၅ လူသားသည် ဘုန်းတော်နှင့် ပေါ်ထွန်းခဲ့ပြီ

ဘုရားရှင်၏အသွင်သဏ္ဌာန် ပေါ်ထွက်ခဲ့ပြီ၊

အသင်းတော်များ၌ ပေါ်ထွက်လာခဲ့လေပြီ။

ဝိညာဉ်တော်မိန့်မြွတ်ထားတာ သူသည် ပြင်းထန်သော မီးနှင့်

ဘုန်းအာနုဘော်ကြီးပြီး သူသည်တရားစီရင်လျက် နေသည်။

သူသည် လူသားဖြစ်သည်မှာ အမှန်ဖြစ်၏၊

ခြေထောက်အထိ ဝတ်ရုံတော်ဖုံးအုပ် ထားပြီး

ရွှေခါးစည်းကြိုးဖြင့် ရင်ကို ပတ်ရစ်ထား။

သူ၏ဦးခေါင်းတော်နှင့်ဆံတော်များသည်

သိုးမွေးပမာ ဖြူစင်လို့နေသည်။

သူ့၏မျက်လုံးများသည် မီးလျှံအလား တောက်လောင်လျက်

သူ့ခြေများသည် မီးဖိုထဲက ကြေးဝါနှင့်တူ၏။

သူ၏အသံသည် သမုဒ္ဒရာအသံကဲ့သို့ မြည်၏။

သူ၏လက်တော်၌ ကြယ်ခုနစ်လုံးရှိပြီး

နှုတ်တော်၌လည်း အသွားနှစ်ဖက်ပါသော ဓားရှိ၏

သူ၏မျက်နှာသည် အစွမ်းကုန်တောက်ပသောနေမင်းကြီးအတိုင်း

အနန္တတန်ခိုးရှင် ဘုရားရှင်သည် ဝိညာဉ်ကိုယ်ဖြင့် ထင်ရှားခဲ့ပြီ၊

အသွေးအသားမပါ၊

ဦးခေါင်းထက်မှ ခြေဖျားထိ သွေးစက်လုံးဝမရှိဘူး။

သူသည် စကြဝဠာအထက်တွင် ရှိကာ၊

ဘုန်းပလ္လင်တော်ပေါ် ထိုင်ကာ တတိယမြောက်ကောင်းကင်အထက်ပလ္လင်တော်မှ အရာခပ်သိမ်းကို အုပ်စိုး၏


လူသားသည် သက်သေထူခဲ့ပြီး

အရာအားလုံး၌ ဘုရားသည် ထင်ရှားခဲ့လေပြီ။

နေမင်းသည် အားအပြည့်ဖြင့် လင်း သလို

ဘုရား၏ ဘုန်းတော်နှင့် ဂုဏ်တော်သည် ထွက်ပေါ်ခဲ့လေပြီ

ဘုရား၏ဘုန်းကြီးသောမျက်နှာတော် အလွန်တောက်ပ၊

လူတိုင်း လူတိုင်း၏မျက်လုံးအား ပြာသွားစေလေ၏

ဘယ်သူမှ မျက်နှာတော်ကို အာ မခံရဲကြ။

ဆန့်ကျင်သောသူတိုင်းသည် ဧကန်မုချ သေရမည်။

အတွေးဖြင့် သို့မဟုတ် အပြောဆိုဖြင့် ဆန့်ကျင် ဆန့်ကျင်၊

လူ့အပြုအမူ၌ တွေ့ရတွေ့ရ၊

သနားခြင်း အလျဉ်းမရှိ၊

ဘယ်လို သနားခြင်းကိုမှ သင်တို့သည် မြင်ရကြလိမ့်မည်မဟုတ်

အပြစ်စီရင်ခြင်းကိုသာ၊

အပြစ်စီရင်ခြင်းသာ သင်တို့သည် ခံရလိမ့်မည်။


စကြဝဠာရှိ ခပ်သိမ်းသောအရာများ

ဘုရားသခင်၏လက်တော်ထဲမှာ တည်ရှိ၏။

ဘုရား စီမံထားလျှင်

ဘုရားစီမံထားသည့်အတိုင်း ဖြစ်လာလိမ့်မည်။

စာတန်သည် ဘုရားရှင် ၏ခြေအောက်၊

အဆုံးမဲ့သည့် ချောက်ထဲသို့ ရောက်လေ၏။

ဆိုးယုတ်မှုအားလုံးကို ဘုရားရှင် အောင်နိုင်ခဲ့ပြီ။

ဘုရား၏ အသံတော် ထွက်လျှင်

ကမ္ဘာတစ်ခုလုံး နတ္တိဖြစ်လိမ့်မည်။

ကောင်းကင်နှင့်မြေကြီး သည် ကွယ်ပျောက်၍၊

ခပ်သိမ်းသောအရာများသည် အသစ်ဖြစ်လာလိမ့်မည်။

ထိုအရာကို ပြောင်းလဲ၍မရပါ။

ဘုရားရှင်သည် လောကကို အောင်နိုင်ခဲ့ပြီ။

ယခု သူ ဤနေရာ၌ ထိုင်ကာ သင်တို့အား စကားပြောသည်။

နားရှိသူအားလုံး နားထောင်ကြ။

ယခု ဘုရားစကားပြောသည်၊

အသက်ရှင်သောသူများ

ဘုရား၏နှုတ်ကပတ်တော်ကို လက်ခံသင့်သည်။

အနန္တတန်ခိုးရှင် ဘုရားရှင်သည်

ဝိညာဉ်ကိုယ်ဖြင့် ထင်ရှားခဲ့ပြီ၊

အသွေးအသားမပါ၊

ဦးခေါင်းထက်မှ ခြေဖျားထိ သွေးစက်လုံးဝမရှိဘူး။

သူသည် စကြဝဠာအထက်တွင် ရှိကာ၊

ဘုန်းပလ္လင်တော်ပေါ် ထိုင်ကာ တတိယမြောက်ကောင်းကင်အထက်ပလ္လင်တော်မှ အရာခပ်သိမ်းကို အုပ်စိုး၏


“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၅)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၄ ဇိအုန်၌ချီးမွမ်းခြင်းများပေါ်ထွက်လာ

နောက်တစ်ခုသို့- ၆ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဖြောင့်မတ်ခြင်း နေပမာ ပေါ်ထွန်းသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၁၅ လူသားအပေါ် ဘုရား ပေးတဲ့ အကြီးမားဆုံး ကောင်းချီး

၁သခင်ဘုရားနှုတ်တော် စုံခြင်းဖြင့် နိုင်ငံရဲ့ပုံပေါ်ထွက်လာလူပြန်လှည့်ခြင်း အားဖြင့် မူလနေရာကို ဘုရားနိုင်ငံတည်လာဘုရားရဲ့လူတွေ နိုင်ငံထဲ...

၅၀၁ ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။