ် နားမလည်ဖူးကြပေ၊ သူ၏လက်တွေ့ကျသော လုပ်ဆောင်ချက်များကိုလည်း ယခု ၎င်းတို့ တွေ့ကြုံကြသကဲ့သို့ အမှန်တကယ် မတွေ့ကြုံဖူးကြချေ။ အသိပညာဖြစ်စေ၊ တကယ့် လက်တွေ့လုပ်ဆောင်ခြင်းဖြစ်စေ လူအများစုသည် အသစ်သော အရာတစ်ခုကို သင်ယူကြရပြီးဖြစ်ကာ သာ၍ မြင့်မားသော သိနားလည်မှုတစ်ခုလည်း ရရှိကြပြီး ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့ကိုယ်တိုင်၏ အတိတ်က လိုက်စားမှုများထဲက အမှားကို သဘောပေါက်ကြပြီးဖြစ်သည်၊ ၎င်းတို့ အတွေ့အကြုံ၏ ပေါ့ပြက်ခြင်းကို သဘောပေါက်ကြပြီးဖြစ်ကာ ၎င်းတို့၏ အတွေ့အကြုံအများအပြားသည် ဘုရားသခင်၏ အလိုနှင့် ကိုက်ညီမှုမရှိသည်ကို သဘောပေါက်ကြပြီးဖြစ်သည်၊ ပြီးလျှင် လူသားက အကင်းမဲ့ဆုံးသောအရာမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အသိပညာဖြစ်သည်ကို သဘောပေါက်ကြပြီး ဖြစ်သည်။ လူတို့ဘက်တွင်ရှိသည့် ဤအသိပညာသည် သိမြင်နားလည်ခြင်း အခြေပြု အသိပညာ အမျိုးအစားမျှသာ ဖြစ်သည်။ ကျိုးကြောင်းဆင်ခြင်တတ်သော အသိပညာအဆင့်ကို မြှင့်တင်ရန် မိမိ၏ အတွေ့အကြုံများမှတဆင့် တဖြည်းဖြည်း နက်နဲလာခြင်းနှင့် အားကောင်းလာခြင်းတစ်ခု လိုအပ်သည်။ လူသည် ဘုရားသခင်ကို အမှန်တကယ် နားမလည်မီတွင်၊ တစ်ဖက်သတ်အမြင်အရ ၎င်းတို့သည် ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်၏ တည်ရှိခြင်းကို အမှန်တကယ် ယုံကြည်ကြသည်ဟု ဆိုနိုင်သော်လည်း၊ ဘုရားသခင်သည် အမှန်တကယ်တွင် မည်သည့် ဘုရားသခင်မျိုးဖြစ်သည်၊ သူ၏အလိုသည် မည်သည့်အရာ ဖြစ်သည်၊ သူ၏ စိတ်သဘောထားသည် မည်သည့်အရာဖြစ်သည်၊ လူသားမျိုးနွယ်အပေါ် သူ၏တကယ့် သဘောထားက မည်သည့်အရာ ဖြစ်သည်ဟူသော တိကျသည့် မေးခွန်းများနှင့် သက်ဆိုင်သည့် စစ်မှန်သော သိနားလည်ခြင်း မရှိကြချေ။ ဤအရာက ဖြူစင်မှု သို့မဟုတ် စုံလင်ခြင်းကို ရရှိခြင်းမှ ၎င်းတို့၏ ယုံကြည်ခြင်းကို အစဉ် တားဆီးရင်း၊ ဘုရားသခင်၌ လူတို့၏ ယုံကြည်ခြင်းကို အလွန် အထိအခိုက် ဖြစ်စေသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် မျက်နှာချင်းဆိုင်ရလျှင်ပင်၊ သို့မဟုတ် သင်၏ အတွေ့အကြုံများ မှတဆင့် ဘုရားသခင်ကို ကြုံတွေ့ရပြီး ဖြစ်သည်ဟု ခံစားရလျှင်ပင်၊ သူ့ကို သင် လုံးဝ နားလည်သည်ဟု ဆို၍ မရနိုင်သေးချေ။ သင်သည် ဘုရားသခင်၏ အတွေးများ သို့မဟုတ် သူ မည်သည့်အရာကို ချစ်သည်၊ သူ မည်သည့်အရာကို မုန်းသည်၊ သူ့ကို မည်သည့်အရာက ဒေါသထွက်စေပြီး မည်သည့်အရာက သူ့ကို ဝမ်းမြောက်မှု ဆောင်ကြဉ်းပေးသည် ဆိုသည်ကို သင်မသိသောကြောင့်ဖြစ်သည်၊ ထို့ကြောင့် သင်သည် သူနှင့်သက်ဆိုင်သည့် မှန်ကန်သော သိနားလည်မှု မရှိချေ။ သင်၏ယုံကြည်ခြင်းသည် မရေရာမှုနှင့် စိတ်ကူးစိတ်သန်းများ၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားပြီး သင်၏ ဓမ္မဓိဋ္ဌာန်မကျသော ဆန္ဒများပေါ်တွင် အခြေခံထားသည်။ ယင်းသည် စစ်မှန်သော ယုံကြည်မှုမှ ဝေးကွာဆဲဖြစ်ပြီး စစ်မှန်သော နောက်လိုက်တစ်ယောက်ဖြစ်ခြင်းမှ သင် အလှမ်းဝေးနေဆဲ ဖြစ်သည်။ ဤသမ္မာကျမ်းစာ အဖြစ်အပျက်များဆီမှ ဥပမာများကို ရှင်းပြခြင်းများသည် ဘုရားသခင်၏ စိတ်နှလုံး၊ သူ၏ အမှု အဆင့်တိုင်းတွင် သူစဉ်းစားသည့်အရာ၊ ပြီးလျှင် ဤအမှုကို သူ အဘယ်ကြောင့် လုပ်ဆောင်ခဲ့သည်၊ ယင်းကို သူလုပ်ဆောင်ချိန်တွင် သူ၏ နဂိုမူလရည်ရွယ်ချက်နှင့် သူ၏အစီအစဉ်တို့သည် မည်သည့် အရာများ ဖြစ်သည်ဆိုသည်နှင့် သူ၏စိတ်ကူးများကို သူမည်ကဲ့သို့ ရရှိခဲ့ပြီး၊ သူ၏အစီအစဉ်ကို မည်ကဲ့သို့ပြင်ဆင်ပြီး ဖြစ်ပေါ်စေခဲ့သည် ဆိုသည်တို့ကို သိရှိရန် လူသားကို အခွင့်ပေးပြီးဖြစ်သည်။ ဤအဖြစ်အပျက်များမှတစ်ဆင့် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အမှု အတောအတွင်း ဘုရားသခင်၏ တိကျသော ရည်ရွယ်ချက်တိုင်းနှင့် စစ်မှန်သော အတွေးတိုင်း၊ မတူညီသောအချိန်ကာလများနှင့် မတူညီသောခေတ်များတွင် လူသားအပေါ် သူ၏ သဘောထားတို့နှင့်သက်ဆိုင်သည့် အသေးစိတ် တိကျသည့် သိနားလည်မှုတစ်ခုကို ငါတို့ ရရှိနိုင်သည်။ ဘုရားသခင်က မည်သည့်အရာကို စဉ်းစားနေခဲ့သည်၊ သူ၏သဘောထားက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် အခြေအနေတိုင်းကို သူ ရင်ဆိုင်သည်နှင့်အမျှ သူ ထုတ်ဖော်ပြခဲ့သည့် စိတ်သဘောထားကို လူတို့ သိနားလည်နိုင်ပါက၊ ဤအရာက ဘုရားသခင်၏ စစ်မှန်သော တည်ရှိမှုကို သာ၍ နက်ရှိုင်းစွာ သဘောပေါက်ဖို့နှင့် သူ၏လက်တွေ့ကျမှုနှင့် စစ်မှန်မှုတို့ကို သာ၍ နက်နဲစွာ ခံစားဖို့ လူတိုင်းကို ကူညီနိုင်သည်။ ဤအဖြစ်အပျက်များကို ပြောပြရာတွင် ငါ၏ ရည်မှန်းချက်မှာ ကျမ်းစာဆိုင်ရာ သမိုင်းကို လူတို့ နားလည်ရန်အတွက် မဟုတ်သကဲ့သို့၊ သမ္မာကျမ်းစာ၏ ကျမ်းချက်များ သို့မဟုတ် ကျမ်းစာထဲက လူတို့နှင့် ရင်းနှီးလာရန် ကူညီဖို့လည်း မဟုတ်ပေ၊ ပြီးလျှင် ယင်းသည် အထူးသဖြင့် ပညတ်တော်ခေတ် အတောအတွင်း၌ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာ၏ နောက်ခံကို လူတို့ နားလည်ရန် ကူညီဖို့ မဟုတ်ပေ။ ယင်းထက် ထိုအရာမှာ ဘုရားသခင်၏ အလို၊ သူ၏ စိတ်သဘောထားနှင့် သူ၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုတိုင်းတို့ကို လူတို့နားလည်ရန်နှင့် ဘုရားသခင်နှင့် သက်ဆိုင်သည့် သာ၍ စစ်မှန်ပြီး သာ၍ တိကျသော သိနားလည်မှုနှင့် အသိပညာတို့ ရရှိဖို့ လူတို့အား ကူညီပေးရန် ဖြစ်သည်။ ဤနည်းအားဖြင့် လူတို့၏ နှလုံးသားသည် နည်းနည်းချင်း ဘုရားသခင်ထံ ဖွင့်ဟလာနိုင်သည်၊ ဘုရားသခင်နှင့် နီးစပ်လာနိုင်ပြီး၊ ၎င်းတို့သည် သူ၊ သူ၏ စိတ်သဘောထား၊ သူ၏အနှစ်သာရတို့ကို သာ၍ ကောင်းစွာ နားလည်နိုင်ပြီး၊ စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်ကို သာ၍ကောင်းစွာ သိရှိနိုင်ပေသည်။

ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့် သက်ဆိုင်သည့် အသိပညာသည် လူတို့အပေါ် အပြုသဘောဆောင်သော သက်ရောက်မှုတစ်ခု ရှိနိုင်ပေသည်။ ယင်းသည် ဘုရားသခင်၌ စိတ်ချယုံကြည်မှု သာ၍ရှိစေရန်နှင့် သူ့ကို စစ်မှန်သော နာခံမှုနှင့် ကြောက်ရွံ့မှု ရှိရန် ကူညီပေးနိုင်သည်။ သို့ဆိုလျှင် ၎င်းတို့သည် သူ့နောက် ကျိုးကြောင်းမမြင်ဘဲ လိုက်တော့မည်မဟုတ် သို့မဟုတ် ကိုးကွယ်တော့မည် မဟုတ်ပေ။ ဘုရားသခင်က မိုက်မဲသောသူများ သို့မဟုတ် လူစုနောက်ကို ကျိုးကြောင်းမမြင်ဘဲ လိုက်သောသူများကို အလိုမရှိဘဲ၊ ယင်းထက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုနှင့် အသိတစ်ခုရှိပြီး၊ ဘုရားသခင်၏ သက်သေများအဖြစ် ဆောင်ရွက်နိုင်သော လူတစ်စု၊ သူ၏ချစ်မြတ်နိုးဖွယ်ဖြစ်ခြင်းကြောင့်၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းကြောင့်၊ ပြီးလျှင် သူ၏ဖြောင့်မတ်သော စိတ်သဘောထားကြောင့်၊ ဘုရားသခင်ကို လုံးဝ မစွန့်လွှတ်မည့် လူများကို အလိုရှိပေသည်။ ဘုရားသခင်၏ နောက်လိုက် တစ်ဦးနေဖြင့်၊ သင်၏ စိတ်နှလုံးတွင် ကြည်လင်ပြတ်သားမှု ကင်းမဲ့ဆဲဖြစ်ပါက၊ သို့မဟုတ် ဘုရားသခင်၏ စစ်မှန်သော တည်ရှိမှု၊ သူ၏စိတ်သဘောထား၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏အစီအစဉ်တို့နှင့် ပတ်သက်၍ ဒွိဟဖြစ်ခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးခြင်းရှိပါက၊ သင်၏ယုံကြည်ခြင်းသည် ဘုရားသခင်၏ ချီးမွမ်းမှုကို မရရှိနိုင်ပေ။ ဘုရားသခင်သည် ဤကဲ့သို့သော လူစားမျိုးကို သူ့နောက်လိုက်သည်ကို အလိုမရှိသကဲ့သို့၊ ဤကဲ့သို့သောလူစားမျိုးက သူ့ရှေ့သို့ လာခြင်းကိုလည်း ဘုရားသခင် မကြိုက်နှစ်သက်ပေ။ ဤသို့သောလူစားမျိုးက ဘုရားသခင်ကို နားမလည်သောကြောင့်၊ ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံ မပေးအပ်နိုင်ကြချေ- ၎င်းတို့၏ စိတ်နှလုံးသည် သူ့အဖို့ ပိတ်ထားလေသည်၊ ထို့ကြောင့် ၎င်းတို့၏ ဘုရားသခင်၌ ယုံကြည်ခြင်းသည် မစင်ကြယ်မှုများနှင့် ပြည့်နေသည်။ ၎င်းတို့၏ ဘုရားသခင်နောက်လိုက်ခြင်းသည် မျက်ကန်းဟုသာ ခေါ်ဆိုနိုင်သည်။ လူတို့သည် ဘုရားသခင်အပေါ် စစ်မှန်သော နာခံမှုနှင့် ကြောက်ရွံ့မှုတို့ကို ၎င်းတို့အတွင်း ပေါက်ဖွားစေသည့် ဘုရားသခင်နှင့်သက်ဆိုင်သော စစ်မှန်သော သိနားလည်ခြင်းနှင့် အသိပညာတို့ကို ၎င်းတို့ ရှိမှသာ၊ လူတို့သည် မှန်ကန်သော ယုံကြည်မှုကို ရရှိနိုင်ပြီး စစ်မှန်သော နောက်လိုက်များ ဖြစ်နိုင်သည်။ ဤနည်းလမ်းဖြင့်သာ ၎င်းတို့သည် ဘုရားသခင်ထံ မိမိတို့၏ စိတ်နှလုံးကို ပေးနိုင်ပြီး ယင်းကို သူ့ထံ ဖွင့်ဟနိုင်ကြပေသည်။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းနှင့် တွေးသမျှတိုင်းသည် ဘုရားသခင်၏ စစ်ဆေးမှုကို ခံနိုင်ပြီး ဘုရားသခင်အဖို့ သက်သေခံနိုင်သောကြောင့် ဤသည်မှာ ဘုရားသခင် လိုချင်သောအရာဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထား၊ သို့မဟုတ် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သို့မဟုတ် သူ၏အလိုနှင့် သူလုပ်ဆောင်သောအရာတိုင်းရှိ သူ၏အတွေးများနှင့် စပ်လျဉ်း၍ သင်တို့ကို ငါ ဆွေးနွေးပြောဆိုသမျှနှင့် မည်သည့်ရှုထောင့်မှဖြစ်စေ၊ မည်သည့် ရှုထောင့်အမြင်မှ ငါပြောသည်ဖြစ်စေ၊ ထိုအရာအားလုံးသည် ဘုရားသခင်၏ စစ်မှန်သော တည်ရှိမှုကို သင်တို့ သာ၍ သေချာစေရန်၊ လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းကို သာ၍အမှန်တကယ် နားလည်ပြီး အသိအမှတ်ပြုစေရန်၊ ပြီးလျှင် လူတို့အတွက် ဘုရားသခင်၏ အရေးစိုက်မှုနှင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲပြီး ကယ်တင်ရန် သူ၏စိတ်ရင်းဖြစ်သော ဆန္ဒများကို သာ၍အမှန်တကယ်နားလည်ကာ အသိအမှတ်ပြုစေဖို့ ကူညီရန် ဖြစ်ပေသည်။

လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ကတည်းက ဘုရားသခင်၏ အတွေးများ၊ စိတ်ကူးများနှင့် လှုပ်ရှားမှု တစ်ခုစီတိုင်းကို ယနေ့ ငါတို့ ဦးစွာပထမ အနှစ်ချုပ်ကြမည်။ ကမ္ဘာလောကကို ဖန်ဆင်းခြင်းမှသည် ကျေးဇူးတော်ခေတ် တရားဝင် စတင်ခြင်း အထိ မည်သည့်အမှုကို သူ ဆောင်ရွက်ပြီးဖြစ်သည်ကို ငါတို့ တစ်ချက်ကြည့်ကြမည်ဖြစ်သည်။ ထို့နောက် ဘုရားသခင်၏ မည်သည့်အတွေးများနှင့် စိတ်ကူးများကို လူသားက မသရှိှသည်ကို ငါတို့ ရှာဖွေသိရှိနိုင်ပြီး ထိုနေရာမှစကာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အဆင့်ကို ငါတို့ ရှင်းလင်းနိုင်ကာ၊ ဘုရားသခင်က သူ၏စီမံခန့်ခွဲခြင်း အမှုကို ဖန်ဆင်းခဲ့သည့် ဆက်စပ်အကြောင်းအရာ၊ ယင်း၏ အရင်းအမြစ်နှင့် တိုးတက်ခြင်းဖြစ်စဉ်တို့ကို စေ့စေ့စပ်စပ် နားလည်နိုင်ပြီး သူ၏စီမံခန့်ခွဲခြင်း အမှုမှတဆင့် မည်သည့် ရလဒ်များကို သူရရှိလိုသည်ဆိုသည်ကို ငါတို့ စေ့စေ့စပ်စပ် နားလည်နိုင်ပေသည်- ယင်းမှာ သူ၏စီမံခန့်ခွဲခြင်း အမှု၏ အဓိကအချက်နှင့် ရည်ရွယ်ချက်များ ဖြစ်သည်။ ဤအရာများကို နားလည်ရန် ငါတို့အနေဖြင့် လူသားတို့ မရှိခဲ့သည့် ဝေးကွာ၊ တည်ငြိမ်ပြီး တိတ်ဆိတ်သောအချိန်တစ်ခုကို ပြန်သွားရန် လိုအပ်ပေသည်။

ဘုရားသခင်သည် သူ၏ ကျိန်းဝပ်ရာမှ ထခဲ့ချိန်တွင် သူ ရှိခဲ့သည့် ပထမဆုံး အတွေးမှာ ဤသို့ဖြစ်သည်- အသက်ရှင်သော လူတစ်ဦး- စစ်မှန်၊ အသက်ရှင်သော လူသားတစ်ဦး- သူနှင့်အတူနေထိုင်ရန်နှင့် သူ၏ အမြဲတမ်းအဖော်ဖြစ်မည့် သူတစ်ဦးကို ဖန်ဆင်းရန်ဖြစ်သည်။ ဤလူသည် သူ့ကို နားထောင်နိုင်ပြီး သူ့ကို စိတ်ချယုံကြည်ကာ သူနှင့်စကား ပြောဆိုနိုင်သည်။ ထို့နောက်တွင် ပထမဆုံးအကြိမ်အဖြစ် ဘုရားသခင်သည် မြေမှုန့်လက်တစ်ဆုပ်စာကိုယူပြီး သူ၏ စိတ်နှလုံးထဲတွင် သူစိတ်ကူးထားသည့်အတိုင်း တကယ့် ပထမဆုံးသော သက်ရှိလူတစ်ယောက်ကို ဖန်ဆင်းရန် အသုံးပြုခဲ့သည်၊ ထို့နောက် ဤအသက်ရှင်သော အဖန်ဆင်းခံကို အာဒံဟု အမည်တစ်ခု ပေးလိုက်သည်။ ဘုရားသခင်သည် ဤအသက်ရှင်ပြီး အသက်ရှူသော လူကို ရရှိခဲ့ပြီးသည်နင့် တစ်ပြိုင်နက်၊ သူမည်သို့ ခံစားခဲ့ရသနည်း။ ပထမဆုံးအကြိမ်၊ ချစ်ခင်ရသူတစ်ဦး၊ အဖော်တစ်ဦးရှိခြင်းနှင့်သက်ဆိုင်သည့် ဝမ်းမြောက်မှုကို သူခံစားခဲ့ရသည်။ ဖခင်တစ်ဦး ဖြစ်ရခြင်း၏ တာဝန်ဝတ္တရားနှင့် ယင်းနှင့်အတူပါလာသော ပူပန်မှုကိုလည်း သူ ခံစားခဲ့ရသည်။ အသက်ရှင်ပြီး အသက်ရှူသွင်းသော ဤလူသည် ဘုရားသခင်ကို ပျော်ရွှင်ခြင်းနှင့် ဝမ်းမြောက်မှုကို ယူဆောင် ပေးခဲ့သည်။ သူသည် ပထမဆုံးအကြိမ် စိတ်သက်သာမှု ခံစားခဲ့ရသည်။ ဤသည်မှာ သူ၏အတွေးများ၊ သို့မဟုတ် နှုတ်ကပတ်တော်များနှင့်ပင် မပြီးမြောက်စေခဲ့ဘဲ၊ သူ၏ကိုယ်ပိုင် လက်များဖြင့် ဘုရားသခင်က ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့ဖူးသော အရာဖြစ်သည်။ ဤသက်ရှိအမျိုးအစား- ရှင်သန်ပြီး အသက်ရှူသည့် လူတစ်ဦး- အသွေးအသားနှင့် ဖန်တီးထားပြီး ခန္ဓာနှင့် ပုံသဏ္ဌာန်ရှိပြီး ဘုရားသခင်နှင့် စကားပြောနိုင်သည့်လူတစ်ဦးသည် ဘုရားသခင်ရှေ့၌ ရပ်သောအခါတွင်၊ ဘုရားသခင်သည် သူယခင်က တစ်ခါမျှ မခံစားခဲ့ရဖူးသည့် ဝမ်းမြောက်မှုမျိုးကို တွေ့ကြုံခံစားခဲ့ရသည်။ ဘုရားသခင်သည် သူ၏တာဝန်ကို အမှန်တကယ် ခံစားခဲ့ရပြီး ဤသက်ရှိသည် သူ့ကို ကြင်နာသနားမှုကို ခံစားစေခဲ့သည် သာမက၊ သူ၏သေးငယ်သော လှုပ်ရှားမှုတိုင်းဖြင့် ဘုရားသခင်၏ စိတ်နှလုံးကို နွေးထွေးစေကာ တို့ထိခဲ့သည်။ ဤသက်ရှိသည် ဘုရားသခင်၏ရှေ့၌ ရပ်သောအခါတွင်၊ ထိုသို့သော လူများကို သာ၍ရရှိဖို့ သူအတွေး ရှိခဲ့သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ပထမဆုံးရှိခဲ့သည့် အတွေးနှင့်အတူ စတင်ခဲ့သည့် ဖြစ်ရပ်တသီတတန်း ဖြစ်သည်။ ဘုရားသခင် အတွက်၊ ဤအဖြစ်အပျက်များ အားလုံးသည် ပထမဆုံးအကြိမ် ဖြစ်ပေါ်ခြင်း ဖြစ်သည်၊ သို့သော် ဤပထမဆုံးဖြစ်ရပ်များ၌ ထိုအချိန်က- ဝမ်းမြောက်ခြင်း၊ တာဝန်ဝတ္တရား၊ ပူပန်မှုများ စသဖြင့်- သူမည်သည့်အရာကို ခံစားခဲ့ရသည်ဖြစ်စေ၊ သူ့အတွက် ယင်းကို ဝေမျှခံစားရန် မည်သူမျှ မရှိခဲ့ချေ။ ထိုအခိုက်အတန့်မှစ၍ ဘုရားသခင်သည် သူယခင်က တစ်ခါမျှ မခံစားခဲ့ဖူးသော အထီးကျန်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို အမှန်တကယ် ခံစားခဲ့ရသည်။ လူသားသည် သူ၏ချစ်ခြင်းမေတ္တာနှင့် ပူပန်မှု၊ သို့မဟုတ် လူသားအတွက် သူ၏ရည်ရွယ်ချက်တို့ကို လက်မခံနိုင်၊ သို့မဟုတ် နားလည်သဘောမပေါက်နိုင်ဟု သူခံစားခဲ့ရသည်၊ ထို့ကြောင့် သူ၏ စိတ်နှလုံးတွင် ဝမ်းနည်းမှုနှင့် နာကျင်မှုကို သူ ခံစားရဆဲဖြစ်သည်။ သူသည် လူသားအတွက် ဤအရာများကို လုပ်ဆောင်ခဲ့ပြီးဖြစ်သော်လည်း၊ လူသားသည် ယင်းကို သတိမပြုမိသကဲ့သို့ နားမလည်ခဲ့ချေ။ ပျော်ရွှင်ခြင်းမှလွဲ၍၊ လူသားက သူ့ထံ ယူဆောင်ခဲ့သော ဝမ်းမြောက်မှုနှင့် နှစ်သိမ့်မှုတို့သည် ထိုအရာများနှင့်အတူ သူ၏ပထမဆုံးသော ဝမ်းနည်းခြင်းနှင့် အထီးကျန်ခြင်း ခံစားချက်တို့ကို အလျင်အမြန် ယူဆောင်ခဲ့လေသည်။ ဤသည်တို့မှာ ထိုအချိန်က ဘုရားသခင်၏ အတွေးများနှင့် ခံစားချက်များဖြစ်သည်။ ဘုရားသခင်က ဤအရာအားလုံးကို လုပ်ဆောင်နေခဲ့စဉ်တွင်၊ သူ၏ နှလုံးသားထဲတွင် ဝမ်းမြောက်ခြင်းမှ ဝမ်းနည်းခြင်း၊ ဝမ်းနည်းခြင်းမှ နာကျင်ခြင်းဆီသို့ ရောက်ရှိသွားခဲ့ပြီး၊ ဤခံစားချက်များသည် စိုးရိမ်သောကများနှင့် ရောထွေး သွားခဲ့သည်။ သူလုပ်ဆောင်လိုခဲ့သမျှအားလုံးမှာ ဤလူ၊ ဤလူသားမျိုးနွယ်ကို သူ့စိတ်နှလုံးထဲတွင် မည်သည့်အရာ ရှိသည်ကို မြန်မြန်ဆန်ဆန် သိစေဖို့နှင့် သူ၏ရည်ရွယ်ချက်များကို အဆောတလျင် နားလည်စေရန် ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် သူ၏နောက်လိုက်များဖြစ်လာနိုင်ကြမည်ဖြစ်ပြီး၊ သူ၏ အတွေးများကို မျှဝေခံစားကာ၊ သူ၏အလိုနှင့် ကိုက်ညီနိုင်ပေမည်။ ၎င်းတို့သည် ဘုရားသခင်စကားပြောသည်ကို နားထောင်ရုံမျှနားထောင်ပြီး အာစေးမိနေဆဲဖြစ်တော့မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို သူ၏အမှုတွင် မည်သို့ ပူးပေါင်းရမည်ကို မသိဖြစ်မည် မဟုတ်တော့ချေ၊ အရေးအကြီးဆုံးမှာ၊ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို စိတ်မဝင်စားသော လူများ ဖြစ်မည် မဟုတ်တော့ချေ။ ဘုရားသခင် လုပ်ဆောင်ခဲ့သော ဤပထမဆုံး အရာများသည် အလွန်အဓိပ္ပာယ်ရှိပြီး သူ၏စီမံခန့်ခွဲမှု အစီအစဉ်အတွက်နှင့် ယနေ့လူသားများအတွက် ကြီးမားသော တန်ဖိုးကို စွဲကိုင်ထားပေသည်။

အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက်တွင်၊ ဘုရားသခင်သည် အနားမယူခဲ့ပေ။ သူသည် သူ၏စီမံခန့်ခွဲမှုကို ဆောင်ရွက်ရန်နှင့် လူသားမျိုးနွယ်တို့ထဲမှ သူအလွန်ချစ်သော လူတို့ကို ရယူရန် စိတ်လှုပ်ရှားပြီး စိတ်အားထက်သန်ခဲ့ပေသည်။

ဆက်လက်၍ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းပြီးနောက် မကြာမီတွင်၊ တစ်ကမ္ဘာလုံး အနှံ့ ရေလွှမ်းမိုးမှုကြီးတစ်ခု ရှိခဲ့သည်ကို သမ္မာကျမ်းစာမှ ငါတို့သိရသည်။ ရေလွှမ်းမိုးခြင်း မှတ်တမ်းတွင် နောဧကို ဖော်ပြထားပြီး၊ နောဧသည် ဘုရားသခင်၏ အလုပ်တာဝန်တစ်ခုကို ပြည့်စုံစေရန် ဘုရားသခင်နှင့်အတူ အမှုပြုရန် ဘုရားသခင်၏ ခေါ်ခြင်းကို ခံရသော ပထမဆုံးလူဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ဟုတ်ပေ၏၊ ဤသည်မှာ ဘုရားသခင်သည် သူ၏အမိန့်နှင့်အညီ ကမ္ဘာပေါ်တွင် လူတစ်ဦးကို တစ်စုံတစ်ခု လုပ်ဆောင်စေရန် ခေါ်ခဲ့ဖူးသည့် ပထမဦးဆုံး အကြိမ်လည်း ဖြစ်သည်။ နောဧသည် သင်္ဘောကြီးကို ဆောက်လုပ်ခြင်းပြီးသည်နှင့် ဘုရားသခင်သည် ကမ္ဘာမြေကို ပထမဆုံးအကြိမ် ရေလွှမ်းမိုးခဲ့သည်။ ဘုရားသခင်က ကမ္ဘာမြေကြီးကို ရေလွှမ်းမိုးခြင်းဖြင့် ပထမဆုံးအကြိမ် ဖျက်ဆီးခဲ့ချိန်တွင်၊ လူသားတို့အပေါ် ရွံရှာမှုဖြင့် မွှန်ထူခဲ့ရသည်မှာ လူသားများကို ဖန်ဆင်းခြင်းကတည်းက ပထမဆုံး အကြိမ်ဖြစ်သည်။ ဤသည်မှာ ရေလွှမ်းမိုးခြင်းအားဖြင့် ဤလူသားမျိုးနွယ်ကို ဖျက်ဆီးရန်ဖြစ်သော နာကျင်ဖွယ်ကောင်းသည့် ဆုံးဖြတ်ချက်ကို ပြုလုပ်ရန် ဘုရားသခင်အား ဖိအားပေးခဲ့သည့်အရာ ဖြစ်သည်။ ရေလွှမ်းမိုးခြင်းက ကမ္ဘာမြေကြီးကို ဖျက်ဆီးပြီးနောက်တွင်၊ ဘုရားသခင်သည် ရေလွှမ်းမိုးခြင်းဖြင့် ကမ္ဘာလောကကို မည်သည့်အခါတွင်မျှ တစ်ဖန် ဖျက်ဆီးမည်မဟုတ်သည်ကို ပြသဖို့ သူ၏ ပထမဆုံး ပဋိညာဉ်ကို လူသားများနှင့် ပြုလုပ်ခဲ့သည်။ ဤပဋိညာဉ်၏ သင်္ကေတမှာ သက်တံဖြစ်ခဲ့သည်။ ဤသည်မှာ လူသားမျိုးနွယ်နှင့် ဘုရားသခင်၏ ပထမဆုံး ပဋိညာဉ်ဖြစ်သည်၊ ထို့ကြောင့် သက်တံသည် ဘုရားသခင်က ပေးထားသည့် ပဋိညာဉ်၏ ပထမဆုံး သင်္ကေတဖြစ်သည်။ သက်တံသည် စစ်မှန်သည့်အရာ၊ အထည်ဒြပ်ဖြစ်သည့်အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်ကို ယခင်က သူဆုံးရှုံးခဲ့သည့် လူသားမျိုးနွယ်အတွက် ဝမ်းနည်းခြင်းမှု မကြာခဏ ခံစားရစေပြီး၊ ထိုသူများထံ ဖြစ်ပျက်ခဲ့သည့်အရာနှင့်သက်ဆိုင်၍ သူ့အတွက် စဉ်ဆက်မပြတ် သတိပေးချက်တစ်ခုအဖြစ် အသုံးတော်ခံသည်မှာ ဤသက်တံ၏ တကယ့် တည်ရှိမှုဖြစ်သည်။ ဘုရားသခင်က သူ၏ ခြေလှမ်းကို နှောင့်နှေးသွားစေမည် မဟုတ်- သူ၏စီမံခန့်ခွဲမှုတွင် နောက်တစ်ဆင့် လုပ်ဆောင်ရန် သူသည် စိတ်လှုပ်ရှားပြီး စိတ်အားထက်သန်ပေသည်။ နောက်ပိုင်းတွင် ဘုရားသခင်သည် ဣသရေလနိုင်ငံတစ်လျှောက်တွင် သူ၏အမှုအတွက် သူ၏ ပထမဆုံးရွေးချယ်မှုအဖြစ် အာဗြဟံကို ရွေးချယ်ခဲ့သည်။ ဤသည်မှာလည်း ထိုသို့သော သင့်တော်သူတစ်ဦးကို ဘုရားသခင် ရွေးချယ်ခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့်သက်ဆိုင်သည့် သူ၏အမှုကို ဤလူမှတဆင့် စတင်လုပ်ဆောင်ရန်နှင့် ဤလူ၏ သားစဉ်မြေးဆက်များ အလယ်တွင် သူ၏အမှုကို ဆက်လက် လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ခဲ့သည်။ ဤသည်မှာ အာဗြဟံနှင့်ပတ်သက်၍ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာ ဖြစ်သည်ကို သမ္မာကျမ်းစာတွင် ငါတို့မြင်နိုင်သည်။ ထို့နောက် ဘုရားသခင်က ဣသရေလနိုင်ငံကို ပထမဆုံး ရွေးချယ်ခဲ့သော နယ်မြေအဖြစ် ပြုလုပ်ခဲ့ပြီး သူ ရွေးချယ်ထားသောလူများ ဖြစ်သည့် ဣသရေလလူမျိုးတို့မှတစ်ဆင့် ပညတ်တော်ခေတ်နှင့် သက်ဆိုင်သည့် သူ၏အမှုကို စတင်ခဲ့သည်။ နောက်တစ်ဖန် ပထမဆုံးအကြိမ်အဖြစ်၊ ဘုရားသခင်သည် လူသားမျိုးနွယ် လိုက်လျှောက်သင့်သော တိကျပြတ်သားသော စည်းမျဉ်းနှင့် ပညတ်တရားတို့ကို ဣသရေလလူမျိုးတို့ထံ ပေးခဲ့ပြီး ၎င်းတို့ကို အသေးစိတ် ရှင်းပြခဲ့သည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် ယဇ်ပူဇော်မှုများကို မည်ကဲ့သို့ ပေးသင့်သည်၊ ၎င်းတို့ မည်သို့ အသက်ရှင်သင့်သည်၊ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာနှင့် မလုပ်ဆောင်သင့်သည့်အရာ၊ မည်သည့်ပွဲတော်များနှင့် မည်သည့် နေ့ရက်တို့ကို ၎င်းတို့ စောင့်ထိန်းလိုက်နာသင့်သည် ဆိုသည့်အရာများနှင့်၊ ၎င်းတို့လုပ်ဆောင်သော အရာရာတိုင်းတွင် လိုက်လျှောက်ရမည့် အခြေခံသဘောတရားများအတွက် တိကျကာ၊ စံသတ်မှတ်ထားသော စည်းမျဉ်းတို့ကို လူသားတို့ကို ဘုရားသခင် ပေးခဲ့ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ လူသားတို့၏ ဘဝအတွက် အသေးစိတ်၊ စံသတ်မှတ်ထားသော ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်ကို ၎င်းတို့၏ အသက်တာများအား မည်သို့ အသက်ရှင်ရမည်နှင့်ပတ်သက်သည့် အသေးစိတ်ကျသည့်၊ စံသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် အခြေခံသဘောတရားများကို ပေးခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။

“ပထမဆုံးအကြိမ်” ဟု ငါပြောသည့်အခါတိုင်းတွင်၊ ယင်းသည် ယခင်က ဘုရားသခင် လုံးဝ မဆောင်ရွက်ခဲ့ဖူးသည့် အမှုအမျိုးအစားတစ်ခုကို ရည်ညွှန်းပေသည်။ ယင်းသည် ယခင်က မရှိခဲ့သော အမှုတစ်ခုကို ရည်ညွှန်းပြီး၊ ဘုရားသခင်က လူသားမျိုးနွယ်၊ အဖန်ဆင်းခံများနှင့် သက်ရှိမျိုးစုံတို့ကို ဖန်ဆင်းခဲ့သော်လည်း၊ ဤသည်မှာ ယခင်က သူ လုံးဝ မလုပ်ဆောင်ခဲ့ဖူးသော အမှုမျိုးဖြစ်ပေသည်။ ဤအမှုအားလုံးတွင် လူသားမျိုးနွယ်နှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှု ပါဝင်သည်။ ယင်းသည် လူများနှင့် ၎င်းတို့နှင့်သက်ဆိုင်သည့် သူ၏ကယ်တင်ခြင်း၊ စီမံခန့်ခွဲမှုတို့နှင့် အားလုံး ပတ်သက်ပေသည်။ အာဗြဟံနောက်တွင် ဘုရားသခင်သည် နောက်ထပ် ပထမဆုံးသော အရာတစ်ခုကို လုပ်ဆောင်ခဲ့သည်- ပညတ်တရား အောက်တွင် အသက်ရှင်နိုင်မည်သူနှင့် ဘုရားသခင်ကို ဆက်လက် ကြောက်ရွံ့ရင်း၊ မကောင်းမှုကို ရှောင်ကြဉ်ရင်းနှင့် ဘုရားသခင်အဖို့ သက်သေခံရင်း စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို ခံနိုင်မည့်သူ တစ်ဦးအဖြစ် ယောဘကို သူရွေးချယ်ခဲ့သည်။ ဤသည်မှာလည်း လူတစ်ယောက်ကို စုံစမ်းနှောင့်ယှက်ရန် ဘုရားသခင်က စာတန်ကို ခွင့်ပြုခဲ့သော ပထမဆုံးအကြိမ်ဖြစ်ပြီး စာတန်နှင့် အလောင်းအစားပြုခဲ့သော ပထမဆုံးအကြိမ် ဖြစ်သည်။ နောက်ဆုံးတွင် ပထမဆုံးအကြိမ် စာတန်ကို ရင်ဆိုင်နေရစဉ်တွင်၊ သူ့အတွက် သက်သေအဖြစ် ရပ်တည်နိုင်စွမ်းရှိပြီး သက်သေခံနိုင်စွမ်း ရှိသည့်သူတစ်ဦးနှင့် စာတန်ကို လုံးလုံးလျားလျား အရှက်ရစေနိုင်မည့်သူတစ်ဦးကို ဘုရားသခင် ရရှိခဲ့သည်။ လူသားမျိုးနွယ်ကို ဘုရားသခင် ဖန်ဆင်းခဲ့ကတည်းက၊ ဤသည်မှာ သူရရှိခဲ့ဖူးသည့် သူ့အတွက် သက်သေခံနိုင်ခဲ့သည့် ပထမဆုံးသောလူ ဖြစ်သည်။ ဤလူကို သူရရှိခဲ့ပြီးသည် နှင့်တစ်ပြိုင်နက် သူ၏ အမှု နောက်တစ်ဆင့်အတွက် သူရွေးချယ်ရမည့် နေရာနှင့် လူတို့ကို ပြင်ဆင်ရင်း သူ၏စီမံခန့်ခွဲမှုကို ဆက်လုပ်လုပ်ဆောင်ရန်နှင့် သူ၏အမှုထဲက နောက်တစ်ဆင့်ကို ဆောင်ရွက်ရန် ဘုရားသခင် သာ၍ပင် စိတ်အားထက်သန်ခဲ့သည်။

ဤအရာအားလုံးအကြောင်းကို မိတ်သဟာယ ပြုပြီးနောက်တွင်၊ ဘုရားသခင်၏အလိုနှင့်သက်ဆိုင်သည့် စစ်မှန်သော သိနားလည်မှုတစ်ခု သင်တို့ ရှိကြပါသလော။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို သူ၏ စီမံခန့်ခွဲခြင်းနှင့် ဆိုင်သည့်၊ လူသားမျိုးနွယ်ကို သူ၏ ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဤဖြစ်ရပ်ကို အခြားမည်သည့် အရာမဆိုထက် သာ၍ အရေးကြီးသကဲ့သို့ ယူဆသည်။ သူသည် ဤအရာတို့ကို သူ၏စိတ်နှင့် နှင့်သာ၊ သူ၏နှုတ်ကပတ်တော်များနှင့်သာ၊ ပြီးလျှင် သာမန်ကာလျှံကာဖြစ်သော သဘောထားဖြင့်သာ သေချာပေါက် မလုပ်ဆောင်ပေ- သူသည် ဤအရာအားလုံးကို အစီအစဉ်တစ်ခု၊ ပန်းတိုင်တစ်ခု၊ စံနှုန်းများနှင့် သူ၏အလိုတို့ဖြင့် လုပ်ဆောင်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သော ဤအမှုသည် ဘုရားသခင်နှင့် လူသားနှစ်ဦးစလုံးတို့အတွက် ကြီးမားသော အရေးပါမှုကို ကိုင်စွဲထားသည်မှာ သိသာရှင်းလင်းပေသည်။ အမှု မည်မျှ ခက်ခဲသည်ဖြစ်စေ၊ အတားအဆီးများ မည်မျှကြီးမားသည် ဖြစ်စေ၊ လူသားများက မည်မျှ အားနည်းကြသည်ဖြစ်စေ၊ သို့မဟုတ် လူသားမျိုးနွယ်၏ ပုန်ကန်ခြင်းက မည်မျှ နက်ရှိုင်းသည်ဖြစ်စေ၊ ဤအရာထဲက မည်သည့်အရာမျှ ဘုရားသခင်အတွက် မခက်ခဲချေ။ ဘုရားသခင်သည် သူ၏ ပင်ပန်းတကြီးလုပ်ရသော အားထုတ်မှုကို အသုံးချရင်းနှင့် သူကိုယ်တိုင် ဆောင်ရွက်လိုသော အမှုကို စီမံခန့်ခွဲရင်း မိမိဘာသာ အလုပ်ရှုပ်မြဲရှုပ်နေလေသည်။ သူသည် အရာရာတိုင်းကိုလည်း စီစဉ်နေပြီး၊ သူအမှုပြုမည့် လူများအားလုံးနှင့် သူ ပြီးစီးလိုသည့် အမှုအားလုံးအပေါ် သူ၏ အချုပ်အခြာအာဏာကို ကျင့်သုံးနေသည်- ဤအရာထဲက မည်သည့်အရာကိုမျှ ယခင်က မလုပ်ခဲ့ဖူးချေ။ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းနှင့် ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် ဤအဓိက စီမံကိန်းအတွက် ဘုရားသခင်က ဤနည်းလမ်းများကို အသုံးပြုပြီး၊ ကြီးမားသော အဖိုးအခကို ပေးခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ဤအမှုကို ဘုရားသခင် ဆောင်ရွက်နေစဉ်တွင်၊ သူသည် ထိမ်ချန်ထားခြင်း မရှိဘဲ သူ၏ အပင်ပန်းခံ ကြိုးစားအားထုတ်မှု၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုး၊ ပြီးလျှင် သူ့စိတ်သဘောထား၏ ရှုထောင့်တိုင်းကို လူသားမျိုးနွယ်ထံ နည်းနည်းချင်း ဖော်ပြနေပြီး ထုတ်ပြန် ပေးနေပေသည်။ သူသည် ယခင်က တစ်ကြိမ်တစ်ခါမျှ မလုပ်ဖူးသည့်အတိုင်း ဤအရာများကို ထုတ်ပြန်ကာ ဖော်ပြသည်။ ထို့ကြောင့် စကြဝဠာတစ်ခုလုံးတွင်၊ ဘုရားသခင်က စီမံရန်နှင့် ကယ်တင်ရန် ရည်ရွယ်ထားသော လူများမှလွဲ၍ ဘုရားသခင်နှင့် ထိုသို့သော ရင်းနှီးသည့်ဆက်ဆံရေးရှိသော၊ ဘုရားသခင်နှင့် အလွန်နီးကပ်သော မည်သည့်ဖန်ဆင်းခံမျှ လုံးဝ မရှိခဲ့ဖူးပေ။ သူ၏ စိတ်နှလုံးထဲတွင် သူစီမံလိုပြီး ကယ်တင်လိုသော လူသားမျိုးနွယ်သည် အရေးကြီးဆုံးဖြစ်၏။ သူသည် ဤလူသားမျိုးနွယ်ကို အခြားအရာအားလုံးထက် တန်ဖိုး ထားသည်။ သူသည် ၎င်းတို့အတွက် ကြီးမားသော အဖိုးအခ တစ်ခုကို ပေးဆပ်ခဲ့ပြီး ၎င်းတို့က သူ့ကို အဆက်မပြတ် နာကျင်စေကာ မနာခံကြသော်လည်း၊ ၎င်းတို့အပေါ် သူ လုံးဝ လက်မလျှော့သကဲ့သို့၊ ညည်းညူခြင်း၊ သို့မဟုတ် နောင်တရခြင်း မရှိဘဲ၊ သူ၏အမှုဖြင့် မမောနိုင်မပန်းနိုင် ဆက်လက် လုပ်ဆောင်လေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် သူ၏ခေါ်ခြင်းဆီသို့ အနှေးနှင့်အမြန် နိုးထကြလိမ့်မည် ဖြစ်ပြီး သူ၏နှုတ်ကပတ်တော်များအားဖြင့် တို့ထိခြင်း ခံရကြလိမ့်မည်၊ သူသည် ဖန်ဆင်းခြင်း၏ အရှင်ဖြစ်သည်ကို သတိပြုမိကာ သူ့ထံပါးသို့ ပြန်လာကြလိမ့်မည်ကို သူ သိသောကြောင့်ဖြစ်သည်။

ယနေ့ ဤအရာအားလုံးကို ကြားပြီးနောက်တွင် ဘုရားသခင် လုပ်ဆောင်သောအရာအားလုံးက အလွန် ပုံမှန်ဖြစ်သည်ဟု သင်တို့ ခံစားကောင်းခံစားရနိုင်သည်။ လူသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏အမှုမှတဆင့် ၎င်းတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်အချို့ကို အမြဲခံစားရပြီးဖြစ်ပုံရသော်လည်း၊ ၎င်းတို့၏ခံစားချက်များ၊ သို့မဟုတ် ၎င်းတို့၏အသိပညာနှင့် ဘုရားသခင် တွေးတောနေသည့်အရာကြားတွင် အမြဲတစေ ဝေးကွာမှုအချို့ ရှိလေသည်။ ယင်းမှာ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့် အကြောင်းအရင်း၊ သူမျှော်လင့်ထားသည့် လူသားမျိုးနွယ်ကို ရရှိဖို့ သူ၏ စိတ်ဆန္ဒ နောက်ကွယ်က နောက်ခံအကြောင်းရင်းနှင့် ပတ်သက်၍ လူများအားလုံးနှင့် ဆွေးနွေးပြောဆိုရန် လိုအပ်သည်ဟု ငါထင်ရသည့် အကြောင်းရင်း ဖြစ်သည်။ အယောက်တိုင်းသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ရှင်းလင်းဖို့အလို့ငှာ၊ ဤအရာကို အယောက်တိုင်းနှင့် ဝေမျှရန်မှာ မုချလိုအပ်ပေသည်။ ဘုရားသခင်၏အတွေးနှင့် စိတ်ကူးတိုင်း၊ ပြီးလျှင် သူ့အမှု၏ အဆင့်တိုင်းနှင့် အချိန်ကာလတိုင်းသည် သူ၏စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးနှင့် ဆက်နွှယ်ပြီး နီးကပ်စွာ ဆက်စပ်နေသောကြောင့်၊ သူ၏ အမှု အဆင့်တိုင်းရှိ ဘုရားသခင်၏ အတွေးများ၊ စိတ်ကူးများ၊ သူ၏အလိုတို့ကို သင်နားလည်သောအခါတွင်၊ သူ၏စီမံခန့်ခွဲမှုအစီအစဉ် နှင့်သက်ဆိုင်သည့် အမှု မည်သို့ ဖြစ်ပေါ်လာသည်ဆိုသည်ကို နားလည်ခြင်းနှင့် တူညီပေသည်။ ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏ သိနားလည်မှု သာ၍နက်ရှိုင်းသည်မှာ ဤအခြေခံအုတ်မြစ် ပေါ်တွင် ဖြစ်သည်။ ငါယခင်ကပြောခဲ့သည့်အတိုင်း၊ ဘုရားသခင်သည် ကမ္ဘာလောကကို ပထမဆုံး ဖန်ဆင်းခဲ့ချိန်တွင် သူပြုလုပ်သောအရာတိုင်းသည် ယခုအချိန်တွင် “သတင်းအချက်အလက်” မျှသာဖြစ်ပြီး သမ္မာတရားကို အားထုတ်ရာတွင်မဆီလျော်သည့်ပုံ ပေါ်သော်လည်း၊ သင်၏ အတွေ့အကြုံလမ်းကြောင်း တစ်လျှောက်တွင် ဤသည်မှာ သတင်းအချက်အလက် အစိတ်အပိုင်း အနည်းငယ်ကဲ့သို့ သိပ်ရိုးရှင်းသည့် အရာတစ်ခုမဟုတ်သကဲ့သို့၊ ယင်းသည် နက်နဲမှုမျိုးတချို့သာ ဖြစ်သည်ဟု သင်မထင်မှတ်သော နေ့ရက်တစ်ရက် ရှိပေလိမ့်မည်။ သင်၏ အသက်တာ တိုးတက်သည်နှင့်အမျှ၊ ဘုရားသခင်သည် သင်၏ စိတ်နှလုံး၌ နေရာတချို့ရှိသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် သင်သည် သူ၏အလိုကို သာ၍ စေ့စေ့စပ်စပ်နှင့် နက်ရှိုင်းစွာ နားလည်သည်နှင့်တစ်ပြိုင်နက်၊ ယနေ့ ငါပြောပြနေသည့် အရာ၏ အရေးကြီးမှုနှင့် လိုအပ်မှုတို့ကို သင်အမှန်တကယ် နားလည်လိမ့်မည်ဖြစ်သည်။ ဤအရာကို သင်တို့ ယခု မည်သည့်အတိုင်းအတာအထိ လက်ခံသည်ဖြစ်စေ၊ ဤအရာတို့ကို သင်တို့ နားလည်ပြီး သိရှိရန်အတွက် လိုအပ်ဆဲ ဖြစ်သည်။ ဘုရားသခင်သည် တစ်စုံတစ်ခုကို လုပ်ဆောင်သောအခါတွင်၊ သူ၏ အမှုကို သူ ဆောင်ရွက်သောအခါတွင်၊ ယင်းသည် သူ၏စိတ်ကူးနှင့်၊ သို့မဟုတ် သူ၏ကိုယ်ပိုင်လက်များနှင့် လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းကို သူ လုပ်ဆောင်ခဲ့ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်ဖြစ်စေ သို့မဟုတ် နောက်ဆုံးအကြိမ် ဖြစ်သည်ဖြစ်စေ၊ နောက်ဆုံးတွင် ဘုရားသခင်သည် အစီအစဉ် တစ်ခုရှိပြီး၊ သူလုပ်သမျှအရာတိုင်းတွင် သူ၏ရည်ရွယ်ချက်များနှင့် သူ၏ အတွေးတို့ ရှိလေသည်။ ဤရည်ရွယ်ချက်များနှင့် အတွေးများက ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုကြပြီး၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ပြကြသည်။ ဤအရာနှစ်ခုဖြစ်သည့်- ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာ အားလုံးနှင့်ဖြစ်ခြင်းတို့ကို- လူတစ်ဦးစီတိုင်း နားလည်ထားရပေမည်။ လူတစ်ဦးက သူ၏စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်က သူ၏ လုပ်ဆောင်သည့်အရာကို ဘာကြောင့် လုပ်ဆောင်ပြီး၊ သူ ပြောဆိုသည့်အရာကို အဘယ်ကြောင့် ပြောဆိုသည်ကို ၎င်းတို့ တဖြည်းဖြည်း နားလည်နိုင်ပေသည်။ ယင်းမှ ဘုရားသခင်၏ နောက်ကိုလိုက်ရန်၊ သမ္မာတရားနှင့် ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုကို ရရှိအောင် အားထုတ်ရန် ယုံကြည်ခြင်းကို ၎င်းတို့ သာ၍ရှိနိုင်ကြပေသည်။ ယင်းမှာ ဘုရားသခင်နှင့် သက်ဆိုင်သည့် လူသား၏ သိနားလည်ခြင်းနှင့် ဘုရားသခင်၌ သူ၏ယုံကြည်ခြင်းတို့သည် ခွဲခြား၍မရနိုင်ဟု ဆိုရပေမည်။

လူတို့ အသိပညာရရှိသောအရာနှင့် နားလည်လာသော အရာက ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း ဖြစ်ပါက၊ သူတို့ ရရှိကြသည့်အရာက ဘုရားသခင်ဆီမှလာသော အသက် ဖြစ်လိမ့်မည်။ ဤအသက်ကို သင့်အထဲတွင် ဖြစ်ပေါ်စေပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင် အပေါ် သင်၏ ကြောက်ရွံ့မှုသည် ပို၍ ကြီးမားသည်ထက် ကြီးမားလာလိမ့်မည်။ ဤသည်မှာ အလွန်တရာ အလိုအလျောက်ဖြစ်လာသည့် ရရှိမှုတစ်ခု ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စိတ်သဘောထား၊ သို့မဟုတ် သူ၏ အနှစ်သာရနှင့်ပတ်သက်၍ နားမလည်လိုပါက၊ သို့မဟုတ် မသိလိုပါက၊ သင်သည် ဤအရာတို့အပေါ် မတွေးဆလိုပါက သို့မဟုတ် အာရုံမစိုက်လိုပါက၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို လတ်တလော သင် လိုက်စားနေသည့် နည်းလမ်းသည် သူ၏အလိုကို ဖြည့်ဆည်းရန်၊ သို့မဟုတ် သူ၏ချီးမွမ်းခြင်းကိုရရန် သင့်ကို လုံးဝ အခွင့်မပေးနိုင်သည်ကို ငါသေချာပေါက် ပြောနိုင်သည်။ ထို့ထက်ပို၍ သင်သည် ကယ်တင်ခြင်းကို မည်သည့်အခါမျှ အမှန်တကယ် မရရှိနိုင်ပေ- ဤသည်တို့သည် နောက်ဆုံး အကျိုးဆက်များ ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို နားမလည်သကဲ့သို့ သူ၏ စိတ်သဘောထားကို မသိကြသောအခါတွင်၊ ၎င်းတို့၏ စိတ်နှလုံးသည် သူ့ထံ လုံးဝ အမှန်တကယ် ဖွင့်ဟနိုင်မည် မဟုတ်ပေ။ ဘုရားသခင်ကို ၎င်းတို့နားလည်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးထဲ၌ ရှိသောအရာကို စတင်တန်ဖိုးထားကာ စိတ်ဝင်စားမှု၊ ယုံကြည်ခြင်းနှင့်အတူ စတင် အရသာခံကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ စိတ်နှလုံးထဲ၌ ရှိသောအရာကို သင်သည် တန်ဖိုးထားပြီး အရသာ ခံသောအခါတွင်၊ သင်၏စိတ်နှလုံးသည် နည်းနည်းချင်း တဖြည်းဖြည်း သူ့ထံ ဖွင့်ဟလိမ့်မည် ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် သူ့ထံ ဖွင့်ဟသောအခါတွင်၊ ဘုရားသခင်နှင့် သင်၏ အပြန်အလှန် အချီအချပြောဆိုမှုများ၊ ဘုရားသခင်အပေါ် သင်၏တောင်းဆိုမှုများနှင့် သင်ကိုယ်တိုင်၏ လွန်ကျူးသော ဆန္ဒများက မည်မျှရှက်ဖွယ်ကောင်းပြီး မည်မျှ စက်ဆုပ်ဖွယ် ဖြစ်သည်ကို သင်ခံစားရလိမ့်မည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံ အမှန်တကယ် ဖွင့်ဟသောအခါတွင်၊ သူ၏ နှလုံးသားသည် ထိုသို့ အဆုံးအစမရှိသော လောကတစ်ခု ဖြစ်သည်ကို သင် မြင်ရလိမ့်မည်ဖြစ်ပြီး၊ ယခင်က သင် လုံးဝ မတွေ့ကြုံဖူးသော နယ်ပယ်ထဲသို့ ဝင်ရောက်လိမ့်မည်။ ဤနယ်ပယ်ထဲတွင် လှည့်စားခြင်းမရှိ၊ လှည့်ဖြားခြင်းမရှိ၊ မှောင်မိုက်ခြင်းမရှိသကဲ့သို့ ဆိုးယုတ်ခြင်း မရှိပေ။ ရိုးသား စစ်မှန်ခြင်းနှင့် သစ္စာစောင့်သိခြင်းသာရှိသည်။ အလင်းနှင့် ရိုးသားဖြောင့်မတ်ခြင်းသာ ရှိသည်။ ဖြောင့်မတ်ခြင်းနှင့် ကြင်နာခြင်းတို့သာ ရှိသည်။ ချစ်ခြင်းနှင့် ဂရုစိုက်မှုတို့ဖြင့် ပြည့်နေသည်၊ သနားကရုဏာနှင့် သည်းခံခြင်းတို့ဖြင့် ပြည့်နေသည်၊ ပြီးလျှင် ထိုမှတစ်ဆင့် သင်သည် အသက်ရှင် ရခြင်း၏ ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုကို ခံစားရသည်။ ဤအရာတို့သည် ဘုရားသခင်ထံသို့ သင်၏ စိတ်နှလုံးကို ဖွင့်ဟသောအခါ၌၊ သင့်ကို ဘုရားသခင် ထုတ်ဖော်ပြသည့် အရာများ ဖြစ်သည်။ အဆုံးမရှိသော ဤကမ္ဘာလောကသည် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းတို့ဖြင့် ပြည့်နေသည်။ ယင်းသည် သူ၏ချစ်ခြင်းနှင့် သူ၏ ဩဇာအာဏာတို့ဖြင့်လည်း ပြည့်လေသည်။ ဤနေရာတွင် သင်သည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ ရှုထောင့်တိုင်း၊ သူ့ကို ဘယ်အရာက ဝမ်းမြောက်စေသည်၊ အဘယ်ကြောင့် သူ စိုးရိမ်ပူပန်ပြီး အဘယ်ကြောင့် သူ ဝမ်းနည်းလာသည်၊ အဘယ်ကြောင့် သူ စိတ်ဆိုးလာသည် စသည်တို့ကို သင်မြင်နိုင်သည်။ ဤသည်မှာ မိမိတို့၏စိတ်နှလုံးကို ဖွင့်ဟပြီး ဘုရားသခင်ကို ဝင်ခွင့်ပေးသော လူ တစ်ဦးစီတိုင်းက မြင်နိုင်သောအရာ ဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံးကို သူ့အား ဖွင့်ဟပေးမှသာ ဘုရားသခင်သည် သင့်စိတ်နှလုံးထဲသို့ ဝင်လာနိုင်ပေသည်။ သူသည် သင့်စိတ်နှလုံးထဲကို ဝင်ရောက်လာမှသာ၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သင်မြင်နိုင်ပြီး သင့်အတွက် သူ၏ရည်ရွယ်ချက်များကို သင်မြင်နိုင်သည်။ ထိုအချိန်တွင် ဘုရားသခင်နှင့်ပတ်သက်သော အရာတိုင်းသည် အလွန် တန်ဖိုးရှိသည်၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် အလွန် တန်ဖိုးထားထိုက်သည်ကို သင်တွေ့ရှိလာလိမ့်မည်။ ယင်းနှင့် နှိုင်းယှဉ်ပါက၊ သင်၏ အနီးအနားရှိ လူများ၊ သင့်ဘဝထဲက အရာဝတ္ထုနှင့် အဖြစ်အပျက်များ၊ ပြီးလျှင် သင်၏ ချစ်ခင်ရသောသူများ၊ သင်၏ အဖော်နှင့် သင် နှစ်သက်သော အရာများပင်လျှင် ထုတ်ဖော်ပြောရန် မထိုက်တန်ပေ။ ထိုအရာများသည် အလွန်သေးငယ်ပြီး အလွန်နိမ့်ကျသည်။ မည်သည့်ရုပ်ဝတ္ထုပစ္စည်းများမျှ သင့်ကို တစ်ဖန် ဆွဲဆောင်နိုင်မည် မဟုတ်၊ သို့မဟုတ် မည်သည့်ရုပ်ဝတ္ထုပစ္စည်းကမျှ ယင်းအတွက် အဖိုးအခကို ပေးဆပ်စေရန် သင့်ကို တစ်ဖန် ဖြားယောင်းနိုင်မည် မဟုတ်ဟု သင်ခံစားရလိမ့်မည်။ ဘုရားသခင်၏ နှိမ့်ချခြင်းတွင် သူ၏ကြီးမြတ်မှုနှင့် သူ၏ သာလွန်မှုကို သင်မြင်ရလိမ့်မည်။ ထို့အပြင် ယခင်က အတော်အတန် သေးငယ်သည်ဟု သင်ယုံကြည်ခဲ့သည့် ဘုရားသခင်၏ လုပ်ဆောင်ချက်အချို့တွင် သူ၏အဆုံးမရှိသော ဉာဏ်ပညာနှင့် သူ၏သည်းခံခြင်းကို သင် မြင်ရလိမ့်မည်ဖြစ်ပြီး၊ သူ၏ စိတ်ရှည်မှု၊ သူ၏ သည်းခံမှုနှင့် သင့်အပေါ် သူ၏နားလည်မှုတို့ကို သင်မြင်ရလိမ့်မည်။ ဤအရာက သင့်အထဲတွင် သူ့အတွက် ကြည်ညိုမှုတစ်ခု ဖြစ်ပေါ်စေလိမ့်မည်။ ထိုနေ့တွင် လူသားမျိုးနွယ်သည် အင်မတန် ညစ်ညမ်းနေသော ကမ္ဘာလောကတစ်ခု၌ အသက်ရှင်နေသည်၊ သင့် နံဘေးရှိလူများနှင့် သင့်ဘဝ၌ ဖြစ်ပျက်သောအရာများ၊ ပြီးလျှင် သင်ချစ်သောသူများ၊ သင့်အတွက် ၎င်းတို့၏အချစ်ခြင်းမေတ္တာနှင့် ၎င်းတို့၏ ကွယ်ကာမှုဟု ခေါ်သောအရာများ၊ သို့မဟုတ် သင့်အတွက် ၎င်းတို့၏ ပူပန်မှုများပင်လျှင် ဖော်ပြရန် မထိုက်- ဘုရားသခင်သာ သင်ချစ်ခင်မြတ်နိုးရသောသူဖြစ်ပြီး သင် တန်ဖိုးအထားဆုံးက ဘုရားသခင်သာဖြစ်သည်ကို သင် ခံစားရပါလိမ့်မည်။ ထိုနေ့ရောက်လာသောအခါတွင်- ဘုရားသခင်၏ ချစ်ခြင်းသည် အလွန်ကြီးမြတ်ပြီး၊ သူ၏ အနှစ်သာရသည် အလွန်သန့်ရှင်းသည်- ဘုရားသခင်၌ လှည့်စားခြင်း မရှိ၊ ဆိုးယုတ်ခြင်း မရှိ၊ မနာလိုခြင်း မရှိသကဲ့သို့၊ ခိုက်ရန်ဖြစ်ခြင်း မရှိဘဲ၊ ဖြောင့်မတ်ခြင်းနှင့် စစ်မှန်ခြင်းသာရှိပြီး ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းဖြစ်သော အရာရာတိုင်းကို လူသားတို့ တောင့်တသင့်ပေသည် ဟု ပြောသည့် လူအချို့ ရှိလိမ့်မည်ဟု ငါယုံကြည်သည်။ လူသားတို့သည် ယင်းအတွက် ကြိုးပမ်းသင့်ပြီး ဆန္ဒပြင်းပြသင့်ပေသည်။ ဤအရာကို စွမ်းဆောင်ရရှိဖို့ လူသားမျိုးနွယ်၏ အရည်အချင်းသည် မည်သည့်အခြေခံ အကြောင်းရင်းပေါ်တွင် တည်ဆောက်ထားသနည်း။ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် ၎င်းတို့၏ နားလည်မှု အခြေခံအကြောင်းရင်းနှင့် ဘုရားသခင်၏ အနှစ်သာရနှင့် သက်ဆိုင်သည့် ၎င်းတို့၏ သိနားလည်မှုအပေါ်တွင် တည်ဆောက် ထားပေသည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်ခြင်းသည် လူတိုင်း အတွက် ရာသက်ပန် သင်ခန်းစာတစ်ခု ဖြစ်သည်။ ဤသည်မှာ မိမိတို့၏ စိတ်သဘောထားကို ပြောင်းလဲရန် ကြိုးပမ်းပြီး၊ ဘုရားသခင်ကို သိရန် ကြိုးပမ်းသောသူတိုင်း အားထုတ်သည့် ရာသက်ပန် ရည်မှန်းချက်တစ်ခု ဖြစ်သည်။

