၃၇၉ ဘုရားကို သစ္စာဖောက်ခြင်းသည် လူ့သဘာဝသာတည်းကျူး

၁ ထလူ့သဘာဝဗီဇသည် ဝိညာဉ်ထံမှလာပြီး၊ ဇာတိပကတိထံမှ မဟုတ်ချေ။ လူအသီးသီး၏ ဝိညာဉ်ကသာ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများ၊ ဝေဒနာနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့အား ၎င်းတို့ မည်သို့ တွေ့ကြုံကြပြီးဖြစ်သည်ကို သိသည်။ ဤအရာများသည် လူသား၏ ဇာတိပကတိအဖို့ မသိရှိနိုင်သော အရာများ ဖြစ်သည်။ ထို့ကြောင့်၊ လူသားနှင့် ငါကိုယ်တိုင်ကြားက အကွာအဝေးမှာ သာ၍ ကြီးမားလာပြီး လူသားမျိုးနွယ်အတွက် အသက်တာသည် သာ၍ သာ၍ မှောင်မိုက်လာစဉ်တွင်၊ လူသားမျိုးနွယ်သည် အမှတ်တမဲ့ သာ၍ မှောင်မိုက်လာသည်၊ သာ၍ ညစ်ညူးလာပြီး သာ၍ သာ၍ ဆိုးညစ်လာလေသည်။ စာတန်သည် လူသားမျိုးနွယ်၏ ဝိညာဉ်များကို သူ၏ လက်ထဲတွင် ထိန်းသိမ်းထားသောကြောင့်၊ လူသား၏ ဇာတိပကတိသည်လည်း စာတန်၏ သိမ်းပိုက်ခြင်း ခံရသည်မှာ မှန်ပေ၏။ ထိုသို့သော ဇာတိပကတိနှင့်‌ ထိုသို့သော လူသားမျိုးနွယ်သည် ဘုရားသခင်ကို အဘယ်သို့ မဆန့်ကျင်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် သူနှင့် အဘယ်သို့ ပင်ကိုအားဖြင့် သဟဇာတဖြစ်နိုင်မည်နည်း။ စာတန်ကို လေထုထဲသို့ ငါ ပစ်ချသည့်အကြောင်းရင်းမှာ သူသည် ငါ့ကို သစ္စာဖောက်သောကြောင့် ဖြစ်သည်။ ထို့နောက် လူသားတို့သည် ၎င်းတို့၏ ပတ်သက်မှု အဘယ်သို့ လွတ်ကင်းနိုင်မည်နည်း။ ဤသည်မှာ သစ္စာဖောက်ခြင်းက လူသား သဘာဝဗီဇဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်။

၂ သင် မည်မျှကြာ ဘုရားသခင်၏ နောက်လိုက် ဖြစ်ခဲ့သည်ဖြစ်စေ- သင်၏ သဘာဝဗီဇသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ ဖြစ်ဆဲရှိပေသည်။ တစ်နည်းအားဖြင့် ဆိုရလျှင်၊ လူတို့သည် ၎င်းတို့၏ အသက်တာများ ထဲတွင် အကြွင်းမဲ့ ရင့်ကျက်ခြင်းကို ရရှိနိုင်စွမ်း မရှိကြသကဲ့သို့ ၎င်းတို့၏ စိတ်သဘောထားများထဲတွင် အတော်အတန် ပြောင်းလဲမှုများသာ ရှိနိုင်သောကြောင့် လူသား၏ သဘာဝဗီဇက ဘုရားသခင်ကို သစ္စာဖောက်ဖို့ ဖြစ်ပေသည်။ သင်၏အသက်တာ မည်မျှ ရင့်ကျက်ပါစေ၊ သင်၏အတွေ့အကြုံများ မည်မျှ နက်ရှိုင်းပါစေ၊ သင်၏ မိမိကိုယ်ကိုယ် ယုံကြည်မှု မည်မျှ ကြီးမားပါစေ၊ မည်သည့်နေရာတွင် သင်မွေးဖွားပြီး မည်သည့်နေရာသို့ သင်သွားနေသည်ဖြစ်စေ၊ ဘုရားသခင်ကို သစ္စာဖောက်ခြင်း နှင့်ဆိုင်သော သင်၏ သဘာဝဗီဇသည် အချိန်မရွေး၊ နေရာမရွေး မိမိကိုယ်ကိုယ် ထုတ်ဖော်ပြဖွယ် ရှိသည်။ လူတစ်ဦးစီတိုင်းကို ဘုရားသခင် ပြောလိုသည့်အရာမှာ ဤသို့ဖြစ်၏- ဘုရားသခင်ကို သစ္စာဖောက်ရန်မှာ လူတစ်ဦးစီတိုင်း၏ မွေးရာပါ သဘာဝဗီဇ ဖြစ်သည်ဟူ၍ ဖြစ်ပေသည်။ ဤနှုတ်ကပတ်တော်ကို ဖော်ပြရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို ပယ်ရှင်းဖို့ သို့မဟုတ် ရှုတ်ချဖို့ အကြောင်းပြချက်များ ရှာရန်မဟုတ်ဘဲ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သူ၏ လမ်းပြမှုကို ရရှိဖို့ တစ်ချိန်လုံး သတိရှိရှိ အသက်ရှင်နိုင်ကြဖို့အလို့ငှာ လူသား သဘာဝကို လူတို့ ပိုမို သတိပြုမိစေရန်ဖြစ်သည်၊ ယင်းက ဘုရားသခင် ရှိနေမှုကို ဆုံးရှုံးခြင်းနှင့် ပြန်လမ်းမရှိသည့် လမ်းကြောင်းပေါ် ခြေချခြင်းမှ ၎င်းတို့ကို တားဆီးလိမ့်မည် ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၇၈ လူ့သဘာဝ သစ္စာဖောက်ရခြင်း အကြောင်းရင်းကျူး

နောက်တစ်ခုသို့- ၃၈၀ ဘုရားကို သစ္စာဖောက်ခြင်း၏ အန္တရာယ်များသည့် အကျိုးဆက်များကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

၇၅၈ ဘုရားသခင်ကို ချစ်သောသူတို့သည် မင်္ဂလာရှိ၏

ဘုရားကိုချစ်သောသူ ဘုရားရဲ့သက်သေခံနိုင်သူဘုရားရဲ့ကောင်းချီးနဲ့ ကတိတော်များရှိဘုရားကိုချစ်သောသူ ဘုရားရဲ့သားသမီး ယုံကြည်သူဘုရားရဲ့ကောင်းချီး...

၅၀၁ ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။