အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၃) အခန်း လေး

၂။ အန္တိခရစ်တို့က မိမိတို့ထက် ခွန်အားကြီးသူများကို မည်သို့ဆက်ဆံပုံ

၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ရန်ဖြစ်သည့် အန္တိခရစ်များ၏ လိုအင်ဆန္ဒနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့သည် ပြုပြင်ခြင်းခံရသည့်အချိန်တွင် ၎င်းတို့၏ သဘာဝ အနှစ်သာရကို ပြသကာ ထုတ်ဖော်ရုံမျှမက အခြားသော အခြေအနေနှင့် ကိစ္စရပ် အမျိုးအစားများစွာကိုလည်း အန္တိခရစ်တို့က ကြုံကြရသည်။ ထို့ကြောင့် ငါတို့ ဆက်လက်၍ မိတ်သဟာယပြုမည့် ဒုတိယအကြောင်းအရာမှာ လူအုပ်စုများအတွင်းတွင် အန္တိခရစ်များက ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ထိန်းသိမ်းပုံ ဖြစ်သည်။ လူတစ်စုတွင် ရှိစဉ် အန္တိခရစ်များသည် ၎င်းတို့ လုပ်ဆောင်သမျှတိုင်း၌ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ရန် ကြိုးစားနေကြောင်း ဖော်ပြနိုင်သည့် မည်သည့် အပြုအမူများကို ပြသကြသနည်း။ ဤအကြောင်းအရာသည် ရှင်းလင်းသလော၊ မရှင်းလင်းသလော။ ထိုအရာ၏ နယ်ပယ်သည် ကြီးမားသလော၊ သေးငယ်သလော။ ယင်းသည် ကိုယ်စားပြုနိုင်ခြင်း ရှိသလော၊ မရှိသလော။ (ကိုယ်စားပြုနိုင်ခြင်း ရှိပါသည်။) ဤအကြောင်းအရာသည် အန္တိခရစ်များ၏ သဘာဝ အနှစ်သာရနှင့် တိုက်ရိုက် ဆက်စပ်ပေသည်။ လူအုပ်စုများကြားတွင် အသက်ရှင်နေစဉ် အန္တိခရစ်များက မည်သည့် သရုပ်သကန်များကို ပြသကြသနည်း။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ရန် မည်သည့် သဘောထားမျိုးနှင့် မည်သည့် လုပ်ရပ်များကို ၎င်းတို့က အသုံးပြုကြသနည်း။ ဦးစွာပထမ အန္တိခရစ်များတွင် အဆင့်အတန်းမရှိလျှင် ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြဦးမည်လော။ (ဖြစ်ပါသည်။) ဤအယူအဆအပေါ် ရှင်းလင်းသည့် သိနားလည်မှုတစ်ခု သင်တို့ ရှိရန် လိုအပ်သည်။ အဆင့်အတန်းရှိသည့် လူတို့သာ အန္တိခရစ်များ၏ အနှစ်သာရ ပိုင်ဆိုင်နိုင်ပြီး အန္တိခရစ်များ ဖြစ်နိုင်သည် သို့မဟုတ် အဆင့်အတန်းမရှိသည့် သာမန်လူတို့သည် အန္တိခရစ်များ မဟုတ်ဟု မထင်လေနှင့်။ နယ်ပယ်မှာ အမှန်ပင် အတော်လေး ကြီးမားသည်။ အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ခေါင်းဆောင်တစ်ဦး ဖြစ်သည်ဖြစ်စေ၊ သာမန် ယုံကြည်သူတစ်ဦး ဖြစ်သည်ဖြစ်စေ အန္တိခရစ်၏ အနှစ်သာရ ပိုင်ဆိုင်သူ မည်သူမဆိုသည် အန္တိခရစ်သာ ဖြစ်လေသည်။ ဤအရာကို ၎င်းတို့၏ အနှစ်သာရအားဖြင့် သတ်မှတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်၏ အနှစ်သာရရှိသည့် လူများသည် သာမန် နောက်လိုက်များဖြစ်နေစဉ် မည်သည့်သရုပ်သကန်များကို ပြသကြသနည်း။ ၎င်းတို့က ဧကန်အမှန် အန္တိခရစ်များ ဖြစ်သည်ကို မည်သည့်သဘာဝအနှစ်သာရ ထုတ်ဖော်ခြင်းများက လုံလောက်သည့် သက်သေအဖြစ် ပြသနည်း။ ဦးစွာပထမ လူအုပ်စုများအတွင်းတွင် ၎င်းတို့ အသက်ရှင်ပုံ၊ အခြားသူများကို ၎င်းတို့ ဆက်ဆံပုံနှင့် သမ္မာတရားအပေါ် ၎င်းတို့ ထားရှိသည့် သဘောထားတို့ကို ကြည့်ကြစို့။ ငါတို့ မိတ်သဟာယ အပြုသင့်ဆုံးသောအရာမှာ အန္တိခရစ်များ စားသည့်အရာ၊ ၎င်းတို့ ဝတ်ဆင်သည့်အရာ၊ ၎င်းတို့ နေထိုင်သည့်နေရာ သို့မဟုတ် ၎င်းတို့ သွားလာပုံတို့ကို မဟုတ်ဘဲ အုပ်စုများတွင်ရှိနေစဉ် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ၎င်းတို့ ကာကွယ်ပုံဖြစ်သည်။ ၎င်းတို့အနေဖြင့် သာမန် ယုံကြည်သူများ ဖြစ်လျှင်ပင် မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ဖို့ စဉ်ဆက်မပြတ် ကြိုးစားနေဆဲဖြစ်သည်။ ဤစိတ်သဘောထားနှင့် အနှစ်သာရမျိုးကို စဉ်ဆက်မပြတ် ထုတ်ဖော်နေဆဲဖြစ်ပြီး ဤအရာမျိုးများကို လုပ်ဆောင်နေကြဆဲ ဖြစ်သည်။ ထို့ကြောင့် ဤအရာက အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရအပေါ် ငါတို့၏ သိနားလည်မှုတွင် ငါတို့အား နောက်ထပ်ခြေတစ်လှမ်း လှမ်းရန် ထောက်ကူပေးသည်။ အန္တိခရစ်များတွင် အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ၎င်းတို့ မည်သည့်အချိန်၊ မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့သည် ၎င်းတို့ထဲတွင် အမြဲ ထုတ်ဖော်ပြီး ထင်ရှားလျက်ရှိသည်။ ဤသည်မှာ မည်သည့်နေရာ၊ ပထဝီအနေအထား သို့မဟုတ် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့်မျှ ကန့်သတ်ထားခြင်း မရှိပေ။

အန္တိခရစ်တို့က တာဝန်ထမ်းဆောင်သောအခါ ယင်းမှာ မည်သည့်တာဝန် ဖြစ်ပြီး မည်သည့်အုပ်စုထဲ၌ သူတို့ ရှိနေကြသည်ဖြစ်စေ သူတို့သည် ထူးခြားသော အပြုအမူပုံစံကို လက်တွေ့ပြကြသည်။ ယင်းက အရာအားလုံးတွင် ရှိသည်။ ၎င်းတို့သည် အစဉ်ထင်ပေါ်ပြီး မိမိတို့ကိုယ်ကို ပြစားလိုကြသည်။ သူတို့သည် လူတို့ကို အမြဲတမ်းဘောင်ခတ်ပြီး ထိန်းချုပ်လေ့ရှိကြသည်။ လူတို့ကို အမြဲတမ်း ဦးဆောင်လိုပြီး အခြေအနေကို ထိန်းချုပ်လိုကြသည်။ အပြီးသတ်ပြောပိုင်ခွင့် ရှိလိုကြသည်။ သူတို့သည် အမြဲပင် ရေပန်းစားလိုကြသည်။ သူတို့အပေါ် အစဉ်သဖြင့် လူတို့၏အကြည့်များနှင့် အာရုံစိုက်မှုကို ဆွဲဆောင်လိုကြသည်။ ပြီးလျှင် လူတိုင်းထံမှ လေးစားအားကျမှုကို လိုချင်ကြသည်။ အန္တိခရစ်များသည် အဖွဲ့တစ်ခုတွင် ပါဝင်တိုင်း အဖွဲ့ဝင်အရေအတွက် မည်မျှရှိသည်ဖြစ်စေ၊ အဖွဲ့ဝင်များက မည်သူတို့ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ထိုသူတို့၏ အလုပ်အကိုင်၊ သို့မဟုတ် ကိုယ်ပိုင်လက္ခဏာက မည်သို့ဖြစ်သည်ဖြစ်စေ မည်သူက အဟန့်ကောင်းပြီး ပေါ်လွင်သည်၊ မည်သူက ကျလောက်အောင် ပြောတတ်သည်၊ မည်သူက အထင်ကြီးစရာ ကောင်းသည်၊ မည်သူက အရည်အချင်းပြည့်မီသည်၊ သို့မဟုတ် မည်သူ၌ ဂုဏ်ဒြပ်ရှိသည်ကို ဦးစွာ အကဲဖြတ်သုံးသပ်လေသည်။ သူတို့သည် မည်သူ့ကို သူတို့ကျော်နိုင်ပြီး မည်သူ့ကို သူတို့မကျော်နိုင်သည်၊ ထို့အပြင် သူတို့ထက် မည်သူက သာလွန်ပြီး မည်သူက နိမ့်ကျသည်ကိုလည်း အကဲဖြတ်ကြသည်။ ဤသည်တို့မှာ သူတို့ကြည့်ရှုလေ့လာသည့် ပထမဆုံးသော အရာများ ဖြစ်ကြသည်။ သူတို့သည် အခြေအနေကို လျင်မြန်စွာ အကဲဖြတ်ပြီးနောက် သူတို့လက်အောက်၌ ရှိသောသူတို့ကို လောလောဆယ်တွင် ဘေးဖယ်ပြီး လျစ်လျူရှုကာ စတင်၍ ပြုမူဆောင်ရွက်ကြလေသည်။ သူတို့ထက် သာလွန်သည်ဟု သတ်မှတ်သောသူ၊ သြဇာတိက္ကမနှင့် အဆင့်အတန်း ရှိသောသူ၊ သို့မဟုတ် ဆုကျေးဇူးရှိသောသူနှင့် ပါရမီရှင်တို့ထံ သူတို့ဦးစွာသွားကြသည်။ မိမိတို့ကိုယ်ကိုနှင့် သူတို့ဦးစွာ ချိန်ကိုက်နှိုင်းယှဉ်သောလူများမှာ ဤသူတို့ပင် ဖြစ်သည်။ အကယ်၍ ဤလူတို့ထဲမှ တစ်ဦးဦးသည် ညီအစ်ကိုမောင်နှမများ၏ အထင်ကြီးလေးစားခြင်းကို ခံရပါက၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သည်မှာ ကာလကြာမြင့်ပြီ ဖြစ်ပါက၊ သို့မဟုတ် နာမည်ကောင်း ရထားသည်ဆိုပါက ထိုသူတို့မှာ အန္တိခရစ်တို့၏ မနာလိုမှုပစ်မှတ်များ ဖြစ်လာကြပြီး ပြိုင်ဘက်များအဖြစ် အမြင်ခံကြရသည်မှာ အမှန်ပင်ဖြစ်၏။ ထို့နောက် အန္တိခရစ်များသည် ဂုဏ်ဒြပ်ရှိပြီး အဆင့်အတန်းရှိကာ ညီအစ်ကိုမောင်နှမများ၏ အားကျလေးစားခြင်းကို တောင်းခံနိုင်သည့် ဤလူတို့နှင့် မိမိတို့ကိုယ်ကို တိတ်တခိုး နှိုင်းယှဉ်ကြသည်။ ထိုသူတို့ လုပ်နိုင်သည့်အရာနှင့် ကျွမ်းကျင်ပိုင်နိုင်ထားသည့်အရာနှင့် လူအချို့က ထိုသူတို့ကို အထင်ကြီးလေးစားရသည့် အကြောင်းအရင်းတို့ကို ဆန်းစစ်လျက် ထိုသို့သော လူများကို စတင်တွေးဆကြသည်။ အန္တိခရစ်များသည် စောင့်ကြည့်လေ့လာရင်း ဤလူတို့သည် အတတ်ပညာတစ်ခုခုတွင် ကျွမ်းကျင်သူများဖြစ်ကြောင်း သဘောပေါက်သွားကြပြီး ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ ပို၍ကြာမြင့်သောကြောင့်၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အချို့ကို ၎င်းတို့ ဝေမျှနိုင်ကြ‌သောကြောင့် လူတိုင်းက ၎င်းတို့ကို အထင်ကြီးကြသည်ဆိုသည့် အချက်ကိုပါ နားလည်သဘောပေါက်ကြသည်။ အန္တိခရစ်များသည် ထိုသို့သောလူများအား “သားကောင်” အဖြစ် မှတ်ယူပြီး ပြိုင်ဘက်များအဖြစ် မြင်ကြသည်။ ထို့နောက် ၎င်းတို့က လုပ်ဆောင်ရန် အစီအစဉ်တစ်ခု ပုံဖော်ဖွဲ့စည်းကြသည်။ မည်သည့် လုပ်ဆောင်ချက် အစီအစဉ်ဖြစ်သနည်း။ ၎င်းတို့၏ ပြိုင်ဘက်များကို မမီသည့် ကဏ္ဍများကို ကြည့်ပြီး ထိုကဏ္ဍများတွင် တိုးတက်အောင် စတင်လုပ်ဆောင်သည်။ ဥပမာ အန္တိခရစ်များသည် အတတ်ပညာတစ်ခုခုတွင် ထိုသူတို့လောက် မတော်လျှင် စာအုပ်များ ပို၍ဖတ်ကာ သတင်းအချက်အလက်မျိုးစုံကို ပို၍ ရှာဖွေပြီး အခြားသူများထံ ကျိုးကျိုးနွံနွံဖြင့် လမ်းညွှန်ချက်ကို ပို၍ တောင်းခံလျက် ထိုအတတ်ပညာကို လေ့လာကြမည်ဖြစ်သည်။ သူတို့သည် ထိုအတတ်ပညာနှင့် ဆက်စပ်သော အလုပ်မျိုးတိုင်း၌ ပါဝင်ကာ တဖြည်းဖြည်းနှင့် အတွေ့အကြုံရယူပြီး သူတို့၏ ကိုယ်ပိုင်စွမ်းရည်ကို ပျိုးထောင်ကြမည် ဖြစ်သည်။ ပြီးလျှင် မိမိတို့၏ ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရန် ၎င်းတို့တွင် အရင်းအနှီး ရှိသည်ဟု ယုံကြည်သည့်အခါ မိမိတို့၏ ကိုယ်ပိုင် “ပြောင်မြောက်သော အမြင်များ”ကို မကြာခဏ ရှေ့ထွက်၍ ဖော်ပြကြသည်။ ၎င်းတို့၏ ပြိုင်ဘက်များကို အရှက်ရစေကာ ထိုသူတို့၏ နာမည်များ ပျက်သွားကာ ၎င်းတို့ မည်မျှလိမ္မာပါးနပ်ကာ ထူးခြားကြသည်ကို ထိုနည်းဖြင့် မီးမောင်းထိုးပြဖို့နှင့် ၎င်းတို့၏ ပြိုင်ဘက်များကို ဖိနှိပ်ဖို့အတွက် ထိုသူတို့ကို မကြာခဏ မှားယွင်းကြောင်း တမင် ချေပပြောဆိုကာ သေးသိမ်စေကြသည်။ အမြင်ရှင်းသောလူတို့သည် ဤအရာများအားလုံးကို မြင်နိုင်ကြသည်။ နုံအပြီး မသိနားမလည်ကြသည့်အပြင် ချင့်ချိန်နိုင်စွမ်း မရှိသောလူတို့သာ မမြင်နိုင်ကြပေ။ လူအများစုက အန္တိခရစ်များ၏ စိတ်ထက်သန်မှု၊ ၎င်းတို့၏ လိုက်စားမှု၊ ၎င်းတို့၏ ဆင်းရဲဒုက္ခ၊ အဖိုးအခပေးခြင်းနှင့် အပြင်ပန်း အပြုအမူကောင်းတို့ကိုသာ မြင်ကြသော်လည်း စစ်မှန်သော အခြေအနေကို အန္တိခရစ်များ၏ စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် ဝှက်ထားပေသည်။ ၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ အဘယ်နည်း။ အဆင့်အတန်း ရရှိရန် ဖြစ်သည်။ ၎င်းတို့၏ အလုပ်အားလုံး၊ ၎င်းတို့၏ အားသွန်ခွန်စိုက် လုပ်ဆောင်မှုအားလုံးနှင့် ၎င်းတို့ ပေးသည့် အဖိုးအခအားလုံး ဗဟိုပြုသည့် ပစ်မှတ်မှာ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့ အကိုးကွယ်ဆုံးသော အရာဖြစ်သော အဆင့်အတန်းနှင့် တန်ခိုးအာဏာ ဖြစ်လေသည်။

ဩဇာအာဏာနှင့် အဆင့်အတန်းကို ရရှိရန်အလို့ငှာ အသင်းတော်တွင် အန္တိခရစ်များ လုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ အခြားလူတို့၏ ယုံကြည်ကိုးစားမှုနှင့် လေးစားမှုတို့ကို ကြိုးစားရယူဖို့ ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် ပိုများသည့် လူတို့ကို သိမ်းသွင်းစည်းရုံးနိုင်မည်ဖြစ်ပြီး ပိုများသည့်လူတို့အား ၎င်းတို့ကို ကြည်ညိုလေးစားအောင်၊ ကိုးကွယ်အောင် လုပ်နိုင်မည်ဖြစ်သည့်အပြင် ထိုသို့ဖြင့် အသင်းတော်တွင် အဆုံးအဖြတ် ပေးပိုင်ခွင့်ရရှိခြင်းနှင့် ဩဇာအာဏာ ကိုင်စွဲခြင်းတည်းဟူသော ၎င်းတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိနိုင်မည် ဖြစ်သည်။ ဩဇာအာဏာကို ရရှိခြင်းနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့သည် အခြားလူများနှင့် ပြိုင်ဆိုင်ခြင်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းတွင် အကျွမ်းကျင်ဆုံး ဖြစ်ကြသည်။ သမ္မာတရားကို လိုက်စားသောလူများ၊ အသင်းတော်တွင် ဂုဏ်သိက္ခာ ရှိသောလူများနှင့် ညီအစ်ကို မောင်နှမများ၏ ချစ်ခြင်းကို ခံရသောလူများသည် ၎င်းတို့၏ အဓိက ပြိုင်ဘက်ဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေသည့် မည်သူမဆိုသည် ၎င်းတို့၏ ပြိုင်ဘက်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ထက် အားကောင်းသော သူတို့ကို မတွန့်မဆုတ်ဘဲ ယှဉ်ပြိုင်ကြပြီး ၎င်းတို့ထက် အားနည်းသောသူတို့ကို မည်သည့် သနားစိတ်မျှ လုံးဝ မခံစားရဘဲ ယှဉ်ပြိုင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများက တိုက်ပွဲနှင့်ဆိုင်သည့် အတွေးအခေါ်များနှင့် ပြည့်နေသည်။ လူတို့က ယှဉ်ပြိုင်ကာ တိုက်ခိုက်ခြင်း မရှိလျှင် မည်သည့် အကျိုးကျေးဇူးမျှ ရရှိနိုင်ကြမည် မဟုတ်သကဲ့သို့ ယှဉ်ပြိုင်ခြင်းနှင့် တိုက်ခိုက်ခြင်းတို့အားဖြင့်သာ ၎င်းတို့ အလိုရှိသည့်အရာများကို ၎င်းတို့ ရရှိနိုင်ကြသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ အဆင့်အတန်းကို ရရှိရန်နှင့် လူတစ်စုအတွင်းတွင် ပြိုင်ဘက်ကင်းသော နေရာတစ်ခုကို ရယူရန်အလို့ငှာ အခြားသူတို့နှင့် ယှဉ်ပြိုင်ရန် လိုအပ်သည့် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်ကြပြီး ၎င်းတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်မှုတစ်ခုဖြစ်စေသည့် လူတစ်ဦးကိုမျှ ၎င်းတို့ ချမ်းသာမပေးကြပေ။ မည်သူနှင့် ၎င်းတို့ ဆက်ဆံရသည်ဖြစ်စေ ၎င်းတို့သည် တိုက်ခိုက်လိုစိတ် အပြည့်ရှိကြပြီး ၎င်းတို့ အိုမင်းသွားသည့်အချိန်တွင်ပင် တိုက်ခိုက်ကြဆဲ ဖြစ်သည်။ ၎င်းတို့က “ထိုလူကို ငါ ယှဉ်ပြိုင်လျှင် အနိုင်ရနိုင်မည်လော”ဟု မကြာခဏ ဆိုကြသည်။ စကားပြောကောင်းပြီး ကျိုးကြောင်းဆီလျော်သော၊ အဆီအငေါ် တည့်သော၊ စနစ်ကျသော ပုံစံတစ်ခုဖြင့် စကားပြောနိုင်သူ မည်သူမဆိုသည် ၎င်းတို့ မနာလိုဖြစ်ကာ အတုခိုးရသည့် ပစ်မှတ်ဖြစ်လာသည်။ ထို့ထက်ပင်ပို၍ ထိုသူတို့သည် ၎င်းတို့၏ ပြိုင်ဘက်ဖြစ်လာသည်။ သမ္မာတရားကို လိုက်စားပြီး ယုံကြည်ခြင်း ရှိကာ ညီအစ်ကို မောင်နှမများကို မကြာခဏ ကူညီပြီး ပံ့ပိုးပေးနိုင်သည့်အပြင် ထိုသူတို့ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းတို့မှ လွတ်မြောက်လာရန် ထောက်ကူပေးနိုင်သည့်သူ မည်သူမဆိုအပြင် အလုပ်အကိုင်တစ်ခုခုတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး ညီအစ်ကို မောင်နှမများ၏ လေးစားမှု အတော်အတန် ရသောသူ မည်သူမဆိုသည်လည်း ၎င်းတို့၏ ပြိုင်ဖက်ဖြစ်လာကြလေသည်။ ၎င်းတို့၏ အလုပ်တွင် ရလဒ်များရကာ အထက်၏ အသိအမှတ်ပြုခြင်း ရရှိသူမည်သူမဆိုသည် ၎င်းတို့အတွက် သာ၍ပင် ကြီးမားသော ယှဉ်ပြိုင်မှုရင်းမြစ်တစ်ခု အလိုအလျောက် ဖြစ်လာသည်။ မည်သည့်အဖွဲ့တွင် ရှိသည်ဖြစ်စေ အန္တိခရစ်များ၏ ဆောင်ပုဒ်မှာ အဘယ်နည်း။ သင်တို့၏ အတွေးများကို ဝေမျှကြလော့။ (အခြားသူများနှင့်လည်းကောင်း၊ ကောင်းကင်ဘုံနှင့်လည်းကောင်း ယှဉ်ပြိုင်တိုက်ခိုက်ခြင်းသည် အဆုံးမဲ့ ပျော်စရာရင်းမြစ်တစ်ခု ဖြစ်သည်။) ဤသည်မှာ ရူးကြောင်ကြောင်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ရူးကြောင်ကြောင်ဖြစ်ပေသည်။ အခြားတစ်ခုတလေ ရှိသလော။ (ဘုရားသခင်၊ ၎င်းတို့က “ကောင်းကင်နှင့်မြေကြီး တစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏”ဟု တွေးထင်ကြသည် မဟုတ်လော။ ဆိုလိုသည်မှာ ၎င်းတို့သည် အမြင့်ဆုံးဖြစ်ချင်ကြပြီး မည်သူနှင့် ၎င်းတို့ ရှိသည်ဖြစ်စေ ထိုသူတို့ထက် သာအောင်လုပ်ချင်ကြသည်။) ဤသည်မှာ ၎င်းတို့၏ စိတ်ကူးများထဲမှတစ်ခုဖြစ်သည်။ အခြားတစ်ခုခု ရှိသေးသလော။ (ဘုရားသခင်၊ စကားလုံးအချို့ကို ကျွန်ုပ် စဉ်းစားမိပါသည်။ “အနိုင်ရသူ ဘုရင် ဖြစ်သည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ အခြားသူများထက် အမြဲ သာလွန်ချင်ကြပြီး ထင်ပေါ်ချင်ကြကာ အမြင့်ဆုံးဖြစ်ဖို့ ကြိုးပမ်းကြသည်ဟု ကျွန်ုပ် ထင်ပါသည်။) သင်တို့ ပြောပြီးသည့်အရာ အများစုမှာ စိတ်ကူးအမျိုးအစားများ ဖြစ်သည်။ ယင်းတို့ကို ဖော်ပြရန် အပြုအမူတစ်မျိုးကို ကြိုးစားအသုံးပြုကြည့်လော့။ အန္တိခရစ်များသည် မည်သည့်နေရာတွင် ၎င်းတို့ ရှိသည်ဖြစ်စေ အမြင့်ဆုံးသော နေရာကို မလွဲမသွေ ယူလိုခြင်းမျိုး မဟုတ်ပေ။ နေရာတစ်ခုကို ၎င်းတို့ သွားသည့်အခါတိုင်းတွင် ၎င်းတို့ကို ပြုမူဆောင်ရွက်ရန် တွန်းအားပေးနေသော စိတ်သဘောထားတစ်ခုနှင့် စိတ်နေစိတ်ထားတစ်ခု ရှိကြသည်။ ဤစိတ်နေစိတ်ထားက အဘယ်နည်း။ ယင်းက “ငါ ပြိုင်ရမည်။ ပြိုင်ရမည်။ ပြိုင်ရမည်” ဟူ၍ဖြစ်သည်။ အဘယ်ကြောင့် “ပြိုင်ရမည်” သုံးခု ဖြစ်သနည်း။ အဘယ်ကြောင့် “ပြိုင်ရမည်” တစ်ခုတည်း မဖြစ်သနည်း။ (ယှဉ်ပြိုင်ခြင်းက သူတို့၏ ဘဝဖြစ်လာပေပြီ။ သူတို့ ရှင်သန်သည့်အရာ ဖြစ်သည်။) ဤသည်မှာ ၎င်းတို့၏ စိတ်သဘောထား ဖြစ်သည်။ ၎င်းတို့သည် လွန်ကဲစွာ မာနထောင်လွှားပြီး ထိန်းရန်ခက်သော စိတ်သဘောထားတစ်ခုဖြင့် မွေးလာခဲ့ကြသည်။ ဆိုလိုသည်မှာ မိမိတို့ကိုယ်ကို ပြိုင်ဖက်ကင်းအဖြစ် မြင်ခြင်းနှင့် ငါဟူသော အတ္တဆန်ခြင်း အလွန်အမင်း ရှိခြင်းဖြစ်သည်။ ၎င်းတို့၏ ဤအလွန့်အလွန် မာနထောင်လွှားသော စိတ်သဘောထားကို မည်သူကမျှ မကန့်သတ်နိုင်ပေ။ ၎င်းတို့ကိုယ်တိုင်လည်း မထိန်းချုပ်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့၏ ဘဝသည် တိုက်ခိုက်ခြင်း၊ ယှဉ်ပြိုင်ခြင်းအကြောင်းသာ ဖြစ်သည်။ မည်သည့်အရာကို တိုက်ခိုက်၊ ယှဉ်ပြိုင်ကြသနည်း။ သဘောသဘာဝအားဖြင့် ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် ကိုယ့်အကျိုးစီးပွားတို့အတွက် ယှဉ်ပြိုင်ကြသည်။ မည်သည့်နည်းလမ်းများကို ၎င်းတို့ အသုံးပြုရမည်ဖြစ်စေ၊ လူတိုင်းက ၎င်းတို့ကို နာခံသရွေ့၊ ၎င်းတို့ကိုယ်တိုင်အတွက် အကျိုးအမြတ်နှင့် အဆင့်အတန်းကို ရရှိသရွေ့ ၎င်းတို့၏ ပန်းတိုင်ကို ရရှိပြီးဖြစ်သည်။ ယှဉ်ပြိုင်ရန် ၎င်းတို့၏ စိတ်ဆန္ဒသည် ယာယီ ဖျော်ဖြေမှုတစ်ခုမဟုတ်ပေ။ ယင်းသည် ဆိုးယုတ်သော သဘာဝမှလာသည့် စိတ်သဘောထားမျိုးဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံနှင့် တိုက်ခိုက်သော၊ ကမ္ဘာမြေကြီးနှင့် တိုက်ခိုက်သော၊ လူတို့နှင့် တိုက်ခိုက်သော အဆင်းနီသော နဂါးကြီး၏ စိတ်သဘောထားကဲ့သို့ ဖြစ်သည်။ ယခုတွင် အန္တိခရစ်များက အသင်းတော်၌ အခြားလူများနှင့် တိုက်ခိုက်၊ ယှဉ်ပြိုင်သောအခါ မည်သည့်အရာကို ၎င်းတို့ အလိုရှိသနည်း။ ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည်မှာ သံသယရှိစရာမလိုပေ။ သို့သော် အဆင့်အတန်းကို ရလျှင် ယင်းသည် ၎င်းတို့အတွက် မည်သည့်အကျိုး ရှိသနည်း။ အခြားလူများက ၎င်းတို့ကို နားထောင်လျှင်၊ လေးစားလျှင်၊ ကိုးကွယ်လျှင် ၎င်းတို့အတွက် မည်သည့်ကောင်းကျိုးရှိသနည်း။ အန္တိခရစ်များကိုယ်တိုင်ပင် ဤအရာကို ရှင်းမပြနိုင်ပေ။ လက်တွေ့တွင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မွေ့လျော်ခံစားလိုသည်။ လူတိုင်းအား ၎င်းတို့ကို ပြုံးပြစေလိုပြီး မြှောက်ပင့်ကာ ဖားလျက်ဖြင့် ကြိုဆိုနှုတ်ဆက်ခြင်းခံလိုသည်။ ထို့ကြောင့် အန္တိခရစ်က အသင်းတော်သို့ သွားသည့်အခါတိုင်းတွင် တစ်ခုသောအရာကို လုပ်ဆောင်သည်။ အခြားလူများနှင့် တိုက်ခိုက်၊ ယှဉ်ပြိုင်သည်။ ၎င်းတို့သည် အာဏာနှင့် အဆင့်အတန်းကို ရရှိလျှင်ပင် မပြီးသေးပေ။ ၎င်းတို့၏ အဆင့်အတန်းကို ကာကွယ်ပြီး ၎င်းတို့၏ အာဏာကို လုံခြုံစိတ်ချရစေရန်အတွက် ဆက်လက်ပြီး အခြားလူများနှင့် တိုက်ခိုက်၊ ယှဉ်ပြိုင်သည်။ ၎င်းတို့ သေသည်အထိ ဤသို့ လုပ်ဆောင်ကြလိမ့်မည်။ ထို့ကြောင့် အန္တိခရစ်တို့၏ အတွေးအခေါ်သည် “အသက်ရှင်နေသရွေ့ အရှုံးမပေးနှင့်” ဟူ၍ ဖြစ်သည်။ အသင်းတော်တွင် ဤသို့သော ဆိုးယုတ်သောသူ တစ်ယောက် ရှိလျှင် ညီအစ်ကိုမောင်နှမများကို အနှောင့်အယှက် ပေးမည်လော။ ဥပမာ လူတိုင်းက ဘုရားနှုတ်ကပတ်တော်ကို တိတ်ဆိတ်စွာဖြင့် စားသောက်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့နေကြသည်ဟု ဆိုပါစို့ ပတ်ဝန်းကျင်က အေးချမ်းပြီး စိတ်နေစိတ်ထားက သာယာမည်ဖြစ်သည်။ ဤအချိန်တွင် အန္တိခရစ်တစ်ဦးက မကျေနပ်ချက်များဖြင့် တနုံ့နုံ့ ဒေါသထွက်လိမ့်မည် ဖြစ်သည်။ သမ္မာတရားကို မိတ်သဟာယဖွဲ့သူများအား မနာလိုဖြစ်ပြီး မုန်းတီးလိမ့်မည်။ ၎င်းတို့သည် ထိုသူတို့ကို စတင်တိုက်ခိုက်ပြီး ဝေဖန်မှုများ ပြုလုပ်လိမ့်မည်။ ဤအရာက အေးချမ်းသော ပတ်ဝန်းကျင်ကို နှောင့်ယှက်မည်မဟုတ်လော။ ၎င်းတို့သည် အခြားလူများကို နှောင့်ယှက်ပြီး ရွံရှာစေရန် ရောက်လာသည့် ဆိုးယုတ်သူများ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ ပုံစံဖြစ်သည်။ တစ်ခါတစ်ရံတွင် အန္တိခရစ်များသည် ၎င်းတို့ယှဉ်ပြိုင်ပြီး ဖိနှိပ်သည့်သူများကို ဖျက်ဆီးရန်၊ သို့မဟုတ် အနိုင်ယူရန် ကြိုးစားနေခြင်း မဟုတ်ပေ။ ဂုဏ်သတင်း၊ အဆင့်အတန်း၊ ပကာသနနှင့် ဂုဏ်သိက္ခာတို့ကို ၎င်းတို့ ရရှိပြီး လူများကို ၎င်းတို့အား လေးစားစေသရွေ့ ၎င်းတို့၏ ပန်းတိုင်ကို ရရှိပြီးဖြစ်သည်။ ၎င်းတို့ယှဉ်ပြိုင်နေစဉ်တွင် သိသာသည့် စာတန်ဆန်သော စိတ်သဘောထားတစ်မျိုးကို ထုတ်ဖော်ကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ၎င်းတို့ မည်သည့် အသင်းတော်တွင် ထွက်ပေါ်လာသည်ဖြစ်စေ အခြားလူများနှင့် အမြဲ ယှဉ်ပြိုင်ကာ တိုက်ခိုက်လိုကြခြင်းဖြစ်သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် အမြဲ တိုက်ခိုက်လိုကြခြင်း ဖြစ်ပြီး အသင်းတော်က ဖရိုဖရဲ ဖြစ်ကာ ဝရုန်းသုန်းကား အခြေအနေထဲသို့ ရောက်သွားသည့်အခါတွင်သာ၊ ၎င်းတို့က အဆင့်အတန်း ရရှိပြီး လူတိုင်းက ၎င်းတို့ကို အလျှော့ပေးကြသည့်အခါတွင်သာ ၎င်းတို့၏ ရည်မှန်းချက် ပြီးမြောက်ပြီးဖြစ်သည်ဟု ခံစားကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် ယှဉ်ပြိုင်ခြင်းနှင့် တိုက်ခိုက်ခြင်းတို့ကို အသုံးပြုကြလေသည်။

အန္တိခရစ်များသည် မည်သည့်အုပ်စုတွင် ရှိနေပါစေ ၎င်းတို့၏ ဆောင်ပုဒ်သည် အဘယ်နည်း။ “ငါယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်။ အမြင့်မားဆုံးနှင့် အထူးကဲဆုံးဖြစ်ဖို့ ငါယှဉ်ပြိုင်ရမည်။” ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထား ဖြစ်သည်။ ၎င်းတို့သွားသည့် နေရာတိုင်းတွင် ၎င်းတို့ယှဉ်ပြိုင်ပြီး ၎င်းတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိဖို့ ကြိုးစားကြသည်။ ၎င်းတို့သည် စာတန်၏ အစေခံများ ဖြစ်ကြပြီး အသင်းတော်၏ အမှုတော်ကို နှောင့်ယှက်ကြသည်။ အန္တိခရစ်များ၏ စိတ်သဘောထားသည် ဤကဲ့သို့ဖြစ်လေသည်။ ၎င်းတို့သည် မည်သူက ဘုရားသခင်ကို နှစ်များစွာယုံကြည်ခဲ့ပြီး အရင်းအနှီးရှိသည်၊ မည်သူက ဆုကျေးဇူး၊ သို့မဟုတ် ပါရမီအချို့ရှိသည်၊ မည်သူက ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုတွင် ၎င်းတို့အပေါ် အကျိုးဖြစ်စေသည်၊ မည်သူက ဂုဏ်ဒြပ် ပိုရှိသည်၊ မည်သူက ဝါရင့်သည်၊ မည်သူက ညီအစ်ကိုမောင်နှမများကြားတွင် အကောင်းပြောခြင်းခံရသည်၊ မည်သူက ပို၍ အပြုသဘောဆောင်သော အရာများရှိသည်တို့ကို ကြည့်ရန် အသင်းတော်တွင် စတင် ရှာဖွေကြည့်ရှုသည်။ ထိုလူများသည် ၎င်းတို့၏ ပြိုင်ဖက်များဖြစ်လိမ့်မည်။ အနှစ်ချုပ်အနေဖြင့် အန္တိခရစ်များသည် လူအုပ်စု အလယ်တွင် ရှိသည့်အချိန်တိုင်း ဤအရာမှာ ၎င်းတို့အစဉ်ပြုလုပ်သည့် အရာဖြစ်သည်။ ၎င်းတို့သည် အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည်၊ ဂုဏ်သတင်းကောင်းအတွက် ယှဉ်ပြိုင်ကြသည်၊ အုပ်စုထဲ၌ အရေးကိစ္စများအပေါ် ဆုံးဖြတ်ပိုင်ခွင့်ရှိခြင်းနှင့် ဆုံးဖြတ်ချက်များ ချခွင့်အတွက် ယှဉ်ပြိုင်ကြသည်၊ ယင်းကို ၎င်းတို့ရသည်နှင့် ယင်းက ၎င်းတို့ကို ပျော်ရွှင်စေလေသည်။ ဤအရာများကို ၎င်းတို့ ရရှိပြီးသည့်နောက်တွင် တကယ့်အလုပ်ကို ၎င်းတို့ လုပ်ဆောင်နိုင်ကြသလော။ လုံးဝ မလုပ်ဆောင်နိုင်ကြ၊ တကယ့်အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာ ၎င်းတို့ ယှဉ်ပြိုင်ကာ တိုက်ခိုက်ကြခြင်း မဟုတ်။ ၎င်းတို့၏ ရည်မှန်းချက်မှာ အခြားလူအားလုံးကို စိုးမိုးခြယ်လှယ်ရန် ဖြစ်သည်။ “သင် ကျွန်ုပ်ကို အလျှော့ပေးရန် လိုလားခြင်း ရှိမရှိဟူသည်ကို ကျွန်ုပ် ဂရုမစိုက်ပါ။ အရင်းအနှီးအရ ကျွန်ုပ်သည် အကြီးမြတ်ဆုံး၊ စကားပြော စွမ်းရည်များအရ ကျွန်ုပ် အတော်ဆုံး ဖြစ်ပြီး ဆုကျေးဇူးများနှင့် ပါရမီများအရ ကျွန်ုပ်သည်သာ အများဆုံးရှိသည်”ဟူ၍ ဖြစ်သည်။ မည်သည့်နယ်ပယ်တွင်ဖြစ်စေ ပထမနေရာအတွက် ၎င်းတို့ အမြဲ ယှဉ်ပြိုင်လိုကြသည်။ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ကြီးကြပ်ရေးမှူးများအဖြစ် ရွေးချယ်လျှင် ၎င်းတို့သည် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိရန်နှင့် ဆုံးဖြတ်ချက်များ ချပိုင်ခွင့်ရှိရန် မိမိတို့၏ အလုပ်ဖော်များနှင့် ယှဉ်ပြိုင်ကြလိမ့်မည် ဖြစ်သည်။ အသင်းတော်က ၎င်းတို့အား အလုပ်တစ်ခုခုကို ကြီးကြပ်ခိုင်းလျှင် ထိုအလုပ် ဆောင်ရွက်ပုံနှင့်ပတ်သက်၍ မရမက ဦးစီးဦးကိုင် ပြုကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့ ပြောသမျှတိုင်းနှင့် ဆုံးဖြတ်သမျှအားလုံး ဖြစ်မြောက်ကာ လက်တွေ့အရှိတရားတစ်ခု ဖြစ်လာစေဖို့ ၎င်းတို့ ကြိုးပမ်းချင်ကြလိမ့်မည်။ ညီအစ်ကို မောင်နှမများက အခြားတစ်စုံတစ်ဦး၏ စိတ်ကူးကို သဘောတူလက်ခံလျှင် ဤအရာကို ၎င်းတို့က ခွင့်ပြုလိမ့်မည်လော။ (ခွင့်ပြုလိမ့်မည် မဟုတ်ပါ။) ယင်းမှာ ပြဿနာဖြစ်သည့်သဘောဖြစ်ပေသည်။ သင်သည် ၎င်းတို့စကားကို နားမထောင်လျှင် သင့်ကို ၎င်းတို့က ပညာပြလိမ့်မည်၊ ၎င်းတို့ မရှိဘဲ သင် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ခံစားစေလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို မနာခံလျှင် မည်သည့် အကျိုးဆက်များရှိလိမ့်မည်ကို သင့်အား ပြသလိမ့်မည် ဖြစ်သည်။ ယင်းမှာ အန္တိခရစ်တို့၏ စိတ်သဘောထားသည် မည်မျှစိတ်ကြီးဝင်ကာ မသတီစရာကောင်းပြီး အကျိုးအကြောင်း မဆီလျော်ပုံ ဖြစ်ပေသည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားရော အသိစိတ်ပါမရှိသကဲ့သို့ သမ္မာတရား တစ်စွန်းတစ်စပင် မရှိပေ။ အန္တိခရစ်များ လုပ်ဆောင်သည့်အရာသည် သာမန်လူတစ်ယောက်၏ ဆင်ခြင်တုံတရားတစ်ခုမျှ မရှိသည်ကို သူ၏ အပြုအမူများ၊ လုပ်ရပ်များတွင် မြင်နိုင်သည်။ ၎င်းတို့ကို သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ပေးနိုင်သော်လည်း ၎င်းတို့က လက်မခံပေ။ သင်ပြောသည့်အရာသည် မည်မျှ မှန်ကန်ပါစေ၊ ၎င်းတို့က လက်မခံပေ။ ၎င်းတို့ လိုက်စားလိုသော တစ်ခုတည်းသောအရာမှာ ဂုဏ်သတင်းနှင့် အဆင့်အတန်း ဖြစ်သည်။ ယင်းမှာ လေးစားကြည်ညိုမှုဖြင့် ၎င်းတို့ ကိုင်စွဲသောအရာဖြစ်သည်။ အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားနိုင်သရွေ့ ၎င်းတို့က ကျေနပ်ရောင့်ရဲကြသည်။ ဤသည်မှာ ၎င်းတို့တည်ရှိမှု၏ တန်ဖိုးဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် မည်သည့် လူအုပ်စုအလယ်တွင် ရှိနေပါစေ ၎င်းတို့ပေးသည့် “အလင်းရောင်” နှင့် “နွေးထွေးမှု”၊ ၎င်းတို့၏ အထူးပင်ကိုစွမ်းရည်များ၊ ၎င်းတို့၏ တစ်မူထူးခြားမှုတို့ကို လူများအား ၎င်းတို့ပြကိုပြရမှ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က မိမိတို့ကိုယ်ကို ထူးခြားသည်ဟု ယုံကြည်သဖြင့် ၎င်းတို့သည် သာမန်လူများထက် သာ၍ ကောင်းမွန်စွာ ဆက်ဆံခြင်းခံရသင့်ကြောင်း၊ လူများ၏ ထောက်ခံမှုနှင့် လေးစားမှုတို့ကို ၎င်းတို့ရရှိသင့်ကြောင်း၊ လူများက ၎င်းတို့ကို အထင်ကြီးသင့်ကြောင်း၊ ကိုးကွယ်သင့်ကြောင်း ၎င်းတို့က အလိုအလျောက် တွေးထင်ကြသောကြောင့် ဖြစ်သည်။ ဤအရာများအားလုံးသည် ၎င်းတို့ရထိုက်သောအရာဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ထိုသို့သောလူများသည် မျက်နှာပြောင်တိုက်ပြီး အရှက်ကင်းမဲ့သည် မဟုတ်လော။ ဤသို့သောလူများကို အသင်းတော်တွင် ရှိစေခြင်းသည် ပြဿနာမဟုတ်သလော။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ မှန်ကန်စွာ စကားပြောသောသူ မည်သူကိုမဆို လူတို့ နားထောင်သင့်သည်မှာ ဘုရားအိမ်တော်၏ အလုပ်အတွက် အကျိုးရှိသည့် အကြံပြုချက်တစ်ခုကို ပေးသောသူမည်သူကိုမဆို ကျိုးနွံနာခံသင့်ပြီး သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသည့် မည်သူ၏အကြံပြုချက်ကိုမဆို သဘောတူလက်ခံသင့်သည်မှာ ဘဝပေးအသိ ဖြစ်သည်။ အန္တိခရစ်များသည် စည်းမျဉ်းများနှင့်အညီ မဟုတ်သည့် တစ်စုံတစ်ရာကို ပြောလျှင် အခြားလူအားလုံးက ၎င်းတို့ စကားကို နားထောင်ချင်မှ နားထောင်လိမ့်မည်၊ သို့မဟုတ် ၎င်းတို့၏ အကြံပြုချက်ကို ခံယူချင်မှ ခံယူလိမ့်မည်။ ထိုအခြေအနေတွင် အန္တိခရစ်များက မည်သည့်အရာကို လုပ်ဆောင်ကြလိမ့်မည်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆက်လက် ခုခံကာကွယ်ကာ မှန်ကြောင်း ရှင်းချက်ထုတ်လိမ့်မည်ဖြစ်ပြီး အခြားလူတို့ကို စည်းရုံးသိမ်းသွင်းရန် နည်းလမ်းများ စဉ်းစားကာ ညီအစ်ကို မောင်နှမများအား ၎င်းတို့စကားကို နားထောင်အောင် လုပ်မည်ဖြစ်ပြီး ၎င်းတို့၏ အကြံပြုချက်ကို