သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်ကို သိမြင်ခြင်း (၄)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၂၀)

ဘုရားသခင်၏ သြဇာအာဏာကို ကျယ်ပြန့်သည့်ရှုထောင့်နှင့် အနုစိတ်ရှုထောင့်များမှ သိနားလည်ခြင်း

ဘုရားသခင်၏ သြဇာအာဏာသည် အတုမဲ့ဖြစ်၏။ ၎င်းသည် ဘုရားသခင်ကိုယ်တိုင်၏ ထူးခြားသည့် ပင်ကို လက္ခဏာဆိုင်ရာ ဖော်ပြချက်၊ ထူးခြားသည့် အနှစ်သာရနှင့် ဝိသေသ လက္ခဏာဖြစ်သည်။ မည်သည့် ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခြင်း မခံရသည့်အရာကမျှ ထိုကဲ့သို့သော အရာကို မပိုင်ဆိုင်ပေ။ ဖန်ဆင်းရှင်သာ ဤသို့သော သြဇာအာဏာမျိုးကို ပိုင်ဆိုင်သည်။ ဆိုလိုသည်မှာ အတုမရှိသည့် ဘုရားသခင်ဖန်ဆင်းရှင်သာ ဤနည်းလမ်းဖြင့်ဖော်ပြခံရပြီး ဤအနှစ်သာရရှိပေသည်။ သို့ဆိုလျှင် ဘုရားသခင်၏ သြဇာအာဏာအကြောင်းကို ငါတို့ အဘယ်ကြောင့် ဆွေးနွေးသင့်သနည်း။ ဘုရားသခင်ကိုယ်တိုင်၏ သြဇာအာဏာသည် လူသား၏ စိတ်ထဲ၌ အကြံရသည့် “သြဇာအာဏာ” နှင့် မည်သို့ ကွာခြားသနည်း။ ၎င်းနှင့်ပတ်သက်ပြီး မည်သည့်အရာ ထူးခြားသနည်း။ ထိုအကြောင်းကို ဤနေရာတွင် ပြောဖို့ အဘယ်ကြောင့် အထူးသဖြင့် အရေးပါသနည်း။ သင်တို့ တစ်ဦးချင်းစီသည် ဤကိစ္စကို ဂရုတစိုက် စဉ်းစားသုံးသပ်ရမည်။ လူအများစုအတွက်၊ “ဘုရားသခင်၏ သြဇာအာဏာ” ဆိုသည်မှာ သိနားလည်ရန် အားထုတ်မှုများစွာ လိုအပ်သည့် အရာတစ်ခုဖြစ်ပြီး ထိုအရာကို ဆွေးနွေးခြင်းတစ်ခုတစ်လေသည် စိတ်ကူးသက်သက် ဖြစ်ဖို့များသည့် မသဲကွဲသော ထင်မြင်ယူဆချက်တစ်ခုဖြစ်သည်။ ထို့ကြောင့် လူသားက ပိုင်ဆိုင်နိုင်စွမ်းရှိသည့် ဘုရားသခင်၏ သြဇာအာဏာနှင့် သက်ဆိုင်သော အသိပညာနှင့် ဘုရားသခင်၏ သြဇာအာဏာနှင့် သက်ဆိုင်သော အနှစ်သာရတို့ကြား အစဉ် ကွာဟမှုတစ်ခု ရှိပေလိမ့်မည်။ ဤကွာဟမှုကို ဖြည့်ဆည်းဖို့ လူသားက လက်လှမ်းမှီသည့်၊ ၎င်းတို့၏ တကယ့်ဘဝများတွင် လူသားတို့ နားလည်ရန် ၎င်းတို့ တတ်စွမ်းနိုင်မှုအတွင်းတွင်ရှိသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများ သို့မဟုတ် ဖြစ်ရပ်များမှတဆင့် ဘုရားသခင်၏ သြဇာအာဏာကို အယောက်တိုင်း တဖြည်းဖြည်းချင်း သိလာရပါမည်။ “ဘုရားသခင်၏ သြဇာအာဏာ” ဆိုသည့် စကားရပ်သည် ဉာဏ်မမှီနိုင်ဟု ထင်ရသော်လည်း ဘုရားသခင်၏ သြဇာအာဏာသည် စိတ်ကူးသက်သက် လုံးဝ မဟုတ်ပေ။ ဘုရားသခင်သည် နေ့စဉ် သူ့ကိုဦးဆောင်ပေးလျက် လူသားဘဝ၏ မိနစ်တိုင်းတွင် သူနှင့်အတူရှိနေ၏။ ထို့အတွက်ကြောင့် တကယ့် ဘဝတွင် လူတိုင်းသည် ဘုရားသခင့် သြဇာအာဏာ၏ လက်ဆုပ်လက်ကိုင် ပြ၍အရနိုင်ဆုံးသော လက္ခဏာသွင်ပြင်ကို သေချာပေါက် မြင်ပြီး တွေ့ကြုံရပေလိမ့်မည်။ ဤလက်ဆုပ်လက်ကိုင် ပြ၍ရနိုင်သော လက္ခဏာသွင်ပြင်သည် ဘုရားသခင်၏ သြဇာအာဏာ အမှန်တကယ် တည်ရှိကြောင်း လုံလောက်သည့် သက်သေဖြစ်ပြီး၊ ဘုရားသခင်က ထိုသို့သော သြဇာအာဏာအား ပိုင်ဆိုင်သည်ကို အပြည့်အဝ သိမြင်ပြီး နားလည်သဘောပေါက်ခွင့်ပေးလေသည်။

ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး ယင်းကို ဖန်ဆင်းလျက် အရာခပ်သိမ်းအပေါ် အုပ်စိုးမှု ရှိလေသည်။ အရာခပ်သိမ်းအပေါ် အုပ်စိုးခြင်းအပြင် သူသည် အရာအားလုံးကို ထိန်းချုပ်ထား၏။ “ဘုရားသခင်က အရာအားလုံးကို ထိန်းချုပ်ထားသည်” ဆိုသည့် အယူအဆက မည်သည်ကို ဆိုလိုသနည်း။ မည်သို့ရှင်းပြ၍ ရနိုင်သနည်း။ ယင်းသည် လက်တွေ့ဘဝနှင့် အဘယ်သို့ သက်ဆိုင်သနည်း။ ဘုရားသခင်က အရာအားလုံးကို ထိန်းချုပ်ထားသည်ဆိုသည့် အချက်ကို သိနားလည်ခြင်းက ဘုရားသခင်၏ သြဇာအာဏာကို သိနားလည်မှုဆီသို့ အဘယ်သို့ ဆိုက်ရောက်စေသနည်း။ “ဘုရားသခင်က အရာအားလုံးကို ထိန်းချုပ်ထားသည်” ဆိုသည့် တကယ့်စကားရပ်မှ၊ ဘုရားသခင် ထိန်းချုပ်သည့်အရာမှာ လူသားမျိုးနွယ် တစ်စိတ်တစ်ပိုင်း မပြောနှင့်၊ ဂြိုဟ်များ၏ တစ်စိတ်တစ်ပိုင်း မဟုတ်သကဲ့သို့ ဖန်ဆင်းခြင်း၏ တစ်စိတ်တစ်ဒေသမဟုတ်ဘဲ အရာအားလုံးဖြစ်သည်ကို ငါတို့ သိသင့်၏။ ထူးကဲကြီးမားသည်မှ သေးငယ်မှုန်မွှားသည့်အရာအထိ၊ မြင်နိုင်သည့်အရာများမှ မမြင်နိုင်သည့်အရာအထိ၊ စကြဝဠာအတွင်းက ကြယ်များမှ ကမ္ဘာမြေကြီးပေါ်က သက်ရှိများအထိအပြင် ပကတိမျက်စိနှင့် မမြင်နိုင်သည့် အဏုဇီဝရုပ်များနှင့် တစ်ခြားပုံသဏ္ဌာန်များဖြင့် တည်ရှိနေသည့် သတ္တဝါများအထိဖြစ်ပေသည်။ ဤကား ဘုရားသခင်က “ထိန်းချုပ်ထားသည်” ဆိုသည့် “အရာအားလုံး” ၏ တိကျသည့် ဖွင့်ဆိုချက်ဖြစ်၏၊ ယင်းသည် သူ၏ သြဇာအာဏာနှင့်ဆိုင်သော နယ်ပယ်၊ သူ၏ အချုပ်အခြာအာဏာနှင့် အုပ်စိုးမှုတို့၏ အတိုင်းအတာ ဖြစ်သည်။

ဤလူသားမျိုးနွယ် ဖြစ်တည်မလာမီတွင်၊ စကြဝဠာတည်း ဟူသော ဂြိုဟ်အားလုံး၊ မိုးကောင်းကင်မှ ကြယ်များအားလုံးသည် တည်ရှိနှင့်ပြီးဖြစ်သည်။ ကျယ်ပြန့်သည့်ရှုထောင့်အဆင့်တွင် မိုးကောင်းကင်တွင်ရှိသည့် ဤအစုအဝေးများသည် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် သူတို့ဖြစ်တည်နေသည့် တစ်လျှောက်လုံး နှစ်ပေါင်းမည်မျှ ကြာပြီဖြစ်သော်လည်း ပုံမှန်လည်ပတ်နေခဲ့သည်။ မည်သည့်ဂြိုဟ်က သီးသန့် မည်သည့်အချိန်တွင် မည်သည့် အရပ်ကိုသွားသည်၊ မည်သည့် ဂြိုဟ်က မည်သည့်အလုပ်ကို လုပ်ပြီး မည်သည့်အချိန်တွင် လုပ်သည်၊ မည်သည့် ဂြိုဟ်က မည်သည့် ဂြိုဟ်ပတ်လမ်းကြောင်းတစ်လျှောက် လည်ပတ်သည်၊ ပြီးလျှင် မည်သည့်အချိန်တွင် ပျောက်ကွယ်သည် သို့မဟုတ် အစားထိုး ခံရသည်- ဤအရာအားလုံးသည် အမှားအယွင်း အနည်းငယ်မျှ မရှိဘဲ ဆက်ဖြစ်နေပေသည်။ ဂြိုဟ်များ၏ တည်နေရာများနှင့် ၎င်းတို့ကြားထဲက အကွာအဝေးအားလုံးက တိကျသည့် ပုံစံများကို လိုက်နာကြသည်၊ အားလုံးကို တိကျသည့်အချက်အလက်နှင့် ဖော်ပြ၍ရသည်။ ၎င်းတို့ ခရီးနှင်သည့် လမ်းကြောင်းများ တစ်လျှောက်၊ ၎င်းတို့၏ လည်ပတ်မှု မြန်နှုန်းနှင့် ပုံစံများ၊ အနေအထား အမျိုးမျိုးဖြင့်၄င်းတို့ရှိသည့်အချိန်- ဤအရာ အားလုံးကို တိကျစွာ တိုင်းတာနိုင်ပြီး အထူးနိယာမများဖြင့် ဖော်ပြနိုင်သည်။ အလွန်ရှည်လျားသည့် ကာလများစွာ ကြာဂြိုဟ်များသည် အနည်းငယ်မျှ သွေဖည်သွားခြင်းမရှိဘဲ ဤနိယာမများကို လိုက်နာခဲ့ကြသည်။ ၎င်းတို့၏ပတ်လမ်းများ သို့မဟုတ် ၎င်းတို့လိုက်နာသည့်ပုံစံများကို မည်သည့်တန်ခိုးကမျှ မပြောင်းလဲနိုင် သို့မဟုတ် မနှောင့်ယှက်နိုင်ပေ။ ၎င်းတို့၏ ရွေ့လျားမှုကို ထိန်းချုပ်သည့် အထူးနိယာမများနှင့် ၎င်းတို့ကို ဖော်ပြသည့် တိကျသည့် အချက်အလက်တို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာဖြင့် ကြိုတင်ပြဌာန်းပြီးဖြစ်သောကြောင့် ၎င်းတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင် ဤနိယာမများကို သူတို့ဘာသာ နာခံကြလေသည်။ ကျယ်ပြန့်သည့် ရှုထောင့်အဆင့်တွင်၊ တစ်ချို့သော ပုံစံများ၊ တစ်ချို့ အချက်အလက်များ၊ ထူးဆန်းပြီး ရှင်းပြ၍မရနိုင်သည့် အချို့သော နိယာမများ သို့မဟုတ် ဖြစ်ရပ်များကို ရှာဖွေတွေ့ရှိရန် လူသားတို့အတွက် မခက်ပေ။ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊ ထို့အပြင် ဖန်ဆင်းရှင်၏ ဩဇာအာဏာ တည်ရှိမှုကို အသိအမှတ် မပြုသော်လည်း၊ စကြဝဠာထဲက အရာအားလုံး၏ဖြစ်တည်မှု၊ ၎င်းတို့၏လှုပ်ရှားမှုများကို သတ်မှတ်ပေးသော အခြေခံ သဘောတရားများနှင့် ပုံစံများကို ကြီးမားကျယ်ပြန့်ပြီး မမြင်နိုင်သော လျှို့ဝှက်စွမ်းအင်တစ်ခုက အုပ်စိုးကာ ထိန်းချုပ် ထားသည်ကို လူသားသိပ္ပံပညာရှင်များ၊ နက္ခတ္တဗေဒ ပညာရှင်များ နှင့် ရူပဗေဒပညာရှင်များက ပို၍ ပို၍ တွေ့ရှိနေကြ၏။ ဤလှုပ်ရှားမှုပုံစံများ၏ အလယ်၌ အရာအားလုံးကို စီစဉ်ညွှန်ကြား နေသည့် အနန္တတန်ခိုးရှင်တစ်ပါး ရှိသည်ကို ဤအချက်က လူသားကို လက်ခံစေ၏။ သူ၏တန်ခိုးသည် ထူးခြားဆန်းကြယ်ပြီး၊ သူ၏စစ်မှန်သောမျက်နှာကို မည်သူမျှ မမြင်နိုင်သော်လည်း သူသည် အရာခပ်သိမ်းကို အချိန်တိုင်းတွင် အုပ်စိုးကာ ထိန်းချုပ်၏။ မည်သည့်လူသား သို့မဟုတ် မည်သည့်အင်အားစုကမျှ သူ၏ အချုပ်အခြာအာဏာကို မကျော်လွန်နိုင်ချေ။ ဤအချက်အရ၊ အရာအားလုံး၏ဖြစ်တည်မှုကို စိုးမိုးနေသော နိယာမတို့အား လူသားတို့က မထိန်းချုပ်နိုင်၊ မည်သူကမျှ မပြောင်းလဲနိုင်သည်ကို လူသားသည် အသိအမှတ်ပြုရပေမည်။ ဤနိယာမတို့ကို လူသားတို့ အပြည့်အဝ နားမလည်နိုင်သကဲ့သို့ ၎င်းတို့သည် သဘာဝအလျောက် ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ အချုပ်အခြာအာဏာရှင်တစ်ဦးက သတ်မှတ်ပေးခြင်း ဖြစ်သည်ကိုလည်း ဝန်ခံရပေမည်။ ဤ အရာအားလုံးသည် ကျယ်ပြန်သည့်အဆင့်တွင် လူသားမျိုးနွယ် သတိပြုနိုင်သည့် ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သော ဖော်ပြချက်များ ဖြစ်သည်။

အနုစိတ် အဆင့်တွင် ကမ္ဘာမြေကြီးပေါ်၌ လူသားတို့ ရှုမြင်နိုင်သည့် တောင်များ၊ မြစ်များ၊ ကန်များ၊ ပင်လယ်များနှင့် ကုန်းမြေထုများအားလုံး၊ ၎င်းတွေ့ကြုံရသည့် ရာသီဥတုအားလုံး၊ အပင်များ၊ တိရစ္ဆာန်များ၊ အဏုဇီဝရုပ်များနှင့် လူသားများပါဝင်သည့် ကမ္ဘာမြေကြီးပေါ် နေထိုင်သည့် အရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုတို့ကို ခံရကြလေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင် အရာအားလုံးသည် သူ၏ အကြံအစည်များနှင့်အညီ ဖြစ်တည်လာသည် သို့မဟုတ် ပျောက်ကွယ်လေသည်၊ ၎င်းတို့၏ တည်ရှိခြင်းကို ထိန်းချုပ် သည့် နိယာမများ ပေါ်ထွက်လာပြီး ၎င်းတို့သည် ထိုနိယာမများနှင့်အညီ ကြီးထွားပြီး ပွားများကြသည်။ မည်သည့်လူသားမျှ သို့မဟုတ် မည်သည့်အရာမျှ ဤနိယာမများ၏ အထက်တွင် မရှိပေ။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ တစ်ခုတည်းသောအဖြေမှာ ဤသို့ဖြစ်၏- ယင်းသည် ဘုရားသခင်၏ အခွင့်အာဏာကြောင့်ဖြစ်သည်။ သို့မဟုတ် တစ်ခြားနည်းနှင့် ပြောရလျှင် ဘုရားသခင်၏ အကြံအစည်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင်၏ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ချက်များကြောင့် ဖြစ်၏။ ဆိုလိုသည်မှာ ဤနိယာမတွေကို ဖြစ်ပေါ်စေသည်မှာ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏စိတ်ဖြစ်ပေသည်။ ထိုနိယာမများသည် သူ၏ အကြံအစည်များနှင့်အညီ ရွေ့ကာ ပြောင်းလဲပြီး ရွေ့ခြင်းနှင့် ပြောင်းလဲခြင်းအားလုံးသည် သူ၏ အစီအစဉ်အဖို့ဖြစ်ပေါ် သို့မဟုတ် လျော့ပါးပျောက်ကွယ်လေသည်။ ဥပမာ ကူးစက်ရောဂါများကို ကြည့်ပါ။ ၎င်းတို့သည် သတိပေးခြင်း မရှိဘဲ ရုတ်တရက်ဖြစ်ပေါ်သည်။ မည်သူကမျှ ၎င်းတို့၏ အရင်းအမြစ် သို့မဟုတ် အဘယ်ကြောင့်ဖြစ်ရသည်ဆိုသည့် တိကျသည့်အကြောင်းရင်းများကို မသိသကဲ့သို့ နေရာတစ်ခုသို့ ကူးစက်ရောဂါများ ရောက်သည့်အချိန်တိုင်းတွင် ကံဆိုးမိုးမှောင် ကျသော သူများသည် ဘေးဒုက္ခကို မလွတ်မြောက်နိုင်ကြချေ။ လူသားတို့၏ သိပ္ပံပညာက ကူးစက်ရောဂါများသည် ကြောက်စရာကောင်းသည့် သို့မဟုတ် အန္တရာယ်ရှိသည့် ရောဂါပိုးမွှားများအားဖြင့် ဖြစ်ပေါ်ပြီး ၎င်းတို့၏ ကူးစက်မှုနှုန်း၊ အတိုင်းအတာနှင့် နည်းစနစ်များကို လူသားတို့၏ သိပ္ပံပညာအားဖြင့် ကြိုတင်မခန့်မှန်းနိုင် သို့မဟုတ် မထိန်းချုပ်နိုင်သည်ကို နားလည် ပေသည်။ လူတို့သည် ကူးစက်ရောဂါများကို ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် ခုခံသော်လည်း ကူးစက်ရောဂါ ရုတ်တရက် ဖြစ်ပွားသည့်အခါလူများ သို့မဟုတ် တိရစ္ဆာန်များသည် မလွဲမရှောင်သာ ကူးစက်ခံရသည်ကို မထိန်းချုပ်နိုင်ကြချေ။ လူသားတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာက ၎င်းတို့ကို ကာကွယ်ရန်၊ ခုခံရန်နှင့် သုတေသနပြုရန် ကြိုးစားခြင်းဖြစ်သည်။ သို့သော်လည်း ကူးစက်ရောဂါတစ်ခုစီတိုင်း၏ အစ သို့မဟုတ် အဆုံးသတ်ကို ရှင်းပြသည့် ဖြစ်ရသည့်အကြောင်းရင်းကို မည်သူမျှမသိသကဲ့သို့ ထိုအရာတို့ကိုမည်သူမျှ မထိန်းချုပ်နိုင်ပေ။ ကူးစက်ရောဂါဖြစ်ပေါ်ခြင်းနှင့် ပျံ့ပွားခြင်းကို ရင်ဆိုင်ရလျက်၊ လူသားတို့လုပ်သည့် ပထမဆုံး စီမံချက်မှာ ဖြေဆေးတစ်ခု ဖော်ထုတ်ဖို့ ဖြစ်သည်၊ သို့သော် ဖြေဆေး အဆင်သင့်မဖြစ်မီတွင် ကူးစက်ရောဂါက မကြာခဏ ကွယ်ပျောက်လေသည်။ အဘယ်ကြောင့် ကူးစက်ရောဂါက ကွယ်ပျောက်သနည်း။ တစ်ချို့က ရောဂါပိုးများကို ထိန်းချုပ်နိုင်လိုက်သည်ဟု ဆိုကြစဉ် တစ်ချို့က ရာသီဥတု အပြောင်းအလဲကြောင့် ပြီးဆုံးသွားသည်ဟု ဆိုသည်။ ဤပရမ်းပတာထင်ကြေးပေးချက်များက ယုတ္တိတန်သည်ဖြစ်စေ မတန်သည်ဖြစ်စေ သိပ္ပံပညာက ရှင်းပြချက် မပေးနိုင်သကဲ့သို့ တိကျသည့် အဖြေကို မပေးနိုင်ပေ။ လူသားမျိုးနွယ်သည် ဤထင်ကြေးပေးချက်များကိုသာ ရင်ဆိုင်ရမည်မဟုတ်ဘဲ လူသားမျိုးနွယ်၏ သိနားလည်မှုနည်းပါးခြင်းနှင့် ကူးစက် ရောဂါများကို ကြောက်ရွံ့ခြင်းနှင့်လည်း ရင်ဆိုင်ရမည်ဖြစ်သည်။ နောက်ဆုံး စိစစ်တွေ့ရှိချက်တွင် အဘယ်ကြောင့် ကူးစက်ရောဂါများ စတင်သည် သို့မဟုတ် အဘယ်ကြောင့် အဆုံးသတ်သွားသည် ဆိုတာကို မည်သူမျှမသိပေ။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် သိပ္ပံကိုသာ ယုံကြည်ကာ ၎င်းကို လုံးလုံးလျားလျား အားထားပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာကို အသိအမှတ်မပြုသောကြောင့် သို့မဟုတ် သူ၏ အချုပ်အခြာ အာဏာကို လက်မခံသောကြောင့် ၎င်းတို့သည် ဘယ်သောအခါမျှ အဖြေရမည် မဟုတ်ပေ။

ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် အရာအားလုံးသည် သူ၏သြဇာအာဏာနှင့် စီမံခန့်ခွဲမှုကြောင့် ဖြစ်တည်ပြီး ပျက်စီးလေသည်။ တစ်ချို့သောအရာများသည် လာပြီး ထွက်သွားကြသည်၊ ၎င်းတို့ လာပြီး ထွက်သွားရသည့် အကြောင်းရင်းကို လူသည် နားလည်ဖို့မပြောနှင့်၊ ၎င်းတို့မည်သည့် အရပ်ကလာသည်ကို မပြောနိုင် သို့မဟုတ် ၎င်းတို့ လိုက်နာသည့် ပုံစံများကို သဘောမပေါက်နိုင်ပေ။ လူသားသည် အရာအားလုံးက ဖြစ်ပျက်သည့် အရာခပ်သိမ်းကို မိမိမျက်လုံးများဖြင့် မြင်နိုင်၊ မိမိနားများဖြင့် ကြားနိုင်ပြီး မိမိကိုယ်ခန္ဓာဖြင့် ကြုံတွေ့ နိုင်သော်လည်း၊ ထိုအရာအားလုံးသည် လူသားနှင့် ဆက်နွယ်မှုရှိသော်လည်း၊ လူသားသည် ဖြစ်ရပ် အမျိုးမျိုးတို့၏ တမူထူးခြားမှု၊ ပုံမှန်ဖြစ်ပေါ်မှု သို့မဟုတ် ထူးဆန်းမှုကိုပင် မသိစိတ်၏ စေ့ဆော်မှုအရ သဘောပေါက်သော်လည်း ဤအရာများ နောက်မှာတည်ရှိသည့် အရာဖြစ်သော ဖန်ဆင်းရှင်၏ အလိုနှင့် စိတ်အကြောင်းကို ဘာမျှမသိသေးပေ။ ဤဖြစ်ရပ်များနောက်တွင် အဖြစ်အပျက်များစွာ၊ ဖုန်းကွယ်ထားသည့် အမှန်တရားများစွာ ရှိ၏။ လူသားသည် ဖန်ဆင်းရှင်ထံမှ ဝေးရာ ထွက်သွားခဲ့သောကြောင့်၊ ဖန်ဆင်းရှင်၏ သြဇာအာဏာက အရာအားလုံးကို အုပ်စိုးသည် ဆိုသည့်အချက်ကို လက်မခံသောကြောင့်၊ ၎င်းသည် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သော အချုပ်အခြာ အာဏာအောက်၌ ဖြစ်ပျက်သည့် အရာရာတိုင်းကို ဘယ်သောအခါမှ သိကာ နားလည်သဘောပေါက်မည် မဟုတ်ပေ။ အများအားဖြင့် ဘုရားသခင်၏ ထိန်းချုပ်မှုနှင့် အချုပ်အခြာအာဏာသည် လူသား၏ စိတ်ကူးစိတ်သန်း၊လူသား၏ အသိပညာ၊ လူသား၏ သိနားလည်မှု၊ လူသား၏ သိပ္ပံပညာတို့က ရရှိနိုင်သည့် နယ်ပယ်များကို ကျော်လွန်၏။ ယင်းသည် ဖန်ဆင်းခံ လူသားမျိုးနွယ်က ဉာဏ်မမီသောအရာ ဖြစ်သည်။ လူအချို့တို့ကပြော၏၊ “ဘုရားသခင်၏ အချုပ်အခြာ အာဏာကို သင်ကိုယ်တိုင် မမြင်တွေ့ ရသည့်အတွက် အရာရာတိုင်းက သူ၏သြဇာအာဏာကို ခံစားရ သည်ဟု သင်မည်သို့ယုံနိုင်သနည်း။” မြင်တွေ့ခြင်းက အစဉ်အမြဲ ယုံကြည်ခြင်း မဟုတ်သကဲ့သို့ အစဉ်အမြဲ သိမြင်ခြင်းနှင့် နားလည်ခြင်းလည်း မဟုတ်ပါ။ သို့လျှင် ယုံကြည်မှုသည် မည်သည့်နေရာမှ လာသနည်း။ “ယုံကြည်ခြင်းက အမှုအရာများ၏ ဖြစ်ရသည့် စစ်မှန်မှုနှင့် ဖြစ်ရသည့် အကြောင်းရင်းတို့အပေါ် လူတို့၏ သဘောပေါက်မှု၊ တွေ့ကြုံမှုတို့၏ အဆင့်နှင့် အတိမ်အနက်မှ လာသည်” ဟု သေချာမှုဖြင့် ငါ ပြောနိုင်၏။ ဘုရားသခင် တည်ရှိသည်ဟု သင်ယုံကြည်သော်လည်း အရာအားလုံးအပေါ် ဘုရားသခင်၏ ထိန်းချုပ်မှုနှင့် အချုပ်အခြာအာဏာကို သတိပြုမိဖို့ နေနေသာသာ၊ အသိအမှတ်မပြုနိုင်ပါက၊ ဘုရားသခင်က ဤသြဇာအာဏာမျိုးရှိပြီး ဘုရားသခင်၏ သြဇာအာဏာသည် အတုမရှိဖြစ်သည်ဆိုသည်ကို သင်၏ စိတ်နှလုံးထဲတွင် ဘယ်သောအခါမျှ သင်ဝန်ခံလိမ့်မည်မဟုတ်။ သင်သည် ဖန်ဆင်းရှင်ကို သင်၏သခင်၊ သင်၏ဘုရားအဖြစ် ဘယ်သောအခါမျှ အမှန်တကယ် လက်ခံမည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၂၁)

လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် စကြဝဠာ၏ ကံကြမ္မာတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ခွဲခြား၍မရပေ

သင်တို့အားလုံး အရွယ်ရောက်ပြီးသူများ ဖြစ်ကြသည်။ သင်တို့ထဲမှ တစ်ချို့သည် လူလတ်ပိုင်း ဖြစ်သည်။ တစ်ချို့သည် သက်ကြီးပိုင်းထဲ ဝင်ကြပြီးဖြစ်သည်။ ဘုရားသခင်ကို မယုံကြည်ခြင်းမှ ယုံကြည်ခြင်းဆီသို့၊ ဘုရားသခင်ကို စတင်ယုံကြည်ခြင်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံခြင်းနှင့် သူ၏ အမှုကိုကြုံတွေ့ခြင်းဆီသို့ ရောက်ကြလေပြီ။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်၍ သင်တို့တွင် အသိပညာ မည်မျှ ရှိပါသနည်း။ လူသားကံကြမ္မာနှင့်ပတ်သက်၍ မည်သည့် ထိုးထွင်းသိမြင်မှုများ သင် ရရှိပြီးပြီနည်း။ ဘဝတွင် လူတစ်ဦးသည် မိမိဆန္ဒရှိသမျှ အားလုံးကို ရနိုင်ပါသလော။ သင် တည်ရှိခဲ့သည့်ဆယ်စုနှစ် အနည်းငယ်တစ်လျှောက်တွင် သင်ဆန္ဒ ရှိသည့် နည်းလမ်းဖြင့် အမှုအရာမည်မျှ သင်ပြီးမြောက် နိုင်ခဲ့ပါသနည်း။ သင် လုံးဝ မျှော်လင့်မထားသည့် အမှုအရာ မည်မျှ ဖြစ်ပျက်ခဲ့သနည်း။ နှစ်သက်စရာ အံ့အားသင့်မှုများအဖြစ် အမှုအရာ မည်မျှဖြစ်လာခဲ့သနည်း။ အချိန်ကောင်းကို မရည်ရွယ်ဘဲ စောင့်နေရင်း၊ ကောင်းကင်ဘုံ၏ အလိုကို စောင့်နေရင်း လူတို့သည် အကျိုးဖြစ်ထွန်းဖို့ မျှော်လင့်ခြင်းဖြင့် အမှုအရာ မည်မျှစောင့်နေဆဲ ဖြစ်ပါသနည်း။ လူတို့ကို အမှုအရာ မည်မျှက ပိတ်ပင်တားဆီးပြီး အကူအညီမဲ့သလို ခံစားစေခဲ့သနည်း။ လူတိုင်းသည် ၎င်းတို့ဘဝတွင် အရာရာသည် မိမိတို့ဆန္ဒရှိသည့်အတိုင်း ဖြစ်မည်၊ အစားအစာ သို့မဟုတ် အဝတ်အစားအတွက် ၎င်းတို့ လိုအပ်မည်မဟုတ်၊ ၎င်းတို့၏ အခွင့်အလမ်းများ အံ့ဘနန်း မြှင့်တက်လာမည်ဟု မျှော်လင့်ကြရင်း ၎င်းတို့၏ ကံကြမ္မာနှင့်ပတ်သက်၍ မျှော်လင့်ချက်များနှင့် ပြည့်နေသည်။ ဆင်းရဲပြီး ဖိနှိပ်ခံရသည့်ဘဝ၊ အခက်အခဲများနှင့် ပြည့်နေပြီး ဘေးဒုက္ခများဖြင့် ဝန်းရံနေသည့် ဘဝကို မည်သူမျှ မလိုချင်ပေ။ သို့သော်လည်း လူတို့သည် ဤအရာများကို ကြိုမမြင်နိုင် သို့မဟုတ် မထိန်းချုပ်နိုင်ပါ။ တစ်ချို့အတွက် အတိတ်ဆိုသည်မှာ အတွေ့အကြုံများ ရောထွေး နေခြင်းသာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ကောင်းကင်ဘုံ၏ အလိုက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ လုံးဝမသိကြသကဲ့သို့ ဂရုလည်းမစိုက်ကြချေ။ ၎င်းတို့သည် လူသားမျိုးနွယ်၏ ကံကြမ္မာ သို့မဟုတ် လူသားများ အဘယ်ကြောင့်အသက်ရှင်သည် သို့မဟုတ် မည်သို့ရှင်သန်သင့်သည်ဆိုသည်တို့ကို ဂရုမစိုက်ဘဲလျက် ၎င်းတို့၏ ဘဝကို တိရစ္ဆာန်များကဲ့သို့ မဆင်မခြင် တစ်နေ့ပြီးတစ်နေ့ အသက်ရှင်နေထိုင်ကြလေသည်။ ထိုသို့သောလူတို့သည် လူသား၏ ကံကြမ္မာကို သိနားလည်မှု ရရှိခြင်းမရှိဘဲ အသက်ကြီးလာကြပြီး ၎င်းတို့သေသည့်အချိန်အထိ ဘဝက မည်သို့နည်းဆိုသည်ကို မသိကြချေ။ ထိုသို့သောလူတို့သည် လူသေများ ဖြစ်ကြ၏။ ၎င်းတို့သည် ဝိညာဉ်မပါသည့် သတ္တဝါများဖြစ်သည်။ ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်သည်။ လူတို့သည် ဖန်ဆင်းခြင်းအတွင်း အသက်ရှင်ပြီး ကမ္ဘာကြီးက ၎င်းတို့၏ ရုပ်ဝတ္ထုလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် နည်းလမ်းများမှ လူတို့သည် ပျော်ရွှင်မှုတွေကို ရရှိကြသော်လည်း၊ ဤရုပ်ဝတ္ထုကမ္ဘာသည် အစဉ်တစိုက် တိုးတက်နေခြင်းကို ၎င်းတို့မြင်ရသော်လည်း ၎င်းတို့၏ကိုယ်ပိုင် အတွေ့အကြုံဖြစ်သည့် ၎င်းတို့၏ စိတ်နှလုံးနှင့်ဝိညာဉ်က ခံစားပြီး ကြုံတွေ့ရသည့်အရာတို့သည် ရုပ်ဝတ္ထုပစ္စည်းများနှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့ မည်သည့်ရုပ်ဝတ္ထုပစ္စည်းကမျှ အတွေ့အကြုံ အတွက် အစားထိုးစရာ မဟုတ်ချေ။ အတွေ့အကြုံဟူသည်မှာ နှလုံးသားထဲက အသိအမှတ်ပြုခြင်း ဖြစ်သည်။ ပကတိမျက်စိဖြင့် မြင်၍မရနိုင်သည့် အရာတစ်ခုဖြစ်၏။ ဤအသိအမှတ်ပြုခြင်းသည် လူသားဘဝနှင့် လူသားကံကြမ္မာအပေါ် တစ်ဦးတစ်ယောက်၏ သိနားလည်မှု၊ သဘောထားအမြင်ထဲ၌ တည်ရှိလေသည်။ ဤအရာသည် မမြင်ရသည့် အရှင်သခင်တစ်ယောက်က အရာ အားလုံးကို စီစဉ်နေကြောင်း၊ လူသားအတွက် အရာရာတိုင်းကို စီစဉ်ညွှန်ကြားနေကြောင်း စိုးရိမ်ပူပန်မှုဆီသို့ မကြာခဏ ခေါ်ဆောင်လေသည်။ ဤအရာအားလုံးအလယ်၌ တစ်ဦး တစ်ယောက်အနေဖြင့် ကံကြမ္မာ၏စီစဉ်မှုများနှင့် စီစဉ် ညွှန်ကြားမှုများကို လက်ခံရုံသာရှိလေသည်။ ဖန်ဆင်းရှင်ချပေးသည့် ရှေ့ကလမ်းကြောင်း၊ မိမိ၏ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံရုံသာရှိသည်။ ဤကား ငြင်းမရသည့် အချက်တစ်ချက်ဖြစ်၏။ ကံကြမ္မာနှင့်ပတ်သက်၍ မည်သည့် ထိုးထွင်းသိမြင်မှုနှင့် သဘောထားရှိပါစေ ဤအချက်ကို မည်သူမျှ မပြောင်းလဲနိုင်ပေ။

သင်နေ့တိုင်း မည်သည့်နေရာသွားမည်၊ မည်သည့် အရာလုပ်မည်၊ အဘယ်သူကို သို့မဟုတ် မည်သည့်အရာကို သင်ကြုံတွေ့မည်၊ သင် မည်သည့်အရာပြောမည်၊ သင့်ထံ မည်သည့် အရာဖြစ်မည်၊ ဤအရာတစ်ခုတစ်လေကို သင် ကြိုတင်ခန့်မှန်း နိုင်ပါသလော။ လူတို့သည် အခြေအနေများ မည်သို့ဖြစ်ပေါ်သည်ကို ထိန်းချုပ်ဖို့ မပြောနှင့်၊ ဤအဖြစ်အပျက်အားလုံးကို ကြိုမမြင်နိုင်ပေ။ ဘဝတွင် ဤကြိုမမြင်နိုင်သည့် အဖြစ်အပျက်များက တစ်ချိန်လုံး ဖြစ်ပျက်လေသည်၊ ၎င်းတို့သည် နေ့စဉ်ဖြစ်ပေါ်သည့် အရာတစ်ခု ဖြစ်၏။ ဤနေ့စဉ်လောကဓံတရားများနှင့် ၎င်းတို့ဖြစ်ပေါ်သည့် နည်းလမ်း သို့မဟုတ် ၎င်းတို့ လိုက်နာသည့် ပုံစံတို့သည် လူသားမျိုးနွယ်အဖို့ မည်သည့်အရာမျှ ကြုံရာကျပန်း ဖြစ်ပျက်နေခြင်းမဟုတ်ကြောင်း၊ အဖြစ်အပျက်အသီးသီး၏ ဖြစ်စဉ်၊ အဖြစ်အပျက်အသီးသီး၏ မရှောင်လွဲသာသော သဘော သဘာဝတို့သည် လူသား၏ အလိုဆန္ဒအားဖြင့် ပြောင်းလဲမရ နိုင်ကြောင်း အစဉ်တစိုက် သတိပေးချက်များ ဖြစ်ကြလေသည်။ အဖြစ်အပျက်တိုင်းက ဖန်ဆင်းရှင်ထံမှ လူသားမျိုးနွယ်သို့ သတိပေးချက်တစ်ခု သယ်ဆောင်ပြီး ၎င်းတို့၏ ကိုယ်ပိုင်ကံကြမ္မာကို လူသားမျိုးနွယ် မထိန်းချုပ်နိုင်ဆိုသည့် သတင်းစကားကိုလည်း ပေးပို့လေသည်။ အဖြစ်အပျက်တိုင်းက မိမိကံကြမ္မာ ကိုယ်ဖန်တီး လိုသည့် လူသားမျိုးနွယ်၏ ရိုင်းစိုင်းကာ အချည်းနှီးဖြစ်သော ရည်မှန်းချက်နှင့် ဆန္ဒအတွက် ပြန်လည်ချေပချက်တစ်ခု ဖြစ်သည်။ ယင်းတို့သည် အဆုံး၌ မည်သူက ၎င်းတို့၏ ကံကြမ္မာကို အုပ်စိုးပြီး ထိန်းချုပ်နေသည်ဆိုသည်ကို ပြန်လည် သုံးသပ်ဖို့ လူတို့ကို တိုက်တွန်းနေရင်း လူသားမျိုးနွယ်၏ မျက်နှာကို တစ်ချက်ပြီး တစ်ချက် ရိုက်သည့် အားကောင်းသော ရိုက်ချက်များ ကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများသည် ထပ်တလဲလဲ ကဖျက်ကယက်လုပ်ခံရပြီး ပျက်စီးကြေမွသည်နှင့်အမျှ လူသားတို့သည် ကံစီမံသမျှကို မရည်ရွယ်ဘဲ လက်ခံခြင်း၊ လက်တွေ့အရှိတရားကို လက်ခံခြင်း၊ ကောင်းကင်ဘုံနှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်းသို့ အလိုအလျောက် ရောက်သွားရလေသည်။ ဤနေ့စဉ် လောကဓံတရားမှ လူသားတို့ဘဝတစ်ခုလုံး၏ ကံကြမ္မာများအထိ ဖန်ဆင်းရှင်၏ အစီအစဉ်များနှင့် သူ၏ အချုပ်အခြာအာဏာကို ဖွင့်မပြသည့်အရာ တစ်ခုမျှမရှိပေ။ “ဖန်ဆင်းရှင်၏ အခွင့် အာဏာသည် သာလွန်ကြီးမြတ်သည်” ဆိုသည့် ထာဝရ အမှန်တရားကို မပြသည့် “ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျော်လွန်၍မရနိုင်” ဆိုသည့် သတင်းစကားကို မပေးပို့သည့်အရာ တစ်ခုမျှမရှိပေ။

လူသားမျိုးနွယ်နှင့် စကြဝဠာ၏ကံကြမ္မာသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အတွင်းကျကျ ရစ်ပတ်နေပြီး ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် မခွဲမခွာ ချည်နှောင်ထားသည်။ အဆုံး၌ ၎င်းတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာမှ ခွဲထုတ်မရချေ။ ဆွဲခွာလို့မရပေ။ အရာအားလုံး၏ နိယာမများတွင်၊ လူသည် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် သူ၏ အချုပ်အခြာ အာဏာကို နားလည်လာသည်၊ အရာခပ်သိမ်း၏ ရှင်သန်ရေး စည်းမျဉ်းများဖြင့်၊ သူသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို သတိပြုမိလာသည်၊ အရာခပ်သိမ်း၏ ကံကြမ္မာများတွင်၊ ဖန်ဆင်းရှင်က သူ၏ သြဇာအာဏာကို အသုံးချပြီး ၎င်းတို့ကို ထိန်းချုပ်သည့် နည်းလမ်းများကို သူကောက်ချက်ချလာသည်။ ပြီးလျှင် လူသားများနှင့် အရာအားလုံး၏ ဘဝစက်ဝန်းများတွင် လူသားသည် အရာအားလုံးနှင့် သက်ရှိအားလုံးတို့အတွက် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို အမှန်တကယ် တွေ့ကြုံလာရပြီး၊ ထိုစီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်တို့သည် ကမ္ဘာမြေကြီးနှင့်ဆိုင်သည့် နိယာမများ၊ စည်းမျဉ်းများ၊ အလေ့အထများ၊ အခြားတန်ခိုးစွမ်းအားများနှင့် အင်အားစုများအားလုံးကို မည်သို့ အစားထိုးသည်ကို အမှန်တကယ် မျက်မြင်တွေ့ရှိလာရသည်။ ဤအချက်ကြောင့် ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာသည် အဘယ်ဖန်ဆင်းခံကမျှ ချိုးဖောက်၍မရ၊ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ခဲ့သည့် အဖြစ်အပျက်နှင့် အမှုအရာများကို မည်သည့် အင်အားစုကမျှ ကျူးကျော်၍မရ သို့မဟုတ် ပြောင်းလဲ၍မရသည်ကို လူသားမျိုးနွယ်အား လက်ခံစေသည်။ လူသားနှင့် အရာအားလုံးသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်နေထိုင်ပြီး မျိုးပွားခြင်းက ဤမြင့်မြတ်သည့် နိယာမများနှင့် စည်းမျဉ်းများ၏ အောက်တွင်ဖြစ်သည်။ ဤကား ဖန်ဆင်းရှင် အခွင့်အာဏာ၏ စစ်မှန်သည့် ပြယုဂ်မဟုတ်လော။ ဤဓမ္မဓိဌာန်ကျသည့် နိယာမများတွင် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးအတွက် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် သူ၏ ဘိသိက်ပေးခြင်းကို လူသားက မြင်သော်လည်း စကြဝဠာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၏ အခြေခံသဘောတရားများကို လူမည်မျှက သဘောပေါက်နိုင်ကြသနည်း။ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာနှင့် ၎င်းတို့ ကိုယ်တိုင်၏ ကံကြမ္မာအပေါ် စီစဉ်မှုကို အမှန်တကယ်သိနိုင်၊ အသိအမှတ်ပြုနိုင်၊ လက်ခံနိုင်ပြီး နာခံနိုင်သည့်သူ မည်မျှရှိသနည်း။ အရာအားလုံးအပေါ်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ နှင့် သက်ဆိုင်သည့် အမှန်တရားကို ယုံကြည်လျက်၊ ဖန်ဆင်းရှင်က လူသားများ၏ ဘဝကံကြမ္မာများအား ချမှတ်သည်ကိုလည်း မည်သူက အမှန်တကယ်ယုံကြည်ပြီး အသိအမှတ်ပြုလိမ့်မည်နည်း။ လူသား၏ ကံကြမ္မာသည် ဖန်ဆင်းရှင်၏ လက်ထဲမှာရှိသည်ဆိုသည့် အချက်ကို မည်သူက အမှန်တကယ် နားလည်သဘောပေါက်နိုင်သနည်း။ ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာကို အုပ်စိုးပြီး ထိန်းချုပ်သည်ဆိုသည့်အချက်ကို ရင်ဆိုင်ရသည့်အခါ၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအပေါ် လူသားမျိုးနွယ်သည် မည်သို့ သဘောထားမျိုး ထားသင့်သနည်း။ ယင်းမှာ ဤအမှန်တရားနှင့် ယခုရင်ဆိုင်နေရသည့် လူသားတိုင်း မိမိတို့ကိုယ်တိုင်အတွက် ပြုလုပ်ရမည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၂၂)

လူသားဘဝတစ်ခုထဲက ဆုံမှတ်ခြောက်ခု

လူတစ်ဦး၏ ဘဝလမ်းကြောင်းတွင် လူတိုင်းသည် အရေးကြီးသည့် ဆုံမှတ်များသို့ ရောက်ကြသည်။ ဤအရာများသည် ဘဝတွင် လူတစ်ယောက်၏ ကံကြမ္မာကို ပိုင်းခြားသတ်မှတ်သည့် အခြေခံအကျဆုံး၊ အရေးအကြီးဆုံးအဆင့်များဖြစ်ကြသည်။ အောက်ပါအချက်သည် လူတိုင်း မိမိတို့ ဘဝလမ်းကြောင်း၌ ဖြတ်သန်းရမည့် ဤလမ်းညွှန်အမှတ်အသားများကို အကျဉ်းချုပ် ဖော်ပြချက်တစ်ခု ဖြစ်သည်။

ပထမဆုံမှတ်- မွေးဖွားခြင်း

လူတစ်ယောက် မည်သည့်နေရာတွင် မွေးဖွားသည်၊ မည်သည့်မိသားစုထဲတွင် ၎င်းတို့ မွေးသည်၊ မိမိ၏လိင်အမျိုးအစား၊ ပုံသဏ္ဌာန်နှင့် မွေးဖွားချိန်- ဤအရာများသည် လူတစ်ယောက် ဘဝ၏ ပထမဆုံမှတ် အသေးစိတ် အချက်အလက်များ ဖြစ်သည်။

ဤဆုံမှတ်၏ အချက်အလက်အချို့ကို မည်သူမျှ မရွေးချယ် နိုင်ပေ။ ထိုအရာအားလုံးသည် ဖန်ဆင်းရှင်အားဖြင့် အချိန် ကြာမြင့်စွာက ကြိုတင်သတ်မှတ်ပြီး ဖြစ်ပေသည်။ ၎င်းတို့သည် ပြင်ပပတ်ဝန်းကျင်အားဖြင့် ဘယ်လိုနည်းနှင့်မျှ လွှမ်းမိုးခံရခြင်း မရှိသကဲ့သို့ ဖန်ဆင်းရှင်က ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်သည့် ဤအချက်များကို လူသားပြုလုပ်ထားသည့် မည်သည့်အချက်ကမှ မပြောင်းလဲနိုင်ပေ။ လူတစ်ယောက် မွေးဖွားဖို့ဆိုသည်မှာ ထိုလူအတွက် ဖန်ဆင်းရှင် စီစဉ်ထားသည့် ကံကြမ္မာ၏ ပထမအဆင့် ပြီးပြည့်စုံပြီးဖြစ်သည်ဟု ဆိုလိုသည်။ သူသည် ဤအသေးစိတ် အချက်အလက် အားလုံးကို ရှေးကတည်းက ကြိုတင်ပြဋ္ဌာန်းထားပြီး ဖြစ်သောကြောင့် မည်သူကမျှ မည်သည့်အချက်ကိုမျှ ပြောင်းလဲ နိုင်သည့် တန်ခိုးအာဏာမရှိပေ။ လူတစ်ယောက်၏ နောက်ပိုင်း ကံကြမ္မာကို ထည့်သွင်းမစဉ်းစားဘဲ၊ တစ်ဦးတစ်ယောက်၏ မွေးဖွားခြင်း အခြေအနေများကို ကြိုတင် ပြဋ္ဌာန်းထားပြီးဖြစ်ကာ အဖြစ်ကိုအဖြစ်အတိုင်း ရှိမြဲရှိကြလေသည်။ ဤအချက်တို့ကို တစ်ဦးတစ်ယောက်၏ ဘဝကံကြမ္မာက မည်သည့်နည်းနှင့်မျှ လွှမ်းမိုးမှုမရှိသကဲ့သို့ တစ်ဦးတစ်ယောက်၏ ဘဝကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအား မည်သည့်နည်းနှင့်မျှ သက်ရောက်မှု မရှိပေ။

၁။ ဖန်ဆင်းရှင်၏ အစီအစဉ်များမှ ဘဝသစ်တစ်ခု မွေးဖွားသည်

လူတစ်ယောက်၏ မွေးဖွားရာနေရာ၊ မိသားစု၊ လိင်အမျိုးအစား၊ ရုပ်အသွင်အပြင်၊ မွေးဖွားသည့် အချိန်ဖြစ်သည့် ပထမဆုံမှတ်၏ မည်သည့်အသေးစိတ် အချက်အလက်များကို လူတစ်ယောက်က ရွေးချယ်နိုင်စွမ်း ရှိသလား။ လူတစ်ယောက်၏ မွေးဖွားခြင်းက ကိုယ်တိုင်ပြုလုပ်၍မရသည့် ဖြစ်ရပ်တစ်ခုဖြစ်သည်ကား သိသာ ပေ၏။ လူတစ်ယောက်သည် နေရာတစ်နေရာ၊ အချိန်တစ်ခု၊ မိသားစုတစ်စု၌ ရုပ်အသွင်အပြင်တစ်ခုနှင့် မိမိဆန္ဒအလျောက် မဟုတ်ဘဲ မွေးဖွား၏။ လူတစ်ယောက်သည် အိမ်ထောင်စုတစ်စုတွင် မိမိဆန္ဒအလျောက် မဟုတ်ဘဲ မိသားစုဝင်ဖြစ်လာပြီး မိသားစု တစ်စု၏ မျိုးဆက်တစ်ခု ဖြစ်လာပေသည်။ လူတစ်ယောက်သည် ဤပထမဆုံမှတ်၌ ရွေးစရာမရှိဘဲ ဖန်ဆင်းရှင်၏ အစီအစဉ်နှင့်အညီ သတ်မှတ်ထားသည့် ပတ်ဝန်းကျင်တစ်ခု၊ တိကျသည့်မိသားစုတစ်စု၊ တိကျသည့် လိင်အမျိုးအစား၊ အသွင်အပြင်တစ်ခုနှင့်၊ လူတစ်ဦး၏ ဘဝလမ်းကြောင်းနှင့် အတွင်းကျကျ ဆက်နွယ်သည့် တိကျသော အချိန်တစ်ချိန်တွင် မွေးဖွားလေသည်။ ဤအလွန်အရေးပါသည့် ဤဆုံမှတ်တွင် လူတစ်ယောက်သည် မည်သည့်အရာကို လုပ်နိုင်သနည်း။ အားလုံးပေါင်းလိုက်လျှင်၊ လူတစ်ယောက်သည် မိမိ၏ မွေးဖွားခြင်းနှင့် ပတ်သက်၍ ဤအသေးစိတ် အချက်အလက်များမှ တစ်ခုတစ်လေကိုမျှ ရွေးချယ်စရာ မရှိပေ။ ဖန်ဆင်းရှင်၏ခွဲခန့်မှတ်သားခြင်းနှင့် သူ၏ လမ်းပြမှုကြောင့်သာ မဟုတ်ပါက၊ ဤကမ္ဘာ၌ အသစ်မွေးဖွားသည့် ဘဝတစ်ခုသည် မည်သည့်နေရာကိုသွားရမည် သို့မဟုတ် မည်သည့်နေရာတွင် နေရမည်ဆိုသည်ကို သိလိမ့်မည်မဟုတ်၊ ဆွေမျိုးများ ရှိလိမ့်မည် မဟုတ်၊ မည်သည့်နေရာနှင့်မျှ သက်ဆိုင်မည် မဟုတ်သကဲ့သို့ စစ်မှန်သည့်အိမ် ရှိမည်မဟုတ်ပေ။ သို့သော်လည်း ဖန်ဆင်းရှင်၏ စေ့စပ်သည့် အစီအစဉ်များကြောင့် ဤအသစ်သောဘဝက နေစရာနေရာတစ်ခု၊ မိဘများ၊ ၎င်းနှင့် သက်ဆိုင်သည့် နေရာတစ်ခုနှင့် ဆွေမျိုးများရှိပြီး ဤအကြောင်းကြောင့် ထိုဘဝသည် ၎င်း၏ခရီးလမ်းကြောင်းပေါ်ကို စတင်လေသည်။ ဤဖြစ်စဉ် တစ်လျှောက်တွင်၊ ဤဘဝသစ်တစ်ခု ပေါ်ပေါက်မှုသည် ဖန်ဆင်းရှင်၏ အစီအစဉ်အားဖြင့် ပိုင်းခြားသတ်မှတ်ခြင်းဖြစ်ပြီး ထိုဘဝပိုင်ဆိုင်လာမည့် အရာအားလုံးကို ဖန်ဆင်းရှင်က ချပေးသနားခြင်း ဖြစ်ပေသည်။ မည်သည့်အရာမျှ မရှိသည့် လွတ်လွတ်လပ်လပ် လွင့်မျောနေသည့် ကိုယ်ခန္ဓာတစ်ခုမှ၊ တဖြည်းဖြည်း အသွေးအသားနှင့် ဖြစ်လာသည်။ မြင်၍ရနိုင် လာသည်။ လက်ဆုပ်လက်ကိုင်ပြ၍ ရနိုင်သော လူသားတစ်ယောက် ဖြစ်လာသည်။ စဉ်းစားတတ်သည့်၊ အသက်ရှူသည့်၊ အပူနှင့် အအေးကို သိရှိခံစားနိုင်သည့် လူသားတစ်ယောက် ဖြစ်လာသည်။ ရုပ်ဝတ္ထုလောကထဲ၌ ဖန်ဆင်းခံတစ်ယောက်၏ ပုံမှန်လှုပ်ရှားမှု အားလုံးတွင် ပါဝင်လုပ်ဆောင်နိုင်သည့်သူ၊ ဘဝတွင် ဖန်ဆင်းခံ လူသားတစ်ဦး ကြုံတွေ့ရမည့် အရာအားလုံးကိုကြုံတွေ့ခံစားရမည့်၊ ဘုရားသခင်၏ ဖန်ဆင်းခြင်းများအနက် တစ်ခုဖြစ်လာပေသည်။ လူတစ်ဦး၏ မွေးဖွားခြင်းကို ဖန်ဆင်းရှင်က ကြိုတင်ပိုင်းခြား သတ်မှတ်ခြင်းသည် ရှင်သန်ရပ်တည်ရေးအတွက် လိုအပ်သည့် အရာအားလုံးကို ထိုလူ့အပေါ် ဖန်ဆင်းရှင်က ချပေးသနား လိမ့်မည်ဟု ဆိုလိုပေသည်။ အလားတူပင်၊ လူတစ်ဦး မွေးဖွားသည် ဆိုသည့်အချက်မှာ ၎င်းက ဖန်ဆင်းရှင်ထံမှ ရှင်သန်ရပ်တည်ရေး အတွက် လိုအပ်သည့် အရာအားလုံးကို လက်ခံရရှိလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်ပြီး ထိုအချိန်မှစပြီး ဖန်ဆင်းရှင်က ပံ့ပိုးပေးထားသည့် နောက်ပုံစံတစ်ခုနှင့် ၎င်းတို့အသက်ရှင်နေထိုင်မည်ဖြစ်ပြီး ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာအား ခံစားရလိမ့်မည်ဟု ဆိုလိုပေသည်။

၂။ မတူညီသည့် လူသားတို့သည် မတူညီသည့် အခြေအနေများအောက်တွင် အဘယ်ကြောင့် မွေးဖွားသနည်း

