ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၇) အခန်း နှစ်

အသင်းတော်၌ ယုဒများဖြစ်ကြသော လူအချို့လည်း ရှိကြပြီး ၎င်းတို့သည် ဘုရားအိမ်တော်၌ ငွေမည်မျှရှိသည်ကိုလည်းကောင်း၊ အသင်းတော်၌ မည်သူက အလှူငွေ အများဆုံး ထည့်ဝင်သည်ကိုလည်းကောင်း အစဉ်မပြတ် စုံစမ်းမေးမြန်းရန် ကြိုးစားနေကြသည်။ အခြားသူများက ၎င်းတို့အား “ဤကိစ္စကို သင့်အား မပြောနိုင်ပါ။ ဤအရာကို သိခြင်းသည် သင့်အတွက် အကျိုးရှိမည် မဟုတ်သည့်အပြင် ဤကိစ္စသည် သင် စုံစမ်းမေးမြန်းသင့်သည့်အရာလည်း မဟုတ်ပါ” ဟု ပြောဆိုကြသည်။ ဤသို့ကြားပြီးနောက် ၎င်းတို့သည် ရန်လိုလာပြီး “သင်တို့အားလုံး ကျွန်ုပ်ကို သတိထားရှောင်နေကြသည်၊ အထင်သေးနေကြသည်၊ ညီအစ်ကိုမောင်နှမတစ်ဦးအဖြစ် မဆက်ဆံကြပေ၊ သင်တို့သည် ကျွန်ုပ်ကို သူစိမ်းတစ်ဦးကဲ့သို့ ဆက်ဆံနေကြသည်။ အသင်းတော်၏ငွေကို မည်သူ့အိမ်၌ ထိန်းသိမ်းထားသည်ကို ကျွန်ုပ်သိသည်။ ကျွန်ုပ် သင်တို့ကို တိုင်ကြားမည်၊ ပြီးလျှင် ရဲများကို အားလုံးသိမ်းဆည်းခိုင်းမည်၊ ထိုအခါ ငွေမည်မျှရှိသည်ကို ကျွန်ုပ် သိရပေတော့မည်” ဟု ပြောဆိုကြသည်။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်း ၎င်းတို့သည် သစ္စာဖောက်လိုကြသည် သို့မဟုတ် အခြားသူများကို တိုင်ကြားလိုကြသည်။ အသင်းတော်၌ အယောင်ဆောင်ခေါင်းဆောင်များ၊ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများကြောင့် ဖြစ်ပေါ်လာသော နှောင့်ယှက်မှုများနှင့် ပတ်သက်လာသည့်အခါတွင်သာ ၎င်းတို့သည် မည်သည့်အရာကိုမျှ မည်သည့်အခါမျှ မတိုင်ကြားကြပေ။ သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့က ပူဇော်သက္ကာများကို ခိုးယူခြင်း သို့မဟုတ် သိမ်းပိုက်ခြင်းကို မြင်တွေ့သည့်အခါ၌ပင် ဤလုပ်ရပ်များကို ၎င်းတို့သည် မည်သည့်အခါမျှ မဖော်ထုတ်၊ သို့မဟုတ် မတိုင်ကြားသကဲ့သို့ ဘုရားအိမ်တော်ကိုလည်း အကြောင်းမကြားကြပေ။ ၎င်းတို့သည် ထိုသို့သောကိစ္စရပ်များကို စိတ်မဝင်စားကြပေ။ သို့သော် ညီအစ်ကို သို့မဟုတ် မောင်နှမတစ်ဦးဦးက ၎င်းတို့ကို ရန်စခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်စေခြင်း၊ သို့မဟုတ် မထီမဲ့မြင်ပြုခြင်းများ ပြုလုပ်ပါက ၎င်းတို့သည် သွား၍ တိုင်ကြားကြလိမ့်မည်။ သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်အချို့သည် ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီဘဲ ၎င်းတို့ကို အရှက်ရစေလျှင် သို့မဟုတ် ခက်ခဲသော အခြေအနေသို့ ရောက်စေလျှင် ၎င်းတို့သည် “ငါ သင့်ကို တိုင်ကြားမည်။ သင် အသင်းတော်ခေါင်းဆောင်ရာထူး ဆုံးရှုံးသွားအောင် ငါလုပ်မည်၊ အသင်းတော်၏အလုပ် မအောင်မြင်အောင် ငါလုပ်မည်၊ အသင်းတော် ပြိုကွဲသွားအောင် ငါလုပ်မည်” ဟု စတင်စဉ်းစားကြသည်။ မြင်ပြီလော။ ၎င်းတို့သည် ဤအကြောင်းကြောင့်ပင် အသင်းတော်ခေါင်းဆောင်ကို တိုင်ကြားလိုကြသည်။ အချို့သောအသင်းတော်များတွင် ပြည်ပ၌ တာဝန်ထမ်းဆောင်ရန် သင့်တော်သော လူအချို့ကို ရွေးချယ်ကြသည်၊ ၎င်းတို့၏ မိသားစုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အခြေအနေများကလည်း ခွင့်ပြုသည်၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ တောင်းဆိုချက်များနှင့် ကိုက်ညီပြီး ညီအစ်ကိုမောင်နှမများအားလုံးလည်း သဘောတူကြသည်။ ယုဒများဖြစ်ကြသော ထိုလူတို့သည် ဤအရာကို မြင်သည့်အခါ “ထိုသို့သော ကောင်းမွန်သည့်အရာများသည် ငါ့အလှည့်သို့ မည်သည့်အခါမျှ မရောက်လာပေ။ ငါ သင်တို့ကို တိုင်ကြားရမည်သာ။ ငါတို့အသင်းတော်မှ လူအချို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ပြည်ပသို့ သွားကြမည်ဖြစ်ကြောင်း ရဲများကို ငါပြောမည်။ သင်တို့ တိုင်းပြည်မှ မထွက်ခွာနိုင်အောင် ငါလုပ်မည်။ အဆင်းနီသော နဂါးကြီးကို သင်တို့အား ဖမ်းဆီးခိုင်းမည်၊ သို့မဟုတ် အစိုးရကို သင်တို့ကို ထောက်လှမ်းစောင့်ကြည့်ခိုင်းမည်၊ သို့မှသာ သင်တို့သည် မိမိတို့၏ အိမ်များသို့ပင် မပြန်နိုင်ကြတော့မည်” ဟု တွေးထင်ကြသည်။ ညီအစ်ကိုမောင်နှမများ ပြည်ပသို့ မသွားနိုင်သရွေ့ ၎င်းတို့သည် ကျေနပ်နေကြသည်။ သင်တို့ မည်သို့ထင်သနည်း၊ ထိုသို့သောလူများ၏ လုပ်ရပ်များ၏ သဘောသဘာဝသည် ရံဖန်ရံခါ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူတို့ထက် ပို၍ဆိုးရွားသည် မဟုတ်လော။ (ဆိုးရွားပါသည်။) ဤလူစားမျိုးသည် ပြဿနာကြီးတစ်ခု ဖြစ်သည်။ ၎င်းတို့၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ကင်းမဲ့ပြီး ဘုရားသခင်ကို လုံးဝမကြောက်ရွံ့ကြပေ။ မည်သည့်အခြေအနေ သို့မဟုတ် မည်သည့်အကြောင်းပြချက်ကြောင့်ဖြစ်စေ မိမိတို့အလိုအတိုင်း မဖြစ်သရွေ့ ၎င်းတို့သည် အသင်းတော်ကို တိုင်ကြားလိုကြပြီး ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်လိုကြသည်၊ ၎င်းတို့သည် နတ်ဆိုးများ ဖြစ်ကြသည်။ အသင်းတော်သည် ထိုသို့သောလူများကို တွေ့ရှိသည့်အခါ အနာဂတ်တွင် ဒုက္ခမဖြစ်စေရန် တတ်နိုင်သမျှ အစောဆုံး ရှင်းလင်းပစ်သင့်သည် သို့မဟုတ် နှင်ထုတ်သင့်သည်။ လက်ရှိပတ်ဝန်းကျင်က ဤသို့ပြုလုပ်ရန် အခါအခွင့်မသင့်သေးပါက သို့မဟုတ် အခြေအနေမပေးသေးပါက ၎င်းတို့ကို တင်းကျပ်စွာ စောင့်ကြည့်ခြင်း၊ ကြီးကြပ်ခြင်းနှင့် သတိထားရှောင်ခြင်းများ ပြုလုပ်ရမည်။ အခြေအနေများက ခွင့်ပြုသည့်အခါ ဤကဲ့သို့သော အန္တရာယ်ရှိသည့် ပုဂ္ဂိုလ်များကို လုံးဝ သည်းခံမထားသင့်ပေ၊ ၎င်းတို့ကို တတ်နိုင်သမျှ အစောဆုံးနှင့် အမြန်ဆုံး ရှင်းလင်းပစ်လော့ သို့မဟုတ် နှင်ထုတ်လော့။ ၎င်းတို့က အသင်းတော်ကို သစ္စာဖောက်ပြီး အကျိုးဆက်များ ဖြစ်ပေါ်စေသည်အထိ မစောင့်ဘဲ တစ်စုံတစ်ခုကို ဆောင်ရွက်လော့။ ၎င်းတို့သည် ထိုသို့ပြုလုပ်ပြီး ယင်းက တကယ့်အကျိုးဆက်များကို ဖြစ်ပေါ်စေသည်နှင့်တစ်ပြိုင်နက် ဆုံးရှုံးမှုများသည် ကြီးမားလိမ့်မည်။ ညီအစ်ကိုမောင်နှမ မည်မျှ ပြန်စရာအိမ်မရှိဘဲ ကျန်ရစ်မည်ကို သို့မဟုတ် ဖမ်းဆီးခံရပြီး ထောင်ချခံရမည်ကို မည်သူသိနိုင်မည်နည်း။ ညီအစ်ကိုမောင်နှမများစွာတို့သည် မိမိတို့၏ တာဝန်ကို မထမ်းဆောင်နိုင်တော့ခြင်း သို့မဟုတ် အသင်းတော်အသက်တာကို အသက်မရှင်နိုင်တော့ခြင်းများ ဖြစ်ကောင်းဖြစ်နိုင်သည်။ အကျိုးဆက်များသည် စိတ်မကူးနိုင်လောက်အောင် ဖြစ်လိမ့်မည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် အသင်းတော်၌ ယုဒများဖြစ်ကြသော လူများကို တွေ့ရှိပါက ၎င်းတို့ကို အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းပစ်ရမည် သို့မဟုတ် နှင်ထုတ်ရမည်။ ညီအစ်ကိုမောင်နှမတစ်ဦးအနေဖြင့် ထိုသို့သောလူများကို တွေ့ရှိပါက ၎င်းတို့ကို အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များထံ အစောဆုံး တိုင်ကြားရမည်။ ဤကိစ္စသည် အသင်းတော် ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးအပြင် သင်၏ ကိုယ်ပိုင်လုံခြုံရေးနှင့်လည်း သက်ဆိုင်သည်။ “၎င်းတို့သည် မည်သည့်သစ္စာဖောက်မှုကိုမျှ အမှန်တကယ် မပြုလုပ်ရသေးပါ၊ ထို့ကြောင့် ဤသည်မှာ အရေးကြီးသည့်ကိစ္စမဟုတ်ပါ၊ ၎င်းတို့သည် ခဏတာ ဒေါသထွက်၍ ပြောဆိုခြင်းသာ ဖြစ်သည်” ဟု မတွေးထင်နှင့်။ လူတိုင်း ဒေါသထွက်ကြသည်၊ အချို့လူများသည် ဒေါသထွက်သည့်အခါ အများဆုံးအားဖြင့် ကြမ်းတမ်းသော စကားအနည်းငယ် ပြောဆိုခြင်း၊ အနည်းငယ် ရန်စောင်ခြင်း သို့မဟုတ် ရက်အနည်းငယ် အပျက်သဘောဆောင်ခြင်းတို့ ပြုလုပ်ကောင်းပြုလုပ်နိုင်သည်။ သို့သော် ၎င်းတို့၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသရွေ့၊ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ကြောက်ရွံ့သရွေ့၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားအချို့ ရှိသရွေ့၊ မိမိကိုယ်ကို ကျင့်ကြံပြုမူခြင်းအတွက် အခြေခံစည်းများ ရှိသရွေ့ မည်သို့ပင်ဖြစ်စေ အခြားသူများကို ထိခိုက်စေသည့်အရာများကို ၎င်းတို့သည် မည်သည့်အခါမျှ ပြုလုပ်မည်မဟုတ်ပေ။ သို့သော် ပင်ကိုအားဖြင့် ယုဒများဖြစ်ကြသောသူတို့အတွက်မူ ကွဲပြားသည်။ ၎င်းတို့သည် အလွယ်တကူပင် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို တိုင်ကြားနိုင်ပြီး မိမိတို့၏ ပန်းတိုင်များကို ရရှိရန် ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်ကို ခြိမ်းခြောက်ရန် စာတန်၏ အင်အားစုများကို အစဉ်သဖြင့် အသုံးပြုလိုကြသည်။ ဤလူများသည် ဆိုးယုတ်သော မကောင်းဆိုးဝါးများနှင့် ပူးပေါင်းကြသည်၊ ၎င်းတို့၌ ကျင့်ကြံပြုမူခြင်းနှင့်ပတ်သက်၍ အခြေခံစည်းများ မရှိပေ။ ထို့ကြောင့် အသင်းတော်ခေါင်းဆောင်များနှင့် ညီအစ်ကိုမောင်နှမများ နှစ်ဦးစလုံးသည် အလွယ်တကူပင် အသင်းတော်ကို တိုင်ကြားနိုင်သောသူတို့နှင့်ပတ်သက်၍ အထူးသတိထားရမည်။ တစ်စုံတစ်ဦးသည် ယုတ္တိမတန်သော၊ တမင်တကာ ပြဿနာရှာသော၊ အသိခေါက်ခက် အဝင်နက်သော ထိုသို့သောလူများကို တွေ့ရှိပါက ၎င်းတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များထံ ချက်ချင်း တိုင်ကြားသင့်ပြီး ထို့နောက် ၎င်းတို့ကို စောင့်ကြည့်၍ ကြီးကြပ်သင့်သည်။ အသင်းတော်ခေါင်းဆောင်များသည် ထိုသို့သောလူများကို တွေ့ရှိပါက အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် အစီအစဉ်တစ်ခုကို အစောဆုံး ရေးဆွဲသင့်သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရမည်ဖြစ်ပြီး အသင်းတော်အသက်တာနှင့် အသင်းတော်၏အလုပ်ကို ထိုသို့သော ပုဂ္ဂိုလ်များ၏ ဖျက်ဆီးခြင်းနှင့် နှောင့်ယှက်ခြင်းတို့မှ ကာကွယ်ရမည်။ ထိုသို့သောလူများက အသင်းတော်ကို သို့မဟုတ် ညီအစ်ကိုမောင်နှမများကို တိုင်ကြားမည်ဟု ပြောဆိုသည့်အခါ ယင်းမှာ ခဏတာ ဒေါသထွက်၍ ပြောဆိုခြင်းမျှသာဖြစ်သည်ဟု ယူဆပြီး သင်၏ သတိထားကာကွယ်မှုကို လျှော့ချမထားနှင့်။ လက်တွေ့တွင် ၎င်းတို့သည် ထိုသို့သောစကားများကို မကြာခဏ ပြောဆိုခြင်းအချက်က ဤစိတ်ကူးသည် ၎င်းတို့၏ စိတ်ထဲ၌ ရှိနှင့်ပြီးဖြစ်ကြောင်း သက်သေပြနေသည်။ ၎င်းတို့သည် ဤသို့တွေးထင်ပါက ထိုအတိုင်း ပြုမူနိုင်စွမ်းရှိသည်။ တစ်ခါတစ်ရံ “ငါ သင့်ကို တိုင်ကြားမည်” ဟု ပြောဆိုပြီးနောက် ၎င်းတို့သည် ထိုအတိုင်း မလုပ်ဆောင်ကောင်း မလုပ်ဆောင်နိုင်သော်လည်း မည်သည့်အချိန်တွင် ၎င်းတို့သည် အမှန်တကယ် သွား၍ တိုင်ကြားမည်ကို မည်သူသိနိုင်မည်နည်း။ ၎င်းတို့သည် ထိုသို့ပြုလုပ်သည်နှင့်တစ်ပြိုင်နက် အကျိုးဆက်များသည် စိတ်မကူးနိုင်လောက်အောင် ဖြစ်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ၎င်းတို့၏ စကားဖြစ်သော “ငါ သင့်ကို တိုင်ကြားမည်” ဟူသည့်စကားကို ဒေါသဖြင့် ပြောဆိုခြင်းမျှသာအဖြစ် အစဉ်သဘောထားပါက သင်သည် အသိဉာဏ်မဲ့ပြီး မိုက်မဲနေခြင်း ဖြစ်သည်။ သင်သည် ဤစကားများမှတစ်ဆင့် ၎င်းတို့၏ လူ့သဘာဝ အခြေအမြစ်ကို ထိုးထွင်းမမြင်နိုင်ခဲ့ပေ၊ ဤသည်မှာ အမှားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် အခြားသူများကို ခြိမ်းခြောက်ရန် “ငါ သင့်ကို တိုင်ကြားမည်” ဟု အလွယ်တကူ ပြောဆိုနိုင်သည်၊ ဤသည်မှာ လုံးဝ ရိုးရှင်းသော ဒေါသစကားတစ်ခွန်း မဟုတ်ပေ၊ ယင်းက ၎င်းတို့သည် ယုဒ၏ သဘာဝရှိပြီး ကျင့်ကြံပြုမူခြင်းနှင့်ပတ်သက်ပါက အခြေခံစည်းများ ကင်းမဲ့ကြောင်းကို ပြသနေသည်။ မိမိတို့၏ ကျင့်ကြံပြုမူခြင်းနှင့်ပတ်သက်၍ အခြေခံစည်းများ မရှိသောသူသည် အဘယ်သို့သော အကောင်ယုတ်တစ်မျိုး ဖြစ်သနည်း။ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသော အမျိုးအစား ဖြစ်သည်။ အသိစိတ်မရှိလျှင် ၎င်းတို့သည် မည်သည့်ဒုစရိုက်အမှုကိုမဆို ကျူးလွန်နိုင်စွမ်းရှိပြီး ဆင်ခြင်တုံတရားမရှိလျှင် ၎င်းတို့သည် ဆင်ခြင်တုံတရား၏ ဘောင်များကို ကျော်လွန်၍ ပြုမူနိုင်စွမ်းရှိကာ မိုက်မဲသောအရာမျိုးစုံကို ပြုလုပ်ကြသည်။ အသင်းတော်ကို တိုင်ကြားပြီးနောက် ညီအစ်ကိုမောင်နှမများ ဖမ်းဆီးခံရသည်ကိုလည်းကောင်း၊ အသင်းတော်၏အလုပ် ထိခိုက်ပျက်စီးသည်ကိုလည်းကောင်း မြင်တွေ့ရသည့်အခါ ၎င်းတို့သည် မျက်ရည်ကျပြီး နောင်တရကြောင်း ဖော်ပြကောင်းဖော်ပြနိုင်သည်။ သို့သော် ဆင်ခြင်တုံတရားမဲ့ပြီး တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးသောလူများသည် ဆင်ခြင်တုံတရားမရှိဘဲ ပြုမူကြသည်၊ အနာဂတ်တွင် အလားတူအခြေအနေနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် အသင်းတော်ကို တိုင်ကြားဦးမည်သာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝနှင့်ဆိုင်သော ပြဿနာတစ်ခုကို ညွှန်ပြနေခြင်း မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ သဘာဝ အနှစ်သာရ အတိအကျပင် ဖြစ်သည်။ အချို့အသင်းတော်ခေါင်းဆောင်များသည် ၎င်းတို့ပြောဆိုသည့်အရာမှာ ခဏတာ ဒေါသထွက်၍ ပြောဆိုခြင်းမျှသာဖြစ်ပြီး ၎င်းတို့၏ သဘာဝသည် မဆိုးဟု ယုံကြည်နေကြဆဲ ဖြစ်သည်။ ၎င်းတို့က ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ၏ သဘာဝအလျောက် ထုတ်ဖော်မှုတစ်ခုမဟုတ်ဘဲ ၎င်းတို့၏ လူ့သဘာဝကို ကိုယ်စားမပြုဟု တွေးထင်ကြသည်။ ဤရှုမြင်ပုံသည် မှားယွင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ယုတ်ညံ့သော စရိုက်ကို ပြသသည့် အပြုအမူကို ပုံမှန်အားဖြင့် မပြသလျှင်ပင် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို တိုင်ကြားမည်ဟု မကြာခဏ ပြောဆိုခြင်းအချက်နှင့် ၎င်းတို့ကို မနှစ်မြို့စေသည့် အသေးအဖွဲကိစ္စလေးတစ်ခုကပင် ၎င်းတို့ကို တိုင်ကြားရန် တွေးထင်စေနိုင်ခြင်းအချက်သည် ၎င်းတို့၏ စရိုက်သည် ယုတ်ညံ့ပြီး စက်ဆုပ်ဖွယ်ကောင်းကြောင်းနှင့် ၎င်းတို့သည် ယုံကြည်စိတ်ချထိုက်သူများ မဟုတ်ကြောင်း သက်သေပြရန် လုံလောက်ပေသည်။ ထိုသို့သောလူများ၌ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် နှစ်သက်မှုများအပေါ် အခြေခံ၍ မိမိတို့အလိုရှိရာကို ပြုလုပ်လျက် အသိစိတ်၏ မည်သည့်စည်းမျှမရှိဘဲ မိမိတို့စိတ်တိုင်းကျ ကျင့်ကြံပြုမူကြသည်။ ထိုသို့သောလူများကို ရှင်းလင်းပစ်ခြင်းဖြင့် ကိုင်တွယ်သင့်ပြီး ၎င်းတို့အား သက်ညှာရန် မလိုအပ်ပေ၊ အကြောင်းမှာ ၎င်းတို့သည် ကလေးများမဟုတ်ဘဲ လူကြီးများဖြစ်ကြပြီး ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်ကို တိုင်ကြားခြင်း၏ အကျိုးဆက်များကို သိသင့်သောကြောင့် ဖြစ်သည်။ ဤသည်မှာ အရက်စက်ဆုံးနှင့် အထိရောက်ဆုံးသော နည်းလမ်းဖြစ်ကြောင်း ၎င်းတို့သည် အပြည့်အဝ သိရှိကြသည်။ ၎င်းတို့သည် ဤအရာကို မိမိတို့၏ နောက်ဆုံးကိုင်ရမည့်လက်နက်အဖြစ်၊ ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်ကို