ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂) အခန်း နှစ်

၅။ ဇာတိပကတိ၏ သက်သာမှုများကို တပ်မက်ခြင်းနှင့် သက်ဆိုင်သော ပြဿနာများ

ဇာတိပကတိ၏ သက်သာမှုကို တပ်မက်ခြင်းသည်လည်း ဆိုးရွားသော ပြဿနာတစ်ရပ်ဖြစ်သည်။ ဇာတိပကတိ၏ သက်သာမှုကို တပ်မက်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်အချို့မှာ မည်သည့်အရာ ဖြစ်သည်ဟု သင်တို့ ထင်မြင်ကြသနည်း။ သင်တို့၏ ကိုယ်ပိုင်အတွေ့အကြုံများတွင် မြင်ရပြီးဖြစ်သည့်အရာမှ မည်သည့်ဥပမာများကို သင်တို့ ပေးနိုင်သနည်း။ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မွေ့လျော်ခံစားခြင်းသည် ပါဝင်သလော။ (ပါဝင်ပါသည်။) အခြားမည်သည့်အရာ ရှိသေးသနည်း။ (မိမိတာဝန်များကို ထမ်းဆောင်သည့်အခါတွင် ခက်ခဲသော လုပ်ငန်းဆောင်တာများထက် လွယ်ကူသော လုပ်ငန်းဆောင်တာများကို ပိုမိုနှစ်သက်ခြင်းနှင့် ပေါ့ပါးသောအလုပ်ကို အစဉ်သဖြင့် ရွေးချယ်လိုခြင်းတို့ ဖြစ်သည်။) တာဝန်တစ်ခုထမ်းဆောင်သောအခါတွင် လူတို့သည် ပေါ့ပါးသောအလုပ်၊ ပင်ပန်းခြင်း မရှိသောအလုပ်နှင့် အပြင်တွင် ရာသီဥတုဒဏ်ခံရခြင်း မပါဝင်သောအလုပ်ကို အစဉ် ရွေးချယ်ကြသည်။ ဤသည်မှာ လွယ်ကူသော အလုပ်များကို ရွေးခြင်းနှင့် ခက်ခဲသော အလုပ်များကို ခေါင်းရှောင်ခြင်း ဖြစ်ပြီး ဇာတိပကတိ သက်သာမှုများကို တပ်မက်ခြင်း၏ သရုပ်သကန် ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (သူတို့၏ တာဝန်က အနည်းငယ် ခက်ခဲသောအခါ၊ အနည်းငယ် ပင်ပန်းသောအခါ၊ အဖိုးအခပေးဆပ်ခြင်း ပါဝင်သောအခါ အစဉ်သဖြင့် ညည်းညူခြင်း ဖြစ်ပါသည်။) (အစားအစာနှင့် အဝတ်အစားအပြင် ဇာတိပကတိ၏ သာယာမှုများကို စိတ်ရောက်နေခြင်း ဖြစ်ပါသည်။) ဤအရာအားလုံးသည် ဇာတိပကတိ သက်သာမှုကို တပ်မက်ခြင်း၏ သရုပ်သကန်များ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် အလုပ်တာဝန်တစ်ခုက ပင်ပန်းခက်ခဲလွန်းသည်၊ သို့မဟုတ် အန္တရာယ်များသည်ဟု မြင်သည့်အခါ အခြားလူတစ်ဦးအပေါ် လွှဲပေးလိုက်သည်။ ၎င်းတို့ကိုယ်တိုင်ကမူ အေးအေးဆေးဆေး အလုပ်ကိုသာ လုပ်ပြီး ၎င်းတို့သည် အစွမ်းအစ ညံ့ဖျင်းကြောင်း၊ အလုပ် လုပ်နိုင်စွမ်း ကင်းမဲ့ကြောင်းနှင့် ဤအလုပ်တာဝန်ကို တာဝန်ယူထမ်းရွက်နိုင်ခြင်း မရှိကြောင်း ပြောဆိုလျက် ဆင်‌ခြေများပေးကြသည်။ အမှန်မှာမူ ၎င်းတို့သည် ဇာတိပကတိ၏ သက်သာမှုများကို မက်မောသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့် တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ဆင်းရဲဒုက္ခခံလိုစိတ် မရှိကြပေ။ ၎င်းတို့အနေဖြင့် အလုပ်ပြီးသွားသည်နှင့်တစ်ပြိုင်နက် ဝက်သားနှပ် စားရမည်ဟု ပြောလိုက်လျှင် အလုပ်ကို အလွန်လျင်မြန်စွာနှင့် ထိရောက်စွာ လုပ်ဆောင်ကြပြီး ၎င်းတို့ကို နှိုးဆော်ရန်မလို၊ တွန်းအားပေးရန်မလို၊ သို့မဟုတ် စောင့်ကြည့်နေရန် မလိုပေ။ သို့သော် ၎င်းတို့ စားစရာ ဝက်သားနှပ် မရှိသည့်အပြင် ၎င်းတို့၏ တာဝန်ကို အချိန်ပို ထမ်းဆောင်ရမည်ဆိုလျှင် အချိန်ဆွဲကြပြီး ရွှေ့ဆိုင်းရန် အကြောင်းပြချက်နှင့် ဆင်ခြေမျိုးစုံ ရှာကြသည့်အပြင် အတန်ကြာ ထိုသို့ လုပ်ဆောင်ပြီးနောက်တွင် ၎င်းတို့က “ကျွန်ုပ် ခေါင်းမူးနေပြီ၊ ခြေထောက်များ ထုံနေပြီ၊ ပင်ပန်းလွန်းနေပြီ။ ကိုယ်ခန္ဓာတစ်ခုလုံး နာကျင်နေပြီး အတန်ငယ် အနားယူ၍ ရနိုင်သလော”ဟု ပြောကြသည်။ ဤနေရာတွင် ပြဿနာကား အဘယ်နည်း။ ၎င်းတို့သည် ဇာတိပကတိ၏ သက်သာမှုကို တပ်မက်ကြခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်သောအခါ အခက်အခဲများကို အစဉ်သဖြင့် ညည်းညူကြပြီး အားထုတ်ရန် ဝန်လေးကြသည့်အပြင် အားလပ်ချိန် အနည်းငယ် ရသည်နှင့် တစ်ပြိုင်နက် အနားယူခြင်း၊ အကျိုးမဲ့ စကားစမြည် ပြောဆိုခြင်း၊ သို့မဟုတ် အပန်းဖြေ ပျော်ပါးခြင်းတို့ကို ပြုလုပ်ကြသည်။ ပြီးလျှင် အလုပ်များလာပြီး ၎င်းတို့ဘဝများ၏ ပုံမှန်လှုပ်ရှားမှုနှင့် လုပ်ရိုးလုပ်စဉ်တို့ ပျက်သည့်အခါ ၎င်းတို့က ယင်းနှင့်ပတ်သက်၍ မပျော်မရွှင်ဖြစ်ပြီး ကျေနပ်မှုမရှိကြပေ။ ၎င်းတို့က ညည်းညူပြီး စောဒကတက်ကြကာ မိမိတို့၏တာဝန် ထမ်းဆောင်ခြင်းတွင် ဝတ်ကျေတမ်းကျေ ဖြစ်လာသည်။ ဤသည်မှာ ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်ခြင်းကို တပ်မက်ခြင်း မဟုတ်သလော။ ဥပမာအနေဖြင့် အချို့သောအမျိုးသမီးများသည် မိမိတို့၏ ပုံပန်းကို ထိန်းသိမ်းရန်အလို့ငှာ နေ့စဉ် သတ်မှတ်ထားသည့် အချိန်များတွင် လေ့ကျင့်ခန်းများ ပြုလုပ်ကြပြီး အိပ်ရေးဝဝ အိပ်ကြသည်။ သို့သော် အလုပ်များပြားလာပြီး ထိုနေ့စဉ်လုပ်ရိုးလုပ်စဉ်များ ထိခိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့က “ဤသည်မှာ မကောင်းပါ။ ဤအလုပ်ကို လုပ်ဆောင်ခြင်းက အမှုအရာများကို လွန်စွာနှောင့်နှေးစေသည်။ ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ငါ ထိခိုက်ခွင့်မပေးနိုင်ပါ။ ကျွန်ုပ်ကို လောဆော်ရန် ကြိုးစားသူ မည်သူ့ကိုမျှ ကျွန်ုပ် အာရုံစိုက်မည် မဟုတ်ပါ။ ကျွန်ုပ်၏ ကိုယ်ပိုင်အရှိန်ဖြင့် ကျွန်ုပ် လုပ်မြဲလုပ်ဆောင်မည်။ ယောဂလုပ်ချိန်ရောက်လျှင် ယောဂလုပ်မည်။ အိပ်ရေးဝဝ အိပ်ချိန်ရောက်လျှင် အိပ်ရေးဝဝအိပ်မည်။ ကျွန်ုပ် ယခင်က လုပ်ဆောင်ခဲ့သည့်အတိုင်း ဤအရာများကို ကျွန်ုပ် ဆက်လက်၍ လုပ်ဆောင်သွားမည်။ ကျွန်ုပ်သည် သင်တို့အားလုံးလောက် မိုက်မဲခြင်းနှင့် အလုပ်ကြိုးစားခြင်း မရှိပါ။ နှစ်အနည်းငယ်အတွင်းတွင် သင်တို့အားလုံးသည် အသက်ကြီးသည့်၊ သာမန်အသွင်ရှိသော အမျိုးသမီးများအဖြစ်သို့ ပြောင်းလဲသွားကြလိမ့်မည်။ သင်တို့၏ ခန္ဓာကိုယ်များ ယိုယွင်းလာကာ ကျစ်လျစ်သွယ်လျတော့မည် မဟုတ်ပေ။ မည်သူကမျှ သင်တို့ကို ကြည့်ရှုလိုလိမ့်မည် မဟုတ်သကဲ့သို့ ဘဝတွင် ယုံကြည်စိတ်ချမှုတစ်ခုမျှ ရှိမည်မဟုတ်ပါ”ဟု ဆိုလျက် စိတ်မချမ်းမသာ ဖြစ်လာကြသည်။ ၎င်းတို့၏ သွေးသား ပျော်ရွှင်မှုကို ဖြည့်ဆည်းခြင်းအတွက်၊ အလှအပ၊ အခြားသူများ နှစ်သက်ခြင်းနှင့် ပိုမို ယုံကြည်စိတ်ချမှုဖြင့် အသက်ရှင်ရန်အတွက်၊ ၎င်းတို့သည် တာဝန်များကို ထမ်းဆောင်ခြင်းဖြင့် မည်မျှပင် အလုပ်များနေစေကာမူ မိမိတို့ ဇာတိပကတိ၏ ပျော်ရွှင်မှုများနှင့် နှစ်သက်မှုများကို စွန့်လွှတ်ရန် ငြင်းဆန်ကြသည်။ ဤသည်မှာ ဇာတိပကတိ၏ သက်သာမှုများကို မွေ့လျော်ခြင်းပင် ဖြစ်သည်။ အချို့က “ဘုရားသခင် စိုးရိမ်သောကရောက်နေပြီး ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသင့်သည်”ဟု ဆိုကြသည်။ သို့သော် ဤအမျိုးသမီးများကမူ “ဘုရားသခင် စိုးရိမ်သောက ရောက်သည်ကို ကျွန်ုပ် မမြင်ဖူးပါ။ ကျွန်ုပ် စိုးရိမ်သောက မရောက်သရွေ့ အဆင်ပြေပါသည်။ အကယ်၍ ကျွန်ုပ်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များအတွက် အလေးထားမှု ပြရမည်ဆိုပါက ကျွန်ုပ်၏ ရည်ရွယ်ချက်များကို မည်သူက အလေးထားမှုပြမည်နည်း”ဟု ပြောဆိုကြသည်။ ထိုသို့သော အမျိုးသမီးများတွင် လူ့သဘာဝ ရှိသလော။ ၎င်းတို့သည် နတ်ဆိုးများ ဖြစ်ကြသည် မဟုတ်လော။ ထို့အပြင် ၎င်းတို့၏ အလုပ်က မည်မျှ များပြားပြီး ဖိစီးနေသည်ဖြစ်စေ၊ ၎င်းတို့၏ ဝတ်စားဆင်ယင်ပုံနှင့် ဝတ်ဆင်သည့်အရာကို ထိခိုက်ခွင့်ပေးကြမည် မဟုတ်သည့် လူအချို့လည်း ရှိသည်။ ၎င်းတို့သည် နေ့စဉ် မိတ်ကပ်လိမ်းခြင်းအတွက် နာရီပေါင်းများစွာ ကုန်ဆုံးကြပြီး တစ်ရက်ချင်းစီတွင် ဖိနပ်အစုံများနှင့်လိုက်ဖက်မည့် မည်သည့်အဝတ်အစားများ ဝတ်ရမည်ဆိုသည်နှင့် အလှအပ ထိန်းသိမ်းမှုများနှင့် နှိပ်နယ်ခြင်းများ လုပ်ဆောင်ရမည့်အချိန်ကို မိမိတို့၏ ကိုယ်ပိုင်လိပ်စာကဲ့သို့ ရှင်းလင်းစွာ မှတ်မိကြကာ ဤအရာများနှင့်ပတ်သက်၍ ရောထွေးခြင်း မရှိကြချေ။ သို့သော် သမ္မာတရား မည်မျှ ၎င်းတို့နားလည်ကြသည်၊ မည်သည့်သမ္မာတရားများကို ၎င်းတို့ နားမလည်သေးသည်၊ သို့မဟုတ် မဝင်ရောက်ရသေးသည်၊ မည်သည့်အရာများကို ဝတ်ကျေတမ်းကျေ ပုံစံနှင့် သစ္စာစောင့်သိမှုမရှိဘဲ ကိုင်တွယ်နေကြသေးသည်၊ မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ ထုတ်ဖော်ပြီးဖြစ်သည်ဆိုသည်နှင့် အသက်ဝင်ရောက်မှု ပါဝင်သည့် သမ္မာတရားနှင့်ဆက်စပ်သော ထိုသို့သော အခြားကိစ္စရပ်များကိုမူ ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့ လုံးဝကို တစ်ခုမျှ မသိကြပေ။ ထိုအရာများအကြောင်းကို မေးမြန်းခြင်းခံရသည့်အခါ၊ ၎င်းတို့ လုံးဝ မသိနားမလည်ဖြစ်ကြသည်။ သို့တိုင်အောင် ဇာတိပကတိ၏ ပျော်ရွှင်မှုများဖြစ်သည့် စားခြင်း၊ သောက်ခြင်းနှင့် ဖျော်ဖြေမှုတို့နှင့်ဆက်စပ်သည့် အကြောင်းအရာများနှင့် ပတ်သက်လာသည့်အခါ မပြီးနိုင်မဆုံးနိုင်အောင် တတွတ်တွတ် ပြောနိုင်ကြသည်။ ၎င်းတို့ကို တားဖို့ မဖြစ်နိုင်ပေ။ အသင်းတော်၏ အလုပ်သည် မည်မျှပင် များပြားစေကာမူ သို့မဟုတ် ၎င်းတို့၏ တာဝန်များ မည်မျှပင် များပြားစေကာမူ ၎င်းတို့၏ နေ့စဉ်ဘဝ အမူအကျင့်နှင့် သာမန်အနေအထားသည် မည်သည့်အခါမျှ ပျက်ပြားသွားခြင်း မရှိပေ။ ၎င်းတို့၏ ဇာတိပကတိဆိုင်ရာ ဘဝများ၏ အသေးအဖွဲကိစ္စတစ်ခုခုနှင့်ပတ်သက်လာသောအခါ ၎င်းတို့သည် လုံးဝ မပေါ့ဆကြဘဲ ဤအရာများကို ပြီးပြည့်စုံအောင် စီစဉ်ကြပြီး ဤကိစ္စနှင့်ပတ်သက်၍ အလွန် တင်းကျပ်၍ အလေးအနက်ထားကြသည်။ သို့ရာတွင် ဘုရားသခင်၏ အိမ်တော်အလုပ်နှင့်ပတ်သက်လာသောအခါ ကိစ္စသည် မည်မျှပင် ကြီးမားစေကာမူ၊ ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးနှင့်ပင် သက်ဆိုင်နေစေကာမူ ၎င်းတို့သည် ယင်းကို ပေါ့ပေါ့ဆဆသာ ကိုင်တွယ်ဖြေရှင်းကြသည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် ပါဝင်သော ထိုအရာများကိုပင်၊ သို့မဟုတ် ၎င်းတို့ ထမ်းဆောင်သင့်သည့် တာဝန်ကိုပင် ဂရုမစိုက်ပေ။ ၎င်းတို့သည် လုံးဝ တာဝန်ယူခြင်းမရှိပေ။ ဤသည်မှာ ဇာတိပကတိ သက်သာမှုများကို မွေ့လျော်ခံစားခြင်း မဟုတ်လော။ ဇာတိပကတိ သက်သာမှုကို မွေ့လျော်ခံစားသော လူများသည် တာဝန်တစ်ခု ထမ်းဆောင်ဖို့အတွက် သင့်တော်သည့် လူများ ဖြစ်သလော။ လူတစ်ဦးက မိမိ၏တာဝန် ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာကို ထုတ်ပြောလျှင်ပြောချင်း သို့မဟုတ် အဖိုးအခပေးခြင်းနှင့် ဒုက္ခခံခြင်းအကြောင်း ပြောလျှင်ပြောချင်း ၎င်းတို့သည် မိမိတို့၏ခေါင်းများကို မပြတ်ခါကြပေသည်။ ၎င်းတို့၌ အခက်အခဲများစွာ ရှိသည်၊ ၎င်းတို့သည် စောဒကအပြည့်ရှိကြပြီး အပျက်သဘောဆောင်ခြင်းနှင့် ပြည့်နေကြသည်။ ထိုသို့သော လူများသည် အသုံးမကျပေ၊ ၎င်းတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ဖို့ အရည်အချင်းမပြည့်မီသဖြင့် ဖယ်ရှားရှင်းလင်းခြင်း ခံရသင့်သည်။ ဇာတိပကတိ၏ သက်သာမှုများကို တပ်မက်ခြင်း အကြောင်းနှင့်ပတ်သက်ပြီး ဤတွင် အပြီးသတ်မည်။

၆။ မိမိကိုယ်ကို သိကျွမ်းခြင်းနှင့် သက်ဆိုင်သော အခက်အခဲများ

မိမိကိုယ်ကို သိကျွမ်းခြင်းသည် အသက်ဝင်ရောက်မှု၏ အရေးအပါဆုံးသော ကဏ္ဍဖြစ်သည်။ သို့သော် လူအများစုအတွက်မူ ၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့် သို့မဟုတ် မလိုက်စားသောကြောင့် မိမိတို့ကိုယ်ကို သိကျွမ်းခြင်းသည် ၎င်းတို့၏ အကြီးမားဆုံးသော အခက်အခဲ ဖြစ်လာသည်။ ထို့ကြောင့် သမ္မာတရားကို မချစ်သောသူတို့သည် မိမိတို့ကိုယ်ကို စစ်မှန်စွာ မသိကျွမ်းနိုင်သည်မှာ သေချာသည်။ မိမိကိုယ်ကို သိကျွမ်းခြင်းတွင် မည်သည့်ကဏ္ဍများ ရှိသနည်း။ ပထမအချက်မှာ လူတစ်ဦး၏ စကားနှင့် အပြုအမူများတွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ထုတ်ဖော်ပြသည်ကို သိခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ယင်းမှာ မာနထောင်လွှားခြင်းဖြစ်ကာ အခြားအချိန်များတွင် လှည့်ဖြားတတ်ခြင်း၊ သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်ခြင်း၊ မာကျောခြင်း၊ သို့မဟုတ် သစ္စာဖောက်ခြင်း စသည်တို့ ဖြစ်သည်။ ထို့အပြင် တစ်စုံတစ်ခု လူတစ်ဦးအပေါ် ကျရောက်သည့်အခါ ၎င်းတို့တွင် သမ္မာတရားနှင့် မကိုက်ညီသော မည်သည့်ရည်ရွယ်ချက်များ သို့မဟုတ် စေ့ဆော်မှုများ ရှိမရှိကို သိရန် မိမိတို့ကိုယ်ကို ဆန်းစစ်သင့်သည်။ ၎င်းတို့၏ စကား သို့မဟုတ် အပြုအမူများတွင် ဘုရားသခင်ကို အတိုက်အခံလုပ်သော သို့မဟုတ် ပုန်ကန်သော တစ်စုံတစ်ရာ ရှိမရှိကိုလည်း ဆန်းစစ်သင့်သည်။ အထူးသဖြင့် ၎င်းတို့သည် မိမိတို့၏ တာဝန်နှင့်ပတ်သက်လာလျှင် တာဝန်သိစိတ် ရှိမရှိနှင့် သစ္စာစောင့်သိခြင်း ရှိမရှိ၊ ဘုရားသခင်အတွက် ရိုးသားစွာ အသုံးခံခြင်း ရှိမရှိ၊ အရောင်းအဝယ်လုပ်ခြင်း သို့မဟုတ် ဝတ်ကျေတမ်းကျေဖြစ်ခြင်း ရှိမရှိကို ဆန်းစစ်သင့်သည်။ မိမိကိုယ်ကို သိကျွမ်းခြင်းဆိုသည်မှာ လူတစ်ဦးတွင် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများ၊ အလွန်အကျွံ တောင်းဆိုမှုများ၊ သို့မဟုတ် နားလည်မှုလွဲမှားခြင်းများနှင့် မကျေနပ်ချက်များ ရှိမရှိနှင့် ကျိုးနွံနာခံလိုစိတ် ရှိမရှိကို သိခြင်းဖြစ်သည်။ ယင်းမှာ ကိုယ်တော် စီစဉ်ညွှန်ကြားသည့် အခြေအနေများ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချဉ်းကပ်သည့်အခါ သမ္မာတရားကို ရှာဖွေနိုင်ခြင်း၊ ဘုရားသခင်ထံမှ ခံယူနိုင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး ရှိခြင်းတို့ ရှိမရှိကို သိခြင်းတို့ကို ဆိုလိုသည်။ ယင်းမှာ လူတစ်ဦးတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိနှင့် သမ္မာတရားကို ချစ်မြတ်နိုးသူ ဟုတ်မဟုတ်ကို သိခြင်းကို ဆိုလိုသည်။ ယင်းမှာ အမှုအရာများ မိမိအပေါ် ကျရောက်သည့်အခါ ကျိုးနွံနာခံခြင်း သို့မဟုတ် အငြင်းအခုံလုပ်ရန် ကြိုးစားခြင်း ရှိမရှိနှင့် ဤအရေးကိစ္စများအပေါ် ၎င်း၏ ချဉ်းကပ်မှုတွင် အယူအဆများနှင့် စိတ်ကူးများအပေါ်ဖြစ်စေ၊ သမ္မာတရားကို ရှာဖွေခြင်းအပေါ်ဖြစ်စေ မှီခိုခြင်း ရှိမရှိကို သိခြင်းကို ဆိုလိုသည်။ ဤအရာအားလုံးသည် မိမိကိုယ်ကို သိကျွမ်းခြင်း၏ နယ်ပယ်ဖြစ်သည်။ လူတစ်ဦးသည် အမျိုးမျိုးသော အခြေအနေများနှင့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် မိမိတို့၏ သဘောထားအရ မိမိတို့သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်း ရှိမရှိနှင့် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း ရှိမရှိကို ဆင်ခြင်သုံးသပ်သင့်သည်။ အကယ်၍ လူတစ်ဦးသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိကျွမ်းလာနိုင်ပြီး ဘုရားသခင်အပေါ် မိမိ၏ ပုန်ကန်မှု မည်မျှကြီးမားသည်ကို မြင်နိုင်ပါက ထိုသူသည် ကြီးထွားရင့်ကျက်လာပြီ ဖြစ်သည်။ ထို့အပြင် ဘုရားသခင်ကို မိမိ၏ဆက်ဆံခြင်းတွင် ပါဝင်သည့် အရေးကိစ္စများနှင့် ပတ်သက်လာလျှင် လူတစ်ဦးသည် ဘုရားသခင်၏ နာမတော်နှင့် လူ့ဇာတိခံယူခြင်းကို သဘောထားပြုမူရာတွင် အယူအဆများ၊ ကြောက်ရွံ့ခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်းတို့ ရှိမရှိ၊ အထူးသဖြင့် သမ္မာတရားနှင့်ပတ်သက်၍ မိမိ၏ သဘောထားမှာ အဘယ်အရာဖြစ်သည်ကို ဆင်ခြင်သုံးသပ်သင့်သည်။ လူတစ်ဦးသည် မိမိ၏ ချို့တဲ့မှုများ၊ မိမိ၏ ဝိညာဉ်ရင့်ကျက်မှုနှင့် မိမိတွင် သမ္မာတရား လက်တွေ့ကျမှု ရှိမရှိကိုလည်းကောင်း၊ မိမိ၏ လိုက်စားမှုနှင့် မိမိလျှောက်လှမ်းသည့် လမ်းကြောင်းသည် မှန်ကန်ခြင်း ရှိမရှိနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီခြင်း ရှိမရှိကိုလည်းကောင်း သိသင့်သည်။ ဤသည်တို့အားလုံးမှာ လူတို့ သိသင့်သည့် အရာများ ဖြစ်ကြသည်။ အချုပ်အားဖြင့်ဆိုသော် မိမိကိုယ်ကို သိကျွမ်းခြင်း၏ အမျိုးမျိုးသော ကဏ္ဍများတွင် အနှစ်သာရအားဖြင့် အောက်ပါတို့ ပါဝင်သည်။ မိမိ၏ အစွမ်းအစ မြင့်မားခြင်း သို့မဟုတ် နိမ့်ကျခြင်း ရှိမရှိကို သိခြင်း၊ မိမိ၏ စရိုက်ကို သိခြင်း၊ မိမိ၏ အပြုအမူများတွင်ရှိသော ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများကို သိခြင်း၊ မိမိထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သဘာဝ အနှစ်သာရကို သိခြင်း၊ မိမိ၏ နှစ်သက်မှုများနှင့် လိုက်စားမှုကို သိခြင်း၊ မိမိလျှောက်လှမ်းသည့် လမ်းကြောင်းကို သိခြင်း၊ အမှုအရာများအပေါ် မိမိ၏ ရှုမြင်ပုံများကို သိခြင်း၊ မိမိ၏ ဘဝအပေါ် ရှုမြင်ပုံနှင့် တန်ဖိုးထားမှုများကို သိခြင်း၊ ဘုရားသခင်နှင့် သမ္မာတရားအပေါ် မိမိ၏ သဘောထားကို သိခြင်းတို့ ဖြစ်သည်။ မိမိကိုယ်ကို သိကျွမ်းခြင်းတွင် အဓိကအားဖြင့် ဤကဏ္ဍများ ပါဝင်သည်။

၇။ ဘုရားသခင်ကို ဆက်ဆံရာတွင် လူတို့၏ အမျိုးမျိုးသော သရုပ်သကန်များ

အသက်ဝင်ရောက်မှုနှင့်ပတ်သက်သည့် နောက်အကြောင်းအရာတစ်ခုမှာ ဘုရားသခင်ကို ဆက်ဆံရာတွင် လူတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် သက်ဆိုင်သည်။ ဥပမာအားဖြင့် ဘုရားသခင်အပေါ် အယူအဆများ ရှိခြင်း၊ ကိုယ်တော်အပေါ် နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်လာပြီး ကိုယ်တော်အပေါ် သတိထားရှောင်ကြဉ်ခြင်း၊ ကိုယ်တော်ထံမှ ကျိုးကြောင်းမညီညွတ်သော တောင်းဆိုမှုများ ပြုလုပ်ခြင်း၊ ကိုယ်တော်ကို အစဉ်သဖြင့် ရှောင်ရှားလိုခြင်း၊ ကိုယ်တော်ပြောဆိုသည့် နှုတ်ကပတ်တော်များကို မနှစ်သက်ခြင်းနှင့် ကိုယ်တော်ကို အစဉ်မပြတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် ကြိုးစားခြင်းတို့ ရှိသည်။ ထို့အပြင် ဘုရားသခင်၏ အနန္တတန်ခိုးကို ထိုးထွင်းမမြင်နိုင်ခြင်း သို့မဟုတ် အသိအမှတ်မပြုနိုင်ခြင်းအပြင် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီစဉ်မှုများနှင့် သြဇာအာဏာတို့အပေါ် သံသယသဘောထားကို အစဉ်သဖြင့် ထားရှိခြင်းနှင့် ဤအရာများနှင့်ပတ်သက်၍ သိမြင်မှု လုံးဝကင်းမဲ့ခြင်းတို့လည်း ရှိသည်။ ထို့အပြင် ဘာသာတရားမရှိသူများနှင့် လောကီက ဘုရားသခင်အပေါ် ဆောင်ကြဉ်းလာသည့် အသရေဖျက်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းကို ရှောင်ရှားရန် သို့မဟုတ် ငြင်းပယ်ရန် ပျက်ကွက်သည်သာမက ဆန့်ကျင်ဘက်အနေဖြင့် ယင်းမှာ မှန်ကန်ခြင်း သို့မဟုတ် အဖြစ်မှန် ဟုတ်မဟုတ်ကို မေးမြန်းလိုခြင်းလည်း ရှိသည်။ ဤသည်မှာ ဘုရားသခင်ကို သံသယဖြစ်ခြင်း မဟုတ်လော။ ဤသရုပ်သကန်များအပြင် အခြားမည်သည့်အရာများ ရှိသေးသနည်း။ (ဘုရားသခင်ကို သံသယဖြစ်ခြင်းနှင့် ဘုရားသခင်ကို စမ်းသပ်ခြင်းတို့ ဖြစ်ပါသည်။) (ဘုရားသခင်ကို မျက်နှာချိုသွေးရန် ကြိုးစားခြင်း ဖြစ်ပါသည်။) (ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို လက်မခံလိုခြင်း ဖြစ်ပါသည်။) ဘုရားသခင်သည် လူတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်သည်ကို သံသယဖြစ်လျက် တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို လက်မခံလိုခြင်းလည်း ရှိသည်။ (ဘုရားသခင်ကို ဆန့်ကျင်ခြင်းလည်း ရှိပါသည်။) ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် ကိုယ်တော်အား ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်းဟူသည့် သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။ ဘုရားသခင်ကို ဆက်ဆံရန်၊ ကိုယ်တော်နှင့် စကားပြောရန်နှင့် ကိုယ်တော်နှင့် ပေါင်းသင်းဆက်ဆံရန် မလေးမခန့်နှင့် မထီမဲ့မြင်ပြုသော သဘောထားကို အသုံးပြုခြင်းလည်း ရှိသည်။ အခြားရှိသေးသလော။ (ဘုရားသခင်အပေါ် ဝတ်ကျေတမ်းကျေဖြစ်ခြင်းနှင့် ကိုယ်တော်ကို လှည့်ဖြားခြင်း ဖြစ်ပါသည်။) (ဘုရားသခင်အပေါ် စောဒကတက်ခြင်း ဖြစ်ပါသည်။) အရေးကိစ္စများနှင့် ရင်ဆိုင်ရသည့်အခါ မည်သည့်အခါမျှ ကျိုးနွံနာခံခြင်း သို့မဟုတ် သမ္မာတရားကို ရှာဖွေခြင်းမရှိဘဲ မိမိဘက်မှ အကြောင်းပြချက်ပေးကာ အစဉ်သဖြင့် စောဒကတက်ခြင်းလည်း ရှိသည်။ (ဘုရားသခင်ကို ဝေဖန်ပိုင်းခြားခြင်းနှင့် ပြစ်မှားစော်ကားခြင်းလည်း ရှိပါသည်။) (အဆင့်အတန်းအတွက် ဘုရားသခင်ကို ယှဉ်ပြိုင်ခြင်း ရှိပါသည်။) (ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းနှင့် အမြတ်ထုတ်ခြင်း ရှိပါသည်။) (ဘုရားသခင်ကို ငြင်းပယ်ခြင်း၊ ပစ်ပယ်ခြင်းနှင့် သစ္စာဖောက်ခြင်း ရှိပါသည်။) ဤသည်တို့အားလုံးမှာ အနှစ်သာရပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို ဆက်ဆံရာတွင် လူတို့၌ ဖြစ်ပေါ်သည့် အမျိုးမျိုးသော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်ကြသည်။ ဤသည်တို့မှာ အခြေခံအားဖြင့် လူတို့ ဘုရားသခင်ကို ဆက်ဆံပုံ၏ အမျိုးမျိုးသော သရုပ်သကန်များ ဖြစ်ကြသည်။

၈။ သမ္မာတရားကို လူတို့၏ သဘောထားပြုမူခြင်း၌ ၎င်းတို့၏ သဘောထားများနှင့် အမျိုးမျိုးသော သရုပ်သကန်များ

အသက် ဝင်ရောက်မှုနှင့်ဆိုင်သော အကြောင်းအရာ၏ နောက်ထပ် ကဏ္ဍတစ်ခုမှာ လူတို့ သမ္မာတရားကို သဘောထားပြုမူပုံ ဖြစ်သည်။ ဤကဏ္ဍတွင် မည်သည့် သရုပ်သကန်များ ရှိသနည်း။ သမ္မာတရားကို သဘောတရားတစ်ခုအဖြစ် သို့မဟုတ် ဆောင်ပုဒ်တစ်ခုအဖြစ်ဖြစ်စေ၊ စည်းမျဉ်းစည်းကမ်းတစ်ခုအဖြစ်ဖြစ်စေ၊ အသင်းတော်ကို ကပ်စားပြီး အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားရန်အတွက် အရင်းအနှီးအဖြစ်ဖြစ်စေ သဘောထားပြုမူခြင်း ရှိသည်။ ဤအရာကို ထပ်၍ ဖြည့်စွက်လော့။ (သမ္မာတရားကို ဝိညာဉ်ရေးရာ အာဟာရဖြည့်တင်းမှုတစ်ခုအဖြစ် သဘောထားပြုမူခြင်း ဖြစ်ပါသည်။) လူတစ်ဦး၏ ဝိညာဉ်ရေးရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန် သမ္မာတရားကို ဝိညာဉ်ရေးရာ အာဟာရဖြည့်တင်းမှုတစ်ခုအဖြစ် သဘောထားပြုမူခြင်း ရှိသည်။ (သမ္မာတရားကို လက်မခံဘဲ ယင်းအပေါ် အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်ပါသည်။) ဤသည်မှာ သမ္မာတရားအပေါ် ထားရှိသော သဘောထားတစ်ခု ဖြစ်သည်။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အခြားသူများကို ဖော်ထုတ်ရန် ရည်ရွယ်သည်ဟုလည်းကောင်း၊ မိမိတို့နှင့် မသက်ဆိုင်ဟုလည်းကောင်း တွေးထင်ပြီး မိမိတို့ကိုယ်ကို သမ္မာတရား၏ သခင်များအဖြစ် မှတ်ယူခြင်း ဖြစ်ပါသည်။) သင်သည် ဤသရုပ်သကန်ကို အတော်အတန် သင့်လျော်စွာ သရုပ်ဖော်ခဲ့သည်။ ဤသရုပ်သကန်ရှိသော လူတို့သည် ဘုရားသခင် မိန့်ကြားသော သမ္မာတရားအားလုံးကို ၎င်းတို့ နားလည်သည်ဟုလည်းကောင်း၊ ကိုယ်တော် ဖော်ထုတ်သည့် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အနှစ်သာရများသည် ၎င်းတို့ကို မဟုတ်ဘဲ အခြားသူတို့ကို ရည်ညွှန်းသည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သမ္မာတရား၏ သခင်များအဖြစ် ရှုမြင်ကြပြီး မိမိတို့ကိုယ်တိုင်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ကင်းမဲ့နေသည့်အလား၊ သမ္မာတရား၏ ပြယုဂ်နှင့် သမ္မာတရား၏ ပြောရေးဆိုခွင့်ရှိသူများ ဖြစ်နှင့်ပြီးသည့်အလား အခြားသူများကို ဩဝါဒခြွေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ အသုံးပြုကြသည်။ ၎င်းတို့သည် မည်သို့သော အမှိုက်မျိုး ဖြစ်သနည်း။ ၎င်းတို့သည် သမ္မာတရား၏ ပြယုဂ် ဖြစ်လိုကြသည်၊ ၎င်းတို့သည် ပေါလုကဲ့သို့ပင် မဟုတ်လော။ ပေါလုသည် သခင်ယေရှုက ခရစ်တော်နှင့် ဘုရားသခင်ဖြစ်သည်ကို ငြင်းပယ်ခဲ့သည်၊ သူကိုယ်တိုင်က ခရစ်တော်နှင့် ဘုရားသခင်၏ သားတော် ဖြစ်လိုခဲ့သည်။ ဤလူတို့သည် ပေါလုနှင့် တူကြသည်၊ ၎င်းတို့သည် သူနှင့် အမျိုးအစားတူဖြစ်ပြီး အန္တိခရစ်များ ဖြစ်ကြသည်။ အခြား ရှိသေးသလော။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာမန်လူတစ်ဦး၏ နှုတ်ကပတ်တော်များအဖြစ် သဘောထားပြုမူခြင်း၊ လက်တွေ့လုပ်ဆောင်ရမည့် သမ္မာတရားအဖြစ် သဘောထားပြုမူမှု မရှိခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များအပေါ် ပယ်ချပြီး ဖြစ်ကတတ်ဆန်းနိုင်သော သဘောထားရှိခြင်း ဖြစ်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး လက်တွေ့လုပ်ဆောင်ရမည့် သမ္မာတရားအဖြစ် သဘောထားပြုမူခြင်း မရှိဘဲ လူ့စကားများအဖြစ် သဘောထားပြုမူခြင်း၊ ဤသည်မှာ တစ်ခုဖြစ်သည်။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘာသာတရားမရှိသူများ၏ အတွေးအခေါ်များ၊ သီအိုရီများနှင့် ဆက်စပ်ခြင်း ဖြစ်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတွေးအခေါ်များနှင့် ဆက်စပ်ခြင်း၊ နာမည်ကြီးပြီး ကြီးမြတ်သောလူများ၏ လူသိများသော ဆိုရိုးစကားများကို သမ္မာတရားအဖြစ် မှတ်ယူစဉ်တွင် ဘုရားနှုတ်ကပတ်တော်များကို အလှဆင်ပစ္စည်းများ သို့မဟုတ် အနှစ်သာရမရှိသော စကားများအဖြစ် သဘောထားပြုမူခြင်း၊ အသိပညာ၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို သမ္မာတရားအဖြစ် သဘောထားပြုမူပြီး ဘုရားနှုတ်ကပတ်တော်များနေရာတွင် ယင်းတို့ဖြင့် အစားထိုးခြင်းတို့ ရှိသည်။ ဤသရုပ်သကန်ကို ပြသသောလူများသည် အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို သက်သေခံပြီး ဖြန့်ချိလိုခြင်းအကြောင်း မရပ်မနား ပြောဆိုကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင်မူ လောကီမှ ထိုနာမည်ကြီးပြီး ကြီးမြတ်သောလူများကို အထင်ကြီးလေးစားကြသည့်အပြင် ရှေးခေတ် စုန့်မင်းဆက်မှ ပေါင်ကုန်းကိုပင်လျှင် “သူသည် အမှန်တကယ်ပင် စည်းကမ်းတင်းကျပ်ပြီး မျှတသော တရားသူကြီးတစ်ဦး ဖြစ်ခဲ့သည်။ သူသည် မတရားသော စီရင်ချက်ကို မည်သည့်အခါကမျှ မချမှတ်ခဲ့ပေ၊ သူ၏လက်ထဲတွင် တရားစီရင်မှု မှားယွင်းခြင်းများ မည်သည့်အခါကမျှ မရှိခဲ့သကဲ့သို့ သူ၏ သေဒဏ်ပေးသောဓားသွားအောက်တွင် မတရားခံရသော ဝိညာဉ်များလည်း မရှိခဲ့ပေ” ဟု ပြောဆိုလျက် မျက်နှာလိုမျက်နှာရ ချီးကျူးကြသည်။ ဤသည်မှာ နာမည်ကြီးသော ပုဂ္ဂိုလ်တစ်ဦးနှင့် ပညာရှိတစ်ဦးကို မျက်နှာလိုမျက်နှာရ ချီးကျူးခြင်းနှင့် အထင်ကြီးလေးစားခြင်း ဖြစ်သည် မဟုတ်လော။ နာမည်ကြီးသူများ၏ စကားများနှင့် လုပ်ရပ်များကို သမ္မာတရားအဖြစ် ပုံမှားရိုက်ရန် ကြိုးစားခြင်းသည် သမ္မာတရားကို အသရေဖျက်ခြင်းနှင့် ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ အသင်းတော်၌ ဤကဲ့သို့သောလူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို ဖြန့်ချိလိုခြင်းအကြောင်း များစွာ ပြောဆိုကြသော်လည်း ၎င်းတို့၏ စိတ်ထဲတွင် တွေးထင်သည့်အရာနှင့် ပုံမှန်အားဖြင့် ပြောဆိုသည့်အရာမှာမူ ရိုးရာစကားပုံများနှင့် ဆိုရိုးစကားများသာဖြစ်ပြီး ယင်းတို့ကို အလွန် လေ့ကျင့်ထားပြီး ကျွမ်းကျင်သောပုံစံဖြင့် ဖော်ပြကြသည်။ ဤအရာများသည် ၎င်းတို့၏ နှုတ်ဖျားတွင် အမြဲရှိနေပြီး လွယ်ကူစွာ ပြောထွက်ကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များအပေါ် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုနှင့်ပတ်သက်၍ စကားတစ်ခွန်းမျှ မပြောခဲ့ဖူးသကဲ့သို့ မည်သည့် ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် ကျင့်ကြံပြုမူခြင်းအတွက် စံသတ်မှတ်ချက် သို့မဟုတ် အခြေခံဖြစ်သည်ကို မည်သည့်အခါမျှ သာ၍ပင် မပြောခဲ့ဖူးချေ။ ၎င်းတို့ ပြောဆိုသမျှမှာ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”၊ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ”၊ “သနားစရာကောင်းသော လူများတွင် စက်ဆုပ်ဖွယ်ရာ တစ်စုံတစ်ခု အစဉ်သဖြင့် ရှိသည်”၊ “သင့်ကိုယ်သင် လူးသာလွန့်သာ ဖြစ်အောင် အမြဲတမ်း နေရာချန်ထားပါ”၊ “ကျွန်ုပ်တွင် မည်သည့်အောင်မြင်မှုမျှ မရှိခဲ့လျှင်ပင် ဒုက္ခဆင်းရဲကို ခံခဲ့ရသည်၊ ဒုက္ခဆင်းရဲ မဟုတ်လျှင်ပင် ပင်ပန်းနွမ်းနယ်မှုကို ခံခဲ့ရသည်။”၊ “မြစ်ကိုဖြတ်ပြီးနောက် တံတားကို မီးမရှို့နှင့်၊ ကြိတ်ဆုံကို ချပြီးနောက် မြည်းကို မသတ်နှင့်”၊ “အခြားသူများအတွက် စံနမူနာတစ်ခု ချမှတ်ရန် လူတို့ကို ပြင်းထန်စွာ အပြစ်ဒဏ်ပေးလော့၊ အခြားသူတို့အတွက် လူတို့ကို သတိပေးချက်တစ်ခု ဖြစ်စေလော့”၊ “အရာရှိသစ်များက အထင်ကြီးအောင်လုပ်ဖို့ စိတ်ထက်သန်ကြသည်” အစရှိသည့် မှားယွင်းသော အယူအဆများသာဖြစ်ပြီး ၎င်းတို့ ပြောဆိုသည့်အရာ တစ်ခုမျှ သမ္မာတရား မဟုတ်ပေ။ အချို့လူများသည် ခေတ်ပြိုင်ကဗျာဆရာများ၏ စကားများကို အလွတ်ကျက်မှတ်ပြီး ဘုရားအိမ်တော်၏ ဗီဒီယိုများ၏ မှတ်ချက်ကဏ္ဍတွင်ပင် တင်ကြလိမ့်မည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ထိုစကားများသည် သမ္မာတရား ဟုတ်သလော။ ယင်းတို့သည် သမ္မာတရားနှင့် သက်ဆိုင်သလော။ အချို့လူများသည် “သင့်အထက် သုံးပေအကွာတွင် ဘုရားတစ်ဆူ ရှိသည်။” နှင့် “ကောင်းမှုနှင့် မကောင်းမှုသည် အဆုံး၌ အကျိုးပေးလိမ့်မည်၊ ယင်းမှာ အနှေးနှင့်အမြန်သာ ဖြစ်၏” ကဲ့သို့သော အရာများကို မကြာခဏ ပြောဆိုကြသည်။ ဤစကားများသည် သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) ယင်းတို့သည် အဘယ်မှ လာသနည်း။ ယင်းတို့ကို ဘုရားနှုတ်ကပတ်တော်များထဲတွင် တွေ့ရသလော။ ယင်းတို့သည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုမှ လာပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ဤသို့ဖြစ်လင့်ကစား လူတို့သည် ယင်းတို့ကို သမ္မာတရား၏ အဆင့်သို့ ဆွဲတင်ရန် မကြာခဏ ကြိုးစားကြသည်၊ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အချို့လူများသည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် စိတ်ပိုင်းဖြတ်မှု အနည်းငယ်ရှိပြီး ၎င်းတို့က “ဘုရားအိမ်တော်က ကျွန်ုပ်ကို ရာထူးတိုးပေးခဲ့သည်၊ ဘုရားသခင်က ကျွန်ုပ်ကို ချီးမြှောက်ခဲ့သည်၊ ထို့ကြောင့် ‘ဂုဏ်သရေရှိအမျိုးသားတစ်ဦးသည် သူ့ကို