အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၃) အခန်း လေး
ဖာရိရှဲများ၏ ကောက်ကျစ်ဆိုးယုတ်သော ကဏ္ဍများက မည်သို့ ထင်ရှားသနည်း။ ပထမဦးစွာ ဖာရိရှဲတို့က လူ့ဇာတိခံ ဘုရားသခင်ကို မည်သို့ ဆက်ဆံခဲ့သည်ဟူသည့်အချက်ဖြင့် ငါတို့၏ ဆွေးနွေးမှုကို အစပြုကြစို့။ ထို့နောက်တွင် သင်တို့သည် အနည်းငယ် ပို၍ နားလည်ကောင်း နားလည်နိုင်မည်ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်အကြောင်း ပြောရမည်ဆိုလျှင်၊ လွန်ခဲ့သော အနှစ်နှစ်ထောင်က လူ့ဇာတိခံ ဘုရားသခင်သည် မည်သည့် မိသားစုနှင့် နောက်ခံအခြေအနေမျိုးတွင် မွေးဖွားခဲ့သည်ကို ငါတို့ ဦးစွာ ပြောဆိုရပေမည်။ ပထမဦးစွာ သခင်ယေရှုသည် ကြွယ်ဝချမ်းသာသော မိသားစုတွင် လုံးဝ မွေးဖွားခဲ့သည် မဟုတ်ပေ။ သူ၏ မျိုးရိုးသည် အလွန်ထင်ရှားကျော်ကြားခြင်း မရှိခဲ့။ သူ၏ မွေးစားဖခင် ယောသပ်သည် လက်သမားတစ်ဦးဖြစ်ပြီး သူ၏ မယ်တော် မာရိသည် သာမန် ယုံကြည်သူတစ်ဦး ဖြစ်ခဲ့သည်။ သူ့ မိဘများ၏ ပင်ကိုလက္ခဏာနှင့် လူမှုအဆင့်အတန်းသည် သခင်ယေရှု မွေးဖွားခဲ့သော မိသားစုနောက်ခံကို ကိုယ်စားပြုပြီး သူသည် သာမန်မိသားစုတစ်ခုတွင် မွေးဖွားခဲ့သည်မှာ သိသာထင်ရှားပေသည်။ “သာမန်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သာမန်လူထုကို ရည်ညွှန်းသည်။ လူ့အဖွဲ့အစည်း၏ အောက်ခြေအဆင့်ရှိ သာမန်အိမ်ထောင်စုတစ်ခုကို ရည်ညွှန်းပြီး မြင့်မြတ်သော မိသားစုများနှင့် လုံးဝပတ်သက်ခြင်းမရှိ၊ အရေးပါသော အဆင့်အတန်းနှင့် အနည်းငယ်မျှပင် မဆက်စပ်သည့်အပြင် အထက်တန်းလွှာလည်း သေချာပေါက် မဟုတ်ပေ။ မည်သည့် ထင်ရှားကျော်ကြားသော လူမှုအဆင့်အတန်း သို့မဟုတ် ထူးခြားသော မိသားစုနောက်ခံမျှ မရှိဘဲလျက် သာမန်မိဘများဖြင့် သာမန်မိသားစုတစ်ခုထဲသို့ မွေးဖွားခဲ့သည်။ သခင်ယေရှု၏ မွေးဖွားခြင်းနှင့်ဆိုင်သော နောက်ခံနှင့် မိသားစုသည် သာမန်အရိုးရှင်းဆုံးဖြစ်ခဲ့သည်မှာ သိသာထင်ရှားပေသည်။ သခင်ယေရှုသည် အထူးပညာရေးတစ်ခုခုကို သင်ယူခဲ့ရကြောင်း သမ္မာကျမ်းစာက မှတ်တမ်းတင်ထားသလော။ သူသည် ဓမ္မတက္ကသိုလ်တစ်ခုခုမှ ပညာရေးကို သင်ယူခဲ့သလော။ ယဇ်ပုရောဟိတ်အကြီးတစ်ဦး၏ လေ့ကျင့်သင်ကြားမှုကို သူ ခံယူခဲ့သလော။ ပေါလုကဲ့သို့ စာအုပ်များစွာကို သူဖတ်ရှုခဲ့သလော။ သူသည် လူမှုအထက်တန်းလွှာ သို့မဟုတ် ယုဒဘာသာ၏ ယဇ်ပုရောဟိတ်အကြီးများနှင့် အနီးကပ် ထိတွေ့ဆက်ဆံခြင်း သို့မဟုတ် ပေါင်းသင်းဆက်ဆံခြင်း ရှိခဲ့သလော။ မရှိခဲ့ပေ။ သခင်ယေရှု မွေးဖွားရာမိသားစု၏ လူမှုအဆင့်အတန်းကို ကြည့်ခြင်းအားဖြင့် သူသည် ယုဒလူမျိုး ကျမ်းတတ်များနှင့် ဖာရိရှဲများ၏ အထက်တန်းအလွှာနှင့် ထိတွေ့ဆက်ဆံရလိမ့်မည်မဟုတ်ကြောင်း သိသာထင်ရှားသည်။ သူသည် အခြေခံအားဖြင့် သာမန်ယုဒလူမျိုးများကြား၌သာ နေထိုင်ရန် ကန့်သတ်ခြင်း ခံခဲ့ရသည်။ ရံဖန်ရံခါ သူသည် တရားဇရပ်သို့ သွားရောက်ခဲ့ပြီး သူတွေ့ဆုံခဲ့သော လူများအားလုံးမှာ သာမန်လူများသာ ဖြစ်ကြသည်။ ဤသည်မှာ အဘယ်အရာကို ပြသသနည်း။ သခင်ယေရှု ကြီးပြင်းလာသည်နှင့်အမျှ၊ သူ၏ အမှုတော်ကို တရားဝင် မထမ်းဆောင်မီ သူ ကြီးပြင်းလာခဲ့သော နောက်ခံအခြေအနေသည် မပြောင်းလဲဘဲ ရှိနေခဲ့သည်။ အသက် တစ်ဆယ့်နှစ်နှစ် နောက်ပိုင်းတွင် လူ့အဖွဲ့အစည်း သို့မဟုတ် ဘာသာရေးလောက၏ အထက်တန်းစားများနှင့် ပေါင်းသင်းဆက်ဆံရန် အခွင့်အရေး ရရှိဖို့ မဆိုထားနှင့်၊ သူ၏ အိမ်ထောင်စုက ချမ်းသာကြွယ်ဝလာခြင်း မရှိခဲ့သကဲ့သို့ သူသည်လည်း ချမ်းသာသူတစ်ဦး ဖြစ်မလာခဲ့ပေ။ ပြီးလျှင် သူ၏ ကြီးပြင်းလာစဉ်ကာလအတောအတွင်း အဆင့်မြင့်ပညာရေးကို သင်ယူရန် အခွင့်အရေးလည်း သူ မရရှိခဲ့ပေ။ ဤအရာက နောင်လာနောက်သားများအတွက် အဘယ်သတင်းစကားကို ပေးသနည်း။ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော ဤသာမန်နှင့် ပုံမှန်လူပုဂ္ဂိုလ်သည် အဆင့်မြင့်ပညာရေးကို သင်ယူရန် အခွင့်အရေးဖြစ်စေအခြေအနေဖြစ်စေ မရှိခဲ့ပေ။ သူသည် သာမန်လူများကဲ့သို့ပင် ဖြစ်ခဲ့သည်။ သူသည် သာမန်လူမှုပတ်ဝန်းကျင်တစ်ခု၊ သာမန်မိသားစုတစ်ခု၌ အသက်ရှင်နေထိုင်ခဲ့ပြီး သူနှင့်ပတ်သက်၍ ထူးခြားသည့်အရာ မည်သည့်အရာမျှ မရှိခဲ့ပေ။ ဤအကြောင်းကြောင့်ပင် ထိုကျမ်းတတ်များနှင့် ဖာရိရှဲများသည် သခင်ယေရှု၏ တရားဒေသနာများနှင့် လုပ်ဆောင်ချက်များအကြောင်းကို ကြားသိပြီးနောက် ထရပ်ကာ သူ့ကို ပွင့်လင်းစွာ တရားစီရင်ခြင်း၊ ပြစ်မှားစော်ကားခြင်းနှင့် ရှုတ်ချခြင်းတို့ကို ပြုဝံ့ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့၏ ရှုတ်ချမှုအတွက် အဘယ်အခြေခံအကြောင်းရင်း ၎င်းတို့၌ ရှိခဲ့သနည်း။ ယင်းမှာ ဓမ္မဟောင်းကျမ်း၏ ပညတ်တရားများနှင့် စည်းမျဉ်းစည်းကမ်းများအပေါ် အခြေခံခဲ့သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ပထမဦးစွာ သခင်ယေရှုသည် သူ၏ တပည့်တော်များကို ဥပုသ်နေ့အား မစောင့်ထိန်းရန် ဦးဆောင်ခဲ့သည်။ သူသည် ဥပုသ်နေ့၌ပင် အလုပ်လုပ်ခဲ့သည်။ ထို့အပြင် သူသည် ပညတ်များနှင့် စည်းမျဉ်းစည်းကမ်းများကို မစောင့်ထိန်းခဲ့သကဲ့သို့ ဗိမာန်တော်သို့လည်း မသွားခဲ့ပေ။ အပြစ်သားများနှင့် သူ ကြုံရသောအခါ၊ အချို့လူများက ထိုသူတို့ကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို သူ့အား မေးမြန်းခဲ့ကြသော်လည်း သူသည် ပညတ်တရားအတိုင်း ထိုသူတို့ကို မကိုင်တွယ်ခဲ့ဘဲ ထိုအစား သနားကရုဏာ ပြသခဲ့သည်။ သခင်ယေရှုလုပ်ဆောင်ချက်များ၏ ဤသွင်ပြင်လက္ခဏာတစ်ခုမျှ ဖာရိရှဲများ၏ ဘာသာရေးဆိုင်ရာ အယူအဆများနှင့် မကိုက်ညီခဲ့ပေ။ ၎င်းတို့သည် သမ္မာတရားကို မချစ်မြတ်နိုးသောကြောင့် သခင်ယေရှုကို မုန်းတီးခဲ့ကြသည်။ ၎င်းတို့သည် သခင်ယေရှုက ပညတ်တရားအား ချိုးဖောက်သည်ဟူသော အကြောင်းပြချက်ကို အမိအရအသုံးချပြီး သူ့ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ကြကာ သူ့ကို အသေသတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အကယ်၍ သခင်ယေရှုသည် ထင်ရှားကျော်ကြားပြီး အောင်မြင်သော မိသားစုတစ်ခုတွင် မွေးဖွားခဲ့ပါက၊ အကယ်၍ သူသည် အဆင့်မြင့်ပညာတတ်တစ်ဦး ဖြစ်ခဲ့ပါက၊ အကယ်၍ သူသည် ဤကျမ်းတတ်များ၊ ဖာရိရှဲများနှင့် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့ပါက ထိုအချိန်က အမှုအရာများသည် နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သကဲ့သို့ သူ၏အပေါ်၌ ဖြစ်ပျက်ခဲ့မည် မဟုတ်ပေ။ ထိုအရာများပြောင်းလဲသွားကောင်း ပြောင်းလဲသွားနိုင်ပါသည်။ သူ၏ သာမန်ဖြစ်မှု၊ သူ၏ ပုံမှန်ဖြစ်မှုနှင့် သူ၏ မွေးဖွားရာနောက်ခံတို့ကြောင့်ပင် သူသည် ဖာရိရှဲများ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ သခင်ယေရှုကို ပြစ်တင်ရှုတ်ချခြင်းအတွက် ၎င်းတို့၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ထာဝရကာလပတ်လုံး မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ဟု သူတို့ ယုံကြည်ခဲ့ကြသည့် ၎င်းတို့ စွဲကိုင်ထားသော ထိုစည်းမျဉ်းစည်းကမ်းများနှင့် ပညတ်များပင် ဖြစ်သည်။ ဖာရိရှဲတို့သည် ၎င်းတို့ သဘောပေါက်နားလည်သော ဓမ္မပညာဆိုင်ရာ သဘောတရားများကို အသိပညာအဖြစ်လည်းကောင်း၊ လူတို့ကို အကဲဖြတ်ရန်နှင့် ပြစ်တင်ရှုတ်ချရန်အတွက် တန်ဆာပလာတစ်ခုအဖြစ်လည်းကောင်း စွဲကိုင်ထားခဲ့ကြပြီး သခင်ယေရှုအပေါ်၌ပင် ထိုအရာကို အသုံးပြုခဲ့ကြသည်။ ဤသည်မှာ သခင်ယေရှု ပြစ်တင်ရှုတ်ချခြင်း ခံခဲ့ရပုံ ဖြစ်သည်။ လူတစ်ဦးကို ၎င်းတို့ အကဲဖြတ်သည့် သို့မဟုတ် ဆက်ဆံသည့်ပုံစံသည် ထိုလူ၏ အနှစ်သာရအပေါ်၌ဖြစ်စေ၊ ထိုသူ ဟောပြောသည့်အရာက သမ္မာတရား ဟုတ်မဟုတ်ဟူသည့်အပေါ်၌ဖြစ်စေ လုံးဝ မမူတည်ခဲ့သကဲ့သို့ထိုသူ ပြောဆိုသော စကားများ၏ ရင်းမြစ်အပေါ်တွင် သာ၍ပင် မမူတည်ပေ။ ဖာရိရှဲတို့က လူတစ်ဦးကို အကဲဖြတ်သည့် သို့မဟုတ် ပြစ်တင်ရှုတ်ချသည့်ပုံစံသည် ၎င်းတို့ သဘောပေါက်နားလည်သော ဓမ္မဟောင်းကျမ်းထဲက စည်းမျဉ်းစည်းကမ်းများ၊ စကားလုံးများနှင့် အယူဝါဒများအပေါ်၌သာ မူတည်ခဲ့သည်။ သခင်ယေရှု ပြောဆိုပြီး လုပ်ဆောင်ခဲ့သည့်အရာသည် အပြစ်တစ်ခု သို့မဟုတ် ပညတ်တရားကို ချိုးဖောက်ခြင်းမဟုတ်ကြောင်းကို ဖာရိရှဲတို့က မိမိတို့စိတ်နှလုံးထဲ၌ သိရှိခဲ့ကြသော်လည်း သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြဆဲဖြစ်သည်။ အကြောင်းမှာ သူ ဖော်ပြခဲ့သော သမ္မာတရားများ၊ သူ ပြုခဲ့သော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုများက လူများစွာတို့ကို သူ့နောက်သို့လိုက်စေခဲ့ပြီး သူ့ကို ချီးမွမ်းစေခဲ့သောကြောင့် ဖြစ်သည်။ ဖာရိရှဲတို့သည် သူ့အပေါ် ပို၍ပို၍ မုန်းတီးလာခဲ့ကြပြီး သူ့ကို ရှင်းပစ်ရန်ပင် အလိုရှိခဲ့ကြသည်။ သခင်ယေရှုက ကြွလာမည့် မေရှိယဖြစ်သည်ကို ၎င်းတို့ အသိအမှတ်မပြုခဲ့ကြသကဲ့သို့ သူ၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားရှိကြောင်းကိုလည်း အသိအမှတ်မပြုခဲ့ကြပေ။ သူ၏ အမှုတော်သည် သမ္မာတရားနှင့် ကိုက်ညီကြောင်းကို သာ၍ပင် အသိအမှတ်မပြုခဲ့ကြပေ။ ၎င်းတို့သည် သခင်ယေရှုကို ရဲတင်းလွန်းသော စကားများ ပြောဆိုကာ နတ်ဆိုးတို့၏ မင်းဖြစ်သော ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်သည်ဟူ၍ စွပ်စွဲခဲ့ကြသည်။ ဤအပြစ်များကို သခင်ယေရှုအပေါ် ၎င်းတို့ ပုံချနိုင်ခဲ့ခြင်းက ၎င်းတို့အနေဖြင့် သူ့အပေါ် မည်မျှ မုန်းတီးကြောင်း ပြသနေသည်။ ထို့ကြောင့် သခင်ယေရှုကို ဘုရားသခင် စေလွှတ်ခဲ့ကြောင်း၊ သူသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း၊ သူသည် မေရှိယဖြစ်ကြောင်းကို ပြင်းထန်စွာ ငြင်းပယ်ရန် ၎င်းတို့ လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့ ဆိုလိုသည့်အရာမှာ၊ “ဘုရားသည် ဤသို့သောနည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်မည်လော။ အကယ်၍ ဘုရားက လူ့ဇာတိခံယူခဲ့ပါက သူသည် အလွန်ရှိန်လောက်သော အဆင့်အတန်းရှိသည့် မိသားစုတစ်ခုတွင် မွေးဖွားခဲ့ရပေမည်။ ပြီးလျှင် သူသည် ကျမ်းတတ်များနှင့် ဖာရိရှဲများထံမှ သင်ကြားမှုကို လက်ခံရပေမည်။ သူသည် သမ္မာကျမ်းစာကို စနစ်တကျ လေ့လာရပေမည်၊ ကျမ်းစာဆိုင်ရာ အသိပညာကို သဘောပေါက်နားလည်ရမည်၊ ‘လူ့ဇာတိခံ ဘုရား’ ဟူသောအမည်ကို ခံယူနိုင်ခြင်းမပြုမီ သမ္မာကျမ်းစာပါ အသိပညာအားလုံးနှင့် ပြည့်စုံရပေမည်” ဟူ၍ ဖြစ်သည်။ သို့သော် သခင်ယေရှုသည် ဤအသိပညာနှင့် ပြင်ဆင်ထားခြင်း မရှိခဲ့ပေ။ သို့ဖြစ်၍ ၎င်းတို့က “ပထမဦးစွာ သင်သည် ထိုသို့ အရည်အချင်းမပြည့်မီပါ။ သို့ဖြစ်၍ သင်သည် ဘုရားမဖြစ်နိုင်ပါ၊ ဒုတိယအနေဖြင့် ဤကျမ်းစာဆိုင်ရာ အသိပညာမရှိဘဲ သင်သည် ဘုရားဖြစ်နိုင်ဖို့ မဆိုထားနှင့်၊ ဘုရား၏ အမှုတော်ကို မဆောင်ရွက်နိုင်ပါ။ တတိယအနေဖြင့် သင်သည် ဗိမာန်တော်အပြင်ဘက်၌ အမှုမပြုရပါ။ သင်သည် ယခု ဗိမာန်တော်၌ အမှုမပြုဘဲ အပြစ်သားများအကြား၌ အစဉ် ရှိနေပါသည်။ သို့ဖြစ်၍ သင် လုပ်ဆောင်သော အမှုသည် သမ္မာကျမ်းစာ၏ နယ်ပယ်ထက် ကျော်လွန်နေပါသည်။ ယင်းက သင်ဘုရားဖြစ်ဖို့ သာ၍ပင် မဖြစ်နိုင်အောင် ဖြစ်စေသည်” ဟု ဆိုလျက် သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ၎င်းတို့ရှုတ်ချခြင်း၏ အခြေခံအကြောင်းရင်းသည် မည်သည့်နေရာမှ လာသနည်း။ သမ္မာကျမ်းစာမှ၊ လူသား၏စိတ်မှ၊ ပြီးလျှင် ၎င်းတို့ လက်ခံရရှိထားသည့် ဓမ္မပညာဆိုင်ရာ ပညာရေးမှ ဖြစ်သည်။ ၎င်းတို့သည် အယူအဆများ၊ စိတ်ကူးထင်မြင်မှုများနှင့် အသိပညာများဖြင့် ပြည့်လျှမ်းနေကြသောကြောင့်၊ ဤအသိပညာသည် မှန်ကန်ရမည်၊ သမ္မာတရားဖြစ်ရမည်၊ အခြေခံအကြောင်းရင်း ဖြစ်ရမည်ဖြစ်ပြီး မည်သည့်အချိန်တွင်မျှ ဤအရာများကို ဘုရားသခင် ဆန့်ကျင်မည်မဟုတ်ဟု ယုံကြည်ခဲ့ကြသည်။ သမ္မာတရားကို ၎င်းတို့ ရှာဖွေခဲ့ကြသလော။ မရှာဖွေခဲ့ကြပေ။ အဘယ်အရာကို ၎င်းတို့ ရှာဖွေခဲ့ကြသနည်း။ ဝိညာဉ်ခန္ဓာပုံစံဖြင့် ပေါ်ထွန်းသော သဘာဝလွန် ဘုရားတစ်ဆူကို ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်အတွက် ကန့်သတ်ချက်ဘောင်များကို သတ်မှတ်ခဲ့ကြသည်။ သူ၏ အမှုတော်ကို ငြင်းပယ်ခဲ့ကြပြီး လူ၏ အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် အသိပညာတို့နှင့်အညီ ဘုရားသခင်က မှန်သည်၊ မှားသည်ကို တရားစီရင်ခဲ့ကြသည်။ ပြီးလျှင် ဤအရာ၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့ ပြစ်တင်ရှုတ်ချခဲ့ကြရုံသာမက လူ့ဇာတိခံ ဘုရားသခင်ကိုလည်း လက်ဝါးကပ်တိုင်၌ သံမှိုစွဲရိုက်နှက်ခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်ကို အကဲဖြတ်ရန် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် အသိပညာတို့ကို အသုံးပြုခြင်းမှ ဖြစ်လာသည့်အရာဖြစ်ပြီး ဤသည်မှာ ၎င်းတို့နှင့်ပတ်သက်၍ ကောက်ကျစ်ဆိုးယုတ်သည့်အရာ ဖြစ်သည်။
