၁၃၆ ဘုရားသခင်၏ အမှုတော်သည် မပြောင်းလဲနိုင်သည့်အရာ မဟုတ်ပေ
၁ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သူ၏အမှုကို ဟောင်းနွမ်းကာ မသေဆုံးစေဘဲ၊ အသစ်ဖြစ်စေကာ ရှင်သန်စေဖို့အတွက် အမြဲ ဖြစ်ခဲ့ပြီး၊ လူသားကို သူ လိုက်နာစောင့်ထိန်းစေသည့်အရာမှာ ခေတ်ကာလအလိုက် ပြောင်းလဲပြီး ထာဝရမတည်သကဲ့သို့ မပြောင်းလဲနိုင်သည့်အရာ မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူသည် လူသားကို သေဆုံးစေကာ အိုမင်းစေသော နတ်ဆိုးတစ်ပါးဖြစ်သည်ထက်၊ လူသားကို အသက်ရှင်စေကာ အသစ်ဖြစ်စေသော ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်။ ဤအရာကို သင်တို့ နားမလည်ကြသေးသလော။ သင်သည် အမြင်ကျဉ်းမြောင်းသောကြောင့် ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများရှိပြီး ထိုအယူအဆများကို သင် လက်လွှတ်နိုင်စွမ်း မရှိပေ။ ယင်းမှာ ဘုရားသခင်၏ အမှုအတွင်းတွင် အဓိပ္ပာယ် အလွန်နည်းပါးလွန်းသောကြောင့် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ အမှုသည် လူသား၏ ဆန္ဒများနှင့် ကွဲပြားခြားနားသောကြောင့် မဟုတ်သည့်အပြင်၊ ယင်းသည် ဘုရားသခင်က မိမိ၏တာဝန်များကို အမြဲ ပေါ့ဆသောကြောင့်လည်း မဟုတ်ပေ။ သင်သည် နာခံမှု ကင်းမဲ့လွန်းသောကြောင့်နှင့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ သဏ္ဌာန် အနည်းငယ်မျှ မရှိသောကြောင့်၊ သင်သည် သင်၏အယူအဆများကို လက်မလွှတ်နိုင်ပေ။ ယင်းမှာ ဘုရားသခင်သည် သင့်အတွက် အမှုအရာများကို ခက်ခဲစေခြင်းကြောင့် မဟုတ်ပေ။ ဤအရာအလုံးစုံတို့ကို သင်က ဖြစ်စေခဲ့ခြင်း ဖြစ်ပြီး၊ ဘုရားသခင်နှင့် လုံးဝ ဆက်နွှယ်မှုမရှိပေ။ ဆင်းရဲဒုက္ခနှင့် ကံဆိုးခြင်းအားလုံးကို လူသားက ဖန်တီးခြင်း ဖြစ်၏။
၂ ဘုရားသခင်၏ အကြံအစည်များသည် အမြဲ ကောင်းမြတ်၏- သူသည် သင့်ကို အယူအဆများ ဖြစ်ပေါ်စေဖို့ ဆန္ဒမရှိဘဲ၊ ခေတ်များ ကုန်လွန်သွားသည်နှင့်အမျှ ပြောင်းလဲကာ အသစ်ပြုပြင်ခံရစေလိုသည်။ သို့သော် သင့်အတွက် မည်သည့်အရာ ကောင်းမြတ်သည်ကို သင် မသိသကဲ့သို့၊ အမြဲ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် စိစစ်ခြင်း တစ်ခုမဟုတ်လျှင်တစ်ခု လုပ်ဆောင်နေလေသည်။ ယင်းမှာ ဘုရားသခင်သည် သင့်အတွက် အမှုအရာများကို ခက်ခဲစေခြင်း မဟုတ်ဘဲ၊ သင်သည် ဘုရားသခင်ကို ကြည်ညိုမှု မရှိသကဲ့သို့၊ သင်၏မနာခံခြင်းသည် အလွန်ကြီးမားနေခြင်း ဖြစ်ပေသည်။ ဘုရားသခင် ယခင်ကပေးထားသည့်အရာ၏ အရေးမပါလှသော အစိတ်အပိုင်းအချို့ကို ယူဆောင်ပြီးနောက်၊ လှည့်ကာ ဘုရားသခင်ကို တိုက်ခိုက်ရန် ယင်းကို အသုံးပြုဝံ့သည့် အဖန်ဆင်းခံ သတ္တဝါငယ်လေးတစ်ဦး- ဤသည်မှာ လူသား၏မနာခံခြင်း မဟုတ်လော။ လူသားများသည် ဘုရားသခင်၏ ရှေ့၌ မိမိတို့၏အမြင်များကို ဖော်ပြရန် အရည်အချင်း လုံးဝမရှိသကဲ့သို့၊ ထိုမှိုတက်သည့် အယူအဆများကို မဆိုထားနှင့်- ၎င်းတို့၏ သုံးစားမရသည့်၊ နံဟောင်နေကာ ပုပ်သိုးနေသည့်၊ ကွန့်လွန်းသော စကားအသုံးအနှုန်းကို ၎င်းတို့သည် ဆန္ဒရှိသည်အတိုင်း ဟိုဟိုသည်သည် ပြစားဝင့်ဝါဖို့ အရည်အချင်း သာ၍ပင်မရှိဟု ဆိုထိုက်ပေသည်။ ၎င်းတို့သည် သာ၍ပင် အသုံးမကျဖြစ်ကြသည် မဟုတ်လော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်