နီးကပ်စွာ ဘုရားသခင်နောက်လိုက်ပါ
၁
ညက တိတ်ဆိတ်ကာ ငြိမ်သက်နေသည်။ အပြင်ဘက်တွင်၊ ခွေးများက ဟောင်နေပြီး အချက်ပေးဥသြများ အဆက်မပြတ်မြည်နေသည်။
ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှုရှိသည်။ ကျွန်ုပ် အချိန်မရွေး အဖမ်းခံရနိုင်ပြီး ထောင်ချခံရနိုင်သည်။
ခိုလှုံရာ မည်သည့်နေရာတွင် ရှာတွေ့နိုင်မည် မသိဘဲလျက်၊ ကျွန်ုပ် အိမ်က ထွက်ပြေးသည်။
လူ့အခွင့်အရေး မရှိ၊ ကြီးမားသော နှိပ်စက်ညှင်းပန်းခြင်းနှင့် အတိဒုက္ခများမှ ကျွန်ုပ် ဒုက္ခဆင်းရဲခံစားရသည်။
ဤနတ်ဆိုးများ ခံတပ်ထဲတွင်၊ စာတန်က အာဏာစွဲကိုင်သည်။ ယင်းက မှောင်မိုက်လှပေသည်။
အလင်းနှင့် သမ္မာတရား လူတို့ကြားတွင် တားမြစ်ခံရ။
လူတို့ကို စစ်မှန်သော ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် မှန်သောလမ်းကြောင်းကို လျှောက်ခြင်းမှ တားဆီးလျက်၊
အဆင်းနီသော နဂါးကြီးသည် လူကို ထာဝရ ထိန်းချုပ်ဖို့ အချည်းနှီး မျှော်လင့်သည်။
“လွတ်လပ်စွာ ယုံကြည်မှု” ဟူသည်မှာ မုသားသက်သက်ဖြစ်သည်ကို ကျွန်ုပ် မကျေမချမ်းဖြစ်မိ။
ခရစ်တော်၏ နိုင်ငံတော် မကြာမီ ရောက်လာမည်ဟု ကျွန်ုပ် မျှော်လင့်သည်။
၂
မှောင်မိုက်သောညတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက တစ်လှမ်းချင်း ကျွန်ုပ်တို့ကို လမ်းပြသည်။
နှိပ်စက်ညှင်းပန်းမှု၏ ဒုက္ခဆင်းရဲအလယ်တွင်၊ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း စုံလင်ခံရသည်။
စစ်ဆေးခြင်းအလယ်တွင်၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခံရသည်။
ကြီးမားသော ဆင်းရဲဒုက္ခအလယ်တွင်၊ အောင်မြင်သော သူများအုပ်စု ပြုလုပ်ခံရသည်။
ဘုရားသခင်၏ လူတို့ ချစ်ရမည့်အရာနှင့် မုန်းရမည့်အရာကို သိလျက်၊ ဘုရားသခင်နောက်လိုက်ကြသည်။
မယုံကြည်သူများက ဘဝကိုသာ ချစ်မြတ်နိုးပြီး သမ္မာတရားကို စွန့်ပစ်ကြသည်။
ကြောက်လျက်၊ သူတို့၏ စရိုက်များနှင့် သိက္ခာကို သူတို့ ဆုံးရှုံးကြသည်။
ဘုရားသခင်ကို ချစ်သောသူတို့သည် သမ္မာတရားကို ရရှိဖို့ သူတို့ အသက်များကို ပေးကြသည်။
အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်၏ အသုံးတော်ခံတစ်ခုသာ ဖြစ်သည်။
ရက်စက်ကြမ်းကြုတ်သော်လည်း၊ ဘုရားသခင်အားဖြင့် နောက်ဆုံးတွင် ဖျက်ဆီးခံရလိမ့်မည်။
သံပြိုင်အပိုဒ်
ဆင်းရဲဒုက္ခကြားတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျွန်ုပ် နှင့်အတူ ရှိသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို စဉ်းစားရင်း၊ သူ့ကို ပို၍ပင် ချစ်ဖွယ်ကောင်းသည်ဟု ခံစားရသည်။
လမ်းကြမ်းပေါ်တွင် ဖြောင့်မတ်ခြင်းအတွက် နှိပ်စက်ညှင်းပန်းခံရလျက်၊ ခါးသီးမှုကြားတွင် ချိုမြိန်ခြင်း ရှိပြီး မွန်မြတ်သည်ကို ကျွန်ုပ် ခံစားရ။
ခရစ်တော်သည် သမ္မာရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို ကျွန်ုပ် ယုံကြည်ပြီး၊ သူ့ကို သစ္စာရှိရန်နှင့် သူ့နောက် နီးကပ်စွာလိုက်ရန် ကျွန်ုပ်၏ဘဝကို ကတိပြုသည်။