လူတို့သည် ၎င်းတို့ ပြန်လည် မွေးဖွားလျှင် ကျော်ကြားသည့် မိသားစုတွင် ဖြစ်လိမ့်မည်၊ ၎င်းတို့ အမျိုးသမီးများဖြစ်ပါက စနှိုးဝှိုက်နှင့် တူပြီး အားလုံးက ချစ်ခင်ကြမည်ဖြစ်ကာ ၎င်းတို့ အမျိုးသားဖြစ်လျှင် အလိုကျဆောင်ရွက်ပေးရန် အသင့်ရှိနေသည့် လောကတစ်ခုလုံးနှင့်အတူ ဘာကိုမှမလိုအပ်သည့်၊ ချောမော လှပသော မင်းသားလေးဖြစ်မည်ဟု မကြာခဏ စိတ်ကူးရသည်ကို နှစ်သက်ကြသည်။ ၎င်းတို့မိသားစု၊ ၎င်းတို့၏ အသွင်အပြင်၊ ၎င်းတို့၏ လိင်အမျိုးအစား၊ ၎င်းတို့မွေးသည့် အချိန်ကိုပင် မကျေမချမ်းဖြစ်ရင်း၊ ၎င်းတို့ မွေးဖွားခြင်းနှင့် ပတ်သက်၍ အတွေးမှားများစွာအောက်တွင် ပင်ပန်းကြရပြီး ယင်းနှင့်ပတ်သက်၍ အလွန် မကျေနပ်သောသူများ ရှိလေသည်။ သို့သော် လူတို့က သီးခြားမိသားစုတစ်စုထဲ အဘယ်ကြောင့် ၎င်းတို့ မွေးလာသည် သို့မဟုတ် အဘယ်ကြောင့် ထိုထိုသောပုံစံဖြစ်ရသည်ကို လုံးဝ နားမလည်ကြချေ။ ၎င်းတို့မည်သည့်အရပ်တွင် မွေးသည်ဖြစ်စေ၊ မည်သို့ပုံစံရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ဖန်ဆင်းရှင်၏ စီမံခန့်ခွဲမှု ထဲတွင် အမျိုးမျိုးသော အခန်းကဏ္ဍများကို ကပြရန်နှင့် မတူညီသည့် တာဝန်များကို ဖြည့်ဆည်းရန် ဖြစ်သည်ကို ၎င်းတို့ မသိကြသကဲ့သို့ ဤရည်ရွယ်ချက်သည် ဘယ်သောအခါမှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ဖန်ဆင်းရှင်၏အမြင်တွင် လူတစ်ယောက် မွေးဖွားသည့်နေရာ၊ လိင်အမျိုးအစား၊ ရုပ်အသွင်အပြင်၊ အားလုံးသည် ယာယီဖြစ်သည်။ ၎င်းတို့သည် လူသားမျိုးနွယ် တစ်ခုလုံးအပေါ် ဖန်ဆင်းရှင်၏ စီမံခန့်ခွဲမှု အဆင့်အသီးသီးထဲက မပြောပလောက်သည့် အစက်အပြောက်များ၊ အစက်များ၊ အလွန်သေးငယ်သည့် သင်္ကေတလေးများ ဖြစ်ကြပေသည်။ လူတစ်ဦး၏ စစ်မှန်သည့် ခရီးပန်းတိုင်နှင့် အဆုံးသတ်သည် အထူးကဏ္ဍ တစ်ခုတစ်လေထဲတွင် ၎င်း၏မွေးဖွားခြင်းအားဖြင့် ပိုင်းခြားသတ်မှတ်ခြင်းမဟုတ်ဘဲ ၎င်းတို့၏ ဘဝ ၎င်းတို့ ဖြည့်ဆည်းသည့်တာဝန်နှင့် ဖန်ဆင်းရှင်၏ စီမံခန့်ခွဲမှု အစီအစဉ် ပြီးဆုံးသည့်အချိန်တွင် ၎င်းတို့အပေါ် ဖန်ဆင်းရှင်၏ တရားစီရင်မှု အားဖြင့် ပိုင်းခြားဆုံးဖြတ်မည် ဖြစ်သည်။

အကျိုးတရားတိုင်းတွင် အကြောင်းတရားရှိပြီး အကြောင်းတရားမရှိသည့် အကျိုးဆိုသည်မှာ မရှိဟု ဆိုထားပေသည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းသည် မိမိ၏လက်ရှိဘဝနှင့် ယခင်ဘဝနှစ်ခုလုံးနှင့် သေချာပေါက် ဆက်နွှယ်နေသည်။ လူတစ်ဦး၏ သေဆုံးခြင်းသည် ၎င်းတို့၏လက်ရှိဘဝကို အဆုံးသတ်စေခဲ့ပါက လူတစ်ဦး၏ မွေးဖွားခြင်းသည် စက်ဝန်းအသစ်၏ အစဖြစ်ပေသည်။ စက်ဝန်း အဟောင်းက လူတစ်ဦး၏ ယခင်ဘဝကို ကိုယ်စားပြုသည်ဆိုလျှင် စက်ဝန်းအသစ်က အလိုအလျောက် ၎င်းတို့၏ လက်ရှိဘဝ ဖြစ်ပါသည်။ လူတစ်ဦး၏ မွေးဖွားခြင်းက သူ၏ယခင်ဘဝနှင့် လက်ရှိဘဝကို ဆက်သွယ်နေသည့်အတွက် သူ၏မွေးဖွားမှုနှင့် ဆက်စပ်နေသည့် တည်နေရာ၊ မိသားစု၊ လိင်အမျိုးအစား၊ အသွင်အပြင်နှင့် တစ်ခြား အချက်အလက်များ အားလုံးသည် သူ၏ယခင်ဘဝ၊ လက်ရှိဘဝတို့နှင့် သေချာပေါက် ဆက်နွှယ် ပေသည်။ ဤကား လူတစ်ဦး၏ မွေးဖွားခြင်းနှင့်ပတ်သက်သည့် အချက်အလက်တို့သည် ယခင်ဘဝ၏ လွှမ်းမိုးမှု ရှိရုံတင်မကဘဲ လက်ရှိဘဝတွင် မိမိ၏ကံကြမ္မာကို ပိုင်းခြားသတ်မှတ်သည်ဟု ဆိုလိုပေသည်။ ယင်းသည် လူတို့ မွေးဖွားသည့် အခြေအနေအမျိုးမျိုးအတွက် အကြောင်းရင်း ဖြစ်သည်။ အချို့က ဆင်းရဲသည့် မိသားစုများ၌ မွေးဖွားကြသည်။ အခြားသူများသည် ချမ်းသာသည့် မိသားစုများတွင် မွေးဖွားသည်။ တစ်ချို့က သာမန်မျိုးရိုးမှ လာပြီး၊ တစ်ချို့က ကျော်ကြားသည့် မျိုးရိုးများ ရှိကြသည်။ တစ်ချို့က တောင်ပိုင်းတွင်မွေးသည်၊ တစ်ချို့က မြောက်ပိုင်းတွင်မွေးသည်။ တစ်ချို့က သဲကန္တာရထဲတွင် မွေးသည်။ တစ်ချို့က စိမ်းလန်းသည့် မြေများတွင် မွေးသည်။ တစ်ချို့လူတို့၏ မွေးဖွားခြင်းက သြဘာသံများ၊ ရယ်သံ၊ အောင်ပွဲခံခြင်းများနှင့်အတူ ယှဉ်တွဲသည်။ အခြားသူများမှာမျက်ရည်များ ဘေးဒုက္ခနှင့် ပူဆွေး သောကတို့ကို ယူဆောင်လာသည်။ တစ်ချို့က တန်ဖိုးအထား ခံရန်အတွက် မွေးဖွားလာသည်၊ အခြားသူတို့မှာမူ ပေါင်းပင်များကဲ့သို့ ဖယ်ထားခံရဖို့ ဖြစ်လေသည်။ တစ်ချို့က ကောင်းမွန်သည့် အင်္ဂါရပ်များဖြင့်မွေးဖွားသည်၊ အခြားသူတို့မှာမူ ပုံပန်းမကျသည့် အရာများနှင့် မွေးသည်။ တစ်ချို့ကချစ်စရာ ကောင်းသည်၊ အခြားသူတို့မှာ ရုပ်ဆိုးလေသည်။ တစ်ချို့က သန်းခေါင်ယံတွင် မွေးသည်။ အခြားသူတို့မှာမူ မွန်းတည့်နေ၏ ပူပြင်းမှုအောက်တွင်မွေးသည်။ အဆင့်အတန်းအားလုံးနှင့်ဆိုင်သည့် လူတို့၏ မွေးဖွားခြင်းများသည် ဖန်ဆင်းရှင်က ၎င်းတို့အတွက် အဆင်သင့်ထားသည့် ကံကြမ္မာများအားဖြင့် သတ်မှတ်ထား ပေသည်။ သူတို့၏မွေးဖွားမှုများသည် ၎င်းတို့၏ လက်ရှိဘဝများ ထဲက ၎င်းတို့၏ကံကြမ္မာအပြင် ၎င်းတို့ ကပြမည့် အခန်း ကဏ္ဍများနှင့် ၎င်းတို့ ဖြည့်ဆည်းမည့် တာဝန်များကို သတ်မှတ်ပေးသည်။ ဤအရာအားလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဝန်ခံကြရလေသည်။ ဖန်ဆင်းရှင်အားဖြင့် ကြိုတင်ပြဋ္ဌာန်းခံရလျက်၊ အဘယ်သူမျှ ၎င်းတို့၏ ကြိုတင် ပြဋ္ဌာန်းခံထားရသည့် ကြမ္မာကို မလွတ်မြောက်နိုင်ပေ။ ၎င်းတို့၏ မွေးဖွားခြင်းများကို မည်သူမျှ မပြောင်းလဲနိုင်သကဲ့သို့ ၎င်းတို့၏ ကံကြမ္မာကို ဘယ်သူမျှ မရွေးချယ်နိုင်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၂၃)

ဒုတိယဆုံမှတ်- အရွယ်ရောက်လာခြင်း

မည်သည့်မိသားစုမျိုးမှာ မွေးလာသည်ဆိုသည့်အပေါ် မူတည်ပြီး လူတို့သည် မတူညီသည့်အိမ် ပတ်ဝန်းကျင်များတွင် ကြီးပြင်းလာပြီး ၎င်းတို့မိဘများထံမှ မတူညီသည့် သင်ခန်းစာများကို သင်ယူကြသည်။ ဤအချက်များက လူတစ်ယောက် အသက်အရွယ်ရလာသည့် အခြေအနေများကို ဆုံးဖြတ်ပေးပြီး အရွယ်ရောက်ခြင်းက လူတစ်ယောက်ဘဝ၏ ဒုတိယအရေးပါသည့် ဆုံမှတ်ကို ကိုယ်စားပြုသည်။ လူတို့သည် ဤဆုံမှတ်တွင်လည်း ရွေးစရာမရှိသည်ကို ပြောပြစရာ မလိုပေ။ ယင်းသည်လည်း သတ်မှတ်ပြီးသား ကြိုတင်စီစဉ်ပြီးသားဖြစ်သည်။

၁။ လူအသီးသီး၏အသက်အရွယ်ရလာခြင်းအတွက် သတ်မှတ်ထားသည့် အခြေအနေများကို ဖန်ဆင်းရှင်က စီစဉ်သည်

လူတစ်ယောက်သည် မည်သူ၏ စာရိတ္တမြင့်တင်ပေးမှုနှင့် လွှမ်းမိုးမှု အောက်တွင် မိမိ ကြီးပြင်းဖို့ရန် လူများ သို့မဟုတ် အချက်အလက်များကို မရွေးချယ်၍မရပေ။ လူတစ်ယောက်သည် မည်သည့်အသိပညာ သို့မဟုတ် ကျွမ်းကျင်မှုကို သူရရှိမည်၊ မည်သို့အကျင့်မျိုး ဖြစ်မည်ကို မရွေးချယ်၍မရ။ သူ၏မိဘများနှင့် အမျိုးများက မည်သူ ဖြစ်မည်၊ မည်သည့်ပတ်ဝန်းကျင်မျိုးတွင် ကြီးပြင်းမည်ဆိုသည်ကို မရွေးချယ်၍မရပေ။ မိမိ ဝန်းကျင်များ၌ ရှိသည့် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် ၎င်း၏ ဆက်နွှယ်မှုများနှင့် ထိုအရာများက ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့လွှမ်းမိုးသည်ဆိုသည့် အရာအားလုံးမှာ ၎င်းထိန်းချုပ် ရနိုင်သည့်အရာများ ဖြစ်သည်။ သို့ဆိုလျှင် ဤအရာတို့ကို မည်သူက ဆုံးဖြတ်သနည်း။ မည်သူက စီစဉ်သနည်း။ ကိစ္စရပ်တွင် လူက ရွေးချယ်စရာမရှိသည့်အတွက် ဤအရာများကို မိမိတို့ ကိုယ်တိုင်အတွက် မဆုံးဖြတ်နိုင်သည့်အတွက်၊ ပြီးလျှင် သူတို့သည် သိသာစွာ အလိုအလျောက် ပုံမဖော်ကြသည့်အတွက်၊ ဤအမှုအရာများနှင့် အဖြစ်အပျက်အားလုံးတို့၏ ဖြစ်ပေါ်မှုမှာ ဖန်ဆင်းရှင်၏ လက်ထဲ၌ရှိသည်ကို ပြောစရာမလိုတော့ပေ။ ဟုတ်ပေ၏၊ ဖန်ဆင်းရှင်သည် လူတိုင်း၏ မွေးဖွားမှုနှင့်ဆိုင်သော သီးသန့်အခြေအနေများကို စီစဉ်သကဲ့သို့ပင်၊ တစ်ဦးတစ်ယောက် ကြီးပြင်းသည့် တိကျသော အခြေအနေများကိုလည်း စီစဉ်လေသည်။ လူတစ်ယောက်၏ မွေးဖွားမှုက ၎င်း၏ အနီးဝန်းကျင်ရှိ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာတို့ကို ပြောင်းလဲစေပါက၊ ထိုလူ၏ကြီးပြင်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကလည်း ထိုအရာတို့ကို သေချာပေါက် သက်ရောက်လိမ့်မည်ဖြစ်သည်။ ဥပမာအားဖြင့်၊ လူအချို့က ဆင်းရဲသည့် မိသားစုများတွင် မွေးသော်လည်း ကြွယ်ဝမှုက ဝန်းရံလျက် ကြီးပြင်းသည်။ တစ်ချို့က ချမ်းသာသည့် မိသားစုတွင် မွေးသော်လည်း ၎င်းတို့မိသားစု၏ စည်းစိမ်ကို ကျဆင်းစေသည်၊ ထိုသို့ဖြင့် ၎င်းတို့သည် ဆင်းရဲသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းရလေသည်။ မည်သူ၏ မွေးဖွားခြင်းကမျှ သတ်မှတ်ထားသည့် စည်းမျဉ်းက အုပ်စိုးခြင်းမရှိသကဲ့သို့ ရှောင်လွှဲလို့မရသည့် သတ်မှတ်ထားသော အခြေအနေအောက်၌ မည်သူမျှ မကြီးပြင်းပေ။ ဤအရာများသည် လူတစ်ယောက် စိတ်ကူးနိုင်သည့် သို့မဟုတ် ထိန်းချုပ်နိုင်သည့် အရာများ မဟုတ်ပေ။ ၎င်းတို့သည် လူတစ်ယောက်၏ ကံကြမ္မာ ရလဒ်များ ဖြစ်ပြီး တစ်ဦးတစ်ယောက်၏ ကံကြမ္မာဖြင့် ဆုံးဖြတ်ထားသည့်အရာ ဖြစ်သည်။ ဟုတ်ပေ၏၊ အဓိကအားဖြင့်၊ ဤအရာများသည် ဖန်ဆင်းရှင်က လူအသီးအသီးအတွက် ကြိုတင်ပြဋ္ဌာန်းသည့် ကံကြမ္မာအားဖြင့် သတ်မှတ်ခံထားရပေသည်။ ဤအရာများကို လူ၏ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ယင်းအတွက် သူ၏ အစီအစဉ်များအားဖြင့် ပိုင်းခြားသတ်မှတ်ထား ပေသည်။

၂။ လူတို့ အရွယ်ရောက်သည့် အခြေအနေအမျိုးမျိုးတို့က မတူညီသည့် အခန်းကဏ္ဍများကို ဖြစ်ပေါ်စေသည်

လူတစ်ယောက် မွေးဖွားခြင်း၏ အခြေအနေများသည် ၎င်းတို့ကြီးပြင်းသည့် အခြေခံအဆင့် ပတ်ဝန်းကျင်တစ်ခုနှင့် အခြေအနေများ အပေါ်၌ တည်ဆောက်ထားသကဲ့သို့၊ လူတစ်ယောက်ကြီးပြင်းသည့် အခြေအနေများသည် အလားတူပင် ၎င်းတို့မွေးဖွားမှု အခြေအနေများ၏ ရလဒ်တစ်ခုဖြစ်ပါသည်။ ဤအချိန်အတောအတွင်းတွင် ဘာသာစကားကို စသင်ယူကာ သူအစဉ်တစိုက် ကြီးပြင်းနေသည့်အတောအတွင်း ဖြစ်စဉ်တစ်ခု ဖြစ်သည့် သူ့စိတ်က အကြောင်းအရာအသစ်များစွာကို စတင်ကြုံတွေ့ပြီး လက်သင့်ခံလေသည်။ လူတစ်ယောက်သည် သူ့နားနှင့် ကြားသည့်အရာများ၊ သူ့မျက်လုံးနှင့် မြင်သည့်အရာများ သူ့စိတ်ဖြင့် မှတ်သားသည့်အရာများက သူ၏အတွင်းကမ္ဘာကို တဖြည်းဖြည်း ဖြည့်ပြီး သက်ဝင်လှုပ်ရှားစေသည်။ သူ ထိတွေ့ ဆက်ဆံလာရသည့် လူများ၊ ဖြစ်ရပ်များ၊ အကြောင်းအရာများ၊ သူသင်ယူသည့် ဘုံအသိ၊ အသိပညာ၊ ကျွမ်းကျင်မှုနှင့် သူ့ကို လွှမ်းမိုးသည့်၊ စွဲမြဲအောင်သင်ယူ သို့မဟုတ် သင်ကြားခဲ့ရသည့် စဉ်းစားပုံများအားလုံးသည် ဘဝတွင် သူ့ကံကြမ္မာကို လမ်းပြကာ လွှမ်းမိုးပေလိမ့်မည်။ သူကြီးလာသည့် အလျောက် သင်ယူသည့် ဘာသာစကားနှင့် သူ၏စဉ်းစားပုံနည်းလမ်းတို့ကို ငယ်ဘဝတွင် သူအချိန်ကုန်ဆုံးခဲ့သည့် ပတ်ဝန်းကျင်နှင့် ခွဲခြား၍မရသကဲ့သို့ ထိုပတ်ဝန်းကျင်တွင် ၎င်းတို့အနီးတစ်ဝိုက်ရှိ မိဘများ၊ မွေးချင်းများ၊ တစ်ခြားလူများ၊ အဖြစ်အပျက်များ အမှုအရာများ ပါဝင်လေသည်။ ထို့ကြောင့် လူတစ်ယောက်၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို သူကြီးပြင်းသည့် ပတ်ဝန်းကျင်က သတ်မှတ်ပေးပြီး ဤအချိန် အတောအတွင်း သူ ထိတွေ့ဆက်ဆံလာရသည့် လူများ၊ အဖြစ်အပျက်များ၊ အကြောင်းအရာများအပေါ်လည်း မူတည် ပေသည်။ လူတစ်ယောက် ကြီးပြင်းသည့် အခြေအနေများအား အချိန်ကြာမြင့်စွာက ကြိုတင်သတ်မှတ်ပြီးဖြစ်သည့်အတွက် ဤဖြစ်စဉ်အတွင်း သူနေထိုင်သည့် ပတ်ဝန်းကျင်ကိုလည်း အလိုအလျောက် ကြိုတင်သတ်မှတ်ထားပြီး ဖြစ်သည်။ ယင်းသည် လူတစ်ယောက်၏ ရွေးချယ်မှုများနှင့် ကြိုက်နှစ်သက်မှုများအပေါ် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ဖန်ဆင်းရှင်၏ အစီအစဉ်များနှင့်အရ ဆုံးဖြတ်ခြင်း ဖြစ်သည်၊ လူတစ်ဦး၏ ဘဝကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ ဂရုတစိုက် စီစဉ်မှုများနှင့် သူ၏ အချုပ်အခြာ အာဏာအားဖြင့် သတ်မှတ်လေသည်။ ထို့ကြောင့် ကြီးပြင်းမှု လမ်းကြောင်းတွင် မည်သူမဆို ကြုံတွေ့ရသည့် လူများ၊ ၎င်းတို့ ထိတွေ့ဆက်ဆံလာရသည့် အကြောင်းအရာများ အားလုံးသည် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များနှင့် အလိုအလျောက် ဆက်နွှယ်လေသည်။ လူတို့သည် ဤကဲ့သို့ ရှုပ်ထွေးသည့် အပြန်အလှန် ဆက်နွှယ်မှုမျိုးများကို ကြိုတင်မမြင်နိုင်သကဲ့သို့ မထိန်းချုပ်နိုင် သို့မဟုတ် နားလည် သဘောပေါက်ခြင်း မရှိနိုင်ပေ။ များပြားလှသည့် မတူညီသည့် အကြောင်းအရာများနှင့် လူတို့သည် လူတစ်ယောက် ကြီးပြင်းသည့် ပတ်ဝန်းကျင်အပေါ် ဆက်စပ်မှုရှိပြီး မည်သည့်လူသားမျှ ထိုသို့ကျယ်ပြန့်သည့် ဆက်နွှယ်မှုကွန်ယက်ကို စီစဉ်နိုင်၊ စီစဉ်ညွှန်ကြားနိုင်စွမ်းမရှိပေ။ လူများ၊ ဖြစ်ရပ်များနှင့် အကြောင်းအရာများအားလုံး၏ ဖြစ်ပေါ်မှုကို ဖန်ဆင်းရှင်မှလွဲပြီး မည်သည့်လူကမျှ သို့မဟုတ် မည်သည့်အရာကမျှ မထိန်းချုပ်နိုင် သကဲ့သို့ ၎င်းတို့၏ ကွယ်ပျောက်မှုကိုလည်း မထိန်းသိမ်း သို့မဟုတ် မထိန်းချုပ်နိုင်ချေ။ ယင်းသည် ဖန်ဆင်းရှင်မှ ကြိုတင်ပြဋ္ဌာန်း ထားသည့်အတိုင်း လူတစ်ယောက်၏ ဖွံ့ဖြိုး တိုးတက်မှုကို ပုံဖော်ပြီး လူတို့ကြီးပြင်းသည့် ပတ်ဝန်းကျင် အမျိုးမျိုးကို တည်ဆောက် ပေးသည့် အင်မတန် ကြီးမားသော ဆက်နွှယ်မှု ကွန်ယက်တစ်ခုသာ ဖြစ်သည်။ ယင်းမှာ လူတို့အနေဖြင့် မိမိတို့၏ တာဝန်များကို အောင်မြင်စွာ ဖြည့်ဆည်းဖို့ရန်အတွက် စိတ်ချရသည့် ခိုင်မာသော အခြေခံ အုတ်မြစ်ကို ချခင်းလျက် ဖန်ဆင်းရှင်၏ စီမံခန့်ခွဲခြင်းအမှုအတွက်၊ လိုအပ်သည့် တာဝန်နေရာအမျိုးမျိုးကို ဖန်တီးသည့် အရာဖြစ် ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၂၄)

တတိယ ဆုံမှတ်- အမှီအခိုကင်းခြင်း

လူတစ်ယောက်သည် ကလေးဘဝနှင့် ကြီးကောင်ဝင်ချိန်တို့ကို ဖြတ်သန်းပြီး ရင့်ကျက်ခြင်းကို တဖြည်းဖြည်းနှင့် ရှောင်လွှဲလို့မရဘဲ ရောက်လာပြီးနောက်၊ နောက်တစ်ဆင့်မှာ သူတို့အတွက် သူတို့၏ငယ်ရွယ်မှုကို လုံးဝနှုတ်ဆက်လိုက်ဖို့၊ သူတို့၏မိဘများကို နှုတ်ဆက်ပြီး အရွယ်ရောက်ပြီး သူတစ်ယောက်အနေနှင့် အမှီအခိုကင်းသည့် ရှေ့ကလမ်းကို ရင်ဆိုင်ဖို့ ဖြစ်ပါသည်။ ဤအချိန်တွင် အရွယ်ရောက်ပြီးသူတစ်ယောက် ရင်ဆိုင်ရမည့် လူများ၊ အဖြစ်အပျက်များနှင့် အကြောင်းအရာများအားလုံး၊ သူတို့ကံကြမ္မာကွင်းဆက်၏ အချိတ်အဆက်များအားလုံးကို ရင်ဆိုင်ရမည့် မကြာမီ မိမိတို့ဘာသာ ဖော်ပြလာမည့် သူတို့ ကံကြမ္မာ၏ အစိတ်အပိုင်းများအားလုံးကို သူတို့ရင်ဆိုင်ရပါမည်။ ဤကား လူတစ်ယောက် ဖြတ်သန်းသွားရမည့် တတိယဆုံမှတ် ဖြစ်ပေသည်။

၁။ အမှီအခိုကင်းပြီးနောက်တွင် လူတစ်ယောက်သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို စတင်ကြုံတွေ့ရသည်

လူတစ်ယောက်၏ မွေးဖွားခြင်းနှင့် ကြီးပြင်းခြင်းသည် လူတစ်ယောက်၏ ကံကြမ္မာ နှင့်ဆိုင်သော အုတ်မြစ်ကို ချပေးရင်း သူ၏ဘဝခရီးအတွက် “ကြိုတင်ပြင်ဆင်ခြင်း ကာလ” ဖြစ်ပါက၊ သူ၏ အမှီအခို ကင်းခြင်းသည် သူ့ဘဝကံကြမ္မာက ဖွင့်ပြလာသည့် ဖော်ပြချက်ဖြစ်ပါသည်။ လူတစ်ယောက်၏ မွေးဖွားခြင်းနှင့် ကြီးပြင်းခြင်းသည် သူတို့ဘဝကံကြမ္မာအတွက် ပြင်ဆင်ရာတွင် စုဆောင်းခဲ့သည့် ချမ်းသာကြွယ်ဝမှုဖြစ်ပါက၊ လူတစ်ယောက်၏ အမှီအခိုကင်းခြင်းသည် ထိုချမ်းသာကြွယ်ဝမှုကို သူတို့အသုံးချသည့် အချိန် သို့မဟုတ် ဖြည့်စွက်သည့်အချိန်ပင် ဖြစ်သည်။ လူတစ်ယောက်သည် မိဘများကို ထားခဲ့ပြီး အမှီအခိုကင်းသူ တစ်ယောက်ဖြစ်လာသည့်အခါ သူရင်ဆိုင်ရသည့် လူမှုရေး အခြေအနေများ၊ သူရရှိနိုင်သည့် အလုပ်နှင့် အသက်မွေးမှု လုပ်ငန်းအမျိုးအစားသည် ကံကြမ္မာအားဖြင့် ချမှတ်ထားခြင်းဖြစ်ပြီး ၎င်း၏ မိဘများနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိချေ။ လူအချို့က ကောလိပ်တွင် မေဂျာ ကောင်းကောင်းကို ရွေးချယ်ပြီး သူတို့ဘဝခရီးတွင် အောင်မြင်သည့် ပထမခြေလှမ်းကို လှမ်းရင်း ဘွဲ့ရပြီးနောက် ကျေနပ်စရာကောင်းသည့်အလုပ်ကို ရှာဖွေ တွေ့ရှိခြင်းဖြင့် အဆုံးသတ်ကြသည်။ လူအချို့က ပညာအမျိုးမျိုးကို သင်ယူပြီး ကျွမ်းကျင်သော်လည်း အသက်မွေးမှုလုပ်ငန်းတစ်ခု ရှိဖို့မပြောနှင့်၊ သူတို့နှင့် သင့်တော်သည့် အလုပ် သို့မဟုတ် သူတို့၏ ရာထူးနေရာကို လုံးဝရှာမတွေ့ကြချေ။ သူတို့၏ ဘဝခရီးအစတွင် အလှည့်အပြောင်းတိုင်း၌ ပိတ်ပင်တားဆီးခံရကာ၊ ဒုက္ခ ပြဿနာများဖြင့် ဝန်းရံခံရသည်ကို တွေ့ရပြီး၊ သူတို့ရှေ့ရေးသည် စိတ်ပျက်စရာဖြစ်လာကာ၊ သူတို့၏ဘဝများသည် သေချာမှုမရှိပေ။ လူအချို့တို့သည် လုံ့လရှိရှိနှင့် ၎င်းတို့၏ လေ့လာသင်ယူမှုများ၌ အားထုတ်ကြသည်၊ သို့သော်လည်း ပိုမြင့်သည့် ပညာရေးရရန် သူတို့၏ အခွင့်အရေးအားလုံး သီသီကလေး လွဲချော်ကြလေသည်။ ၎င်းတို့သည် ဘယ်သောအခါမျှ အောင်မြင်မှုမရရန် ကံစီမံရာ ဖြစ်ပုံရလေသည်၊ သူတို့ဘဝခရီးတွင် သူတို့၏ပထမဆုံး စိတ်အားထက်သန်မှုသည် လေထဲ ပျောက်ကွယ်သွားသည်။ ရှေ့မှာရှိသည့်လမ်းက ချောမွေ့ခြင်း သို့မဟုတ် ကြမ်းတမ်းခြင်း ရှိမရှိဆိုသည်ကို မသိဘဲ လူသား၏ ကံတရားက မည်မျှ ပြောင်းလဲနိုင်မှုများဖြင့် ပြည့်သည်ကို ပထမဆုံးအကြိမ် သူတို့ခံစားကြရပြီး ဘဝကို မျှော်လင့်ခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ဖြင့် မှတ်ယူကြသည်။ လူအချို့တို့က ပညာသိပ်ကောင်းကောင်း မတတ်ကြသော်လည်း စာအုပ်များရေးပြီး အောင်မြင်မှု အတိုင်းအတာတစ်ခု ရရှိကြသည်။ တစ်ချို့ကတော့ လုံးဝနီးနီး စာမတတ်သော်လည်း စီးပွားရေးဖြင့် ငွေရှာပြီး ဤနည်းနှင့် သူတို့ကိုယ်သူတို့ ထောက်ပံ့နိုင်သည်။ လူတစ်ယောက်က မည်သည့်အလုပ်အကိုင် ရွေးချယ်သည်၊ မည်သို့ အသက်မွေးဝမ်းကျောင်း ပြုသည်၊ ဤအရာများ၌ ကောင်းမွန်သည့် ရွေးချယ်မှု သို့မဟုတ် မကောင်းသည့် ရွေးချယ်မှုကို လုပ်ဆောင်ခြင်း ရှိမရှိဆိုသည့်အပေါ် လူတို့အနေဖြင့် ထိန်းချုပ်မှုတစ်ခုတစ်လေ ရှိကြသလော။ ဤအရာများသည်လူတို့၏ စိတ်ဆန္ဒများ၊ ဆုံးဖြတ်ချက်များနှင့် ကိုက်ညီကြသလော။ လူအများစုက အလုပ်နည်းနည်းလုပ်ပြီး ပိုက်ဆံများများရချင်ကြသည်။ နေထဲ မိုးထဲတွင် မလုပ်ဖို့၊ အဝတ်ကောင်းကောင်းဝတ်ဖို့၊ နေရာတိုင်း၌ လင်းလက်တောက်ပနေဖို့၊ တစ်ခြားလူများအား လွှမ်းမိုးဖို့၊ သူတို့၏ ဘိုးဘေးများကို ဂုဏ်တက်စေရန် ဆန္ဒရှိကြသည်။ ပြီးပြည့်စုံခြင်းကို လူတို့ မျှော်လင့်ကြသည်၊ သို့သော်လည်း သူတို့ဘဝခရီးတွင် ပထမခြေလှမ်းကို စလှမ်းသည့်အခါ လူသား၏ကံတရားက အဘယ်မျှ ပြည့်စုံခြင်းမရှိသည်ကို တဖြည်းဖြည်း နားလည်လာ ကြပြီး လူတစ်ယောက်သည် သူ၏အနာဂတ်အတွက် ရဲရင့်သော အစီအစဉ်များကို ပြုလုပ်နိုင်သော်လည်း၊ လူတစ်ယောက်သည် ရဲတင်းသည့် စိတ်ကူးယဉ်အိပ်မက်များ သိုထားနိုင်သော်လည်း၊ ၎င်းတို့၏ ကိုယ်ပိုင်အိပ်မက်များကို အကောင်အထည်ဖော်ဖို့ မည်သူမျှ အရည်အချင်း သို့မဟုတ် တန်ခိုးအာဏာမရှိကြသကဲ့သို့ မည်သူမျှ ၎င်းတို့၏ ကိုယ်ပိုင်အနာဂတ်ကို ထိန်းချုပ်နိုင်သည့် နေရာတွင် မရှိသည့်အချက်ကို ပထမဆုံးအကြိမ် အမှန်တကယ် သဘောပေါက်လာကြသည်။ လူတစ်ယောက်၏ အိပ်မက်နှင့် သူရင်ဆိုင်ရမည့် လက်တွေ့အရှိတရားတို့ကြား အကွာအဝေးတစ်ချို့ အမြဲရှိနေပါလိမ့်မည်။ အမှုအရာများသည် လူတစ်ယောက် ဖြစ်စေချင်သည့်အတိုင်း ဘယ်သောအခါမှ မဖြစ်သကဲ့သို့ ထိုသို့သော လက်တွေ့အရှိတရားများနှင့် ရင်ဆိုင်ရလျက်၊ လူတို့သည် စိတ်ကျေနပ်မှု သို့မဟုတ် ရောင့်ရဲမှုကို ဘယ်သောအခါမျှ မရရှိကြချေ။ တစ်ချို့လူတို့သည် စိတ်ကူးလို့ရသည့် မည်သည့် အတိုင်းအတာအထိမဆို သွားကြလိမ့်မည်၊ သူတို့၏ကိုယ်ပိုင် ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးပမ်းမှုတစ်ခုအနေဖြင့် သူတို့၏ အသက်မွေးဝမ်းကျောင်းနှင့် အနာဂတ်အတွက် ကြီးမားသည့် အားစိုက်မှုများ ပြုလုပ်ပြီး ကြီးမားသည့် စွန့်လွတ်မှုများ ပြုလုပ်ကြပေလိမ့်မည်။ သို့သော်လည်း အဆုံးတွင်၊ သူတို့၏ ကိုယ်ပိုင်ကြိုးစားမှုများအားဖြင့် ၎င်းတို့၏ အိပ်မက်များနှင့် စိတ်ဆန္ဒများကို အကောင်အထည် ဖော်နိုင်လျှင်ပင်၊ ၎င်းတို့၏ ကံကြမ္မာတွေကို ဘယ်သောအခါမျှ ၎င်းတို့ မပြောင်းလဲနိုင်ပေ။ မည်မျှပင်ဇွဲကြီးကြီးနှင့် ကြိုးစားပါစေ ကံတရားက သူတို့ကို ပိုင်းခြားသတ်မှတ်ပေးသည်ထက် ဘယ်သောအခါမျှ ကျော်လွန် နိုင်မည်မဟုတ်ပေ။ အရည်အချင်း၊ ဉာဏ်ပညာ၊ စိတ်စွမ်းအား မတူညီမှုများကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ၊ လူအားလုံးသည် ကံကြမ္မာ၏ ရှေ့မှောက်တွင် ညီတူညီမျှဖြစ်ပြီး ကြီးမြတ်သူနှင့် သေးနုတ်သူ၊ မြင့်သောသူနှင့် နိမ့်သောသူ၊ ချီးမြှောက်ခံရသူနှင့် နှိမ့်ကျသောသူတို့ကြား မခွဲခြားပေ။ လူတစ်ယောက်က မည်သည့် အလုပ်အကိုင်ကို ရှာဖွေလိုက်စားသည်၊ စားဝတ်နေရေးအတွက် မည်သည့်အလုပ်လုပ်သည်၊ ဘဝတွင် ကြွယ်ဝချမ်းသာမှု မည်မျှ စုဆောင်းသည် စသည်တို့သည် မိမိ၏မိဘ၊ မိမိပါရမီ၊ အားစိုက်ထုတ်မှုများ သို့မဟုတ် ရည်ရွယ်ချက်တို့နှင့် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ထားခြင်း ဖြစ်ပေသည်။

၂။ မိဘများကို စွန့်ခွာပြီး ဘဝဇာတ်ခုံပေါ်တွင် ကပြဖို့် အလေးအနက်စတင်ခြင်း

လူတစ်ယောက်သည် ရင့်ကျက်ခြင်းသို့ ရောက်ရှိသည့်အခါ၊ မိဘများကို စွန့်ခွာပြီး မိမိဘာသာရပ်တည်လာနိုင်ပါသည်။ ကိုယ့်တာဝန်ကိုယ်ယူရန် အမှန်တကယ် စတင်ပြုကာ၊ ဝေဝါးမနေတော့ဘဲ မိမိ၏ဘဝတာဝန်က တဖြည်းဖြည်း ရှင်းလင်းလာသည်မှာ ဤအချိန်တွင်ဖြစ်သည်။ နာမည်အရ၊ မိဘများနှင့် နီးကပ်စွာ နေထိုင်သေးသော်လည်း မိမိ၏ တာဝန်နှင့် ဘဝ၌ သူ ကပြရမည့် အခန်းကဏ္ဍသည် ၎င်း၏ မိခင်၊ ဖခင်တို့နှင့် ဘာမျှသက်ဆိုင်ခြင်းမရှိသောကြောင့် အမှန်တွင် လူတစ်ယောက်သည် တဖြည်းဖြည်း ကိုယ်ပိုင်ရပ်တည် လာနိုင်သည်နှင့်အမျှ ဤနီးစပ်နေသည့် နှောင်ကြိုးက ပျက်ပြယ်ပေသည်။ ဇီဝဗေဒ ရှုထောင့်မှကြည့်လျှင် လူတို့သည် မိဘအပေါ် မသိစိတ်နှင့်ဆိုင်သော နည်းလမ်းများဖြင့် မမှီခိုဘဲမနေနိုင် ဖြစ်သေး၏၊ သို့သော် အရှိအတိုင်း ပြောရမည် ဆိုလျှင် သူတို့တွေ အပြည့်အဝ အရွယ်ရောက်လာသည်နှင့် သူတို့၏ မိဘများနှင့် လုံးဝခွဲထွက်သွားပြီး သူတို့ တာဝန်ယူထားသည့် အခန်းကဏ္ဍများကို အမှီအခိုကင်းစွာ ဆောင်ရွက်ကြပါလိမ့်မည်။ ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ခြင်းကလွဲပြီး ဘယ်အရာကမှ လူတစ်ယောက်၏ ကံကြမ္မာပေါ် ဆက်နွှယ်မှု မရှိသည့်အတွက်၊ မွေးဖွားခြင်းနှင့် ပြုစုပျိုးထောင်ခြင်းအပြင် ကလေးတစ်ယောက်၏ ဘဝတွင် မိဘ၏ တာဝန်ဝတ္တရားမှာ သူကြီးပြင်းဖို့ ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ပံ့ပိုးဖို့ဖြစ်ပါသည်။ လူတစ်ယောက်က မည်သို့အနာဂတ်မျိုး ရှိမည်ကို ဘယ်သူကမှ မထိန်းချုပ်နိုင်ပါ။ ယင်းကို အချိန်ကြာမြင့်စွာက ကြိုတင်သတ်မှတ်ပြီး ဖြစ်သကဲ့သို့ သူ့မိဘများကပင် သူ့ကံကြမ္မာကို မပြောင်းလဲနိုင်ပေ။ ကံကြမ္မာနှင့် ပတ်သက်သရွေ့၊ လူတိုင်းက အမှီအခိုကင်းကာ လူတိုင်း မိမိ၏ ကိုယ်ပိုင်ကံကြမ္မာ ရှိလေသည်။ ထို့ကြောင့် မည်သူ၏မိဘကမျှ တစ်ဦးတစ်ယောက်၏ ဘဝကံကြမ္မာကို တွန်းလှန်မပယ်ရှားနိုင် သို့မဟုတ် ဘဝတွင် သူပြုမှုလှုပ်ရှားသည့် အခန်းကဏ္ဍအပေါ် လွှမ်းမိုးမှုအနည်းငယ်ပင် အသုံးမပြုနိုင်ပေ။ လူတစ်ယောက်က သူမွေးဖွားခံရဖို့ သတ်မှတ်ထားသည့် မိသားစု၊ သူကြီးပြင်းသည့် ပတ်ဝန်းကျင်တို့သည် ဘဝတွင် မိမိတာဝန်ကို ဖြည့်ဆည်းခြင်း အတွက် ကြိုတင်သတ်မှတ်ချက်များထက် ဘာမျှမပိုပေ။ ထိုအရာများသည် လူတစ်ယောက်၏ ဘဝကံကြမ္မာကို သို့မဟုတ် လူတစ်ယောက်က မိမိ၏ တာဝန်ကို ပြီးမြောက်စေသည့် ကံတရားမျိုးအား မည်သည့်နည်းနှင့်မျှ မသတ်မှတ်ပေ။ ထို့ကြောင့် မည်သူ၏ မိဘကမျှ ကလေး၏ ဘဝတာဝန်ကို ပြီးမြောက်စေဖို့ ကူညီ၍မရ။ အလားတူ၊ မည်သူ၏ ဆွေမျိုးများကမျှ ဘဝတွင် သူ့အခန်းကဏ္ဍကို တာဝန်ယူဖို့ မကူညီနိုင်ပေ။ သူ့တာဝန်ကို သူမည်သို့ ပြီးမြောက်အောင် ပြုလုပ်သည်၊ သူ့အခန်းကဏ္ဍကို မည်သည့် ပတ်ဝန်းကျင်မျိုး၌ ဆောင်ရွက်သည် ဆိုသည့်အရာ များသည် သူ့ဘဝ ကံကြမ္မာအားဖြင့် လုံးဝ သတ်မှတ်ပြီးဖြစ်သည်။ တစ်ခြားနည်းနှင့်ပြောရလျှင်၊ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ် ထားသည့် လူတစ်ယောက်၏ တာဝန်ကို အခြား ဓမ္မဓိဋ္ဌာန်ကျသော အခြေအနေများကမျှ မလွှမ်းမိုးနိုင်ပါ။ လူအားလုံးက သူတို့၏ ကိုယ်ပိုင်တစ်ဦးချင်းစီ ကြီးပြင်းလာသည့် ပတ်ဝန်းကျင်၌ ရင့်ကျက်လာကြသည်၊ ထို့နောက် တဖြည်းဖြည်းနှင့် တစ်ဆင့်ပြီး တစ်ဆင့် ဘဝတွင် သူတို့၏ ကိုယ်ပိုင် လမ်းများပေါ် ခရီးစတင် လာကြပြီး ၎င်းတို့အတွက် ဖန်ဆင်းရှင်အားဖြင့် စီစဉ်ထားသည့် ကံတရားများကို ဖြည့်ဆည်းကြလေသည်။ ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းအတွက် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ အတွက်၊ အဖန်ဆင်းခံများအနေဖြင့် သူတို့၏ တာဝန် ဝတ္တရားတွေကို စတင်ဖြည့်ဆည်းသည့်နေရာဖြစ်သော ကျယ်ပြန့်လှသည့် လူသား သဘာဝ ပင်လယ်ထဲသို့ အလိုအလျောက်၊ အမှတ်တမဲ့ ဝင်ရောက်ကြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၂၅)

စတုတ္ထဆုံမှတ်- အိမ်ထောင်ပြုခြင်း

လူတစ်ယောက်က အသက်ကြီးလာပြီး ရင့်ကျက်လာသည့်အခါ သူ့မိဘများနှင့် သူမွေးဖွားကြီးပြင်းခဲ့သည့် ပတ်ဝန်းကျင်နှင့် ပိုပြီးဝေးကွာလာသည်။ ယင်းအစား ဘဝ၌ ဦးတည်ချက်တစ်ခုကို စတင်ရှာဖွေလာပြီး သူ့မိဘတွေနှင့် ကွဲပြားသည့် ပုံစံတစ်ခုဖြင့် မိမိ၏ကိုယ်ပိုင် ဘဝပန်းတိုင်များကို ရှာဖွေလိုက်စားလေသည်။ ဤအချိန်အတောအတွင်းတွင် သူ့မိဘတွေကို မလိုအပ်တော့ပါ။ သို့သော်လည်း သူ့ဘဝမှာ သူနှင့်ဘဝကုန်ဆုံးနိုင်သည့် အဖော်တစ်ယောက် လိုအပ်လေသည်။ ယင်းမှာ သူ့ကံကြမ္မာနှင့် အတွင်းကျကျ ရစ်ပတ်ထားသည့် လူတစ်ယောက်ဖြစ်သော အိမ်ထောင်ဖက်ဖြစ်ပါသည်။ ထို့ကြောင့် အမှီအခိုကင်းပြီးနောက် လာသည့် ဘဝ၏ ပထမဆုံး အဓိကအဖြစ်အပျက်မှာ သူ ဖြတ်သန်းရမည့် စတုတ္ထဆုံမှတ်ဖြစ်သော အိမ်ထောင်ပြုခြင်း ဖြစ်သည်။

၁။ အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်ပြီး လူတစ်ယောက်၌ ရွေးချယ်စရာမရှိပေ

အိမ်ထောင်ပြုခြင်းသည် လူတိုင်းဘဝ၏ အဓိက ဖြစ်ရပ်တစ်ခု ဖြစ်သည်။ တာဝန်ဝတ္တရား အမျိုးမျိုးတို့ကို အမှန်တကယ် တာဝန်ယူရန် စတင်သည့် အချိန်၊ တာဝန်အမျိုးမျိုးကို ပြီးမြောက်စေဖို့ တဖြည်းဖြည်း စတင်သည့်အချိန် ဖြစ်သည်။ လူတိုင်းက သူတို့ကိုယ်တိုင် မကြုံရခင်မှာ အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်၍ အတွေးမှားများစွာ သိုထားတတ်ကြလေသကဲ့သို့ ဤအတွေးမှားများ အားလုံးသည် အတော်အတန် နှစ်လိုဖွယ်ဖြစ်သည်။ အမျိုးသမီးများက သူတို့၏ အမျိုးသားများသည် ၎င်းတို့၏ စိတ်ကူးအားလုံးကို ဖြည့်ဆည်းပေးမည့် မင်းသားလေးဖြစ်မည်ဟု စိတ်ကူးကြပြီး အမျိုးသားများက သူတို့သည် စနှိုးဝှိုက်ကို လက်ထပ်ကြမည်ဟု စိတ်ကူးကြသည်။ ဤစိတ်ကူးယဉ်မှုက အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်ပြီး လူတိုင်းတွင် အချို့သော သတ်မှတ်ချက်များ၊ သူတို့ကိုယ်ပိုင် တောင်းဆိုချက်များနှင့် စံနှုန်းများရှိသည်ကို ပြပေသည်။ ဤဆိုးယုတ်သည့် ခေတ်ကာလတွင် လူတို့သည် အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်ပြီး လိုရာဆွဲ၍ မမှန်မကန်ပြောသည့် သတင်းစကားများ တရစပ်ကြားနေရပြီး ယင်းက နောက်ထပ်ပိုများသည့် သတ်မှတ်ချက်များကို ဖန်တီးပြီး ဝန်ထုပ်ဝန်ပိုးမျိုးစုံနှင့် တစ်မူထူးသည့် စိတ်သဘောထားများကို လူတို့အား ပေးနေသော်လည်း အိမ်ထောင်ပြုခြင်းကို အတွေ့အကြုံရှိသည့်လူ မည်သူမဆိုက လူတစ်ယောက်သည် အိမ်ထောင်ပြုခြင်းကို မည်မျှ နားလည်ပါစေ၊ ထိုအရာအပေါ် မည်သို့ သဘောထားပါစေ၊ အိမ်ထောင်ပြုခြင်းက လူတစ်ယောက်၏ ရွေးချယ်မှုနှင့်ဆိုင်သည့် ကိစ္စမဟုတ်သည်ကို သိကြလေသည်။

လူတစ်ယောက်သည် မိမိဘဝတွင် လူများစွာကို ကြုံရ၏၊ သို့သော်လည်း မိမိ၏အိမ်ထောင်ဖက်က မည်သူဖြစ်မည်ဆိုတာကို အဘယ်သူမျှ မသိပေ။ လူတိုင်းက အိမ်ထောင်ပြုခြင်း အကြောင်းအရာအပေါ် သူတို့၏ ကိုယ်ပိုင်စိတ်ကူးများနှင့် ကိုယ်ပိုင် ရပ်တည်ချက်များ ရှိကြသော်လည်း သူတို့၏ စစ်မှန်သည့် အဖော်က နောက်ဆုံး မည်သူဖြစ်မည်ကို မည်သူမျှ ကြိုမမြင်နိုင်သကဲ့သို့ ကိစ္စရပ်အပေါ် လူတစ်ယောက်၏ ကိုယ်ပိုင်အယူအဆက အနည်းငယ်သာ အရေးပါလေသည်။ သင်ကြိုက်နှစ်သက်သည့် လူတစ်ယောက်ကို တွေ့ဆုံပြီးနောက် ထိုသူကို လိုက်နိုင်သည်။ သို့သော်လည်း သူက သင့်ကို စိတ်ဝင်စားသလော၊ သူသည် သင့်အဖော် ဖြစ်နိုင် မဖြစ်နိုင်ဆိုသည်မှာ သင်ဆုံးဖြတ်ဖို့ မဟုတ်ပေ။ သင် ချစ်ခင်သည့်အရာက သင့်ဘဝကို သူနှင့်အတူ ဝေမျှနိုင်မည့်လူ မဟုတ်ပေ။ ထိုစဉ်တွင် သင်လုံးဝ မျှော်လင့်မထားသည့် သူတစ်ယောက်က သင့်ဘဝထဲ တိတ်တဆိတ် ဝင်ရောက်လာပြီး သင့်လက်တွဲဖော်၊ သင့်ကံကြမ္မာအတွက် အရေးကြီးဆုံးအချက်၊ သင့်ကံကြမ္မာက ခွဲခြားလို့မရအောင် ချည်နှောင်ထားသည့် သင့်လက်တွဲဖော် ဖြစ်လာသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် အိမ်ထောင်ပြုခြင်း သန်းပေါင်းများစွာရှိသော်လည်း အယောက် စီတိုင်းက ကွဲပြားလေသည်။ ကျေနပ်ဖွယ်မရှိသော အိမ်ထောင်ရေး များစွာ ရှိသည်၊ ပျော်ရွှင်သော အိမ်ထောင်ရေး များစွာရှိသည်၊ များစွာမှာ အရှေ့နှင့်အနောက် ကူးပြီး များလှစွာသော အိမ်ထောင်များမှာ တောင်နှင့်မြောက် ကူးလေသည်။ များလှစွာသော အိမ်ထောင်များက ပြည့်စုံကာ လိုက်ဖက်ညီကြသည်၊ များလှစွာသော အိမ်ထောင်များက လူမှုရေး အဆင့်အတန်းတူကြသည်၊ များလှစွာသော အိမ်ထောင်များက ပျော်ရွှင်ပြီး သဟဇတဖြစ်ကြ၏၊ များလှစွာသော အိမ်ထောင်များက နာကျင်စရာဖြစ်ပြီး ဝမ်းနည်းဖွယ် ဖြစ်သည်။ များလှစွာသော အိမ်ထောင်များက အခြားသူများ၏ အားကျမှုကို ဖြစ်စေ၏၊ များလှစွာသော အိမ်ထောင်များမှာ နားလည်မှုလွဲခံရကာ သဘောကျနှစ်သက်မှု မခံရပေ။ များလှစွာသော အိမ်ထောင်များက ဝမ်းမြောက်မှုဖြင့်ပြည့်သည်၊ များလှစွာသော အိမ်ထောင်များမှာ မျက်ရည်များ ပြည့်လျှံပြီး စိတ်ပျက်ခြင်းကို ယူဆောင်လာလေသည်... ဤများပြားလှသည့် အိမ်ထောင်များတွင် လူသားတို့သည် အိမ်ထောင်ပြုခြင်းတွင် သစ္စာရှိမှု၊ တစ်သက်လုံး ဆက်ကပ်အပ်နှံခြင်း သို့မဟုတ် အချစ်၊ တွယ်တာမှု၊ ခွဲခြားမရနိုင်မှု၊ သို့မဟုတ် ကြိတ်မှိတ်သည်းခံခြင်းနှင့် နားမလည်ခြင်းများ၊ သို့မဟုတ် သစ္စာဖောက်ခြင်းတို့နှင့် မုန်းခြင်း ကိုပင် ဖွင့်ပြကြသည်။ အိမ်ထောင်ပြုခြင်းက ပျော်ရွှင်ခြင်း သို့မဟုတ် နာကျင်ခြင်းကို သယ်ဆောင် လာသည်ဖြစ်စေ၊ အိမ်ထောင်ပြုခြင်း၌ လူတိုင်း၏ တာဝန်ကို ဖန်ဆင်းရှင်က ကြိုတင်ခွဲခန့်ထားပြီးဖြစ်ပြီး ပြောင်းလဲမည်မဟုတ်ပေ။ ဤတာဝန်သည် လူတိုင်း ပြည့်စုံစေရမည့် အရာတစ်ခု ဖြစ်သည်။ အိမ်ထောင်တိုင်း၏ နောက်ကွယ်တွင် တည်ရှိနေသည့် လူတစ်ဦးချင်း၏ ကံကြမ္မာက မပြောင်းလဲပေ၊ ဖန်ဆင်းရှင်သည် ကြာမြင့်စွာကတည်းက ကြိုတင်သတ်မှတ်ပြီး ဖြစ်သည်။

၂။ အိမ်ထောင်သည် လက်တွဲဖော်နှစ်ယောက်၏ ကံကြမ္မာမှ ပေါက်ဖွားသည်

အိမ်ထောင်ပြုခြင်းသည် လူတစ်ယောက်၏ဘဝတွင် အရေးကြီးသည့် ဆုံမှတ်တစ်ခု ဖြစ်ပါသည်။ ယင်းသည် လူတစ်ယောက် ကံကြမ္မာ၏ ရလဒ်ဖြစ်ပြီး တစ်ဦးတစ်ယောက်၏ ကံကြမ္မာထဲက အလွန်အရေးကြီးသည့် အချိတ်အဆက် တစ်ခု ဖြစ်သည်။ ယင်းကို မည်သူမဆို၏ တစ်ဦးချင်း စိတ်ဆန္ဒ သို့မဟုတ် ကြိုက်နှစ်သက်မှုနှင့်မျှ တည်ဆောက်ထားခြင်းမဟုတ်သကဲ့သို့ မည်သည့် ပြင်ပအချက်အလက်မဆို၏ လွှမ်းမိုးမှု မခံရဘဲ၊ နှစ်ဦးနှစ်ဖက်၏ ကံကြမ္မာအားဖြင့်၊ စုံတွဲ၏ ကံကြမ္မာနှင့်ပတ်သက်ပြီး ဖန်ဆင်းရှင်၏ စီစဉ်မှုနှင့် ကြိုတင်သတ်မှတ်မှုအားဖြင့် လုံးဝ သတ်မှတ်ပါသည်။ အပေါ်ယံအားဖြင့်၊ အိမ်ထောင်ပြုခြင်း၏ ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို ဆက်လက်ဖြစ်ပေါ်စေဖို့ ဖြစ်သော်လည်း အမှန်မှာမူ အိမ်ထောင်ပြုခြင်းသည် လူတစ်ယောက်၏ တာဝန်ကို ပြည့်စုံစေခြင်း ဖြစ်စဉ်တွင် ကြုံရမည့် ဓလေ့တစ်ခု သက်သက်သာဖြစ်သည်။ အိမ်ထောင်တွင်၊ လူတို့သည် နောက်မျိုးဆက်ကို မွေးခြင်း အခန်းကဏ္ဍသက်သက်ကို မဆောင်ရွက်ကြပေ။ ၄င်းတို့က အိမ်ထောင်တစ်ခုကို ထိန်းသိမ်းရာတွင် ပါဝင်သည့် အခန်းကဏ္ဍမျိုးစုံနှင့် ပြည့်စုံစေရန် လိုအပ်သည့် အခန်းကဏ္ဍများဖြစ်သော တာဝန်များကို ခံယူကြလေသည်။ လူတစ်ယောက်၏ မွေးဖွားမှုက လူများ၊ ဖြစ်ရပ်များနှင့် သူ့ပတ်ဝန်းကျင်က အမှုအရာများ ကြုံရသည့် ပြောင်းလဲမှုများအပေါ် လွှမ်းမိုးမှုရှိသည့်အတွက် သူ၏ အိမ်ထောင်ပြုခြင်းကလည်း ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို မလွှဲမရှောင်သာ သက်ရောက်မည်ဖြစ်သည့်အပြင် ဤအရာများအားလုံးကို နည်းအမျိုးမျိုးဖြင့် ပြောင်းလဲပေးလိမ့်မည်ဖြစ်သည်။

လူတစ်ယောက်သည် အမှီအခိုကင်းလာသည့်အခါ၊ သူ၏ အိမ်ထောင်နှင့် ဆက်စပ်နေသည့် လူများ၊ အဖြစ်အပျက်များ၊ အကြောင်းအရာများဆီကို တစ်ဆင့်ပြီးတစ်ဆင့် ရောက်ရှိလာစေသည့် သူ၏ကိုယ်ပိုင် ဘဝခရီးကို အစပြုလေသည်။ တစ်ချိန်တည်းတွင် ထိုအိမ်ထောင်ထဲတွင် တစ်ခြားလူက အလားတူ လူများ၊ အဖြစ်အပျက်များနှင့် အကြောင်းအရာများဆီကို တစ်ဆင့်ပြီးတစ်ဆင့် ချဉ်းကပ်လျက် ရှိပေလိမ့်မည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာအောက်တွင်၊ ဆက်စပ်နေသည့် ကံကြမ္မာနှင့် အတူ ဆက်နွှယ်မှုမရှိသည့် လူနှစ်ယောက်သည် အိမ်ထောင် တစ်ခုထဲသို့ တဖြည်းဖြည်းဝင်ရောက်လာပြီး ဆန်းကြယ်စွာနှင့် မိသားစုတစ်စု ဖြစ်လာလေသည်- “ကျိုင်းကောင်နှစ်ကောင် ကြိုးတစ်ချောင်းတည်းမှာ တွယ်ကပ်နေကြသည်။” ထို့ကြောင့် တစ်ဦးတစ်ယောက်က အိမ်ထောင်တစ်ခုထဲသို့ ဝင်ရောက်သည့်အခါ သူ၏ဘဝခရီးက သူ့လက်တွဲဖော်အပေါ်မှာ လွှမ်းမိုးမှုရှိပြီး သက်ရောက်မှု ရှိပါလိမ့်မည်။ အလားတူ၊ လူတစ်ယောက် အဖော်၏ ဘဝခရီးကလည်း တစ်ယောက်၏ ဘဝကံကြမ္မာကို လွှမ်းမိုးမှုနှင့် သက်ရောက်မှု ရှိပါလိမ့်မည်။ တစ်နည်းပြောရလျှင် လူသား ကံကြမ္မာများသည် ဆက်စပ်နေကြလေသည်။ မည်သူကမျှ အခြားသူထံ လုံးဝအမှီအခိုကင်းခြင်းဖြင့် မိမိ၏ ဘဝတာဝန်များကို ပြီးဆုံးအောင် မပြုလုပ်နိုင်ပါ သို့မဟုတ် သူ့အခန်းကဏ္ဍကို မဆောင်ရွက်နိုင်ပါ။ လူတစ်ယောက်၏ မွေးဖွားခြင်းက ဆက်ဆံရေးများနှင့်ဆိုင်သော ကြီးမားသည့် ကွင်းဆက်တစ်ခု အပေါ်မှာ ဆက်နွယ်မှုရှိပေသည်။ အရွယ်ရောက် ကြီးပြင်းခြင်း ကလည်း ဆက်ဆံရေးများ၏ ရှုပ်ထွေးသည့် ကွင်းဆက်တစ်ခု ပါဝင်သည်။ အလားတူပင်၊ အိမ်ထောင်ပြုခြင်းတစ်ခုသည်လည်း အဖွဲ့ဝင်တိုင်းပါဝင်ပြီး ယင်း၏ အစိတ်အပိုင်းဖြစ်သည့် လူတိုင်း၏ ကံကြမ္မာကို လွှမ်းမိုးမှုရှိနေရင်း လူသားဆက်နွယ်မှု၏ ကျယ်ပြန့်ပြီး ရှုပ်ထွေးသည့် ကွန်ယက်ထဲမှာ မလွှဲမရှောင်သာ ဖြစ်တည်ပြီး ဆက်လက် တည်ရှိလေသည်။ အိမ်ထောင်တစ်ခုသည် နှစ်ဦးနှစ်ဖက် မိသားစုများ၊ သူတို့ကြီးပြင်းလာသည့် အခြေအနေများ၊ သူတို့၏ အသွင်အပြင်များ၊ အသက်အရွယ်များ၊ အရည်အချင်းများ၊ ပါရမီများ၊ သို့မဟုတ် တစ်ခြား မည်သည့် အချက်အလက်မဆို၏ ရလဒ်မဟုတ်ပေ၊ ယင်းထက် ဝေမျှပြီးယူထားသည့် တာဝန်နှင့် ဆက်စပ်နေသည့် ကံကြမ္မာတစ်ခုမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်က စီစဉ်ညွှန်ကြားပြီး စီမံခဲ့သည့် လူသားကံကြမ္မာ၏ ရလဒ်ဖြစ်သည့် အိမ်ထောင်ပြုခြင်း၏ မူလဇာစ်မြစ် ဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၂၆)

