အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၃) အခန်း သုံး
အန္တိခရစ်များသည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ မည်သို့ကျိုးနွံနာခံစေပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
၄။ အနည်းငယ်သော အတွေ့အကြုံနှင့် အသိပညာကို ရရှိသွားလျှင်သွားချင်း သမ္မာတရား၏ ပြယုဂ်အဖြစ်အန္တိခရစ်တို့ အယောင်ဆောင်ခြင်းကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
ပြီးခဲ့သည့်အခေါက်က အန္တိခရစ် သရုပ်သကန်များမှ ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် ဟူသည့် ရှစ်ခုမြောက်အချက်ကို ငါတို့ မိတ်သဟာယပြုခဲ့သည်။ အချက်ရှစ်ကို စုစုပေါင်း ခေါင်းစဉ်ခွဲလေးခုအဖြစ် ခွဲခဲ့သည်။ ပထမ ခေါင်းစဉ်ခွဲသုံးခုကို ငါတို့ မိတ်သဟာယဖွဲ့၍ ပြီးခဲ့ပြီဖြစ်သည်။ ဤသို့ဆိုလျှင် လေးခုမြောက်မှာ အဘယ်နည်း။ (အနည်းငယ်သော အတွေ့အကြုံနှင့် အသိပညာကို ရရှိသွားလျှင်သွားချင်း သမ္မာတရား၏ ပြယုဂ်အဖြစ် အန္တိခရစ်တို့ အယောင်ဆောင်ကြသည်။) ဤသည်မှာ အချက်ရှစ်၏ လေးခုမြောက် ခေါင်းစဉ်ခွဲ ဖြစ်သည်။ ဤသည်မှာ အချက်ရှစ် အကြောင်းအရာ၏ သရုပ်သကန်များနှင့်သက်ဆိုင်သော ကဏ္ဍတစ်ခုလည်း ပါဝင်သည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းတို့သည် ဆက်စပ်နေသည်။ ဤအကြောင်းအရာသည် အဘယ်နည်း။ ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည်ဟူသည့် အကြောင်းအရာဖြစ်သည်။ ဤခေါင်းစဉ်ခွဲကို ခွဲပြီး ဤအကြောင်းကို အနည်းငယ်ချင်းစီ ပြောကြစို့။ အတွေ့အကြုံ၊ အသိပညာနှင့် သင်ခန်းစာအသီးသီးတို့မှာ မည်သည့်အရာ ဖြစ်သနည်း။ ယင်းတို့ကို မည်သည့်လူအမျိုးအစားက ပိုင်ဆိုင်သနည်း။ မည်သည့်လူအမျိုးအစားက မိမိတို့ကိုယ်ကို ယင်းတို့ဖြင့် ပြင်ဆင်ထားလိုသနည်း။ မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ရမည့်အစား ယင်းတို့ဖြင့် ပြင်ဆင်ထားရန် မည်သည့်လူအမျိုးအစားက အလေးထားကြသနည်း။ မည်သည့်လူအမျိုးအစားက ဤအရာများကို သမ္မာတရားအဖြစ် မှတ်ယူကြသနည်း။ ရှေးဦးစွာ တစ်ခုက သေချာသည်။ ဤလူတို့၏ အစွမ်းအစက မည်သို့ရှိသည်ဖြစ်စေ၊ ၎င်းတို့၏ သိမြင်နားလည်မှုက မည်ကဲ့သို့ရှိသည်ဖြစ်စေ ၎င်းတို့သည် အသိပညာကို အလွန်ချစ်သည်။ ပြီးလျှင် အသိပညာအပေါ် ၎င်းတို့၏ ချစ်ခြင်းသည် သမ္မာတရား လက်တွေ့ကျမှုအပေါ် ၎င်းတို့၏ ချစ်ခြင်းထက်သာလွန်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် ၎င်းတို့ လိုက်စားသည့် ပန်းတိုင်နှင့် ဦးတည်ချက်သည် အတွေ့အကြုံနှင့် အသိပညာဆိုသော အရာတစ်ခုခုကို ရရှိဖို့ဖြစ်သည်။ ၎င်းတို့သည် ပို၍ အဆင့်ရှိလာရန်၊ ပို၍ စတိုင်ကျလာရန်၊ ပို၍ ရည်မွန်လာရန်၊ ပြီးလျှင် ပို၍ အထင်ကြီးခံရပြီး ကိုးကွယ်ခြင်းခံရရန်အတွက် မိမိတို့ကိုယ်ကို ဤအသိပညာနှင့် အတွေ့အကြုံတို့ဖြင့် ပြင်ဆင်ထား၍ ကိုယ်ရည်သွေးရန် ယင်းတို့ကို အသုံးပြုလိုသည်။ ၎င်းတို့သည် ဤအသိပညာ၊ အတွေ့အကြုံဖြင့် ၎င်းတို့၏ ဘဝသည် ပို၍ တန်ဖိုးရှိသည်၊ ပို၍ ကျေနပ်ဖွယ်ဖြစ်သည်၊ မိမိကိုယ်မိမိ ယုံကြည်စိတ်ချမှုဖြင့် ပို၍ ပြည့်သည်ဟု ထင်ကြသည်။ ၎င်းတို့၏ အမြင်တွင် ၎င်းတို့သည် ဤအသိပညာ၊ ဓမ္မပညာ၊ ဘဝပေးအသိ၊ အသိပညာ၊ သင်ခန်းစာများ၏ အမျိုးမျိုးသော ကဏ္ဍများနှင့် ဆက်စပ်သည့် ဆိုရိုးစကားများဖြင့် မိမိကိုယ်ကို ပြင်ဆင်ထားရန် ဘုရားသခင်ကို ယုံကြည်သည်။ ၎င်းတို့သည် ဤအရာများဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ထားခြင်းအားဖြင့် ဘုရားအိမ်တော်တွင်၊ ဤလူအုပ်စုတွင် နေရာတစ်နေရာကို ယူထားနိုင်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် နေ့စဉ် ၎င်းတို့၏ စိတ်နှလုံးထဲ၌ စဉ်းစားသည့်အရာ၊ ကိုးကွယ်သည့်အရာ၊ လိုက်လျှောက်သည့် အရာတို့အားလုံးသည် အသိပညာ၊ အတွေ့အကြုံ စသည်တို့နှင့် ဆက်စပ်နေသည်။
မည်သည့်အသိပညာ၊ အတွေ့အကြုံနှင့် သင်ခန်းစာများ ရှိသည်ကိုလည်းကောင်း၊ ဤအမျိုးအစားများထဲမှ မည်သည့်အမျိုးအစားကို သမ္မာတရား၏ ပြယုဂ်အဖြစ် အယောင်ဆောင်သည်ဟု ခေါ်ဆိုနိုင်သည်ကိုလည်းကောင်း ဦးစွာ ကြည့်ကြစို့။ ရှေးဦးစွာ ဤအရာများသည် သမ္မာတရားနှင့် သက်ဆိုင်ခြင်းမရှိ၊ သမ္မာတရားနှင့် ကိုက်ညီခြင်းမရှိ၊ သမ္မာတရားနှင့် ဆန့်ကျင်သည်ဟူ၍ အသေအချာဆိုနိုင်သည်။ ဤအရာများသည် လူတို့၏ အယူအဆများအရ မှန်ကန်သည့်အရာများဖြစ်နိုင်သည်။ လူတို့၏ အယူအဆများအရ အပြုသဘောဆောင်ပြီး လှပကာ ကောင်းမွန်သောအရာများ ဖြစ်နိုင်သည်။ သို့သော် အမှန်တွင် ဘုရားသခင်၏ အမြင်၌ ဤအရာများသည် သမ္မာတရားနှင့် ဆက်စပ်ခြင်းမရှိသကဲ့သို့ ဤအရာများသည် အခြေခံအားဖြင့် သမ္မာတရားကို လူတို့ပြစ်တင်ရှုတ်ချမှု၏ အရင်းအမြစ်၊ ဘုရားသခင်အပေါ် လူတို့၏ အတိုက်အခံပြုခြင်းနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ အယူအဆများ၏ အရင်းအမြစ်နှင့် ဇာစ်မြစ်တို့ပင် ဖြစ်လေသည်။ အတွေ့အကြုံ၊ အသိပညာနှင့် သင်ခန်းစာများဟူသည့် ဤအရာများကို ဆည်းပူးသောသူများကြားတွင် အသက်နှင့် လိင်ကွာခြားမှုတစ်ခု ရှိသလော။ (မရှိပါ။) အများအားဖြင့် မရှိဖို့ များသည်။ လူအချို့တွင် ဆုကျေးဇူးများရှိသည်။ ဆုကျေးဇူးများ ဆိုသည်မှာ အဘယ်နည်း။ ဥပမာ လူအချို့သည် သဘောတရား၊ သို့မဟုတ် ဆိုရိုးစကားတစ်ခုကို နားထောင်ပြီး ထိုသဘောတရားတစ်ခု၏ အဓိကအချက်၊ သို့မဟုတ် အခြေခံအယူအဆများကို သဘောပေါက်နားလည်ပြီးနောက်တွင် ၎င်းတို့၏ စိတ်သည် အလွန်မြန်ဆန်စွာ တုံ့ပြန်သည်။ ၎င်းတို့သည် ထိုသို့သော သဘောတရား၊ သို့မဟုတ် ဆိုရိုးစကားတစ်ခုအား မည်သို့ရှင်းပြရမည်ကို၊ အခြားလူများနှင့် ၎င်းတို့ပြောဆိုရန် အသုံးပြုသည့် ၎င်းတို့၏ ကိုယ်ပိုင်ဘာသာစကားအဖြစ်သို့ မည်သို့ပြောင်းရမည်ကို ချက်ချင်းသိကြသည်။ ဤအရာများကို နားထောင်ပြီးနောက်တွင် ၎င်းတို့သည် ယင်းတို့ကို အလျင်အမြန် သတိရသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် အလွန်ပင် သိမြင်နားလည်နိုင်စွမ်း ရှိခြင်းအဖြစ် စံမမီပေ။ ထူးကဲသော မှတ်ဉာဏ်တစ်ခု ရှိခြင်းမျှသာ ဖြစ်သည်။ ယင်းသည် အထူးဆုကျေးဇူးတစ်မျိုး ဖြစ်သည်။ ဤသို့သော ဆုကျေးဇူးတစ်ခုကို ပိုင်ဆိုင်သော တစ်စုံတစ်ယောက်ရှိသလော။ (ရှိပါသည်။) သင်က အကြောင်းအရာတစ်ခုကို ပြောပြီးနောက်တွင် အခြားအရာတစ်ခုနှင့် ပတ်သက်ပြီး ကောက်ချက်များချရန် ထိုအရာကို ချက်ချင်း အသုံးပြုနိုင်သည့် ဤသို့သောလူများရှိသည်။ ၎င်းတို့သည် အကြောင်းအရာတစ်ခု၏ ရှုထောင့်တစ်ခုနှင့်ပတ်သက်ပြီး တင်ပြခြင်းခံရသောအခါတွင် ယင်းကို အခြားနယ်ပယ်တို့၌ အသုံးချနိုင်သည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများကို တင်ပြရန်အတွက် ဆွေးနွေးမှုပြုနေသော