အချက် ၁၅- ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့ပြင် ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြ၏ (အပိုင်း ၂) အခန်း သုံး
ခ။ အန္တိခရစ်များသည် ခရစ်တော်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို မည်သို့သဘောထားပြုမူပုံ
ယခုလေးတင် ငါတို့သည် အန္တိခရစ်တို့က ခရစ်တော်၏အနှစ်သာရကို ငြင်းပယ်ခြင်း၏ ပထမဆုံးသရုပ်သကန်ဖြစ်သည့် အန္တိခရစ်တို့က ခရစ်တော်၏ ဇာစ်မြစ်ကို မည်သို့သဘောထားပြုမူသည်၊ ၎င်းတို့က မည်သို့သော အမြင်များနှင့် နားလည်သဘောပေါက်မှုများကို စွဲကိုင်ထားသည်၊ မည်သို့သောလုပ်ရပ်များကို လုပ်ဆောင်သည်တို့ကို မိတ်သဟာယဖွဲ့ကာ စိတ်ဖြာလေ့လာဆွေးနွေးခဲ့ပြီး ဖြစ်သည်။ ငါတို့သည် ထိုသို့သောလူတို့၏ အနှစ်သာရကို တိတိကျကျခွဲခြားသိမြင်ရန်အလို့ငှာ အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန်များကို စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည်။ ခရစ်တော်၏ နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည့် သူ၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုနှင့်ပတ်သက်၍ အန္တိခရစ်တို့သည် မည်သို့သော အမြင်များကို စွဲကိုင်ထားကြသနည်း၊ မည်သို့သော လုပ်ရပ်များကို လုပ်ဆောင်ကြသနည်း၊ မည်သို့သော စိတ်သဘောထားများနှင့် အနှစ်သာရများကို ပြသကြသနည်း။ ဆက်လက်၍ ငါတို့သည် အန္တိခရစ်တို့က ခရစ်တော်၏အနှစ်သာရကို ငြင်းပယ်ခြင်း၏ ဒုတိယသရုပ်သကန်ဖြစ်သည့် အန္တိခရစ်တို့က ခရစ်တော်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို မည်သို့သဘောထားပြုမူသည်ကို စိတ်ဖြာလေ့လာဆွေးနွေးကြမည်။ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုနှင့်ပတ်သက်လာလျှင် လူအများစု၌ သီးခြားစိတ်ကူးများနှင့် နားလည်သဘောပေါက်မှုများ ရှိလောက်သည်။ ဥပမာအားဖြင့် သုံးရက်ကြာ ရေမသောက်ခြင်း သို့မဟုတ် အစာမစားခြင်း၊ သို့သော် ဆာလောင်ခြင်း သို့မဟုတ် ရေငတ်ခြင်းကို မခံစားရဘဲ အမှန်တကယ်တွင် ယခင်ကထက် ကိုယ်ကာယပိုင်းဆိုင်ရာ ပို၍သန်မာပြီး ပို၍လန်းဆန်းတက်ကြွသည်ဟု ခံစားရခြင်းသည် ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအဖြစ် မှတ်ယူသလော။ သာမန်လူတို့သည် လေးကီလိုမီတာ သို့မဟုတ် ငါးကီလိုမီတာ လမ်းလျှောက်ပြီးနောက် ပင်ပန်းသည်ဟု ခံစားကြရသည်၊ အကယ်၍ ခရစ်တော်သည် ကီလိုမီတာ ၄၀ လမ်းလျှောက်ပြီးသည့်တိုင် ပင်ပန်းသည်ဟု မခံစားရဘဲ၊ သူ၏ခြေထောက်များ မနာကျင်ဘဲ သူသည် လေထက်ပင် ပေါ့ပါးကာ ပို၍လန်းဆန်းတက်ကြွသည်ဟု ခံစားရပါက ဤသည်ကို ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည်ဟု မှတ်ယူနိုင်သလော။ အကယ်၍ ခရစ်တော်သည် အအေးဒဏ်ခံရသည့်အခါ အအေးမမိဘဲ မည်သည့်အခြေအနေအောက်တွင်မျှ မည်သည့်အခါမျှ မဖျားနာပါက၊ အကယ်၍ သူ၏မျက်လုံးများသည် မည်သည့်ပြင်းထန်သောအလင်းရောင်များနှင့် ထိတွေ့သည်ဖြစ်စေ ထိုအလင်းရောင်များထက် အဆ ဒါဇင်ပေါင်းများစွာ ပို၍ပြင်းထန်သောအလင်းကို ထုတ်လွှတ်နိုင်ပါက၊ သူသည် ကွန်ပျူတာကို မည်မျှကြာအောင် ကြည့်သည်ဖြစ်စေ သူ၏မျက်လုံးများ မပင်ပန်းခြင်း သို့မဟုတ် အဝေးမှုန်ခြင်း မဖြစ်ပါက၊ သူသည် နေ၏အလင်းရောင်ကို မည်မျှကြာအောင် ကြည့်သည်ဖြစ်စေ စူးရှသည်ဟု မခံစားရပါက အခြားသူများ ညဘက်လမ်းလျှောက်သည့်အခါ ဓာတ်မီးလိုအပ်သော်လည်း ခရစ်တော် မလိုအပ်ဘဲ ညဘက်ရောက်လာလေလေ သူ၏မျက်လုံးများ ပို၍တောက်ပလာလေဖြစ်ပါက ဤအရာများကို ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအဖြစ် မှတ်ယူသလော။ ဤအရာများထဲမှ တစ်ခုမျှ မဟုတ်ပေ၊ ဤသည်မှာ လူတို့ မကြာခဏ ထိတွေ့ဆက်ဆံရသော သာမန်အသိ ဖြစ်သည်။ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုဆိုသည်မှာ အချိန်ကြာမြင့်စွာ ရေမသောက်ဘဲနေပြီးနောက် ရေငတ်သည်ဟု ခံစားရခြင်း၊ များစွာ စကားပြောပြီးနောက် ပင်ပန်းသည်ဟု ခံစားရခြင်း၊ များစွာ လမ်းလျှောက်ပြီးနောက် ခြေထောက်နာသည်ဟု ခံစားရခြင်း၊ ဝမ်းနည်းဖွယ်နှင့် စိတ်နှလုံးကြေကွဲဖွယ် သတင်းကြားရသည့်အခါ ဝမ်းနည်းခြင်းကို ခံစားရပြီး မျက်ရည်ကျခြင်းကို ဆိုလိုသည်၊ ဤသည်မှာ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု ဖြစ်သည်။ သို့ဆိုလျှင် ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၏ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အတိအကျ အဘယ်နည်း။ ဇာတိပကတိ၏ သာမန်လိုအပ်ချက်များနှင့် ပင်ကိုစိတ်များနှင့် ကိုက်ညီပြီး ဤအတိုင်းအတာကို မကျော်လွန်သောအရာသည် ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ သာမန်လူ့သဘာဝ၏ စွမ်းဆောင်နိုင်မှုများနှင့် အတိုင်းအတာ၊ သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရား၊ ပျော်ရွှင်ခြင်း၊ အမျက်ထွက်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ဝမ်းမြောက်ခြင်းကဲ့သို့သော ပုံမှန်လူ့သဘာဝ၏ စိတ်ခံစားမှုများနှင့် ကိုက်ညီသောအရာသည် ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၏ အတိုင်းအတာအတွင်း၌ ကျရောက်သည်။ ခရစ်တော်သည် မြေကြီးပေါ်၌ ဘုရားသခင် ယူတင်ဝတ်ဆင်သော ဇာတိပကတိ ဖြစ်သည်၊ သူသည် မည်သည့်သာမန်လူကဲ့သို့မဆို သာမန်စကားပြောဆိုမှုနှင့် အပြုအမူ၊ သာမန် ဘဝ၏ လုပ်ရိုးလုပ်စဉ်နှင့် အချိန်ဇယားတို့ ရှိသည်။ အကယ်၍ သူသည် သုံးရက်သုံးည မအိပ်စက်ပါက သူသည် အိပ်ငိုက်သည်ဟု ခံစားရမည်ဖြစ်ပြီး မတ်တတ်ရပ်နေစဉ်မှာပင် အိပ်စက်လိုစိတ် ရှိပေလိမ့်မည်၊ အကယ်၍ သူသည် တစ်နေ့လုံး အစာမစားပါက၊ သူသည် ဆာလောင်သည်ဟု ခံစားရမည်ဖြစ်ပြီး အကယ်၍ သူသည် အချိန်ကြာမြင့်စွာ လမ်းလျှောက်ပါက သူသည် ပင်ပန်းနွမ်းနယ်မည်ဖြစ်ကာ အမြန်ဆုံး အနားယူလိုက်ချင်တော့သည်။ ဥပမာအားဖြင့် ငါသည် သင်တို့နှင့်အတူ သုံးနာရီ သို့မဟုတ် လေးနာရီကြာ စုဝေးပြီး မိတ်သဟာယဖွဲ့ပြီးနောက် ပင်ပန်းသည်ဟု ခံစားရပြီး ငါလည်း အနားယူရန် လိုအပ်သည်။ ဤသည်မှာ ဇာတိပကတိ၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု ဖြစ်သည်၊ ယင်းသည် ဇာတိပကတိ၏ လက္ခဏာရပ်များနှင့်လည်းကောင်း၊ သာမန်လူ့သဘာဝ၏ အမျိုးမျိုးသော သရုပ်သကန်များ၊ ပင်ကိုအသိစိတ်များနှင့်လည်းကောင်း လုံးဝ ကိုက်ညီသည်၊ ယင်းသည် သဘာဝလွန်ခြင်း လုံးဝ မဟုတ်ပေ။ ထို့ကြောင့် ထိုသို့သော ဇာတိပကတိ၌ လူ့သဘာဝ၏ သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များစွာ ရှိပြီး ဤဇာတိပကတိ၏ လူ့သဘာဝ၏ ပြင်ပလူနေမှုပုံစံနှင့် ဘဝလုပ်ရိုးလုပ်စဉ်သည် သာမန်ဖြစ်သော၊ ရိုးရိုးလူတိုင်း ထုတ်ဖော်ပြသသည့်အရာနှင့် ခြားနားခြင်းမရှိ၊ ယင်းတို့သည် တစ်ထပ်တည်းတူညီကြသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိသည် လူသားမျိုးနွယ်ကဲ့သို့ တူညီသော လက္ခဏာရပ်များနှင့် ပုံမှန်၊ လက်တွေ့ကျသော ဘဝပင်ကိုအသိစိတ်များကို ပိုင်ဆိုင်သည်၊ သူသည် လုံးဝ သဘာဝလွန်ခြင်း မဟုတ်ပေ။ လူသားများသည် နံရံများ သို့မဟုတ် ပိတ်ထားသောတံခါးများကို ဖြတ်၍ မသွားနိုင်သကဲ့သို့ လူ့ဇာတိခံ ဘုရားသခင်သည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ လူအချို့က “သင်သည် လူ့ဇာတိခံ ဘုရား မဟုတ်လော။ သင်သည် ခရစ်တော် မဟုတ်လော။ သင်သည် ဘုရား၏အနှစ်သာရကို ပိုင်ဆိုင်သည် မဟုတ်လော။ သော့ခတ်ထားသော တံခါးတစ်ချပ်ဖြင့် သင့်ကို အမှန်တကယ် ပိတ်လှောင်ထားနိုင်သလော။ သင်သည် ပိတ်ထားသောတံခါးများကို ဖြတ်၍ သွားနိုင်သင့်သည်။ လူတို့သည် ငါးကီလိုမီတာ လမ်းလျှောက်ပြီးနောက် ပင်ပန်းသည်ဟု ခံစားကြရသော်လည်း သင်သည် ကီလိုမီတာ ၄၀ လမ်းလျှောက်ပြီးသည့်တိုင် ပင်ပန်းသည်ဟု မခံစားရသင့်ပေ၊ လူတို့သည် တစ်နေ့လျှင် သုံးနပ်စားကြသော်လည်း သင်သည် ရက် ၃၀ ကြာ အစာမစားဘဲ နေနိုင်သင့်သည်၊ သင် စားချင်သည့်အခါမှသာ အစာတစ်နပ်စားပြီး မစားချင်သည့်အခါ မစားဘဲနေကာ စုဝေးပွဲများ၌ တရားဟောနိုင်ဆဲဖြစ်ပြီး အခြားသူများထက် ပို၍လန်းဆန်းတက်ကြွစွာ နေထိုင်နိုင်ဆဲ ဖြစ်သင့်သည်။ နာမကျန်းဖြစ်ခြင်းသည် လူ့ဘဝ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော်လည်း သင်က နာမကျန်း မဖြစ်သင့်ချေ။ အကြောင်းမှာ သင်သည် ခရစ်တော်ဖြစ်သောကြောင့် သင်၌ သာမန်လူများနှင့် ကွဲပြားသော ဘက်ခြမ်းတစ်ခု ရှိသင့်သည်၊ သို့မှသာ သင်သည် ခရစ်တော်ဟု ခေါ်ဆိုခြင်းခံရရန် ထိုက်တန်မည်ဖြစ်ပြီး ဤသည်ကသာ သင်သည် ဘုရား၏အနှစ်သာရကို ပိုင်ဆိုင်ကြောင်း သက်သေပြလိမ့်မည်” ဟု ဆိုကြသည်။ ဤသည်မှာ မှန်ကန်သလော။ (မဟုတ်ပါ။) ယင်းမှာ မည်သို့ မှားယွင်းသနည်း။ ဤအရာများသည် လူ့အယူအဆများနှင့် စိတ်ကူးများသာဖြစ်ပြီး သမ္မာတရား မဟုတ်ပေ။
ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိသည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည်၊ သူ၏သာမန်လူ့သဘာဝက ဆောင်ရွက်သော လုပ်ဆောင်ချက်အားလုံးနှင့် သူ၏နေ့စဉ်ဘဝ၊ စကားပြောဆိုမှု၊ အမူအရာအားလုံးတို့သည် အပြုသဘောဆောင်သော အရာများ၏ လက်တွေ့ကျမှုများ ဖြစ်ကြသည်။ အစအဦး၌ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းသောအခါ ကိုယ်တော်သည် ဤပုံမှန်၊ လက်တွေ့ကျသော ပင်ကိုစိတ်များကို သူတို့အား ပေးသနားခဲ့သည်၊ သို့ဖြစ်၍ ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိသည်လည်း ဤနိယာမများကို မည်သည့်အခါမျှ ချိုးဖောက်မည်မဟုတ်ပေ။ ဤသည်မှာ ခရစ်တော်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုသည် အပြုသဘောဆောင်သော အရာများဖြစ်ရသည့် အကြောင်းရင်းနှင့် အခြေခံအုတ်မြစ် ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး သူတို့၏ သရုပ်သကန်များနှင့် ပင်ကိုစိတ်များအားလုံးကို သူ၏အလိုတော်အတိုင်း အတိအကျ ဖြစ်စေခဲ့သည်။ ဘုရားသခင်သည် လူကို ဤပင်ကိုစိတ်များကို ပေးခဲ့ပြီး ဤအရာများသည် လူ၏နေ့စဉ်ဘဝ၏ နိယာမများ ဖြစ်သည်၊ ဘုရားသခင်သည် သူ၏လူ့ဇာတိခံယူသော ဇာတိပကတိကို ဤပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၏ နိယာမများကို ဆန့်ကျင်စေမည်လော။ ဘုရားသခင်သည် ထိုသို့ ပြုလုပ်မည်မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး လူ့ဇာတိခံယူသော ဇာတိပကတိ၏အနှစ်သာရသည်လည်း ဘုရားသခင်ပင် ဖြစ်သည်၊ သူတို့သည် တူညီသောရင်းမြစ်မှ လာကြသောကြောင့် သူတို့၏လုပ်ရပ်များ၏ စည်းမျဉ်းများနှင့် ရည်ရွယ်ချက်များသည်လည်း တူညီကြသည်။ ခရစ်တော်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၏ သရုပ်သကန်များကြောင့် သူသည် ပင်ကိုအားဖြင့် လူအများ၏အမြင်တွင် အလွန်သာမန်ဖြစ်သော လူတစ်ဦး ဖြစ်ပုံပေါက်လေသည်။ အမှုအရာများစွာ၌ သူသည် လူတို့က သူပိုင်ဆိုင်သည်ဟု စိတ်ကူးသည့် ကြိုတင်သိမြင်နိုင်စွမ်းနှင့် အနာဂတ်ကို ကြိုမြင်နိုင်စွမ်းတို့ကို ကင်းမဲ့ပြီး လူတို့ စိတ်ကူးသကဲ့သို့ အရာများကို ပျောက်ကွယ်သွားအောင် သို့မဟုတ် ပေါ်ထွက်လာအောင် မလုပ်ဆောင်နိုင်သည့်အပြင် သာမန်လူများကို ကျော်လွန်ရန်၊ ဇာတိပကတိ၏ စွမ်းဆောင်နိုင်မှုများနှင့် ပင်ကိုစိတ်များကို ကျော်လွန်ရန်၊ သို့မဟုတ် လူတို့ စိတ်ကူးသကဲ့သို့ မည်သည့်လူမျှ မလုပ်ဆောင်နိုင်သော အမှုအရာအချို့ကို ပြုလုပ်ရန် လူသားတို့၏ သာမန်တွေးခေါ်မှုကို ကျော်လွန်ဖို့ သာ၍ပင် တတ်နိုင်စွမ်း မရှိပေ။ ဤစိတ်ကူးများနှင့် ဆန့်ကျင်လျက် လူ၏ ပကတိမျက်စိဖြင့် ကြည့်သော် ဤသာမန်လူသည် သူ၏အလုပ်အစမှ ယခုပစ္စုပ္ပန်အထိ ဘုရားသခင်၏ အငွေ့အသက်တစ်ခုတလေကိုမျှ ထုတ်ဖော်ပြသခြင်း သို့မဟုတ် ပေါ်လွင်ထင်ရှားစေခြင်း မရှိခဲ့ပေ။ လူ၏မျက်စိဖြင့်ကြည့်သော် သူ၏စကားပြောဆိုမှုနှင့် အလုပ်မှလွဲ၍ သူ၏သာမန်လူ့လုပ်ဆောင်ချက်တစ်ခုခု၌ ဘုရားသခင်၏ အရိပ်အယောင်များ သို့မဟုတ် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရ၏ ထုတ်ဖော်ချက်များကို မတွေ့မြင်နိုင်ပေ။ လူတို့သည် သူ့ကို မည်သို့ပင် ကြည့်ရှုပါစေ သူသည် သူတို့အတွက် အမြဲတမ်း သာမန်လူတစ်ဦးဖြစ်ပုံပေါက်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းရင်းမှာ တစ်ခုတည်းသာဖြစ်သည်၊ လူမြင်သောအရာသည် မှန်ကန်သည်၊ ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိသည် အမှန်စင်စစ် ပုံမှန်၊ လက်တွေ့ကျသော လူတစ်ဦး၊ ပုံမှန်၊ လက်တွေ့ကျသော ဇာတိပကတိတစ်ခု ဖြစ်သည်။ ထိုသို့သော အပြင်ပန်းအားဖြင့် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော ဇာတိပကတိသည် အခြားလူများကဲ့သို့ပင် အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် လိုက်လံဖမ်းဆီးမှုကို တွေ့ကြုံခံစားရပြီး ခေါင်းချစရာနေရာမရှိ၊ သို့မဟုတ် အနားယူစရာနေရာမရှိပေ။ ဤအရာ၌ သူသည် အခြားမည်သည့်လူသားနှင့်မျှ ခြားနားခြင်းမရှိဘဲ သူသည် ခြွင်းချက်မဟုတ်ပေ။ ထိုသို့သော ညှဉ်းပန်းနှိပ်စက်မှုကို တွေ့ကြုံခံစားနေစဉ် သူသည် တတ်နိုင်သည့်နေရာတိုင်း၌ မိမိကိုယ်ကို ကွယ်ဝှက်နေခဲ့သည်၊ သူသည် မိမိကိုယ်ကို ကိုယ်ပျောက်အောင် မလုပ်နိုင်သကဲ့သို့ မြေလျှိုးမိုးပျံ မသွားနိုင်ပေ၊ သူသည် ဤအန္တရာယ်များကို ရှောင်ရှားရန် သဘာဝလွန်တန်ခိုးများကို မပိုင်ဆိုင်ပေ။ သူ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့အကြောင်း သတင်းအချက်အလက်ကို ကြိုတင်ရယူပြီးနောက် အမြန်ဆုံး ထွက်ပြေးရန် ဖြစ်သည်။ အန္တရာယ်ရှိသော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ လူတို့သည် စိတ်လှုပ်ရှားပြီး ကြောက်ရွံ့သည်ဟု ခံစားကြရသည်၊ ခရစ်တော်သည် ကြောက်စိတ် ခံစားရမည်ဟု သင်တို့ ထင်သလော။ သူသည် စိတ်လှုပ်ရှားမှုကို ခံစားရမည်ဟု သင်တို့ ထင်သလော။ (ဟုတ်ပါသည်။) သင်တို့ မှန်သည်၊ သင်တို့ မည်သို့ သိကြသနည်း။ (မည်သည့်သာမန်လူမဆို ထိုအခြေအနေတွင် စိတ်လှုပ်ရှားလိမ့်မည်။) မှန်သည်။ သင်တို့ ပြောသွားသည်မှာ အလွန်ကောင်းပေသည်။ သင်တို့သည် ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို အမှန်တကယ် နားလည်ကြသည်၊ သင်တို့ ဤသည်ကို အပြည့်အဝ နားလည်ခဲ့ပြီးဖြစ်သည်။ ခရစ်တော်သည်လည်း ဤအခြေအနေများတွင် စိတ်လှုပ်ရှားပြီး ကြောက်ရွံ့သည်ဟု ခံစားရမည် ဖြစ်သော်လည်း သူသည် သူရဲဘောကြောင်မှုကို ပြသမည်လော။ သူသည် အာဏာရပါတီကို ထိတ်လန့်ကြောက်ရွံ့မည်လော။ သူသည် ယင်းနှင့် အလျှော့ပေးလိုက်လျောမည်လော။ မဟုတ်ပေ။ သူသည် စိတ်လှုပ်ရှားပြီး ကြောက်ရွံ့သည်ဟုသာ ခံစားရမည်ဖြစ်ပြီး ဤမကောင်းဆိုးဝါးများ၏တွင်းမှ အမြန်ဆုံး လွတ်မြောက်ရန် ဆန္ဒရှိပေလိမ့်မည်။ ဤအရာအားလုံးသည် ခရစ်တော်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၏ သရုပ်သကန်များ ဖြစ်ကြသည်။ တစ်ခါတစ်ရံ မေ့တတ်ခြင်း၊ လူတို့အား မတွေ့သည်မှာ အချိန်ကြာပြီးနောက် ၎င်းတို့၏ နာမည်များအား မေ့သွားခြင်း စသည်ဖြင့် ခရစ်တော်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၏ သရုပ်သကန်များ အတော်များများ ရှိနေသေးသည်မှာ ပြောစရာမလိုပေ။ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုသည် ပုံမှန်၊ သာမန်လူတစ်ဦး၏ လက္ခဏာရပ်များ၊ ပင်ကိုစိတ်များ၊ သင်္ကေတများနှင့် အမှတ်အသားများမျှသာ ဖြစ်သည်။ ခရစ်တော်သည် ပုံမှန်၊ လက်တွေ့ကျသော လူ့သဘာဝ၊ ရှင်သန်မှုပင်ကိုစိတ်များနှင့် ဇာတိပကတိ၏ လက္ခဏာရပ်များ အားလုံးကို ပိုင်ဆိုင်သောကြောင့်သာ သူသည် ပုံမှန် စကားပြောပြီး အလုပ်လုပ်နိုင်သည်၊ လူတို့နှင့် ပုံမှန် အပြန်အလှန် ဆက်ဆံနိုင်သည်၊ လူတို့ကို သာမန်နှင့် လက်တွေ့ကျသော နည်းလမ်းဖြင့် ဦးဆောင်နိုင်ပြီး လူတို့အား သူတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် အလုပ်မှာ သာမန်နှင့် လက်တွေ့ကျသောပုံစံဖြင့် လမ်းညွှန်ပြီး ကူညီပေးနိုင်သည်။ ခရစ်တော်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကြောင့်သာ ဖန်ဆင်းခံလူသားအားလုံးသည် ဘုရားသခင်၏ အလုပ်၏ လက်တွေ့ကျမှုကို ပို၍ခံစားရပြီး ဤအလုပ်မှ အကျိုးခံစားရကာ ယင်းမှ ပို၍မြင်သာပြီး အကျိုးရှိသော အကျိုးအမြတ်များကို လက်ခံရရှိကြခြင်း ဖြစ်သည်။ ခရစ်တော်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုသည် သာမန်လူ့သဘာဝ၏ အမှတ်အသားများဖြစ်သည်၊ ယင်းတို့သည် သူ၏လူ့ဇာတိခံယူသော ဇာတိပကတိက သာမန်အလုပ်၊ လုပ်ဆောင်ချက်များနှင့် လူ့ဘဝအားလုံး၌ ပါဝင်ဆောင်ရွက်ရန်အတွက် မရှိမဖြစ်လိုအပ်ပြီး ဘုရားသခင်နောက် လိုက်သောသူအားလုံး လိုအပ်သည့်အရာ သာ၍ပင် ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်တို့သည် ခရစ်တော်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို ဤနည်းအတိုင်း နားမလည်ကြပေ။ အန္တိခရစ်တို့သည် ခရစ်တော်ကို သာမန်လူတစ်ဦးမျှသာ ဖြစ်သည်ဟု ယုံကြည်ကြသည်၊ အကြောင်းမှာ သူသည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျကာ လူနှင့် အလွန်တူသောကြောင့် ဖြစ်သည်၊ ယင်းက သူသည် ဘုရား၏သား၊ လူတို့အကြားရှိ ဘုရားသခင်၏ ပြယုဂ် သို့မဟုတ် ခရစ်တော်ဟု ခေါ်ဆိုခြင်းခံရရန် မထိုက်တန်ဟု ဆိုလိုသည်၊ အကြောင်းမှာ သူသည် အလွန် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျကာ လူတို့က သူ့၌ ဘုရား၏ အငွေ့အသက် သို့မဟုတ် အနှစ်သာရကို မမြင်နိုင်သည့်အထိ လက်တွေ့ကျသောကြောင့် ဖြစ်သည်။ အန္တိခရစ်တို့က “ထိုသို့သော ဘုရားတစ်ပါးက လူတို့ကို ကယ်တင်နိုင်သလော။ ထိုသို့သော ဘုရားတစ်ပါးသည် ခရစ်တော်ဟု ခေါ်ဆိုခြင်းခံရရန် ထိုက်တန်သလော။ ဤဘုရားသည် ဘုရားနှင့် အလွန်မတူပေ။ ပထမဦးစွာ သဘာဝလွန်ခြင်း၊ ထူးခြားခြင်းနှင့် ဆန်းကြယ်ခြင်း၊ ဒုတိယအနေဖြင့် အစွမ်းတန်ခိုးများရှိခြင်းနှင့် တန်ခိုးကြီးသောစွမ်းအားကို ပြသနိုင်စွမ်းရှိခြင်း၊ တတိယအနေဖြင့် ဘုရားနှင့်တူသော အသွင်အပြင်၊ ဘုရား၏ ပင်ကိုလက္ခဏာ၊ ဂုဏ်သိက္ခာနှင့် အနှစ်သာရကို ပိုင်ဆိုင်ခြင်း စသည်တို့ ဖြစ်သည့် လူ၏အယူအဆများထဲမှ ဘုရား၏ လက္ခဏာရပ်များစွာ သူ၌ ကင်းမဲ့နေသည်။ အကယ်၍ ဤအချက်များထဲမှ တစ်ခုမျှ သူ့၌ မမြင်နိုင်ပါက သူသည် မည်သို့ ဘုရားဖြစ်နိုင်မည်နည်း။ သူ ထိုစကားအနည်းငယ်ကို ပြောဆိုပြီး ထိုအလုပ်အနည်းငယ်ကို လုပ်ဆောင်ခြင်းက သူသည် ဘုရားဖြစ်သည်ဟု ဆိုလိုသလော။ သို့ဆိုလျှင် ဘုရားဖြစ်လာခြင်းသည် အလွန်လွယ်ကူသည် မဟုတ်လော။ သာမန်၊ ပုံမှန် ဇာတိပကတိတစ်ခုသည် မည်သို့ ဘုရားဖြစ်နိုင်မည်နည်း” ဟု ဆိုကြသည်။ ဤသည်မှာ အန္တိခရစ်တို့ မည်သည့်အခါမျှ လက်မခံနိုင်သည့်အရာ ဖြစ်သည်။
တရုတ်ပြည်မကြီး၌ အဆင်းနီသောနဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်မှုကို တွေ့ကြုံခံစားနေစဉ် ငါသည် ညီအစ်ကိုမောင်နှမအချို့နှင့်အတူ မည်သည့်ကိုယ်ပိုင်လွတ်လပ်ခွင့်မျှ မရှိဘဲ ငါတို့သွားလေရာရာ၌ မကြာခဏ ပုန်းအောင်းခဲ့ရသည်။ တစ်ခါတစ်ရံ အန္တရာယ်သတင်းကြားရသည့်အခါ ငါတို့သည် အမြန် ထွက်ပြေးခဲ့ရသည်။ ဤအခြေအနေများအောက်တွင် ငါနှင့်အတူရှိသော လူများထဲမှ တစ်ဦးတစ်ယောက်မျှ အားနည်းသွားခြင်း မရှိခဲ့ပေ။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ သူတို့သည် မိုက်မဲသောကြောင့်လော။ သူတို့သည် အသိဉာဏ်တိမ်သောကြောင့်လော။ မဟုတ်ပေ၊ အကြောင်းမှာ သူတို့သည် လူ့ဇာတိခံယူသော ဘုရားသခင်၏အနှစ်သာရကို ခိုင်မြဲစွာ အသိအမှတ်ပြုခဲ့သောကြောင့် ဖြစ်သည်။ သူတို့သည် ခရစ်တော်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအပေါ် အယူအဆများ သို့မဟုတ် ပြစ်တင်ရှုတ်ချမှုများ မရှိရုံသာမက ဤသွင်ပြင်လက္ခဏာများအပေါ် စာနာထောက်ထားမှုနှင့် နားလည်မှုကိုလည်း ပြသခဲ့ပြီး ယင်းတို့ကို မှန်ကန်သောနည်းလမ်းဖြင့် ခံယူခဲ့ကြသည်။ ခရစ်တော် မည်သို့သောဆင်းရဲဒုက္ခကို ခါးစည်းခံရသည်ဖြစ်စေ သူတို့သည် ကိုယ်တော်နှင့်အတူ ယင်းကို ခါးစည်းခံခဲ့ကြပြီး ခရစ်တော် မည်သို့သော ညှဉ်းပန်းနှိပ်စက်မှုနှင့် လိုက်လံဖမ်းဆီးမှုကို တွေ့ကြုံရသည်ဖြစ်စေ၊ သူတို့သည် မည်သည့်ညည်းညူမှုမျှ မရှိဘဲ ကိုယ်တော်နောက်သို့ လိုက်ခဲ့ကြဆဲဖြစ်ကာ ဤအခြေအနေများကြောင့် မည်သည့်အခါမျှ အားနည်းသွားခြင်း မရှိခဲ့ပေ။ ငါသည် အချို့သောနေရာများသို့ သွားရောက်သည့်အခါမှသာ အန္တရာယ်ရှိသောပတ်ဝန်းကျင်များကို ရှောင်ရှားရန် ငါ အလျင်အမြန် ထွက်ပြေးခဲ့ရကြောင်း၊ နေစရာ အခြားမည်သည့်နေရာမျှ ရှိနိုင်မည်မဟုတ်ကြောင်းနှင့် အနားယူရန် အခြားမည်သည့်နေရာကိုမျှ ရှာမတွေ့နိုင်ကြောင်းကို သိရှိသော လူပုဂ္ဂိုလ်အချို့ ရှိခဲ့သည်၊ သူတို့သည် မိမိတို့ဘာသာ ဤသို့ တွေးထင်ခဲ့ကြသည်၊ “ဟွန်း။ သင်က ခရစ်တော်၊ ဘုရား၏လူ့ဇာတိခံယူသော ဇာတိပကတိဟု အခိုင်အမာဆိုသည်၊ သို့တိုင်အောင် သင်ရောက်နေသည့် သနားစရာအခြေအနေကို ကြည့်ပါဦး။ သင်သည် မည်သို့များ ခရစ်တော်ဖြစ်ထိုက်သနည်း။ သင်သည် မည်သည့်နည်းဖြင့် ဘုရားနှင့်တူသနည်း။ သင်သည် အခြားသူများကို ကယ်တင်နိုင်သည်ဟု သင်ထင်သလော။ သင်သည် ဦးစွာ သင့်ကိုယ်သင် အမြန်ဆုံး ကယ်တင်သင့်သည်။ သင့်နောက်သို့လိုက်ခြင်းက ကောင်းချီးများကို ဆောင်ကြဉ်းပေးနိုင်သလော။ ယင်းမှာ မဖြစ်နိုင်ဟု ထင်ရသည်။ အကယ်၍ သင်၏နှုတ်ကပတ်တော်များက အခြားသူများကို ကယ်တင်နိုင်လျှင်၊ ယင်းတို့က သင့်ကို အဘယ်ကြောင့် မကယ်တင်နိုင်ရသနည်း။ ယခု သင့်ကိုယ်သင် ကြည့်ပါဦး၊ သင့်၌ ခေါင်းချစရာနေရာပင် မရှိဘဲ သင်သည် ငါတို့လူသားများ၊ တန်ခိုးကြီးသော လူများထံမှ အကူအညီကို ရှာဖွေရသည်။ အကယ်၍ သင်သည် ဘုရားဖြစ်ပါက သင်သည် ထိုမျှ သနားစရာ မဖြစ်သင့်ပေ။ အကယ်၍ သင်သည် ဘုရား၏ လူ့ဇာတိခံယူသော ဇာတိပကတိဖြစ်ပါက သင်သည် ပြန်စရာအိမ်မရှိဘဲ မဖြစ်သင့်ပေ” ဟူ၍ ဖြစ်လေသည်။ သို့ဖြစ်၍ ထိုသို့သောလူတို့သည် ဤကိစ္စကို မည်သည့်အခါမျှ နားလည်နိုင်ကြမည် မဟုတ်ပေ။ အကယ်၍ တစ်နေ့တွင် သူတို့သည် နိုင်ငံတော်၏ ဧဝံဂေလိတရားကို နိုင်ငံရပ်ခြား၌ ဖြန့်ဝေနေသည်ကိုလည်းကောင်း၊ နိုင်ငံအသီးသီးရှိ လူများစွာက ယင်းကို လက်ခံနေသည်ကိုလည်းကောင်း၊ အဆင်းနီသောနဂါးကြီး ကျဆုံးသွားသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ နောက်လိုက်များက ဂုဏ်ယူဝင့်ကြွားနိုင်ကြပြီး နောက်ထပ် ညှဉ်းပန်းနှိပ်စက်ခြင်း မခံရတော့သည်ကိုလည်းကောင်း၊ သူတို့သည် အုပ်စိုးပြီး တန်ခိုးအာဏာကိုင်စွဲနေကာ မည်သူမျှ သူတို့ကို အနိုင်ကျင့်ဝံ့ခြင်းမရှိသည်ကိုလည်းကောင်း မြင်တွေ့ပါက သူတို့သည် သူတို့၏ပုံမှန်သဘောထားကို အသေအချာပင် လုံးဝ ပြောင်းလဲလိမ့်မည်ဖြစ်ပြီး ဘုရားသခင် ဇာတိပကတိ၌ စိုးစံခြင်းအပေါ် အယူအဆများ ထားရှိတော့မည်မဟုတ်ပေ။ အဘယ်ကြောင့် ထိုသို့သော ရုတ်တရက်ပြောင်းလဲမှုမျိုး ရှိရမည်နည်း။ ဤလူပုဂ္ဂိုလ်များသည် သူတို့၏မျက်စိဖြင့် မြင်သောအရာကိုသာ အားကိုးကြသည်၊ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်ကြောင်း၊ ကိုယ်တော်သည် အနန္တတန်ခိုးရှင် ဖြစ်ကြောင်း၊ သို့မဟုတ် ကိုယ်တော်မိန့်တော်မူသမျှ ပြည့်စုံလာမည်ဖြစ်ကြောင်းကို မယုံကြည်ကြပေ။ ထိုသို့သောလူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသလော။ သူတို့သည် အဘယ်အရာကို ယုံကြည်ကြသနည်း။ (တန်ခိုးအာဏာကို ယုံကြည်ကြသည်။) ခရစ်တော်၌ တန်ခိုးအာဏာ ရှိသလော။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အကြား၌ ခရစ်တော်၌ တန်ခိုးအာဏာ မရှိပေ။ လူအချို့က “ဘုရား၌ သြဇာအာဏာ မရှိဘူးလား။ အကယ်၍ ခရစ်တော်၏အနှစ်သာရက ဘုရားဖြစ်လျှင် အဘယ်ကြောင့် သူက ဘုရား၏သြဇာအာဏာကို မပိုင်ဆိုင်ရသနည်း။ သြဇာအာဏာက တန်ခိုးအာဏာထက် များစွာ ပို၍ကြီးမြတ်သည်၊ သို့ဖြစ်၍ သူ၌လည်း တန်ခိုးအာဏာ ရှိသင့်သည် မဟုတ်လော” ဟု ဆိုကြသည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏အလုပ်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူ့ဇာတိခံယူသော ဘုရားသခင်၏ တာဝန်မှာ အဘယ်နည်း။ အာဏာကို ဝင့်ကြွားရန်လော။ (မဟုတ်ပါ။) ထို့ကြောင့် မည်သည့်သာမန်လူကဲ့သို့မဆို ကိုယ်တော်သည် ဤလောက၏ ငြင်းပယ်ခြင်း၊ စော်ကားခြင်း၊ အသရေဖျက်ခြင်းနှင့် ရန်လိုမုန်းတီးခြင်းတို့ကို ခံရသည်၊ ခရစ်တော်သည် ဤအရာအားလုံးကို ခါးစည်းခံရမည်ဖြစ်ပြီး ကိုယ်တော်သည် ယင်းတို့မှ ကင်းလွတ်ခွင့်မရှိပေ။
သမ္မာတရားကို အမှန်တကယ် လိုက်စားသော သူတို့သည် ခရစ်တော်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအပေါ် အယူအဆများ မရှိရုံသာမက ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် ဤသဘောသဘာဝများ၌ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို ပို၍မြင်တွေ့ရပြီး ယင်းတို့မှတစ်ဆင့် ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရနှင့် ဖန်ဆင်းရှင်၏ စစ်မှန်သော အနှစ်သာရကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်လာကြသည်။ ဘုရားသခင်အပေါ် သူတို့၏ နားလည်သဘောပေါက်မှုသည် ပို၍နက်ရှိုင်းလာသည်၊ ပို၍လက်တွေ့ကျလာသည်၊ ပို၍စစ်မှန်လာသည်၊ ပို၍တိကျမှန်ကန်လာသည်။ ဆန့်ကျင်ဘက်အနေဖြင့် အန္တိခရစ်တို့သည် သူ၏ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု အားလုံးကြောင့် ဤသို့သော ခရစ်တော်နောက်သို့ လိုက်ရန် မလိုလားစိတ်ကို မကြာခဏ ခံစားကြရသည်၊ သူ၌ သဘာဝလွန်စွမ်းရည်များ ကင်းမဲ့ပြီး သာမန်လူများထက် ထူးခြားပေါ်လွင်နေခြင်း မရှိသည့်အပြင် လူသားမျိုးနွယ်ကဲ့သို့ လူနေမှုပတ်ဝန်းကျင်မျိုးကို တွေ့ကြုံခံစားရသည်ဟု တွေးထင်ကြသည်။ အန္တိခရစ်တို့သည် ဤအရာအားလုံးကို ပျော်ရွှင်စွာ လက်ခံရန်နှင့် ယင်းမှ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ရန် မတတ်နိုင်ရုံသာမက ၎င်းတို့သည် ယင်းကို ပြစ်တင်ရှုတ်ချပြီး ယင်းကို သတိထားရှောင်ကြသည့်အပြင် ယင်းနှင့်ပတ်သက်၍ စွပ်စွဲချက်များ သာ၍ပင် ပြုလုပ်ကြသည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်က စည်းမျဉ်းများကို ဆန့်ကျင်သည့်အရာတစ်ခုခုကို ပြုလုပ်သည့်အခါ အကယ်၍ ငါက ထိုအကြောင်းကို မမေးမြန်းဘဲ မည်သူကမျှ ငါ့ကို