သဘောတူလက်ခံအောင် လုပ်လိမ့်မည် ဖြစ်သည်။ ၎င်းတို့၏ အကြံပြုချက်ကို သဘောတူလက်ခံလျှင် အသင်းတော်၏ အလုပ်အပေါ် မည်သည့်သက်ရောက်မှုရှိကောင်း ရှိနိုင်သည်ကို ၎င်းတို့ အလေးထားကြမည် မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ အလေးထားမှု နယ်ပယ်အတွင်းတွင် မရှိပေ။ ၎င်းတို့ အလေးထားမည့် တစ်ခုတည်းသောအရာမှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ “ငါ၏ အကြံပြုချက်ကို သဘောတူလက်ခံခြင်း မရှိလျှင် ငါ၏ မျက်နှာကို မည်သည့်နေရာတွင် ငါ ပြရမည်နည်း။ ထို့ကြောင့် ငါ၏ အကြံပြုချက် သဘောတူလက်ခံကြဖို့အတွက် ငါ ယှဉ်ပြိုင်ကာ ကြိုးပမ်းရမည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်းတွင် ၎င်းတို့ စဉ်းစားကာ ပြုမူဆောင်ရွက်ပုံ ဖြစ်သည်။ ဤအရာက စည်းမျဉ်းများနှင့် အညီ ဟုတ်မဟုတ်ဟူသည်ကို ၎င်းတို့ လုံးဝ ပြန်လည်သုံးသပ်ခြင်း မရှိကြသကဲ့သို့ သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထားဖြစ်သည်။

အန္တိခရစ်တို့၏ ဆင်ခြင်တုံတရား လုံးဝ ကင်းမဲ့ခြင်းနှင့်ဆိုင်သည့် အဓိက သရုပ်သကန်မှာ အဘယ်နည်း။ ၎င်းတို့တွင် ဆုကျေးဇူးများရှိကြောင်း၊ ၎င်းတို့သည် တတ်စွမ်းနိုင်ကြောင်း၊ ကောင်းမွန်သည့် အစွမ်းအစ ပိုင်ဆိုင်ကြောင်းနှင့် အခြားလူတို့၏ ကိုးကွယ်ခြင်းနှင့် အားပေးထောက်ခံခြင်းတို့ကို ၎င်းတို့ ခံရသင့်ကာ ဘုရားအိမ်တော်က ၎င်းတို့အား အရေးပါသည့် နေရာတစ်ခုတွင် ထားရှိသင့်ကြောင်း ယုံကြည်ကြလေသည်။ ထို့အပြင် ဘုရားအိမ်တော်က ၎င်းတို့ တင်ပြသည့် အကြံပြုချက်များနှင့် စိတ်ကူးများအားလုံးကို သဘောတူလက်ခံကာ အားပေးအားမြောက်ပြုသင့်သည်ဟု ၎င်းတို့ ယုံကြည်ကြပြီး၊ ဘုရားအိမ်တော်က ယင်းတို့ကို သဘောတူလက်ခံခြင်း မရှိလျှင် ၎င်းတို့ အလွန် ဒေါသထွက်လာကြသည်၊ ဘုရားအိမ်တော်ကို ဆန့်ကျင်ကြပြီး ၎င်းတို့ကိုယ်ပိုင် သီးခြားနယ်ပယ်များကို ထူထောင်ကြလေသည်။ အန္တိခရစ်များ၏ စိတ်သဘောထား၊ အနှစ်သာရတို့နှင့်ဆိုင်သော ဤထုတ်ဖော်ခြင်းသည် အသင်းတော်တွင် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေသည် မဟုတ်လော။ အန္တိခရစ်များ၏ လုပ်ရပ်များအားလုံးက အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုတို့ကို အလွန်ကြီးမားသော အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေသည်ဟု ဆိုနိုင်ပေသည်။ အန္တိခရစ်များသည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကြားတွင် အသင်းတော် ခေါင်းဆောင်မှုရာထူးနှင့် သိက္ခာအတွက် ယှဉ်ပြိုင်သောအခါ သူတစ်ပါးတို့ကို တိုက်ခိုက်ပြီး မိမိတို့ကိုယ်ကို မြှင့်တင်ရန်အတွက် ၎င်းတို့တတ်နိုင်သမျှ နည်းလမ်းတိုင်းကို အသုံးပြုကြသည်။ ဘုရားအိမ်တော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုကို ၎င်းတို့ မည်မျှ ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်သည်ကို မစဉ်းစားကြပေ။ ၎င်းတို့၏ ရည်မှန်းချက်များနှင့် ဆန္ဒများ ပြည့်နိုင်ခြင်းရှိမရှိ၊ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းသည် လုံခြုံစိတ်ချနိုင်ခြင်း ရှိမရှိကိုသာ စဉ်းစားကြသည်။ အသင်းတော်များနှင့် ဘုရားရွေးချယ်ထားသော သူတို့ကြား ၎င်းတို့၏ ကဏ္ဍသည် မကောင်းဆိုးဝါးများကဲ့သို့၊ ဆိုးယုတ်သူများကဲ့သို့၊ စာတန်၏ အစေခံများကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကိုချစ်ပြီး လက်ခံသော သူများဖြစ်ဖို့ မဆိုထားနှင့် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများပင် သေချာပေါက် မဟုတ်သကဲ့သို့ ဘုရားသခင်၏ နောက်လိုက်များလည်း မဟုတ်ပေ။ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် ပန်းတိုင်တို့ကို မရရှိသေးသောအခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်အခါမျှသုံးသပ်ခြင်း၊ သိမြင်ခြင်းမရှိကြပေ။ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် ပန်းတိုင်များသည် သမ္မာတရားနှင့် ကိုက်ညီခြင်းရှိမရှိကို မည်သည့်အခါမျှ မသုံးသပ်ကြပေ။ ကယ်တင်ခြင်းရရှိရန် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို မည်သို့လျှောက်ရမည်ကို မည်သည့်အခါမျှ မရှာဖွေကြပေ။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့လျှောက်သင့်သည့် လမ်းကြောင်းကို ရွေးချယ်သည်မှာ ကျိုးနွံနာခံသည့် စိတ်အခြေအနေတစ်ခုဖြင့် မဟုတ်ပေ။ ထိုအစား ၎င်းတို့က “ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ရာထူးကို ငါ မည်သို့ရအောင် ပြုလုပ်ရမည်နည်း။ အသင်းတော်မှ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ငါမည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။ ဘုရားသခင် ရွေးချယ်ထားသောသူများကို ငါ မည်သို့အထင်အမြင်မှားစေပြီး ထိန်းချုပ်ကာ ခရစ်တော်ကို မည်သို့ အယောင်ပြသက်သက်အဖြစ် ပြောင်းပစ်ရနိုင်မည်နည်း။ အသင်းတော်တွင် ငါ့အတွက် နေရာတစ်နေရာကို မည်သို့အရယူနိုင်မည်နည်း။ အသင်းတော်တွင် ခိုင်မာသော ခြေကုပ်ရှိပြီး အဆင့်အတန်းကို ရရှိဖို့ သေချာအောင်၊ ငါအောင်မြင်ပြီး မကျရှုံးရန်၊ အဆုံးတွင် ဘုရားသခင် ရွေးချယ်ထားသောသူများကို ထိန်းချုပ်ခြင်းနှင့် ငါ၏ ကိုယ်ပိုင်နယ်မြေကို တည်ဆောက်ခြင်းပန်းတိုင်ကို ရရှိရန် သေချာအောင် ငါမည်သို့ လုပ်ဆောင်နိုင်မည်နည်း”ဟူ၍ ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ဤအရာတို့သည် အန္တိခရစ်များက နေ့ရောညပါ စဉ်းစားတွေးတောလျက် အချိန်ကုန်သော အရာများဖြစ်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားနှင့် သဘာဝ ဖြစ်သနည်း။ သာဓကအနေဖြင့် သာမန် ညီအစ်ကို မောင်နှမများက