၃၇၈ လူ့သဘာဝ သစ္စာဖောက်ရခြင်း အကြောင်းရင်းကျူး
၁ လူသား၏ သဘာဝဗီဇသည် ငါ၏ အနှစ်သာရနှင့် အတော်အတန် ကွဲပြား၏။ အဘယ်ကြောင့်ဆိုသော် လူသား၏ ဖောက်ပြန်ပျက်စီးသော သဘာဝမှာ စာတန်ထံမှ လုံးလုံးလျားလျား အစပြုသည့်အတွက်၊ လူသား၏ သဘာဝဗီဇသည် စာတန်၏ စီမံပြုပြင်ခြင်းခံရပြီး ဖျက်ဆီးခြင်းခံရသည့်အတွက် ဖြစ်၏။ ယင်းမှာ လူသားသည် စာတန်၏ ဆိုးယုတ်မှုနှင့် အကျည်းတန်မှု၏ လွှမ်းမိုးမှုအောက် အသက်ရှင်ခြင်းဖြစ်သည်။ လူသားသည် သမ္မာတရား၏ လောက သို့မဟုတ် သန့်ရှင်းသော ပတ်ဝန်းကျင် တစ်ခုထဲတွင်ပင် မကြီးပြင်းပေ၊ ထို့အပြင် အလင်းထဲတွင် အသက်ရှင်ခြင်း သာ၍ပင် မရှိပေ။ ထို့ကြောင့်၊ မည်သူမဆိုသည် မွေးဖွားခြင်း အခိုက်အတန့်မှ ၎င်းတို့၏ သဘာဝဗီဇအတွင်းတွင် သမ္မာတရားကို ပိုင်ဆိုင်ဖို့မှာ မဖြစ်နိုင်သကဲ့သို့၊ မည်သူမဆို ဘုရားသခင်ကို ကြောက်ရွံ့ပြီး နာခံသော အနှစ်သာရတစ်ခုဖြင့် မွေးဖွားဖို့ သာ၍ မဖြစ်နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ လူတို့သည် ဘုရားသခင်ကို အာခံသည့်၊ ဘုရားသခင်ကို မနာခံသည့် သဘာဝဗီဇတစ်ခုရှိပြီး သမ္မာတရားအတွက် ချစ်ချင်းမေတ္တာ မရှိချေ။ ဤသဘာဝဗီဇသည် ငါ ဆွေးနွေးချင်သည့် ပြဿနာ- သစ္စာဖောက်ခြင်း- ဖြစ်၏။
၂ လူသားမျိုးနွယ်တည်ရှိခြင်း၏ အခြေခံမှာ ဝိညာဉ်၏ အဖန်ဖန် လူဝင်စားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင်၊ ၎င်းတို့၏ ဝိညာဉ်က လူဝင်စားချိန်တွင် လူတိုင်းသည် ဇာတိပကတိဖြင့် လူ့ဘဝတစ်ခုကို ရရှိ၏။ လူ့ခန္ဓာတစ်ခု မွေးဖွားပြီးနောက်တွင်၊ နောက်ဆုံးအခိုက်အတန့်ဖြစ်သည့် ဝိညာဉ်က မိမိ၏ အခွံကို စွန့်ခွာသည့်အချိန်၊ ဇာတိပကတိက နောက်ဆုံး ဆက်၍ မရှင်သန်နိုင်တော့သည်အထိ ထိုခန္ဓာ၏ အသက်သည် ဆက်လက် ရှင်သန်လေသည်။ လူတစ်ဦး၏ ဝိညာဉ်သည် အကြိမ်ကြိမ် သွားလိုက် လာလိုက် ဖြစ်နေလျက်၊ ဤဖြစ်စဉ်သည် အဖန်ဖန် ဖြစ်ကာ၊ ဤသို့ဖြင့် လူသားမျိုးနွယ်၏ တည်ရှိခြင်းကို ဆက်လက် ထိန်းသိမ်း ထားလေသည်။ ဇာတိပကတိ၏ အသက်သည် လူ့ဝိညာဉ်၏ အသက်လည်းဖြစ်ပြီး၊ လူ့ဝိညာဉ်က လူသား၏ ဇာတိပကတိ တည်ရှိခြင်းကို ထောက်ပံ့ပေးလေသည်။ ယင်းမှာ လူအသီးသီး၏ အသက်သည် ၎င်းတို့၏ ဝိညာဉ်ထံမှ လာပြီး အသက်သည် ဇာတိပကတိတွင် မွေးရာပါ မဟုတ်ဟု ဆိုလိုသည်။ ထို့ကြောင့် လူ့သဘာဝဗီဇသည် ဝိညာဉ်ထံမှလာပြီး၊ ဇာတိပကတိထံမှ မဟုတ်ချေ။
၃ လူအသီးသီး၏ ဝိညာဉ်ကသာ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများ၊ ဝေဒနာနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့အား ၎င်းတို့ မည်သို့ တွေ့ကြုံကြပြီးဖြစ်သည်ကို သိသည်။ ဤအရာများသည် လူသား၏ ဇာတိပကတိအဖို့ မသိရှိနိုင်သော အရာများ ဖြစ်သည်။ ထို့ကြောင့်၊ လူသားနှင့် ငါကိုယ်တိုင်ကြားက အကွာအဝေးမှာ သာ၍ ကြီးမားလာပြီး လူသားမျိုးနွယ်အတွက် အသက်တာသည် သာ၍ သာ၍ မှောင်မိုက်လာစဉ်တွင်၊ လူသားမျိုးနွယ်သည် အမှတ်တမဲ့ သာ၍ မှောင်မိုက်လာသည်၊ သာ၍ ညစ်ညူးလာပြီး သာ၍ သာ၍ ဆိုးညစ်လာလေသည်။ စာတန်သည် လူသားမျိုးနွယ်၏ ဝိညာဉ်များကို သူ၏ လက်ထဲတွင် ထိန်းသိမ်းထားသောကြောင့်၊ လူသား၏ ဇာတိပကတိသည်လည်း စာတန်၏ သိမ်းပိုက်ခြင်း ခံရသည်မှာ မှန်ပေ၏။ ထိုသို့သော ဇာတိပကတိနှင့် ထိုသို့သော လူသားမျိုးနွယ်သည် ဘုရားသခင်ကို အဘယ်သို့ မဆန့်ကျင်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် သူနှင့် အဘယ်သို့ ပင်ကိုအားဖြင့် သဟဇာတဖြစ်နိုင်မည်နည်း။ စာတန်ကို လေထုထဲသို့ ငါ ပစ်ချသည့်အကြောင်းရင်းမှာ သူသည် ငါ့ကို သစ္စာဖောက်သောကြောင့် ဖြစ်သည်။ ထို့နောက် လူသားတို့သည် ၎င်းတို့၏ ပတ်သက်မှု အဘယ်သို့ လွတ်ကင်းနိုင်မည်နည်း။ ဤသည်မှာ သစ္စာဖောက်ခြင်းက လူသား သဘာဝဗီဇဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်