ဘုရားသခင် လုပ်ဆောင်ခဲ့သော အမှုအားလုံး၊ သူ ဆောင်ရွက်ခဲ့သည့် မကြုံစဖူး အမှုများ တသီတတန်း နှင့်ပတ်သက်၍ ငါတို့ ယခုတင် ပြောခဲ့ကြသည်။ ဤအရာ တစ်ခုစီတိုင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် ဘုရားသခင်၏ အလိုတို့နှင့် သက်ဆိုင်လေသည်။ ယင်းတို့သည် ဘုရားသခင် ကိုယ်တိုင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရနှင့်လည်း သက်ဆိုင်သည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ငါတို့ သာ၍ နားလည်လိုပါက၊ ဓမ္မဟောင်းကျမ်း သို့မဟုတ် ပညတ်တော်ခေတ်၌ ငါတို့ ရပ်၍မရပေ- သူ၏ အမှု၌ ဘုရားသခင် လှမ်းသော ခြေလှမ်းများနှင့်အတူ လိုက်လျှောက်ရင်း၊ ငါတို့ ဆက်လက် ရှေ့ဆက်ဖို့ လိုအပ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့ပြီး ကျေးဇူးတော်ခေတ်ကို စတင်ခဲ့သည်နှင့်အမျှ၊ ငါတို့၏ ကိုယ်ပိုင်ခြေလှမ်းများကိုလည်း ကျေးဇူးတော်ခေတ်- ကျေးဇူးတော်နှင့် ရွေးနုတ်ခြင်း အပြည့်ရှိသည့် ခေတ်တစ်ခေတ်ထဲသို့ လှမ်းခွင့်ပေးလေသည်။ ဤခေတ်တွင် ဘုရားသခင်သည် ယခင်က လုံးဝ မလုပ်ဆောင်ခဲ့ဖူးသည့် အလွန်အရေးကြီးသော အရာတစ်ခုကို တစ်ဖန် လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်နှင့် လူသားမျိုးနွယ် နှစ်ဦးလုံးအတွက် ဤခေတ်သစ်တွင်ရှိသော အမှုသည် အသစ်သော စတင်ခြင်း အမှတ်တစ်ခု- ဘုရားသခင် လုပ်ဆောင်သော ယခင်က မလုပ်ဆောင်ခဲ့ဖူးသေးသည့် နောက်ထပ် အမှုသစ်ပါရှိသည့် စတင်ခြင်း အမှတ်တစ်ခု ဖြစ်သည်။ ဤအမှုသစ်သည် မကြုံစဖူးဖြစ်သည်၊ လူသားများနှင့် ဖန်ဆင်းခံအားလုံးတို့၏ စိတ်ကူးနိုင်စွမ်းကို ကျော်လွန်သည့် အရာတစ်ခု ဖြစ်သည်။ ယင်းမှာ ယခုတွင် လူအားလုံး သိကြသော အရာတစ်ခုဖြစ်သည်- ပထမဆုံး အကြိမ်အဖြစ်၊ ဘုရားသခင်က လူသားတစ်ဦး ဖြစ်လာခြင်းနှင့် ပထမဆုံးအကြိမ်အဖြစ် လူသားတစ်ဦး၏ ပင်ကိုလက္ခဏာဖြင့် ဘုရားသခင်က အမှုသစ်ကို လူသားတစ်ဦး ပုံသဏ္ဌာန်တစ်ခုဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။ ဤအမှုသစ်သည် ဘုရားသခင်က သူ့အမှုကို ပညတ်တော်ခေတ်တွင် ပြည့်စုံစေခဲ့ပြီးဖြစ်သည်ဆိုသည်နှင့်၊ ပညတ်တော်အောက်တွင် သူသည် မည်သည့်အရာကိုမျှ လုပ်ဆောင်တော့မည်မဟုတ် သို့မဟုတ် ပြောဆိုတော့မည် မဟုတ်ဆိုသည်ကို ဖော်ပြသည်။ သူသည် ပညတ်တော်၏ ပုံသဏ္ဌာန်ဖြင့် သို့မဟုတ် ပညတ်တော်၏ အခြေခံသဘောတရားများ သို့မဟုတ် စည်းမျဉ်းများနှင့်အညီ မည်သည့်အရာကိုမျှ ပြောမည်မဟုတ်သကဲ့သို့ လုပ်ဆောင်မည်လည်း မဟုတ်ပေ။ ဆိုလိုသည်မှာ ဘုရားသခင်သည် အမှုသစ်ကို စတင်လိုခဲ့ပြီး အမှုအရာသစ်များကို လုပ်ဆောင်လိုခဲ့သောကြောင့်၊ ပညတ်တော်ပေါ် အခြေခံသော သူ၏အမှုအားလုံးသည် ထာဝရ ရပ်တန့်သွားခဲ့ပြီး ရှေ့ဆက်မည် မဟုတ်တော့ချေ။ သူ၏ အစီအစဉ်သည် နောက်တစ်ဖန် အသစ်သော စတင်မှတ်တစ်ခု ရှိခဲ့သည်၊ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို နောက်ခေတ်ထဲသို့ ဦးဆောင်ခဲ့ရလေသည်။

ဤသည်မှာ လူသားတို့အတွက် ဝမ်းမြောက်ဖွယ်သတင်း သို့မဟုတ် မကောင်းသောသတင်း ဖြစ်ခဲ့သည် မဖြစ်ခဲ့သည် ဆိုသည်မှာ လူတစ်ဦးချင်းစီ၏ အနှစ်သာရအပေါ် မူတည်ခဲ့သည်။ ဘုရားသခင်သည် သူ၏အမှုသစ်ကို စတင်ခဲ့ချိန်တွင် ပညတ်တရားများနှင့် စည်းမျဉ်းများကိုသာ လိုက်လျှောက်သော လူများ၊ အယူဝါဒများကိုသာ လိုက်လျှောက်သော်လည်း၊ ဘုရားသခင်ကို မကြောက်ရွံ့သော သူတို့သည် ဘုရားသခင်၏ အမှုသစ်ကို ရှုတ်ချရန် သူ၏ အမှုဟောင်း အသုံးပြုလေ့ ရှိခဲ့ကြသောကြောင့်၊ လူအချို့အဖို့ ဤသည်မှာ ဝမ်းမြောက်ဖွယ် သတင်းမဟုတ်ဘဲ၊ မကောင်းသော သတင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဤလူတို့အတွက် ဤသည်မှာ မကောင်းသောသတင်း ဖြစ်သည်၊ သို့သော်လည်း အပြစ်ကင်းစင်ပြီး ပွင့်လင်းသော လူတိုင်းအတွက်၊ ဘုရားသခင်အပေါ် ရိုးသားစစ်မှန်ပြီး သူ၏ ရွေးနုတ်ခြင်းကို ရရှိရန် လိုလားနေသော သူတို့အတွက်၊ ဘုရားသခင်၏ ပထမဆုံး လူ့ဇာတိခံယူခြင်းသည် အလွန် ဝမ်းမြောက်ဖွယ် သတင်း ဖြစ်ခဲ့သည်။ လူသားတို့ကို ပထမဆုံး ဖြစ်တည်စေခဲ့ကတည်းက၊ ဤသည်မှာ ဘုရားသခင်သည် ဝိညာဉ်တော်မဟုတ်သော အသွင်တစ်ခုဖြင့် လူသားမျိုးနွယ် အလယ် ပေါ်ထွန်းခဲ့ပြီး အသက်ရှင်ခဲ့သည် ပထမဆုံး အကြိမ်ဖြစ်ခဲ့သည့်အတွက်ဖြစ်သည်။ ဤအကြိမ်တွင် သူသည် လူသားတစ်ဦးမှ မွေးဖွားခဲ့ပြီး လူသားအနေဖြင့် လူတို့အလယ်တွင် အသက်ရှင်ခဲ့ကာ ၎င်းတို့၏အလယ်တွင် အလုပ်လုပ်ခဲ့သည်။ ဤ “ပထမဆုံးအကြိမ်” က လူတို့၏ အယူအဆတို့ကို ချိုးဖျက်ခဲ့သည်။ ယင်းသည် စိတ်ကူးစိတ်သန်း အားလုံးကို ကျော်လွန်ခဲ့သည်။ ထို့အပြင် ဘုရားသခင်၏ နောက်လိုက်အားလုံးသည် လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးကျေးဇူးတစ်ခုကို ရရှိခဲ့သည်။ ဘုရားသခင်သည် ခေတ်ဟောင်းကို အဆုံးသတ်ခဲ့သည် သာမက၊ သူ၏ အမှုပြုသည့် နည်းစနစ်ဟောင်းနှင့် အမှုပြုသည့်ပုံစံတို့ကိုလည်း အဆုံးသတ်ခဲ့သည်။ သူသည် သူ၏ အလိုကို ပေးသိစေဖို့ သူ၏ စေတမန်များကို မစေခိုင်းတော့ပေ၊ သူသည် တိမ်များထဲတွင် မပုန်းကွယ်တော့သကဲ့သို့၊ မိုးခြိမ်းသံမှတစ်ဆင့် အထက်စီးမှ လူသားတို့ထံ မပေါ်ထွန်းတော့ပေ သို့မဟုတ် စကားမပြောတော့ပေ။ ယခင် မည်သည့်အရာနှင့်မျှ မတူဘဲ၊ လူသားတို့အတွက် နားလည်ရန်၊ သို့မဟုတ် လက်ခံရန် ခက်ခဲသည့် လူသားတို့ စဉ်းစား၍ မရနိုင်လောက်သော နည်းစနစ်မှတစ်ဆင့်- လူ့ဇာတိခံယူရင်း- ထိုခေတ်၏ အမှုကို စတင်ရန်အလို့ငှာ သူသည် လူသားဖြစ်လာခဲ့သည်။ ဘုရားသခင်၏ ဤလုပ်ရပ်က လူသားမျိုးနွယ်ကို လုံးဝ အံ့အားသင့်သွားစေခဲ့သည်။ ဘုရားသခင်သည် ယခင်က သူ လုံးဝ မလုပ်ဆောင်ခဲ့ဖူးသော အမှုသစ်ကို နောက်တစ်ဖန် စတင်ခဲ့သောကြောင့်၊ ယင်းက ၎င်းတို့ကို ကသိကအောက် ဖြစ်သွားစေခဲ့သည်။ ယနေ့တွင် ဘုရားသခင်က ခေတ်သစ်ထဲတွင် မည်သို့သော အမှုသစ်ကို ပြီးမြောက်ခဲ့သည်ကို ငါတို့ တစ်ချက်ကြည့်ရှုမည်ဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းအရ၊ ဤအမှုသစ်မှ ငါတို့အတွက် သင်ယူဖို့ မည်သည့်အရာရှိသည်ကို ငါတို့ စဉ်းစားကြမည်ဖြစ်သည်။

အောက်ပါတို့သည် သမ္မာကျမ်းစာ၏ ဓမ္မသစ်ကျမ်းထဲ၌ မှတ်တမ်းတင်ထားသော နှုတ်ကပတ်တော်များ ဖြစ်သည်။

၁။ ရှင်မဿဲ ၁၂:၁ ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့၌ ဂျုံစပါးလယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍စားကြ၏။

၂။ ရှင်မဿဲ ၁၂:၆-၈ ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။ ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသော သူတို့ကို အပြစ်မတင် မစီရင်ကြပြီ။ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။

ဤကျမ်းပိုဒ်ကို ငါတို့ အရင်ကြည့်ကြစို့- “ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့၌ ဂျုံစပါးလယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍စားကြ၏။”

ဤကျမ်းပိုဒ်ကို အဘယ်ကြောင့် ငါ ရွေးချယ်ခဲ့သနည်း။ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် မည်သည့် ဆက်စပ်မှုရှိသနည်း။ ဤစာတွင် ပထမဦးဆုံး ငါတို့သိရှိသော အရာမှာ ထိုနေ့သည် ဥပုသ်နေ့ဖြစ်သော်လည်း၊ သခင်ယေရှုသည် အပြင်ကိုထွက်ပြီး ပြောင်းဖူးခင်းကို ဖြတ်ကာ သူ၏ တပည့်တော်များအား ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ သာ၍ပင် “သွေဖည်သည်မှာ” ၎င်းတို့သည် “စပါးအသီးအနှံကို ဆွတ်၍စားကြ” သည်ပင် ဖြစ်သည်။ ပညတ်တော်ခေတ်တွင်၊ ယေဟောဝါဘုရားသခင်၏ ပညတ်တော်က လူတို့သည် သာမန်ကာလျှံကာ အပြင်မထွက်နိုင် သို့မဟုတ် ဥပုသ်နေ့၌ အလုပ်များတွင် ပါဝင်လုပ်ဆောင်၍မရဟု သတ်မှတ်ထားပြီး ဖြစ်သည်- ဥပုသ်နေ့တွင် လုပ်ဆောင်၍မရသော အရာများစွာရှိခဲ့သည်။ သခင်ယေရှု၏ အပိုင်းမှ ဤအပြုအမူသည် ပညတ်တော်အောက်တွင် ကြာမြင့်စွာနေခဲ့သောသူတို့အတွက် တွေးရခက်စေပြီး၊ ဝေဖန်မှုများကိုပင် လှုံ့ဆော်ခဲ့သည်။ ၎င်းတို့၏ စိတ်ရှုပ်ထွေးမှုနှင့် ယေရှုလုပ်ဆောင်ခဲ့သည့်အရာနှင့်ပတ်သက်၍ ၎င်းတို့ ပြောဆိုခဲ့ပုံတို့ကိုမူ၊ ယခု ငါတို့ ခေတ္တ ဘေးဖယ်ထားမည်ဖြစ်ပြီး ယေရှုက နေ့များအားလုံးထဲတွင် ဥပုသ်နေ့၌ အဘယ်ကြောင့် ဤအရာ လုပ်ဆောင်ဖို့ ရွေးချယ်ခဲ့သည်ဆိုသည်နှင့် ဤ လုပ်ဆောင်ချက်အားဖြင့် ပညတ်တော်အောက်တွင် အသက်ရှင်နေခဲ့ကြသော လူတို့အား သူ မည်သည့်အရာကို ဆွေးနွေးပြောဆိုချင်ခဲ့သည်ဆိုသည်ကို ငါတို့ ဦးစွာပထမ ဆွေးနွေးကြမည်။ ဤသည်မှာ ငါ ပြောလိုသည့် ဤကျမ်းပိုဒ်နှင့် ဘုရားသခင်၏ စိတ်သဘောထားတို့ကြား ဆက်နွှယ်မှု ဖြစ်သည်။

သခင်ယေရှု ကြွလာခဲ့ချိန်တွင်၊ သူသည် ဘုရားသခင်က ပညတ်တော်ခေတ်ကို စွန့်ခွာခဲ့ပြီးဖြစ်ကာ အမှုသစ်ကို စတင်ခဲ့ပြီးဖြစ်သည်ဆိုသည်နှင့် ဤအမှုသစ်သည် ဥပုသ်နေ့ကို စောင့်ထိန်းခြင်း မလိုအပ်သည်ကို လူတို့အား ပြောပြဖို့ သူ၏ လက်တွေ့ကျသော လုပ်ဆောင်ချက်များကို အသုံးပြုခဲ့သည်။ ဥပုသ်နေ့၏ ဘောင်များမှ ဘုရားသခင် ထွက်လာခြင်းသည် သူ၏ အမှုသစ်နှင့် သက်ဆိုင်သည့် အမြည်းတစ်ခုသာ ဖြစ်သည်။ စစ်မှန်ပြီး ကြီးမြတ်သော အမှုက လာဦးမည်ဖြစ်သည်။ သခင်ယေရှုသည် သူ၏အမှုကို စတင်ခဲ့ချိန်တွင်၊ သူသည် ပညတ်တော်ခေတ်၏ “အချုပ်အနှောင်” တို့ကို နောက်ချန် ထားခဲ့နှင့်ပြီးဖြစ်ကာ၊ ထိုခေတ်၏ စည်းမျဉ်းစည်းကမ်းများနှင့် အခြေခံသဘောတရားတို့ကို ချိုးဖျက်ခဲ့ပြီးဖြစ်သည်။ သူ့ထံတွင် ပညတ်တော်နှင့် ဆက်နွှယ်သော မည်သည့်အရာမဆို၏ အရိပ်လက္ခဏာတစ်ခုမျှ မရှိခဲ့ပေ။ သူသည် ယင်းကို လုံးဝ စွန့်ပစ်ခဲ့ပြီးဖြစ်ကာ စောင့်ထိန်းခြင်း မရှိတော့သကဲ့သို့၊ လူသားမျိုးနွယ်အား ယင်းကို စောင့်ထိန်းစေရန် မလိုအပ်တော့ပေ။ ထို့ကြောင့် ဤနေရာတွင် သခင်ယေရှုသည် ဥပုသ်နေ့တွင် ပြောင်းဖူးခင်းကို ဖြတ်သွားခဲ့ပြီး၊ သခင်က အနားယူခြင်း မရှိခဲ့သည်ကို သင် တွေ့ရပေသည်။ သူသည် အပြင်၌ အလုပ်လုပ်နေခဲ့ပြီး အနားယူမနေခဲ့ပေ။ သူ၏ ဤလုပ်ရပ်သည် လူတို့၏ အယူအဆများအဖို့ အံ့အားသင့်စရာတစ်ခုဖြစ်ခဲ့ပြီး၊ သူသည် ပညတ်တော်အောက်တွင် မနေတော့သကဲ့သို့၊ ဥပုသ်နေ့၏ ဘောင်ုများကို ထားခဲ့ပြီးဖြစ်ကာ လူသားမျိုးနွယ် ရှေ့နှင့် ၎င်းတို့အလယ်တွင် ပုံစံသဏ္ဌာန်သစ်၊ အမှုပြုသည့် နည်းလမ်းအသစ်ဖြင့် ပေါ်ထွန်းခဲ့ပြီးဖြစ်သည်ကို ၎င်းတို့ထံ ပြောပြလေသည်။ သူ၏ ဤအပြုအမူသည် ပညတ်တော်အောက်မှ ပေါ်ထွက်ခြင်းနှင့် ဥပုသ်မှ ထွက်ခွာခြင်းဖြင့်စတင်သော အမှုဖြစ်သည့် အမှုသစ်ကို သူနှင့်အတူ ယူဆောင်ခဲ့ပြီးဖြစ်သည်ကို လူတို့ကို ပြောပြလေသည်။ ဘုရားသခင်က သူ၏အမှုသစ်ကို ဆောင်ရွက်သောအခါတွင်၊ သူသည် အတိတ်ကို ဖက်တွယ် မနေတော့သကဲ့သို့၊ ပညတ်တော်ခေတ်၏ စည်းမျဉ်းစည်းကမ်းတို့နှင့်ပတ်သက်၍ အရေးထားခြင်း မရှိတော့ပေ။ ယခင်ခေတ်က သူ၏အမှုဖြင့် သူသည် အထိခိုက်မခံခဲ့ဘဲ၊ ယင်းအစား အခြားနေ့တွင် သူ လုပ်ဆောင်ခဲ့သည့်အတိုင်းပင် ဥပုသ်နေ့၌ သူ အမှုပြုခဲ့ပြီး၊ သူ၏ တပည့်တော်တို့သည် ဥပုသ်နေ့၌ ဆာလောင်ခဲ့ချိန်တွင်၊ ပြောင်းဖူးသီးနှံတို့ကို စားရန် ၎င်းတို့ ခူးဆွတ်နိုင်ခဲ့ကြသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ အမြင်တွင် အလွန် ပုံမှန် ဖြစ်ပေသည်။ ဘုရားသခင်အတွက်၊ ယင်းမှာ သူလုပ်ဆောင်လိုသော အမှုသစ်များစွာနှင့် သူပြောလိုသည် နှုတ်ကပတ်တော်သစ်များအတွက် အသစ်သော အစပြုခြင်း တစ်ခုရှိဖို့ လက်သင့်ခံနိုင်စရာ ဖြစ်ပေသည်။ တစ်စုံတစ်ရာကို သူ အသစ်စတင်သောအခါတွင်၊ သူသည် သူ၏ယခင် အမှုကို မပြောဆိုသကဲ့သို့၊ ယင်းကို ဆက်လက်၍လည်း မဆောင်ရွက်ပေ။ ဘုရားသခင်သည် သူ၏ အမှုတွင် အခြေခံသဘောတရားများ ရှိသောကြောင့်၊ အမှုသစ်ကို သူ စတင်လိုသောအခါတွင် ယင်းမှာ လူသားမျိုးနွယ်ကို သူ့အမှု၏ အဆင့်အသစ်တစ်ခုထဲသို့ သူခေါ်ဆောင်လိုသော အချိန်ပင်ဖြစ်ပြီး သူ့အမှုက သာ၍ မြင့်မားသောအဆင့်တစ်ခုထဲသို့ ဝင်ရောက်မည့်အချိန် ဖြစ်သည်။ လူတို့သည် ဆိုရိုးစကားဟောင်းများ သို့မဟုတ် စည်းမျဉ်းများအတိုင်း ဆက်လက်ပြုမူလျှင်၊ သို့မဟုတ် ယင်းတို့ကို ဆက်လက် ခိုင်မြဲစွာ စွဲကိုင်ထားပါက၊ သူသည် ယင်းကို အောက်မေ့မည်မဟုတ်၊ သို့မဟုတ် လက်ခံမည် မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူသည် အမှုသစ်ကို ယူဆောင်နှင့်ပြီး ဖြစ်ကာ သူ့အမှု၏ အဆင့်အသစ်ထဲသို့ ဝင်ရောက်ပြီး သောကြောင့်ဖြစ်သည်။ အမှုသစ်ကို သူစတင်သောအခါတွင်၊ လူတို့က သူ၏စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ မတူညီသော ရှုထောင့်တို့ကို မြင်နိုင်ဖို့အလို့ငှာ၊ ပြီးပြည့်စုံသော ပုံသဏ္ဌာန်သစ်တစ်ခုဖြင့်၊ လုံးဝ အသစ်ဖြစ်သော ရှုထောင့်တစ်ခုမှ၊ ပြီးလျှင် လုံးဝ အသစ်ဖြစ်သော လမ်းခရီးတစ်ခုဖြင့် လူသားမျိုးနွယ်ထံ သူပေါ်ထွန်းလေသည်။ ဤသည်မှာ သူ၏အမှုသစ်ထဲရှိ သူ၏ပန်းတိုင်များထဲမှ တစ်ခုဖြစ်သည်။ ဘုရားသခင်က အိုဟောင်းသောအရာများကို မဖက်တွယ်ပေ သို့မဟုတ် အခေါက်ခေါက် အခါခါ သွားထားသော လမ်းကြောင်းကို မလျှောက်ပေ။ သူ အမှုပြုပြီး စကားပြောသောအခါတွင်၊ သူသည် လူတို့ စိတ်ကူးသကဲ့သို့ ပိတ်ပင်တားမြစ်ခြင်း မရှိပေ။ ဘုရားသခင်၌ အားလုံးသည် လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းသည်၊ ပြီးလျှင် ပိတ်ပင်တားမြစ်ခြင်း မရှိ၊ ကန့်သတ်ခြင်းတို့ မရှိပေ- လူသားမျိုးနွယ်ထံ သူ ယူဆောင်လာသောအရာသည် လွတ်လပ်ခြင်းနှင့် အချုပ်အချယ် ကင်းခြင်းတို့ဖြစ်သည်။ သူသည် အသက်ရှင်သော ဘုရားသခင်၊ စစ်မှန်စွာ အမှန်တကယ် တည်ရှိသော ဘုရားသခင်ဖြစ်သည်။ သူသည် ရုပ်သေးရုပ်တစ်ရုပ်၊ သို့မဟုတ် ရွှံ့စေးရုပ်တုတစ်ခု မဟုတ်သကဲ့သို့၊ လူတို့ အမြတ်တနိုးထားပြီး ကိုးကွယ်သော ရုပ်တုများနှင့် လုံးဝ ကွဲပြားသည်။ သူသည် သမ္မာတရား၊ အသက်နှင့် လမ်းခရီးကို စွဲကိုင်ထားသောကြောင့်၊ သူသည် အသက်ရှင်ပြီး အားမာန်အပြည့်ရှိကာ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုက လူသားမျိုးနွယ်ထံ ယူဆောင်သမျှအားလုံးသည် အသက်နှင့် အလင်း၊ လွတ်လပ်မှုအားလုံးနှင့် အချုပ်အချယ် ကင်းခြင်းတို့ဖြစ်သည်- သူသည် သူ၏ မည်သည့်အမှုဖြင့်မဆို ကန့်သတ်ခြင်း မခံရပေ။ လူတို့ မည်သည့်အရာ ပြောသည်ဖြစ်စေ၊ သူ၏ အမှုသစ်ကို ၎င်းတို့ မည်သို့ မြင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သို့ အကဲဖြတ်သည်ဖြစ်စေ၊ စနိုးစနောင့်ဖြစ်ခြင်းမရှိဘဲ သူ၏အမှုကို သူ ဆောင်ရွက်လိမ့်မည်။ မည်သူ၏ အယူအဆများ၊ သူ၏အမှုနှင့် နှုတ်ကပတ်တော်တို့ကို လက်ညှိုးထိုးဝေဖန်ခြင်းများ၊ သို့မဟုတ် သူ၏အမှုသစ်အပေါ် ၎င်းတို့၏ အားကောင်းသော ဆန့်ကျင်ခြင်းနှင့် ခုခံခြင်းတို့နှင့် ပတ်သက်၍ပင် သူစိုးရိမ်ပူပန်မည် မဟုတ်ပေ။ ဘုရားသခင် လုပ်ဆောင်သောအရာကို တိုင်းတာရန်၊ သို့မဟုတ် အဓိပ္ပာယ်ဖွင့်ရန်၊ သူ၏ အမှုကို သိက္ခာချရန်၊ နှောင့်ယှက်ရန်၊ သို့မဟုတ် တမင်ဖျက်ဆီးရန် ဖန်ဆင်းခံအားလုံးအလယ်တွင် ဘယ်သူကမျှ လူသား၏ ကျိုးကြောင်းဆင်ခြင်မှု၊ သို့မဟုတ် လူသား၏ စိတ်ကူးစိတ်သန်း၊ အသိပညာ၊ သို့မဟုတ် ကိုယ်ကျင့်တရားကို အသုံးမပြုနိုင်ချေ။ သူ၏အမှုနှင့် သူ လုပ်ဆောင်သောအရာတို့တွင် ပိတ်ပင်တားမြစ်ခြင်းတို့ မရှိပေ။ ယင်းသည် မည်သည့်လူ၊ အကြောင်းအရာ၊ သို့မဟုတ် အရာဝတ္ထု၏ ကန့်သတ်ခြင်းမျှ ခံရမည်မဟုတ်၊ မည်သို့သော ရန်လိုသည့် အင်အားစုမျှ၏ နှောင့်ယှက်ခြင်းကို ခံရလိမ့်မည်မဟုတ်ပေ။ သူ၏အမှုသစ်နှင့် ပတ်သက်ပါက၊ သူသည် အစဉ်အောင်နိုင်သော ရှင်ဘုရင်တစ်ပါးဖြစ်ပြီး လူသားမျိုးနွယ်၏ မည်သည့် ရန်လိုသော အင်အားစုများ၊ အယူလွဲမှားမှုများနှင့် အတွေးမှားများမဆိုသည် သူ၏ ခြေတင်ခုံအောက်တွင် နင်းချေခြင်းကို ခံကြရသည်။ သူ့အမှု၏ မည်သည့်အဆင့်အသစ်ကို သူဆောင်ရွက်နေသည် ဖြစ်စေ ယင်းသည် လူသားမျိုးနွယ်အလယ်တွင် ဧကန်မုချ တိုးတက်ကာ တိုးချဲ့လိမ့်မည်ဖြစ်ပြီး၊ သူ၏ ကြီးမားသောအမှု ပြီးပြည့်စုံသည်အထိ စကြဝဠာတစ်ခွင်လုံးတစ်လျှောက်တွင် အတားအဆီးမရှိ ဧကန်မုချ ဆောင်ရွက်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာ၊ သူ၏ ဩဇာအာဏာနှင့် တန်ခိုးဖြစ်သည်။ ထို့ကြောင့် သူ့စိတ်နှလုံး ထဲတွင် စည်းမျဉ်းများမရှိ၊ လူသားမျိုးနွယ်မှ ပေါ်ပေါက်သော အသိပညာ၊ သို့မဟုတ် အယူဝါဒတို့ မရှိသောကြောင့်၊ သခင်ယေရှုသည် ဥပုသ်နေ့တွင် အပြင်သို့ ပွင့်ပွင့်လင်းလင်း သွားနိုင်ပြီး အလုပ်လုပ်နိုင်ပေသည်။ သူရှိခဲ့သောအရာမှာ ဘုရားသခင်၏ အမှုသစ်နှင့် ဘုရားသခင်၏လမ်းခရီး ဖြစ်သည်။ သူ၏အမှုမှာ လူသားမျိုးနွယ်ကို လွတ်မြောက်စေရန်၊ လူတို့ကို လွှတ်ပေးရန်၊ ၎င်းတို့ကို အလင်း၌ တည်ရှိခွင့်ပေးရန်နှင့် အသက်ရှင်ခွင့်ပေးရန် လမ်းခရီး ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ရုပ်တုများ၊ သို့မဟုတ် ဘုရား အတုအယောင်များကို ကိုးကွယ်သောသူတို့သည် စာတန်၏ ချည်နှောင်ခြင်းကိုခံရလျက်၊ စည်းမျဉ်းနှင့် တားမြစ်ချက်ပေါင်းစုံ၏ ကန့်သတ်မှုခံရလျက်၊ နေ့စဉ် အသက်ရှင်ကြရသည်- ယနေ့၌ အမှုအရာတစ်ခုကို ပိတ်ပင်တားမြစ်ထားပြီး၊ မနက်ဖြန်တွင် နောက်တစ်ခုကို ပိတ်ပင်တားမြစ်သည်- ၎င်းတို့၏ အသက်တာများတွင် လွတ်လပ်ခြင်းမရှိချေ။ ၎င်းတို့သည် ပြောစရာ ဝမ်းမြောက်မှုမရှိဘဲ၊ ဘဝကို ရှင်သန်ရင်း၊ အချုပ်အနှောင်များဖြင့် အကျဉ်းသားများကဲ့သို့ ဖြစ်သည်။ “ပိတ်ပင်တားမြစ်ခြင်း” ဆိုသည်မှာ မည်သည့်အရာကို ကိုယ်စားပြုသနည်း။ ယင်းသည် အကန့်အသတ်များ၊ ချည်နှောင်မှုများနှင့် ဆိုးယုတ်ခြင်းတို့ကို ကိုယ်စားပြုသည်။ လူတစ်ဦးသည် ရုပ်တုတစ်ခုကို ကိုးကွယ်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် မှားယွင်းသော ဘုရား၊ ဆိုးယုတ်သော ဝိညာဉ်တစ်ပါးကို ကိုးကွယ်နေခြင်းဖြစ်သည်။ ပိတ်ပင်တားမြစ်ခြင်းသည် ထိုသို့သော လုပ်ရပ်များ လုပ်ဆောင်သည့်အခါ၊ ယင်းနှင့်အတူ ပါရှိလာပေသည်။ သင်သည် ဤအရာ၊ ထိုအရာကို စား၍မရ၊ ယနေ့ သင် အပြင်ထွက်၍မရ၊ မနက်ဖြန် သင် ချက်ပြုတ်၍မရ၊ နောက်တစ်နေ့တွင် သင် အိမ်အသစ်ကို ပြောင်း၍မရ။ မင်္ဂလာဆောင်များနှင့် အသုဘ အခမ်းအနားများ၊ ပြီးလျှင် ကလေးမွေးခြင်းတို့အတွက်ပင် ရက်အချို့ကို ရွေးချယ်ရမည်ဖြစ်သည်။ ဤအရာကို မည်သို့ ခေါ်သနည်း။ ဤအရာကို ပိတ်ပင်တားမြစ်ခြင်းဟု ခေါ်သည်- ယင်းသည် လူသားမျိုးနွယ်၏ အကျဉ်းသားဘဝ ဖြစ်ပြီး၊ ယင်းသည် စာတန်၏ အချုပ်အနှောင်များနှင့် ဆိုးယုတ်သော ဝိညာဉ်တို့က လူတို့ကို ထိန်းချုပ်နေကာ ၎င်းတို့၏နှလုံးသားများနှင့် ကိုယ်ခန္ဓာတို့ကို ချုပ်ထိန်းနေခြင်းဖြစ်သည်။ ဤပိတ်ပင်တားမြစ်ခြင်းတို့သည် ဘုရားသခင်နှင့်အတူ တည်ရှိသလော။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ပြောသောအခါတွင်၊ သင်သည် ဤအရာကို ဦးစွာ စဉ်းစားသင့်သည်- ဘုရားသခင်နှင့်ဆိုလျှင် ပိတ်ပင်တားမြစ်ခြင်းတို့ မရှိပေ။ ဘုရားသခင် ကိုယ်တိုင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သောကြောင့်၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတွင် အခြေခံသဘောတရားများ ရှိသော်လည်း၊ ပိတ်ပင်တားမြစ်ခြင်းတို့ မရှိပေ။

ယခု ကျမ်းစာမှ အောက်ပါ ကျမ်းပိုဒ်ကို ကြည့်ကြစို့။ “ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ။ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။” (ရှင်မဿဲ ၁၂:၆-၈) ဤနေရာတွင် “ဗိမာန်တော်” ဟူသည့် စကားက မည်သည်ကို ရည်ညွှန်းသနည်း။ ရိုးရိုးရှင်းရှင်းပြောရလျှင်၊ ယင်းသည် ခမ်းနားသော မြင့်မားသော အဆောက်အဦးကို ရည်ညွှန်းပြီး၊ ပညတ်တော်ခေတ်တွင် ဗိမာန်တော်သည် ယဇ်ပုရောဟိတ်တို့အတွက် ဘုရားသခင်ကို ကိုးကွယ်ရန် နေရာတစ်ခုဖြစ်ခဲ့သည်။ သခင်ယေရှုက၊ “ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။” ဟူ၍ပြောသောအခါတွင်၊ “အရာ” ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ “အရာ” ဆိုသည်မှာ သိသာထင်ရှားစွာပင် လူ့ဇာတိ၌ရှိသော သခင်ယေရှု ဖြစ်၏၊ အဘယ်ကြောင့်ဆိုသော် သူသာလျှင် ဗိမာန်တော်ထက် ကြီးမြတ်သူဖြစ်သောကြောင့် ဖြစ်သည်။ ထိုစကားလုံးတို့က လူတို့ကို မည်သည့်အရာ ပြောပြခဲ့ပါသနည်း။ ဗိမာန်တော်ထဲမှ ထွက်ရန် လူတို့ကို ပြောခဲ့ပေသည်- ဘုရားသခင်သည် ဗိမာန်တော်ကို စွန့်ခွာနှင့်ပြီး ဖြစ်ကာ ထိုအထဲတွင် အလုပ်မလုပ်တော့ပေ၊ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ ခြေလှမ်းများကို ဗိမာန်တော်၏ အပြင်ဖက်တွင် ရှာဖွေသင့်ပြီး၊ သူ၏အမှုသစ်တွင် သူ၏ ခြေလှမ်းများနောက် လိုက်သင့်ပေသည်။ ဤအရာကို သခင်ယေရှုပြောခဲ့ချိန်တွင်၊ သူ၏ စကားများနောက်ကွယ်တွင် အကြောင်းပြချက်တစ်ခုရှိသည်၊ ယင်းမှာ ပညတ်တော် အောက်တွင် လူတို့သည် ဗိမာန်တော်ကို ဘုရားသခင် ကိုယ်တိုင်ထက် သာ၍ကြီးမြတ်သည့် အရာတစ်ခုသကဲ့သို့ မြင်လာခဲ့ကြပြီး ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းထက် ဗိမာန်တော်ကို ကိုးကွယ်ခဲ့ကြခြင်း ဖြစ်သည်၊ ထို့ကြောင့် သခင်ယေရှုက ရုပ်တုတို့ကို မကိုးကွယ်ဘဲ ယင်းအစား၊ ဘုရားသခင်သည် သာလွန်ကြီးမြတ်သည့်အတွက်၊ ဘုရားသခင်ကို ကိုးကွယ်ရန် ၎င်းတို့ကို သတိပေးခဲ့သည်။ ထို့ကြောင့် “ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏။” ဟု သူပြောခဲ့ပေသည်။ ယင်းမှာ သခင်ယေရှု၏အမြင်တွင် ပညတ်တော် အောက်တွင် အသက်ရှင်နေကြသော လူအများစုသည် ယေဟောဝါကို မကိုးကွယ်ကြတော့ဘဲ ယဇ်ပူဇော်ခြင်းကို ဟန်ဆောင်လုပ်ရုံလုပ်နေကြပြီး၊ သခင်ယေရှုက ဤသည်မှာ ရုပ်တုကိုးကွယ်ခြင်းဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။ ဤရုပ်တုကိုးကွယ်သူတို့သည် ဗိမာန်တော်ကို ဘုရားသခင်ထက် ပိုကြီးမြတ်ပြီး၊ ပိုမြင့်မားသော အရာတစ်ခုအဖြစ် မြင်ခဲ့ကြသည်။ ၎င်းတို့၏ နှလုံးသားများတွင် ဘုရားသခင်မရှိဘဲ၊ ဗိမာန်တော်သာ ရှိပြီး၊ ဗိမာန်တော်ကို ၎င်းတို့ ဆုံးရှုံးသွားခဲ့မည်ဆိုပါက၊ ၎င်းတို့ နေထိုင်ရာအရပ်ကို ဆုံးရှုံးသွားမည်ဖြစ်သည်။ ဗိမာန်တော်မရှိဘဲ၊ ၎င်းတို့သည် ကိုးကွယ်ရန်နေရာမရှိသကဲ့သို့၊ ၎င်းတို့၏ ယဇ်ပူဇော်ခြင်းများကို မဆောင်ရွက်နိုင်ခဲ့ကြချေ။ ၎င်းတို့၏ နေထိုင်ရာအရပ်ဆိုသည်မှာ ဗိမာန်တော်ထဲတွင် နေထိုင်ပြီး မိမိတို့၏ ကိုယ်ပိုင် အရေးကိစ္စများကို ဆောင်ရွက်ဖို့အလို့ငှာ၊ ယေဟောဝါ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့်ဆိုင်သည့် အတုအယောင် ဟန်ဆောင်မှုကို အသုံးချကြသည့်နေရာ ဖြစ်သည်။ ၎င်းတို့၏ “ယဇ်ပူဇော်ခြင်း” ဆိုသည်မှာ ဗိမာန်တော်ထဲတွင် ၎င်းတို့၏အစေခံခြင်းကို ဦးစီးဦးရွက်ပြုခြင်း အယောင်ဆောင်မှု အောက်တွင် ၎င်းတို့၏ကိုယ်ပိုင် ရှက်ဖွယ်ကောင်းသော အရောင်းအဝယ်ကို ဆောင်ရွက်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ ထိုအချိန်က လူတို့သည် ဗိမာန်တော်ကို ဘုရားသခင်ထက် ကြီးမြတ်သည်ဟု မြင်ခဲ့ကြသည့် အကြောင်းရင်းဖြစ်သည်။ ၎င်းတို့သည် ဗိမာန်တော်ကို ဗန်းပြတစ်ခုအနေဖြင့် အသုံးပြုပြီး ယဇ်ပူဇော်မှုများကို လူတို့အား လိမ်ညာခြင်းနှင့် ဘုရားသခင်ကို လှည့်စားခြင်းအတွက် အယောင်ပြခြင်းအဖြစ် အသုံးပြု ခဲ့ကြသောကြောင့်၊ သခင်ယေရှုက လူတို့ကို သတိပေးခြင်း တစ်ခုအနေဖြင့် ဤစကားများကို ပြောခဲ့‌ခြင်း ဖြစ်သည်။ သင်တို့သည် ဤစကားများကို လက်ရှိအချိန်အတွက် ကျင့်သုံးပါက၊ ယင်းတို့သည် တန်းတူ ခိုင်လုံမှုရှိပြီး တန်းတူ အကျုံးဝင်ဆဲ ဖြစ်သည်။ ယနေ့လူတို့သည် ပညတ်တော်ခေတ်က လူတို့ ကြုံတွေ့ရခဲ့သည်ထက် မတူကွဲပြားသော ဘုရားသခင်၏ အမှုကို ကြုံတွေ့ကြရပြီးဖြစ်သော်လည်း၊ ၎င်းတို့၏ သဘာဝ၏ အနှစ်သာရမှာ တူညီပေသည်။ ယနေ့ အမှု၏ ဆက်စပ် အကြောင်းအရာတွင်၊ လူတို့သည်၊ “ဗိမာန်တော်သည် ဘုရားသခင်ထက် ကြီးမြတ်သည်။” ဟူသည့် စကားများက ကိုယ်စားပြုသည့် အလားတူ အရာမျိုးများကို လုပ်ဆောင်ကြလိမ့်ဦးမည် ဖြစ်သည်။ ဥပမာအားဖြင့် လူတို့သည် ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းခြင်းအား ၎င်းတို့၏အလုပ်ဟု မြင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို သက်သေခံခြင်းနှင့် အဆင်းနီသောနဂါးကြီးကို တိုက်ခိုက်ခြင်းအား ဒီမိုကရေစီနှင့် လွတ်လပ်မှုအတွက် လူ့အခွင့်အရေးကို ခုခံကာကွယ်သော နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုအဖြစ် မြင်ကြသည်။ ၎င်းတို့၏ တာဝန်ကို သက်မွေးမှုလုပ်ငန်းများတွင် အသုံးပြုဖို့ ၎င်းတို့၏ ကျွမ်းကျင်မှုများအဖြစ် ပြောင်းလဲကြသည်၊ ပြီးလျှင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းအား စောင့်ထိန်းရမည့် ဘာသာရေးအယူဝါဒ တစ်စိတ်တစ်ပိုင်းအဖြစ် စသဖြင့် သဘောထားကြသည်။ ဤအပြုအမူများသည် အခြေခံအားဖြင့် “ဗိမာန်တော်က ဘုရားသခင်ထက် ကြီးမြတ်သည်။” ဆိုသည်နှင့် အတူတူ ဖြစ်သည်မဟုတ်လော။ ကွာခြားချက်မှာ၊ လွန်ခဲ့သော အနှစ်နှစ်ထောင််က၊ လူတို့သည် ရုပ်ပိုင်းဆိုင်ရာ ဗိမာန်တော်တွင် ၎င်းတို့၏ကိုယ်ပိုင် စီးပွားရေးကို ဆောင်ရွက်နေခဲ့ကြသော်လည်း၊ ယနေ့တွင် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် စီးပွားရေးများကို အကောင်အထည်ပြ၍မရသော ဗိမာန်တော်များတွင် ဆောင်ရွက်ကြပေသည်။ စည်းမျဉ်းများကို တန်ဖိုးထားသော ထိုလူတို့သည် စည်းမျဉ်းများကို ဘုရားသခင်ထက် ပိုကြီးမြတ်သည်ဟု မြင်ကြသည်၊ အဆင့်အတန်းကို ချစ်ကြသော လူတို့သည် အဆင့်အတန်းကို ဘုရားသခင်ထက် ကြီးမြတ်သည်ဟု မြင်ကြသည်။ ၎င်းတို့၏ အသက်မွေးအလုပ်ကို ချစ်ကြသော လူတို့သည် အသက်မွေးအလုပ်များကို ဘုရားသခင်ထက် သာ၍ကြီးမြတ်သည်ဟု မြင်ကြသည် စသဖြင့်ဖြစ်သည်- ၎င်းတို့၏ ဖော်ပြချက်အားလုံးက ငါ့ကို ဤသို့ပြောစေသည်- “လူတို့က ၎င်းတို့၏စကားများမှတစ်ဆင့် ဘုရားသခင်ကို အကြီးမြတ်ဆုံး အဖြစ် ချီးမွမ်းကြသော်လည်း၊ ၎င်းတို့၏မျက်လုံးများထဲတွင် အရာရာသည် ဘုရားသခင်ထက် သာ၍ ကြီးမြတ်၏။” ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် မိမိတို့၏ ကိုယ်ပိုင် ပါရမီများကို ပြသရန်၊ သို့မဟုတ် ၎င်းတို့၏ကိုယ်ပိုင် စီးပွားရေး၊ သို့မဟုတ် ၎င်းတို့၏ အသက်မွေးအလုပ်ကို ဆောင်ရွက်ရန်၊ ဘုရားသခင်နောက်လိုက်လျှောက်ခြင်း လမ်းကြောင်းတစ်လျှောက် အခွင့်အရေးကို ရှာတွေ့သည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်ထံမှ ဝေးကွာစေပြီး ၎င်းတို့ချစ်သော အသက်မွေးဝမ်းအလုပ်တို့ထဲသို့ ခြေစုံပစ်ဝင်လိုက်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့ကို ဘုရားသခင် ပေးအပ်ထားသည့်အရာနှင့် သူ၏ အလိုအတွက်မူ၊ ထိုအရာများသည် စွန့်ပစ်ခံထားရသည်မှာ ကြာပြီဖြစ်သည်။ ဤလူတို့၏ အခြေအနေနှင့် လွန်ခဲ့သော နှစ်နှစ်ထောင်က ဗိမာန်တော်၌ ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးကို ဦးစီးဦးရွက်ပြုခဲ့ကြသောသူတို့ကြား ကွာခြားချက်မှာ အဘယ်နည်း။

ဆက်လက်၍ ဤကျမ်းပိုဒ်၏ နောက်ဆုံးစာကြောင်းကို တစ်ချက်ကြည့်ကြစို့။ “လူသားသည် ဥပုသ်နေ့ကို အစိုးရသည်။” ဤစာကြောင်းတွင် လက်တွေ့ကျသည့် ရှုထောင့်တစ်ခု ရှိသလော။ လက်တွေ့ကျသည့် ရှုထောင့်ကို သင်တို့ မြင်နိုင်သလော။ ဘုရားသခင်ပြောသော အရာတစ်ခုချင်းစီတိုင်းသည် သူ၏ နှလုံးသားမှ လာသည်၊ သို့ဆိုလျှင် သူသည် ဤအရာကို အဘယ်ကြောင့်ပြောသနည်း။ ယင်းကို သင်တို့ မည်သို့ နားလည်သနည်း။ သင်တို့သည် ယခု ဤစာကြောင်း၏ အဓိပ္ပာယ်ကို နားလည်ကောင်း နားလည်နိုင်သည်၊ သို့သော် ယင်းကို ပြောဆိုခဲ့ချိန်တွင် လူသားမျိုးနွယ်သည် ပညတ်တော်ခေတ်မှ ထွက်ခါစ ရှိသေးသောကြောင့်၊ လူများစွာက နားမလည်ခဲ့ကြပေ။ ၎င်းတို့အတွက် စစ်မှန်သော ဥပုသ်က မည်သည့်အရာဖြစ်သည်ကို သိနားလည်ဖို့ မဆိုထားနှင့်၊ ဥပုသ်မှ သွေဖည်ခြင်းသည် လုပ်ဆောင်ရန် အလွန်ခက်ခဲသော အရာဖြစ်ပေသည်။

“လူသားသည် ဥပုသ်နေ့ကို အစိုးရသည်။” ဆိုသော စာကြောင်းက ဘုရားသခင်နှင့်သက်ဆိုင်သည့် အရာအားလုံးသည် ရုပ်ဝတ္ထုဆိုင်ရာ သဘောသဘာဝ မရှိသည်ကို လူတို့အား ပြောပြသည်၊ ပြီးလျှင် ဘုရားသခင်သည် သင်၏ ရုပ်ဝတ္ထုဆိုင်ရာ လိုအပ်ချက်များအားလုံးကို ထောက်ပံ့ ပေးနိုင်သော်လည်း၊ သင်၏ ရုပ်ဝတ္ထုဆိုင်ရာ လိုအပ်ချက်များ ပြည့်သည်နှင့်တစ်ပြိုင်နက်၊ ဤအရာများမှ စိတ်ကျေနပ်ခြင်းသည် သင်၏ သမ္မာတရားကို အားထုတ်ခြင်းအား အစားထိုးနိုင်သလော။ ဤသည်မှာ သိသိသာသာကို မဖြစ်နိုင်ပေ။ ငါတို့ မိတ်သဟာယပြုပြီးဖြစ်သော ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း နှစ်ခုလုံးသည် သမ္မာတရားဖြစ်သည်။ ယင်းသည် ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းမဟုတ်ဘဲ၊ လူတစ်ယောက်စီတိုင်း၏ စိတ်နှလုံးလိုအပ်ချက်များကို ပံ့ပိုး ပေးသောကြောင့်၊ ယင်း၏ တန်ဖိုးကို မည်သည့်ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းနှင့်မျှ မည်မျှအဖိုးတန်သည်ဖြစ်စေ ယှဉ်၍ တိုင်းတာ၍ မရနိုင်သကဲ့သို့၊ ယင်း၏ တန်ဖိုးကို ငွေကြေးအရလည်း အဖိုးဖြတ်၍ မရပေ။ လူတိုင်းအတွက် ဤလက်ဆုပ်လက်ကိုင် ပြ၍မရသော သမ္မာတရားများ၏ တန်ဖိုးသည် သင် တန်ဖိုးထားကောင်းထားမည့် မည်သည့်ရုပ်ဝတ္ထုပစ္စည်းမဆိုထက် သာ၍ ကြီးမြတ်သင့်သည် မဟုတ်လော။ ဤဖော်ပြချက်က သင်တို့ အချိန်ယူစဉ်းစားသင့်သောအရာတစ်ခု ဖြစ်သည်။ ငါ ပြောသွားသောအရာ၏ အဓိကအချက်မှာ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် ဘုရားသခင်နှင့်သက်ဆိုင်သည့် အရာရာတိုင်းသည် လူအယောက်စီတိုင်းအတွက် အရေးကြီးဆုံးသော အရာများဖြစ်ပြီး မည်သည့်ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုနှင့်မျှ အစားထိုး၍မရနိုင်ဟူ၍ ဖြစ်သည်။ သင့်ကို ငါ ဥပမာတစ်ခုပေးမည်- သင် ဆာလောင်သောအခါတွင် အစားအစာ လိုအပ်သည်။ ဤအစားအစာသည် အတော်ကလေး ကောင်းချင်ကောင်းမည်၊ သို့မဟုတ် အနည်းနှင့်အများ ကောင်းနိုင်သည်၊ သို့မဟုတ် အနည်းနှင့်အများ စိတ်ကျေနပ်စရာ ဖြစ်နိုင်သည်၊ သို့သော် သင် ဗိုက်ပြည့်သရွေ့ ထို နှစ်သက်ဖွယ်မကောင်းသော ဆာလောင်သည့် ခံစားချက်က ရှိမည်မဟုတ်တော့ပေ- ပျောက်သွားပေလိမ့်မည်။ သင်သည် ငြိမ်းငြိမ်းချမ်းချမ်းနှင့် ထိုင်နေနိုင်သည်။ သင်၏ ကိုယ်ခန္ဓာသည် အနားရလိမ့်မည်။ လူတို့၏ ဆာလောင်မှုကို အစားအစာနှင့် ဖြေရှင်း၍ ရနိုင်သော်လည်း၊ သင်သည် ဘုရားသခင်နောက်လိုက်နေပြီး သူ့ကို သိနားလည်ခြင်း မရှိဟု သင် ခံစားရချိန်တွင်၊ သင်၏ စိတ်နှလုံးထဲရှိ အနှစ်မဲ့ခြင်းကို သင် မည်သို့ ဖြေရှင်းနိုင်သနည်း။ ယင်းကို အစားအစာဖြင့် ဖြေရှင်း၍ရနိုင်သလော။ သို့မဟုတ် သင်က ဘုရားသခင် နောက်ကိုလိုက်နေပြီး သူ၏အလိုကို နားမလည်သောအခါတွင်၊ သင်၏ စိတ်နှလုံးထဲရှိ ထိုဆာလောင်မှုကို ဖြည့်ဆည်းရန် သင် မည်သည့်အရာကို အသုံးပြုနိုင်သနည်း။ သင်၏ စိတ်သဘောထားထဲက ပြောင်းလဲမှုတစ်ခုကို သင် အားထုတ်စဉ်တွင် ဘုရားသခင်အားဖြင့် သင်၏ ကယ်တင်ခြင်း အတွေ့အကြုံဖြစ်စဉ်၌၊ သင်သည် သူ၏အလိုကို သင်နားမလည်ပါက သို့မဟုတ် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို သင် မသိပါက၊ ဘုရားသခင်၏ စိတ်သဘောထားကို သင်နားမလည်ပါက၊ သင်သည် စိတ်မသက်သာမှုကို အလွန်တရာ ခံစားရမည်မဟုတ်လော။ သင်၏ ်စိတ်နှလုံးထဲတွင် အားကောင်းသော ဆာလောင်မှုနှင့် ငတ်မွတ်မှုကို ခံစားရမည် မဟုတ်လော။ ဤခံစားချက်တို့က သင်၏ စိတ်နှလုံးထဲတွင် ငြိမ်ဝပ်ခြင်းကို ခံစားရခြင်းမှ သင့်ကို တားဆီးသည် မဟုတ်လော။ သို့ဆိုလျှင် သင်၏ စိတ်နှလုံးထဲရှိ ထိုဆာလောင်မှုကို သင်မည်သို့ ဖြည့်ဆည်းနိုင်မည်နည်း- ယင်းကို ဖြေရှင်းရန် နည်းလမ်းရှိသလော။ လူအချို့သည် ဈေးဝယ် ထွက်ကြသည်၊ အချို့က ရင်ဖွင့်ရန် ၎င်းတို့၏ သူငယ်ချင်းများကို ရှာဖွေကြသည်၊ လူအချို့က ကြာရှည် အိပ်စက်ခြင်းကို မွေ့လျော်ကြသည်၊ အခြားသူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာ၍ ဖတ်ရှုကြသည်၊ သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းဖို့ သာ၍ အလုပ် ကြိုးစားကြပြီး အားထုတ်မှု သာ၍ အသုံးပြုကြလေသည်။ ဤအရာတို့က သင်၏ တကယ့်အခက်အခဲများကို ဖြေရှင်းပေးနိုင်သလော။ သင်တို့အားလုံးသည် ဤသို့သော အလေ့အကျင့်မျိုးများကို အပြည့်အဝ နားလည်ကြသည်။ သင်သည် အစွမ်းမဲ့သည်ဟု ခံစားရချိန်တွင်၊ သမ္မာတရား၏ လက်တွေ့အရှိတရားနှင့် သူ၏အလိုကို သင့်အား သိရှိခွင့်ပေးဖို့ ဘုရားသခင်ထံမှ အသိဉာဏ်ပွင့်လင်းခြင်းကို ရရှိရန် ပြင်းပြသော ဆန္ဒကို သင်ခံစားရသောအခါတွင်၊ မည်သည့်အရာကို သင် အလိုအပ်ဆုံး ဖြစ်သနည်း။ သင်လိုအပ်သည်မှာ ဗိုက်ပြည့်စေသည့် ထမင်းတစ်နပ်မဟုတ်သကဲ့သို့၊ ဇာတိပကတိနှင့်ဆိုင်သည့် ယာယီ နှစ်သိမ့်မှုနှင့် စိတ်ကျေနပ်ခြင်းတို့ မဆိုထားနှင့် ကြင်နာသော စကားအနည်းငယ် မဟုတ်ပေ- သင်လိုအပ်သည်မှာ သင် မည်သည့်အရာ လုပ်ဆောင်သင့်သည် ဆိုသည်နှင့်၊ မည်သို့ လုပ်ဆောင်သင့်သည်ဆိုသည်ကို သင့်အား ဘုရားသခင်က တိုက်ရိုက် ရှင်းလင်းစွာပြောပြရန် သမ္မာတရားက အဘယ်အရာ ဖြစ်သည်ဆိုသည်ကို သင့်အား ရှင်းရှင်းလင်းလင်း ပြောပြရန် ဖြစ်သည်။ ဤအရာကို သင် နားလည်ပြီးသည့်နောက်၊ အနည်းငယ်မျှသော သိနားလည်မှုကို သင် ရရှိလျှင်ပင်၊ အစားအစာကောင်းကောင်း စားရသည်ထက် သင်၏ စိတ်နှလုံးတွင် သာ၍ ကျေနပ်မှုခံစားရမည် မဟုတ်လော။ သင်၏ စိတ်နှလုံး ကျေနပ်သောအခါတွင်၊ သင်၏ စိတ်နှလုံးနှင့် သင်၏ ဖြစ်တည်မှုတစ်ခုလုံးသည် စစ်မှန်သော ငြိမ်ဝပ်ခြင်းကို ရရှိသည်မဟုတ်လော။ ဤနှိုင်းယှဉ်ချက်နှင့် စိစစ်မှုမှတစ်ဆင့်၊ “လူသားသည် ဥပုသ်နေ့ကို အစိုးရသည်။” ဆိုသော စာကြောင်းကို ငါသည် အဘယ်ကြောင့် သင်တို့နှင့် ဝေမျှလိုသည်ကို သင်တို့ ယခု နားလည်သလော။ ထိုစာကြောင်း၏ အဓိပ္ပာယ်မှာ ဘုရားသခင်ထံမှ လာသောအရာ၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် သူနှင့် သက်ဆိုင်သည့် အရာရာတိုင်းသည် သင် တန်ဖိုးအထားဆုံးဟု တစ်ချိန်က သင်ယုံကြည်ခဲ့သော အမှုအရာ သို့မဟုတ် လူအပါအဝင် အခြား မည်သည့်အရာမဆိုထက် သာ၍ကြီးမြတ်ပေသည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် ဘုရားသခင်၏နှုတ်မှ စကားများကို မရရှိနိုင်ပါက၊ သို့မဟုတ် သူ၏အလိုကို နားမလည်နိုင်ပါက၊ ငြိမ်သက်ခြင်းချမ်းသာကို ၎င်းတို့ မရရှိနိုင်ပေ။ သင်တို့၏ အနာဂတ် အတွေ့အကြုံများတွင် ယနေ့ ဤကျမ်းပိုဒ်ကို ငါ အဘယ်ကြောင့် သင်တို့အား မြင်တွေ့စေလိုသည်ကို သင်တို့ နားလည်လိမ့်မည်- ဤသည်မှာ အလွန်အရေးကြီး၏။ ဘုရားသခင် လုပ်ဆောင်သော အရာတိုင်းသည် သမ္မာတရားနှင့် အသက်ဖြစ်၏။ သမ္မာတရားမှာ လူတို့အနေဖြင့် မိမိတို့ အသက်တာများတွင် ကင်းမဲ့၍မရသည့် အရာတစ်ခု ဖြစ်ပြီး၊ မရှိဘဲနှင့် ၎င်းတို့ လုံးဝ အဆင်မပြေနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ယင်းမှာ အကြီးမြတ်ဆုံးသောအရာ ဖြစ်သည်ဟုလည်း သင်ဆိုနိုင်သည်။ သင်သည် ယင်းကို သင်ကြည့်၍မရ သို့မဟုတ် ထိ၍မရသော်လည်း၊ သင့်အဖို့ ယင်း၏ အရေးပါမှုသည် လျစ်လျူရှု၍မရနိုင်ပေ။ ယင်းသည် သင်၏ စိတ်နှလုံးကို ငြိမ်သက်ခြင်း ချမ်းသာ ယူဆောင်ပေးနိုင်သည့် တစ်ခုတည်းသော အရာဖြစ်သည်။

