ဘုရားသခင်၏အခွင့်အာဏာနှင့်တန်ခိုးတော်ကိုမည်သူမျှ နားမလည်နိုင်
၁
ဘုရား၏နှုတ်ကပတ်တော်ကို မြွက်ဆိုသည့်အခါ သူ၏အခွင့်အာဏာသည် ဦးစီးကာ
သူကတိထားသောအရာသည် တစ်ဆင့်ချင်းတကယ်ဖြစ်လာသည်။
နေရာအနှံ့ ရှိရှိသမျှ၌ ပြောင်းလဲမှုများစတင်ဖြစ်ပွားသည်။
ထိုအရာတို့သည် ဖန်ဆင်းရှင်၏လက်နှင့်ပြုလုပ်သောအံ့ဖွယ်ရာများဖြစ်သည်။
နွေဦးရောက်သည့်အခါ မြက်ပင်များစိမ်းစို၊ ပန်းများဖူးပွင့်၊
အစို့အညှောက်ထွက်၍ ကျေးငှက်များတေးဆို၊ လူတို့သည် စိုက်ကွင်းထဲဆင်းသကဲ့သို့ပင်။ အရာအားလုံးတို့သည်လည်း နုပျိုခဲ့ကြသည်
ဘုရား၏အခွင့်အာဏာနှင့်တန်ခိုးတော်ကိုအချိန်၊
နေရာဒေသ၊ လူ၊ အခြေအနေ၊ ဘယ်အရာကမှ ကန့်သတ်မထားပါ။
သူ၏အခွင့်အာဏာနှင့်တန်ခိုးတော်ကိုလူသားတို့ မကြံဆနိုင်။
အပြည့်အဝနားလည်သဘောပေါက်ရန် ခဲယဉ်းသည်ဟုသူတို့ ခံစားရသည်။
၂
ဘုရားသခင်သည် သူ၏ကတိတော်ကိုစုံလင်စေသောအခါ ကောင်းကင်နှင့်မြေကြီး၌ ရှိသမျှသည်
အသစ်ဖြစ်၍ သူ၏အကြံအစည်တိုင်းပြောင်းလဲကြသည်။
အရာခပ်သိမ်းတို့ ကတိတော်ပြည့်စုံစေရန် လုပ်ဆောင်သည်။
သူ၏အုပ်စိုးမှုအောက်တွင် သတ္တဝါအားလုံးအတွက် စီမံပေးထားသည်။
တစ်ခုချင်းစီသည် သူ့အပိုင်းနှင့်သူလုပ််ဆောင်ကြသည်။
ဒါဟာဘုရားသခင်၏အခွင့်အာဏာကို ပြသသည်။
ဘုရား၏အခွင့်အာဏာနှင့်တန်ခိုးတော်သည် အချိန်၊
နေရာဒေသ၊ လူ၊ အခြေအနေ၊ ဘယ်အရာကမှ ကန့်သတ်မထားပါ။
သူ၏အခွင့်အာဏာနှင့်တန်ခိုးတော်ကိုလူသားတို့ မကြံဆနိုင်။
အပြည့်အဝနားလည်သဘောပေါက်ရန် ခဲယဉ်းသည်ဟုသူတို့ ခံစားရသည်။
၃
အခွင့်အာဏာပြသမှုတစ်ခုစီဟာသူမြွက်ဆိုခဲ့သော၊ လူသားတို့နှင့်
ခပ်သိမ်းသောအရာတို့ကို ပြသခဲ့သော နှုတ်ကပတ်တော်ကိုကောင်းမွန်စွာသရုပ်ဖော်ခြင်းဖြစ်သည်။
သူ၏အခွင့်အာဏာနှင့် ဆောင်ရွက်ခဲ့သမျှသည်
အတိုင်းအထက်လွန် လှပ၍ လုံးဝအပြစ်အနာဆာကင်းမဲ့သည်။
သူ၏အကြံအစည်၊ သူ၏နှုတ်ကပတ်တော်၊ သူ၏အမှုတော်၊ အခွင့်အာဏာ
အားလုံးသည် တုနှိုင်းမရလှပသောပန်းချီဖြစ်စေသည်။
ဖန်ဆင်းခံသတ္တဝါအားလုံးအတွက် လူ့စကားဖြင့်
တန်ဖိုးနှင့်ထူးခြားမှုကိုရှင်းလင်းစွာမဖော်ပြနိုင်ပါ။
၄
ဘုရားသခင် ခပ်သိမ်းသောအရာတို့ကိုအုပ်စိုးသောအခွင့်အာဏာနှင့် ဘုရား၏တန်ခိုးတော်သည်
ဘုရားသခင် နေရာတိုင်း၊ အချိန်တိုင်းတွင် တည်ရှိကြောင်းခပ်သိမ်းသောအရာတို့ကိုဖော်ပြသည်။
ဘုရားသခင်၏သြဇာအာဏာနှင့်တန်ခိုးတော် နေရာတိုင်းတည်ရှိမှုကို မြင်တွေ့သောအခါ
ဘုရားသခင်သည် နေရာတိုင်း၊ အချိန်တိုင်းတွင် တည်ရှိကြောင်း မြင်တွေ့ရလိမ့်မည်။
ဘုရားသခင်၏အခွင့်အာဏာနှင့်တန်ခိုးတော်သည် အချိန်၊
ဒေသ၊ လူ၊ အခြေအနေ၊ မည်သည့်အရာကမှ ကန့်သတ်မထားပါ။
သူ၏အခွင့်အာဏာနှင့်တန်ခိုးတော်ကိုလူသားတို့ မကြံဆနိုင်။
အပြည့်အဝနားလည်သဘောပေါက်ရန် ခဲယဉ်းသည်ဟုသူတို့ ခံစားရသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။