၂၈၂ ဘုရားသခင်၌ ယုံကြည်ခြင်းဆိုင်ရာ ခံယူထွက်ဆိုချက်များ
၁
ယုံကြည်ခြင်း၏ အခြေခံကျဆုံးအစိတ်အပိုင်းမှာ
နေ့စဉ် နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြစ်သည်
နေ့စဉ် ဆောင်ရွက်ရမည့်အမှုမှာ
ဘုရားရှင်ထံ ဆုတောင်းခြင်းနှင့် မိမိကိုယ်ကို သုံးသပ်ခြင်းဖြစ်သည်
ယုံကြည်ခြင်း၏အဓိကပစ်မှတ်မှာ သမ္မာတရားကို လက်တွေ့ကျင့်သုံးရန်နှင့်
ပြုမူရန် မူများရှိခြင်း ဖြစ်သည်
ယုံကြည်ခြင်း၌ ထားရှိရမည့် အသိစိတ်မှာ
ဘုရားသခင်၏စေခိုင်းချက်ကို ပြည့်စုံစေရန် တာဝန်၌ သစ္စာရှိခြင်းဖြစ်သည်
၂
ကယ်တင်ခြင်း ရရှိရန် လမ်းသည်
ဘုရား၏အမှုကို နာခံခြင်း၊ သမ္မာတရားနောက် လိုက်ခြင်းဖြစ်သည်
သူ၏ဖြေရှင်းချက်နှင့် စီရင်ခြင်းကို လက်ခံခြင်းသည်
ယုံကြည်ခြင်း၏အခြေခံသွန်သင်ချက်ဖြစ်သည်
အရေးကြီးဆုံး အမှန်တရားသည်
သမ္မာတရားရှိခြင်းနှင့် ရိုးသားဖြောင့်မတ်ခြင်းဖြစ်သည်
သင့်တစ်သက်တာ ဝတ္တရားအဖြစ် သမ္မာတရားကို နာခံပါ
၎င်းသည် လက်တွေ့ယုံကြည်ခြင်းအသက်တာ၏ အမြင့်ဆုံးမူဖြစ်သည်
၃
ဘုရားကို ယုံကြည်ခြင်း၌ အကြီးမားဆုံး ကျရှုံးခြင်းသည်
လူနောက်လိုက်ခြင်း၊ လူကို ကိုးကွယ်ခြင်းဖြစ်သည်
ဘုရားသခင်ကို ယုံကြည်သည့်အခါ
ဘုရားကို သစ္စာမဖောက်ရန်၊ မဆန့်ကျင်ရန် သတိပြုပါ
ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရမည်
ဤအရာသည် မပြောင်းလဲသော ယုံကြည်ခြင်းလမ်းစဉ်ဖြစ်သည်
ယုံကြည်ခြင်း၏နောက်ဆုံး ရည်ရွယ်ချက်မှာ
ဘုရားသခင်ကို သိကျွမ်းရန် သင်ယူခြင်းနှင့်
သူ့အတွက် သက်သေခံရန် ဖြစ်သည်
ဘုရားသခင်ကို နှစ်သက်မြတ်နိုးသည့်အခါ
၎င်းသည် စစ်မှန်သော ယုံကြည်ခြင်းဖြစ်သည်
ဘုရားသခင်ကို မြတ်နိုးခြင်းသည် သင့်ကို သမာဓိရှိစေ၍ မြင့်မြတ်စေသည်
ဘုရားသခင်ကို အစဉ်မြတ်နိုး၍ ဘုရားအတွက် အသက်ရှင်လျှင်
သင် ဘယ်တော့မှ နောင်တရမည် မဟုတ်ပါ
ဘုရားသခင်ကို အမှန်ပင် ချစ်မြတ်နိုးသူသာလျှင်
ဘုရားအတွက် သက်သေခံ၍ သူ့ကို ချီးမြောက်နိုင်မည်
အမှန်သည်ကား ဘုရားသခင်ကို ချစ်ခြင်းထက်၊
ဘုရားသခင်ကို ချစ်ခြင်းထက်
ဘယ်အရာမှ ပို၍ အဓိပ္ပာယ်မရှိပါ
ဘယ်အရာမှ ပို၍ မင်္ဂလာမရှိပါ