အကြောင်းအရာအား အသုံးပြုခြင်း၌ အလွန်ကျွမ်းကျင်သည်။ ၎င်းတို့သည် ပြင်ပအမှုကိစ္စများ၊ သဘောတရားများ၊ ဤယုတ္တိကျသော၊ ဘာသာစကားနှင့်ဆိုင်သော အရာများနှင့်ပတ်သက်လျှင် အလွန် ကျွမ်းကျင်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် သူတစ်ပါးတို့ကို ဆွဲဆောင်ရန်နှင့် စည်းရုံးသိမ်းသွင်းရန်အတွက် စကားကို လှည့်ပတ်ပြောဆိုခြင်းနှင့် သဘောတရားများအား အသုံးပြုခြင်း၌ ထူးချွန်သည်။ ဤဆုကျေးဇူးမျိုးရှိသော လူအချို့ရှိသည်။ ၎င်းတို့သည် အလွန် စကားပြောကောင်းပြီး အလွန့်အလွန် သွက်လက်ချက်ချာသော တွေးခေါ်မှုနှင့် တုံ့ပြန်မှုတို့ရှိကြသည်။ သမ္မာတရား၏ ရှုထောင့်တစ်ခုကို ကြားလျှင် ၎င်းတို့သည် ၎င်းတို့၏ သေးနုပ်သော ပါးနပ်မှု၊ ဆုကျေးဇူးတို့ဖြင့် ဤသမ္မာတရားရှုထောင့်ကို အသိပညာနှင့် လေ့လာသင်ယူခြင်း အမျိုးအစားတစ်ခုအဖြစ် နားလည်သည်။ ထို့နောက် အခြားလူများနှင့် မိတ်သဟာယဖွဲ့ရန်အတွက် ဤလေ့လာသင်ယူမှုမျိုးကို အသုံးပြုပြီး ရေလောင်းခြင်း၊ ထိန်းကျောင်းခြင်းဆိုသော အလုပ်ကို လုပ်သည်။ ဤသည်မှာ လူတို့အပေါ် မည်သည့်သက်ရောက်မှုကို ဖြစ်စေသနည်း။ ရလဒ်ကောင်းတစ်ခုတလေ ရှိသလော။ (မရှိပါ။) အဘယ်ကြောင့်နည်း။ (ယင်းမှာ လက်တွေ့မကျသကဲ့သို့ လူတို့သည် ကြားပြီးသောအခါ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းမရှိ။) ဤလူတို့ ပြောပြီးသည့်အရာကို နားထောင်ပြီးနောက်တွင် ၎င်းတို့ပြောသမျှက မှန်သည်၊ မှားသောစကားတစ်ခွန်း၊ စည်းမျဉ်းများကို ဆန့်ကျင်သော စကားတစ်ခွန်းမျှမရှိ၊ အားလုံးက မှန်ကန်သည်ဟု အခြားလူများက ထင်မြင်ကြသည်။ သို့သော် ယင်းတို့ကို လက်တွေ့လုပ်ဆောင်သောအခါ ဤစကားများသည် အနှစ်မရှိဟုလည်းကောင်း၊ လက်တွေ့လုပ်ဆောင်သောအခါတွင် ပန်းတိုင်၊ သို့မဟုတ် ဦးတည်ချက် မရှိဟုလည်းကောင်း၊ ဤစကားများကို လက်တွေ့လုပ်ဆောင်ရန် စည်းမျဉ်းများအဖြစ် အသုံးပြု၍ မရနိုင်ဟုလည်းကောင်း ၎င်းတို့ ခံစားမိကြသည်။ ဤသို့ဆိုလျှင် ဤစကားများသည် မည်သည့်အရာ ဖြစ်သနည်း။ (အယူဝါဒများဖြစ်သည်။) ယင်းတို့သည် အယူဝါဒတစ်မျိုး၊ အသိပညာတစ်မျိုးဖြစ်သည်။ အန္တိခရစ်များ၏ ဤသို့သော သရုပ်သကန်များသည် အလွန်သိသာပြီး ပေါ်လွင်သည်။ ၎င်းတို့သည် သမ္မာတရားကို အသိပညာအဖြစ်၊ ဘာသာရပ်တစ်ခုအဖြစ်၊ သဘောတရားအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် အကြောင်းအရာများကို တစ်ဝက်သာ နားလည်လျက်ဖြင့် အခြားလူများကို ဤအရာ၊ ထိုအရာကို လုပ်ဆောင်ဖို့ တောင်းဆိုကြသည်။ အခြားလူများက နားမလည်ဘဲ အသေးစိတ် ရှင်းပြရန် အန္တိခရစ်များကို တောင်းဆိုသောအခါ အန္တိခရစ်များသည် အသေအချာ ရှင်းမပြနိုင်ဘဲ ဤအစား “သင်သည် သမ္မာတရားကို မချစ်။ သမ္မာတရားကို ချစ်လျှင် ကျွန်ုပ်ပြောသည့်အရာကို နားလည်နိုင်ပြီး လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခုရှိလိမ့်မည်” ဟူ၍ ပြန်လည်ချေပလျက် တုံ့ပြန်သည်။ နားဝေတိမ်တောင်ဖြစ်သော၊ ပိုင်းခြားသိမြင်မှု ကင်းမဲ့သောသူအချို့သည် ဤအရာကို ကြားပြီး “မှန်သည်။ သမ္မာတရားကို ငါအမှန်တကယ်ချစ်လျှင် သူတို့၏ စကားများကို ငါနားလည်နိုင်လိမ့်မည်” ဟု ထင်ကြသည်။ ပိုင်းခြားသိမြင်မှု မရှိသောလူတို့က ဤလူပြောနေသည့်အရာက မှန်သည်၊ ၎င်းတို့က သမ္မာတရားကို နားမလည်ဟု ခံစားကြရသည်။ ၎င်းတို့သည် တာဝန်ကို ကိုယ်တိုင် ခေါင်းခံပြီး ဤသို့ဖြင့် အန္တိခရစ်တို့၏ အထင်အမြင်မှားအောင်ပြုလုပ်ခြင်းခံရကာ မိမိတို့၏ လမ်းပျောက်ကြရသည်။
အတွေ့အကြုံအကြောင်းကို ယခုပြောကြစို့။ အတွေ့အကြုံသည် အမှုအရာများကို ဖြတ်သန်းသည့် ကြာရှည်သော အချိန်ကာလ တစ်ခုအပေါ် အနှစ်ချုပ်ပြီးဖြစ်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ နှစ်ရက်ကြာ အလုပ်လုပ်ခဲ့သောလူတို့တွင် အတွေ့အကြုံတစ်ခုခု ရှိသလော။ (မရှိပါ။) ဤသို့ဆိုလျှင် ဆယ်နှစ်၊ နှစ်နှစ်ဆယ် အလုပ်လုပ်ခဲ့သောသူတို့တွင် သေချာပေါက် အတွေ့အကြုံရှိသည်။ လူအချို့က ၎င်းတို့သည် နှစ်ပေါင်းများစွာ အလုပ်လုပ်ခြင်းမှ အတွေ့အကြုံ ရှိသည်ဟုလည်းကောင်း၊ အမှုကိစ္စအချို့က ၎င်းတို့အပေါ် ဖြစ်ပျက်သောအခါ၌ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သင့်သည်၊ အချို့သော လူအမျိုးအစားများကို မည်သို့ ကိုင်တွယ်သင့်သည်၊ မည်သည့်လူအမျိုးအစားကို မည်သည့်အယူဝါဒမျိုး ပြောသင့်သည်တို့နှင့် ပတ်သက်လာလျှင်လည်းကောင်း အလုံးစုံသိသည်ဟု ခံစားမိကြသည်။ ရလဒ်အနေဖြင့် တစ်နေ့တွင် ၎င်းတို့မသိသည့် အသစ်သောအရာတစ်ခု ဖြစ်ပျက်သောအခါ ၎င်းတို့သည် ၎င်းတို့၏ ယခင်က နှစ် ၂၀ အလုပ်လုပ်ခဲ့သည့် မှတ်တမ်းများကို လှန်လှောကြည့်သည်။ ယင်းတို့အပေါ် တစိမ့်စိမ့် ချင့်ချိန်တွေးတောသည်။ ထို့နောက် ယခင်က ဤဆိုရိုးစကားများနှင့် အလေ့အကျင့်များကို လက်လွတ်စပယ် အသုံးချသည်။ ၎င်းတို့က ဤသို့ လုပ်ဆောင်သောအခါ သမ္မာတရားကို နားမလည်သူတို့သည် ၎င်းတို့လုပ်ဆောင်နေသည့်အရာက သမ္မာတရားနှင့် ညီသည်ဟု ထင်ဆဲဖြစ်ပြီး သမ္မာတရားကို နားလည်သောသူတို့ကမူ ကြည့်၍ “ဤလူသည် မစဉ်းမစား လုပ်ဆောင်နေသည်။ သူ၏ အလုပ်တွင် စည်းမျဉ်းမရှိ။ သူသည် အတွေ့အကြုံကိုသာ အလုံးစုံ အမှီပြုပြီး ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားမလည်သကဲ့သို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အကာအကွယ်ပေးပြီး လူတို့ကို ဆက်ဆံရန် နည်းလမ်းနှင့်ပတ်သက်၍ ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ညီသည့်ပုံစံဖြင့် မည်သို့လုပ်ဆောင်ရမည်ကိုလည်း နားမလည်ပေ။ သူသည် စည်းမျဉ်းစည်းကမ်းများကို မစဉ်းမစားဖြင့် ပုံသေစောင့်ထိန်းနေခြင်း ဖြစ်သည်” ဟု ဆိုသည်။ ဤတွင် ပြဿနာတစ်ခုရှိသည်။ သာမန်လူသည် တိုတောင်းသော အချိန်တစ်ခုထိသာ အလုပ်လုပ်ခဲ့လျှင် “ငါ့တွင် အတွေ့အကြုံရှိသည်။ ငါ မကြောက်။ ငါသည် နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်သည်။ မည်သည့်လူအမျိုးအစားကို ငါ မမြင်ခဲ့ဖူးသနည်း။ ပြီးလျှင် မည်သည့်အမှုကိစ္စများကို ငါ မကိုင်တွယ်ခဲ့ဖူးသနည်း” ဟု ဆိုရန် အရင်းအနှီး မရှိကောင်းမရှိနိုင်ပေ။ သို့သော် ဤလူတို့က ဤသို့ပြောရဲသည်။ သင်က အမှုအရာများစွာနှင့် မတူညီသော လူအမျိုးအစားများစွာကို ကိုင်တွယ်ဖြေရှင်းခဲ့ဖူးပြီးလျှင်ပင် သင်သည် အမှုကိစ္စတိုင်းကို ကိုင်တွယ်ဖြေရှင်းရာတွင်၊ လူတိုင်းကို ဆက်ဆံသောအခါတွင် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နေသည်ဟု အာမခံနိုင်သလော။ အမှန်တကယ်၌ ဤသည်မှာ သင်အာမခံရဲသောအရာတစ်ခု မဟုတ်။ သို့သော် အတွေ့အကြုံနှင့် လုပ်ရိုးလုပ်စဉ်ကို သမ္မာတရားအဖြစ် မှတ်ယူသောသူတို့အတွက် တစ်စုံတစ်ယောက်က ၎င်းတို့ကို