နားလည်သည့်သူများအတွက် သူ၏အသက်ကို စတေးလိမ့်မည်’ ဟူသော ဆိုရိုးစကားအတိုင်း ကျွန်ုပ် အသက်ရှင်ရမည်” ဟု ပြောဆိုကြသည်။ သင်သည် ဂုဏ်သရေရှိအမျိုးသားတစ်ဦး မဟုတ်သကဲ့သို့ ဘုရားသခင်ကလည်း သင့်အသက်ကို စတေးရန် မတောင်းဆိုခဲ့ပေ။ တာဝန်များ ထမ်းဆောင်သည့်အခါ ထိုသို့သော မြင့်မားသည့် သူရဲကောင်းစိတ်ဓာတ် ရှိရန် လိုအပ်သလော။ သင်သည် ယခုအချိန် အသက်ရှင်နေစဉ်တွင်ပင် သင်၏ တာဝန်များကို ကောင်းမွန်စွာ မဖြည့်ဆည်းနိုင်ပါ၊ သင်သေဆုံးသွားပါက ထိုသို့ပြုလုပ်ရန် မျှော်လင့်ချက် တစ်စုံတစ်ရာ ရှိပါဦးမည်လော။ သို့ဆိုလျှင် သင်၏ တာဝန်များကို သင်မည်သို့ ထမ်းဆောင်မည်နည်း။ အခြားသူများက “ကျွန်ုပ်သည် ပင်ကိုအားဖြင့် သစ္စာစောင့်သိသူဖြစ်သည်၊ ကျွန်ုပ်သည် ရဲရင့်ပြီး စိတ်ဓာတ်ပြင်းပြသူတစ်ဦး ဖြစ်သည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ မိတ်ဆွေများအတွက် အရာရာကို စွန့်လွှတ်ရသည်ကို နှစ်သက်သည်။ ဘုရားသခင်နှင့်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်ကို ရွေးချယ်၊ ရာထူးတိုးပေးပြီး ချီးမြှောက်ခဲ့သောကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ကျွန်ုပ် ပြန်ဆပ်ရမည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ အသက်ကိုပင် စတေးလျက် ဘုရားသခင်အတွက် အရာရာကို သေချာပေါက် စွန့်လွှတ်မည်” ဟု ပြောဆိုကြသည်။ ဤသည်မှာ သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို မိန့်ကြားခဲ့ပြီးဖြစ်သည်၊ အဘယ်ကြောင့် ၎င်းတို့သည် တစ်ခွန်းတလေမျှ မမှတ်မိကြသနည်း။ အချိန်တိုင်းတွင် ၎င်းတို့ မိတ်သဟာယဖွဲ့သည့်အရာမှာ “အခြားမည်သည့်အရာကိုမျှ ပြောရန်မလိုအပ်ပါ။ ဂုဏ်သရေရှိအမျိုးသားတစ်ဦးသည် သူ့ကို နားလည်သည့်သူများအတွက် သူ၏အသက်ကို စတေးလိမ့်မည်၊ ပြီးလျှင် လူတစ်ဦးသည် မိမိ၏ မိတ်ဆွေများအတွက် အရာရာကို စွန့်လွှတ်ပြီး သစ္စာစောင့်သိရမည်” ဟူ၍သာ ဖြစ်သည်။ ၎င်းတို့သည် “ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ဆပ်ခြင်း” ဟူသော စကားရပ်ကိုပင် မပြောဆိုနိုင်ကြပေ။ နှစ်ပေါင်းများစွာ တရားဒေသနာများကို နားထောင်ပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက်တွင် ၎င်းတို့သည် သမ္မာတရား တစ်ခုတလေမျှ မသိကြသကဲ့သို့ ဝိညာဉ်ရေးရာ အသုံးအနှုန်း အနည်းငယ်ကိုပင် မပြောဆိုနိုင်ကြပေ၊ ဤသည်မှာ သမ္မာတရားအပေါ် ၎င်းတို့၏ အတွင်းပိုင်း နားလည်သဘောပေါက်မှုနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ သနားစရာကောင်းသည် မဟုတ်လော။ ဤသည်မှာ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ တရားဒေသနာများစွာကို နားထောင်ပြီးသည့်နောက်တွင် ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ သမ္မာတရားသည် မည်သည့်အရာဖြစ်သည်ကိုလည်း မသိကြပေ၊ သို့တိုင်အောင် ၎င်းတို့သည် သမ္မာတရားကို အစားထိုးရန် ထိုနတ်ဆိုးဆန်သော၊ အဓိပ္ပာယ်မဲ့သော၊ အလွန်တရာ ရယ်ဖွယ်ကောင်းသော စကားများကို မျက်နှာပြောင်တိုက်၍ အသုံးပြုကြသည်။ ၎င်းတို့၏ အတွင်းအတွေးအခေါ်နှင့် သဘောပေါက်နားလည်မှုသည် ဤကဲ့သို့ ဖြစ်သည်သာမက ၎င်းတို့သည် ဤအရာကို အခြားသူများထံ အဆက်မပြတ် ဖြန့်ဝေပြီး သင်ကြားပေးလျက် အခြားသူများကိုလည်း ၎င်းတို့နှင့် တူညီသော သဘောပေါက်နားလည်မှု ရှိစေသည်။ ဤသည်မှာ အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို ဖြစ်စေသည့် သဘာဝကို အနည်းငယ် ဆောင်သည် မဟုတ်လော။ သမ္မာတရားကို နားမလည်ဘဲ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော ဤလူတို့သည် အန္တရာယ်ရှိပုံရသည်၊ ၎င်းတို့သည် အချိန်မရွေး နေရာမရွေး အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေနိုင်ပြီး ရယ်ဖွယ်ကောင်းကာ အဓိပ္ပာယ်မရှိသော အရာများကို လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ လူတို့ သမ္မာတရားကို သဘောထားပြုမူပုံနှင့်ပတ်သက်၍ အခြားမည်သည့် သရုပ်သကန်များ ရှိသေးသနည်း။ (သမ္မာတရားကို မထီမဲ့မြင်ပြုခြင်း၊ မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် ကိုက်ညီသည့်အရာကိုသာ လက်ခံပြီး မကိုက်ညီသည့်အရာကို ငြင်းပယ်ကာ လက်တွေ့လုပ်ဆောင်ရန် ငြင်းဆန်ခြင်း ဖြစ်ပါသည်။) မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် ကိုက်ညီသည့်အရာကိုသာ လက်ခံပြီး လက်တွေ့လုပ်ဆောင်ကာ မကိုက်ညီသည့်အရာကို တစ်သမတ်တည်း အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချခြင်း၊ ဤသည်မှာ သဘောထားတစ်ခု ဖြစ်သည်။ (သမ္မာတရားသည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းနိုင်သည် သို့မဟုတ် မိမိတို့ကိုယ်ကို ပြောင်းလဲစေနိုင်သည်ဟု မယုံကြည်ခြင်း ဖြစ်ပါသည်။) သမ္မာတရားကို အသိအမှတ်မပြုခြင်း သို့မဟုတ် မယုံကြည်ခြင်းသည်လည်း