လက်စားချေရန် အန္တိမနည်းလမ်းအဖြစ် ရှုမြင်ကြသည်။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများသည် ဆိုးယုတ်သော နတ်ဆိုးများ မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဆိုးယုတ်သော နတ်ဆိုးများကို အဘယ်ကြောင့် သက်ညှာနေမည်နည်း။ ၎င်းတို့သည် ယုဒများဖြစ်ကြောင်း သင် အသိအမှတ်ပြုရန်အတွက် ၎င်းတို့က ညီအစ်ကိုမောင်နှမများနှင့် ဧည့်ခံသည့်မိသားစုများကို အဆင်းနီသော နဂါးကြီးထံ ပေါ်တင်ထောက်ပြသည်ကို သင် မြင်တွေ့သည်အထိ စောင့်နေရမည်လော။ သင်သည် ဤအမှန်တရားများကို မြင်တွေ့ပြီး ၎င်းတို့ကို သတ်မှတ်သည့်အချိန်တွင် အလွန်နောက်ကျနေလောက်ပြီ ဖြစ်သည်။ အမှန်တကယ်တွင် ၎င်းတို့၏ သဘာဝ အနှစ်သာရသည် ပြဿနာတစ်ခုခုနှင့် ကြုံတွေ့သည့်အခါ အသင်းတော်ကို တိုင်ကြားမည်ဟု အော်ဟစ်စပြုသည့် အခိုက်အတန့်တွင်ပင် ဖော်ထုတ်ပြီးသား ဖြစ်နေသည်။ ၎င်းတို့က တစ်စုံတစ်ခုကို ဆောင်ရွက်သဖြင့် ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး ရှင်းလင်းပစ်ရသည်အထိ မစောင့်နှင့်၊ ထိုသို့ဆိုလျှင် အလွန်နောက်ကျသွားလိမ့်မည်။ အသင်းတော်ခေါင်းဆောင်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမဖြစ်စေ မည်သူမျှ ၎င်းတို့က ညီအစ်ကိုမောင်နှမများကို တိုင်ကြားမည်ဟု ပြောဆိုသည်ကို မကြားဖူးဘဲ မည်သူမျှ ၎င်းတို့ကို ကောင်းစွာမသိလျှင် တစ်စုံတစ်ဦးက ၎င်းတို့ကို ရန်စခြင်း သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စေခြင်းများ ပြုလုပ်သည့်အခါ ၎င်းတို့က ထိုသူကို တိုင်ကြားသဖြင့် ညီအစ်ကိုမောင်နှမများသည် ပုန်းရှောင်ပြီး အန္တရာယ်ကို ရှောင်ရှားရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ဘဲ တာဝန်ထမ်းဆောင်နေသူ အချို့သည် လျင်မြန်စွာ နေရာပြောင်းရွှေ့ရန် လိုအပ်လျှင် ထိုသို့သောအခြေအနေတွင် ညီအစ်ကိုမောင်နှမများကို မိုက်မဲပြီး ၎င်းတို့ကို ထိုးထွင်းမမြင်နိုင်ဟု အပြစ်တင်၍မရပေ။ သို့သော် ၎င်းတို့က ညီအစ်ကိုမောင်နှမများကို တိုင်ကြားမည်ဟု မကြာခဏ ပြောဆိုနေလျက် လူများက အလေးအနက်မထားသေးပါက ထိုသည်မှာ အမှန်တကယ် မိုက်မဲလှပေသည်။ သမ္မာတရားများစွာကို ကြားပြီးနောက် ၎င်းတို့သည် လူများကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသေးပေ၊ ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်သူများ မဟုတ်လော။ (ဟုတ်ပါသည်။) မည်သည့်အချိန်မဆို ယုဒတစ်ဦး ဖြစ်လာနိုင်သောသူတို့အတွက် ၎င်းတို့၏ သစ္စာဖောက်ခြင်းသည် သမ္မာတရားကို အနည်းငယ်သာ နားလည်ခြင်းကြောင့်ဖြစ်စေ၊ ဘုရားသခင်ကို အချိန်တိုအတွင်းသာ ယုံကြည်ခဲ့ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်စေ ဖြစ်သည်ဟု မတွေးထင်နှင့်။ ဤအရာများ တစ်ခုမျှ အကြောင်းရင်းမဟုတ်ပေ။ အရင်းစစ်လျှင် ယင်းမှာ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် ယုတ်ညံ့သောကြောင့် ဖြစ်သည်၊ ၎င်းတို့၏ အတွင်းသဘောတွင် ၎င်းတို့၏ အနှစ်သာရသည် ဆိုးယုတ်သောလူများ၏ အနှစ်သာရ ဖြစ်သည်။ ၎င်းတို့ကို ဤနည်းလမ်းဖြင့် ပိုင်းခြားသိမြင်ပြီး သတ်မှတ်ကာ ထို့နောက် ဆိုးယုတ်သောလူများအဖြစ် ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းသည် လုံးဝမှန်ကန်သည်။ ဤသို့ပြုလုပ်ခြင်းသည် ညီအစ်ကိုမောင်နှမများကို ကာကွယ်ပေးသည့်အပြင် တစ်ချိန်တည်းမှာပင် အသင်းတော်၏အလုပ်ကို ထိခိုက်မှုမှလည်း ကာကွယ်ပေးသည်။ ဤသည်မှာ အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သောလူများကို အချိန်မီ သတိဖြင့်စောင့်ကြည့်ပြီး ကြီးကြပ်ရမည်ဖြစ်ပြီး ထို့နောက် လူတိုင်းက ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်စေရန် ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယဖွဲ့သင့်သည်။ ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်အတွက် မည်သည့်ဒုက္ခကိုမျှ မဖြစ်စေရန် ၎င်းတို့၏ ကျိတ်ကြံစည်မှုများ မအောင်မြင်မီ ထိုသို့သောလူများကို ဖယ်ရှားရန် ကြိုးစားရမည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သောလူများနှင့် ရင်ဆိုင်ရသည့်အခါ ရှိသင့်သည့် ပိုင်းခြားသိမြင်မှုနှင့် ကိစ္စရပ်များကို ကိုင်တွယ်ခြင်းဆိုင်ရာ စည်းမျဉ်းများဖြစ်ပြီး ထိုသို့သောအခြေအနေများတွင် ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့် နည်းလမ်းလည်း ဖြစ်သည်။ ဤသည်မှာ ရှင်းလင်းပြီလော။ (ရှင်းလင်းပါသည်။) ထိုသို့သောလူများကို ကိုင်တွယ်ရာတွင် ၎င်းတို့ကို ရှင်းလင်းပစ်ခြင်းက အသင်းတော်အတွက် အနာဂတ်တွင် ဒုက္ခမဖြစ်ပေါ်စေရန် သေချာစေလျက် ဉာဏ်ပညာရှိသော နည်းလမ်းဖြင့် ကိုင်တွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်မှာ ပြောစရာမလိုပေ။ ဖုံးကွယ်နေသော ခြိမ်းခြောက်မှုတစ်ခုကို ကိုင်တွယ်ခြင်းက နောင်တွင် ပို၍များသော ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေပါက ဤသို့ပြုလုပ်သော အသင်းတော်ခေါင်းဆောင်သည် အလွန် အရည်အချင်းမပြည့်မီဘဲ အလွန်ပင် စံမမီပေ၊ ၎င်းတို့သည် အလုပ်ကို မည်သို့လုပ်ဆောင်ရမည်ကို မသိသည့်အပြင် ဉာဏ်ပညာလည်း ကင်းမဲ့သည်။ အခြားတစ်ဖက်တွင် အသင်းတော် ခေါင်းဆောင်တစ်ဦးသည် ဖုံးကွယ်နေသော ခြိမ်းခြောက်မှုတစ်ခုကို ဆိုးကျိုးများကို ရှောင်ရှားနိုင်သော၊ အသင်းတော်၏အလုပ်ကို အကျိုးပြုသော၊ ညီအစ်ကိုမောင်နှမများကိုလည်း ပိုင်းခြားသိမြင်မှု၌ တိုးပွားလာစေသော နည်းလမ်းဖြင့် ကိုင်တွယ်နိုင်ပါက ထိုသည်မှာ အလုပ်ကို မည်သို့လုပ်ဆောင်ရမည်ကို အမှန်တကယ် သိရှိခြင်း ဖြစ်သည်။ ဤသို့သော ခေါင်းဆောင်မျိုးသာလျှင် သို့မဟုတ် အမှုဆောင်မျိုးသာလျှင် စံနှုန်းပြည့်မီသည်။

ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် အသင်းတော်ကို သစ္စာဖောက်နိုင်စွမ်းရှိသော လူများနှင့် ကြုံတွေ့ရသော်လည်း ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိလျှင်၊ ၎င်းတို့၌ မည်သို့သော လူ့သဘာဝမျိုး ရှိသည်ကိုဖြစ်စေ၊ အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများထံသို့ မည်သို့သော ဒုက္ခမျိုး ဆောင်ကြဉ်းလာနိုင်သည်ကိုဖြစ်စေ မခံစားမိလျှင်၊ ဤအရာအားလုံးနှင့်ပတ်သက်၍ မိမိတို့၏ စိတ်နှလုံးထဲ၌ မရှင်းလင်းဘဲ ထိုသို့သောလူများကို မည်သို့ဆက်ဆံရမည် သို့မဟုတ် ကိုင်တွယ်ရမည်ကိုလည်းကောင်း၊ ဤအလုပ်ကို မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ သို့မဟုတ် ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့်အလုပ်ဖြစ်သည်ကိုပင် မသိလျှင်၊ သို့မဟုတ် သိသည့်တိုင် ထိုသို့သောလူများကို စိတ်အနှောင့်အယှက်လုပ်ရန် မလိုလားဘဲ ၎င်းတို့ကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းမရှိဘဲ ဤကိစ္စကို လျစ်လျူရှုလျက်နေလျှင် ထိုသူသည် မည်သို့သော ခေါင်းဆောင်မျိုး သို့မဟုတ် အမှုဆောင်မျိုး ဖြစ်သနည်း။ (အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။) ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးအဖြစ် သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် စံနှုန်းမပြည့်မီပေ။ တစ်ကြောင်းမှာ ၎င်းတို့သည် လူတိုင်းကို မိုက်မဲစွာ ကူညီရန် ကြိုးစားပြီး လူတိုင်းကို ချစ်ခြင်းနှင့် သည်းခံခြင်းတို့ကို ပြသကာ ၎င်းတို့အားလုံးကို ညီအစ်ကိုမောင်နှမများအဖြစ် ဆက်ဆံကြသည်။ ဤသည်မှာ နားဝေတိမ်တောင်ဖြစ်သောသူတစ်ဦး၊ အယောင်ဆောင်ခေါင်းဆောင် သို့မဟုတ် အယောင်ဆောင် အမှုဆောင်တစ်ဦး ဖြစ်သည်။ ထို့အပြင် အသင်းတော်၌ ယုဒများဖြစ်ကြသော လူများကို တွေ့ရှိသည့်အခါ ၎င်းတို့သည် ဤပြဿနာကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းရန် မည်သည့်အရာမျှ မလုပ်ဆောင်ကြပေ။ ထိုအစား ၎င်းတို့သည် မည်သည့်အရာကိုမျှ သတိမပြုမိဟန်ဆောင်လျက် လျစ်လျူရှုလျက်နေကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ “ငါ၏ ကိုယ်ပိုင်အဆင့်အတန်းကို ခြိမ်းခြောက်မခံရသရွေ့ အဆင်ပြေပါသည်။ အသင်းတော်၏ အလုပ်ကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများ၏ လုံခြုံဘေးကင်းရေးကိုဖြစ်စေ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုဖြစ်စေ ငါဂရုမစိုက်။ ဤအဆင့်အတန်းကို ငါ ရရှိထားပြီး ပျော်မွေ့ခံစားခြင်းကို နေ့စဉ်နေ့တိုင်း ကြုံတွေ့ခွင့်ရနေသရွေ့ ယင်းမှာ ငါလိုအပ်သမျှသာ ဖြစ်လေသည်” ဟု တွေးထင်ကြသည်။ ၎င်းတို့သည် မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်ဆောင်ကြဘဲ ပြဿနာများကို မြင်သည့်အခါလည်း မဖြေရှင်းကြပေ၊ ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်း၏ အကျိုးအမြတ်များကိုသာ ခံစားကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဟုတ်သလော။ (ဟုတ်ပါသည်။) ဥပမာအားဖြင့် မည်သည့်အချိန်မဆို သစ္စာဖောက်မှုတွင် ပါဝင်နိုင်စွမ်းရှိသော လူစားမျိုးတစ်ဦးသည် အသင်းတော်၌ အချိန်ကြာမြင့်စွာ အာဏာရှင်ဆန်ဆန်ကျင့်သုံးနေပြီး အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို တိုင်ကြားမည်ဟု အစဉ်မပြတ် ခြိမ်းခြောက်နေသည် ဆိုပါစို့။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို မြင်သော်လည်း မည်သည့်အရာမျှ မလုပ်ဆောင်ကြပေ။ တစ်စုံတစ်ဦးက ဤပုဂ္ဂိုလ်ကို တိုင်ကြားပြီး အထက်အဆင့်ခေါင်းဆောင်များက ၎င်းတို့ကို ရှင်းလင်းပစ်ခြင်းဖြင့် ကိုင်တွယ်သည့်အခါ၌ပင် အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို အလေးအနက်မထားသေးဘဲ သို့မဟုတ် ယင်းနှင့်ပတ်သက်၍ တစ်စက်မျှ မတွေးကြပေ။ ၎င်းတို့က “၎င်းတို့ ကြိုက်သည့်သူကို တိုင်ကြားပါစေ။ ငါ့ကို မတိုင်ကြားသရွေ့ သို့မဟုတ် အသင်းတော်ခေါင်းဆောင်အနေဖြင့် ငါ၏ အခန်းကဏ္ဍကို မထိခိုက်သရွေ့ ယင်းမှာ အဆင်ပြေပါသည်” ဟု တွေးထင်ကြသည်။ ဤသို့သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်မျိုးသည် အယောင်ဆောင်ခေါင်းဆောင် သို့မဟုတ် အယောင်ဆောင်အမှုဆောင်တစ်ဦး ဟုတ်ပါသလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်ဆောင်ဘဲ ၎င်း၏အကျိုးခံစားမှုများကို ခံစားရန်အတွက်သာ မိမိတို့၏ အဆင့်အတန်းကို ရယူထားကြသည်၊ မည်သည့်အချိန်မဆို ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်နိုင်စွမ်းရှိသော တစ်စုံတစ်ဦးကို သတိပြုမိသော်လည်း ၎င်းတို့ကို ရှင်းလင်းပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် ပျက်ကွက်သည်၊ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၎င်းတို့၏ အဆင့်အတန်းမှ ချက်ချင်း ဖြုတ်ချခြင်းခံရသင့်သည်။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် ဖြုတ်ချခံရပြီးနောက်တွင်ပင် အာခံနေကြဆဲ ဖြစ်သည်။ ၎င်းတို့က “သင့်ထံတွင် ကျွန်ုပ်ကို ဖြုတ်ချရန် အဘယ်အခွင့်ရှိသနည်း။ ယင်းမှာ ထိုလူကို ကျွန်ုပ် မရှင်းလင်းပစ်သောကြောင့်လော။ ထိုလူကို သင်တို့ဘာသာ ရှင်းလင်းပစ်လိုက်လျှင် ထိုပြဿနာသည် ပြီးသွားမည် မဟုတ်လော။ ထို့အပြင် ထိုလူက ညီအစ်ကိုမောင်နှမများကို တိုင်ကြားမည်ဟု ပြောခဲ့ခြင်းသာ ဖြစ်သည်၊ သူသည် တကယ်တမ်း၌ မလုပ်ဆောင်ခဲ့ပါ။ ပြီးလျှင် ထိုသူသည် အသင်းတော်အတွက် မည်သည့်ပြဿနာကိုမျှ မဖြစ်စေခဲ့ပါ။ အဘယ်ကြောင့် ထိုလူကို ကိုင်တွယ်ဖြေရှင်းရမည်နည်း” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် အတော်ပင် မတရားသဖြင့် အပြုခံရသည်ဟု ခံစားကြရသည်။ ၎င်းတို့သည် တကယ့်အလုပ် တစ်ခုကိုမျှ မလုပ်ဆောင်ကြပေ၊ ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်း၏ အကျိုးအမြတ်များကိုသာ ပျော်မွေ့ခံစားကြပြီး အသင်းတော်၌ ထိုသို့သော သိသာထင်ရှားသည့် ယုဒတစ်ဦး ပေါ်လာသည့်အခါ ၎င်းတို့သည် ကိုင်တွယ်ခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်း မပြုကြပေ။ အချို့သော ညီအစ်ကိုမောင်နှမများသည် အစဉ်မပြတ် ကြောက်ရွံ့နေကြပြီး “ကျွန်ုပ်တို့အကြားတွင် ယုဒတစ်ယောက် ရှိနေကာ ညီအစ်ကိုမောင်နှမများကို တိုင်ကြားမည်ဟု အစဉ်သဖြင့် ခြိမ်းခြောက်နေသည်။ ဤသည်မှာ အလွန်ပင် အန္တရာယ်ကြီးလှသည်။ ဤလူကို မည်သည့်အချိန်တွင် ရှင်းလင်းပစ်မည်နည်း” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်ကို ဤပြဿနာအကြောင်း အကြိမ်ပေါင်းများစွာ ပြောပြသော်လည်း ခေါင်းဆောင်က ယင်းကို ဖြေရှင်းရမည့်အစား “ယင်းမှာ မည်သည့်အရာမျှ မဟုတ်ပါ။ ပုဂ္ဂိုလ်ရေး အငြင်းပွားမှုသာ ဖြစ်သည်၊ ယင်းသည် အသင်းတော်၏ အလုပ်နှင့်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမများ၏ ဘေးကင်းလုံခြုံရေးနှင့်ဖြစ်စေ မပတ်သက်ပါ” ဟု ပြောဆိုလေသည်။ ၎င်းတို့သည် ထိုကိစ္စကို မကိုင်တွယ်ပေ။ ၎င်းတို့လုပ်ဆောင်သည့် တစ်ခုတည်းသောအလုပ်မှာ အဘယ်နည်း။ တစ်မျိုးမှာ အထက်အဆင့်ခေါင်းဆောင်များက ၎င်းတို့အား တာဝန်ပေးအပ်သည့်အလုပ်ဖြစ်ပြီး ယင်းကို ၎င်းတို့သည် လုပ်ဆောင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။ နောက်တစ်မျိုးမှာ အလုပ်ကို မလုပ်ဆောင်ခြင်းက ၎င်းတို့၏ အဆင့်အတန်းကို ထိခိုက်စေမည့် သို့မဟုတ် အန္တရာယ်ဖြစ်စေမည့် အမျိုးအစားဖြစ်ပြီး ထိုအခြေအနေတွင် ၎င်းတို့သည် မိမိတို့ကို ကောင်းမွန်ပုံပေါက်စေမည့် အလုပ်အချို့ကို အင်တင်တင်ဖြင့် လုပ်ဆောင်ကြသည်။ သို့သော် ၎င်းတို့၏ အဆင့်အတန်းကို မထိခိုက်ပါက ၎င်းတို့သည် တတ်နိုင်သမျှ အလုပ်ကို ရှောင်ကြဉ်ကြသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဟုတ်ပါသလော။ (ဟုတ်ပါသည်။) အမှန်တကယ် ပတ်ဝန်းကျင်တစ်ခုခုနှင့် သို့မဟုတ် ဖမ်းဆီးခံရခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ညီအစ်ကိုမောင်နှမများ လုံခြုံခြင်းရှိမရှိကို မည်သည့်စိုးရိမ်မှုမျှမရှိဘဲ မိမိတို့၏ ကိုယ်ပိုင်လုံခြုံရေးကိုသာ ဂရုစိုက်လျက် ၎င်းတို့သည် မိမိလွတ်ရာသို့ ဦးစွာပြေးကြသည်၊ ပြီးလျှင် ၎င်းတို့သည် အသင်းတော်၏အလုပ်ကို သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ကြပေ။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်စေကာမူ အားလုံးသည် ကိုယ့်အဆင့်အတန်းကိုယ် ထိန်းသိမ်းရန်အတွက်သာ ဖြစ်သည်။ အထက်က ၎င်းတို့ကို မဖြုတ်ချသရွေ့၊ နောက်လာမည့် ရွေးကောက်ပွဲတွင် ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို မဲပေးနေသရွေ့၊ ၎င်းတို့သည် ခေါင်းဆောင်အဖြစ် ဆက်လက် ရှိနေနိုင်သရွေ့ ၎င်းတို့သည် အလုပ်အချို့ကို အင်တင်တင်ဖြင့် လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့လုပ်ဆောင်သည့်အရာတစ်ခုခုက အထက်က ၎င်းတို့အား ရှုမြင်ပုံကို ထိခိုက်နိုင်လျှင်၊ အထက်က ၎င်းတို့ကို