ကန့်ကွက်မှုတစ်ခု ပြုလုပ်လျှင် ၎င်းတို့က “ငါသည် နှစ်ပေါင်းများစွာ အလုပ်လုပ်နေခဲ့သည်။ ငါသည် သင့်ထက် အတွေ့အကြုံများစွာနှင့် အခက်အခဲများစွာကို ဖြတ်သန်းပြီးဖြစ်သည်။ သို့တိုင်အောင် သင်က ငါနှင့် သဘောမတူရဲသလော။ သင်သည် အိမ်သို့ပြန်၍ ဆုတောင်းလော့” ဟု ဆိုသည်။ ၎င်းတို့ရှေ့တွင် မည်သူကမျှ “မဟုတ်” ဟူသည့် စကားကို မပြောရဲပေ။ မတူညီသော ထင်မြင်ချက်များကို မတင်ပြရဲပေ၊ သို့မဟုတ် သဘောထားကွဲလွဲသည့်စကားကို ထုတ်မပြောရဲပေ။ ဤအပြုအမူသည် အဘယ်နည်း။ ဤသည်မှာ အတွေ့အကြုံကို သမ္မာတရားအဖြစ် မှတ်ယူပြီး မိမိကိုယ်ကို သမ္မာတရား၏ ပြယုဂ်အဖြစ် ယုံကြည်ခြင်း ဖြစ်သည်။ လူအချို့က “ကျွန်ုပ်သည် မိမိကိုယ်ကို သမ္မာတရား၏ ပြယုဂ်အဖြစ် မမှတ်ယူပါ။ မည်သူက ဤသို့သောရာထူးကို ခံယူရဲမည်နည်း။ ဘုရားသည်သာ သမ္မာတရား ဖြစ်သည်။ ကျွန်ုပ်သည် မည်သည့်အခါမျှ ဤသို့ မပြုမူခဲ့ဖူးသကဲ့သို့ ဤသို့ လုံးဝ တွေးလည်းမတွေးခဲ့ဖူးပါ” ဟု ဆိုကြသည်။ သင့်အမြင်အရဆိုလျှင် သင်သည် ဤသို့ မစဉ်းစားသကဲ့သို့ ဤသို့ လုပ်ဆောင်ရန်လည်း မရည်ရွယ်ပေ။ သို့သော် အရှိအတိုင်းဆိုလျှင် အမှုအရာများကို သင်လုပ်ဆောင်သည့် ပုံစံများ၊ သင်၏ အပြုအမူ၊ သင်လုပ်ရပ်များ၏ အနှစ်သာရတို့သည် နောက်ဆုံးတွင် သင့်အား မိမိကိုယ်ကို သမ္မာတရား၏ ပြယုဂ်အဖြစ် မှတ်ယူသူဖြစ်သည်ဟူသည့် စရိုက်လက္ခဏာကို သရုပ်ဖော်သည်။ သင်သည် အဘယ်ကြောင့် လူတို့အား သင်၏ အကြံပြုချက်များကို အတိအကျနာခံခိုင်းသနည်း။ သင်က မိမိကိုယ်ကို ဘုရားအဖြစ် မမှတ်ယူဘဲ သာမန်လူတစ်ဦးသာ ဖြစ်လျှင် သင်သည် အခြားလူများအား သင့်ကို နာခံအောင်လုပ်ဆောင်ရန် အရည်အချင်းပြည့်မီသလော။ (မပြည့်မီပါ။) လူတို့က သင့်ကို နာခံနိုင်သည့် အခြေအနေတစ်ခုရှိသည်။ ယင်းမှာ သမ္မာတရားကို သင်နားလည်လျှင် ဖြစ်သည်။ သင်က သမ္မာတရားကို နားလည်သူတစ်ဦးဖြစ်လျှင် ဖြစ်သည်။ သို့သော်ငြားလည်း သင်က သမ္မာတရားကို နားလည်သူတစ်ဦး ဖြစ်လျှင်ပင် သာမန်လူတစ်ဦးသာ ဖြစ်ဆဲဖြစ်သည်။ ပြီးလျှင် သာမန်လူတစ်ဦးသည် သမ္မာတရား၏ ပြယုဂ်ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) လူတစ်ဦးသည် ဘုရားသခင်ပြောဆိုသည့် နှုတ်ကပတ်တော်များအားလုံးနှင့် ဘုရားသခင်က လူကို နားလည်ရန် တောင်းဆိုသည့် သမ္မာတရားအားလုံးကို အဖြေရှာနိုင်လျှင် ထိုသူသည် သမ္မာတရား၏ ပြယုဂ်ဖြစ်လာနိုင်သလော။ (ဖြစ်မလာနိုင်ပါ။) လူအချို့က “ဤသည်မှာ ၎င်းတို့သည် စုံလင်အောင်ပြုခြင်း မခံရသေးသောကြောင့် ဖြစ်နိုင်သည်။ ပေတရုသည် စုံလင်အောင်ပြုခြင်း ခံရပြီးသူတစ်ဦးဖြစ်သည်။ ပေတရုကို သမ္မာတရား၏ ပြယုဂ်အဖြစ် ခေါ်ဆိုနိုင်ပါသလား” ဟု ဆိုကြသည်။ စုံလင်အောင်ပြုခြင်းခံရခြင်းဖြင့် သမ္မာတရား၏ ပြယုဂ်မဖြစ်။ ပြီးလျှင် အဘယ်ကြောင့်ဆိုသည်ကို သင်တို့သိသလော။ (အနှစ်သာရတွင် ခြားနားမှုတစ်ခုရှိသည်။) အနှစ်သာရတွင် ခြားနားမှုတစ်ခုရှိသည်။ ဤသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ လူသည် သမ္မာတရား၏ ပြယုဂ် ဖြစ်လာနိုင်ခြင်း ရှိမရှိဆိုသည်မှာ ငါတို့ ဆွေးနွေးရမည့် ကိစ္စတစ်ခု ဖြစ်သည်။ လူသည် သမ္မာတရား၏ ပြယုဂ်ဖြစ်နိုင်ခြေမရှိဟု အဘယ်ကြောင့်ဆိုသနည်း။ သမ္မာတရား၏ ပြယုဂ်သည် အနှစ်သာရနှင့်သက်ဆိုင်သော ကိစ္စမျှသာ ဖြစ်သလော။ လူအချို့က “လူသည် ဖန်ဆင်းခံအဖြစ် မွေးဖွားလာသည်။ ကောင်းကင်ဘုံ၌ရှိသူသည် ပင်ကိုအားဖြင့် ဖန်ဆင်းရှင်ဖြစ်သည်။ ဤအမှုကိစ္စအကြောင်းကို ကျွန်ုပ်တို့ စကားရည်လုဖို့မလို။ ဘုရားသခင်သည် အစဉ်သဖြင့် သမ္မာတရား၏ ပြယုဂ်ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ခရစ်တော်သည် သမ္မာတရား၏ ပြယုဂ်ဖြစ်သည်မှာ သူသည် သမ္မာတရားကို နားလည်ပြီး သမ္မာတရားရှိသောကြောင့် ဖြစ်သလော။ ဘုရားသခင်ထံမှ သမ္မာတရားအားလုံးကို ကျွန်ုပ်တို့ ရရှိခဲ့လျှင် ကျွန်ုပ်တို့သည်လည်း သမ္မာတရား၏ ပြယုဂ်အဖြစ် ခေါ်ဆိုနိုင်မည်လော” ဟု ဆိုကြသည်။ အခြားသောသူတို့က “ကျွန်ုပ်တို့ မဆိုနိုင်ပါ။ လူတို့သည် ပို၍များသော သမ္မာတရားတို့ကို နားလည်သောအခါ ခရစ်တော် ဖြစ်လာနိုင်ပြီး ဘုရားဖြစ်လာနိုင်သည်ဟု ကျွန်ုပ်ထင်ခဲ့ဖူးသည်။ ဤအနှစ်သာရသည် အစားထိုးမရနိုင်သကဲ့သို့ ပြောင်းလဲ၍ မရနိုင်သည်ကို ယခု ကျွန်ုပ်သိပြီ” ဟု ဆိုကြသည်။ ၎င်းတို့၏ နားလည်မှုသည် ဤအဆင့်သို့ ရောက်ရှိပြီး ဖြစ်သည်။ ဤသို့ဆိုလျှင် သင်တို့သည် ဤအမှုကိစ္စကို ပို၍ပင် နားလည်နိုင်စွမ်းရှိသလော။ သင်တို့နှင့် ငါမိတ်သဟာယဖွဲ့ပြီးသည်နှင့် တစ်ပြိုင်နက် ဤအမှုကိစ္စကို သင်တို့ နားလည်လောက်သည်။ သမ္မာတရား၏ ပြယုဂ်အကြောင်းကို ငါတို့ ပြောဆိုသောအခါ ဤ “ပြယုဂ်” ဆိုသည်မှာ မည်သည့်အရာပင် ဖြစ်သနည်း။ ဤဝေါဟာရသည် အနည်းငယ် စိတ်ကူးသက်သက် ဖြစ်သည်။ ထို့ကြောင့် အရိုးရှင်းဆုံးသော ဝေါဟာရများဖြင့် ပြောကြစို့။ ဘုရားသခင် ကိုယ်တိုင်သည် သမ္မာတရားဖြစ်ပြီး သူသည် သမ္မာတရား အားလုံးကို ပိုင်ဆိုင်သည်။ ဘုရားသခင်သည် သမ္မာတရား၏ အရင်းအမြစ် ဖြစ်သည်။ အပြုသဘောဆောင်သော အရာတိုင်းနှင့် သမ္မာတရားတိုင်းသည် ဘုရားသခင်ထံမှ လာသည်။ အရာခပ်သိမ်းနှင့် ဖြစ်ရပ်တို့၏ မှန်ခြင်း မှားခြင်းအပေါ် ဘုရားသခင်သည် တရားစီရင်နိုင်သည်။ ဖြစ်ပျက်ပြီးသည့် အရာများ၊ ယခုဖြစ်ပျက်နေသည့် အရာများနှင့် လူသား မသိသေးသည့် အနာဂတ်အရာများအပေါ် ဘုရားသခင်သည် တရားစီရင်နိုင်သည်။ ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၏ မှန်ခြင်းမှားခြင်းအပေါ် စီရင်ချက်ချနိုင်သည့် တစ်ပါးတည်းသော တရားသူကြီး ဖြစ်သည်။ ဆိုလိုသည်မှာ အရာခပ်သိမ်း၏ မှန်ခြင်း မှားခြင်းကို ဘုရားသခင်သာလျှင် စီရင်နိုင်သည်။ ခပ်သိမ်းသောအရာတို့အတွက် စံသတ်မှတ်ချက်များကို သူသိသည်။ သူသည် သမ္မာတရားများကို အချိန်မရွေး၊ နေရာမရွေး ဖော်ပြနိုင်သည်။ ဘုရားသခင်သည် သမ္မာတရား၏ ပြယုဂ်ဖြစ်ပြီး ဤသည်မှာ ဘုရားသခင် ကိုယ်တိုင်သည် သမ္မာတရား၏ အနှစ်သာရကို ပိုင်ဆိုင်သည်ဟု ဆိုလိုသည်။ အကယ်၍ လူသားသည် သမ္မာတရားများစွာကို နားလည်သဘောပေါက်ပြီး ဘုရားသခင်၏ စုံလင်အောင်ပြုခြင်း ခံရလျှင်ပင် ၎င်းသည် သမ္မာတရား၏ပြယုဂ်နှင့် သက်ဆိုင်သေးသလော။ မသက်ဆိုင်ပေ။ ဤသည်မှာ သေချာသည်။ လူသားသည် စုံလင်စေခြင်းခံရသောအခါ ဘုရားသခင်၏ လက်ရှိအမှုတော်နှင့် လူသားအပေါ် ဘုရားသခင် သတ်မှတ်သည့် အမျိုးမျိုးသော စံနှုန်းများနှင့်ပတ်သက်ပြီး ၎င်းသည် တိကျသော အကဲဖြတ်မှုနှင့် လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းများရလိမ့်မည်။ ပြီးလျှင် ၎င်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အပြည့်အဝ နားလည်လိမ့်မည်။ ၎င်းသည် ဘုရားသခင်ထံမှ လာသည့်အရာနှင့် လူသားဆီမှ လာသည့်အရာကြား၊ မှန်ကန်သည့်အရာနှင့် မှားယွင်းသည့်အရာကြား ခွဲခြားနိုင်သည်။ သို့တိုင်အောင် လူသားအတွက် မရယူနိုင်သော၊ မရှင်းလင်းသောအရာအချို့ ကျန်ရှိနေသည်။ ဘုရားသခင်က ၎င်းအား ပြောပြပြီးသည့်နောက်တွင်မှ ၎င်း သိနိုင်သောအရာများ ဖြစ်သည်။ မသိရှိရသေးသောအရာများ၊ ဘုရားသခင်က ၎င်းကို မပြောပြရသေးသောအရာများကို လူသားက သိနိုင်သလော၊ သို့မဟုတ် ကြိုတင်ခန့်မှန်းနိုင်သလော။ လုံးဝ မသိနိုင်၊ မခန့်မှန်းနိုင်ပေ။ ထို့အပြင် လူသားသည် ဘုရားသခင်ထံမှ သမ္မာတရားကို ရရှိကာ သမ္မာတရားလက်တွေ့ကျမှုကို ပိုင်ဆိုင်ပြီး သမ္မာတရားများစွာ၏ အနှစ်သာရကို သိရှိကာ၊ အမှန်နှင့်အမှားကိုလည်း ပိုင်းခြားသိမြင်နိုင်စွမ်း ရှိပါက၊ ၎င်းသည် အရာခပ်သိမ်းကို ထိန်းချုပ်ကာ အုပ်စိုးနိုင်သော အစွမ်းရှိမည်လော။ ၎င်းသည် ဤသို့လုပ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ယင်းသည် ဘုရားသခင်နှင့် လူသားကြား ခြားနားချက် ဖြစ်သည်။ ဖန်ဆင်းခံများသည် သမ္မာတရားကို သမ္မာတရား၏ အရင်းအမြစ်မှသာလျှင် အစဉ်သဖြင့် ရရှိနိုင်သည်။ သမ္မာတရားကို လူသားထံမှ ၎င်းတို့ ရရှိနိုင်သလော။ လူသည် သမ္မာတရားဖြစ်သလော။ လူသည် သမ္မာတရားကို မပြတ်ထောက်ပံ့ပေးနိုင်သလော။ မပေးနိုင်ပေ၊ ကွာခြားချက်က ဤနေရာတွင် တည်ရှိသည်။ သင်သည် သမ္မာတရားကို ရရှိရုံရရှိနိုင်သည်၊ မပံ့ပိုးပေးနိုင်ပေ။ သို့ဆိုလျှင် သင့်အား သမ္မာတရားကို ပိုင်ဆိုင်သောသူဟု ခေါ်ဆိုနိုင်သလော။ သင့်ကို သမ္မာတရား၏ပြယုဂ်ဟု ခေါ်ဆိုနိုင် သလော။ လုံးဝ မခေါ်ဆိုနိုင်ပေ။ သမ္မာတရား ပြယုဂ်၏ အနှစ်သာရဆိုသည်မှာ ဘယ်အရာ အတိအကျဖြစ်သနည်း။ ယင်းမှာ သမ္မာတရားကိုပံ့ပိုးသော ရင်းမြစ်၊ ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးမှုနှင့် အချုပ်အခြာအာဏာ၏ ရင်းမြစ်ဖြစ်ပြီး၊ အရာခပ်သိမ်းနှင့် ဖြစ်ရပ်တို့ကို အကဲဖြတ်သော တစ်ခုတည်းသော သတ်မှတ်ချက်နှင့် စံနှုန်းလည်းဖြစ်သည်။ ဤသည်မှာ သမ္မာတရား၏ပြယုဂ်ပေတည်း။ အန္တိခရစ်များသည် ဤအချက်ကို လက်ခံရန် မကြာခဏ ငြင်းဆန်သည်။ အသိပညာသည် ခွန်အားဖြစ်သည်ဟုလည်းကောင်း၊ အတွေ့အကြုံသည် စွမ်းအားကြီးရန်အတွက် လူတို့ မိမိတို့ကိုယ်ကို ပြင်ဆင်ထားသည့် လက်နက်တစ်ခု ဖြစ်သည်ဟုလည်းကောင်း၊ လူတို့သည် အတွေ့အကြုံ၊ အသိပညာနှင့် ဤသင်ခန်းစာများ ရှိသောအခါ အရာရာတိုင်းကို ထိန်းချုပ်နိုင်သည်ဟုလည်းကောင်း ၎င်းတို့ ယုံကြည်ကြသည်။ ယင်းတို့သည် လူတို့၏ ကံကြမ္မာတို့ကို ထိန်းချုပ်နိုင်သည်။ လူတို့၏ အတွေးများကို ထိန်းချုပ်ပြီး ယိမ်းယိုင်စေနိုင်သည်။ လူတို့၏ အပြုအမူကိုပင် ယိမ်းယိုင်စေနိုင်သည်။ သို့မဟုတ် ဤအရာများသည် လူတို့ကို ညွှန်ကြားနိုင်သည်၊ လူတို့၏ စိတ်ကို ပြောင်းလဲနိုင်သည်၊ လူတို့၏ စိတ်သဘောထားကို ပြောင်းလဲနိုင်သည်ဟု လူအချို့က ထင်လိမ့်မည်။ ဤသည်တို့မှာ မည်သည့်အတွေးအခေါ်မျိုးဖြစ်သနည်း။ (အန္တိခရစ်၏ အတွေးအခေါ်များ ဖြစ်သည်။) ဤသည်တို့မှာ အန္တိခရစ်၏ အတွေးအခေါ်များဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အဘယ်ကြောင့် အချုပ်အခြာအာဏာကိုင်စွဲနိုင်သနည်း။ ဘုရားသခင်သည် အပြုသဘောဆောင်သောအရာများ အားလုံး၏ လက်တွေ့ကျမှု ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်တို့သည် အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့ကျမှု ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရသည် အဘယ်နည်း။ သူ၏ အနှစ်သာရသည် သမ္မာတရားဖြစ်သည်။ ဤအတွက်ကြောင့် သူသည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲနိုင်ခြင်း ဖြစ်သည်။ အန္တိခရစ်များသည် ဤအချက်ကို လက်ခံဖို့ မဆိုထားနှင့်၊ ဤအချက်ကို မြင်ခြင်းပင်ဖြစ်စေ၊ အသိအမှတ်ပြုခြင်းပင်ဖြစ်စေ မရှိပေ။ ၎င်းတို့သည် လူတို့ထံမှ၊ အသိပညာမှ၊ လူ့အဖွဲ့အစည်းထံမှလာသော၊ ဆိုးယုတ်သော လူသားမျိုးနွယ်က အထင်ကြီးသော ထိုအရာများကို သမ္မာတရားအဖြစ် မှတ်ယူသည်။ ပြီးလျှင် ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန်၊ ထိန်းချုပ်ရန်၊ အသင်းတော်တွင်၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကြားတွင် နေရာတစ်နေရာကို ရရှိရန်အတွက် ဤအရာများကို အသုံးပြုဖို့ ကြိုးစားသည်။ ၎င်းတို့က လူတို့ကို အထင်အမြင်မှားအောင် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤအရာများကို လေ့လာပြီး ဤအရာများဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ထားခြင်း၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့ကို ၎င်းတို့အား နာခံစေရန်နှင့် ၎င်းတို့စကားများကို နားထောင်စေရန် ဖြစ်သည်။ လူတို့အား ၎င်းတို့၏ စကားများကို နားထောင်စေရန် လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ထိုလူတို့ကို ထိန်းချုပ်ရန် ဖြစ်သည်။) မှန်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ထိုလူတို့ကို ထိန်းချုပ်ရန် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့က စကားအချို့ကို ပြောဆိုသောအခါ၌ လူတို့သည် လိုက်နာပြီး ၎င်းတို့၏ ကြိုးကိုင်ညွှန်ကြားခြင်းကို ခံရကာ ၎င်းတို့၏ အသုံးချပစ္စည်းနှင့် ၎င်းတို့၏ ကျွန်များဖြစ်လာသည်ဟု ဆိုလိုသည်။ လူတို့သည် ၎င်းတို့၏ အမြင်ရှုထောင့်များကို လက်ခံပြီး ၎င်းတို့၏ အတွေ့အကြုံ၊ အသိပညာ၊ သင်ခန်းစာများဟူသောအရာတို့ကို လက်ခံသောကြောင့် ထို့နောက်တွင် ဤလူတို့သည် ၎င်းတို့ကို ကိုးကွယ်ကြသည်။ ၎င်းတို့အား ကိုးကွယ်ခြင်းသည် ၎င်းတို့အား နားထောင်ခြင်း ဖြစ်သည်ဟု မဆိုလိုသလော။ (ဆိုလိုပါသည်။) ၎င်းတို့အား နားထောင်ခြင်းသည် ဤလူတို့ကို အလွယ်တကူ ကြိုးကိုင်ညွှန်ကြား၍ ရနိုင်သည်ဟု မဆိုလိုသလော။ အန္တိခရစ်များသည် အောင်မြင်ခဲ့ပြီ မဟုတ်လော။ (အောင်မြင်ခဲ့ပြီဖြစ်ပါသည်။) တစ်စုံတစ်ယောက်က ၎င်းတို့ကို နားထောင်လိုက်သည်နှင့် သူသည် ဘုရားသခင်ထံမှ အဝေးသို့ ခေါ်ဆောင်သွားခြင်းခံရပြီးဖြစ်သည်ဟု မဆိုလိုသလော။ (ဆိုလိုပါသည်။) ဤသည်မှာ အန္တိခရစ်တို့ကို ပျော်ရွှင်စေသည်။ ဤသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ အမှန်တကယ်တွင် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲ၌ ၎င်းတို့သည် သမ္မာတရား၏ ပြယုဂ်ဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် သမ္မာတရား ဖြစ်သည်ဟုလည်းကောင်း မလွဲမသွေ ပြတ်ပြတ်သားသား ယုံကြည်ခြင်းမျိုး ဟုတ်ချင်မှဟုတ်ပေမည်။ သို့သော် ၎င်းတို့က အမှန်ပင် ဤသို့တွေးပြီး ဤသို့ ပြုမူလုပ်ဆောင်သည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ တွေးပြီး လုပ်ဆောင်သနည်း။ ၎င်းတို့၏ အသိပညာ၊ အတွေ့အကြုံ၊ ၎င်းတို့၏ ဆုကျေးဇူးများမှလာသော အရာအားလုံးတို့သည် မှန်သည်ဟု ယုံကြည်ကြသည်။ ပြီးလျှင် ၎င်းတို့သည် လူတို့ကို ထိန်းချုပ်ရန်၊ လူတို့ကို ၎င်းတို့၏ လက်ထဲတွင် မြဲမြံစွာ ဆုပ်ကိုင်ထားရန်အတွက် ဤအရာများကို အသုံးပြုလိုသည်။ ၎င်းတို့၏ အသိပညာ၊ အတွေ့အကြုံနှင့် သင်ခန်းစာအချို့သည် လူတို့ကို လှည့်စားရန် ရည်ရွယ်သော သိသာစွာပင် နတ်ဆိုးဆန်သည့် စကားများ ဖြစ်သည်။ အချို့မှာ မသိသာသော်လည်း အကြံအစည်များ၊ ကောက်ကျစ်သော လှည့်ကွက်များ၊ အတွင်းတွင် ကွယ်ဝှက်နေသော လျှို့ဝှက်ပူးပေါင်းကြံစည်ချက်များရှိသည်။ ပြီးလျှင် ယင်းတို့ကို မမြင်နိုင်သောသူတို့သည် အထင်အမြင်မှားအောင် လုပ်ဆောင်ခြင်း ခံရလိမ့်မည်။ အထင်အမြင်မှားအောင် ပြုလုပ်ခံရခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ လူတို့သည် ဘုရားသခင်ထံမှ ဝေးကွာလာပြီး သမ္မာတရားကို နားမလည်တော့ဘဲ လူသားအသိပညာ၊ အတွေ့အကြုံ၊ သင်ခန်းစာများကို သမ္မာတရားအဖြစ် မှတ်ယူကာ ဘုရားနှုတ်ကပတ်တော်များကို ဘေးဖယ်ထားကြသည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်ပြီး အလွန်ဝေဝါးလာကြသည်။ သို့သော် ဤအသိပညာနှင့် အတွေ့အကြုံကို ၎င်းတို့ အလွန်ဂရုစိုက်ပြီး အထင်ကြီးသည်။ ယင်းတို့ကို လက်တွေ့လုပ်ဆောင်ပြီး အကောင်အထည် ဖော်ခြင်းကိုပင် အားစိုက်ထုတ်ကြလေသည်။ ဤသည်မှာ အန္တိခရစ်များ၏ လုပ်ရပ်များ၏ ရည်ရွယ်ချက် ဖြစ်သည်။ ၎င်းတို့သည် လူတို့ကို ကြိုးကိုင်ညွှန်ကြားရန်၊ လူတို့ကို ထိန်းချုပ်ရန်၊ ၎င်းတို့အား နာခံစေရန် ဤသို့သော ရည်မှန်းချက်မရှိခဲ့လျှင် ၎င်းတို့သည် ဤအရာများဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ထားမည်လော။ ၎င်းတို့သည် ယင်းတို့အပေါ် မည်သည့်အားထုတ်မှုမျှ ပြုမည်မဟုတ်။ ၎င်းတို့တွင် ပန်းတိုင်တစ်ခုရှိသည်။ ၎င်းတို့၏ ရည်ရွယ်ချက်ထားရှိစိတ်သည် အလွန်ရှင်းလင်းသည်။ ဤရှင်းလင်းသော ရည်ရွယ်ချက်မှာ အဘယ်နည်း။ (လူတို့ကို ထိန်းချုပ်ရန် ဖြစ်သည်။) ယင်းသည် လူတို့ကို ထိန်းချုပ်ရန် ဖြစ်သည်။ ၎င်းတို့က လူအုပ်စုတစ်ခုလုံးကို ထိန်းချုပ်သည်ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်သည်ဖြစ်စေ ၎င်းတို့သည် သဘောတရားဆိုင်ရာ အခြေပြုချက်တစ်ခုမရှိဘဲ မည်သူကိုမဆို ထိန်းချုပ်နိုင်မည်လော။ ၎င်းတို့သည် ဦးစွာ လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် အညီဆုံးဖြစ်သော၊ လူတို့၏ နှစ်သက်မှုများအတွက် အသင့်တော်ဆုံးဖြစ်သော အတွေးအခေါ်များနှင့် သဘောတရားများ တစ်စုံကို ရှာဖွေရမည်ဖြစ်ပြီး ယင်းတို့ကို လူတို့ကြား ဖြန့်ရန် ဖြစ်နိုင်သမျှနည်းလမ်းတိုင်းကို အသုံးပြုရမည်။ ဤသည်မှာ လူတို့ကို အယူအသစ်များသွတ်သွင်းခြင်း၊ ၎င်းတို့၏ အတွေးအခေါ်များကို ပြုပြင်ခြင်း၊ လူတို့ကို စဉ်ဆက်မပြတ် ဦးနှောက်ဆေးခြင်း၊ လူတို့အား ဤအတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို နားထောင်စေရန်၊ ရင်းနှီးစေရန်၊ လက်ခံရန် စဉ်ဆက်မပြတ် လုပ်ဆောင်ခြင်းတို့ကို ဆိုလိုသည်။ အမှန်တွင် လူတို့သည် ပြုသမျှနုလျက် အယူဝါဒသွတ်သွင်းခံနေရခြင်း၊ ပြုသမျှနုလျက် ဦးနှောက်ဆေးခံနေရခြင်း ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် ဤအမြင်များကို အမှုမဲ့အမှတ်မဲ့ လက်ခံကြသည်။ လူတို့သည် စိတ်အတွင်း၌ အမှန်နှင့်အမှားကို ခွဲခြားသိမြင်နိုင်စွမ်းမရှိသောကြောင့် သမ္မာတရားကို နားမလည်မီတွင် ဤအရာများကို ခုခံနိုင်စွမ်းမရှိပေ။ ၎င်းတို့တွင် ဤအရာအတွက် ကိုယ်ခံအားမရှိပေ။ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော ဤအမြင်ရှုထောင့်များကို လူတို့ လက်ခံသောအခါ ၎င်းတို့သည် ယင်းတို့အားဖြင့် အလျင်အမြန် ဖမ်းစားခံရသည်။ “ဖမ်းစားခံရခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ဤအမြင်ရှုထောင့်များကို လူတို့ လက်ခံပြီးနောက်တွင် ဤအရာများသည် မှန်သည်ဟု ယုံကြည်ခြင်းတွင် ပို၍ စိတ်ပိုင်းဖြတ်ချက်ရှိလာပြီး မိမိတို့ကိုယ်ကိုနှင့် အခြားလူများကို စည်းရုံးသိမ်းသွင်းရန် ဤအမြင်ရှုထောင့်များကို စဉ်ဆက်မပြတ် အသုံးပြုခြင်းကို ဆိုလိုသည်။ ၎င်းတို့သည် အထင်အမြင်မှားအောင် ပြုခြင်းခံရပြီး ထိန်းချုပ်ခြင်းခံရသည်။ ဤသည်မှာ လူတို့ကို အထင်အမြင်မှားအောင် လုပ်ဆောင်သောအခါ၌ စာတန်က သူ၏ ရည်မှန်းချက် ပြည့်ဝပုံဖြစ်သည်။
ကမ္ဘာလောကတွင် အတတ်ပညာပိုင်းဆိုင်ရာ အထူးကျွမ်းကျင်မှုအချို့ကို သင်ယူပြီးခဲ့သော၊ သို့မဟုတ် လူ့အဖွဲ့အစည်းတွင် လူမှုအဆင့်အတန်းတစ်ခုခု ရှိသောသူအချို့သည် ဘုရားအိမ်တော်သို့ လာပြီးနောက်တွင် တူညီသော အတွေးအခေါ်တစ်ခု ရှိကြသည်။ ထို့ကြောင့် ၎င်းတို့တွင် တူညီသော သရုပ်သကန်များ ဖြစ်ပေါ်ကြသည်။ ဤအတွေးအခေါ်သည် အဘယ်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လူ့အဖွဲ့အစည်းတွင် အခွင့်အထူးခံလူစုအဖြစ် သတ်မှတ်ကြသည်။ အခွင့်ထူးခံလူစု ဆိုသည်မှာ အဘယ်နည်း။ ၎င်းတို့သည် အုပ်စုများတွင် ထင်ပေါ်သောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် အထူးမြင့်မားသော ပညာရေးတစ်ခုခုကို ရရှိခဲ့ကြသည်။ ပြီးလျှင် ၎င်းတို့၏ ပင်ကိုစွမ်းရည်များ၊ အစွမ်းအစ၊ ဆုကျေးဇူးများသည် အခြားလူတို့ထက် သာသည်။ အခြားလူတို့ထက် သာသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ လူအုပ်စုတစ်ခုတွင် ၎င်းတို့သည် ထူးချွန်သော တွေးခေါ်မှု၊ အသိဉာဏ်ရှိပြီး စကားပြောကောင်းသည်၊ အချို့သောအရာများနှင့် ကျွမ်းကျင်မှုများကို နားလည်ရန် အထူးအရည်အချင်း ရှိသည်ဟု ဆိုလိုသည်။ ဤအရာကို အခြားလူများထက်သာသည်ဟု ခေါ်ခြင်းဖြစ်သည်။ ပြီးလျှင် ဤလူတို့ကို လူ့အဖွဲ့အစည်းတွင် လူရည်ချွန်များအဖြစ် သိကြသည်။ နိုင်ငံတိုင်းက ဤလူမျိုးကို ပျိုးထောင်ပေးသည်။ ၎င်းတို့ ပျိုးထောင်ပေးခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ နိုင်ငံကို ပို၍မြန်ဆန်စွာ တိုးတက်စေရန် ဖြစ်သည်။ ဤသို့သောလူတို့က အမျိုးမျိုးသော နေရာတို့တွင် ရည်စူးအပ်နှံထားသောအခါ လူ့အလွှာတိုင်းရှိ ဖွံ့ဖြိုးတိုးတက်မှုက မြန်ဆန်လာသည်။ လူ့အဖွဲ့အစည်းတွင် ဤသို့သောလူတို့၏ အဆင့်အတန်းမှာ မြင့်သလော၊ သို့မဟုတ် နိမ့်သလော။ (မြင့်ပါသည်။) ၎င်းတို့သည် အသေအချာပင် သာမန်အဆင့်အတန်းတစ်ခုမရှိ။ ၎င်းတို့တွင် အထူးပင်ကိုစွမ်းရည်အချို့ရှိသည်။ အထူးအသိပညာအချို့ကို သင်ယူခဲ့ပြီး ဖြစ်ပြီး အထူးပညာရေးအချို့ကို ရရှိပြီး ဖြစ်သည်။ ၎င်းတို့၏ အစွမ်းအစ၊ ပင်ကိုစွမ်းရည်များနှင့် သင်ယူလေ့လာခဲ့ပြီးသော အသိပညာတို့သည် သာမန်လူတို့ထက်ပို၍ မြင့်သည်။ ဤလူတို့သည် အသင်းတော်သို့လာလျှင် ၎င်းတို့၏ စိတ်အခြေအနေမှာ အဘယ်နည်း။ ၎င်းတို့၏ ပထမဆုံး အတွေးမှာ အဘယ်နည်း။ ရှေးဦးစွာ ၎င်းတို့က “အားနည်းနေသော ဝက်ဝံသည် သမင်တစ်ကောင်ထက်ပို၍ သန်မာဆဲဖြစ်သည်။ ငါသည် ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် လောကီကို မလိုက်စားသော်လည်း၊ သို့မဟုတ် ထိုနေရာတွင် ကျော်ကြားမှုကို မပျော်မွေ့သော်လည်း ငါ ရရှိခဲ့သည့် အထူးပညာရေးနှင့် ငါ သင်ယူခဲ့သော အသိပညာ၊ ငါ ရှိထားသည့် ပင်ကိုစွမ်းရည်တို့ကိုပါ ထောက်လျှင် ငါသည် သင်တို့အထဲတွင် ခေါင်းဆောင်ဖြစ်သင့်သည်။ ဘုရားအိမ်တော်တွင် ငါသည် အဓိကအစိတ်အပိုင်းတစ်ခု၊ ထောက်တိုင်တစ်ခု ဖြစ်သင့်သည်။ ငါသည် ဦးဆောင်ပြီး လမ်းပြသည့်သူ ဖြစ်သင့်သည်” ဟူ၍ တွေးသည်။ ဤသည်မှာ ၎င်းတို့တွေးသည့်ပုံစံ မဟုတ်လော။ ဤတွေးခေါ်မှုသည် မည်သည့်အရာကို အခြေခံသနည်း။ ၎င်းတို့သည် နိမ့်ကျသော လယ်သမားဖြစ်လျှင် ဤသို့ တွေးရဲမည်လော။ (တွေးရဲမည် မဟုတ်ပါ။) အဘယ်ကြောင့် မတွေးရဲမည်နည်း။ (၎င်းတို့တွင် အရင်းအနှီး မရှိပါ။) ဤသို့ တွေးရန် ၎င်းတို့တွင် အရင်းအနှီးမရှိ။ ဤသို့ဆိုလျှင် မည်သည့်လူအမျိုးအစားက ဤသို့ တွေးနိုင်သနည်း။ ၎င်းတို့အားလုံးသည် အချို့သော အသိပညာ၊ ပင်ကိုစွမ်းရည်များ၊ ဆုကျေးဇူးများအပြင် အစွမ်းအစဆိုသောအရာ ရှိသူများ ဖြစ်ကြသည်။ ဘုရားအိမ်တော်သို့ ၎င်းတို့ လာသောအခါ ၎င်းတို့က “လောကီကို ငါမလိုက်စားတော့ပါ။ လောကီသည် ဆိုးယုတ်လွန်းသည်။ ထို့ကြောင့် ဤအစား ဘုရားအိမ်တော်သို့ ငါလာပြီး ထိုနေရာတွင် လိုက်စားမည်။ ဘုရားအိမ်တော်တွင် ငါသည် အနည်းဆုံးအနေဖြင့် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ဦး၏နေရာကို ရနိုင်သည်” ဟု တွေးသည်။ ၎င်းတို့သည် ကောင်းသောရည်ရွယ်ချက်များကို စိတ်တွင်ထားရှိကြသလော။ (မထားရှိကြပါ။) ကောင်းသော ရည်ရွယ်ချက်များကို အဘယ်ကြောင့် စိတ်တွင် မထားရှိကြသနည်း။ ၎င်းတို့ သင်ယူခဲ့သည့်အရာများနှင့် ၎င်းတို့၏ လူမှုအဆင့်အတန်းသည် ၎င်းတို့ကို ဆိုးရွားစွာ ထိခိုက်သည်။ သမ္မာတရားကို ၎င်းတို့ မလိုက်စားလျှင် ၎င်းတို့သည် မိမိတို့၏ အသက်တာတွင် ထိုသို့သောနေရာမှ မည်သည့်အခါမျှ ဆင်းလာမည်မဟုတ်။ ၎င်းတို့သည် မိုးပေါ်ထိမြင့်သည်ဟု အစဉ်ခံစားရလိမ့်မည်။ သို့သော် အမှန်တွင် ဘုရားသခင်၏ အမြင်၌ ၎င်းတို့သည် မည်သည့်သာမန်ဖန်ဆင်းခံနှင့်မျှ ကွာခြားခြင်းမရှိ။ ၎င်းတို့သည် အစဉ်သဖြင့် မိုးပေါ်ရှိ အမြင့်တွင် မိမိတို့ကိုယ်ကို အစဉ်ထားရှိလိမ့်မည်။ ဤသည်မှာ အန္တရာယ်မရှိသလော။ ၎င်းတို့ ကျလျှင် ပြင်းထန်စွာ ကျလိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ အသက်သည် အန္တရာယ်ရှိကောင်း ရှိနိုင်သည်။ ဤသို့သောလူတို့က ၎င်းတို့သည် မြင့်မားသော အဆင့်အတန်း ရှိသင့်သည်ဟုလည်းကောင်း၊ ကိုးကွယ်ခြင်း ခံရသင့်သည်ဟုလည်းကောင်း၊ လူများစွာတို့က ၎င်းတို့ကို ဗဟိုပြုသင့်သည်ဟုလည်းကောင်း၊ အရာရာတိုင်းတွင် တိုင်ပင်ဆွေးနွေးခြင်းခံရသင့်ပြီး ၎င်းတို့၏ ထင်မြင်ချက်များကို နားထောင်စေသင့်သည်ဟုလည်းကောင်း၊ အရာရာတိုင်း၌ ၎င်းတို့ကို တွေးပြီး ဦးစားပေးသင့်သည်ဟုလည်းကောင်း အဘယ်ကြောင့် ခံစားရသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် “သင့်သည်” ဆိုသောအရာများစွာကို တွေးကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့၏ လူမှုအဆင့်အတန်း၊ အသိပညာနှင့် ၎င်းတို့သင်ယူခဲ့သော အထူးအကြောင်းအရာများကို အလွန်အလေးထားသောကြောင့် ဖြစ်သည်။ ၎င်းတို့က “ပြောသည့် သမ္မာတရားသည် မည်မျှများပြားသည်ဖြစ်စေ၊ မည်မျှမြင့်မားသည်ဖြစ်စေ ငါ၏ ဤပိုင်ဆိုင်မှုများသည် တန်ဖိုးရှိဆဲ ဖြစ်သည်။ ယင်းတို့သည် သမ္မာတရားထက်ပို၍ တန်ဖိုးရှိပြီး သမ္မာတရားဖြင့် အစားထိုး၍ မရနိုင်ပေ။ လူ့အဖွဲ့အစည်းတွင် ငါသည် ကုမ္ပဏီတစ်ခု၏ အကြီးအကဲဖြစ်သည်။ လူထောင်ပေါင်းများစွာကို စီမံခန့်ခွဲသည်။ ငါ၏ လက်တစ်ချက်ပြလိုက်ရုံဖြင့် လူတိုင်းက ငါ့ကို နားထောင်ရသည်။ ငါ့တွင် ဤသို့သော ကြီးသောအာဏာရှိသည်။ ထို့ကြောင့် ငါ့တွင် မည်သည့် ရာထူးနှင့် အဆင့်အတန်းမျိုး ရှိသည်ကိုသာ တွေးကြည့်ပါ။ ဘုရားအိမ်တော်ရှိ ဤပါမွှားလေးများကြားတွင် မည်မျှက ငါ့ထက် ပိုအဆင့်အတန်းမြင့်သနည်း။ ငါကြည့်ကြည့်သောအခါ ထူးခြားသောလူများစွာကို ငါမတွေ့။ ၎င်းတို့ကို ငါ စီမံခန့်ခွဲရမည်ဆိုလျှင် ပြဿနာဖြစ်မည်မဟုတ်။ အရေးကြီးသော ကိစ္စဖြစ်မည်မဟုတ်” ဟူ၍ တွေးသည်။ သင်က ၎င်းတို့ကို “ကောင်းပြီ။ သင့်တွင် ဤရည်မှန်းချက်ရှိသည်မှာ ကောင်းသည်။ သင်၏ ဆန္ဒကို ကျွန်ုပ် ဖြည့်ဆည်းမည်။ ကျွန်ုပ်သည် သင့်ကို အသင်းတော်ခေါင်းဆောင်အဖြစ် အကြံပြုထောက်ခံမည်။ ဤလူတို့ကို ဘုရားနှုတ်ကပတ်တော်အား ဖတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းကို သိစေရန်အတွက် ဘုရားရှေ့သို့ သင်ခေါ်ဆောင်ပါ။ ပြီးလျှင် အားနည်းသူ၊ အပျက်သဘောဆောင်သူ၊ မိမိတာဝန်ကို မထမ်းဆောင်သူတို့ကို သင် ထောက်မပေးပါ” ဟု ပြောသည် ဆိုပါစို့။ ၎င်းတို့က “ဤသည်မှာ လွယ်သည်။ ကျွန်ုပ် စီးပွားရေးလုပ်ခဲ့သောအချိန်က လူတို့အား ၎င်းတို့၏ တွေးခေါ်ပုံတွေးခေါ်နည်းနှင့်ပတ်သက်၍ ဆွေးနွေးလမ်းညွှန်မှု အလုပ်မျိုးစုံ လုပ်ဆောင်ခဲ့သည်။ ဤသည်မှာ ကျွန်ုပ် ကျွမ်းကျင်သည့်အရာတစ်ခု ဖြစ်သည်” ဟု ဆိုလိမ့်မည်။ အသင်းတော်တစ်ခုရှိ လူသုံးဆယ်ကျော်ကို ၎င်းတို့၏ လက်ထဲတွင် အပ်နှံပြီးနောက် မည်သည့်အရာ ဖြစ်ပျက်သနည်း။ နှစ်လမကြာမီတွင် အားနည်းသူတို့မှာ ပို၍ အားနည်းလာသည်။ အပျက်သဘောဆောင်သူတို့မှာ ပို၍ အပျက်သဘောဆောင်လာသည်။ ပြီးလျှင် ဧဝံဂေလိတရားဟောသူတို့သည် လူတို့ကို မရရှိနိုင်ပေ။ ဘုရားနှုတ်ကပတ်တော်အား မည်သို့ဖတ်ရမည်ကို မသိသူတို့သည် စုဝေးပွဲ အချိန်ကျသည်နှင့်တစ်ပြိုင်နက် ငိုက်မျဉ်းပြီး အထက်မှ တရားဒေသနာများကိုပင် နားမထောင်လိုတော့ပေ။ “သင်သည် အလွန်စွမ်းဆောင်နိုင်သည် မဟုတ်လော” ဟု မေးသောအခါတွင် ၎င်းတို့က “ဟုတ်သည်။ ငါသည် အကြီးအကဲတစ်ဦး ဖြစ်ခဲ့သည်။ ငါ၏ လုပ်ဆောင်နိုင်စွမ်းတို့သည် သိသာသည်” ဟု ဆိုသည်။ သင်သည် လောကီတွင် မည်သည့်အကြီးအကဲမျိုး ဖြစ်ပါစေ အသုံးမဝင်ပေ။ သမ္မာတရားကို နားမလည်လျှင် သင်သည် အသင်းတော်အလုပ်ကို လုပ်ဆောင်ရာ၌ လူပြိန်းတစ်ဦး ဖြစ်သည်။ ဤလူတို့ကို ဧဝံဂေလိအလုပ်အား ကြီးကြပ်ခွင့်ပြုလျှင် ၎င်းတို့သည် အသုံးမဝင်သော၊ အပေါ်ယံဆန်သော လုပ်ရိုးလုပ်စဉ်တို့ကိုသာ ပါဝင်လုပ်ဆောင်လိမ့်မည်။ မည်သည့်ရလဒ်မျှ ရမည်မဟုတ်။ ပြီးလျှင် ဒါဇင်နှင့်ချီသော လူများရှိသည့် အသင်းတော်သည် ကောင်းစွာ ရေလောင်းခြင်းခံရမည်မဟုတ်ပေ။ ဤတွင် မည်သည့်အရာ ဖြစ်နေသနည်း။ ဤသို့ နှံ့စပ်သောလူတို့သည် လူ့အဖွဲ့အစည်းတွင် တစ်ခါက