၁၃၇ ဘုရားသခင်၏ အမှုတော်အားလုံး လက်တွေ့အကျဆုံးဖြစ်ပေ
၁ ဘုရားသခင်၏ အမှုတွင် သူ၏ ဖြစ်ခြင်းကို သူတိုက်ရိုက် ဖော်ပြသည်။ အစီအစဉ်တစ်ခုကို ဖော်ထုတ်ရန် သူသည် ဦးနှောက်ခြောက်အောင် မစဉ်းစားချေ။ သူလုပ်ဆောင်သည့် အမှုအားလုံးသည် အစစ်မှန်ဆုံးသော အမှု ဖြစ်သည်။ သူသည် ယင်းကို ခေတ်ကာလ အသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ ဆောင်ရွက်ပြီး အမှုအရာများ ပြောင်းလဲပုံအပေါ် ယင်းကို အခြေပြုခဲ့သည်။ သူ့အတွက်၊ အမှုကို ဆောင်ရွက်ခြင်းသည် နာမကျန်းမှုကို ကုသရန် ဆေးတိုက်ပေးသည်နှင့် ဆင်တူသည်။ သူ၏ အမှုကို လုပ်ဆောင်စဉ်တွင်၊ သူစောင့်ကြည့် လေ့လာပြီး သူ၏ လေ့လာချက်များ အတိုင်း သူ၏ အမှုကို ဆက်လက် လုပ်ဆောင်လေသည်။ သူ့အမှု၏ အဆင့်တိုင်းတွင်၊ ဘုရားသခင်သည် သူ၏ ကြီးမားသည့် ဉာဏ်ပညာနှင့် အစွမ်းအစတို့ကို ဖော်ပြနိုင်စွမ်း ရှိသည်။ သူသည် သီးသန့် မည်သည့် ခေတ်မဆို၏ အမှုအတိုင်း သူ၏ ကြွယ်ဝသော ဉာဏ်ပညာနှင့် ဩဇာအာဏာတို့ကို ထုတ်ဖော်ပြပြီး၊ ထိုခေတ်အတွင်းတွင် သူ ဆောင်ကြဉ်းခဲ့သည့် လူတို့အားလုံးကို သူ၏ စိတ်သဘောထား အလုံးစုံအား တွေ့မြင်ခွင့်ပေးလေသည်။
၂ သူသည် သူ လုပ်သင့်သည့် မည်သည့်အမှုကိုမဆို လုပ်ဆောင်ရင်း၊ ခေတ်အသီးသီးတွင် လုပ်ဆောင်ဖို့ လိုအပ်သည့် အမှုနှင့်အညီ လူတို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးလေသည်။ စာတန်က ၎င်းတို့ကို ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည့် အတိုင်းအတာအပေါ် အခြေခံပြီး ၎င်းတို့ လိုအပ်သည့်အရာကို လူတို့အား သူ ထောက်ပံ့သည်။ ထိုသို့ဖြင့် သူသည် ကမ္ဘာလောကကို ဖန်ဆင်းခဲ့ကတည်းက အမှုသစ်တွင် ပါဝင်ပတ်သက်ပြီး ဖြစ်သကဲ့သို့၊ ဤအမှု၏ အဆင့်များထဲမှ မည်သည့်အဆင့်ကိုမျှ တစ်ကြိမ်တစ်ခါမျှ ထပ်မလုပ်ဖူးပေ။ စာတန်သည် အကြံအစည်များကို အဆက်မပြတ် အသက်သွင်းလေသည်၊ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အဆက်မပြတ် ခံရပြီးဖြစ်ကာ၊ ယေဟောဝါ ဘုရားသခင်သည် သူ၏ ဉာဏ်ပညာရှိသည့် အမှုကို မရပ်မနား ဆောင်ရွက်ပြီး ဖြစ်သည်။ သူသည် မည်သည့်အခါမျှ မကျရှုံးဖူးသကဲ့သို့၊ ကမ္ဘာလောကကို ဖန်ဆင်းခဲ့ကတည်းက အမှုပြုခြင်းကို မရပ်တန့်ဖူးပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ် ဖြစ်ခဲ့သည့် ရန်သူ၊ ၎င်းကို အနိုင်ယူဖို့ လူသားမျိုးနွယ်အလယ်တွင် အမှုပြုမြဲပြုနေပြီး ဖြစ်သည်။ ဤတိုက်ပွဲသည် အစအဦးကတည်းက သဲကြီးမဲကြီး ဖြစ်ပွားခဲ့ပြီး ကမ္ဘာအဆုံးအထိ ဆက်လက်ဖြစ်ပွားလိမ့်မည် ဖြစ်သည်။
၃ ဤအမှု အားလုံးကို လုပ်ဆောင်ရာတွင်၊ ယေဟောဝါ ဘုရားသခင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် လူသားများကို သူ၏ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိခွင့် ပေးပြီးသည်သာမက၊ သူ၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့် ဩဇာအာဏာတို့ကိုလည်း တွေ့မြင်ခွင့် ပေးပြီးဖြစ်သည်။ ထို့အပြင် အဆုံးတွင် သူသည်- ဆိုးယုတ်သူကို အပြစ်ပေးပြီး ကောင်းမြတ်သည့်သူကို ဆုချီးမြှင့်ရင်း- သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို လူသားမျိုးနွယ်ကို မြင်ခွင့်ပေးမည် ဖြစ်သည်။ သူသည် စာတန်ကို ဤနေ့အထိ တိုက်ခိုက်ပြီးဖြစ်ကာ မရှုံးနိမ့်ဖူးပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူသည် ဉာဏ်ပညာ ရှိသည့် ဘုရားသခင် ဖြစ်ပြီး သူ၏ ဉာဏ်ပညာကို စာတန်၏ အကြံအစည်များအပေါ် အခြေခံကာ ကျင့်သုံးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံ၌ ရှိသမျှ အရာတိုင်းကို သူ၏ဩဇာအာဏာအား ကျိုးနွံနာခံစေသည်သာမက၊ ကမ္ဘာမြေပေါ်ရှိသည့် အရာတိုင်းကိုလည်း သူ၏ ခြေတင်ရာ ခုံအောက်တွင် အနားပေးထားကာ၊ အနည်းဆုံးအနေဖြင့် သူသည် လူသားမျိုးနွယ်ကို ကျူးကျော်ကာ နှောင့်ယှက်သည့် ဆိုးယုတ်သူများကို သူ၏ ပြစ်တင်ဆုံးမမှုအတွင်းသို့ ကျရောက်စေသည်။ ဤအမှု၏ အကျိုးရလဒ် အားလုံးသည် သူ၏ ဉာဏ်ပညာကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်