ပဉ္စမဆုံမှတ်- သားသမီး

လက်ထပ်ပြီးသည့်နောက် လူတစ်ယောက်သည် နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ဖို့ စတင်လေသည်။ လူတစ်ယောက်သည် သားသမီး မည်မျှများများ၊ မည်သို့ သားသမီးမျိုး ရှိသည်ဆိုသည့်အပေါ်မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ ဤအရာကိုလည်း ဖန်ဆင်းရှင်က ကြိုတင်ပြဋ္ဌာန်းထားသည့် လူတစ်ယောက်၏ ကံကြမ္မာအားဖြင့် သတ်မှတ်ထားပါသည်။ ဤကား လူတစ်ယောက် ဖြတ်သန်းရမည့် ပဉ္စမဆုံမှတ် ဖြစ်သည်။

လူတစ်ယောက်သည် တစ်ခြားတစ်ယောက်၏ ကလေးဖြစ်ခြင်း အခန်းကဏ္ဍကို ဖြည့်ဆည်းဖို့ မွေးဖွားလာပါက၊ တစ်ဦး တစ်ယောက်သည် တစ်ခြားသူ၏ မိဘအခန်းကဏ္ဍကို ဖြည့်ဆည်းဖို့အတွက် နောက်မျိုးဆက်ကို ကြည့်ရှုစောင့်ရှောက် လေသည်။ အခန်းကဏ္ဍများထဲက ဤအရွှေ့အပြောင်းက လူတစ်ယောက်ကို မတူညီသည့် ရှုထောင့်မှ ဘဝ၏ မတူညီသည့် အဆင့်များကို ကြုံတွေ့စေသည်။ ယင်းသည်လည်း တူညီသည့် နည်းလမ်းဖြင့် အမြဲလုပ်ဆောင်ကာ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို တစ်ဦးတစ်ယောက်အား သိလာစေသကဲ့သို့ ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ပြဋ္ဌာန်းထားခြင်းကို မည်သူမျှ မကျော်လွန်နိုင် သို့မဟုတ် မပြောင်းလဲနိုင်ဆိုသည့် အချက်ကို သိလာစေသည့် မတူညီသည့် ဘဝအတွေ့အကြုံ တစ်စုံကို ပေးပါသည်။

၁။ လူတစ်ယောက်သည် သူ့သားသမီးတွေ မည်သို့ဖြစ်လာမည်ဆိုသည့်အပေါ်မှာ ထိန်းချုပ်မှုမရှိပါ

မွေးဖွားခြင်း၊ အရွယ်ရောက်ခြင်းနှင့် အိမ်ထောင်ပြုခြင်း အားလုံးတို့သည် မတူညီသည့် စိတ်ပျက်မှုကို ပုံစံအမျိုးမျိုးနှင့် အဆင့်အမျိုးမျိုးဖြင့် ပေးလေသည်။ လူအချို့တို့က ၎င်းတို့မိသားစု သို့မဟုတ် ၎င်းတို့၏ ရုပ်ရည် အသွင်အပြင်တို့နှင့် ပတ်သက်ပြီး ကျေနပ်ခြင်းမရှိကြပေ။ တစ်ချို့က ၎င်းတို့မိဘများကို မကြိုက် နှစ်သက်ကြ။ တစ်ချို့က ၎င်းတို့ကြီးပြင်းလာသည့် ပတ်ဝန်းကျင် အပေါ်မှာ မကျေမနပ်ဖြစ်သည် သို့မဟုတ် မကျေနပ်ခြင်းများ ရှိကြသည်။ လူအများစုအတွက်၊ ဤစိတ်ညစ်စရာများ အားလုံး အလယ်တွင် အိမ်ထောင်ပြုခြင်းက မကျေနပ်စရာ အကောင်းဆုံး ဖြစ်သည်။ လူတစ်ယောက်က ၎င်း၏မွေးဖွားခြင်း၊ ရင့်ကျက်လာခြင်း၊ သို့မဟုတ် အိမ်ထောင်ပြုခြင်းတို့ဖြင့် မည်သို့ မကျေမနပ် ဖြစ်စေကာမူ၊ ဤအရာတွေကို ဖြတ်သန်းပြီးသည့်သူတိုင်းက တစ်ဦးတစ်ယောက်သည် မည်သည့်နေရာ၊ မည်သည့်အချိန်၌ မွေးသည်၊ မည်သို့ပုံစံရှိသည်၊ မိဘတွေက မည်သူတွေဖြစ်သည် ဆိုသည်နှင့် အိမ်ထောင်ဖက်က မည်သူဆိုသည်တို့ကို ရွေးချယ်၍ မရဘဲ ကောင်းကင်ဘုံ၏ အလိုကို ရိုးရိုးပဲ လက်ခံရမည်ဆိုသည်ကို သိကြလေသည်။ သို့သော် လူတို့အတွက် နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ရန် အချိန်ရောက်လာသည့်အခါ ၎င်းတို့၏ သားသမီးများသည် ၎င်းတို့ဘဝ ပထမတစ်ဝက်၌ ကြုံတွေ့ခဲ့ရသည့် စိတ်ညစ်စရာများ အားလုံးအတွက် ပြန်လည်ဖြည့်ဆည်း ပေးလိမ့်မည်ဟု မျှော်လင့်ရင်း ၎င်းတို့၏ဘဝ ပထမတစ်ဝက်၌ ၎င်းတို့ အကောင်အထည်မဖော်နိုင်ခဲ့ကြသည့် ဆန္ဒအားလုံးကို သူတို့၏ မျိုးဆက်များအပေါ် လွဲချလိုက်သည်။ ထို့ကြောင့် လူတို့သည် ၎င်းတို့သားသမီးများနှင့် ပတ်သက်၍ စိတ်ကူးယဉ်မှု မျိုးစုံထဲ အရသာတွေ့နေကြလေသည်။ ၎င်းတို့သမီးများသည် အသက်ရှုမှားလောက်စရာ အလှပဂေးလေးများအဖြစ် ကြီးပြင်း လာမည်၊ ၎င်းတို့၏သားများက မြူးကြွားကြွရွ နှစ်လိုဖွယ် ကောင်းသော လူကြီးလူကောင်းများ ဖြစ်လာမည်၊ သူတို့၏ သမီးများသည် ယဉ်ကျေးဖွယ်ရာရှိပြီး ပါရမီရှိကာ၊ ၎င်းတို့၏ သားများသည် အလွန် တော်သည့်ကျောင်းသား၊ အားကစား ကြယ်ပွင့်များ ဖြစ်လာမည်၊ သူတို့၏သမီးများသည် နူးညံ့ သိမ်မွေ့မည်၊ မွန်မြတ်ပြီး စဉ်းစားဆင်ခြင်တတ်မည်၊ ၎င်းတို့၏ သားများက ဉာဏ်ထက်မြက်မည်၊ စွမ်းဆောင်ရည်ရှိပြီး အသိတရားရှိမည်ဆိုသည့် စိတ်ကူးယဉ်မှုများဖြစ်သည်။ သမီးများ ဖြစ်စေ သားများဖြစ်ပါစေ၊ ၎င်းတို့၏ မျိုးဆက်များက အသက်ကြီး သူများကို ရိုသေဖို့၊ ၎င်းတို့မိဘများကို ထောက်ထားဖို့၊ လူတိုင်းက ချစ်ခင်ပြီး ချီးမွမ်းခံရဖို့ မျှော်လင့်ကြသည်။ ဤအချိန်တွင် ဘဝမျှော်လင့်ချက် အသစ်ပေါက်ဖွားလာပြီး လူတို့၏ နှလုံးသား ထဲတွင် အသစ်သော စိတ်အားထက်သန်မှုများ နိုးဆွဖြစ်ပေါ် လေသည်။ ဤဘဝတွင် ၎င်းတို့က အစွမ်းမရှိ၊ မျှော်လင့်ချက် ကင်းမဲ့ကြောင်း၊ လူအုပ်ထဲမှ ထင်ပေါ်ဖို့ နောက်ထပ်အခွင့်အရေး၊ နောက်ထပ် မျှော်လင့်ချက်ရှိမည်မဟုတ်ကြောင်းနှင့် ၎င်းတို့၌ ရွေးချယ်စရာမရှိတော့ဘဲ သူတို့ကံကြမ္မာများကို လက်ခံရန်သာ ရှိတော့သည်ကို သိကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ သားသမီးများက ၎င်းတို့၏ အိပ်မက်များကို ရရှိရန်၊ သူတို့၏ ဆန္ဒတွေကို အကောင်အထည်ဖော်ရန်၊ ၎င်းတို့၏ သားများ၊ သမီးများသည် မိသားစုနာမည်ထံ ဂုဏ်ကျက်သရေတွေ သယ်ဆောင်လာရန်၊ အရေးပါသူ၊ ချမ်းသာသူ သို့မဟုတ် ကျော်ကြားသူများဖြစ်လာရန် မျှော်လင့်ရင်းနှင့် ၎င်းတို့၏ မျှော်လင့်ချက်များ၊ ၎င်းတို့၏ အကောင်အထည်မဖော်ခဲ့ရသည့် အလိုဆန္ဒများနှင့် ပြည့်စုံမှုများအားလုံးကို နောက်မျိုးဆက်ဆီသို့ လွှဲချလိုက်ကြသည်။ အတိုချုပ်အနေနှင့် ၎င်းတို့ကလေးများ၏ အခွင့်အလမ်းများ တစ်ဟုန်ထိုးမြှင့်တက်လာခြင်းကို သူတို့ မြင်လိုကြသည်။ လူတို့၏ အစီအစဉ်များနှင့် စိတ်ကူးယဉ်မှုများက ပြည့်စုံသည်။ ၎င်းတို့တွင်ရှိသည့် သားသမီးအရေအတွက်၊ ၎င်းတို့ ကလေးများ၏ အသွင်အပြင်၊ အရည်အချင်းနှင့် ထိုကဲ့သို့သော အရာများကို ၎င်းတို့သတ်မှတ်၍ မရနိုင်၊ ၎င်းတို့ကလေးများ၏ ကံကြမ္မာက ၎င်းတို့လက်များ၌ လုံးဝ ရှိမနေသည်ကို ၎င်းတို့ မသိကြသလော။ လူသားများသည် ၎င်းတို့ကိုယ်ပိုင် ကံကြမ္မာ၏ အရှင်သခင်များ မဟုတ်ကြပေ။ သို့တိုင် ငယ်ရွယ်သည့် မျိုးဆက်များ၏ ကံကြမ္မာကို ပြောင်းလဲဖို့ မျှော်လင့်ကြသည်။ ၎င်းတို့၏ကံကြမ္မာများမှ ၎င်းတို့လွတ်မြောက်ဖို့ အစွမ်းမရှိကြပါ။ သို့တိုင် ၎င်းတို့၏ သားများ၊ သမီးများ၏ ကံကြမ္မာကို ထိန်းချုပ်ဖို့ ကြိုးစားကြ၏။ သူတို့သည် ၎င်းတို့ကိုယ်၎င်းတို့ ပိုပြီးခန့်မှန်းနေကြခြင်း မဟုတ်လော။ ဤကား လူသား၏ မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်း မဟုတ်သလော။ လူတို့သည် သူတို့ သားသမီးများအတွက် မည်သည့်အတိုင်းအတာအထိမဆို လုပ်ဆောင်ကြလိမ့်မည်၊ သို့သော်လည်း အဆုံးတွင် ကလေး ဘယ်နှစ်ယောက် ရှိသည်၊ ကလေးများ မည်သည့်အရာနှင့် တူသည်ဆိုသည်တို့ကို ၎င်းတို့၏ အစီအစဉ်များနှင့် လိုအင် ဆန္ဒများက မချမှတ်နိုင်ချေ။ လူအချို့က ပိုက်ဆံမရှိသော်လည်း ကလေးများစွာမွေးကြသည်။ လူအချို့က ချမ်းသာသည်၊ သို့သော်လည်း ကလေးတစ်ဦးမျှ မရှိပါ။ တစ်ချို့က သမီးလိုချင်သည်။ သို့သော်လည်း ယင်းဆန္ဒ ငြင်းပယ်ခံရသည်။ တစ်ချို့က သားလိုချင်သည်။ သို့သော်လည်း သားယောက်ျားလေး မမွေးနိုင်ပေ။ တစ်ချို့အတွက် ကလေးများသည် ကောင်းချီး မင်္ဂလာများဖြစ်၏။ တစ်ချို့အတွက်မူ ၎င်းတို့သည် ကျိန်စာတစ်ခုဖြစ်လေသည်။ တစ်ချို့စုံတွဲများက ဉာဏ်ကောင်း ကြသည်၊ သို့သော်လည်း နုံအနှေးကွေးသည့် ကလေးများမွေးသည်။ တစ်ချို့မိဘများက ရိုးသားပြီး ကြိုးစားသည်။ သို့သော်လည်း သူတို့ ပြုစုပျိုးထောင်သည့် ကလေးများက ပျင်းရိသည်။ တစ်ချို့ မိဘများက ကြင်နာပြီး ဖြောင့်မတ်သည်။ သို့သော်လည်း ကောက်ကျစ်ပြီး ဆိုးသည့် ကလေးများရှိသည်။ တစ်ချို့မိဘများက စိတ်ရော ကိုယ်ပါ ကျန်းမာသည်။ သို့သော်လည်း ကိုယ်အင်္ဂါ ချို့ယွင်းသည့် ကလေးများမွေးသည်။ တစ်ချို့မိဘများက သာမန်ဖြစ်ပြီး မအောင်မြင်သော်လည်း ကြီးမြတ်သည့်အရာများ စွမ်းဆောင်သည့် ကလေးများရှိသည်။ တစ်ချို့မိဘများက အခြေအနေ အဆင့်အတန်း နိမ့်သော်လည်း ထင်ပေါ် ကျော်ကြားသည့် ကလေးများရှိလေသည်...

၂။ နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ပြီးနောက် လူတို့သည် ကံကြမ္မာနှင့်ပတ်သက်ပြီး အသစ်သော သိနားလည်မှုတစ်ခု ရရှိကြသည်

အိမ်ထောင်ပြုသည့် လူအများစုက လူ့ကံကြမ္မာနှင့်သက်ဆိုင်၍ သိနားလည်မှုတစ်စုံတစ်ရာမျှ မရှိသေးသည့် အချိန်တစ်ခုဖြစ်သော အသက် ၃၀ ဝန်းကျင်တွင် ပြုကြသည်။ သို့သော်လည်း ကလေးများကို စတင်ပြုစုပျိုးထောင်သည့် အချိန်တွင်၊ ၎င်းတို့၏သားသမီးများ ကြီးပြင်းလာသည်နှင့်အမျှ မျိုးဆက်သစ်က ယခင်မျိုးဆက်၏ ဘဝနှင့် အတွေ့အကြုံအားလုံးကို ထပ်ပြီး ကြုံတွေ့ခြင်းကို ၎င်းတို့ ကြည့်ရှုကြရပြီးနောက် မျိုးဆက်ဆီမှာ ၎င်းတို့၏ ကိုယ်ပိုင်အတိတ်က ပြန်ထင်ဟပ်နေခြင်းကို မြင်ရလျက်၊ ၎င်းတို့ကဲ့သို့ပင် ငယ်ရွယ်သည့်မျိုးဆက်များ လျှောက်သည့် လမ်းကြောင်းမှာ စီစဉ်ပြီး ရွေးချယ်၍ မရနိုင်သည်ကို ၎င်းတို့ နားလည်မိကြသည်။ ဤအချက်ကို ရင်ဆိုင်ရလျက်၊ လူတိုင်း၏ ကံကြမ္မာသည် ကြိုတင်ပြဋ္ဌာန်းထားပြီး ဖြစ်သည်ကို သူတို့ဝန်ခံဖို့ ကလွဲ၍ တစ်ခြားရွေးစရာ မရှိပေ။ သူတို့သည် အသေအချာ နားလည်ခြင်းမရှိဘဲ တဖြည်းဖြည်းနှင့် ၎င်းတို့၏ကိုယ်ပိုင် လိုအင်ဆန္ဒများကို ဘေးချပြီး သူတို့နှလုံးသားထဲ၌ရှိသည့် စိတ်အား ထက်သန်မှုများသည် မှေးမှိန် ပျောက်ကွယ်သွားလေသည်။ ဤအချိန်ကာလအတွင်း လူတို့သည် အခြေခံအားဖြင့် ဘဝ၏ အရေးကြီးသည့် လမ်းညွှန်အမှတ်များကို ဖြတ်သန်းရင်း ဘဝ နှင့်သက်ဆိုင်၍ သိနားလည်မှု အသစ်တစ်ခုကို ရရှိပြီးဖြစ်ကာ သဘောထားအသစ်ကို ခံယူခဲ့သည်။ ဤအသက်အရွယ်ရှိသည့် လူတစ်ယောက်သည် အနာဂတ်ဆီမှ မည်မျှမျှော်လင့်နိုင်ကာ မျှော်လင့်စောင့်စားဖို့ မည်သည့်အလားအလာများ ရှိမည်နည်း။ မည်သည့် အသက်ငါးဆယ်အရွယ် အမျိုးသမီးတစ်ယောက်က ချောမောလှပသည့် မင်းသားကို အိပ်မက်မက်နေဆဲ ဖြစ်သနည်း။ မည်သည့်အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ယောက်က သူ၏ စနှိုးဝှိုက်ကို ရှာဖွေနေဆဲ ဖြစ်သနည်း။ မည်သည့် လူလတ်ပိုင်း အမျိုးသမီးတစ်ယောက်က ရုပ်ဆိုးသည့် ဘဲကလေးမှ ငန်းတစ်ကောင်အဖြစ် ပြောင်းသွားဖို့ မျှော်လင့်နေဆဲ ဖြစ်သနည်း။ အသက်ကြီးသည့် အမျိုးသားအများစုသည် လူငယ်အမျိုးသားများ ကဲ့သို့ အလားတူရည်မှန်းထားသည့် အလုပ်ရှိပါသလော။ အနှစ်ချုပ်အားဖြင့်၊ လူတစ်ယောက်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ဤအရွယ်ရောက်သည့်သူတိုင်းက အိမ်ထောင်၊ မိသားစုနှင့် သားသမီးတို့အပေါ် အတော်လေး ယုတ္တိတန်ပြီး လက်တွေ့ကျသည့် သဘောထားရှိဖို့ ဖြစ်နိုင်ခြေရှိပါသည်။ ထိုသို့သောလူတစ်ယောက်တွင် အခြေခံအားဖြင့် ရွေးချယ်စရာများ မကျန်တော့ပါ၊ ကံကြမ္မာကို စိန်ခေါ်ဖို့ ပြင်းပျသည့် ဆန္ဒမရှိတော့ပါ။ လူသား၏ အတွေ့အကြုံ ရှိသလောက်၊ လူတစ်ယောက်က ဤအသက်အရွယ်ကို ရောက်လာသည်နှင့် ဤသဘောထားက အလိုအလျောက် ဖြစ်ပေါ်လာသည်။ “ကံကြမ္မာကို လက်ခံရမည်။ သားသမီးများတွင် သူတို့၏ ကိုယ်ပိုင်အခွင့်အလမ်းများရှိသည်။ လူသားကံကြမ္မာသည် ကောင်းကင်ဘုံမှ သတ်မှတ်ချပေးသည်။” ဤကမ္ဘာကြီး၏ လောကဓံတရားများ၊ စိတ်ပျက်စရာများ၊ အခက်အခဲများအားလုံးကို ကျော်လွှားလွန်မြောက်ပြီးနောက်တွင် သမ္မာတရားကို နားမလည်သည့် လူအများစုသည် လူသားဘဝထဲသို့ ၎င်းတို့၏ ထိုးထွင်းသိမြင်မှုများအား ဤစကားလုံးနှစ်လုံးနှင့် အနှစ်ချုပ်လိုက်သည်။ “ကံပဲ”။ ဤစကားစုက လူသားကံကြမ္မာနှင့် ပတ်သက်ပြီး အတွေ့အကြုံရင့်ကျက်သည့် လူတို့၏ ကောက်ချက် ချခြင်းနှင့် သိမြင်ခြင်းကို အတိုဆုံး အရှင်းဆုံး ဖော်ပြသော်လည်း၊ လူသားမျိုးနွယ်၏ ခိုကိုးရာမဲ့ခြင်းကို ဖော်ပြပြီး ထိရောက်ပြီး တိကျသည်ဟု ဆိုနိုင်သော်လည်း ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို နားလည်ခြင်းနှင့် သိပ်ကွဲပြားပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာကို သိခြင်းအတွက် တကယ်ကို အစားထိုး၍ မရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၂၇)

ကံကြမ္မာကို ယုံကြည်ခြင်းက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိခြင်းအတွက် အစားထိုး မဟုတ်ပါ

ဘုရားသခင်၏ နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခြင်းဖြင့်၊ ကံတရားအပေါ် သင်တို့ သိမြင်မှုနှင့် လောကီလူတို့၏ သိမြင်မှုကြားတွင် သိသာသည့် ကွာခြားချက်ရှိပါသလော။ ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းထားခြင်းကို အမှန်တကယ် နားလည်ပြီး ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သင်တို့ အမှန်တကယ် သိမြင်လာပါသလော။ လူတစ်ချို့က “ကံပဲ” ဆိုသည့် စကားစုအပေါ် သိပ်ကောင်းမွန်ပြီး လေးနက်သည့် သိနားလည်မှုမျိုး ရှိကြသည်။ သို့သော် ၎င်းတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို အနည်းငယ်မျှ မယုံကြပေ။ လူသား၏ ကံကြမ္မာကို ဘုရားသခင်က စီစဉ်ပြီး ညွှန်ကြားသည်ကို မယုံသကဲ့သို့ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံဖို့ လိုလား မနေကြချေ။ ထိုသို့သော လူများသည် ပင်လယ်ထဲမှာမျောနေပြီး ရေစီးကြောင်းနှင့်အတူမျောပါရင်း လှိုင်းများဖြင့် လူးလွန့်လျက်၊ မတုန်မလှုပ်နှင့် စောင့်နေပြီး ၎င်းတို့ကိုယ်၎င်းတို့ ကံအပေါ်မှာ ပုံအပ်ထားဖို့ကလွဲပြီး တစ်ခြားရွေးချယ်စရာ မရှိပေ။ သို့သော်လည်း လူသား၏ ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ဝန်ခံရသည်ကို ၎င်းတို့ မသိမှတ်ကြချေ။ ၎င်းတို့၏ ကိုယ်ပိုင်အစွမ်းအစနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိမလာနိုင်ပေ၊ ထိုသို့အားဖြင့် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သည့် အသိပညာကို ရရှိခြင်း၊ ဘုရားသခင်၏ အစီအစဉ်နှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံဖို့၊ ကံကြမ္မာကို ခုခံနေခြင်းအား ရပ်တန့်ဖို့၊ ဘုရားသခင်၏ ဂရုစိုက်မှု၊ ကာကွယ်မှုနှင့် လမ်းပြမှုအောက် အသက်ရှင်ဖို့ ဖြစ်မလာနိုင်ပေ။ တစ်နည်းအားဖြင့် ဆိုလျှင်၊ ကံကြမ္မာကိုလက်ခံခြင်းက ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို ကျိုးနွံနာခံခြင်းနှင့် မတူပေ။ ကံကြမ္မာကို ယုံကြည်မှုက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်း၊ သိမှတ်ခြင်း၊ သိရှိခြင်းတို့ကို မဆိုလိုပေ။ ကံကြမ္မာကို ယုံကြည်ခြင်းက ယင်း၏ အမှန်တရားနှင့် ယင်း၏ အပေါ်ယံ သရုပ်သကန်များကို သတိပြုမိခြင်းသာဖြစ်၏။ ဤအရာသည် ဖန်ဆင်းရှင်က လူသားမျိုးနွယ်၏ ကံကြမ္မာကို မည်သို့အုပ်စိုးသည်ဆိုသည်ကို သိခြင်း၊ ဖန်ဆင်းရှင်က အရာအားလုံး၏ ကံကြမ္မာအပေါ် အုပ်စိုးခြင်း အရင်းအမြစ် ဖြစ်သည်ဆိုတာကို သိမှတ်ခြင်းတို့မှ ကွဲပြားပြီး လူသားမျိုးနွယ်၏ ကံကြမ္မာအတွက် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် စီစဉ်မှုအပေါ် ကျိုးနွံနာခံခြင်းမှပို၍ပင် ကွဲပြားလေသည်။ လူတစ်ယောက်က ကံကြမ္မာကိုပဲ ယုံကြည် သော်လည်း ယင်းကို လေးလေးနက်နက် ခံစားလျှင်ပင် ထိုသို့ဖြင့် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို သိဖို့သတိပြုမိဖို့ရန်၊ ယင်းကို ကျိုးနွံနာခံဖို့နှင့် လက်ခံဖို့ဖြစ်မလာနိုင်ပါက မည်သို့ပင်ဆိုစေ ၎င်းတို့၏ဘဝသည် အဖြစ်ဆိုးတစ်ခု၊ အချည်းနှီးရှင်သန်သည့် ဘဝတစ်ခု၊ ဗလာတစ်ခု ဖြစ်ပေလိမ့်မည်။ ၎င်းတို့သည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက် လာဖို့ရန်၊ အမှန်ကန်ဆုံးသော အဓိပ္ပါယ်ဖြင့် အဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်လာဖို့၊ ဖန်ဆင်းရှင်၏ လက်ခံအတည်ပြုမှုကို ခံစားရဖို့ တတ်နိုင်လိမ့်ဦးမည်မဟုတ်ပေ။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို အမှန်တကယ်သိပြီး ကြုံတွေ့ရသည့် လူတစ်ယောက်သည် မတုန်မလှုပ်ဖြစ်ခြင်း သို့မဟုတ် အကူအညီ မဲ့နေခြင်း အခြေအနေ မဟုတ်ဘဲ၊ တက်ကြွသည့်အခြေအနေတွင် ရှိသင့်၏။ ထိုသို့သော လူသည် အရာအားလုံးက ကံစီမံရာ ဖြစ်သည်ကို လက်ခံစဉ်တွင်၊ သက်ရှိတိုင်းက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဝန်ခံရသည်ဆိုသည့် ဘဝနှင့် ကံကြမ္မာ၏ တိကျသည့် အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ပိုင်ဆိုင်သင့်ပေသည်။ ၎င်းလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ ၎င်းခရီး၏ ပြောင်းလဲမှု အဆင့်တိုင်းကို ပြန်လည်သတိရသည့်အခါ ၎င်း၏ ခရီးလမ်းသည် ခက်ခဲမောပန်းသည်ဖြစ်စေ၊ ချောမွေ့သည်ဖြစ်စေ၊ ခြေလှမ်းတိုင်းတွင် ဘုရားသခင်က ၎င်း၏လမ်းကို ဦးဆောင် လမ်းပြနေခဲ့ပြီး အသေးစိတ် စီမံချက်ရေးဆွဲနေခဲ့သည်ကို မြင်ရပေသည်။ ယင်းသည် ၎င်းကိုယ်တိုင်မသိဘဲလျက် သူ့ကို ယနေ့အထိ ဦးဆောင်လမ်းညွှန်ပေးခဲ့သည့် ဘုရားသခင်၏ စေ့စပ်သေချာသည့် စီစဉ်မှု၊ ဂရုတစိုက်စီစဉ်မှုတို့ ဖြစ်ခဲ့ပေသည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံနိုင်ဖို့၊ ၎င်း၏ကယ်တင်ခြင်းကို လက်ခံရရှိဖို့ဆိုတာ မည်မျှ ကြီးမြတ်သည့် အခွင့်အလမ်း ဖြစ်ပါသနည်း။ လူတစ်ဦးသည် ကံကြမ္မာအပေါ် အပျက်သဘောဆောင်သည့် သဘောထားရှိပါက၊ ၎င်းတို့အတွက် ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို သူတို့ခုခံနေကြောင်း၊ ၎င်းတို့တွင် ကျိုးနွံနာခံသည့် သဘောထားမရှိကြောင်းကို ယင်းက သက်သေပြပေသည်။ လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တစ်ဦးတစ်ယောက်သည် အပြု သဘောဆောင်သည့် သဘောထားရှိပါက သူ့ခရီးကို ပြန်ကြည့် သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် သဘောပေါက်လာသည့်အခါ၊ ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို ကျိုးနွံနာခံဖို့ သာ၍ လေးလေးနက်နက် ဆန္ဒရှိလာလိမ့်မည်၊ ၎င်း၏ ကံကြမ္မာကို ဘုရားသခင်အား စီစဉ်ညွှန်ကြားခွင့်ပြုဖို့နှင့် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းအား ရပ်ဖို့၊ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်မှု ပိုပြီးရှိလာလိမ့်မည်။ ကံကြမ္မာကို နားလည်သဘောပေါက်ခြင်း မရှိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားလည်ခြင်းမရှိသည့်အခါ၊ မြူများကိုဖြတ်သွားရင်း ဒယိမ်းဒယိုင်နှင့် ကိုယ့်သဘောနှင့် စမ်းတဝါးဝါးသွားသည့်အခါ ခရီးက အလွန်ခက်ခဲသည်။ အလွန် ကြေကွဲဖွယ်ကောင်းပါသည်။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုမိလာသည့်အခါ၊ ပါးနပ်သူများက ဤအချက်ကို သိဖို့၊ လက်ခံဖို့၊ ၎င်းတို့၏ ကိုယ်ပိုင်လက်နှစ်ဖက်နှင့် ကောင်းမွန်သည့် ဘဝတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားသည့်အချိန်တွင် နာကျင်ရသည့် နေ့ရက်များကို နှုတ်ဆက်လိုက်ဖို့၊ ကံကြမ္မာကို ဆန့်ကျင်ရုန်းကန်ခြင်းနှင့် ကိုယ်ပိုင်နည်းလမ်းများဖြင့် ၎င်းတို့၏ ဘဝပန်းတိုင်ဟု ၎င်းတို့ခေါ်သည့် အရာများနောက် လိုက်စားခြင်းအား ရပ်တန့်ဖို့ ရွေးချယ်ကြသည်။ လူတစ်ယောက်သည် ဘုရားသခင်မရှိသည့်အခါ၊ သူ့ကို မမြင်နိုင် သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်း လင်းလင်း မသိသည့်အခါ၊ နေ့တိုင်းက အဓိပ္ပါယ်မရှိ၊ တန်ဖိုးမရှိ၊ စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ လူသည် မည်သည့်နေရာ၌ရှိပါစေ၊ မည်သည့်အလုပ်ကိုလုပ်ပါစေ ၎င်း၏အသက်ရှင်မှုနည်းလမ်းနှင့် ၎င်း၏ ပန်းတိုင်နောက်လိုက်ခြင်းက ၎င်းအား အဆုံးမရှိသည့် ကြေကွဲခြင်းနှင့် သက်သာခြင်းမရှိသည့် ဒုက္ခခံစားမှုတို့ကိုသာ ယူဆောင်လာပေးသည်၊ ယင်းမှာ မိမိ၏ အတိတ်ကို ပြန်လှည့် ကြည့်ဖို့ ခံနိုင်ရည်မရှိသည့်အရာမျိုးဖြစ်သည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါမှသာ၊ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံပြီး စစ်မှန်သော လူ့ဘဝကို ရှာဖွေသည့်အခါမှသာ ဘဝ၏ အနှစ်မဲ့ခြင်းဟူသမျှကို ခါချပြီး ကြေကွဲခြင်းနှင့် ဒုက္ခခံစားမှုအားလုံးမှ တဖြည်းဖြည်း လွတ်ကင်းမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၂၈)

ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံသူတို့သာ စစ်မှန်သည့် လွတ်လပ်ခြင်းကို ရရှိနိုင်သည်

လူတို့က ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုခြင်း မရှိသည့်အတွက်၊ သူတို့သည် ကံကြမ္မာကို ကလန်ကဆန်ပြုကာ ပုန်ကန်သည့် စိတ်သဘောနှင့် အမြဲ ရင်ဆိုင်ကြပြီး သူတို့၏ လက်ရှိအခြေအနေများကို ပြောင်းလဲပြီး ကံကြမ္မာကို ပြောင်းလဲဖို့ အချည်းနှီးမျှော်လင့်လျက် ဘုရားသခင်၏ အခွင့်အာဏာ၊ အချုပ်အခြာ အာဏာနှင့် ကံကြမ္မာက အဆင်သင့်ထားသည့် အရာတို့ကို အမြဲစွန့်ပစ်ချင်ကြသည်။ သို့သော်လည်း သူတို့ ဘယ်သောအခါမှ မအောင်မြင်နိုင်သကဲ့သို့ အလှည့်တိုင်းတွင် တားဆီးခံရသည်။ လူတစ်ယောက်၏ ဝိညာဉ် အတွင်း နက်နက်ရှိုင်းရှိုင်း ဖြစ်ပျက်သည့် ဤရုန်းကန်လှုပ်ရှားမှုက အချိန်တိုင်း ၎င်း၏ ဘဝကို ဖြုန်းတီးပစ်သည်နှင့်အမျှ အရိုးခိုက်အောင် နက်ရှိုင်းသည့် နာကျင်မှုမျိုးကို ယူဆောင်လာ လေသည်။ ဤနာကျင်မှုကို မည်သည့်အရာက ဖြစ်စေသနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့်လော သို့မဟုတ် လူတစ်ယောက်က ကံမကောင်းစွာနှင့် မွေးဖွားလာသောကြောင့် ဖြစ်သလော။ သိသာစွာပင် တစ်ခုမျှ မမှန်ကန်ပေ။ တကယ့်အကြောင်းရင်းက လူတို့ လျှောက်ကြသည့် လမ်းကြောင်းများ၊ ၎င်းတို့ဘဝကို အသက်ရှင်နေထိုင်ဖို့ လူတို့ရွေးချယ်သည့် နည်းလမ်းများ ကြောင့်ဖြစ်သည်။ လူအချို့က ဤအရာများကို နားလည်ကောင်းနားလည်နိုင်မည်မဟုတ်။ သို့သော်လည်း သင်တကယ် သိလာသည့်အခါ၊ လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်အမှန်တကယ် သတိပြုမိလာသည့်အခါ၊ ဘုရားသခင်က သင့်အတွက် စီစဉ်ထားပြီး သတ်မှတ်ထားသည့် အရာရာတိုင်းက ကြီးမားသည့် အကျိုးကျေးဇူးနှင့် ကွယ်ကာမှုဖြစ်သည်ကို သင်အမှန်တကယ် နားလည်လာသည့်အခါ သင့်နာကျင်မှုက စတင်ပေါ့ပါးလာကာ၊ သင့်တစ်ကိုယ်လုံးက သက်သောင့်သက်သာ ရှိလာသည်၊ ပေါ့ပါးလွတ်လပ်ပြီး လွတ်မြောက်လာသည်ကို သင်ခံစားရမည်။ လူအများစု၏ အခြေအနေများမှ အကဲဖြတ်ရပါက၊ ၎င်းတို့သည် ခံစားချက်အဆင့်အရ ၎င်းတို့ ယခင်က အသက်ရှင်နေထိုင်သကဲ့သို့ ဆက်ပြီး မနေထိုင်ချင်သော်လည်း၊ ၎င်းတို့၏နာကျင်မှုမှ သက်သာချင်သော်လည်း၊ အရှိအတိုင်းဆိုလျှင် ၎င်းတို့သည် လူသားတို့၏ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၏ လက်တွေ့ကျသည့် တန်ဖိုးနှင့် အဓိပ္ပါယ်ကို အမှန်တကယ် နားမလည်နိုင်ကြပေ၊ အရှိအတိုင်း ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုနှင့် စီစဉ်မှုကို မည်သို့ရှာဖွေပြီး လက်ခံရမည်ကို သိဖို့နေနေသာသာ၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် သတိပြုမိပြီး ကျိုးနွံနာခံနိုင်ခြင်း မရှိကြချေ။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာနှင့် ကိစ္စရပ်များ အားလုံးအပေါ် ဖန်ဆင်းရှင်က အချုပ်အခြာအာဏာ ရှိသည်ဆိုသည့် အချက်ကို အမှန်တကယ် သတိမပြုမိပါက၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်းမရှိပါက၊ ၎င်းတို့ အတွက် “လူတစ်ယောက်၏ကံကြမ္မာက သူ့လက်ထဲမှာရှိသည်” ဆိုသည့် အယူအဆအားဖြင့် မောင်းနှင်ခြင်းမခံရဖို့နှင့် ချုပ်ခြယ်ခြင်း မခံရဖို့ ခက်ခဲပေလိမ့်မည်။ ကံကြမ္မာနှင့် ဖန်ဆင်းရှင်၏ သြဇာ အာဏာတို့ကို ဆန့်ကျင်ပြီး ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားခြင်း၏ နာကျင်မှုများကို ပယ်ရှားဖို့ ၎င်းတို့အတွက် ခက်ခဲပါလိမ့်မည်။ ပြောဖို့မလိုသည်မှာ ၎င်းတို့ အမှန်တကယ် လွတ်မြောက်ပြီး လွတ်လပ်ဖို့၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူများဖြစ်လာဖို့ ၎င်းတို့အတွက် ခက်ခဲပါလိမ့်မည်။ သို့သော်၊ ဤအခြေအနေမှ မိမိကိုယ်ကိုယ် လွတ်မြောက်ဖို့ အလွန့်အလွန် ရိုးရှင်းသည့် နည်းလမ်းတစ်ခု ရှိ၏။ ယင်းမှာ ယခင်က အသက်ရှင် နေထိုင်သည့်ပုံစံကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝပန်းတိုင်များကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝနေထိုင်မှုပုံစံ၊ ဘဝအပေါ်ရှုမြင်ပုံ၊ လိုက်စားမှုများ၊ အလိုဆန္ဒများနှင့် စံသတ်မှတ်ချက်များကို အနှစ်ချုပ်ကာ ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့ကို ဘုရားသခင်၏ အလိုတော်၊ လူသားအတွက် တောင်းဆိုချက်များနှင့် နှိုင်းယှဉ်ကြည့်ပြီး ၎င်းတို့အထဲမှ တစ်စုံတစ်ခုက ဘုရားသခင်၏ အလိုတော်နှင့် တောင်းဆိုမှုများနှင့် ကိုက်ညီမှုရှိမရှိ၊ ၎င်းတို့အထဲမှ တစ်စုံတစ်ခုက ဘဝ၏ မှန်ကန်သည့် တန်ဖိုးကို ပေးအပ်ခြင်းရှိမရှိ၊ သမ္မာတရားကို ပိုပြီးသိနားလည်မှုဆီသို့ ဆိုက်ရောက်စေခြင်းရှိမရှိ၊ လူ့သဘာဝနှင့် လူသားပုံသဏ္ဌာန်ဖြင့် နေထိုင်ခွင့်ပေးခြင်းရှိမရှိ ကြည့်ဖို့ဖြစ်သည်။ ဘဝတွင် လူတို့ကြိုးစားအားထုတ်သည့် ပန်းတိုင် အမျိုးမျိုးနှင့် ၎င်းတို့၏ မတူကွဲပြားသော မြောက်များစွာသော အသက်ရှင်နေထိုင် နည်းများကိုသင့်အနေဖြင့် ထပ်တလဲလဲ စုံစမ်းစစ်ဆေးပြီး ဂရုတစိုက် စိတ်ဖြာကြည့်သည့်အခါ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အချိန်က သူ၏ နဂိုမူလ ရည်ရွယ်ချက်နှင့် မည်သည့်အရာကမျှ ကိုက်ညီမှုမရှိသည်ကို သင်တွေ့ရလိမ့်မည်။ ၎င်းတို့အားလုံးက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ဂရုစိုက်မှု၏ အဝေးသို့ လူတို့ကို ဆွဲခေါ်သွားသည်။ ၎င်းတို့အားလုံးသည် လူသားမျိုးနွယ် သက်ဆင်းသည့် ငရဲသို့ ပို့ဆောင်သော တွင်းများဖြစ်သည်။ ဤအရာကို သင်အသိအမှတ်ပြုပြီးနောက် သင်၏တာဝန်မှာ သင်၏ ဘဝအပေါ် ရှုမြင်ပုံဟောင်းကို ဘေးချိတ်ထားပြီး ထောင်ချောက် အမျိုးမျိုးမှ ဝေးဝေးနေကာ သင့်ဘဝကို ဘုရားသခင်အား တာဝန်ယူစေ၍ သင့်အတွက် အစီအစဉ်များ ပြုလုပ်စေဖို့ ဖြစ်သည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် လမ်းပြမှုတို့ကို ကျိုးနွံနာခံဖို့၊ တစ်ဦးချင်း ရွေးချယ်မှုမရှိဘဲ အသက်ရှင်ဖို့နှင့် ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာရန် ကြိုးစားဖို့ ဖြစ်သည်။ လွယ်ကူသည်ဟုထင်ရပါသည်။ သို့သော်လည်း လုပ်ဖို့ ခက်ခဲသည့်အရာဖြစ်၏။ လူအချို့တို့က ဤအရာ၏ နာကျင်မှုကို ခံနိုင်သည်။ တစ်ချို့က မခံနိုင်။ တစ်ချို့က လိုက်နာဖို့ ဆန္ဒရှိသည်။ တစ်ချို့က မရှိပေ။ ဆန္ဒမရှိသည့်သူများက ဤကဲ့သို့လုပ်ဖို့ အလိုဆန္ဒနှင့် ခိုင်မာသည့် ဆုံးဖြတ်ချက်မရှိကြ။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်းလင်းလင်း သတိပြု မိသည်။ လူသားကံကြမ္မာကို အသေးစိတ် စီမံချက်ရေးဆွဲပြီး စီစဉ်သူသည် ဘုရားသခင်ဆိုသည်ကို ကောင်းစွာသိသည်။ သို့သော်လည်း သူတို့သည် ကြိုးစား ရုန်းကန်နေဆဲ ဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ လက်ထဲတွင် ၎င်းတို့ကံကြမ္မာကို ချထားဖို့၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံဖို့ လက်မခံသေးသည့်အပြင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်တို့ကို သူတို့ မကျေနပ်ကြချေ။ ထို့ကြောင့် ၎င်းတို့ ဘယ်အရာတတ်စွမ်းသည်ဆိုတာကို ၎င်းတို့ကိုယ်၎င်းတို့ မြင်ချင်သည့် လူတစ်ချို့ အမြဲရှိနေပေလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လက်နှစ်ဖက်နှင့် မိမိတို့၏ ကံကြမ္မာကို ပြောင်းလဲချင်ကြသည်။ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်အစွမ်းနှင့် ပျော်ရွှင်မှုကို ရယူချင်သည်၊ ဘုရားသခင်၏ သြဇာအာဏာ နယ်နိမိတ်စည်းများကို ကျော်ပြီး ဘုရားသခင် အချုပ်အခြာ အာဏာ၏ အထက်တွင် မြှင့်တက်နိုင်ခြင်းရှိမရှိ မြင်လိုကြသည်။ လူသား၏ ဝမ်းနည်းစရာက ပျော်ရွှင်သည့်ဘဝကို လူသားက ရှာခြင်းမဟုတ်ပေ၊ ကျော်ကြားမှု၊ စည်းစိမ် သို့မဟုတ် မြူများကိုဖြတ်ရင်း မိမိ၏ကိုယ်ပိုင် ကံကြမ္မာနှင့် ဆန့်ကျင် ရုန်းကန်ခြင်း မဟုတ်ဘဲ၊ ၎င်းသည် ဖန်ဆင်းရှင်၏ တည်ရှိမှုကို သိမြင်ပြီးနောက်၊ ဖန်ဆင်းရှင်က လူသား၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာရှိသည်ဆိုသည့် အချက်ကို သိရှိပြီးနောက် ၎င်း၏ နည်းလမ်းများကို မပြုပြင်နိုင်သေးသကဲ့သို့ ၎င်း၏ ခြေထောက်များကို ရွှံ့နွံထဲမှ ဆွဲမထုတ်နိုင်ဘဲ ၎င်း၏နှလုံးသားကို မာကျောစေပြီး ၎င်းအမှားများကို မရမကပြုလုပ်ခြင်း ဖြစ်ပေသည်။ ၎င်းသည် နောင်တအနည်းငယ်မျှမရဘဲ အဆုံးအထိ ခုခံရင်း ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ခေါင်းမာစွာနှင့် ဆန့်ကျင်အန်တုရင်း ရွံ့ထဲမှာပင် ဆက်ပြီး ယက်ကန်ယက်ကန် ဆက်ဖြစ်နေဖို့သာ လိုလားလေသည်။ နောက်ဆုံး အရှုံးပေးပြီး နောက်ပြန်လှည့်ဖို့ သူ ဆုံးဖြတ်သည်မှာ သူသည် ကျိုးပဲ့လဲကျပြီး သွေးထွက်သည့်အချိန်မှသာ ဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့် လူသား၏ ဝမ်းနည်းမှုဖြစ်၏။ ထို့ကြောင့် ကျိုးနွံနာခံဖို့ ရွေးချယ်သည့်သူများက အသိပညာရှိပြီး ရုန်းကန်ကာ လွတ်မြောက်ဖို့ ကြိုးစားသူတို့က ခေါင်းမာသူများဖြစ်သည်ဟု ငါဆိုခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၂၉)

ဆဌမဆုံမှတ်- သေခြင်း

များပြားလှသည့် ပျားပန်းခတ်မှု နှင့် အလုပ်များခြင်းများ၊ များပြားလှသည့် အားမလိုအားမရဖြစ်ခြင်းများနှင့် စိတ်ပျက်မှုများ နောက်တွင်၊ များပြားလှသည့် ဝမ်းမြောက်မှုများ၊ ဝမ်းနည်းမှုများ၊ အနိမ့်အမြင့်များနောက်တွင်၊ များပြားလှသည့် မမေ့နိုင်စရာ နှစ်ကာလများနောက်တွင်၊ ရာသီဥတုများ အချိန် အဖန်ဖန် ပြောင်းလဲခြင်းကို ကြည့်ရှုပြီးနောက်၊ တစ်ဦးတစ်ယောက်သည် သတိမမူမိလိုက်ဘဲ ဘဝတွင် အရေးကြီးသည့် ဘဝမှတ်တိုင်များကို ဖြတ်သန်းရပြီး လျှပ်တစ်ပြက်အတွင်းတွင်၊ ၎င်းသည် မိမိကိုယ်ကိုယ် နိဂုံးချုပ်သည့် နှစ်များထဲရှိသည်ကို တွေ့လိုက်ရသည်။ အချိန်၏ အမှတ်အသားတို့သည် သူ့ကိုယ်ခန္ဓာ တစ်ခုလုံးတွင် တံဆိပ်ခတ်နှိပ်ထား၏။ ၎င်းသည် တည့်မတ်စွာ မရပ်နိုင်တော့ပါ။ မဲမှောင်သည့် ဆံပင်က အဖြူရောင်ပြောင်းလေပြီ။ တစ်ချိန်က တောက်ပပြီး ကြည်လင်ခဲ့သည့် မျက်လုံးများသည် မှေးမှိန်ပြီး ဝေဝါးသွားလေပြီ။ ချောမွေ့ပြီး ပျော့ပျောင်းသည့် အသားအရေသည် တွန့်ကြေလာပြီး အစက်အပြောက်တွေ ထင်လာသည်။ အကြား အာရုံ အားနည်းလာပြီ။ သွားများက လျော့ရဲပြီး ထွက်ကျလာသည်။ တုံ့ပြန်မှုက လေးလံလာသည်။ လှုပ်ရှားမှုက နှေးကွေးလာသည်။ ဤအချိန်တွင် တစ်ဦးတစ်ယောက်သည် မိမိငယ်ရွယ်မှု၏ စိတ်အားထက်သန်သည့် နှစ်များကို လုံးဝနှုတ်ဆက်ရပြီး ဘဝ၏ နေဝင်ဆည်းဆာဖြစ်သည့် အသက်အရွယ် အိုမင်းမှုထဲသို့ ဝင်ရောက်လာပြီ ဖြစ်သည်။ ထို့နောက်တွင် ၎င်းသည် လူ့ဘဝ၏ နောက်ဆုံးဆုံမှတ်ဖြစ်သည့် သေခြင်းကို ရင်ဆိုင်ရပေမည်။

၁။ ဖန်ဆင်းရှင်သာလျှင် လူသားအပေါ် ရှင်ခြင်းနှင့်သေခြင်း တန်ခိုးအာဏာကို စွဲကိုင်ထားသည်

လူတစ်ယောက်၏ မွေးဖွားခြင်းက ထိုလူ၏ ယခင်ဘဝအားဖြင့် လျာထားပြီးဖြစ်သည်ဆိုပါက သူ့သေခြင်းက ထိုကံတရား၏အဆုံး၏ အမှတ်သညာဖြစ်သည်။ လူတစ်ယောက်၏ မွေးဖွားခြင်းက ဤဘဝတွင် ထိုလူ၏ တာဝန်အစဆိုပါက သူ့သေခြင်းက ၎င်းတာဝန်၏အဆုံး၏ အမှတ်သညာဖြစ်၏။ ဖန်ဆင်းရှင်သည် လူတစ်ယောက်၏ မွေးဖွားခြင်းအတွက် သတ်မှတ်ထားသည့် အခြေအနေများ ဆုံးဖြတ်ပြီးဖြစ်သည့်အတွက် သူ့၏သေခြင်း အတွက်လည်း သတ်မှတ်ထားသည့် အခြေအနေများကို စီစဉ်ပြီးဖြစ်သည်မှာ ပြောဖို့မလိုပေ။ တစ်နည်းပြောရလျှင်၊ မည်သူမျှ မတော်တဆ မွေးဖွားလာခြင်းမဟုတ်၊ မည်သူ၏ သေခြင်းကမျှ ရုတ်တရက် မဟုတ်သကဲ့သို့ မွေးဖွားခြင်းနှင့် သေခြင်းနှစ်ခုလုံးက ယခင်ဘဝနှင့် လက်ရှိဘဝများနှင့် သေချာပေါက် ဆက်စပ်နေ ပေသည်။ လူတစ်ယောက်၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်း အခြေအနေနှစ်ခုလုံးကို ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ် ထားပေသည်။ ဤသည်မှာ လူတစ်ယောက်၏ ကံတရား၊ လူတစ်ယောက်၏ ကံကြမ္မာဖြစ်သည်။ လူတစ်ယောက်၏ မွေးဖွားမှုအတွက် ရှင်းပြချက်များစွာ ရှိသည့်အတွက်၊ လူတစ်ယောက်၏ သေခြင်းသည် ယင်း၏ ကိုယ်ပိုင် ထူးခြားသည့် အမျိုးမျိုးသော အခြေအနေများအောက်၌ ဖြစ်ပေါ်ပေလိမ့်မည်။ ဤသည်မှာ လူတို့၏ မတူညီသည့် သက်တမ်းများနှင့် ၎င်းတို့သေသည့် မတူညီသောပုံစံများနှင့် အချိန်များအတွက် အကြောင်းရင်း ဖြစ်သည်။ လူအချို့က ကျန်းမာသန်စွမ်းသော်လည်း စောလျင်စွာ သေဆုံးကြသည်။ အချို့က အားနည်းပြီး မကြာခဏ ဖျားနာသော်လည်း အသက်ကြီးသည့်အထိ အသက်ရှင်ကြပြီး ငြိမ်းငြိမ်းချမ်းချမ်းနှင့် သေဆုံးကြသည်။ အချို့မှာ သဘာဝမဟုတ်သည့် အကြောင်းများကြောင့်သေဆုံးပြီး အချို့က သဘာဝအလျောက်သေဆုံးကြသည်။ အချို့က မိမိအိမ်နှင့် အဝေးတွင် မိမိတို့အသက်ကို အဆုံးသတ်သည်။ တစ်ခြားလူတို့က သူတို့နံဘေးတွင် သူတို့ချစ်ရသူများနှင့်အတူ မျက်လုံးပိတ်ကြသည်။ တစ်ချို့လူတို့က လေထဲမှာ သေဆုံးကြသည်။ တစ်ခြားသူတို့က ကမ္ဘာမြေကြီးအောက်တွင် သေဆုံးကြသည်။ အချို့က ရေအောက်တွင် နစ်မြုပ်သည်။ အချို့က ကပ်ဘေးများထဲတွင် ပျောက်ဆုံးသွားကြသည်။ အချို့က မနက်တွင်သေသည်။ အချို့က ညတွင်သေသည်။... လူတိုင်းက ကျော်ကြားစွာ မွေးဖွားချင်ကြသည်။ ထူးချွန်ပြောင်မြောက်သော ဘဝနှင့် ကြီးကျယ်ခမ်းနားသည့် သေခြင်းမျိုးကို လိုချင်ကြသည်။ သို့သော်လည်း မည်သူမျှ ၎င်းတို့၏ ကိုယ်ပိုင်ကံတရားကို မကျော်လွန်နိုင်ပေ။ မည်သူကမျှ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာမှ မလွတ်မြောက်နိုင်ပေ။ ဤကား လူသား၏ ကံကြမ္မာပေတည်း။ လူသားသည် သူ့အနာဂတ်အတွက် အစီအစဉ်အမျိုးစုံ ချမှတ်နိုင်သည်။ သို့သော်လည်း မည်သူကမျှ ၎င်းတို့ မွေးဖွားသည့် ပုံစံနှင့် အချိန်၊ လောကကြီးမှ ထွက်ခွာသွားခြင်း ပုံစံနှင့်အချိန်တို့ကို မစီစဉ်နိုင်ပေ။ လူတို့က သေခြင်းရောက်လာခြင်းကို ရှောင်ရှားပြီး ခုခံဖို့ အကောင်းဆုံးလုပ်ဆောင်ကြသော်လည်း ၎င်းတို့မသိရဘဲ သေခြင်းသည် တိတ်တဆိတ်နှင့် နီးကပ်လာဆဲဖြစ်သည်။ ၎င်းတို့ မည်သည့်အချိန်သေမည်နှင့် မည်သို့သေမည်ကို မည်သူမျှ မသိကြဘဲ၊ မည်သည့်နေရာတွင် သေမည်ဆိုသည်ကို သာ၍ပင် မသိပေ။ သိသိသာသာပင်၊ သေခြင်းနှင့်ရှင်ခြင်း၏ တန်ခိုးကို စွဲကိုင်ထားသည်မှာ လူသားမျိုးနွယ် မဟုတ်၊ သဘာဝလောကထဲက သတ္တဝါတစ်ခုမဟုတ်ဘဲ၊ သြဇာအာဏာ အတုမရှိသည့် ဖန်ဆင်းရှင် ဖြစ်ပေသည်။ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းသည် သဘာဝလောက၏ နိယာမတစ်ခု၏ ရလဒ်မဟုတ်ဘဲ၊ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သော အချုပ်အခြာအာဏာ၏ အကျိုးဆက်တစ်ရပ် ဖြစ်သည်။

၂။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို မသိသူသည် သေရမည်ကို ကြောက်ရွံ့ခြင်း၏ခြောက်လှန့်မှုကို ခံရလိမ့်မည်