အသင်းအဖွဲ့ဆိုင်ရာ အကြီးအကဲများနှင့် အလုပ်အမှုဆောင်များဖြစ်ကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဘုရားအိမ်တော်သို့ လာသောအခါတွင် အဘယ်ကြောင့် ၎င်းတို့၏ ကျွမ်းကျင်မှုများကို မပြသနိုင်ကြသနည်း။ (သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့ကို မထိန်းသိမ်းသောကြောင့် ဖြစ်ပါသည်။) သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့ကို မထိန်းသိမ်းသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ သို့သော် အဓိကအကြောင်းရင်းမှာ အဘယ်နည်း။ သမ္မာတရားကို ၎င်းတို့ နားမလည်ခြင်းကြောင့် ဖြစ်၏။ ထို့ကြောင့် လူတို့၏ အခြေအနေများ၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ လူအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များ၊ လူကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင် စကားပြောသည့် ပုံစံတို့နှင့်ပတ်သက်သောအခါတွင် ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး ဤအရာများ၌ မည်သည့်အရာ ဖြစ်နေသည်ကို ထိုးထွင်းမမြင်နိုင်ပေ။ ပြီးလျှင် ၎င်းတို့သည် မစဉ်းမစားဖြင့်၊ အပေါ်ယံဆန်သောပုံစံဖြင့်သာ ပြုမူလုပ်ဆောင်ကြသည်။ ၎င်းတို့က အသင်းတော်အလုပ်သည် လောကီတွင် စီးပွားရေးတစ်ခုလုပ်သကဲ့သို့ ဖြစ်သည်ဟုလည်းကောင်း၊ လူတို့၏ စိတ်ကို ၎င်းတို့ လှုံ့ဆော်သရွေ့၊ လူတို့၏ စိတ်ထက်သန်မှုကို နှိုးဆော်ပေးသရွေ့ ၎င်းတို့သည် ကောင်းစွာလုပ်ဆောင်ပြီး ဖြစ်လိမ့်မည်ဟု ထင်ကြသည်။ ၎င်းတို့သည် တစ်ဖက်တွင် လူတို့အား ၎င်းတို့၏ တွေးခေါ်ပုံတွေးခေါ်နည်းနှင့်ပတ်သက်၍ ဆွေးနွေးလမ်းညွှန်မှုကို လုပ်ဆောင်သင့်ပြီး အခြားတစ်ဖက်တွင် လောကီတွင် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရာ၌ ၎င်းတို့၏ အခြေကျပြီးဖြစ်သော နည်းလမ်းများကို ကောင်းစွာအသုံးပြုသင့်ကာ ၎င်းတို့၏အထက်ရှိ လူများကို လာဘ်ထိုးရန်၊ ၎င်းတို့အောက်ရှိ လူများကို ငွေကြေးနှင့် လာဘ်လာဘတို့ပေး၍ စည်းရုံးရန် ကြိုးစားသင့်သည်ဟု ထင်ကြသည်။ လူတို့ကို ပိုက်ဆံရစေရန် သေချာလုပ်ဆောင်ပေးသရွေ့ လူတို့သည် သင့်ကို နားထောင်ပြီး သင့်နောက်လိုက်မည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ ထိုမျှရိုးရှင်းသည်ဟု ၎င်းတို့က ထင်ကြသည်။ အပြင်လောကတွင် အမှုအရာများ၌ သမ္မာတရားမပါဝင်ပေ။ ဘုရားသခင်အား ယုံကြည်ခြင်းတွင် မိမိလုပ်ဆောင်သောအရာရာတိုင်းသည် သမ္မာတရားနှင့် စိတ်သဘောထားပြောင်းလဲမှုများ ပါဝင်သည်။ လောကီတွင် ၎င်းတို့လုပ်ခဲ့သော တူညီသောနည်းလမ်းများကို အသုံးပြုခြင်းက အလုပ်ဖြစ်မည်လော။ (ဖြစ်မည်မဟုတ်ပါ။) အလုပ်ဖြစ်မည်မဟုတ်။ လူတို့၏ အခြေအနေများအား မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်၊ လူတို့၏ အားနည်းချက်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်၊ လူတို့ကို မည်သို့ကောင်းစွာ ပံ့ပိုးရမည်၊ ဘုရားသခင်နှင့်ပတ်သက်သော လူတို့၏ အယူအဆများကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်၊ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သောအခါတွင် မိမိကိုယ်ကို သိမြင်ရန် မည်သို့လုပ်ဆောင်ရမည်၊ လူတို့အား ရိုးသားစေရန် မည်သို့လုပ်ဆောင်ရမည်တို့နှင့် ပတ်သက်သောအခါတွင် ၎င်းတို့သည် မည်သည့်အရာကိုမျှ မသိသကဲ့သို့ အဓိပ္ပာယ်မရှိသောအရာများကိုပင်ပြောကာ စည်းမျဉ်းစည်းကမ်းများကို မစဉ်းမစား အတင်းအကျပ် ပြဋ္ဌာန်းသည်။ ဥပမာ တစ်စုံတစ်ယောက်က လူပြိန်းစကားဖြစ်သော၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော အရာတစ်ခုကို ပြောလျှင် ၎င်းတို့က ဤသူသည် အစွမ်းအစညံ့ဖျင်းပြီး သမ္မာတရားကို မလိုက်စားဟု ဆိုလိမ့်မည်။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကို မစဉ်းမစားဖြင့် အသုံးချခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် အခြားလူတို့က ရှေ့ဆက်ရန်လမ်းမရှိတော့သည်အထိ ဤပုံစံဖြင့် ဤသို့၊ ထိုသို့လုပ်ဆောင်ပြီး ၎င်းတို့ကို နှောင့်ယှက်ပြီး စိတ်ဓာတ်ခွန်အားမရှိစေရန် လုပ်ဆောင်သည်။ မိမိတို့၏ တာဝန်ကို လုပ်ဆောင်သောသူတို့သည် လုံးဝ အားအင်မရှိတော့ပေ။ အပျက်သဘောဆောင်သူများကမူ ပို၍ပင် အပျက်သဘောဆောင်လာကြသည်။ လူအချို့က ဤသို့သောလူတစ်ဦးက ၎င်းတို့အသင်းတော်ကို ဦးဆောင်လျှင် ၎င်းတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်ကို အိမ်၌ ဖတ်ခြင်းက ပို၍ကောင်းလိမ့်မည်ဟု ဆိုကြသည်။ ဤသည်မှာ မည်သည့်အရာကြောင့် ဖြစ်သနည်း။ အသင်းတော်တစ်ခုကို ၎င်းတို့ ဦးဆောင်သောအခါ ၎င်းတို့သည် လူတို့အား စိတ်ပါဝင်စားမှုမရှိ ဖြစ်လာစေပြီး လူတို့အား ဘုရားသခင်ကို မယုံကြည်လိုတော့စေရန် လုပ်ဆောင်သည်။ လူတို့သည် အဘယ်ကြောင့် မယုံကြည်လိုသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် နဂိုက အနည်းငယ်ရှင်းလင်းသော ရူပါရုံရှိသည်။ သို့သော် ဤလူ၏ လုပ်ရပ်များက ၎င်းတို့ကို နှောင့်ယှက်ပြီး မရှင်းမလင်းဖြစ်စေသည်။ ဤလူတို့၏ စိတ်နှလုံးတွင် အစကတည်းက မည်သည့်သမ္မာတရားမျှ မရှိပေ။ အယူဝါဒများကိုသာ နားလည်သည်။ ၎င်းတို့သည် ဤလူ၏ နှောင့်ယှက်ခြင်းကို ခံရပြီးနောက် ပို၍ပင် နားဝေတိမ်တောင်ဖြစ်လာပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို နားမလည်သဘောမပေါက်နိုင်တော့ပေ။ ဘုရားသခင်ကိုယ်တော်တိုင်၏ ဖြစ်တည်မှုသည်လည်း အနည်းငယ် မရှင်းမလင်းဖြစ်လာသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဤလူတို့ကို ဤအဆင့်သို့ ခေါ်ဆောင်ရန် မည်သည့်နည်းလမ်းမျိုးကို အသုံးပြုသနည်း။ ဥပမာ “လူကို ဘုရားသခင် ဖန်ဆင်းသည်” ဆိုသည့် စကားသည် သမ္မာတရား ဟုတ်သလော။ (ဟုတ်ပါသည်။) ဤစကားသည် သမ္မာတရားဖြစ်ပြီး မှန်သည်ဟု ညီအစ်ကိုမောင်နှမများက ပို၍ ခိုင်မာစွာ ယုံကြည်နိုင်ပြီး လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ လာသည်ဟု လက်ခံယုံကြည်နိုင်ကာ ဤသို့ဖြင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှု တိုးပွားလာစေရန်အတွက် ဤစကားကို သက်သေပြရန် သင်၏ စစ်မှန်သော အသိအမြင်များ၊ နားလည်မှုနှင့် အတွေ့အကြုံတို့ကို အသုံးပြုရမည်။ လူတစ်ဦးတွင် ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိသည်နှင့်၊ သူသည် ဆုံးမပဲ့ပြင်မှုကို လက်ခံသောအခါ၊ သို့မဟုတ် ဆင်းရဲဒုက္ခ၊ ဖိနှိပ်မှုတစ်ခုခုကို ခံစားရသောအခါ သူ၏ စိတ်နှလုံးတွင် ခွန်အားရှိလိမ့်မည်။ ဤသည်မှာ အမှန်တရား တစ်ခုဖြစ်သည်။ သို့သော် ဤလူများက မည်သည့်အရာကို ပြောသနည်း။ “လူသားများသည် လွန်ခဲ့သော နှစ်ပေါင်းသန်း ၁၀၀ က