ခွဲခွာချိန်တစ်ခု
၁
ညီအစ်ကို မောင်နှများ အတူစုဝေးကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုရင်း အလွန်ပျော်ရွင်ကြသည်။
သို့သော် စီစီပီ၏ နှိပ်စက်ညှင်းပန်းခြင်းဟူသည်မှာ ကျွန်ုပ်တို့သည် အစည်းအဝေးများတွင် အဖမ်းခံရမည့် အန္တရာယ်အမြဲရှိသည်ဟု ဆိုလိုပေ။
ရှာတွေ့ သွားမည်ကို စိုးရိမ်လျက်၊ အလွန်သတိရှိစွာ ကျွန်ုပ်တို့ ကခုန်ကာ သီဆိုကြသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ ဖတ်ရှုပြီး စာကြောင်းအနည်းငယ်နှင့် ပတ်သက်၍ မိတ်သဟာယပြုကြသည်၊ ထို့နောက် ကမန်းကတန်း ကျွန်ုပ်တို့ ဆုတောင်းပြီး ကျွန်ုပ်တို့၏ အစည်းအဝေးများကို အဆုံးသတ်သည်။
ကျွန်ုပ်တို့ ခွဲကြသောအခါ၊ နောက်တစ်ဖန် အချင်းချင်း တွေရမည့်အခွင့်အရေး ရ မရကို ကျွန်ုပ်တို့ မသိကြ။
ညီအစ်ကို မောင်နှမတို့၊ သင်တို့၏ တာဝန်များကို ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ခရီးသွားသည့်အခါ ဘုရားသခင်ထံ ဆုတောင်းပြီး ပိုမို မှီခိုပါ။
လမ်းမည်မျှ ခက်ခဲပါစေ၊ ကျွန်ုပ်တို့၏ အဖော်အဖြစ် ဘုရားသခင်နှင့်အတူ ကျွန်ုပ်တို့ တစ်ကိုယ်တည်း မဟုတ်ပေ။
ဖိနှိပ်မှု၊ အခက်အခဲနှင့် စစ်ဆေးခြင်းတို့ ကျွန်ုပ်တို့ တွေ့ကြုံခံစားရသည်၊ ကျွန်ုပ်တို့ ဘေးတွင် ဘုရားသခင်ကို ရှိသည်မှာ အလွန်အဖိုးတန်လှပေ။
၂
ဤဆိုးညစ်သော ကမ္ဘာလောကထဲ ဘုရားသခင်ကို သက်သေခံရာတွင်၊ မိမိကိုယ်ကိုယ် ကြီးစွာဂရုစိုက်ပါ။
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆက်လက်အဖော်ပြုပါ၊ သမ္မာတရားကို နားလည်ခြင်းအားဖြင့် ကျွန်ုပ်တို့ ခွန်းအားရှိကြလိမ့်မည်။
စာတန်၏ ဆိုးယုတ်သော အနှစ်သာရကို ကျွန်ုပ်တို့ ထွင်းဖောက်မြင်ရပြီး၊ အဆင်းနီသော နဂါးကြီးကို ကျွန်ုပ်တို့ ခါးခါးသီးသီး မုန်းကြသည်။
စာတန်ကို လုံးဝ စွန့်ပစ်ပါလေ၊ ထိုသို့ဖြင့် ဘုရားသခင်ကို ကျွန်ုပ်တို့ သမ္မာတရားဖြင့် ချစ်ကာ ကျိုးနွံနာခံနိုင်သည်။
မှောင်မိုက်၏ လွှမ်းမိုးမှုကို ကျော်လွန်ဖို့ ဘုရားသခင်အပေါ် မှီခိုပါ၊ ကျွန်ုပ်တို့၏ မျက်စိရှေ့တွင် အရုဏ်ပေါ်ထွန်းနေသည်။
အချင်းချင်းအတွက် ကျွန်ုပ်တို့ ဆုတောင်းပြီး အချင်းချင်း ချစ်ကြကာ၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများ အေးချမ်းလေသည်။
နိုင်ငံတော် တည်လာသည့်အခါ ကျွန်ုပ်တို့၏ ပြန်လည် ပေါင်းစည်းခြင်းကို ကျွန်ုပ်တို့ မျှော်လင့်စောင့်စားပြီး၊ ထို့နောက် ကျွန်ုပ်တို့ အတူတကွ ထာဝရ နေရကြလိမ့်မည်။
နိုင်ငံတော် တည်လာသည့်အခါ ကျွန်ုပ်တို့၏ ပြန်လည်ပေါင်းစည်းခြင်းကို ကျွန်ုပ်တို့ မျှော်လင့်စောင့်စားပြီး၊ ထို့နောက် ကျွန်ုပ်တို့ အတူတကွ ထာဝရ နေရကြလိမ့်မည်။