လူတစ်ယောက်သည် အိုမင်းသည့်အရွယ် ရောက်လာသည့်အခါ သူရင်ဆိုင်ရသည့် စိန်ခေါ်မှုက မိသားစုကို ထောက်ပံ့ခြင်း သို့မဟုတ် ဘဝတွင် သူ၏ကြီးကျယ်သည့် ရည်ရွယ်ချက်များကို တည်ဆောက်ခြင်း မဟုတ်ဘဲ၊ မိမိ၏ဘဝကို မည်သို့နှုတ်ဆက်မည်၊ မိမိဘဝ နိဂုံးကို မည်သို့ရင်ဆိုင်မည်၊ မိမိဘဝ၏ ဝါကျအဆုံး၌ ပုဒ်မ မည်သို့ချရမည် စသည်တို့ ဖြစ်သည်။ အပေါ်ယံတွင် လူတို့က သေခြင်းကို သိပ်အာရုံမစိုက်ဟု ထင်ရသော်လည်း သေခြင်း၏ ဝေးကွာသည့်တစ်ဖက်တွင် လူသားတို့ မသိရှိနိုင် သို့မဟုတ် မခံစားနိုင်သည့်၊ သူတို့ လုံးဝမသိသည့် တစ်ခြားကမ္ဘာတစ်ခု တည်ရှိနေခြင်း ရှိမရှိကို မည်သူမျှ မသိသည့်အတွက် ဤအကြောင်းအရာကို စူးစမ်းရှာဖွေခြင်းအား မည်သူမျှ ရှောင်လွှဲ မရနိုင်ပေ။ ဤအရာက လူတို့ကို သေခြင်းနှင့် ထိပ်တိုက်၊ ၎င်းတို့ ရင်ဆိုင်သင့်သည့်အတိုင်း ရင်ဆိုင်ဖို့ ကြောက်လန့်စေသည်။ ထိုသို့ရင်ဆိုင်မည့်အစား၊ ဤအရာကို ရှောင်ကြဉ်ဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ထို့ကြောင့် လူတိုင်းက သေခြင်းနှင့် ပတ်သက်ပြီး ထိတ်လန့်မှုဖြင့် ပြည့်နေကြပြီး လူတိုင်း၏ နှလုံးသားတွင် အမြဲတမ်းတည်ရှိနေသည့် အရိပ်တစ်ခု ပေါ်ထွက်စေရင်း ဤရှောင်ကွင်းလို့မရသည့် ဘဝ၏ အမှန်တရားတွင် နားမလည် နိုင်သော ဖုံးကွယ်မှုအား ဖြည့်ကြလေသည်။

လူတစ်ယောက်သည် မိမိ၏ကိုယ်ခန္ဓာ ယိုယွင်းပျက်စီး လာသည်ကို ခံစားရသည့်အခါ သေခြင်းနှင့် နီးနေပြီဖြစ်ကြောင်း သိမြင်ခံစားရသည့်အခါ မရေရာသည့် ထိတ်လန့်မှု၊ ဖော်ပြလို့မရသည့် ကြောက်ရွံ့ခြင်းတို့ကို ခံစားရသည်။ သေခြင်းကို ကြောက်ရွံ့မှုသည် လူတစ်ယောက်ကို သာ၍အထီးကျန်ပြီး ခိုကိုးရာမဲ့ခြင်းကို ခံစားရစေသည်။ ဤအချိန်တွင် မိမိကိုယ်ကိုယ်- လူသည် အဘယ်က လာသနည်း။ လူသည် ဘယ်ကိုသွားမည်နည်း။ ၎င်း၏ဘဝက လေပြေလေးအလား ၎င်းကိုကျော်ဖြတ်သွားရင်း ဤပုံစံနှင့် လူက သေမည်လော။ ဤကား လူ၏ ဘဝအဆုံးကို အမှတ်သညာပြုသည့် ကာလလော။ အဆုံး၌ ဘဝ၏ အဓိပ္ပါယ်က အဘယ်နည်း။ နောက်ဆုံးတွင် ဘဝတန်ဖိုးမှာ အဘယ်နည်း။ ကျော်ကြားမှုနှင့် စည်းစိမ်လော။ မိသားစုကို ပြုစုပျိုးထောင်ခြင်း လောဟု မေးသည်။...လူတစ်ယောက်က ဤတိကျသည့် မေးခွန်းများကို တွေးမိခြင်း ရှိမရှိဆိုသည်နှင့် မသက်ဆိုင်ဘဲ၊ လူတစ်ယောက်က သေခြင်းကို မည်မျှ နက်နက်နဲနဲ ကြောက်သည်နှင့် မသက်ဆိုင်ဘဲ၊ လူတိုင်း၏ နှလုံးသား နက်ရှိုင်းရာထဲတွင်၊ ဘဝနှင့်ပတ်သက်ပြီး နားလည်သဘောပေါက်ခြင်းမရှိသည့် ခံစားချက်နှင့်၊ ဤအရာများနှင့် ရောနှောပြီး လောကကြီးနှင့်ပတ်သက်ပြီး တွယ်တာမှု၊ ထွက်ခွာဖို့ ဝန်လေးမှုတစ်ခုတို့ကို နက်နဲမှုများကို စူးစမ်းစစ်ဆေးဖို့ ဆန္ဒတစ်ခု အမြဲတမ်းရှိနေသည်။ လူသား ကြောက်သည့်အရာက အဘယ်အရာ ဖြစ်သည်၊ လူသားရှာဖွေသည့်အရာမှာ အဘယ်အရာဖြစ်သည်၊ ၎င်းတွယ်တာနေသည့်အရာက အဘယ်အရာဖြစ်သည်ဆိုသည်နှင့် အဘယ်အရာကို ထားခဲ့ဖို့ ဝန်လေးသည်ဆိုသည်ကို မည်သူမျှ ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

လူတို့သည် သေခြင်းကို ကြောက်ရွံ့သောကြောင့် ၎င်းတို့၌ များလှစွာသော စိုးရိမ်ပူပန်မှုများ ရှိကြ၏။ လူတို့သည် သေခြင်းကို ကြောက်ရွံ့သောကြောင့် ၎င်းတို့ လက်မလွှတ်နိုင်သည့်အရာ အလွန်များစွာရှိလေသည်။ ၎င်းတို့ သေခါနီးတွင်၊ လူအချို့က ဟိုအရာ သည်အရာ စိုးရိမ်ပူပန်လာသည်။ ၎င်းတို့၏ ကလေးများ၊ ၎င်းတို့ ချစ်ရသူများ၊ ၎င်းတို့၏ ချမ်းသာကြွယ်ဝမှုများကို စိတ်ပူပန်သည်။ စိတ်ပူခြင်းအားဖြင့် သေခြင်းက သယ်ဆောင် လာသည့် ဆင်းရဲဒုက္ခနှင့် ထိတ်လန့်မှုတို့ကို ၎င်းတို့ ချေဖျက်နိုင်ကြသည့်အလား၊ သက်ရှိတို့နှင့် ရင်းနှီးမှုကို ထိန်းသိမ်းခြင်းအားဖြင့် သူတို့သည် သေခြင်းနှင့်အတူပါလာသည့် ခိုကိုးရာမဲ့ခြင်းနှင့် အထီးကျန်ခြင်းမှ ၎င်းတို့ လွတ်မြောက် နိုင်ကြသည့်အလား ဖြစ်လေသည်။ လူသား၏နှလုံးသား အတွင်းထဲတွင် မပီပြင်သည့် ကြောက်ရွံ့မှု၊ ချစ်ရသူများနှင့် ခွဲခွာရမည့် ကြောက်ရွံ့မှု၊ အပြာရောင်ကောင်းကင်ကို ဘယ်သောအခါမှ မကြည့်ရတော့မည့်၊ ရုပ်ဝတ္ထုကမ္ဘာကို ဘယ်သောအခါမှ နောက်တစ်ကြိမ် မကြည့်ရတော့မည့် ကြောက်ရွံ့မှုမျိုး တည်ရှိနေသည်။ ၎င်းချစ်ရသည့်သူများနှင့် အဖော်လုပ်လေ့ရှိသော အထီးကျန်သည့် ဝိညာဉ်သည် ၎င်း၏ ဆုပ်ကိုင်မှုကို လက်လွှတ်ပြီး မသိမမြင်သည့်၊ အကျွမ်းမဝင်သည့် လောကကို တစ်ကိုယ်တည်းသွားဖို့ ဝန်လေးနေပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၃၀)

အောင်မြင်မှုနှင့် စည်းစိမ်တို့ကို ရှာဖွေရင်းနှင့် ကုန်ဆုံးသည့်ဘဝသည် သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ဘာလုပ်ရမှန်းမသိ ဖြစ်စေသည်

ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်ပြဋ္ဌာန်းခြင်း တို့ကြောင့် သူ့အမည်တွင် ဘာမှ မရှိခြင်းမှ စတင်လာသည့် အထီးကျန် ဝိညာဉ်သည် မိဘနှင့် မိသားစုကို ရရှိလာသည်။ လူသားမျိုးနွယ်ဝင်တစ်ယောက် ဖြစ်ဖို့အခွင့်အရေး၊ လူသားဘဝကို ကြုံတွေ့ဖို့နှင့် လောကကို မြင်ဖို့အခွင့်အရေးကို ရရှိလေ၏။ ဤဝိညာဉ်သည်ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကြုံတွေ့ဖို့၊ ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်းနှင့်ဆိုင်သော ထူးခြား ဆန်းပြားမှုတွေကို သိရှိဖို့၊ ယင်းထက် ဖန်ဆင်းရှင်၏ သြဇာအာဏာကို သိပြီး ဝန်ခံလာဖို့ရန် အခွင့်အရေးလည်း ရရှိပေသည်။ သို့သော် လူအများစုက ဤကဲ့သို့ ရှားပါးပြီး ခဏတဖြုတ်ဖြစ်သည့် အခွင့်အရေးကို အမှန်တကယ် မဖမ်းဆုပ်ကြပါ။ ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ရင်း ဘဝတစ်ခုလုံးနှင့်တန်သည့် စွမ်းအင်များကို သုံးပစ်ကြသည်။ မိသားစုကို ကျွေးမွေးဖို့ ကြိုးစားရင်း လှုပ်ရှားရုန်းကန်ရင်း၊ ချမ်းသာခြင်းနှင့် အဆင့်အတန်းအကြားတွင် အပြန်အလှန် ကူးသန်းသွားလာရင်း အချိန်အားလုံး ကုန်ဆုံးရသည်။ လူတို့ တန်ဖိုးထားသည့် အရာတို့ သည် မိသားစု၊ ငွေနှင့် ကျော်ကြားမှုများ ဖြစ်သည်။ ဤအရာတို့ကို ဘဝ၌ တန်ဖိုးအရှိဆုံး အရာများအဖြစ် မြင်ကြသည်။ လူအားလုံးက ၎င်းတို့၏ကံကြမ္မာနှင့်ပတ်သက်ပြီး ညည်းညူကြသည်။ သို့သော်လည်း ဆန်းစစ်ပြီး သိနားလည်ဖို့ အရေးအပါဆုံးသော ကိစ္စရပ်များကို ၎င်းတို့ မသိကျိုးကျွန်ပြုထားကြဆဲဖြစ်၏- လူသားက အဘယ်ကြောင့်အသက်ရှင်သည်၊ မည်သို့အသက်ရှင်သင့်သည်၊ ဘဝ၏တန်ဖိုးနှင့် အဓိပ္ပါယ်က အဘယ်အရာဖြစ်သည် စသည်တို့ဖြစ်သည်။ ၎င်းတို့ နှစ်မည်မျှကြာပါစေ၊ ၎င်းတို့၏ ပျိုမျစ်ခြင်း ကုန်ဆုံးသွားသည်အထိ၊ ၎င်းတို့သည် ဆံပင်ဖြူပြီး အသားအရေ တွန့်လိပ်လာသည့်အထိ၊ ကျော်စောမှုနှင့် ဥစ္စာပစ္စည်းကို ရှာဖွေရင်း ပြေးလွှားခြင်းဖြင့်သာ ၎င်းတို့ဘဝတစ်ခုလုံးကို ကုန်ဆုံးကြလေသည်။ ကျော်စောမှုနှင့် ဥစ္စာပစ္စည်းတို့က ဇရာထောင်းခြင်းဘက်သို့ မိမိတို့ ရွေ့လျှောခြင်းကို မရပ်တန့်နိုင်ကြောင်း၊ ငွေက နှလုံးသား၏ လစ်ဟာနေခြင်းကို မဖြည့်ဆည်းပေးနိုင်ကြောင်း၊ မည်သူမျှ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်းနှင့် သေခြင်းတို့၏ နိယာမများမှ မကင်းလွတ်နိုင်ကြောင်း၊ ကံကြမ္မာက အဆင်သင့်ထားရှိသောအရာမှ မည်သူမျှ မလွတ်မြောက် နိုင်ကြောင်းကို ၎င်းတို့နားလည်သည်အထိ ဤနည်းဖြင့် အသက်ရှင်ကြလေသည်။ ၎င်းတို့သည် ဘဝ၏ နောက်ဆုံးအဆင့်ကို ရင်ဆိုင်ဖို့ ဖိအားပေးခံရသည့်အခါမှသာ လူတစ်ယောက်က အလွန်ကြီးမားသော ချမ်းသာကြွယ်ဝမှုနှင့် ကြီးကျယ်သော ဥစ္စာပစ္စည်းများ ပိုင်ဆိုင်နေသည့်တိုင်၊ အခွင့်ထူးခံဖြစ်ပြီး အဆင့်အတန်းမြင့်မားနေသည့်တိုင် သေခြင်းကို မလွတ်မြောက် နိုင်သကဲ့သို့ လူတိုင်း မိမိ၏မူလအနေအထားဖြစ်သော အဘယ်အရာမျှ မပိုင်သည့် တစ်ကိုယ်တည်းသော ဝိညာဉ် တစ်ခုသို့ ပြန်သွားရလိမ့်မည်ဟူသည်ကို သူတို့အမှန်တကယ် နားလည်ကြ လေသည်။ လူတို့သည် မိဘများ ရှိသည့်အခါ ၎င်းတို့၏ မိဘများက အရာရာဖြစ်သည်ဟု ယုံကြည်ကြသည်။ ပိုင်ဆိုင်မှုများရှိသည့်အခါ ငွေသည် အဓိကအစိတ်အပိုင်းဖြစ်သည်၊ အသက်ရှင်သည့် နည်းလမ်း တစ်ခုဖြစ်သည်ဟု ထင်မြင်ကြသည်။ လူတို့သည် အဆင့်အတန်း ရှိသည့်အခါ ထိုအရာအပေါ်မှာ စွဲမြဲစွာ ဖက်တွယ်ပြီး ယင်းအတွက် ၎င်းတို့၏ အသက်ကို စွန့်စားကြလေသည်။ လူတို့က ဤကမ္ဘာကို လက်လွှတ်ရတော့မည့် အချိန်မှသာ ၎င်းတို့ဘဝ၏ အချိန်များကို အသုံးချပြီး ကြိုးစားရှာဖွေခဲ့သည့် ဤအရာများသည် ခဏတစ်ဖြုတ် တိမ်တိုက်များသာ ဖြစ်ကြောင်း၊ ၎င်းတို့စွဲကိုင်ထားနိုင်သည့် မည်သည့်အရာမှ မရှိကြောင်း၊ ၎င်းတို့နှင့်အတူ ယူသွားနိုင်သည့် မည်သည့်အရာမျှမရှိကြောင်း၊ မည်သည့်အရာကမှ ၎င်းတို့ကို သေခြင်းမှ ကင်းလွတ်အောင် မလုပ်နိုင်ကြောင်း၊ အထီးကျန်သည့် ဝိညာဉ်ကို သူ့အပြန်လမ်းမှာ မည်သူကမှ အဖော်လုပ်ပြီး နှစ်သိမ့်မပေးနိုင်ကြောင်း သိမြင်လေ၏။ အဆိုးဆုံးက ဤအရာများထဲမှ မည်သည့်အရာကမှ လူတစ်ယောက်ကို မကယ်တင်နိုင်သကဲ့သို့ သေခြင်းကို မကျော်လွန်စေနိုင်ပေ။ ဤရုပ်ဝတ္ထုလောကတွင် လူတစ်ယောက်ရသည့် အောင်မြင်မှုနှင့် စည်းစိမ်တို့သည် ယာယီစိတ်ကျေနပ်မှု၊ ခဏတာ သာယာမှု၊ အတုအယောင် စိတ်သက်သာစေမှုတို့ကိုပေးပြီး ရေရှည်တွင် လမ်းပျောက်စေပါသည်။ ထို့ကြောင့် လူတို့သည် ငြိမ်းချမ်းမှု၊ စိတ်သက်သာရာရမှု၊ ငြိမ်းအေးမှုတို့ကို လိုလားတောင့်တရင်း လူသားမျိုးနွယ်၏ ကျယ်ပြန့်သည့် ပင်လယ်ကြီးထဲ ယက်ကန်ယက်ကန်ဖြစ်နေရင်း လှိုင်းလုံးများဖြင့် အဖန်ဖန် လွှမ်းမိုး ခံရလေသည်။ ၎င်းတို့ဘယ်ကလာသည်၊ အဘယ်ကြောင့် အသက်ရှင်နေသည်၊ ဘယ်ကိုသွားနေသည်စသည်တို့ကို နားလည်ဖို့ အရေးအကြီးဆုံး မေးခွန်းများကို လူတို့ အဖြေ မထုတ်နိုင်သေးချိန်တွင် သူတို့သည် အောင်မြင်မှုနှင့် စည်းစိမ်များ အားဖြင့် ဆွဲဆောင်ခံရပြီး၊ လှည့်စားခံရကာ၊ ဤအရာများနှင့် ထိန်းချုပ်ခံရပြီး နောက်ဆုံး ဆုံးရှုံးကြရသည်။ အချိန်က ကုန်မြန်လွန်းသည်။ မျက်စိတစ်မှိတ်အတွင်း နှစ်များ ကုန်ဆုံး သွားသည်။ သတိမပြုလိုက်မိခင်မှာ သူ့ဘဝ၏ အကောင်းဆုံး နှစ်များကို နှုတ်ဆက်လိုက်ရသည်။ လူတစ်ယောက်သည် မကြာခင် လောကကြီးမှ ထွက်ခွာရတော့မည့်အချိန်တွင်၊ လောကကြီးတွင် ရှိသည့် အရာအားလုံးသည် အဝေးကို ရွေ့သွားနေသည်၊ မူလက ၎င်းပိုင်ဆိုင်ခဲ့သည့် အရာများကို ထပ်ပြီး ကိုင်စွဲမထားနိုင်သည်ကို တဖြည်းဖြည်း နားလည်လာလေသည်။ ထိုအခါလောကထဲ အခုလေးတင် ဝင်ရောက်လာသည့် အော်ဟစ်ငိုယိုနေသည့် မွေးကင်းစကလေး တစ်ယောက်ကဲ့သို့ အဘယ်အရာမျှ မပိုင်ဆိုင်သေးသည်ကို အမှန်တကယ် ခံစားလိုက်ရသည်။ ဤအချိန်တွင် ၎င်းသည် ဘဝမှာ မည်သည့်အရာ လုပ်ဆောင်ခဲ့သည်၊ အသက်ရှင်ရခြင်းက အဘယ်တန်ဖိုးရှိသည်၊ ဘဝက မည်သည့်အရာကို ဆိုလိုသည်၊ လောကထဲသို့ အဘယ်ကြောင့် ရောက်လာသည်ဆိုသည်တို့ကို ဆင်ခြင်သုံးသပ်ဖို့ ဖြစ်လာရသည်။ ဤအချိန်တွင် နောင်ဘဝ တကယ်ရှိမရှိ၊ ကောင်းကင်ဘုံက တကယ်ရှိမရှိ၊ အပြစ်ဒဏ်ခံရခြင်း တကယ်ရှိမရှိ ဆိုသည်တို့ကို ပိုပြီးသိချင်လာသည်။ သေခြင်းနှင့် နီးကပ်လာလေ၊ ဘဝက အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို ပိုပြီး နားလည်ချင် လာလေဖြစ်၏၊ သေခြင်းနှင့် နီးကပ်လာလေ၊ နှလုံးသားက ဗလာနတ္တိ ထင်ရလေဖြစ်သည်၊ သေခြင်းနှင့် နီးကပ်လာလေ၊ အကူအညီမဲ့သကဲ့သို့ ပိုပြီး ခံစားရလေ ဖြစ်သည်။ ထို့ကြောင့် သေခြင်းကို ကြောက်ရွံ့မှုသည် တစ်နေ့ပြီးတစ်နေ့ ပိုမိုကြီးမား လာလေသည်။ လူတို့သည် သေခြင်းနှင့် နီးကပ်လာသည်နှင့်အမျှ ၎င်းတို့အထဲ ထိုသို့သော ခံစားချက်များ ထင်ရှားလာရခြင်း အကြောင်းရင်း နှစ်ခု ရှိပေသည်။ ပထမအချက်က ၎င်းတို့၏ ဘဝများ အမှီပြုခဲ့သည့် ကျော်ကြားခြင်းနှင့် ချမ်းသာခြင်းတို့ကို ၎င်းတို့ ဆုံးရှုံးရတော့မည်။ လောကမှာ မြင်နိုင်သည့် အရာများ အားလုံးကို ထားခဲ့ရတော့မည်ဖြစ်သည်။ ဒုတိယအချက်က သူတို့ ခြေချဖို့ ကြောက်ရွံ့သည့်နေရာ၊ ချစ်ခင်ရသည့်သူများနှင့် ကူညီ ထောက်ပံ့မှုများ မရှိသည့်နေရာဖြစ်သည့် သူတို့နှင့် မရင်းနှီး သည့်လောက၊ ဆန်းကြယ်ပြီး မသိမြင်နိုင်သည့် နယ်ပယ်တစ်ခုကို တစ်ယောက်တည်း ရင်ဆိုင်ရတော့မည် ဖြစ်ပေသည်။ ဤအကြောင်းရင်း နှစ်ချက်ကြောင့် သေခြင်းကို ရင်ဆိုင် ရသူတိုင်းသည် စိတ်မသက်သာမှုကို ခံစားရသည်။ ယခင်က တစ်ခါမှ မသိဖူးသည့် ထိတ်လန့်မှုနှင့် အကူအညီမဲ့သည့် ခံစားမှုကို ကြုံတွေ့ကြရသည်။ တစ်စုံတစ်ဦးသည် ဤအခြေအနေသို့ အမှန်တကယ် ရောက်လာသည့်အခါမှသာ လူတစ်ယောက် ကမ္ဘာမြေကြီးပေါ်မှာ ခြေချသည်နှင့်တစ်ပြိုင်နက် ၎င်းနားလည်ရမည့် ပထမဆုံးအရာက လူသား မည်သည့်အရပ်ကလာသည်၊ အဘယ်ကြောင့် လူများ အသက်ရှင်နေကြသည်၊ လူသားကံကြမ္မာကို မည်သူ ချမှတ်သည်ဆိုသည်နှင့် လူသားတို့ တည်ရှိခြင်းအတွက် အဘယ်သူ ပံ့ပိုးပြီး အချုပ်အခြာအာဏာ ရှိသည်ဆိုသည်တို့ ဖြစ်သည်ကိုသိမြင်လာသည်။ ဤအသိပညာသည် လူအသက်ရှင်သည့် စစ်မှန်သည့် နည်းလမ်း၊ လူသား ရှင်သန် ရပ်တည်ရေးအတွက် မဖြစ်မနေ လိုအပ်သည့် အခြေခံဖြစ်လေသည်။ မိသားစုကို မည်သို့ထောက်ပံ့ရမည် သို့မဟုတ် ကျော်ကြားမှုနှင့် ချမ်းသာမှုကို မည်သို့ ရယူရမည် စသည်တို့ကို သင်ယူခြင်း မဟုတ်ပေ။ တစ်ခြားလူတွေထက် မည်သို့ထူးချွန်အောင်နှင့် အောင်မြင်စွာပြီးမြောက်အောင် မည်သို့လုပ်ရမည်ကို သင်ယူခြင်း ဖြစ်ဖို့နေနေသာသာ၊ လူအုပ်ထဲမှ မည်သို့ထင်ပေါ်အောင် လုပ်ရမည် သို့မဟုတ် ပိုပြီး ချမ်းသာသည့် ဘဝကို မည်သို့နေထိုင်ရမည် ဆိုသည်တို့ကို သင်ယူခြင်း မဟုတ်ပေ။ လူတို့သည် ၎င်းတို့၏ ဘဝအချိန် များကို အသုံးချပြီး ကျွမ်းကျင်အောင် သင်ယူခဲ့သည့် ရှင်သန်ရပ်တည်ရေး ကျွမ်းကျင်မှု အမျိုးမျိုးတို့က ရုပ်ဝတ္ထုဆိုင်ရာ ဇိမ်ခံစရာများကို အလျှံပယ် ပေးနိုင်သော်လည်း နှစ်သိမ့်မှုနှင့် စစ်မှန်သည့်ငြိမ်းချမ်းမှုတို့ကို နှလုံးသားဆီသို့ ဘယ်သောအခါမှ မဆောင်ကြဉ်းပေ၊ ယင်းအစား လူတို့ကို စဉ်ဆက်မပြတ် ၎င်းတို့၏ ဦးတည်ချက်များ ပျောက်ဆုံးစေသည်။ ၎င်းတို့ကိုယ်၎င်းတို့ ထိန်းချုပ်ဖို့ ခက်ခဲစေသကဲ့သို့ ဘဝ၏အဓိပ္ပါယ်ကို သင်ယူဖို့ အခွင့်အလမ်းတိုင်းကို လွဲချော်စေလေသည်။ ဤရှင်သန်ရေး ကျွမ်းကျင်မှုများက သေခြင်းကို မည်သို့ သင့်လျော်စွာ ရင်ဆိုင်ရမည်နှင့်ပတ်သက်၍ အုံ့ပုန်း ပူဆွေးသောကတစ်ခုကို ဖန်တီးလေသည်။ ဤနည်းလမ်းနှင့် လူတို့၏ ဘဝများ ပျက်စီးရသည်။ ဖန်ဆင်းရှင်က သူ၏ အချုပ်အခြာအာဏာကို ကြုံတွေ့ပြီး သိရှိဖို့ လူတိုင်းကို တစ်ဘဝလုံးစာ ထိုက်တန်သည့် အခွင့်အလမ်းများပေးပြီး လူတိုင်းကို မျှတစွာ ပြုမူဆက်ဆံသည်။ သို့တိုင် တစ်ဦးတစ်ယောက်သည် အလင်းကို စမြင်လာသည်မှာ သေခြင်းက နီးကပ်လာသည့် အခါမှသာ၊ သေခြင်း၏ ခြောက်လှန့်မှုက ဘွားခနဲ ပေါ်လာသည့်အခါမှသာ ဖြစ်သည်- ထိုအခါ အလွန်နောက်ကျသွားပြီဖြစ်သည်။

လူတို့သည် ငွေနှင့် ကျော်စောမှုနောက်လိုက်ရင်း မိမိတို့၏ ဘဝကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ထိုအရာများက ၎င်းတို့၏ တစ်ခုတည်းသော အထောက်အပံ့ နည်းလမ်းဟု တွေးထင်ရင်း၊ ထိုအရာများကို ရှိခြင်းအားဖြင့် ၎င်းတို့ အသက်ဆက်ရှင် နိုင်သည့်အလား၊ သေခြင်းမှ လွတ်ကင်းစေနိုင်မည့်အလား ဤကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြလေသည်။ သို့သော် သူတို့သည် သေရတော့မည်အချိန်မှသာ ဤအရာများသည် သူတို့ထံမှ မည်မျှဝေးကွာသည်၊ သေခြင်းနှင့် ရင်ဆိုင်ရာ၌ ၎င်းတို့မည်မျှ အားနည်းသည်၊ ၎င်းတို့ မည်မျှလွယ်လွယ် ကျိုးပဲ့ကြေမွသည်၊ ဘယ်ကိုမှ သွားစရာမရှိဘဲ ၎င်းတို့ မည်မျှ အထီးကျန်ပြီး အကူအညီမဲ့နေသည်ကို နားလည်သဘောပေါက် ကြသည်။ ဘဝသည် ငွေ သို့မဟုတ် ကျော်စောမှုတို့ဖြင့် ဝယ်၍မရနိုင်ကြောင်း၊ လူတစ်ယောက်သည် မည်မျှ ချမ်းသာ ကြွယ်ဝပါစေ၊ ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်မားပါစေ လူအားလုံးသည် သေခြင်းနှင့် ရင်ဆိုင်ရာ၌ ညီတူညီမျှ သနားစရာကောင်းပြီး အရေးမပါကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ကြသည်။ ငွေက အသက်ကို မဝယ်ယူနိုင်ကြောင်း၊ ကျော်စောမှုက သေခြင်းကို မချေဖျက်နိုင်ကြောင်း၊ ငွေ သို့မဟုတ် ကျော်စောမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင်ကြောင်းကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။ လူတို့သည် ဤကဲ့သို့ ခံစားရလေ၊ ဆက်လက်ရှင်သန်ရဖို့ တမ်းတလေဖြစ်သည်။ ဤကဲ့သို့ ပိုခံစားရလေ၊ သေခြင်းနီးကပ် လာခြင်းကို ပိုမို ထိတ်လန့်လေ ဖြစ်သည်။ ဤအချိန်မှသာ ၎င်းတို့၏ဘဝကို ၎င်းတို့မပိုင်ကြောင်း၊ ၎င်းတို့၏ ထိန်းချုပ်မှုတွင် မရှိကြောင်းနှင့် သေဖို့ဖြစ်စေ ရှင်ဖို့ဖြစ်စေ မိမိတို့ ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း- ဤအရာအားလုံးက မိမိ၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိကြောင်းကို အမှန်တကယ် နားလည် လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၃၁)

ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ လာပြီး သေခြင်းကို တည်ငြိမ်စွာ ရင်ဆိုင်လော့

လူတစ်ယောက် မွေးဖွားသည့် အခိုက်အတန့်တွင် အထီးကျန်သည့် ဝိညာဉ်တစ်ခုသည် ကမ္ဘာမြေကြီးပေါ်က ဘဝအတွေ့အကြုံ၊ ဖန်ဆင်းရှင် ၎င်းအတွက် စီစဉ်ပေးထားသည့် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ၎င်း၏ အတွေ့အကြုံကို စတင်လေသည်။ ပြောစရာမလိုသည်မှာ ဤလူအတွက်၊ ဝိညာဉ်အတွက်၊ ဤသည်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာနှင့်ဆိုင်သည့် အသိပညာကို ရရှိဖို့၊ သူ၏ သြဇာအာဏာကို သိရှိလာပြီး ကိုယ်တိုင် တွေ့ကြုံရဖို့၊ အလွန်ကောင်းမွန်သော အခွင့်အရေးဖြစ်ပါသည်။ လူတို့သည် ဖန်ဆင်းရှင်က ၎င်းတို့အတွက် ချပေးခဲ့သည့် ကံကြမ္မာ၏ နိယာမများအတွင်း နေထိုင်ကြပြီး အသိစိတ်ရှိသည့် အကျိုးအကြောင်း ဆက်စပ်တွေးခေါ်တတ်သည့် မည်သူမဆိုအတွက် ၎င်းတို့ဘဝ၏ ဆယ်စုနှစ်များတစ်လျှောက် ဖန်ဆင်းရှင်၏ အခွင့်အာဏာကိုသိပြီး သူ၏ အချုပ်အခြာအာဏာကို နားလည်သိမြင်ဖို့က ခက်ခဲသည့်အရာ မဟုတ်ပေ။ ထို့ကြောင့် အချို့သောဆယ်စုနှစ်များတစ်လျှောက် လူတို့၏ ကိုယ်ပိုင် ဘဝအတွေ့အကြုံများမှတဆင့် လူတိုင်းအတွက် လူသား၏ ကံကြမ္မာအားလုံးသည် ကြိုတင်ပြဋ္ဌာန်းထားသည်ကို သတိပြုမိဖို့ အလွန်လွယ်ကူသင့်ပြီး အသက်ရှင်ဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း သဘောပေါက်ဖို့ သို့မဟုတ် ခြုံငုံဆန်းစစ်ဖို့ လွယ်ကူသင့်ပေသည်။ ဤဘဝသင်ခန်းစာများကို လက်ခံသည်နှင့် အမျှ၊ ဘဝက မည်သည့်နေရာမှလာသည်ကို တဖြည်းဖြည်း နားလည်လာလိမ့်မည်၊ နှလုံးသားက မည်သည့်အရာ အမှန်တကယ် လိုအပ်သည်၊ မည်သည့်အရာက မှန်ကန်သည့် ဘဝလမ်းကြောင်း ဆီသို့ ဦးဆောင်လိမ့်မည် ဆိုသည်နှင့်၊ လူသားဘဝ၏ တာဝန်နှင့် ပန်းတိုင်က မည်သည့်အရာ ဖြစ်သင့်သည်ဆိုသည်တို့ကို တဖြည်းဖြည်း သဘောပေါက်လာလိမ့်မည်။ ဖန်ဆင်းရှင်ကို မကိုးကွယ်လျှင်၊ သူ၏အုပ်စိုးမှုအောက်ကို မလာလျှင်၊ သေခြင်းနှင့် ရင်ဆိုင်ဖို့ အချိန်ကျလာသည့်အခါ၊ ဝိညာဉ်က ဖန်ဆင်းရှင်ကို နောက်တစ်ကြိမ် ရင်ဆိုင်ရတော့မည့်အခါ၊ ၎င်း၏နှလုံးသားသည် အကန့်အသတ်မရှိသည့် ထိတ်လန့်မှုနှင့် စိတ်မသက်မသာမှုများ ပြည့်နေမည်ကို တဖြည်းဖြည်း သတိပြုမိလာပါလိမ့်မည်။ လူတစ်ယောက်သည် ကမ္ဘာပေါ်တွင် ဆယ်စုနှစ်များစွာ ရှိခဲ့ပြီး လူသားဘဝက မည်သည့်အရပ်ကလာသည်ဆိုသည်ကို နားမလည် သကဲ့သို့ လူသားကံကြမ္မာက မည်သူ၏ လက်ထဲ၌ ရှိသည်ဆိုသည်ကို သတိမပြုမိသေးပါက၊ သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင် နိုင်မည်မဟုတ်သည်မှာ အံ့သြစရာမရှိပေ။ ၎င်းတို့၏ လူ့ဘဝ ဆယ်စုနှစ် အတွေ့အကြုံများ၌ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ ဆိုင်သည့် သိနားလည်မှု ရရှိပြီးသူသည် ဘဝ၏ အဓိပ္ပါယ်နှင့် တန်ဖိုးအတွက် မှန်ကန်သည့် အသိအမှတ်ပြု တန်ဖိုးထားမှု ရှိသည့်သူဖြစ်သည်။ ထိုသို့သော လူသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော စစ်မှန်သည့် အတွေ့အကြုံနှင့် သိနားလည်မှုတို့နှင့်အတူ ဘဝရည်ရွယ်ချက်နှင့်ဆိုင်သည့် နက်ရှိုင်းသော အသိပညာတစ်ခု ရှိသကဲ့သို့၊ ထို့ထက်ပို၍ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျိုးနွံနာခံနိုင်လေသည်။ ထိုသို့သော လူသည် လူသားမျိုးနွယ်ကို ဘုရားသခင်ဖန်ဆင်းခြင်း၏ အဓိပ္ပါယ်ကို နားလည်သည်။ လူသားသည် ဖန်ဆင်းရှင်ကို ကိုးကွယ်သင့်သည်၊ လူသားပိုင်ဆိုင်သည့် အရာရာတိုင်းက ဖန်ဆင်းရှင်ဆီကလာပြီး သိပ်မဝေးလှသည့် အနာဂတ်တစ်နေ့တွင် သူ့ထံသို့ ပြန်သွားလိမ့်မည်ဆိုသည်ကို နားလည်သည်။ ဤလိုလူမျိုးသည် ဖန်ဆင်းရှင်က လူသား၏ မွေးဖွားမှုကို စီစဉ်ပြီး လူသား၏ သေဆုံးမှုအပေါ်မှာ အချုပ်အခြာ အာဏာ ရှိသည်၊ ရှင်ခြင်းနှင့် သေခြင်းနှစ်ခုလုံးသည် ဖန်ဆင်းရှင်၏ သြဇာအာဏာအားဖြင့် ကြိုတင်ပြဋ္ဌာန်းထားခြင်းဖြစ်သည်ကို နားလည်သည်။ ထို့ကြောင့် ဤအရာများကို အမှန်တကယ် သဘောပေါက်သည့်အခါ သေခြင်းကို ကျိုးကြောင်းမမြင်ဘဲ ထိတ်လန့်ခြင်းနှင့် ဆန့်ကျင်ရုန်းကန်ခြင်းထက် သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်လာသည်၊ လောကီ ပိုင်ဆိုင်မှုများကို တည်တည်ငြိမ်ငြိမ်နှင့် ဘေးဖယ်ထားနိုင်သည်၊ ဖြစ်လာသည့်အရာ အားလုံးကို လက်ခံပြီး ပျော်ရွှင်စွာကျိုးနွံ နာခံလာနိုင်ကာ၊ ဖန်ဆင်းရှင်က စီစဉ်ထားသည့် နောက်ဆုံး ဘဝဆုံမှတ်ကို ကြိုဆိုနိုင်လေသည်။ ဘဝကို ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအား တွေ့ကြုံဖို့နှင့် သူ၏ သြဇာအာဏာကို သိလာရဖို့ အခွင့်အရေးတစ်ရပ်ဟု ရှုမြင်ပါက၊ ဘဝကို ဖန်ဆင်းခံ လူသားတစ်ယောက်အနေနှင့် မိမိတာဝန်ကို လုပ်ဆောင်ပြီး မိမိ၏အလုပ်ကို ပြီးမြောက်စေဖို့ ရှားပါးသည့် အခွင့်အရေးအနေနှင့် မြင်ပါက၊ ဘဝအပေါ် ဧကန်မုချ မှန်ကန်သည့်အမြင် ရှိပေလိမ့်မည်၊ ဖန်ဆင်းရှင်အားဖြင့် ကောင်းကြီးခံစားရပြီး လမ်းပြခံရသည့် ဘဝတစ်ခုကို ဧကန်မုချ အသက်ရှင်ရလိမ့်မည်၊ ဖန်ဆင်းရှင်၏ အလင်းထဲ၌ ဧကန်မုချ လျှောက်လှမ်းလိမ့်မည်၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဧကန်မုချ သိလိမ့်မည်၊ သူ့အုပ်စိုးမှုအောက်သို့ ဧကန်မုချ လာလိမ့်မည် ဖြစ်ပြီး သူ၏ အံ့သြဖွယ်ရာ လုပ်ဆောင်မှုများနှင့် သူ၏ သြဇာအာဏာအဖို့ ဧကန်မုချ မျက်မြင်သက်သေတစ်ဦး ဖြစ်ပေလိမ့်မည်။ ထိုသို့သော လူသည် ဖန်ဆင်းရှင်က ဧကန်မုချ ချစ်ကာ လက်ခံလိမ့်မည်ဖြစ်ပြီး ထိုသို့သော လူကသာ သေခြင်းအပေါ် တည်ငြိမ်သည့် စိတ်သဘောကို ထိန်းသိမ်းနိုင်ပြီး ဘဝ၏ နောက်ဆုံးဆုံမှတ်ကို ဝမ်းမြောက်ခြင်းဖြင့် ကြိုဆိုနိုင်သည်ကို ပြောဖို့မလိုအပ်ပေ။ သေခြင်းအပေါ် ဤကဲ့သို့သော သဘောထားမျိုးကို သိသိသာသာ ထိန်းသိမ်းနိုင်ခဲ့သည့် လူတစ်ဦးမှာ ယောဘ ဖြစ်ပေသည်။ ယောဘသည် ဘဝ၏ နောက်ဆုံး ဆုံမှတ်ကို ပျော်ရွှင်စွာ လက်ခံနိုင်သည့် အနေအထားတစ်ခုတွင် ရှိခဲ့ပြီး သူ့ဘဝခရီးကို ချောမွေ့သည့် နိဂုံးချုပ်ဆီသို့ ယူဆောင်ကာ ဘဝတွင် သူ့တာဝန်ကို ပြီးပြည့်စုံစေလျက် ဖန်ဆင်းရှင်ထံပါးသို့ သူပြန်သွားခဲ့လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၃၂)

ဘဝတွင် ယောဘ၏ လိုက်စားမှုများနှင့် ရရှိခြင်းများက သူ့ကို သေခြင်းအား တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ခွင့်ပေးသည်

ကျမ်းစာထဲတွင် ယောဘအကြောင်း ရေးထား၏- “အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စ ရောက်လေ၏။” (ယောဘ ၄၂:၁၇) ဤသည်မှာ ယောဘ သေဆုံးသွားသည့်အခါ နောင်တရခြင်းများ မရှိသကဲ့သို့ နာကျင်မှုမခံစားရဘဲ ဤလောကမှ သဘာဝအလျောက် ထွက်ခွာသွားခဲ့သည်ဟု ဆိုလိုသည်။ အယောက်တိုင်း သိကြသည့်အတိုင်း၊ ယောဘသည် သူအသက်ရှင်စဉ် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် လူတစ်ဦး ဖြစ်သည်။ သူ၏လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ ချီးကျူးခြင်းခံရပြီး အခြားသူများ၏ အောက်မေ့ခြင်းခံရလေသည်၊ လူအားလုံးထက် သူ့ဘဝသည် တန်ဖိုးရှိပြီး အရေးပါခဲ့သည်ဟု ဆိုနိုင်ပေသည်။ ယောဘသည် ဘုရားသခင်၏ ကောင်းကြီးများကို နှစ်သက် ခံစားခဲ့ရပြီး ကမ္ဘာမြေကြီးပေါ်တွင် ဖြောင့်မတ်သူအဖြစ် ဘုရားသခင်၏ ခေါ်ဆိုခြင်းကို ခံခဲ့ရကာ သူသည် ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် စာတန်၏ စမ်းသပ်ခြင်းကိုလည်း ခံခဲ့ရသည်။ သူသည် ဘုရားသခင်အတွက် သက်သေအဖြစ် ရပ်တည်ခဲ့ပြီး ဘုရားသခင်အားဖြင့် ဖြောင့်မတ်သည့်သူအဖြစ် ခေါ်ခံရဖို့ ထိုက်တန်ပေသည်။ ဘုရားသခင်က သူ့ကို စစ်ဆေးပြီးနောက် ဆယ်စုနှစ်များတွင်၊ သူသည် ယခင်ထက် သာ၍ပင်တန်ဖိုးရှိသည့်၊ အဓိပ္ပါယ်ရှိသည့်၊ ခိုင်မာပြီး ငြိမ်းချမ်းသည့်ဘဝကို နေထိုင်ခဲ့သည်။ သူ၏ဖြောင့်မတ်သည့် လုပ်ဆောင်ချက်များကြောင့်၊ ဘုရားသခင်က သူ့ကို စစ်ဆေးခဲ့သည်။ သူ၏ဖြောင့်မတ်သည့် လုပ်ဆောင်ချက် များကြောင့် ဘုရားသခင်က သူ့ထံ ပေါ်လာခဲ့ပြီး သူ့ကို တိုက်ရိုက် စကားပြောခဲ့သည်။ ထို့ကြောင့် သူအစစ်ဆေးခံရပြီး နောက်ပိုင်းနှစ်များတွင် ယောဘသည် ဘဝတန်ဖိုးကို ပိုပြီး ခိုင်လုံသောနည်းလမ်းနှင့် နားလည်ပြီး အသိအမှတ်ပြုခဲ့သည်၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအပေါ် လေးနက်သည့် နားလည်မှုနှင့် ဖန်ဆင်းရှင်က သူ၏ကောင်းချီးများကို မည်သို့ပေးအပ်ပြီး မည်သို့ပြန်လည်ယူဆောင်သည် ဆိုသည့် အပေါ်မှာ ပိုပြီးတိကျ သေချာသည့် အသိပညာတို့ကို ရရှိခဲ့သည်။ ယေဟောဝါ ဘုရားသခင်သည် ယောဘကို ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့နှင့် သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်ဖို့ ပို၍ပင် ကောင်းသည့် နေရာတစ်ခု၌ထားရင်း ယခင်ကထက် ပိုကြီးမားသည့် ကောင်းချီးများကို ယောဘအပေါ် ချပေးသနားခဲ့ကြောင်း ယောဘဝတ္ထုထဲတွင် မှတ်တမ်းတင် ထားသည်။ ထို့ကြောင့် ယောဘက သူအသက်အရွယ် ကြီးရင့်လာပြီး သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ သူပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများနှင့် ပတ်သက်၍ မုချ စိတ်ပူပန်ခဲ့လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းလမ်းကို သူ့ဘဝတစ်ခုလုံး လျှောက်လှမ်းခဲ့သည့်အတွက်၊ သူ့မှာ စိုးရိမ် ပူပန်မှုများမရှိ၊ နောင်တရစရာ ဘာမျှမရှိခဲ့သကဲ့သို့၊ မှန်ပေ၏၊ သေခြင်းကိုလည်း မကြောက်ခဲ့ပေ။ သူသည် မိမိ၏ ကိုယ်ပိုင် အဆုံးသတ်နှင့် ပတ်သက်စိုးရိမ်စရာအကြောင်း မရှိခဲ့ပေ။ ယောဘက သူ၏သေခြင်းကို ရင်ဆိုင်ရသည့်အခါ ပြုလုပ်ခဲ့သည့် နည်းလမ်းများအားလုံးဖြင့် ယနေ့ လူမည်မျှက ပြုလုပ်နိုင်ပါသနည်း။ ထိုသို့ ရိုးရှင်းသည့် အပြင်ပန်း အပြုအမူမျိုးကို အဘယ်ကြောင့် မည်သူမျှ ထိန်းသိမ်းနိုင်စွမ်းမရှိသနည်း။ အကြောင်းပြချက်က တစ်ခုသာရှိ၏။ ယောဘက ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်မှု၊ အသိအမှတ်ပြုမှုနှင့် ကျိုးနွံနာခံခြင်းတို့ကို နှလုံးသွင်းလိုက်စားခြင်းဖြင့် သူ့ဘဝကို အသက်ရှင်ခဲ့ပြီး ဘဝတွင် အရေးကြီးသည့် ဆုံမှတ်များကို ဖြတ်သန်းခဲ့ပြီး၊ သူ၏ နောက်ဆုံးသော နှစ်ကာလများကို အသက်ရှင်နေထိုင်ခဲ့ကာ သူ့ဘဝ၏ နောက်ဆုံး ဆုံမှတ်ကို ကြိုဆိုခဲ့သည်မှာ ဤယုံကြည်မှု၊ အသိအမှတ်ပြုမှု၊ နာခံမှုတို့ဖြစ်ခဲ့ပေသည်။ ယောဘက မည်သည့် အရာကို တွေ့ကြုံခဲ့ရသည်ဖြစ်စေ၊ ဘဝတွင် သူ၏ ရှာဖွေ လိုက်စားမှုများနှင့် ပန်းတိုင်များက နာကျင်စရာမဟုတ်ဘဲ ပျော်ရွှင်စရာ ဖြစ်ခဲ့ပေသည်။ သူသည် ဖန်ဆင်းရှင်က သူ့အပေါ် ချပေးသနားခဲ့သည့် ကောင်းချီးနှင့်ချီးကျူးခြင်းတို့ကြောင့်သာ မဟုတ်ဘဲ၊ ပိုအရေးကြီးသည့် သူ၏ လေ့လာလိုက်စားမှုများနှင့် ဘဝပန်းတိုင်များကြောင့်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့မှတစ်ဆင့် သူရယူခဲ့သည့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သော အသိပညာနှင့် စစ်မှန်သော သိနားလည်မှုတို့ သာ၍ တိုးခြင်းကြောင့်၊ ထို့အပြင် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဝန်ခံရသူတစ်ဦးအဖြစ် ဘုရားသခင်၏ အံ့သြဖွယ် လုပ်ဆောင်ချက်များနှင့် လူသားနှင့် ဘုရားသခင်ကြားမှာရှိသည့် အပြန်အလှန်နားလည်မှု၊ အကျွမ်းဝင်မှု၊ ယှဉ်တွဲရပ်တည်မှုတို့၏ နွေးထွေးပြီး မမေ့နိုင်သည့် အတွေ့အကြုံနှင့် အမှတ်ရစရာများနှင့်ဆိုင်သော သူ၏ ကိုယ်ပိုင်အတွေ့အကြုံကြောင့် သူပျော်ရွှင်ခဲ့ပေသည်။ ယောဘသည် ဖန်ဆင်းရှင်၏ အလိုကိုသိခြင်းမှ လာသည့် နှစ်သိမ့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကြောင့်၊ ဘုရားသခင်သည် ကြီးမြတ်သည်၊ အံ့သြစရာကောင်းသည်၊ ချစ်ခင်စရာကောင်းပြီး တည်ကြည် ဖြောင့်မတ်သည် ဆိုသည်တို့ကို တွေ့မြင်ပြီးနောက် ဖြစ်ပေါ်လာသည့် ကြည်ညိုမှုများကြောင့် ပျော်ရွှင်ခဲ့လေသည်။ ယောဘက သေဆုံးရာတွင် ဖန်ဆင်းရှင်ထံပါးသို့ ပြန်သွားရမည်ကို သိခဲ့ သောကြောင့် မည်သည့်ဒုက္ခခံစားရခြင်းမှမရှိဘဲ သေခြင်းကို ရင်ဆိုင်နိုင်ခဲ့၏။ သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်ဖို့၊ ဖန်ဆင်းရှင်က သူ့၏ အသက်ကို ပြန်ယူမည့် အလားအလာကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်ဖို့၊ ထို့အပြင် ဖန်ဆင်းရှင်၏ရှေ့တွင် အပြစ်ကင်းစင်ကာ စိုးရိမ်စရာမရှိဘဲ ရပ်နိုင်ဖို့ သူ့ကို အခွင့်ပေးခဲ့သည်မှာ ဘဝတွင် လိုက်စားမှုများနှင့် ရရှိမှုများ ဖြစ်ပါသည်။ ယနေ့ခေတ် လူတို့သည် ယောဘပိုင်ဆိုင်ခဲ့သည့် ပျော်ရွှင်မှုမျိုးကို ရရှိနိုင်သလော။ ထိုသို့ လုပ်ဆောင်ရန် လိုအပ်သည့်အခြေအနေ သင်တို့ ရှိပါသလား။ ဤနေ့ခေတ် လူတို့သည် အခြေအနေများ အမှန်ရှိကြသည့်အတွက်၊ ယောဘကဲ့သို့ အဘယ်ကြောင့် ပျော်ရွှင်စွာ အသက်မရှင်နိုင်ကြပါသနည်း။ သေခြင်းကို ကြောက်ရွံ့ခြင်း၏ ဆင်းရဲဒုက္ခမှ အဘယ်ကြောင့် ၎င်းတို့ မလွတ်မြောက်နိုင်သနည်း။ သေခြင်းကို ရင်ဆိုင်ရသည့်အခါ လူအချို့တို့က မထိန်းနိုင်မသိမ်းနိုင် ကြောက်သေးများ ပါကုန် ကြသည်။ တစ်ချို့က တဆတ်ဆတ်တုန်ကြသည်။ မူးမေ့ ကြသည်။ ကောင်းကင်ဘုံနှင့် လူသားကိုလည်း ရိုက်ပုတ်ကန်ကျောက်ကြသည်၊ အချို့က ငိုကြွေးမြည်တမ်းခြင်းပင် ပြုလုပ်ကြသည်။ ဤသည်တို့မှာ သေခြင်းနီးကပ်လာသည့်အခါ ဖြစ်ပေါ်သည့် ရုတ်တရက် တုံ့ပြန်မှုများ လုံးဝမဟုတ်ပေ။ လူတို့က ၎င်းတို့၏ စိတ်နှလုံးအတွင်း နက်နက်ထဲတွင် သေခြင်းကို ကြောက်ရွံ့သောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို အမှန်တကယ် ကျိုးနွံနာခံဖို့ နေနေသာသာ၊ ယင်းတို့နှင့်သက်ဆိုင်သည့် ရှင်းလင်းသော အသိပညာနှင့် အသိအမှတ်ပြုခြင်းတို့ မရှိသောကြောင့် ဤအရှက်ရစရာ ပုံစံများဖြင့် ပြုမူကြခြင်း ဖြစ်သည်။ လူတို့သည် အရာရာကို မိမိတို့ဘာသာ စီစဉ်ပြီး အုပ်စိုးချင်သောကြောင့်၊ မိမိတို့၏ ကိုယ်ပိုင်ကံကြမ္မာ၊ မိမိတို့၏ ကိုယ်ပိုင် အသက်ရှင်ခြင်းနှင့် သေခြင်းတို့ကို ထိန်းချုပ် ချင်သောကြောင့်သာ ဤသို့ တုံ့ပြန်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သေခြင်းကို ကြောက်ရွံ့မှုမှ လူတို့ ဘယ်သောအခါမှ မလွတ်မြောက်နိုင်ခြင်းသည် အံ့သြစရာမရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၃၃)

ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်းအားဖြင့်သာ သူ့ထံပါးသို့ ပြန်လာနိုင်သည်

ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့၏ စီစဉ်မှုများနှင့် ဆိုင်သော ရှင်းလင်းသည့် အသိပညာနှင့် အတွေ့အကြုံမရှိသည့်အခါ ကံကြမ္မာနှင့် သေခြင်းတို့နှင့်ဆိုင်သော တစ်ဦးတစ်ယောက်၏ အသိပညာက သေချာပေါက် ရောထွေးနေလိမ့်မည်။ အရာ အားလုံးက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို လူတို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြ၊ အရာအားလုံးက ဘုရားသခင်၏ ထိန်းချုပ်မှုနှင့် အချုပ်အခြာအာဏာတို့ကို ဝန်ခံရသည်ကို လူတို့ နားမလည်ကြ၊ ထိုသို့သော အချုပ်အခြာ အာဏာကို စွန့်ပစ်ဖို့ သို့မဟုတ် လွတ်မြောက်ဖို့ လူသားသည် မတတ်နိုင်ဆိုသည်ကို သတိမပြုမိကြပေ။ ဤအကြောင်းကြောင့်၊ သေခြင်းနှင့် ရင်ဆိုင်ဖို့ ၎င်းတို့ အချိန်ကျလာသည့်အခါ၊ ၎င်းတို့၏ နောက်ဆုံးစကားများ၊ စိုးရိမ်မှုများနှင့် နောင်တများသည် အဆုံးမရှိပေ။ ၎င်းတို့သည် အလွန်များသည့် ဝန်ထုပ်ဝန်ပိုးများ၊ အလွန်များလှသော ဝန်လေးမှု၊ ရှုပ်ထွေးမှုများနှင့် လေးလံနေ၏။ ဤအရာက သူတို့အား သေခြင်းကို ကြောက်ရွံ့စေသည်။ ဤကမ္ဘာတွင် မွေးဖွားလာသည့် လူတိုင်း အတွက်၊ မွေးဖွားခြင်းက လိုအပ်ပြီး သေဆုံးခြင်းက ရှောင်လွှဲလို့မရနိုင်ပေ။ မည်သူမှ အမှုအရာများ၏ ဖြစ်စဉ်ကို မကျော်လွန်နိုင်ပါ။ လူတစ်ယောက်က ဤကမ္ဘာကမှ နာကျင်မှုမရှိဘဲ ထွက်ခွာဖို့ ဆန္ဒရှိလျှင်၊ ဘဝ၏ နောက်ဆုံးဆုံမှတ်ကို ဝန်လေးမှု သို့မဟုတ် စိုးရိမ်မှုမရှိဘဲ ရင်ဆိုင်နိုင်ဖို့ ဆန္ဒရှိပါက၊ တစ်ခုတည်းသော နည်းလမ်းမှာ နောင်တများကို မချန်ထားရစ်ဖို့ဖြစ်သည်။ နောင်တများမပါဘဲ စွန့်ခွာဖို့ တစ်ခုတည်းသောနည်းလမ်းမှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့၊ သူ၏ သြဇာအာဏာကို သိဖို့နှင့် ဤအရာများကို ကျိုးနွံနာခံဖို့ ဖြစ်ပေသည်။ ဤနည်းဖြင့်သာ လူသား၏ ခိုက်ရန်ဒေါသ၊ မကောင်းမှု၊ စာတန်၏ ကျေးကျွန်ဘဝမှ ဝေးရာတွင် နေနိုင်ပေသည်။ ဤနည်းဖြင့်သာ ဖန်ဆင်းရှင်၏ လမ်းပြခြင်းနှင့်ကောင်းကြီးပေးမှုခံရသည့် ယောဘ၏ဘဝကဲ့သို့သော ဘဝတစ်ခု၊ လွတ်လပ်ပြီး အချုပ်အနှောင်ကင်းသည့်ဘဝတစ်ခု၊ တန်ဖိုးရှိပြီး အဓိပ္ပါယ်ရှိသည့်ဘဝတစ်ခု၊ ရိုးသားပြီး ပွင့်လင်းသည့် ဘဝတစ်ခုကို အသက်ရှင်၏။ ဤနည်းဖြင့်သာ ယောဘကဲ့သို့ ဖန်ဆင်းရှင်၏ စမ်းသပ်မှုများနှင့် ပိတ်ပင်မှုများ၊ ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများကို ကျိုးနွံနာခံနိုင်ပေသည်။ ဤနည်းဖြင့်သာ ယောဘပြုသကဲ့သို့ မိမိ၏ဘဝတစ်ခုလုံး ဖန်ဆင်းရှင်ကို ကိုးကွယ်နိုင်ပြီး သူ၏ချီးကျူးခြင်းကို ရရှိနိုင်ကာ သူ၏ အသံကို ကြားပြီး၊ သူ ပေါ်ထွန်းသည်ကို မြင်နိုင်၏။ ဤနည်းဖြင့်သာ ယောဘကဲ့သို့ နာကျင်မှုမရှိ၊ စိုးရိမ်မှုမရှိ၊ နောင်တများမရှိဘဲ ပျော်ရွှင်စွာ အသက်ရှင်နေထိုင်ပြီး သေဆုံး နိုင်သည်။ ဤနည်းဖြင့်သာ ယောဘကဲ့သို့ အလင်းထဲတွင် အသက်ရှင်နေထိုင်ကာ ဘဝဆုံမှတ်တိုင်းကို အလင်းထဲတွင် ဖြတ်သန်းနိုင်သည်၊ မိမိ၏ခရီးကို ချောမွေ့စွာနှင့် အလင်းထဲတွင် ပြီးဆုံးနိုင်သည်၊ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို တွေ့ကြုံဖို့၊ သင်ယူဖို့နှင့် သိမြင်လာဖို့ ဖြစ်သော မိမိ၏ တာဝန်ကို အောင်မြင်စွာ ပြီးဆုံးနိုင်ပြီး အလင်းထဲတွင် သေဆုံးနိုင်ပေသည်၊ ပြီးလျှင် ဖန်ဆင်းခံ လူသားအနေဖြင့် သူ၏ချီးကျူးခြင်းခံရလျက် ဖန်ဆင်းရှင်၏ နံဘေးတွင် အမြဲထာဝရရပ်တည်နိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၃၄)

ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကိုသိဖို့ အခွင့်အရေးအား မလွဲချော်နှင့်