သဘောထားတစ်ခု ဖြစ်သည်။ နောက်ထပ် သရုပ်သကန်တစ်ခုမှာ သမ္မာတရားအပေါ် လူတစ်ဦး၏ သဘောထားနှင့် ရှုမြင်ပုံသည် ထိုသူ၏ စိတ်အခြေအနေ၊ ပတ်ဝန်းကျင်နှင့် စိတ်ခံစားချက်များအလိုက် ပြောင်းလဲခြင်း ဖြစ်သည်။ ဤလူများအတွက် ၎င်းတို့ တစ်နေ့တွင် စိတ်ချမ်းသာပြီး စိတ်ဓာတ်တက်ကြွနေသည့်အခါ ၎င်းတို့က “သမ္မာတရားသည် အလွန်ကောင်းသည်တကား။ သမ္မာတရားသည် အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့ကျမှုဖြစ်ပြီး လူသားများအတွက် လက်တွေ့လုပ်ဆောင်ရန်နှင့် ဖြန့်ချိရန် အထိုက်တန်ဆုံးသော အရာဖြစ်သည်” ဟု တွေးထင်ကြသည်။ ၎င်းတို့၏ စိတ်မကြည်သည့်အခါတွင်မူ ၎င်းတို့က “သမ္မာတရား ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှာ မည်သည့်အကျိုးကျေးဇူးများ ရှိသနည်း။ ယင်းက သင့်အား ငွေရှာပေးနိုင်သလော။ သမ္မာတရားသည် မည်သည့်အရာကို ပြောင်းလဲနိုင်သနည်း။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်လျှင် မည်သည့်အရာ ဖြစ်ပျက်နိုင်သနည်း။ ယင်းကို ငါ လက်တွေ့လုပ်ဆောင်မည် မဟုတ်။ ယင်းမှာ မည်သည့်ကွာခြားချက်ရှိသနည်း” ဟု တွေးလေသည်။ ၎င်းတို့၏ မကောင်းဆိုးဝါး သဘာဝ ပေါ်ထွက်လာသည်။ ဤသရုပ်သကန်များသည် လူတို့ သမ္မာတရားကို သဘောထားပြုမူပုံ၌ ထုတ်ဖော်သည့် စိတ်သဘောထားများနှင့် အမျိုးမျိုးသော အခြေအနေများ ဖြစ်ကြသည်။ အခြားမည်သည့် တိကျသော သရုပ်သကန်များ ရှိသေးသနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရား သို့မဟုတ် အသက်အဖြစ် သဘောမထားဘဲ ယင်းတို့ကို ဆန်းစစ်ပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း ဖြစ်ပါသည်။) လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထား တစ်စက်မျှ မရှိဘဲ မိမိတို့၏ သိမြင်မှုကို အခြေခံ၍ သမ္မာတရားကို အမြဲတမ်း ဆန်းစစ်ပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလျက် ပညာရှင်တစ်ဦး၏ သဘောထားဖြင့် ဘုရားနှုတ်ကပတ်တော်များကို ချဉ်းကပ်ခြင်း ရှိသည်။ ဤအရာများသည် အနည်းနှင့်အများဆိုသလို သမ္မာတရားအပေါ် လူတို့၏ သဘောထားပြုမူခြင်း၌ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ကာ အကျဉ်းချုပ် ခေါင်းစဉ်များအဖြစ် ပြုလုပ်နိုင်သည့် အခက်အခဲများဖြစ်၏။

အသက် ဝင်ရောက်မှု၏ အခက်အခဲများနှင့်ဆိုင်သော ငါတို့၏ အကြောင်းအရာတွင် စုစုပေါင်း ကဏ္ဍရှစ်ခုရှိပြီး ၎င်းတို့သည် အသက် ဝင်ရောက်မှုနှင့်လည်းကောင်း၊ ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိခြင်းနှင့်လည်းကောင်း ဆက်စပ်နေသည့် အဓိကအခက်အခဲများ ဖြစ်ကြသည်။ ဤကဏ္ဍရှစ်ခုအတွင်း လူတို့ ထုတ်ဖော်သည့် အခြေအနေများနှင့် စိတ်သဘောထားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ဖော်ထုတ်ထားပြီးဖြစ်သည်၊ ဘုရားသခင်သည် လူတို့အတွက် သတ်မှတ်ချက်များ ချမှတ်ထားပြီးဖြစ်ကာ ၎င်းတို့အတွက် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ညွှန်ပြထားပြီးဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ကြိုးစားအားထုတ်နိုင်ပါက၊ လေးနက်သော သဘောထားတစ်ခု၊ တောင့်တသော သဘောထားတစ်ခုကို ခံယူနိုင်ပါက၊ ပြီးလျှင် မိမိတို့၏ ကိုယ်ပိုင်အသက်ဝင်ရောက်မှုအတွက် ဝန်တာတစ်ခုကို ထမ်းနိုင်ပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ဤပြဿနာအမျိုးအစား ရှစ်ခုကို ဖြေရှင်းရန် သက်ဆိုင်ရာ သမ္မာတရားများကို ၎င်းတို့ ရှာတွေ့နိုင်ပြီး ယင်းတို့ တစ်ခုစီတိုင်းအတွက် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများလည်း ရှိသည်။ ယင်းတို့ထဲမှ တစ်ခုမျှသည် မဖြေရှင်းနိုင်သော စိန်ခေါ်မှုများ သို့မဟုတ် မည်သည့် လျှို့ဝှက်ဆန်းကြယ်မှုမျိုးမျှ မဟုတ်ပေ။ သို့ရာတွင် အကယ်၍ လူတစ်ဦးသည် သူ၏ ကိုယ်ပိုင်အသက်ဝင်ရောက်မှုအတွက် မည်သည့်ဝန်တာကိုမျှ လုံးဝမထမ်းဘဲ၊ သမ္မာတရားကိုဖြစ်စေ၊ သူ၏ စိတ်သဘောထားကို ပြောင်းလဲခြင်းကိုဖြစ်စေ လုံးဝ စိတ်မဝင်စားပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များ မည်မျှပင် ရှင်းလင်းပြီး တိကျပါစေ၊ ၎င်းတို့သည် ထိုသူအတွက် စာသားများနှင့် အယူဝါဒများမျှသာ ဖြစ်နေလိမ့်မည်။ အကယ်၍ ထိုသူသည် သမ္မာတရားကို မလိုက်စားပါက သို့မဟုတ် လက်တွေ့မလုပ်ဆောင်ပါက သူ၌ မည်သည့်ပြဿနာများပင် ရှိပါစေ သူသည် ဖြေရှင်းချက်တစ်ခုကို ရှာတွေ့နိုင်မည် မဟုတ်ဘဲ ယင်းက သူ့အတွက် ကယ်တင်ခြင်းကို ရရှိရန် အလွန်ခက်ခဲစေလိမ့်မည်။ ဖြစ်နိုင်သည်မှာ သူသည် အလုပ်လုပ်ပေးသူတစ်ဦးဖြစ်ခြင်း၏ အဆင့်တွင် ထာဝစဉ် တည်ရှိနေလိမ့်မည်၊ သို့မဟုတ် သူသည် ကယ်တင်ခြင်းကို မရရှိနိုင်ဘဲ ဘုရားသခင်၏ ပစ်ပစ်ခါခါငြင်းခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံရသည့်အဆင့်တွင် ထာဝရ တည်ရှိနေလိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။