ထိုအကြောင်း မပြောပါက ငါသည် ထိုအကြောင်းကို သိရှိမည်မဟုတ်ပေ ဤသည်မှာ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၏ အတိုင်းအတာအတွင်း၌ ကျရောက်သော သရုပ်သကန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) မှန်ကန်သော နားလည်သဘောပေါက်မှုနှင့် သာမန်လူ့သဘာဝကို ပိုင်ဆိုင်သောသူတို့သည် ထိုကိစ္စကို ငါ့အား အသေအချာ စေ့စေ့စပ်စပ် ရှင်းပြမည်ဖြစ်ပြီး ထို့နောက် ငါ သင့်တော်သည်ဟု မြင်သည့်အတိုင်း သူတို့ကို ကိုင်တွယ်ဖြေရှင်းရန် ငါ့ကို ခွင့်ပြုပေလိမ့်မည်။ အန္တိခရစ်တို့သည် လုံးဝ ဆန့်ကျင်ဘက်ကို ပြုလုပ်ကြသည်၊ ၎င်းတို့သည် ငါ့ကို သူတို့၏မျက်စိများဖြင့် စောင့်ကြည့်ကြပြီး ငါ့ထံမှ အရာများကို လှည့်ပတ်မေးမြန်းခြင်းနည်းလမ်းဖြင့် ငါ့ကို စမ်းသပ်ကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့ဘာသာ ဤသို့ တွေးထင်ကြသည်၊ “သင်က ဤကိစ္စအကြောင်း မသိသည့်အတွက် ယင်းကို ကိုင်တွယ်ရန် လွယ်ကူစေသည်၊ သင်သာ ထိုအကြောင်းကို အမှန်တကယ် သိခဲ့ပါက သင့်ကို ကိုင်တွယ်ရန် အကြံအစည်တစ်ခု ငါ့မှာ ရှိခဲ့ပြီး သင်သာ မသိခဲ့ပါက သင့်ကို ကိုင်တွယ်ရန် နောက်ထပ် အကြံအစည်တစ်ခု ငါ့မှာ ရှိခဲ့သည်၊ အဓိက ပြဿနာတစ်ခုအတွက် ငါက ယင်းကို ပြဿနာငယ်တစ်ခုကဲ့သို့ ဖြစ်အောင် ပြောဆိုမည်ဖြစ်ပြီး ထို့နောက် ယင်းကို ဘာမျှမဟုတ်သည့်အရာအဖြစ်သို့ လျှော့ချကာ သင့်ကို လုံးဝ မသိအောင်ထားပြီး ဤကိစ္စကို ပြီးပျောက်သွားစေမည်၊ သင်က ဤပြဿနာကို မသိသည့်အတွက် သင်သည် ရှေ့ဆက်၍ ထိုအကြောင်းကို သိရန်မလိုအပ် သို့မဟုတ် သိရှိရမည်မဟုတ်ပေ။ ငါက ယင်းကို တာဝန်ယူမည်။ တစ်နေ့တွင် သင် ထိုအကြောင်းကို သိရှိသည့်အခါ ယင်းမှာ ငါ ရည်ရွယ်သည့်အတိုင်း ဖြစ်ပျက်ပြီး ဖြစ်လိမ့်မည်၊ ထိုအခါ သင်က ငါ့ကို ဘာလုပ်နိုင်ဦးမည်နည်း” ဟူ၍ဖြစ်လေသည်။ ခရစ်တော်ကို ဤပုံစံဖြင့် မည်သည့်လူများက ဆက်ဆံကြသနည်း။ ၎င်းတို့သည် လူကောင်းများလော။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသော လူများလော။ ၎င်းတို့၌ လူ့သဘာဝနှင့် တည်ကြည်မှု ရှိသလော။ (မရှိပါ။) အချို့သောအမှုအရာများကို ပြုလုပ်ခဲ့သော ခေါင်းဆောင်အချို့ ရှိခဲ့သည်၊ ၎င်းတို့သည် အသင်းတော်၌ လူပုဂ္ဂိုလ်များကို ထင်ရာမြင်ရာ ရာထူးတိုးပေးခဲ့သည်၊ ၎င်းတို့သည် လှူဖွယ်ပစ္စည်းများကို ဖြုန်းတီးခဲ့ပြီး အလွန်အကျွံပင် မဆင်ခြင်သော ဝယ်ယူမှုများ ပြုလုပ်ခဲ့ကာ ငွေမည်မျှ သုံးစွဲသည်ဖြစ်စေ၊ မည်မျှအရေးကြီးသော ပြဿနာများ ပေါ်ပေါက်သည်ဖြစ်စေ ၎င်းတို့သည် ထိုအကြောင်းကို စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ ငါ ထိုနေရာသို့ အကြိမ်များစွာ သွားခဲ့ပြီး ၎င်းတို့သည် ဤအရာများနှင့်ပတ်သက်၍ ငါ့ကို ဘယ်တော့မှ မတိုင်ပင်ခဲ့သကဲ့သို့ မမေးမြန်းခဲ့ပေ၊ ၎င်းတို့သည် မိမိတို့ဘာသာ ဆုံးဖြတ်ချက်များ ချခဲ့ကြသည်၊ ၎င်းတို့သည် ငါ့ကို မည်သည့်စိစစ်မှုကိုမျှ လုပ်ဆောင်ခွင့် မပေးခဲ့သည့်အပြင် ငါက သူတို့ထံမှ သတင်းအချက်အလက်ကို မရမက မေးမြန်းခဲ့ရသည်။ ၎င်းတို့သည် ငါ့ကို ပြင်ပလူတစ်ဦးကဲ့သို့ ဆက်ဆံခဲ့သည်၊ “သင်ရောက်ရှိလာပြီ ဖြစ်သောကြောင့် သင်၏မျက်မှောက်၌ မြင်နိုင်သည့်အရာများကိုသာ သင့်ထံ အစီရင်ခံပါမည်။ သင်၏ကွယ်ရာတွင် ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သည့် အမှုအရာများနှင့် ပတ်သက်၍မူ ယင်းတို့အနက် တစ်ခုတလေကိုမျှ သိရှိရန် ကြိုးပမ်းဖို့ စိတ်ကူးပင်မယဉ်လေနှင့်။ သင့်အနေဖြင့် ဝင်ရောက်စွက်ဖက်ရန် သို့မဟုတ် စုံစမ်းမေးမြန်းရန်ကို ကျွန်ုပ်တို့ ခွင့်ပြုမည်မဟုတ်ပေ” ငါ မည်မျှအကြိမ်များစွာ သွားရောက်လည်ပတ်သည်ဖြစ်စေ ၎င်းတို့သည် ငါ့ကို မည်သည့်စုံစမ်းမေးမြန်းမှုကိုမျှ မည်သည့်အခါကမျှ ခွင့်မပြုခဲ့ပေ။ ငါက မေးခွန်းများ စတင်မေးမြန်းလာမည်ကို ကြောက်ရွံ့သဖြင့် ၎င်းတို့သည် လှည့်ဖြားမှု၌ ပါဝင်ဆောင်ရွက်ကာ မမှန်သော၊ နားထောင်၍ကောင်းသော စကားများဖြင့် အမှန်တရားကို တမင်တကာ ဖုံးကွယ်ခဲ့ကြသည်။ ၎င်းတို့သည် အတူတကွ ပူးပေါင်းကြံစည်ခဲ့ကြသည်၊ အများသဘောတူညီမှုတစ်ခု ရရှိခဲ့ကြပြီး အချင်းချင်း မျက်ရိပ်မျက်ကဲပြခဲ့ကြသည်၊ ၎င်းတို့သည် တစ်သဘောတည်း ညီညွတ်စွာ ရပ်တည်ခဲ့ကြပြီး အချင်းချင်း ကာကွယ်ပေးလျက် တစ်ဦး၏ ပြဿနာများကို တစ်ဦးက သတင်းမပို့ခဲ့ကြပေ။ ငါ့ကွယ်ရာတွင် ၎င်းတို့လုပ်ဆောင်နေသည့်အရာများကို ငါ သိရှိသွားပြီး ၎င်းတို့ကို တာဝန်ခံစေလိုသည့်အခါ ၎င်းတို့သည် မည်သူ့မှာ တာဝန်ရှိသည်ကို မပြောဘဲ နားမလည်ဟန်ဆောင်ကာ ငါ့ကို စကားပရိယာယ်သုံးလျက် အချင်းချင်း ဆက်လက်၍ ကာကွယ်ပေးနေခဲ့ကြသည်။ ၎င်းတို့သည် မည်သည့်အမှားကို ကျူးလွန်ခဲ့သနည်း။ ၎င်းတို့က ဤသို့ တွေးထင်ခဲ့သည်၊ “သူ၏သာမန်၊ ရိုးရှင်းသော တွေးခေါ်မှုနှင့် သာမန်၊ ပုံမှန်လူ့သဘာဝမှလွဲ၍ ခရစ်တော်ဖြစ်သည့် ဤသာမန်လူ၌ ဝါကြွားစရာ တစ်ခုမျှမရှိ၊ သဘာဝလွန်တန်ခိုးများလည်း မရှိပေ။ ထိုသို့ဖြစ်သည့်အတွက် ငါတို့သည် သင့်ကွယ်ရာတွင် လှုပ်ရှားမှုငယ်အချို့ကို ပြုလုပ်နိုင်ပြီး ငါတို့၏ကိုယ်ပိုင်လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ရာတွင် စိတ်အေးလက်အေး နေနိုင်သည်။ ငါတို့သည် အသင်းတော်၏ငွေကို ထိန်းချုပ်ထားသည်၊ သို့ဖြစ်၍ ငါတို့ လိုချင်သမျှကို ဝယ်မည်သာဖြစ်သည်။ လက်မှတ်တစ်စောင် လိုအပ်သည့်အခါ ငါတို့ လုံးဝ ရှာဖွေရန်မလိုအပ်၊ ငါတို့သည် ဝယ်ယူမှုများကို စိစစ်ရန်မလိုအပ်ဘဲ မိမိတို့သဘောအတိုင်း ထင်ရာမြင်ရာ လက်မှတ်ထိုးလိုက်ရုံသာဖြစ်ပြီး ပေါ့ပေါ့ဆဆပုံစံဖြင့် ငွေကို သုံးစွဲနိုင်သည်။ ခရစ်တော်က ဘုရား မဟုတ်လော။ သင်က ဤအမှုအရာများကို ကိုင်တွယ်ထိန်းသိမ်းထားနိုင်သလော။ ငါတို့သည် ငါတို့သဘောအတိုင်း ပြုလုပ်မည်၊ သင်ရှိနေသည့်အချိန်မှလွဲ၍ ကျန်အချိန်များ အားလုံးသည် ငါတို့၏ ကြီးစိုးရာနယ် ဖြစ်သည်” ဟူ၍ဖြစ်လေသည်။ ၎င်းတို့သည် ခရစ်တော်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို မည်သို့ သဘောထားပြုမူခဲ့ကြသနည်း။ ၎င်းတို့သည် ကိုယ်တော်အား အနိုင်ကျင့်ရန် လွယ်ကူသော သူတစ်ဦးအဖြစ် မှတ်ယူခဲ့ကြသည် မဟုတ်လော။ ၎င်းတို့က ဤသို့ တွေးထင်ခဲ့သည်၊ “သင်၌ ပုံမှန်လူ့သဘာဝ ရှိနေသရွေ့ ငါတို့သည် သင့်အား အနိုင်ကျင့်ရမည်ကို မကြောက်ပေ။ အကယ်၍ သင်၌ သဘာဝလွန် လူ့သဘာဝ မရှိပါက ငါတို့သည် သင့်ကို မကြောက်ပေ” ဟူ၍ ဖြစ်လေသည်။ ၎င်းတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ခဲ့ကြသနည်း။ အကယ်၍ သူတို့၏လူ့သဘာဝအရ အကဲဖြတ်မည်ဆိုလျှင် ၎င်းတို့ကို လူကောင်းများအဖြစ် မှတ်ယူမည်လော။ ၎င်းတို့ကို ကိုယ်ကျင့်တရားနှင့် လူ့သဘာဝကို ပိုင်ဆိုင်သောလူများအဖြစ် မှတ်ယူမည်လော။ ၎င်းတို့ကို မြင့်မြတ်သော တည်ကြည်မှုကို ပိုင်ဆိုင်သောလူများအဖြစ် မှတ်ယူမည်လော။ ၎င်းတို့သည် အမှန်တကယ်တွင် အဘယ်အရာများ ဖြစ်ခဲ့ကြသနည်း။ ၎င်းတို့သည် လူမိုက်အုပ်စုတစ်စု မဟုတ်ခဲ့သလော။ ဤလူတို့သည် ဘုရားအိမ်တော်၌ အလုပ်လုပ်သည့်အခါ မည်သူ့ကို ကိုယ်စားပြုခဲ့ကြသနည်း။ ၎င်းတို့သည် လူကိုပင် ကိုယ်စားမပြုဘဲ စာတန်ကို ကိုယ်စားပြုခဲ့ကြသည်။ ၎င်းတို့သည် စာတန်အတွက် အမှုအရာများကို ပြုလုပ်ခဲ့ကြသည်၊ ၎င်းတို့သည် သူ၏အစေခံများနှင့် ကြံရာပါများ ဖြစ်ခဲ့ကြသည်၊ ၎င်းတို့သည် ဘုရားအိမ်တော်၏အလုပ်ကို အနှောင့်အယှက်ပေးရန်နှင့် ဖျက်ဆီးရန် ဤနေရာ၌ လာခဲ့ကြခြင်းဖြစ်သည်၊ ၎င်းတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်နေခြင်းမဟုတ်ဘဲ မကောင်းမှုကို ကျူးလွန်နေခြင်း ဖြစ်လေသည်။ စာတန်၏ ဤကြံရာပါအုပ်စုသည် ဘုရားသခင်၏ ရွေးချယ်ထားသောလူများကို ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်ပြီး ညှဉ်းဆဲသော အဆင်းနီသောနဂါးကြီးနှင့် မည်သို့ ကွာခြားခဲ့သနည်း။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိသည် သာမန်လူတစ်ဦးမျှသာ ဖြစ်ကြောင်း၊ ကိုယ်တော်သည် လုံးဝ ကြောက်စရာမကောင်းကြောင်း မြင်သောကြောင့် သူသည် ကိုယ်တော်အား ဖမ်းဆီးရန် ထင်ရာမြင်ရာ ကြိုးစားပြီး ကိုယ်တော်အား ဖမ်းမိသည်နှင့် တစ်ပြိုင်နက် သူသည် ကိုယ်တော်အား သတ်ရန် ကြိုးစားပေလိမ့်မည်။ စာတန်၏ ဤကြံရာပါများ၊ ဤအန္တိခရစ်တို့သည် ခရစ်တော်ကို ထိုနည်း၎င်းပင် ဆက်ဆံခဲ့ကြသည် မဟုတ်လော။ သူတို့၏ အနှစ်သာရသည် တူညီသည် မဟုတ်လော။ (ဟုတ်ပါသည်။) သူတို့၏ယုံကြည်ခြင်း၌ သူတို့သည် ခရစ်တော်ကို အဘယ်အရာအဖြစ် မှတ်ယူခဲ့ကြသနည်း။ ၎င်းတို့သည် ကိုယ်တော်အား ဘုရားသခင်အဖြစ် ယုံကြည်ခဲ့ကြသလော သို့မဟုတ် လူသားတစ်ဦးအဖြစ် ယုံကြည်ခဲ့ကြသလော။ အကယ်၍ ၎င်းတို့သည် ခရစ်တော်ကို ဘုရားသခင်အဖြစ် မှတ်ယူခဲ့ပါက ၎င်းတို့သည် ကိုယ်တော်အား ဤသို့ ဆက်ဆံမည်လော။ (မဟုတ်ပါ။) ရှင်းပြချက်တစ်ခုတည်းသာ ရှိသည်၊ ၎င်းတို့သည် ခရစ်တော်ကို လူသားတစ်ဦးအဖြစ်၊ သူတို့သဘောအတိုင်း ပေါ့ပေါ့ဆဆ တရားစီရင်နိုင်၊ လှည့်စားနိုင်၊ ကစားနိုင်၊ မထီမဲ့မြင်ပြုနိုင်ပြီး ဆက်ဆံနိုင်သောသူတစ်ဦးအဖြစ် မြင်ခဲ့ကြသည်၊ ယင်းက ၎င်းတို့သည် အလွန်ရဲတင်းခဲ့ကြောင်း ဆိုလိုသည်။ အကယ်၍ ငါတို့သည် ထိုသို့သော ရဲတင်းသည့်လူများကို အမျိုးအစားခွဲခြားမည်ဆိုလျှင် ၎င်းတို့ကို ဖန်ဆင်းခံများ၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၊ ကိုယ်တော်၏ နောက်လိုက်များ၊ ကိုယ်တော်က စုံလင်အောင် ပြုနိုင်သော လူများနှင့် ကိုယ်တော်က ကယ်တင်နိုင်သော လူများဟူသည့် အမျိုးအစားနှင့် အုပ်စုထဲတွင် ထည့်နိုင်သလော။ (မထည့်နိုင်ပါ။) ထိုသို့သော အမှိုက်သရိုက်ကို အဘယ်နေရာတွင် ထားသင့်သနည်း။ စာတန်၏စခန်းထဲ၌ ဖြစ်သည်။ ဤအုပ်စုထဲမှ လူများကို အန္တိခရစ်များအဖြစ် သတ်မှတ်သည်။ ၎င်းတို့သည် ခရစ်တော်ကို သာမန်လူတစ်ဦးကဲ့သို့ ဆက်ဆံခဲ့ပြီး သူတို့၏ သြဇာအာဏာသက်ရောက်မှု နယ်ပယ်အတွင်း၌ တစ်ဇွတ်ထိုးနှင့် မဆင်မခြင် ပြုမူကာ အကြွင်းမဲ့ တန်ခိုးအာဏာကို ကိုင်စွဲခဲ့ပြီး ဤသို့ တွေးထင်ခဲ့သည်၊ “မည်သည့်ပြဿနာပင်ဖြစ်စေ၊ ငါက သင့်ထံမှ မရှာဖွေ သို့မဟုတ် သင့်ကို ထိုအကြောင်း အကြောင်းမကြားသရွေ့ သင်က ဝင်ရောက်စွက်ဖက် ပိုင်ခွင့်မရှိဘဲ သင်က ထိုအကြောင်းကို မည်သည့်အခါမျှ သိရှိမည်မဟုတ်ပေ” ဟူ၍ ဖြစ်သည်။ ငါ့ကို ပြောကြလော့၊ ခရစ်တော်၌ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းပိုင်ခွင့် ရှိသလော။ (ရှိပါသည်။) ဤသို့ပြုလုပ်ရန် သင့်လျော်သောနည်းလမ်းမှာ အဘယ်နည်း။ (သူတို့ကို အသင်းတော်မှ နှင်ထုတ်ခြင်း ဖြစ်ပါသည်။) ဤသည်မှာ အန္တိခရစ်များနှင့် စာတန်များကို ကိုင်တွယ်ဖြေရှင်းရမည့်ပုံစံ ဖြစ်သည်၊ ၎င်းတို့အား သက်ညှာမှု မပြရပေ။ ဤကဲ့သို့သော လူတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အခါ ဘုရားသခင် မည်သည့်အရာပြုလုပ်သည်ဖြစ်စေ၊ ကိုယ်တော်သည် လူတို့အား သမ္မာတရားကို မည်သို့ထောက်ပံ့သည်ဖြစ်စေ၊ ကိုယ်တော်သည် မည်သည့်အလုပ်ကိုပင် လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် ဤအရာကို ဂရုမစိုက်ကြပေ။ အကယ်၍ ၎င်းတို့၌ တန်ခိုးအာဏာ ကင်းမဲ့ပါက ၎င်းတို့သည် ယင်းကို ရရှိရန် နည်းလမ်းများကို စဉ်းစားကြပြီး ၎င်းတို့ အာဏာရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ခရစ်တော်နှင့် တန်းတူရပ်တည်ရန်၊ လောကကို ကိုယ်တော်နှင့်အတူ ခွဲဝေရန်၊ မည်သူက သာလွန်သည်ကို ကြည့်ဖို့ ယှဉ်ပြိုင်ရန်နှင့် ကိုယ်တော်နှင့်အတူ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ရန် ကြိုးပမ်းကြသည်။ သူတို့၏ သြဇာအာဏာသက်ရောက်မှု အတိုင်းအတာအတွင်း၌၊ ၎င်းတို့သည် ခရစ်တော်ကို စိန်ခေါ်လိုကြပြီး ဤသို့ ဆိုကြသည်၊ “သင်၏စကားနှင့် ငါ၏စကား၊ မည်သည့်စကားက ပို၍ဩဇာ ရှိသည်ကို ငါမြင်လိုသည်။ ဤအသင်းတော်သည် ငါ၏နယ်မြေဖြစ်၏။ အသင်းတော်၏ငွေကို ငါအလိုရှိသလို သုံးစွဲမည်၊ ငါကြိုက်နှစ်သက်ရာကို ဝယ်ယူမည်၊ ကိစ္စအရပ်ရပ်ကိုလည်း ငါ့သဘောအတိုင်း စီမံခန့်ခွဲမည်။ ငါက မကောင်းဟု သတ်မှတ်လိုက်သောသူသည် မကောင်းသောသူသာ ဖြစ်သည်။ ငါအသုံးပြုလိုသူကို အသုံးပြုမည်ဖြစ်ပြီး ငါ အသုံးပြုရန် ရွေးချယ်ထားသူများကို မည်သူမျှ ထိပါးခွင့်မရှိချေ။ အကယ်၍ တစ်စုံတစ်ဦးက ထိပါးခဲ့လျှင် ထိုကိစ္စကို ငါ မည်သည့်အခါမျှ ငြိမ်ခံနေမည်မဟုတ်။ ဘုရား ကိုယ်တိုင်ကပင် ထိုသို့ပြုလုပ်စေလိုသည်ဟု ဆိုစေကာမူ ငါသည် ခွင့်ပြုမည်မဟုတ်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ကိုယ့်သေတွင်းကိုယ်တူးနေခြင်း မဟုတ်လော။
အကယ်၍ လူတို့သည် ဘုရားသခင်၏ လူ့ဇာတိခံယူသော ပုံမှန်နှင့် လက်တွေ့ကျသော လူ့သဘာဝမှတစ်ဆင့် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို ပို၍နားလည်လာပြီး ဘုရားသခင်၏ လက်တွေ့ကျမှုနှင့် အနှစ်သာရကို ပို၍ရှင်းလင်းပြီး တိကျသော နားလည်သဘောပေါက်မှု ရရှိလာပါက ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများနှင့် လူ့သဘာဝကို ပိုင်ဆိုင်သောသူများ ဖြစ်ကြသည်။ သို့ရာတွင် လူအချို့သည် သူ၏ပုံမှန်၊ လက်တွေ့ကျသော ဘက်ခြမ်းကြောင့် ခရစ်တော်ကို ဘုရားသခင်အဖြစ် မမှတ်ယူကြပေ။ ၎င်းတို့သည် ကိုယ်တော်၏ ရှေ့မှောက်၌ ပို၍ရိုင်းစိုင်းပြီး ရဲတင်းစွာ ပြုမူကြသည်၊ ၎င်းတို့သည် လွတ်လပ်စွာ ပြုမူရန် ပို၍ရဲဆေးတင်လိုက်ကြပြီး ခရစ်တော်ကို သာလွန်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူများကို ထိန်းချုပ်ရန်ဟူသော အတွေးအခေါ်များကို ပို၍ပိုင်ဆိုင်လာကြသည်။ ၎င်းတို့သည် ခရစ်တော်ကို မထီမဲ့မြင်ပြုရန်နှင့် ယှဉ်ပြိုင်ရန်အတွက် အရင်းအနှီးနှင့် ခရစ်တော်ကို လူသားတစ်ဦးအဖြစ် မှတ်ယူရန်အတွက် သက်သေအထောက်အထား ရှိသည်ဟု ခံစားကြရသည်။ ၎င်းတို့သည် ဤသက်သေအထောက်အထားကို ရရှိပြီးနောက် ခရစ်တော်ကို ကြောက်ရွံ့ရန် မလိုအပ်တော့ကြောင်း၊ ကိုယ်တော်အား လွတ်လပ်စွာ ဝေဖန်နိုင်ကြောင်း၊ ကိုယ်တော်နှင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောပြီး ရယ်မောနိုင်ကာ ကိုယ်တော်နှင့် တန်းတူရပ်တည်နိုင်ကြောင်း၊ သူတို့၏ အိမ်တွင်းရေးရာများနှင့် ကိုယ်ရေးကိုယ်တာ စိုးရိမ်မှုများကို ကိုယ်တော်နှင့် ဆွေးနွေးနိုင်ကြောင်း တွေးထင်ကြသည်။ အချို့က ဤသို့ပင် ဆိုကြသည်၊ “ကျွန်ုပ်၏ အတွင်းစိတ်အတွေးများ၊ အားနည်းချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင့်အား ကျွန်ုပ် မျှဝေခဲ့ပြီးဖြစ်သည်၊ သို့ဖြစ်၍ သင်၏ အခြေအနေအကြောင်း ကျွန်ုပ်ကို ပြောပြပါ။ ဘုရားကို မယုံကြည်မီနှင့် ယုံကြည်ပြီးနောက် ကျွန်ုပ်၏ အတွေ့အကြုံများအကြောင်း သင့်အား ကျွန်ုပ် ပြောပြခဲ့ပြီးဖြစ်သည်၊ ဘုရား၏အလုပ်ကို ကျွန်ုပ် မည်သို့လက်ခံခဲ့ကြောင်း သင့်အား ကျွန်ုပ် ပြောပြခဲ့ပြီးဖြစ်သည်၊ သို့ဖြစ်၍ သင်၏အတွေ့အကြုံများကို ကျွန်ုပ်အား မျှဝေပါ” ဟူ၍ ဖြစ်လေသည်။ ၎င်းတို့သည် အဘယ်အရာကို လုပ်ဆောင်ရန် ကြိုးပမ်းနေကြသနည်း။ ၎င်းတို့သည် လူ့ဇာတိခံယူသော ဘုရားသခင်ကို အလွန်သာမန်ပြီး ပုံမှန်အဖြစ် မြင်ကာ ကိုယ်တော့်အား မိသားစုဝင်တစ်ဦး၊ ပေါင်းဖော်တစ်ဦး၊ မိတ်ဆွေတစ်ဦး၊ သို့မဟုတ် အိမ်နီးချင်းတစ်ဦးအဖြစ်သို့ ပြောင်းလဲရန် ဆန္ဒရှိနေကြသည် မဟုတ်လော။ ခရစ်တော်သည် မည်မျှပင်ပုံမှန်ဖြစ်ပြီး လက်တွေ့ကျပါစေ သူ၏အနှစ်သာရသည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ သူ၏အသက် မည်မျှပင်ဖြစ်စေ၊ သူသည် အဘယ်နေရာ၌ မွေးဖွားခဲ့သည်ဖြစ်စေ၊ သူ၏ အရည်အချင်းများနှင့် အတွေ့အကြုံသည် သင်နှင့် နှိုင်းယှဉ်လျှင် မည်သို့ပင်ဖြစ်စေ၊ သူသည် သင့်အတွက် မြင့်မြတ်သည် သို့မဟုတ် မထင်မရှား ပေါ်ထွန်းသည်ဖြစ်စေ သူသည် သင်နှင့် အမြဲတမ်း ကွဲပြားလိမ့်မည်ဖြစ်ကြောင်း မည်သည့်အခါမျှ မမေ့လေနှင့်။ ဤသည်မှာ အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ သူသည် အပြင်ပန်းအားဖြင့် ပုံမှန်နှင့် လက်တွေ့ကျသော ဇာတိပကတိ၌ အသက်ရှင်တော်မူသော ဘုရားသခင် ဖြစ်သည်၊ သူ၏ အနှစ်သာရသည် သင်နှင့် ထာဝရ ကွဲပြားသည်၊ သူ၏ အနှစ်သာရသည် လူသားမျိုးနွယ် အားလုံးအထက်၌ ထာဝရကာလပတ်လုံး အစဉ်အမြဲ ရှိတော်မူသော အထွတ်အထိပ်ဖြစ်သော ဘုရားသခင်၏အနှစ်သာရ ဖြစ်သည်။ ဤသည်ကို မမေ့လေနှင့်။ အပေါ်ယံအားဖြင့် သူသည် သာမန်နှင့် ပုံမှန်လူတစ်ဦးဖြစ်ပုံပေါက်သည်၊ သူသည် ခရစ်တော်ဟု ခေါ်ဆိုခြင်းခံရပြီး သူ၌ ခရစ်တော်၏ ပင်ကိုလက္ခဏာ ရှိသည်၊ သို့သော် အကယ်၍ သင်သည် သင်၏ယုံကြည်ခြင်း၌ ကိုယ်တော်အား လူသားတစ်ဦးအဖြစ် မှတ်ယူပြီး ကိုယ်တော်အား သာမန်လူတစ်ဦးအဖြစ်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တစ်ဦးအဖြစ် ရှုမြင်ပါက သင်သည် အန္တရာယ် ရှိနေပြီဖြစ်သည်။ ခရစ်တော်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့သည် မည်သည့်အခါမျှ မပြောင်းလဲပေ၊ သူ၏အနှစ်သာရသည် ဘုရားသခင်၏အနှစ်သာရ ဖြစ်ပြီး သူ၏ ပင်ကိုလက္ခဏာသည် အစဉ်သဖြင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာ ဖြစ်သည်။ သူသည် ပုံမှန်၊ လက်တွေ့ကျသော ဇာတိပကတိ၏အခွံအတွင်း၌ အသက်ရှင်တော်မူသည်ဟူသောအချက်က သူသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်သည်ဟု မဆိုလိုသကဲ့သို့ လူသားများသည် သူ့ကို ကြိုးကိုင်ညွှန်ကြားနိုင်သည် သို့မဟုတ် ထိန်းချုပ်နိုင်သည်ဟု မဆိုလိုပေ၊ သို့မဟုတ် ၎င်းတို့သည် ကိုယ်တော်နှင့် တန်းတူဖြစ်နိုင်သည် သို့မဟုတ် တန်ခိုးအာဏာအတွက် ကိုယ်တော်နှင့် ယှဉ်ပြိုင်နိုင်သည်ဟု မဆိုလိုပေ။ လူတို့သည် သူ့ကို လူသားအဖြစ် မြင်နေသရွေ့၊ လူ့နည်းလမ်းများနှင့် လူ့အမြင်ရှုထောင့်များကို အသုံးပြု၍ သူ့ကို တိုင်းတာနေသရွေ့၊ သူ့ကို မိတ်ဆွေတစ်ဦး၊ တန်းတူတစ်ဦး၊ လုပ်ဖော်ကိုင်ဖက်တစ်ဦး၊ သို့မဟုတ် အထက်အရာရှိတစ်ဦးအဖြစ်သို့ ပြောင်းလဲရန် ကြိုးစားနေသရွေ့ ၎င်းတို့သည် မိမိတို့ကိုယ်ကို အန္တရာယ်ရှိသော အခြေအနေတစ်ခု၌ ထားရှိနေကြခြင်း ဖြစ်ပေသည်။ အဘယ်ကြောင့် အန္တရာယ်ရှိသနည်း။ အကယ်၍ သင်သည် ခရစ်တော်ကို သာမန်နှင့် ပုံမှန်လူသားတစ်ဦးအဖြစ် ရှုမြင်ပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် စတင်၍ ပေါ်ထွက်လာလိမ့်မည်။ သင် ခရစ်တော်ကို လူသားအဖြစ် မှတ်ယူသည့်အချိန်မှစ၍ သင်၏ ဒုစရိုက်အမှုများသည် စတင်၍ ပေါ်ထွက်လာတော့မည်။ ဤသည်မှာ အန္တရာယ်ရှိသောအပိုင်း မဟုတ်လော။ လူတို့သည် ခရစ်တော်ကို လူသားအဖြစ် မြင်နေသရွေ့၊ သူသည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည်၊ သူသည် လှည့်စားရန် လွယ်ကူသည်၊ သူသည် လူသားမျိုးနွယ်ကဲ့သို့ပင် ဖြစ်သည်ဟု တွေးထင်နေသရွေ့ ၎င်းတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ကြဘဲ ဤအချိန်တွင် ဘုရားသခင်နှင့် သူတို့၏ဆက်ဆံရေးသည် ပြောင်းလဲသွားသည်။ ဤဆက်ဆံရေးသည် အဘယ်အရာအဖြစ်သို့ ပြောင်းလဲသွားသနည်း။ သူတို့၏ဆက်ဆံရေးသည် ဖန်ဆင်းခံလူသားတစ်ဦးနှင့် ဖန်ဆင်းရှင်၏ဆက်ဆံရေး မဟုတ်တော့ပေ၊ ယင်းသည် နောက်လိုက်တစ်ဦးနှင့် ခရစ်တော်၏ဆက်ဆံရေး မဟုတ်တော့ပေ၊ ယင်းသည် ကယ်တင်ခြင်းခံရသောသူတစ်ဦးနှင့် ဘုရားသခင်၏ ဆက်ဆံရေး မဟုတ်တော့ဘဲ ယင်းအစား စာတန်နှင့် အရာခပ်သိမ်း၏ အချုပ်အခြာအာဏာရှင်တို့၏ ဆက်ဆံရေး ဖြစ်လာသည်။ လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်ကြပြီး ကိုယ်တော်၏ရန်သူများ ဖြစ်လာကြသည်။ သင်သည် ခရစ်တော်ကို လူသားအဖြစ် ရှုမြင်သည့်အခါ သင်သည် ဘုရားသခင်ရှေ့မှောက်၌ သင်၏ကိုယ်ပိုင် ပင်ကိုလက္ခဏာကိုလည်း ပြောင်းလဲလိုက်ပြီး