လူသားဘဝကို ဖန်တီးသည့် ဆယ်စုနှစ်အချို့သည် ကြာလည်း မကြာသကဲ့သို့ တိုလည်း မတိုပေ။ မွေးဖွားခြင်းနှင့် အရွယ် ရောက်ခြင်းကြားက အနှစ်နှစ်ဆယ်ဝန်းကျင်က မျက်စိတစ်မှိတ် အတွင်းတွင် ကုန်ဆုံးသွားပြီး ဘဝတွင် ဤအချိန်၌ လူတစ်ယောက်ကို အရွယ်ရောက်သူ တစ်ယောက်အဖြစ် သတ်မှတ်သော်လည်း ဤအသက်အရွယ်အုပ်စုထဲက လူတို့သည် လူသားဘဝနှင့် လူသားကံကြမ္မာနှင့် ပတ်သက်၍ နောက်ထပ် ဘာမျှမသိပေ။ ၎င်းတို့ အတွေ့အကြုံ ပိုရလာတာနှင့်အမျှ လူလတ်ပိုင်းသို့ ရောက်လာသည်။ အသက်သုံးဆယ်နှင့် လေးဆယ် အရွယ်ရှိသည့် လူတို့သည် ဘဝနှင့် ကံကြမ္မာအပေါ် တိုးတက် လာသည့် အတွေ့အကြုံတစ်ခု ရလာသည်၊ သို့သော်လည်း ဤအရာများနှင့် ပတ်သက်၍ သူတို့၏ အယူအဆများက အလွန် ဝေဝါးဆဲဖြစ်၏။ လူအချို့တို့က အသက်လေးဆယ်အရွယ် မရောက်ခင် အထိ ဖန်ဆင်းရှင် ဖန်ဆင်းထားသည့် လူသားမျိုးနွယ်နှင့် စကြဝဠာကို စတင်နားလည်ဖို့၊ လူသား၏ဘဝက မည်သည့်အရာဖြစ်သည်၊ လူသား၏ ကံကြမ္မာက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို စတင်နားမလည်ကြပေ။ လူအချို့တို့က ဘုရားသခင်၏ နောက်လိုက်များ အတော်ကြာဖြစ်ပြီး လူလတ်ပိုင်း ရောက်သော်လည်း စစ်မှန်သော ကျိုးနွံနာခံခြင်းအား ပိုင်ဆိုင်ဖို့ နေနေသာသာ၊ ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့်ဆိုင်သည့် တိကျသည့် အသိပညာနှင့် အဓိပ္ပါယ်ဖွင့်ဆိုမှုကို မပိုင်ဆိုင်ကြ သေးပေ။ လူအချို့သည် ကောင်းကြီးရဖို့ ကြိုးစားခြင်းထက် မည်သည့်အရာကိုမှ ဂရုမစိုက်ကြချေ။ သူတို့ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ပြီး ဖြစ်သော်လည်း သူတို့သည် လူသား ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် အမှန်တရားအား အနည်းငယ်မျှ မသိ သို့မဟုတ် နားမလည်ကြ သကဲ့သို့ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် စီစဉ်မှုတို့ကို ကျိုးနွံနာခံခြင်းနှင့်ဆိုင်သော လက်တွေ့ကျသည့် သင်ခန်းစာထဲသို့ အနည်းအကျဉ်းမျှပင် မဝင်ရောက်ကြသေးချေ။ ထိုသို့သော လူတို့သည် လုံးလုံးလျားလျား မိုက်မဲပြီး မိမိတို့၏ ဘဝများကို အချည်းနှီးအသက်ရှင်ကြလေသည်။

လူသား၏ ဘဝတစ်ခုကို ဘဝအတွေ့အကြုံအဆင့်နှင့် လူသားကံကြမ္မာနှင့်ဆိုင်သော အသိပညာတို့ဖြင့် ခွဲခြားပါက၊ အကြမ်းဖျင်း အဆင့်သုံးခုအဖြစ် ကွဲနိုင်၏။ ပထမအဆင့်က မွေးဖွားခြင်းနှင့် လူလတ်ပိုင်းကြားက နှစ်များ၊ သို့မဟုတ် မွေးဖွားခြင်းမှ သုံးဆယ် အရွယ်အထိဖြစ်သော လူငယ်ပိုင်းဖြစ်သည်။ ဒုတိယ အဆင့်က လူလတ်ပိုင်းမှ သက်ကြီးပိုင်း သို့မဟုတ် အသက်သုံးဆယ်မှ ခြောက်ဆယ်အထိဖြစ်သည့် ရင့်ကျက်ခြင်း ဖြစ်သည်။ တတိယအဆင့်က အသက်ခြောက်ဆယ်မှစပြီး သက်ကြီးပိုင်းမှ လောကထဲက ထွက်ခွာသွားသည့်အချိန်အထိ အရွယ်ရောက်လာသည့်ကာလ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဆိုသော် မွေးဖွားခြင်းမှ လူလတ်ပိုင်းအထိ ကံကြမ္မာနှင့် ဘဝအပေါ် လူအများစု၏ အသိပညာက အခြားသူများ၏ စိတ်ကူးများကိုသာ သံယောင်လိုက်နေခြင်းနှင့် ကန့်သတ်ခံရကာ စစ်မှန်သည့်၊ လက်တွေ့ကျသည့် အနှစ်သာရ မရှိသလောက်ပင်ဖြစ်သည်။ ဤအချိန်ကာလအတွင်း၌ ဘဝအပေါ် အမြင်နှင့် လောကထဲတွင် မိမိလမ်းကို မည်သို့ပြုလုပ်သည်ဆိုသည့် အရာအားလုံးသည် အတော်အတန်ရိုးစင်းလေသည်။ ဤသည်မှာ လူပျိုပေါက် အချိန်ကာလ ဖြစ်သည်။ ဘဝ၏ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းမှု အားလုံးကို မြည်းစမ်းပြီးနောက်မှသာ ကံကြမ္မာကို အမှန်တကယ် နားလည်မှုရှိလာသကဲ့သို့ ကံကြမ္မာ၏ ပြောင်းလဲလို့မရခြင်းကို မသိစိတ်၏စေ့ဆော်မှုအရ နှလုံးသားအတွင်း နက်နက်ထဲတွင် တဖြည်းဖြည်းနှင့် အသိအမှတ် ပြုလာကာ လူသား၏ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာသည် အမှန်တကယ် တည်ရှိသည်ကို တဖြည်းဖြည်းနှင့် သိမြင်လာသည်။ ဤသည်မှာ လူတစ်ယောက်၏ အရွယ်ရောက်ခြင်း အချိန်ကာလ ဖြစ်ပါသည်။ လူတစ်ယောက်သည် ကံကြမ္မာကို ဆန့်ကျင် ရုန်းကန်ခြင်း ရပ်လိုက်သည့်အချိန်၊ ပဋိပက္ထဲ ဝင်ရောက်ဖို့ ဆန္ဒ မရှိတော့သကဲ့သို့ ယင်းအစား ဘဝတွင် မိမိတို့၏ဘဝကြမ္မာကို သိပြီး၊ ကောင်းကင်ဘုံ၏ အလိုကို ကျိုးနွံနာခံသည့်အခါ၊ ဘဝတွင် မိမိတို့၏အောင်မြင်မှုများနှင့် မှားယွင်းမှုများကို ခြုံငုံဆန်းစစ်ပြီး မိမိဘဝအပေါ် ဖန်ဆင်းရှင်၏ တရားစီရင်မှုကို စောင့်သည့်အခါ၊ လူတစ်ဦးသည် အရွယ်ရောက်သည့် ကာလထဲသို့ ဝင်ရောက် လေသည်။ ဤအချိန်ကာလသုံးခုအတွင်း လူတို့ရရှိသည့် မတူညီသည့် အတွေ့အကြုံများနှင့် ရှာမှီးရရှိသောဥစ္စာများကို ထောက်စာလျှင်၊ သာမန် အခြေအနေများအောက်တွင် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကိုသိဖို့ တစ်ဦးတစ်ယောက်၏ အခွင့်အလမ်းတံခါးပေါက်မှာ သိပ်မကြီးပေ။ လူတစ်ယောက်က အသက် ခြောက်ဆယ်အထိ အသက်ရှင်မည်ဆိုလျှင်၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့ အနှစ်သုံးဆယ် ဝန်းကျင်လောက်သာ ရှိသည်။ ပိုကြာသည့် အချိန်ကာလကို လိုချင်လျှင်၊ သူ၏အသက်က လုံလောက်သည့်အထိ ရှည်မှသာ၊ ရာစုနှစ်တစ်ခုအထိ အသက်ရှင် နိုင်မှသာ ဖြစ်နိုင်ပေသည်။ ထို့ကြောင့် လူသားဖြစ်တည်မှု၏ သာမန်နိယာမများအရ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိခြင်း အကြောင်းကိစ္စကို တစ်ဦးတစ်ယောက်က ပထမဆုံး တွေ့ကြုံသည့်အချိန်မှ ထိုအချုပ်အခြာအာဏာ၏ အမှန်တရားကို သိမြင်လာနိုင်သည့် အချိန်အထိ၊ ထိုအချိန်မှစ၍ ထိုအချုပ်အခြာ အာဏာကို ကျိုးနွံနာခံနိုင်သည့် အချိန်အထိသည် အလွန်ရှည်သည့် ဖြစ်စဉ် ဖြစ်သော်လည်း နှစ်များကို အမှန်တကယ် ရေတွက်ကြည့် ပါက၊ ဤဆုလာဘ်များကိုရဖို့ အခွင့်အရေးရှိသည့်အချိန်မှာ နှစ်သုံးဆယ် သို့မဟုတ် လေးဆယ်ထက် မပိုပေ။ ပြီးလျှင် လူသားဘဝ၏ အနှစ်သာရက ဘယ်မှာတည်ရှိသည်ကို ပိုင်းခြား မသိမြင်နိုင်ဖို့နှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိခြင်း၏ အရေးကြီးမှုကို သဘောမပေါက်ဖို့အလို့ငှာ လူတို့သည် ကောင်းချီးရဖို့ သူတို့၏ ဆန္ဒများနှင့် ရည်မှန်းချက်များနောက်သို့ မကြာခဏ ပါသွားတတ်ကြသည်။ ထိုသို့သော လူတို့သည် လူသားဘဝနှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကြုံတွေ့ရဖို့ လူသားကမ္ဘာထဲကို ဝင်ရောက်ရန် ဤတန်ဖိုးရှိသည့် အခွင့်အရေးကို မမြတ်နိုးကြသကဲ့သို့ ဖန်ဆင်းရှင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြမှုကို ရရှိဖို့ ဖန်ဆင်းခံတစ်ယောက်အတွက် ထိုအရာက မည်မျှ တန်ဖိုးမဖြတ်နိုင်သည်ကို နားမလည်ကြချေ။ ထို့ကြောင့် လူတို့က ဘုရားသခင်၏ ပုဂ္ဂိုလ်စစ်စစ်ကို ရုတ်တရက် ရှုမြင်နိုင်ပြီး ဖြစ်နိုင်သမျှမြန်မြန် ကောင်းချီးများရရှိဖို့ အလို့ငှာ ဘုရားသခင်၏ အမှုကို အမြန်ပြီးစေချင်သည့်သူများ၊ လူသား၏အဆုံးသတ်ကို ဘုရားသခင်က အမြန်ဆုံးစီစဉ်ဖို့ ဆန္ဒရှိသည့်သူများသည် အဆိုးဆုံး မနာခံခြင်းအမျိုးအစားနှင့်ဆိုင်သည့် အပြစ်ရှိပြီး ၎င်းတို့သည် အလွန်အမင်း မိုက်မဲကြသည်ဟု ငါဆို၏။ ထိုစဉ်အတောအတွင်းတွင်၊ စိတ်ပိုင်းဆိုင်ရာ အဆုံးစွန်သော ထိုးထွင်းဉာဏ်ရှိသည့် လူတို့ထဲက ပညာရှိသူများသည် ၎င်းတို့၏အချိန်အကန့်အသတ်အတွင်း ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို သိဖို့ ဤထူးခြားသည့် အခွင့်အရေးကို ဖမ်းဆုပ်ရန် ဆန္ဒရှိသူများ ဖြစ်သည်။ ဤမတူညီသည့် ဆန္ဒနှစ်ခုက အလွန် ကြီးမားစွာ ကွဲလွဲနေသော အမြင်များနှင့် လိုက်စားမှုများကို ဖော်ထုတ်လေသည်။ ကောင်းချီးများကို ရှာဖွေသည့်သူများသည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ကာ ဘုရားသခင်၏ အလိုကို ထည့်သွင်းစဉ်းစားခြင်းမရှိ၊ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ဘယ်သောအခါမှ မရှာဖွေ၊ ယင်းကို ကျိုးနွံနာခံဖို့ ဘယ်သောအခါမှ ဆန္ဒမရှိဘဲ ၎င်းတို့ စိတ်ကျေနပ်သည့်အတိုင်းသာ အသက်ရှင် နေထိုင်ချင်ကြလေသည်။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်သည့် အကျင့်ပျက်သူများဖြစ်ကာ ဖျက်ဆီးခံရမည်မှာ ဤလူအုပ်စုဖြစ်ပေသည်။ ဘုရားသခင်ကိုသိဖို့ ကြိုးစားသူတို့သည် ၎င်းတို့၏ ဆန္ဒများကို ဘေးဖယ်ထားနိုင် ကြသည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဘုရားသခင်၏ အစီအစဉ်များကို ကျိုးနွံနာခံရန် လိုလားနေကြပြီး ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံမှုအပြည့်ရှိသူများနှင့် ဘုရားသခင်၏ ဆန္ဒကို ဖြည့်ဆည်းသည့် လူမျိုးများဖြစ်ဖို့ ကြိုးစားကြလေသည်။ ထိုသို့သောလူများသည် အလင်းထဲနှင့် ဘုရားသခင်၏ ကောင်းချီးများ အလယ်တွင် အသက်ရှင်ကာ သူတို့သည် ဘုရားသခင်၏ ချီးကျူးခြင်းကို အမှန်တကယ် ခံစားကြရ လိမ့်မည်။ မည်သို့ပင်ဖြစ်စေ လူသား၏ရွေးချယ်မှုက အသုံးမဝင်သကဲ့သို့ ဘုရားသခင်၏ အမှု မည်မျှကြာမည် ဆိုသည့်အပေါ် လူသားက ပြောပိုင်ခွင့်မရှိပါ။ လူတို့အတွက် ဘုရားသခင်ထံ ပုံအပ်ဖို့၊ သူ့၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံဖို့က ပိုပြီးကောင်းပါသည်။ သင်က သူ့ထံ မပုံအပ်ပါက၊ သင် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ အကျိုးဆက်အနေဖြင့် ဆုံးရှုံးမှုတစ်ခုတစ်လေ ဘုရားသခင် ခံရလိမ့်မည်လော။ သင်က ဘုရားသခင်ထံ မပုံအပ်ဘဲ၊ ယင်းအစား ခေါင်းဆောင်ဖြစ်ဖို့ ကြိုးစားပါက၊ သင်သည် မိုက်မဲသည့် ရွေးချယ်မှုကို ပြုလုပ်နေခြင်း ဖြစ်ပြီး အဆုံး၌သင်သည် ဆုံးရှုံးမှုကို ကြုံရမည့် တစ်ဦးတည်းသောသူ ဖြစ်ပေလိမ့်မည်။ လူတို့သည် ဘုရားသခင်နှင့် မြန်နိုင်သမျှ မြန်မြန် ပူးပေါင်းလုပ်ဆောင်မှသာ၊ သူ၏စီစဉ်ညွှန်ကြားမှုများကို အလျင်အမြန် လက်ခံမှသာ၊ သူ့၏ သြဇာအာဏာကိုသိကာ ၎င်းတို့အတွက် သူလုပ်ခဲ့သည့်အရာအားလုံးကို နားလည်မှသာ၊ ၎င်းတို့သည် မျှော်လင့်ခြင်း ရှိလိမ့်မည်ဖြစ်သည်။ ဤနည်းဖြင့်သာ ၎င်းတို့၏ အသက်တာများသည် အချည်းနှီး အသက်ရှင်လိမ့်မည် မဟုတ်သကဲ့သို့ ကယ်တင်ခြင်းကို ၎င်းတို့ ရရှိပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၃၅)

ဘုရားသခင်သည် လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသည့် အချက်ကို မည်သူမျှ မပြောင်းလဲနိုင်ပေ

ဘုရားသခင်၏ သြဇာအာဏာအောက်တွင် လူတိုင်းသည် သူ့၏ အချုပ်အခြာအာဏာနှင့် သူ့၏ စီစဉ်မှုတို့ကို တက်ကြွစွာ သို့မဟုတ် မလှုပ်မယှက် လက်ခံကြသည်။ ဘဝလမ်းကြောင်းပေါ်တွင် မည်မျှပဲ ရုန်းကန်လှုပ်ရှားနေပါစေ၊ ကွေ့ကောက်သည့်လမ်းတွေကို မည်မျှပင် လျှောက်နေရပါစေ၊ အဆုံးတွင် ၎င်းတို့ ဖန်ဆင်းရှင် လမ်းကြောင်းချပေးခဲ့သည့် ကံကြမ္မာ၏ လမ်းကြောင်းထဲသို့ ပြန်သွားရပေလိမ့်မည်။ ၎င်းသည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို မကျော်လွှားနိုင်ခြင်းဖြစ်ကာ စကြဝဠာကို သူ့သြဇာအာဏာက ထိန်းချုပ်ပြီး အုပ်စိုးသည့် ပုံစံဖြစ်လေသည်။ အရာအားလုံး၏ ဘဝကို အုပ်စိုးသည့်နိယာမများ၊ နှောင့်ယှက်ခြင်းများ မဖြစ်စေဘဲ လူသားတို့ကို ကြိမ်ဖန်များစွာ ပြန်ဝင်စားခွင့်ပြုသည့်နိယာမများ၊ ကမ္ဘာလောကကို တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် ပုံမှန်လှည့်ပတ်စေပြီး ရှေ့ဆက်စေသည့် နိယာမများအတွက် တာဝန်ရှိသည်မှာ ဤမကျော်လွှားနိုင်ခြင်း၊ ဤထိန်းချုပ်မှုနှင့် အုပ်စိုးမှုပုံစံတို့ပင် ဖြစ်သည်။ ဤအချက်အလက်များ အားလုံးကို သင်တို့ မြင်တွေ့ရပြီး အပေါ်ယံဖြစ်စေ၊ နက်နဲစွာဖြစ်စေ ၎င်းတို့ကို သင်တို့နားလည်ပေပြီ။ သင်၏ နားလည်မှု အတိမ်အနက်က သမ္မာတရားနှင့်သက်ဆိုင်သော သင်တို့၏ အတွေ့အကြုံနှင့် အသိပညာ၊ ဘုရားသခင်နှင့်ဆိုင်သော သင်တို့၏ အသိပညာတို့အပေါ် မူတည်ပေသည်။ သမ္မာတရား၏ စစ်မှန်မှုကို သင်မည်မျှ ကောင်းကောင်းသိသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်မည်မျှ တွေ့ကြုံခဲ့ရသည်၊ ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားကို သင်မည်မျှ ကောင်းကောင်းသိသည်ဆိုသည့် ဤအချက်များအားလုံးက ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များနှင့်ဆိုင်သော သင်၏ သိနားလည်မှု အတိမ်အနက်ကို ကိုယ်စားပြုပေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်တို့၏ တည်ရှိခြင်းသည် လူတို့က ဤအရာများအား ကျိုးနွံနာခံခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်ပါသလော။ သြဇာအာဏာကို ဘုရားသခင် ပိုင်ဆိုင်သည် ဆိုသည့်အချက်က ယင်းကို လူသားမျိုးနွယ်က နာခံခြင်း ရှိမရှိဆိုသည့်အရာအားဖြင့် သတ်မှတ်ထားသလော။ ဘုရားသခင်၏ အခွင့်အာဏာက အခြေအနေများနှင့် မသက်ဆိုင်ပဲ ဖြစ်တည်နေ၏။ အခြေအနေများ အားလုံးတွင်၊ ဘုရားသခင်က လူသားကံကြမ္မာတိုင်းနှင့် အရာအားလုံးကို သူ့၏ အကြံအစည်များနှင့် ဆန္ဒများနှင့်အညီ ပြဋ္ဌာန်းပေးပြီး စီစဉ်လေသည်။ လူသားက ပြောင်းလဲခြင်း အကျိုးဆက်အနေဖြင့် ဤအရာပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ အခွင့်အာဏာသည် သူ့၏ အနှစ်သာရစစ်စစ် ဖြစ်သည့်အတွက် လူသား၏ အလိုဆန္ဒအပေါ် အမှီအခိုလွတ်ကင်းပြီး အချိန်၊ စကြဝဠာနှင့် မြေမျက်နှာသွင်ပြင်တို့ ပြောင်းလဲခြင်းအားဖြင့် မပြောင်းလဲနိုင်ပေ။ လူသားက ဘုရား၏ အချုပ်အခြာအာဏာကို သိပြီး လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ယင်းကို လူသားက ကျိုးနွံနာခံနိုင်သည်ဖြစ်စေ မနာခံနိုင်သည်ဖြစ်စေ သုံးသပ်ခြင်းများထဲမှ မည်သည့်အရာကမျှ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ နှင့်ဆိုင်သော အမှန်တရားကို အနည်းငယ်မျှ မပြောင်းလဲချေ။ ဆိုလိုသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ် လူသားက မည်သို့ သဘောထားရှိပါစေ၊ ယင်းက အရာအားလုံးအပေါ်နှင့် လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာအား ဘုရားသခင် စွဲကိုင်သည့်အချက်ကို မပြောင်းလဲနိုင်ပေ။ သင်သည် ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ကျိုးနွံနာခံခြင်း မရှိလျှင်ပင်၊ သင်၏ကံကြမ္မာကို သူအုပ်ချုပ်ဆဲဖြစ်၏။ သူ့၏ အချုပ်အခြာအာဏာကို သင်မသိနိုင် လျှင်ပင်၊ သူ့၏သြဇာအာဏာက တည်ရှိဆဲဖြစ်သည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် အမှန်တရားသည် လူသား၏ အလိုဆန္ဒနှင့် ကင်းလွတ်ပြီး လူသား၏ နှစ်သက်မှုနှင့် ရွေးချယ်မှုများအရ ပြောင်းလဲခြင်း မရှိပေ။ ဘုရားသခင်၏ သြဇာအာဏာသည် နေရာတိုင်း၊ နာရီတိုင်း၊ အချိန်တိုင်း၌ ရှိလေသည်။ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း သူ့၏ သြဇာအာဏာသည် အစဉ်တည်ပါလိမ့်မည်။ သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်သည့်အတွက် အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်ပြီး သူ့၏သြဇာအာဏာသည် လူများ၊ အဖြစ်အပျက်များ၊ သို့မဟုတ် အမှုအရာများ၊ စကြဝဠာ သို့မဟုတ် မြေမျက်နှာသွင်ပြင်အားဖြင့် အမှုအရာများ ချုပ်ချယ်ခံရခြင်း သို့မဟုတ် ကန့်သတ်ထားခြင်း မရှိပေ။ အချိန်တိုင်းတွင်၊ ဘုရားသခင်က သူ့၏အခွင့်အာဏာကို စွဲကိုင်သည်၊ သူ့၏ တန်ခိုးအစွမ်းကို ပြသည်၊ သူ လုပ်မြဲလုပ်ဆောင်ခဲ့သည့်အတိုင်း သူ့၏ စီမံခန့်ခွဲမှုအလုပ်များကို ဆက်လက်လုပ်ဆောင်လေသည်။ အချိန်တိုင်းတွင် သူ လုပ်မြဲလုပ်ဆောင်ခဲ့သည့်အတိုင်း အရာအားလုံးကို အုပ်ချုပ်သည်။ အရာအားလုံးအတွက် ထောက်ပံ့သည်။ အရာအားလုံးကို စီစဉ်ညွှန်ကြားလေသည်။ ဤအရာကို ဘယ်သူမှ မပြောင်းလဲနိုင်။ ၎င်းသည် အမှန်တရား ဖြစ်ပေသည်။ ၎င်း၌ ရှေးကတည်းက မပြောင်းလဲသည့်သမ္မာတရား ရှိလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၃၆)

ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံဖို့ ဆန္ဒရှိသူအတွက် သင့်လျော်သည့် သဘောထားနှင့် လက်တွေ့လုပ်ဆောင်ခြင်း

ဘုရားသခင်၏ သြဇာအာဏာနှင့် လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ နှင့်ဆိုင်သည့် အမှန်တရားကို မည်သည့် သဘောထားဖြင့် လူက ယခု သိရှိမှတ်ယူသင့်သနည်း။ ဤသည်မှာ လူတိုင်း၏ ရှေ့တွင် ရှိနေသည့် တကယ့် ပြဿနာဖြစ်သည်။ လက်တွေ့ဘဝ ပြဿနာများကို ရင်ဆိုင် ရသည့်အခါ ဘုရားသခင်၏ သြဇာအာဏာနှင့် သူ၏အချုပ်အခြာ အာဏာတို့ကို သင် မည်သို့သိပြီး နားလည်သင့်သနည်း။ ဤပြဿနာများနှင့် သင် ရင်ဆိုင်ရပြီး ၎င်းတို့ကို မည်သို့နားလည် ရမည်၊ ကိုင်တွယ်ရမည်၊ တွေ့ကြုံရမည်ကို သင်မသိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံဖို့ သင်၏ ရည်ရွယ်ချက်၊ ဆန္ဒနှင့် သင်၏ ကျိုးနွံနာခံခြင်း နှင့်ဆိုင်သော စစ်မှန်မှုကို ပြသဖို့ရန် သင် မည်သို့ စိတ်သဘောထားမျိုး ခံယူသင့်သနည်း။ ပထမဆုံးအနေဖြင့် စောင့်ဆိုင်းဖို့ သင် သင်ယူရပါမည်။ ထို့နောက် ရှာဖွေဖို့ သင်ယူရမည်။ ထို့နောက် ကျိုးနွံနာခံဖို့ သင်ယူရမည်။ “စောင့်ဆိုင်းခြင်း” က ဘုရားသခင်၏ အချိန်ကို စောင့်ခြင်းကို ဆိုလိုသည်။ သင့်အတွက် ဘုရားသခင် စီစဉ်ထားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို စောင့်ဆိုင်းခြင်းဖြစ်သည်။ သူ၏အလိုကို သင့်ဆီကို သူ့ဘာသာ တဖြည်းဖြည်း ထုတ်ဖော်ပြသဖို့ စောင့်ခြင်း ဖြစ်သည်။ “ရှာဖွေခြင်း” ဆိုသည်မှာ သူချပြပေးခဲ့သည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများမှ တစ်ဆင့် သင့်အတွက် ထောက်ထားသော ဘုရားသခင်၏ ရည်ရွယ်ချက်များကို လေ့လာခြင်းနှင့် သိနားလည်ခြင်း၊ ၎င်းတို့မှတစ်ဆင့် သမ္မာတရားကို သိနားလည်ခြင်း၊ လူသားက ပြီးမြောက်ရမည့် အရာနှင့် ၎င်းတို့ စောင့်ထိန်းလိုက်နာရမည့် လမ်းခရီးများကို သိနားလည်ခြင်း၊ ဘုရားသခင်က လူသားများထဲမှ မည်သည့်ရလဒ်များကို ရရှိရန် ရည်ရွယ်သည်၊ လူသားများထဲမှ မည်သည့် အောင်မြင်မှုများကို ရယူရန် ရည်ရွယ်သည်တို့ကို နားလည်ခြင်းအား ဆိုလိုသည်။ ဟုတ်ပေ၏၊ “ကျိုးနွံနာခံခြင်း” ဆိုသည်မှာ ဘုရားသခင် စီစဉ်ညွှန်ကြားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို လက်ခံခြင်း၊ သူ့၏ အချုပ်အခြာအာဏာကို လက်ခံခြင်းနှင့် ၎င်းမှတစ်ဆင့် ဖန်ဆင်းရှင်က လူသားကံကြမ္မာကို မည်သို့ ပြဋ္ဌာန်းသည်၊ သူ့၏အသက်ဖြင့် လူသားများကို သူ မည်သို့ထောက်ပံ့သည်၊ လူသားအတွင်း၌ သမ္မာတရားကို သူမည်သို့ လုပ်ဆောင်သည်ကို သိလာခြင်းအား ရည်ညွှန်းပေသည်။ ဘုရားသခင်၏ စီစဉ်မှုများနှင့် အချုပ်အခြာအာဏာ အောက်က အရာအားလုံးသည် သဘာဝနိယာမများကို နာခံသည်။ သင့်အတွက် အရာအားလုံးကို ဘုရားသခင် စီစဉ်ပြီး ပြဋ္ဌာန်းခွင့်ပြုဖို့ သင်စိတ်ပိုင်းဖြတ်ထားပါက၊ သင် စောင့်ဆိုင်းတတ်ဖို့ သင်ယူရ ပါမည်။ ရှာဖွေတတ်ဖို့ သင်ယူရမည်။ ကျိုးနွံနာခံတတ်ဖို့ သင်ယူရပေမည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံချင်သည့် လူတိုင်း ခံယူရမည့် သဘောထား၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို လက်ခံချင်သည့် လူတိုင်း ပိုင်ဆိုင်ရမည့် အခြေခံ အရည်အသွေးတို့ ဖြစ်၏။ ထိုသို့သောသဘောထားကို ထိန်းသိမ်းဖို့၊ ထိုသို့သော အရည်အသွေးတစ်ခုကို ပိုင်ဆိုင်ဖို့၊ သင်တို့ ပိုကြိုးစားရမည်။ ဤသည်မှာစစ်မှန်သည့် လက်တွေ့အရှိတရားထဲသို့ သင်တို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၃၇)

ဘုရားသခင်ကို သင့်၏ အတုမရှိသည့် အရှင်သခင် အဖြစ် လက်ခံခြင်းက ကယ်တင်ခြင်းကို ရရှိဖို့ ပထမအဆင့် ဖြစ်သည်

ဘုရားသခင်၏ အခွင့်အာဏာနှင့်ပတ်သက်သည့် သမ္မာတရားများက လူတိုင်း လေးနက်စွာ မှတ်ယူရမည့်၊ ၎င်းတို့ နှလုံးသားနှင့် ကြုံတွေ့ပြီး နားလည်ရမည့် သမ္မာတရားများ ဖြစ်သည်။ ဤသမ္မာတရားများသည် လူတိုင်း၏ ဘဝ၊ လူတိုင်း၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အပေါ်၊ လူတိုင်းဘဝတွင် ဖြတ်သန်းရမည့် အရေးကြီးသည့် ဆုံမှတ်များအပေါ်တွင်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဆိုင်သော လူသား၏ အသိပညာနှင့် ဘုရားသခင်၏ သြဇာအာဏာကို ရင်ဆိုင်သည့်အခါ အသုံးပြုသင့်သည့် သဘောထားတို့အပေါ်၊ သဘာဝအလျောက် လူတိုင်း၏ နောက်ဆုံးခရီးပန်းတိုင်အပေါ် ဆက်နွယ်မှု ရှိနေသည့် အတွက်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို သိပြီး နားလည်ဖို့၊ ဘဝတစ်ခုလုံးစာ စွမ်းအင်များ လိုအပ်ပေသည်။ သင်သည် ဘုရားသခင်၏ သြဇာအာဏာကို အတိအလင်းခံယူသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါ၊ ဘုရားသခင်၏ သြဇာအာဏာ၏ အမှန်တကယ် တည်ရှိခြင်း သမ္မာတရားကို သင်တဖြည်းဖြည်း သိမြင်ပြီး နားလည်လာလိမ့်မည်။ သို့သော်လည်း ဘုရားသခင်၏ သြဇာအာဏာကို သင်လုံးဝ မသိမှတ်သကဲ့သို့ သူ့ အချုပ်အခြာအာဏာကို လုံးဝလက်မခံပါက၊ သင်နှစ်မည်မျှ အသက်ရှင်ပြီးပါစေ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်သည့် အသိပညာကို အနည်းငယ်ပင် သင်ရရှိမည်မဟုတ်။ သင်သည် ဘုရားသခင်၏ သြဇာအာဏာကို အမှန်တကယ်သိပြီး နားလည်ခြင်း မရှိလျှင် သင်လမ်းဆုံးကို ရောက်သည့်အခါ ဘုရားသခင်ကို သင်ဆယ်စုနှစ်များစွာ ယုံကြည်ခဲ့သည့်တိုင် သင့်ဘဝအတွက် ပြစရာ ဘာမျှရှိမည်မဟုတ်သကဲ့သို့ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် အသိပညာ အနည်းငယ်မျှ အလိုအလျောက် သင် ရှိလိမ့်မည်မဟုတ်။ ဤသည်မှာ အလွန်ဝမ်းနည်းစရာကောင်းသည့် အရာ မဟုတ်သလော။ ထို့ကြောင့် ဘဝတွင် သင်မည်မျှဝေးဝေး လျှောက်လှမ်းပြီးပါစေ၊ သင်ယခု မည်မျှ အသက်ကြီးနေပါစေ၊ သင်၏ ကျန်ရှိသည့်ခရီးက မည်မျှရှည်လျားပါစေ၊ ပထမဆုံး ဘုရားသခင်၏ သြဇာအာဏာကို သင် သိမှတ်ကာ လေးနက်စွာ ခံယူရမည်။ ပြီးလျှင် ဘုရားသခင်သည် သင်၏ အတုမရှိသည့် အရှင်သခင်ဖြစ်သည် ဆိုသည့်အချက်ကို လက်ခံရမည်။ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် ပတ်သက်သည့် ဤအမှန်တရားများအပေါ် ရှင်းလင်းသည့်၊ တိကျသည့် သိမြင်မှုနှင့် နားလည်မှုကို ရယူခြင်းက လူတိုင်းအတွက် မဖြစ်မနေလိုအပ်သည့် သင်ခန်းစာဖြစ်သည်။ ယင်းသည် လူသားဘဝသိရှိခြင်းနှင့် အမှန်တရားကို ရယူခြင်း အတွက် သော့ချက်ဖြစ်သည်။ နေ့စဉ်လူတိုင်း ရင်ဆိုင်ရသည့်၊ မည်သူမှ ရှောင်လွဲမရနိုင်သည့် ဘုရားသခင်ကို သိခြင်းဘဝနှင့် ယင်း၏ အခြေခံသင်ခန်းစာ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဤပန်းတိုင်သို့ရောက်ဖို့ ဖြတ်လမ်းက သွားချင်ပါက၊ မဖြစ်နိုင်ဟု ယခု သင့်ကို ငါ ပြော၏။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်တို့ လွတ်မြောက်ချင်ပါက၊ ယင်းသည် ပို၍ပင်မဖြစ်နိုင်ချေ။ ဘုရားသခင်သည် လူသား၏ တစ်ဦးတည်းသော သခင်ဖြစ်သည်။ ဘုရားသခင်သည် လူသားကံကြမ္မာ၏ တစ်ဦးတည်းသော အရှင်သခင်ဖြစ်သည်။ ထို့ကြောင့် လူသားအတွက် သူ့ကိုယ်ပိုင်ကံကြမ္မာကို ပြဋ္ဌာန်းဖို့ မဖြစ်နိုင်။ ယင်း၏ ပြင်ပသို့ ခြေလှမ်းဖို့ သူ့အတွက် မဖြစ်နိုင်ပေ။ လူတစ်ယောက်၏ အရည်အချင်းက မည်မျှပင် ကြီးမားပါစေ၊ အခြားလူများ၏ ကံကြမ္မာကို စီစဉ်ညွှန်ကြားဖို့၊ စီစဉ်ဖို့၊ ထိန်းချုပ်ဖို့ သို့မဟုတ် ပြောင်းလဲဖို့ မပြောနှင့်၊ မလွှမ်းမိုးနိုင်ပေ။ လူသားအတွက် အရာခပ်သိမ်းကို အတုမရှိသည့် ဘုရားသခင် ကိုယ်တိုင်သာ အုပ်စိုးပါသည်၊ လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာကို စွဲကိုင်သည့် အတုမရှိသော သြဇာအာဏာကို သူသာလျှင် ပိုင်ဆိုင်သည့်အတွက်ကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင် သာလျှင် လူသား၏ အတုမရှိသည့် အရှင်သခင်ဖြစ်သည်။ ဘုရားသခင်၏ သြဇာအာဏာသည် ဖန်ဆင်းခံ လူသားမျိုးနွယ် အပေါ်သာမက မည်သည့်လူသားမျှ မမြင်နိုင်သည့် ဖန်ဆင်းခံ မဟုတ်သော အရာများအပေါ်၊ ကြယ်များအပေါ် စကြဝဠာ အပေါ်တွင် အချုပ်အခြာအာဏာကို စွဲကိုင်ထား၏။ ဤသည်မှာ ငြင်း၍မရသည့် အချက်၊ မည်သည့်လူသား သို့မဟုတ် မည်သည့်အမှုအရာကမျှ ပြောင်းလဲ၍မရသည့် အမှန်တကယ် တည်ရှိသော အချက်တစ်ခု ဖြစ်သည်။ သင်တို့ထဲမှ တစ်ဦးက ထူးခြားသည့် ကျွမ်းကျင်မှု သို့မဟုတ် အရည်အချင်းများရှိသည်ဟု ယုံကြည်ရင်းနှင့်သင်ကံကောင်းပြီး သင့်လက်ရှိ အခြေအနေများကို ပြောင်းလဲနိုင်သည် သို့မဟုတ် လွတ်မြောက်နိုင်သည်ဟု ထင်မြင်ဆဲဖြစ်ရင်း ၎င်းတို့ပုံစံအတိုင်းရှိသည့် အမှုအရာများကို မကျေမနပ် ဖြစ်နေသေးပါက၊ သင်သည် လူသား၏အားထုတ်မှုနှင့် သင်၏ ကိုယ်ပိုင်ကံကြမ္မာကို ပြောင်းလဲပြီး ဤနည်းနှင့် အများထက် သာလွန်ပြီး အောင်မြင်မှုနှင့် စည်းစိမ်တို့ကို ရရှိဖို့ ကြိုစားပါက၊ သင်သည် မိမိကိုယ်ကိုယ်အတွက် ကိစ္စရပ်များကို ခက်ခဲအောင် လုပ်နေသည်ဟု သင့်ကို ငါဆို၏။ သင်သည် ပြဿနာကိုသာ ရှာနေခြင်းဖြစ်သည်။ ကိုယ့်သင်္ချိုင်းကိုယ်တူးနေခြင်း ဖြစ်သည်။ တစ်နေ့ အနှေးနှင့် အမြန်ဆိုသကဲ့သို့ မှားယွင်းသည့် ရွေးချယ်မှု သင်လုပ်ခဲ့သည်၊ သင်၏ အားထုတ်မှုများ ဖြုန်းတီးပစ်ခဲ့သည်ကို သင်တွေ့ရှိရလိမ့်မည်။ သင့် ရည်မှန်းချက်၊ ကံကိုဆန့်ကျင်ပြီး ရုန်းကန်လှုပ်ရှားဖို့ သင့်ဆန္ဒ၊ သင်၏ ကိုယ်ပိုင် ပြောင်မြောက်လှသည့် လုပ်ဆောင်မှုများသည် ပြန်လမ်းမရှိသည့် လမ်းသို့ သင့်ကို ပို့ဆောင်ပေးပါလိမ့်မည်။ ဤအတွက် သင်သည် ခါးသီးသည့် အဖိုးအခတစ်ခု သင် ပေးရလိမ့်မည်။ လက်ရှိအချိန်တွင် အကျိုးဆက်များ၏ ပြင်းထန်မှုကို သင် မမြင်သော်လည်း ဘုရားသခင်သည် လူသားကံကြမ္မာ၏ အရှင်သခင်ဖြစ်သည်ဆိုသည့် သမ္မာတရားကို တွေ့ကြုံပြီး ပိုပြီး နက်ရှိုင်းစွာ အသိအမှတ် ပြုလာသည်နှင့်အမျှ ယနေ့ ငါပြောနေသည့်အရာနှင့် ယင်း၏ သက်ရောက်မှုကို သင်တဖြည်းဖြည်း သိမြင်လာလိမ့်မည်။ သင်သည် စိတ်နှလုံးနှင့် ဝိညာဉ်တစ်ခု ဧကန်ရှိ၊ မရှိ၊ သမ္မာတရားကို ချစ်သည့်လူ သင်ဟုတ်၊ မဟုတ်၊ ဆိုသည်တို့မှာ ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် သမ္မာတရားအပေါ် မည်သို့ သဘောထားမျိုး သင် ခံယူသည်ဆိုသည့်အပေါ် မူတည်ပေသည်။ ဤအချက်သည် ဘုရားသခင်၏ သြဇာအာဏာကို သင်အမှန်တကယ် သိပြီး နားလည်ခြင်း ရှိ၊ မရှိဆိုသည်ကို အလိုအလျောက် သတ်မှတ် ပေးသည်။ သင့်ဘဝ၌ ဘုရားသခင်၏ သြဇာအာဏာကို သိမှတ်ပြီး လက်ခံဖို့ နေနေသာသာ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့၏ အစီအစဉ်များအား ဘယ်သောအခါမျှ မခံစားဖူးပါက၊ သင်သည် လုံးဝ တန်ဖိုးမရှိသူ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်ခံယူခဲ့သည့် လမ်းကြောင်းနှင့် သင်ပြုလုပ်ခဲ့သည့် ရွေးချယ်မှုတို့ကြောင့် သင်သည် ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို အမှန်တကယ် ခံရသည့်သူ ဖြစ်လိမ့်မည်။ သို့သော်လည်း ဘုရားသခင်၏ အမှု၌ သူ၏စမ်းသပ်မှုကို လက်ခံနိုင်သူ၊ သူ့၏ အချုပ်အခြာအာဏာကို လက်ခံနိုင်သူ၊ သူ့၏ သြဇာအာဏာကို ကျိုးနွံနာခံပြီး သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် စစ်မှန်သော အတွေ့အကြုံ များကို တဖြည်းဖြည်း ရရှိသောသူတို့သည် ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် စစ်မှန်သောအသိပညာ၊ သူ၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် စစ်မှန်သော သိနားလည်မှုတို့ကို ရရှိပေလိမ့်မည်။ ၎င်းတို့သည် ဖန်ဆင်းရှင်ကို ဝန်ခံသောသူများ အမှန်တကယ် ဖြစ်လာကြလိမ့်မည်။ ထိုသို့သောလူများသာ အမှန်တကယ် ကယ်တင်ခြင်းခံရမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိသောကြောင့်၊ ယင်းကို လက်ခံသောကြောင့်၊ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော အမှန်တရားကို ၎င်းတို့၏ အသိအမှတ်ပြုခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် စစ်မှန်ကာ တိကျလေသည်။ ၎င်းတို့သည် သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ကိုယ်ပိုင်ရွေးချယ်မှု မပါဝင်ဘဲ၊ ကိုယ်ပိုင်ဆန္ဒမပါဝင်ဘဲ ယောဘကဲ့သို့ သေခြင်းကို မဖြုံသောစိတ်ရှိကာ အရာခပ်သိမ်း၌ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် အစီအစဉ်တို့ကို ကျိုးနွံနာခံကြလိမ့်မည်။ ထိုသို့သောလူမျိုးသာ စစ်မှန်သည့် ဖန်ဆင်းခံ လူသားတစ်ဦးအဖြစ် ဖန်ဆင်းရှင်ထံပါးသို့ ပြန်လာနိုင်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၃၈)

လူသားကိုပေးသော ယေဟောဝါ ဘုရားသခင်၏ အမိန့်

ကမ္ဘာဦးကျမ်း ၂:၁၅-၁၇ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူကိုယူပြီး ဧဒင်ဥယျာဉ်ထဲတွင် ပြုစုစောင့်ရှောက်စေရန် ထားတော်မူ၏။ ယေဟောဝါဘုရားသခင်က ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံး နိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်ဟု လူကို အမိန့်ပေးတော်မူ၏။

လူမိန်းမကို မြွေ၏ညှို့ယူဖမ်းစားခြင်း

ကမ္ဘာဦးကျမ်း ၃:၁-၅ ယခုတွင်၊ မြွေသည် ယေဟောဝါ ဘုရားသခင် ဖန်ဆင်းတော်မူသော မြေပေါ်ရှိ မည်သည့်တိရစ္ဆာန်မဆိုထက် ပိုမို လိမ္မာပါးနပ်လေသည်။ သူက လူမိန်းမထံ၊ ဥယျာဉ်ထဲမှ အပင်တိုင်းကို သင်တို့ မစားရဟု အမှန်စင်စစ် ဘုရားသခင် မိန့်တော်မူခဲ့သလောဟု မေးလေသည်။ လူမိန်းမကလည်း၊ ကျွန်မတို့သည် ဥယျာဉ်ထဲရှိ အပင်များ၏ အသီးများကို စားသုံးနိုင်ကြပါ၏၊ သို့သော်၊ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုမူ၊ ဘုရားသခင်က၊ သင်တို့ သေမည်စိုးရသဖြင့် ယင်းကို သင်သည် မစားရသကဲ့သို့ ထိလည်း မထိရဟု မိန့်တော်မူကြောင်း မြွေကို ပြောကြားလေသည်။ မြွေကလည်း၊ သင်တို့ ဧကန်မုချ သေရကြမည်မဟုတ်၊ သင်တို့စားသောနေ့တွင် သင်တို့၏ မျက်စိများပွင့်ပြီး သင်တို့သည် ဘုရားကဲ့သို့ဖြစ်ကာ အကောင်းနှင့် အဆိုးကို သိမည်အကြောင်း ဘုရားသခင် သိသည့်အတွက်ကြောင့် ဖြစ်သည်ဟု လူမိန်းမအား ဆိုလေသည်။

ဤကျမ်းပိုဒ်နှစ်ပိုဒ်က သမ္မာကျမ်းစာ၏ မည်သည့်ကျမ်းမှ ကောက်နုတ်ထားချက်များ ဖြစ်သနည်း။ (ကမ္ဘာဦးကျမ်းမှဖြစ်ပါသည်။) ဤကျမ်းပိုဒ်နှစ်ပိုဒ်ကို သင်တို့အားလုံး ရင်းနှီးကြသလော။ ဤသည်မှာ လူသား ဦးဆုံး ဖန်ဆင်းခြင်းခံခဲ့ရချိန်ဖြစ်သည့် အစအဦး၌ ဖြစ်ပျက်ခဲ့သည့် အရာများပင်ဖြစ်သည်။ ဤသည်မှာ အဖြစ်အပျက်မှန်ဖြစ်၏။ ပထမဦးစွာ ယေဟောဝါ ဘုရားသခင်က အာဒံနှင့်ဧဝကို မည်သည့်အမိန့်မျိုး ပေးခဲ့သနည်းဆိုသည်ကို ကြည့်ကြစို့၊ ဤအမိန့်မှာပါဝင်သော အကြောင်းအရာသည် ယနေ့ငါတို့၏ခေါင်းစဉ်အတွက် အင်မတန် အရေးကြီး၍ဖြစ်သည်။ ယေဟောဝါ ဘုရားသခင်က “ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံး နိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်” ဟု လူကို အမိန့်ပေးတော်မူ၏။ ဤကျမ်းပိုဒ်ထဲက လူသားကိုပေးသည့် ဘုရားသခင်၏ အမိန့်တွင် မည်သည့်အရာ ပါဝင်သနည်း။ ပထမအနေဖြင့် ဘုရားသခင်က လူသားကို အပင်အမျိုးစုံ၏ သစ်သီးများအနေနှင့် သူအဘယ်အရာကို စား၍ရသည်ကို ပြောသည်။ အန္တရာယ်မရှိပါ၊ အဆိပ်မရှိပါ။ အားလုံးကို စား၍ရပြီး ဒွိဟဖြစ်နေသည်များ မရှိဘဲနှင့် သဘောရှိ စား၍ရသည်။ ဤသည်ကတစ်ပိုင်း။ နောက်တစ်ပိုင်းက သတိပေးချက်ဖြစ်၏။ ဤသတိပေးချက်တွင် ကောင်းမကောင်း သိကျွမ်းရာအပင်၏ အသီးကို ခူးမစားရန် ဘုရားသခင်က လူသားကို ပြောသည်။ သူစားလျှင် မည်သည့်အရာဖြစ်လာမည်နည်း။ သင်စားပါက- ဧကန်အမှန်သေရမည်ဟု ဘုရားသခင်က လူသားကို ပြော၏။ ဤစကားလုံးများသည် ရှင်းလင်းပြတ်သားပါ၏လော။ (ရှင်းလင်းပြတ်သားပါသည်။) အကယ်၍ ဘုရားသခင်က သင့်ကို ဤအချက်ပြောပြပြီး သင်က အဘယ်အတွက်ကြောင့်နည်းဆိုသည်ကို နားမလည်လျှင်၊ ယင်းကို စည်းမျဉ်းတစ်ခုအဖြစ် သို့မဟုတ် လိုက်နာရမည့် ညွှန်ကြားချက် တစ်ခုအဖြစ် သဘောထားပါ့မည်လော။ ထိုအရာကို လိုက်နာသင့်သည် မဟုတ်လော။ သို့သော် လူသားသည် ထိုအရာကို လိုက်နာနိုင်သည်ဖြစ်စေ လိုက်မနာနိုင်သည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များက တိကျပြတ်သားသည်။ လူသားအနေနှင့် အဘယ်အရာကို စား၍ရသည်၊ အဘယ်အရာကို စား၍မရဆိုသည်နှင့် သူမစားသင့်သည့်အရာကို သူစားလိုက်လျှင် မည်သို့ဖြစ်မည်ဟူသည့် အရာများကို ဘုရားသခင်က သူ့ကို အင်မတန် ရှင်းရှင်းလင်းလင်း ပြောထား၏။ ဘုရားသခင်ပြောခဲ့သည့် ဤနှုတ်ကပတ်တော် အတိုချုပ်ထဲတွင် သူ၏ စိတ်သဘောထား တစ်ခုတလေကိုများ သင်တွေ့သလော။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များက မှန်ကန်ပါသလော။ ပရိယာယ်များ ရှိနေသလော။ မမှန်ကန်သည့်အရာများ ရှိနေသလော။ (မရှိပါ။) ခြိမ်းခြောက်နေသောအရာ တစ်ခုတလေရော ရှိပါ၏လော။ (မရှိပါ။) လူသားက မည်သည့်အရာစား၍ရသည်ဆိုသည်နှင့် မည်သည့်အရာကို စား၍မရဆိုသည်ကို ဘုရားသခင်က သူ့ကို ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊ စိတ်ရင်းအမှန်နှင့် ရှင်းရှင်းပြတ်ပြတ် ပြောခဲ့၏။ ဤနှုတ်ကပတ်တော်များ ထဲတွင် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်တစ်ခုတလေ ရှိသလော။ ဤနှုတ်ကပတ်တော်များက တိကျပြတ်သားပါသလော။ ထင်ကြေး ပေးစရာများ လိုသလော။ (မလိုပါ။) မှန်းဆစရာ မလို၊ ဟုတ်ပါသလော။ သူတို့၏ အဓိပ္ပာယ်များက တစ်ချက်ကြည့်ရုံနှင့် ထင်ရှားပေါ်လွင်ပြီး ထိုအရာကို သင်တို့တွေ့သည်နှင့် နားလည်သည်။ ယင်းမှာ ရှင်းလင်း ပြတ်သားသည်။ ဆိုလိုသည်က ဘုရားသခင် ပြောလိုသောအရာနှင့် သူဖော်ပြလိုသော အရာများသည် သူ့နှလုံးသားမှ လာသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင် ဖော်ပြသည့် အရာများသည် ရှင်းလင်း၏၊ ရိုးရိုးစင်းစင်းနှင့် ပြတ်သားသည်။ တိတ်တခိုး ရည်ရွယ်ချက်များ မရှိသကဲ့သို့ ဖုံးကွယ်နေသော မည်သည့် အဓိပ္ပာယ်မှလည်း မရှိပါ။ လူသားကို သူမည်သည့်အရာကို စား၍ရသည်၊ မည်သည့်အရာကို စား၍မရဆိုသည်ကို ပြောပြရင်း သူသည် လူသားကို တိုက်ရိုက်သာ ပြောဆိုခဲ့၏။ တစ်နည်းအားဖြင့် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်၏ နှလုံးသားက ကြည်လင်ရှင်းလင်းသည်ဟူသည့်အရာနှင့် ဘုရားသခင်၏ နှလုံးသားက မှန်ကန်သည်ကို လူသားက မြင်နိုင်ပါသည်။ စားကောင်းသည့်အရာကို သင်စား၍မရပါဟု ဆိုပြီး သင့်ကိုပြောခြင်းနှင့် စား၍မရသည့်အရာများနှင့် ပတ်သက်ပြီး “လုပ်ကြည့်ပြီး မည်သည့်အရာ ဖြစ်လာမည်နည်း ကြည့်ကြည့်” ဟုသင့်ကိုပြောသည့်နေရာမှာ မမှန်ကန်သည့်အရာ လုံးဝမရှိပါ။ ဘုရားသခင်က ဤအရာကို ရည်ရွယ်ခဲ့ သလော။ (မရည်ရွယ်ခဲ့ပါ။) မရည်ရွယ်ခဲ့ပါ။ ဘုရားသခင်၏နှလုံးသားထဲ၌ သူတွေးသည့် အရာမှန်သမျှသည် သူပြောသည့် အရာပင်ဖြစ်သည်။ ဘုရားသခင်က ဤနှုတ်ကပတ်တော်များအတွင်းတွင် ဤနည်းလမ်းဖြင့် သူ့ကိုယ်သူ ပြသပြီး ထုတ်ဖော်ပြသည့်အတွက်ကြောင့် ဘုရားသခင် သန့်ရှင်းသည်ဟု ငါပြောလျှင် ငါက ဘာမျှမဟုတ်သည့်အရာကို ရေးကြီးခွင့်ကျယ်လုပ်နေသည် သို့မဟုတ် ငါ၏အနက်ဖွင့်ချက်သည် အနည်းငယ် လက်လွန်သွားပြီဟု သင်အနည်းငယ် ခံစားရကောင်း ခံစားရနိုင်သည်။ ဤသို့ဆိုလျှင် စိတ်မပူပါနှင့်၊ ငါတို့ ယခုထိမပြီးသေးပါ။