သင်တို့၏ သမ္မာတရားနှင့်သက်ဆိုင်သည့် သိနားလည်ခြင်းသည် သင်တို့၏ ကိုယ်ပိုင်အခြေအနေများနှင့် တစ်သားတည်း ဖြစ်ပါသလော။ တကယ့်ဘဝတွင် သင်ကြုံတွေ့ဖူးသော လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် မည်သည့်သမ္မာတရားက ဆက်နွှယ်သည်ကို ဦးစွာ သင် စဉ်းစားရမည်။ ဘုရားသခင်၏အလိုကို သင်ရှာတွေ့နိုင်ပြီး သူ့အလိုနှင့်ပတ်သက်၍ သင် ကြုံရပြီးဖြစ်သည့်အရာကို ဆက်သွယ်နိုင်သည်မှာ ဤသမ္မာတရားများ၌ ဖြစ်သည်။ သင်သည် သမ္မာတရား၏ မည်သည့် ရှုထောင့်များက သင်ကြုံတွေ့ရသောအရာများနှင့် ဆက်စပ်သည်ကို မသိဘဲ၊ ယင်းအစား ဘုရားသခင်၏ အလိုကို တိုက်ရိုက် ရှာဖွေပါက၊ ဤသည်မှာ ရလဒ်များ မရရှိနိုင်သည့် ကျိုးကြောင်းမမြင်သော ချဉ်းကပ်မှုတစ်ခု ဖြစ်သည်။ သင်သည် သမ္မာတရားကို ရှာဖွေလိုပြီး ဘုရားသခင်၏ အလိုကို နားလည်လိုပါက၊ ပထမဦးစွာ သင့်ထံ မည်သို့သော အမှုအရာမျိုးများ ဖြစ်ပျက်ပြီးဖြစ်သည်၊ ယင်းတို့သည် သမ္မာတရား၏ မည်သည့် ရှုထောင့်များဖြင့် ဆက်စပ်သည် ဆိုသည်တို့ကို ကြည့်ရန်လိုအပ်ပြီး သင်ကြုံတွေ့ပြီးသည့်အရာနှင့် ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲက တိကျသည့် သမ္မာတရားကို ရှာဖွေဖို့လိုအပ်ပေသည်။ ထို့နောက် ထိုသမ္မာတရားထဲတွင် သင့်အတွက် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို သင်ရှာဖွေလော့။ ဤနည်းဖြင့် ဘုရားသခင်၏ အလိုကို သွယ်ဝိုက် သိနားလည်ခြင်းအား သင်ရရှိနိုင်သည်။ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အယူဝါဒတစ်ခုကို တွေးတောဆင်ခြင်မှုမရှိဘဲ အသုံးချခြင်း၊ သို့မဟုတ် ပုံသေနည်းတစ်ခုကို လိုက်လျှောက်ခြင်း မဟုတ်ပေ။ သမ္မာတရားသည် ပုံသေကားကျ မဟုတ်သကဲ့သို့ နိယာမတစ်ခုလည်း မဟုတ်ပေ။ ယင်းသည် အသေမဟုတ်ပေ- ယင်းကိုယ်၌က အသက် ဖြစ်သည်၊ အသက်ရှင်သော အရာတစ်ခုဖြစ်ပြီး၊ ယင်းမှာ ဖန်ဆင်းခံတစ်ဦးက ဘဝတွင် လိုက်နာရမည့် စည်းကမ်းဖြစ်ကာ၊ ဘဝတွင် လူသားတစ်ဦး ရှိထားရမည့် စည်းမျဉ်း ဖြစ်သည်။ ဤသည်မှာ သင့်အနေဖြင့် အတွေ့အကြုံမှတဆင့် ဖြစ်နိုင်သမျှ များများ နားလည်ရမည့် အရာတစ်ခု ဖြစ်သည်။ သင့်အတွေ့အကြုံတွင် မည်သည့်အဆင့်ကို သင်ရောက်ရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားမှ ခွဲခြား၍မရနိုင်သကဲ့သို့၊ ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် သင်နားလည်သော အရာနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် သင်သိသောအရာ အားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြထားပေသည်။ ထိုအရာများသည် သမ္မာတရားနှင့် ခွဲခြား၍မရအောင် ဆက်နွှယ်ထား၏။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့သည် ယင်းတို့ကိုယ်၌က သမ္မာတရားဖြစ်ကြလေသည်။ သမ္မာတရားသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့၏ စစ်မှန်သော သရုပ်သကန်တစ်ခု ဖြစ်သည်။ ယင်းက ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ခိုင်ခံ့စေပြီး သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် ရှင်းလင်းသော ထုတ်ပြန်ချက်တစ်ခုကို ပြုလုပ်လေသည်။ ယင်းက ဘုရားသခင် ကြိုက်နှစ်သက်သည့်အရာ၊ သူ မနှစ်သက်သည့်အရာ၊ သင့်ကို သူက လုပ်ဆောင်စေလိုသည့်အရာနှင့် သင့်ကို သူက လုပ်ဆောင်ရန် ခွင့်မပြုသည့်အရာ၊ မည်သည့်လူတို့ကို သူစက်ဆုပ်ပြီး မည်သည့်လူတို့ထံ၌ ဝမ်းမြောက်ခြင်းကို သူ ရရှိသည်ဆိုသည်တို့ကို သာ၍ ရိုးရိုးစင်းစင်း ပြောပြလေသည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရားများနောက်ကွယ်တွင် လူတို့သည် သူ၏ သာယာမှု၊ ဒေါသ၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းအပြင် သူ၏အနှစ်သာရတို့ကို မြင်နိုင်သည်- ဤသည်မှာ သူ၏စိတ်သဘောထားနှင့် သက်ဆိုင်သည့် ထုတ်ဖော်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သိရှိခြင်းနှင့် သူ၏ နှုတ်ကပတ်တော်မှ သူ၏စိတ်သဘောထားကို သိနားလည်ခြင်းအပြင်၊ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့ကျသော အတွေ့အကြုံတို့မှတစ်ဆင့် ဤသိနားလည်မှုကို ရရှိရန် လိုအပ်ချက်ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်ကို သိရှိဖို့အလို့ငှာ လက်တွေ့ဘဝမှ မိမိကိုယ်ကိုယ် ဖယ်ရှားပါက၊ ၎င်းတို့သည် ယင်းကို ရရှိနိုင်မည်မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ သိနားလည်မှုတချို့ ရရှိနိုင်သော လူတို့ရှိလျှင်ပင် ၎င်းတို့၏ သိနားလည်မှုသည် သဘောတရားများ၊ စကားလုံးများတို့ဖြင့် ကန့်သတ်ထားပြီး အမှန်တကယ်တွင် ဘုရားသခင် ကိုယ်တော်တိုင် မည်ကဲ့သို့ ရှိသည် ဆိုသည်နှင့်ပတ်သက်၍ ကွာဟချက် ဖြစ်ပေါ်ပေသည်။

ယခု ငါတို့ ဆွေးနွေးပြောဆိုနေသည့်အရာအားလုံးသည် သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသော အဖြစ်အပျက်တို့၏ နယ်ပယ်အတွင်း၌ ရှိလေသည်။ ဤအဖြစ်အပျက်များမှတစ်ဆင့်၊ ပြီးလျှင် ဖြစ်ပျက်ခဲ့သော ဤအရာတို့ကို စိစစ်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် ရှုထောင့်တိုင်းကို သာ၍ ကျယ်ပြန့်စွာ၊ သာ၍ နက်ရှိုင်းစွာ၊ သာ၍ ပြည့်စုံစွာ၊ ပြီးလျှင် သာ၍ နှံ့စပ်စွာ ၎င်းတို့အား သိရှိခွင့်ပေးရင်း၊ လူတို့သည် သူ၏စိတ်သဘောထားနှင့် သူဖော်ပြပြီးဖြစ်သော သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သိနားလည်နိုင်ပေသည်။ သို့ဆိုလျှင် ဘုရားသခင်နှင့်သက်ဆိုင်သည့် ရှုထောင့်တိုင်းကို သိရှိဖို့ တစ်ခုတည်းသော နည်းလမ်းမှာ ဤအဖြစ်အပျက်များမှတစ်ဆင့် ဖြစ်သလော။ မဟုတ်ပေ၊ ယင်းမှာ တစ်ခုတည်းသော နည်းလမ်းမဟုတ်ပေ။ အကြောင်းမှာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင် ပြောသောအရာနှင့် သူလုပ်ဆောင်သောအမှုသည် လူတို့အား သူ၏စိတ်သဘောထားကို သိစေရန်နှင့် ယင်းကို သာ၍ ပြည့်ဝစွာ သိရှိဖို့ သာ၍ ကောင်းစွာကူညီနိုင်ပေသည်။ သို့သော် လူတို့ရင်းနှီးသော သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသော ဥပမာအချို့၊ သို့မဟုတ် အဖြစ်အပျက်အချို့မှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကိုသိရန်နှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်ရန် အနည်းငယ် သာ၍ လွယ်ကူသည်ဟု ငါထင်သည်။ သူ့ကို ဤနည်းဖြင့် သင်တို့ကို သိရှိနိုင်စေဖို့ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များနှင့် ယနေ့ ဘုရားသခင် ဖော်ပြသော သမ္မာတရားတို့ကို လုံးစေ့ပတ်စေ့ ငါယူပါက၊ ယင်းသည် အလွန် ပျင်းစရာကောင်းပြီး အလွန် ငြီးငွေ့ဖွယ်ကောင်းသည်ဟု သင်ခံစားရလိမ့်မည်ဖြစ်ပြီး၊ လူအချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပုံသေကားကျဆန်ပုံပေါ်သည်ဟုပင် ခံစားရလိမ့်မည်။ သို့သော်လည်း လူတို့အား ဘုရားသခင်၏ စိတ်သဘောထားကို သိရှိစေရန် ကူညီဖို့ ဥပမာများအနေဖြင့် ဤသမ္မာကျမ်းစာ အဖြစ်အပျက်များကို ငါယူပါက၊ ယင်းကို ငြီးငွေ့ဖွယ်ဖြစ်သည်ဟု သိရှိရမည် မဟုတ်ပေ။ ဤဥပမာတို့ကို ရှင်းပြခြင်းဖြစ်စဉ်တွင် ထိုအချိန်က ဘုရားသခင်၏ စိတ်နှလုံးထဲရှိသည့်အရာ၏ အသေးစိတ်အချက်အလက်များ- သူ၏ စိတ်အခြေအနေ သို့မဟုတ် ခံစားမှု၊ သို့မဟုတ် သူ၏အတွေးများနှင့် စိတ်ကူးများ-ကို လူတို့ထံ လူ၏ဘာသာစကားဖြင့် ပြောပြထားပြီးဖြစ်သကဲ့သို့၊ ဤအရာအားလုံး၏ ရည်မှန်းချက်မှာ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် ပုံသေနည်းမကျသည်ကို ၎င်းတို့အား အသိအမှတ်ပြုခွင့်ပေးရန်၊ ခံစားခွင့်ပေးရန်ဖြစ်သည်ဟု သင်ဆိုနိုင်သည်။ ယင်းသည် ဒဏ္ဍာရီတစ်ခု မဟုတ်၊ သို့မဟုတ် လူတို့ မမြင်နိုင်သည့်အရာ သို့မဟုတ် ထိတွေ့၍မရသော အရာတစ်ခု မဟုတ်ပေ။ ယင်းမှာ အမှန်တကယ် တည်ရှိသော အရာတစ်ခု၊ လူတို့ခံစားပြီး အသိအမှတ်ပြုနိုင်သော အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ အဆုံးစွန်သော ရည်မှန်းချက်ပန်းတိုင် ဖြစ်၏။ ဤခေတ်၌ အသက်ရှင်သော လူတို့သည် ကောင်းချီး ခံစားရသည်ဟု သင်ဆိုနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ယခင် အမှုနှင့်သက်ဆိုင်သည့် သာ၍ ကျယ်ပြန့်သော သိနားလည်မှုကို ရရှိဖို့ သမ္မာကျမ်းစာ၏ အဖြစ်အပျက်တို့ကို ထုတ်သုံးနိုင်သည်။ ၎င်းတို့သည် သူလုပ်ဆောင်ပြီးသော အမှုမှတစ်ဆင့် သူ၏ စိတ်သဘောထားကို မြင်နိုင်သည်။ ၎င်းတို့သည် သူဖော်ပြပြီးဖြစ်သော ဤစိတ်သဘောထားများ မှတစ်ဆင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အလိုကို သိနားလည်နိုင်ပြီး၊ သူ၏ သန့်ရှင်းခြင်းနှင့် လူသားများအတွက် သူ၏ ဂရုစိုက်ခြင်းတို့၏ ခိုင်မာသော သရုပ်သကန်များကို နားလည်နိုင်ကာ၊ ဤနည်းဖြင့် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် သာ၍ အသေးစိတ်ကျကာ သာ၍နက်ရှိုင်းသော အသိပညာကို လက်လှမ်းမီနိုင်ကြလေသည်။ သင်တို့အားလုံး ဤအရာကို ယခု ခံစားနိုင်သည်ဟု ငါယုံကြည်သည်။

ကျေးဇူးတော်ခေတ်၌ သခင်ယေရှုပြီးစီးခဲ့သော အမှု၏ နယ်ပယ်အတွင်းတွင်၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ နောက်ထပ် ရှုထောင့်တစ်ခုကို သင်မြင်နိုင်သည်။ ဤရှုထောင့်ကို သူ၏ လူ့ဇာတိမှတစ်ဆင့် ဖော်ပြထားခဲ့ပြီး၊ သူ၏ လူ့သဘာဝကြောင့် လူတို့သည် ယင်းကို မြင်နိုင်ကာ အသိအမှတ်ပြုနိုင်ကြလေသည်။ လူသားတွင် လူ့ဇာတိ၌ရှိသော ဘုရားသခင်သည် သူ၏လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်ခဲ့သည်ကို လူတို့မြင်ခဲ့ရပြီး လူ့ဇာတိမှတစ်ဆင့် ဖော်ပြသော ဘုရားသခင်၏ ဘုရားသဘောသဘာဝကို ၎င်းတို့ မြင်ခဲ့ကြသည်။ ဤဖော်ပြချက်နှစ်မျိုးနှစ်စားသည် လူတို့အား အလွန်စစ်မှန်သော ဘုရားသခင်ကို မြင်ခွင့်ပေးပြီး၊ လူတို့အား ဘုရားသခင်နှင့်သက်ဆိုင်သည့် မတူညီသော အယူအဆတစ်ခုကို ဖြစ်ပေါ်ခွင့်ပေးခဲ့သည်။ သို့သော် ကမ္ဘာလောကကို ဖန်ဆင်းခြင်းနှင့် ပညတ်တော်ခေတ်အဆုံးကြား အချိန်ကာလ အတောအတွင်းတွင်၊ ဆိုလိုသည်မှာ ကျေးဇူးတော်ခေတ်မတိုင်မီတွင်၊ လူတို့ မြင်ခဲ့သည့်၊ ကြားခဲ့ကြပြီး တွေ့ကြုံခဲ့ကြသည့် ဘုရားသခင်၏ ရှုထောင့်များမှာ ဘုရားသခင်၏ ဘုရားသဘောသဘာဝ၊ ကိုယ်ထည်ဒြပ်ထည် မရှိသော နယ်ပယ်၌ ဘုရားသခင် လုပ်ဆောင်ခဲ့ပြီး ပြောခဲ့သည့် အရာများနှင့် မြင်၍မရနိုင်သည့် သို့မဟုတ် ထိတွေ့၍မရနိုင်သော သူ၏ တကယ့် ဇာတိအဖြစ်တော်မှ သူဖော်ပြသော အရာများသာ ဖြစ်သည်။ မကြာခဏဆိုသကဲ့သို့ ဤအရာများသည် လူတို့ကို ဘုရားသခင်က သူ၏ ကြီးမြတ်မှုတွင် အလွန် အရှိန်အဝါကြီးသည်မှာ သူ့ထံသို့ ၎င်းတို့ အနီးကပ်၍မရနိုင်ဟု ခံစားရစေခဲ့သည်။ ဘုရားသခင်က လူတို့ကို ပေးနေကျ ထင်မြင်ချက်မှာ သူသည် ၎င်းတို့ သိမြင်နိုင်စွမ်းမရှိအောင် ရိပ်ခနဲ့ ပေါ်လိုက်ပျောက်လိုက်ဖြစ်ပြီး လူတို့က သူ၏အတွေးများနှင့် စိတ်ကူးများ တစ်ခုချင်းစီတိုင်းသည် အလွန် နက်နဲကာ အလွန် အရှာရခက်သည်မှာ ယင်းတို့ကို နားလည်ကာ အသိအမှတ်ပြုဖို့ ကြိုးစားရန် မဆိုထားနှင့်၊ ယင်းတို့ကို လက်လှမ်းရန်ပင် မဖြစ်နိုင်ဟု ခံစားရစေလေသည်။ လူတို့အတွက်၊ ဘုရားသခင်နှင့် ပတ်သက်သော အရာတိုင်းသည် အလွန် အလှမ်း ဝေးလွန်းခဲ့သည်မှာ ယင်းကို လူတို့ မမြင်နိုင်၊ ထိ၍မရနိုင်ခဲ့ပေ။ သူသည် မိုးကောင်းကင်ထိ မြင့်မားပုံပေါ်ပြီး သူသည် လုံးဝ မတည်ရှိသည့်ပုံပေါ်ခဲ့သည်။ ထို့ကြောင့် လူတို့အတွက်၊ ဘုရားသခင်၏ နှလုံးသားနှင့် စိတ်ကို နားလည်ခြင်း၊ သို့မဟုတ် သူ၏ မည်သည့်အတွေးကိုမဆို မရရှိနိုင်သကဲ့သို့၊ လက်လှမ်းပင် မမီနိုင်ပေ။ ပညတ်တော်ခေတ်တွင် ဘုရားသခင်သည် ခိုင်လုံသော အမှုအချို့ကို လုပ်ဆောင်ခဲ့ပြီး၊ သူနှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာတချို့ကို လူတို့အား အသိအမှတ်ပြုခွင့်နှင့် သိမြင်ခွင့်ပေးရန် တိကျသည့် နှုတ်ကပတ်တော်အချို့ကို ထုတ်ပြန်ခဲ့ပြီး တိကျသည့် စိတ်သဘောထားအချို့ကိုလည်း ဖော်ပြခဲ့သော်လည်း၊ အဆုံးတွင်မူ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့် သက်ဆိုင်သည့် ဤဖော်ပြချက်များသည် ကိုယ်ထည်ဒြပ်ထည်မရှိသော နယ်ပယ်မှ လာခဲ့ခြင်းဖြစ်ကာ လူတို့နားလည်သည့်အရာ၊ ၎င်းတို့ သိရှိသည့်အရာမှာ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် ဘုရားသဘောသဘာဝဆိုင်ရာ ရှုထောင့်အကြောင်း ဖြစ်ဆဲဖြစ်ခဲ့ပေသည်။ လူသားမျိုးနွယ်သည် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် ဤဖော်ပြချက်မှ ခိုင်မာသော အယူအဆတစ်ခုကို မရရှိနိုင်ခဲ့သကဲ့သို့၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် ၎င်းတို့၏ ထင်မြင်ချက်သည် “ပေါ်လိုက်ပျောက်လိုက်ဖြစ်သည့် နီးကပ်ရန် ခက်ခဲသော ဝိညာဉ်ခန္ဓာ” ၏ နယ်ပယ်အတွင်းတွင် ပိတ်မိနေဆဲဖြစ်ခဲ့သည်။ ဘုရားသခင်သည် လူတို့ထံ ပေါ်ထွန်းရန် ရုပ်ဝတ္ထုနယ်ပယ်နှင့် သက်ဆိုင်သည့် တိကျသော အရာဝတ္ထု၊ သို့မဟုတ် ပုံသဏ္ဌာန်တစ်ခုကို အသုံးမပြုခဲ့သောကြောင့်၊ ၎င်းတို့သည် လူ၏ဘာသာစကားကိုအသုံးပြုလျက် ဘုရားသခင်ကို အဓိပ္ပာယ်မဖွင့်ဆိုနိုင်သေးပေ။ လူတို့၏ နှလုံးသားနှင့် စိတ်ထဲတွင် ဘုရားသခင်အတွက် စံနှုန်းတစ်ခု တည်ဆောက်ရန်၊ သူ့ကို လက်ဆုပ်လက်ကိုင်ပြနိုင်စေရန်နှင့် သူမည်မျှ အရပ်ရှည်သည်၊ သူ မည်မျှ ကြီးမားသည်၊ သူ မည်ကဲ့သို့ရှိသည်၊ မည်သည့်အရာ အတိအကျကို သူ နှစ်သက်ပြီး သူ၏ ပင်ကိုစရိုက်က မည်သည့်အရာ ဖြစ်သည်ဆိုသကဲ့သို့သော လူသားဆန်စေဖို့ရန် ၎င်းတို့၏ ကိုယ်ပိုင်ဘာသာစကားကို အမြဲအသုံးပြုလိုခဲ့ကြသည်။ အမှန်တကယ်တွင်၊ ဘုရားသခင်က လူတို့သည် ဤသို့တွေးတတ်ကြသည်ကို သူ၏ စိတ်နှလုံးထဲ၌ သိခဲ့၏။ သူသည် လူတို့၏ လိုအပ်ချက်များနှင့်ပတ်သက်၍ အလွန် ရှင်းရှင်းလင်းလင်းသိပြီး၊ သူ မည်သည့်အရာ လုပ်ဆောင်သင့်သည်ကိုလည်း အမှန်သိပေ၏၊ ထို့ကြောင့် ကျေးဇူးတော်ခေတ်တွင် သူသည် သူ၏အမှုကို မတူညီသော နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ပေသည်။ ဤနည်းလမ်းမှာ ဘုရားသဘောသဘာဝနှင့် လူသားဆန်သော နည်းလမ်းနှစ်ခုလုံး ဖြစ်သည်။ သခင်ယေရှုအမှုပြုနေခဲ့သော အချိန်ကာလတွင် ဘုရားသခင်၌ လူသားထုတ်ဖော်ပြမှုများစွာ ရှိခဲ့သည်ကို လူတို့က မြင်နိုင်ခဲ့သည်။ ဥပမာအားဖြင့် သူသည် ကနိုင်သည်၊ မင်္ဂလာဆောင်များကို တက်ရောက်နိုင်သည်၊ လူတို့နှင့် ဆက်ဆံနိုင်သည်၊ ၎င်းတို့နှင့် စကားပြောနိုင်ပြီး၊ ၎င်းတို့နှင့် အမှုအရာများကို ဆွေးနွေးနိုင်ပေသည်။ ထို့အပြင် သခင်ယေရှုသည် သူ၏ဘုရားသဘောသဘာဝကို ကိုယ်စားပြုသော အမှုများစွာကို ပြီးစီးခဲ့ပြီး ဤအမှုအားလုံးသည် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် ဖော်ပြချက်နှင့် ထုတ်ဖော်ခြင်းတို့ အမှန်ဖြစ်ပေသည်။ ဤအချိန်ကာလအတောအတွင်းတွင်၊ ဘုရားသခင်၏ ဘုရား သဘောသဘာဝသည် လူတို့မြင်နိုင်ပြီး တို့ထိနိုင်သော နည်းလမ်းတစ်ခုဖြင့် သာမန်ဇာတိခန္ဓာထဲ၌ အမှန်တကယ် ဖြစ်ပေါ်လာသောအခါတွင်၊ ဘုရားသခင်သည် သိမြင်နားလည်ခြင်းမှ ပေါ်လိုက်ပျောက်လိုက်ဖြစ်သည် သို့မဟုတ် သူ့ထံ နီးကပ်၍မရနိုင်ဟု လူတို့ မခံစားရတော့ပေ။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းတို့သည် ဘုရားသခင်၏ အလိုကို သဘောပေါက်ဖို့ သို့မဟုတ် လူသား၏ လှုပ်ရှားမှုတိုင်းမှတစ်ဆင့်၊ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ ပြီးလျှင် အမှုမှတစ်ဆင့် သူ၏ ဘုရားသဘာဝကို နားလည်ရန် ကြိုးစားနိုင်ခဲ့ကြသည်။ လူ့ဇာတိခံ လူသားသည် သူ၏ လူ့သဘာဝမှတစ်ဆင့် ဘုရားသခင်၏ ဘုရားသဘာဝကို ဖော်ပြပြီး လူသားမျိုးနွယ်ထံ ဘုရားသခင်၏ အလိုကို အသိပေးခဲ့သည်။ ပြီးလျှင် ဘုရားသခင်၏ အလိုနှင့် စိတ်သဘောထားတို့နှင့် သက်ဆိုင်သော သူ၏ ဖော်ပြချက်မှတစ်ဆင့် ဝိညာဉ်လောက၌ ကျိန်းဝပ်သည့် မြင်၍မရသော သို့မဟုတ် ထိတွေ့၍မရသော ဘုရားသခင်ကိုလည်း လူတို့ထံ ထုတ်ဖော်ပြခဲ့သည်။ လူတို့ မြင်ခဲ့သောအရာမှာ အသွေးအသားနှင့် ဖန်တီးထားသည့်၊ လက်ဆုပ်လက်ကိုင် ပြနိုင်သော ပုံသဏ္ဌာန်ဖြင့်ရှိသည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံ လူသားသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ပင်ကိုလက္ခဏာ၊ ဘုရားသခင်၏ အဆင့်အတန်း၊ ပုံသဏ္ဌာန်၊ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကဲ့သို့သော အရာများကို ခိုင်မာစေပြီး လူသားဆန်စေခဲ့သည်။ လူသား၏ အပြင်ပန်း အသွင်အပြင်သည် ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့် စပ်လျဉ်း၍ အကန့်အသတ် အချို့ရှိခဲ့သော်လည်း၊ သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့ကို လုံးဝ ကိုယ်စားပြုနိုင်ခဲ့သည်- ဖော်ပြခြင်းပုံစံတွင် ကွာခြားချက် အချို့သာ ရှိလေသည်။ လူသားသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းတို့ကို သူ၏ လူ့သဘာဝနှင့် သူ၏ ဘုရားသဘောသဘာဝ ပုံစံနှစ်ခုလုံးဖြင့် ကိုယ်စားပြုခဲ့သည်ဆိုသည်ကို ငါတို့ မငြင်းနိုင်ပေ။ သို့သော် ဤအချိန်ကာလအတွင်းတွင် ဘုရားသခင်သည် လူ့ဇာတိ မှတစ်ဆင့် အမှုပြုခဲ့သည်၊ လူ့ဇာတိ၏ ရှုထောင့်မှ စကားပြောဆိုခဲ့ပြီး လူသား၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့ဖြင့် လူသားမျိုးနွယ်ရှေ့တွင် ရပ်ခဲ့ပြီး၊ ဤအရာက လူသားမျိုးနွယ်အလယ်တွင် ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော်များနှင့်အမှုကို လူတို့အား ကြုံကာ ခံစားရန် အခွင့်အလမ်းကို ပေးခဲ့သည်။ ယင်းက နှိမ့်ချခြင်း အလယ်တွင် သူ၏ ဘုရားသဘောသဘာဝနှင့် သူ၏ ကြီးမြတ်ခြင်းတို့ကို လူတို့အား ထိုးထွင်းသိမြင်ခွင့်လည်း ပေးခဲ့‌သည့်အပြင်၊ ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် လက်တွေ့အရှိတရားနှင့်သက်ဆိုင်သည့် ပဏာမ သိနားလည်ခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ရပ်ကို ရရှိခွင့်ပေးခဲ့သည်။ သခင်ယေရှုပြီးစီးခဲ့သော အမှု၊ သူ၏အမှုပြုသော နည်းလမ်း၊ သူစကားပြောသော ရှုထောင့်တို့သည် ဝိညာဉ်လောကထဲရှိ ဘုရားသခင်၏ စစ်မှန်သော ဇာတိအဖြစ်တော်မှ ကွာခြားသော်လည်း၊ သူနှင့်ပတ်သက်သည့် အရာရာတိုင်းသည် လူသားမျိုးနွယ်က ယခင်က လုးဝ မမြင်ဖူးသော ဘုရားသခင်ကိုယ်တော်တိုင်ကို အမှန်တကယ် ကိုယ်စားပြုခဲ့သည်- ဤအရာကို ငြင်း၍မရပေ။ ဆိုလိုသည်မှာ ဘုရားသခင်က မည်သို့သောပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းသည်ဖြစ်စေ၊ မည်သည့်ရှုထောင့်မှ သူစကားပြောသည် ဖြစ်စေ၊ သို့မဟုတ် လူသားမျိုးနွယ်ကို မည်သည့်ပုံသဏ္ဌာန်ဖြင့် သူရင်ဆိုင်သည်ဖြစ်စေ ဘုရားသခင်သည် မိမိကိုယ်ကိုယ်မှလွဲ၍ မည့်သည့်အရာကိုမျှ ကိုယ်စားမပြုပေ။ သူသည် မည်သည့်လူသားကိုမျှ ကိုယ်စားမပြုနိုင်သကဲ့သို့၊ ဖောက်ပြန်ပျက်စီးသော မည်သည့်လူသားမျိုးနွယ်ကိုမျှလည်း ကိုယ်စားမပြုနိုင်ပေ။ ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး၊ ဤအရာကို ငြင်း၍မရနိုင်ပေ။

ဆက်လက်၍၊ ကျေးဇူးတော်ခေတ်၌ သခင်ယေရှု ပြောခဲ့သော ပုံဥပမာတစ်ခုကို ကြည့်ကြစို့။

၃။ ပျောက်သောသိုး ပုံဥပမာ

ရှင်မဿဲ ၁၈:၁၂-၁၄ အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည် လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူသည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။ တွေ့ပြီးလျှင်၊ လမ်းမလွဲ၍ပျောက်သောသိုး ကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုးတကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။ ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။

ဤကျမ်းပိုဒ်က ပုံဥပမာတစ်ခုဖြစ်သည်- ယင်းက လူတို့ကို မည်သည့်ခံစားချက်မျိုးပေးသနည်း။ ဤနေရာ၌ အသုံးပြုထားသော ဖော်ပြသည့်နည်းလမ်း- ပုံဥပမာသည် လူ့ဘာသာစကားဖြင့် ဥပစာအသုံးအနှုန်းတစ်ခု ဖြစ်သည်နှင့်အညီ ယင်းသည် လူသား၏ အသိပညာနယ်ပယ် အတွင်းနှင့် သက်ဆိုင်ပေသည်။ ဘုရားသခင်သည် ပညတ်တော်ခေတ်တွင် အလားတူသော အရာတစ်ခုကို ပြောခဲ့မည်ဆိုပါက၊ လူတို့သည် ထိုသို့သော စကားများက ဘုရားသခင်၏ ဖြစ်ခြင်းနှင့် အမှန်တကယ် တစ်သမတ်တည်း မဖြစ်ဟု ခံစားခဲ့ကြပေမည်၊ သို့သော် လူသားသည် ကျေးဇူးတော်ခေတ်၌ ဤနှုတ်ကပတ်တော်များကို ဟောပြော သောအခါ၊ လူတို့အဖို့ စိတ်သက်သာရာရခြင်း၊ နွေးထွေးခြင်းနှင့် ရင်းနှီးမှုကို ခံစားရစေသည်။ ဘုရားသခင် လူ့ဇာတိ ခံယူခဲ့ချိန်တွင်၊ လူတစ်ဦး၏ ပုံသဏ္ဌာန်ဖြင့် သူ ပေါ်ထွန်း ခဲ့ချိန်တွင်၊ သူ့စိတ်နှလုံး၏ သဘောထားကို ဖော်ပြရန် သူ၏ ကိုယ်ပိုင် လူ့သဘာဝမှလာသော အလွန်သင့်တော်သည့် ပုံဥပမာ တစ်ခုကို သူအသုံးပြုခဲ့သည်။ ဤသဘောထားသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အသံနှင့် ထိုခေတ်၌ သူလုပ်ဆောင်လိုသော အမှုကို ကိုယ်စားပြုခဲ့သည်။ ကျေးဇူးတော်ခေတ်တွင် လူတို့အပေါ် ဘုရားသခင်ရှိခဲ့သည့် သဘောထားတစ်ခုကိုလည်း ကိုယ်စားပြုခဲ့သည်။ လူတို့အပေါ် ဘုရားသခင်၏ သဘောထား ရှုထောင့်မှ ကြည့်သောအခါ၊ သူသည် လူအသီးသီးကို သိုးဖြင့် ခိုင်းနှိုင်းခဲ့သည်။ သိုးတစ်ကောင် ပျောက်သွားခဲ့ပါက၊ ထိုသိုးကို ရှာတွေ့ရန် မည်သည့်အရာကိုမဆို သူလုပ်ဆောင်မည်ဖြစ်သည်။ ဤအရာသည် ထိုအချိန်က လူသားမျိုးနွယ်အလယ် လူ့ဇာတိ၌ သူရှိခဲ့ချိန်၊ ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားကို ကိုယ်စားပြုပေသည်။ ထိုအမှု၌ သူ၏ ဆုံးဖြတ်ချက်နှင့် သဘောထားကို ဖော်ပြရန် ဤပုံဥပမာကို ဘုရားသခင် အသုံးပြုခဲ့သည်။ ဤသည်မှာ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အရေးသာမှုဖြစ်သည်။ သူသည် လူတို့ကို စကားပြောဆိုရန်နှင့် သူ၏ အလိုတော်ကို ဖော်ပြရန် လူသားမျိုးနွယ်၏ အသိပညာကို ကောင်းစွာ အသုံးချနိုင်ပြီး လူသား၏ဘာသာစကားကို အသုံးပြုနိုင်ခဲ့သည်။ လူ့ဘာသာစကား၊ လူ့နည်းလမ်းတစ်ခုဖြင့် လူတို့ နားလည်ရန် ကြိုးပမ်းခဲ့ရသည့် သူ၏ နက်နဲသည့် ဘုရား ဘာသာစကားကို လူသားထံ သူ ရှင်းပြခဲ့သည်၊ သို့မဟုတ် “ဘာသာပြန်ခဲ့သည်။” ဤအရာက လူတို့ကို သူ၏အလိုတော်ကို နားလည်ပြီး၊ သူလုပ်ဆောင်လိုသောအရာကို သိရှိရန် ကူညီခဲ့သည်။ သူသည် လူ့သဘာစကားကို အသုံးပြုရင်း၊ လူသား၏ရှုထောင့်မှ လူတို့နှင့် စကားပြောဆိုနိုင်ပြီး ၎င်းတို့နားလည်သော နည်းလမ်းဖြင့် လူတို့ကို ဆက်သွယ်ပြောဆိုနိုင်ခဲ့သည်။ လူတို့က ဘုရားသခင်၏ ကြင်နာခြင်းနှင့် ရင်းနှီးမှုကို ခံစားနိုင်ရန်အလို့ငှာ၊ သူ၏နှလုံးသားကို ၎င်းတို့ မြင်နိုင်ရန်အလို့ငှာ သူသည် လူသား၏ဘာသာစကားနှင့် အသိပညာတို့ကို အသုံးပြုလျက်ပင် ပြောဆိုကာ လုပ်ဆောင်နိုင်ခဲ့သည်။ ဤအရာတွင် သင်တို့ မည်သည့်အရာကို မြင်ကြသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ရပ်များတွင် ပိတ်ပင်တားမြစ်ခြင်း တစ်ခုတစ်လေ ရှိပါသလော။ လူတို့ မြင်သည့်နည်းလမ်းမှာ ဘုရားသခင် ကိုယ်တော်တိုင် ပြောလိုသောအရာ၊ လုပ်ဆောင်လိုသော အမှုကို ပြောဆိုရန် သို့မဟုတ် သူ၏ ကိုယ်ပိုင်အလိုတော်ကို ဖော်ပြရန်၊ လူသား၏အသိပညာ၊ ဘာသာစကား သို့မဟုတ် စကားပြောဆိုသော နည်းလမ်းများကို ဘုရားသခင် အသုံးပြုရန် မဖြစ်နိုင်ဟူ၍ ဖြစ်သည်။ ဤသည်မှာ မှားယွင်းသောအတွေး ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ အမှန်တကယ်ဖြစ်ခြင်းနှင့် စစ်မှန်ရိုးသားမှုကို ခံစားနိုင်ဖို့ အလို့ငှာနှင့် ထိုအချိန်ကာလ အတွင်းတွင် လူတို့အပေါ် သူ၏ သဘောထားကို မြင်နိုင်ဖို့အလို့ငှာ ဘုရားသခင်က ဤသို့သော ပုံဥပမာမျိုးကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ ဤပုံဥပမာသည် ပညတ်တော် အောက်၌ အချိန်ကြာမြင့်စွာ အသက်ရှင် နေခဲ့ကြသည့် လူတို့ကို အိပ်မက်မှ နိုးထစေခဲ့ပြီး ကျေးဇူးတော်ခေတ်၌ အသက်ရှင်ခဲ့ကြသည့် လူတို့၏ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်ကိုလည်း လှုံ့ဆော်ခဲ့သည်။ ဤပုံဥပမာနှင့် သက်ဆိုင်သည့် ကျမ်းပိုဒ်ကို ဖတ်ရှုခြင်းအားဖြင့်၊ လူသားမျိုးနွယ်ကို ကယ်တင်ရာတွင် ဘုရားသခင်၏ ရိုးသားစစ်မှန်မှုကို လူတို့သိကြပြီး ဘုရားသခင်၏ စိတ်နှလုံးထဲရှိ လူသားမျိုးနွယ်ကို ပေးအပ်ထားသော ကြီးလေးသော တာဝန်နှင့် အရေးပါမှုကို နားလည်ကြလေသည်။

ဤကျမ်းပိုဒ်ရှိ နောက်ဆုံးစာကြောင်းကို ကြည့်ကြစို့။ “ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။” ဤသည်မှာ သခင်ယေရှု၏ ကိုယ်ပိုင် နှုတ်ကပတ်တော်များလော၊ သို့မဟုတ် ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်၏ နှုတ်ကပတ်တော်များလော။ အပေါ်ယံ၌ စကားပြောနေသည်က သခင်ယေရှုဟု ထင်ရသော်လည်း၊ သူ၏အလိုတော်သည် ဘုရားသခင်ကိုယ်တော်တိုင်၏ အလိုတော်ကို ကိုယ်စားပြုသည်၊ ယင်းမှာ သူက “ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ” ဟု ဆိုရသည့်အကြောင်းရင်း ဖြစ်သည်။ ထိုအချိန်က လူတို့သည် ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်ကိုသာ ဘုရားသခင်အဖြစ် အသိအမှတ်ပြုကြပြီး ၎င်းတို့မျက်စိရှေ့၌ ၎င်းတို့မြင်ခဲ့သော ဤလူသည် ဘုရားသခင်၏ စေလွှတ်ခြင်းကို ခံရုံမျှခံရကာ၊ ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်ကို ကိုယ်စားမပြုနိုင်ဟု ယုံကြည်ကြလေသည်။ ယင်းမှာ လူတို့အနေဖြင့် လူသားမျိုးနွယ် အတွက် ဘုရားသခင်၏အလိုတော်ကို အမှန်တကယ် ခံစားနိုင်ရန်နှင့် သူပြောခဲ့သည့်အရာ၏ စစ်မှန်မှုနှင့် တိကျမှုကို ခံစားနိုင်ရန်အလို့ငှာ၊ သခင်ယေရှုက ဤပုံဥပမာ၏ အဆုံးသတ်တွင် ဤစာကြောင်းကို ဖြည့်ရသည့်အကြောင်းရင်း ဖြစ်သည်။ ဤစာကြောင်းသည် ပြောဆိုရန် ရိုးရှင်းသောအရာ တစ်ခုဖြစ်သော်လည်း၊ ဂရုစိုက်မှုနှင့် ချစ်ခြင်းမေတ္တာတိုတို့ဖြင့် ပြောဆိုထားခြင်းဖြစ်ပြီး သခင်ယေရှု၏ နှိမ့်ချခြင်းနှင့် ကွယ်ဝှက်ခြင်းကို ထုတ်ဖော်ပြလေသည်။ ဘုရားသခင်က လူ့ဇာတိခံယူခဲ့သည် ဖြစ်စေ၊ သို့မဟုတ် ဝိညာဉ်လောက၌ သူ အမှုပြုခဲ့သည်ဖြစ်စေ၊ လူသား၏နှလုံးသားကို သူအသိဆုံး ဖြစ်ပြီး လူတို့ လိုအပ်သောအရာကို နားအလည်ဆုံး ဖြစ်သည်၊ လူတို့ စိုးရိမ်သောအရာနှင့် ၎င်းတို့ကို စိတ်ရှုပ်ထွေးစေသော အရာကို သိပြီး၊ ယင်းမှာ ဤစာကြောင်းကို သူထည့်ရသည့် အကြောင်းရင်း ဖြစ်သည်။ ဤစာကြောင်းက လူသားမျိုးနွယ်၌ ကွယ်ဝှက်ထားသည့် ပြဿနာတစ်ခုကို မီးမောင်း ထိုးပြထားသည်- လူသားက ပြောသည့်အရာနှင့် ပတ်သက်၍ လူတို့သည် ယုံကြည်မှုကင်းမဲ့ခဲ့ကြသည်၊ ဆိုလိုသည်မှာ၊ သခင်ယေရှု စကားပြောနေခဲ့ချိန်တွင် သူက- “ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။” ဟု ထပ်ဖြည့်ခဲ့ပြီး၊ ထနှုတ်ကပတ်တော်များ၏ တိကျမှုကို လူတို့အား ယုံကြည်စေဖို့နှင့် ယင်းတို့၏ ယုံကြည်လက်ခံနိုင်စွမ်းကို တိုးတက်ကောင်းမွန်စေဖို့အလို့ငှာ၊ ဤအဆိုအပေါ်၌သာ သူ၏ နှုတ်ကပတ်တော်များက အသီးအပွင့် ဖြစ်ထွန်းနိုင်ပေသည်။ ဤအရာက ဘုရားသခင်သည် လူ၏ ပုံမှန်သားတစ်ဦး ဖြစ်လာသောအခါ၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်သည် အလွန် အချိုးမပြေသော ဆက်ဆံရေးရှိခဲ့ပြီး၊ လူသား၏ အခြေအနေမှာ အလွန် စိတ်ကသိကအောက်ဖြစ်စရာဖြစ်ခဲ့သည်။ ယင်းသည် ထိုအချိန်က လူသားများအလယ် သခင်ယေရှု၏ အဆင့်အတန်း မည်မျှ အရေးမပါသည်ကိုလည်း ပြပေသည်။ ဤအရာကို သူ ပြောချိန်တွင်၊ အမှန်တကယ်တွင် လူတို့ကို ဤကဲ့သို့ပြောရန် ဖြစ်သည်- သင်တို့ စိတ်ချထား၍ ရသည်- ဤစကားများသည် ငါ၏ကိုယ်ပိုင် စိတ်နှလုံးထဲရှိသည့် အရာကို ကိုယ်စားမပြုပေ၊ သို့သော် ယင်းတို့သည် သင်တို့၏ စိတ်နှလုံးများထဲရှိ ဘုရားသခင်၏ အလိုတော် ဖြစ်ပေသည်။ လူသားမျိုးနွယ် အတွက် ဤသည်မှာ အထင်နှင့်အမြင် တလွဲစီ ဖြစ်သောအရာတစ်ခု မဟုတ်ခဲ့ပါသလော။ လူ့ဇာတိ၌ အမှုပြုနေသော ဘုရားသခင်သည် သူ၏ ဇာတိအဖြစ်တော်၌ မရှိခဲ့သော အရေးသာမှုများစွာ ရှိခဲ့သော်လည်း၊ သူသည် ၎င်းတို့၏ သံသယများနှင့် ငြင်းပယ်မှုများအပြင်၊ ၎င်းတို့၏ ထုံထိုင်းမှုများနှင့် ငြီးငွေ့စရာကောင်းမှုများကို ကြံ့ကြံ့ခံ ခဲ့ရသည်။ လူသား၏ အမှု လုပ်ငန်းစဉ်မှာ လူသားမျိုးနွယ်၏ ငြင်းပယ်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ ယှဉ်ပြိုင်ခြင်းကို တွေ့ကြုံခံစားခြင်း ဖြစ်စဉ်ဟု ဆိုနိုင်သည်။ ထို့ထက်သာ၍၊ ယင်းမှာ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းမှတစ်ဆင့်၊ သူ၏ကိုယ်ပိုင် အနှစ်သာရမှတစ်ဆင့်၊ လူသားမျိုးနွယ်၏ ယုံကြည်မှုကို အဆက်မပြတ် ရယူပြီး လူသားမျိုးနွယ်ကို သိမ်းပိုက်ရန် လုပ်ငန်းစဉ် ဖြစ်ခဲ့သည်။ ယင်းမှာ လူ့ဇာတိခံ ဘုရားသခင်က စာတန်နှင့် မြေပြင်တိုက်ပွဲ ဆင်နွှဲခြင်း သိပ်မဟုတ်ခဲ့ပေ။ ယင်းမှာ ဘုရားသခင်က သာမန်လူသား တစ်ဦးဖြစ်လာပြီး သူ့နောက်လိုက်သူတို့နှင့် ကြိုးစား ရုန်းကန်ရကာ ဤကြိုးစားရုန်းကန်မှုတွင် လူသားသည် သူ၏အမှုကို သူ၏ နှိမ့်ချခြင်း၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ၏ချစ်ခြင်းမေတ္တာနှင့် ဉာဏ်ပညာတို့ဖြင့် ပြည့်စုံစေခဲ့ခြင်း သာ၍ ဖြစ်ပေသည်။ သူသည် သူလိုချင်သောလူတို့ကို ရရှိခဲ့သည်၊ သူနှင့် ထိုက်တန်သော ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းကို ရရှိခဲ့ပြီး သူ၏ပလ္လင်ဆီသို့ “ပြန်သွား”ခဲ့သည်။

ဆက်လက်၍၊ ကျမ်းစာ၏ အောက်ပါ ကျမ်းနှစ်ပိုဒ်ကို ကြည့်ကြစို့။

၄။ အကြိမ်ခုနှစ်ဆယ် ခုနှစ်လီ ခွင့်လွှတ်လော့

ရှင်မဿဲ ၁၈:၂၁-၂၂ ထိုအခါ ပေတရုသည်ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏ အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနစ်ကြိမ်မြောက်အောင်လွှတ်ရမည် ငါမဆို။ အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏။

၅။ သခင်၏ ချစ်ခြင်း

ရှင်မဿဲ ၂၂:၃၇-၃၉ “ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။”

ဤကျမ်းနှစ်ပိုဒ်ထဲမှ ကျမ်းတစ်ပိုဒ်က ခွင့်လွှတ်ခြင်း အကြောင်းကိုပြောပြီး အခြားတစ်ပိုဒ်က ချစ်ခြင်းမေတ္တာ အကြောင်းကိုပြောသည်။ ဤအကြောင်းအရာနှစ်ခုသည် ကျေးဇူးတော်ခေတ်၌ သခင်ယေရှု ဆောင်ရွက်လိုသောအမှုကို အမှန်တကယ် အသားပေးထားလေသည်။

ဘုရားသခင်က လူ့ဇာတိခံယူခဲ့ချိန်တွင်၊ သူသည် သူနှင့်အတူ တိကျသည့် အမှုတာဝန်များနှင့် ဤခေတ်တွင် သူ ဖော်ပြလိုခဲ့သော စိတ်သဘောထားတို့ဖြစ်သည့် သူ၏ အမှု အဆင့်တစ်ဆင့်ကို ယူဆောင်လာခဲ့သည်။ ထိုအချိန်ကာလတွင် လူသားလုပ်ဆောင်ခဲ့သော အရာတိုင်းသည် ဤခေတ်တွင် ဘုရားသခင် ဆောင်ရွက်လိုသောအမှုကို ဗဟိုပြုခဲ့သည်။ သူသည် အပိုအလိုမရှိ လုပ်ဆောင်ခဲ့သည်။ သူပြောဆိုခဲ့သော အရာ တစ်ခုစီတိုင်းနှင့် သူ ဆောင်ရွက်ခဲ့သော အမှု အမျိုးအစားတိုင်းသည် ဤခေတ်နှင့် အားလုံး ဆက်စပ်ပေသည်။ ယင်းကို လူသားဘာသာစကားဖြင့် လူသား၏နည်းလမ်းတစ်ခု၌ ဖော်ပြသည်ဖြစ်စေ၊ ဘုရားဘာသာစကားမှတစ်ဆင့် ဖော်ပြသည် ဖြစ်စေ ပြီးလျှင် မည်သည့်နည်းလမ်း သို့မဟုတ် မည်သည့် ရှုထောင့်အမြင်နှင့် သူ ထိုသို့ လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ သူ၏ ရည်မှန်းချက်မှာ သူလုပ်ဆောင်လိုခဲ့သည်မှာ မည်သည့်အရာ ဖြစ်သည်၊ သူ၏အလိုတော်မှာ မည်သည့်အရာ ဖြစ်ပြီး၊ လူတို့အပေါ် သူ၏ သတ်မှတ်ချက်များက မည်သည့်အရာများ ဖြစ်သည် ဆိုသည်တို့ကို လူတို့နားလည်စေဖို့ ကူညီရန်ဖြစ်သည်။ လူတို့ကို သူ၏အလိုတော်ကို နားလည်ကာ သိရှိစေဖို့ နှင့် သူ၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုအား နားလည်စေဖို့ ကူညီရန် သူသည် နည်းလမ်းအမျိုးမျိုးနှင့် မတူညီသော ရှုထောင့်များကို အသုံးပြုကောင်းပြုနိုင်သည်။ ထို့ကြောင့် ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုသည် လူသားမျိုးနွယ်နှင့် သူဆက်သွယ်ပြောဆိုလိုသောအရာကို ဖော်ပြရန် အချိန် အများစုတွင် လူ့ဘာသာစကားကို အသုံးပြုနေခဲ့သည်ကို ငါတို့ တွေ့မြင်ရသည်။ ထို့ထက်ပို၍၊ လူတို့ကို စကားပြောနေသည့်၊ ၎င်းတို့၏လိုအပ်ချက်တို့ကို ပံ့ပိုးပေးနေပြီး သူတို့တောင်းဆိုသော အရာတို့ကို ကူညီပေးနေသည့် သာမန် လမ်းညွှန်တစ်ယောက်၏ ရှုထောင့်မှ သူ့ကို ငါတို့ မြင်ရသည်။ ဤသို့ အမှုပြုခြင်း နည်းလမ်းကို ကျေးဇူးတော်ခေတ်မတိုင်မီ လာသော ပညတ်တော်ခေတ်၌ မမြင်ခဲ့ရချေ။ သူသည် လူသားမျိုးနွယ်နှင့် သာ၍ ရင်းနှီးလာပြီး သာ၍ သနားကရုဏာရှိလာခဲ့သည့်အပြင် ပုံသဏ္ဌာန်ရော ဟန်ပန်တွင်ပါ လက်တွေ့ကျသောရလဒ်တို့ကို သာ၍ ရရှိနိုင်လာသည်။ လူတို့ကို အကြိမ် ခုနှစ်ဆယ် ခုနှစ်လီခွင့်လွှတ်ခြင်းအကြောင်း တင်စားချက်က ဤအချက်ကို အမှန်တကယ် ရှင်းလင်းသွားစေသည်။ ဤတင်စားချက်ထဲက ကိန်းဂဏန်းအားဖြင့် ရရှိသော ရည်ရွယ်ချက်မှာ သခင်ယေရှုက ဤအရာကို ပြောခဲ့ချိန် သူ၏ ရည်ရွယ်ချက်ကို လူတို့အား နားလည်စေရန်ဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ လူတို့သည် အခြားသူများကို ခွင့်လွှတ်သင့်သည်ဟူ၍ ဖြစ်သည်- တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် မဟုတ်၊ ပြီးလျှင် ခုနှစ်ကြိမ်ပင် မဟုတ်ဘဲ၊ ခုနှစ်ဆယ် ခုနှစ်လီဖြစ်သည်။ “ခုနှစ်ဆယ် ခုနှစ်လီ” နှင့်သက်ဆိုင်သည့် စိတ်ကူးအတွင်းတွင် မည်သည့် စိတ်ကူးမျိုး ပါရှိသနည်း။ ယင်းမှာ လူတို့အား ခွင့်လွှတ်ခြင်းကို ၎င်းတို့၏ ကိုယ်ပိုင် တာဝန်ဝတ္တရား ဖြစ်စေဖို့၊ ၎င်းတို့ သင်ယူရမည့် အရာတစ်ခုနှင့် ၎င်းတို့ လိုက်နာရမည့် “လမ်းခရီး” တစ်ခုဖြစ်စေဖို့ ဖြစ်သည်။ ဤသည်မှာ တင်စားချက်တစ်ခုသာ ဖြစ်သော်လည်း၊ အလွန်အရေးကြီးသော အချက်ကို မီးမောင်း ထိုးပြရန် အသုံးတော်ခံလေသည်။ ယင်းက လူတို့အား သူဆိုလိုသည့်အရာကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ရန် နှင့် လက်တွေ့လုပ်ဆောင်မှုနှင့် သက်ဆိုင်သည့် သင့်တော်သော နည်းလမ်းများ၊ အခြေခံသဘောတရားများနှင့် စံနှုန်းများကို ရှာတွေ့ရန် ကူညီပေးသည်။ ဤတင်စားချက်က လူတို့ကို ရှင်းလင်းစွာ နားလည်ရန် ကူညီသကဲ့သို့၊ ၎င်းတို့ကို မှန်ကန်သော အယူအဆတစ်ခုကို ပေးလေသည်- ခွင့်လွှတ်ခြင်းကို ၎င်းတို့ သင်ယူသင့်ပြီး အခြားသူများအတွက် သည်းခံပြီး နားလည်မှု ရှိသည့် သဘောထားဖြင့် အကြိမ်ရေမည်မျှကိုမဆို ခြွင်းချက် မရှိဘဲ ခွင့်လွှတ်သင့်သည်ဟူ၍ ဖြစ်သည်။ ဤအရာကို သခင်ယေရှု ပြောခဲ့ချိန်တွင်၊ သူ၏ စိတ်နှလုံးထဲ၌ အဘယ်အရာ ရှိသနည်း။ ခုနှစ်ဆယ် ခုနှစ်လီဆိုသည့် အရေအတွက်ကို သူ အမှန်တကယ် စဉ်းစားနေခဲ့သလော။ မဟုတ်ပေ၊ သူ မစဉ်းစားခဲ့ပေ။ ဘုရားသခင်က လူသားကို ခွင့်လွှတ်မည့် အကြိမ် အရေအတွက်တစ်ခုရှိသလော။ ဤအရေအတွက်၏ မူလ အရင်းအမြစ်နှင့် အဓိပ္ပာယ်ကို အမှန်တကယ် နားလည်လိုသော ဤနေရာတွင် ဖော်ပြထားသည့် “အကြိမ်အရေအတွက်” ကို အလွန် စိတ်ဝင်စားသော လူများစွာ ရှိသည်။ ဤကိန်းဂဏန်းက သခင်ယေရှု၏ နှုတ်မှ အဘယ့်ကြောင့် ထွက်လာသည်ကို ၎င်းတို့နားလည်လိုကြသည်။ ဤအရေအတွက်၌ သာ၍ နက်နဲသော သွယ်ဝိုက်သည့် ပတ်သက်မှုတစ်ခုရှိသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ သို့သော် အမှန်တကယ်တွင် ဤသည်မှာ ဘုရားသခင် အသုံးပြုသည့် လူသား တင်စားချက်တစ်ခုသာ ဖြစ်သည်။ မည်သည့် သွယ်ဝိုက်သော ပတ်သက်မှု သို့မဟုတ် အဓိပ္ပာယ်ကိုမဆို၊ လူသားမျိုးနွယ်အတွက် သခင်ယေရှု၏ သတ်မှတ်ချက်များဖြင့် ခံယူရမည်။ ဘုရားသခင်သည် လူ့ဇာတိခံမယူခဲ့သေးချိန်တွင်၊ သူ၏ နှုတ်ကပတ်တော်များသည် ပြီးပြည့်စုံသည့် ဘုရားသဘာဝမှ လာသောကြောင့် သူပြောသော အရာများစွာကို လူတို့ နားမလည်ခဲ့ကြပေ။ သူ ပြောဆိုသော အရာ၏ ရှုထောင့်နှင့် ဆက်စပ်အကြောင်းအရာတို့သည် လူသားမျိုးနွယ်အဖို့ မြင်၍မရနိုင်သကဲ့သို့ လက်လှမ်းမမီနိုင်ချေ။ ယင်းကို လူတို့မမြင်နိုင်သော ဝိညာဉ်လောကတစ်ခုမှ ဖော်ပြထားပေသည်။ ဇာတိပကတိ၌ အသက်ရှင်ခဲ့သော လူတို့အတွက်၊ ၎င်းတို့သည် ဝိညာဉ်လောကကို ဖြတ်သန်း မသွားနိုင်ခဲ့ချေ။ သို့သော် ဘုရားသခင် လူ့ဇာတိ ခံယူပြီးသည့်နောက်တွင်၊ သူသည် လူသားမျိုးနွယ်ကို လူ့သဘာဝ၏ ရှုထောင့်မှ စကားပြောခဲ့ပြီး ဝိညာဉ်လောက၏ နယ်ပယ်မှ သူထွက်လာကာ ကျော်လွန်သွားခဲ့သည်။ သူသည် လူသားမျိုးနွယ်အား ဘုရားသခင်ကို နားလည်ကာ သိရှိခွင့်ပေးဖို့၊ ၎င်းတို့၏ လုပ်နိုင်စွမ်း နယ်ပယ်အတွင်းနှင့် ၎င်းတို့တတ်နိုင်သည့် အတိုင်းအတာထိ သူ၏ရည်ရွယ်ချက်နှင့် သူ သတ်မှတ်ထားသော စံနှုန်းများကို သဘောပေါက်ခွင့်ပေးဖို့ လူတို့ စိတ်ကူးနိုင်သော အရာများ၊ ၎င်းတို့၏ အသက်တာများ၌ ၎င်းတို့မြင်ခဲ့ပြီး ကြုံခဲ့ရသောအရာများမှတစ်ဆင့်၊ ပြီးလျှင် လူသားတို့ လက်ခံနိုင်သော နည်းလမ်းတို့ကို အသုံးပြုရင်း၊ ၎င်းတို့ နားလည်နိုင်သော ဘာသာစကားတစ်ခုနှင့် ၎င်းတို့ သဘောပေါက်နိုင်သော အသိပညာဖြင့် သူ၏ ဘုရားသဘောသဘာဝ စိတ်သဘောထား၊ အလိုတော်နှင့် သဘောထားတို့ကို သူဖော်ပြနိုင်ခဲ့သည်။ ဤသည်မှာ လူ့သဘာဝထဲက ဘုရားသခင်၏ အမှု၏ နည်းလမ်းနှင့် အခြေခံသဘောတရားများ ဖြစ်သည်။ ဘုရားသခင်၏ နည်းလမ်းများနှင့် လူ့ဇာတိ၌ သူ၏ အမှုပြုခြင်း အခြေခံသဘောတရားတို့သည် လူ့သဘာဝအားဖြင့်၊ သို့မဟုတ် လူ့သဘာဝမှတစ်ဆင့် အများစု စွမ်းဆောင် ရရှိခဲ့သော်လည်း၊ ယင်းသည် ဘုရား၏သဘောသဘာဝဖြင့် တိုက်ရိုက် အမှုပြုခြင်းအားဖြင့် မရရှိနိုင်သော ရလဒ်တို့ကို အမှန်ရရှိခဲ့လေသည်။ လူ့သဘာဝထဲက ဘုရားသခင်၏ အမှုသည် သာ၍ ခိုင်မာသည်၊ စစ်မှန်ပြီး ရည်မှန်းထား၏၊ နည်းလမ်းတို့သည် သာ၍ များစွာ ပြောင်းလွယ်ပြင်လွယ်ရှိပြီး ပုံသဏ္ဌာန်အရ ယင်းသည် ပညတ်တော်ခေတ်အတွက်း၌ ဆောင်ရွက်ခဲ့သော အမှုကို ကျော်လွန်သွားခဲ့သည်။