ကိုယ်တော်၏အမြင်တွင် သင်၏တန်ဖိုးကိုလည်း ပြောင်းလဲလိုက်သည်၊ သင်သည် သင်၏ အလားအလာများနှင့် ကံကြမ္မာကို သင်၏ မိမိကိုယ်ကိုအလိုလိုက်ခြင်း၊ ပုန်ကန်ခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့် မာနထောင်လွှားခြင်းတို့ဖြင့် လုံးဝ ဖျက်ဆီးလိုက်သည်။ ဘုရားသခင်သည် သင်က ဖန်ဆင်းခံတစ်ဦး၊ ခရစ်တော်၏ နောက်လိုက်တစ်ဦး၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံခဲ့သောလူတစ်ဦး ဖြစ်သည်ဟူသော အခြေခံပေါ်၌သာ သင့်ကို အသိအမှတ်ပြုမည်၊ လမ်းညွှန်မည်၊ အသက်နှင့် ကယ်တင်ခြင်းရရှိရန် အခွင့်အရေးကို ပေးသနားမည် ဖြစ်သည်။ သို့တည်းမဟုတ်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပြောင်းလဲသွားလိမ့်မည်။ လူတို့သည် ဘုရားသခင်၊ ခရစ်တော်ကို လူတစ်ဦးအဖြစ် မှတ်ယူသည့်အခါ ၎င်းတို့သည် ပြက်လုံးလုပ်နေကြသည် မဟုတ်လော။ လူတို့သည် ပုံမှန်အားဖြင့် ဤသည်ကို ပြဿနာတစ်ခုအဖြစ် မမြင်ကြဘဲ ၎င်းတို့က “ခရစ်တော်က သူသည် သာမန်နှင့် ပုံမှန်လူတစ်ဦး ဖြစ်သည်ဟု ပြောခဲ့သဖြင့် သူ့ကို လူတစ်ယောက်ကဲ့သို့ ဆက်ဆံခြင်းဖြင့် မည်သည့်အရာ မှားယွင်းနေသနည်း” ဟု တွေးထင်ကြသည်။ အမှန်တကယ်တွင် ဤအရာ၌ မည်သည့်အမှားမျှမရှိသော်လည်း ယင်း၌ ဆိုးရွားသော အကျိုးဆက်များ ရှိသည်။ ခရစ်တော်ကို လူတစ်ဦးကဲ့သို့ ဆက်ဆံခြင်းသည် သင့်အတွက် အကျိုးကျေးဇူးများစွာ ရှိသည်။ တစ်ဖက်တွင် ယင်းက သင်၏ရပ်တည်မှုကို မြှင့်တင်ပေးသည်၊ အခြားတစ်ဖက်တွင် ယင်းက သင်နှင့် ဘုရားသခင်အကြား အကွာအဝေးကို ကျဉ်းမြောင်းစေသည်၊ ထို့အပြင် သင်သည် ဘုရားသခင်၏ ရှေ့မှောက်၌ ထိုမျှ ချုပ်တည်းနေမည် မဟုတ်ဘဲ ပေါ့ပါးလွတ်လပ်သည်ဟု ခံစားရလိမ့်မည်။ သင်သည် သင်၏လူ့အခွင့်အရေးများ၊ လွတ်လပ်ခွင့်နှင့် သင်၏တည်ရှိမှု၏ တန်ဖိုးကို ပိုင်ဆိုင်မည်ဖြစ်ပြီး သင်၏ကိုယ်ပိုင်တည်ရှိမှုကို ခံစားရလိမ့်မည်၊ ယင်းမှာ ကောင်းသည် မဟုတ်လော။ အမှန်တကယ် လူတစ်ဦးကို ဤနည်းလမ်းဖြင့် ဆက်ဆံခြင်း၌ မည်သည့်အမှားမျှမရှိပေ၊ ယင်းက သင်၌ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုရှိကြောင်း ပြသသည်။ လူတစ်ဦးသည် လွယ်လွယ်ကူကူ ဦးမညွှတ်သင့်ပေ၊ လူတို့သည် မည်သည့်လူကိုမျှ ပေါ့ပေါ့တန်တန် ဒူးထောက်ခြင်း၊ အလျှော့ပေးခြင်း၊ သို့မဟုတ် မိမိတို့၏နိမ့်ကျမှုကို ဝန်ခံခြင်း မပြုသင့်ပေ၊ ဤအရာများသည် လူသားရှင်သန်မှု၏ နိယာမများနှင့် လူ၏ ကစားပွဲစည်းမျဉ်းများ မဟုတ်လော။ လူများစွာသည် ဤနိယာမများနှင့် ကစားပွဲစည်းမျဉ်းများကို ခရစ်တော်နှင့် သူတို့၏ အပြန်အလှန်ဆက်ဆံမှုများတွင် အသုံးချကြသည်။ ဤသည်မှာ ဒုက္ခကို ဆိုလိုပြီး ဘုရားသခင်၏စိတ်သဘောထားကို ပုန်ကန်ပြစ်မှားရန် အလွန်အလားအလာရှိသည်။ ဤသည်မှာ လူမျိုးမရွေး၊ လူသားမျိုးနွယ်ဝင်အားလုံး၏ သဘာဝအနှစ်သာရသည် တူညီသောကြောင့် ဖြစ်သည်။ ခရစ်တော်တစ်ဦးတည်းသာ လူသားမျိုးနွယ်နှင့် ကွဲပြားသည်။ ခရစ်တော်၌ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၏ ရုပ်သွင်ရှိပြီး ပုံမှန်၊ လက်တွေ့ကျသော လူ့သဘာဝ၏ လူနေမှုပုံစံများနှင့် လုပ်ရိုးလုပ်စဉ်များကို ပိုင်ဆိုင်သော်လည်း သူ၏အနှစ်သာရသည် မည်သည့်ဖောက်ပြန်ပျက်စီးသော လူသားနှင့်မျှ မတူပေ။ ဤအကြောင်းကြောင့်သာ သူသည် သူ၏ နောက်လိုက်များက သူတောင်းဆိုသောနည်းလမ်းဖြင့် သူ့ကို ဆက်ဆံရန် အရည်အချင်းပြည့်မီသည်။ ခရစ်တော်မှလွဲ၍ အခြားမည်သည့်လူကမျှ လူတို့ထံမှ တောင်းဆိုချက်များ ပြုလုပ်ရန် ဤနည်းလမ်းများနှင့် စံနှုန်းများကို အသုံးပြုဖို့ အရည်အချင်းပြည့်မီခြင်း မရှိပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ခရစ်တော်၏ အနှစ်သာရသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သောကြောင့်လည်းကောင်း၊ အကြောင်းမှာ ခရစ်တော်၊ ဤသာမန်၊ ပုံမှန်လူသည် ဘုရားသခင် ယူတင်ဝတ်ဆင်ထားသော သာမန်ဇာတိပကတိတစ်ခုနှင့် လူသားများအကြားရှိ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သောကြောင့်လည်းကောင်း ဖြစ်သည်။ ဤအချက်တစ်ခုတည်းကို အခြေခံ၍ပင် ခရစ်တော်ကို လူတစ်ဦးအဖြစ် မြင်ခြင်းသည် မမှန်ကန်ပေ၊ သူ့ကို လူတစ်ဦးကဲ့သို့ ဆက်ဆံခြင်းသည် သာ၍ပင် မမှန်ကန်ပေ၊ သူ့ကို လူတစ်ဦးဖြစ်သည့်အလား လှည့်စားခြင်း၊ ကစားခြင်းနှင့် ဆန့်ကျင်တိုက်ခိုက်ခြင်းသည် သာ၍ပင် ဆိုးရွားသည်။ အန္တိခရစ်များ၊ သမ္မာတရားကို စက်ဆုပ်ရွံရှာသော ဤကောက်ကျစ်ဆိုးယုတ်သည့် လူပုဂ္ဂိုလ်တစ်စုသည် ဤအရေးကြီးသော ပြဿနာနှင့် ရှင်းလင်းသော အမှားကို ထာဝရ သတိမမူမိဘဲ နေကြသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ အကြောင်းမှာ သူတို့၏သဘာဝအနှစ်သာရသည် အန္တိခရစ်၏ အနှစ်သာရ ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာနယ်ပယ်၌ ဘုရားသခင်နှင့် တိုက်ခိုက်ကြသည်၊ ကိုယ်တော်နှင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည်၊ ကိုယ်တော်အား ဘုရားသခင်အဖြစ် မည်သည့်အခါမျှ မခေါ်ဝေါ်ကြ၊ သို့မဟုတ် ကိုယ်တော်အား ထိုသို့ မဆက်ဆံကြပေ။ ဘုရားအိမ်တော်၌ ၎င်းတို့သည် ဤအပြုအမူကို ထပ်မံပြုလုပ်ကြပြီး ခရစ်တော်ကို ထိုပုံစံမျိုးဖြင့် ဆက်ဆံကြသည်။ သူတို့၏ဘိုးဘေးသည် ဘုရားသခင်ကို ဤနည်းလမ်းဖြင့် ဆက်ဆံခဲ့သည်၊ သို့ဖြစ်၍ ၎င်းတို့သည် ဤနည်းလမ်းဖြင့် မပြုမူဘဲ မနေနိုင်ခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ ၎င်းတို့သည် ဤနည်းလမ်းဖြင့် မပြုမူဘဲ မနေနိုင်သည့်အတွက်၊ သူတို့၏သဘာဝအနှစ်သာရကို သေချာစွာသိရှိပြီး ဖြစ်သည့်အတွက် ထိုသို့သောလူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်သေးသလော။ ၎င်းတို့သည် ဘုရားအိမ်တော်မှ ရှင်းလင်းပြီး နှင်ထုတ်ခြင်း ခံရမည့်သူများ မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံးက ငြင်းပယ်ခြင်း ခံရမည့်သူများ မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားအိမ်တော်က ထိုသို့သောလူပုဂ္ဂိုလ်များကို ပြစ်တင်ရှုတ်ချခြင်း၊ ဖယ်ထုတ်ပစ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းအပေါ် သင်တို့၌ အယူအဆများ ရှိနေသေးသလော။ (မရှိပါ။) ၎င်းတို့သည် သနားစရာကောင်းသလော။ (မကောင်းပါ။) ၎င်းတို့သည် အဘယ်ကြောင့် သနားစရာ မကောင်းသနည်း။ ၎င်းတို့သည် မုန်းတီးဖွယ်ကောင်းပြီး စက်ဆုပ်ဖွယ် ကောင်းသောကြောင့် ၎င်းတို့သည် သနားစရာ မကောင်းခြင်း ဖြစ်ပေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။