အရာခပ်သိမ်းသည် ဖန်ဆင်းရှင်ရဲ့အာဏာ ထင်ရှားဖော်ပြမှု
၁
ဤကမ္ဘာသစ်တွင် လူသားမျိုးနွယ် မစခင်
ဖန်ဆင်းရှင်သည် မနက်နှင့် ညကို အသင့်ဖြစ်စေသည်
သူသည် ကောင်းကင်၊ မြေကြီး၊ နှင့် ပင်လယ်များ၊
မြက်ခင်းပြင်နှင့် ဆေးဖက်ဝင်အပင်များကို ဖန်ဆင်းခဲ့သည် …သူသည် သစ်ပင်အားလုံးကို ဖန်ဆင်းခဲ့သည်
မကြာခင် သူဖန်ဆင်းမဲ့ အသက်သစ်အတွက်
အလင်းများ၊ ရာသီများ၊ နှစ်များနှင့် ရက်များကို ဖန်ဆင်းခဲ့လေတာ
သူ ဖန်ဆင်းခဲ့သော အရာသစ်တစ်ခုချင်းစီအားဖြင့်
ဖန်ဆင်းရှင်ရဲ့အာဏာနှင့် တန်ခိုးကို ဖော်ပြခဲ့သည်
သူ့အတွေး တစ်ခု တိုင်းဟာ သူ့ မြွက်ဟမှု တစ်ခု တိုင်းဟာ
သူ့တန်ခိုးကို ဖော်ပြမှုတိုင်းသည် ခပ်သိမ်းသောအရာတို့တွင် ပြောင်မြောက်သော လက်ရာပါ
ဒါဟာ ကြီးမားသောအမှုတစ်ခု
လူသားမျိုးနွယ်ရဲ့နက်နဲတဲ့ အသိပညာနှင့် နားလည်မှုလိုအပ်သောအရာ
၂
သူ့နှုတ်ကပတ်တော်နှင့် အမှုပြီးမြောက်မှုများသည်
ရပ်နားမှုနှင့် ကွာဟမှုတို့ မရှိဘဲ တစ်ပြိုင်နက်ဖြစ်ပေါ်ခဲ့သည်
အရာအသစ်များအားလုံး ပေါ်ပေါက်လာခြင်းနှင့် မွေးဖွားခြင်
ဖန်ဆင်းရှင်ရဲ့ စိုးပိုင်ခွင့်ကို သက်သေထူခဲ့သည်
သူသည် သူ့နှုတ်ကပတ်တော်လိုပင်ကောင်းမြတ်သည် သူ့နှုတ်ကပတ်တော်အတိုင်း ဖြစ်လာလိမ့်မည်။
ပြီးမြောက်သောအရသည် ထာဝစဉ် တည်လိမ့်မည်။
ဤအချက်မှာ အတိတ်နှင့်၊ ပစ္စုပန်၊
အနာဂတ်တွင် ဘယ်တော့မှ မပြောင်းလဲပါ ဒါထာဝရရှိနေမှာပါ
သူ့အတွေးတစ်ခုတိုင်းဟာ သူ့မြွက်ဟမှုတစ်ခုတိုင်းဟာ
သူ့တန်ခိုးကို ဖော်ပြမှုတိုင်းသည် ခပ်သိမ်းသောအရာတို့တွင် ပြောင်မြောက်သောလက်ရာပါ
ဒါဟာ ကြီးမားတဲ့ အမှုတစ်ခုပါ
လူသားမျိုးနွယ်ရဲ့နက်နဲတဲ့ အသိပညာနှင့်နားလည်မှု လိုအပ်သောအရာ
၃
ဖန်ဆင်းရှင်ရဲ့တန်ခိုး၊ ဖန်ဆင်းရှင်ရဲ့ အာဏာသည်
အံ့ဖွယ်များအား တစ်ခုပြီး တစ်ခု မရပ်မနား ဖြစ်ပေါ်စေခဲ့တာ
သူဟာ လူတို့ရဲ့ဂရုပြုမှုကို ရရှိကာ၊ လူတို့သည် သူ့လုပ်ဆောင်ချက်များကို မှင်သက်မိကြသည်
ထိုလုပ်ဆောင်ချက်များသည် အလွန်အံ့ဖွယ်ဖြစ်ကာ သူ့အာဏာကို အသုံးပြုခြင်းမှ ဖြစ်ပေါ်လာသည်
သူ၏အံ့မခန်းသောအာဏာသည် ကြည်နူးဖွယ် တစ်ခုပြီးတစ်ခု ဖြစ်ပေါ်စေသည်။
လူသည် အံ့အားသင့်ကာ ပျော်ရွှွင်ဝမ်းမြောက်ရသည်
လူ၏စိတ်နိုးကြား အံ့သြကာ ကောင်းချီး သြဘာပေးသည်
လူတို့၏စိတ်တွင် ချစ်ကြောက်မှုဖြစ်ပေါ်လာသည်
သူ့အတွေးတစ်ခုတိုင်းဟာ သူ့မြွက်ဟမှုတစ်ခုတိုင်းဟာ
သူ့တန်ခိုးကို ဖော်ပြမှုတိုင်းသည် ခပ်သိမ်းသောအရာတို့တွင် ပြောင်မြောက်သောလက်ရာပါ
ဒါဟာ ကြီးမားသောအမှုတစ်ခုပါ
လူသားမျိုးနွယ်ရဲ့နက်နဲတဲ့ အသိပညာနှင့်နားလည်မှု လိုအပ်သောအရာ
ဖန်ဆင်းရှင်ရဲ့ အာဏာနှင့် လုပ်ဆောင်ချက်တွေသည် လူသားရဲ့ ၀ိညာဉ်ကိုလှုံဆော်ပေးသည်
ဖန်ဆင်းရှင်ရဲ့ အာဏာနှင့် လုပ်ဆောင်မှုတွေသည် လူ့ဝိညာဉ်ကို သန့်စင်စေသည်
ဖန်ဆင်းရှင်ရဲ့အာဏာနှင့် လုပ်ဆောင်မှုတွေဟာ လူ့ဝိညာဉ်ကို ပြည့်ဝစေသည်
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။