ဆက်လက်၍၊ သခင်ကို ချစ်ခြင်းနှင့် ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှ ချစ်ခြင်းအကြောင်း ဆွေးနွေးကြစို့။ ဤသည်မှာ ဘုရား၏သဘောသဘာဝ၌ တိုက်ရိုက်ဖော်ပြသော အရာတစ်ခု ဖြစ်သလော။ သိသိသာသာပင် မဟုတ်ပေ။ ဤသည်တို့မှာ လူသားက လူ့သဘာဝဖြင့် ပြောဆိုခဲ့သော အရာများ အားလုံးဖြစ်သည်။ “ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှ ချစ်လော့။ သင်၏ကိုယ်ပိုင်အသက်ကို ချစ်မြတ်နိုးသကဲ့သို့ သူတစ်ပါးကို ချစ်လော့။” ဆိုသကဲ့သို့သော အရာတစ်ခုကို လူသားများကသာ ပြောမည်ဖြစ်သည်။ ဤစကား ပြောဟန်ဆိုဟန်သည် လူသားနှင့်သာ သီးသန့် သက်ဆိုင်ပေသည်။ ဘုရားသခင်သည် ဤပုံစံဖြင့် မည်သည့် အခါမျှ စကားမပြောဆိုဖူးပေ။ အနည်းဆုံးအနေဖြင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းကို ထိန်းညှိဖို့ရန်အလို့ငှာ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့။” ဟူသော ဤဝါဒရေးရာ ရေသောက်မြစ်မျိုးကို မလိုအပ်သည်က တစ်ကြောင်း၊ လူသားမျိုးနွယ် အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း၏ သဘာဝအလျောက် ဖွင့်ပြခြင်းတစ်ခု ဖြစ်သည်ကတစ်ကြောင်း၊ ဘုရားသခင်သည် သူ၏ ဘုရားသဘောသဘာဝတွင် ဤဘာသာစကားမျိုး မရှိပေ။ ဘုရားသခင်က “ငါသည် လူသားမျိုးနွယ်ကို ကိုယ်နှင့်အမျှ ချစ်သည်။” ဟူသကဲ့သို့သော အရာမျိုးတစ်ခုတစ်လေကို ဘုရားသခင် ပြောဆိုသည်ကို မည်သည့်အချိန်တွင် သင်တို့ ကြားဖူးပါသနည်း။ သင်တို့ မကြားဖူးပေ၊ အဘယ့်ကြောင့်ဆိုသော် ချစ်ခြင်းသည် ဘုရားသခင်၏ အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့၌ ရှိသောကြောင့်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့် သူ၏ သဘောထား၊ ပြီးလျှင် လူတို့ကို သူဆက်ဆံသောပုံစံတို့သည် သူ့စိတ်သဘောထား၏ သဘာဝအလျောက် ဖော်ပြခြင်းနှင့် ဖွင့်ပြခြင်း ဖြစ်သည်။ ဤသည်ကို အချို့သော နည်းလမ်းဖြင့် သူ တမင်သက်သက် လုပ်ရန် မလိုအပ်ပေ၊ သို့မဟုတ် သူနှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ခြင်းအား စွမ်းဆောင်ရရှိရန် နည်းလမ်း တစ်စုံတစ်ရာ၊ သို့မဟုတ် ကျင့်ဝတ်စည်းကမ်း တစ်ခုကို တမင်လိုက်လျှောက်ရန် မလိုအပ်ပေ- ဤကဲ့သို့ အနှစ်သာရမျိုးကို သူပိုင်ဆိုင်နှင့်ပြီးဖြစ်သည်။ ဤတွင် သင်သည် မည်သည့်အရာကို တွေ့မြင်ရသနည်း။ ဘုရားသခင်က လူ့သဘာဝ၌ အမှုပြုသောအခါတွင်၊ သူ၏နည်းလမ်းများ၊ စကားလုံးများနှင့် သမ္မာတရားများစွာကို လူသား၏ နည်းလမ်းဖြင့် ဖော်ပြထား ခဲ့သည်။ သို့သော် တစ်ချိန်တည်းတွင် ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၊ ပြီးလျှင် သူ၏အလိုတော်တို့ကို သိရှိရန် နားလည်ရန် လူတို့အတွက် ဖော်ပြထားခဲ့ပေသည်။ ၎င်းတို့ သိရှိပြီး နားလည်လာခဲ့သော အရာမှာ ဘုရားသခင် ကိုယ်တော်တိုင်၏ ရှိရင်းစွဲ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုသည့် သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ အတိအကျဖြစ်ပေသည်။ ဆိုလိုသည်မှာ လူ့ဇာတိ၌ရှိသော လူသားသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ပင်ကိုစိတ်သဘောထားနှင့် အနှစ်သာရကို ဖြစ်နိုင်သမျှ အကြီးမားဆုံးအတိုင်းအတာဖြင့်၊ ဖြစ်နိုင်သမျှ အတိကျဆုံး ဖော်ပြခဲ့ပေသည်။ လူသား၏ လူ့သဘာဝသည် ကောင်းကင်ဘုံ၌ ရှိသော ဘုရားသခင်နှင့် လူ၏ ဆက်သွယ် ပြောဆိုခြင်းနှင့် အပြန်အလှန်ဆက်ဆံခြင်းအဖို့ အနှောင့်အယှက်၊ သို့မဟုတ် အတားအဆီးတစ်ခု မဟုတ်ခဲ့ရုံသာမက၊ ယင်းသည် ဖန်ဆင်းခြင်း၏ အရှင်သခင်ကို လူသားမျိုးနွယ်က ဆက်သွယ်ရန် အတွက် တစ်ခုတည်းသော လမ်းကြောင်းနှင့် တစ်ခုတည်းသော ပေါင်းကူးတံတားလည်း ဖြစ်ပေသည်။ ယခု ဤအချိန်တွင် ကျေးဇူးတော်ခေတ်၌ သခင်ယေရှု လုက်ဆောင်ခဲ့သော အမှု၏ သဘာဝ၊ နည်းစနစ်များနှင့် အမှု၏ လက်တလော အဆင့်တို့ ကြားတွင် ဆင်တူခြင်း များစွာရှိသည်ဟု သင်တို့ မခံစားရသလော။ အမှု၏ ဤလတ်တလောအဆင့်က ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြရန် လူသားမျိုးနွယ်၏ ဘာသာစကားများစွာကို အသုံးပြုပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အလိုတော်ကို ဖော်ပြရန် နေ့စဉ်အသက်တာနှင့် လူသား အသိပညာထဲက ဘာသာစကားများနှင့် နည်းစနစ်များစွာကို အသုံးပြုလေသည်။ ဘုရားသခင်က လူ့ဇာတိခံယူသည်နှင့်တစ်ပြိုင်နက်၊ သူသည် လူသား၏ရှုထောင့်မှ စကားပြောသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသဘာဝ ရှုထောင့်မှ ပြောသည်ဖြစ်စေ၊ သူ၏ ဘာသာစကားနှင့် ဖော်ပြမှုနည်းလမ်းများစွာသည် လူသား၏ ဘာသာစကားနှင့် နည်းစနစ်များ၏ ကြားခံမှတစ်ဆင့် လာခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်က လူ့ဇာတိခံယူချိန်တွင်၊ ဘုရားသခင်၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် သူ၏ ဉာဏ်ပညာကိုမြင်ဖို့၊ ပြီးလျှင် ဘုရားသခင်၏ စစ်မှန်သော သွင်ပြင်လက္ခဏာတိုင်းကို သိရှိရန် ဤသည်မှာ သင့်အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်ပေသည်။ ဘုရားသခင်က လူ့ဇာတိခံယူချိန်တွင်၊ သူ အရွယ်ရောက်လာနေစဉ်တွင် သူသည် လူသားမျိုးနွယ်၏ အသိပညာတချို့၊ သာမန်အသိစိတ်၊ ဘာသာစကားနှင့် လူ့သဘာဝဖြင့် ဖော်ပြခြင်းနည်းလမ်းတို့ကို သူသည် သင်ယူကာ သဘောပေါက်လာခဲ့သည်။ လူ့ဇာတိခံ ဘုရားသခင်သည် သူဖန်ဆင်းခဲ့သော လူသားများမှလာသည့် ဤအရာများကို ပိုင်ဆိုင်ခဲ့သည်။ ဤအရာတို့သည် သူ၏စိတ်သဘောထားနှင့် သူ၏ ဘုရားသဘောသဘာဝကို ဖော်ပြခြင်းအတွက် လူ့ဇာတိ၌ရှိသော ဘုရားသခင်၏ တန်ဆာပလာများ ဖြစ်လာခဲ့ပြီး၊ လူသားမျိုးနွယ်၏အလယ်တွင် လူသား ရှုထောင့်နှင့် လူသား သဘာဝကို အသုံးပြုလျက် သူ အမှုပြုနေခဲ့ချိန်တွင် သူ၏ အမှုကို သာ၍ အဆက်အစပ် ရှိစေသည်၊ သာ၍ စစ်မှန်စေပြီး၊ သာ၍ တိကျစေသည်။ ဤအရာက သူ၏ အမှုကို သာ၍ သုံးခွင့်ရစေပြီး လူတို့အတွက် သာ၍ လွယ်ကူစွာ နားလည်စေခဲ့သည်၊ ထိုသို့ဖြင့် ဘုရားသခင် လိုချင်ခဲ့သော ရလဒ်ကို စွမ်းဆောင်ရရှိစေသည်။ ဘုရားသခင် အတွက် ဤနည်းလမ်းဖြင့် လူ့ဇာတိ၌ အမှုပြုခြင်းသည် သာ၍ လက်တွေ့ကျသည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်ပညာမဟုတ်သလော။ ဘုရားသခင် လူ့ဇာတိ ခံယူခဲ့ချိန်တွင်၊ သူ ဆောင်ရွက်လိုသောအမှုကို ဘုရားသခင်၏ ဇာတိက လက်ခံနိုင်သောအခါ၊ ယင်းမှာ သူ၏ စိတ်သဘောထားနှင့် သူ၏အမှုကို လက်တွေ့ကျကျ ဖော်ပြမည့် အချိန်ဖြစ်ပြီး လူသားအနေဖြင့် သူ၏အမှုကို တရားဝင် အစပြုနိုင်သည့် အချိန်လည်းဖြစ်သည်။ ဤအရာက ဘုရားသခင်နှင့် လူသားကြားတွင် “မျိုးဆက်ကွာဟမှု” မရှိတော့ကြောင်း၊ ဘုရားသခင်သည် မကြာမီတွင် စေတမန်များမှတစ်ဆင့် သူ၏ ဆက်သွယ်ပြောဆိုခြင်းအလုပ်ကို ရပ်တန့်တော့မည် ဖြစ်ကြောင်းနှင့် ဘုရားသခင် ကိုယ်တော်တိုင်က သူ ဖော်ပြလိုခဲ့သည့် နှုတ်ကပတ်တော်များ အားလုံးနှင့် အမှုတော်တို့ကို လူ့ဇာတိ၌ ကိုယ်တိုင်ကိုယ်ကျ ဖော်ပြနိုင်ခဲ့ကြောင်း ဆိုလိုပေသည်။ ယင်းမှာ ဘုရားသခင် ကယ်တင်သော လူတို့သည် သူနှင့် သာ၍နီးစပ်သည်၊ သူ၏ စီမံခန့်ခွဲခြင်း အမှုသည် နယ်မြေသစ်ထဲသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်ကာ လူသားမျိုးနွယ် အားလုံးသည် ခေတ်သစ်တစ်ခုကို ရင်ဆိုင်ရတော့မည် ဖြစ်သည်ကိုလည်း ဆိုလိုပေသည်။

သမ္မာကျမ်းစာကို ဖတ်ပြီးသူတိုင်းသည် သခင်ယေရှု မွေးဖွားခဲ့ချိန်တွင် အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့သည်ကို သိကြသည်။ ထိုအဖြစ်အပျက်များထဲမှ အကြီးမားဆုံးသော အဖြစ်အပျက်မှာ မာရ်နတ်တို့ ရှင်ဘုရင်၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံရခြင်းပင်ဖြစ်သည်၊ ယင်းက အလွန် ပြင်းထန်ခဲ့သည်မှာ မြို့တော်၏ နှစ်နှစ်နှင့် နှစ်နှစ်အောက် ကလေးများအားလုံး အသတ်ဖြတ်ခံရသောအထိ ဖြစ်ခဲ့သည်။ ဘုရားသခင်သည် လူသားများအလယ် လူ့ဇာတိခံယူခဲ့ခြင်းဖြင့် ရရှိလာမည့် ကြီးမားသော စွန့်စားမှုကို ခံယူခဲ့သည်ဆိုသည်မှာ ထင်ရှားမြင်သာပေသည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း နှင့်ဆိုင်သည့် သူ၏စီမံခန့်ခွဲခြင်းကို ပြည့်စုံစေခြင်းအတွက် သူပေးခဲ့ရသော ကြီးမားသည့် အဖိုးအခမှာလည်း ထင်ရှားမြင်သာသည်။ လူသားမျိုးနွယ် အလယ် လူ့ဇာတိ၌ သူ၏ အမှုအတွက် ဘုရားသခင်သည် ကိုင်စွဲထားခဲ့သော ကြီးမားသည့် မျှော်လင့်ချက်များမှာလည်း ထင်ရှားမြင်သာသည်။ ဘုရားသခင်၏ လူ့ဇာတိသည် လူသားမျိုးနွယ်အလယ် အမှုကို ဆောင်ရွက်နိုင်ခဲ့သောအချိန်တွင် သူ မည်သို့ခံစားခဲ့ရသနည်း။ ယင်းကို အတိုင်းအတာတစ်ခုထိ လူတို့ သိနားလည်သင့်သည်၊ ဟုတ်သည် မဟုတ်လော။ အနည်းဆုံးအနေဖြင့်၊ ဘုရားသခင်သည် သူ၏ အမှုသစ်ကို လူသားမျိုးနွယ်အလယ်တွင် ဆောင်ရွက်နိုင်ခဲ့သောကြောင့် ပျော်ရွှင်ခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံခံပြီး သူ၏သာသနာကို ပြည့်စုံစေရန် သူ၏အမှုကို တရားဝင်စတင်ခဲ့ချိန်တွင်၊ ဘုရားသခင်၏ စိတ်နှလုံးသည် ဝမ်းမြောက်မှုဖြင့် လွှမ်းမိုးသွားခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာ စောင့်ဆိုင်းကာ ပြင်ဆင်ပြီးသည့်နောက်တွင် သူသည် ပုံမှန်လူတစ်ဦး၏ ဇာတိခန္ဓာကို နောက်ဆုံးတွင် ယူတင်ဝတ်ဆင်နိုင်ခဲ့ပြီး၊ လူတို့မြင်နိုင်ကာ ထိနိုင်သော အသွေးအသားနှင့်လူတစ်ဦး၏ အသွင်ဖြင့် သူ၏အမှုသစ်ကို စတင်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ သူသည် နောက်ဆုံးတွင် လူတစ်ဦး၏ ပင်ကိုလက္ခဏာမှတစ်ဆင့် လူတို့နှင့် မျက်နှာချင်းဆိုင်ပြီး ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ခဲ့ပေသည်။ သူသည် နောက်ဆုံးတွင် လူသား၏ ံနည်းလမ်းများနှင့် လူသား ဘာသာစကားတို့၏ ကြားခံမှတစ်ဆင့် လူသားမျိုးနွယ်ကို မျက်နှာချင်းဆိုင် လာနိုင်ခဲ့ပေသည်။ သူသည် လူသားဘာသာစကားကို အသုံးပြုလျက်၊ လူသားမျိုးနွယ်ကို ထောက်ပံ့နိုင်သည်၊ အသိဉာဏ်ပွင့်လင်းစေနိုင်ပြီး ၎င်းတို့ကို ကူညီနိုင်လေသည်။ သူသည် ၎င်းတို့နှင့်အတူ စားပွဲတစ်ခုတည်းတွင် စားနိုင်ပြီး တစ်နေရာတည်း၌ နေထိုင်နိုင်သည်။ သူသည် လူသားများကို မြင်နိုင်သည်၊ အမှုအရာများကို မြင်နိုင်ပြီး အရာရာတိုင်းကို လူသားများ မြင်သကဲ့သို့၊ ပြီးလျှင် ၎င်းတို့၏ ကိုယ်ပိုင် မျက်လုံးများမှတစ်ဆင့်ပင် မြင်နိုင်သည်။ ဤသည်မှာ ဘုရားသခင်အတွက် လူ့ဇာတိ၌ သူ၏ အမှုနှင့်သက်ဆိုင်သည့် ပထမဦးဆုံး အောင်နိုင်ခြင်း ဖြစ်ခဲ့နှင့်ပေသည်။ ယင်းမှာ ကြီးမြတ်သော အမှုတစ်ခု ပြီးမြောက်ခြင်းဟုလည်း ဆိုနိုင်၏- ဤသည်မှာ ဘုရားသခင် အပျော်ရွှင်ဆုံးဖြစ်သောအရာ အမှန်ဖြစ်သည်။ ထိုအချိန်ကစ၍၊ လူသားမျိုးနွယ်အလယ် သူ၏အမှု၌ နှစ်သိမ့်မှုမျိုးတစ်ခုကို ပထမဆုံးအကြိမ် ဘုရားသခင်ခံစားခဲ့ရသည်။ ဖြစ်ပျက် လာခဲ့သည့် အဖြစ်အပျက်များအားလုံးသည် အလွန် လက်တွေ့ကျပြီး အလွန် သဘာဝဆန်သည်၊ ပြီးလျှင် ဘုရားသခင် ခံစားရသော စိတ်သက်သာရာရမှုသည် အလွန် စစ်မှန်သည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် အဆင့်သစ်တစ်ခု ပြီးမြောက်သော အချိန်တိုင်းနှင့် ဘုရားသခင်က ကျေနပ်အားရမှုကို ခံစားရသော အချိန်တိုင်း၊ ယင်းသည် လူသားမျိုးနွယ်က ဘုရားသခင်ထံနှင့် ကယ်တင်ခြင်းထံ သာ၍ နီးကပ်လာသောအချိန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အတွက် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တွင် ရှေ့ဆက်တိုးရင်း၊ သူ၏ အမှုသစ်ကို အစပျိုးခြင်းလည်း ဖြစ်သည့်အပြင်၊ ဤအချိန်များသည် သူ၏ရည်ရွယ်ချက်များ လုံးဝ ပြီးပြည့်စုံခြင်းသို့ ချဉ်းကပ်သည့် အချိန်များ ဖြစ်သည်။ လူသားမျိုးနွယ်အတွက်၊ ထိုသို့သော အခွင့်အရေး ရောက်လာခြင်းသည် ကံကောင်းခြင်းဖြစ်ပြီး အလွန် ကောင်းမွန်သည်။ အကြောင်းမှာ ဘုရားသခင်၏ ကယ်တင်ခြင်းကို စောင့်ဆိုင်းသောသူအားလုံးအတွက်၊ ယင်းသည် အလွန်အရေးပါပြီး ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းဖြစ်သည်။ ဘုရားသခင်က အမှု၏ အသစ်သော အဆင့်ကို ဆောင်ရွက်သောအခါတွင်၊ သူသည် အသစ်စတင်ခြင်း တစ်ခု ရှိပြီး၊ ဤအမှုသစ်နှင့် အသစ်စတင်ခြင်းကို စတင်ဆောင်ရွက်ပြီး လူသားမျိုးနွယ် အလယ်တွင် မိတ်ဆက်သောအခါတွင်၊ ယင်းသည် ဤအမှုအဆင့်၏ ရလဒ်ကို သတ်မှတ်နှင့်ပြီးဖြစ်ကာ ပြီးမြောက်နှင့်ပြီးဖြစ်သကဲ့သို့ နောက်ဆုံး အကျိုးသက်ရောက်မှုနှင့် အသီးအပွင့်တို့ကို ဘုရားသခင်က တွေ့မြင်နှင့်ပြီးဖြစ်သည့် အချိန်ဖြစ်ပေသည်။ ဤသည်မှာ ဤအကျိုးသက်ရောက်မှုများက ဘုရားသခင်ကို ကျေနပ်စေသည့်အချိန်လည်းဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏ စိတ်နှလုံး ပျော်ရွှင်သည့်အချိန် ဧကန် ဖြစ်ပေသည်။ ဘုရားသခင်သည် သူ၏ အမြင်တွင် သူ ရှာဖွေနေသည့် လူတို့ကို မြင်နှင့်ပြီးဖြစ်ကာ သတ်မှတ်နှင့်ပြီးဖြစ်သကဲ့သို့၊ သူ၏အမှုကို အောင်မြင်စေနိုင်ပြီး သူ့ကို စိတ်ကျေနပ်မှု ဆောင်ကြဉ်း ပေးနိုင်သည့် လူစုဖြစ်သည့် ဤအုပ်စုကို ရရှိနှင့်ပြီး ဖြစ်သောကြောင့်၊ ဘုရားသခင်သည် စိတ်ချလက်ချရှိခဲ့သည်။ ထို့ကြောင့် သူသည် သူ၏စိုးရိမ်မှုများကို ဘေးဖယ်ပြီး ပျော်ရွှင်လေသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ လူ့ဇာတိသည် လူသားအလယ်တွင် အမှုသစ်ကို စတင်နိုင်သောအခါတွင်၊ သူလုပ်ရမည့်အလုပ်ကို အတားအဆီး မရှိ လုပ်ဆောင်ရန် သူစတင်ပြီး၊ အားလုံး ပြီးမြောက်သွားပြီဟု သူခံစားရသောအခါတွင်၊ သူသည် အဆုံးကို မြင်ပြီးနှင့်ပြီး ဖြစ်သည်။ ဤအရာကြောင့် သူသည် စိတ်ကျေနပ်ပြီး သူ၏ စိတ်နှလုံးသည် ပျော်ရွှင်၏။ ဘုရားသခင်၏ ပျော်ရွှင်မှုကို မည်သို့ ဖော်ပြသနည်း။ အဖြေ မည်သည့်အရာဖြစ်မည်ကို သင်တို့ စဉ်းစားကြည့်နိုင်သလော။ ဘုရားသခင်က ငိုကြွေးနိုင်သလော။ ဘုရားသခင်သည် ငိုကြွေးနိုင်သလော။ ဘုရားသခင်သည် လက်ခုပ်တီးနိုင်သလော။ ဘုရားသခင်က ကနိုင်သလော။ ဘုရားသခင်က သီချင်းဆိုနိုင်သလော။ ဆိုနိုင်ပါက၊ မည်သည့်အရာကို သူ ဆိုမည်နည်း။ ဟုတ်ပေ၏၊ ဘုရားသခင်သည် နှစ်သက်ဖွယ်၊ တို့ထိသည့် သီချင်း၊ သူ၏ စိတ်နှလုံးထဲက ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းကို ဖော်ပြနိုင်သော သီချင်းတစ်ပုဒ်ကို သီဆိုနိုင်သည်။ ယင်းကို လူသားမျိုးနွယ်အတွက်၊ သူကိုယ်တိုင် အတွက်နှင့် အရာခပ်သိမ်းအတွက် သူသီဆိုနိုင်သည်။ ဘုရားသခင်၏ ပျော်ရွှင်ခြင်းကို မည်သည့်နည်းလမ်းနှင့်မဆို ဖော်ပြနိုင်သည်- ဘုရားသခင်သည် ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်း ရှိပြီး သူ၏ခံစားချက် အမျိုးမျိုးကို နည်းအမျိုးမျိုးနှင့် ဖော်ပြနိုင်သောကြောင့် ဤအရာ အားလုံးသည် ပုံမှန်ဖြစ်၏။ ဤသည်မှာ သူ၏အခွင့်အရေးဖြစ်ပြီး မည်သည့်အရာမျှ သာ၍ ပုံမှန်မဖြစ်နိုင်သကဲ့သို့ သာ၍ မသင့်တော်နိုင်ပေ။ လူတို့သည် ယင်းနှင့် သက်ဆိုင်၍ အခြားမည်သည့်အရာကိုမျှ မစဉ်းစားသင့်ပေ။ သင်တို့သည် ဘုရားသခင်အား ဤအရာ ထိုအရာကို မလုပ်ဆောင်သင့်၊ သူသည် ဤနည်းလမ်း ထိုနည်းလမ်းဖြင့် မလုပ်ဆောင်သင့်ဟု ပြောရင်း၊ ဘုရားသခင်အပေါ် “သတ္တုကွင်းတင်းကျပ်စေသောမန္တန်”က ကို အသုံးပြုရန် မကြိုးစားသင့်သကဲ့သို့၊ ဤနည်းဖြင့် သူ့ထံတွင် ရှိကောင်းရှိမည့် ပျော်ရွှင်မှု သို့မဟုတ် မည်သည့်ခံစားချက်ကို မဆို ကန့်သတ်ဖို့ မကြိုးစားသင့်ပေ။ လူတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင် မပျော်ရွှင်နိုင်ပေ၊ သူသည် မျက်ရည်ကျ၍မရပေ၊ သူငို၍မရပေ- မည်သည့်စိတ်ခံစားမှုမျှ သူ ဖော်ပြ၍မရပေ။ ဤမိတ်သဟာယ နှစ်ခုအတွင်း ငါတို့ ဆွေးနွေးကြပြီးဖြစ်သည့် အရာမှတစ်ဆင့်၊ ဘုရားသခင်ကို သင်တို့ ဤပုံစံဖြင့် မြင်လိမ့်မည်မဟုတ်တော့ဘဲ၊ ဘုရားသခင်ကို လွတ်လပ်မှုနှင့် လွတ်မြောက်မှုအချို့ကို ရရှိရန် အခွင့်ပေးလိမ့်မည်ဟု ငါယုံကြည်သည်။ ဤသည်မှာ အလွန်ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်။ အနာဂတ်တွင် သူဝမ်းနည်းနေကြောင်းကို သင်တို့ ကြားသောအခါတွင်၊ သင်တို့သည် ဘုရားသခင်၏ ဝမ်းနည်းခြင်းကို အမှန်တကယ် ခံစားနိုင်ပါက၊ ပြီးလျှင် သူပျော်ရွှင်နေကြောင်း သင်တို့ ကြားရသောအခါတွင်၊ သင်တို့သည် သူ၏ပျော်ရွှင်ခြင်းကို အမှန်တကယ် ခံစားနိုင်ပါက၊ အနည်းဆုံး သင်တို့သည် ဘုရားသခင်ကို မည်သည့်အရာက ပျော်ရွှင်စေပြီး မည်သည့်အရာက ဝမ်းနည်းစေသည်ကို ရှင်းရှင်းလင်းလင်း သိရှိကာ နားလည်နိုင်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်က ဝမ်းနည်းသောကြောင့် သင်သည် ဝမ်းနည်းခြင်းကို ခံစားနိုင်ပြီး ဘုရားသခင်က ပျော်ရွှင်သောကြောင့် သင်ပျော်ရွှင်လျှင်၊ သူသည် သင်၏နှလုံးသားကို အပြည့်အဝရရှိပြီးဖြစ်မည်ဖြစ်ကာ၊ သင်နှင့် သူ၏အကြားတွင် မည်သည့်အတားအဆီးမျှ ရှိမည် မဟုတ်တော့ပေ။ သင်သည် လူသား၏ စိတ်ကူးစိတ်သန်းများ၊ အယူအဆများနှင့် အသိပညာတို့ဖြင့် ဘုရားသခင်ကို ကန့်သတ်ရန် ကြိုးစားမည်မဟုတ်တော့ချေ။ ထိုအချိန်တွင် ဘုရားသခင်သည် သင်၏ စိတ်နှလုံးထဲ၌ အသက်ရှင်ပြီး အထင်းသားဖြစ်နေပါလိမ့်မည်။ သူသည် သင့်ဘဝ၏ ဘုရားသခင်ဖြစ်ပြီး သင်နှင့်ပတ်သက်သည့် အရာရာတိုင်း၏ အရှင်သခင်ဖြစ်လိမ့်မည်။ သင်သည် ဤပြင်းပြသော စိတ်ဆန္ဒမျိုး ရှိပါသလော။ ဤအရာကို သင် စွမ်းဆောင် ရရှိနိုင်သည်ဟု သင် စိတ်ချယုံကြည်ပါသလော။

ဆက်လက်၍ ကျမ်းစာမှ အောက်ပါ ကျမ်းပိုဒ်များကို ဖတ်ကြစို့။

၆။ တောင်ပေါ်ဒေသနာ

မင်္ဂလာတရားတော်များ (ရှင်မဿဲ ၅:၃-၁၂)

ဆားနှင့်အလင်း (ရှင်မဿဲ ၅:၁၃-၁၆)

ပညတ်တော် (ရှင်မဿဲ ၅:၁၇-၂၀)

အမျက်ဒေါသ (ရှင်မဿဲ ၅:၂၁-၂၆)

လိင်မှုကိစ္စဖောက်ပြန်ခြင်း (ရှင်မဿဲ ၅:၂၇-၃၀)

ကွာရှင်းခြင်း (ရှင်မဿဲ ၅:၃၁-၃၂)

ကျိန်ဆိုခြင်း (ရှင်မဿဲ ၅:၃၃-၃၇)

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး (ရှင်မဿဲ ၅:၃၈-၄၂)

ရန်သူကိုချစ်ပါ (ရှင်မဿဲ ၅:၄၃-၄၈)

ပေးကမ်းခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်ချက် (ရှင်မဿဲ ၆:၁-၄)

ဆုတောင်းခြင်း (ရှင်မဿဲ ၆:၅-၈)

၇။ သခင်ယေရှု၏ ပုံဥပမာများ

မျိုးစေ့ကြဲသူ ပုံဥပမာ (ရှင်မဿဲ ၁၃:၁-၉)

တောပင်များ ပုံဥပမာ (ရှင်မဿဲ ၁၂:၂၄-၃၀)

မုန်ညင်းစေ့ ပုံဥပမာ (ရှင်မဿဲ ၁၃:၃၁-၃၂)

တဆေး ပုံဥပမာ (ရှင်မဿဲ ၁၃:၃၃)

တောပင်များ ပုံဥပမာကို ရှင်းပြထားခြင်း (ရှင်မဿဲ ၁၃:၃၆-၄၃)

ဘဏ္ဍာနှင့်သက်ဆိုင်သော ပုံဥပမာ (ရှင်မဿဲ ၁၃:၄၄)

ပုလဲ ပုံဥပမာ (ရှင်မဿဲ ၁၃:၄၅-၄၆)

ပိုက်ကွန် ပုံဥပမာ (ရှင်မဿဲ ၁၃:၄၇-၅၀)

၈။ ပညတ်ချက်များ

ရှင်မဿဲ ၂၂:၃၇-၃၉ ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။

“တောင်ပေါ်ဒေသနာ”၏ အမျိုးမျိုးသော အစိတ်အပိုင်း တစ်ခုစီကို အရင်ကြည့်ကြစို့။ ဤအမျိုးမျိုးသော အစိတ်အပိုင်းများက မည်သည့်အရာကို ထည့်သွင်း ဖော်ပြပါသနည်း။ ဤအမျိုးမျိုးသော အစိတ်အပိုင်းများ၏ ပါဝင်သည့်အကြောင်းအရာများမှာ သာ၍ တိုးမြှင့်ထားသည်၊ သာ၍ ခိုင်မာသကဲ့သို့၊ ပညတ်တော်ခေတ်၏ စည်းမျဉ်းများထက် လူတို့၏ ဘဝများနှင့် သာ၍ နီးစပ်သည်ဟု သေချာပေါက် ဆိုနိုင်သည်။ ခေတ်သစ်စကားနှင့်ပြောရလျှင် ဤအရာများသည် လူတို့၏ တကယ့် လက်တွေ့လုပ်ဆောင်မှုများနှင့် သာ၍ ဆီလျော်ပေသည်။

အောက်ပါ တိကျသော အကြောင်းအရာတို့ကို ဖတ်ကြစို့- မင်္ဂလာတရားတော်တို့ကို သင်မည်ကဲ့သို့နားလည်သင့်သနည်း။ ပညတ်တော်နှင့်ပတ်သက်၍ မည်သည့်အရာကို သင် သိသင့်သနည်း။ အမျက်ဒေါသကို မည်သို့အဓိပ္ပာယ် ဖွင့်သင့်သနည်း။ လိင်မှုကိစ္စဖောက်ပြန်သူများကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ ကွာရှင်းမှုနှင့် ပတ်သက်၍ မည်သို့ ပြောဆိုသင့်ပြီး ယင်းနှင့်ပတ်သက်၍ မည်သည့် စည်းမျဉ်းများရှိသနည်း။ မည်သူသည် ကွာရှင်း၍ရပြီး မည်သူသည် ကွာရှင်း၍မရသနည်း။ ကျိန်ဆိုခြင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ ရန်သူကိုချစ်လော့၊ ပေးကမ်းရက်ရောခြင်းအကြောင်းရော မည်သို့နည်း။ စသဖြင့် ဖြစ်သည်။ ဤအရာအားလုံးသည် ဘုရားသခင်၌ လူသားမျိုးနွယ်၏ ယုံကြည်မှုနှင့်သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှုနှင့် ဘုရားနောက်လိုက်ခြင်းနှင့် သက်ဆိုင်သည့် သွင်ပြင်လက္ခဏာတိုင်းနှင့် ဆက်နွှယ်သည်။ ဤလက်တွေ့လုပ်ဆောင်မှုများထဲမှ အချို့သည် လူတို့၏ လက်ရှိလိုအပ်သည့်အရာထက် သာ၍မလေးနက်သော်လည်း၊ ယနေ့အထိ အပ်စပ်မှုရှိသေးပေသည်- ယင်းတို့သည် ဘုရားသခင်၌ လူတို့၏ ယုံကြည်မှုတွင် ၎င်းတို့ကြုံတွေ့ရသည့် အတော်အတန် အခြေခံကျသော သမ္မာတရားများဖြစ်၏။ သခင်ယေရှုက အမှုအစပြုသည့်အချိန်မှစ၍၊ သူသည် လူသား၏ အသက်စိတ်သဘောထားအပေါ် အမှုပြုရန် စတင်နှင့် နေခဲ့သော်လည်း၊ သူ၏ အမှုနှင့်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာများမှာ ပညတ်တော်တို့၏ အခြေခံအုတ်မြစ်ပေါ်တွင် အခြေခံထားသည်။ ဤအကြောင်းအရာများနှင့်ပတ်သက်သည့် စည်းမျဉ်းများနှင့် စကားပြောဆိုသည့်နည်းလမ်းတို့သည် သမ္မာတရားနှင့် ပတ်သက်မှု တစ်ခုတစ်‌လေရှိပါသလော။ အမှန်ရှိပေ၏။ ယခင်က စည်းမျဉ်းများနှင့် အခြေခံသဘောတရားများအပြင် ကျေးဇူးတော်ခေတ်က ဤဒေသနာများသည် ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့နှင့် သမ္မာတရားနှင့်လည်း အမှန် ဆက်နွှယ်ပေသည်။ ဘုရားသခင်က မည်သည့်အရာကို ဖော်ပြသည်ဖြစ်စေ၊ မည်သည့် ဖော်ပြမှုပုံစံ သို့မဟုတ် ဘာသာစကားကို အသုံးပြုသည်ဖြစ်စေ၊ သူ ဖော်ပြသော အရာအားလုံးသည် သူ၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့နှင့် သက်ဆိုင်သည့် အခြေခံသဘောတရားထဲတွင် ၎င်းတို့၏ အခြေခံအုတ်မြစ်၊ မူလဇာစ်မြစ်နှင့် စမှတ်တို့ ရှိကြလေသည်။ ဤသည်မှာ လုံးဝ မှန်ကန်ပေသည်။ ထို့ကြောင့် ယခု သူပြောသော ဤအရာများသည် အနည်းငယ် မလေးနက်ဟု ထင်ရသော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန်နှင့် ၎င်းတို့၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု ရရှိရန်အလို့ငှာ ကျေးဇူးတော်ခေတ်၌ရှိသော လူတို့အတွက် မရှိမဖြစ်သော အရာများဖြစ်သောကြောင့် သမ္မာတရားမဟုတ်ဟု သင်မပြောနိုင်သေးပေ။ ဤဒေသနာများ ထဲမှ တစ်ခုတစ်လေသည် သမ္မာတရားနှင့် ကိုက်ညီခြင်းမရှိဟု သင်ပြောနိုင်သလော။ မပြောနိုင်ပေ။ ၎င်းတို့သည် လူသားမျိုးနွယ်နှင့်သက်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များဖြစ်သောကြောင့် ထိုဒေသနာတစ်ခုစီတိုင်းက သမ္မာတရားဖြစ်၏။ ထိုဒေသနာများသည် တစ်ဦးတစ်ယောက်အား မိမိကိုယ်ကိုယ် မည်သို့ ပြုမူနေထိုင်ရမည်ကို ပြသသည့် ဘုရားသခင်ပေးသော အခြေခံသဘောတရားများနှင့် နယ်ပယ်တစ်ခု ဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုလေသည်။ သို့သော်လည်း ထိုအချိန်က အသက်တာ၌ ၎င်းတို့၏ကြီးထွားမှု အဆင့်အပေါ် အခြေခံ၍ ဤအရာများသည် ၎င်းတို့ လက်ခံနိုင်ကာ သဘောပေါက်နိုင်သည့်အရာများသာ ဖြစ်သည်။ လူသားမျိုးနွယ်၏အပြစ်သည် ဖြေရှင်းမခံခဲ့ရသေးသောကြောင့်၊ ဤအရာများသာ သခင်ယေရှု ထုတ်ပြန်နိုင်ခဲ့သည့် နှုတ်ကပတ်တော်များ ဖြစ်ပြီး၊ ထိုအချိန်က လူတို့ကို ၎င်းတို့ မည်သို့ပြုမူသင့်သည်၊ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သင့်သည်၊ အမှုအရာများကို မည်သည့် အခြေခံသဘောတရားများနှင့် နယ်ပယ်အတွင်း ၎င်းတို့ လုပ်ဆောင်သင့်သည်ဆိုသည်နှင့် ဘုရားသခင်ကို ၎င်းတို့ မည်သို့ ယုံကြည်သင့်ပြီး သူ၏ သတ်မှတ်ချက်များကို မည်သို့ ပြည့်မီသင့်သည်ဆိုသည်တို့ကို ပြောပြရန် ဤနယ်ပယ်မျိုး အတွင်း၌ရှိသော ရိုးရှင်းသည့် သွန်သင်မှုတို့ကိုသာ သူ အသုံးပြုနိုင်ခဲ့လေသည်။ ဤအရာအားလုံးကို ထိုအချိန်က လူသားမျိုးနွယ်၏ ဝိညာဉ်ရင့်ကျက်မှုအပေါ် အခြေခံ၍ ချမှတ်ထားပေသည်။ ပညတ်တော်အောက်တွင် အသက်ရှင် နေကြသော လူတို့အတွက် ဤသွန်သင်မှုတို့ကို လက်ခံရန် မလွယ်ကူခဲ့ပေ၊ ထို့ကြောင့် သခင်ယေရှု သွန်သင်ခဲ့သော အရာသည် ဤနယ်ပယ်အတွင်း၌သာ ရှိခဲ့ရပေသည်။

ဆက်လက်၍၊ “သခင်ယေရှု၏ ပုံဥပမာများ” ၏ အမျိုးမျိုးသော ပါဝင်သည့်အကြောင်းအရာများကို တစ်ချက် ကြည့်ကြစို့။

ပထမတစ်ခုသည် မျိုးစေ့ကြဲသူ ပုံဥပမာဖြစ်သည်။ ဤသည်မှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းသော ပုံဥပမာတစ်ခု ဖြစ်သည်။ မျိုးစေ့များကြဲခြင်းသည် လူတို့၏ဘဝများတွင် ပြုလုပ်နေကျ အဖြစ်အပျက်ဖြစ်သည်။ ဒုတိယမှာ တောပင်များ ပုံဥပမာဖြစ်သည်။ တောပင်များက မည်သည့်အရာများ ဖြစ်သည်ကို ကောက်ပဲသီးနှံများ စိုက်ပျိုးသောသူ ဘယ်သူမဆိုနှင့် လူကြီးသူမများက သေချာပေါက် သိကြပါလိမ့်မည်။ တတိယမှာ မုန်ညင်းစေ့ ပုံဥပမာဖြစ်သည်။ မုန်ညင်းက မည်သည့်အရာဖြစ်သည်ကို သင်တို့အားလုံး သိသည်မဟုတ်လော။ သင်တို့ မသိပါက၊ သမ္မာကျမ်း၌ တစ်ချက်ကြည့်နိုင်သည်။ စတုတ္ထပုံဥပမာမှာ တဆေး ပုံဥပမာဖြစ်သည်။ ယခုတွင် လူအများစုက တဆေးဆိုသည်မှာ အချဉ်ဖောက်ခြင်းအတွက် အသုံးပြုပြီး ယင်းမှာ လူတို့က ၎င်းတို့၏နေ့စဉ်ဘဝများတွင် အသုံးပြုသောအရာ ဖြစ်သည်ကို သိကြပေသည်။ ခြောက်ခုမြောက်ဖြစ်သည့် ဘဏ္ဍာ ပုံဥပမာ၊ ခုနှစ်ခုမြောက်ဖြစ်သော ပုလဲ ပုံဥပမာ၊ ရှစ်ခုမြောက်ဖြစ်သော ပိုက်ကွန် ပုံဥပမာတို့ အပါအဝင် နောက်ထပ် ပုံဥပမာများ အားလုံးသည် လူတို့၏ တကယ့်ဘဝများမှ ထုတ်နုတ်ကာ အရင်းခံထားခြင်းဖြစ်သည်။ ဤပုံဥပမာများသည် မည်သည့် အခြေအနေမျိုးကို ပုံဖော်သနည်း။ ယင်းမှာ ဘုရားသခင်က လူသားများနှင့် ဆက်သွယ် ပြောဆိုရန်နှင့် ၎င်းတို့ လိုအပ်သည့်အရာဖြင့် ၎င်းတို့ကို ထောက်ပံ့ပေးဖို့ အသက်၏ ဘာသာစကား၊ လူသား ဘာသာစကားကို အသုံးပြုရင်း၊ ပုံမှန်လူတစ်ဦး ဖြစ်လာခြင်းနှင့် လူသားမျိုးနွယ်နှင့်အတူ အသက်ရှင်နေထိုင်ခြင်း အခြေအနေတစ်ခု ဖြစ်သည်။ ဘုရားသခင်က လူ့ဇာတိခံယူပြီး လူသားမျိုးနွယ်အလယ် အချိန်ကြာမြင့်စွာ အသက်ရှင်ခဲ့ချိန်တွင်၊ လူတို့၏ အမျိုးမျိုးသော ဘဝနေမှုပုံစံများကို ကြုံတွေ့ခံစားကာ မျက်မြင် တွေ့ခဲ့ပြီးသည့်နောက်၊ ဤအတွေ့အကြုံများသည် သူ၏ ဘုရားဘာသာစကားကို လူသားဘာသာစကားသို့ ကူးပြောင်းသည့် သူ၏ သင်ကြားမှု ကုန်ကြမ်းများ ဖြစ်လာခဲ့သည်။ ဟုတ်ပေ၏၊ ဘဝတွင် သူမြင်ခဲ့ပြီး ကြားခဲ့ရသော ဤအရာများသည် လူသား၏လူ့အတွေ့အကြုံကိုလည်း ကြွယ်ဝ စေခဲ့သည်။ သမ္မာတရားအချို့ကို လူတို့အား သူ နားလည်စေလိုခဲ့ချိန်တွင်၊ ဘုရားသခင်၏ အလိုတော် အချို့ကို နားလည်စေလိုခဲ့ချိန်တွင်၊ ဘုရားသခင်၏ အလိုတော်နှင့် လူသားမျိုးနွယ်နှင့်သက်ဆိုင်သည့် သူ၏ သတ်မှတ်ချက်များ အကြောင်းကို လူတို့အား ပြောပြရန် အထက်ကအရာများနှင့် ဆင်တူသော ပုံဥပမာတို့ကို သူအသုံးပြုနိုင်ခဲ့သည်။ ဤပုံဥပမာများ အားလုံးသည် လူတို့၏ အသက်တာများနှင့် ဆက်နွှယ်နေခဲ့သည်။ လူသား၏ ဘဝများနှင့် မသက်ဆိုင်သော အရာတစ်ခုမျှ မရှိခဲ့ပေ။ သခင်ယေရှုသည် လူသားမျိုးနွယ်နှင့် အတူ အသက်ရှင်ခဲ့ချိန်တွင်၊ လယ်သမားများက ၎င်းတို့၏ လယ်ကွင်းများအား ထိန်းကျောင်းနေသည်ကို သူမြင်ခဲ့ပြီး၊ တောပင်များက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် တဆေးက မည်သည့်အရာ ဖြစ်သည်ဆိုသည်ကို သူသိခဲ့သည်။ လူသားတို့က ဘဏ္ဍာအား ကြိုက်နှစ်သက်သည်ကိုလည်း နားလည်ခဲ့သည်၊ ထို့ကြောင့် ဘဏ္ဍာနှင့် ပုလဲနှစ်ခုလုံးနှင့်ဆိုင်သည့် တင်စားမှုများကို သူ အသုံးပြုခဲ့သည်။ ဘဝတွင်၊ ငါးဖမ်းသမားများက ၎င်းတို့၏ ပိုက်ကွန်များ ပစ်နေကြခြင်းကို သူ မကြာခဏ တွေ့ခဲ့ရသည်။ သခင်ယေရှုသည် လူ့ဘဝနှင့်ဆက်နွှယ်သည့် ဤအရာနှင့် အခြားသော လှုပ်ရှားမှုများကို မကြာခဏ မြင်တွေ့ခဲ့ရပြီး၊ ထိုသို့သော ဘဝမျိုးကိုလည်း သူ ကြုံတွေ့ခဲ့ရသည်။ အခြားပုံမှန် လူသားတိုင်းကဲ့သို့ပင်၊ သူသည် လူသားတို့၏ နေ့စဉ် လုပ်ရိုးလုပ်စဉ်များနှင့် ၎င်းတို့၏ တစ်ရက်သုံးနပ် စားခြင်းကို ကြုံတွေ့ခဲ့ရသည်။ သူသည် သာမန်လူတစ်ဦး၏ ဘဝကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရပြီး၊ အခြားသူတို့၏ဘဝများကို စောင့်ကြည့်လေ့လာခဲ့ရသည်။ ဤအရာအားလုံးကို သူ စောင့်ကြည့်လေ့လာပြီး မျက်မြင်ကြုံတွေ့ခဲ့ချိန်တွင်၊ သူတွေးခဲ့သည့်အရာမှာ ကောင်းမွန်သောဘဝကို မည်သို့ ရရှိရမည်၊ သို့မဟုတ် သာ၍ လွတ်လပ်စွာနှင့် သာ၍ သက်သောင့်သက်သာရှိစွာ မည်ကဲ့သို့နေထိုင်နိုင်ရမည် ဆိုသည်တို့ မဟုတ်ခဲ့ပေ။ ယင်းအစား စစ်မှန်သော လူသားဘဝနှင့်သက်ဆိုင်သည့် သူ၏ အတွေ့အကြုံများမှ သခင်ယေရှုက လူတို့၏ဘဝများထဲက အခက်အခဲများကို မြင်ခဲ့သည်။ စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်နေပြီး၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းအောက် အပြစ်တရားနှင့် ဆိုင်သည့် အသက်တာတစ်ခုကို အသက်ရှင်နေသည့် လူတို့၏ အခက်အခဲ၊ စိတ်ဆင်းရဲခြင်းနှင့် ဝမ်းနည်းခြင်းမှုတို့ကို သူ မြင်ခဲ့သည်။ သူသည် လူသားဘဝကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့နေစဉ်တွင်၊ ဖောက်ပြန်ပျက်စီးခြင်းအလယ် အသက်ရှင် နေခဲ့ကြသည့် လူတို့ မည်မျှ အကူအညီမဲ့နေသည်ကိုလည်း သူ ကြုံတွေ့ခဲ့ရပြီး၊ အပြစ်တရား၌ အသက်ရှင်သောသူ၊ စာတန်နှင့် ဆိုးယုတ်ခြင်းတို့အားဖြင့် ၎င်းတို့ ခံခဲ့ရသော ညှဉ်းဆဲမှုအလယ် ဦးတည်ချက်အားလုံး ပျောက်ဆုံးနေသည့် လူသားများ၏ အလွန်စိတ်ပျက်စရာကောင်းသော အခြေအနေများကို သူ မြင်ကာ တွေ့ကြုံခဲ့ရသည်။ ဤအရာများကို သခင်ယေရှု မြင်ခဲ့ချိန်တွင်၊ ယင်းတို့ကို သူ၏ ဘုရားသဘောသဘာဝဖြင့် မြင်ခဲ့သလော သို့မဟုတ် သူ၏ လူ့သဘာဝဖြင့် မြင်ခဲ့သလော။ သူ၏ လူ့သဘာဝသည် အမှန်တကယ် တည်ရှိခဲ့ပြီး၊ အလွန် အသက်ရှင်ခဲ့သည်။ သူသည် ဤအရာအားလုံးကို ကြုံတွေ့ပြီး မြင်တွေ့နိုင်ခဲ့သည်။ သို့သော် သူသည် ဤအရာအားလုံးကို သူ၏ ဘုရားသဘာဝဖြစ်သည့် သူ၏ အနှစ်သာရဖြင့်လည်း တွေ့မြင်ခဲ့သည်မှာ မှန်ပေ၏။ ယင်းမှာ၊ လူသားတစ်ဦး ဖြစ်ခဲ့သော သခင်ယေရှု၊ ခရစ်တော်ကိုယ်တိုင်က ဤအရာကို မြင်ခဲ့ပြီး၊ သူမြင်ခဲ့သောအရာတိုင်းက လူ့ဇာတိ၌ သူ အသက်ရှင် ခဲ့သည့် ဤအချိန်အတောအတွင်းတွင် သူ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည့် အမှု၏ အရေးကြီးမှုနှင့် လိုအပ်မှုကို သူ့အား ခံစားစေခဲ့သည်။ လူ့ဇာတိ၌ သူ ဆောင်ရွက်ဖို့ လိုအပ်သည့် တာဝန်ဝတ္တရားက အလွန်ကြီးမားသည်ကို သူ ကိုယ်တော်တိုင် သိခဲ့ပြီး၊ သူရင်ဆိုင်ရမည့် နာကျင်မှုက မည်မျှ ရက်စက်မည် ဆိုသည်ကို သူသိခဲ့သော်လည်း၊ အပြစ်တရား၌ လူသားမျိုးနွယ် ကူကယ်ရာမဲ့ဖြစ်သည်ကို သူ မြင်ခဲ့ချိန်၊ ၎င်းတို့ဘဝများ၏ စိတ်ဆင်းရဲမှုနှင့် ပညတ်တော်အောက်၌ ၎င်းတို့၏ အားနည်းသော ရုန်းကန်မှုကို သူမြင်ခဲ့ချိန်တွင်၊ ပိုပိုပြီး ဝမ်းနည်းခြင်းကို သူခံစားခဲ့ရပြီး လူသားမျိုးနွယ်ကို အပြစ်တရားမှကယ်တင်ရန် ပိုပိုပြီး ဆန္ဒစောလျက်ရှိသည်။ မည်သည့် အခက်အခဲမျိုးများကို သူ ရင်ဆိုင်ရသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် နာကျင်မှုမျိုးကို သူခံစားရသည်ဖြစ်စေ၊ သူသည် အပြစ်တရား၌ အသက်ရှင်နေသော လူသားမျိုးနွယ်ကို ရွေးနုတ်ရန် တိုး၍ တိုး၍ စိတ်ဆုံးဖြတ်လာသည်။ ဤဖြစ်စဉ် အတောအတွင်းတွင်၊ သခင်ယေရှုသည် သူလုပ်ဆောင်ဖို့ လိုအပ်သည့်အမှုနှင့် သူ့ကို တာဝန်ပေး စေခိုင်းထားသော အရာကို ပို၍ပို၍ ရှင်းရှင်းလင်းလင်း စတင်နားလည်ခဲ့သည်ဟု သင် ဆိုနိုင်သည်။ လူသားမျိုးနွယ်အားလုံး၏ အပြစ်များကို ဆောင်ယူရန်၊ အပြစ်တွင် ၎င်းတို့ အသက်မရှင်ကြတော့ရန်နှင့် တစ်ချိန်တည်းတွင် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် ဆိုင်သည့် သူ၏အမှုကို နောက်ထပ် ဆက်လက် လုပ်ဆောင်ခွင့်ပေးရင်း၊ အပြစ်ဖြေရာယဇ်ကြောင့် ဘုရားသခင်က လူသား၏ အပြစ်များကို ခွင့်လွှတ်နိုင်ရန်အလို့ငှာ လူသားမျိုးနွယ်အတွက် အပြစ်ဖြေဖို့- ဖြစ်သည့် သူလက်ခံရမည့် အမှုတော်ကို ပြည့်စုံစေဖို့ သူသည် တိုး၍တိုး၍ စိတ်ထက်သန်လာခဲ့သည်။ သခင်ယေရှု၏ နှလုံးသားထဲ၌ သူသည် လူသားမျိုးနွယ်အတွက် သူ့ကိုယ်သူ ပူဇော်ရန်၊ သူ့ကိုယ်သူ ယဇ်ပူဇော်ရန် လိုလားနေခဲ့သည်ဟု ပြော၍ရသည်။ သူသည် အပြစ်ဖြေရာယဇ်အဖြစ် ပြုမူရန်၊ လက်ဝါးကားတိုင်တွင် သံမှိုရိုက်ခံရရန်လည်း သူ လိုလားနေခဲ့ပြီး၊ ဧကန်အမှန် သူသည် ဤအမှုကို ပြီးစီးရန် စိတ်ထက်သန်ခဲ့သည်။ သူသည် လူ့ဘဝ၏ စိတ်ဆင်းရဲဖွယ် အခြေအနေများကို မြင်ခဲ့ချိန်တွင်၊ သူသည် သူ၏ စေခိုင်းချက်တာဝန်ကို တစ်မိနစ် သို့မဟုတ် တစ်စက္ကန့်မျှပင် မနှောင့်နှေးဘဲ တတ်နိုင်သမျှ အမြန်ဆုံး ဖြည့်ဆည်းရန် သာ၍ပင် လိုချင်ခဲ့သည်။ ထိုသို့ အလောတကြီး ခံစားရလျက်၊ သူ၏ ကိုယ်ပိုင်နာကျင်မှုက မည်မျှ ကြီးမားမည်ဆိုသည်ကို သူ မတွေးခဲ့သကဲ့သို့၊ အရှက်ရခြင်းမည်မျှ သူတောင့်ခံရမည့် အကြောင်းကို နောက်ထပ် မည်သည့် စိုးရိမ်ကြောင့်ကြမှုမျှ သိုမထားခဲ့ပေ။ သူ၏ စိတ်နှလုံးထဲတွင် ထင်မြင်ယူဆချက် တစ်ခုသာ ကိုင်စွဲခဲ့သည်။ သူ့ကိုယ်သူ ပေးဆပ်သရွေ့၊ အပြစ်ဖြေရာယဇ်တစ်ခုအနေနှင့် သူသည် ကားတိုင်တွင် သံမှိုအရိုက်ခံခဲ့ရသရွေ့၊ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်မည် ဖြစ်ပြီး အမှုတော်သစ်ကို ဘုရားသခင် စတင်နိုင်မည်ဖြစ်သည်။ လူသားမျိုးနွယ်၏ ဘဝနှင့် အပြစ်ထဲ၌ရှိသော ၎င်းတို့၏ တည်ရှိမှုအခြေအနေသည် လုံးဝ ပြောင်းလဲသွားခဲ့သည်။ သူ၏ ထင်မြင်ယူဆချက်နှင့် လုပ်ဆောင်ရန် သူ စိတ်ပိုင်းဖြတ်ထားခဲ့သောအရာသည် လူသားကို ကယ်တင်ခြင်းနှင့် ဆက်စပ်ခဲ့ပြီး၊ သူသည် ရည်မှန်းချက်တစ်ခုသာရှိခဲ့သည်၊ ယင်းမှာ ဘုရားသခင်က သူ၏ အမှုနှင့် သက်ဆိုင်သည့် နောက်တစ်ဆင့်ကို အောင်မြင်စွာ စတင်နိုင်ဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ဖို့ဖြစ်သည်။ ဤသည်မှာ ထိုအချိန်က သခင်ယေရှု၏ စိတ်ထဲတွင် ရှိခဲ့သော အရာ ဖြစ်သည်။

လူ့ဇာတိ၌ အသက်ရှင်ရင်း လူ့ဇာတိခံ ဘုရားသခင်သည် ပုံမှန် လူ့သဘာဝကို ပိုင်ဆိုင်သည်။ ပုံမှန်လူတစ်ဦး၏ စိတ်ခံစားမှုများနှင့် ဆင်ခြင်တုံတရားတို့ရှိခဲ့သည်။ ပျော်ရွှင်ခြင်းက မည်သည့်အရာဖြစ်သည်၊ နာကျင်ခြင်းက မည်သည့်အရာဖြစ်သည်ကို သူသိခဲ့ပြီး၊ လူသားမျိုးနွယ်က ဤဘဝမျိုးတွင် အသက်ရှင်နေကြသည်ကို သူမြင်သောအခါ၊ လူတို့ကို သင်ကြားမှုအချို့ကို ပေးခြင်း၊ ၎င်းတို့ကို တစ်စုံတစ်ရာ ထောက်ပံ့ပေးခြင်း သို့မဟုတ် ၎င်းတို့ကို တစ်စုံတစ်ရာ သွန်သင်ပေးခြင်းမျှသည် ၎င်းတို့ကို အပြစ်တရားမှ ခေါ်ထုတ်သွားဖို့ လုံလောက်မည်မဟုတ်သည်ကို သူ အလွန်အမင်း ခံစားခဲ့ရသည်။ ၎င်းတို့ကို ပညတ်ချက်များအား နာခံစေခြင်းမျှသည် ၎င်းတို့အား အပြစ်မှ မရွေးနုတ်ပေ- လူသားမျိုးနွယ်၏ အပြစ်တရားကို သူယူဆောင်ပြီး၊ အပြစ်နှင့်ပြည့်သော လူ့ဇာတိ၏ ပုံသဏ္ဌာန် ဖြစ်လာခဲ့ချိန်တွင်သာ၊ အတုံ့အလှည့်အနေဖြင့် လူသားမျိုးနွယ်၏ လွတ်လပ်ခြင်းနှင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ရရှိနိုင်ခဲ့သည်။ ထို့ကြောင့် သခင်ယေရှုက အပြစ်၌ရှိသည့် လူတို့၏ ဘဝများကို ကြုံတွေ့ခဲ့ပြီး မျက်မြင်တွေ့ခဲ့ပြီးသည့်နောက်တွင်၊ သူ၏ စိတ်နှလုံးထဲ၌ ပြင်းထန်သော ဆန္ဒတစ်ခု ပေါ်လွင်လာခဲ့သည်- အပြစ်တရား၌ ရုန်းကန်လျက်ရှိသော ၎င်းတို့၏ ဘဝတို့မှ လူသားများကို ၎င်းတို့ဘာသာ လွတ်မြောက်ခွင့်ပေးဖို့ ဖြစ်သည်။ ဤဆန္ဒသည် သူ့ကို ဖြစ်နိုင်သမျှ မြန်နိုင်သမျှ လက်ဝါးကပ်တိုင်ကိုသွားပြီး လူသားမျိုးနွယ်၏အပြစ်ကို ယူဆောင်ရမည်ဟု ပို၍ပို၍ ခံစားရစေသည်။ ဤအရာတို့သည် လူတို့နှင့် အတူ သူ အသက်ရှင်နေထိုင်ပြီး အပြစ်တရား၌ရှိသော သူတို့ဘဝများ၏ စိတ်ဆင်းရဲမှုတို့ကို မြင်ပြီး၊ ကြားပြီး ခံစားရပြီးနောက်မှာ ထိုအချိန်မှာ ရှိသော သခင်ယေရှု၏ အတွေးတို့ဖြစ်သည်။ လူ့ဇာတိခံယူသောဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ဤကဲ့သို့အလိုတော်မျိုးကို ရှိနိုင်သည်ဆိုသည်နှင့်၊ ဤကဲ့သို့ စိတ်သဘောထားမျိုးကို သူဖော်ပြပြီး ဖွင့်ပြနိုင်သည်ဆိုသည်မှာ၊ သာမန် လူတစ်ယောက်၌ ရှိနိုင်သော အရာတစ်ခုလော။ သာမန် လူတစ်ယောက်က ဤကဲ့သို့ပတ်ဝန်းကျင်မျိုးမှာ အသက်ရှင် နေထိုင်ခြင်းကို မည်ကဲ့သို့မြင်မည်နည်း။ သူတို့ ဘာကို တွေးမည်နည်း။ သာမန်လူတစ်ယောက်က ၎င်းတို့ အားလုံးကို ရင်ဆိုင်ရလျှင်၊ ပြဿနာတို့ကို မြင့်မားသော ရှုထောင့်တို့မှ ကြည့်မည်လော။ လုံးဝ မဟုတ်ပေ။ လူ့ဇာတိခံ ဘုရားသခင်၏ အပြင်ပန်း အသွင်အပြင်သည် လူသားတစ်ယောက်နှင့် အတိအကျ တူသော်လည်း၊ သူသည် လူသား၏ အသိပညာကို လေ့လာသင်ယူပြီး လူသား၏ ဘာသာစကားကို ပြောသော်လည်း၊ တစ်ခါတစ်ရံ၌ လူသားမျိုးနွယ်၏ကိုယ်ပိုင် နည်းလမ်းများ၊ သို့မဟုတ် စကားပြောပုံများမှတစ်ဆင့် သူ၏ စိတ်ကူးတို့ကိုပင်လျှင် သူဖော်ပြသော်လည်း၊ လူသားတို့နှင့် အမှုအရာတို့၏ အနှစ်သာရကို သူမြင်သောပုံစံသည် ဖောက်ပြန်ပျက်စီးသော လူတို့က လူသားမျိုးနွယ်နှင့် အမှုအရာတို့၏ အနှစ်သာရကို မြင်သောပုံစံနှင့် လုံးဝမတူပေ။ သူ၏ ရှုထောင့်နှင့် သူရပ်တည်သော အမြင့်သည် ဖောက်ပြန်ပျက်စီးသောလူတစ်ယောက် မရရှိနိုင်သော အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် သမ္မာတရားဖြစ်သောကြောင့်၊ သူ ယူတင်ဝတ်ဆင်သော ဇာတိခန္ဓာသည်လည်း ဘုရားသခင်၏ အနှစ်သာရ ပိုင်ဆိုင်ပြီး၊ သူ၏အတွေးများနှင့် သူ၏လူ့သဘာဝက ဖော်ပြသောအရာသည်လည်း သမ္မာတရားဖြစ်သောကြောင့် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူတို့အတွက် ဇာတိခန္ဓာ ထဲ၌ သူဖော်ပြသောအရာသည် သမ္မာတရားနှင့် အသက်၏ ပံ့ပိုးပေးခြင်းများ ဖြစ်သည်။ ဤပံ့ပိုးခြင်းတို့က လူတစ်ယောက် အတွက်သာ မဟုတ်ဘဲ၊ လူသားမျိုးနွယ် အားလုံးအတွက် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော မည်သည့်လူမဆို၏ စိတ်နှလုံးထဲတွင် သူနှင့် ပေါင်းဖော်သော လူ အနည်းငယ်သာ ရှိသည်။ ၎င်းတို့သည် ဤလက်တစ်ဆုပ်စာ လူများအတွက်သာ ဂရုစိုက်ပြီး ပူပန်သည်။ ကပ်ဘေး အလားအလာရှိသောအခါ၊ ၎င်းတို့၏ သားသမီးများ၊ အိမ်ထောင်ဖက်၊ သို့မဟုတ် မိဘတို့ကို ပထမဦးစွာ စဉ်းစားကြသည်။ အဆုံးစွန်အနေဖြင့်၊ သာ၍ သနားကရုဏာနှင့် ပြည့်စုံသောသူက ဆွေမျိုးတချို့၊ သို့မဟုတ် မိတ်ဆွေကောင်းအတွက် အတွေးတချို့ ချန်ထားပေမည်၊ သို့သော် ထိုသို့သော သနားကရုဏာနှင့် ပြည့်စုံသည့်လူ၏ အတွေးများသည် ထို့ထက် တိုးချဲ့ပါသလော။ မည်သည့်အခါမျှ မတိုးချဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် လူသားများသည် အမှန်တွင်တော့ လူသားများဖြစ်ကြပြီး ၎င်းတို့သည် အရာရာတိုင်းကို လူသားတစ်ဦး၏ အမြင့်နှင့် ရှုထောင့်မှသာ ကြည့်နိုင်ကြသောကြောင့် ဖြစ်သည်။ သို့သော် လူ့ဇာတိခံ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးသောလူတစ်ဦးနှင့် လုံးဝ ကွာခြား၏။ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာသည် မည်မျှ သာမန်ဖြစ်ပါစေ၊ ပုံမှန်ဖြစ်ပါစေ၊ မည်မျှ နိမ့်ကျပါစေ၊ သို့မဟုတ် လူတို့က သူ့အပေါ် မည်သည့်စက်ဆုပ်မှုဖြင့် အထင်သေးပါစေ၊ လူသားမျိုးနွယ်အပေါ် သူ၏ အတွေးများနှင့် သဘောထားတို့က မည်သည့်လူသားမျှ မပိုင်ဆိုင်နိုင်သောအရာများ၊ မည်သည့် လူသားမျှ မတုပနိုင်သော အရာများဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ဘုရားသဘောသဘာဝ၏ ရှုထောင့်မှ၊ ဖန်ဆင်းရှင်အနေနှင့် သူ၏နေရာ အမြင့်မှ အမြဲကြည့်ရှု လေ့လာလိမ့်မည်။ သူသည် လူသားမျိုးနွယ်ကို ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်နေစိတ်ထားမှတစ်ဆင့် အမြဲမြင်လိမ့်မည်။ သူသည် လူသားမျိုးနွယ်ကို သာမန် လူတစ်ဦး၏ နိမ့်ကျသော အမြင့်၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသောလူတစ်ဦး၏ ရှုထောင့်မှ လုံးဝ ကြည့်၍မရပေ။ လူတို့က လူသားမျိုးနွယ်ကို ကြည့်သောအခါ၊ လူသားအမြင်ဖြင့် ထိုသို့ကြည့်ကြပြီး၊ လူသား အသိပညာ၊ လူသား စည်းမျဉ်းနှင့် အယူအဆများကဲ့သို့သော အရာတို့ကို ၎င်းတို့၏ အတိုင်းအတာအဖြစ် အသုံးပြုကြသည်။ ဤသည်မှာ လူတို့က ၎င်းတို့၏မျက်လုံးများဖြင့် မြင်နိုင်သော အတိုင်းအတာအတွင်းနှင့် ဖောက်ပြန်ပျက်စီးသော လူတို့ ရရှိနိုင်သော အတိုင်းအတာအတွင်းတွင် ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကြည့်သောအခါ၊ ဘုရား၏ အမြင်ဖြင့် သူကြည့်ပြီး၊ တိုင်းတာချက်တစ်ခုအနေဖြင့် သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို အသုံးပြုသည်။ ဤနယ်ပယ်သည် လူတို့ မမြင်နိုင်သောအရာများ ပါဝင်ပြီး၊ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်နှင့် ဖောက်ပြန်ပျက်စီးသောလူသားတို့ လုံးဝ ကွဲပြားသောနေရာ ဖြစ်သည်။ ဤကွဲပြားမှုကို လူသားနှင့် ဘုရားသခင်၏ မတူညီသော အနှစ်သာရအားဖြင့် သတ်မှတ်ထား၏- ၎င်းတို့၏ ပင်ကိုလက္ခဏာများနှင့် ရာထူးများအပြင် အမှုအရာများကို ၎င်းတို့မြင်သော ရှုထောင့်နှင့် အမြင့်တို့ကို ပိုင်းခြားသတ်မှတ်သည်မှာ ဤမတူညီသော အနှစ်သာရများ ဖြစ်ပေသည်။ သခင်ယေရှု၌ ဘုရားသခင်ကိုယ်တိုင်၏ ဖော်ပြခြင်းနှင့် ဖွင့်ပြခြင်းတို့ကို သင်တို့ မြင်သလော။ သခင်ယေရှုလုပ်ဆောင်ခဲ့ပြီး ပြောခဲ့သောအရာသည် သူ၏ အမှုတော်နှင့် ဘုရားသခင်ကိုယ်တိုင်၏ စီမံခန့်ခွဲခြင်း အမှုနှင့် ဆက်စပ်နေသည်၊ ယင်းသည် ဘုရားသခင်၏ အနှစ်သာရ၏ ဖော်ပြခြင်းနှင့် ဖွင့်ပြခြင်းဖြစ်သည်ဟု သင်တို့ ဆိုနိုင်သည်။ သူသည် လူသား သရုပ်သကန်တစ်ခုရှိခဲ့သော်လည်း၊ သူ၏ ဘုရားအနှစ်သာရနှင့် သူ၏ ဘုရားသဘောသဘာဝနှင့် သက်ဆိုင်သည့် ဖွင့်ပြခြင်းတို့ကို ငြင်း၍မရနိုင်ပေ။ ဤလူသား သရုပ်သကန်သည် အမှန်တကယ် လူ့သဘာဝ၏ သရုပ်သကန် တစ်ခု ဖြစ်ပါသလော။ သူ၏ လူသား သရုပ်သကန်သည် သူ၏ တကယ့် အနှစ်သာရအရ ဖောက်ပြန်ပျက်စီးသော လူတို့၏ လူသား သရုပ်သကန်မှ လုံးဝ ကွာခြားပေသည်။ သခင်ယေရှုသည် လူ့ဇာတိခံ ဘုရားသခင်ဖြစ်ခဲ့၏။ သူသည် ပုံမှန်၊ ဖောက်ပြန်ပျက်စီးသော လူများထဲမှ တစ်ဦး အမှန်တကယ် ဖြစ်ခဲ့ပါက၊ သူသည် အပြစ်ထဲက လူသားမျိုးနွယ်၏ အသက်တာကို ဘုရားသဘောသဘာဝ၏ ရှုထောင့်မှ မြင်နိုင်ခဲ့မည်လော။ လုံးဝ မမြင်နိုင်ပေ။ ဤသည်မှာ လူသားနှင့် ပုံမှန်လူတို့ကြားထဲက ကွာဟချက်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူအားလုံးသည် အပြစ်တရား၌ အသက်ရှင်ကြပြီး၊ တစ်ဦးတစ်ယောက်က အပြစ်ကို မြင်သောအခါတွင်၊ ၎င်းတို့သည် ယင်းနှင့်ပတ်သက်သည့် မည်သည့်သီးသန့်ခံစားချက်မျှ မရှိပေ။ ၎င်းတို့အားလုံးသည် သက်သောင့်သက်သာ မရှိသို့မဟုတ် ညစ်ပတ်သည်ဟု လုံးဝ မခံစားရသည့် ရွှံ့ထဲ၌ အသက်ရှင်နေသော ဝက်တစ်ကောင် ကဲ့သို့ပင် အတူတူဖြစ်သည်- ဆန့်ကျင်ဘက်အနေဖြင့် ယင်းသည် ကောင်းစွာ စားနိုင်ပြီး ကောင်းမွန်စွာ အိပ်နိုင်သည်။ တစ်ဦးတစ်ယောက်က ဝက်ခြံကို သန့်ရှင်းစေလျှင်၊ ဝက်သည် အမှန်တကယ် နေမထိထိုင်မသာ ဖြစ်မည်ဖြစ်ပြီး ၎င်းက သန့်သန့်ရှင်းရှင်း ရှိနေမည် မဟုတ်ပေ။ များမကြာမီတွင် ဝက်သည် ညစ်ပတ်ပေရေသော သတ္တဝါတစ်ကောင် ဖြစ်သောကြောင့်၊ လုံးဝ သက်သောင့်သက်သာဖြစ်လျက်၊ ရွှံ့ထဲတွင် ထပ်လူးနေ လိမ့်မည်ဖြစ်သည်။ လူသားများသည် ဝက်များကို ညစ်ပတ်ပေရေသကဲ့သို့ မြင်ကြသော်လည်း၊ သင်က ဝက် နေသည့်နေရာကို သန့်ရှင်းရေးလုပ်ပေးလျှင်ပင်၊ သူက ပိုပြီး နေ၍ကောင်းသွားမည် မဟုတ်ပေ- ဤသည်မှာ ဝက်ကို မည်သူမျှ ၎င်းတို့၏အိမ်တွင် မထားကြသည့် အကြောင်းရင်း ဖြစ်သည်။ လူသားများနှင့် ဝက်များသည် တစ်မျိုးတစ်စားတည်း မဟုတ်သောကြောင့်၊ ဝက်များကို လူသားများ မြင်သောပုံစံသည် ဝက်တို့က မိမိတို့ကိုယ်ကိုယ် ခံစားကြသည့်ပုံနှင့် အမြဲ ကွာခြားပေလိမ့်မည်။ လူ့ဇာတိခံ လူသားသည် ဖောက်ပြန်ပျက်စီးသော လူသားများနှင့် တူညီသောအမျိုးအစား မဟုတ်သောကြောင့်၊ လူ့ဇာတိခံ ဘုရားသခင်သာ ဘုရားရှုထောင့်ဖြင့်၊ ဘုရားသခင်၏ ချီးမြှောက်မှုတွင်၊ လူသားမျိုးနွယ်နှင့် အရာရာတိုင်းကို သူ မြင်သည့်နေရာမှ ရပ်တည်နိုင်ပေသည်။

ဘုရားသခင်သည် လူ့ဇာတိခံယူပြီး လူသားမျိုးနွယ် အလယ် အသက်ရှင်ချိန်တွင် မည်သည့် ဆင်းရဲဒုက္ခကို တွေ့ကြုံရသနည်း။ ဤဆင်းရဲဒုက္ခသည် မည်သည့်အရာ ဖြစ်သနည်း။ တစ်ဦးတစ်ယောက်က အမှန်တကယ် နားလည်သလော။ လူအချို့က ဘုရားသခင်သည် အလွန် ဆင်းရဲဒုက္ခခံရသည်၊ သူသည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သော်လည်း၊ လူတို့က သူ၏အနှစ်သာရကို နားမလည်ဘဲ၊ သူ့ကို ထိခိုက်နစ်နာကာ မတရားသဖြင့်ခံရသည်ဟု ခံစားစေလျက်၊ သူ့ကို လူတစ်ဦးကဲ့သို့ အမြဲတစေ ဆက်ဆံလေ့ရှိသည်ဟု ဆိုကြသည်- ၎င်းတို့က ဤအကြောင်းရင်းများကြောင့်၊ ဘုရားသခင်၏ ဆင်းရဲဒုက္ခသည် အမှန်တကယ် ကြီးမားသည်ဟု ပြောကြလေသည်။ အခြားလူတို့က ဘုရားသခင်သည် အပြစ်ကင်းစင်ပြီး အပြစ် မရှိသော်လည်း၊ သူသည် လူသားမျိုးနွယ်နည်းတူ ဆင်းရဲဒုက္ခ ခံစားသည်၊ လူသားမျိုးနွယ်နှင့်အတူ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မဟုတ်မမှန်ပြောဆိုခြင်း၊ ဂုဏ်အသရေဖျက်ခံရခြင်းတို့ကို ခံစားရသည်ဟု ပြောကြသည်။ သူ၏ နောက်လိုက်များ၏ အထင်လွဲခြင်းနှင့် မနာခံခြင်းတို့ကိုလည်း သူခံရသည်ဟု ပြောကြသည်- ထို့ကြောင့်၊ ၎င်းတို့က ဘုရားသခင်၏ ဆင်းရဲဒုက္ခ ခံစားရခြင်းသည် အမှန်တကယ် တိုင်းတာ၍ မရနိုင်ဟု ပြောကြသည်။ ယခုတွင် သင်တို့သည် ဘုရားသခင်ကို အမှန်တကယ်နားလည်ပုံမရချေ။ အမှန်တွင် ဤအရာထက် သာ၍ကြီးမားသော ဆင်းရဲဒုက္ခရှိသောကြောင့်၊ သင်တို့ ပြောသော ဤဆင်းရဲဒုက္ခခံစားရခြင်းကို ဘုရားသခင် အတွက် အမှန်တကယ် ဒုက္ခခံစားရခြင်းအနေဖြင့် ထည့်သွင်းစဉ်းစား၍ မရပေ။ သို့ဆိုလျှင် ဘုရားသခင် ကိုယ်တိုင်အတွက် အမှန်တကယ် ဆင်းရဲဒုက္ခခံစားရခြင်းသည် အဘယ်နည်း။ လူ့ဇာတိခံ ဘုရားသခင် ကိုယ်တိုင်အတွက် အမှန်တကယ် ဆင်းရဲဒုက္ခခံစားရခြင်းက အဘယ်နည်း။ ဘုရားသခင်အတွက် လူသားမျိုးနွယ်က သူ့ကို နားမလည်ခြင်းအား ဆင်းရဲဒုက္ခအဖြစ် ထည့်မတွက်သကဲ့သို့၊ လူတို့က ဘုရားသခင်ကို အထင်လွဲမှားမှု တစ်ချို့ ရှိခြင်းနှင့် သူ့ကို ဘုရားသခင်အဖြစ် မမြင်ခြင်းကို ဆင်းရဲဒုက္ခဟု ထည့်မတွက်ပေ။ သို့သော် လူတို့က ဘုရားသခင်သည် ကြီးမားသော မတရားမှုကို ခံစားရပြီး ဖြစ်လိမ့်မည်၊ လူ့ဇာတိ၌ ဘုရားသခင် အချိန်ကုန်ခဲ့သည့် အချိန်အတောအတွင်းတွင် သူသည် လူသားမျိုးနွယ်ကို သူ၏ ဇာတိအဖြစ်တော်အား ပြ၍မရသကဲ့သို့ သူ၏ကြီးမြတ်မှုကို လူတို့အား မြင်ခွင့်ပေး၍မရပေ၊ ပြီးလျှင် ဘုရားသခင်သည် အရေးမပါသော လူ့ဇာတိ၌ နှိမ့်ချစွာ ပုန်းကွယ်နေပြီး၊ ဤသည်မှာ သူ့အတွက် ကြီးမားသော ညှဉ်းဆဲမှုဖြစ်ရပေမည်ဟု ခံစားကြရသည်။ လူတို့သည် ဘုရားသခင်၏ ဆင်းရဲဒုက္ခခံစားခြင်းနှင့်သက်ဆိုင်သည့် ၎င်းတို့ နားလည်နိုင်သည့်အရာနှင့် မြင်နိုင်သည့်အရာတို့ကို အလေးအနက် ထားကြပြီး ဘုရားသခင်အပေါ် စာနာသနားခြင်း မျိုးစုံ ပြကာ၊ သူ၏ ဆင်းရဲဒုက္ခအတွက် ချီးမွမ်းခြင်း အနည်းငယ်ပင် ပေးကြလိမ့်မည်။ လက်တွေ့အရှိတရားတွင်မူ၊ ကွာခြားချက်တစ်ခု ရှိ၏။ ဘုရားသခင်၏ ဒုက္ခခံစားရခြင်းနှင့် သက်ဆိုင်၍ လူတို့နားလည်သောအရာနှင့် သူအမှန်တကယ် ခံစားရသည့်အရာတို့ကြားတွင် ကွာဟမှုတစ်ခုရှိလေသည်။ ငါသည် သင်တို့ကို အမှန်တရား ပြောပြနေခြင်းဖြစ်သည်- ဘုရားသခင်အတွက် ဘုရားသခင်၏ ဝိညာဉ်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာဖြစ်စေ၊ အထက်တွင် ဖော်ပြထားသည့် ဆင်းရဲဒုက္ခခံစားရခြင်းသည် စစ်မှန်သော ဒုက္ခခံစားရခြင်း မဟုတ်ပေ။ သို့ဆိုလျှင် ဘုရားသခင် အမှန်တကယ် ဒုက္ခခံစားရသည်မှာ မည်သည့်အရာဖြစ်သနည်း။ လူ့ဇာတိခံ ဘုရားသခင်၏ ရှုထောင့်တစ်ခုတည်းမှ ဘုရားသခင်၏ ဆင်းရဲဒုက္ခခံစားရခြင်းအကြောင်းကို ပြောကြစို့။

ဘုရားသခင်သည် သာမန်၊ ပုံမှန်လူတစ်ဦးအဖြစ်သို့ ပြောင်းရင်း၊ လူသားမျိုးနွယ်အလယ် လူတို့နှင့်အတူ ဘေးချင်းယှဉ် အသက်ရှင်ရင်း၊ လူ့ဇာတိခံယူချိန်တွင်၊ အသက်ရှင်ခြင်းအတွက် လူတို့၏ နည်းလမ်းများ၊ ဥပဒေများနှင့် အတွေးအခေါ်များကို သူ မမြင်ရသကဲ့သို့ မခံစားရသလော။ အသက်ရှင်ခြင်းအတွက် ဤနည်းလမ်းများနှင့် ဥပဒေများက သူ့ကို မည်သို့ခံစားရစေသနည်း။ သူ၏ စိတ်နှလုံးထဲတွင် စက်ဆုပ်ရွံရှာခြင်းကို ခံစားရသလော။ သူသည် အဘယ်ကြောင့် စက်ဆုပ်ရွံရှာခြင်းကို ခံစားရမည်နည်း။ အသက်ရှင်ခြင်းအတွက် လူသားမျိုးနွယ်၏ နည်းလမ်းများနှင့် ဥပဒေများသည် မည်သည်တို့ဖြစ်ကြသနည်း။ မည်သည့် အခြေခံသဘောတရားများ၌ ၎င်းတို့ အမြစ်တွယ်ကြသနည်း။ ၎င်းတို့သည့် မည်သည့်အရာအပေါ် အခြေခံသနည်း။ အသက်ရှင်ဖို့ နည်းလမ်းဖြင့် ၎င်းတို့ ဆက်နွှယ်ထားသည်နှင့်အမျှ လူသားမျိုးနွယ်၏ နည်းလမ်းများ၊ ဥပဒေများစသဖြင့်- ဤအရာအားလုံးသည် စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်၊ အသိပညာနှင့် အတွေးအခေါ်တို့အရ ဖန်တီးထားပေသည်။ ဤဥပဒေ အမျိုးအစားများ အောက်တွင် အသက်ရှင်နေထိုင်သော လူသားတို့သည် လူ့သဘာဝမရှိ၊ သမ္မာတရားမရှိကြပေ- ၎င်းတို့အားလုံးသည် သမ္မာတရားကို ဖီဆန်ကြပြီး ဘုရားသခင်ကို ရန်လိုကြသည်။ ဘုရားသခင်၏ အနှစ်သာရကို ငါတို့ တစ်ချက်ကြည့်ပါက၊ သူ၏အနှစ်သာရသည် စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်၊ အသိပညာ၊ အတွေးအခေါ်တို့နှင့် အတိအကျ ဆန့်ကျင်ဘက်ဖြစ်နေသည်ကို တွေ့ရသည်။ သူ၏အနှစ်သာရသည် ဖြောင့်မတ်ခြင်း၊ သမ္မာတရား၊ သန့်ရှင်းခြင်းနှင့် အပြုသဘောဆောင်သော အရာအားလုံး၏ အခြားသော စစ်မှန်မှုတို့ဖြင့် ပြည့်နေသည်။ ဤအနှစ်သာရကို ပိုင်ဆိုင်ပြီး ထိုသို့သော လူသားမျိုးနွယ် အလယ် အသက်ရှင်သည့် ဘုရားသခင်သည် မည်သည့်အရာ ခံစားရပါသနည်း။ သူ၏ စိတ်နှလုံးထဲတွင် မည်သည့်အရာကို သူ ခံစားရသနည်း။ ယင်းသည် နာကျင်မှုနှင့် ပြည့်သလော။ သူ၏ စိတ်နှလုံးသည် မည်သည့်လူကမျှ နားမလည်နိုင်သည့် သို့မဟုတ် မတွေ့ကြုံနိုင်သည့် နာကျင်မှုကို ခံစားရသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူရင်ဆိုင်ရသော အရာတိုင်း၊ ကြုံရသော အရာတိုင်း၊ ကြားရ၊ မြင်ရသောအရာရာတိုင်းနှင့် တွေ့ကြုံရသော အရာတိုင်းသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း၊ ဆိုးယုတ်ခြင်းနှင့် သမ္မာတရားကို ၎င်းတို့၏ ဆန့်ကျင်ပုန်ကန်ခြင်းနှင့် ခုခံခြင်းတို့ ဖြစ်သောကြောင့် ဖြစ်သည်။ လူသားများထံမှ လာသောအရာအားလုံးသည် သူ၏ ဆင်းရဲဒုက္ခခံစားရခြင်း အရင်းအမြစ် ဖြစ်သည်။ ဆိုလိုသည်မှာ သူ၏ အနှစ်သာရသည် ဖောက်ပြန်ပျက်စီးသော လူသားများနှင့် မတူညီသောကြောင့်၊ လူသားများ၏ ဖောက်ပြန်ပျက်စီးခြင်းသည် သူ၏ အကြီးမားဆုံးသော ဆင်းရဲဒုက္ခခံစားရခြင်း၏ အရင်းအမြစ်ဖြစ် လာသည်ဟု ဆိုရပေမည်။ ဘုရားသခင်သည် လူ့ဇာတိခံယူချိန်တွင်၊ သူနှင့်အတူ ဘာသာစကားတူညီသော လူတစ်ဦးကို သူ ရှာတွေ့နိုင်သလော။ လူသားမျိုးနွယ် အလယ်တွင် ထိုသို့သောလူတစ်ဦးကို ရှာ၍မရနိုင်ပေ။ ဘုရားသခင်နှင့် ဆက်သွယ်ပြောဆိုနိုင်သူ သို့မဟုတ် ဘုရားသခင်နှင့် ဤအပြန်အလှန်ပြောဆိုမှု ရှိနိုင်သောသူ တစ်ဦးမျှ မတွေ့နိုင်ပေ- ဤအရာနှင့်ပတ်သက်၍ ဘုရားသခင်သည် မည်သည့် ခံစားချက်မျိုးရှိသည်ဟု သင် ဆိုမည်နည်း။ လူတို့ ဆွေးနွေးသော အကြောင်းအရာများ၊ ချစ်သောအရာများ၊ ၎င်းတို့ လိုက်စားသော အရာများနှင့် တောင့်တသောအရာများအားလုံးသည် အပြစ်နှင့် မကောင်းမှုဘက်ကို ယိမ်းယိုင်မှုများနှင့် ပတ်သက်လေသည်။ ဤအရာအားလုံးကို ဘုရားသခင် ရင်ဆိုင်ချိန်တွင်၊ ယင်းမှာ သူ့နှလုံးသားကို ဓါးတစ်ချောင်း ထိုးထားသကဲ့သို့ ဖြစ်သည် မဟုတ်လော။ ဤအရာများကို ရင်ဆိုင်ရလျက်၊ သူ၏ နှလုံးသားတွင် ဝမ်းမြောက်ခြင်း ရှိနိုင်မည်လော။ ဖြေသိမ့်စရာကို သူရှာတွေ့နိုင်မည်လော။ သူနှင့်အတူ အသက်ရှင်နေကြသော သူတို့သည် ပုန်ကန်ခြင်းနှင့် ဆိုးယုတ်ခြင်းတို့နှင့် ပြည့်သည့် လူသားများ ဖြစ်ကြသည်- သူ၏နှလုံးသားသည် အဘယ်သို့ ဆင်းရဲဒုက္ခမခံစားရဘဲ နေနိုင်မည်နည်း။ ဤဆင်းရဲဒုက္ခ ခံစားခြင်းသည် အမှန်တကယ် မည်မျှကြီးမားသနည်း၊ ပြီးလျှင် ယင်းနှင့်ပတ်သက်၍ မည်သူက ဂရုစိုက်သနည်း။ မည်သူက အရေးထားသနည်း။ ယင်းကို မည်သူက အသိအမှတ်ပြုနိုင်စွမ်း ရှိသနည်း။ လူတို့သည် ဘုရားသခင်၏ နှလုံးသားကို နားမလည်နိုင်ကြပေ။ သူ၏ ဆင်းရဲဒုက္ခခံစားရခြင်းသည် လူတို့က အထူးသဖြင့် အသိအမှတ်မပြုနိုင်သောအရာတစ်ခု ဖြစ်ပြီး လူသားမျိုးနွယ်၏ အေးစက်စက်နိုင်ခြင်းနှင့် ထုံထိုင်းခြင်းက ဘုရားသခင်၏ ဆင်းရဲဒုက္ခကို ပို၍ နက်ရှိုင်းစေသည်။

သမ္မာကျမ်းစာထဲ၌ “မြေခွေးသည်မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှမရှိ။” ဟု ပြောထားသော ကျမ်းတစ်ပိုဒ်ကြောင့် ခရစ်တော်၏ အတိဒုက္ခနှင့်ပတ်သက်၍ မကြာခဏ စာနာသနားကြသော လူအချို့ရှိကြသည်။ လူတို့က ဤအရာကို ကြားသောအခါ၊ လေးလေးနက်နက်ခံယူပြီး ဤသည်မှာ ဘုရားသခင် သည်းခံရသည့် အကြီးမားဆုံး ဆင်းရဲဒုက္ခဖြစ်ပြီး ခရစ်တော်ခံရသည့် အကြီးမားဆုံး ဆင်းရဲဒုက္ခ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ယခု ယင်းကို အမှန်တရားများ၏ ရှုထောင့်မှ ကြည့်ရာတွင်၊ ထိုသို့ ဟုတ်သလော။ မဟုတ်ပေ။ ဘုရားသခင်က ဤအခက်အခဲများကို ဆင်းရဲဒုက္ခအဖြစ် မယုံကြည်ပေ။ သူသည် သူ၏လူ့ဇာတိနှင့်ဆိုင်သော အခက်အခဲများကြောင့်၊ မတရားမှုကို ဘယ်သောအခါမျှ ဆန့်ကျင်အော်ဟစ်ခြင်း မရှိဖူးသကဲ့သို့၊ သူသည် လူသားတို့အား သူ့ကို ပြန်ပေးဆပ်ရန် သို့မဟုတ် တစ်ခုခုဖြင့် သူ့ကို ဆုချရန် မည်သည့်အခါမျှ မပြုဖူးချေ။ သို့သော် သူသည် လူသားမျိုးနွယ်၏ အရာရာတိုင်း၊ ဖောက်ပြန်ပျက်စီးသော ဘဝများနှင့် ဖောက်ပြန်ပျက်စီးသော လူသားများ၏ ဆိုးယုတ်မှုတို့ကို မျက်မြင်တွေ့ကြုံရချိန်တွင်၊ လူသားမျိုးနွယ်သည် စာတန်၏ လက်ထဲ၌ရှိပြီး စာတန်၏ အကျဉ်းချခြင်းကို ခံထားရကာ မလွတ်မြောက်နိုင်သည်ကို သူ မျက်မြင်ကြုံတွေ့ရသောအခါ၊ အပြစ်ထဲ၌ အသက်ရှင်သော လူတို့သည် သမ္မာတရားက မည်သည့်အရာဖြစ်မှန်း မသိကြသည်ကို သူ မျက်မြင်ကြုံတွေ့ရသောအခါတွင်၊ ဤအပြစ်အားလုံးကို သူ သည်းညည်းမခံနိုင်ပေ။ လူသားတို့အပေါ် သူ၏ စက်ဆုပ်ရွံရှာခြင်းသည် တစ်နေ့တခြား တိုးပွားနေသည်၊ သို့သော် ဤအရာအားလုံးကို သူ ကြံ့ကြံ့ခံရသည်။ ဤသည်မှာ ဘုရားသခင်၏ ကြီးမားသော ဆင်းရဲဒုက္ခ ဖြစ်သည်။ ဘုရားသခင်သည် သူ၏နောက်လိုက်များ အလယ်တွင် သူ၏ နှလုံးသား၊ သို့မဟုတ် သူ၏ခံစားချက်များ၏ သဘောထားကိုပင် အပြည့်အဝ မဖော်ပြနိုင်သကဲ့သို့၊ သူ၏ နောက်လိုက်များထဲတွင် မည်သူမျှက သူ၏ ဆင်းရဲဒုက္ခကို အမှန်တကယ် နားမလည်နိုင်ကြပေ။ ဤဆင်းရဲဒုက္ခကို တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ်၊ တစ်ကြိမ်ပြီးတစ်ကြိမ် ခံစားရသည့်၊ သူ၏ နှလုံးသားကို နားလည်ရန် သို့မဟုတ် နှစ်သိမ့်မှုပေးရန်ပင် မည်သူမျှ မကြိုးစားကြပေ။ ဤအရာ အားလုံးထဲတွင် မည်သည့်အရာကို သင်တို့ မြင်ကြသနည်း။ ဘုရားသခင်သည် သူပေးပြီးသောအရာအတွက် လူသားများထံမှ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မလိုအပ်သော်လည်း၊ ဘုရားသခင်၏ အနှစ်သာရကြောင့် သူသည် လူသားမျိုးနွယ်၏ ဆိုးယုတ်ခြင်း၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် အပြစ်ကို လုံးဝ သည်းမခံနိုင်သကဲ့သို့၊ ယင်းအစား အဆုံးစွန် စက်ဆုပ်ရွံရှာမှုနှင့် မုန်းတီးမှုကို ခံစားရပြီး ယင်းက ဘုရားသခင်၏ နှလုံးသားနှင့် သူ၏ခန္ဓာကို အဆုံးမရှိသော ဆင်းရဲဒုက္ခ ခံရခြင်းသို့ ဆိုက်ရောက် စေလေသည်။ ဤအရာကို သင်မြင်ပြီလော။ များသောအားဖြင့်၊ သင်တို့ထဲမှ မည်သူကမျှ ဘုရားသခင်ကို အမှန်တကယ် နားမလည်နိုင်ကြသောကြောင့်၊ သင်တို့ထဲက မည်သူကမျှ ဤအရာကို မြင်နိုင်မည်မဟုတ်ပေ။ အချိန်ကြာလာသည်နှင့်အမျှ သင်တို့ဘာသာ ဤအရာကို တဖြည်းဖြည်း တွေ့ကြုံ ခံစားသင့်ပေသည်။

ဆက်လက်၍၊ ကျမ်းစာ၏ အောက်ပါ ကျမ်းပိုဒ်များကို ကြည့်ကြစို့။

၉။ ယေရှုသည် နိမိတ်လက္ခဏာများကို ဆောင်ရွက်၏။

၁။ ယေရှုသည် လူငါးထောင်ကို ကျွေးမွေး၏။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၆:၈-၁၃ ရှိမုန်ပေတရု၏ညီ အန္ဒြေအမည်ရှိသော တပည့်တော်က၊ မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တယောက်ရှိပါ၏။ သို့သော်လည်း ဤမျှလောက်များစွာသောသူတို့သည်ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာ ရှိပါသနည်း ဟုလျှောက်၏။ ယေရှုကလည်း၊ လူများတို့ကိုလျောင်းကြစေဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင်ထူပြောလျက်ရှိသည် ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည် လျောင်းကြ၏။ ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့်တော်တို့သည် လျောင်းသောသူတို့အားဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်ကို လူများလိုချင်သမျှ ဝေငှကြ၏။ ထိုသူတို့သည် ဝကြပြီးမှ ကိုယ်တော်က၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သော အကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊ စားသောသူတို့၌ ကျန်ကြွင်းသော မုရောမုန့် ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တဆယ်နှစ်တောင်းအပြည့်ရကြ၏။

၂။ လာဇရု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ဘုရားသခင်ကို ဘုန်းထင်ရှားစေ၏။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၁:၄၃-၄၄ လာဇရုထွက်၍ လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့် ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ၏။ ယေရှုကလည်း၊ သူ့ကိုဖြည်၍ လွှတ်ကြလော့ဟု မိန့်တော်မူ၏။

သခင်ယေရှု ဆောင်ရွက်ခဲ့သော နိမိတ်လက္ခဏာများထဲမှ ဤနှစ်ခုကိုသာ ငါတို့ ရွေးချယ်ပြီးဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ယင်းတို့သည် ဤနေရာ၌ ငါ ပြောလိုသောအရာကို ထုတ်ဖော်ပြသရန် လုံလောက်သောကြောင့် ဖြစ်သည်။ ဤနိမိတ်လက္ခဏာ နှစ်ခုသည် အမှန်တကယ် အံ့အားသင့်ဖွယ်ဖြစ်ပြီး၊ ကျေးဇူးတော်ခေတ်အတွင်း ဆောင်ရွက်ခဲ့သော သခင်ယေရှု၏ နိမိတ်လက္ခဏာများကို အလွန်ကိုယ်စားပြုပေသည်။

ဦးစွာပထမ ပထမကျမ်းပိုဒ်ကို ကြည့်ကြစို့။ ယေရှုက လူငါးထောင်ကို ကျွေးမွေးသည်။

“မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်” ၏ အယူအဆမှာ အဘယ်နည်း။ ပုံမှန်အားဖြင့် မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ဖြင့် လူမည်မျှကို လုံလုံလောက်လောက် ကျွေးမွေးနိုင်သနည်း။ သာမန်လူတစ်ယောက်၏ စားချင်စိတ်ပေါ် သင်၏ တိုင်းတာမှုကို အခြေခံပါက၊ ဤသည်မှာ လူနှစ်ဦးအတွက်သာ လုံလောက် ပေလိမ့်မည်။ ဤသည်မှာ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်၏ အခြေခံအကျဆုံး အယူအဆဖြစ်သည်။ သို့သော် ဤကျမ်းပိုဒ်တွင် မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ဖြင့် လူမည်မျှကို ကျွေးမွေးခဲ့သနည်း။ ကျမ်းစာ၌ မှတ်တမ်းတင်ထားသည်မှာ အောက်ပါအတိုင်း ဖြစ်သည်- “ထိုအရပ်၌ မြက်ပင် ထူပြောလျက် ရှိသည် ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည် လျောင်းကြ၏။” မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်နှင့် ယှဉ်ကြည့်လျှင် လူငါးထောင်က အရေအတွက် များသလော။ ဤအရေအတွက် အလွန်များနေခြင်းက မည်သည့်အရာကို ပြသနည်း။ လူသားရှုထောင့်မှ၊ လူများနှင့်အစားအစာကြား ကွာခြားချက် ကြီးမားလွန်းသောကြောင့် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို လူငါးထောင်အကြား ခွဲဝေရန် မဖြစ်နိုင်ပေ။ လူတိုင်းက သေးငယ်သော တစ်ကိုက်သာကိုက်လျှင်ပင် လူငါးထောင် အတွက် လောက်ဦးမည်မဟုတ်ချေ။ သို့သော် ဤနေရာတွင် သခင်ယေရှုက နိမိတ်လက္ခဏာတစ်ခုကို လုပ်ဆောင်ခဲ့သည်- သူသည် လူငါးထောင်ဗိုက်ပြည့်အောင် စားရသည်ကို သေချာစေခဲ့သည် သာမက၊ အစာအကြွင်းအကျန်များပင် ရှိခဲ့သည်။ ကျမ်းစာက ဤသို့ ရေးသားသည်- “ထိုသူတို့သည် ဝကြပြီးမှ ကိုယ်တော်က၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သော အကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊ စားသောသူတို့၌ ကျန်ကြွင်းသော မုရောမုန့် ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တဆယ်နှစ်တောင်းအပြည့်ရကြ၏။” ဤနိမိတ်လက္ခဏာသည် လူတို့ကို သခင်ယေရှု၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို မြင်နိုင်စေခဲ့ပြီး၊ ဘုရားသခင်အတွက် မဖြစ်နိုင်သောအရာ မရှိသည်ကို မြင်နိုင်စေခဲ့သည်- ဤနည်းဖြင့် ဘုရားသခင်၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းကို ၎င်းတို့ မြင်ခဲ့ကြသည်။ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်သည် လူငါးထောင်ကိုကျွေးရန် လုံလောက်ခဲ့သည်၊ သို့သော် မည်သည့်အစားအစာမျှ မရှိခဲ့ပါက၊ ဘုရားသခင်သည် လူငါးထောင်ကို ကျွေးနိုင်ခဲ့မည်လော။ ကျွေးနိုင်ခဲ့သည်မှာ မှန်ပေသည်။ ဤသည်မှာ နိမိတ်လက္ခဏာတစ်ခုဖြစ်ခဲ့သည်၊ ထို့ကြောင့် လူတို့သည် ယင်းမှာ နားမလည်နိုင်သောအရာ၊ မယုံကြည်နိုင်စရာနှင့် နက်နဲသောအရာဖြစ်သည်ဟု မလွဲမသွေ ခံစားခဲ့ရပေမည်၊ သို့သော် ဘုရားသခင်အတွက်က ထိုသို့သောအရာကို လုပ်ဆောင်ခြင်းသည် ဘာမျှမဟုတ်ချေ။ ဤသည်မှာ ဘုရားသခင်အတွက် သာမန်အမှုအရာတစ်ခု ဖြစ်သည့်အတွက်၊ ယင်းကို အဓိပ္ပာယ်ဖွင့်ရန် အဘယ်ကြောင့် ယခု ကွက်၍ရွေးရသနည်း။ အဘယ့်ကြောင့်ဆိုသော် ဤနိမိတ်လက္ခဏာနောက်ကွယ်တွင် တည်ရှိသောအရာမှာ ယခင်က လူသားမျိုးနွယ်က လုံးဝ မသိမြင်ဖူးသည့် သခင်ယေရှု၏ အလိုတော် ဖြစ်သောကြောင့် ဖြစ်သည်။

ပထမဦးစွာ ဤလူငါးထောင်သည် မည်သည့်လူစားမျိုးများ ဖြစ်သည်ကို နားလည်ရန် ကြိုးစားကြပါစို့။ ၎င်းတို့သည် သခင်ယေရှု၏ နောက်လိုက်များ ဖြစ်ခဲ့ကြသလော။ ကျမ်းစာမှ ၎င်းတို့သည် သူ၏နောက်လိုက်များမဟုတ်သည်ကို ငါတို့ သိရသည်။ သခင်ယေရကှု မည်သူဖြစ်သည်ကို ၎င်းတို့ သိခဲ့ကြသလော။ လုံးဝ မသိခဲ့ကြပေ။ အနည်းဆုံးအနေဖြင့်၊ ၎င်းတို့ရှေ့ ရပ်နေသောလူသည် ခရစ်တော်ဖြစ်သည်ကို ၎င်းတို့ မသိခဲ့ပေ၊ သို့မဟုတ် လူအချို့က သူ၏ နာမည်က မည်သည့်အရာဖြစ်သည်ကို သိကောင်းသိနိုင်ပြီး၊ သူ လုပ်ဆောင်ခဲ့သည့်အရာများနှင့်ပတ်သက်သည့် တစ်စုံတစ်ရာကို သိကောင်းသိနိုင်သည် သို့မဟုတ် ကြားခဲ့ဖူးကောင်း ကြားခဲ့ဖူးနိုင်သည်။ သခင်ယေရှုအကြောင်း အဖြစ်အပျက်များကို ၎င်းတို့ ကြားခဲ့ချိန်တွင် သခင်ယေရှုနှင့် ပတ်သက်သည့် ၎င်းတို့၏ သိချင်စိတ်ပြင်းပြမှုက နိုးကြွရုံမျှ ဖြစ်ခဲ့ပေမည်၊ သို့သော် သူ့ကို ၎င်းတို့ သိနားလည်ဖို့ မဆိုထားနှင့် သူ့နောက်ကို ၎င်းတို့ လိုက်ခဲ့ကြသည်ဟု သင်တို့ သေချာပေါက် မပြောနိုင်ပေ။ သခင်ယေရှုက ဤလူငါးထောင်ကို မြင်သောအခါတွင်၊ ၎င်းတို့သည် ဆာလောင်ပြီး ၎င်းတို့၏ ဗိုက်များဖြည့်ခြင်းငှာသာ စဉ်းစားနိုင်ခဲ့ကြလေသည်၊ ထို့ကြောင့် သခင်ယေရှုက ၎င်းတို့၏ ဆန္ဒကို ဖြည့်ဆည်းခဲ့သည်မှာ ဤဆက်စပ်အကြောင်းအရာ၌ ဖြစ်ပေသည်။ ၎င်းတို့၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ချိန်တွင်၊ သူ၏ စိတ်နှလုံးထဲ၌ မည်သည့်အရာ ရှိခဲ့သနည်း။ ဗိုက်ပြည့်အောင်သာ စားချင်နေခဲ့သော ဤလူတို့အပေါ် သူ၏သဘောထားမှာ မည်သည့်အရာဖြစ်ခဲ့သနည်း။ ဤအချိန်တွင် သခင်ယေရှု၏ အတွေးများနှင့် သူ၏ သဘောထားသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့နှင့် ဆက်နွှယ်ခဲ့လေသည်။ အစားအစာ အပြည့်အဝ စားရရန်သာလိုချင်ခဲ့သော ဗိုက် ဟာလာဟင်းလင်းနှင့် ဤလူငါးထောင်ကို သူ ရင်ဆိုင်ရသောအခါ၊ သူ့အတွက် သိချင်စိတ်ပြင်းပြမှုနှင့် မျှော်လင့်ချက်တို့ပြည့်နေသော ဤလူတို့ကို ရင်ဆိုင် ရသောအခါတွင်၊ သခင်ယေရှုသည် ၎င်းတို့အပေါ် ကျေးဇူးတော် ချပေးသနားရန် ဤနိမိတ်လက္ခဏာကို အသုံးပြုခြင်းကိုသာ စဉ်းစားခဲ့သည်။ သို့သော် ၎င်းတို့သည် အပျော်သာ ပါဝင်လိုပြီး ၎င်းတို့ ဗိုက်ပြည့်အောင် စားဖို့သာ လိုချင်ခဲ့သည်ကို သူ သိခဲ့သည့်အတွက်၊ ၎င်းတို့အနေဖြင့် သူ၏နောက်လိုက်များ ဖြစ်လာမည်ဟူသည့် သူ၏ မျှော်လင့်ချက်များ မဖြစ်ပေါ်ခဲ့ပေ၊ ထို့ကြောင့် ထိုနေရာ၌ သူ့မှာရှိခဲ့သောအရာကို သူ အကောင်းဆုံးလုပ်ခဲ့ပြီး လူငါးထောင်ကို ကျွေးရန် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို အသုံးပြုခဲ့သည်။ စိတ်လှုပ်ရှားဖွယ်ရာ အမှုအရာများကို မြင်ခြင်းငှာ နှစ်သက်ကြသော ဤလူများ၊ နိမိတ်လက္ခဏာများကို မျက်မြင်တွေ့ကြုံလိုခဲ့ကြသော ဤလူတို့၏ မျက်စိများကို သူ ဖွင့်ပေးခဲ့ပြီး၊ လူ့ဇာတိခံ ဘုရားသခင်က ပြီးမြောက်စေနိုင်သည့် အရာတို့ကို မိမိတို့၏ ကိုယ်ပိုင်မျက်လုံးများဖြင့် ၎င်းတို့ မြင်ခဲ့ကြသည်။ သခင်ယေရှုက ၎င်းတို့၏ သိလိုစိတ်ပြင်းပြမှုကို ဖြည့်ဆည်းရန် သိသာမြင်သာသော အရာတစ်ခုကို အသုံးပြုခဲ့သော်လည်း၊ ဤလူငါးထောင်က အစာကောင်းကောင်းကိုသာ စားလိုသည်ကို သူ့နှလုံးသားထဲ၌ သူသိနှင့်နေခဲ့သည်၊ ထို့ကြောင့် သူသည် ၎င်းတို့ကို မဟောပြောခဲ့ပေ သို့မဟုတ် မည်သည့်အရာမျှ မပြောခဲ့ပေ- ဤနိမိတ်လက္ခဏာကိုသာ ၎င်းတို့အား ဖြစ်သည်အတိုင်း မြင်ခွင့်ပေးခဲ့သည်။ သူသည် ဤလူများကို သူ့နောက် အမှန်တကယ်လိုက်သော သူ၏တပည့်တော်များ နည်းတူ မဆက်ဆံနိုင်ခဲ့ဘဲ၊ သူ၏ စိတ်နှလုံးထဲတွင် ဖန်ဆင်းခံသတ္တဝါအားလုံးသည် သူ၏ အုပ်စိုးမှု အောက်တွင် ရှိပြီး၊ လိုအပ်သောအခါတွင် သူ့မြင်ကွင်း၌ ဖန်ဆင်းခံ သတ္တဝါများအားလုံးအား ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခွင့်ပြုမည်ဖြစ်သည်။ ဤလူတို့က သူမည်သူ ဖြစ်သည်ကို မသိကြသကဲ့သို့၊ သူ့ကို နားမလည်သော်လည်း၊ သို့မဟုတ် သူနှင့်သက်ဆိုင်သည့် မည်သည့်အထူး ထင်မြင်ချက်တစ်ခုမျှ မရှိခဲ့ကြသော်လည်း၊ သို့မဟုတ် မုန့်နှင့် ငါးများကို စားခဲ့ပြီးသည့်နောက်တွင်ပင် သူ့အပေါ် ကျေးဇူးတင်ခြင်း မရှိကြသော်လည်း၊ ဤသည်မှာ ဘုရားသခင် အရေးစိုက်သော အရာတစ်ခု မဟုတ်ပေ- သူသည် ဤလူတို့ကို ဘုရားသခင်၏ ကျေးဇူးတော်အား မွေ့လျော်ရန် အလွန် ကောင်းမွန်သော အခွင့်အရေးတစ်ခု ပေးခဲ့သည်။ ဘုရားသခင်က သူလုပ်သောအရာ၌ မူရှိသည်၊ မယုံကြည်သူတို့ကို ကြည့်ရှုခြင်း၊ သို့မဟုတ် ကာကွယ်ခြင်း မပြုလုပ်သကဲ့သို့၊ အထူးသဖြင့် သူ၏ကျေးဇူးတော်ကို မွေ့လျော်ခံစားရန် ၎င်းတို့ကို အခွင့်မပေးဟု လူအချို့က ပြောကြသည်။ ယင်းမှာ အမှန်တကယ် ဟုတ်ပါသလော။ ဘုရားသခင်၏ အမြင်တွင်၊ ၎င်းတို့သည် သူကိုယ်တိုင် ဖန်ဆင်းခဲ့သော သက်ရှိ သတ္တဝါများဖြစ်ကြသရွေ့၊ သူသည် ၎င်းတို့ကို စီမံပြီး ဂရုစိုက်မည်ဖြစ်ကာ၊ နည်းလမ်းမျိုးစုံဖြင့် ၎င်းတို့ကို ဆက်ဆံလိမ့်မည်၊ ၎င်းတို့အတွက် စီစဉ်လိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့ကို အုပ်စိုးလိမ့်မည် ဖြစ်သည်။ ဤသည်တို့မှာ အရာအားလုံးအပေါ် ဘုရားသခင်၏ အတွေးများနှင့် သဘောထားတို့ဖြစ်သည်။

မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို စားခဲ့သော လူငါးထောင်သည် သခင်ယေရှုနောက်ကိုလိုက်ရန် အစီအစဉ် မရှိခဲ့ကြသော်လည်း၊ သခင်ယေရှုသည် သူတို့အပေါ် အတင်းတောင်းဆိုမှုများ မပြုခဲ့ပေ။ ၎င်းတို့ ဗိုက်ပြည့်အောင် စားပြီးသည်နှင့်တစ်ပြိုင်နက်၊ သခင်ယေရှု မည်သည့်အရာ လုပ်ဆောင်ခဲ့သည်ကို သင်သိပါသလော။ ၎င်းတို့ကို တစ်ခုတစ်လေမျှ တရားဟောခဲ့သလော။ ဤအရာကို လုပ်ဆောင် ပြီးသည့်နောက်တွင်၊ သူ မည်သည့်နေရာသို့ သွားခဲ့သနည်း။ သခင်ယေရှုက သူတို့ကို တစ်ခုခု ပြောဆိုခဲ့သည်ကို ကျမ်းစာက မှတ်တမ်းတင်မထားပေ၊ သူ၏ နိမိတ်လက္ခဏာများကို ဆောင်ရွက်ခဲ့ပြီးချိန်တွင် တိတ်တဆိတ် ထွက်ခွာသွားသည်ဟုသာ မှတ်တမ်းတင်ထား၏။ သို့ဆိုလျှင် ဤလူတို့အပေါ် သတ်မှတ်ချက်တစ်ခုတစ်လေ သူပြုလုပ်ခဲ့သလော။ မုန်းတီးခြင်းတစ်ခုခု ရှိခဲ့သလော။ ဤအရာများထဲမှ တစ်ခုမျှ မရှိခဲ့ပေ။ သူ့နောက်ကို မလိုက်လိုခဲ့သော ဤလူတို့ကို သူ သက်သက် အာရုံမစိုက် လိုတော့ဘဲ၊ ဤအချိန်တွင် သူ၏နှလုံးသားက နာကျင်ခဲ့ရသည်။ သူသည် လူသားမျိုးနွယ်၏ အကျင့်ပျက်စီးခြင်းကို မြင်ခဲ့ပြီးဖြစ်ကာ သူ့အပေါ် လူသားမျိုးနွယ်၏ ငြင်းပယ်မှုကို ခံစားခဲ့ရပြီးဖြစ်သောကြောင့်၊ ဤလူတို့ကို သူမြင်ခဲ့ပြီး ၎င်းတို့နှင့် အတူရှိခဲ့ချိန်တွင်၊ လူသား၏ တုံးအမှုနှင့် မသိနားမလည်မှုအားဖြင့် သူ ဝမ်းနည်းခဲ့ရပြီး၊ သူ၏နှလုံးသား နာကျင်ခဲ့ရသည်၊ သူ လိုချင်ခဲ့သမျှအားလုံမှာ ဤလူတို့ကို တတ်နိုင်သမျှ အမြန်ဆုံး ထားခဲ့ရန် ဖြစ်သည်။ သခင်သည် သူ၏ စိတ်နှလုံးထဲတွင် ၎င်းတို့နှင့်သက်ဆိုင်၍ မည်သည့် သတ်မှတ်ချက်မျှ မပြုလုပ်ခဲ့ပေ၊ သူသည် ၎င်းတို့ကို သူအာရုံမစိုက်လိုခဲ့သကဲ့သို့၊ သာ၍ပင် ၎င်းတို့အပေါ် သူ၏ အားအင်ကို အသုံးမပြုလိုခဲ့ပေ။ ၎င်းတို့က သူ့နောက် မလိုက်နိုင်ကြသည်ကို သူသိခဲ့သည်၊ သို့သော် ဤအရာ အားလုံးဖြစ်နေသော်လည်း၊ ၎င်းတို့အပေါ် သူ၏ သဘောထားက အလွန်ရှင်းလင်းနေဆဲဖြစ်သည်။ ၎င်းတို့ကို ကြင်နာစွာ ဆက်ဆံရန်၊ ၎င်းတို့အပေါ် ကျေးဇူးတော် အပ်နှင်းရန်သာ သူ လိုချင်ခဲ့ပြီး၊ ဤသည်မှာ သူ၏ အုပ်စိုးမှုအောက်၌ရှိသည့် ဖန်ဆင်းခံသတ္တဝါတိုင်းအပေါ် ဘုရားသခင်၏ သဘောထား ဧကန်အမှန် ဖြစ်ပေသည်- ဖန်ဆင်းခံသတ္တဝါတိုင်းကို ကြင်နာစွာ ဆက်ဆံရန်၊ ၎င်းတို့အတွက် ထောက်ပံ့ပြီး အားဖြည့်ပေးရန် ဖြစ်သည်။ သခင်ယေရှုက လူ့ဇာတိခံ ဘုရားသခင်ဖြစ်ခဲ့ရသည့် အကြောင်းရင်းအတွက်၊ သူသည် ဘုရားသခင်ကိုယ်တိုင်၏ အနှစ်သာရကို အလွန် သဘာဝကျစွာ ထုတ်ဖော်ပြပြီး၊ ဤလူတို့ကို ကြင်ကြင်နာနာနှင့် ဆက်ဆံခဲ့သည်။ ၎င်းတို့ကို စေတနာစိတ်နှင့် သည်းခံခြင်းဖြင့် ဆက်ဆံခဲ့ပြီး၊ ထိုသို့သော စိတ်နှလုံးတစ်ခုဖြင့် ၎င်းတို့ကို ကြင်နာမှု ပြသခဲ့သည်။ သခင်ယေရှုကို ဤလူတို့က မည်သို့မြင်သည်ဖြစ်စေ၊ ပြီးလျှင် မည်သို့သောရလဒ် ရှိမည်ဖြစ်စေ၊ သူသည် အဖန်ဆင်းခံ သတ္တဝါတိုင်းကို ဖန်ဆင်းခြင်းအားလုံး၏ အရှင်သခင်အဖြစ် သူ၏အနေအထားအပေါ် အခြေခံပြီး ဆက်ဆံခဲ့သည်။ သူ ထုတ်ဖော်ပြခဲ့သော အရာတိုင်းသည် ခြွင်းချက်မရှိ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း ဖြစ်သည်။ သခင်ယေရှုသည် တိတ်တဆိတ် ဤအရာကို လုပ်ဆောင်ခဲ့ပြီးနောက် တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်- ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား၏ မည်သည့် လက္ခဏာသွင်ပြင်ဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခင်ကြင်နာခြင်းဖြစ်သည်ဟု သင်တို့ ဆိုနိုင်သလော။ ဤသည်မှာ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းဖြစ်သည်ဟု သင်ဆိုနိုင်မည်လော။ ဤသည်မှာ သာမန်လူတစ်ဦး လုပ်ဆောင်နိုင်စွမ်းရှိသည့် အရာတစ်ခု ဖြစ်သလော။ လုံးဝ မဟုတ်ပေ။ အနှစ်သာရအားဖြင့် သခင်ယေရှုက မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဖြင့် ကျွေးမွေးခဲ့သော ဤလူငါးထောင်သည် မည်သူများ ဖြစ်သနည်း။ ၎င်းတို့သည် သခင်ယေရှုနှင့် သဟဇာတဖြစ်သောသူများ ဖြစ်သည်ဟု သင်တို့ ဆိုနိုင်မည်လော။ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို ရန်လိုသောသူများဖြစ်သည်ဟု သင် ဆိုနိုင်သလော။ ၎င်းတို့သည် သခင်နှင့် လုံးဝ သဟဇာတမဖြစ်ခဲ့ကြသကဲ့သို့၊ ၎င်းတို့၏ အနှစ်သာရသည် ဘုရားသခင်ကို လုံးဝ ရန်လိုသည်ဟု အသေအချာ ပြော၍ရသည်။ သို့သော် ဘုရားသခင်သည် ၎င်းတို့ကို မည်သို့ ဆက်ဆံခဲ့သနည်း။ ဘုရားသခင်အပေါ် လူတို့၏ ရန်လိုမှုကို ထိန်းသိမ်းရန် နည်းလမ်းတစ်ခုကို သူအသုံးပြုခဲ့သည်- ဤနည်းလမ်းကို “ကြင်နာခြင်း” ဟုခေါ်သည်။ ဆိုလိုသည်မှာ သခင်ယေရှုက ဤလူတို့ကို အပြစ်သားများအဖြစ် မြင်ခဲ့သော်လည်း၊ မည်သို့ပင်ဆိုစေ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် သူ၏ ဖန်ဆင်းခြင်း ဖြစ်ခဲ့သည်၊ ထို့ကြောင့် သူသည် ဤအပြစ်သားများကို ကြင်နာစွာ ဆက်ဆံဆဲပင်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သည်းခံခြင်းဖြစ်ပြီး ဤသည်းခံခြင်းကို ဘုရားသခင် ကိုယ်တော်တိုင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့က သတ်မှတ်လေသည်။ ထို့ကြောင့် ဤသည်မှာ ဘုရားသခင် ဖန်ဆင်းခဲ့သော မည်သည့်လူသားကမျှ လုပ်ဆောင်နိုင်စွမ်း မရှိသည့် အရာတစ်ခု ဖြစ်သည်- ဘုရားသခင်သာလျှင် ဤအရာကို လုပ်နိုင်၏။