ဖြုတ်ချနိုင်လျှင်၊ သို့မဟုတ် ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် သရုပ်သကန်များက ညီအစ်ကိုမောင်နှမများကို ၎င်းတို့အပေါ် မကောင်းမြင်စေပြီး နောက်တစ်ကြိမ် မဲမပေးအောင် လုပ်နိုင်လျှင် ၎င်းတို့သည် မိမိတို့၏ ပုံရိပ်ကို အဖတ်ဆယ်ရန် အနည်းဆုံးအားဖြင့် မိမိတို့ရှေ့မှောက်ရှိ အလုပ်အချို့ကို လုပ်ဆောင်ခြင်းဖြင့် ကြိုးစားကြလိမ့်မည်။ ဤနည်းအားဖြင့် ၎င်းတို့သည် မိမိတို့၏ အထက်နှင့် လက်အောက်ရှိသူများကို ဖြေရှင်းချက် ပေးနိုင်ကြသည်၊ ၎င်းတို့ ဖြေရှင်းချက် မပေးနိုင်သူမှာ ဘုရားသခင်တစ်ပါးတည်းသာ ဖြစ်သည်။ ၎င်းတို့လုပ်ဆောင်သမျှသည် ဟန်ပြသက်သက်အတွက်သာ ဖြစ်သည်။ အထက်အဆင့်ခေါင်းဆောင်များက ၎င်းတို့ကို မဖြုတ်ချသရွေ့၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ဆက်လက်ထောက်ခံနေသရွေ့ ၎င်းတို့သည် ကျေနပ်နေကြသည်။ အသင်းတော် ခေါင်းဆောင်တစ်ဦးအဖြစ် ၎င်းတို့၏ လုပ်သက်တွင် ၎င်းတို့သည် ကြီးမားသော မကောင်းမှုကို မကျူးလွန်ကြဘဲ အပြင်ပန်းတွင် အလုပ်များဖြင့် အစဉ်သဖြင့် အလုပ်ရှုပ်နေပုံရသော်လည်း မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ အထူးသဖြင့် ဆိုးယုတ်သောလူများက အသင်းတော်ကို နှောင့်ယှက်နေသည်ကို မြင်သည့်အခါ ၎င်းတို့သည် မည်သည့်အရာမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ဤဆိုးယုတ်သောလူများကို စိတ်အနှောင့်အယှက်ပေးရန် ကြောက်ရွံ့ကြသဖြင့် တတ်နိုင်သမျှ ၎င်းတို့ကို ဖျောင်းဖျရန်နှင့် ညှိနှိုင်းရန် ကြိုးစားကြပြီး သဟဇာတဖြစ်မှုကို ထိန်းသိမ်းရန်သာ ကြိုးပမ်းကြသည်။ ၎င်းတို့သည် မည်သူ့ကိုမျှ ပြစ်မှားရန် မလိုလားကြပေ၊ ဤလူများက အသင်းတော်၏အလုပ်ကို နှောင့်ယှက်လျှင် သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို ခြိမ်းခြောက်လျှင်ပင် ၎င်းတို့သည် မည်သည့်အရာမျှ မလုပ်ဆောင်ကြပေ။ ဤသည်မှာ အမှန်စင်စစ် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

တကယ့်အလုပ်ကို မလုပ်ဆောင်သော အယောင်ဆောင်ခေါင်းဆောင်များအတွက်မှာမူ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ထပ်ခါတလဲလဲ သတိပေးပြီး ပြဿနာများကို ဖြေရှင်းရန် တောင်းဆိုသည့်တိုင် ၎င်းတို့သည် တကယ့်အလုပ်ကို မလုပ်ဆောင်သေးပါက၊ တကယ့်ပြဿနာများကို မဖြေရှင်းပါက၊ အမှားများကို မပြုပြင်ပါက သင်တို့သည် ဤအရာကို အထက်သို့ တိုင်ကြားသင့်သည်။ အထက်အဆင့်ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤပြဿနာကို မဖြေရှင်းပါက သင်တို့သည် ဤအယောင်ဆောင်ခေါင်းဆောင်များကို ဖယ်ရှားရန် ဖြစ်နိုင်သည့် မည်သည့်နည်းလမ်းကိုမဆို စဉ်းစားသင့်သည်။ ငါသည် ဤစကားများကို နှစ်ပေါင်းများစွာ ပြောဆိုခဲ့ပြီးဖြစ်သော်လည်း အောက်ခြေရှိ လူအများစုမှာ အခြားသူများကို စိတ်အနှောင့်အယှက်ပေးမိခြင်းထက် မိမိတို့ကိုယ်တိုင် အနည်းငယ် ဆုံးရှုံးနစ်နာမှုနှင့် ထိခိုက်မှုကို ခံရခြင်းကို ပိုနှစ်သက်သော ကျွန်များဖြစ်ကြသည်။ မည်သည့်အခြေအနေတွင်မဆို ၎င်းတို့သည် အလယ်အလတ်လမ်းစဉ်ကို အစဉ်သဖြင့် လိုက်လျှောက်ပြီး မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်ပေးခြင်းမရှိဘဲ လူ့အကြိုက်လိုက်သူများအဖြစ် ပြုမူကြသည်။ လူများကို စိတ်အနှောင့်အယှက်မပေးခြင်း၏ အဖိုးအခမှာ အဘယ်နည်း။ ယင်းမှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်စေပြီး ညီအစ်ကိုမောင်နှမများကို နှောင့်ယှက်ခြင်းကို ဖြစ်ပေါ်စေလျက် ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများကို စတေးခြင်း ဖြစ်သည်။ ဆိုးယုတ်သောလူများကို မကိုင်တွယ်ပါက မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသူများစွာတို့သည် ထိခိုက်ခံရလိမ့်မည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ် ထိခိုက်ခံရခြင်းနှင့် ညီမျှသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားအိမ်တော်၏အလုပ် ထိခိုက်ခံရသည့်အခါ မည်သူမျှ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ကြောင့်ကြခြင်း မရှိပေ၊ ထို့ကြောင့် လူအများစုသည် အခြားသူများနှင့် သဟဇာတဖြစ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းရန် ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများကို စတေးနေကြသည်ဟု ငါ ပြောခြင်း ဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် ညီအစ်ကိုမောင်နှမများကို စိတ်အနှောင့်အယှက်ပေးခြင်းမှ ရှောင်ကြဉ်ကြသည်၊ ၎င်းတို့သည် မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်ပေးခြင်းမရှိကြပေ။ လူတိုင်းသည် လူ့အကြိုက်လိုက်သူများအဖြစ် ပြုမူကြသည်။ ၎င်းတို့၏ စိတ်ဓာတ်မှာ “သင်ကောင်းသည်၊ ကျွန်ုပ်ကောင်းသည်၊ လူတိုင်းကောင်းသည်၊ မည်သည့်အရာပင်ဖြစ်စေ ကျွန်ုပ်တို့သည် အချင်းချင်း