“လူမိန်းမကို မြွေ၏သွေးဆောင်ဖြားယောင်းမှု” ဟူသည့်အကြောင်း ပြောကြစို့။ မြွေဆိုသည်မှာ အဘယ်သူနည်း။ (စာတန်ဖြစ်ပါသည်။) ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တွင် စာတန်က အဖြည့်ခံ အခန်းကဏ္ဍမှာ ပါဝင်လေသည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ငါတို့မိတ်သဟာယဖွဲ့ ဆေးနွေးသည့်အခါ မပြော၍မရသည့် ဇာတ်ကောင်ဖြစ်သည်။ အဘယ်ကြောင့် ငါဤသို့ပြောသနည်း။ အကယ်၍ သင်တို့သည် စာတန်၏ မကောင်းမှုနှင့် ပျက်စီးခြင်း သို့မဟုတ် စာတန်၏ သဘာဝကို မသိလျှင် ထိုအရာကို မှတ်မိရန် သင်တို့တွင် နည်းလမ်းရှိမည် မဟုတ်သကဲ့သို့ သန့်ရှင်းခြင်းဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်သည် ဆိုသည်ကိုလည်း သိနိုင်မည် မဟုတ်ပေ။ စာတန်လုပ်သည့်အရာက မှန်သည်ဟူ၍ လူများက ဇဝေဇဝါနှင့် ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ပျက်စီးနေသည့် ဤကဲ့သို့စိတ်သဘောထားမျိုးထဲတွင် ရှင်သန်နေကြသောကြောင့် ဖြစ်သည်။ အဖြည့်ခံမရှိလျှင်၊ နှိုင်းယှဉ်စရာ ဘာမျှမရှိလျှင်၊ သန့်ရှင်းခြင်း ဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို သင်မသိနိုင်ပါ။ ထို့ကြောင့်ပင် စာတန်အကြောင်းကို ဤနေရာတွင်ပင် ဖော်ပြမှဖြစ်မည်။ ထိုကဲ့သို့သော ဖော်ပြချက်မှာ အနှစ်သာရမဲ့သော အပြောမဟုတ်ပါ။ စာတန်မည်သို့ လုပ်ဆောင်သည်၊ လူသားများကို စာတန်မည်သို့ ဖျက်ဆီးသည် ဟူသည့်အရာများနှင့် စာတန်၏သဘာဝနှင့် မျက်နှာထားက မည်သည့် အရာဖြစ်သည် ဆိုသည်တို့ကို စာတန်၏ စကားလုံးများနှင့် လုပ်ရပ်များ မှတစ်ဆင့် ငါတို့မြင်ရမည်။ ထို့ကြောင့် ဤလူမိန်းမက မြွေကို မည်သည့်အရာ ပြောခဲ့သနည်း။ ယေဟောဝါဘုရားသခင်က သူ့ကို ပြောခဲ့သည့် အရာကို လူမိန်းမက မြွေကို အသေးစိတ် ပြန်ပြောပြခဲ့၏။ သူပြောခဲ့သည့်အရာကို ယူလိုက်မည်ဆိုလျှင် ဘုရားသခင်က သူ့ကို ပြောခဲ့သည့် အရာအားလုံး၏ ကျိုးကြောင်းညီညွတ်ခြင်းကို သူအတည်ပြု ခဲ့သလော။ ဤအရာကို သူအတည်မပြုနိုင်ခဲ့ပါ၊ ဟုတ်သည် မဟုတ်လော။ လောလောလတ်လတ် ဖန်ဆင်းခံထားရသည့် သူတစ်ယောက်အနေနှင့် ကောင်းမကောင်းကို သိနိုင်သည့်စွမ်းပကား သူ့မှာမရှိသကဲ့သို့ သူ့ဘေးပတ်လည်မှာ ရှိသည့်အရာများကို နားလည်နိုင်သည့် စွမ်းပကား သူ့မှာမရှိခဲ့ပါ။ မြွေကို သူပြောခဲ့သည့် စကားများမှ အကဲဖြတ်ကြည့်လျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှန်ကန်သည်ဟုဆိုပြီး သူ့နှလုံးသားထဲတွင် အတည်မပြုခဲ့ရသေးပါ။ ဤသည်သာ သူမ၏ စိတ်နေသဘောထားဖြစ်သည်။ ထို့ကြောင့် လူမိန်းမက ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်၌ ပြတ်သားသေချာသည့် သဘောထား မရှိသည်ကို မြွေက တွေ့သွားသည့်အခါ “သင်တို့ ဧကန်မုချ သေရကြမည်မဟုတ်၊ သင်တို့စားသောနေ့တွင် သင်တို့၏ မျက်စိများပွင့်ပြီး သင်တို့သည် ဘုရားကဲ့သို့ဖြစ်ကာ အကောင်းနှင့် အဆိုးကို သိမည်အကြောင်း ဘုရားသခင် သိသည့်အတွက်ကြောင့် ဖြစ်သည်” ဟု လူမိန်းမအား ဆိုလေသည်။ ဤစကားလုံးများတွင် မှားသည့်အရာ တစ်ခုခုရှိသလော။ (ရှိပါ၏။) မည်သည့်အရာ မှားနေသနည်း။ ဤဝါကျကို ဖတ်၍ပြီးသွားသည့်အခါ မြွေ၏ ရည်ရွယ်ချက်များကို သတိပြုမိကြ သလော။ (သတိပြုမိပါသည်။) မြွေတွင် မည်သည့်ရည်ရွယ်ချက်များ ရှိသနည်း။ (လူသားကို အပြစ်ကျူးလွန်အောင် သွေးဆောင်ရန် ဖြစ်ပါသည်။) မြွေက ဤလူမိန်းမကို ဘုရားသခင်၏ နှုတ်ကပတ်တော်အား အလေးဂရုပြုခြင်းကို ရပ်တန့်ဖို့ရန် သွေးဆောင်ချင်သော်လည်း သူတိုက်ရိုက်ပြောခဲ့သလော။ (မပြောခဲ့ပါ။) တိုက်ရိုက် မပြောခဲ့ပေ၊ ထို့ကြောင့် သူက အင်မတန် စဉ်းလဲသည်ဟု ငါတို့ပြောနိုင်၏။ လူသားဆီမှ ဖုံးကွယ်ထားပြီး သူ့အထဲတွင် သိမ်းထားသည့် သူ၏ ရည်ရွယ်ထားသည့် ရည်မှန်းချက်ကို ရဖို့ရန် သူက မိမိဆိုလိုရင်းကို လှည့်ဖြားပြီး ကွေ့လည်ကြောင်ပတ် နည်းမျိုးဖြင့် သူဖော်ပြခဲ့၏— ဤသည်မှာ မြွေ၏စဉ်းလဲမှုပင်။ စာတန်က အမြဲ ဤနည်းလမ်းဖြင့် ပြောဆို လုပ်ကိုင်သည်။ သူက တစ်နည်းနည်းနှင့် အတည်ပြုခြင်းမရှိဘဲ “ဧကန်အမှန်မဟုတ်” ဟုပြော၏။ သို့သော် ဤသည်ကို ကြားလိုက် သည်နှင့် မသိနားမလည်သည့် ဤလူမိန်းမ၏ နှလုံးသားက လှုပ်ရှားသွား ခဲ့သလော။ (လှုပ်ရှားသွားခဲ့ပါသည်။) သူ၏စကားလုံးများသည် လိုချင်သည့် အကျိုးဆက်ကို ရရှိသွားသည့်အတွက်ကြောင့် မြွေက ကျေနပ်ခဲ့၏— ဤသည်မှာ မြွေ၏ စဉ်းလဲသည့်ရည်ရွယ်ချက်ပင် ဖြစ်သည်။ ထို့အပြင် ရလဒ်ကောင်းတစ်ခုဟု လူသားက ယုံကြည်သည့် ရလဒ်တစ်ခုကို ကတိပေးကာ “သင်တို့စားသောနေ့တွင် သင်တို့၏ မျက်စိများပွင့်ပြီး” ဟုသူပြောပြီး လူမိန်းမကို သွေးဆောင်ဖြားယောင်းခဲ့၏။ ထို့ကြောင့်- “ငါ၏မျက်စိပွင့်လင်းသည်မှာ ကောင်းသည့်အရာဖြစ်၏” ဟုဆိုပြီး လူမိန်းမက တွေးဆလေသည်။ ယင်းနောက်တွင် ပို၍ပင် ကောင်းသေးသော အရာ၊ လူသားမသိသည့် စကားများ၊ ကြားရသူများအပေါ် တန်ခိုးကြီးမားသည့် သွေးဆောင်မှုကို ကိုင်ဆောင်ထားသော စကားများဖြစ်သည့် “သင်တို့သည် ဘုရားကဲ့သို့ဖြစ်ကာ အကောင်းနှင့် အဆိုးကို သိမည်အကြောင်း” ဟု ၎င်းက ပြောခဲ့၏။ ဤစကားများက လူသားများအပေါ် အားပြင်းပြင်းနှင့် ဖမ်းစားမနေသလော။ ယင်းက တစ်ယောက်ယောက်က သင့်ကို ဤသို့ ပြောသကဲ့သို့ဖြစ်သည်၊ “သင့်မျက်နှာက မယုံနိုင်လောက်အောင်ကို အချိုးအစားကျပေ၏။ နှာတံလေးက အနည်းငယ် တိုနေခြင်းသာဖြစ်သည်။ သို့သော် ထိုအရာကို ပြင်လိုက်မည်ဆိုလျှင် သင်သည် ကမ္ဘာ့အဆင့်မီ အချောအလှတစ်ယောက် ဖြစ်သွားမည်ဖြစ်၏။” အမြင်လှအောင် ခွဲစိတ်ပြုပြင်ရန် တစ်ခါမျှ မလိုချင်ခဲ့သည့် သူတစ်ယောက်အတွက် ဤစကားလုံးများကို ကြားရလျှင် ၎င်းတို့နှလုံးသားက လှုပ်ရှားသွားမည်လော။ (လှုပ်ရှားသွားမည် ဖြစ်ပါသည်။) ထို့ကြောင့် ဤစကားလုံးများက စွဲမက်စရာကောင်းသလော။ ဤညှို့ယူခြင်းက သင့်ကို သွေးဆောင်နေသလော။ စမ်းသပ်နေသလော။ (စမ်းသပ်နေပါသည်။) ဘုရားသခင်က ဤကဲ့သို့ပြောသလော။ ငါတို့ ယခုလေးတင် ကြည့်လိုက်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဤအရာနှင့်ပတ်သက်သည့် အရိပ်အမြွက်တစ်ခုတလေများ ရှိနေခဲ့သလော။ (မရှိခဲ့ပါ။) အဘယ်ကြောင့်နည်း။ ဘုရားသခင်က သူ့နှလုံးသားထဲ၌ တွေးသည့်အရာကို ပြောပါသလော။ ဘုရားသခင်၏ နှလုံးသားကို သူ့နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားက မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) သို့သော် ဤစကားလုံးများကို မြွေက လူမိန်းမကို ပြောခဲ့သည့်အခါ၊ သူ၏နှလုံးသားကို သင်မြင်နိုင်ခဲ့သလော။ (မမြင်နိုင်ပါ။) လူသား၏ မသိနားမလည်မှုကြောင့် သူတို့သည် မြွေ၏ စကားလုံးများအားဖြင့် ညှို့ယူခြင်းကို အလွယ်တကူပင် ခံလိုက်ရ၏။ အလွယ်တကူပင် ငြိစွန်းသွားပြီး အလွယ်တကူပင် ဦးဆောင်ခံလိုက် ရလေသည်။ ထို့ကြောင့် စာတန်၏ ရည်ရွယ်ချက်များကို သင်မြင်နိုင်ခဲ့ပါ သလော။ သူပြောသည့်အရာ၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို သင်မြင်နိုင်ခဲ့သလော။ သူ၏လှည့်ကွက်များနှင့် စဉ်းလဲသည့် အကြံအစည်များကို သင်မြင်နိုင်ခဲ့သလော။ (မမြင်နိုင်ခဲ့ပါ။) စာတန်၏ ပြောဆိုပုံပြောဆိုနည်းက မည်ကဲ့သို့ စိတ်နေသဘောထားမျိုးကို ကိုယ်စားပြုသနည်း။ ဤစကားလုံးများမှ တစ်ဆင့် မည်သို့သော အနှစ်သာရမျိုးကို စာတန်၏အထဲတွင် သင်မြင်ခဲ့ရသနည်း။ မသိမသာ စိမ့်ဝင်ကူးစက်တတ်သည် မဟုတ်လော။ အပေါ်ယံမှာတော့ သူက သင့်ကိုပြုံးပြမည် သို့မဟုတ် မျက်နှာအမူအရာကို ဘာဆိုဘာမျှ မပြခြင်းလည်း ဖြစ်နိုင်၏။ သို့သော် သူ့နှလုံးသားထဲမှာတော့ သူ့ရည်မှန်းချက်ကို မည်သို့ရောက်အောင် လုပ်ရမည်ဆိုသည်ကို သူအမြဲတွက်ချက်နေပြီး၊ သင်မမြင်နိုင်သည်မှာလည်း ဤရည်မှန်းချက်ပင် ဖြစ်သည်။ ထို့နောက်တွင်တော့ သူသင့်ကိုပေးသည့် ကတိများအားလုံးနှင့် သူပြောသည့် အကျိုးအမြတ်များအားလုံးကြောင့် သင်သည် ညှို့ယူ ခံလိုက်ရ၏။ ထိုအရာများကို ကောင်းသည်ဟု သင်မြင်ပြီး၊ သူပြောသည့်အရာများသည် ဘုရားသခင်ပြောသည့် အရာများထက် ပိုအသုံးဝင်သည်၊ ပိုကုံလုံသည်ဟု သင်ခံစားရ၏။ ဤသို့ဖြစ်လာသောအခါ၊ လူသားသည် ကျိုးနွံသည့် အကျဉ်းသားတစ်ယောက် ဖြစ်မလာသလော။ (ဖြစ်လာပါသည်။) ထို့ကြောင့် စာတန်အသုံးပြုသည့် နည်းနာသည် အင်မတန် ဆိုးယုတ်သည် မဟုတ်လော။ သင်က သင့်ကိုယ်သင် အကျင့်ပျက်ဆုတ်ယုတ်စေ၏။ စာတန်က လက်တစ်ချောင်းပင် လှုပ်စရာမလိုဘဲ ဤဝါကျလေး နှစ်ကြောင်းနှင့် သူ့နောက်ကို ပျော်ပျော်ကြီး သင်လိုက်သည်၊ သူ့ကို လိုက်နာသည်။ သူ့ရည်ရွယ်ချက် ပြည့်သွားပေပြီ။ ဤရည်ရွယ်ချက်က ဆိုးဝါးသည် မဟုတ်လော။ ဤအရာသည် စာတန်၏ မူလဘူတအကျဆုံး မျက်နှာထားပင် မဟုတ်လော။ စာတန်၏ စကားလုံးများမှ သူ၏ မကောင်းသည့် ရည်ရွယ်ချက်များကို လူသားက မြင်နိုင်၏၊ သူ၏အကျည်းတန်လှသည့် မျက်နှာနှင့် သူ၏အနှစ်သာရကို မြင်နိုင်သည်။ ဟုတ်သည် မဟုတ်လော။ ဟုတ်ပါသည် ဤဝါကျများကို နှိုင်းယှဉ်ကြည့်သည့်အခါ၊ စိတ်ဖြာလေ့လာခြင်း မရှိဘဲနှင့် ယေဟောဝါ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ငြီးငွေ့စရာကောင်းသည်၊ ရိုးရိုးနှင့် သာမန်သာဖြစ်သည်ဟု သင်ခံစားရနိုင်ပြီး၊ ဘုရားသခင်၏ ရိုးသားခြင်းကို ချီးမွမ်းရန် ရေးကြီးခွင်ကျယ်မလုပ်ထိုက်ဟု သင်ခံစားရနိုင်သည်။ သို့သော် စာတန်၏ စကားလုံးများနှင့် သူ၏ အကျည်းတန်လှသည့် မျက်နှာကိုယူပြီး အဖြည့်ခံအဖြစ် ငါတို့ အသုံးချသည့်အခါ၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များက ယနေ့လူများအတွက် အင်မတန် သြဇာညောင်းသလော။ (သြဇာညောင်းပါသည်။) ဤအဖြည့်ခံမှတစ်ဆင့် လူသားများက ဘုရားသခင်၏ အပြစ်အနာအဆာမဲ့မှုစစ်စစ်ကို မြင်နိုင်၏။ ယင်းမှာ မမှန်သလော။ (မှန်ပါသည်။) စာတန်ပြောသည့် စကားလုံးတိုင်းနှင့် သူ၏စေ့ဆော်ချက်၊ ရည်ရွယ်ချက်နှင့် သူပြောပုံ ပြောနည်းတို့အပါအဝင် ထိုအရာအားလုံး ဆိုးညစ်ဖောက်ပြန် ကြသည်။ သူပြောပုံပြောနည်း၏ အဓိကအင်္ဂါရပ်က မည်သည့်အရာနည်း။ သင့်ကိုမြင်တွေ့ခွင့် မပေးသကဲ့သို့ သူ့ရည်မှန်းချက်က မည်သည့်အရာ ဖြစ်သည်ကို သတိပြုမိရန် သင့်ကို အခွင့်မပေးဘဲ မရေမရာသဘောကို သူအသုံးပြု၏။ ယင်းက သင့်ကို ငါးစာကို ဟပ်စေသည်၊ သူ့ကို ချီးမွမ်းစေပြီး သူ၏ ကောင်းမြတ်ခြင်းများကို သီချင်းဆိုစေသည်။ ဤအရာက စာတန်၏ မပြောင်းလဲသည့်ပရိယာယ်ပင် မဟုတ်လော။ (ဟုတ်ပါသည်။)

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၃၉)

ယေဟောဝါ ဘုရားသခင်နှင့် စာတန်အကြားမှ အပြန်အလှန် ပြောစကား

ယောဘ ၁:၆-၁၁ ယခုတွင် ဘုရားသခင်၏ သားတို့သည် ယေဟောဝါရှေ့မှောက်၌ ကိုယ်တိုင်လာရောက်ခစားရသော နေ့ရက် ရောက်ရှိခဲ့ပြီး စာတန်သည်လည်း သူတို့အလယ်တွင် လာခဲ့လေသည်။ ယေဟောဝါက၊ အသင် အဘယ်အရပ်က လာသနည်းဟု စာတန်ကို မေးတော်မူ၏။ ထို့နောက် စာတန်က၊ မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်ဟု ယေဟောဝါကို ဖြေဆိုလေသည်။ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလေသည်။ စာတန်က၊ ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။ ကိုယ်တော်သည် သူနှင့် သူ၏အိမ်၊ ပိုင်ဆိုင်သမျှတို့ကို အဘက်ဘက်မှ အကာအကွယ်ပြုထားသည် မဟုတ်လော။ သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။ သို့သော်၊ ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူပိုင်ဆိုင်သမျှတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။

ယောဘ ၂:၁-၅ နောက်တဖန် ဘုရားသခင်၏ သားတို့သည် ယေဟောဝါရှေ့မှောက်၌ ကိုယ်တိုင်လာရောက်ခစားရသော နေ့ရက် ရောက်လာပြန်၏။ စာတန်သည်လည်း ယေဟောဝါရှေ့မှောက်၌ ကိုယ်တိုင်လာရောက်ခစားရန် သူတို့အလယ်သို့ လာခဲ့လေသည်။ ယေဟောဝါက၊ အသင် အဘယ်အရပ်က လာသနည်းဟု စာတန်ကို မေးတော်မူ၏။ ထို့နောက် စာတန်က၊ မြေကြီးပေါ်တွင် ခေါက်တုံ့ ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်ဟု ယေဟောဝါကို ဖြေဆိုလေသည်။ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်၊ အကြောင်းမရှိဘဲ သူ့ကို ဖျက်ဆီးရန် သင်သည် ငါ့ကို သူ့နှင့်ဆန့်ကျင်စေသော်လည်း သူသည် သူ၏တည်ကြည်မှုကို မြဲမြံစွာ စွဲကိုင်လျက်ရှိသေး၏ဟု မိန့်တော်မူ၏။ စာတန်ကလည်း၊ အရေအဖို့အရေ ဆိုသကဲ့သို့ လူသည် သူ၏အသက်အတွက် ပိုင်ဆိုင်သမျှတို့ကို အမှန်စင်စစ် ပေးပါလိမ့်မည်။ သို့သော် ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူ၏အရိုးနှင့် အသွေးအသားတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။

ဤကျမ်းပိုဒ်နှစ်ပိုဒ်သည် ဘုရားသခင်နှင့် စာတန်အကြားက အပြန်အလှန် ပြောစကားဖြစ်ပြီး၊ ဘုရားသခင် ပြောသည့်အရာနှင့် စာတန်ပြောသည့်အရာများကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ဘုရားသခင်က အများကြီး ပြောခဲ့သလော။ (မပြောခဲ့ပါ။) သူအများကြီး မပြောခဲ့ပါ၊ ထို့ပြင် အင်မတန် ရိုးစင်းစွာ ပြောခဲ့၏။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ဘုရားသခင်၏ ရိုးစင်းသည့် နှုတ်ကပတ်တော်များထဲတွင် ငါတို့ မြင်နိုင်သလော။ “ဤသည်မှာ မလွယ်ပါ” ဟုတချို့က ပြောကြလိမ့်မည်။ ထို့ကြောင့် စာတန်၏ ပြန်ပြောစကားများထဲတွင် သူ၏အကျည်းတန်မှုကို ငါတို့မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) ယေဟောဝါ ဘုရားသခင်က စာတန်ကို မည်သည့်မေးခွန်းမျိုး မေးခဲ့သည်ကို ဦးစွာကြည့်ကြပါစို့။ (“အသင် အဘယ်အရပ်က လာသနည်း။”) ဤသည်မှာ ရိုးရိုးစင်းစင်း မေးခွန်းတစ်ခုလော။ (ဟုတ်ပါသည်။) ဤအထဲတွင် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်များ ရှိသလော။ (မရှိပါ။) ဤသည်မှာ မေးခွန်းသက်သက်ဖြစ်၏၊ ဖြူစင်သည်၊ တခြား မည်သည့်ရည်ရွယ်ချက်မှ မပါ။ “သင်မည်သည့်နေရာက လာသနည်း” ဟု ငါသင်တို့ကို မေးမည်ဆိုလျှင်၊ သင်တို့ မည်သို့ ပြန်ဖြေကြမည်နည်း။ ဤသည်မှာ အဖြေရခက်သည့် မေးခွန်းလော။ “လှည့်လည်၍ အရပ်ရပ် သွားလာသည့်အမှုထဲက လာပါသည်” ဟု သင်တို့ ပြန်ဖြေကြမည်လော။ (မဟုတ်ပါ။) သင်တို့သည် ဤသို့ ပြန်ဖြေကြမည် မဟုတ်၊ ထို့ကြောင့် စာတန်က ဤကဲ့သို့သောနည်းဖြင့် ပြန်ဖြေသည်ကို သင်တို့ မြင်သည့်အခါ မည်သို့ခံစားရသနည်း။ (စာတန်က ယုတ္တိမတန်ဘဲ ပါးနပ်သည်ဟု ခံစားရပါသည်။) ထိုသို့ ခံစားရသလော။ ငါမည်သည့်အရာ ခံစားနေရ သည်ကို သင်ပြောနိုင်မည်လော။ ဤစကားလုံးများကို ငါမြင်တိုင်း ငါရွံရှာ၏။ သင်တို့ရော မရွံရှာသလော။ (ရွံရှာပါသည်။) အဘယ်ကြောင့် ရွံရှာကြသနည်း။ အဘယ်ကြောင့်ဆိုသော် သူသည် အရည်မရ အဖတ်မရများကို ပြောနေသောကြောင့် ဖြစ်သည်၊ ဘုရားသခင်၏ မေးခွန်းကို သူပြန်ဖြေခဲ့ပါသလော။ (မဖြေပါ။) အဘယ်ကြောင့်နည်း။ သူ့စကားလုံးများက အဖြေမဟုတ်သည့်အတွက် ဖြစ်သည်၊ မည်သည့်ရလဒ်မျှ မရှိခဲ့သောကြောင့်ဖြစ်သည်။ ထိုအရာများသည် ဘုရားသခင်၏ မေးခွန်းကို ဦးတည်ထားသည့် အဖြေမဟုတ်သောကြောင့် ဖြစ်သည်။ “မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်” ဤစကားလုံးများကို သင်နားလည်ပါသလော။ နားလည်သလော။ စာတန် မည်သည့်နေရာက လာသနည်း။ အဖြေကို သင်တို့ ရလိုက်ကြသလော။ (မရပါ။) ဤသည်မှာ စာတန်၏ စဉ်းလဲမှု၏ “ထူးခြားပြောင်မြောက်မှု” ဖြစ်သည်၊ မည်သည့်အရာအား အမှန်တကယ် သူပြောနေသည်ကို မည်သူ့ကိုမျှ မသိစေခြင်းဖြစ်သည်။ ဤစကားလုံးများကို ကြားပြီး စာတန်ပြောခဲ့သည်ကို မရိပ်စားမိနိုင် သေးသော်လည်း သူကတော့ ပြန်ဖြေလို့ ပြီးသွားနှင့်ပြီ။ သူကတော့ အံကိုက်ပင် ပြန်ဖြေလိုက်သည်ဟု ထင်နေ၏။ သင်တို့ကရော မည်ကဲ့သို့ခံစားရသနည်း။ (ရွံရှာပါသည်။) ရွံရှာသည်၊ ယခု ဤစကားလုံးများကို စတင်ရွံရှာလာမိသည်။ စာတန်က တိုက်ရိုက်မပြောပါ၊ ဤသို့ဖြင့် သင့်ကို ခေါင်းကုတ်စေပြီး သူ့စကားလုံးများ၏ အရင်းအမြစ်ကို မသိမြင်နိုင်ဘဲ ဖြစ်စေသည်။ တစ်ခါတစ်ရံ သူက တမင်တကာ စဉ်းလဲစွာ ပြောဆိုပြီး တစ်ခါတစ်ရံ သူ၏ကိုယ်ပိုင် အနှစ်သာရ၊ သူ့ကိုယ်ပိုင် သဘာဝ၏ ကြီးစိုးခြင်းကို ခံရသည်။ ဤစကားလုံးများမှာ စာတန်၏နှုတ်ထဲမှ မဆိုင်းမတွ ထွက်လာခဲ့လေသည်။ ဤစကားများကို အချိန်ယူပြီး စဉ်းစားခဲ့ခြင်းမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ချက်ချာသည်ဟု တွေးရင်း စာတန်က ပြောခဲ့ခြင်းဖြစ်သည်။ သူသည် ဤစကားများကို အလိုအလျောက် ဖော်ပြခဲ့ခြင်းဖြစ်သည်။ သူမည်သည့်နေရာကများ လာသနည်းဟု သူ့ကို သင်မေးလိုက်သည်နှင့် သင့်ကိုဖြေကြားရန် ဤစကားများကို သူသုံးလေသည်။ သင့်မှာ တော်တော်ကို အကြံအိုက်နေသည်၊ သူဘယ်ကလာသည်ကို ဘယ်သောအခါမျှ သင်သိလိမ့်မည်မဟုတ်။ ဤကဲ့သို့ ပြောဆိုသည့်သူများ သင်တို့ထဲတွင် ရှိသလော။ (ရှိပါသည်။) ဤသို့ ပြောဆိုခြင်းသည် မည်သို့သော နည်းလမ်းမျိုးဖြစ်သနည်း။ (ဟိုလိုလို သည်လိုလိုနှင့် တိကျသည့် အဖြေကို မပေးသည့် နည်းလမ်းဖြစ်၏။) ဤသို့ပြောဆိုပုံကို ဖော်ပြရန် မည်သို့သောစကားလုံးမျိုးကို သုံးသင့်သနည်း။ အာရုံကို လွှဲပြောင်းစေပြီး လှည့်စားသည် မဟုတ်လော။ တစ်ယောက်ယောက်က မနေ့က သူဘယ်သွားခဲ့သည်ကို တခြားသူများကို မသိစေချင်ဘူး ဆိုပါစို့။ “မနေ့ညတွင် သင့်ကို တွေ့မိသေး၏။ အဘယ်အရပ်သို့ သွားခဲ့သနည်း” ဟု သင်က သူ့ကို မေးမည်ဆိုလျှင် မနေ့က သူတို့ မည်သည့်နေရာ သွားခဲ့သည်ကို သင့်ကို တိုက်ရိုက် ပြန်မဖြေပေ။ “မနေ့က တော်တော်ကို အလုပ်ရှုပ်သည့် နေ့ဖြစ်သည်။ အလွန်ပင်ပန်းသည်” ဟု ပြန်ပြောလိမ့်မည်။ ၎င်းတို့က သင့်မေးခွန်းကို ပြန်ဖြေခဲ့ပါ၏လော။ ပြန်ဖြေပါ၏၊ သို့သော် ယင်းမှာ သင်လိုချင်သည့် အဖြေမဟုတ်ပေ။ ဤသည်မှာ လူသားမာယာ၏ “ပြောင်မြောက်မှု” ဖြစ်သည်။ ၎င်းတို့ အဘယ်အရာဆိုလိုသည်ကို သင်ဘယ်တော့မျှ မသိရှိနိုင်ပါ၊ သို့မဟုတ် ၎င်းတို့ စကားလုံးများ၏ နောက်ကွယ်က အရင်းအမြစ် သို့မဟုတ် ရည်ရွယ်ချက်ကိုလည်း မသိမြင်နိုင်ပေ။ ၎င်းတို့၏ နှလုံးသားထဲတွင် သူတို့ကိုယ်ပိုင် ဇာတ်လမ်းရှိနေသည့်အတွက် သူတို့အဘယ်အရာကို ကြိုးစားရှောင်နေ သည်ကို သင်မသိ။ ဤသည်မှာ ယုတ်ညံ့သော ဖောက်ပြန်ခြင်းပင်။ သင်တို့အနေဖြင့်လည်း မကြာခဏ ဤနည်းလမ်းဖြင့် ပြောကြသလော။ (ပြောပါသည်။) သို့ဆိုလျှင် သင်တို့၏ ရည်ရွယ်ချက်က အဘယ်အရာနည်း။ တစ်ခါတစ်ရံ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ရန်၊ တစ်ခါတစ်ရံ ကိုယ့်ရာထူးဂုဏ်ဒြပ်၊ ကိုယ့်ပုံရိပ်ကို စောင့်ရှောက်ရန်၊ ကိုယ်ရေးကိုယ်တာ ဘဝ၏ လျှို့ဝှက်ချက်များကို ထိန်းသိမ်းရန်၊ ကိုယ့်ဂုဏ်သတင်းကို ကယ်ရန်ပင် မဟုတ်လော။ ရည်ရွယ်ချက်က မည်သည့်အရာပင် ဖြစ်နေပါစေ၊ ယင်းက သင်၏ကိုယ်ကျိုးများနှင့် ခွဲခြားမရသကဲ့သို့၊ သင်၏ ကိုယ်ကျိုးများနှင့် ဆက်စပ်ထားလေသည်။ ဤသည်မှာ လူသား၏ သဘာဝပင် ဖြစ်သည်မဟုတ်လော။ ဤကဲ့သို့သော သဘာဝမျိုးရှိသည့် လူတိုင်းသည် စာတန်နှင့် ဆင်တူကြသည် မဟုတ်သလော။ ငါတို့ ဤကဲ့သို့ ပြော၍ရနိုင်၏၊ ဟုတ်သည် မဟုတ်လော။ အများအားဖြင့် သရုပ်သကန်များသည် စက်ဆုပ်စရာနှင့် ရွံရှာစရာ ကောင်းပေသည်။ သင်တို့သည်လည်း ယခု ရွံရှာနေကြသည် မဟုတ်လော။ (ဟုတ်ပါသည်။)

ပထမ ကျမ်းပိုဒ်ကို ပြန်ကြည့်လျှင် စာတန်က ယေဟောဝါကို ဤကဲ့သို့ အဖြေပေး၏- “ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့ သလော။” ၎င်းက ယေဟောဝါ၏ ယောဘအပေါ် အကဲဖြတ်ချက်ကို စတင်တိုက်ခိုက်သည်။ ဤတိုက်ခိုက်မှုတွင် ရန်လိုမှုများ စွန်းထင်းနေ၏။ “ကိုယ်တော်သည် သူနှင့် သူ၏အိမ်၊ ပိုင်ဆိုင်သမျှတို့ကို အဘက်ဘက်မှ အကာအကွယ်ပြုထားသည် မဟုတ်လော။” ဤသည်မှာ ယောဘ အပေါ်ပြုသော ယေဟောဝါ၏ အမှုကို စာတန်၏ နားလည်သဘောပေါက်မှု နှင့် အကဲဖြတ်မှုဖြစ်သည်။ စာတန်က ထိုအရာကို ဤကဲ့သို့ အကဲဖြတ်လေသည်။ “သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။ သို့သော်၊ ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူပိုင်ဆိုင်သမျှတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်” စာတန်သည် အမြဲပင် မရေမရာနှင့် ပြောဆိုသော်လည်း ဤနေရာတွင်တော့ သေချာမှုနှင့် ပြောလေသည်။ သို့သော် သေချာမှုနှင့် ပြောသော ဤစကားလုံးများက ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သော ယေဟောဝါ ဘုရားသခင်ကို ဝေဖန်ထိုးနှက်ခြင်း၊ စော်ကားကျိန်ဆဲခြင်းနှင့် ပြိုင်ဆိုင်ခြင်း ဖြစ်သည်။ ယင်းကို ကြားရသည့်အခါ သင်တို့ မည်ကဲ့သို့ ခံစားကြရသနည်း။ မနှစ်သက်ခြင်းကို ခံစားရသလော။ ၎င်း၏ ရည်ရွယ်ချက်များကို မြင်နိုင်ပါသလော။ ပထမဦးဆုံး ၎င်းက ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်သည့် ယောဘအား ယေဟောဝါ၏ အကဲဖြတ်ချက်ကို ငြင်းပယ်လိုက်သည်။ ထို့နောက် ယေဟောဝါကို ကြောက်ရွံ့မှုနှင့် ယောဘ ပြောဆိုလုပ်ကိုင်သမျှကို သူငြင်းပယ်သည်။ ယင်းမှာ စွပ်စွဲရိပ်များ လွှမ်းနေသလော။ ယောဟောဝါ ပြောဆိုလုပ်ကိုင်သမျှကို စာတန်က စွပ်စွဲ၊ ငြင်းပယ်ပြီး သံသယဝင်သည်။ “အမှုအရာများက ဤသို့ဆိုပြီး ကိုယ်တော်ကပြောလျှင် ကျွန်ုပ်မှာ ယင်းကို အဘယ်ကြောင့် မမြင်ရသနည်း။ ကိုယ်တော်သည် သူ့ကို ကောင်းချီးအများအပြား ပေးထားသည်တကား၊ သူသည် ကိုယ်တော့်ကို မကြောက်ရွံ့ဘဲ အဘယ်သို့နေမည်နည်း” ဟုပြောလျက် သူက မယုံကြည်ပါ။ ဤသည်မှာ ဘုရားသခင်ပြုသမျှကို ငြင်းပယ်နေခြင်း မဟုတ်လော။ စွပ်စွဲခြင်း၊ ငြင်းပယ်ခြင်း၊ စော်ကားကျိန်ဆဲခြင်း- ၎င်း၏ စကားလုံးများက ရန်မူနေခြင်းဖြစ်သည် မဟုတ်လော။ ထိုအရာများသည် ၎င်း၏ နှလုံးသားထဲက စာတန်တွေးသည့် အရာ၏ ဖော်ပြချက်အမှန် မဟုတ်လော။ စကားလုံးများသည် ယခုလေးတင် ငါတို့ဖတ်ခဲ့သည့် “မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်” ဟူသော စကားလုံးများနှင့် လုံးဝမတူပေ။ ထိုစကားလုံးများနှင့် ဤစကားလုံးများသည် တခြားစီဖြစ်၏။ ဤစကားလုံးများမှတစ်ဆင့် စာတန်သည် ဘုရားသခင် အပေါ် သူ၏သဘောထားနှင့် သူ့နှလုံးသားတွင် ထိန်းထားသည့် ယောဘ၏ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား စက်ဆုပ်သည့်သဘောကို လုံးဝ ဖွင့်ချပြလေသည်။ ဤအရာဖြစ်လာ သည့်အခါ သူ၏ မလိုမုန်းထားစိတ်နှင့် မကောင်းသည့် သဘာဝများက လုံးလုံးလျားလျား ထုတ်ဖော်ခြင်း ခံလိုက်ရ၏။ ဘုရားသခင်ကို ကြောက်ရွံ့သူများကို သူစက်ဆုပ်၏၊ မကောင်းသည့်အကျင့်ရှောင်သူများကို သူစက်ဆုပ်သည်၊ ယေဟောဝါက လူသားအပေါ် ကောင်းချီးများ ချပေးသည်ကို ပို၍ပင် သူစက်ဆုပ်ပါသေးသည်။ “ယောဘက ကိုယ်တော့်ကို ကြောက်ရွံ့ပြီး မကောင်းသည့်အကျင့်ကို ရှောင်သည်ဟု ကိုယ်တော် ပြောသည်။ ကျွန်ုပ်မူကား ထို့သို့မမြင်ပါ” ဟု ပြောလျက် ဘုရားသခင်က သူ့ကိုယ်ပိုင် လက်တော်နှင့် ပျိုးထောင်ခဲ့သည့် ယောဘကို ဖျက်ဆီးရန်၊ ပျက်ကိန်းဆိုက်စေရန် အခွင့်အရေးကို သူအသုံးချချင်သည်။ ယေဟောဝါကို ရန်စဖို့ရန်နှင့် သွေးဆောင်ဖို့ရန် နည်းလမ်းအမျိုးမျိုးကို သူအသုံးပြု၏။ ယေဟောဝါ ဘုရားသခင်က ယောဘကို အကြောင်းမဲ့သက်သက် ခြယ်လှယ်ခြင်း ခံရစေရန်၊ ဘေးပြုခြင်း ခံရစေရန်နှင့် ကိုင်တွယ်ခြင်း ခံရစေရန် သူ့ထံသို့ လွှဲပြောင်းပေးရန် နည်းလမ်းအမျိုးမျိုးကို စာတန် အသုံးပြုသည်။ ဘုရားသခင်၏အမြင်တွင် ဖြောင့်မတ်ပြီး စုံလင်သည့် လူကို ရှင်းပစ်ရန် ဤအခွင့်အရေးကို သူအသုံးချချင်သည်။ သူ့အထဲ၌ ဤကဲ့သို့သော နှလုံးသားမျိုးရှိခြင်းက ယာယီခဏမျှ စိတ်ကူးပေါက်ခြင်း ပေလော။ မဟုတ်ပါ၊ ယာယီစိတ်ကူးပေါက်ခြင်း မဟုတ်။ သူအကောင်အထည်ဖော်ထားသည်မှာ ကြာပြီဖြစ်သည်။ ဘုရားသခင်က အမှုပြု၏၊ လူကို သူစောင့်ရှောက်သည်၊ လူကို သူစစ်ကြောသည်။ စာတန်မူကား ဘုရားသခင်၏ ခြေလှမ်းတိုင်းကို ထက်ကြပ်မကွာ လိုက်လေသည်။ ဘုရားသခင် မျက်နှာသာပေးသည့်သူ မည်သူမဆိုကို စာတန်ကလည်း နောက်ယောင်ခံရင်း စောင့်ကြည့်နေသည်။ အကယ်၍ ဘုရားသခင်က ထိုပုဂ္ဂိုလ်ကို အလိုရှိလျှင် စာတန်က ဘုရားသခင်ကို နှောင့်ယှက်ရန် သူအစွမ်းရှိသမျှ လုပ်ဆောင်ပါလိမ့်မည်။ သူ၏ဖုံးကွယ် ထားသည့် ရည်ရွယ်ချက်ကို ရရှိရန် ဘုရားသခင်ပြုသော အမှုကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးဖို့ရန်နှင့် သွေးဆောင်ဖို့ရန် မကောင်းသည့် နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်းဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ အဘယ်အရာနည်း။ သူသည် ဘုရားသခင်ကို ဘယ်သူ့ကိုမျှ မရစေချင်ပါ။ ၎င်းကို သူတို့က ကိုးကွယ်စေဖို့၊ ၎င်းနှင့်အတူ ဆိုးယုတ်သော လုပ်ရပ်များ ကျူးလွန်စေဖို့အလို့ငှာ သူတို့ကို သိမ်းပိုက်ဖို့၊ ထိန်းချုပ်ဖို့၊ ကြီးကြပ်ကွပ်ကဲဖို့ ဘုရားသခင် အလိုရှိသောသူမှန်သမျှ သူလိုချင်၏၊ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော စေ့ဆော်ချက် မဟုတ်လော။ သာမန်အားဖြင့် စာတန်သည် အင်မတန် ဆိုးယုတ်သည်၊ အင်မတန် ဆိုးရွားသည်ဟုဆိုပြီး သင်တို့က မကြာခဏ ပြောကြသည်၊ သို့သော် ယင်းကို သင်တို့ မြင်ပြီးသွားပြီလော။ လူသား၏ ဆိုးရွားပုံကိုသာ သင်တို့မြင်နိုင်ပြီး စာတန်၏ အမှန်တကယ် ဆိုးရွားပုံကို သင်တို့ လက်တွေ့ မမြင်ရသေး။ သို့သော် ယောဘနှင့် ပတ်သက်နေသော ဤကိစ္စရပ်တွင် ထိုအရာကို သင်တို့ မြင်ပြီလော။ (မြင်ပါပြီ။) ဤကိစ္စသည် စာတန်၏ အကျည်းတန်လှသည့် မျက်နှာထားနှင့် သူ၏အနှစ်သာရကို အင်မတန် ရှင်းလင်းသွားစေပေသည်။ စာတန်က ဘုရားသခင်နောက်ကို နောက်ယောင်ခံလိုက်ရင်း သူနှင့်စစ်ဆင်နွှဲ နေသည်။ သူ၏ရည်ရွယ်ချက်မှာ ဘုရားသခင် ပြုလိုသည့် အမှုမှန်သမျှကို ဖြိုချရန်၊ ဘုရားသခင် အလိုရှိသော သူများကို သိမ်းပိုက်ရန်နှင့် ချုပ်ကိုင်ရန်၊ ဘုရားသခင် အလိုရှိသောသူများကို အပြီးတိုင် ကွယ်ပျောက်စေရန် ဖြစ်သည်။ အကယ်၍ သူတို့က မကွယ်ပျောက်ပါက စာတန်၏အသုံးပြုခြင်းကို ခံရရန် သူပိုင်ဆိုင်သောသူ ဖြစ်လာသည်။ ဤသည်မှာ သူ၏ရည်ရွယ်ချက်ဖြစ်ပေသည်။ ဘုရားသခင် ကရော မည်သည့်အရာကို လုပ်ဆောင်ပါသနည်း။ ဤကျမ်းပိုဒ်တွင် ဘုရားသခင်က ရိုးစင်းသည့် ဝါကျတစ်ကြောင်းကိုသာ ပြောခဲ့၏။ ဘုရားသခင်ပြုသည့် အရာများနှင့် ပတ်သက်ပြီး ဤထက်ပို မှတ်တမ်းတင်ထားခြင်း မရှိပါ၊ သို့သော် စာတန် လုပ်ကိုင်ပြောဆိုခြင်းများနှင့် ပတ်သက်သည့် နောက်ထပ် မှတ်တမ်းများစွာကို ငါတို့မြင်ရ၏။ အောက်က ကျမ်းစာ တစ်ပိုဒ်ထဲတွင် ယေဟောဝါက စာတန်ကို “အသင် အဘယ်အရပ်က လာသနည်း” ဟုမေးခဲ့၏။ စာတန်က မည်သို့ဖြေခဲ့သနည်း။ (“မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်” ဟူ၍သာ ဖြေပါသည်။) ထိုဝါကျသာ ဖြစ်နေ သေး၏။ ယင်းက အဘယ်သို့ စာတန်၏ ဆောင်ပုဒ်၊ စာတန်၏ အပြောင်မြောက်ဆုံးလက်ရာ ဖြစ်လာရသနည်း။ စာတန်သည် အမုန်းနှင့် ပြည့်နေသည် မဟုတ်လော။ ရွံရှာဖွယ်ဖြစ်သည့် ဤဝါကျကို တစ်ကြိမ်ပြောရုံနှင့် လုံလောက်သည်။ အဘယ်ကြောင့် စာတန်က ဤဝါကျကိုသာ အမြဲတမ်း ထပ်တလဲလဲ ပြောရသနည်း။ ဤအရာက အချက်တစ်ချက်ကို သက်သေပြ၏။ စာတန်၏ သဘာဝက မပြောင်းလဲပါဟူသည့်အချက် ဖြစ်သည်။ စာတန်သည် သူ၏ အကျည်းတန်လှသော မျက်နှာကို ဖုံးကွယ်ဖို့ ဟန်ဆောင်မှုကို အသုံးမပြုနိုင်ပါ။ ဘုရားသခင်သည် သူ့ကို မေးခွန်းတစ်ခု မေးလိုက်ပြီး သူက ထိုကဲ့သို့သောနည်းနှင့် ပြန်ဖြေသည်၊ လူများကို သူဆက်ဆံပုံကို ပြောရန်မလိုတော့ပေ။ သူသည် ဘုရားသခင်ကို အားမနာ၊ ဘုရားသခင်ကို မကြောက်ရွံ့ပါ၊ ထို့ပြင် ဘုရားသခင်ကို မနာခံပါ။ ထို့ကြောင့် ဘုရားသခင်၏ ရှေ့မှောက်တွင် လက်လွတ်စပယ် စိတ်ကြီးဝင်ရဲလေသည်၊ ဘုရားသခင်၏ မေးခွန်းကို ခါထုတ်ပစ်ရန် တူညီသည့် စကားလုံးများကိုသာ အသုံးပြုရဲသည်၊ ဘုရားသခင်၏ မေးခွန်းအတွက် အဖြေတစ်ခုတည်းကိုသာ ထပ်တလဲလဲအသုံးပြုရဲသည်၊ ဘုရားသခင်ကို ဝေခွဲမရဖြစ်သွားစေခြင်းငှာ အဖြေကို အသုံးပြုရန် ကြိုးပမ်းရဲသည်၊ ဤသည်မှာ စာတန်၏ အကျည်းတန်သော မျက်နှာပင်ဖြစ်ပေသည်။ သူက ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းကို မယုံကြည်ပါ၊ ဘုရားသခင်၏ အာဏာကို မယုံကြည်ပါ၊ ထို့ပြင် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နာခံဖို့ကိုလည်း လုံးဝမလိုချင်ပေ။ သူသည် အစဉ်တစိုက် ဘုရားသခင်ကို ဆန့်ကျင် လေသည်၊ ဘုရားသခင် ပြုသည့်အရာအားလုံးကို ဖျက်ဆီးရန်ကြိုးစားရင်း ဘုရားသခင်ပြုသည့်အရာအားလုံးကို အစဉ်တစိုက်သာ တိုက်ခိုက်နေ၏။ ဤသည်မှာ သူ၏ မကောင်းသော ရည်ရွယ်ချက်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၄၀)

ယေဟောဝါ ဘုရားသခင်နှင့် စာတန်အကြားမှ အပြန်အလှန် ပြောစကား

ယောဘ ၁:၆-၁၁ ယခုတွင် ဘုရားသခင်၏ သားတို့သည် ယေဟောဝါရှေ့မှောက်၌ ကိုယ်တိုင်လာရောက်ခစားရသော နေ့ရက် ရောက်ရှိခဲ့ပြီး စာတန်သည်လည်း သူတို့အလယ်တွင် လာခဲ့လေသည်။ ယေဟောဝါက၊ အသင် အဘယ်အရပ်က လာသနည်းဟု စာတန်ကို မေးတော်မူ၏။ ထို့နောက် စာတန်က၊ မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်ဟု ယေဟောဝါကို ဖြေဆိုလေသည်။ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလေသည်။ စာတန်က၊ ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။ ကိုယ်တော်သည် သူနှင့် သူ၏အိမ်၊ ပိုင်ဆိုင်သမျှတို့ကို အဘက်ဘက်မှ အကာအကွယ်ပြုထားသည် မဟုတ်လော။ သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။ သို့သော်၊ ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူပိုင်ဆိုင်သမျှတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။

ယောဘ ၂:၁-၅ နောက်တဖန် ဘုရားသခင်၏ သားတို့သည် ယေဟောဝါရှေ့မှောက်၌ ကိုယ်တိုင်လာရောက်ခစားရသော နေ့ရက် ရောက်လာပြန်၏။ စာတန်သည်လည်း ယေဟောဝါရှေ့မှောက်၌ ကိုယ်တိုင်လာရောက်ခစားရန် သူတို့အလယ်သို့ လာခဲ့လေသည်။ ယေဟောဝါက၊ အသင် အဘယ်အရပ်က လာသနည်းဟု စာတန်ကို မေးတော်မူ၏။ ထို့နောက် စာတန်က၊ မြေကြီးပေါ်တွင် ခေါက်တုံ့ ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်ဟု ယေဟောဝါကို ဖြေဆိုလေသည်။ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်၊ အကြောင်းမရှိဘဲ သူ့ကို ဖျက်ဆီးရန် သင်သည် ငါ့ကို သူ့နှင့်ဆန့်ကျင်စေသော်လည်း သူသည် သူ၏တည်ကြည်မှုကို မြဲမြံစွာ စွဲကိုင်လျက်ရှိသေး၏ဟု မိန့်တော်မူ၏။ စာတန်ကလည်း၊ အရေအဖို့အရေ ဆိုသကဲ့သို့ လူသည် သူ၏အသက်အတွက် ပိုင်ဆိုင်သမျှတို့ကို အမှန်စင်စစ် ပေးပါလိမ့်မည်။ သို့သော် ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူ၏အရိုးနှင့် အသွေးအသားတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။

ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ထဲတွင်၊ စာတန်ပြောဆိုသော ဤကျမ်းပိုဒ်နှစ်ခုနှင့် ယောဘဝတ္ထုထဲမှ စာတန် လုပ်ဆောင်သည့် အရာများသည် သူ၏ဘုရားသခင်ကို ခုခံမှု၏ ကိုယ်စားပြုသောအရာဖြစ်ပြီး ဤအရာက မိမိ၏ စရိုက်အမှန်ကို ပြနေခြင်းဖြစ်သည်။ စာတန်၏ စကားလုံးများနှင့် လုပ်ရပ်များကို လက်တွေ့ဘဝတွင် သင်တွေ့ဖူးပြီလော။ ထိုအရာများကို သင်တွေ့သည့်အခါတွင် စာတန်ပြောသည့်အရာများ မဟုတ်ဘဲနှင့် လူသားကပြောသည့် အရာများဟု သင်ထင်ကောင်း ထင်နိုင်၏။ ထိုအရာများကို လူသားက ပြောသည့်အခါတွင် မည်သည့်အရာကို ကိုယ်စားပြုသနည်း။ စာတန်ကို ကိုယ်စားပြုခြင်းဖြစ်သည်။ ယင်းကို သင့်အနေဖြင့် မှတ်မိလျှင်ပင် စာတန်က အမှန်တကယ်ပင် ထိုအရာများကို ပြောသည့်အကြောင်း သင်မသိရှိနိုင်သေးပေ။ သို့သော် ယခု ဤနေရာတွင်တော့ စာတန်ကိုယ်တိုင်က ပြောခဲ့သည့်အရာအား တိတိပပ သင်မြင်သွားပေပြီ။ စာတန်၏အကျည်းတန်လှသည့် မျက်နှာနှင့် ဆိုးယုတ်မှုအကြောင်းကို ပြတ်သားပြီး ကျောက်သလင်းလို ကြည်လင်သည့် နားလည်မှု ယခု သင့်မှာရှိပေပြီ။ ထို့ကြောင့် စာတန်ပြောခဲ့သော ဤကျမ်းပိုဒ်နှစ်ပိုဒ်သည် စာတန်၏သဘာဝကို သိဖို့ရန်ယနေ့လူများအတွက် အဖိုးတန်ပါသလော။ ယနေ့လူသားများသည် စာတန်၏ အကျည်းတန်လှသည့် မျက်နှာကို မှတ်မိဖို့ရန်၊ စာတန်၏ မူလ မျက်နှာအစစ်ကို မှတ်မိရန်အတွက် ဤကျမ်းနှစ်ပိုဒ်ကို စုဆောင်းလေ့လာရန် ထိုက်တန်ပါ၏လော။ ဤအရာကို ပြောခြင်းက သိပ်ပြီး မသင့်တော်ဟု ထင်ရသော်လည်း ဤနည်းလမ်းဖြင့် ယင်းကို ဖော်ပြခြင်းအား တိကျသည်ဟု မှတ်ယူရနိုင်ပါသေးသည်။ ဤနည်းလမ်းဖြင့်ပင် ငါပြောနိုင်၏၊ အကယ်၍ သင်တို့သည် အရာကို နားလည်နိုင်လျှင် လုံလောက်ပါပြီ။ ထပ်ခါထပ်ခါပင် စာတန်သည် ယေဟောဝါပြုသည့် အရာများကို တိုက်ခိုက်၏၊ ယေဟောဝါ ဘုရားသခင်ကို ယောဘ၏ ကြောက်ရွံ့မှုအကြောင်း စွပ်စွဲချက်များ ထုတ်လေသည်။ ယောဘကို သွေးဆောင်ရန် ယေဟောဝါက ခွင့်ပြုအောင် သူလုပ်ရင်း နည်းအမျိုးမျိုးနှင့် ယေဟောဝါကို ရန်စရန် သူကြိုးပမ်းသည်။ ထို့ကြောင့် သူ၏စကားလုံးများက လွန်လွန်ကဲကဲပင် ရန်ကိုနှိုးဆွစေသည်။ ထို့ကြောင့် ပြောပါ၊ စာတန်သည် ဤစကားလုံးများကို ပြောလိုက်သည်နှင့် သူအဘယ်အရာလုပ်ချင်သည်ကို ဘုရားသခင်က ရှင်းရှင်းလင်းလင်း မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) စာတန်က အဘယ်အရာလုပ်ချင် သည်ကို ဘုရားသခင်က နားလည်သလော။ (နားလည်ပါသည်။) ဘုရားသခင်၏နှလုံးသားထဲတွင် သူသည် ဖြောင့်မတ်သောလူသား၊ စုံလင်သောလူသားဟု မှတ်ယူသည့် ဘုရားသခင်၏ အစေခံ၊ ဘုရားသခင် ကြည့်ရှုပေးသည့် ယောဘဟူသော ဤလူသည် ထိုကဲ့သို့သော သွေးဆောင်မှုမျိုးကို ကြံ့ကြံ့ခံနိုင်သလော။ (ခံနိုင်ပါသည်။) ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာဖြစ်နိုင်သည်ဟု ထိုကဲ့သို့ သေချာပေါက် ပြောနိုင်ရသနည်း။ ဘုရားသခင်က လူသား၏ နှလုံးသားကို အမြဲတမ်း ဆန်းစစ်နေသလော။ (ဆန်းစစ်နေပါသည်။) သို့ဆိုလျှင် စာတန်သည်ရော လူသား၏နှလုံးသားကို ဆန်းစစ်နိုင်သလော။ (မဆန်းစစ်နိုင်ပါ။) စာတန်က မဆန်းစစ်နိုင်ပါ။ စာတန်သည် လူသား၏နှလုံးသားကို မြင်နိုင်လျှင်ပင် သူ၏ဆိုးယုတ်သော သဘာဝက သန့်ရှင်းခြင်းကို သန့်ရှင်းခြင်းဟု မည်သည့်အခါမျှ မယုံကြည်နိုင်ပါ၊ သို့မဟုတ် ယုတ်ညံ့ခြင်းကို ယုတ်ညံ့ခြင်းဟု မမြင်နိုင်ပေ။ ဆိုးယုတ်သည့် စာတန်သည် သန့်ရှင်းသည့်၊ ဖြောင့်မတ်သည့် သို့မဟုတ် တောက်ပသည့် မည်သည့်အရာကိုမျှ လုံးဝတန်ဖိုးမထားနိုင်ပေ။ သူ၏သဘာဝမှတစ်ဆင့်၊ သူ၏ဆိုးယုတ်မှုမှ တစ်ဆင့် လုပ်ဆောင်ဖို့ရန်နှင့် သူအသုံးပြုသော နည်းလမ်းများအားဖြင့် လုပ်ဆောင်ရန် စာတန်သည် အင်အားအစွမ်းကုန် အသုံးမပြုဘဲ မနေနိုင်ပါ။ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်း သို့မဟုတ် ဖျက်ဆီးခြင်းကို သူကိုယ်တိုင် ခံရလျှင်ပင် ဘုရားသခင်ကို ခေါင်းမာမာနှင့် ဆန့်ကျင်ရန် သူဝန်မလေးပေ။ ဤအရာသည် ဆိုးယုတ်ခြင်း၊ ဤအရာသည် စာတန်၏ သဘောသဘာဝ ဖြစ်သည်။ သို့ဆိုလျှင် ဤကျမ်းပိုဒ်ထဲတွင် “အရေအဖို့အရေ ဆိုသကဲ့သို့ လူသည် သူ၏အသက်အတွက် ပိုင်ဆိုင်သမျှတို့ကို အမှန်စင်စစ် ပေးပါလိမ့်မည်။ သို့သော် ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူ၏အရိုးနှင့် အသွေးအသားတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်” ဟု စာတန်ပြော၏။ လူသား၏ ဘုရားသခင်ကို ကြောက်ရွံ့မှုသည် ဘုရားသခင်ထံမှ အကျိုးအမြတ်များစွာ လူသားက ရရှိနေခဲ့သောကြောင့်ပင် ဖြစ်သည်ဟု စာတန်ကထင်သည်။ လူသားက ဘုရားသခင်ထံမှ အကျိုးအမြတ်များကို ရရှိသောကြောင့် ဘုရားသခင် ကောင်းမြတ်သည်ဟု လူသားက ပြောသည် ဟူ၍ပင်။ ယင်းမှာ ဘုရားသခင် ကောင်းမြတ်၍ မဟုတ်ဘဲနှင့် လူသားက အကျိုးအမြတ်များစွာ ရရှိသောကြောင့် ဘုရားသခင်ကို ဤနည်းလမ်းဖြင့် သူကြောက်ရွံ့ခြင်း ဖြစ်သည်ဟူ၍ပင်။ ဘုရားသခင်သည် လူသားကို အကျိုးအမြတ်များ ခံစားခွင့် မပေးဘဲထားလိုက်သည်နှင့် သူက ဘုရားသခင်ကို စွန့်ခွာသွားလိမ့်မည်ဟု စာတန်ထင်၏။ စာတန်၏ ဆိုးယုတ်သည့် သဘာဝထဲတွင် လူသား၏ နှလုံးသားက ဘုရားသခင်ကို အမှန်တကယ်ပင် ကြောက်ရွံ့နိုင်သည် ဆိုသည်ကို သူမယုံကြည်ပေ။ သူ၏ဆိုးယုတ်သည့် သဘာဝကြောင့် သန့်ရှင်းခြင်းက မည်သည့်အရာဖြစ်သည်ကို သူမသိ၊ ကြောက်ရွံ့သည့် ရိုသေလေးမြတ်မှုဆိုသည်ကို သိရန်မှာမူ ဝေလာဝေးဖြစ်၏။ ဘုရားသခင်ကို နာခံခြင်း သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို သူမသိ။ ထိုအရာများကို သူမသိသည့်အတွက် လူသားကလည်း ဘုရားသခင်ကို ကြောက်ရွံ့နိုင်မည်မဟုတ်ဟု သူထင်သည်။ ပြောပါ၊ စာတန်သည် မဆိုးယုတ်ဘူးလော။ (ဆိုးယုတ်ပါသည်။) စာတန်သည် ဆိုးယုတ်၏။ ငါတို့အသင်းတော်ကလွဲ၍ အမျိုးမျိုးသော ဘာသာတရားများနှင့် ဂိုဏ်းဂဏများ၊ သို့မဟုတ် ဘာသာရေးနှင့် လူမှုအုပ်စုများသည် ၎င်းတို့ထဲက မည်သူမျှ ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပါ၊ သို့မဟုတ် ဘုရားသခင်က အမှုပြုနိုင်သည်ဆိုသည်ကို မယုံကြည်ကြ။ ထို့ကြောင့် သင်ယုံကြည်သည်မှာလည်း ဘုရားသခင်ကို မဟုတ်ဟု ၎င်းတို့က ထင်ကြ၏။ လိင်မှုရှုပ်ပွေသူတို့က လူတိုင်းအား ၎င်းကဲ့သို့ပင် လိင်မှုရှုပ်ပွေသည်ဟု မြင်သည်။ အမြဲ လိမ်ညာသောသူက အဘယ်သူမျှ ရိုးသားခြင်းမရှိဟု မြင်ပြီး၊ လူအားလုံးက အလိမ်အညာများ ပြောနေကြသည်ဟု မြင်သည်။ ဆိုးယုတ်သည့်လူက လူတိုင်းကို ၎င်းကဲ့သို့ ဆိုးယုတ်သည်ဟု မြင်ပြီး တွေ့ကရာလူတိုင်းနှင့် ရန်ဖြစ်ချင်သည်။ သူတပါးထက်စာလျှင် ရိုးသားသည့် လူများမှာမူ လူတိုင်းကို ၎င်းတို့ကဲ့သို့ ရိုးသားသည်ဟု မြင်ကြ၏။ ထို့ကြောင့် ၎င်းတို့ အမြဲတမ်း နှပ်ချခံရသည်၊ အမြဲတမ်း လှည့်စားခံရပြီး ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့ ဘာမျှမလုပ်နိုင်ကြပါ။ သင်တို့ ပို၍သေချာသွားဖို့ရန်အတွက် ဥပမာ အနည်းငယ်ကို ငါပြောခြင်းဖြစ်သည်။ စာတန်၏ ဆိုးယုတ်သည့် သဘာဝသည် ယာယီစေ့ဆော်မှု သို့မဟုတ် သူ၏ပတ်ဝန်းကျင်ကြောင့် ဖြစ်လာသည့်အရာမျိုး မဟုတ်သကဲ့သို့၊ အကြောင်းပြချက် သို့မဟုတ် နောက်ခံအကြောင်းရင်း တစ်ခုခုကြောင့် ဖြစ်ပေါ်လာသည့် ယာယီ သရုပ်သကန်မျိုးလည်း မဟုတ်ပါ။ လုံးဝကို မဟုတ်ပါ။ သူသည် ဤပုံစံ မဖြစ်ဘဲ မနေနိုင်ပေ။ ကောင်းသည့်အရာဟူ၍ ဘာတစ်ခုမျှ သူမလုပ်နိုင်ပါ။ နားဝင်ချိုဖွယ်အရာ တစ်ခုခုကို သူပြောလျှင်ပင် သူက သင့်ကို ညှို့ယူဖမ်းစားခြင်းဖြစ်သည်။ နားဝင်ချိုလေလေ၊ ပါးနပ်လေလေဖြစ်ပြီး၊ သူ့စကားလုံးများက ပိုပြီး သိမ်မွေ့လေလေ၊ စကားလုံးများ၏နောက်ကွယ်မှ သူ၏မကောင်းသည့် ရည်ရွယ်ချက်များသည်လည်း ပို၍ပင် မလိုတမာ ဖြစ်လာလေလေဖြစ်သည်။ ဤကျမ်းနှစ်ပိုဒ်တွင် စာတန်သည် မည်ကဲ့သို့သောမျက်နှာမျိုး၊ မည်ကဲ့သို့သော သဘာဝမျိုးကို ပြသနည်း။ (ယုတ်ညံ့ဖောက်ပြန်ခြင်း၊ မလိုတမာဖြစ်ခြင်းနှင့် ဆိုးယုတ်ခြင်း ဖြစ်ပါသည်။) သူ၏အရင်းခံ ပင်ကိုလက္ခဏာမှာ ဆိုးယုတ်ခြင်းဖြစ်သည်။ အထူးသဖြင့် ဆိုးယုတ်ပြီး မလိုတမာဖြစ်ခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၄၁)

ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့ပြီးကတည်းက လူသားတို့၏အသက်တာကို အစဉ်အမြဲ ဦးဆောင်ခဲ့၏။ လူသားတို့ကို ကောင်းချီးများပေးသည့်နေရာမှာပင်ဖြစ်စေ၊ ဥပဒေသများနှင့် သူ၏ ပညတ်တော်များကို ပေးသည့်နေရာမှာပင်ဖြစ်စေ၊ သို့မဟုတ် အသက်တာအတွက် အမျိုးမျိုးသော စည်းမျဉ်း စည်းကမ်းများကို ပြဋ္ဌာန်းသည့် နေရာမှာပင်ဖြစ်စေ၊ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ရည်ရွယ်ထားသည့် ရည်မှန်းချက်မှာ အဘယ်အရာ ဖြစ်သည်ကို သင်တို့သိပါသလော။ အရင်ဦးစွာ ဘုရားသခင်ပြုသည့် အရာမှန်သမျှသည် လူသားတို့၏ ကောင်းကျိုးအတွက်ဖြစ်သည်ဆိုသည်ကို သေချာပေါက် ပြောနိုင်သလော။ (ဟုတ်ကဲ့၊ ပြောနိုင်ပါသည်။) ဤဝါကျမှာ အတော်ပင် ထွေပြားပြီး ပေါ့တန်သည်ဟု သင်တို့ တွေးကောင်းတွေးလိမ့်မည်၊ သို့သော် တိတိကျကျပြောရလျှင် ဘုရားသခင် ပြုသမျှသည် လူသားကို သာမန်ဘဝတစ်ခု ရှင်သန်နိုင်ရန် ဦးဆောင်လမ်းပြဖို့အတွက် ဖြစ်သည်။ ယင်းက လူသားမှာ သူ၏စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းစေရန်ပင်ဖြစ်စေ သို့မဟုတ် သူ၏ပညတ်များကို စောင့်ထိန်းစေရန်ပင် ဖြစ်စေ လူသားအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ စာတန်ကို မကိုးကွယ်ရန်၊ စာတန်၏ ဘေးပြုခြင်းကို မခံရရန်ဖြစ်သည်။ ဤအရာသည် အခြေခံကျဆုံး ဖြစ်ပြီး အစအဦး လုပ်ဆောင်ခဲ့သည့်အရာ ဖြစ်သည်။ အစအဦးတွင် လူသားသည် ဘုရားသခင်၏ အလိုတော်ကို နားမလည်ခဲ့သောအခါ ဘုရားသခင်က ရိုးရှင်းသည့်ပညတ်များနှင့် စည်းမျဉ်းစည်းကမ်းတချို့ကိုယူပြီး ဖြစ်နိုင်သည့် ကဏ္ဍတိုင်းကို ခြုံငုံသည့် စည်းကမ်းချက်များကို ထုတ်ခဲ့၏။ စည်းကမ်းချက်များက အင်မတန် ရိုးရှင်းသော်လည်း ဤအရာများသည် ဘုရားသခင်၏ အလိုတော်ထဲတွင်ပင် ရှိနေပေသည်။ ဘုရားသခင်သည် လူသားများကို တန်ဖိုးထား၏၊ မြတ်နိုး၏၊ အင်မတန်မှပင် ချစ်ခင်၏။ ဟုတ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် သူ၏နှလုံးသားက သန့်ရှင်းသည်ဟု ငါတို့ပြော၍ရသလော။ သူ့နှလုံးသားက စင်ကြယ်သည်ဟု ငါတို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဘုရားသခင်တွင် ကွယ်ဝှက်ထားသည့် ရည်ရွယ်ချက်များ ရှိနေသလော။ (မရှိပါ။) သို့ဆိုလျှင် သူ၏ ရည်ရွယ်ချက်က မှန်ကန်ပြီး အပြုသဘောဆောင်သည်ပေါ့။ (ဟုတ်ပါသည်။) ဘုရားသခင်က မည်သို့သော စည်းကမ်းချက်များ ထုတ်ခဲ့ပါစေ၊ သူအမှုပြုစဉ်ကာလတစ်လျှောက်တွင် ထိုအရာများအားလုံးက လူသားအပေါ် အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိပြီးလျှင် ၎င်းတို့က လမ်းခရီးကို ဦးဆောင်ပေး၏။ ထို့ကြောင့် ဘုရားသခင်၏ စိတ်ထဲတွင် ကိုယ်ကျိုးဖက်သည့် အတွေးများ ရှိနေသလော။ လူသားနှင့် ပတ်သက်သည့်နေရာတွင် ဘုရားသခင်ထံ နောက်ထပ် ရည်ရွယ်ချက်များ ရှိနေသလော၊ သို့မဟုတ် လူသားကို တခြားနည်းလမ်းဖြင့် သူအသုံးပြုချင်သည်မှာ ဟုတ်သလော။ (မဟုတ်ပါ။) လုံးဝ မဟုတ်ပါ။ ဘုရားသခင်သည် သူပြောသည့်အတိုင်း ပြု၏၊ သူ့နှလုံးသားထဲတွင်လည်း ဤနည်းအတိုင်းသာ သူတွေးတောသည်။ ရည်ရွယ်ချက် အမျိုးမျိုးအဖုံဖုံ မရှိ၊ ကိုယ်ကျိုးဖက်သည့် အတွေးများ မရှိပါ။ ဘုရားသခင်သည် မည်သည့်အရာကိုမျှ သူ့အတွက် မလုပ်ဆောင်ဘဲ အရာအားလုံးကို ပုဂ္ဂိုလ်ရေး ရည်ရွယ်ချက်များ မပါဘဲနှင့် လူသားအတွက် အကြွင်းမဲ့ လုပ်ဆောင်သည်။ သူ့ထံတွင် လူသားအတွက် အစီအစဉ်များနှင့် ရည်ရွယ်ချက်များ ရှိသော်လည်း မည်သည့်အရာတစ်ခုကိုမျှ သူကိုယ်တိုင် အတွက် သူမလုပ်ပါ။ သူလုပ်သမျှ အရာခပ်သိမ်းသည် လူသားတွေအတွက် သက်သက်သာ ဖြစ်ပြီး၊ လူသားများကို ကာကွယ်ရန်၊ လူသားများကို လမ်းလွဲသွားခြင်းမှ ထိန်းထားရန်သာဖြစ်သည်။ ထို့ကြောင့် ဤနှလုံးသားသည် အဖိုးမတန်ပေဘူးလော။ (အဖိုးတန်ပါသည်။) အဖိုးတန်သည့် ဤနှလုံးသား၏ အရိပ်အယောင် အသေးငယ်ဆုံး လေးပင်လျှင် စာတန်အထဲတွင် သင်တွေ့ရသလော။ တွေ့နိုင်သလော။ (မတွေ့နိုင်ပါ။) အရိပ်အယောင် တစ်ခုတလေကိုမျှ စာတန်ထဲ မတွေ့နိုင်ပါ။ ဘုရားသခင်ပြုသည့် အရာရာတိုင်းသည် သဘာဝအလျောက်သာ ဖော်ပြခံရသည်။ ဘုရားသခင် အမှုပြုသည့်နည်းလမ်းကို ကြည့်ခြင်းအားဖြင့် သူမည်သို့အမှုပြုသနည်း။ ဘုရားသခင်သည် ဤပညတ်များနှင့် သူ့နှုတ်ကပတ်တော်များကို ယူပြီးလျှင် လူသားတစ်ဦးစီတိုင်းအပေါ် စည်းကြပ်ရင်း သတ္တုကွင်းနှင့် တင်းကျပ် စေသောမန္တန်က ကဲ့သို့ လူတိုင်း၏ ခေါင်းပတ်ပတ်လည်၌ တင်းတင်း ကျပ်ကျပ် ချည်နှောင်ထားသလော။ ဘုရားသခင်သည် ဤကဲ့သို့သော နည်းဖြင့် အမှုပြုသလော။ (မပြုပါ။) သို့ဆိုလျှင် ဘုရားသခင်သည် မည်သို့သောနည်းလမ်းဖြင့် အမှုပြုသနည်း။ (ကျွန်ုပ်တို့ကို သူလမ်းပြ ပါသည်။) ဤသည်မှာ ကဏ္ဍတစ်ရပ်ဖြစ်သည်။ နောက်ထပ်ရော။ ဘုရားသခင်က သင်တို့အပေါ် နည်းလမ်းအများအပြားနှင့် အမှုပြု၏၊ တစ်မျိုးတည်းပြောပြီးသည်နှင့် ပြောစရာက အဘယ်ကြောင့် ကုန်နိုင် သနည်း။ (သူက အကြံဉာဏ်ပေးပြီး ခွန်အားပေးပါသည်။) ယင်းမှာ ဒုတိယတစ်နည်း။ ထပ်ရှိသေးသလော။ သူက ခြိမ်းခြောက်သလော။ ဘုရားသခင်သည် သင်တို့ကို ကွေ့လည်ကြောင်ပတ် ပြောသလော။ (မပြောပါ။) သမ္မာတရားကို သင်နားမလည်သည့်အခါ ဘုရားသခင်က သင့်ကို မည်ကဲ့သို့လမ်းပြသနည်း။ (သူက အလင်းပေးပါသည်။) ဤသည်မှာ သမ္မာတရားနှင့် မကိုက်ညီသည့်အရာနှင့် သင်မည်သည့်အရာ လုပ်သင့်သည်ကို ရှင်းရှင်းလင်းလင်းပြောပြရင်း သင့်ကို သူအလင်းပေး၏။ ဘုရားသခင် အမှုပြုသည့် ဤနည်းလမ်းများမှ သင်သည် ဘုရားသခင်နှင့် မည်ကဲ့သို့သော ဆက်ဆံရေးမျိုး ရှိသည်ဟု ခံစားရသနည်း။ ဘုရားသခင်သည် သင်နားလည်နိုင်သည့် အတိုင်းအတာကို ကျော်လွန်နေ သည်ဟု ထိုအရာများက သင့်ကို ခံစားစေသလော။ (မခံစားစေပါ။) ထိုသို့ဆိုလျှင် ထိုအရာများက သင့်ကို မည်ကဲ့သို့ခံစားစေသနည်း။ ဘုရားသခင်က သင်နှင့် အထူးသဖြင့် နီးကပ်သည်၊ သင်တို့အကြားတွင် မည်သည့်အကွာအဝေးမျှ မရှိ။ ဘုရားသခင်က သင့်ကို လမ်းပြသည့်အခါ၊ သူက သင့်ကို ထောက်ပံ့ပေးသည့်အခါ၊ သင့်ကို ကူညီပြီး မစသည့်အခါ၊ ဘုရားသခင်၏ ဖော်ရွေခြင်း၊ သူ၏လေးစားဖွယ်ဖြစ်ခြင်းကို သင်ခံစားရ၏၊ သူမည်မျှ နှစ်လိုဖွယ်ဖြစ်သနည်း၊ အဘယ်မျှ နွေးထွေးသနည်းဆိုသည်ကို သင်ခံစားရသည်။ သို့သော် ဘုရားသခင်က သင်၏ဖောက်ပြန်ပျက်စီးမှုကို အပြစ်ဟူသည့်အခါ၊ သို့မဟုတ် သူ့ကို ဆန့်ကျင်ပုန်ကန်သောကြောင့် သင့်ကို တရားစီရင်ပြီး ဆုံးမပဲ့ပြင်သည့်အခါ၊ ဘုရားသခင်သည် အဘယ်သို့သော နည်းလမ်းကို အသုံးပြုသနည်း။ သူသည် သင့်ကို နှုတ်ကပတ်တော်များနှင့် အပြစ်ဆိုသလော။ ပတ်ဝန်းကျင်မှတစ်ဆင့်၊ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှတစ်ဆင့် သင့်ကို သူဆုံးမပဲ့ပြင်သလော။ (ပဲ့ပြင်ပါသည်။) ဤဆုံးမပဲ့ပြင်ခြင်းသည် မည်သည့်အဆင့်သို့ ရောက်သနည်း။ (လူသားက ခံနိုင်သည့် အဆင့်အထိရောက်ပါသည်။) သူ၏ ဆုံးမပဲ့ပြင်သည့် အဆင့်သည် စာတန်က လူသားကို ဘေးပြုသည့်အဆင့်ထိ ရောက်သလော။ (မရောက်ပါ။) ဘုရားသခင်က သိမ်မွေ့သည့်နည်း၊ ချစ်ခင်နူးညံ့ပြီး ဂရုတစိုက်ရှိသည့် နည်းဖြင့် အမှုပြု၏၊ အထူးသဖြင့် ချင့်ချင့်ချိန်ချိန်ရှိပြီး သင့်လျော်သည့် နည်းဖြင့်ဖြစ်သည်။ “ဘုရားသခင်သည် ငါ့ကို ဤအရာလုပ်ခွင့်ပေးရမည်”၊ သို့မဟုတ် “ဘုရားသခင်သည် ငါ့ကို ထိုအရာလုပ်ခွင့်ပေးရမည်” ဟူသည့် ပြင်းထန်သော စိတ်ခံစားမှုများကို သူ့နည်းလမ်းက သင့်ကို မခံစားစေပါ။ မခံနိုင်လောက်အောင် ဖြစ်စေသည့် ထိုကဲ့သို့သော ပြင်းထန်သည့် စိတ်နေစိတ်ထားမျိုး၊ သို့မဟုတ် ပြင်းထန်သည့် ခံစားချက်မျိုးကို ဘုရားသခင်က သင့်ကို ဘယ်သောအခါမျှ မပေးပါ။ ဟုတ်သည် မဟုတ်လော။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်များကို သင်လက်ခံသည့်အခါတွင်ပင် သင်မည်သို့ခံစားရ သနည်း။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို သင်ခံစားမိသည့်အခါ သင်မည်ကဲ့သို့ ခံစားရသနည်း။ ဘုရားသခင်က ဘုရားသဘောသဘာဝနှင့် ပြည့်စုံပြီး အစဉ်လေးစားလိုက်နာအပ်သည်ဟု ခံစားရသလော။ (ခံစားရပါသည်။) ဤအချိန်များတွင် ဘုရားသခင်ထံမှ ဝေးကွာနေသည်ဟု သင်ခံစားရသလော။ ဘုရားသခင်ကို သင်အထိတ်တလန့် ဖြစ်သလော။ (မဖြစ်ပါ။) မဖြစ်ပေ၊ ယင်းအစား ဘုရားသခင်ကို ကြောက်ရွံ့သည့် ရိုသေလေးမြတ်မှုကို သင်ခံစားရ၏။ ဤအရာများအားလုံးကို ဘုရားသခင်၏ အမှုကြောင့် လူများက ခံစားရသည် မဟုတ်လော။ စာတန်က လူ့အပေါ် လုပ်ဆောင်မည်ဆိုလျှင် ၎င်းတို့က ခံစားချက်များ ရှိကြပါ့မည်လော။ (မရှိပါ။) လူသားကို မစရန် လူသားအတွက် အစဉ်မပြတ် ထောက်ပံ့ပေးရန် ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များ၊ သူ၏သမ္မာတရားနှင့် သူ၏အသက်ကို အသုံးပြု သည်။ လူသားက အားနည်းသည့်အခါ၊ စိတ်ဓာတ်ကျသည့်အခါ၊ ဘုရားသခင်က ပြင်းပြင်း ထန်ထန် လုံးဝမပြောဆိုပါ။ “စိတ်ဓာတ်မကျနှင့်။ အဘယ်အတွက်ကြောင့် စိတ်ဓာတ်ကျနေရသနည်း။ အဘယ် အတွက်ကြောင့် အားနည်းနေသနည်း။ အားနည်းနေစရာ မည်သည့်အကြောင်း ရှိသနည်း။ သင်အလွန်အားနည်းပြီး အမြဲတမ်း စိတ်ဓာတ်ကျနေသည်၊ အသက်ရှင်ရသည်မှာ အဘယ်ထူး သနည်း။ သေသာ သေလိုက်တော့” ဟု သူမပြောပေ။ ဘုရားသခင်သည် ဤကဲ့သို့သော နည်းဖြင့် အမှုပြုသလော။ (မပြုပါ။) ဤနည်းဖြင့် ပြုမူရန် ဘုရားသခင် ထံတွင် သြဇာအာဏာရှိသလော။ (ရှိပါသည်။) သို့သော် ဘုရားသခင်က ဤနည်းဖြင့် ပြုမူသလော။ (မပြုမူပါ။) ဘုရားသခင်က ဤနည်းဖြင့် မပြုမူရသည့် အကြောင်းရင်းမှာ သူ၏ အနှစ်သာရကြောင့်၊ ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရကြောင့်ပင်ဖြစ်သည်။ သူ၏ လူသားကို ချစ်ခြင်း၊ လူသားကို တန်ဖိုးထားခြင်းနှင့် မြတ်နိုးခြင်းတို့ကို ဝါကျတစ်ကြောင်း နှစ်ကြောင်းတည်းဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြ၍ မရနိုင်ပေ။ ဤသည်မှာ လူသား၏ ကြွားဝါမှုကြောင့် ဖြစ်ပေါ်လာသည့် အရာတစ်ခု မဟုတ်ဘဲ စစ်မှန်သည့် လက်တွေ့လုပ်ဆောင်မှုထဲတွင် ဘုရားသခင် ထုတ်ဆောင် လာသည့် အရာတစ်ခုပင် ဖြစ်သည်၊ ဤသည်မှာ ဘုရားသခင့် အနှစ်သာရ၏ ဖွင့်ပြချက်ဖြစ်သည်။ ဘုရားသခင်အမှုပြုသည့် နည်းလမ်းများ အားလုံးသည် လူသားအား ဘုရားသခင်၏ သန့်ရှင်းခြင်းကို မြင်တွေ့ခွင့် ပေးသလော။ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များ အပါအဝင်၊ လူသားအပေါ် ဘုရားသခင် ရရှိလိုသည့် ရလဒ်များအပါအဝင်၊ လူသားအပေါ် အမှုပြုရန် ဘုရားသခင် ရွေးချယ်လိုသည့် ကွဲပြားခြားနားသော နည်းလမ်းများ၊ သူပြုသည့် အမှုအမျိုးအစား၊ လူသားကို သူနားလည်စေချင်သည့် အရာအပါအဝင်၊ ဘုရားသခင် အမှုပြုသည့် နည်းလမ်းများ အားလုံးထဲတွင် ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များထဲတွင် ဆိုးယုတ်ခြင်း သို့မဟုတ် ဉာဏ်ဆင်ထားသည့်အရာ တစ်ခုတလေများ သင်တွေ့သလော။ (မတွေ့ပါ။) သို့ဆိုလျှင် ဘုရားသခင်ပြုသည့် အရာရာတိုင်းတွင်၊ ဘုရားသခင် ပြောဆိုသည့် အရာရာတိုင်းတွင်၊ သူ့နှလုံးသားထဲသူတွေးသည့် အရာရာတိုင်းအပါအဝင် သူဖွင့်ပြသည့် ဘုရားသခင်၏ အနှစ်သာရ အားလုံးထဲတွင် ဘုရားသခင်ကို သန့်ရှင်းသည်ဟု ငါတို့ခေါ်နိုင်သလော။ (ခေါ်နိုင်ပါသည်။) သန့်ရှင်းခြင်းကို လောကကြီးထဲတွင် သို့မဟုတ် ကိုယ့်ကိုယ်တိုင်ထဲတွင် လူသားတစ်ယောက်တလေကများ တွေ့ဖူး သလော။ ဘုရားသခင်က လွဲပြီး ယင်းကို လူတစ်ယောက်ယောက်ထဲ သို့မဟုတ် စာတန်အထဲတွင်သင်တွေ့ဖူးသလော။ (မတွေ့ဖူးပါ။) ယခုထိ ငါတို့ ပြောလာခဲ့သမျှ အရာများမှ ဘုရားသခင်ကို အတုမရှိ၊ သန့်ရှင်းသည့် ဘုရားသခင် ကိုယ်တော်တိုင်ဟု ငါတို့ ခေါ်ဆိုနိုင်သလော။ (ခေါ်ဆိုနိုင်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ လူသားအပေါ် ဘုရားသခင်အမှုပြုသည့် ကွဲပြားခြားနားသော နည်းလမ်းများ အပါအဝင် ဘုရားသခင်က လူသားကိုပေးသည့် အရာအားလုံးထဲတွင် လူသားကို ဘုရားသခင် ပြောသည့်အရာများ၊ လူသားကို ဘုရားသခင် သတိပေးသည့်အရာများ၊ သူအကြံဉာဏ်ပေးပြီး ခွန်အားပေးသည့် အရာတွေအားလုံးမှာ အနှစ်သာရ တစ်ခုတည်းကနေ ပေါ်ပေါက်လာသည်။ အားလုံးက ဘုရားသခင်၏သန့်ရှင်းခြင်းမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အကယ်၍ ထို့သို့ သန့်ရှင်းသည့် ဘုရားသခင်သာ မရှိခဲ့လျှင် သူပြုသည့်အမှုများကို လုပ်ဆောင်ရန် မည်သည့်လူသားကမျှ သူ့နေရာကို အစားထိုးနိုင်မည် မဟုတ်ပါ။ အကယ်၍ ဘုရားသခင်က လူများကို ယူပြီး သူတို့ကို စာတန်ဆီ အပြည့်အဝ လွှဲပြောင်းပေးခဲ့လိုက်မည်ဆိုလျှင် ယနေ့ သင်တို့အားလုံး ရောက်နေကြမည့် အခြေအနေမျိုးကို သင်တို့ စဉ်းစား မိကြသလော။ သင်တို့အားလုံးက ဤနေရာမှာ ပြီးပြည့်စုံပြီး အထိအခိုက် မရှိဘဲနှင့် ထိုင်နေကြပါ့မည်လော။ (မဟုတ်ပါဘူး။) ထို့ကြောင့် သင်တို့က မည်သို့ဖြစ်နေမည်နည်း။ သင်တို့ရော “မြေကြီးပေါ်တွင် ခေါက်တုံ့ ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်” ဟု ပြောကြမည်လော။ အင်မတန်မှ ဟိတ်ဟန်ထုတ်ပြီး လမ်းလျှောက်မည်လော၊ ဘုရားသခင် ရှေ့တွင် အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ကြွားဝါမည်လော၊ ဤသို့သောနည်းဖြင့် ပြောဆိုရင်း ဝင့်ဝင့်ကြွားကြွား လမ်းလျှောက်ကြ မည်လော။ (ဟုတ်ပါသည်။) တစ်ရာရာခိုင်နှုန်း လုပ်ကြမည်ပေါ့။ လုံးဝ လုပ်ကြပါလိမ့်မည်။ လူသားအပေါ် စာတန်၏ သဘောထားက စာတန်၏ သဘာဝသည် ဘုရားသခင်နှင့်လုံးဝဥဿုံ ကွာခြားသည်ဆိုသည်ကို ၎င်းတို့ကို မြင်စေ၏။ သူ၏အနှစ်သာရက ဘုရားသခင်နှင့် လုံးဝ ခြားနားသည်။ စာတန်၏ မည်သည့်အနှစ်သာရသည် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဆန့်ကျင်ဘက် ဖြစ်သနည်း။ (သူ၏ဆိုးယုတ်မှုဖြစ်သည်။) စာတန်၏ ဆိုးယုတ်သည့် သဘာဝက ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လူအများစုက ဘုရားသခင်၏ ဖော်ပြခြင်းနှင့် ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရကို မမှတ်မိသည့် အကြောင်းရင်းမှာ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်၊ စာတန်၏ ပျက်စီးခြင်းနှင့် စာတန်၏လူနေမှု ခြံဝင်းထဲတွင် နေထိုင်ကြသောကြောင့် ဖြစ်သည်။ သန့်ရှင်းခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်နှင့် သန့်ရှင်းခြင်းကို မည်သို့အဓိပ္ပာယ်ဖွင့်ဆိုရမည်ကို ၎င်းတို့ မသိကြပါ။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို သင်သိမြင်သည့် အခါတွင်ပင် ထိုအရာကို ဘုရားသခင်၏ သန့်ရှင်းခြင်းအဖြစ် သေချာပေါက် သင်အဓိပ္ပာယ် မဖွင့်ဆိုနိုင်သေးပါ။ ဤသည်မှာ ဘုရားသခင်၏ သန့်ရှင်းမှု အကြောင်း လူသားများ သိနားလည်မှုထဲက ခြားနားချက်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)” မှ

အောက်ခြေမှတ်စု(များ)-

က။ “သတ္တုကွင်းနှင့်တင်းကျပ်စေသောမန္တန်” ဆိုသည်မှာ အနောက်အရပ်သို့ ခရီးပြုခြင်းဟူသည့် တရုတ်ဝတ္ထုထဲတွင် ဘုန်းကြီးတန်ဆန်ကျန်းအသုံးပြုခဲ့သော မန္တန်တစ်ခုဖြစ်သည်။ စွန်းဝူခုန်းကို မခံနိုင်လောက်အောင် ခေါင်းကိုက်စေပြီး ထိန်းချုပ်နိုင်ရန်အတွက် သူ၏ခေါင်းတွင် စွပ်ထားသည့် သတ္တုကွင်းကို တင်းကျပ်စေရန် ဤမန္တန်ကို ဘုန်းကြီးက အသုံးပြုခဲ့သည်။ ဤသို့ဖြင့် ၎င်းသည် လူတစ်ဦးအား ချုပ်နှောင်ထားသောအရာကို ဖော်ပြရန်အတွက် ဥပစာစကားတစ်ခု ဖြစ်လာခဲ့သည်။

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၄၂)

လူသားအပေါ် လုပ်ဆောင်သည့် စာတန်၏ အလုပ်က မည်သည့်အင်္ဂါရပ်မျိုးကို ကိုယ်စားပြုသနည်း။ သင်တို့ကိုယ်တိုင်၏ အတွေအကြုံများမှ ဤအရာကို သိသင့်၏၊ စာတန်၏ကိုယ်စားအပြုဆုံး အင်္ဂါရပ်တို့၊ သူအများဆုံး လုပ်ဆောင်သည့်အရာတို့၊ လူအယောက်ချင်း စီတိုင်းတွင် လုပ်ဆောင်ရန် သူကြိုးစားသည့် အရာများကို ဖြစ်သည်။ သင်တို့ မမြင်နိုင်လောက်သော အင်္ဂါရပ်မျိုး သူ့တွင် ရှိ၏၊ ထို့ကြောင့် စာတန်သည် အဘယ်မျှထိ ဆိုးဝါးပြီး မုန်းတီးသည်ကို သင်တို့ မတွေးအောင်ဖြစ်သည်။ ဤအင်္ဂါရပ်မှာ မည်သည့်အရာဖြစ်သည်ကို တစ်ယောက်တလေကများ သိသလော။ ငါ့ကို ပြောပြပါ။ (သူလုပ်သမျှက လူသားကို ဘေးပြုရန်သာ လုပ်ခြင်းဖြစ်သည်။) လူသားကို ဘေးပြုရန် အမှုအရာတွေကို သူလုပ်ဆောင်သည်။ လူသားကို သူက မည်သို့ဘေးပြုသနည်း။ ပိုပြီး တိတိကျကျနှင့် အသေးစိတ် ငါ့အား ပြနိုင်မည်လော။ (သူက လူသားကို ညှို့ယူသည်၊ ဆွယ်သည်၊ သွေးဆောင်ပါသည်။) ယင်းမှာ အမှန်ပင်ဖြစ်သည်။ ဤအရာက သွင်ပြင်လက္ခဏာတချို့ကို ပြ၏၊ နောက်ထပ်ကော။ (လူသားကို သူလှည့်ဖြားပါသည်။) သူက လှည့်ဖြားသည်၊ တိုက်ခိုက်ထိုးနှက်သည်၊ စွပ်စွဲသည်။ ဟုတ်ပေ၏၊ အရာများ အားလုံးဖြစ်သည်။ နောက်ထပ်ရော ရှိသေးသလော။ (သူက အလိမ်အညာတွေ ပြောပါသည်။) လှည့်စားခြင်းနှင့် လိမ်ညာခြင်းသည် စာတန်ထံသို့ သဘာဝအလျောက် အများဆုံးလာပေသည်။ သူသည် မကြာမကြာလိမ်လွန်းသဖြင့် စဉ်းစားစရာပင် မလိုဘဲနှင့် အလိမ်အညာ စကားများက သူ့နှုတ်မှ ထွက်လာသည်။ နောက်ထပ်ကော။ (ပြင်းပြင်းထန်ထန် သဘောထားကွဲလွဲမှုကို ပြပါသည်။) တစ်ခုက သိပ်ပြီး အရေးမပါလှပါ။ သင်တို့ကို ကြောက်လန့်သွားစေမည့် အရာတစ်ခုကို ငါပြောပြမည်။ သို့သော် သင်တို့ကို အလန့်တကြားဖြစ်သွားစေရန် ငါပြောသည် မဟုတ်။ ဘုရားသခင်သည် လူသားအပေါ် အမှုပြုပြီး လူသားက ဘုရားသခင်၏ သဘောထားနှင့် သူ၏နှလုံးသားကိုပါ မြတ်နိုးသည်။ ဆန့်ကျင်ဘက်အနေနှင့် စာတန်သည် လူသားကို မြတ်နိုးသလော။ လူသားကို သူမမြတ်နိုးပေ။ သူတွေးသမျှသည် လူသားကို ဘေးပြုဖို့အကြောင်းဖြစ်သည်။ မှန်သည် မဟုတ်လော။ လူသားကို ဘေးပြုရန် သူအချိန်ယူ စဉ်းစားနေသည့်အခါ သူက အပူတပြင်းစိတ်မျိုးနှင့် စဉ်းစားသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် လူသားများအပေါ် စာတန်၏ လုပ်ဆောင်မှုနှင့် ပတ်သက်လာလျှင် စာတန်၏ မလိုတမာစိတ် နှင့် ဆိုးယုတ်သည့် သဘာဝကို ကုံလုံစွာ ဖော်ပြနိုင်ပြီး၊ စာတန်၏ မုန်းတီးခြင်းကို သင်တို့အား အမှန်တကယ် သိခွင့်ပေးနိုင်သည့် စကားရပ်နှစ်ခု ဤနေရာတွင် ငါ့မှာရှိ၏။ စာတန်၏ လူသားကို ချဉ်းကပ်မှုမှာ သူသည် အမြဲတမ်း လူသားကို အတင်းအကျပ် နေရာယူခြင်းပြုပြီး ပိုင်ဆိုင်ချင်သည်၊ အယောက်ချင်းစီတိုင်းကိုဖြစ်သည်။ ထိုသို့ဖြင့် လူသားကို သူအပြည့်အဝ ထိန်းချုပ်နိုင်သည့် အတိုင်းအတာအထိ ရောက်နိုင်ရန်၊ လူသားကို ဘေးပြုရင်း ဤရည်ရွယ်ချက်နှင့် ပြင်းထန်သည့် ရည်မှန်းချက်ကို သူရနိုင်ရန်ဖြစ်သည်။ “အတင်းအကျပ် နေရာယူ” သည် ဆိုသည်မှာ မည်သည့်အရာကိုဆိုလိုသနည်း။ သင်၏သဘောတူညီချက်နှင့် ဖြစ်သလော၊ သို့မဟုတ် သဘောတူညီချက် မပါဘဲနှင့်လော။ သင်သိပြီး ဖြစ်သလော၊ သို့မဟုတ် သင်မသိဘဲနှင့် ဖြစ်သလော။ သင်လုံးဝမသိဘဲနှင့် ဖြစ်ခြင်းဖြစ်သည်။ သင်သတိမမူမိသည့် အခြေအနေများတွင် သူသည် မည်သည့်အရာကိုမျှ မပြောသေးသည့်အခါ၊ သို့မဟုတ် ဘာကိုမျှ သူမလုပ်သေးသည့်အခါ၊ အကြောင်းပြချက်များ၊ ဆက်စပ်စဉ်းစားရမည့် အခြေအနေများ မရှိသည့်အခါ၊ သင့်ဘေးတွင်၊ သင့်ပတ်လည်တွင် သူရှိနေနိုင်သည်။ ခေါင်းပုံဖြတ်ရန် အခွင့်အရေးကို သူရှာနေသည်၊ ပြီးလျှင် သင့်ကို အပြည့်အဝ ထိန်းချုပ်ပြီး ဘေးပြုမည့် ရည်ရွယ်ချက်ကို ရယူရင်း သင့်ကို အတင်းအကျပ် နေရာယူပြီး ပိုင်ဆိုင်တော့သည်။ ဤသည်မှာ လူသားတို့အတွက် ဘုရားသခင်ကို စာတန်ဆန့်ကျင်တိုက်ခိုက်သည့် ထုံးစံအကျဆုံး ရည်ရွယ်ချက်နှင့် အပြုအမူပင်ဖြစ်သည်။ ဤအရာကို ကြားရသည့်အခါ သင်တို့ မည်သို့ခံစားရသနည်း။ (ကျွန်ုပ်တို့ စိတ်နှလုံးထဲတွင် ထိတ်လန့်ပြီး ကြောက်ရွံ့ပါသည်။) ရွံရှာသည်ဟု ခံစားရသလော။ (ခံစားရပါသည်။) ရွံရှာသည်ဟု သင်တို့ ခံစားရသည့်အခါ စာတန်က အရှက်မဲ့သည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။) စာတန်က အရှက်မဲ့သည်ဟု ခံစားရသည့်အခါ သင်တို့ကို အမြဲထိန်းချုပ်ချင်နေသည့် သင်တို့ပတ်လည်က လူများ၊ ရာထူးဂုဏ်ဒြပ်နှင့် ကိုယ်ကျိုးအတွက် ပြင်းထန်သည့် ရည်မှန်းချက်များရှိသော သူများကို သင်တို့ ရွံရှာကြသလော။ (ရွံရှာပါသည်။) သို့ဖြစ်လျှင် လူသားကို အတင်းအကျပ် နေရာယူပြီး ပိုင်ဆိုင်ရန်အတွက် စာတန်သည် မည်သည့်နည်းလမ်းများကို အသုံးပြုသနည်း။ ဤအချက်ကို သင်တို့ရှင်းကြ၏လော။ “အတင်းအကျပ် နေရာယူခြင်း” နှင့် “ပိုင်ဆိုင်ခြင်း” ဟူသည့် စကားစုနှစ်ခုကို သင်တို့ ကြားရသည့်အခါ၊ ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး ရွံရှာကြသည် မဟုတ်လော။ ၎င်းတို့၏ ဆိုးယုတ်သည့် သဘောကို မြည်းစမ်းမိပါ၏လော။ သင်၏ သဘောတူညီချက် သို့မဟုတ် သင်၏ သိနားလည်မှု မပါဘဲနှင့် သူသည် သင့်ကို နေရာယူ၏၊ ပိုင်ဆိုင်၏၊ ဖျက်ဆီး၏၊ သင့်နှလုံးသားထဲတွင် မည်သည့်အရာကို မြည်းစမ်းမိသနည်း။ စက်ဆုပ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ရွံရှာခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) စာတန်၏ နည်းလမ်းကို သင်က စက်ဆုပ်ခြင်းနှင့် ရွံရှာခြင်းကို ခံစားရသည့်အခါ ဘုရားသခင်အတွက်ကျတော့ရော မည်ကဲ့သို့ခံစားချက်မျိုး သင့်မှာ ရှိသနည်း။ (ကျေးဇူးတင်ခြင်းဖြစ်ပါသည်။) သင့်ကို ကယ်တင်သည့်အတွက် ကျေးဇူးတင်သည်ပေါ့။ ထို့ကြောင့် ယခု အခိုက်အတန့်တွင် ဘုရားသခင်ကို သင်၏အရာအားလုံး တာဝန်ယူခွင့်ပေးရန်နှင့် သင်၏အရာအားလုံးကို အုပ်စိုးခွင့်ပေးရန် သင့်မှာ လိုအင်ဆန္ဒ သို့မဟုတ် စိတ်သဘော ရှိသလော။ (ရှိပါသည်။) မည်သည့် အကြောင်းအချက်နှင့်နည်း။ စာတန်၏ အတင်းအကျပ် နေရာယူပြီး ပိုင်ဆိုင်ခြင်း ခံရမည်ကို ကြောက်သောကြောင့် ရှိပါသည်ဟု ပြောခြင်းလော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော စိတ်နေစိတ်ထားမျိုး မရှိရ၊ ယင်းက မမှန်ကန်ပါ။ မကြောက်နှင့် ဘုရားသခင်က ဤနေရာတွင် ရှိ၏၊ ကြောက်စရာ ဘာမျှမရှိ၊ ဟုတ်ပါသလော။ စာတန်၏ ဆိုးယုတ်သည့် အနှစ်သာရကို သင်နားလည်ပြီးသည်နှင့် ဘုရားသခင်၏ ချစ်ခြင်း၊ ဘုရားသခင်၏ ကောင်းမြတ်သည့် ရည်ရွယ်ချက်များ၊ လူသားအတွက် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်း၊ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား စသည့်အရာများနှင့် ပတ်သက်ပြီး ပိုတိကျသည့် နားလည်မှု သို့မဟုတ် ပိုလေးနက်သည့် မြတ်နိုးမှု သင့်မှာ ရှိသင့်သည်။ စာတန်သည် အင်မတန်မှ မုန်းတီး၏၊ သို့သော် ဤအချက်က ဘုရားသခင်ကို သင့်ချစ်ခြင်းနှင့် ဘုရားသခင်အပေါ် သင်၏ အားထားမှုနှင့် ကိုးစားမှုကို မစေ့ဆော်ပေးသေးလျှင် သင်သည် မည်ကဲ့သို့သောလူမျိုး ဖြစ်မည်နည်း။ သင့်ကို ယင်းသို့ ဘေးပြုရန် စာတန်ကို အခွင့်ပေးချင်သည်လော။ စာတန်၏ ဆိုးယုတ်မှုနှင့် အကျည်းတန်မှုကို မြင်ပြီးသည့်နောက် ငါတို့ ပြန်လှည့်ပြီး ဘုရားသခင်ကို ကြည့်ကြသည်။ ယခု ဘုရားသခင်ကို သင်၏ သိကျွမ်းခြင်းက တစ်စုံတစ်ရာ ပြောင်းလဲသွားသလော။ (ပြောင်းလဲသွား ပါသည်။) မည်သို့သော ပြောင်းလဲခြင်းမျိုးနည်း။ ဘုရားသခင်သည် သန့်ရှင်း၏ဟု ငါတို့ပြောနိုင်သလော။ ဘုရားသခင်က အပြစ်အနာအဆာ မရှိဟု ငါတို့ ပြောနိုင်သလော။ “ဘုရားသခင်က အတုမရှိ သန့်ရှင်းခြင်းဖြစ်သည်” ဘုရားသခင်က ဤကဲ့သို့သောဂုဏ်ပုဒ်မျိုးကို ခံယူနိုင်သလော။ (ခံယူနိုင်ပါသည်။) သို့ဆိုလျှင် လောကကြီးထဲနှင့် အရာအားလုံးအကြားတွင် လူသား၏ နားလည်မှုအောက်တွင် ကြံ့ကြံ့ခံနိုင်သည့် သူသည် ဘုရားသခင် ကိုယ်တော်တိုင်ပင်လော။ တခြားသူ ရှိသလော။ (မရှိပါ။) ထို့ကြောင့် အတိအကျပြောလျှင် ဘုရားသခင်က လူသားကို မည်သည့်အရာ ပေးသနည်း။ သင်အာရုံစိုက်မနေသည့်အခါ သူသည် သင့်ကို ဂရုစိုက်မှု၊ အလေးထားမှုနှင့် ထောက်ထားမှု အနည်းငယ်သာ ပေးသည်လော။ ဘုရားသခင်က လူသားကို မည်သည့်အရာ ပေးခဲ့ပြီနည်း။ ဘုရားသခင်က လူသားကို အသက်ပေးသည်၊ လူသားကို အရာအားလုံးပေးပြီး မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ ဖုံးကွယ်ထားသည့် ရည်ရွယ်ချက် တစ်ခုတလေမျှ မရှိဘဲနှင့် လူသားအပေါ် ခြွင်းချက်မရှိ ပေးသနားခဲ့သည်။ လူသားကို စာတန်၏ ဘေးပြုခြင်း၊ စာတန်၏ သွေးဆောင်ခြင်းများနှင့် စာတန်၏ ညှို့ယူဖမ်းစားခြင်းမှ ဝေးရာကို သယ်ဆောင်ရင်း၊ စာတန်၏ ဆိုးယုတ်သည့် သဘာဝနှင့် သူ၏ အကျည်းတန်သည့် မျက်နှာကို လူသားကို သိခွင့်ပေးရင်း လူသားကို ဦးဆောင်လမ်းပြရန် သမ္မာတရားကို သူအသုံးပြုသည်၊ သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုသည်၊ သူ့အသက်ကို အသုံးပြုသည်။ ဘုရားသခင်၏ လူသားများအတွက် ချစ်ခြင်းနှင့် ပူပန်ခြင်းက စစ်မှန်သလော။ ယင်းက သင်တို့အယောက်ချင်းစီတိုင်း တွေ့ကြုံနိုင် သည့်အရာ တစ်ခုလော။ (ဟုတ်ပါသည်။)

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၄၃)

သင်ယုံကြည်သည့် နှစ်များတစ်လျှောက် ဘုရားသခင် သင့်အပေါ်ပြုခဲ့သည့် အရာတွေအားလုံးကို ယခုအချိန်အထိ သင်တို့ အသက်တာများအပေါ် ပြန်ကြည့်ကြည့်ပါ။ သင်တို့ ယင်းကို နက်ရှိုင်းစွာ ခံစားရသည်ဖြစ်စေ မခံစားရသည် ဖြစ်စေ၊ ယင်းက အလိုအပ်ဆုံး ဖြစ်ခဲ့သည်သာ မဟုတ်လော။ သင်ရယူရန် အလိုအပ်ဆုံးအရာ ဖြစ်ခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာက သမ္မာတရား မဟုတ်လော။ ဤအရာက အသက်မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်က သင့်အပေါ် ဉာဏ်ပွင့်ခြင်းကို နှင်းအပ်ထားပြီးလျှင် သူပေးထားသည့် အရာအားလုံးအတွက် အပြန်အလှန်အားဖြင့် သူ့ကို တစ်ခုခုပြန်ပေးရန် တောင်းဆိုခဲ့ဖူးသလော။ (မပြုလုပ်ဖူးပါ။) ထိုသို့ဆိုလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်က ဤအရာကို အဘယ်ကြောင့် လုပ်သနည်း။ ဘုရားသခင်ထံတွင်လည်း သင့်ကို နေရာယူရန် ရည်ရွယ်ချက် ရှိလေသလော။ (မရှိပါ။) ဘုရားသခင်သည် လူသား၏ နှလုံးသားထဲတွင် နန်းတက်ချင်သလော။ (ဟုတ်ပါသည်။) သို့ဖြစ်လျှင် ဘုရားသခင်၏ နန်းတက်ခြင်းနှင့် စာတန်၏ အတင်းအကျပ် နေရာယူခြင်းက မည်သို့ကွာသနည်း။ ဘုရားသခင်သည် လူသား၏ နှလုံးသားကို ရယူလိုသည်၊ လူသား၏ နှလုံးသားကို သူနေရာယူလိုသည်၊ ဤအရာက မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က လူသားကို သူ၏ရုပ်သေးရုပ်များ၊ သူ၏ စက်ယန္တရားများ ဖြစ်လာစေချင်သည်ဟု ဆိုလိုသလော။ (မဟုတ်ပါ။) သို့ဖြစ်လျှင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူသား၏ နှလုံးသားကို ဘုရားသခင် နေရာယူလိုခြင်းနှင့် လူသားကို စာတန်၏ အတင်းအကျပ် နေရာယူခြင်း၊ ပိုင်ဆိုင်ခြင်းကြားတွင် ကွာခြားချက်ရှိပါသလော။ (ရှိပါသည်။) ဘုရားသခင်က သင့်နှလုံးသားကို မည်သည့်အတွက် လိုချင်သနည်း။ ထို့အပြင် ဘုရားသခင်က သင့်ကို မည်သည့်အတွက် နေရာယူချင်သနည်း။ “လူသား၏ နှလုံးသားကို ဘုရားသခင် နေရာယူသည်” ဆိုသည်ကို သင်တို့၏ စိတ်နှလုံးများထဲတွင် မည်သို့နားလည်သနည်း။ ဤနေရာတွင် ဘုရားသခင်ကို ငါတို့ မျှမျှတတ ပြုမှရမည်၊ မဟုတ်လျှင် လူများက ငါတို့ကို အမြဲတမ်း အထင်လွဲပြီး “ဘုရားသခင်က ငါ့ကို အမြဲတမ်း နေရာယူချင်သည်။ သူက ငါ့ကို အဘယ်အရာအတွက် နေရာယူချင်သနည်း။ ငါနေရာယူ မခံချင်ပါ။ ကိုယ့်ဘာသာကိုယ်သာ ဖြစ်ချင်သည်။ စာတန်က လူများကို နေရာယူသည်ဟု ပြောသည်။ သို့သော် ဘုရားသခင်ကလည်း လူတို့ကို နေရာယူသည်သာဖြစ်သည်။ ဤအရာများက အတူတူပင် မဟုတ်လော။ တခြားသူများ ငါ့အား နေရာယူသည်ကို ခွင့်မပြုလိုပါ။ ငါသည် ငါကိုယ်တိုင်ပင်ဖြစ်သည်” ဟု တွေးကြလိမ့်မည်။ ဤအရာတွင် ကွာခြားချက်က အဘယ်နည်း။ တစ်မိနစ် အချိန်ယူပြီး စဉ်းစားကြပါ။ “လူသား၏ နှလုံးသားကို ဘုရားသခင်က နေရာယူသည်” ဆိုသည်မှာ အနှစ်မဲ့သော စကားစုလောဟု သင်တို့ကို ငါမေး၏။ ဘုရားသခင်၏ လူသားကို နေရာယူခြင်းက သင့်နှလုံးသားထဲတွင် သူနေထိုင်ပြီး သင်၏စကားလုံးတိုင်းနှင့် လုပ်ရှားမှုတိုင်းတွင် သင့်ကို အုပ်စိုးသည်ဟု ဆိုလိုခြင်းလော။ သင့်ကို ထိုင်ရန် သူပြောလျှင် သင်မတ်တပ် မရပ်ရဲသလော။ အရှေ့ဘက်ကို သွားရန် သူသင့်ကိုပြောလျှင် သင်က အနောက်ဘက်ကို မသွားရဲသလော။ နေရာယူခြင်းဆိုသည်မှာ ဤသို့သောအရာကို ဆိုလိုခြင်းဖြစ်သလော။ (မဟုတ်ပါ။) (ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို လူသားက အသက်ရှင်နေထိုင်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။) လူသားကို ဘုရားသခင် စီမံခန့်ခွဲခဲ့သည့် ဤနှစ်များတစ်လျှောက် နောက်ဆုံးအဆင့်က ယနေ့အထိ လူသားအပေါ် သူပြုသည့်အမှုထဲတွင် သူပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံး၏ လူသားအပေါ် ရည်ရွယ်ထားသည့် ရလဒ်က မည်သည့်အရာများနည်း။ လူသားက ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို အသက်ရှင်နေထိုင်ခြင်းလော။ “လူသား၏ နှလုံးသားကို ဘုရားသခင်က နေရာယူသည်” ဆိုခြင်း၏ တိုက်ရိုက် အဓိပ္ပာယ်ကို ကြည့်လျှင် ဘုရားသခင်က လူသား၏ နှလုံးသားကို ယူပြီးလျှင် ယင်းကို နေရာယူလိုက်ပြီး ယင်းအထဲ နေထိုင်ကာ ပြန်မထွက်လာတော့သကဲ့သို့ မြင်ရ၏။ လူသားက ဘုရားသခင်သွားခိုင်းသည့် မည်သည့်နေရာကိုမဆို သွားရန်အတွက် လူသား၏နှလုံးသားကို သဘောရှိ စီစဉ်ရန်နှင့် အုပ်စိုးရန် ထိုအထဲမှာ သူနေထိုင်ပြီး လူသားနှလုံးသား၏ အရှင်သခင်ဖြစ် လာခြင်းပေတည်း။ ဤသဘောတရား၌ လူတိုင်းက ဘုရားသခင်ဖြစ်လာနိုင်ပြီး ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်နေသဘောထား ပိုင်ဆိုင်နိုင်ကြဘိသကဲ့သို့ မြင်ရသည်။ ထို့ကြောင့် ထိုကဲ့သို့သာဆိုလျှင် လူသားသည် ဘုရားသခင်၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များကိုလည်း လုပ်ဆောင်နိုင်သလော။ “နေရာယူခြင်း” ဆိုသည်ကို ဤနည်းလမ်းဖြင့် ရှင်းပြရနိုင်သလော။ (မရနိုင်ပါ။) သို့ဆိုလျှင် အဘယ်အရာနည်း။ လူသားတို့ကို ဘုရားသခင် ပေးအပ်သည့် အသက်သည် အဘယ်ဖြစ်သည်ကို သင်တို့ သိသလော။ သင်တို့ကို ငါဤအရာမေးမည်၊ လူသားကို ထောက်ပံ့ပေးသည့် ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးနှင့် သမ္မာတရားအားလုံးသည် ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့၏ ဖွင့်ပြချက်ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ သေချာပါသည်။ သို့သော် လူသားကို ထောက်ပံ့ပေးသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးသည် ဘုရားသခင် ကိုယ်တော်တိုင် လက်တွေ့လုပ်ဆောင်ရန်လော၊ ဘုရားသခင် ကိုယ်တော်တိုင်က ပိုင်ဆိုင်ရန်လော၊ တစ်မိနစ်လောက် အချိန်ယူပြီး စဉ်းစားကြည့်။ ဘုရားသခင်သည် လူသားကို တရားစီရင်သည့်အခါ သူက အဘယ်ကြောင့် ဤအရာကို လုပ်ဆောင်သနည်း။ ဤနှုတ်ကပတ်တော်များသည် အဘယ်ကလာသနည်း။ ဘုရားသခင်သည် လူသားကို တရားစီရင်သည့်အခါ သူပြောသည့် နှုတ်ကပတ်တော်များ၏ ပါဝင်သည့်အကြောင်းအရာက မည်သည့်အရာများနည်း။ ၎င်းတို့က မည်သည့်အရာအပေါ် အခြေပြုထားသနည်း။ လူသား၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအပေါ် အခြေပြုထားသလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်၏ တရားစီရင်ခြင်းအားဖြင့် လူသားထံတွင် ရရှိသည့်ရလဒ်က ဘုရားသခင်၏ အနှစ်သာရအပေါ်မှာ အခြေပြုထားသလော။ (ဟုတ်ပါသည်။) ထို့ကြောင့် လူသားကို ဘုရားသခင်၏ နေရာယူခြင်းက အနှစ်မဲ့သည့် စကားစုလော။ မဟုတ်သည်မှာ သေချာ၏။ သို့ဆိုလျှင် ဘုရားသခင်က ဤနှုတ်ကပတ်တော်များကို လူကို အဘယ်ကြောင့် ပြောရသနည်း။ ဤနှုတ်ကပတ်တော်များကို ပြောရသည့် သူ့ရည်ရွယ်ချက်က မည်သည့်အရာများနည်း။ သူသည် လူသား၏အသက်တာအဖြစ် အသုံးချဖို့ ဤနှုတ်ကပတ်တော်များကို သူအသုံးပြုချင်သည်လော။ (ဟုတ်ပါသည်။) ဘုရားသခင်က ဤနှုတ်ကပတ်တော်များ၌ သူပြောခဲ့သည့် ဤသမ္မာတရား အားလုံးကို လူသား၏ အသက်တာအဖြစ် ဆောင်ရွက်ဖို့ အသုံးပြုချင်သည်။ လူသားက သမ္မာတရားအားလုံးနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယူဆောင်ပြီး ထိုအရာများကို သူ့ကိုယ်ပိုင် အသက်တာအဖြစ် သဏ္ဌာန်ပြောင်းလဲလိုက်သည့်အခါ လူသားက ဘုရားသခင်ကို နာခံနိုင်သလော။ ဘုရားသခင်ကို ကြောက်ရွံ့နိုင်သလော။ မကောင်းသည့်အကျင့်ကို ရှောင်နိုင်သလော။ လူသားက နေရာကို ရောက်ပြီဆိုသည့်အခါ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုကို သူနာခံနိုင်သလော။ သို့ဆိုလျှင် လူသားက ဘုရားသခင်၏ သြဇာအာဏာကို နာခံရမည့် အနေအထားတွင် ရှိမနေဘူးလော။ ယောဘ သို့မဟုတ် ပေတရုတို့ကဲ့သို့ လူများသည် ၎င်းတို့လမ်းခရီး၏ အဆုံးကို ရောက်သည့်အခါ၊ ၎င်းတို့၏ အသက်တာက ရင့်ကျက်သွားပြီဟု မှတ်ယူခံရသည့်အခါ၊ ဘုရားသခင်ကို စစ်မှန်သည့် သိကျွမ်းမှု ရှိသည့်အခါ၊ စာတန်က ၎င်းတို့ကို လမ်းလွဲစေနိုင်တုန်းပင်လော။ စာတန်က ၎င်းတို့ကို နေရာယူနိုင်တုန်းပဲလော။ စာတန်က ၎င်းတို့ကို အတင်းအကျပ် ပိုင်ဆိုင်နိုင်တုန်းပင်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤသည်မှာ မည်သို့သော ပုဂ္ဂိုလ်မျိုးနည်း။ ဘုရားသခင်၏ အပြည့်အဝ ရယူခြင်းခံပြီးရသည့် ပုဂ္ဂိုလ်တစ်ယောက်လော။ (ဟုတ်ပါသည်။) အဓိပ္ပာယ်အဆင့်တွင် ဘုရားသခင်၏ အပြည့်အဝ ရယူခြင်းခံပြီးသည့် ဤသို့သောပုဂ္ဂိုလ်မျိုးကို သင်တို့ မည်ကဲ့သို့မြင်ကြသနည်း။ ဘုရားသခင်အတွက် အခြေအနေများအောက်တွင် ဤပုဂ္ဂိုလ်၏နှလုံးသားကို နေရာယူပြီးပါပြီ။ သို့သော် ဤပုဂ္ဂိုလ်က မည်သည့်အရာကို ခံစားရသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ လမ်းခရီးက လူသားအထဲတွင် အသက်ဖြစ်လာပြီး အသက်သည် လူသား၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို နေရာယူလိုက်ကာ သူအသက်ရှင်နေထိုင်သည့် အရာအပါအဝင် သူ၏အနှစ်သာရကိုပါ ဘုရားသခင်ကို စိတ်ကျေနပ်စေရန် လုံလောက်အောင် လုပ်သလော။ ဘုရားသခင်အတွက် လူသားများ၏နှလုံးသားက ဤအခိုက်အတန့်တွင် သူ၏နေရာယူခြင်းကို ခံထားရသလော။ (ခံထားရပါသည်။) ဤအဓိပ္ပာယ်အဆင့်ကို သင်တို့ ယခု မည်သို့နားလည်သနည်း။ သင့်ကို နေရာယူသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် သင့်ကို နေရာယူသည့်အရာ အတိအကျက မည်သည့်အရာနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်ပါ။) ယင်းမှာ ဘုရားသခင်၏ လမ်းခရီးနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်။ သမ္မာတရားက သင့်အသက်ဖြစ်လာပြီး နှုတ်ကပတ်တော်က သင့်အသက် ဖြစ်လာသည်။ ဤအချိန် လူသားထံတွင် ဘုရားသခင်ထံကလာသည့် အသက်ရှိ၏၊ သို့သော် အသက်သည် ဘုရားသခင်၏ အသက်ဖြစ်သည်ဟု ငါတို့မပြောနိုင်ပါ။ တစ်နည်းပြောရလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ လူသားက ရရှိသင့်သည့် အသက်သည် ဘုရားသခင်၏ အသက်ဖြစ်သည်ဟု ငါတို့မပြောနိုင်ပါ။ ထို့ကြောင့် လူသားက မည်မျှကြာကြာ ဘုရားသခင်နောက် လိုက်သည်ဖြစ်စေ ဘုရားသခင်ထံမှ နှုတ်ကပတ်တော် မည်မျှများများ ရရှိသည်ဖြစ်စေ လူသားသည် ဘယ်သောအခါမျှ ဘုရားသခင် ဖြစ်မလာနိုင်ပါ။ ယင်းသည် မှန်ပါ၏လော။ (မှန်ပါသည်။) အကယ်၍ တစ်နေ့တွင် ဘုရားသခင်က “သင့်နှလုံးသားကို ငါနေရာယူပြီးပြီ၊ သင့်အသက်ကို ယခု ငါပိုင်ဆိုင်ပြီ” ဟု ပြောလျှင် သင်က ဘုရားသခင်ဖြစ်သည်ဟု ခံစားရမည်လော။ (မခံစားရပါ။) သို့ဖြစ်လျှင် သင်အဘယ်အရာဖြစ်လာမည်နည်း။ ဘုရားသခင်ကို အကြွင်းမဲ့ နာခံခြင်း မရှိလာဘူးလော။ သင်၏ ခန္ဓာနှင့် သင်၏ နှလုံးသားက ဘုရားသခင် သင့်အပေါ် ချပေးသည့် အသက်နှင့် ပြည့်နေမည် မဟုတ်ဘူးလော။ ဘုရားသခင်က လူသား၏ နှလုံးသားကို နေရာယူလိုက်သည့်အခါ ဤအရာသည် အင်မတန်မှ သာမန်ဖြစ်သော သရုပ်သကန်ပင်ဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်၏။ ထို့ကြောင့် ယင်းကို ဤရှုထောင့်မှ ကြည့်မည်ဆိုလျှင် လူသားက ဘုရားသခင် ဖြစ်လာနိုင်သလော။ (မဖြစ်လာနိုင်ပါ။) လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးကို ရရှိပြီးသောအခါ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းသည့်အကျင့်ကို ရှောင်သည့်အခါ၊ ဘုရားသခင်၏ ဝိသေသလက္ခဏာကို ပိုင်ဆိုင်နိုင်သလော။ (မပိုင်ဆိုင်နိုင်ပါ။) လူသားက ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်နိုင်သလော။ (မပိုင်ဆိုင်နိုင်ပါ။) မည်သည့်အရာပဲဖြစ်နေဖြစ်နေ အားလုံးကို ပြောဆိုလုပ်ကိုင် ပြီးသွားသည့်အခါတွင် လူသားက လူသားအဖြစ် ရှိနေဆဲပင်ဖြစ်သည်။ သင်သည် အဖန်ဆင်းခံသတ္တဝါပင် ဖြစ်သည်။ ဘုရားသခင်ထံမှ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်လက်ခံရရှိခဲ့သောအခါနှင့် ဘုရားသခင်၏ လမ်းခရီးကို သင်လက်ခံရရှိခဲ့သည့်အခါ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ လာသော အသက်ကိုသာ ပိုင်ဆိုင်ရခြင်း ဖြစ်ပြီး သင်မည်သည့်အချိန်တွင်မျှ ဘုရားသခင် ဖြစ်မလာနိုင်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၄၄)