မျိုးနွယ်စုဝင်များအဖြစ် နေထိုင်ခဲ့ကြသည်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသော တီဗီအစီအစဉ်တစ်ခုရှိသည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့က မိမိတို့၏ အသိပညာကို ကြွားဝါ၍ ဤသို့သော သမိုင်းအကြောင်းကို ပြောသောအခါ ၎င်းတို့ပြောသည်ကို ကြားသောသူတိုင်းက မရှင်းမလင်းဖြစ်သွားကြသည်။ “လူကို ဘုရားသခင်က ဖန်ဆင်းသည်ဟု မဆိုသလော။ သင်က ဤသို့ပြောသောအခါ ထိုသို့ဖြစ်သည့်ပုံစံမရှိ။ လူသည် မျောက်ဝံမှလာသလော” ဟူ၍ ဖြစ်သည်။ ကြည့်လော့။ ၎င်းတို့သည် လူတို့ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားလိုက်သနည်း။ ဤသည်မှာ လူတို့ကို ဒုက္ခပေးနေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အခွင့်အရေးရသည့်အခါတိုင်းတွင် ၎င်းတို့၏ အသိပညာကို ကြွားဝါပြီး သမိုင်း၊ အတွေးအခေါ်ပညာရပ်၊ လောကီတွင် အစိုးရအရာရှိများနှင့် ၎င်းတို့က မည်သို့ ဆက်ဆံပြီး ပူးပေါင်းကြံစည်ကြသည့်အကြောင်းတို့ကို ပြောဆိုပြီး ဤအရာများကိုသာ ကြွားဝါကြသည်။ ၎င်းတို့က ဤသို့ ကြွားဝါသောအခါ၊ ဝိညာဉ်ရင့်ကျက်မှုတွင် ငယ်ရွယ်သော၊ အားနည်းသော၊ ယုံကြည်ခြင်း နည်းပါးသော ညီအစ်ကိုမောင်နှမအချို့က ဤအရာများကို ကြားသောအခါ ၎င်းတို့၏ စိတ်နှလုံးက မည်သည့်နေရာသို့ သွားသနည်း။ (လောကီဆီသို့ ပြေးသွားသည်။) မှန်သည်။ ဤသည်မှာ မည်သည့်အရာနှင့် ညီမျှသနည်း။ ၎င်းတို့ကို အပ်နှံခဲ့သော ဤလူတို့သည် ၎င်းတို့၏ ဖျက်ဆီးခြင်းကို ခံရသည်။ ၎င်းတို့သည် သိသာစွာပင် လူပြိန်းဖြစ်သည်။ ၎င်းတို့သည် အသက်ဝင်ရောက်မှုနှင့်သက်ဆိုင်သော ကိစ္စများကို နားမလည်ရုံသာမကဘဲ ၎င်းတို့၏ အလုပ်က မည်သည့်အရာဖြစ်သည်ကိုလည်း နားမလည်ပေ။ အသက်တာရှိ ဝိညာဉ်ရေးရာ အမှုကိစ္စများ၊ သို့မဟုတ် စိတ်သဘောထား ပြောင်းလဲမှုများဆိုလျှင် ဆိုဖွယ်ရာမရှိ။ ဤမည်သည့်အရာကိုမျှ ၎င်းတို့ နားမလည်ပေ။ သို့တိုင်အောင် ၎င်းတို့သည် သမ္မာတရားကို နားလည်သူအဖြစ် ဟန်ဆောင်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ဦးဆောင်ရန် သိုးထိန်းဖြစ်လိုဆဲ ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်မရှိ မဖြစ်သလော။ သင်သည် အသက်တာတွင် ဝိညာဉ်ရေးကိစ္စများကို နားမလည်လျှင် ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းခံရသောအခါ၌ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သင့်အနေဖြင့် “ကျွန်ုပ်သည် လူပြိန်းတစ်ဦး ဖြစ်သည်။ အသင်းတော်တစ်ခုကို မည်သည့်အခါမျှ ဦးမဆောင်ခဲ့ဖူးပါ။ အလုပ်အစီအစဉ်များက ဤအရာနှင့်ပတ်သက်ပြီး မည်သည့်အရာကို သတ်မှတ်သည်ဆိုသည်ကို ကျွန်ုပ် ရှာဖွေပြီး ကြည့်ရှုရမည်။ ပြီးလျှင် အလုပ်ကို မည်သို့ဆောင်ရွက်သင့်သည်ဆိုသည်ကို မိတ်သဟာယဖွဲ့ရန်အတွက် ဤအရာကို နားလည်သောသူတို့ကိုရှာရမည်၊ သို့မဟုတ် သမ္မာတရားကို နားလည်သော ညီအစ်ကိုမောင်နှမများကို ရှာပြီး ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရမည်” ဟူ၍ ပြောလော့။ ဤသည်မှာ မှန်သော သဘောထား ဟုတ်သလော။ (ဟုတ်ပါသည်။) သို့သော် လူအချို့က ဤသို့မလုပ်ဆောင်။ ၎င်းတို့က အထက်စီးမှနေ၍ “သင်သည် ကျွန်ုပ်ကို အခြားလူများနှင့် ပူးပေါင်းဆောင်ရွက်စေလိုသည်။ မည်သူက ကျွန်ုပ်ထက် ပို၍ ဝါရင့်သော အရည်အချင်းများ ရှိသနည်း။ မည်သူက ကျွန်ုပ်ထက်ပို၍ မြင့်မားသော လူမှုအဆင့်အတန်း ရှိသနည်း။ ကျွန်ုပ်သည် လူ့အဖွဲ့အစည်းတွင် အလွန်ပင် ကျော်ကြားသည်။ ကျွန်ုပ်နှင့် တွေ့ဆုံသူ မည်သူမဆိုသည် လေးစားမှုအနည်းငယ်ရှိဖို့ လိုသည်” ဟု ဆိုသည်။ ၎င်းတို့သည် ဤသို့သာ ကြွားဝါပြောဆိုပြီး ၎င်းတို့၏ လုပ်ဆောင်နိုင်စွမ်းများကို ကြွားဝါသည်။ ၎င်းတို့က အသင်းတော်ကို ဤသို့ ဦးဆောင်သောအခါ ညီအစ်ကိုမောင်နှမများသည် သမ္မာတရားလက်တွေ့ကျမှုအတွင်းသို့ ဝင်ရောက်ဖို့ မျှော်လင့်ချက်ရှိသေးသလော။ (မရှိပါ။) မရှိပေ။ ဤသို့ဖြစ်သော်လည်း ဤလူတို့သည် အခြားလူတို့အား အရာရာတိုင်းကို ၎င်းတို့ထံသို့ တင်ပြခိုင်းဆဲ ဖြစ်သည်။ ဤနတ်ဆိုးများသည် အချိန်ခဏကြာ တက္ကသိုလ်တက်ခဲ့ပြီး အသိပညာအနည်းငယ်ကို ပိုင်ဆိုင်သည်။ ပြီးလျှင် အကျိုးဆက်အနေဖြင့် ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် မာန်တက်ပြီး ကလိမ်ကျရဲသည်။ မကောင်းသောအရာမျိုးစုံကို လုပ်ဆောင်ရဲသည်။ ၎င်းတို့တွင် ရှင်သန်ရပ်တည်ရေးအတွက် နည်းလမ်းအချို့ရှိသည်။ ထို့ကြောင့် ၎င်းတို့ အောင်မြင်မှုရရန်အတွက် ဘုရားအိမ်တော်သို့ လာလိုသည်။ ၎င်းတို့သည် အဆင့်အတန်းကို ရရှိပြီး ၎င်းတို့၏ ဘိုးဘေးများ ဂုဏ်ရှိစေရန်အတွက် ဘုရားသခင်ရွေးချယ်ထားသောလူတို့က ၎င်းတို့ကို နားထောင်ပြီး ၎င်းတို့နောက် လိုက်လျှောက်စေရန် သမ္မာတရား၏ ပြယုဂ်အဖြစ်ပင် ဟန်ဆောင်လိုကြသည်။ “သမ္မာတရား၏ ပြယုဂ်”ဆိုသည်မှာ ၎င်းတို့အတွက် မည်သည့်အရာကို ဆိုလိုသနည်း။ “ကျွန်ုပ်၏ အတွေး၊ နည်းလမ်း၊ ထင်မြင်ချက်တစ်ခုစီတိုင်းတို့ကို သမ္မာတရားအဖြစ် သင်တို့အားလုံး ထိန်းသိမ်းရမည်။ သင့်အတွက် ကျွန်ုပ် စည်းကမ်းတစ်ခုကို ချမှတ်ထားသည်။ ငါးဒေါ်လာအောက်ရှိသည့် ငွေတောင်းခံလွှာတို့ပင် ပါဝင်သည့် ငွေတောင်းခံလွှာအားလုံးကို ကျွန်ုပ်ထံသို့ တင်ပြရမည်” ဟု ဆိုလိုသည်။ အခြားလူတို့က “ငါးဒေါ်လာကို တင်ပြရန် မလိုအပ်သင့်ပါ။ ကျွန်ုပ်တို့တွင်လည်း ဩဇာအာဏာ အတိုင်းအတာတစ်ခုရှိသည်။ စည်းမျဉ်းများအတိုင်းသာ ကျွန်ုပ်တို့ မလုပ်ဆောင်နိုင်သလော” ဟု ဆိုသည်။ ၎င်းတို့က မည်သို့ ထင်သနည်း။ “ယင်းမှာ မည်သို့အဆင်ပြေနိုင်သနည်း။ ဤသည်မှာ ကြီးမားသော ကိစ္စတစ်ခုဖြစ်သည်။ ကျွန်ုပ်သည် ခေါင်းဆောင်ဖြစ်သည်။ ကျွန်ုပ်သည်သာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့က ဤသို့ မပြောသော်လည်း ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးတွင် တွေးသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူတို့ကို ၎င်းတို့ ထိန်းချုပ်ပုံ ဖြစ်သည်။ ၎င်းတို့သည် မကောင်းသော၊ သို့မဟုတ် အခြားလူတို့ကို လှည့်စားသော မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်။ ၎င်းတို့က အခြားလူများကို လှည့်စားပြီး ဒုက္ခပေးသောအခါ မျက်တောင်မခတ်ပေ။ ရင်မခုန်ပေ။ စိတ်အတွင်းတွင် လုံးဝ မသက်မသာ မဖြစ်ပေ။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် ရာထူးတစ်ခု ပေးခြင်းခံရသောအခါ ယူရဲသည်။ ထိုရာထူးကို ယူပြီးနောက်တွင် ၎င်းတို့သည် နောက်ဆုတ်လိုခြင်း မရှိဘဲ အခြားလူများနာခံအောင်လုပ်ဆောင်ရန်အတွက် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်လိုသည်။ ဤသို့သောလူများ ရှိသလော။ (ရှိပါသည်။)
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။