အစဉ်သဖြင့် တွေ့မြင်နေကြရသည်” ဟူ၍ ဖြစ်သည်။ ပြီးလျှင် ရလဒ်မှာ အဘယ်နည်း။ ဤသည်မှာ ဆိုးယုတ်သောလူများကို အခြေအနေကို အမြတ်ထုတ်ရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်၊ ၎င်းတို့သည် မိမိတို့အလိုရှိရာကို ပြုလုပ်လျက် ထပ်ခါတလဲလဲ အာဏာရှင်ဆန်စွာ ပြုမူကြသည်။ သို့ဖြစ်၍ အသင်းတော်ခေါင်းဆောင်များသည် ယုံကြည်စိတ်ချ၍မရဘဲ ဆိုးယုတ်သောလူများကို ဖယ်ရှားခြင်း မပြုပါက ညီအစ်ကိုမောင်နှမများသည် မိမိတို့ကိုယ်ကို ကာကွယ်ရန် ဖြစ်နိုင်သည့် မည်သည့်နည်းလမ်းကိုမဆို စဉ်းစားရမည်၊ ၎င်းတို့သည် ဆိုးယုတ်သောလူများကို မြင်သည့်အခါ ရှောင်ကြဉ်ခြင်း၊ ခပ်ဝေးဝေးနေခြင်းနှင့် သီးခြားခွဲထားခြင်းများ ပြုလုပ်ရမည်။ အချို့လူများက “ကျွန်ုပ်တို့က သူတို့ကို သီးခြားခွဲထားပြီး သူတို့ ဒေါသထွက်သွားလျှင် သူတို့က ကျွန်ုပ်တို့ကို ထပ်ပြီး တိုင်ကြားမည် မဟုတ်လား” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် သင့်ကို အမှန်တကယ် တိုင်ကြားခဲ့လျှင် သင်ကြောက်မည်လော။ (မကြောက်ပါ။ ဤသည်မှာ ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် ဖော်ထုတ်လိုက်ခြင်း ဖြစ်ပါသည်။) ၎င်းတို့သည် သင့်ကို ထပ်မံတိုင်ကြားပါက ၎င်းတို့သည် ပင်ကိုအားဖြင့် ယုဒများ၊ ဆိုးယုတ်သော နတ်ဆိုးများဖြစ်ကြောင်းကို ပို၍သက်သေပြလိုက်ခြင်းသာ ဖြစ်သည်။ သင်သည် ၎င်းတို့ကို မကြောက်ရွံ့ရပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မျက်စိကန်းပြီး အမှုအရာများကို ထိုးထွင်းမမြင်နိုင်ဘဲ နားဝေတိမ်တောင်ဖြစ်ပြီး အသုံးမကျလျှင်၊ သို့မဟုတ် ၎င်းတို့သည် မပြတ်သားဘဲ မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်ပေးခြင်းမရှိဘဲ၊ တကယ့်အလုပ်ကို မလုပ်ဆောင်ဘဲ မိမိတို့၏ အဆင့်အတန်း၏ အကျိုးခံစားမှုများကိုသာ ခံစားနေလျှင် ညီအစ်ကိုမောင်နှမများသည် ၎င်းတို့အပေါ် မည်သည့်မျှော်လင့်ချက်မျှ မထားသင့်တော့ပေ။ ၎င်းတို့သည် စည်းမျဉ်းများအတိုင်း ဆိုးယုတ်သောလူများကို ကိုင်တွယ်ရန်နှင့် ယုဒများကို ဖယ်ရှားရန် စည်းလုံးရမည်။ ၎င်းတို့သည် စုဝေးသည့်နေရာကို ပြောင်းလဲရန် သို့မဟုတ် ဤလူများ၏ နှောင့်ယှက်ခြင်းကို ရှောင်ရှားရန် ၎င်းတို့ကို ဖယ်ရှားရန် ပညာရှိသော နည်းလမ်းတစ်ခုကို အသုံးပြုဖို့ လိုအပ်ကောင်း လိုအပ်နိုင်သည်။ အသင်းတော်အသက်တာ၏ ပုံမှန်လည်ပတ်မှုကို သေချာစေခြင်းနှင့် အသင်းတော်အလုပ်အားလုံး၏ ပုံမှန်တိုးတက်မှုကို သေချာစေခြင်းသည် အရေးကြီးဆုံးသောအရာ ဖြစ်သည်။ အသင်းတော်ခေါင်းဆောင်တစ်ဦးသည် တကယ့်အလုပ်ကို လုပ်ဆောင်သည်၊ လုံလောက်သော အစွမ်းအစရှိပြီး ၎င်းတို့၏ လူ့သဘာဝသည်လည်း အတော်အတန် ကောင်းမွန်ပါက ၎င်းတို့သည် အလုပ်အစီအစဉ်များအတိုင်း မိမိတို့၏ အလုပ်ကို လုပ်ဆောင်နေသရွေ့ လူတိုင်းသည် ၎င်းတို့ကို နာခံသင့်သည်။ ၎င်းတို့သည် တကယ့်အလုပ်ကို မလုပ်ဆောင်ပါက ၎င်းတို့နှင့် ပတ်သက်ဆက်ဆံခြင်း သို့မဟုတ် အားကိုးခြင်း မပြုသင့်ပေ။ ထိုအချိန်တွင် ပြဿနာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ဖြေရှင်းသင့်သည်။ အကယ်၍ ခေါင်းဆောင်ကို ဖြုတ်ချရန် လိုအပ်ပါက ဖြုတ်ချသင့်သည်၊ ရွေးကောက်ပွဲတစ်ခု ပြန်လည်ကျင်းပရန် လိုအပ်ပါက ကျင်းပသင့်သည်။ ဤအယောင်ဆောင်ခေါင်းဆောင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ပါက၊ ညီအစ်ကိုမောင်နှမများ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့် ပတ်ဝန်းကျင်ကို မလုံခြုံစေပါက၊ ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို ဂရုမစိုက်ပါက ၎င်းတို့သည် စံနှုန်းပြည့်မီခြင်း မရှိပေ၊ ၎င်းတို့သည် အရည်အချင်းမရှိပေ၊ မည်သည့်တကယ့်အသုံးဝင်မှုမျှ မရှိသော အမှိုက်ပုံကြီးတစ်ခုသာ ဖြစ်သည်၊ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့ကို နားမထောင်သင့်သကဲ့သို့ ၎င်းတို့၏ ဘောင်ခတ်မှုကိုလည်း မခံသင့်ပေ။ လိုအပ်သည့်အခါတိုင်း ယုဒများကို ဖယ်ရှားခြင်း မပြုနိုင်သော မည်သည့်ခေါင်းဆောင်များနှင့် အမှုဆောင်များမဆိုသည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အယောင်ဆောင်အမှုဆောင်များ ဖြစ်ကြသည်၊ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များကို အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကိုင်တွယ်သင့်သည်။ ၎င်းတို့ကို ချက်ချင်း မကိုင်တွယ်ပါက ညီအစ်ကိုမောင်နှမများအားလုံးသည် ယုဒများ၏ သစ္စာဖောက်ခြင်းကို ခံရမည်ဖြစ်ပြီး အသင်းတော်သည်လည်း ဆက်လက်တည်ရှိတော့မည် မဟုတ်ပေ။ “အချိန်မရွေး သစ္စာဖောက်နိုင်စွမ်းရှိခြင်း” ဟူသည့် အဋ္ဌမမြောက် သရုပ်သကန်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် ဤတွင် ပြီးဆုံးပါသည်။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။