သင်သည် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ အတွေးများနှင့် သဘောထားကို အမှန်တကယ် အသိအမှတ် ပြုနိုင်သောအခါတွင်၊ သင်သည် ဘုရားသခင်၏ စိတ်ခံစားမှုများနှင့် ဖန်ဆင်းခံတစ်ဦးစီအတွက် သူ၏ ပူပန်မှုကို အမှန်တကယ် နားလည်နိုင်သောအခါတွင်၊ ဖန်ဆင်းရှင်က ဖန်ဆင်းခဲ့သော လူတို့တစ်ဦးချင်းစီတိုင်းအပေါ် ကုန်ဆုံးခဲ့သော ကြီးမားသောသံယောဇဉ်နှင့် ချစ်ခြင်းမေတ္တာကို သင် နားလည်နိုင်လိမ့်မည် ဖြစ်သည်။ ဤအရာ ဖြစ်ပျက်သောအခါတွင်၊ ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြရန် စကားလုံးနှစ်လုံးကို သင်အသုံးပြုလိမ့်မည်။ ထို စကားလုံး နှစ်လုံးမှာ မည်သည်အရာများ ဖြစ်သနည်း။ လူအချို့က “ကိုယ်ကျိုးမငဲ့” ဟုပြောကြပြီး လူအချို့က “ပရဟိတ” ဟုပြောကြသည်။ ဤနှစ်ခုထဲမှ “ပရဟိတ” သည် ဘုရားသခင်၏ ချစ်ခြင်းကိုဖော်ပြရန် မသင့်တော်ဆုံးသော စကားလုံးဖြစ်သည်။ ဤသည်မှာ သဘောထားကြီးသောသူ သို့မဟုတ် တစ်ယူသန်အစွဲမထားသော သူတစ်ဦးကို ဖော်ပြရန် လူတို့ အသုံးပြုသော စကားလုံးတစ်လုံးဖြစ်သည်။ ဤစကားလုံးကို ငါ စက်ဆုပ်ရွံရှာ၏၊ အဘယ့်ကြောင့်ဆိုသော် ယင်းသည် အခြေခံသဘောတရားကို မစဉ်းစားဘဲ၊ လက်လွတ်စပယ် အလှူဒါနကို ကြုံရာကျပန်း ပေးဝေခြင်းကို ရည်ညွှန်းသောကြောင့် ဖြစ်သည်။ ယင်းသည် မိုက်မဲပြီး စိတ်မရှင်းလင်းသော လူတို့အဖို့ ဖြစ်နေကျအရာဖြစ်သည့် အလွန် စိတ်ကူးယဉ်ဆန်သော လိုအင်ဆန္ဒတစ်ခု ဖြစ်သည်။ ဤစကားလုံးကို ဘုရားသခင်၏ချစ်ခြင်းအား ဖော်ပြရန် အသုံးပြုသောအခါ၊ ပြစ်မှားစော်ကားသော ဂယက်အနက် မလွဲမသွေ ရှိသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပိုပြီး လိုက်ဖက်စွာ ဖော်ပြသော စကားလုံးနှစ်လုံး ငါ့မှာရှိသည်။ ၎င်းတို့သည် မည်သည့်အရာများ ဖြစ်သနည်း။ ပထမတစ်ခုက “အလွန့်အလွန် ကြီးမားသော” ဖြစ်သည်။ ဤစကားလုံးသည် စိတ်အာရုံကို အလွန်မနှိုးဆွပေးသည် မဟုတ်လော။ ဒုတိယမှာ “အလွန်ကြီးမားကျယ်ပြန့်သော” ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြရန် ငါ အသုံးပြုသော ဤစကားလုံးနှစ်လုံး နောက်တွင် စစ်မှန်သော အဓိပ္ပာယ်ရှိ၏။ တိုက်ရိုက်ယူရလျှင်၊ “အလွန့်အလွန်ကြီးမားသော”က အရာဝတ္ထု တစ်ခု၏ ထုထည်၊ သို့မဟုတ် လုပ်နိုင်စွမ်းကို ဖော်ပြသည်၊ သို့သော် ထိုအရာက မည်မျှကြီးသည်ကို ပဓာနမထားဘဲ၊ ယင်းသည် လူတို့ ထိနိုင်၊ မြင်နိုင်သော အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ ထိုအရာ တည်ရှိသောကြောင့် ဖြစ်သည်- ယင်းသည် စိတ်ကူးသက်သက် ဖြစ်သော အရာဝတ္ထုတစ်ခု မဟုတ်ဘဲ၊ အတော်အတန် မှန်ကန်တိကျပြီး လက်တွေ့ကျသော နည်းလမ်းဖြင့် လူတို့ကို စိတ်ကူးများပေးနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ယင်းသည် စစ်မှန်သော နည်းလမ်းဖြင့် တကယ်တည်ရှိသော အရာဖြစ်သောကြောင့်၊ သင်သည် ယင်းကို ရှုထောင့် နှစ်ခုမှ ကြည့်သည်ဖြစ်စေ သုံးခုမှ ကြည့်သည်ဖြစ်စေ၊ ယင်း၏ တည်ရှိမှုကို သင် စိတ်ကူးကြည့်ရန် မလိုအပ်ပေ။ ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြရန် “အလွန့်အလွန် ကြီးမားသော” ဆိုသည်ကို အသုံးပြုခြင်းသည် သူ၏ချစ်ခြင်းကို တိုင်းတာဖို့ ကြိုးစားအားထုတ်မှုတစ်ခု ကဲ့သို့ ခံစားရနိုင်သော်လည်း၊ ယင်းက သူ၏ ချစ်ခြင်းမေတ္တာသည် တိုင်းတာ၍မရနိုင်ဟူသော ခံစားချက်ကိုလည်း ပေးသည်။ ဘုရားသခင်၏ ချစ်ခြင်းသည် အနှစ်မဲ့မဟုတ်သကဲ့သို့၊ ဒဏ္ဍာရီနှင့်ဆိုင်သည့် အရာတစ်ခုလည်း မဟုတ်သောကြောင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တိုင်းတာ၍ ရနိုင်သည်ဟု ငါပြောလိုသည်။ ယင်းထက် ထိုအရာသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ အရာခပ်သိမ်း ဝေမျှခံစားသော အရာတစ်ခု၊ အဆင့်အမျိုးမျိုးနှင့် မတူညီသော ရှုထောင့်တို့မှ ဖန်ဆင်းခံအားလုံးက မွေ့လျော်ခံစားရသော အရာတစ်ခု ဖြစ်သည်။ လူတို့သည် ယင်းကို မမြင်နိုင်သကဲ့သို့ မထိနိုင်သော်လည်း၊ ဤချစ်ခြင်းသည် အရာအားလုံးထံ ၎င်းတို့၏ အသက်တာများတွင် နည်းနည်းချင်း ထုတ်ဖော် ပြသည်နှင့်အမျှ အာဟာရနှင့် အသက်ကို ဆောင်ကြဉ်းပေးပြီး၊ ၎င်းတို့သည် ကုန်လွန်သည့် အချိန်တိုင်း၌ ၎င်းတို့ မွေ့လျော်ခံစားသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ရေတွက်ပြီး သက်သေခံလေသည်။ အရာအားလုံးကို ဘုရားသခင် ပံ့ပိုးပေးခြင်းနှင့် အားဖြည့်ပေးခြင်းတို့နှင့် သက်ဆိုင်သည့် နက်နဲမှုသည် အရာခပ်သိမ်းအတွက် နှင့် အထူးသဖြင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အတွေးများနည်းတူ လူသားများအတွက် နားလည် သဘောပေါက်ရန် ခက်ခဲသော အရာတစ်ခု ဖြစ်သောကြောင့်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် တိုင်းတာ၍ မရနိုင်ဟု ငါ ပြောမည်။ ဆိုလိုသည်မှာ၊ လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင် သွန်းလောင်းခဲ့ရသော သွေးနှင့် မျက်ရည်များကို အဘယ်သူမျှ မသိပေ။ သူကိုယ်တိုင်၏လက်များဖြင့် ဖန်ဆင်းခဲ့သော လူသားမျိုးနွယ် အတွက် ဖန်ဆင်းရှင်၏ချစ်ခြင်း၏ နက်ရှိုင်းမှု သို့မဟုတ် အလေးချိန်ကို မည်သူမျှသဘောမပေါက်နိုင်၊ မည်သူမျှ နားမလည်နိုင်ပေ။ ဘုရားသခင်၏ ချစ်ခြင်းကို အလွန့်အလွန် ကြီးမားသောအရာအဖြစ် ဖော်ပြခြင်းက ယင်း၏ အကျယ်အဝန်းနှင့် ယင်း၏ဖြစ်တည်မှု အမှန်တရားကို လူတို့အား အသိအမှတ်ပြုကာ နားလည်စေရန် ကူညီပေးဖို့ ဖြစ်သည်။ ယင်းသည် “ဖန်ဆင်းရှင်” ဟူသော စကားလုံး၏ တကယ့်အဓိပ္ပာယ်ကို လူတို့ သာ၍ နက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်ရန်အလို့ငှာနှင့် “ဖန်ဆင်ခြင်း” ဟူသော အမည်နာမ၏ စစ်မှန်သော အဓိပ္ပာယ်နှင့် သက်ဆိုင်သည့် သာ၍ နက်ရှိုင်းသော သိနားလည်မှုကို လူတို့ ရရှိနိုင်ရန်အလို့ငှာလည်း ဖြစ်သည်။ “အလွန်ကြီးမားကျယ်ပြန့်သော” ဆိုသည့် စကားလုံးက မည်သည့်အရာကို ဖော်ပြလေ့ရှိသနည်း။ ယင်းကို သမုဒ္ဒရာ သို့မဟုတ် စကြဝဠာကို ဖော်ပြရန် ယေဘုယျအားဖြင့် အသုံးပြုသည်၊ ဥပမာအားဖြင့်- အလွန်ကြီးမားကျယ်ပြန့်သော စကြဝဠာ၊ သို့မဟုတ် အလွန်ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာ ဟူ၍ ဖြစ်သည်။ စကြဝဠာ၏ ကျယ်ပြန့်မှုနှင့် ဆိတ်ငြိမ်သော နက်ရှိုင်းမှုသည် လူသား၏ နားလည်မှုကို ကျော်လွန်၏။ ယင်းသည် လူသား၏ စိတ်ကူးစိတ်သန်းကို ဖမ်းစားသော အရာတစ်ခု၊ ၎င်းတို့ ကြီးမားသည့် ရှုမောမှုခံစားရသည့် အရာတစ်ခု ဖြစ်သည်။ ယင်း၏ ထူးခြားဆန်းကြယ်မှုနှင့် နက်နဲမှုသည် မြင်ကွင်းအတွင်းတွင် ရှိသော်လည်း၊ လက်လှမ်း မမီနိုင်သော နေရာ၌ရှိ၏။ သမုဒ္ဒရာကို သင် စဉ်းစားသောအခါ၊ ယင်း၏ အကျယ်အဝန်းကို သင်စဉ်းစားသည်- အကန့်အသတ် မရှိဘူးဟု ထင်ရပြီး၊ ယင်း၏ ဆန်းကြယ်မှုနှင့် အမှုအရာများကို ကြီးမားသည့် ထိန်းသိမ်းနိုင်စွမ်းအား သင်ခံစားနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ချစ်ခြင်းကို ဖော်ပြရန်၊ ယင်းက မည်မျှ တန်ဖိုးရှိသည် ခံစားစေဖို့ လူများကို ကူညီပေးရန်၊ သူ၏ ချစ်ခြင်းမေတ္တာ၏ နက်နဲသည့် လှပမှုနှင့် ဘုရားသခင် ချစ်ခြင်းမေတ္တာ၏ တန်ခိုးသည် အဆုံးမဲ့ဖြစ်ကာ ကျယ်ပြန့်သည်ကို ခံစားစေဖို့ “အလွန်ကြီးမားကျယ်ပြန့်သော” ဟူသည့် စကားလုံးကို ငါ အသုံးပြုရသည့် အကြောင်းရင်း ဖြစ်သည်။ သူ၏ချစ်ခြင်းမေတ္တာ၏ သန့်ရှင်းခြင်းနှင့် သူ၏ချစ်ခြင်း မှတစ်ဆင့် ထုတ်ဖော်ပြသော ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ပုန်ကန်ပြစ်မှား၍ မရခြင်းတို့ကို ခံစားနိုင်ရန် လူတို့ကို ကူညီပေးဖို့ ဤစကားလုံးကို ငါ အသုံးပြုခဲ့သည်။ ယခု “အလွန်ကြီးမားကျယ်ပြန့်သော” ဟူသည်မှာ ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြရန် သင့်တော်သော စကားလုံးဖြစ်သည်ဟု သင်တို့ထင်သလော။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို “အလွန်အလွန်ကြီးမားသော” နှင့် “အလွန်ကြီးမားကျယ်ပြန့်သော” ဟူသည့် စကားလုံးနှစ်လုံးနှင့် ကိုက်ညီနိုင်သလော။ လုံးဝကိုက်ညီနိုင်သည်။ လူသားဘာသာစကားဖြင့်၊ ဤစကားလုံးနှစ်လုံးသည်သာ အတော်အတန် သင့်တော်ပြီး၊ ဘုရားသခင်၏ ချစ်ခြင်းကို ဖော်ပြရန် အတော်အတန် နီးစပ်ပေသည်။ သင်တို့သည် ထိုသို့ မထင်ပါသလော။ သင်တို့ကို ဘုရားသခင်၏ ချစ်ခြင်းအား ဖော်ပြစေမည်ဆိုပါက၊ ဤစကားလုံးနှစ်လုံးကို သင်တို့ သုံးကြမည်လော။ အများဆုံးဖြစ်နိုင်ချေမှာ၊ သင်တို့ သုံးမည် မဟုတ်ပေ၊ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့်သက်ဆိုင်သည့် သင်တို့၏ သိနားလည်ခြင်းနှင့် အသိအမှတ်ပြုခြင်းတို့သည် ရှုထောင့် နှစ်ဖက်မြင် အတိုင်းအတာအထိသာ ကန့်သတ်ထားပြီး၊ သုံးဖက်မြင် နေရာအမြင့်သို့ မတက်လှမ်းသေးသောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် သင်တို့ကို ဘုရားသခင်၏ ချစ်ခြင်းအား ဖော်ပြစေမည်ဆိုပါက၊ သင်တို့သည် စကားလုံးကင်းမဲ့သည်ဟု ခံစားရပေမည်၊ သို့မဟုတ် သင်တို့ကို အားစေးမိကောင်း မိသွားစေမည် ဖြစ်သည်။ ယနေ့ ငါပြောပြီးသည့် ဤစကားလုံး နှစ်လုံးသည် သင်တို့အတွက် နားလည်ရန် ခက်ကောင်း ခက်နိုင်သည်၊ သို့မဟုတ် သင်တို့ တကယ်ကို သဘောတူကောင်း တူနိုင်မည်မဟုတ်ပေ။ ဤအရာက ဘုရားသခင်၏ချစ်ခြင်းအပေါ် သင်၏ အသိအမှတ်ပြုခြင်းနှင့် နားလည်ခြင်းသည် အပေါ်ယံဆန်ပြီး ကျဉ်းမြောင်းသော ်အတိုင်းအတာထိ ကန့်သတ်ထားသည်ဟုသာ ပြသပေသည်။ ဘုရားသခင်သည် ကိုယ်ကျိုးမငဲ့ဟု ယခင်က ငါပြောပြီးဖြစ်သည်။ “ကိုယ်ကျိုးမငဲ့သော” ဟူသည့် ဤစကားကို သင်တို့ မှတ်မိသည်။ ဘုရား၏ချစ်ခြင်းမေတ္တာကို ကိုယ်ကျိုးမငဲ့သော မေတ္တာအဖြစ်သာ ဖော်ပြ၍ ရနိုင်သည်မှာ ဖြစ်နိုင်မည်လော။ ဤသည်မှာ အတိုင်းအတာ အလွန်ကျဉ်းသည် မဟုတ်လော။ ယင်းမှ တစ်ခုခုရရှိနိုင်ဖို့အလို့ငှာ ဤကိစ္စကို သင်တို့ သာ၍ တွေးဆသင့်သည်။

အထက်ကအရာမှာ ပထမဆုံး နိမိတ်လက္ခဏာမှ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရကို ငါတို့ မြင်ခဲ့သည့် အရာဖြစ်သည်။ ဤသည်မှာ လူတို့ နှစ်ထောင်ပေါင်းအချို့ ဖတ်ခဲ့သော အဖြစ်အပျက်တစ်ခု ဖြစ်သော်လည်း၊ ယင်းသည် ရိုးရှင်းသော ဇာတ်ကွက်တစ်ခုရှိပြီး ရိုးရှင်းသော ဖြစ်ရပ်ကို လူတို့အား မြင်စေသည်၊ သို့သော် ဤရိုးရှင်းသော ဇာတ်ကွက်၌ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ဖြစ်သည့် သာ၍ အဖိုးတန်သော အရာတစ်ခုကို ငါတို့ မြင်နိုင်သည်။ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း ဖြစ်သည့် ဤအရာများသည် ဘုရားသခင်ကိုယ်တော်တိုင်ကို ကိုယ်စားပြုပြီး ဘုရားသခင်ကိုယ်တော်တိုင်၏ အတွေးများနှင့် သက်ဆိုင်သည့် ဖော်ပြချက်တစ်ခုဖြစ်သည်။ ဘုရားသခင်က သူ၏အတွေးများကို ဖော်ပြသောအခါ၊ ယင်းသည် သူ၏စိတ်နှလုံး သဘောထား၏ ဖော်ပြခြင်း တစ်ခုဖြစ်သည်။ သူသည် သူ့ကိုနားလည်နိုင်သောလူများ၊ သူ့ကို သိနိုင်သောလူများနှင့် သူ၏အလိုတော်ကို သဘောပေါက်နိုင်သကဲ့သို့၊ သူ၏ စိတ်နှလုံး သဘောထားကို ကြားနိုင်ပြီး သူ၏ အလိုတော်ကို ဖြည့်ဆည်းဖို့ တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်နိုင်သောသူများ ရှိလိမ့်မည်ဟု မျှော်လင့်သည်။ သခင်ယေရှုလုပ်ဆောင်ခဲ့သော ဤအရာများသည် ဘုရားသခင်၏ အသံမဲ့ ဖော်ပြချက်တစ်ခု ဖြစ်ခဲ့သည်။

ဆက်လက်၍၊ အောက်ပါ ကျမ်းပိုဒ်ကို ကြည့်ကြစို့- လာဇရု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ဘုရားသခင်ကို ဘုန်းထင်ရှားစေသည်။

ဤကျမ်းပိုဒ်ကိုဖတ်ပြီးနောက် မည်သည့် ထင်မြင်ချက် သင်တို့ ရှိကြသနည်း။ လူသေကို အုတ်ဂူမှ ပြန်ပြီး ရှင်စေခြင်းထက် မည်သည့်နိမိတ်လက္ခဏာမျှ သာ၍ အံ့အားသင့်ဖွယ် မဖြစ်သောကြောင့်၊ သခင်ယေရှု ဆောင်ရွက်ခဲ့သည့် ဤနိမိတ်လက္ခဏာ၏ အဓိပ္ပာယ်မှာ ယခင်တစ်ခုထက် သာ၍ ကြီးမားသည်။ ထိုခေတ်တွင် သခင်ယေရှုက ဤသို့သော အရာမျိုးကိုလုပ်ဆောင်ခြင်းသည် အလွန့်အလွန် အရေးပါခဲ့ပေသည်။ ဘုရားသခင်သည် လူ့ဇာတိခံယူခဲ့ပြီးဖြစ်သောကြောင့်၊ လူတို့သည် သူ၏ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်၊ သူ၏ လက်တွေ့ကျသောဘက်နှင့် သူ၏ မထင်ရှားသောအပိုင်းကိုသာ မြင်နိုင်ခဲ့ကြသည်။ လူအချို့က သူ၏ အကျင့်စရိုက်နှင့် သက်ဆိုင်သည့် အရာတစ်ခုကို သို့မဟုတ် သူပိုင်ဆိုင်ပုံရသည့် အထူး စွမ်းရည်အချို့ကို မြင်ခဲ့ပြီး နားလည်ခဲ့လျှင်ပင် သခင်ယေရှု မည်သည့်နေရာက လာသည်၊ သူ၏အနှစ်သာရ၌ သူသည် အမှန်တကယ် မည်သူဖြစ်သည်ဆိုသည်နှင့် မည်သည့် အခြားသော အရာများကို သူ လုပ်ဆောင်နိုင်စွမ်းရှိသည် ဆိုသည်တို့ကို မည်သူမျှ မသိခဲ့ပေ။ ဤအရာအားလုံးကို လူသားမျိုးနွယ်က မသိခဲ့ကြပေ။ လူများစွာက သခင်ယေရှုနှင့် ပတ်သက်သည့် ဤမေးခွန်းများကို ဖြေရန် သက်သေအထောက်အထားကို ရှာတွေ့ချင်ခဲ့ကြပြီး၊ အမှန်တရားကို သိချင်ခဲ့ကြသည်။ ဘုရားသခင်သည် သူကိုယ်တော်တိုင်၏ ပင်ကိုလက္ခဏာကို သက်သေပြရန် တစ်ခုခုကို လုပ်ပြနိုင်မည်လော။ ဘုရားသခင်အတွက်၊ ဤသည်မှာ အလွယ်ကလေး ဖြစ်သည်- ယင်းသည် အလွန်လွယ်ကူသောအရာ ဖြစ်ခဲ့သည်။ သူ၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို သက်သေပြရန် မည်သည့် နေရာ၌မဆို၊ မည်သည့်အချိန်၌မဆို တစ်စုံတစ်ရာကို သူ လုပ်ဆောင်နိုင်သည်၊ သို့သော် ဘုရားသခင်သည် အမှုအရာများကို- အစီအစဉ်တစ်ခုနှင့် အဆင့်တို့ဖြင့်- လုပ်ဆောင်သည့် သူ၏ ကိုယ်ပိုင်နည်းလမ်း ရှိခဲ့လေသည်။ သူသည် အမှုအရာများကို လက်လွတ်စပယ် မလုပ်ဆောင်ခဲ့ဘဲ၊ ယင်းထက် လူသားကို သူ မြင်ခွင့်ပေးမည့် အရာတစ်ခု၊ အဓိပ္ပာယ်နှင့် အမှန်တကယ် ပြည့်လျှမ်းခဲ့သည့် အရာတစ်ခုကိုလုပ်ဆောင်ရန် မှန်ကန်သော အချိန်နှင့် မှန်ကန်သော အခွင့်အရေးကို သူကြည့်သည်။ ဤနည်းဖြင့် သူ၏ဩဇာအာဏာနှင့် သူ၏ ပင်ကိုလက္ခဏာကို သူ သက်သေပြခဲ့သည်။ သို့ဆိုလျှင် လာဇရု၏ ရှင်ပြန်ထမြောက်ခြင်းက သခင်ယေရှု၏ ပင်ကိုလက္ခဏာကို သက်သေပြနိုင်မည်လော။ ကျမ်းစာ၏ အောက်ပါကျမ်းပိုဒ်ကို ကြည့်ကြစို့- “လာဇရုထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် ထွက်လာ၏။” သခင်ယေရှုက ဤအရာကို လုပ်ဆောင်ခဲ့ချိန်တွင်၊ တစ်ခုသာ သူပြောခဲ့သည်- “လာဇရုထွက်၍လာလော့။” ထို့နောက် လာဇရုက သူ့အုတ်ဂူမှ ထွက်လာခဲ့သည်- ဤသည်မှာ သခင်ု မြွက်ကြားခဲ့သော စကားအနည်းငယ်မျှကြောင့် ပြီးမြောက်ခဲ့ခြင်း ဖြစ်သည်။ ဤအချိန်အတောအတွင်းတွင်၊ သခင်ယေရှုသည် ယဇ်ပလ္လင် တစ်ခု မပြင်ဆင်ခဲ့သကဲ့သို့၊ အခြား လုပ်ဆောင်ချက်တို့ကို မလုပ်ဆောင်ခဲ့ပေ။ ဤတစ်ခုသာ သူပြောခဲ့သည်။ ဤသည်ကို နိမိတ်လက္ခဏာတစ်ခုဟု ခေါ်မည်လော၊ အမိန့်တစ်ခုဟု ခေါ်မည်လော။ သို့မှမဟုတ် မှော်ပညာအမျိုးအစား တချို့လော။ အပေါ်ယံအားဖြင့်၊ နိမိတ်လက္ခဏာတစ်ခုဟု ခေါ်၍ရသည် ဟုထင်ရပြီး၊ ခေတ်ပေါ် ရှုထောင့်မှကြည့်ပါက၊ ယင်းကို နိမိတ်လက္ခဏာတစ်ခုဟု သင်တို့ ဧကန် ခေါ်၍ရနိုင်ဆဲ ဖြစ်၏။ သို့သော် ယင်းမှာ ဝိညာဉ်တစ်ခုကို သေခြင်းမှ ပြန်ခေါ်ဖို့ဟု ယူဆရသည့် ပယောဂမျိုးဟု သေချာပေါက် မှတ်ယူ၍မရနိုင်သကဲ့သို့၊ မည်သည့် မှော်ပညာအမျိုးအစားမျှ လုံးဝ မဟုတ်ခဲ့ပေ။ ဤနိမိတ်လက္ခဏာသည် ဖန်ဆင်းရှင်၏ ဩဇာအာဏာနှင့် သက်ဆိုင်သည့် ပုံမှန်အဖြစ်ဆုံးနှင့် သေးငယ်သော ဖော်ပြချက်တစ်ခုဖြစ်သည်ဟု ဆိုရန်မှာ မှန်ကန်ပေသည်။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာနှင့် တန်ခိုး ဖြစ်သည်။ လူတစ်ယောက်ကို သေစေရန်၊ သူ၏ ဝိညာဉ်အား သူ၏ကိုယ်ခန္ဓာမှ ထွက်ပြီး မရဏနိုင်ငံကို ပြန်သွားစေရန် သို့မဟုတ် ၎င်း သွားသင့်သည့် အခြားမည်သည့် နေရာကိုမဆို ပြန်သွားစေရန် ဘုရားသခင်၌ ဩဇာအာဏာ ရှိသည်။ လူတစ်ဦး သေဆုံးချိန်နှင့် သေဆုံးပြီးနောက် ၎င်းတို့ သွားမည့်နေရာ- ဤအရာတို့ကို ဘုရားသခင်က သတ်မှတ်သည်။ သူသည် ဤဆုံးဖြတ်ချက်များကို လူသားများ၊ အဖြစ်အပျက်များ၊ အရာဝတ္ထုများ၊ နေရာ သို့မဟုတ် တည်နေရာတို့၏ ကန့်သတ်ထားခြင်းကို မခံရဘဲ အချိန်မရွေး၊ နေရာမရွေး လုပ်ဆောင်နိုင်သည်။ အရာခပ်သိမ်းနှင့် သက်ရှိသတ္တဝါအားလုံး သူ၏ အုပ်စိုးမှုအောက်တွင်ရှိပြီး အရာခပ်သိမ်းသည် သူ၏ နှုတ်ကပတ်တော်နှင့် သူ၏ ဩဇာအာဏာအားဖြင့် တိုးတက်ပွားများသောကြောင့်၊ တည်ရှိပြီး ပျက်စီးကြ သောကြောင့်၊ ထိုအရာကို သူ လုပ်ဆောင်ချင်ပါက၊ သူ လုပ်ဆောင်နိုင်သည်။ သူသည် လူသေတစ်ဦးကို ပြန်ရှင်စေနိုင်ပြီး၊ ဤသည်မှာလည်း အချိန်မရွေး၊ နေရာမရွေး သူ လုပ်ဆောင်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်တစ်ပါးတည်းသာ ပိုင်ဆိုင်သော ဩဇာအာဏာ ဖြစ်သည်။

သခင်ယေရှုသည် လာဇရုကို သေခြင်းမှ ပြန်ရှင်စေခြင်း ကဲ့သို့သော အရာတစ်ခုများကို လုပ်ဆောင်ခဲ့ချိန်တွင်၊ သူ၏ ရည်မှန်းချက်မှာ လူသားများအတွက် သက်သေပေးရန်နှင့် စာတန်ကို မြင်စေရန်အတွက်ဖြစ်ပြီး လူသားများနှင့် စာတန်ကို လူသားမျိုးနွယ်နှင့် ပတ်သက်သည့်အရာတိုင်း၊ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းတို့ကို ဘုရားသခင် သတ်မှတ်ကြောင်းနှင့် သူသည် လူ့ဇာတိခံယူခဲ့ပြီးဖြစ်သော်လည်း၊ မြင်၍ရနိုင်သည့် ရုပ်ဝတ္ထုလောကအပြင်၊ လူသားများ မမြင်နိုင်သည့် ဝိညာဉ်လောကကိုပါ ကွပ်ကဲအုပ်ချုပ်နေဆဲဖြစ်ကြောင်းကို သိစေရန်ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်နှင့် ပတ်သက်သည့် အရာရာတိုင်းသည် စာတန်၏ ကွပ်ကဲအုပ်ချုပ်မှု အောက်တွင် မရှိသည်ကို လူသားမျိုးနွယ်နှင့် စာတန်က သိကြစေဖို့အလို့ငှာ ဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာနှင့်ဆိုင်သည့် ဖွင့်ပြခြင်းနှင့် ထုတ်ဖော်ပြသခြင်း ဖြစ်ပြီး၊ ယင်းသည် လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းသည် ဘုရားသခင်၏ လက်ထဲ၌ရှိကြောင်း ကို အရာခပ်သိမ်းထံ သတင်းစကားပေးပို့ရန် ဘုရားသခင်၏ နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ သခင်ယေရှု၏ လာဇရုကို သေခြင်းမှ ပြန်လည်ရှင်ပြန်ထမြောက်စေခြင်းသည် လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်က သွန်သင်ကာ ညွှန်ကြားသည့် နည်းလမ်းများထဲမှ တစ်ခု ဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ်ကို ညွှန်ကြားရန်နှင့် ထောက်ပံ့ရန် သူ၏ တန်ခိုးနှင့် ဩဇာအာဏာကို သူအသုံးပြုသည့် ခိုင်မာသော လုပ်ဆောင်ချက်တစ်ခုဖြစ်ခဲ့သည်။ ယင်းသည် သူသည် အရာအခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်သည်ကို စကားများ အသုံးပြုခြင်းမရှိဘဲ၊ လူသားမျိုးနွယ်အား မြင်ခွင့်ပေးဖို့ ဖန်ဆင်းရှင်အတွက် နည်းလမ်းတစ်ခု ဖြစ်ခဲ့သည်။ ယင်းမှာ သူ့အားဖြင့်မှလွဲ၍ အခြားကယ်တင်ခြင်း မရှိသည်ကို လက်တွေ့ လုပ်ဆောင်ချက်များမှတစ်ဆင့် လူသားမျိုးနွယ်ကို ပြောပြရန် သူ့အတွက် နည်းလမ်းတစ်ခု ဖြစ်သည်။ လူသားမျိုးနွယ်ကို ညွှန်ကြားဖို့ သူ အသုံးပြုသည့် ဤတိတ်ဆိတ်သော နည်းလမ်းသည် လူသား၏စိတ်နှလုံးထံ အံ့သြထိတ်လန့်မှုတစ်ခုနှင့် မည်သည့်အခါမျှ ပျောက်ကွယ် မသွားမည့် အသိဉာဏ်ပွင့်လင်းခြင်းကို ဆောင်ကြဉ်းလျက် ထာဝရတည်တံ့ကာ၊ မပျက်ပြယ်နိုင်ပေ။ လာဇရု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ဘုရားသခင်ကို ဘုန်းထင်ရှား စေခဲ့သည်- ဤအရာသည် ဘုရားသခင်၏ နောက်လိုက် တစ်ဦးချင်းစီတိုင်းအပေါ် နက်ရှိုင်းသော သက်ရောက်မှုတစ်ခု ရှိလေသည်။ ဤဖြစ်ရပ်ကို နက်ရှိုင်းစွာ နားလည်သော လူတိုင်း၌ ဘုရားသခင်သာလျှင် လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းအား အမိန့်ပေးနိုင်သည် ဟူသည့် သိနားလည်မှု၊ အမြင်ကို သတ်မှတ်ပေးသည်။ ဘုရားသခင်သည် ဤဩဇာအာဏာမျိုးရှိသော်လည်း၊ သူသည် လာဇရု၏ ရှင်ပြန်ထမြောက်ခြင်းမှတစ်ဆင့် လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းအပေါ် သူ၏ အချုပ်အခြာအာဏာ အကြောင်း သတင်းစကား ပေးပို့ခဲ့သော်လည်း၊ ဤသည်မှာ သူ၏ အဓိက အမှုမဟုတ်ခဲ့ပေ။ ဘုရားသခင်သည် တစ်စုံတစ်ခုကို အဓိပ္ပာယ်မရှိဘဲ မည်သည့်အခါမျှ မလုပ်ဆောင်ပေ။ သူလုပ်ဆောင်သော အရာတစ်ခုစီတိုင်းသည် ကြီးမားသော တန်ဖိုးရှိပြီး ရတနာတိုက်တစ်ခုထဲက သာလွန်ထူးကဲသော ရတနာတစ်ခု ဖြစ်သည်။ သူသည် “လူတစ်ယောက်အား သူ၏သင်္ချိုင်းဂူအထဲမှ ပြန်ထွက် လာစေခြင်း” ကို သူ့အလုပ်၏ အဓိက၊ သို့မဟုတ် တစ်ခုတည်းသော ရည်မှန်းချက်၊ သို့မဟုတ် ကိစ္စအဖြစ် လုံးဝ ပြုလုပ်မည်မဟုတ်ပေ။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသော မည်သည့်အရာကိုမျှ လုပ်ဆောင်မည် မဟုတ်ပေ။ တစ်ခုတည်းသော ဖြစ်ရပ်အဖြစ် လာဇရုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေခြင်းသည် ဘုရားသခင်၏ ဩဇာအာဏာကို ထုတ်ဖော်ပြသရန်နှင့် သခင်ယေရှု၏ ပင်ကိုလက္ခဏာကို သက်သေပြရန် လုံလောက်ပေသည်။ ဤသည်မှာ သခင်ယေရှုက ဤနိမိတ်လက္ခဏာမျိုးကို ထပ်မလုပ်ခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင် နိယာမများနှင့် အမှုအရာများကို လုပ်ဆောင်သည်။ ဘုရားသခင်သည် သူ၏ စိတ်ကို လေးနက်သော ကိစ္စရပ်များဖြင့်သာ ဖြည့်ထားသည်ဟု လူသား ဘာသာစကားဖြင့် ဆိုနိုင်ပေသည်။ ဆိုလိုသည်မှာ ဘုရားသခင်က အမှုအရာတို့ကို လုပ်ဆောင်သောအခါ၊ သူ၏ အမှု ရည်ရွယ်ချက်မှ လမ်းလွဲမသွားပေ။ ဤအဆင့်၌ မည်သည့်အမှုကို သူလုပ်ဆောင်လိုသည်၊ မည်သည့်အရာကို သူ ပြီးမြောက်လိုသည်ဆိုသည်တို့ကို သူသိပြီး သူ၏အစီအစဉ် အတိုင်း တင်းကျပ်စွာ သူ အမှုပြုလိမ့်မည်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူတစ်ဦးသည် ထိုအရည်အချင်းမျိုး ရှိခဲ့ပါက၊ လူတို့က သူ့ကို ဦးညွှတ်ကြရန်၊ ၎င်းတို့ကို သူထိန်းချုပ်နိုင်ပြီး ဝါးမျိုနိုင်ရန်အလို့ငှာ၊ သူမည်မျှ ခံ့ညားသည်ကို အခြားသူများ သိကြဖို့၊ သူ၏ အရည်အချင်းကို ထုတ်ဖော်ပြရန် နည်းလမ်းများကိုသာ သူစဉ်းစားနေခဲ့ပေမည်။ ဤသည်မှာ စာတန်ထံမှလာသော ဆိုးယုတ်ခြင်းဖြစ်သည်- ဤအရာကို ဖောက်ပြန်ပျက်စီးခြင်း ဟုခေါ်၏။ ဘုရားသခင်သည် ထိုသို့သော စိတ်သဘောထား မရှိသကဲ့သို့၊ ထိုသို့သော အနှစ်သာရတစ်ခု မရှိပေ။ အမှုအရာများကို လုပ်ဆောင်ရာတွင် သူ၏ ရည်ရွယ်ချက်မှာ မိမိကိုယ်ကိုယ် ကြွားဝါရန်မဟုတ်ဘဲ၊ လူသားမျိုးနွယ်ကို သာ၍ ထုတ်ဖော်ပြခြင်းနှင့် လမ်းပြခြင်းတို့ကို ပံ့ပိုးပေးရန် ဖြစ်ပြီး၊ ဤသည်မှာ သမ္မာကျမ်းစာတွင် ဤအဖြစ်အပျက်မျိုးနှင့် သက်ဆိုင်သည့် အလွန်နည်းပါးသော ဥပမာများကို လူတို့ တွေ့မြင်ရသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ သခင်ယေရှု၏ တန်ခိုးများသည် အကန့်အသတ် ရှိသည် သို့မဟုတ် ထိုသို့သောအရာများကို သူ လုပ်ဆောင်နိုင်စွမ်းမရှိဟု ဆိုရမည်မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်သည် ထိုအရာကို မလုပ်ဆောင်လိုခြင်း သက်သက်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် သခင်ယေရှု၏ လာဇရုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေခြင်းသည် အလွန် လက်တွေ့ကျသော အရေးပါမှုရှိခဲ့သောကြောင့်ဖြစ်ပြီး၊ ဘုရားသခင်က လူ့ဇာတိခံယူခြင်း၏ အဓိက အမှုမှာ နိမိတ်လက္ခဏာများကို ဆောင်ရွက်ရန် မဟုတ်၊ လူတို့ကို သေခြင်းမှ ပြန်လည်ခေါ်ဆောင်ဖို့ရန် မဟုတ်ဘဲ လူသားမျိုးနွယ်အတွက် ရွေးနုတ်ခြင်းအမှု ဖြစ်ခဲ့သောကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှု ပြီးစီးခဲ့သည့် အလုပ်အများစုသည် လူတို့ကို သွန်သင်ခြင်း၊ ၎င်းတို့ကို ထောက်ပံ့ပေးခြင်းနှင့် ၎င်းတို့ကို ကူညီခြင်းဖြစ်ပြီး လာဇရုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေခြင်းကဲ့သို့သော အဖြစ်အပျက်များသည် သခင်ယေရှု ဆောင်ရွက်ခဲ့သည့် အမှုတော်၏ သေးငယ်သော အပိုင်းတစ်ခုမျှသာ ဖြစ်သည်။ ထို့ထက်ပို၍၊ “ကြွားလုံးထုတ်ခြင်း” သည် ဘုရားသခင်၏ အနှစ်သာရ တစ်စိတ်တစ်ပိုင်း မဟုတ်ဟု သင်ဆိုနိုင်သည်၊ ထို့ကြောင့် သာ၍ များသော နိမိတ်လက္ခဏာများကို မပြသခြင်းဖြင့် သခင်ယေရှုသည် ချုပ်တည်းမှုကို တမင်သက်သက် ကျင့်သုံးနေခြင်းမဟုတ်သကဲ့သို့၊ ဤသည်မှာ ပတ်ဝန်းကျင် ကန့်သတ်ချက်များကြောင့်လည်း မဟုတ်ခဲ့ပေ၊ ပြီးလျှင် ယင်းမှာ သေချာပေါက် တန်ခိုးမဲ့သောကြောင့် မဟုတ်ခဲ့ပေ။

သခင်ယေရှုက လာဇရုကို သေခြင်းမှ ပြန်လည် ခေါ်ဆောင်ခဲ့ချိန်တွင်၊ ဤစကားအနည်းငယ်ကို သူ အသုံးပြုခဲ့သည်- “လာဇရုထွက်၍လာလော့။” ဤသည်မှလွဲ၍ တစ်ခြားမည်သည့်အရာကိုမျှ မပြောခဲ့ပေ။ သို့ဆိုလျှင် ဤစကားလုံးများသည် မည်သည့်အရာကို ပြသပါသနည်း။ ယင်းတို့က ဘုရားသခင်သည် သေသူကို ပြန်လည် ထမြောက်စေခြင်းအပါအဝင် မည်သည့်အရာကိုမဆို စကားပြောခြင်းဖြင့် ပြီးမြောက်စေနိုင်သည်ကို ပြသပေသည်။ ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင်၊ ကမ္ဘာလောကကို သူဖန်ဆင်းခဲ့ချိန်တွင် နှုတ်ကပတ်တော်များဖြင့် ထိုသို့ လုပ်ဆောင်ခဲ့သည်- အမိန့်များ၊ ဩဇာအာဏာရှိသော နှုတ်ကပတ်တော်များကို ပြောဆိုခဲ့ပြီး၊ ဤနည်းဖြင့် အရာခပ်သိမ်း ဖန်ဆင်းခြင်းခံခဲ့ရပြီး၊ ထိုသို့ဖြင့် ယင်းသည် ပြီးမြောက်ခဲ့သည်။ သခင်ယေရှုပြောခဲ့သော ဤစကား အနည်းငယ်သည် ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင် ပြောခဲ့သော စကားများကဲ့သို့သာ ဖြစ်သည်။ ထိုနည်းတူစွာ ထိုစကားများသည် ဘုရားသခင်၏ ဩဇာအာဏာ၊ ဖန်ဆင်းရှင်၏ တန်ခိုးတို့ ကိုင်စွဲထားလေသည်။ ဘုရားသခင်၏ နှုတ်မှလာသော စကားများကြောင့် အရာခပ်သိမ်းသည် ဖြစ်ပေါ်လာပြီး ခိုင်ခိုင်မာမာ တည်တံ့ခဲ့သည်၊ ထိုနည်းတူ သခင်ယေရှု၏ နှုတ်မှလာသော စကားများကြောင့် လာဇရုသည် သူ၏အုတ်ဂူမှ ထွက်လျှောက်လာခဲ့သည်။ ဤသည်မှာ သူ၏ လူ့ဇာတိခံ ခန္ဓာ၌ ထုတ်ဖော်ပြသပြီး အကောင်အထည် ဖော်ခဲ့သော ဘုရားသခင်၏ ဩဇာအာဏာဖြစ်သည်။ ဤဩဇာအာဏာနှင့် အရည်အချင်းမျိုးသည် ဖန်ဆင်းရှင်နှင့် သက်ဆိုင်ပြီး ဖန်ဆင်းရှင် တကယ်ဖြစ်ပေါ်လာခဲ့သည့် လူသားနှင့် သက်ဆိုင်သည်။ ဤသည်မှာ လာဇရုကို သေခြင်းမှ ပြန်လည်ခေါ်ဆောင်ခြင်းအားဖြင့် လူသားမျိုးနွယ်ကို ဘုရားသခင် သွန်သင်ခဲ့သော သိနားလည်ခြင်း ဖြစ်သည်။ ယခု ဤအကြောင်းအရာနှင့်သက်ဆိုင်သည့် ငါတို့၏ ဆွေးနွေးမှုကို ဤတွင် ငါတို့ အပြီးသတ်မည်။ ဆက်လက်၍ ကျမ်းစာမှ နောက်ထပ် ဖတ်ကြစို့။

၁၀။ ယေရှုအပေါ် ဖာရိရှဲတို့၏ ဝေဖန်ခြင်း

ရှင်မာကု ၃:၂၁-၂၂ ကိုယ်တော်၏ အဆွေအမျိုးတို့သည် ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှါ ထွက်သွားကြ၏။ ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။

၁၁။ ဖာရိရှဲများကို ယေရှု ပြစ်တင်မောင်းမဲခြင်း

ရှင်မဿဲ ၁၂:၃၁-၃၂ ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။

ရှင်မဿဲ ၂၃:၁၃-၁၅ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကို လူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုဆိုးမအိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထို့ကြောင့် သာ၍ ကြီးစွာသော ဒဏ်ကိုခံရကြလတံ့။ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူတယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။

အထက်က ကျမ်းနှစ်ပိုဒ်၏ အကြောင်းအရာသည် မတူညီကြပေ။ ပထမကျမ်းပိုဒ်ကို အရင်ကြည့်ကြစို့-- ယေရှုအပေါ် ဖာရိရှဲတို့၏ ဝေဖန်ခြင်း။

သမ္မာကျမ်းစာတွင်၊ ယေရှုကိုယ်တိုင်နှင့် သူ လုပ်ဆောင်ခဲ့သည့် အရာများနှင့်ဆိုင်သည့် ဖာရိရှဲတို့၏ သုံးသပ်ချက်မှာ- “သူသည် အရူးဖြစ်၏ဟုဆို၍...သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။” (ရှင်မာကု ၃:၂၁-၂၂) ဟူ၍ ဖြစ်သည်။ သခင်ယေရှုကို ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့၏ ဝေဖန်မှုက အခြားလူတို့၏ စကားများကို အတုခိုးနေခြင်းမျှသာ မဟုတ်သကဲ့သို့၊ အခြေအမြစ် မရှိသော ထင်မြင်ချက် မဟုတ်ခဲ့ပေ- ယင်းသည် သူ၏လုပ်ဆောင်ချက်များနှင့် သက်ဆိုင်၍ ၎င်းတို့ မြင်ခဲ့ရပြီး ကြားခဲ့ရသည့်အရာမှလာသော သခင်ယေရှုနှင့်ပတ်သက်သည့် ၎င်းတို့ ကောက်ချက်ချခြင်း ဖြစ်သည်။ ၎င်းတို့၏ ကောက်ချက်သည် အပြင်ပန်းအားဖြင့် တရားမျှတမှုအရ ချမှတ်ထားပြီး လူတို့အဖို့ အခြေအမြစ် ရှိသည့်အလား ထင်ရသော်လည်း၊ သခင်ယေရှုကို ၎င်းတို့ အကဲဖြတ်ဝေဖန်သော မာနထောင်လွှားမှုသည် သူတို့အတွက်ပင် ချုပ်တည်းရန် ခက်ခဲခဲ့ပေသည်။ သခင်ယေရှုအတွက် ၎င်းတို့၏ ထိန်းမနိုင်သိမ်းမရသော အမုန်းစွမ်းအားသည် ၎င်းတို့၏ ကိုယ်ပိုင် ရိုင်းစိုင်းသောရည်မှန်းချက်များနှင့် ၎င်းတို့၏ ဆိုးယုတ်သော စာတန်သဘောပါဝင်သော မျက်နှာရိပ် မျက်နှာကဲများအပြင် ဘုရားသခင်ကို ဆန့်ကျင်သည့် ၎င်းတို့၏ မလိုမုန်းထားသော သဘာဝကို မြင်သာအောင်ပြလေသည်။ သခင်ယေရှုအပေါ် ၎င်းတို့၏ အကဲဖြတ်ဝေဖန်ခြင်းတွင် ၎င်းတို့ပြောသည့် ဤအရာများသည် ၎င်းတို့၏ ရိုင်းစိုင်းသော ရည်မှန်းချက်များ၊ မနာလိုမှုနှင့် ဘုရားသခင်နှင့် သမ္မာတရား အပေါ် ၎င်းတို့၏ ရန်လိုမှုနှင့်ဆိုင်သည့် အကျည်းတန်ပြီး မလိုမုန်းထားသော သဘာဝဖြင့် လှုံ့ဆော်ခံရခြင်း ဖြစ်ပေသည်။ သခင်ယေရှု၏ လုပ်ဆောင်ချက်များ၏ အရင်းအမြစ်ကို ၎င်းတို့ မစုံစမ်းမစစ်ဆေးခဲ့သကဲ့သို့၊ သူပြောဆိုပြီး လုပ်ဆောင်ခဲ့သည့် အရာ၏ အနှစ်သာရကိုလည်း ၎င်းတို့ မစုံစမ်းမစစ်ဆေးခဲ့ကြချေ။ ယင်းထက် ၎င်းတို့သည် သူလုပ်ဆောင်ခဲ့သောအရာတို့ကို ထိန်းမနိုင်ချုပ်မရသော စိတ်လှုပ်ရှားသည့် အခြေအနေတစ်ခုတွင် ၎င်းတို့သည် ကျိုးကြောင်းမမြင်စွာနှင့် တမင်အငြိုးဖြင့် သူ လုပ်ဆောင်ခဲ့ပြီးသည့်အရာကို တိုက်ခိုက်ခဲ့ကြကာ သိက္ခာ ချခဲ့ကြသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော် တစ်ဖြစ်လဲ ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်သည့် သူ၏ ဝိညာဉ်ကို စိတ်လိုလက်ရ သိက္ခာချသည်အထိ လုပ်ဆောင် ခဲ့ကြသည်။ ဤသည်မှာ ၎င်းတို့က၊ “သူသည် အရူးဖြစ်၏”၊ “ဗေလဇေဗုလ” နှင့် “နတ်ဆိုးမင်း” ဟု ပြောခဲ့ကြချိန်တွင် ၎င်းတို့ ဆိုလိုသည့်အရာ ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဗေလဇေဗုလဖြစ်ပြီး နတ်ဆိုးမင်းဖြစ်သည်ဟု ၎င်းတို့ ပြောခဲ့ကြခြင်း ဖြစ်သည်။ မိမိကိုယ်ကိုယ် လူ့ဇာတိဖြင့် ယူတင်ဝတ်ဆင်ခဲ့ပြီးဖြစ်သည့် ဘုရားသခင်၏ လူ့ဇာတိခံ ဝိညာဉ်တော်၏ အမှကို ရူးသွပ်ခြင်းဟု ၎င်းတို့က ဖော်ပြကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ဗေလဇေဗုလနှင့် နတ်ဆိုးမင်းအဖြစ် ပြစ်မှားစော်ကားခဲ့ရုံသာမက၊ ဘုရားသခင်၏ အမှုတော်ကိုလည်း ရှုတ်ချခဲ့ကြပြီး သခင်ယေရှုခရစ်တော်ကိုလည်း ရှုတ်ချကာ ပြစ်မှားစော်ကားခဲ့ကြသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ဆန့်ကျင်ခြင်းနှင့် ပြစ်မှားစော်ကားခြင်း၏ အနှစ်သာရမှာ စာတန်နှင့် နတ်ဆိုးများ၏ ဘုရားသခင်ပေါ် ဆန့်ကျင်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းတို့၏ အနှစ်သာရနှင့် လုံးဝ တူညီလေသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားများကို ကိုယ်စားပြုရုံသာမက စာတန်၏ ပြယုဂ်ပင် သာ၍ ဖြစ်ကြသည်။ သူတို့သည် လူသားမျိုးနွယ်အလယ် စာတန်အတွက် လမ်းကြောင်း တစ်ခုဖြစ်သကဲ့သို့၊ စာတန်၏ ကြံရာပါများနှင့် လက်ပါးစေများ ဖြစ်ကြသည်။ သခင်ယေရှုခရစ်တော်အပေါ် ၎င်းတို့၏ ပြစ်မှားစော်ကားခြင်းနှင့် ဂုဏ်သရေဖျက်ခြင်းတို့၏ အနှစ်သာရသည် အဆင့်အတန်းအတွက် ၎င်းတို့၏ ရုန်းကန်မှု၊ ဘုရားသခင်နှင့် ပြိုင်ဆိုင်မှုနှင့် ဘုရားသခင်ကို ၎င်းတို့၏ အဆက်မပြတ် စမ်းသပ်ခြင်းတို့ ဖြစ်ကြသည်။ ဘုရားသခင်အပေါ် ၎င်းတို့ဆန့်ကျင်ခြင်း၏ အနှစ်သာရနှင့် သူ့အပေါ် ရန်လိုမှုနှင့် သက်ဆိုင်သည့် ၎င်းတို့၏ သဘောထားအပြင်၊ ၎င်းတို့၏ စကားလုံးများနှင့် သူတို့၏ အတွေးများသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို တိုက်ရိုက် ပြစ်မှားစော်ကားပြီး အမျက်ထွက်စေသည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ ပြောခဲ့ပြီး လုပ်ဆောင်ခဲ့သည့်အရာအပေါ် အခြေခံ၍ ယုတ္တိတန်သော တရားစီရင်မှုကို သတ်မှတ်ခဲ့ပြီး၊ ၎င်းတို့၏ လုပ်ဆောင်ချက်တို့ကို သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင် ပြစ်မှားစော်ကားခြင်း အပြစ်အဖြစ် သတ်မှတ်ခဲ့သည်။ ဤအပြစ်သည် ဤဘဝနှင့် နောင်ဘဝ နှစ်ခုလုံး၌ ခွင့်လွှတ်၍ မရနိုင်ပေ၊ အောက်ပါကျမ်းပိုဒ်၌ သက်သေပြထားသကဲ့သို့ပင် ဖြစ်သည်၊ “...ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်း အခွင့်ကို လူတို့သည် မရနိုင်ကြ” နှင့် “...သန့်ရှင်းသော ဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝ နောင်ဘဝ၌ မလွှတ်နိုင်။” ယနေ့ ဘုရားသခင်ထံမှလာသော ဤနှုတ်ကပတ်တော်များဖြစ်သည့် “ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။” တို့၏ တကယ့် အဓိပ္ပာယ်အကြောင်းကို ဆွေးနွေးကြစို့။ ဆိုလိုသည်မှာ၊ “ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။” ဟူသော နှုတ်ကပတ်တော်တို့ကို ဘုရားသခင်က မည်ကဲ့သို့ပြည့်စုံစေသည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း ဖြစ်စေကြစို့။