အသိပညာနှင့် ပညာအရည်အသွေးအပေါ် ဖာရိရှဲတို့၏ တန်ဖိုးထားခြင်းမှ အကဲဖြတ်သည့်အခါ၊ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုသည် မည်သည့်နေရာ၌ တည်ရှိသနည်း။ ယင်းမှာ မည်သို့ ထင်ရှားသနည်း။ ငါတို့သည် ထိုသို့သောလူတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို မည်သို့ ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးနိုင်မည်နည်း။ အသိပညာနှင့် ပညာအရည်အသွေးအပေါ် ရိုသေလေးစားခြင်းကို သိရှိထားပြီးဖြစ်ကာ အသေးစိတ် ပြောဆိုရန် မလိုအပ်ပေ။ သို့ဆိုလျှင် ဤနေရာ၌ ထုတ်ဖော်ပြထားသော ကောက်ကျစ်ဆိုးယုတ်သည့် သဘာဝသည် အတိအကျအားဖြင့် အဘယ်အရာ ဖြစ်သနည်း။ ထိုသို့သောလူတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို ငါတို့အနေဖြင့် မည်သို့ စိတ်ဖြာလေ့လာဆွေးနွေးပြီး ရိပ်စားမိနိုင်မည်နည်း။ တစ်စုံတစ်ဦးက ထုတ်ပြောလော့။ (သူတို့သည် ဘုရားသခင်၏ အနှစ်သာရကို ဆန့်ကျင်ရန် အယူအဆဆိုင်ရာ အသိပညာကို အသုံးပြုကြသည်။ ဤသည်မှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်ဆိုင်သော သရုပ်သကန်များထဲမှ တစ်ခု ဖြစ်ပါသည်။) ဆန့်ကျင်ခြင်းသည် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့ ဆန့်ကျင်ခဲ့ကြသနည်း။ ဆန့်ကျင်ခြင်းတွင် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား အနည်းငယ် ပါဝင်သော်လည်း သင်သည် ကောက်ကျစ်ဆိုးယုတ်မှုကို ထည့်သွင်းစဉ်းစားခြင်း မရှိသေးပေ။ ၎င်းတို့သည် အဘယ်ကြောင့် ဆန့်ကျင်ခဲ့ကြသနည်း။ ထိုအရာမှာ သူ့ကို ၎င်းတို့ နှစ်သက်ခြင်း သို့မဟုတ် မနှစ်သက်ခြင်းနှင့် သက်ဆိုင်ခဲ့သလော။ ၎င်းတို့က၊ “ဘုရားသည် ကောင်းကင်ဘုံ၊ တတိယကောင်းကင်ဘုံ၌ ရှိသင့်သည်။ အားလုံး၏ လေးစားခြင်းခံရသင့်သည်၊ လူသားများက လက်လှမ်းမမီနိုင်၊ သူတို့အတွက် နားလည်ရခက်ခဲသောသူ လူသားမျိုးနွယ်အားလုံး၊ ဖန်ဆင်းခံ သတ္တဝါအားလုံး၊ စကြဝဠာရှိ သက်ရှိသတ္တဝါအားလုံးကပင် အားကိုးရမည့်သူဖြစ်သင့်သည်။ ယင်းမှာ ဘုရားဖြစ်၏။ ယခု ဘုရား ကြွလာပြီဖြစ်သော်လည်း၊ သင်သည် လက်သမားတစ်ဦး၏ အိမ်၌ မွေးဖွားခဲ့သည်။ သင်၏ မိဘများသည် သာမန်လူများသာ ဖြစ်ကြပြီး သင်သည် တင်းကုပ်တစ်ခု၌ပင် မွေးဖွားခဲ့သည်။ သင်၏ မွေးဖွားရာနောက်ခံသည် သာမန်မျှသာမဟုတ်၊ သာမန်အောက်နှင့် အများသူငှာအောက် တစ်ဆင့်နိမ့်သည်။ ဤအရာကို လူတို့က မည်သို့ လက်ခံနိုင်မည်နည်း။ အကယ်၍ ဘုရားသည် အမှန်တကယ် ကြွလာခဲ့မည်ဆိုပါက၊ သူသည် ဤသို့ ကြွလာနိုင်မည်မဟုတ်ပါ” ဟု ယုံကြည်လျက်၊ ဤဘုရားသခင်မျိုးကို မနှစ်မသက်ဖြစ်ခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်ကို လူတို့ ဘောင်ခတ်သည့်ပုံစံ မဟုတ်လော။ လူတိုင်းက ဘုရားသခင်ကို ဤသို့ ဘောင်ခတ်ကြသည်။ အမှန်တွင် သခင်ယေရှုက သာမန်လူတစ်ဦးမဟုတ်ကြောင်း၊ သခင်ယေရှု ပြောခဲ့သည့်အရာ မှန်ကန်ကြောင်းနှင့် သူ့ကို လူတို့စွပ်စွဲခဲ့သော အပြစ်အချို့သည် အချက်အလက်များနှင့် အမှန်တကယ် မကိုက်ညီကြောင်းကိုလည်း စိတ်ထဲတွင် ၎င်းတို့ ရေးတေးတေး ခံစားခဲ့ကြရသည်။ သခင်ယေရှုသည် နာမကျန်းဖြစ်သောသူတို့ကို ကျန်းမာစေနိုင်ပြီး နတ်ဆိုးများကို နှင်ထုတ်နိုင်ခဲ့သည်။ ပြီးလျှင် သူ ပြောဆိုကာ ဟောပြောခဲ့သော နှုတ်ကပတ်တော်များနှင့် တရားဒေသနာများ၌ ၎င်းတို့သည် မည်သည့်အမှားကိုမျှ ရှာမတွေ့နိုင်ခဲ့သကဲ့သို့ မည်သည့်အရာကိုမျှ အမိအရ အသုံးမချနိုင်ခဲ့ကြပေ။ သို့သော် ၎င်းတို့သည် ထိုအရာကို လက်မခံနိုင်ခဲ့ကြသေးသည့်အပြင် မိမိတို့၏ စိတ်နှလုံးထဲ၌ “ဤသည်မှာ ဘုရား အမှန်တကယ် ဖြစ်သည့်ပုံစံလော။ ဘုရားသည် ကောင်းကင်ဘုံ၌ အလွန်ကြီးမြတ်တော်မူသည်။ သို့ဖြစ်၍ သူသည် လူ့ဇာတိခံယူပြီး မြေကြီးပေါ်သို့ ကြွလာပါက သာ၍ပင် ကြီးမြတ်သင့်သည်၊ လူအားလုံး၏ လေးစားကြည်ညိုခြင်းကို ခံရသင့်သည်၊ မြင့်မြတ်သော မိသားစုများအကြား၌ သွားလာသင့်သည်၊ မှတ်သားရလောက်အောင် စကားပြောဆိုသင့်ပြီး လူသား အပြစ်အနာအဆာ သို့မဟုတ် အားနည်းချက် တစ်ခုမျှကိုပင် လုံးဝ မထုတ်ဖော်ပြသင့်ပါ။ ထို့အပြင် သူသည် ဗိမာန်တော်ရှိ ဘာသာရေးခေါင်းဆောင်များကို ချိုးနှိမ်ရန် သူ၏ အသိပညာ၊ သူ၏ ပညာအရည်အသွေးနှင့် သူ၏ ကျွမ်းကျင်မှုများကို ဦးစွာ အသုံးပြုသင့်သည်။ သူသည် ဤလူတို့ကို ဦးစွာ စည်းရုံးသိမ်းသွင်းသင့်သည်။ ယင်းမှာ ဘုရား၏ ရည်ရွယ်ချက် ဖြစ်ပေမည်” ဟု သံသယဝင်နေဆဲ ဖြစ်သည်။ သခင်ယေရှု လုပ်ဆောင်ခဲ့သည့်အရာနှင့်စပ်လျဉ်း၍ ၎င်းတို့လက်မခံခဲ့ကြသကဲ့သို့ ဤအချက်ကိုလည်း လက်ခံရန် သို့မဟုတ် အသိအမှတ်ပြုရန် အလိုမရှိခဲ့ကြပေ။ ဤအချက်ကို အသိအမှတ်ပြုရန် အလိုမရှိခြင်းသည် ပြဿနာကြီးတစ်ခု မဟုတ်ပေ။ ၎င်းတို့၏ အတွင်းစိတ်ထဲ၌ သာ၍ပင် ဆိုးရွားသောအရာတစ်ခုကို ၎င်းတို့ ပိုင်ဆိုင်ခဲ့ကြသည်။ အကယ်၍ ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးသည် ဘုရားဖြစ်ခဲ့ပါက ဘာသာရေးခေါင်းဆောင်အားလုံး ဘုရားဖြစ်နိုင်ကြမည်ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်ကိုယ်တိုင်ထက် ဘုရားနှင့် ပို၍တူကြမည်ဖြစ်ကာ အားလုံးသည် သခင်ယေရှုထက် ခရစ်တော်ဖြစ်ရန် သာ၍ အရည်အချင်းပြည့်မီကြမည်။ ဤသည်မှာ စိတ်အနှောင့်အယှက်ပေးသောအရာ မဟုတ်လော။ (ဟုတ်ပါသည်။) သခင်ယေရှုကို ၎င်းတို့ ပြစ်တင်ရှုတ်ချနေစဉ်တွင်ပင် ဤတစ်ကြိမ်၌ သူ၏ လူ့ဇာတိခံယူခြင်းအတွက် ဘုရားသခင် ရွေးချယ်ခဲ့သော ဇာတိပကတိနှင့်သက်ဆိုင်သည့် နောက်ခံအခြေအနေ၏ သွင်ပြင်လက္ခဏာတိုင်းကိုလည်း ဆန့်ကျင်ပြီး အထင်အမြင်သေးနေခဲ့ကြသည်။ ဖာရိရှဲများ၏ ကောက်ကျစ်ဆိုးယုတ်မှုက မည်သည့်နေရာ၌ တည်ရှိသည်ကို ငါတို့ မဆွေးနွေးရသေးပေ။ ငါတို့၏ မိတ်သဟာယကို ဆက်ကြစို့။
ဘုရားသခင်သည် သာမန်လူတစ်ဦးအဖြစ် လူ့ဇာတိခံယူသည်။ ယင်းမှာ ဘုရားသခင်သည် အရာခပ်သိမ်းအထက် မြင့်မြတ်သော ပုံသဏ္ဌာန်၊ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့မှ မိမိကိုယ်ကို နှိမ့်ချပြီး လုံးဝသာမန်လူတစ်ဦး ဖြစ်လာခြင်းကို ဆိုလိုသည်။ သူသည် သာမန်လူတစ်ဦး ဖြစ်လာသောအခါ ထင်ရှားကျော်ကြားပြီး ချမ်းသာသော မိသားစုတွင် မွေးဖွားရန် သူ မရွေးချယ်ခဲ့ပေ။ သူ၏ မွေးဖွားရာနောက်ခံသည် အလွန်သာမန်ဖြစ်ပြီး နုံချာသည်ပင် ဖြစ်သည်။ အကယ်၍ ငါတို့သည် ဤကိစ္စရပ်ကို သာမန်လူတစ်ဦး၏ ရှုထောင့်မှ၊ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝရှိသော တစ်စုံတစ်ဦး၏ ရှုထောင့်မှ ကြည့်မည်ဆိုလျှင် ဘုရားသခင် လုပ်ဆောင်သမျှအားလုံးက လူတို့၏ ရိုသေလေးစားခြင်းနှင့် ချစ်မြတ်နိုးခြင်းတို့ကို ခံထိုက်သည်။ လူတို့သည် ယင်းကို မည်သို့ ဆက်ဆံသင့်သနည်း။ (ရိုသေလေးစားခြင်းဖြင့် ဖြစ်ပါသည်။) ဘုရားသခင်နောက်သို့ လိုက်သော သာမန်နှင့် ပုံမှန်လူတစ်ဦးသည် ဘုရားသခင်က မြင့်မြတ်သော အဆင့်အတန်းမှ အထူးသာမန်ဖြစ်သော လူတစ်ဦးအဖြစ်သို့ မိမိကိုယ်ကို နှိမ့်ချသည့်အချက်အတွက် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို ချီးမွမ်းသင့်သည်။ ဘုရားသခင်၏ နှိမ့်ချမှုနှင့် ကွယ်ဝှက်မှုသည် အလွန် ချစ်ခင်နှစ်လိုဖွယ်ကောင်းလှသည်။ ဤသည်မှာ မည်သည့် ဖောက်ပြန်ပျက်စီးသောလူကမျှ သို့မဟုတ် မည်သည့် နတ်ဆိုးများနှင့် စာတန်ကမျှ မစွမ်းဆောင်နိုင်သည့်အရာ ဖြစ်သည်။ ဤသည်မှာ အပြုသဘောဆောင်သော အရာလော သို့မဟုတ် အပျက်သဘောဆောင်သော အရာလော။ (အပြုသဘောဆောင်သော အရာဖြစ်ပါသည်။) ဤအပြုသဘောဆောင်သောအရာ၊ ဤဖြစ်စဉ်နှင့် ဤအချက်သည် အတိအကျအားဖြင့် အဘယ်အရာကို သရုပ်ဖော်ပြသနည်း။ ဘုရားသခင်၏ နှိမ့်ချမှုနှင့် ကွယ်ဝှက်မှု၊ ဘုရားသခင်၏ ချစ်ခင်ဖွယ်ကောင်းခြင်းနှင့် နှစ်လိုဖွယ်ဖြစ်ခြင်းတို့ ဖြစ်သည်။ နောက်ထပ်အချက်တစ်ချက်မှာ ဘုရားသခင်သည် လူတို့ကို ချစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စစ်မှန်သည်၊ အတုအယောင်မဟုတ်ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အနှစ်မဲ့သော စကားမဟုတ်၊ ဆောင်ပုဒ်တစ်ခုမဟုတ်၊ လှည့်စားမှုတစ်ခုလည်း မဟုတ်ဘဲ၊ စစ်မှန်ပြီး အဖြစ်မှန် ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံယူပြီး လူသားမျိုးနွယ်၏ အထင်လွဲမှားမှုများအပြင် ၎င်းတို့၏ ပြက်ရယ်ပြုခြင်း၊ အသရေဖျက်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းတို့ကို ခါးစည်းခံရသည်။ သူသည် မိမိကိုယ်ကို နှိမ့်ချပြီး သာမန်လူတစ်ဦး ဖြစ်လာသည်၊ အသွင်အပြင်၌ မြင့်မြတ်ခြင်းမရှိ၊ အထူးပါရမီများ မရှိသကဲ့သို့ နက်နဲသော အသိပညာ သို့မဟုတ် ပညာအရည်အသွေးလည်း သေချာပေါက် မရှိပေ။ အဘယ်ရည်ရွယ်ချက်အတွက်နည်း။ သူ ရွေးချယ်ထားပြီး ကယ်တင်ရန် ရည်ရွယ်ထားသော လူတို့ထံသို့ ဤပင်ကိုလက္ခဏာနှင့်လည်းကောင်း၊ ၎င်းတို့အတွက် အလွယ်ကူဆုံး ချဉ်းကပ်၍ရနိုင်မည့် လူ့သဘာဝဆိုင်ရာ အသွင်အပြင်ဖြင့်လည်းကောင်း ချဉ်းကပ်ရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင် ပြုလုပ်သော ဤအရာအားလုံးသည် သူ ပေးဆပ်ခဲ့သော အဖိုးအခ ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) အခြားတစ်ဦးတလေက ဤအရာကို လုပ်ဆောင်နိုင်မည်လော။ မည်သူမျှ လုပ်ဆောင်နိုင်မည်မဟုတ်။ ဥပမာအားဖြင့် အလှအပကို အထူးချစ်မြတ်နိုးသော အချို့အမျိုးသမီးများသည် အမြဲတမ်း မိတ်ကပ်လိမ်းခြယ်ကြပြီး မိတ်ကပ်မပါဘဲ အပြင်မထွက်ကြပေ။ အကယ်၍ သင်တို့သည် ထိုသို့သော အမျိုးသမီးတစ်ဦးကို မျက်နှာပြောင်ဖြင့် အပြင်ထွက်ရန် သို့မဟုတ် မိတ်ကပ်မပါဘဲ စင်မြင့်ပေါ်တက်ပြီး ပေါ်လာရန် တောင်းဆိုပါက သူ လုပ်နိုင်မည်လော။ သူ လုပ်နိုင်မည်မဟုတ်။ ဤကိစ္စတွင် သူသည် အရှက်ခွဲခံရခြင်းပင် မဟုတ်သေးပေ။ မိတ်ကပ်မပါဘဲ အပြင်ထွက်ခြင်းမျှက သူ့အတွက် မဖြစ်နိုင်သောအရာ ဖြစ်သည်။ ထိုမာနအနည်းငယ်၊ ထိုဇာတိပကတိဆိုင်ရာ အကျိုးအမြတ်အနည်းငယ်ကိုပင် သူ လက်မလွှတ်နိုင်ပေ။ သို့ဆိုလျှင် ဘုရားသခင်နှင့်ပတ်သက်၍ကော အဘယ်သို့နည်း။ ဘုရားသခင်သည် လူ့အဖွဲ့အစည်း၏ အနိမ့်ဆုံးအလွှာတွင် သာမန်အဖြစ်ဆုံးသော လူတစ်ဦးအဖြစ် မွေးဖွားရန် မိမိကိုယ်ကို နှိမ့်ချသောအခါ သူ အဘယ်အရာကို စွန့်လွှတ်သနည်း။ သူ၏ ဂုဏ်သိက္ခာကို စွန့်လွှတ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် သူ၏ ဂုဏ်သိက္ခာကို စွန့်လွှတ်နိုင်ရသနည်း။ (လူတို့ကို ချစ်ရန်နှင့် ကယ်တင်ရန်အလို့ငှာ ဖြစ်ပါသည်။) ယင်းမှာ လူတို့ကို ချစ်ရန်နှင့် ကယ်တင်ရန်အလို့ငှာ ဖြစ်ပြီး၊ ယင်းက ဘုရားသခင်၏ စိတ်သဘောထားကို ထုတ်ဖော်ပြသခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤသည်မှာ ဂုဏ်သိက္ခာ ဆုံးရှုံးခြင်းနှင့် မည်သို့ ပါဝင်ပတ်သက်သနည်း။ ဤကိစ္စရပ်ကို မည်သို့ ရှုမြင်သင့်သနည်း။ လူအချို့က “ဘုရားသခင်က အဘယ်ဂုဏ်သိက္ခာကို ဆုံးရှုံးသနည်း။ ကိုယ်တော်သည် လူ့ဇာတိခံယူပြီးသည့်နောက်တွင်ပင် ဘုရားသခင်၏ ပင်ကိုလက္ခဏာ ကိုယ်တော်၌ ရှိနေဆဲ မဟုတ်လော။ ကိုယ်တော့်ကိုလိုက်လျှောက်ပြီး ကိုယ်တော်၏ တရားဒေသနာကို နားထောင်သောလူများ ကိုယ်တော်၌ ရှိနေဆဲ မဟုတ်လော။ ကိုယ်တော်သည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုတော်ကို ဆောင်ရွက်နေဆဲ မဟုတ်လော။ အဘယ်ဂုဏ်သိက္ခာကို ကိုယ်တော် ဆုံးရှုံးသနည်း” ဟု ဆိုကြသည်။ ဤ “ဂုဏ်သိက္ခာ ဆုံးရှုံးခြင်း” တွင် သွင်ပြင်လက္ခဏာများစွာ ပါဝင်သည်။ တစ်နည်းအားဖြင့်၊ ဤအရာအားလုံးကို လုပ်ဆောင်ခြင်းအတွက် ဘုရားသခင်၏ အရင်းခံအကြောင်းမှာ လူတို့အတွက် ဖြစ်သော်လည်း လူတို့က ယင်းကို နားလည်နိုင်ကြသလော။ သူ့နောက်သို့ လိုက်သောလူများပင်လျှင် ထိုအရာကို နားမလည်နိုင်ကြပေ။ ဤသိနားလည်မှုကင်းမဲ့ခြင်း၌ အဘယ်အရာ ပါဝင်သနည်း။ အထင်လွဲမှားခြင်း၊ အဓိပ္ပာယ်ကောက်လွဲခြင်းနှင့် အချို့သောလူများထံမှ ထူးဆန်းသောအကြည့်များ သို့မဟုတ် မထီမဲ့မြင်ပြုသောအကြည့်များ ပါဝင်သည်။ ဘုရားသခင်သည် ဝိညာဉ်ရေးရာနယ်ပယ်တွင်ရှိသည်၊ အရာခပ်သိမ်းအလယ်၌ ရှိပြီး လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင်၏ ခြေအောက်၌ တည်ရှိကြသည်။ သို့သော် ယခုတွင် ဘုရားသခင်သည် လူ့ဇာတိခံယူပြီးဖြစ်သဖြင့်၊ ယင်းမှာ သူသည် လူတို့နှင့် တန်းတူရည်တူအဖြစ် ပတ်ဝန်းကျင်တစ်ခုတည်း၌ အသက်ရှင်နေခြင်းနှင့် ညီမျှသည်။ သူသည် လူသားမျိုးနွယ်၏ ပြက်ရယ်ပြုခြင်း၊ အသရေဖျက်ခြင်း၊ အထင်လွဲမှားခြင်းနှင့် လှောင်ပြောင်သရော်ခြင်းတို့အပြင် ၎င်းတို့၏ အယူအဆများ၊ ရန်လိုမုန်းတီးမှုနှင့် တရားစီရင်ခြင်းတို့ကို ရင်ဆိုင်ရမည်ဖြစ်သည်။ ဤသည်တို့မှာ သူ ရင်ဆိုင်ရမည့်အရာများ ဖြစ်ကြသည်။ သူသည် ဤအရာများကို ရင်ဆိုင်နေစဉ်တွင်၊ သူ၌ ဂုဏ်သိက္ခာတစ်ခုတလေ ရှိသည်ဟု သင်တို့ ထင်သလော။ ဘုရားသခင်၏ ပင်ကိုလက္ခဏာအရ သူသည် ဤအရာများကို မခံစားသင့်ပေ။ လူတို့သည် ဘုရားသခင်ကို ဤသို့ မဆက်ဆံသင့်သကဲ့သို့ သူသည်လည်း ဤအရာများကို သည်းခံနေစရာမလိုပေ။ ဤသည်တို့မှာ ဘုရားသခင် သည်းခံသင့်သည့်အရာများ မဟုတ်ပေ။ သို့သော် ဘုရားသခင်ကလူ့ဇာတိခံယူသောအခါ သူသည် ထိုအရာများကို လက်ခံရမည်ဖြစ်သည်။ ဤအရာအားလုံးကို သူ သည်းခံရမည်ဖြစ်ပြီး မည်သည့်အရာမျှ ချန်လှပ်ထားခြင်း မရှိပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သာယာနာပျော်ဖွယ်ကောင်းသော စကားများစွာ ပြောဆိုနိုင်သော်လည်း လူ့ဇာတိခံ ဘုရားသခင်ကိုမူ ၎င်းတို့ အလေးမထားကြပေ။ ၎င်းတို့က “ဘုရားသခင် လူ့ဇာတိခံယူခြင်းလော။ သင်သည် မည်သည့် ထူးခြားမှုမျှမရှိဘဲ အလွန် သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်သည်။ သင်သည် ငါ့ကို မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ဟု ထင်ရသည်” ဟု တွေးထင်ကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမဆို ပြောဝံ့ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ် သို့မဟုတ် ၎င်းတို့၏ ဂုဏ်သတင်းနှင့် ပတ်သက်လာသောအခါ မည်သည့်တရားစီရင်ခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချမှုကိုမဆို ၎င်းတို့ ပြောဆိုဝံ့ကြသည်။ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူသောအခါ သူသည် လူသားများနှင့် ထိတွေ့ဆက်ဆံပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့်အတူ နေထိုင်သောအခါ ဤအဆင့်အတန်းရှိပြီး ဤပင်ကိုလက္ခဏာကို မွေ့လျော်ခံစားသော်လည်း တစ်ချိန်တည်းမှာပင် သူ၏ ပင်ကိုလက္ခဏာကြောင့် သူ့အပေါ် ကျရောက်လာသော အရှက်ရခြင်း အမျိုးမျိုးကို သူ အမှန်တကယ် ခါးစည်းခံရမည်ဖြစ်သည်။ သူသည် သူ၏ ဂုဏ်သိက္ခာအားလုံးကို ဆုံးရှုံးရသည်၊ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က သူ့အပေါ် ပြုမူဆောင်ရွက်သော ရှုပ်ထွေးမှု၊ အထင်လွဲမှားမှု၊ သံသယ၊ စမ်းသပ်မှု၊ ပုန်ကန်မှု၊ တရားစီရင်မှု၊ တမင် လိမ်လည်လှည့်စားခြင်း စသည်တို့အားလုံးကို ရင်ဆိုင်လျက် ဘုရားသခင် ပထမဦးဆုံး ခါးစည်းခံရမည့်အရာ ဖြစ်သည်။ သူသည် ဤအရာအားလုံးကို ခါးစည်းခံရမည်၊ ယင်းမှာ သူ၏ ဂုဏ်သိက္ခာ ဆုံးရှုံးခြင်း ဖြစ်သည်။ အခြားအဘယ်အရာ ရှိသေးသနည်း။ လူ့ဇာတိခံယူခြင်းနှင့် ဝိညာဉ်တော်အကြား အနှစ်သာရအားဖြင့် ခြားနားမှုမရှိပေ။ ဤသည်မှာ မှန်သလော။ (မှန်ပါသည်။) အနှစ်သာရအားဖြင့် ခြားနားမှုမရှိပေ။ သို့သော် သွင်ပြင်လက္ခဏာတစ်ခု ရှိသည်။ ဇာတိပကတိသည် ဝိညာဉ်တော်ကို မည်သည့်အခါမျှ အစားမထိုးနိုင်ပေ။ ဆိုလိုသည်မှာ ဇာတိပကတိသည် သူ၏ လုပ်ငန်းဆောင်တာများစွာတွင် ကန့်သတ်ခြင်း ခံရသည်။ ဥပမာအားဖြင့် ဝိညာဉ်တော်သည် အာကာသကို ဖြတ်သန်းသွားလာနိုင်သည်။ အချိန်၊ ရာသီဥတု သို့မဟုတ် ပတ်ဝန်းကျင်အမျိုးမျိုး၏ သက်ရောက်မှု မခံရဘဲ နေရာတိုင်း၌ ရှိနေနိုင်စဉ်တွင် ဇာတိပကတိမှာမူ ဤကန့်သတ်ချက်များကို ခံရသည်။ ဘုရားသခင်၏ ဂုဏ်သိက္ခာ၌ အဘယ်ဆုံးရှုံးမှု ဖြစ်ခဲ့သနည်း။ ဤကိစ္စရပ်၌ အခက်အခဲမှာ အဘယ်နည်း။ ဘုရားသခင်ကိုယ်တော်တိုင်၌ ဤစွမ်းရည်ရှိသော်လည်း သူသည် ဇာတိပကတိ၏ ကန့်သတ်ခြင်းကို ခံရသောကြောင့် သူ၏ အမှုတော်ကာလအတောအတွင်း သူသည် အမှုတော် ပြီးဆုံးသည်အထိ လူ့ဇာတိ၏ အမှုတော်ကို တာဝန်သိစွာ၊ တိတ်ဆိတ်စွာနှင့် နာခံမှုရှိစွာ ထိန်းထားရပေမည်။ ဘုရားသခင်သည် လူ့ဇာတိဖြင့် အမှုပြုနေချိန်အတောအတွင်းတွင် ဘုရားသခင်နှင့် သက်ဆိုင်၍ လူတို့ မြင်တွေ့နိုင်သောအရာ၊ မိမိတို့၏ အယူအဆများအတွင်း၌ ၎င်းတို့ သဘောပေါက်နားလည်နိုင်သော အရာမှာ ၎င်းတို့၏ မျက်စိဖြင့် မြင်တွေ့နိုင်သော ဤလူ့ဇာတိပင် ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့၏ စိတ်ကူးစိတ်သန်းများနှင့် အယူအဆများအတွင်း၌ ဘုရားသခင်၏ ကြီးမြတ်မှု၊ အနန္တတန်ခိုး၊ ဉာဏ်ပညာနှင့် ဩဇာအာဏာတို့ပင်လျှင် အချို့သော ကန့်သတ်ချက်များကို ခံထားရသည် မဟုတ်လော။ (ဟုတ်ပါသည်။) ကြီးမားသော အတိုင်းအတာအထိ ထိုအရာများသည် အချို့သော ကန့်သတ်ချက်များကို ခံထားရသည်။ ဤကန့်သတ်ချက်များကို အဘယ်အရာက ဖြစ်ပေါ်စေသနည်း။ (လူ့ဇာတိခံယူခြင်းက ဖြစ်ပေါ်စေပါသည်။) ဤကန့်သတ်ချက်များသည် သူ လူ့ဇာတိခံယူခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ လူ့ဇာတိခံယူခြင်းသည် ဘုရားသခင်ကိုယ်တိုင်အတွက် ဒုက္ခတစ်မျိုးကို ဖြစ်ပေါ်စေသည်ဟု ဆိုနိုင်သည်။ “ဒုက္ခ” ဟူသော စကားလုံးကို ဤနေရာ၌ အသုံးပြုရန် အနည်းငယ် မတိကျသည်မှာ အမှန်ဖြစ်သော်လည်း ဤသို့ ဆိုခြင်းသည် သင့်လျော်ပေသည်။ ဤသို့သာ ဆိုနိုင်သည်။ ဤဒုက္ခသည် ဘုရားသခင်အပေါ် လူတို့၏ သိနားလည်မှုနှင့် ဘုရားသခင်ကို ချစ်ရန်နှင့် ကျိုးနွံနာခံရန်အလို့ငှာ ဘုရားသခင်နှင့် လူတို့၏ စစ်မှန်သော ပေါင်းသင်းဆက်ဆံခြင်းနှင့် အပြန်အလှန်ဆက်ဆံခြင်းတို့အပေါ် အကျိုးသက်ရောက်မှုတစ်ခုခု ရှိသလော။ (ရှိပါသည်။) ထိုအရာက အကျိုးသက်ရောက်မှုတစ်ခုခု ရှိပေသည်။ လူတစ်ဦးသည် ဘုရားသခင်၏ လူ့ဇာတိကို မြင်ပြီးသရွေ့၊ ဘုရားသခင်၏ လူ့ဇာတိနှင့် ဆက်ဆံနေခဲ့သရွေ့၊ ဘုရားသခင်၏ လူ့ဇာတိက စကားပြောသည်ကို ကြားပြီးသရွေ့၊ ၎င်းတို့၏ တစ်သက်တာတွင် ဘုရားသခင်၏ ပုံသဏ္ဌာန်၊ ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ စိတ်သဘောထားတို့သည် ဤလူ့ဇာတိ၌ ၎င်းတို့ အသိအမှတ်ပြု၊ မြင်တွေ့ပြီး နားလည်သည့်အရာတွင် ထာဝစဉ် ရှိနေနိုင်ဖွယ်ရှိသည်။ ဤသည်မှာ ဘုရားသခင်အတွက် မျှတခြင်း မရှိပေ။ ဤသည်မှာ ထိုသို့ မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအရာသည် ဘုရားသခင်အတွက် မမျှတပေ။ သို့ဆိုလျှင် ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာ လုပ်ဆောင်နေသေးသနည်း။ အကြောင်းမှာ ဘုရားသခင် လူ့ဇာတိခံယူခြင်းအားဖြင့်သာ လူတို့ကို ဘုရားသခင် သန့်စင်စေခြင်းနှင့် ကယ်တင်ခြင်း၏ အကောင်းဆုံးသော အကျိုးကျေးဇူးများကို ရရှိနိုင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်က ဤလမ်းကြောင်းကို ရွေးချယ်ခြင်းဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူပြီး လူတို့ကို သူ၏ နှုတ်ကပတ်တော်များ ကြားခွင့်ပေးလျက်၊ သူ၏ လှုပ်ရှားမှုတိုင်းကို မြင်တွေ့ခွင့်ပေးလျက်၊ သူ၏ စိတ်သဘောထား၊ သူ၏ ပင်ကိုစရိုက်၊ သူ၏ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းများကိုပင် မြင်တွေ့ခွင့်ပေးလျက် လူတို့အလယ်တွင် မျက်နှာချင်းဆိုင် အသက်ရှင်သည်။ လူတို့သည် ဤစိတ်သဘောထားနှင့် ဤဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်းများကို မျက်မြင်တွေ့ကြုံသောအခါ ဘုရားသခင်၏ အနှစ်သာရအပေါ် လူတို့၏ နားလည်သဘောပေါက်မှုက ထိခိုက်ကာ လူတို့၏ သဘောပေါက်နားလည်မှုက ကန့်သတ်ခြင်းခံရလျက် အယူအဆများ ဖြစ်ပေါ်လာနိုင်သော်လည်း ဘုရားသခင်သည် လူတို့၏ အထင်လွဲမှားခြင်းကို ခံရမည်ကို ပို၍ နှစ်သက်ပြီး လူတို့ကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် အကောင်းဆုံးသော အကျိုးကျေးဇူးများအား ရရှိနိုင်မည့် ဤနည်းလမ်းကိုပင် ရွေးချယ်လေသည်။ ထို့ကြောင့် ဘုရားသခင်၏ မူလသဘောသဘာဝ၊ ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရတို့ကို လူတို့၏ သိနားလည်မှု ရှုထောင့်မှကြည့်လျှင် သူသည် သူ၏ ဂုဏ်သိက္ခာကို စွန့်လွှတ်စတေးခဲ့ပြီး ဖြစ်သည်။ ဤသို့ ဆိုနိုင်သည် မဟုတ်လော။ ယင်းမှာ ဤရှုထောင့်မှ ဖြစ်သည်။ ထိုအရာကို သေချာတွေးဆလော့။ ဘုရားသခင် ပေးဆပ်ခဲ့ပြီး လုပ်ဆောင်ခဲ့သည့်အရာ၏ သွင်ပြင်လက္ခဏာအမျိုးမျိုးတွင်၊ လူတို့၏ သိနားလည်မှုအရ ဖာရိရှဲများနှင့် အန္တိခရစ်တို့၏ ထိုသဘောတရားများနှင့် ဆောင်ပုဒ်များနှင့် ညီမျှသည့်အရာ တစ်ခုခု ရှိသလော။ တစ်ခုမျှ မရှိ။ ဥပမာအားဖြင့် ဖာရိရှဲတို့က “ဘုရားသည် ဂုဏ်အသရေရှိသည်”ဟု ဆိုသောအခါ ဤဂုဏ်အသရေရှိခြင်းကို ၎င်းတို့ မည်သို့ နားလည်ခဲ့ကြသနည်း။ ဘုရားသခင်၏ ဂုဏ်အသရေရှိခြင်းကို ၎င်းတို့၏ အမြင်၌ မည်သို့ သဘောပေါက်သင့်သနည်း။ သူသည် မြင့်မြတ်သည်ဟူ၍သာ ဖြစ်သည်။ “ဘုရားသည် ဂုဏ်အသရေရှိသည်၊ ဘုရားသည် အလွန် ဂုဏ်အသရေရှိသည်” ဟူသည်မှာ အယူဝါဒတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်၏ ဂုဏ်အသရေရှိခြင်းသည် အဘယ်အရာဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသနည်း။ အကယ်၍ ဘုရားသခင်သည် ကမ္ဘာလောကသို့ ကြွလာခဲ့ပါက သူသည် ထင်ရှားသော အဆင့်အတန်း၊ ထိပ်တန်းအဆင့်ရှိသော အသိပညာနှင့် အရည်အချင်း၊ ထိပ်တန်းအဆင့်ရှိသော စွမ်းရည်၊ ပထမတန်းစား စကားပြောစွမ်းရည်နှင့် ပထမတန်းစားဖြစ်ပြီး ရွေးချယ်စရာကောင်းသော အသွင်အပြင် ရှိရမည်ဟူ၍ ဖြစ်သည်။ ၎င်းတို့ ယုံကြည်ခဲ့သော ထိုဂုဏ်အသရေရှိခြင်းမှာ အဘယ်နည်း။ ယင်းမှာ လူတို့ မြင်တွေ့နိုင်သည့်အရာ ဖြစ်သည်။ ဤဂုဏ်အသရေရှိခြင်းမျိုးသည် စာတန် ပြုလုပ်သည့်အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်က ထိုသို့ မလုပ်ဆောင်ပေ။ ဘုရားသခင်၏ ဤရွေးချယ်ထားသောလူများအတွက် မည်သည့် လူစားမျိုးများအား ဘုရားသခင် ရွေးချယ်ခဲ့သည်ကိုလည်းကောင်း၊ စာတန်၏ လောကမှ ထူးချွန်သော အထက်တန်းလွှာများသည် မည်သည့် လူစားမျိုးများဖြစ်သည်ကိုလည်းကောင်း ကြည့်လော့။ ဤသို့ နှိုင်းယှဉ်ခြင်းအားဖြင့် မည်သည့် လူစားမျိုးကို ဘုရားသခင် ကယ်တင်ပြီး မည်သည့် လူစားမျိုးက ကယ်တင်၍မရနိုင်သည်ကို သင်တို့ သိရှိကြလိမ့်မည်။ အထူးသဖြင့် မာနထောင်လွှားသော၊ မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူသော၊ ဆုကျေးဇူးရှိပြီး ပါရမီရှိသောသူတို့သည် သမ္မာတရားကို လက်ခံရန် အလားအလာ အနည်းဆုံးဖြစ်ကြသည်။ ၎င်းတို့၏ ပြောဆိုချက်သည် အသိပညာနှင့် ပြည့်နှက်နေသည်၊ အလွန့်အလွန် စကားပြောကောင်းပြီး လူတို့အား မိမိတို့ကို ကိုးကွယ်ပြီး လေးစားအားကျစေသော်လည်း ၎င်းတို့၏ ဆိုးရွားသော အားနည်းချက်မှာ သမ္မာတရားကို လက်မခံခြင်းဖြစ်ပြီး ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ဘဲ မုန်းတီးကြလေသည်။ ယင်းက ၎င်းတို့အနေဖြင့် ပျက်စီးခြင်းလမ်းကြောင်းအား လျှောက်လှမ်းကြလိမ့်မည်ကို ဆုံးဖြတ်ပေးသည်။ ထို့နောက်တစ်ဖန် ဘုရားသခင်၏ ရွေးချယ်ထားသောလူများထဲမှ မည်သူကမျှ အထူးဆုကျေးဇူးများ သို့မဟုတ် ပါရမီများ မရှိကြသော်လည်း ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ကြသည်၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကြသည်၊ ဘုရားသခင်နောက်သို့ လိုက်ရန် မိမိတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်နိုင်ကြပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားကြသည်။ ဤသူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသော လူအမျိုးအစားများ ဖြစ်ကြသည်။ ဘာသာတရားမရှိသူတို့သည် မည်သူ့ကို ကိုးကွယ်ကြသနည်း။ ၎င်းတို့အားလုံးသည် အဆင့်မြင့် ပညာတတ်များနှင့် ထင်ရှားသော မိသားစုအဆင့်အတန်းရှိသည့် လူတို့ကို ကိုးကွယ်ကြသည်။ ဆုကျေးဇူးများ၊ အထူးကျွမ်းကျင်မှုများနှင့် မိသားစုအဆင့်အတန်းတို့နှင့်စပ်လျဉ်း၍ ဤအရာများထဲမှ မည်သည့်အရာမျှ ငါတို့တွင် မရှိပေ။ ငါတို့ အတူတူပင် ဖြစ်ကြသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ အဘယ်အရာကို တွေးထင်ကြသနည်း။ ဘုရားသခင်သည် ထိုသို့သောအမှုအရာများကို လုပ်ဆောင်ခြင်းမရှိပေ။ ယင်းမှာ ထိုမျှ ရိုးရှင်းသလော။ အဘယ်ကြောင့် ဘုရားသခင်သည် ဤသို့ မစီစဉ်ခဲ့သနည်း။ ဤအရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်ရှိ၏။ လူတစ်ဦးက မည်သည့်မိသားစု၌ မွေးဖွားမည်၊ မည်သည့်အသိပညာကို သင်ယူနိုင်မည်ဟူသည်တို့ကို စီစဉ်ရန်မှာ ဘုရားသခင်အတွက် အလွန် လွယ်ကူလှသည်။ ဘုရားသခင်သည် ဤသို့ ပြုမူဆောင်ရွက်နိုင်သလော။ (ဆောင်ရွက်နိုင်ပါသည်။) သူ အမှန်ပင် ဆောင်ရွက်နိုင်၏။ သို့ဆိုလျှင် အဘယ်ကြောင့် ဘုရားသခင်သည် ငါတို့ကို ချမ်းသာကြွယ်ဝပြီး ထင်ရှားသော မိသားစုများ၌ မွေးဖွားရန် မစီစဉ်ပေးခဲ့သနည်း။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သော ထုတ်ဖော်ပြသခြင်း ဖြစ်ပြီး သမ္မာတရားကို နားလည်သောသူတို့သာလျှင် ဤကိစ္စရပ်ကို ရိပ်စားမိနိုင်ကြသည်။ ဘုရားသခင် လူ့ဇာတိခံယူပြီးနောက် လူတို့၏ အယူအဆများ မည်မျှပင် ကြီးမားသည်ဖြစ်စေ၊ သူ၏ အမှုတော်၌ မည်မျှကြီးမားသည့် အခက်အခဲများကို ဘုရားသခင် တွေ့ကြုံရသည်ဖြစ်စေ၊ သူ ရင်ဆိုင်ရသော အတားအဆီးများ မည်မျှပင် ကြီးမားသည်ဖြစ်စေ၊ သူ ခံရသော ပြက်ရယ်ပြုခြင်းနှင့် အသရေဖျက်ခြင်းတို့က မည်မျှပင် ကြီးမားသည်ဖြစ်စေ၊ ဤသို့ လူ့ဇာတိခံယူပြီးနောက် သူ၏ ဂုဏ်သိက္ခာ မည်မျှပင် ဆုံးရှုံးသည်ဖြစ်စေ သူ အရေးစိုက်သလော။ အရေးမစိုက်ပေ။ သို့ဆိုလျှင် သူသည် အဘယ်အရာကို အရေးစိုက်သနည်း။ အကယ်၍ သင်တို့သည် ဤအချက်ကို နားလည်နိုင်ပါက ဘုရားသခင် ချစ်ခင်နှစ်လိုဖွယ်ကောင်းသည်ကို သင်တို့ အမှန်တကယ် သိရှိကြပေသည်။ ဘုရားသခင်က အဘယ်အရာကို အရေးစိုက်သနည်း။ ဤအဖိုးအခကို ပေးဆပ်ပြီး ဤမျှကြီးမားသော ကြိုးပမ်းအားထုတ်မှုကို လုပ်ဆောင်ရာ၌ ဘုရားသခင်၏ အပင်ပန်းခံရသော ရည်ရွယ်ချက်မှာ အဘယ်နည်း။ အတိအကျအားဖြင့် အဘယ်အရာအတွက် သူ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သနည်း။ (ဘုရားသခင် ရွေးချယ်ခဲ့သော ဤလူစုက ဘုရားသခင်ကို ပို၍ နားလည်နိုင်ရန်၊ သူ၏ လူ့ဇာတိခံ ဇာတိပကတိမှတစ်ဆင့် ဘုရားသခင်နှင့် ပို၍ ကောင်းမွန်စွာ ထိတွေ့ဆက်ဆံနိုင်ရန်၊ ထို့နောက် ဘုရားသခင်အပေါ် စစ်မှန်သော သိနားလည်မှု ရှိလာစေရန်အလို့ငှာ ဖြစ်ပါသည်။) ဘုရားသခင်အပေါ် သိနားလည်မှု ရှိခြင်း။ သို့ဆိုလျှင် ဤသည်မှာ ဘုရားသခင်အတွက် အတော်အတန် အကျိုးရှိနေဆဲ ဖြစ်သလော။ ဘုရားသခင်သည် ဤရည်မှန်းချက်တစ်ခုတည်းအတွက် အလွန်များစွာ ပေးဆပ်ခဲ့ခြင်း ဖြစ်သလော။ ဟုတ်သလော သို့မဟုတ် မဟုတ်သလော။ လူတို့ကို ဘုရားသခင်အား နားလည်စေရန်အတွက်သာ ဘုရားသခင်သည် အနှစ်ခြောက်ထောင်ကြာအောင် အပင်ပန်းခံ၍ အမှုပြုခဲ့သလော။ ငါ့ကို ပြောကြလော့၊ ဘုရားသခင်က လူတို့ကို ဖန်ဆင်းပြီးနောက်၊ လူသားမျိုးနွယ်သည် ဘုရားသခင်နှင့် ခပ်ကင်းကင်းနေပြီး စာတန်နောက်သို့ လိုက်ခဲ့ကြကာ လူသားတိုင်း သက်ရှိနတ်ဆိုးတစ်ကောင်ကဲ့သို့ မိမိတို့၏ အသက်တာများကို စတင်၍ ကုန်ဆုံးစေခဲ့သည့်နောက်၊ မည်သူသည် အပျော်ရွှင်ဆုံး ဖြစ်ခဲ့သနည်း။ (စာတန် ဖြစ်ပါသည်။) မည်သူက သားကောင် ဖြစ်ခဲ့သနည်း။ (လူတို့ ဖြစ်ပါသည်။) သို့ဆိုလျှင် မည်သူသည် အဝမ်းနည်းဆုံး ဖြစ်ခဲ့သနည်း။ (ဘုရားသခင် ဖြစ်ပါသည်။) သင်တို့သည် အဝမ်းနည်းဆုံး ဖြစ်ခဲ့ကြသလော။ (မဟုတ်ပါ။) အမှန်တကယ်တွင် မည်သူကမျှ ဤအရာများကို ရိပ်စားမိနိုင်ခြင်း မရှိပေ။ မည်သူကမျှ ဤအရာများကို မိမိတို့ဘာသာ မသိရှိကြပေ။ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာက မည်သည့်အရာ ဖြစ်လာသည်ဖြစ်စေ ၎င်းတို့ လက်ခံကြသည်။ သင်တို့က ၎င်းတို့အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် တောင်းဆိုသောအခါ ဤအရာက မည်သည့်ကောင်းကျိုးမျှ မပြုနိုင်ဟု ၎င်းတို့ ထင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအတိုင်း မဆုတ်မနစ် အသက်ရှင်နေထိုင်ကြပြီး ဘုရားသခင်ကို အစဉ်သဖြင့် ပုန်ကန်ခဲ့ကြသည်။ အဝမ်းနည်းဆုံးနှင့် နှလုံးအကြေကွဲဆုံးသောသူမှာ အမှန်ပင် ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်။ လူသားတည်ရှိမှု၏ လက်ငင်းအခြေအနေ သို့မဟုတ် ၎င်းတို့၏ အသက်တာ ကောင်းမကောင်းဟူသည်တို့ကို ဘုရားသခင် ဂရုစိုက်သည်ဟု သင်တို့ ထင်သလော။ (သူ ဂရုစိုက်ပါသည်။) ဘုရားသခင်သည် ဂရုအစိုက်ဆုံးဖြစ်ပြီး ပါဝင်ပတ်သက်နေသော လူတို့ကမူ ယင်းကို မခံစားရနိုင်သကဲ့သို့ မိမိတို့ဘာသာလည်း အမှန်တကယ် နားမလည်ကြပေ။ ဤလောက၌ အသက်ရှင်နေထိုင်လျက်၊ လူသားမျိုးနွယ်သည် လွန်ခဲ့သော အနှစ်တစ်ရာက ဤသို့ပင် ဖြစ်ခဲ့ပြီး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပွားများလျက်၊ ဤသို့ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်နေထိုင်ကြရင်း၊ လူအချို့ ကောင်းစားကာ လူအချို့ ဆင်းရဲကြရင်း ယခုအခါ၌လည်း ဤသို့ပင် ရှိနေဆဲဖြစ်သည်။ ဘဝသည် အနိမ့်အမြင့် အတက်အကျများနှင့် ပြည့်နှက်နေသည်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လူတို့ ရောက်ရှိလာကြသည်။ မတူညီသော အဝတ်အစားများကို ဝတ်ဆင်ကြသည်၊ တူညီသော အစားအစာကို စားသုံးကြသော်လည်း လူမှုဖွဲ့စည်းပုံနှင့် စနစ်များက တဖြည်းဖြည်း ပြောင်းလဲသွားသည်။ လူတို့သည် မျက်မှောက်ခေတ်သို့ အမှတ်တမဲ့ ရောက်ရှိလာကြသည်။ ၎င်းတို့ သတိပြုမိကြပါသလော။ သတိမပြုမိကြပေ။ သို့ဆိုလျှင် မည်သူသည် အသတိပြုမိဆုံး ဖြစ်သနည်း။ (ဘုရားသခင် ဖြစ်ပါသည်။) ဤကိစ္စရပ်နှင့်ပတ်သက်၍ ဂရုအစိုက်ဆုံးသောသူမှာ ဘုရားသခင် ဖြစ်သည်။ ဘုရားသခင် မမေ့လျော့သော အရာများထဲမှ တစ်ခုမှာ သူ ဖန်ဆင်းခဲ့သော လူတို့ မည်သို့ အသက်ရှင်နေထိုင်ကြသည်၊ လူတို့ အသက်တာများ၏ လက်ရှိအခြေအနေက အဘယ်အရာဖြစ်သည်၊ ၎င်းတို့ ကောင်းမွန်စွာ အသက်ရှင်နေထိုင်ခြင်း ရှိမရှိ၊ လူတို့ အဘယ်အရာ စားသုံးကာ ဝတ်ဆင်ကြသည်၊ ၎င်းတို့၏ အနာဂတ် မည်သည့်အရာကဲ့သို့ ဖြစ်မည်ဟူသည်နှင့်လူတို့က မိမိတို့စိတ်နှလုံးထဲ၌ နေ့စဉ် အဘယ်အရာကို တွေးတောကြသည်ဟူသည့်အချက်တို့ ဖြစ်သည်။ အကယ်၍ လူအားလုံးက နေ့စဉ် တွေးတောနေသည့်အရာသည် ဆိုးယုတ်မှုဖြစ်ပါက၊ သဘာဝတရား၏ နိယာမများကို မည်သို့ ပြောင်းလဲပြီး ဆန့်ကျင်ရမည်၊ ကောင်းကင်ဘုံကို မည်သို့တိုက်ခိုက်ရမည်၊ လောက၏ ဆိုးယုတ်သော ရေပန်းစားမှုနောက်သို့ မည်သို့လိုက်ရမည်ဟူသည်တို့သာ ဖြစ်ပါက ဘုရားသခင်က ဤအရာကို ကြည့်ရှုပြီး ကောင်းသည်ဟု ခံစားရသလော။ (မခံစားရပါ။) သို့ဆိုလျှင် ဘုရားသခင်က စိတ်မကောင်းဖြစ်ကာ ထိုမျှသာဖြစ်သလော။ သူသည် ဤအရာနှင့်ပတ်သက်၍ တစ်စုံတစ်ရာ လုပ်ဆောင်ရန် မလိုအပ်သလော။ (လိုအပ်ပါသည်။) လူတို့အနေဖြင့် လူပုံသဏ္ဌာန်နှင့်အညီ အသက်ရှင်နေထိုင်နိုင်ကာ ဘုရားသခင်လည်း စိတ်သက်သာရာရရန်အလို့ငှာ သူသည် ဤလူတို့အား ကောင်းမွန်စွာ အသက်ရှင်နေထိုင်နိုင်စေရန်၊ မိမိကိုယ်ကို ကျင့်ကြံပြုမူခြင်း၏ စည်းမျဉ်းများကို နားလည်စေရန်၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန်၊ သဘာဝတရား၏ နိယာမအားလုံးကို၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် စီစဉ်ထားမှုတို့အား ကျိုးနွံနာခံရန်တို့ကို ၎င်းတို့အား သိစေရန် နည်းလမ်းတစ်ခု ရှာဖွေရပေမည်။ အကယ်၍ ဘုရားသခင်သည် ဤလူတို့ကို စွန့်ခွာသွားလျှင်ပင်၊ ၎င်းတို့သည် စာတန်ထံမှ မည်သည့်ဒုက္ခကိုမျှ မခံစားရဘဲ ထိုသို့သော ပတ်ဝန်းကျင်၌ ပုံမှန်အတိုင်း ဆက်လက်၍ အသက်ရှင်နေထိုင်နိုင်ကြဆဲဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပြီး လူပုံသဏ္ဌာန်နှင့်အညီ အသက်ရှင်နေထိုင်နိုင်ကြသည်ကို စာတန် မြင်သောအခါ လုံးဝ အရှက်ရပြီး ရှုံးနိမ့်သွားသည်။ သို့ဖြစ်၍ သူသည် ဤလူတို့ကို လုံးဝ စွန့်ပစ်ပြီး ၎င်းတို့ကို နောက်တစ်ဖန် လုံးဝ အာရုံမစိုက်တော့ပေ။ သို့ဆိုလျှင် စာတန်က မည်သူ့ကို ဂရုစိုက်သနည်း။ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုဘဲ ဘုရားသခင်ထံ ဆုမတောင်းသောသူများ၊ မိမိတို့၏ တာဝန်ကို စိတ်မပါ့တပါ ထမ်းဆောင်သောသူများနှင့် အိမ်ထောင်ပြုရန်၊ မိသားစုတစ်ခု တည်ထောင်ရန်နှင့် အသက်မွေးဝမ်းကျောင်းတစ်ခု တည်ဆောက်ရန်အတွက် တစ်စုံတစ်ယောက်ကို အမြဲတမ်း ရှာဖွေလိုသောသူများကိုသာ ဂရုစိုက်သည်။ သူသည် ဤလူတို့ကို ဘုရားသခင်၏ ဖယ်ရှားရှင်းခြင်းခံရသည်ထိ သွေးဆောင်ဖြားယောင်းရန်၊ ဘုရားသခင်ထံမှ ခပ်ကင်းကင်းနေစေရန်၊ မိမိတို့၏ တာဝန်ကို မထမ်းဆောင်စေရန်နှင့် ဘုရားသခင်ကို သစ္စာဖောက်စေရန်အတွက် အထင်အမြင်မှားစေလိုသည်။ ထိုအခါ သူသည် လုံးလုံးလျားလျား ပျော်ရွှင်လေသည်။ သမ္မာတရားကို သင်တို့ မလိုက်စားလေ၊ သူ ပို၍ ပျော်ရွှင်လေ ဖြစ်သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို သင်တို့ ပို၍ လိုက်စားလေ၊ သင်တို့အနေဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ ပို၍ ဝတ်ကျေတမ်းကျေ ဖြစ်လေ၊ သူ ပို၍ ပျော်ရွှင်လေ ဖြစ်သည်။ အကယ်၍ သင်တို့သည် ဘုရားသခင်နှင့် ခပ်ကင်းကင်းနေပြီး ဘုရားသခင်ကို သစ္စာဖောက်ပါက သူ သာ၍ပင် ပျော်ရွှင်လာသည်။ ဤသည်မှာ စာတန်၏ စိတ်နေစိတ်ထား မဟုတ်လော။ အန္တိခရစ်တို့၏ စိတ်နေစိတ်ထားသည် ဤကဲ့သို့ မဟုတ်လော။ စာတန်အမျိုးအစားအားလုံး၌ ဤစိတ်နေစိတ်ထား ရှိကြသည်။ ဘုရားသခင်ကို လေးနက်စွာ ယုံကြည်ခြင်းမရှိဟု ၎င်းတို့ မြင်သောသူ မည်သူ့ကိုမဆို၊ အသိပညာ သင်ယူခြင်းနှင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းအပေါ် အာရုံစိုက်သောသူ မည်သူ့ကိုမဆို၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ မိမိတို့၏ သင့်လျော်သော အလုပ်ကို ဂရုမစိုက်သောသူ မည်သူ့ကိုမဆို ၎င်းတို့က သွေးဆောင်ဖြားယောင်းလိုကြသည်။ ၎င်းတို့သည် ဤသို့သောလူများနှင့် တွေ့ဆုံသောအခါ ထိုသူတို့နှင့် အမြင်တူကြသည်။ ၎င်းတို့ အတူတကွ ရှိနေသောအခါ ပြောစရာများစွာ ရှိကြပြီး မည်သည့်စိုးရိမ်ကြောင့်ကြမှုမျှမရှိဘဲ မိမိတို့၏ စိတ်ထဲရှိသည့်အတိုင်း လွတ်လပ်စွာ ပြောဆိုကြသည်။ ဤလူတို့က သမ္မာတရားကို မလိုက်စားသည်ကို ဘုရားသခင် မြင်သောအခါ သူ မည်သို့ ခံစားရသနည်း။ သူ စိုးရိမ်သောက ခံစားရသည်။ ထို့ကြောင့် ဘုရားသခင် ပေးဆပ်ခဲ့သော ဤအဖိုးအခအားလုံး၏ အကြောင်းတရားမှာ အဘယ်နည်း။ ယင်းမှာ လူသားမျိုးနွယ်အပေါ် သူ၏ စိုးရိမ်ပူပန်မှု၊ ဂရုစိုက်မှုနှင့် ပူပန်သောကတို့ကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူတို့နှင့်ပတ်သက်၍ မိမိ၏ စိတ်နှလုံးတွင် ဤစိုးရိမ်ပူပန်မှုများ၊ ဂရုစိုက်မှုများနှင့် ပူပန်သောကများကို သယ်ဆောင်ထားပြီး လူတို့အပေါ် ထိုသို့သော သဘောထားမျိုးကို ဘုရားသခင် ပိုင်ဆိုင်သောကြောင့် သူ၏ အမှုတော်သည် တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်လာရသည်။ လူတို့၏ အမြင်၌ ဘုရားသခင်သည် နှိမ့်ချပြီး ကွယ်ဝှက်နေသည်ဖြစ်စေ၊ သူသည် လူတို့ကို အမှန်တကယ် ချစ်သည်ဖြစ်စေ၊ သူသည် သစ္စာရှိသည်ဖြစ်စေ၊ ကြီးမြတ်သည်ဖြစ်စေ၊ ဤအဖိုးအခအားလုံးက ထိုက်တန်ပြီး အကျိုးခံစားရနိုင်သည်ဟု ဘုရားသခင် ယုံကြည်သည်။ ဤအကျိုးခံစားခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ သူ၏ စိတ်နှလုံးထဲ၌ သူ စိုးရိမ်ပူပန်နေသည့်အရာများက နောက်တစ်ဖန် ဖြစ်ပျက်လိမ့်မည်မဟုတ်ကြောင်း၊ သူ၏ စိတ်နှလုံးထဲ၌ သူ စိုးရိမ်ပူပန်နေသော လူတို့သည် သူ၏ ရည်ရွယ်ချက်များအတိုင်း၊ သူ သင်ကြားပြသပြီး လမ်းညွှန်ခဲ့သော နည်းလမ်းနှင့် ဦးတည်ချက်အတိုင်း အသက်ရှင်နေထိုင်နိုင်ကြမည်ဖြစ်ပြီး ဤလူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရတော့မည်မဟုတ်၊ ၎င်းတို့သည် ဆင်းရဲဒုက္ခ၌ နောက်ထပ် အသက်ရှင်နေထိုင်ရတော့မည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး ဘုရားသခင် စိတ်သက်သာရာရလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာအားလုံးနှင့်စပ်လျဉ်း၍ သူ၏ အဓိက အကြောင်းရင်းခံက မည်သည့်အရာပင်ဖြစ်စေ၊ သူ၏ အစီအစဉ်က မည်မျှပင် ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ဤအရာအားလုံးသည် အပြုသဘောဆောင်သော အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာအားလုံးသည် အပြုသဘောဆောင်သော အရာများ ဖြစ်ကြသည်။ ဘုရားသခင် အမှုပြုသည့်နည်းလမ်းက လူတို့အတွက် မထင်မရှားဖြစ်သည်ဖြစ်စေ၊ ဖော်ပြရန် ထိုက်တန်သည်ဖြစ်စေ၊ မထိုက်တန်သည်ဖြစ်စေ၊ လူတို့ကို တရားစီရင်ရန်နှင့် ကယ်တင်ရန် ဘုရားသခင် အမှုပြုသည့်နည်းလမ်းအပေါ် လူတို့က မည်သို့ပင် ဝေဖန်သည်ဖြစ်စေ၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာအားလုံးနှင့် သူ ပေးဆပ်နိုင်သော အဖိုးအခအားလုံးမှ အကဲဖြတ်သည့်အခါ၊ ဘုရားသခင်သည် ချီးမွမ်းခြင်းခံသည် မဟုတ်လော။ (ခံထိုက်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်သည် ကြီးမြတ်သလော သို့မဟုတ် သေးနုပ်သလော။ (ကြီးမြတ်ပါသည်။) အလွန် ကြီးမြတ်ပေ၏။ လူသားမျိုးနွယ်အကြား၌ ထိုသို့သော အဖိုးအခကို မည်သူမျှ မပေးဆပ်နိုင်ပေ။ လူအချို့က “လူသားမျိုးနွယ်အကြား၌ မိခင်မေတ္တာသည် အကြီးမြတ်ဆုံး ဖြစ်သည်” ဟု ဆိုကြသည်။ မိခင်မေတ္တာသည် ဤမျှလောက် ကြီးမြတ်သလော။ ယေဘုယျအားဖြင့် ကလေးများသည် မိမိတို့၏ ကိုယ်ပိုင်ဘဝများကို အမှီအခိုကင်းစွာ နေထိုင်ပြီးသည့်နောက် ၎င်းတို့ ပြည့်စုံလုံလောက်သရွေ့၊ ၎င်းတို့၏ မိခင်များသည် ၎င်းတို့နှင့်ပတ်သက်၍ ရေးကြီးခွင့်ကျယ်မလုပ်ကြတော့ပေ။ အမှန်တကယ်တွင် ၎င်းတို့အနေဖြင့် မိမိတို့ကလေးများနှင့်ပတ်သက်၍ ရေးကြီးခွင့်ကျယ်လုပ်ချင်လျှင်ပင် မလုပ်နိုင်ကြပေ။ သို့ဆိုလျှင် ဘုရားသခင်သည် ဤလူသားမျိုးနွယ်ကို မည်သို့ ဆက်ဆံသနည်း။ သူသည် ထိုအရာကို နှစ်ပေါင်းမည်မျှကြာ ခါးစည်းခံပြီးဖြစ်သနည်း။ ဘုရားသခင်သည် ယင်းကို အနှစ်ခြောက်ထောင်ကြာအောင် ခါးစည်းခံရပြီးဖြစ်ကာ ယခုအချိန်အထိပင် လက်မလျှော့သေးပေ။ ထိုစိုးရိမ်ပူပန်မှုနှင့် ပူပန်သောကအနည်းငယ်မျှအတွက် ဘုရားသခင်သည် ထိုသို့ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့သည်။ ထိုသို့သော ကြီးမားသည့်အဖိုးအခသည် ဖာရိရှဲများနှင့် အန္တိခရစ်တို့၏ အမြင်၌ မည်သည့်အရာနှင့် တူသနည်း။ ထိုအရာသည် ၎င်းတို့၏ ရှုတ်ချခြင်း၊ ၎င်းတို့၏ ဝေဖန်ခြင်း၊ ၎င်းတို့၏ ပြစ်မှားစော်ကားခြင်းကိုပင် ခံရသည်။ ဤရှုထောင့်မှကြည့်လျှင် ထိုအန္တိခရစ်တို့သည် သဘာဝအားဖြင့် ကောက်ကျစ်ဆိုးယုတ်ကြသည် မဟုတ်လော။ (ကောက်ကျစ်ဆိုးယုတ်ကြပါသည်။) ဘုရားသခင်သည် ထိုသို့သော ချီးမွမ်းထိုက်သည့် အမှုအရာများကို လုပ်ဆောင်ခဲ့ပြီး ဘုရားသခင်၏ အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည် လူတို့၏ ချီးမွမ်းခြင်းကို အလွန် ခံထိုက်သည်။ ၎င်းတို့သည် သူ့ကို မချီးမွမ်းကြရုံသာမက ပြစ်တင်ရှုတ်ချရန်နှင့် တရားစီရင်ရန် ဆင်ခြေအမျိုးမျိုးနှင့် သဘောတရားအမျိုးမျိုးကိုပင် အသုံးပြုကြပြီး သူသည် ခရစ်တော်ဖြစ်ကြောင်းကိုပင် အသိအမှတ်ပြုရန် ငြင်းပယ်ကြသည်။ ဤလူတို့သည် မုန်းတီးဖွယ်ကောင်းကြသည် မဟုတ်လော။ (မုန်းတီးဖွယ် ကောင်းကြပါသည်။) ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကြသည် မဟုတ်လော။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော အပြုအမူမှ အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် အသိပညာနှင့် သင်ယူလေ့လာမှုတို့ကို ကိုးကွယ်ကြသည် မဟုတ်လော။ ၎င်းတို့သည် တန်ခိုးအာဏာနှင့် အဆင့်အတန်းကို ကိုးကွယ်ကြသည် မဟုတ်လော။ (ကိုးကွယ်ကြပါသည်။) တစ်စုံတစ်ခုက အပြုသဘောဆောင်လေ၊ လူတို့၏ ချီးမွမ်းခြင်း၊ အောက်မေ့ခြင်းနှင့် ဖြန့်ဝေခြင်းတို့ကို ခံထိုက်လေ၊ အန္တိခရစ်တို့၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရလေ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝနှင့်ဆိုင်သည့် ထုတ်ဖော်ပြသချက်တစ်ခု ဖြစ်သည်။ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှု အတိုင်းအတာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့် လူအများစုထက် ကျော်လွန်သည်ဟု ဆိုရပေမည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။