သက်သေခံချက် ဆောင်းပါးများကို ရေးသည့်အခါ ၎င်းတို့၏ အတွေ့အကြုံများနှင့် သိနားလည်မှုကို အရေးအသားဖြင့် တိကျသေချာစွာ မည်သို့ ဖော်ပြရမည်ကို စဉ်းစားကြသည်။ ထို့ကြောင့် သမ္မာတရားနှင့် စပ်လျဉ်း၍ ဘုရားသခင်က ၎င်းတို့ကို သာ၍ ဉာဏ်အလင်းပေးလိမ့်မည်ဖြစ်ကာ ထိုသမ္မာတရားအပေါ် သာ၍ ကြီးမားပြီး သာ၍ ခြေခြေမြစ်မြစ်ရှိသော သိနားလည်မှုတစ်ခု ရရှိရန် ထောက်ကူပေးလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ဘုရားသခင်ရှေ့မှောက်တွင် ၎င်းတို့ ဆုတောင်းကြလေသည်။ အန္တိခရစ်များက ဆောင်းပါးများ ရေးသည့်အခါတွင်မူ ပိုများသော လူတို့အား ၎င်းတို့အပေါ် နားလည်စေမည့်၊ ၎င်းတို့အကြောင်းကို သိစေကာ ၎င်းတို့ကို လေးစားစေပြီး ထိုသို့ဖြင့် ပိုများသော လူတို့၏ စိတ်ထဲတွင် အဆင့်အတန်းတစ်ခု ရရှိစေမည့် နည်းလမ်းတစ်ခုဖြင့် မည်သို့ ရေးသားရမည်ကို ဦးနှောက်ခြောက်ခံတွေးဆကြလေသည်။ ၎င်းတို့၏ ကျော်ကြားမှုကို တိုးပွားစေရန် ဤသာမန်အဖြစ်ဆုံး၊ အရေးမပါဆုံးသော အရာကို ၎င်းတို့က အသုံးပြုလိုကြသည်။ ဤအခွင့်အရေးမျိုးကိုပင် ၎င်းတို့က လက်လွှတ်မခံနိုင်ပေ။ ၎င်းတို့သည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ အခြားသူတို့က အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားနိုင်ကြသည်ကို မြင်သည့်အခါ အချို့သော အန္တိခရစ်များသည် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအတွက် ထိုသူတို့နှင့် ပြိုင်ဆိုင်ရန် အားထုတ်သည့်အနေဖြင့် အခြားမည်သူမဆို၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ထက် သာ၍ အံ့ဩလောက်စရာ ဖြစ်သော အရာတစ်ခုကို ရေးသားဖို့ ဆန္ဒရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဇာတ်လမ်းများကို လုပ်ကြံဖန်တီးကာ ခိုးချကြသည်။ အတုအယောင် သက်သေခံချက်ပေးခြင်းကဲ့သို့သော အရာများကိုပင် ၎င်းတို့ လုပ်ဆောင်ဝံ့ကြသည်။ ၎င်းတို့ ထင်ရှားကျော်ကြားရန်၊ ၎င်းတို့အကြောင်းကို လူတို့ ပိုသိအောင် လုပ်ရန်နှင့် ၎င်းတို့၏ ဂုဏ်သတင်းပိုကြီးမားအောင် လုပ်ရန်အလို့ငှာ အန္တိခရစ်များသည် ရှက်ဖွယ်ကောင်းသော အရာမျိုးစုံကို လုပ်ဆောင်ရန် ဝန်မလေးကြပေ။ ၎င်းတို့သည် လူသိများလာရန်၊ အဆင့်အတန်းရရှိရန်နှင့် လူတစ်စုကြား အထင်ကြီးခြင်းခံရကာ အထူးလေးစားမှုဖြင့် ကြည်ညိုခြင်းခံရရန်အလို့ငှာ အသေးငယ်ဆုံးသော အခွင့်အရေးကိုပင် လက်လွှတ်ခံကြမည် မဟုတ်။ အထူးလေးစားမှုဖြင့် ကြည်ညိုခံရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အန္တိခရစ်များက မည်သည့် အကျိုးဆက်များနှင့် ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် ဆန္ဒရှိကြသနည်း။ အန္တိခရစ်များက အခြားလူတို့အား ၎င်းတို့ကို သာမန်ထက်ထူးခြားသောလူများ၊ အခြားမည်သူမဆိုထက် ပိုမြင့်မြတ်သောလူများနှင့် အချို့သော နယ်ပယ်များတွင် ထူးချွန်သော လူများအဖြစ် မြင်စေလိုကြသည်။ အခြားလူတို့၏ စိတ်များတွင် ၎င်းတို့အပေါ် အကောင်းမြင်ခြင်းနှင့် နက်နဲသော ထင်မြင်ချက် ရှိသွားစေချင်ပြီး တဖြည်းဖြည်းနှင့်ပင် အခြားသူတို့အား ၎င်းတို့အပေါ် အားကျအောင်၊ လေးစားကာ ကြည်ညိုအောင် လုပ်ဆောင်လိုကြလေသည်။ ဤရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် ၎င်းတို့ အစွမ်းကုန် ကြိုးပမ်းနေချိန်တွင် ယခင်က လျှောက်ခဲ့သည့်အတိုင်း မပြောင်းလဲသည့် လမ်းကြောင်းကိုလည်း လျှောက်မြဲ လျှောက်ကြလေသည်။

မည်သည့် လူစုတွင် ၎င်းတို့ရှိသည်ဖြစ်စေ၊ ၎င်းတို့ ဟန်ဆောင်နေသည်ဖြစ်စေ၊ အားသွန်ခွန်စိုက် လုပ်ဆောင်နေသည်ဖြစ်စေ၊ အန္တိခရစ်များ၏ စိတ်နှလုံးအတွင်းနက်နက် နေရာများတွင် ကွယ်ဝှက်ထားသည့်အရာမှာ အဆင့်အတန်းအတွက် လိုအင်ဆန္ဒတစ်ခုသာ ဖြစ်သည်။ ၎င်းတို့ ထုတ်ဖော်ပြီး ထင်ရှားစေသည့် အနှစ်သာရမှာ တိုက်ခိုက်ခြင်းနှင့် ယှဉ်ပြိုင်ခြင်းသာ ဖြစ်သည်။ အန္တိခရစ်များက မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားများအတွက် အခြားသူများနှင့် ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။ ဤအရာ၏ တွေ့ရလေ့အရှိဆုံး သရုပ်သကန်မှာ လူတို့၏ စိတ်များတွင်ရှိသည့် နာမည်ကောင်းတစ်ခု၊ အကဲဖြတ်ချက်ကောင်းနှင့် အဆင့်အတန်းတစ်ခုအတွက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ထိုသို့ဖြင့် လူတို့သည် ၎င်းတို့ကို လေးစားကာ ကိုးကွယ်ကြမည်ဖြစ်ပြီး ၎င်းတို့ကို ဗဟိုပြုကာ အာရုံစိုက်ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ လျှောက်လှမ်းသည့် လမ်းကြောင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ ပြိုင်ဆိုင်သည့်အရာ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက ဤအရာများကို မည်သို့ ရှုတ်ချကာ စိစစ်သည်ဖြစ်စေ၊ အန္တိခရစ်များက သမ္မာတရားကို လက်ခံကြမည်မဟုတ်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံကြမည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ရှုတ်ချခြင်းခံရသည့် ဤအရာများကို စွန့်လွှတ်ကြမည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤအရာများကို ဘုရားသခင်က ဖော်ထုတ်လေ၊ အန္တိခရစ်များက ဉာဏ်များလာကြလေ ဖြစ်သည်။ လူတို့က ၎င်းတို့ လုပ်ဆောင်နေသည့်အရာကို မမြင်နိုင်ဘဲ ၎င်းတို့က ဤအရာများကို စွန့်လွှတ်ပြီးဖြစ်သည်ဟု တလွဲ ယုံကြည်စေရန်အလို့ငှာ ၎င်းတို့သည် သာ၍ ခိုးကြောင်ခိုးဝှက်ဖြစ်ကာ စိတ်မချရသော နည်းလမ်းကို ခံယူကျင့်သုံးကြသည်။ ဘုရားသခင်က ဤအရာများကို ဖော်ထုတ်လေ၊ ယင်းတို့ကို လိုက်စားကာ ရရှိရန် အန္တိခရစ်များက သာ၍ စဉ်းလဲပြီး သာ၍ ပါးနပ်သော နည်းစနစ်များကို အသုံးပြုဖို့ နည်းလမ်းများကို ရှာလေဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ၎င်းတို့၏ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များကို ဖုံးဖိရန် ကြားကောင်းသည့် စကားလုံးများကို အသုံးပြုကြသည်။ အကျဉ်းချုပ်ရလျှင် အန္တိခရစ်များသည် သမ္မာတရားကို လုံးဝ လက်မခံကြ၊ မိမိတို့၏ အပြုအမူများအပေါ် လုံးဝ ပြန်လည်သုံးသပ်ခြင်း မရှိကြ သို့မဟုတ် ဆုတောင်းကာ သမ္မာတရားရှာရင်း ဘုရားသခင်ရှေ့မှောက်သို့ မလာကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်၏ ဖော်ထုတ်မှုနှင့် တရားစီရင်ခြင်းတို့အပေါ် ရန်လိုသည့် သဘောထားတစ်ခု ခံယူကြသည့် အတိုင်းအတာထိ ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်နှလုံးများတွင် သာ၍ပင် မကျေမနပ်ဖြစ်ကြလေသည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းအပေါ် ၎င်းတို့၏ လိုက်စားမှုကို ၎င်းတို့ မစွန့်လွှတ်ကြရုံမျှမက ဤအရာများကို သာ၍ပင် မြတ်နိုးတန်ဖိုးထားကြပြီး ဤလိုက်စားမှုကို ကွယ်ဝှက်ကာ ဖုံးဖိရန်နှင့် ထိုအရာကို ရိပ်စားမိကာ သတိပြုမိခြင်း မရှိအောင် လူတို့ကို တားဆီးဖို့ နည်းလမ်းများကို စဉ်းစားကြလေသည်။ အခြေအနေ မည်သို့ဖြစ်စေ အန္တိခရစ်များသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ကြရုံမျှမက ၎င်းတို့၏ စရိုက်အမှန်များ ထုတ်ဖော်ခြင်း ခံရသည့်အခါ၊ ဆိုလိုသည်မှာ ၎င်းတို့၏ ဤရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ၎င်းတို့ အမှတ်တမဲ့ ထုတ်ဖော်မိသည့်အခါ အခြားသူများက ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အခြေခံ၍ ၎င်းတို့၏ အနှစ်သာရနှင့် သရုပ်အမှန်အား ရိပ်စားမိသွားကြမည်ကို သာ၍ စိုးရိမ်ကြလေသည်။ ထို့ကြောင့် ဤအရာကို ဖုံးကွယ်ရန် ၎င်းတို့ ကြိုးစားကြပြီး မိမိတို့ကိုယ်ကို ကာကွယ်ရန် အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ ဤအရာကို ၎င်းတို့ ဖုံးကွယ်ရသည့် ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းအား ဆုံးရှုံးမှုများ ခံစားရခြင်းမှ ကာကွယ်ရန်နှင့် နောက်ထပ် ယှဉ်ပြိုင်တိုက်ခိုက်မှုအတွက် ၎င်းတို့၏ ခွန်အားကို ထိန်းသိမ်းရန်ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အနှစ်သာရ ဖြစ်သည်။ မည်သည့်အချိန်တွင်ဖြစ်စေ၊ မည်သည့်အခြေအနေတွင်ဖြစ်စေ ၎င်းတို့၏ ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်း ရည်မှန်းချက်နှင့် ဦးတည်ချက်တို့ ပြောင်းလဲမည်မဟုတ်၊ ဘဝတွင်ရှိသော ၎င်းတို့၏ ရည်မှန်းချက်များဖြစ်စေ၊ ၎င်းတို့ လုပ်ရပ်များနောက်ကွယ်ရှိ စည်းမျဉ်းများဖြစ်စေ၊ အဆင့်အတန်း လိုက်စားခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက် နေရာများရှိ လိုအင်ဆန္ဒများ၊ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်တို့ဖြစ်စေ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် အဆင့်အတန်း ရရှိရန် အစွမ်းကုန် ကြိုးပမ်းရုံမျှမက ထိုအဆင့်အတန်းကို ရရှိရန် ၎င်းတို့၏ အားထုတ်မှုများကိုလည်း အရှိန်မြှင့်ကြလိမ့်မည် ဖြစ်သည်။ ဘုရားအိမ်တော်က သမ္မာတရားကို မိတ်သဟာယပြုလေ၊ အခြားလူများ ရိပ်စားမိနိုင်ပြီး ပိုင်းခြားသိမြင်နိုင်သည့် အချို့သော သိသာထင်ရှားသည့် အပြုအမူများနှင့် သရုပ်သကန်များကို အသုံးပြုခြင်းအား ၎င်းတို့က လိမ္မာပါးနပ်စွာ ရှောင်ကြလေ ဖြစ်လိမ့်မည်။ ၎င်းတို့သည် မတူကွဲပြားသော နည်းစနစ်ကို ပြောင်းလဲကြလိမ့်မည်ဖြစ်ပြီး မိမိတို့၏ အမှားများကို ဝန်ခံကာ မိမိတို့ကိုယ်ကို ရှုတ်ချလျက် အသည်းအသန် ငိုကြွေးကြလိမ့်မည် ဖြစ်သဖြင့် လူတို့၏ စာနာမှုကို ရရှိကာ ၎င်းတို့ နောင်တရကာ ပြောင်းလဲပြီးဖြစ်သည်ဟု ထိုသူတို့အား တလွဲ ယုံကြည်စေပြီး ၎င်းတို့ကို ပိုင်းခြားသိမြင်ရန် လူတို့အား သာ၍ပင် ခက်ခဲသွားစေမည်ဖြစ်သည်။ အန္တိခရစ်များ၏ ဤအနှစ်သာရမှာ အဘယ်နည်း။ အနည်းငယ် စဉ်းလဲသည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် ဤမျှစဉ်းလဲကြသည့်အခါ ၎င်းတို့သည် နတ်ဆိုးများဖြစ်ကြသည်။ နတ်ဆိုးများသည် အမှန်တကယ် နောင်တရနိုင်ကြသလော။ အဆင့်အတန်းကို လိုက်စားရန်ဖြစ်သော ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ကို ၎င်းတို့ အမှန်တကယ် ဘေးဖယ်ထားနိုင်ကြသလော။ နတ်ဆိုးများသည် ဤရည်မှန်းချက်ကို ဘေးဖယ်ထားဖို့ထက် သေသာ သေလိုက်ချင် ပေလိမ့်မည်။ ၎င်းတို့နှင့်အတူ သမ္မာတရားကို သင် မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ အချည်းနှီး ဖြစ်လိမ့်မည်။ ဤရည်မှန်းချက်ကို ၎င်းတို့ ဘေးဖယ်ထားလိမ့်မည် မဟုတ်။ ဤအခြေအနေတွင် ၎င်းတို့သည် ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် ရှုံးနိမ့်ကာ ညီအစ်ကို မောင်နှမများ၏ ဖော်ထုတ်ခြင်းခံရလျှင် နောက်တစ်ဖွဲ့ဆီသို့ ၎င်းတို့ ပြောင်းရွှေ့သွားသည့်အခါ အဆင့်အတန်း၊ သိက္ခာ၊ ဆုံးဖြတ်ပိုင်ခွင့်နှင့် ဆုံးဖြတ်ချက်များ ချပိုင်ခွင့်တို့အတွက် ဆက်လက်၍ တိုက်ခိုက်ပြီး ယှဉ်ပြိုင်ကြလိမ့်ဦးမည် ဖြစ်သည်။ ဤအရာများအတွက် ၎င်းတို့ ယှဉ်ပြိုင်ကြလိမ့်မည်။ အခြေအနေက မည်သည့်အရာဖြစ်စေ၊ သို့မဟုတ် မည်သည့်လူစုတွင် ၎င်းတို့ ရှိသည်ဖြစ်စေ ၎င်းတို့ အမြဲ လိုက်နာစောင့်ထိန်းသည့် စည်းမျဉ်းမှာ ယှဉ်ပြိုင်ရန် ဖြစ်သည်။ “ငါသာ ဦးဆောင်၍ရသည်။ အခြားမည်သူကမျှ ငါ့ကို ဦးဆောင်၍မရ”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် သာမန် နောက်လိုက်များဖြစ်ရန်၊ သို့မဟုတ် အခြားလူတို့၏ ခေါင်းဆောင်မှု၊ သို့မဟုတ် အကူအညီကို လက်ခံရန် လုံးဝ မလိုလားကြပေ။ ဤသည်မှာ အန္တိခရစ်များ၏ အနှစ်သာရ ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။