ငါတို့ပြောပြီးသည့်အရာတိုင်းက ဘုရားသခင်၏ စိတ်သဘောထား၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများ အပေါ် သူ၏သဘောထားနှင့် ဆက်နွှယ်ပေသည်။ ပင်ကိုအားဖြင့် အထက်က ကျမ်းပိုဒ်နှစ်ပိုဒ်သည် ခြွင်းချက်မဟုတ်ပေ။ ကျမ်းစာ၏ ဤကျမ်းနှစ်ပိုဒ်၌ သင်တို့ တစ်ခုခု သတိပြု မိခဲ့ကြပါသလော။ လူအချို့က ဘုရားသခင်၏ အမျက်ဒေါသကို ထိုကျမ်းပိုဒ်များ၌ မြင်ရသည်ဟု ဆိုကြသည်။ လူအချို့က လူသားမျိုးနွယ်၏ ပုန်ကန်ပြစ်မှားမှုကို သည်းမခံသော ဘုရားသခင်၏ စိတ်သဘောထားဖက်ခြမ်းနှင့် လူတို့က ဘုရားသခင်ကို ပြစ်မှားစော်ကားသည့် အရာတစ်ခုခုလုပ်မိပါက၊ သူ၏ ခွင့်လွှတ်ခြင်းကို ၎င်းတို့ မရရှိနိုင်သည်ကို မြင်သည်ဟု ဆိုကြသည်။ လူတို့က ဤကျမ်းပိုဒ်နှစ်ခုတွင် ဘုရားသခင်၏ အမျက်ဒေါသနှင့် လူသားမျိုးနွယ်၏ ပုန်ကန်ပြစ်မှားခြင်းကို သည်းမခံခြင်းအားမြင်ကာ သတိမူမိသော်လည်း၊ သူ၏ သဘောထားကို ၎င်းတို့ အမှန်တကယ်နားမလည်ကြသေးချေ။ ဤကျမ်းနှစ်ပိုဒ်တွင် ဘုရားသခင်၏ စစ်မှန်သောသဘောထားနှင့် သူ့ကို ပြစ်မှားစော်ကားပြီး အမျက်ထွက်စေသော သူတို့အပေါ် သူ၏ ကိုင်တွယ်ဖြေရှင်းနည်းတို့ကို ကွယ်ဝှက်ညွှန်းဆိုချက်များ သွယ်ဝိုက်ပါရှိပေသည်။ သူ၏သဘောထားနှင့် ကိုင်တွယ်ဖြေရှင်း နည်းတို့က အောက်ပါ ကျမ်းပိုဒ်၏ စစ်မှန်သော အဓိပ္ပာယ်ကို ဖော်ပြပေသည်- “သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။” လူတို့သည် ဘုရားသခင်ကို ပြစ်မှားစော်ကားသောအခါနှင့် သူ့ကို အမျက်ထွက်စေသောအခါ၌၊ သူသည် ဆုံးဖြတ်ချက်တစ်ခုကို ထုတ်ပြန်ပြီး၊ ဤဆုံးဖြတ်ချက်က သူထုတ်ပြန်သော ရလဒ်တစ်ခု ဖြစ်၏။ ယင်းကို ဤနည်းဖြင့် သမ္မာကျမ်းစာထဲ၌ ဖော်ပြထားသည်- “ထို့ကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသော အပြစ်၊ ဘုရားကိုကဲ့ရဲ့သော အပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်း အခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သော အပြစ်နှင့် လွတ်စေခြင်း အခွင့်ကို လူတို့သည် မရနိုင်ကြ။” (ရှင်မဿဲ ၁၂:၃၁) နှင့် “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။” (ရှင်မဿဲ ၂၃:၁၃) သို့သော် ထိုကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့အပြင် သခင်ယေရှုက ဤအရာတို့ကို ပြောပြီးနောက်တွင် သူသည် အရူးဖြစ်သည်ဟု ပြောသောလူတို့အတွက် ရလဒ်က မည်သည့်အရာဖြစ်သည်ကို သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသလော။ ၎င်းတို့ ပြစ်ဒဏ် တစ်ခုခု ခံစားကြရသည်ဟု မှတ်တမ်းတင်ထားသလော။ မှတ်တမ်းတင်ထားခြင်းမရှိဟု သေချာပြောနိုင်သည်။ ဤနေရာတွင် “မှတ်တမ်းတင်မထား” ဟု ပြောခြင်းသည် ထိုသို့သော မှတ်တမ်းတင်မှုမရှိဟု ပြောခြင်းမဟုတ်ဘဲ၊ အမှန်တွင် လူ့မျက်လုံးနှင့် မြင်နိုင်သော ရလဒ်မရှိဟု ဆိုရပေမည်။ “မှတ်တမ်းတင်မထား” ဟု ပြောခြင်းက အချို့သောအရာများကို ကိုင်တွယ်ခြင်းအတွက် ဘုရားသခင်၏ သဘောထားနှင့် အခြေခံသဘောတရားနှင့်ဆိုင်သည့် ကိစ္စရပ်ကို ရှင်းလင်းပေးသည်။ ဘုရားသခင်သည် ပြစ်မှားစော်ကားသောသူ၊ သို့မဟုတ် ဆန့်ကျင်သောသူ၊ သို့မဟုတ် သူ့ကို မကောင်းပြောသောသူများကိုပင်- သူ့ကို တမင်သက်သက် တိုက်ခိုက်ပြီး မကောင်းပြောကာ ကျိန်ဆဲသော လူများကို သူသည် မသိကျိုးကျွန်မပြုဘဲ၊ ယင်းထက် ၎င်းတို့အပေါ် ရှင်းလင်းသောသဘောထားတစ်ခု သူ့မှာရှိသည်။ ဤလူတို့ကို သူ စက်ဆုပ်ရွံရှာပြီး၊ သူ၏ စိတ်နှလုံး၌ ၎င်းတို့ကို ရှုတ်ချသည်။ သူ့ကို ပြစ်မှားစော်ကားသောသူတို့အပေါ် သူသည် ရှင်းလင်းသော သဘောထားတစ်ခု ရှိကြောင်းနှင့် ၎င်းတို့၏ရလဒ်များကို သူမည်ကဲ့သို့ သတ်မှတ်မည်ဆိုဖြစ်ကြောင်းတို့ကို ၎င်းတို့သိရန် အလို့ငှာ၊ ၎င်းတို့၏ ရလဒ်များ မည်သည့်အရာဖြစ်မည်ကို ပွင့်ပွင့်လင်းလင်းပင် သူကြေညာလေသည်။ သို့သော် ဘုရားသခင်က ဤအရာများကို ပြောပြီးနောက်တွင်၊ ထိုလူများအား ဘုရားသခင် မည်သို့ ကိုင်တွယ်မည်ဆိုသည်နှင့် ပတ်သက်ပြီး အမှန်တရားကို မမြင်နိုင်ကြသေးသကဲ့သို့၊ ၎င်းတို့ထံ ဘုရားသခင် ထုတ်ပြန်သည့် ရလဒ်နှင့် ဆုံးဖြတ်ချက်များ နောက်ကွယ်က အခြေခံသဘောတရားများကို ၎င်းတို့ နားမလည်နိုင်ကြပေ။ ဆိုလိုသည်မှာ လူတို့သည် ၎င်းတို့ကို ကိုင်တွယ်ခြင်းအတွက် ဘုရားသခင် ရှိသည့် သီးသန့် နည်းလမ်းနှင့် နည်းစနစ်တို့ကို မမြင်နိုင်ကြပေ။ ဤသည်မှာ အမှုအရာတို့ကို လုပ်ဆောင်ခြင်းအတွက် ဘုရားသခင်၏ အခြေခံသဘောတရားများနှင့် ပတ်သက်ရပေမည်။ ဘုရားသခင်သည် အချို့လူတို့၏ ဆိုးယုတ်သော အပြုအမူကို ကိုင်တွယ်ဖြေရှင်းရန် အချက်အလက်များ ဖြစ်ပွားမှုကို အသုံးပြုသည်။ ယင်းမှာ သူသည် ၎င်းတို့၏ အပြစ်တရားကို မကြေညာသကဲ့သို့၊ ၎င်းတို့၏ ရလဒ်ကို မသတ်မှတ်ဘဲ၊ ယင်းထက် သူတို့၏ ပြစ်ဒဏ်နှင့် ဒဏ်ခတ်ခံရခြင်းတို့ကို ခွဲဝေပေးရန်အတွက် အချက်အလက်များ၏ ဖြစ်ပွားမှုကို တိုက်ရိုက်အသုံးပြုသည်။ ဤအချက်အလက်တို့ ဖြစ်ပျက်သောအခါ၊ အပြစ်ဒဏ်ကို ခံစားရသည်မှာ လူတို့၏ ခန္ဓာဖြစ်သည်၊ ဆိုလိုသည်မှာ အပြစ်ပေးခြင်းသည် လူ့မျက်စိနှင့် မြင်နိုင်သော အရာတစ်ခု ဖြစ်ပေသည်။ လူအချို့၏ ဆိုးယုတ်သော အပြုအမူများကို ကိုင်တွယ်ဖြေရှင်း သောအခါတွင်၊ ဘုရားသခင်က ၎င်းတို့ကို စကားများဖြင့်သာ ကျိန်ဆဲပြီး၊ သူ အမျက်ဒေါသသည်လည်း ၎င်းတို့အပေါ် ကျရောက်လာသော်လည်း၊ သူတို့ရရှိသော အပြစ်ဒဏ်သည် လူတို့မမြင်နိုင်သော အရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သို့သော်လည်း ဤရလဒ်မျိုးသည် လူတို့မြင်နိုင်သော အပြစ်ပေးခံရခြင်း သို့မဟုတ် အသတ်ခံရခြင်းကဲ့သို့သော ရလဒ်များထက် ပို၍ပင် ပြင်းထန်ကောင်းပြင်းထန်နိုင်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က ဤလူစားမျိုးကို မကယ်တင်ရန်၊ ၎င်းတို့ကို သနားကရုဏာ မပြသတော့ရန်၊ သို့မဟုတ် ၎င်းတို့အတွက် သည်းမခံတော့ရန်နှင့် ၎င်းတို့ကို အခွင့်အရေးထပ်မပေးတော့ရန် သတ်မှတ်ထားပြီး ဖြစ်သော အခြေအနေများအောက်၌ ၎င်းတို့အပေါ် သူထားရှိသော သဘောထားသည် ၎င်းတို့ကို ဘေးဖယ်ထားခြင်းငှာဖြစ်သည့် သဘောထားဖြစ်သောကြောင့် ဖြစ်၏။ ဤတွင် “ဘေးဖယ်ထားခြင်း” ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဤဝေါဟာရ၏ အခြေခံကျသော အဓိပ္ပာယ်မှာ “တစ်စုံတစ်ခုကို တစ်ဖက်သို့ ထားရှိရန်၊ အာရုံမစိုက်တော့ရန်” ဖြစ်သည်။ သို့သော် ဤနေရာတွင်၊ ဘုရားသခင်က “တစ်စုံတစ်ယောက်ကို ဘေးဖယ်” သည့်အခါတွင်၊ ယင်း၏ အဓိပ္ပာယ်နှင့်သက်ဆိုင်သည့် မတူညီသော ရှင်းပြချက်နှစ်ခု ရှိလေသည်။ ပထမရှင်းပြချက်က သူသည် ထိုလူ၏ အသက်နှင့် ထိုလူနှင့်ပတ်သက်သည့် အရာရာတိုင်းကို စာတန်ထံ ကိုင်တွယ်ဖြေရှင်းရန် ပေးအပ်လိုက်ပြီးဖြစ်ကာ ဘုရားသခင်က ထိုလူကို တာဝန်ယူတော့မည်မဟုတ်သကဲ့သို့ စီမံခန့်ခွဲမည် မဟုတ်တော့ချေ။ ဤလူက ရူးသည်ဖြစ်စေ မိုက်မဲသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့သည် သေသည်ဖြစ်စေ အသက်ရှင်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ အပြစ်ပေးခြင်းအတွက် ငရဲကို သက်ဆင်းပြီးသည်ဖြစ်စေ၊ ဤရာများထဲမှ မည်သည့်အရာမျှ ဘုရားသခင်နှင့် ပတ်သက်မည် မဟုတ်ပေ။ ယင်းမှာ ထိုသို့သော ဖန်ဆင်းခံ တစ်ဦးသည် ဖန်ဆင်းရှင်နှင့် ဆက်နွှယ်မှုရှိမည် မဟုတ်ဟု ဆိုလိုပေမည်။ ဒုတိယ ရှင်းပြချက်မှာ ဘုရားသခင်သည် သူကိုယ်တိုင် သူ၏လက်ဖြင့် ဤလူကို တစ်စုံတစ်ရာ လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။ ယင်းမှာ သူသည် ဤလူမျိုး အစေခံခြင်းကို အသုံးချရန် သို့မဟုတ် ၎င်းတို့ကို အဖြည့်ခံတစ်ခုအဖြစ် အသုံးချရန် ဖြစ်နိုင်သည်။ သူသည် ဤလူစားမျိုးကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့်ဆိုင်သည့် အထူးနည်းလမ်းတစ်ခု၊ ဥပမာအားဖြင့် ပေါလုကဲ့သို့ပင် ၎င်းတို့ကို ဆက်ဆံခြင်းနှင့်ဆိုင်သည့် အထူးနည်းလမ်းတစ်ခုရှိမည်မှာ ဖြစ်နိုင်သည်။ ဤသည်မှာ ဤလူစားမျိုးကို ကိုင်တွယ်ဖြေရှင်းရန် သူသတ်မှတ်ထားပြီးဖြစ်သည့် ဘုရားသခင်၏ စိတ်နှလုံးထဲရှိ အခြေခံသဘောတရားနှင့် သဘောထားဖြစ်သည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး သူ့ကို မကောင်း ပြောကာ ပြစ်မှားစော်ကားသောအခါ၊ သူ၏ စိတ်သဘောထားကို ၎င်းတို့ နှောင့်ယှက်ပါက၊ သို့မဟုတ် သူ၏ သည်းခံနိုင်ခြင်း အကန့်အသတ်ကို ကျော်လွန်ရန် တွန်းအားပေးပါက၊ အကျိုးဆက်က မတွေးဝံ့စရာဖြစ်သည်။ အပြင်းထန်ဆုံး အကျိုးဆက်မှာ ဘုရားသခင်သည် ၎င်းတို့၏ဘဝများနှင့် ၎င်းတို့နှင့် ပတ်သက်သည့် အရာရာတိုင်းကို စာတန်ထံ အပြီးတိုင် လွှဲအပ်လိုက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ထာဝရကာလပတ်လုံး ခွင့်လွှတ်ခံရမည် မဟုတ်ပေ။ ဤသည်မှာ ဤလူသည် စာတန်၏ ပါးစပ်က အစာ၊ သူ့လက်ထဲ၌ ရှိသော ကစားစရာအရုပ် ဖြစ်သွားသည်ဟု ဆိုလိုပြီး ထိုအချိန်မှစ၍ ဘုရားသခင်သည် ၎င်းတို့နှင့် နောက်ထပ် ဘာမျှ မသက်ဆိုင်တော့ပေ။ စာတန်က ယောဘကို စုံစမ်းနှောင့်ယှက်သောအခါ၊ မည်သည့်ဒုက္ခ ဖြစ်ခဲ့သည်ကို သင်တို့ စိတ်ကူးနိုင်ပါ၏လော။ ယောဘ၏ အသက်ကို ထိခိုက်ရန် စာတန်ကို ခွင့်မပြုထားခဲ့သည့် သတ်မှတ်ချက်အောက်တွင်ပင်၊ ယောဘသည် ဒုက္ခကို ကြီးစွာ ခံစားခဲ့ရဆဲဖြစ်သည်။ စာတန်ဆီသို့လုံးဝ လွှဲအပ်ခြင်း ခံရပြီးသည့်သူ၊ စာတန်၏ လက်ခုပ်အတွင်း လုံးဝရှိသူ၊ ဘုရားသခင်၏ ဂရုစိုက်မှုနှင့် သနားကရုဏာတို့ကို လုံးဝ ဆုံးရှုံးပြီးသောသူ၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် မရှိတော့သည့်သူ၊ သူ့ကို ကိုးကွယ်ရန် အခွင့်နှင့် ဘုရားသခင်၏အုပ်စိုးမှုအောက်တွင် ရှိသော ဖန်ဆင်းခံဖြစ်ရန် အခွင့်ကို ဖယ်ရှားခံရပြီးသူနှင့် ဖန်ဆင်းခြင်း၏ အရှင်နှင့် ဆက်ဆံရေး လုံးဝ ပြတ်တောက်သွားသူအပေါ် စာတန်က ဖြစ်စေမည့် ဖျက်ဆီးမှုဒဏ်ကို စိတ်ကူးရန် သာ၍ပင် ခက်ခဲသည် မဟုတ်လော။ ယောဘကို စာတန်၏ နှိပ်စက်ညှဉ်းပန်းခြင်းက လူ့မျက်စိနှင့်မြင်နိုင်သော အရာတစ်ခုဖြစ်သော်လည်း၊ ဘုရားသခင်က လူတစ်ယောက်၏ အသက်ကို စာတန်ထံ ဘုရားသခင် လွှဲပြောင်းပေးလိုက်ပါက၊ အကျိုးဆက်များက လူသား စိတ်ကူးနိုင်စွမ်းကို ကျော်လွန်ပေသည်။ ဥပမာအားဖြင့် လူအချို့သည် နွား၊ သို့မဟုတ် မြည်းအနေနှင့် ပြန်လည် မွေးဖွားကောင်း မွေးဖွားနိုင်သော်လည်း၊ အချို့မှာ မသန့်ရှင်းသည့် ညစ်ညူးသော ဝိညာဉ်များ စသည်တို့၏ နေရယူခြင်းနှင့် ဝင်ပူးခြင်းကို ခံရကောင်းခံရနိုင်ပေသည်။ ယင်းမှာ ဘုရားသခင်က စာတန်ထံ လွှဲပြောင်းသော လူအချို့၏ ရလဒ်များဖြစ်သည်။ အပြင်ပန်းမှကြည့်လျှင် သခင်ယေရှုကို လှောင်ပြောင်ခဲ့သော လူများ၊ မကောင်းပြောခဲ့သောလူများ၊ ရှုတ်ချခဲ့ပြီး ပြစ်မှားစော်ကားခဲ့သော လူများသည် မည်သည့် အကျိုးဆက်မျှ မခံစားခဲ့ရဟု ထင်ရသည်။ သို့သော် အမှန်မှာ ဘုရားသခင်သည် အရာရာတိုင်းနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းတစ်ခု ရှိပေသည်။ လူအမျိုးအစားတိုင်းကို သူကိုင်တွယ်ဖြေရှင်းပုံ၏ ရလဒ်ကို လူတို့အား ပြောပြရန် ရှင်းလင်းသော ဘာသာစကားကို သူအသုံးပြုကောင်း ပြုမည်မဟုတ်ပေ။ တစ်ခါတစ်ရံ၌ သူသည် တိုက်ရိုက် စကားမပြောဘဲ၊ ယင်းထက် တိုက်ရိုက် ဆောင်ရွက်သည်။ သူက ယင်းနှင့်ပတ်သက်၍ စကားမပြောခြင်းသည် ရလဒ်မရှိဟု မဆိုလိုပေ- အမှန်တွင်၊ ထိုသို့သော ကိစ္စရပ်တွင် ရလဒ်က သာ၍ပင် ပြင်းထန်ဖို့ ဖြစ်နိုင်ပေသည်။ အပြင်ပန်းမှကြည့်ပါက၊ သူ၏သဘောထားနှင့် ပတ်သက်၍ တိတိကျကျ သူမပြောဆိုသော သူအချို့ ရှိသည့်အလား ထင်ရကောင်း ထင်ရနိုင်သော်လည်း၊ အမှန်တွင် ဘုရားသခင်သည် ၎င်းတို့ကို အာရုံမစိုက်လိုခဲ့သည်မှာ အချိန်ကြာပြီဖြစ်သည်။ သူသည် ၎င်းတို့ကို ထပ်မမြင် လိုတော့ပေ။ ၎င်းတို့လုပ်ဆောင်ခဲ့သော အရာများနှင့် ၎င်းတို့၏ အပြုအမူတို့ကြောင့်၊ ၎င်းတို့၏ သဘာဝနှင့် ၎င်းတို့၏ အနှစ်သာရကြောင့်၊ ဘုရားသခင်သည် ၎င်းတို့ကို သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားရန်သာ အလိုရှိသည်၊ ၎င်းတို့ကို စာတန်ထံ တိုက်ရိုက် လွှဲအပ်ရန်၊ ၎င်းတို့၏ စိတ်ဓာတ်၊ ဝိညာဉ်နှင့် ခန္ဓာကို စာတန်အားပေးရန်နှင့် ၎င်းတို့နှင့်ပတ်သက်၍ စာတန် လုပ်ဆောင်လိုသည့်အရာ မည်သည့်အရာကိုမဆို လုပ်ဆောင် ခွင့်ပေးရန် အလိုရှိလေသည်။ ၎င်းတို့ကို မည်သည့် အတိုင်းအတာထိ ဘုရားသခင် မုန်းသည်၊ မည်သည့် အတိုင်းအတာအထိ ၎င်းတို့ကို စက်ဆုပ်သည်မှာ ရှင်းပေသည်။ ဘုရားသခင်က ၎င်းတို့ကို တစ်ဖန် မမြင််ချင်တော့သည်အထိနှင့် ၎င်းတို့နှင့်ပတ်သက်၍ လုံးဝ လက်လျှော့ရန် ပြင်ဆင်သည်အထိ၊ ၎င်းတို့ကို သူ ကိုယ်တိုင် ကိုင်တွယ်မဖြေရှင်းလိုတော့သည် အထိပင် လူတစ်ဦးက ဘုရားသခင်ကို အမျက်ထွက်စေပါက- ယင်းသည် ၎င်းတို့ကို သဘောရှိ လုပ်ဆောင်ရန်၊ စာတန်အား သူ နှစ်သက်သည့် မည်သည့်နည်းလမ်းဖြင့်မဆို ၎င်းတို့ကို ထိန်းချုပ် ခွင့်ပေးရန်၊ ဝါးမျိုခွင့်ပေးရန်နှင့် ဆက်ဆံခွင့်ပေးရန် ၎င်းတို့ကို ဘုရားသခင်က စာတန်ထံ လွှဲအပ်မည့်အဆင့်ထိရောက်ပါက- ဤလူသည် လုံးဝ အဆုံးသတ်ပြီဖြစ်သည်။ ၎င်းတို့၏ လူသား ဖြစ်ပိုင်ခွင့်သည် အမြဲတစေ ရုတ်သိမ်းခံရပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ ဖန်ဆင်းခြင်းထဲက ၎င်းတို့၏ ဖန်ဆင်းခံတစ်ဦး ဖြစ်ပိုင်ခွင့်သည် အဆုံးသတ်သို့ ရောက်ရှိပြီးဖြစ်သည်။ ဤသည်မှာ အပြင်းထန်ဆုံးသော အပြစ်ပေးခြင်းမျိုး ဖြစ်သည် မဟုတ်လော။

အထက်က အရာအားလုံးသည် “ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။” ဟူသော နှုတ်ကပတ်တော်များ၏ ပြည့်စုံသော ရှင်းပြချက်ဖြစ်ပြီး၊ ယင်းသည် ကျမ်းစာမှ ဤကျမ်းပိုဒ်များနှင့် ပတ်သက်သည့် ရိုးရှင်းသော ရှင်းလင်းချက်အဖြစ်လည်း အသုံးတော်ခံပေသည်။ ယခု သင်တို့သည် ယင်းနှင့်သက်ဆိုင်သည့် သိနားလည်မှုတစ်ခုရှိသည်ဟု ငါ ယုံကြည်သည်။

ယခု အောက်ပါ ကျမ်းစာမှ ကျမ်းပိုဒ်များကို ဖတ်ကြပါစို့။

၁၂။ ယေရှု သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက် သူ၏တပည့်တော်များကိုပြောသည့် စကားများ

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၂၀:၂၆-၂၉ ထို့နောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တဖန်အထဲ၌ရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။ ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။ သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။ ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၂၁:၁၆-၁၇ တဖန်ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏ သိုးတို့ကို ထိန်းလော့ဟုမိန့်တော်မူ၏။ ယေရှုကလည်း၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။

ဤကျမ်းပိုဒ်များက ပြန်လည်ဖော်ပြထားသောအရာမှာ သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက်တွင် သခင်ယေရှု လုပ်ဆောင်ခဲ့ပြီး သူ၏တပည့်တော်များထံ ပြောဆိုခဲ့သော အရာတချို့ဖြစ်သည်။ ပထမဦးစွာ၊ ရှင်ပြန်ထမြောက်ခြင်း မတိုင်မီနှင့် ရှင်ပြန်ထမြောက်ပြီးနောက်ကြားတွင် သခင်ယေရှု၌ ရှိနိုင်မည့် ကွာခြားချက်တစ်ခုတစ်လေကို ကြည့်ကြစို့။ သူသည် ယခင်က သခင်ယေရှု ဖြစ်နေဆဲ ဖြစ်ခဲ့သလော။ ကျမ်းစာတွင် ရှင်ပြန်ထမြောက်ခြင်းနောက်တွင် သခင်ယေရှုကို ဖော်ပြသည့် အောက်ပါ စာကြောင်း ပါရှိလေသည်- “တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။” ထိုအချိန်တွင် သခင်ယေရှုသည် လူ့ဇာတိ ခန္ဓာတွင် မနေထိုင်တော့ဘဲ၊ သူသည် ယခု ဝိညာဉ်ခန္ဓာတစ်ခုတွင် ရှိသည်မှာ အလွန်ရှင်းလင်းပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူ့ဇာတိ၏ အကန့်အသတ်များကို သူကျော်လွန်သွားခဲ့ပြီး ဖြစ်သောကြောင့်ဖြစ်သည်။ တံခါးက ပိတ်ထားခဲ့သော်လည်း၊ သူသည် လူတို့အလယ်ကို လာနိုင်ဆဲဖြစ်ကာ ၎င်းတို့ကို မြင်ခွင့်ပေးနိုင်ဆဲ ဖြစ်ခဲ့သည်။ ဤသည်မှာ ရှင်ပြန်ထမြောက်ပြီးနောက် သခင်ယေရှုနှင့် ရှင်ပြန်ထမြောက်ခြင်းမတိုင်မီ လူ့ဇာတိ၌ အသက်ရှင်သော သခင်ယေရှုကြား အကြီးမားဆုံး ခြားနားချက်ဖြစ်သည်။ ထိုအခိုက်အတန့် ဝိညာဉ်ခန္ဓာ၏ အသွင်အပြင်နှင့် ယခင်က သခင်ယေရှု၏ အသွင်အပြင်ကြားတွင် ခြားနားမှုမရှိသော်လည်း၊ သူသည် သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးသည့်နောက်တွင် ဝိညာဉ်ခန္ဓာဖြစ်လာခဲ့ပြီးဖြစ်ကာ သူ၏ယခင်က လူ့ဇာတိနှင့် ယှဉ်ပါက၊ ဤဝိညာဉ်ခန္ဓာသည် လူတို့အတွက် ပို၍ ပဟေဠိဆန်ပြီး ပို၍စိတ်ရှုပ်ထွေးစရာ ဖြစ်သောကြောင့်၊ ထိုအခိုက်အတန့်က သခင်ယေရှုသည် လူတို့အဖို့ သူစိမ်း တစ်ဦးကဲ့သို့ ခံစားရစေသည့် သူတစ်ဦး ဖြစ်လာခဲ့ပြီး ဖြစ်သည်။ ယင်းက သခင်ယေရှုနှင့် လူတို့ကြား၌ ပို၍ ဝေးကွာမှုကို ဖန်တီးခဲ့ပြီး ထိုအခိုက်အတန့်ရှိ သခင်ယေရှုသည် သာ၍ ထူးခြားဆန်းကြယ်လာခဲ့ပြီဟု ၎င်းတို့၏ စိတ်နှလုံးထဲ၌ လူတို့ ခံစားခဲ့ရသည်။ လူတို့၏ အပိုင်းမှ ဤသိမြင်ခြင်းများနှင့် ခံစားချက်တို့သည် မမြင်နိုင်၊ မထိတွေ့နိုင်သော ဘုရားသခင်ကို ယုံကြည်ခြင်းခေတ်တစ်ခုဆီသို့ ၎င်းတို့ကို ရုတ်တရက် ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။ ထို့ကြောင့် သူ၏ ရှင်ပြန်ထမြောက်ခြင်း နောက်တွင် ပထမဦးဆုံး သခင်ယေရှု လုပ်ဆောင်ခဲ့သောအရာမှာ အယောက်တိုင်းအား သူ့ကိုမြင်ရန်၊ သူတည်ရှိသည်ဆိုသည်ကို အတည်ပြုရန်နှင့် သူ၏ ရှင်ပြန်ထမြောက်ခြင်းနှင့်ဆိုင်သည့် အမှန်တရားကို အတည်ပြုရန် အခွင့်ပေးခြင်း ဖြစ်ပေသည်။ ထို့အပြင် ဤလုပ်ဆောင်ချက်သည် လူ့ဇာတိဖြင့် သူအလုပ် လုပ်နေခဲ့အချိန်၊ သူသည် ၎င်းတို့ မြင်နိုင်သကဲ့သို့ တို့ထိနိုင်ခဲ့သည့် ခရစ်တော်ဖြစ်ခဲ့ချိန်က ရှိခဲ့သည့် ပုံစံအတိုင်း လူတို့နှင့် သူ၏ဆက်ဆံရေးကို ပြန်လည်ရရှိစေခဲ့သည်။ ဤအရာ၏ တစ်ခုသော ရလဒ်မှာ သခင်ယေရှုသည် လက်ဝါးကပ်တိုင်မှာ သံနှင့်ရိုက်ခံရပြီးနောက် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ခြင်း ရှိမရှိဆိုသည်ကို လူတို့ သံသယမရှိခဲ့ကြသကဲ့သို့၊ လူသားမျိုးနွယ်ကို ရွေးနုတ်ရန် ဖြစ်သည့် သခင်ယေရှု၏ အမှုတော်ကိုလည်း ၎င်းတို့ သံသယမရှိခဲ့ကြပေ။ နောက်ထပ် ရလဒ်တစ်ခုမှာ သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက် လူတို့ထံ သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် လူတို့ကို သူ့အား မြင်ခွင့်ပေးကာ ထိခွင့်ပေးခြင်းသည် သခင်ယေရှု “ပျောက်ကွယ်သွား” ခဲ့ပြီးဖြစ်သည် သို့မဟုတ် သူသည် “စကားတစ်ခွန်းမျှ မချန်ခဲ့လေပြီ” ဟု ထင်ရသော အခြေခံအကြောင်းရင်းအပေါ် လူတို့သည် ယခုချိန်မှစ၍ ယခင် ပညတ်တော်ခေတ်သို့ ပြန်သွားတော့မည်မဟုတ်သည်ကို သေချာစေလျက်၊ ကျေးဇူးတော်ခေတ်တွင် လူသားမျိုးနွယ်ကို ခိုင်ခိုင်မာမာ လုံခြုံစေခဲ့သည်။ ထိုသို့ဖြင့် ၎င်းတို့သည် သခင်ယေရှု၏ သွန်သင်ချက်များနှင့် သူ လုပ်ဆောင်ခဲ့သည့် အမှုတော်နောက် လိုက်လျှောက်ရင်း ဆက်လက် ရှေ့ဆက်မည် ဖြစ်သည်ကို သူက သေချာစေခဲ့သည်။ ထို့ကြောင့် ကျေးဇူးတော်ခေတ်ရှိ အမှုတော်ထဲက အဆင့်အသစ် တစ်ခုကို တရားဝင် ဖွင့်ဟခဲ့ပြီး၊ ထိုအခိုက်အတန့်မှစ၍ ပညတ်တော် အောက်၌ အသက်ရှင်နေခဲ့ပြီးဖြစ်သော လူတို့သည် ပညတ်တရားမှ တရားဝင် ပေါ်ထွက်ခဲ့ပြီး ခေတ်သစ်တစ်ခု၊ အသစ်သော စတင်ခြင်းတစ်ခုထဲသို့ ဝင်ရောက်ခဲ့လေသည်။ ဤအရာများသည် ရှင်ပြန်ထမြောက်ခြင်းနောက်တွင် လူသားမျိုးနွယ်ထံ သခင်ယေရှုပေါ်ထွန်းခြင်း၏ ရှုထောင့် အမျိုးမျိုးရှိသည့် အဓိပ္ပာယ်များ ဖြစ်သည်။

သခင်ယေရှုသည် ဝိညာဉ်ခန္ဓာတစ်ခုတွင် ယခု နေထိုင်သည့်အတွက်၊ လူတို့သည် သူ့ကို မည်သို့ ထိနိုင်၊ မြင်နိုင်သနည်း။ ဤမေးခွန်းက လူသားမျိုးနွယ်ထံ သခင်ယေရှု ပေါ်ထွန်းခြင်း၏ အရေးပါမှုကို ဆွေးနွေးထားပေသည်။ ငါတို့ ခုတင် ဖတ်ပြီးသော ကျမ်းစာ၏ ကျမ်းပိုဒ်များ၌ တစ်ခုတစ်လေကို သင်တို့ သတိပြုမိပါသလော။ ယေဘုယျအားဖြင့်၊ ဝိညာဉ်ခန္ဓာများကို မြင်၍မရ သို့မဟုတ် ထိတွေ့၍မရနိုင်ပေ၊ ပြီးလျှင် ရှင်ပြန်ထမြောက်ခြင်းနောက်တွင် သခင်ယေရှု ဆောင်ရွက်ခဲ့ပြီးသောအမှုတော်သည် ပြည့်စုံနှင့်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သဘောတရားအရ၊ သူသည် လူတို့နှင့် ဆုံတွေ့ရန် သူ၏ နဂိုမူလ ပုံသဏ္ဌာန်ဖြင့် လူတို့ကြားထဲ ပြန်လာရန် လုံးဝ မလိုအပ်ခဲ့ပေ၊ သို့သော် သူ၏ ပေါ်ထွန်းခြင်းသည် လူတို့၏ နှလုံးသားထဲကို ပို၍ပင် နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ဖို့ရန်အလို့ငှာ၊ သောမကဲ့သို့သော လူတို့ထံ သခင်ယေရှု၏ ဝိညာဉ်ခန္ဓာ ပေါ်ထွန်းခြင်းက သူ၏ ပေါ်ထွန်ခြင်း၏ အရေးပါမှုကို ပို၍ ခိုင်မာစေလေသည်။ သောမထံ သူလာခဲ့ချိန်တွင်၊ သူသည် သံသယဝင်သူ သောမကို သူ့လက်အား ထိစေပြီး သူ့ကိုပြောခဲ့သည်- “သင်၏လက်ကို ဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့။” ဤစကားလုံးများနှင့် လုပ်ရပ်များသည် သူရှင်ပြန်ထမြောက် ပြီးသည့်နောက်တွင်သာ သခင်ယေရှု ပြောဆိုလိုခဲ့ပြီး လုပ်ဆောင်လိုခဲ့သော အရာများမဟုတ်ပေ။ အမှန်တွင် ထိုအရာများသည် လက်ဝါးကပ်တိုင်၌ သံမှိုမရိုက်ခံရမီ သူလုပ်ဆောင်လိုခဲ့သော အရာများဖြစ်သည်။ သူ ကားတိုင်၌ သံမှိုရိုက်ခြင်း မခံခဲ့ရသေးမီတွင်၊ သခင်ယေရှုသည် သောမကဲ့သို့သော လူတို့ကို သိနားလည်မှုရှိခဲ့နှင့်ပြီးဖြစ်သည်မှာ ထင်ရှားမြင်သာပေသည်။ သို့ဆိုလျှင် ဤအရာမှ ငါတို့ မည်သည့်အရာကို မြင်နိုင်သနည်း။ သူသည် ရှင်ပြန်ထမြောက်ခြင်းနောက်တွင် တူညီသော သခင်ယေရှု ဖြစ်ခဲ့ဆဲဖြစ်သည်။ သူ၏ အနှစ်သာရသည် ပြောင်းလဲမသွားခဲ့ပေ။ သောမ၏ သံသယသည် ထိုအခါမှသာ စတင်ခဲ့သည်မဟုတ်ဘဲ၊ သခင်ယေရှုနောက်ကို သူလိုက်နေခဲ့သည့် တစ်ချိန်လုံးတွင် သူနှင့်အတူ ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤနေရာတွင် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ပြီး၊ သူ၏ နဂိုမူလ ပုံသဏ္ဌာန်ဖြင့်၊ သူ၏ နဂိုမူလ စိတ်သဘောထားဖြင့်၊ ပြီးလျှင် လူ့ဇာတိ၌ ရှိခဲ့သည့် သူ၏ အချိန်ကာလမှ လူသားမျိုးနွယ်အပေါ် သူ၏ နားလည်ခြင်းဖြင့် ဝိညာဉ်ကမ္ဘာမှ ပြန်လာခဲ့သူ သခင်ယေရှု ရှိနေခဲ့သည်၊ ထို့ကြောင့် သူသည် သောမထံ ပထမဦးဆုံး သွားခဲ့ပြီး၊ သောမကို သူ၏နံရိုးအား ထိခွင့်ပေးခဲ့သည်၊ ရှင်ပြန်ထမြောက်ခြင်းနောက် သူ၏ ဝိညာဉ်ခန္ဓာကို သောမအား မြင်စေရုံတင်မက၊ သူ၏ ဝိညာဉ်ခန္ဓာ တည်ရှိမှုကိုလည်း ထိတွေ့ကာ ခံစားခွင့်ပေးခဲ့ပြီး သူ၏ သံသယများကို လုံးဝ လက်လွတ်ခွင့်ပေးခဲ့သည်။ သခင်ယေရှု လက်ဝါးကပ်တိုင်၌ သံမှိုရိုက်နှက်မခံရမီတွင်၊ သောမက သူသည် ခရစ်တော် ဖြစ်ခဲ့သည်ဆိုသည်ကို အမြဲသံသယထားခဲ့ပြီး သူ့ကို ယုံကြည်နိုင်စွမ်း မရှိခဲ့ပေ။ ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်းသည် သူ့မျက်လုံးနှင့် သူမြင်နိုင်သည့်အရာအပေါ်၊ သူ၏ကိုယ်ပိုင်လက်နှင့် ထိတွေ့နိုင်သည့်အရာအပေါ်မှာသာ အခြေခံ၍ တည်ဆောက်ခဲ့သည်။ သခင်ယေရှုသည် ဤလူစားမျိုး၏ ယုံကြည်မှုအပေါ် ကောင်းကောင်း သိနားလည်မှုရှိခဲ့သည်။ ၎င်းတို့သည် ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်ကိုသာ ယုံကြည်ပြီး ဘုရားသခင် စေလွှတ် လိုက်သောသူ၊ သို့မဟုတ် လူ့ဇာတိခံယူသော ခရစ်တော်ကို လုံးဝမယုံကြည်ခဲ့ကြသကဲ့သို့ သူ့ကို လက်မခံခဲ့ကြပေ။ သောမအတွက် သခင်ယေရှု၏ တည်ရှိမှုနှင့် သူသည် အမှန်တကယ် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည် ဆိုသည်ကို သူအသိအမှတ်ပြုကာ ယုံကြည်ဖို့ရန်အလို့ငှာ၊ သူသည် သောမကို သူ၏လက်အား လှမ်းကာ သူ၏နံရိုးကို ထိခွင့်ပြုခဲ့သည်။ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းမတိုင်မီနှင့် ရှင်ပြန်ထမြောက်ပြီးနောက်တွင် သောမ၏ သံသယဝင်ခြင်းသည် တစ်ခုတစ်လေ ကွဲပြားမှုရှိသလော။ သူသည် အမြဲတမ်း သံသယဝင်နေပြီး သခင်ယေရှု၏ ဝိညာဉ်ခန္ဓာက သူ့ထံ ကိုယ်တိုင်ကိုယ်ကျ ပေါ်လာခြင်းနှင့် သူ၏ကိုယ်ခန္ဓာပေါ်ရှိ သံရိုက်ရာတို့ကို သူ့အား ထိစေခြင်းကလွဲ၍၊ မည်သူကမျှ သူ၏သံသယများကို ဖြေရှင်းပေးကာ ၎င်းတို့ကို သူ့အား လက်လွှတ်စေနိုင်ဖို့ မဖြစ်နိုင်ခဲ့ကြချေ။ ထို့ကြောင့် သခင်ယေရှုက သူ၏နံရိုးကို သောမအား ထိခွင့်ပေးပြီး သူ့ကို သံရိုက်ရာတို့၏ တည်ရှိခြင်းက အမှန်တကယ် ခံစားစေခဲ့သောအချိန်ကစ၍ သောမ၏ သံသယတို့သည် ပျောက်ကွယ်သွားခဲ့ပြီး သခင်ယေရှု ရှင်ပြန်ထမြောက်ခဲ့ပြီး ဖြစ်သည်ကို သူ အမှန်တကယ် သိခဲ့ကာ၊ သခင်ယေရှုသည် စစ်မှန်သော ခရစ်တော်နှင့် လူ့ဇာတိခံ ဘုရားသခင်ဖြစ်သည်ကို အသိအမှတ်ပြုကာ ယုံကြည်ခဲ့သည်။ ဤအချိန်တွင် သောမသည် သံသယမရှိတော့သော်လည်း၊ သူသည် ခရစ်တော်နှင့်တွေ့ဆုံရန် အခွင့်အရေးကို ထာဝရ ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ သူနှင့် အတူရှိရန်၊ သူ့နောက်ကိုလိုက်ရန်၊ သူ့ကိုသိရန် အခွင့်အရေးကို ထာဝရ ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ခရစ်တော်က သူ့ကို စုံလင်စေမည့် အခွင့်အရေးကို သူဆုံးရှုံးခဲ့ပြီးဖြစ်သည်။ သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် သူ၏ နှုတ်ကပတ်တော်များသည် သံသယများနှင့် ပြည့်နေသော သူတို့၏ ယုံကြည်ခြင်းနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်နှင့် အဆုံးသတ်တစ်ခုကို ထောက်ပံ့ပေးခဲ့သည်။ သံသယရှိသူတို့ကို ပြောပြရန်၊ ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်ကိုသာ ယုံကြည်ပြီး ခရစ်တော်ကို မယုံကြည်သောသူတို့ကို ပြောပြရန် သူသည် သူ၏ တကယ့် နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်တို့ကို အသုံးပြုခဲ့သည်- ဘုရားသခင်သည် ၎င်းတို့၏ ယုံကြည်မှုကို မချီးကျူးခဲ့သကဲ့သို့၊ သူ့ကို သံသယ ထားနေရင်း သူ့နောက် လိုက်ခြင်းအတွက်လည်း ၎င်းတို့ကို မချီးကျူးခဲ့ပေ။ ဘုရားသခင်နှင့် ခရစ်တော်ကို ၎င်းတို့ အပြည့်အဝ ယုံကြည်နိုင်သော နေ့သည် ဘုရားသခင်က သူ၏ ကြီးမြတ်သောအမှုတော်ကို ပြည့်စုံစေသောနေ့သာ ဖြစ်နိုင်ပေသည်။ ဟုတ်ပေ၏၊ ထိုနေ့သည် ၎င်းတို့၏ သံသယအပေါ် အဆုံးအဖြတ် ပြုလုပ်သော နေ့လည်း ဖြစ်ခဲ့ပေသည်။ ခရစ်တော်အပေါ်မှာထားသော ၎င်းတို့၏ သဘောထားသည် ၎င်းတို့၏ ကံကြမ္မာကို သတ်မှတ်ပြီး ၎င်းတို့၏ ခေါင်းမာသော သံသယများက ၎င်းတို့ယုံကြည်ခြင်းသည် အကျိုးမဖြစ်ထွန်းသည်ကို ဆိုလိုခဲ့ကာ၊ ၎င်းတို့၏ မာကျောခြင်းက ၎င်းတို့မျှော်လင့်ချက်များ အချည်းနှီး ဖြစ်သည်ကို ဆိုလိုခဲ့ပေသည်။ ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်အပေါ် ၎င်းတို့၏ယုံကြည်ခြင်းက အတွေးမှားတို့ကို မှီကာ ရှင်သန်ကြီးထွားသကဲ့သို့၊ ခရစ်တော်အပေါ် ၎င်းတို့၏ သံသယသည် အမှန်တကယ် ဘုရားသခင်အပေါ် သူတို့၏ စစ်မှန်သော သဘောထား ဖြစ်သောကြောင့်၊ ၎င်းတို့သည် သခင်ယေရှု၏ ကိုယ်ခန္ဓာပေါ်က သံရိုက်ရာတို့ကို ထိတွေ့ခဲ့ရသော်လည်း၊ ၎င်းတို့၏ ယုံကြည်ခြင်းသည် အချည်းနှီး ဖြစ်ဆဲဖြစ်ကာ ၎င်းတို့၏ ရလဒ်တို့ကို ခြင်းကြားဖြင့် ရေသယ်ခြင်းအဖြစ်သာ ဖော်ပြနိုင်ပေသည်- အားလုံးအချည်းနှီး ဖြစ်သည်။ သခင်ယေရှုက သောမကို ပြောခဲ့သောအရာသည် လူတိုင်းကိုလည်း ရှင်းရှင်းလင်းလင်း သူပြောပြသည့် နည်းလမ်း ဖြစ်သည်။ ရှင်ပြန်ထမြောက်ခဲ့သော သခင်ယေရှုသည် လူသားမျိုးနွယ်အလယ် အမှုတော်ကို ဆောင်ရွက်ရင်း သုံးဆယ့်သုံးနှစ်ခွဲ ကုန်ဆုံးခဲ့သော သခင်ယေရှုဖြစ်သည်။ သူသည် ကားတိုင်တွင် သံမှိုရိုက်နှက်ခံခဲ့ရပြီး သေမင်းအရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းကို ကြုံတွေ့ခဲ့ရသော်လည်း၊ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို သူ ကြုံတွေ့ခဲ့ရသော်လည်း၊ သူသည် မည်သည့် သွင်ပြင်လက္ခဏာတွင်မျှ ပြောင်းလဲမှု မကြုံခဲ့ရပေ။ ယခု သူသည် သူ၏ကိုယ်ခန္ဓာ၌ သံရိုက်ရာတို့ရှိသော်လည်း၊ သူသည် သေခြင်းမှရှင်ပြန်ထမြောက်ပြီး အုတ်ဂူထဲမှ ထွက်ခဲ့ပြီး ဖြစ်သော်လည်း၊ သူ၏စိတ်သဘောထား၊ လူသားမျိုးနွယ်နှင့် ဆိုင်သည့် သူ၏သိနားလည်မှုနှင့် လူသားမျိုးနွယ် အပေါ် သူ၏ ရည်ရွယ်ချက်တို့သည် အနည်းငယ်မျှ မပြောင်းလဲခဲ့လေပြီ။ ထို့အပြင် သူသည် လက်ဝါးကပ်တိုင်မှ ဆင်းခဲ့ပြီးဖြစ်သည်၊ အပြစ်တရားကို အောင်နိုင်ခဲ့ပြီးဖြစ်သည်၊ အခက်အခဲတို့ကို အောင်နိုင်ခဲ့ပြီး ဖြစ်ကာ၊ သေခြင်းကို အောင်နိုင်ခဲ့ပြီး ဖြစ်သည်ကိုလည်း လူတို့ကို ပြောပြနေခဲ့သည်။ သံရိုက်ရာတို့က စာတန်အပေါ် သူ၏ အောင်နိုင်မှု သက်သေအထောက်အထား၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို အောင်မြင်စွာ ရွေးနုတ်ရန် အပြစ်ဖြေရာယဇ် ဖြစ်ခြင်း၏ သက်သေအထောက်အထား ဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ အပြစ်ကို ယူဆောင်နှင့်ပြီး ဖြစ်ကာ သူ၏ ရွေးနုတ်ခြင်းအမှုတော်ကို ပြည့်စုံစေခဲ့ပြီး ဖြစ်သည်ကို လူတို့အား ပြောပြနေခဲ့သည်။ သူ၏ တပည့်တော်တို့ကို တွေ့ရန် သူပြန်လာခဲ့ချိန်တွင်၊ သူ၏ ပေါ်ထွန်းခြင်းအားဖြင့် ဤသတင်းစကားကို ၎င်းတို့အား ပြောပြခဲ့သည်- “ငါသည် အသက်ရှင်ဆဲ၊ တည်ရှိဆဲဖြစ်သည်။ ယနေ့ သင်တို့သည် ငါ့ကို မြင်နိုင်ပြီး ထိတွေ့နိုင်ရန်အလို့ငှာ သင်တို့ရှေ့တွင် ငါအမှန်တကယ် ရပ်နေသည်။ ငါသည် သင်တို့နှင့်အတူ အမြဲရှိလိမ့်မည်။” သခင်ယေရှုသည် အနာဂတ် လူတို့အတွက် သတိပေးချက်အနေနှင့်လည်း သောမ၏ ကိစ္စရပ်ကို အသုံးပြုချင်ခဲ့သည်။ သင်သည် သခင်ယေရှုကို ယုံကြည်ခြင်း၌ သူ့ကို သင် မမြင်နိုင်သကဲ့သို့ မထိတွေ့နိုင်သော်လည်း၊ သင်၏ စစ်မှန်သော ယုံကြည်ခြင်းကြောင့် သင်သည် ကောင်းချီးမင်္ဂလာ ခံစားရသကဲ့သို့၊ သင်သည် သင်၏ စစ်မှန်သော ယုံကြည်ခြင်းကြောင့် သခင်ယေရှုကို မြင်နိုင်ကာ၊ ဤလူစားမျိုးသည် ကောင်းချီးခံစားရပေသည်။

သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် သခင်ယေရှုက သောမထံ ပေါ်လာသောအချိန်၌ ပြောခဲ့သည့် ဤနှုတ်ကပတ်တော်များသည် ကျေးဇူးတော်ခေတ်၌ရှိသော လူအားလုံးအတွက် ကြီးမားသော အထောက်အကူဖြစ်သည်။ သောမထံ သူ၏ ပေါ်လာခြင်းနှင့် သောမကို ပြောဆိုခဲ့သော နှုတ်ကပတ်တော်များသည် နောင်လာသည့် မျိုးဆက်တို့အပေါ် ကြီးမားသော သက်ရောက်မှုတစ်ခု ရှိခဲ့သည်။ ၎င်းတို့သည် ထာဝရတည်တံ့သည့် အဓိပ္ပာယ် ကိုင်စွဲထားလေသည်။ သောမသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ ဘုရားသခင်ကို သံသယဝင်သော လူအမျိုးအစားကို ကိုယ်စားပြုသည်။ ၎င်းတို့သည် သံသယဝင်တတ်သော သဘာဝရှိကြသည်၊ အန္တရာယ်ပေးတတ်သော နှလုံးသားများ ရှိသည်၊ ဖောက်ပြန်တတ်ပြီး၊ ဘုရားသခင် ပြီးမြောက်စေနိုင်သော အရာတို့ကို မယုံကြည်ကြပေ။ ဘုရားသခင်၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် သူ၏ အချုပ်အခြာအာဏာကို ၎င်းတို့ မယုံကြည်ကြသကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်ကိုလည်း မယုံကြည်ကြပေ။ သို့သော်လည်း သခင်ယေရှု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ၎င်းတို့ရှိသည့် ဤလက္ခဏာများကို လုံးလုံး ဆန့်ကျင်ပြီး ယင်းက ၎င်းတို့အား မိမိတို့ကိုယ်တိုင်၏ သံသယတို့ကို ရှာဖွေတွေ့ရှိရန်၊ ၎င်းတို့ကိုယ်တိုင်၏ သံသယတို့ကို သတိပြုမိရန်နှင့် ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်မှုကို အသိအမှတ်ပြုရန်ကိုလည်း ထောက်ပံ့ပေးသည်၊ ထိုသို့ဖြင့် သခင်ယေရှု၏ တည်ရှိခြင်းနှင့် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းတို့ကို အမှန်တကယ် ယုံကြည် လာစေလေသည်။ သာ၍များသော လူတို့သည် သောမကဲ့သို့ သံသယရှိသူများ မဖြစ်ဖို့ရန်နှင့် ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် သံသယဖြင့် ပြည့်စေပါက၊ အမှောင်ထဲသို့ နှစ်မြှုပ်သွားကြမည်ဖြစ်သည်ကို မိမိတို့ကိုယ်ကိုယ် သတိပေးနိုင်ကြဖို့အလို့ငှာ၊ သောမထံ ဖြစ်ပျက်ခဲ့သည့်အရာသည် နောင်မျိုးဆက်တို့အတွက် သတိပေးချက်နှင့် သတိထားစရာ တစ်ခုဖြစ်ခဲ့သည်။ သင်သည် ဘုရားသခင်နောက်ကို လိုက်သော်လည်း၊ သောမကဲ့သို့ သခင်၏ နံရိုးကို အမြဲ ထိတွေ့လိုပြီး ဘုရားသခင် ရှိမရှိ အတည်ပြုရန်၊ စစ်ဆေးရန်၊ သုံးသပ်ရန် သူ၏ သံရိုက်ရာတို့ကို အမြဲ စမ်းကြည့်ချင်နေပါက၊ ဘုရားသခင်က သင့်ကို စွန့်ပစ်ပါလိမ့်မည်။ ထို့ကြောင့် သခင်ယေရှုသည် လူတို့ကို သောမကဲ့သို့မဖြစ်ရန် တောင်းဆိုပေသည်၊ သူတို့၏ ကိုယ်ပိုင်မျက်လုံးနှင့် မြင်နိုင်သောအရာကိုသာ ယုံကြည်ခြင်း မဟုတ်ဘဲ၊ ဖြူစင် ရိုးသားသော လူများ ဖြစ်ရန်၊ ဘုရားသခင်အပေါ် သံသယများ မသိုထားဘဲ သူ့ကို ယုံကြည်ပြီး သူ့နောက်ကိုသာ လိုက်စေလိုသည်။ ဤကဲ့သို့သော လူများသည် ကောင်းကြီး ခံစားရပေ၏။ ဤသည်မှာ လူတို့အပေါ် သခင်ယေရှု ပြုသည့် အလွန်သေးငယ်သော သတ်မှတ်ချက်တစ်ခုဖြစ်ပြီး သူ၏ နောက်လိုက်များအတွက် သတိပေးချက်တစ်ခုဖြစ်သည်။

အထက်တွင်ဖော်ပြသည်မှာ သံသယတို့နှင့် ပြည့်နေသော သူတို့အပေါ် သခင်ယေရှု၏ သဘောထားဖြစ်သည်။ သို့ဆိုလျှင် သခင်ယေရှုသည် သူ့ကို ရိုးရိုးသားသားယုံကြည်ပြီး သူ့နောက်လိုက်သော သူတို့ကို မည်သည့်အရာ ပြောကာ ၎င်းတို့အတွက် လုပ်ဆောင်ခဲ့သနည်း။ ဤသည်မှာ သခင်ယေရှုနှင့် ပေတရုတို့ကြားက စကားအချီအချ ပြောဆိုခြင်းမှတစ်ဆင့် နောက်ထပ် ငါတို့ကြည့်ကြမည့်အရာ ဖြစ်သည်။

ဤစကားပြောဆိုခြင်း၌ သခင်ယေရှုက ပေတရုကို အမှုအရာတစ်ခု ထပ်ခါထပ်ခါ မေးခဲ့သည်- “ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလော။” ဤသည်မှာ သခင်ယေရှုက သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက်တွင်၊ ပေတရုကဲ့သို့သော လူများ၊ ခရစ်တော်ကို အမှန်တကယ် ယုံကြည်ပြီး သခင်ကို ချစ်ရန် ကြိုးပမ်းသောလူများထံမှ သခင်ယေရှုလိုအပ်သော ပိုမို မြင့်မားသည့် စံနှုန်းတစ်ခုဖြစ်သည်။ ဤမေးခွန်းသည် စူးစမ်းရှာဖွေခြင်းနှင့် စစ်ကြောမေးမြန်းခြင်း ပုံစံမျိုး ဖြစ်သော်လည်း၊ ထို့ထက်ပို၍ ယင်းသည် ပေတရု ကဲ့သို့သော လူတို့၏ လိုအပ်ချက်နှင့် မျှော်မှန်းချက်တို့ဖြစ်သည်။ လူတို့သည် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရှု စစ်ဆေးရန်အလို့ငှာ ဤမေးခွန်းမေးခြင်း နည်းလမ်းကို သခင်ယေရှု အသုံးပြုခဲ့သည်- လူတို့အတွက် သခင်ယေရှု၏ သတ်မှတ်ချက်များမှာ အဘယ်နည်း။ သခင့်ကို ငါချစ်သလော။ ငါသည် ဘုရားသခင်ကို ချစ်သော လူတစ်ယောက်လော။ သခင့်ကို ငါ မည်ကဲ့သို့ ချစ်သင့်သနည်း။ သခင်ယေရှုက ပေတရုကို ဤမေးခွန်းကိုသာ မေးခဲ့သော်လည်း၊ အမှန်မှာ သူ့နှလုံးသားထဲတွင် ဤမေးခွန်းများကို ပေတရုအားမေးခြင်းဖြင့်၊ ဘုရားသခင်ကို ချစ်ရန် ကြိုးစားသော နောက်ထပ်လူတို့ကို ဤကဲ့သို့ အလားတူမေးခွန်းမျိုးကို မေးရန် ဤအခွင့်အရေးကို သူအသုံးပြုလိုခဲ့‌ခြင်း ဖြစ်သည်။ ယင်းမှာ ပေတရုသည် ဤကဲ့သို့သော လူတို့၏ ကိုယ်စားပြုအဖြစ် ပြုမူရန်၊ သခင်ယေရှုကိုယ်တော်တိုင်၏ နှုတ်မှ ဤမေးခွန်းမေးခြင်းကို လက်ခံရရှိရန် ကောင်းချီးခံရသောကြောင့်သာ ဖြစ်ပေသည်။

သခင်ယေရှု သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သောမကို ပြောခဲ့သော “သင်၏လက်ကိုဆန့်၍ ငါ့နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့။” ဟူသည့် စကားများနှင့် ယှဉ်ကြည့်လျှင် ပေတရုကို “ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလော။”ဟု သုံးကြိမ်မေးခွန်း ထုတ်ခြင်းသည် သခင်ယေရှု၏ သဘောထား၏ တင်းမာမှု၊ သူ၏မေးခွန်းထုတ်နေသည့် အတောအတွင်းတွင် သူခံစားခဲ့ရသော အရေးတကြီးဖြစ်မှုကို လူတို့အား ပိုပြီး ခံစားရစေသည်။ သံသယရှိသူ သောမအတွက်မူ၊ သူ၏ လိမ်လည်လှည့်ဖြားတတ်သော သဘောသဘာဝဖြင့်၊ ယေရှုက ၎င်း၏လက်ကိုဆန့်ထုတ်ပြီး သူ၏ သံရိုက်ရာတို့ကို ထိခွင့်ပြုခဲ့သည်၊ ယင်းက သခင်ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သော လူသားဖြစ်သည်ကို သူ့အား ယုံကြည်စေခဲ့ပြီး သခင်ယေရှု၏ ပင်ကိုလက္ခဏာကို ခရစ်တော် အဖြစ် အသိအမှတ်ပြုစေခဲ့သည်။ သခင်ယေရှုသည် သောမကို ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုခြင်းမပြုသကဲ့သို့၊ သူနှင့်သက်ဆိုင်သည့် ရှင်းလင်းသော အကဲဖြတ်မှုတစ်ခုခုကို နှုတ်ဖြင့် မဖော်ပြခဲ့သော်လည်း၊ သခင်ယေရှုသည် သူ့ကို နားလည်သည်ဆိုသည်ကို လက်တွေ့ လုပ်ဆောင်မှုတို့မှတစ်ဆင့် သောမအား သိစေခဲ့စဉ်တွင်၊ ထိုသို့သော လူစားမျိုးအပေါ် သူ၏ သဘောထားနှင့် သန္နိဋ္ဌာန်ကိုလည်း ပြသနေခဲ့သည်။ သောမကဲ့သို့သော လူစားမျိုးများသည် စစ်မှန်သော ယုံကြည်ခြင်း တစ်စက်မျှမရှိသောကြောင့်၊ ထိုသို့သော လူစားမျိုးအပေါ် သခင်ယေရှု၏ သတ်မှတ်ချက်များနှင့် မျှော်မှန်းချက်တို့သည် သူပြောသောအရာတို့မှတစ်ဆင့် မမြင်နိုင်ပေ။ ၎င်းတို့အတွက် သခင်ယေရှု၏ သတ်မှတ်ချက်များသည် အလွန်အလှမ်းဝေးရုံသာ ရှိသော်လည်း၊ ပေတရုကဲ့သို့သော လူတို့အပေါ် သူ ထုတ်ဖော်ပြသော သဘောထားသည် လုံးဝ မတူပေ။ ပေတရုကို သူ့လက်ကို ဆန့်ပြီး သူ၏ သံရိုက်ရာတို့ကိုစမ်းရန် သူသည် မတောင်းဆိုခဲ့သကဲ့သို့၊ ပေတရုကို “ယုံမှားခြင်းမရှိနှင့်။ ယုံလော့။” ဟုလည်း မပြောခဲ့ပေ။ ထိုအစား သူသည် ပေတရုကို တူညီသည့် မေးခွန်းတစ်ခုကို ထပ်ခါထပ်ခါမေးခဲ့သည်။ မေးခွန်းသည် စဉ်းစားမိအောင်စေ့ဆော်ပေးသကဲ့သို့ အဓိပ္ပာယ် ရှိသည်၊ ခရစ်တော်၏ နောက်လိုက်တိုင်းကို နောင်တရကာ မကြောက်ရွံ့ဘဲမနေနိုင် ဖြစ်စေသော်လည်း၊ သခင်ယေရှု၏ စိုးရိမ်ပူပန်ပြီး၊ ဝမ်းနည်းသော စိတ်ခံစားမှုကိုလည်း ခံစား သိရှိစေရမည့် မေးခွန်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ကြီးမားသော နာကျင်မှုနှင့် ဆင်းရဲဒုက္ခ၌ ရှိချိန်တွင်၊ ၎င်းတို့သည် သခင်ယေရှုခရစ်တော်၏ အလေးထားမှုနှင့် သူ၏ စောင့်ရှောက်မှုကို ပိုပြီး နားလည်နိုင်ကြသည်။ ဖြူစင်ပြီး ရိုးသားသောလူတို့နှင့်သက်ဆိုင်သည့် သူ၏ စိတ်ထက်သန်သော သွန်သင်မှုနှင့် တင်းကျပ်သော သတ်မှတ်ချက်တို့ကို ၎င်းတို့ သဘောပေါက်ကြသည်။ သခင်ယေရှု၏ မေးခွန်းသည် လူတို့အား ဤရိုးရှင်းသော နှုတ်ကပတ်တော်များ၌ ထုတ်ဖော်ပြထားသည့် လူတို့အပေါ် သခင်၏ မျှော်မှန်းချက်တို့သည် သူ့ကို ယုံကြည်ရုံမျှယုံကြည်ဖို့နှင့် သူ့နောက်လိုက်ရုံမျှမဟုတ်ဘဲ၊ ချစ်ခြင်းရှိခြင်း၊ သင်၏ သခင်နှင့် သင်၏ ဘုရားသခင်ကို ချစ်ခြင်းအား စွမ်းဆောင်ရရှိရန်ဖြစ်သည်ကို ခံစားရစေသည်။ ဤကဲ့သို့အချစ်မျိုးသည် ဂရုစိုက်ခြင်းနှင့် နာခံခြင်းဖြစ်သည်။ ယင်းမှာ လူသားတို့က ဘုရားသခင်အတွက် အသက်ရှင်ခြင်း၊ ဘုရားသခင်အတွက် အသေခံခြင်း၊ အရာရာတိုင်းကို ဘုရားသခင်ထံ ဆက်ကပ်မြှုပ်နှံခြင်း၊ ဘုရားသခင်အတွက် အရာရာတိုင်းကို အသုံးတော်ခံပြီး ပေးအပ်ခြင်းတို့ဖြစ်သည်။ ဤကဲ့သို့ချစ်ခြင်းမျိုးသည် ဘုရားသခင်ကို သက်သေခံခြင်းအား မွေ့လျော်ခံစားကာ အနားယူခွင့်ပေးရင်း၊ နှစ်သိမ့်မှု ပေးခြင်းလည်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်ထံ လူသားမျိုးနွယ်၏ ပြန်လည်ပေးဆပ်ခြင်း၊ လူ၏ တာဝန်၊ ဝတ္တရားနှင့် လုပ်ဆောင်ရမည့်တာဝန်တို့ဖြစ်ပြီး လူတို့အနေဖြင့် ၎င်းတို့ဘဝတစ်ခုလုံး၌ လိုက်လျှောက်ရမည့် လမ်းခရီးတစ်ခု ဖြစ်သည်။ ဤမေးခွန်းသုံးခုသည် သခင်ယေရှုက ပေတရုနှင့် စုံလင်စေခြင်းခံရမည့် လူအားလုံးအပေါ် ပြုလုပ်သော သတ်မှတ်ချက်နှင့် တိုက်တွန်းချက်တစ်ခုဖြစ်သည်။ ပေတရုအား အသက်တာ၌ သူ၏လမ်းကြောင်းကို အဆုံးထိ လိုက်လျှောက်ရန် ဦးဆောင်ပြီး လှုံ့ဆော်ခဲ့သည်မှာ ဤမေးခွန်းသုံးခုဖြစ်ပြီး၊ ပေတရုအား သူ၏ စုံလင်စေခြင်း လမ်းကြောင်းပေါ် စတင်ရန် ဦးဆောင်ခဲ့သည်မှာ၊ သခင့်အတွက် သူ၏ ချစ်ခြင်းကြောင့် သခင့်၏ နှလုံးသားကို ဂရုစိုက်ရန်၊ သခင့်ကို နာခံရန်၊ သခင့်ကို နှစ်သိမ့်မှု ပေးရန်နှင့် ဤချစ်ခြင်းကြောင့် သူ၏ အသက်တာတစ်ခုလုံးနှင့် ဖြစ်တည်မှု တစ်ခုလုံးကို ပေးအပ်ရန် သူ့ကို ဦးဆောင်ခဲ့သည်မှာ သခင်ယေရှု၏ ခွဲခွာခြင်း၌ မေးခဲ့သည့် ဤမေးခွန်းများ ဖြစ်သည်။

ကျေးဇူးတော်ခေတ်ကာလအတွင်းတွင် ဘုရားသခင်၏ အမှုတော်သည် အဓိကအားဖြင့် လူအမျိုးအစား နှစ်မျိုးအတွက် ဖြစ်ခဲ့သည်။ ပထမမှာ သူ့ကိုယုံကြည်ပြီး သူ့နောက်လိုက်သောသူ၊ သူ၏ ပညတ်ချက်တို့ကို စောင့်ထိန်းနိုင်သူ၊ လက်ဝါးကားတိုင်ကို ထမ်းနိုင်ပြီး ကျေးဇူးတော်ခေတ်၏ လမ်းခရီးကို ထိန်းသိမ်းနိုင်သည့် လူစားမျိုး ဖြစ်ခဲ့သည်။ ဤလူစားမျိုးသည် ဘုရားသခင်၏ ကောင်းချီးကို ရရှိမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရမည်ဖြစ်သည်။ ဒုတိယလူအမျိုးအစားမှာ စုံလင်စေခြင်း ခံရနိုင်သည့် လူတစ်ဦးတစ်ယောက်ဖြစ်သည့် ပေတရုကဲ့သို့သော လူစားမျိုး ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးသောအခါတွင်၊ သူသည် အဓိပ္ပာယ် အရှိဆုံးဖြစ်သည့် ဤအရာနှစ်ခုကို ပထမဦးစွာ လုပ်ဆောင်ခဲ့သည်။ တစ်ခုကို သောမနှင့်ပတ်သက်၍ လုပ်ဆောင်ခဲ့ပြီး၊ နောက်တစ်ခုကို ပေတရုနှင့်ပတ်သက်၍ လုပ်ဆောင်ခဲ့သည်။ ဤအရာနှစ်ခုသည် မည်သည့်အရာကို ကိုယ်စားပြုသနည်း။ လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သော ဘုရားသခင်၏ စစ်မှန်သော ရည်ရွယ်ချက်များကို ကိုယ်စားပြုသလော။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ရိုးသားစစ်မှန်မှုကို ကိုယ်စားပြုသလော။ သောမနှင့် ပတ်သက်၍ သူ လုပ်ဆောင်ခဲ့သော အမှုတော်သည် လူတို့ကို သံသယ ထားသူများ မဖြစ်ဘဲ၊ တကယ်ကို ယုံကြည်ရန် သတိပေးဖို့ ဖြစ်သည်။ ပေတရုနှင့် ပတ်သက်၍ သူ လုပ်ဆောင်ခဲ့သော အမှုတော်မှာ ပေတရုကဲ့သို့သော လူတို့၏ ယုံကြည်ခြင်းကို အားကောင်းစေရန်နှင့် ဤကဲ့သို့သော လူစားမျိုးနှင့် ဆိုင်သည့် သူ၏ သတ်မှတ်ချက်များကို ရှင်းလင်းသွားစေရန်၊ မည်သည့် ရည်မှန်းချက်ပန်းတိုင်ကို ၎င်းတို့ လိုက်စားသင့်သည်ကို ပြသရန် ဖြစ်သည်။

