ဖန်ဆင်းရှင်၏ အာဏာအောက်၌ ရှိသမျှသည် လုံးလုံးလျားလျား စုံလင်၏
၁
ဘုရားသခင် ပြုလုပ်ခဲ့ပြီးသော အရာခပ်သိမ်း၊
ရွေ့လျားနိုင်သောအရာမှန်သမျှနှင့် မရွေ့လျားနိုင်သောအရာမှန်သမျှ၊
ကျေးငှက်များနှင့် ငါးများ၊ ပန်းများနှင့် သစ်ပင်များ၊
ကျွဲနွားတိရစ္ဆာန်၊ အင်းဆက်ပိုးများနှင့် တောရိုင်းတိရစ္ဆာန်များ၊
၎င်းတို့အားလုံးသည် ဘုရားသခင်နှင့် သင့်မြတ်ခဲ့ကြပြီး
ဘုရားသခင်၏ အမြင်တွင်၊ သူ၏ အစီအစဉ်နှင့်အညီ၊
၎င်းတို့မှာ စုံလင်ခြင်း၏ အထွတ်အထိပ် ဖြစ်၍၊
ဘုရားသခင် ရယူရန် အလိုရှိသောအရာမှန်သမျှကို ၎င်းတို့ ရယူခဲ့ကြသည်။
၂
သူသည် တစ်ဆင့်ချင်း အလုပ်လုပ်ခဲ့သည်၊
သူ၏အစီအစဉ်အတွက် သူလုပ်ရန် ရည်ရွယ်သော အလုပ်အားလုံးကို လုပ်ခဲ့သည်။
ထို့ပြင် တစ်ခုပြီးနောက်တစ်ခု၊
သူ ဖန်ဆင်းရန် ရည်ရွယ်သော အရာများ ဖြစ်ပေါ်လာခဲ့သည်။
၎င်းတို့တစ်ခုစီသည် သူ၏အာဏာ ထပ်ဟပ်မှုနှင့် ရလဒ်ပေတည်း။
ထို့အပြင် ဤအရာများကြောင့် ဖန်ဆင်းခံအပေါင်းသည်
ဖန်ဆင်းရှင်၏ ကျေးဇူးတော်ကို အလွန် မချီးမွမ်းဘဲ၊
ဖန်ဆင်းရှင်၏ ထောက်ပံ့ပေးခြင်းကို အလွန် မချီးမွမ်းဘဲ မနေနိုင်ကြပေ။
၃
ဘုရားသခင်၏ အံ့သြဖွယ် လုပ်ဆောင်ချက်များ
သူ့အလိုအလျောက် စတင်ထင်ရှားလာသည်နှင့်အမျှ၊
ဤကမ္ဘာမြေကြီးသည် ဘုရားသခင် ဖန်ဆင်းခဲ့သော
မြောက်မြားစွာသော အရာအပေါင်းဖြင့် တစ်စတစ်စ တိုးလာခဲ့သည်။
ထို့ပြင် ၎င်းသည် ပရမ်းပတာမှ ပြောင်းလဲခဲ့ပြီး
အမှောင်မှ ရှင်းလင်းခြင်း နှင့်
တောက်ပခြင်းအဖြစ် ပြောင်းလဲခဲ့ပြီ၊
တိတ်ဆိတ်ငြိမ်သက်နေရာမှ အသက်ဝင်ခြင်း၊
ဿုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေရာမှ အဆုံးမဲ့ တက်ကြွခြင်းသို့ ပြောင်းလဲခဲ့လေ၏။
၄
ဖန်ဆင်းခြင်း၏ အရာအပေါင်းအလယ်တွင်၊
အကြီးဆုံးမှ အငယ်ဆုံးအကြား၊
သေးငယ်သောအရာမှ အလွန့်အလွန်သေးငယ်သောအရာအထိ၊
ဖန်ဆင်းရှင်၏ အာဏာဖြင့်၊ ဖန်ဆင်းခံ၏ တန်ခိုးအားဖြင့်
မဖန်ဆင်းခဲ့သောအရာဟူ၍ မရှိပေ။
ဖန်ဆင်းခံ တစ်ခုချင်းနှင့် ခပ်သိမ်း၏ ဖြစ်တည်ခြင်းအတွက်
တစ်မူထူးခြားခြင်း၊ ပင်ကိုလိုအပ်ချက်နှင့် တန်ဖိုး ရှိခဲ့သည်။
၎င်းတို့သည် မည်သည့် ပုံကဏ္ဌာန်နှင့် ဖွဲ့စည်းတည်ဆောက်ပုံ ရှိပါစေ၊
၎င်းတို့အားလုံးသည် ကိုယ်တော်၏ အာဏာအောက်၌ တည်လေ၏။
၅
ဖန်ဆင်းရှင်၏ အာဏာအောက်တွင်၊
ဖန်ဆင်းခံအပေါင်းသည် သူ၏စိုးစံမှုအတွက် အသစ်သော သံစုံတေးသွားကို တီးခတ်ကြလေမည်၊
အသစ်သောနေ့ရက်အဖို့ သူ၏အလုပ်အတွက် ပဏာမတီးလုံးကို စတင်တီးခတ်လေမည်။
ထို့ပြင် ထိုအခိုက်အတန့်တွင်
ဖန်ဆင်းရှင်သည် သူ၏ စီမံခန့်ခွဲမှု အလုပ်ထဲ၌
စာမျက်နှာအသစ်ကိုလည်း ဖွင့်လှစ်ပေမည်။
မှန်ပေသည်၊ ဖန်ဆင်းရှင်သည် စာမျက်နှာအသစ်ကို ဖွင့်လှစ်ပေမည်။
၆
မှန်ပေသည်၊ နွေဦးကာလ
အညှောင့်အတက်များ၊ နွေကာလ၏ ဝင်းမှည့်ခြင်း၊
ဆောင်းဦးကာလ ရိတ်သိမ်းခြင်း၊ ဆောင်းကာလ သိုလှောင်ခြင်း၏ နိယာမ၊
အားလုံးသည် ဖန်ဆင်းရှင် အလုပ်တာဝန်ခွဲဝေပေးခဲ့ခြင်းပေတည်း၊
အလုံးစုံသောအရာတို့သည် ဘုရားသခင်ကိုယ်တိုင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပဲ့တင်သံထပ်လေမည်၊
၎င်းတို့ကိုယ်တိုင်၏ နေ့ရက်သစ်၊
အသစ်သောအစအဦး၊ အသစ်သောဘဝအသက်တာကို ကြိုဆိုလေမည်။
၎င်းတို့သည် အဆုံးမရှိ ဆက်တိုက် မကြာမီ မျိုးပွားကြလေသဖြင့်
နေ့ရက်သစ်တိုင်းတွင် ၎င်းတို့သည်
ကိုယ်တော်၏ အာဏာ စိုးစံမှုအောက်တွင် ကြိုဆိုကြလေမည်။
အရာခပ်သိမ်းသည် လုံးလုံးလျားလျား စုံလင်ပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။