၉၁၆ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးသည် အကန့်အသတ်မရှိပေကျူး

၁“ငါ၏ သက်တံ့ကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံ့သည် မြေကြီးနှင့် ငါပြုသောပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။” ဤသည်မှာ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ပြောခဲ့သည့် မူရင်းနှုတ်ကပတ်တော်များဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို သူပြောလိုက်သည်နှင့် လူသား၏ မျက်စိရှေ့တွင် သက်တံတစ်စင်း ပေါ်ပေါက်လာခဲ့ပြီး ယနေ့အထိတိုင်အောင် တည်ရှိနေခဲ့သည်။ ဤသည်မှာ သက်တံသည် ဖန်ဆင်းရှင်နှင့် လူသားကြားတွင် ထူထောင်ထားသည့် ပဋိညာဉ်၏ သင်္ကေတဖြစ်၍ဖြစ်သည်။ ယင်းသက်တံက သိပ္ပံအခြေခံအကြောင်းရင်းများ မလိုအပ်ပေ။ ယင်းကို လူသားက ပြုလုပ်ထားခြင်း မဟုတ်သကဲ့သို့ လူသားက ပြောင်းလဲနိုင်စွမ်းလည်း မရှိပေ။ ဤသည်မှာ ဖန်ဆင်းရှင်က သူ၏နှုတ်ကပတ်တော်များကို ပြောပြီးနောက်တွင် သူ၏သြဇာအာဏာ ဆက်လက်ဖြစ်တည်နေခြင်းပင် ဖြစ်သည်။

၂ လူသားနှင့်ပြုလုပ်သည့် ပဋိညာဉ်နှင့် သူ၏ကတိကို လိုက်နာရန်အတွက် ဖန်ဆင်းရှင်က သူ၏သီးသန့်နည်းလမ်းကို အသုံးပြုခဲ့သည်။ သူထူထောင်ခဲ့သည့် ပဋိညာဉ်၏ သင်္ကေတအနေနှင့် သက်တံကို သူအသုံးပြုခြင်းသည် ဖန်ဆင်းရှင်နှင့် ဆက်စပ်ပြီးဖြစ်စေ၊ ဖန်ဆင်းခံ လူသားမျိုးနွယ်နှင့် ဆက်စပ်ပြီးဖြစ်စေ ထာဝရ မပြောင်းလဲဘဲ တည်ရှိနေမည့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် အမိန့်ပြန်တမ်းနှင့် နိယာမဖြစ်သည်။ ဤအချက်ကိုပြောရမည်။ မပြောင်းလဲနိုင်သည့် ဤနိယာမသည် အရာအားလုံးကို ဘုရားသခင်ဖန်ဆင်းပြီးနောက်တွင် လိုက်ပါလာသည့် ဖန်ဆင်းရှင်၏ သြဇာအာဏာဆိုင်ရာ နောက်ထပ်စစ်မှန်သည့် ထင်ရှားပြသခြင်းဖြစ်သည်။ ထို့အပြင် ဤအချက်ကို ပြောရမည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးသည် အကန့်အသတ်မရှိပေ။

၃ ဤသည်မှာ ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များကို အသုံးပြုပြီး လုပ်ဆောင်သည့် နောက်ထပ်လုပ်ရပ်တစ်ခုဖြစ်ပြီး နှုတ်ကပတ်တော်တို့ကို အသုံးပြု၍ လူသားနှင့်ထူထောင်ခဲ့သည့် ပဋိညာဉ်၏ သင်္ကေတတစ်ခုလည်း ဖြစ်သည်။ သူသည် လုပ်ဆောင်ရန်အတွက် သူဆုံးဖြတ်ထားခဲ့သည့်အရာအပြင် ထိုအရာအား မည်သည့်ပုံစံနှင့် ပြီးမြောက်အောင်မြင်စေမည်ဆိုခြင်းကို လူသားအား ပြောပြခဲ့သည်။ ဤနည်းလမ်းအားဖြင့် ထိုကိစ္စသည် ဘုရားသခင်၏နှုတ်မှလာသည့် နှုတ်ကပတ်တော်များအရ ပြီးမြောက်သည်။ ဘုရားသခင်သာလျှင် ဤကဲ့သို့သော တန်ခိုးကို ပိုင်ဆိုင်သည်။ ဤစကားများကို သူပြောပြီးနောက် နှစ်ထောင်ပေါင်းအချို့ကြာသည့် ယနေ့တွင် ဘုရားသခင်၏ နှုတ်မှပြောဆိုခဲ့သည့် သက်တံကို လူသားတို့ ကြည့်ရှုနိုင်ပါသေးသည်။

၄ ဘုရားသခင်မိန့်မြွက်ခဲ့သည့် ထိုနှုတ်ကပတ်တော်တို့ကြောင့် ယနေ့အထိ ဤအရာက မပြောင်းမလဲဘဲ ကျန်ရှိနေသည်။ မည်သူမျှ ဤသက်တံကို မဖယ်ရှားနိုင်ပေ။ မည်သူမျှ ယင်း၏နိယာမများကို မပြောင်းလဲနိုင်ပေ။ သက်တံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်သာ တည်ရှိနေသည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာ အတိအကျပင်ဖြစ်သည်။ “ဘုရားသခင်က သူ၏နှုတ်ကပတ်တော်ကဲ့သို့ ကောင်းမွန်ပြီး သူ၏နှုတ်ကပတ်တော်သည် ပြီးမြောက်လိမ့်မည်ဖြစ်ကာ ပြီးမြောက်မှုသည် ထာဝရတည်သည်။” ဤနှုတ်ကပတ်တော်တို့က ဤနေရာတွင် ရှင်းလင်းစွာ ထင်ရှားပြသသည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ရှင်းလင်းသည့် သင်္ကေတနှင့် ပင်ကိုလက္ခဏာများဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၁၅ ဖန်ဆင်းရှင်၏ အာဏာအောက်၌ ရှိသမျှသည် လုံးလုံးလျားလျား စုံလင်၏

နောက်တစ်ခုသို့- ၉၁၇ အရာအားလုံးသည် ဘုရား၏သြဇာအာဏာအားဖြင့် အသက်ရှင်၍ သေဆုံးကြ၏ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။