သခင်ယေရှု သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်တွင်၊ သူသည် လိုအပ်သည်ဟု သူထင်သော လူတို့ထံ ကိုယ်ထင်ပြခဲ့သည်၊ ၎င်းတို့နှင့်စကားပြောခဲ့ပြီး လူတို့နှင့် ဆိုင်သည့် သူ၏ ရည်ရွယ်ချက်များနှင့် မျှော်မှန်းချက်များကို ထားခဲ့ရင်း၊ ၎င်းတို့နှင့်ဆိုင်သည့် သတ်မှတ်ချက်တို့ကို ပြုလုပ်ခဲ့သည်။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်အနေဖြင့်၊ လူသားမျိုးနွယ်အတွက် သူ၏ ပူပန်မှုနှင့် လူတို့နှင့်ဆိုင်သော သူ၏ သတ်မှတ်ချက်တို့ မည်သည့်အခါတွင်မျှ မပြောင်းလဲပေ။ ဤအရာများသည် သူ လူ့ဇာတိခံ၌ ရှိချိန်နှင့် လက်ဝါးကားတိုင်၌ သံမှိုရိုက်ခံရပြီး သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက် ဝိညာဉ်ခန္ဓာဖြင့် သူ ရှိခဲ့ချိန်တွင် အလားတူ ရှိမြဲရှိနေခဲ့သည်။ သူသည် လက်ဝါးကားတိုင်ပေါ် မရောက်မီတွင် ဤတပည့်တော်တို့အတွက် စိုးရိမ်ပူပန်ခဲ့ပြီး၊ လူတစ်ဦးချင်းစီတိုင်း၏ အခြေအနေနှင့်ပတ်သက်၍ သူ၏ စိတ်နှလုံးထဲတွင် ရှင်းလင်းနေသကဲ့သို့၊ လူတိုင်း၏ ချို့တဲ့ခြင်းတို့ကို သူနားလည်ခဲ့သည်၊ ဟုတ်ပေ၏၊ သူသေဆုံးကာ ရှင်ပြန်ထမြောက်ပြီး ဝိညာဉ်ခန္ဓာဖြစ်လာပြီးနောက်တွင် လူတိုင်းနှင့်ဆိုင်သည့် သူ၏ သိနားလည်မှုသည် လူ့ဇာတိမှာ ရှိခဲ့ချိန်တုန်းကကဲ့သို့ တူညီပေသည်။ လူတို့က ခရစ်တော်အဖြစ် သူ၏ ပင်ကိုလက္ခဏာကို လုံးဝ သေချာခြင်းမရှိကြသည်ကို သူသိခဲ့သည်၊ သို့သော်လည်း လူ့ဇာတိမှာရှိသည့် သူ၏ အချိန်ကာလအတောအတွင်းတွင်၊ သူသည် လူတို့အပေါ် တင်းကျပ်သည့် တောင်းဆိုမှုတို့ မပြုလုပ်ခဲ့ပေ။ သို့သော် သူ ရှင်ပြန်ထမြောက် ခဲ့ပြီးသည့်နောက်တွင်၊ ၎င်းတို့ရှေ့ သူ ပေါ်ထွန်းခဲ့ပြီး၊ သခင်ယေရှုသည် ဘုရားသခင်ထံမှလာခဲ့ကြောင်းနှင့် သူသည် လူ့ဇာတိခံ ဘုရားသခင်ဖြစ်ကြောင်းကို ၎င်းတို့အား လုံးဝ သေချာစေခဲ့သကဲ့သို့၊ သူသည် သူ၏ ပေါ်ထွန်းခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းနှင့်ဆိုင်သည့် အမှန်တရားကို လူသားမျိုးနွယ်၏ ရာသက်ပန် လိုက်စားမှုအတွက် အကြီးမားဆုံးသော ရူပါရုံနှင့် လှုံ့ဆော်မှုအဖြစ် အသုံးပြုခဲ့သည်။ သူ၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက သူ့နောက်လိုက်သော သူအားလုံးကို အားကောင်းစေခဲ့ရုံမက၊ လူသားမျိုးနွယ် အလယ် ကျေးဇူးတော်ခေတ်နှင့်ဆိုင်သည့် သူ၏ အမှုတော်ကိုလည်း လုံးလုံးလျားလျား အကောင်အထည် ဖော်ခဲ့ကာ၊ ထိုသို့ဖြင့် ကျေးဇူးတော်ခေတ်ထဲက သခင်ယေရှု၏ ကယ်တင်ခြင်း၏ ဧဝံဂေလိတရားသည် လူသားမျိုးနွယ်၏ နေရာအနှံ့ကို တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့သည်။ သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက် သခင်ယေရှု၏ ပေါ်ထွန်းခြင်းသည် အရေးပါမှုတစ်ခုတစ်လေရှိသည်ဟု သင် ဆိုမည်လော။ သင်သည် ထိုအချိန်တွင် သောမ သို့မဟုတ် ပေတရုဖြစ်ခဲ့ပြီး သင့်ဘဝ၌ အဓိပ္ပာယ်အလွန်ရှိသော ဤအရာတစ်ခုကို သင်ကြုံခဲ့ရပါက၊ သင့်အပေါ်၌ မည်သည့်သက်ရောက်မှုမျိုး ရှိမည်နည်း။ ဤအရာကို ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း အသက်တာနှင့်ဆိုင်သည့် အကောင်းဆုံးနှင့် အကြီးမြတ်ဆုံး ရူပါရုံဟု သင်မြင်မည်လော။ သင်သည် ဘုရားသခင် နောက်လိုက်သည်နှင့်အမျှ၊ သူ့ကို စိတ်ကျေနပ်စေရန် ကြိုးပမ်းပြီး သင်၏ အသက်တာတစ်ခုလုံးဖြင့် ဘုရားသခင်ကို ချစ်ဖို့ ကြိုးစားသည်နှင့်အမျှ၊ ဤအရာကို သင့်အား တွန်းအားပေးသော အင်အားတစ်ခုအဖြစ် မြင်မည်လော။ ဤအကြီးမြတ်ဆုံး ရူပါရုံကို ဖြန့်ဝေရန် တစ်သက်တာ အားထုတ်ကြိုးပမ်းမှုကို သင် အသုံးပြုသွားမည်လော။ သခင်ယေရှု၏ ကယ်တင်ခြင်းကို ဖြန့်ဝေခြင်းအား ဘုရားသခင်ထံမှ စေခိုင်းချက်တာဝန် တစ်ခုအဖြစ် သင် လက်ခံပြီးဖြစ်မည်လော။ သင်တို့သည် ဤအရာကို မကြုံတွေ့ဖူးသော်လည်း၊ သောမနှင့် ပေတရု၏ ဥပမာနှစ်ခုက ခေတ်ပေါ်လူတို့အတွက် ဘုရားသခင်နှင့် ဘုရားသခင်၏ အလိုနှင့်ဆိုင်သည့် ရှင်းလင်းသော သိနားလည်ခြင်းကို ရရှိရန် လုံလောက်နှင့်ပေသည်။ ယင်းမှာ ဘုရားသခင်သည် လူ့ဇာတိခံလာခဲ့ပြီးနောက်တွင်၊ လူသားမျိုးနွယ်အလယ် အသက်တာကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ပြီး လူ့ဘဝကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့သည့်နောက်၊ ပြီးလျှင် လူသားမျိုးနွယ်၏ အကျင့်ပျက်ခြင်းနှင့် ထိုအချိန်က လူ့အသက်တာ၏ အခြေအနေကို သူမြင်ခဲ့သည့်နောက်တွင်၊ လူ့ဇာတိ၌ရှိသော ဘုရားသခင်သည် လူသားမျိုးနွယ် မည်မျှ ခိုကိုးရာမဲ့ကြောင်း၊ ဝမ်းနည်းဖွယ်ရာဖြစ်ပြီး၊ သနားစဖွယ်ကောင်းကြောင်းတို့ကို နက်ရှိုင်းစွာ သာ၍ ခံစားခဲ့ရသည်။ လူ့ဇာတိနှင့် အသက်ရှင်စဉ် သူ ပိုင်ဆိုင်ခဲ့သည့် သူ၏ လူ့သဘာဝကြောင့်၊ လူ့ဇာတိဆန်သည့် သူ၏ ဗီဇများကြောင့်၊ လူသား၏ အခြေအနေအတွက် သူသည် သာ၍ မျှဝေခံစားခြင်းကို ရရှိခဲ့သည်။ ဤအရာက သူ၏နောက်လိုက်များအတွက် ပိုမိုကြီးမားသော ပူပန်မှုကို ခံစားဖို့ ဖြစ်စေခဲ့သည်။ ဤအရာများသည် သင်တို့ နားမလည်နိုင်သောအရာများ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ သူ၏ နောက်လိုက်တစ်ဦးချင်းစီတိုင်းအတွက် ဘုရားသခင် ခံစားခဲ့ရသည့် ဤစိုးရိမ်မှုနှင့် စောင့်ရှောက်မှုတို့ကို “ပြင်းထန်သော ပူပန်မှု” ဆိုသော စကားများဖြင့် ငါ ဖော်ပြနိုင်သည်။ ဤဝေါဟာရသည် လူသား၏ ဘာသာစကားမှ လာခြင်းဖြစ်သော်လည်း၊ ယင်းသည် အလွန် လူသားဆန်သော်လည်း၊ ဘုရားသခင်၏ နောက်လိုက်များ အတွက် ဘုရားသခင်၏ ခံစားချက်များကို အမှန်တကယ် ဖော်ပြပြီး သရုပ်ဖော်ပေသည်။ လူသားများအတွက် ဘုရားသခင်၏ ပြင်းထန်သော ပူပန်မှုကိုမူ၊ သင်တို့၏ အတွေ့အကြုံများနှင့်ဆိုင်သည့် လမ်းကြောင်းတစ်လျှောက်တွင် ဤအရာကို သင်တို့ တဖြည်းဖြည်း ခံစားရလိမ့်မည်ဖြစ်ပြီး ယင်းကို မြည်းစမ်းလိမ့်မည်ဖြစ်သည်။ သို့သော် ဤအရာကို သင်တို့ကိုယ်တိုင်၏ စိတ်သဘောထား၌ ပြောင်းလဲမှုကို လိုက်စားခြင်းအရ ဘုရားသခင်၏ စိတ်သဘောထားကို တဖြည်းဖြည်း နားလည်ခြင်းအားဖြင့်သာ စွမ်းဆောင် ရရှိနိုင်ပေသည်။ သခင်ယေရှုက ဤပေါ်ထွန်းခြင်းကို ပြုလုပ်ခဲ့ချိန်တွင်၊ လူ့သဘာဝထဲက သူ၏နောက်လိုက်များ အတွက် သူ၏ပြင်းထန်သော ပူပန်မှုကို ပေါ်ပေါက်လာစေပြီး၊ သူ၏ ဝိညာဉ်ခန္ဓာတစ်လျှောက် ဖြတ်သန်းစေခဲ့သည်၊ သို့မဟုတ် သူ၏ ဘုရားသဘောသဘာဝ တစ်လျှောက် ဖြတ်သန်းစေခဲ့သည်ဟု သင်တို့ဆိုနိုင်သည်။ သူ၏ ပေါ်ထွန်းခြင်းက လူတို့အား ဘုရားသခင်၏ ပူပန်မှုနှင့် စောင့်ရှောက်မှုတို့ကို နောက်တစ်ဖန် တွေ့ကြုံကာ ခံစားစေစဉ်တွင်၊ ဘုရားသခင်သည် ခေတ်တစ်ခုကို အစပျိုးသူ၊ ခေတ်တစ်ခုကို ဖွင့်သူနှင့် ခေတ်တစ်ခုကို အဆုံးသတ်သူလည်း ဖြစ်သည်ဆိုသည်ကို အားကောင်းစွာ သက်သေပြပေသည်။ သူ၏ ပေါ်ထွန်းခြင်းမှတစ်ဆင့်၊ သူသည် လူအားလုံး၏ ယုံကြည်ခြင်းကို သာ၍ ခိုင်ခံ့စေခဲ့ပြီး၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ဆိုသည့်အချက်ကို ကမ္ဘာလောကထံ သက်သေပြ ခဲ့သည်။ ဤအရာက သူ၏နောက်လိုက်များအား ထာဝရ အတည်ပြုချက်ကို ပေးခဲ့ပြီး၊ သူ၏ပေါ်ထွန်းခြင်းမှတစ်ဆင့် ခေတ်သစ်၌ သူ့အမှုတော်၏ အဆင့်တစ်ခုကိုလည်း စတင်ခဲ့သည်။

၁၃။ ယေရှုသည် သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက်တွင် မုန့်ကိုစားကာ ကျမ်းစာကို ရှင်းပြ၏။

ရှင်လုကာခရစ်ဝင်ကျမ်း ၂၄:၃၀-၃၂ စားပွဲ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်တွင်၊ သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၏။ တပည့်တော်တို့ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူ သောအခါ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည် မဟုတ်လောဟု အချင်းချင်း ပြောဆိုကြ၏။

၁၄။ တပည့်တော်တို့သည် ယေရှုစားဖို့ ငါးကင်ကိုပေး၏။

ရှင်လုကာခရစ်ဝင်ကျမ်း ၂၄:၃၆-၄၃ ထိုသို့အချင်းချင်း ပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ်သက်ခြင်းဖြစ်စေသတည်းဟု မိန့်တော်မူ၏။ တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် အထူးထူးအထွေထွေသော စိတ်ရှိကြသနည်း။ သင်တို့နှလုံးသားထဲ၌ အဘယ်ကြောင့် အတွေးများ ယောက်ယက်ခတ်နေသနည်း။ ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ် ကြလော့။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုး အသားနှင့်ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သို့ မပြည့်စုံဟု မိန့်တော်မူလျက်၊ လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။ ထိုသူတို့သည် အံ့ဩ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲ နေသေးသောအခါ၊ သင်တို့၌ စားစရာ တစုံတခုရှိသလောဟု မေးတော်မူလျှင်၊ ငါးကင်တပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ၏။ ကိုယ်တော်သည် ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏။

ဆက်လက်၍၊ အထက်က ကျမ်းစာ၏ ကျမ်းပိုဒ်များကို ငါတို့ တစ်ချက်ကြည့်ကြမည်။ ပထမကျမ်းပိုဒ်သည် သခင်ယေရှုက သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက်တွင် မုန့်ကို စားသုံးပြီး ကျမ်းစာရှင်းပြခြင်းဖြစ်ကာ၊ ဒုတိယကျမ်းပိုဒ်မှာ သခင်ယေရှုက ငါးကင်စားနေခြင်းကို ပြန်ပြောပြခြင်းဖြစ်သည်။ ဤကျမ်းပိုဒ် နှစ်ပိုဒ်က ဘုရားသခင်၏ စိတ်သဘောထားကို သိရန် သင့်ကို မည်သို့ အကူအညီပေးသနည်း။ သခင်ယေရှုက မုန့်စားပြီးနောက် ငါးကင်ကိုစားခြင်းနှင့်ဆိုင်သည့် ဤအသေးစိတ် အချက်အလက်တို့မှ သင်တို့ ရရှိသည့် ပုံလွှာမျိုးကို သင်တို့ စိတ်ကူးကြည့်နိုင်သလော။ သခင်ယေရှုသည် မုန့်ကို စားလျက်၊ သင်တို့ရှေ့ ရပ်နေခဲ့ပါက၊ သင်တို့ မည်သို့ ခံစားရမည်ကို စိတ်ကူးကြည့်နိုင်သလော။ သို့မဟုတ် သူသည် သင်တို့နှင့်အတူ စားပွဲတစ်ခုတည်းတွင် စားနေခဲ့ပါက၊ လူတို့နှင့်အတူ ငါးနှင့်ပေါင်မုန့်ကိုစားနေခဲ့ပါက၊ ထိုအခိုက်အတန့်တွင် သင်တို့သည် မည်ကဲ့သို့ခံစားမှုမျိုး ရှိကြမည်ကို သင်တို့ စိတ်ကူးကြည့်နိုင်သလော။ သင်က သခင်နှင့် အလွန်နီးစပ်သည်၊ သူသည် သင်နှင့် အလွန်ရင်းနှီးသည်ဟု သင် ခံစားရမည်ဆိုပါက၊ ဤခံစားချက်သည် မှန်ကန်၏။ ဤသည်မှာ သခင်ယေရှုက သူ၏ရှင်ပြန်ထမြောက်ပြီးနောက်တွင် စုရုံးသော လူတို့ရှေ့၌ ပေါင်မုန့်နှင့် ငါးကို စားခြင်းအားဖြင့် သူ ဆောင်ကြဉ်းလိုသော ရလဒ်အတိအကျ ဖြစ်သည်။ သူ၏ ရှင်ပြန်ထမြောက် ပြီးနောက်တွင် သခင်ယေရှုသည် လူတို့နှင့် စကားသာ ပြောခဲ့ဖူးသည်ဆိုပါက၊ ၎င်းတို့သည် သူ၏ အသွေးအသားနှင့် အရိုးတို့ကို မခံစားရဘဲ၊ ယင်းအစား သူ့အား လက်လှမ်းမမီနိုင်သော ဝိညာဉ်တစ်ခုအဖြစ် ခံစားရပါက၊ ၎င်းတို့ မည်ကဲ့သို့ ခံစားရမည်နည်း။ ၎င်းတို့ စိတ်ပျက်သွားမည် မဟုတ်လော။ စိတ်ပျက်ခြင်းခံစားရလျက်၊ စွန့်ပစ်ခံရသည်ဟု လူတို့ ခံစားရမည် မဟုတ်လော။ မိမိတို့ကိုယ်တိုင်နှင့် သခင်ယေရှုခရစ်တော်ကြားတွင် ဝေးကွာမှုတစ်ခုရှိသည်ဟု ၎င်းတို့ ခံစားရမည် မဟုတ်လော။ ဤအကွာအဝေးက ဘုရားသခင်နှင့် လူတို့၏ ဆက်ဆံရေးအပေါ် မည်သည့် အပျက်သဘောဆောင်သော သက်ရောက်မှုမျိုးကို ဖန်တီးမည်နည်း။ လူတို့သည် သေချာပေါက် ကြောက်ရွံ့ကြလိမ့်မည်၊ ၎င်းတို့သည် သူ့အနီးသို့ လာဝံ့ကြမည် မဟုတ်သကဲ့သို့၊ ထိုသို့ဖြင့် ဘုရားသခင်ကို သင့်တင့်လျောက်ပတ်သော အကွာအဝေးတစ်ခုတွင် ထိန်းသိမ်းထားမည့် သဘောထားတစ်ခု ရှိခဲ့ကြမည် ဖြစ်သည်။ ထိုအချိန်မှစ၍ သခင်ယေရှု ခရစ်တော်နှင့် ၎င်းတို့၏ ရင်းနှီးသော ဆက်ဆံရေးကို ဖြတ်တောက်ပြီး ဖြစ်မည်ဖြစ်ကာ ကျေးဇူးတော်ခေတ် မတိုင်မီကဲ့သို့ လူသားမျိုးနွယ်နှင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကြား ဆက်ဆံရေးတစ်ခုဆီသို့ ပြန်သွားမိကြပေမည်။ လူတို့ ထိတွေ့၍မရ သို့မဟုတ် ခံစား၍မရသော ဝိညာဉ်ခန္ဓာသည် ဘုရားသခင်နှင့် ၎င်းတို့၏ ရင်းနှီးမှုအား အမြစ်ဖြတ်ခြင်းကို ဖြစ်ပေါ်စေပြီးဖြစ်ပေမည်၊ ပြီးလျှင် သူနှင့်လူသားတို့ကြား အကွာဝေးမရှိခဲ့သော၊ သခင်ယေရှု ခရစ်တော် လူ့ဇာတိ၌ရှိခဲ့ချိန် အတောအတွင်း တည်ထောင်ခဲ့သည့် ထိုရင်းနှီးသော ဆက်ဆံရေးကိုလည်း တည်ရှိမှု ရပ်တန့်သွားစေပြီးဖြစ်ပေမည်။ ဝိညာဉ်ခန္ဓာအားဖြင့် လူတို့၌ လှုံ့ဆော်ခံရသည့် တစ်ခုတည်းသောအရာများမှာ ကြောက်ရွံ့ခြင်း၊ ရှောင်ကြဉ်ခြင်းနှင့် ထုတ်ဖော်မပြောသော ငေးစိုက်ကြည့်ခြင်း တစ်ခုနှင့်ဆိုင်သည့် ခံစားချက်များ ဖြစ်ခဲ့သည်။ ၎င်းတို့သည် သူ့နောက်ကိုလိုက်ရန်၊ ယုံကြည်ရန်၊ သို့မဟုတ် ကြည်ညိုဖို့ မဆိုထားနှင့်၊ သူ့အနားပင်မကပ်ရဲပေ၊ သို့မဟုတ် သူနှင့် စကားအချီအချပင် မပြောဝံ့ပေ။ ဘုရားသခင်သည် သူ့အတွက် လူသားတို့ရှိသော ဤခံစားချက်မျိုးကို မြင်ရန် ဆန္ဒမရှိပေ။ လူတို့က သူ့ကို ရှောင်ကြဉ်ခြင်း၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် သူ့ထံမှ ဖယ်ရှားခြင်းကို သူမမြင်လိုပေ။ သူသည် လူတို့က သူ့ကိုနားလည်ရန်၊ သူ့အနီးသို့လာရန်နှင့် သူ၏မိသားစု ဖြစ်ရန်သာ အလိုရှိ၏။ သင်၏ကိုယ်ပိုင်မိသားစု၊ သင်၏ သားသမီးတို့က သင့်ကိုမြင်သော်လည်း သင့်ကို မမှတ်မိသကဲ့သို့၊ သင့်အနီးကိုမလာဝံ့ဘဲ သင့်ကို အမြဲရှောင်နေပါက၊ ၎င်းတို့အတွက် သင်လုပ်ဆောင်ခဲ့သော အရာတိုင်းအတွက် ၎င်းတို့၏ နားလည်မှုကို သင်မရရှိနိုင်ပါက၊ ယင်းက သင့်ကို မည်သို့ခံစားစေမည်နည်း။ ယင်းသည် နာကျင်စရာ ဖြစ်မည် မဟုတ်သလော။ သင် နှလုံးကြေကွဲရမည် မဟုတ်သလော။ ဤသည်မှာ လူတို့က သူ့ကို ရှောင်ဖယ်သောအခါ၌ သူခံစားရသောအရာ အတိအကျ ဖြစ်သည်။ ထို့ကြောင့် သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက်တွင်၊ သခင်ယေရှုသည် သူ၏ လူ့ဇာတိပုံသဏ္ဌာန်ဖြင့် လူတို့ရှေ့၌ ပေါ်ထွန်းလာဆဲဖြစ်ပြီး ၎င်းတို့နှင့်အတူ စားသောက်ဆဲ ဖြစ်ခဲ့သည်။ ဘုရားသခင်သည် လူတို့ကို မိသားစုအဖြစ် မြင်သကဲ့သို့၊ လူသားမျိုးနွယ်ကိုလည်း သူ့အား ၎င်းတို့ကို အချစ်မြတ်နိုးဆုံးသော သူတစ်ဦးအဖြစ် မြင်စေလိုသည်။ ဤနည်းဖြင့်သာ ဘုရားသခင်သည် လူတို့ကို အမှန်တကယ် ရရှိနိုင်ပြီး၊ ဤနည်းဖြင့်သာ လူတို့သည် ဘုရားသခင်ကို အမှန်တကယ်ချစ်ကာ ကိုးကွယ်နိုင်ပေသည်။ ယေရှုက သူ၏ရှင်ပြန်ထမြောက်ခြင်းနောက်တွင် မုန့်ကို စားပြီး ကျမ်းစာကိုရှင်းပြကာ တပည့်တော်တို့က သူစားရန် ငါးကင်ပေးခဲ့သည့် ကျမ်းနှစ်ပိုဒ်ကို ကောက်နုတ်ဖော်ပြရသည့် ငါ၏ရည်ရွယ်ချက်ကို သင်တို့ ယခု နားလည်နိုင်သလော။

သခင်ယေရှုသည် သူ၏ရှင်ပြန်ထမြောက်ခြင်းနောက်တွင် သူပြောဆိုကာ လုပ်ဆောင်ခဲ့သည့်အရာ တသီတတန်းတို့တွင် အလွန်အလေးအနက်ထားသည့် အတွေး ထားရှိခဲ့သည်ဟု ဆိုနိုင်သည်။ ဤအရာများသည် လူသားမျိုးနွယ်အပေါ် ဘုရားသခင် ကိုင်စွဲထားခဲ့သည့် ကြင်နာခြင်းနှင့် ချစ်ခင်ခြင်းတို့ဖြင့် ပြည့်ခဲ့သကဲ့သို့၊ လူ့ဇာတိ၌ ရှိခဲ့သည့် သူ၏အချိန်အတောအတွင်း လူသားမျိုးနွယ်နှင့် သူတည်ထောင် ခဲ့ဖူးသည့် ရင်းနှီးသော ဆက်ဆံရေးအတွက် သူထားရှိခဲ့သော ချစ်ခင်မြတ်နိုးမှုနှင့် တိကျစေ့စပ်သော စောင့်ရှောက်မှုတို့နှင့်လည်း ပြည့်ခဲ့ပေသည်။ ထို့အပြင် ၎င်းတို့သည် လူ့ဇာတိ၌ ရှိခဲ့သည့် သူ၏အချိန် အတောအတွင်းတွင် သူ၏နောက်လိုက်တို့နှင့်အတူ စားသောက်ခြင်းနှင့် အသက်ရှင်ခြင်းနှင့်ဆိုင်သည့် သူ၏ အသက်တာအတွက် သူခံစားခဲ့ရသော တသလွမ်းဆွတ်ခြင်းနှင့် တောင့်တမှုတို့နှင့် ပြည့်ခဲ့ပေသည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားနှင့် ဘုရားသခင်အကြား ဝေးကွာခြင်းကို လူတို့အား မခံစားစေလိုခဲ့သကဲ့သို့၊ လူသားမျိုးနွယ်အား မိမိတို့ကိုယ်ကိုယ် ဘုရားနှင့် ဝေးကွာအောင်ပြုလုပ်ရန်လည်း အလိုမရှိခဲ့ပေ။ ထို့ထက်ပင်ပို၍ သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက်တွင် သခင်ယေရှုသည် လူတို့နှင့် အလွန်ရင်းနှီးခဲ့သော သခင် မဟုတ်တော့ကြောင်း၊ သူသည် ဝိညာဉ်လောကကို ပြန်သွားခဲ့ပြီးဖြစ်သောကြောင့်၊ လူတို့ လုံးဝ မမြင်နိုင်၊ သို့မဟုတ် လက်လှမ်းမမီနိုင်သော ခမည်းတော်ဆီသို့ ပြန်သွားခဲ့ပြီး ဖြစ်သောကြောင့် လူသားမျိုးနွယ် နှင့်အတူ မရှိတော့ကြောင်းကို လူသားမျိုးနွယ်အား သူ မခံစားစေလိုခဲ့ပေ။ သူနှင့် လူသားမျိုးနွယ်ကြားတွင် အဆင့်အတန်း၌ ကွာခြားမှု တစ်ခုတစ်လေ ထွက်ပေါ်သည်ကို လူတို့အား မခံစားစေလိုခဲ့ပေ။ သူ့နောက်ကိုလိုက်လိုသော်လည်း၊ သူ့ကို လေးစားသမှုဖြင့် ခပ်တန်းတန်း ဆက်ဆံကြသည့် လူတို့ကို ဘုရားသခင် မြင်သောအခါ၊ ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးများသည် သူ့ထံမှ အလွန်ဝေးကွာပြီး၊ ၎င်းတို့၏ စိတ်နှလုံးများကို ရရှိဖို့ သူ့အတွက် အလွန်ခက်ခဲမည်ဟု အဓိပ္ပာယ်ရသောကြောင့်၊ သူ့နှလုံးသားသည် နာကျင်ရလေသည်။ ထို့ကြောင့် သူသည် လူတို့ မမြင်နိုင်၊ သို့မဟုတ် ထိတွေ့၍မရနိုင်သော ဝိညာဉ်ခန္ဓာနှင့် သူတို့ရှေ့၌ ပေါ်ထွန်းခဲ့မည်ဆိုပါက၊ ဤအရာက လူသားကို ဘုရားသခင်ထံမှ နောက်တစ်ဖန် ဝေးကွာစေပြီး ဖြစ်မည်ဖြစ်ကာ၊ ယင်းက လူသားမျိုးနွယ်ကို ခရစ်တော်အား သူ ရှင်ပြန်ထမြောက်ခြင်းနောက်တွင် အလွန်မြင့်မြတ်လာပြီး ဖြစ်သကဲ့သို့၊ လူသားတို့ထက် ကွဲပြားသည့် အမျိုးဖြစ်လာခဲ့ပြီး၊ လူသားတို့သည် အပြစ်ရှိသောကြောင့်၊ ညစ်ညမ်းပြီး ဘုရားသခင်ထံ မည်သည့်အခါတွင်မျှ တိုးဝင်မချဉ်းကပ် နိုင်သောကြောင့်၊ လူသားနှင့်အတူ စားပွဲတစ်ခုထဲ မထိုင်နိုင်တော့သောသူ တစ်ယောက်အဖြစ် မှားယွင်းစွာ မြင်စေပြီး ဖြစ်ပေမည်။ လူသားမျိုးနွယ်၏ ဤအထင်လွဲခြင်းတို့ကို ပပျောက်စေရန်အလို့ငှာ၊ သခင်ယေရှုသည် သမ္မာကျမ်းစာ၌ “မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်” ဟု မှတ်တမ်းတင်ထားသည့်အတိုင်း လူ့ဇာတိ၌ သူ လုပ်ဆောင်လေ့ ရှိခဲ့သည့် အရာများစွာကို လုပ်ဆောင်ခဲ့သည်။ အတိတ်က သူလုပ်လေ့ရှိခဲ့သည့်အတိုင်း၊ ၎င်းတို့ကို ကျမ်းစာကိုလည်း ရှင်းပြခဲ့သည်။ သခင်ယေရှုလုပ်ဆောင်ခဲ့သော ဤအရာ အားလုံးသည် သူ့ကို မြင်ခဲ့သည့် လူတိုင်းကို သခင်သည် ပြောင်းလဲမသွားကြောင်း၊ သူသည် သခင်ယေရှုတစ်ဦးတည်း ဖြစ်နေဆဲဖြစ်ကြောင်းကို ခံစားစေခဲ့သည်။ သူသည် ကားတိုင်၌ သံမှိုရိုက်ခံခဲ့ရပြီး သေခြင်းကို ကြုံတွေ့ခဲ့ရပြီးဖြစ်သော်လည်း၊ သူသည် ရှင်ပြန်ထမြောက်ခဲ့ပြီးဖြစ်ကာ လူသားမျိုးနွယ်ကို ထားမသွားခဲ့ပေ။ သူသည် လူသားများအလယ်တွင်ရှိဖို့ ပြန်လာခဲ့ပြီးဖြစ်ကာ သူနှင့် ပတ်သက်သည့် မည်သည့်အရာမျှ ပြောင်းလဲမသွားခဲ့ပေ။ လူတို့ရှေ့တွင် ရပ်နေသော လူသားသည် တူညီသည့် သခင်ယေရှု ဖြစ်နေဆဲဖြစ်သည်။ သူ၏ ပြောဆိုပြုမူပုံနှင့် သူ၏ လူတို့နှင့် စကားပြောဆိုပုံတို့သည် အလွန်ရင်းနှီးသကဲ့သို့ ခံစားရသည်။ သူသည် ချစ်ခင်ကြင်နာမှု၊ ကျေးဇူးတော်နှင့် သည်းခံခြင်းတို့ဖြင့် ပြည့်နေဆဲဖြစ်သည်- သူသည် အခြားသူများကို ကိုယ်နှင့်အမျှ ချစ်ခဲ့သည့်၊ လူသားမျိုးနွယ်ကို ခုနစ်ဆယ် ခုနစ်လီ ခွင့်လွှတ်နိုင်ခဲ့သော သခင်ယေရှုသာပင် ဖြစ်နေဆဲ ဖြစ်သည်။ ယခင်က သူ ရှိခဲ့သည့်အတိုင်း၊ သူသည် လူတို့နှင့်အတူ စားသည်၊ ၎င်းတို့နှင့်အတူ ကျမ်းစာ ဆွေးနွေးခဲ့ပြီး၊ သာ၍ပင် အရေးကြီးသည်မှာ ယခင်ကကဲ့သို့ပင် သူသည် အသွေးအသားနှင့်ပြုလုပ်ထားပြီး ထိတွေ့နိုင်သကဲ့သို့ မြင်၍ရနိုင်ပေသည်။ သူဖြစ်ခဲ့သည့်အတိုင်း လူသားသည် ရင်းနှီးမှုကို လူတို့အား ခံစားခွင့်ပေးခဲ့သည်၊ လူတို့ကို စိတ်အေးသက်သာ ခံစားခွင့်ပေးခဲ့ပြီး၊ ပျောက်ဆုံးသွားခဲ့ပြီး ဖြစ်သည့် အရာတစ်ခုကို ပြန်လည်ရရှိခြင်းနှင့်ဆိုင်သည့် ဝမ်းမြောက်မှုကို ခံစားခွင့်ပေးခဲ့သည်။ ကြီးမားသည့် စိတ်အေးချမ်းသာမှုဖြင့်၊ ၎င်းတို့သည် လူသားမျိုးနွယ်အား ၎င်းတို့၏အပြစ်များမှ ခွင့်လွှတ်နိုင်သော ဤလူသားကို ရဲဝံ့စွာနှင့် စိတ်ချယုံကြည်မှုရှိစွာ စတင် ကိုးစားကာ ကြည်ညိုခဲ့ကြသည်။ ၎င်းတို့သည် နှောင့်နှေးခြင်းမရှိဘဲ သခင်ယေရှု၏ အမည်နာမ၌လည်း စတင်ဆုတောင်းခဲ့ကြသည်၊ သူ၏ ကျေးဇူးတော်၊ သူ၏ကောင်းချီးမင်္ဂလာကို ရရှိရန်နှင့် သူထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ရရှိရန်၊ သူ့ထံမှ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုကို ရရှိရန် စတင် ဆုတောင်း ခဲ့ကြပြီး၊ သခင်ယေရှု၏နာမဖြင့် မကျန်းမာသူများကို စတင် အနာရောဂါငြိမ်းစေကာ နတ်ဆိုးတို့ကို နှင်ထုတ် ခဲ့ကြသည်။

သခင်ယေရှုသည် လူ့ဇာတိ၌ အမှုတော်ပြုခဲ့သည့် အချိန် အတောအတွင်းတွင်၊ သူ၏ နောက်လိုက်အများစုသည် သူ၏ ပင်ကိုလက္ခဏာနှင့် သူပြောခဲ့သော အရာတို့ကို မှန်ကန်ကြောင်း အပြည့်အဝ မစစ်ဆေးနိုင်ခဲ့ကြပေ။ သူသည် ကားတိုင်ဆီသို့ ချဉ်းကပ်လာနေခဲ့ချိန်တွင်၊ သူ၏ နောက်လိုက်များ၏ သဘောထားသည် လေ့လာစောင့်ကြည့်သည့် သဘောထား တစ်ခု ဖြစ်သည်။ ထို့နောက် သူသည် ကားတိုင်၌ သံမှိုရိုက်ခံခဲ့ရသည့်အချိန်မှသည် ဂူထဲတွင် ထားရှိခံခဲ့ရသည် အထိ၊ သူ့အပေါ် လူတို့၏ သဘောထားမှာ စိတ်ပျက်ခြင်း ဖြစ်ခဲ့သည်။ ဤအချိန် အတောအတွင်းတွင်၊ လူတို့သည် သခင်ယေရှုက လူ့ဇာတိ၌ ရှိခဲ့သည့် သူ၏ အချိန်ကာလအတွင်း ပြောဆိုခဲ့သောအရာတို့ကို သံသယဖြစ်နေရာမှ ယင်းတို့ကို ငြင်းပယ်ခြင်းအထိ ၎င်းတို့၏ နှလုံးသားများကို စတင် ရွေ့ပြောင်းနှင့်ခဲ့ကြပြီး ဖြစ်သည်။ ထို့နောက် ဂူထဲမှ သူ လျှောက်လှမ်းထွက်ခဲ့ပြီး လူများ တစ်ယောက်ပြီးတစ်ယောက်ထံ ပေါ်ထွက်လာခဲ့ချိန်တွင်၊ မိမိတို့၏ ကိုယ်ပိုင်မျက်စိများဖြင့် သူ့ကို မြင်ခဲ့ကြသောသူ အများစု သို့မဟုတ် သူ၏ ရှင်ပြန်ထမြောက်ခြင်း သတင်းကို ကြားခဲ့ကြသောသူ အများစုသည် ၎င်းတို့၏ သဘောထားကို ငြင်းပယ်ခြင်းမှသည် သံသယရှိခြင်းအဖြစ်သို့ တဖြည်းဖြည်း ကူးပြောင်းသွား ခဲ့ကြသည်။ သခင်ယေရှုက သောမအား သူ၏နံဘေး၌ ၎င်း၏လက်ကို ထားရှိစေခဲ့ချိန်နှင့် သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက် သူသည် ပေါင်မုန့်ကိုဖဲ့ပြီး လူအုပ်ရှေ့၌ စားသောက်ခဲ့ပြီးနောက် ၎င်းတို့ရှေ့၌ ငါးကင်ကို စားခဲ့ချိန်တွင်သာ သခင်ယေရှုသည် လူ့ဇာတိ၌ရှိသည့် ခရစ်တော် ဖြစ်ခဲ့သည်ဆိုသည့်အချက် ၎င်းတို့ အမှန်တကယ် လက်ခံခဲ့ကြ‌ခြင်း ဖြစ်သည်။ ဤလူတို့ရှေ့တွင် ရပ်နေခဲ့သည့် အသွေးအသားရှိသည့် ဤဝိညာဉ်ခန္ဓာသည် ၎င်းတို့ အယောက်တိုင်းကို အိပ်မက်မှ နိုးထစေခြင်းအလား ဖြစ်ခဲ့သည်ဟု သင်ဆိုနိုင်သည်။ ၎င်းတို့ရှေ့ ရပ်နေသော လူသားသည် ရှေးအတီတေကတည်းက တည်ရှိခဲ့ပြီးဖြစ်သူ တစ်ဦး ဖြစ်သည်။ သူသည် ပုံသဏ္ဌာန်တစ်ခုနှင့် အသွေးနှင့်အသားရှိခဲ့ပြီး သူသည် လူသားမျိုးနွယ်နှင့်အတူ အချိန်ကြာမြင့်စွာ အသက်ရှင်ကာ စားသောက်နှင့်ခဲ့ပြီး ဖြစ်သည်...။ ဤအချိန်တွင် သူ၏ တည်ရှိမှုသည် အလွန်စစ်မှန်ပြီး အလွန်အံ့သြစရာကောင်းသည်ဟု လူတို့ ခံစားခဲ့ရသည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် အလွန် ဝမ်းမြောက်ကာ ပျော်ရွှင်ကြပြီး စိတ်ခံစားမှုဖြင့်လည်း ပြည့်ခဲ့ကြသည်။ သူ၏ ပြန်လည်ပေါ်ထွန်းခြင်းက လူတို့ကို သူ၏ နှိမ့်ချမှုအား အမှန်တကယ် တွေ့မြင်ခွင့်ပေးသည်၊ လူသားမျိုးနွယ်ကို သူ၏ ရင်းနှီးမှုနှင့် တွယ်တာမှုကို ခံစားခွင့်ပေးပြီး၊ ၎င်းတို့အကြောင်း သူမည်မျှ တွေးတောခဲ့သည်ကို ခံစားခွင့်ပေးလေသည်။ ဤအကျဉ်းချုံး ပြန်လည်ဆုံစည်းခြင်းက သခင်ယေရှုကို မြင်ခဲ့သော လူတို့အား အချိန်တစ်သက်တာ ကုန်ဆုံးသွားခဲ့ပြီးဖြစ်သည့်အလား ခံစားစေခဲ့သည်။ ၎င်းတို့၏ ပျောက်ဆုံးခဲ့သည်၊ ရှုပ်ထွေးခဲ့သည့်၊ စိုးရွံ့ခဲ့သည့်၊ ပူပန်သောကရောက်ခဲ့သည့်၊ တမ်းတကာ ထုံထိုင်းနေသော နှလုံးသားများသည် နှစ်သိမ့်မှုကို ရှာတွေ့ခဲ့သည်။ ၎င်းတို့သည် ယခု မျှော်လင့်ချက်နှင့် အမှီပြုစရာ တစ်ခုရှိပြီဟု ခံစားခဲ့ရသောကြောင့်၊ သံသယမရှိတော့ပေ၊ သို့မဟုတ် စိတ်မပျက်တော့ပေ။ ထိုအခါက ၎င်းတို့ရှေ့တွင် ရပ်နေခဲ့သော လူသားသည် ၎င်းတို့ကို တစ်ချိန်လုံး စောင့်ရှောက်မည့် စောင့်ကြပ်သူဖြစ်ပေမည်။ သူသည် ထာဝရ ကာလပတ်လုံး ၎င်းတို့၏ မျှော်စင်၊ ၎င်းတို့၏ ခိုလှုံရာဖြစ်ပေမည်။

သခင်ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက် ခဲ့သော်လည်း၊ သူ၏ နှလုံးသားနှင့် သူ၏အမှုတော်သည် လူသားမျိုးနွယ်ကို စွန့်ခွာမသွားခဲ့ပေ။ လူတို့ထံ ပေါ်ထွန်းခြင်းဖြင့်၊ မည်သည့် ပုံသဏ္ဌာန်ဖြင့် သူ တည်ရှိနေပါစေ၊ လူတို့ကို သူအဖော်ပြုမည်၊ ၎င်းတို့နှင့်အတူ လျှောက်လှမ်းမည် ဖြစ်ပြီး အချိန်တိုင်းနှင့် နေရာတိုင်းတွင် ၎င်းတို့နှင့်အတူရှိမည်ကို ၎င်းတို့အား သူပြောပြခဲ့သည်။ အချိန်တိုင်းနှင့် နေရာတိုင်းတွင် သူသည် လူသားမျိုးနွယ်ကို ထောက်ပံ့ပေးကာ ၎င်းတို့ကို ထိန်းကျောင်းမည်၊ ၎င်းတို့အား သူ့ကို မြင်ကာ ထိတွေ့ခွင့်ပေးမည်ဖြစ်ပြီး ၎င်းတို့ မည်သည့်အခါတွင်မျှ ကူကယ်ရာမဲ့ မခံစားရသည်ကို သေချာစေမည်ဟု ၎င်းတို့ကို သူ ပြောပြခဲ့သည်။ ၎င်းတို့အနေဖြင့် ဤကမ္ဘာလောကထဲတွင် တစ်ကိုယ်တည်း အသက်မရှင်ကြသည်ကို သခင်ယေရှုသည် လူတို့အား သိစေလိုခဲ့သည်။ လူသားမျိုးနွယ်ထံ၌ ဘုရားသခင်၏ စောင့်ရှောက်မှုို ရှိ၏။ ဘုရားသခင်သည် ၎င်းတို့နှင့်အတူရှိသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် အမြဲ အားကိုးနိုင်ပြီး၊ သူသည် သူ၏နောက်လိုက် အယောက်စီတိုင်းအဖို့ မိသားစုဖြစ်သည်။ အားကိုးဖို့ ဘုရားသခင် ရှိလျက်၊ လူသားမျိုးနွယ်သည် အထီးကျန်တော့မည်မဟုတ် သို့မဟုတ် အကူအညီမဲ့တော့မည် မဟုတ်သကဲ့သို့၊ သူ့ကို ၎င်းတို့၏အပြစ်ဖြေရာယဇ်အဖြစ် လက်ခံသူတို့သည် အပြစ်တရား၌ ချည်နှောင်ခြင်းခံရတော့မည် မဟုတ်ပေ။ လူသား၏အမြင်တွင်၊ သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက် သခင်ယေရှု ဆောင်ရွက်ခဲ့သည့် သူ၏ အမှုတော်၏ ဤအစိတ်အပိုင်းများသည် အလွန် သေးငယ်သောအရာများဖြစ်သော်လည်း၊ ငါမြင်သည့်ပုံအရ၊ သူ လုပ်ဆောင်ခဲ့သည့် အရာတစ်ခုစီတိုင်းသည် အလွန် အဓိပ္ပာယ်ရှိလှ၏၊ အလွန်တန်ဖိုးရှိလှ၏၊ အလွန် အရေးကြီးလှပြီး အရေးပါမှုဖြင့် တနင့်တပိုး ပြည့်သိပ်နေပေသည်။

လူ့ဇာတိ၌ လျှောက်လှမ်းခဲ့သည့် သခင်ယေရှု၏ အချိန်ကာလသည် အခက်အခဲများနှင့် ဆင်းရဲဒုက္ခများဖြင့် ပြည့်ခဲ့သော်လည်း၊ အသွေးအသားရှိသည့် ဝိညာဉ်ခန္ဓာဖြင့် သူ၏ ပေါ်ထွန်းခြင်းမှတစ်ဆင့် လူသားမျိုးနွယ်ကို ရွေးနုတ်ရန်ဖြစ်သည့် ထိုအချိန်က လူ့ဇာတိ၌ သူ၏ အမှုတော်ကို လုံးဝပြီးပြည့်စုံစွာ သူ ပြီးမြောက်ခဲ့သည်။ သူသည် လူ့ဇာတိခံယူခြင်းအားဖြင့် သူ၏ အမှုတော်ကို အစပြုခဲ့ပြီး သူ၏လူ့ဇာတိဆန်သော ပုံသဏ္ဌာန်ဖြင့် လူသားမျိုးနွယ်ထံ ပေါ်ထွန်းခြင်းအားဖြင့် သူ၏ အမှုတော်ကို နိဂုံးချုပ်ခဲ့သည်။ သူသည် ခရစ်တော်အဖြစ် သူ၏ ပင်ကိုလက္ခဏာမှတစ်ဆင့် ကျေးဇူးတော်ခေတ်ကို စတင်ရင်း၊ ကျေးဇူးတော်ခေတ်ကို ကြေညာခဲ့သည်။ ခရစ်တော်အဖြစ် သူ၏ ပင်ကိုလက္ခဏာမှတစ်ဆင့်၊ ကျေးဇူးတော်ခေတ်၌ အမှုတော်ကို သူ ဆောင်ရွက်ခဲ့ပြီး၊ သူ၏နောက်လိုက် အားလုံးကို ခွန်အားပေးကာ ကျေးဇူးတော်ခေတ်ထဲသို့ ဦးဆောင်ခဲ့သည်။ သူစခဲ့သောအရာကို အပြည့်အဝ သူပြီးစီးခဲ့သည်ဟု ဘုရားသခင်၏အမှုတော်နှင့် ပတ်သက်၍ ပြောနိုင်ပေသည်။ အဆင့်များနှင့် အစီအစဉ်တစ်ခုရှိပြီး အမှုတော်သည် သူ၏ ဉာဏ်ပညာ၊ သူ၏ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်း၊ သူ၏ အံ့သြဖွယ်ရာ လုပ်ဆောင်မှုများ၊ သူ၏ ချစ်ခြင်းနှင့် သနားကရုဏာတို့ဖြင့် ပြည့်နေသည်။ ဟုတ်ပေ၏၊ ဘုရားသခင်၏ အမှုတော်တစ်လျှောက် ပျံ့နှံ့ဝင်ရောက်နေသည့် အဓိကဆိုလိုရင်းမှာ လူသားမျိုးနွယ်အတွက် သူ၏ စောင့်ရှောက်ခြင်း ဖြစ်သည်။ ယင်းသည် သူ လုံးဝဘေးဖယ်ထား၍မရသည့် သူ၏ အလေးထားမှု ခံစားချက်တို့နှင့် စိမ့်ဝင်ပျံ့နှံ့နေသည်။ သမ္မာကျမ်းစာ၏ ဤကျမ်းပိုဒ်များတွင် သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက် သခင်ယေရှု လုပ်ဆောင်ခဲ့သော အရာတစ်ခုချင်းစီတိုင်းတွင်၊ ဘုရားသခင်၏ တိကျစေ့စပ်သော ဂရုစိုက်မှုနှင့် လူသားမျိုးနွယ်ကို ချစ်ခင်မြတ်နိုးမှုများကဲ့သို့၊ လူသားမျိုးနွယ် အတွက် ဘုရားသခင်၏ မပြောင်းလဲသော မျှော်လင့်ချက်များနှင့် အလေးထားမှုတို့ကို ထုတ်ဖော်ပြခဲ့ပေသည်။ ဤအရာထဲမှ မည်သည့်အရာမျှ မျက်မှောက်ခေတ်ထိ တစ်လျှောက်လုံး၊ အစဉ်မပြောင်းလဲဖူးပေ- ဤသည်ကို သင်တို့ မြင်နိုင်ပါ၏လော။ ဤသည်ကို သင်တို့မြင်သောအခါတွင်၊ သင်တို့၏ နှလုံးသားများသည် ဘုရားသခင်ထံ မရည်ရွယ်ဘဲ တိုးဝင်ချဉ်းကပ်မိကြသည် မဟုတ်လော။ သင်တို့သည် ထိုခေတ်၌ အသက်ရှင်ခဲ့ကြပြီး သူ၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းနောက် သခင်ယေရှုက သင်တို့ထံ သင်တို့မြင်ရန် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ပုံသဏ္ဌာန် တစ်ခုဖြင့် ပေါ်ထွန်းခဲ့ပါက၊ ပြီးလျှင် သူသည် သင်တို့ရှေ့၌ ထိုင်ခဲ့ပါက၊ မုန့်နှင့်ငါးကိုစားခဲ့ပြီး၊ ကျမ်းစာကို သင်တို့အား ရှင်းပြကာ သင်တို့နှင့် စကားပြောခဲ့ပါက၊ သင်တို့ မည်သို့ ခံစားရမည်နည်း။ သင်တို့ ပျော်ရွှင်ကြမည်လော။ သို့မဟုတ် အပြစ်ရှိသကဲ့သို့ ခံစားရမည်လော။ ဘုရားသခင်အပေါ် ယခင်က အထင်လွဲမှုများနှင့် ရှောင်ကြဉ်မှု၊ ဘုရားသခင်နှင့် ဆိုင်သည့် သဘောထားကွဲလွဲမှုများနှင့် သံသယများ- ထိုအရာအားလုံးသည် ပျောက်ကွယ်သွားမည် မဟုတ်လော။ ဘုရားသခင်နှင့် လူသားကြား ဆက်ဆံရေးသည် သာ၍ ပုံမှန်ဖြစ်ကာ မှန်ကန်လာမည် မဟုတ်လော။

သမ္မာကျမ်းစာ၏ ဤကန့်သတ်ထားသောအခန်းများကို အနက်ပြန်ခြင်းအားဖြင့်၊ ဘုရားသခင်၏ စိတ်သဘောထား၌ အပြစ်အနာအဆာ တစ်ခုတစ်လေ သင်တို့ ရှာတွေ့ပါသလော။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာတွင် ဖောက်ပြန်မှု တစ်ခုတစ်လေကို သင်တို့ တွေ့ရပါသလော။ ဘုရားသခင်၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်း သို့မဟုတ် ဉာဏ်ပညာ၌ လှည့်စားမှု၊ သို့မဟုတ် ဆိုးယုတ်မှု တစ်ခုတစ်လေကို သင်တို့ မြင်သလော။ သေချာပေါက် မရှိပေ။ ယခုတွင် ဘုရားသခင်သည် သန့်ရှင်းသည်ဟု သေချာမှုဖြင့် သင်တို့ ဆိုနိုင်သလော။ ဘုရားသခင်၏ စိတ်ခံစားမှုများ အသီးသီးသည် သူ၏ အနှစ်သာရနှင့် စိတ်သဘောထားတို့နှင့်ဆိုင်သည့် ဖွင့်ပြခြင်း တစ်ခု ဖြစ်သည်ကို သေချာမှုဖြင့် သင်တို့ ဆိုနိုင်သလော။ ဤနှုတ်ကပတ်တော်များကို သင်တို့ ဖတ်ရှုပြီးသည့်နောက်တွင်၊ ၎င်းတို့ထံမှ သင်တို့ ရရှိသည့် သိနားလည်မှုသည် စိတ်သဘောထား၌ ပြောင်းလဲခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား သင်တို့၏ လိုက်စားမှုတွင် သင်တို့ကို ကူညီပြီး အကျိုးကျေးဇူးများ ဆောင်ကြဉ်း ပေးလိမ့်မည်၊ ပြီးလျှင် ဤလိုက်စားမှု၏ ဖြစ်စဉ်တွင် သင်တို့သည် ဘုရားသခင်ထံ သာ၍ နီးသည်ထက် နီးကပ်လာစေဖို့အလို့ငှာ၊ ဘုရားသခင် တောင်းဆိုသည့် စံနှုန်းအထိ နီးသည်ထက်နီးလာဖို့ရန်အလို့ငှာ ၎င်းတို့သည် နေ့စဉ်နှင့်အမျှ ကြီးထွားသည့် အသီးအပွင့်များကို သင်တို့အထဲ၌ ဖြစ်ထွန်းစေလိမ့်မည်ဟု ငါမျှော်လင့်သည်။ သင်တို့သည် သမ္မာတရားအား လိုက်စားခြင်းကို ငြီးငွေ့တော့မည် မဟုတ်သကဲ့သို့၊ သမ္မာတရားနှင့် စိတ်သဘောထား၌ ပြောင်းလဲခြင်းကို လိုက်စားခြင်းသည် ဒုက္ခပေးသည့်အရာတစ်ခု သို့မဟုတ် မလိုလားအပ်သော အရာတစ်ခုဖြစ်သည်ဟု ခံစားရတော့မည် မဟုတ်ပေ။ ယင်းထက် ဘုရားသခင်၏ စစ်မှန်သော စိတ်သဘောထားနှင့် ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရတို့၏ ဖော်ပြချက်ဖြင့် လှုံ့ဆော်ခံရလျက်၊ သင်တို့သည် အလင်းကို တောင့်တကြလိမ့်မည်၊ တရားမျှတမှုကို တောင့်တကြလိမ့်မည်၊ သမ္မာတရားကို လိုက်စားရန်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းခြင်းအား အားထုတ်ရန် ဆန္ဒပြင်းပြကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ ရယူခြင်းခံရသည့် လူတစ်ဦး၊ စစ်မှန်သော လူတစ်ဦး ဖြစ်လာလိမ့်မည်ဖြစ်သည်။

ယနေ့တွင် သူ ပထမဆုံးအကြိမ် လူ့ဇာတိခံယူခဲ့ချိန် ကျေးဇူးတော်ခေတ်၌ ဘုရားသခင် လုပ်ဆောင်ခဲ့သော အမှုအရာအချို့အကြောင်းကို ငါတို့ ဆွေးနွေးကြပြီးဖြစ်သည်။ ဤအရာများမှ လူ့ဇာတိ၌ သူဖော်ပြခဲ့ပြီး ထုတ်ဖော်ပြခဲ့သော စိတ်သဘောထားအပြင်၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ သွင်ပြင်လက္ခဏာတိုင်းကို ငါတို့မြင်ပြီးဖြစ်သည်။ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ ဤသွင်ပြင်လက္ခဏာအားလုံးသည် အလွန်လူသားဆန်ပုံပေါ်သော်လည်း၊ လက်တွေ့အရှိတရားမှာ သူ ထုတ်ဖော်ပြခဲ့ပြီး ဖော်ပြခဲ့သော အရာအားလုံး၏ အနှစ်သာရသည် သူကိုယ်တိုင်၏ စိတ်သဘောထားမှ ခွဲခြား၍မရနိုင်ပေ။ လူ့သဘာဝ၌ သူ၏ စိတ်သဘောထားကို ဖော်ပြနေသော လူ့ဇာတိခံ ဘုရားသခင်၏ နည်းလမ်းတိုင်းနှင့် သွင်ပြင်လက္ခဏာတိုင်းသည် သူ၏ကိုယ်ပိုင်အနှစ်သာရနှင့် မခွဲနိုင်အောင် ဆက်နွှယ်နေသည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်ထံ လူ့ဇာတိခံယူခြင်း နည်းလမ်းကို အသုံးပြုလျက် ကြွလာခြင်းသည် အလွန် အရေးကြီးလေသည်။ လူ့ဇာတိ၌ သူလုပ်ဆောင်ခဲ့သော အမှုသည်လည်း အရေးကြီး၏၊ သို့သော် ဇာတိပကတိဖြင့် အသက်ရှင်သော လူတိုင်းအဖို့၊ ဖောက်ပြန်ပျက်စီးခြင်း၌ အသက်ရှင်ကြသည့် လူတိုင်းအဖို့ သာ၍ပင် အရေးကြီးသည်မှာ သူ ထုတ်ဖော်ပြသည့် စိတ်သဘောထားနှင့် သူဖော်ပြခဲ့သော အလိုတော်တို့ ဖြစ်သည်။ ဤသည်မှာ သင်တို့ နားလည်နိုင်သော အရာတစ်ခု ဟုတ်ပါသလော။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်ပြီးသည့်နောက်တွင်၊ ဘုရားသခင်ကို မည်ကဲ့သို့ ဆက်ဆံသင့်သည် ဆိုသည့်နှင့်ပတ်သက်၍ ကောက်ချက်များ တစ်ခုတစ်လေကို သင်တို့ ချပြီးပြီလော။ နောက်ဆုံးတွင် ဤမေးခွန်းကို ပြန်ဖြေကြားရာတွင်၊ သင်တို့ကို အကြံဉာဏ်သုံးခု ငါပေးလိုသည်- ပထမဦးစွာ၊ ဘုရားသခင်ကို မစစ်ကြောနှင့်။ ဘုရားသခင်အကြောင်းကို သင်မည်မျှ နားလည်သည်ဖြစ်စေ၊ သူ၏စိတ်သဘောထားကို သင်မည်မျှ သိသည်ဖြစ်စေ၊ သူ့ကို လုံးဝ မစစ်ကြောဆေးနှင့်။ ဒုတိယအနေဖြင့် အဆင့်အတန်း အတွက် ဘုရားသခင်နှင့် မဖက်ပြိုင်နှင့်။ ဘုရားသခင်က သင့်ကို မည်သည့် အဆင့်အတန်းမျိုး ပေးသည်ဖြစ်စေ၊ သို့မဟုတ် သင့်ကို မည်သည့်အလုပ်မျိုး ပေးသည်ဖြစ်စေ၊ မည်သည့်တာဝန်မျိုးကို ဆောင်ရွက်ရန် သူသည် သင့်ကို ပျိုးထောင်သည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင်အတွက် သင့်ကိုယ်သင် မည်မျှ အသုံးချပြီး စွန့်လွှတ်ခဲ့သည်ဖြစ်စေ၊ အဆင့်အတန်းအတွက် သူနှင့် လုံးဝ မဖက်ပြိုင်နှင့်။ တတိယအနေဖြင့် ဘုရားသခင်နှင့် မယှဉ်ပြိုင်ပါနှင့်။ သင်နားလည်သည်ဖြစ်စေ၊ သို့မဟုတ် သင်နှင့်ပတ်သက်၍ ဘုရားသခင် လုပ်ဆောင်သောအရာ၊ သင့်အတွက် သူစီစဉ်သောအရာနှင့် သင့်ထံ သူဆောင်ကြဉ်း လာသောအရာတို့ကို သင် ကျိုးနွံနာခံနိုင်သည်ဖြစ်စေ၊ ဘုရားသခင်နှင့် လုံးဝမယှဉ်ပြိုင်ပါနှင့်။ ဤအကြံဉာဏ်သုံးခုကို သင် လိုက်နာနိုင်ပါက၊ သင်သည် အတော်အတန် ဘေးကင်းလိမ့်မည် ဖြစ်ပြီး ဘုရားသခင်ကို ဒေါသ ထွက်စေလေ့ရှိမည် မဟုတ်ပေ။ ဤသည်မှာ ယနေ့ မိတ်သဟာယကို အဆုံးသတ်မည့်နေရာ ဖြစ်သည်။

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်

အောက်ခြေမှတ်စု(များ)-

က။ “သတ္တုကွင်းတင်းကျပ်စေသောမန္တန်” ဆိုသည်မှာ အနောက်အရပ်သို့ ခရီးပြုခြင်းဟူသည့် တရုတ်ဝတ္ထုထဲတွင် ဘုန်းကြီးတန်ဆန်ကျန်းအသုံးပြုခဲ့သော မန္တန်တစ်ခုဖြစ်သည်။ စွန်းဝူခုန်းကို မခံနိုင်လောက်အောင် ခေါင်းကိုက်စေပြီး ထိန်းချုပ်နိုင်ရန်အတွက် သူ၏ခေါင်းတွင် စွပ်ထားသည့် သတ္တုကွင်းကို တင်းကျပ်စေရန် ဤမန္တန်ကို ဘုန်းကြီးက အသုံးပြုခဲ့သည်။ ဤသို့ဖြင့် ၎င်းသည် လူတစ်ဦးအား ချုပ်နှောင်ထားသောအရာကို ဖော်ပြရန်အတွက် ဥပစာ စကားတစ်ခု ဖြစ်လာခဲ့သည်။

အရှေ့သို့- ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

နောက်တစ်ခုသို့- အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ကို သင်မည်သို့ နားလည်သနည်း

ဘုရားသခင်အပေါ် လူတို့ ယုံကြည်ခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း လူအများစုမှာ “ဘုရားသခင်” ဟူသည့် စကားလုံးကို လုံးဝနားလည်ခြင်း မရှိပါ။ ၎င်းတို့သည်...

ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)

နောင်တရရှိရေး ဧဝံဂေလိတရားကို ကျေးဇူးတော်ခေတ်၌ ဟောကြားခဲ့ပြီး၊ လူသားသည် ယုံကြည်ပါက ကယ်တင်ခြင်း ခံရမည်ဟု ထောက်ပံ့ပေးခဲ့သည်။ ယနေ့တွင်...

လမ်းကြောင်း … (၆)

မျက်မှောက်ခေတ်ထိ ငါတို့ ခေါ်ဆောင်ခံရကြသည်မှာ ဘုရားသခင်၏ အမှုကြောင့်ဖြစ်ပြီး၊ ဤအကြောင်းကြောင့် ငါတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု...

နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ်

၁။ လူသားသည် မိမိကိုယ်ကိုယ် ဂုဏ်တင် ချီးမွမ်းခြင်း မပြုရ။ ဘုရားသခင်ကို ၀တ်ပြု၍ ချီးမွမ်းရမည်။၂။ ဘုရားသခင်၏အမှုတော်အတွက် အကျိုးရှိသမျှကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်