စာတန်၏ စုံစမ်းသွေးဆောင်ခြင်း

ရှင်မဿဲ ၄:၁-၄ ထိုအခါ မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေမည်အကြောင်း၊ ဝိညာဉ်တော်သည် ယေရှုကို တောသို့ ပို့ဆောင်တော်မူ၍၊ ယေရှုသည် အရက် လေးဆယ်ပတ်လုံး အစာအာဟာရကို မသုံးဆောင်ဘဲ နေပြီးမှ မွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။ ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။ ယေရှုကလည်း၊ လူသည် မုန့်အားဖြင့် အသက်ကိုမွေးရ မည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကို မွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။

ဤစကားများသည် စာတန်သည် သခင်ယေရှုကို ပထမဆုံး အကြိမ် စုံစမ်းသွေးဆောင်ရန် ကြိုးစားရာတွင် သုံးခဲ့သည့် စကားများဖြစ်သည်။ မာရ်နတ် ပြောဆိုခဲ့သည့် အကြောင်းအရာမှာ အဘယ်နည်း။ (“ကိုယ်တော်သည် ဘုရားသခင်၏ သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့် ရှိတော်မူပါ။”) မာရ်နတ် ပြောခဲ့သည့် ဤစကားများသည် အတော်ရိုးရှင်းသော်လည်း၊ ၎င်းတို့၏ အနှစ်သာရနှင့်ပတ်သက်၍ ပြဿနာရှိပါသလော။ မာန်နတ်က၊ “ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင်၊” ဟု ပြောခဲ့သည်၊ သို့သော်လည်း ၎င်း၏ စိတ်နှလုံးထဲတွင် ယေရှုသည် ဘုရားသခင်၏ သားတော် ဖြစ်သည်ကို သိခဲ့သလော၊ မသိခဲ့သလော။ သူသည် ခရစ်တော်ဖြစ်သည်ကို ၎င်းက သိခဲ့သလော၊ မသိခဲ့သလော။ (သိခဲ့ပါသည်။) သို့ဖြစ်လျှင် အဘယ်ကြောင့် ၎င်းသည်၊ “သားတော်မှန်လျှင်” ဟု ပြောသနည်း။ (၎င်းမှာ ဘုရားသခင်ကို စုံစမ်းသွေးဆောင်ရန် ကြိုးပမ်းနေခဲ့ခြင်း ဖြစ်ပါသည်။) သို့သော် ထိုသို့လုပ်ဆောင်ရာတွင် ၎င်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ “ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင်၊” ဟု ၎င်းကပြောခဲ့သည်။ ၎င်း၏ စိတ်နှလုံးတွင် ယေရှုခရစ်သည် ဘုရားသခင်၏ သားတော် ဖြစ်သည်ကို ၎င်းက သိခဲ့၏၊ ၎င်း၏ စိတ်နှလုံးတွင် ဤအရာနှင့် ပတ်သက်၍ အလွန်ရှင်းသည်၊ သို့သော် ဤအရာကို သိသော်လည်း ၎င်းသည် သူ့ကို နာခံခဲ့သလော သို့မဟုတ် ကိုးကွယ်ခဲ့သလော။ (မကိုးကွယ်ခဲ့ပါ။) ၎င်းက အဘယ်အရာကို လုပ်ဆောင်လိုခဲ့သနည်း။ ၎င်းက သခင်ယေရှုကို ဒေါသထွက်စေပြီးနောက် ၎င်း၏ ရည်ရွယ်ချက်များနှင့်အညီ ပြုမူစေရန် ဤနည်းလမ်းနှင့် ဤစကားများကို အသုံးပြုချင်ခဲ့သည်။ ဤသည်မှာ မာန်နတ်၏ စကားများ နောက်ကွယ်က အဓိပ္ပါယ် မဟုတ်ခဲ့ပါသလော။ စာတန်၏ စိတ်နှလုံးထဲတွင် ဤသည်မှာ သခင်ယေရှုခရစ်တော် ဖြစ်မှန်း ရှင်းလင်းစွာ သိခဲ့သော်လည်း မည်သို့ပင်ဖြစ်စေ ဤစကားများကို ပြောဆိုခဲ့သည်။ ဤသည်မှာ စာတန်၏ သဘာဝဖြစ်သည် မဟုတ်လော။ စာတန်၏ သဘာဝက အဘယ်အရာနည်း။ (လှည့်ဖြားရန်၊ ဆိုးယုတ်ရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိရန် ဖြစ်ပါသည်။) ဘုရားသခင်ကို ချစ်ကြောက်ရိုသေမှုမရှိခြင်းမှ မည်သည့် အကျိုးဆက်များ ပေါ်ပေါက်မည်နည်း။ ၎င်းသည် ဘုရားသခင်ကို တိုက်ခိုက်လိုခဲ့သည် မဟုတ်လော။ ၎င်းသည် ဘုရားသခင်ကို တိုက်ခိုက်ရန် ဤနည်းလမ်းကို အသုံးပြုချင်ခဲ့သောကြောင့်၊ “ကိုယ်တော်သည် ဘုရားသခင်၏ သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့် ရှိတော်မူပါ” ဟူ၍ ပြောခဲ့သည်။ ဤသည်မှာ စာတန်၏ ဆိုးယုတ်သော ရည်မှန်းချက် မဟုတ်သလော။ ၎င်းသည် အမှန်တကယ်တွင် အဘယ်အရာကို လုပ်ဆောင်ရန် ကြိုးပမ်း နေခဲ့သနည်း။ ၎င်း၏ရည်ရွယ်ချက်မှာ အလွန် သိသာထင်ရှား လှသည်။ ၎င်းသည် သခင်ယေရှု ခရစ်တော်၏ ရပ်တည်ချက်နှင့် ပင်ကိုလက္ခဏာကို ငြင်းပယ်ရန် ဤနည်းလမ်းကို အသုံးပြုဖို့ ကြိုးပမ်းနေခဲ့ခြင်းဖြစ်သည်။ ထိုစကားများဖြင့် စာတန် ဆိုလိုသည့် အရာမှာ၊ “သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်အဖြစ်သို့ ပြောင်းလိုက်ပါ။ သင်မလုပ် နိုင်ပါက သင်သည် ဘုရားသခင်၏သားတော် မဟုတ်၊ ထို့ကြောင့် သင်၏အမှုတော်ကို မဆောင်ရွက်သင့်တော့ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ထိုသို့ မဟုတ်လော။ ၎င်းသည် ဘုရားသခင်ကို တိုက်ခိုက်ရန် ဤနည်းလမ်းကို အသုံးပြုချင်ခဲ့သည်၊ ၎င်းသည် ဘုရားသခင်၏အမှုကို ဖြိုဖျက်ပြီး ဖျက်ဆီးချင်ခဲ့သည်။ ဤသည်မှာ ၎င်း၏ ယုတ်မာမှုဖြစ်သည်။ ၎င်း၏ ယုတ်မာမှုသည် ၎င်း၏ သဘာဝကို သဘာဝအတိုင်း ဖော်ပြခြင်း ဖြစ်ပါသည်။ သခင်ယေရှုခရစ်တော်သည် ဘုရားသခင်၏ သားတော်၊ ဘုရားသခင်ကိုယ်တော်တိုင်၏ တကယ့် လူ့ဇာတိခံယူခြင်း ဖြစ်သည်ကို ၎င်းက သိခဲ့သော်လည်း၊ ဘုရားသခင်ကို နောက်မှ ထပ်ကြပ် မကွာလိုက်ရင်း၊ ဘုရားသခင်ကို မရမကတိုက်ခိုက်ကာ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ရန်နှင့် တမင်ဖျက်ဆီးရန် လွန်စွာအားထုတ်လျက်၊ ဤသို့သောအရာကို ၎င်းမလုပ်ဆောင်ဘဲ မနေနိုင်ပေ။

ယခုတွင်၊ စာတန် ပြောဆိုခဲ့သည့်- “ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါ။” ဟူသည့် ဤစကားစုကို ဆန်းစစ် ကြည့်စို့။ ကျောက်ခဲကို ပေါင်မုန့်အဖြစ်သို့ ပြောင်းရန်- ဤအရာက အဓိပ္ပာယ်တစ်ခုခု ရှိသလော။ အစားအစာရှိလျှင် အဘယ်ကြောင့် မစားသနည်း။ အဘယ်ကြောင့် ကျောက်ခဲကို အစားအစာအဖြစ် ပြောင်းလဲရန် လိုသနည်း။ ဤတွင် အဓိပ္ပာယ် မရှိဟု ဆို၍ရသလော။ ထိုအချိန်က သခင်ယေရှုသည် အစာရှောင် နေခဲ့သော်လည်း သူသည် ဧကန်မုချ စားစရာ အစာရှိခဲ့သလော။ (ရှိခဲ့ပါသည်။) သို့ဆိုလျှင် ဤနေရာတွင် စာတန် စကားများ၏ ရယ်ဖွယ်ရာကောင်းခြင်းကို ငါတို့မြင်ရသည်။ စာတန်၏ သစ္စာမဲ့မှုနှင့် မလိုမုန်းထားစိတ်တို့အားလုံးအတွက် ငါတို့သည် ယင်း၏ ယုတ္တိမဲ့ခြင်းနှင့် ရယ်ဖွယ်ကောင်းခြင်းကို မြင်ရဆဲ ဖြစ်သည်။ ၎င်း၏ မလိုမုန်းထားသော သဘာဝကို သင်မြင်ရသည့် အမှုအရာများစွာကို စာတန်က လုပ်ဆောင်သည်။ ၎င်းသည် ဘုရားသခင်၏ အမှုကို ဖျက်ဆီးသည့်အရာများ လုပ်ဆောင် နေသည်ကို သင် တွေ့နိုင်ပြီး ဤအရာကို မြင်သည့်အခါ ၎င်းသည် မနှစ်သက်ဖွယ်ဖြစ်ကာ ဒေါသထွက်စရာ ကောင်းသည်ကို သင်မြင်ရသည်။ သို့ရာတွင် အခြားတစ်ဘက်၌ ၎င်း၏ စကားလုံးများနှင့် လုပ်ဆောင်မှုများနောက်ကွယ်က ကလေးဆန်ပြီး ရယ်ဖွယ်ရာဖြစ်သော သဘာဝကို သင်မတွေ့သလော။ ဤသည်မှာ စာတန်၏ သဘာဝနှင့် ပတ်သက်၍ ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်သည်။ ၎င်းသည် ထိုသို့သော သဘာဝရှိသည့်အတွက်၊ ထိုသို့သော အရာကို လုပ်ဆောင်လိမ့်မည်ဖြစ်သည်။ ယနေ့လူများအဖို့၊ ဤစကားစုသည် ယုတ္တိမရှိသကဲ့သို့ ရယ်ဖွယ်ရာ ဖြစ်သည်။ သို့ရာတွင် စာတန်သည် ထိုသို့သော စကားများကို ဧကန်အမှန် ပြောနိုင်စွမ်းရှိလေသည်။ ၎င်းကို မသိမနားလည်သောသူနှင့် အဓိပ္ပါယ်မရှိသောသူဟု ငါတို့ပြော၍ရပါသလော။ စာတန်၏ ဆိုးယုတ်မှုသည် နေရာတိုင်းတွင်ရှိပြီး အစဉ်မပြတ် ထုတ်ဖော်ပြခြင်း ခံရလျက် ရှိသည်။ ပြီးလျှင် သခင်ယေရှုက ယင်းကို မည်ကဲ့သို့ပြန်ဖြေ ခဲ့သနည်း။ (“လူသည် မုန့်အားဖြင့် အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကိုမွေးရမည်။”) ဤစကားလုံးများတွင် တန်ခိုး တစ်ခုတစ်လေ ရှိသလော။ (ရှိပါ၏။) ယင်းတို့တွင် တန်ခိုး ရှိသည်ဟု ငါတို့ အဘယ်ကြောင့် ပြောသနည်း။ အဘယ့်ကြောင့် ဆိုသော် ဤနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သောကြောင့် ဖြစ်သည်။ ကိုင်း၊ လူသည် ပေါင်မုန့်အားဖြင့်သာ အသက်ရှင်သလော။ သခင်ယေရှုသည် ရက် လေးဆယ်ပတ်လုံး အစာရှောင်ခဲ့သည်။ အစာငတ်ပြီး သူသေသွားသလော။ (မသေသွားပါ။) အစာငတ်ပြီး သူမသေပါ၊ ထို့ကြောင့် စာတန်က “ကိုယ်တော်သည် ကျောက်ခဲများကို အစာအဖြစ်ပြောင်းလဲလျှင် ကိုယ်တော့်တွင် စားစရာရှိမည်မဟုတ်လော။ သို့ဆိုလျှင် ကိုယ်တော်သည် အစာရှောင်ရန်မလို၊ ဆာလောင်မှုကို ခံနေရန် မလိုတော့မည် မဟုတ်လော။” ဟူသောအရာများကို ပြောဆိုခြင်းဖြင့် ကျောက်ခဲများကို အစာအဖြစ်ပြောင်းလဲစေရန် သူ့ကို တိုက်တွန်းလျက် ချဉ်းကပ်ခဲ့သည်။ သို့ရာတွင် ယေရှုက၊ “လူသည် မုန့်အားဖြင့် အသက်ကိုမွေးရမည်မဟုတ်၊” ဟု ပြောဆိုခဲ့သည်။ ဆိုလိုသည်မှာ လူသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တွင် အသက်ရှင်သော်လည်း သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ရှင်သန်ခွင့်၊ အသက်ရှုခွင့်ပေးသည်မှာ အစာ မဟုတ်ဘဲ ဘုရားသခင်၏နှုတ်က မိန့်မြွက်သော နှုတ်ကပတ်တော် တစ်ခွန်းစီတိုင်း ဖြစ်သည်။ တစ်ဘက်တွင်၊ ဤနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်၏။ ၎င်းတို့သည် လူတို့ကို ၎င်းတို့အနေဖြင့် ဘုရားသခင်အပေါ် မှီခိုနိုင်ပြီး ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု ခံစားစေလျက် ယုံကြည်ခြင်းပေးလေသည်။ အခြားတစ်ဘက်တွင်၊ ဤနှုတ်ကပတ်တော်များတွင် လက်တွေ့ကျသော ရှုထောင့် ရှိသလော။ သခင်ယေရှုသည် ရက် လေးဆယ်ပတ်လုံး အစာရှောင်ပြီးနောက် သူသည် မတ်တပ်ရပ်နေပြီး အသက်ရှင် နေဆဲ ဖြစ်သည်မဟုတ်လော။ ဤသည်မှာ စစ်မှန်သော သာဓက တစ်ခု မဟုတ်လော။ သူသည် မည်သည့် အစာကိုမျှ ရက် လေးဆယ်ပတ်လုံး မစားခဲ့ချေ၊ သို့သော်လည်း သူသည် အသက်ရှင်ဆဲဖြစ်ခဲ့သည်။ ဤသည်မှာ သူ၏ နှုတ်ကပတ်တော် နှင့်ဆိုင်သော သမ္မာတရားကို အတည်ပြုနေသည့် အားကောင်းသော သက်သေအထောက်အထား ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် ရိုးရှင်းသော်လည်း သခင်ယေရှုအတွက် စာတန်က သူ့ကို စုံစမ်းနှောင့်ယှက်သည့်အခါမှသာ ဤနှုတ်ကပတ်တော်များကို သူ‌ ပြောဆိုခဲ့သလော သို့တည်းမဟုတ် ၎င်းတို့သည် သူ၏ တစ်စိတ်တစ်ပိုင်း အလိုအလျောက် ဖြစ်နှင့်ကြသလော။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ ဘုရားသခင်သည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်သည် အသက်ဖြစ်သည်၊ သို့သော် ဘုရားသခင်၏ သမ္မာတရားနှင့် အသက်မှာ နောက်ပိုင်းတွင်မှ ဖြည့်စွက်ထားခြင်း ဖြစ်သလော။ နောက်ပိုင်း အတွေ့အကြုံမှ ပေါက်ဖွားလာခဲ့ကြခြင်း ဖြစ်သလော။ မဟုတ်ပေ- ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်တွင် မွေးရာပါဖြစ်သည်။ ဆိုလိုသည်မှာ သမ္မာတရား နှင့် အသက်သည် ဘုရားသခင်၏ အနှစ်သာရဖြစ်သည်။ သူ့အပေါ် မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ သူထုတ်ဖော်သမျှသည် သမ္မာတရား ဖြစ်၏။ သူ၏ စကားပါ အကြောင်းအရာက ရှည်သည်ဖြစ်စေ တိုသည်ဖြစ်စေ- ဤသမ္မာတရား၊ ဤနှုတ်ကပတ်တော်များသည် လူသားကို ရှင်သန်စေနိုင်ပြီး အသက်ပေးနိုင်သည်။ ၎င်းတို့သည် လူတို့ကို သမ္မာတရား ရရှိစေနိုင်ပြီး လူ့အသက်တာ လမ်းကြောင်းနှင့် ပတ်သက်၍ ကြည်လင်ပြတ်သားမှုကို ရရှိစေနိုင်ကာ ဘုရားသခင်၌ ယုံကြည်ခြင်း ရှိစေနိုင်သည်။ တစ်နည်းအားဖြင့်၊ ဤနှုတ်ကပတ်တော်များကို ဘုရားသခင် အသုံးပြုခြင်း၏ အရင်းအမြစ်မှာ အပြုသဘောဆောင်၏။ သို့ဖြစ်ရာ ဤအပြုသဘောဆောင်သော အရာသည် သန့်ရှင်းသည်ဟု ငါတို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) စာတန်၏ ထိုစကားများသည် စာတန်၏သဘာဝမှ လာသည်။ စာတန်သည် ၎င်း၏ ဆိုးယုတ်ပြီး မလိုမုန်းထားသည့် သဘာဝကို နေရာတိုင်းတွင် အစဉ်တစိုက် ထုတ်ဖော်ပြသည်။ ကိုင်း၊ ဤထုတ်ဖော်ပြချက်များကို စာတန်သည် အလိုအလျောက် ပြုသလော။ ဤအရာကို လုပ်ဆောင်ရန် ၎င်းကို တစ်ဦး တစ်ယောက်က လှုံ့ဆော်သလော။ တစ်ဦးတစ်ယောက်က ၎င်းကို ကူညီသလော။ တစ်ဦးတစ်ယောက်က ၎င်းကို အတင်းအကျပ် စေခိုင်းသလော။ (မစေခိုင်းပါ။) ဤထုတ်ဖော်ပြချက်အားလုံးကို ၎င်းသည် မိမိသဘောအလျောက် ပြုလုပ်ခြင်းဖြစ်သည်။ ဤသည်မှာ စာတန်၏ ဆိုးယုတ်သည့်သဘာဝ ဖြစ်သည်။ ဘုရားသခင်ပြုသည့် မည်သည့်အရာကို မဆို၊ ပြီးလျှင် ဘုရားသခင် မည်သို့ပြုသည်ဖြစ်စေ၊ စာတန်သည် နောက်မှ ထက်ကြပ် မကွာလိုက်သည်။ စာတန်ပြောပြီး လုပ်ဆောင်သည့် ဤအရာများ၏ အနှစ်သာရနှင့် စစ်မှန်သော သဘာဝမှာ စာတန်၏ အနှစ်သာရဖြစ်သည်- ဆိုးယုတ်ပြီး မလိုမုန်းထားသော အနှစ်သာရဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၄၅)

ရှင်မဿဲ ၄:၅-၇ ထိုအခါ မာရ်နတ်သည် ယေရှုကို သန့်ရှင်းသောမြို့တော်သို့ ဆောင်သွား၍ ဗိမာန်တော်၏ အထွတ်၌ တင်ထားပြီးလျှင်၊ ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အား သင့်အဘို့မှာထားတော်မူသည်ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှါ သူတို့သည်သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည် ဟုလာ၏။ ထို့ကြောင့် ဘုရားသခင်၏ သားတော်မှန်လျှင် ကိုယ်ကိုအောက်သို့ ချလိုက်တော်မူပါဟု လျှောက်လေ၏။ ယေရှုကလည်း သင်၏ ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစာလာပြန် သည်ဟု မိန့်တော်မူ၏။

ဤနေရာတွင် စာတန်ပြောဆိုခဲ့သည့် စကားများကို ပထမဦးစွာ ကြည့်ကြစို့။ “ဘုရားသခင်၏သားတော်မှန်လျှင်၊ ကိုယ်ကိုအောက်သို့ ချလိုက်တော်မူပါ၊” ဟု စာတန်က ပြောခဲ့ပြီးနောက် “ကောင်းကင်တမန်တို့အား သင့်အဘို့မှာ ထားတော်မူသည် ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှါ သူတို့သည် သင့်ကို လက်နှင့် မစချီပင့်ကြလိမ့်မည်” ဟူ၍ သမ္မာကျမ်းစာထဲမှ ကိုးကားခဲ့သည်။ စာတန်၏ စကားလုံးများကို ကြားသည့်အခါ သင်မည်သို့ ခံစားရသနည်း။ ၎င်းတို့သည် ကလေးကလားနိုင်လွန်းသည် မဟုတ်လော။ ယင်းတို့သည် ကလေးကလား နိုင်သည်၊ ရယ်ဖွယ်ရာကောင်းပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။ ငါ အဘယ်ကြောင့် ဤအရာကို ပြောသနည်း။ စာတန်သည် မကြာခဏ မိုက်မဲသော အရာများကို လုပ်ဆောင်ပြီး၊ ၎င်းကိုယ်၎င်း အလွန်တော်သည်ဟု ယုံသည်။ ၎င်းသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သော အစီအစဉ်ကို ဖျက်ဆီးခြင်းတည်းဟူသော ၎င်း၏ ရည်ရွယ်ချက်ကို ရရှိဖို့ ကြိုးပမ်းရာတွင် ဘုရားသခင်ကို တိုက်ခိုက်ရန်နှင့် သွေးဆောင်ဖြားယောင်းရန် ထိုနှုတ်ကပတ်တော်များကို ဘုရားသခင်အား ပံ့ပိုးရာမှ ဘုရားသခင်အား ဆန့်ကျင်ဖို့ ကြိုးစားရင်း- ဘုရားသခင် ပြောဆိုသည့် တကယ့် နှုတ်ကပတ်တော်များပင်ဖြစ်သည့် ကျမ်းစာကို မကြာခဏ ကိုးကား၏။ စာတန်ပြောသည့် ဤစကားများထဲတွင် တစ်ခုခုကို သင်မြင်နိုင်ပါသလော။ (ဆိုးယုတ်သည့် ရည်ရွယ်ချက်များကို စာတန် သိုထားပါသည်။) စာတန် ပြုလုပ်သမျှအားလုံးတွင်၊ ၎င်းသည် လူသားမျိုးနွယ်ကို သွေးဆောင်ရန် အစဉ်အမြဲ ကြိုးစားလေပြီ။ စာတန်သည် တည့်တည့်မပြောသော်လည်း၊ ဝေ့ဝိုက်သော နည်းလမ်းဖြင့် စုံစမ်းသွေးဆောင်ခြင်း၊ လှည့်ဖြားမှုနှင့် ဖြားယောင်းမှုတို့ကို အသုံးပြုနေပေသည်။ စာတန်က ဘုရားသခင်သည်လည်း မသိနားမလည်ကာ၊ မိုက်မဲပြီး၊ လူက မလုပ်နိုင်သည့်အတိုင်း အမှုအရာများ၏ စစ်မှန်သော သွင်ပြင်ကို ဘုရားသခင်ကလည်း ရှင်းလင်းစွာ မခွဲခြားနိုင်ဟု ယုံကြည်လျက်၊ ၎င်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့်သက်ဆိုင်၍ ဘုရားသခင်ကို သာမန် လူသားတစ်ယောက်ဖြစ်သည့်အလား ချဉ်းကပ်လေသည်။ ဘုရားသခင်နှင့် လူသားတို့နှစ်ဦးလုံးသည် အလားတူစွာ ၎င်း၏ အနှစ်သာရ၊ ၎င်း၏ လှည့်ဖြားမှုနှင့် အန္တရာယ်ပေးနိုင်သော ရည်ရွယ်ချက်တို့ကို မရိပ်မိနိုင်ဟု စာတန်က တွေးထင်သည်။ ဤသည်မှာ စာတန်၏ မိုက်မဲမှု ဖြစ်သည် မဟုတ်လော။ ထို့အပြင်၊ စာတန်သည် သမ္မာကျမ်းစာမှ ဗြောင်ကျကျ ကိုးကားသည်။ ထိုသို့လုပ်ခြင်းက အများ ယုံကြည်မှုကို ရရှိစေပြီး၊ သင်သည် ၎င်း၏ စကားများထဲတွင် အမှားအယွင်းတစ်ခုတစ်လေ ဖော်ထုတ် နိုင်မည်မဟုတ် သို့မဟုတ် အရူးလုပ်ခံရခြင်းကို ရှောင်လွှဲနိုင်မည် မဟုတ်ဟု ၎င်းကထင်သည်။ ဤသည်မှာ စာတန်၏ ရယ်ဖွယ်ရာကောင်းပြီး ကလေးကလားဆန်ခြင်း မဟုတ်လော။ ဤသည်မှာ လူတို့က ဧဝံဂေလိတရားကို ဖြန့်ဝေပြီး ဘုရားသခင်ကို သက်သေခံသည့်အခါကဲ့သို့ပင် ဖြစ်သည်- မယုံကြည်သူများက စာတန် ပြောခဲ့သည့်အရာနှင့် အလားတူသော အရာတစ်စုံတစ်ခုကို တစ်ခါတစ်ရံ ပြောကြလိမ့်မည်မဟုတ်လော။ လူတို့က အလားတူသောအရာ တစ်စုံတစ်ခုပြောသည်ကို သင်တို့ ကြားဖူး ကြသလော။ ထိုသို့သော အရာများကို ကြားသောအခါ သင်တို့ မည်သို့ခံစားရသနည်း။ စက်ဆုပ်ရွံရှာသလော။ (ရွံရှာပါသည်။) သင်တို့စက်ဆုပ်ရွံရှာသည့်အခါ မနှစ်သက်ခြင်းနှင့် မုန်းတီးခြင်း ကိုလည်း ခံစားရသလော။ ဤခံစားချက်များကို သင်တို့ ရှိသည့်အခါ သင်တို့သည် စာတန်နှင့် လူသားထဲတွင် စာတန် လုပ်ဆောင်သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဆိုးယုတ်သည်ကို သတိပြုမိနိုင်သလော။ သင်တို့၏ စိတ်နှလုံးများ ထဲတွင်၊ သင်တို့သည် ဤနားလည်ခြင်း ရှိဖူးသလော- “စာတန် စကားပြောသည့်အခါ၊ ၎င်းသည် တိုက်ခိုက်မှုနှင့် စုံစမ်းသွေးဆောင်မှုအဖြစ် ပြောလေသည်- စာတန်၏ စကားများသည် အဓိပ္ပာယ်မဲ့သည်၊ ရယ်ဖွယ်ရာကောင်းသည်၊ ကလေးကလားဆန်ပြီး စက်ဆုပ် ရွံရှာဖွယ်ကောင်းလေသည်။ သို့ရာတွင် ဘုရားသခင်သည် ထိုသို့သောနည်းဖြင့် ဘယ်သောအခါမျှ မပြောဆို၊ မလုပ်ဆောင်သကဲ့သို့ ဧကန်အမှန် ထိုသို့ လုံးဝ မလုပ်ဆောင်ဖူးပေ။” ဟုတ်ပေသည်၊ ဤအခြေအနေတွင် လူတို့သည် ထိုအရာကို ယဲ့ယဲ့မျှသာ ခံစားနိုင်ပြီး ဘုရားသခင်၏ သန့်ရှင်းခြင်းကို သဘောမပေါက်နိုင်မြဲရှိလေသည်။ ထိုသို့ ဖြစ်သည်မဟုတ်လော။ သင်တို့၏ ယခု ဝိညာဉ်အသက်တာဖြင့်၊ သင်တို့သည်- “ဘုရားသခင် ပြောသမျှတိုင်းသည် သမ္မာတရား ဖြစ်၏၊ ကျွန်ုပ်တို့အတွက် အကျိုးရှိပြီး ကျွန်ုပ်တို့ လက်ခံရမည်” ဟု ခံစားရုံမျှ ခံစားရသည်။ သင်သည် ဤအရာကို လက်ခံ နိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု ခြွင်းချက်မရှိ သင်ပြောသည်၊ သို့ရာတွင် သမ္မာတရားကိုယ်၌က သန့်ရှင်းပြီး ဘုရားသခင် သန့်ရှင်းသည်ကို သင်မသိပေ။

သို့ဆိုလျှင်၊ စာတန်၏ဤစကားများကို ယေရှု၏ တုံ့ပြန်ချက်မှာ အဘယ်နည်း။ “ယေရှုကလည်း သင်၏ ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်း မပြုရဟု ကျမ်းစာလာပြန်သည်ဟု မိန့်တော်မူ၏။” ယေရှု ပြောသော ဤစကားများတွင် သမ္မာတရား ရှိသလော။ (ရှိပါသည်။) ၎င်းတို့တွင် သမ္မာတရား ရှိသည်။ အပေါ်ယံတွင်၊ ဤစကားများသည် လူတို့အတွက် လိုက်နာရမည့် ပညတ်ချက်တစ်ခု၊ ရိုးရှင်းသော စကားစု တစ်ခု ဖြစ်စေကာမူ လူသားနှင့် စာတန် နှစ်ဦးလုံးက ဤစကားများကို မကြာခဏ ပြစ်မှားစော်ကားကြပြီး ဖြစ်သည်။ သို့ဖြစ်ရာ သခင်ယေရှုက စာတန်ကို၊ “သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်း မပြုရ၊” ဟု ဆိုခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ယင်းမှာ စာတန် မကြာခဏ လုပ်သောအရာဖြစ်ပြီး ၎င်းသည် ထိုသို့လုပ်ရန် အလုံးစုံ ကြိုးပမ်း အားထုတ်သည်။ စာတန်သည် မျက်နှာပြောင်တိုက်၍ အရှက်မရှိ ထိုသို့ လုပ်သည်ဟုပင် ပြောနိုင်သည်။ ဘုရားသခင်ကို မကြောက်ရွံ့ရန်နှင့် ၎င်း၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိဖို့မှာ စာတန်၏ အခြေခံ သဘောသဘာဝဖြစ်သည်။ စာတန်သည် ဘုရားသခင်၏ နံဘေးတွင်ရပ်တည်ပြီး သူ့ကို မြင်တွေ့နိုင်သည့်အချိန်တွင်ပင် စာတန်သည် ဘုရားသခင်ကို သွေးဆောင်ဖြားယောင်းခြင်း မပြုဘဲမနေနိုင်ခဲ့ပေ။ ထို့ကြောင့် သခင်ယေရှုက စာတန်ကို၊ “သင်၏ဘုရားသခင် ထာဝရ ဘုရားကို သင်သည် အစုံအစမ်းမပြုရ။” ဟု ဆိုခဲ့သည်။ ဤအရာများသည် ဘုရားသခင်က စာတန်ကို မကြာခဏ ပြောပြီးဖြစ်သည့် စကားများ ဖြစ်သည်။ ထို့ကြောင့်၊ မျက်မှောက်ခေတ်တွင် ဤစကားစုကို သုံးစွဲရန် သင့်တော်ပါသလော။ (သင့်တော်ပါသည်၊ ကျွန်ုပ်တို့ သည်လည်း ဘုရားသခင်ကို မကြာခဏ သွေးဆောင် ဖြားယောင်းသည့်အတွက် ဖြစ်သည်။) အဘယ်ကြောင့် လူတို့သည် ဘုရားသခင်ကို မကြာခဏ စုံစမ်းသွေးဆောင် ပါသနည်း။ ယင်းမှာ လူတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားနှင့် ပြည့်နေကြသောကြောင့် ဖြစ်သလော။ (ဟုတ်ပါသည်။) ထို့ကြောင့် အထက်က စာတန်၏ စကားများသည် လူတို့ မကြာခဏ ပြောသည့်အရာ တစ်ခုလော။ ပြီးလျှင် မည်သည့် အခြေအနေများတွင် ဤစကားများကို လူတို့ ပြောကြသနည်း။ လူတို့သည် ဤသို့သော အရာများကို မည်သည့်အချိန် မည်သည့် နေရာတွင်မဆို ပြောဆိုနေကြပြီး ဖြစ်သည်ဟု ဆိုနိုင်သည်။ လူတို့၏ စိတ်သဘောထားသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ကွဲပြားခြားနားမှုမရှိသည်ကို ဤအရာက သက်သေပြသည်။ သခင်ယေရှုသည် သမ္မာတရားကို ကိုယ်စားပြုသော နှုတ်ကပတ်တော်များ၊ လူတို့လိုအပ်သည့် နှုတ်ကပတ်တော်များ ဖြစ်သည့် ရိုးရှင်းသော နှုတ်ကပတ်တော်အနည်းငယ်ကို ပြောသည်။ သို့ရာတွင် ဤအခြေအနေ၌ သခင်ယေရှုသည် စာတန်နှင့် ငြင်းခုန်ဖို့ ထိုသို့သောနည်းလမ်းဖြင့် ပြောဆိုခဲ့ခြင်းလော။ စာတန်ကို သူပြောခဲ့သည့် အထဲတွင် ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းသောအရာ တစ်စုံတစ်ရာ ပါဝင်သလော။ (မပါဝင်ပါ။) စာတန်၏ ဖြားယောင်းသွေးဆောင်မှုကို သူ၏စိတ်နှလုံးတွင် သခင်ယေရှုက မည်သို့ ခံစားခဲ့သနည်း။ သူသည် စက်ဆုပ်ခြင်းနှင့် အော့နှလုံးနာခြင်းတို့ကို ခံစားခဲ့ရသလော။ (ခံစားခဲ့ရပါသည်။) သခင်ယေရှုသည် အော့နှလုံးနာမှုနှင့် စက်ဆုပ်ရွံမုန်းမှုကို ခံစားခဲ့ရပါသည်၊ သို့သော် သူသည် စာတန်နှင့် မငြင်းခုန်ခဲ့သကဲ့သို့၊ ကြီးကျယ်သော အခြေခံသဘောတရားများ တစ်ခုတစ်လေကို ပို၍ပင် သူမပြောဆိုခဲ့ချေ။ အဘယ်ကြောင့်နည်း။ (အဘယ်ကြောင့်ဆိုသော စာတန်သည် အစဉ်အမြဲ ဤကဲ့သို့ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းသည် မည်သည့်အခါမျှ မပြောင်းလဲနိုင်ပါ။) စာတန်သည် ကျိုးကြောင်းဆင်ခြင်၍ မရနိုင်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဘုရားသခင်သည် သမ္မာတရား ဖြစ်သည်ဟု စာတန်က အသိအမှတ်ပြုနိုင်သလော။ ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု စာတန်သည် မည်သည့်အခါတွင်မျှ အသိအမှတ်ပြုမည် မဟုတ်သကဲ့သို့ ဘုရားသခင်သည် သမ္မာတရား ဖြစ်သည်ဟု မည်သည့်အခါမျှ ဝန်ခံမည် မဟုတ်ပေ။ ဤသည်မှာ ၎င်း၏ သဘာဝဖြစ်သည်။ စာတန်၏ သဘာဝတွင် စက်ဆုပ်ဖွယ်သော နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခု ရှိသေး၏။ ထိုအရာမှာ အဘယ်နည်း။ သခင်ယေရှုကို ဖြားယောင်းသွေးဆောင်ရန် ၎င်း၏ ကြိုးပမ်းမှုများတွင်၊ ၎င်းက မအောင်မြင်လျှင်ပင်၊ မည်သို့ပင်ဖြစ်စေ ၎င်းသည် ထိုသို့ လုပ်ဆောင်ဖို့ ကြိုးစားဦးမည်ဟု စာတန်က တွေးခဲ့သည်။ ၎င်းသည် အပြစ်ဒဏ်ပေးခံရမည်ဖြစ်သော်လည်းဘဲ၊ မည်သို့ပင်ဖြစ်စေ ကြိုးစားဖို့ ရွေးချယ်ခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် မည်သည့်အကျိုးကျေးဇူးမျှ မရရှိသည့်တိုင် အဆုံးတိုင်သို့ တိုင်အောင် ၎င်း၏ အားထုတ်မှုများနှင့် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်ခြင်းတွင် မရမကဆက်လုပ်လျက် မည်သို့ပင်ဖြစ်စေ ၎င်းက လုပ်ဆောင်မည်ဖြစ်သည်။ ဤသည်မှာ မည်သည့် သဘာဝမျိုးဖြစ်သနည်း။ ဆိုးယုတ်သည် မဟုတ်လော။ ဘုရားသခင်အကြောင်း ထုတ်ဖော်ပြောဆိုသောအခါ လူတစ်ဦးသည် ဒေါသထွက်ပြီး ဒေါသူပုန်ထပါက၊ သူသည် ဘုရားသခင်ကို မြင်ဖူးပြီလော။ ဘုရားသခင် အဘယ်သူဖြစ်သည်ကို ၎င်းက သိပါသလော။ ဘုရားသခင် မည်သူမည်ဝါဖြစ်သည်ကို သူမသိပေ၊ ဘုရားသခင်ကို မယုံကြည်သကဲ့သို့၊ ဘုရားသခင်သည် သူ့ကို စကားပြောဆိုဖူးခြင်း မရှိပေ။ ဘုရားသခင်က သူ့ကို မည်သည့်အခါမျှ မနှောင့်ယှက်ဖူးချေ၊ ထို့ကြောင့် သူသည် အဘယ်ကြောင့် ဒေါသဖြစ်ရမည်နည်း။ လောကီ ရေပန်းစားမှုများ၊ အစားအသောက်နှင့် ကာမဂုဏ်လိုက်စားခြင်း၊ ကျော်ကြားသောသူများနောက်လိုက်ခြင်း- ဤအရာများထဲမှ မည်သည့်အရာကမျှ ထိုသို့သောလူတစ်ယောက်ကို အနှောင့်အယှက် မပေးပေ။ သို့သော် “ဘုရားသခင်” သို့မဟုတ် “ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရား” ဆိုသည့် စကား တစ်ခွန်းကို ပြောဆိုသည်နှင့် သူသည် ဒေါသူပုန်ထ လေတော့သည်။ ဤသည်မှာ ဆိုးယုတ်သော သဘာဝတစ်ခု ရှိခြင်း ဖြစ်သည်မဟုတ်လော။ ဤသည်မှာ လူသား၏ ဆိုးယုတ်သည့် သဘာဝဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ ကိုင်း၊ မိမိအတွက် ပြောဆိုသည့်အခါ၊ သမ္မာတရားကို ပြောဆိုသောအခါ သို့မဟုတ် လူသားမျိုးနွယ် နှင့်ဆိုင်သော ဘုရားသခင်၏ စမ်းသပ်ခြင်းများ သို့မဟုတ် လူသားကို တရားစီရင်ခြင်း နှင့်ဆိုင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုသောအခါ၊ သင်တို့သည် မနှစ်သက်မှုခံစားရ၏။ အော့နှလုံးနာမှုကို ခံစားရပြီး ထိုသို့သောအရာများကို သင်တို့ မကြားချင်ကြသည့် အချိန်များ ရှိသည် မဟုတ်လော။ သင်၏ စိတ်နှလုံးက၊ “ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု လူအားလုံးက ပြောကြသည် မဟုတ်လော။ ဤစကား အချို့တို့သည် သမ္မာတရားမဟုတ်ပါ၊ ၎င်းတို့သည် လူသားအပေါ် ဆုံးမခြင်းနှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ဖြစ်သည်မှာ သိသာ ထင်ရှားသည်။” ဟု စဉ်းစားကောင်း စဉ်းစားနိုင်သည်။ အချို့သော လူတို့က ၎င်းတို့၏ စိတ်နှလုံးထဲတွင် အားကောင်းသော မနှစ်သက်မှုတစ်ခုကို ခံစားရနိုင်ပြီး၊ “ဤအရာကို နေ့စဉ် ပြောဆိုသည်- သူ၏ စမ်းသပ်မှု၊ သူ၏ တရားစီရင်ခြင်း၊ မည်သည့်အချိန်တွင် အဆုံးသတ် မည်နည်း။ ကောင်းမွန်သော ခရီးပန်းတိုင်ကို မည်သည့် အချိန်တွင် ငါတို့ ရရှိမည်နည်း” ဟု တွေးကြသည်။ မလျော်ကန်သော ဤဒေါသသည် အဘယ်နေရာမှ လာသည်ကို မသိရပေ။ ဤသည်မှာ မည်သည့် သဘာဝ ဖြစ်သနည်း။ (ဆိုးယုတ်သည့် သဘာဝဖြစ်ပါသည်။) စာတန်၏ ဆိုးယုတ်သည့် သဘာဝက ယင်းကို ညွှန်ကြားပေးပြီး လမ်းပြသည်။ ဘုရားသခင်၏ ရှုထောင့်မှ၊ စာတန်၏ ဆိုးယုတ်သည့် သဘာဝ၊ ပြီးလျှင် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်စပ်လျဉ်း၍ ဘုရားသခင်သည် လူများနှင့် မည်သည့်အခါမျှ မငြင်းခုန် သို့မဟုတ် အာဃာတမထားသကဲ့သို့၊ လူများက မိုက်မဲစွာ ပြုမူသည့်အခါ သူသည် မည်သည့်အခါမျှ ရေးကြီးခွင်ကျယ် လုပ်လေ့မရှိပေ။ လူသားနှင့်ပတ်သက်၍ အမှုအရာများ ပေါ်တွင် ဘုရားသခင်သည် အလားတူ အမြင်မျိုးများ ကိုင်စွဲထားသည်ကို သင် မည်သည့်အခါတွင်မျှ တွေ့ရ လိမ့်မည်မဟုတ်သည့်အပြင် ကိစ္စရပ်များကို ကိုင်တွယ်ရန် လူသားမျိုးနွယ်၏ ရှုထောင့်အမြင်များ၊ အသိပညာ၊ သိပ္ပံပညာ၊ အတွေးအခေါ် သို့မဟုတ် စိတ်ကူးများကို သူအသုံးပြုသည်ကို တွေ့ရလိမ့်မည်မဟုတ်။ ယင်းထက် ဘုရားသခင် လုပ်ဆောင်သမျှတိုင်းနှင့် သူထုတ်ဖော် ပြသမျှတိုင်းသည် သမ္မာတရားနှင့် ဆက်စပ် နေသည်။ ဆိုလိုသည်မှာ၊ သူပြောခဲ့သော နှုတ်ကပတ်တော်တိုင်းနှင့် သူလုပ်ဆောင်ခဲ့သော လုပ်ဆောင်ချက်တိုင်းသည် သမ္မာတရားနှင့် စပ်ဆိုင်သည်။ ဤသမ္မာတရားသည် အခြေအမြစ်မရှိသော စိတ်ကူးအချို့၏ ရလဒ်မဟုတ်ပေ။ ဤသမ္မာတရားနှင့် ဤနှုတ်ကပတ်တော်များကို ဘုရားသခင်က သူ၏ အနှစ်သာရနှင့် သူ၏ အသက်တို့ကို အကြောင်းပြု၍ ဖော်ပြထားခြင်းဖြစ်သည်။ ဤနှုတ်ကပတ်တော်များနှင့် ဘုရားသခင် လုပ်ဆောင်ခဲ့သမျှ အရာခပ်သိမ်း၏ အနှစ်သာရသည် သမ္မာတရား ဖြစ်သောကြောင့်၊ ဘုရားသခင်၏ အနှစ်သာရသည် သန့်ရှင်းသည်ဟု ငါတို့ပြောနိုင်သည်။ တစ်နည်းအားဖြင့် ဆိုသော်၊ ဘုရားသခင် ပြောဆို၊ လုပ်ဆောင်သမျှ အရာခပ်သိမ်းတို့သည် လူတို့ထံ အသက်ပါခြင်းနှင့် အလင်းကို ယူဆောင်လာပေးသည်၊ လူတို့ကို အပြုသဘောဆောင်သော အရာများနှင့် ထိုအပြုသဘောဆောင်သော အရာများ၏ စစ်မှန်မှုကို မြင်ခွင့်ပေးပြီး ၎င်းတို့အနေဖြင့် မှန်ကန်သော လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့အလို့ငှာ လူသားမျိုးနွယ်အတွက် လမ်းညွှန်ပေးသည်။ ဤအရာအားလုံးကို ဘုရားသခင်၏ အနှစ်သာရနှင့် သူ၏ သန့်ရှင်းခြင်းနှင့်ဆိုင်သော အနှစ်သာရတို့က သတ်မှတ် ထားခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၄၆)

ရှင်မဿဲ ၄:၈-၁၁ တဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ စည်းစိမ်ကို၎င်း ပြညွှန်၍၊ ကိုယ်တော်သည် ငါ့ကို ညွတ်ပြပ် ကိုးကွယ်လျှင် ယခု ပြလေသမျှတို့ကို ငါပေးမည်ဟု ဆိုလေ၏။ ယေရှုကလည်း အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ် ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာ လာသည်ဟု မိန့်တော်မူ၏။ ထိုအခါ မာရ်နတ်သည် အထံတော်မှထွက်သွား၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ်ကျွေးကြ၏။

စာတန် မာရ်နတ်သည် ၎င်း၏ ယခင်နှစ်ကြိမ် လှည့်ဖြားခြင်းများ မအောင်မြင်သောကြောင့် နောက်တစ်ကြိမ် ထပ်ကြိုးစားခဲ့သေးသည်။ ၎င်းက ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံများ အားလုံးနှင့် ထိုတိုင်းနိုင်ငံတို့၏ ကြွယ်ဝချမ်းသာမှုကို သခင်ယေရှုအားပြပြီး ၎င်းကို ကိုးကွယ်ခိုင်းသည်။ ဤအခြေအနေမှ မာရ်နတ်၏ အင်္ဂါရပ်အစစ်အမှန်များ နှင့်ပတ်သက်၍ မည်သည့်အရာကို သင်မြင်ရသနည်း။ စာတန်မာရ်နတ်သည် လုံးဝ အရှက်မဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းသည် အဘယ်သို့ အရှက်မဲ့သနည်း။ အရာခပ်သိမ်းကို ဘုရားသခင်က ဖန်ဆင်းခဲ့သည့်တိုင် စာတန်က ပြောင်းပြန်လှည့်ပြီး၊ “ဤတိုင်းနိုင်ငံ အားလုံးတို့၏ ဘုန်းစည်းစိမ်တို့ကို ကြည့်ပါ၊ ကိုယ်တော်သည် ငါ့ကိုညွတ်ပြပ် ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်။” ဟု ပြောရင်း ဘုရားသခင်ကို အရာခပ်သိမ်း ပြသခဲ့သည်။ ဤသည်မှာ အခန်းကဏ္ဍ လုံးဝ ပြောင်းပြန်ဖြစ်နေခြင်း မဟုတ်လော။ စာတန်သည် အရှက်မဲ့သည် မဟုတ်လော။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ သို့သော် သူ၏ ပျော်ရွှင်မှုအတွက် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သလော။ သူသည် အရာခပ်သိမ်းကို လူသားမျိုးနွယ်အား ပေးခဲ့သည်၊ သို့သော် စာတန်သည် ထိုအရာအားလုံးကို သိမ်းပိုက်လိုခဲ့ပြီး၊ ထိုအရာအားလုံးကို သိမ်းပိုက်ထားပြီးနောက်၊ ဘုရားသခင်ကို၊ “ငါ့ကို ကိုးကွယ်လော့။ ငါ့ကို ကိုးကွယ်ပါက ဤအရာအားလုံးကို သင့်အား ငါပေးမည်။” ဟု ပြောခဲ့လေသည်။ ဤသည်မှာ စာတန်၏ အကျည်းတန်သော သွင်ပြင်ဖြစ်သည်။ ၎င်းသည် လုံးဝ အရှက်ကင်းမဲ့သည် မဟုတ်လော။ စာတန်သည် “အရှက်” ဟူသော စကား၏ အဓိပ္ပာယ်ကိုပင် မသိပေ။ ဤသည်မှာ ၎င်း၏ ဆိုးယုတ်ခြင်းနှင့်ဆိုင်သော နောက်ထပ် နမူနာဖြစ်သည်။ ၎င်းသည် အရှက်ဟူသည့်အရာကိုပင် မသိပေ။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းအပေါ် စီမံခန့်ခွဲကာ အုပ်စိုးသည်ကို စာတန်က ရှင်းရှင်းလင်းလင်း သိ၏။ အရာခပ်သိမ်းသည် လူသားနှင့် သက်ဆိုင်ခြင်းမရှိသကဲ့သို့ စာတန်နှင့် သာ၍မသက်ဆိုင်ဘဲ ဘုရားသခင်နှင့် သက်ဆိုင် ပေသည်၊ သို့သော် စာတန်မာရ်နတ်သည် အရာခပ်သိမ်းကို ဘုရားသခင်အား ပေးမည်ဟု အရှက်မရှိ ပြောခဲ့၏။ ဤသည်မှာ စာတန်က အဓိပ္ပာယ်ကင်းမဲ့ပြီး အရှက်မဲ့စွာ နောက်တစ်ဖန် လုပ်ဆောင်ခြင်းနှင့်ဆိုင်သော နောက်ထပ် ဥပမာတစ်ခု ဖြစ်သည် မဟုတ်လော။ ဤအရာက ဘုရားသခင်အား စာတန်ကို သာ၍ မုန်းတီးဖို့ ဖြစ်စေသည်၊ မဟုတ်လော။ သို့သော် စာတန်သည် မည်သည့်အရာကို ကြိုးစားသည်ဖြစ်စေ သခင်ယေရှုသည် လှည့်စားခံခဲ့ရသလော။ သခင်ယေရှုက မည်သည့်အရာ ပြောခဲ့သနည်း။ (“သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ် ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။”) ဤနှုတ်ကပတ်တော်များတွင် လက်တွေ့ကျသော အဓိပ္ပာယ် ရှိသလော။ (ရှိပါသည်။) မည်သည့် လက်တွေ့ကျသော အဓိပ္ပာယ်မျိုးနည်း။ စာတန်၏ပြောဆိုချက်တွင် ၎င်း၏ ဆိုးယုတ်မှုနှင့် အရှက်ကင်းမဲ့မှုကို ငါတို့တွေ့ရသည်။ ထို့ကြောင့် လူသားသည် စာတန်ကို ကိုးကွယ်လျှင် ရလဒ်မှာ အဘယ်အရာဖြစ်မည်နည်း။ သူတို့သည် တိုင်းနိုင်ငံများအားလုံး၏ ကြွယ်ဝချမ်းသာခြင်းနှင့် ဘုန်းစည်းစိမ်တို့ကို ရရှိမည်လော။ (ရရှိမည် မဟုတ်ပါ။) သူတို့ မည်သည့်အရာ ရကြမည်နည်း။ လူသားမျိုးနွယ်သည် စာတန်ကဲ့သို့ အရှက်မဲ့ကာ လှောင်ပြောင်ဖွယ်ဖြစ်လာလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအခါ ၎င်းတို့သည် စာတန်နှင့် မခြားနားဘဲ ဖြစ်လိမ့်မည်။ ထို့ကြောင့် သခင်ယေရှုသည် လူသားတစ်ဦးချင်းစီတိုင်းအတွက် အရေးကြီးသော ဤနှုတ်ကပတ်တော်များကို ပြောခဲ့ခြင်းဖြစ်သည်- “သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်၊ ထိုဘုရားသခင်ကိုသာ အစေခံရမည်။” ဆိုလိုသည်မှာ သခင့်အတွက်မှ လွဲ၍၊ ဘုရားသခင်ကိုယ်တော်တိုင်အတွက်မှလွဲ၍ အခြားသူကို သင်အစေခံလျှင်၊ စာတန်မာရ်နတ်ကို သင်ကိုးကွယ်လျှင်၊ သင်သည် စာတန်နည်းတူ အညစ်အကြေးတွင် လူးလိမ့်ပျော်မြူးနေခြင်းဖြစ်မည်။ ထိုအခါ သင်သည် စာတန်၏ အရှက်မဲ့ခြင်းနှင့် ၎င်း၏ ဆိုးယုတ်ခြင်းတို့ကို ဝေမျှခံစားလိမ့်မည် ဖြစ်ပြီး၊ စာတန်ကဲ့သို့ပင် သင်သည် ဘုရားသခင်ကို ဖြားယောင်း သွေးဆောင်ကာ တိုက်ခိုက်လိမ့်မည်။ ထိုအခါတွင် သင့်အတွက် နိဂုံးသည် မည်သည့်အရာ ဖြစ်မည်နည်း။ သင်သည် ဘုရားသခင်၏ စက်ဆုပ်ခြင်းကို ခံရမည်၊ ဘုရားသခင်၏ ရိုက်ချခြင်းကို ခံရမည်၊ ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံရမည်။ စာတန်သည် သခင်ယေရှုကို အောင်မြင်ခြင်းမရှိဘဲ အကြိမ်ကြိမ် ဖြားယောင်း သွေးဆောင်ပြီးနောက်တွင် နောက်တစ်ကြိမ် ကြိုးစားခဲ့သလော။ စာတန်သည် နောက်တစ်ကြိမ် မကြိုးစားတော့ဘဲ ထွက်ခွာသွားခဲ့သည်။ ဤအရာက အဘယ်အရာကို သက်သေပြ သနည်း။ ယင်းမှာ စာတန်၏ ဆိုးယုတ်သောသဘာဝ၊ ၎င်း၏ မလိုတမာစိတ်၊ ရယ်ဖွယ်ကောင်းမှုနှင့် ယုတ္တိမရှိခြင်းတို့သည် ဘုရားသခင်ရှေ့မှောက်တွင် ဖော်ပြရန် မထိုက်တန်သည်ကို သက်သေပြသည်။ သခင်ယေရှုက စာတန်ကို ဝါကျသုံးကြောင်း ဖြင့်သာ အနိုင်ယူခဲ့သည်။ ထို့နောက်တွင် ၎င်းသည် အမြီးကုတ်၍ ၎င်း၏မျက်နှာပြရန် အလွန်ရှက်လျက် သုတ်သုတ်ပျာပျာ ပြေးထွက်သွားခဲ့ပြီး၊ သခင်ယေရှုကို နောက်တစ်ကြိမ် လုံးဝ ဖြားယောင်းသွေးဆောင်ခြင်း မပြုတော့ပေ။ သခင်ယေရှုသည် စာတန်၏ ဤသွေးဆောင်ဖြားယောင်းခြင်းကို အနိုင်ယူခဲ့ပြီး ဖြစ်သည့်အတွက်၊ သူသည် သူ လုပ်ဆောင်ရမည့်အမှုနှင့် သူ၏ရှေ့မှောက်၌ ချခင်းထားသော အမှုကို ယခု အလွယ်တကူ ဆက်လုပ်ဆောင်နိုင်ခဲ့သည်။ ဤအခြေအနေတွင် သခင်ယေရှု ပြောဆို လုပ်ဆောင်ခဲ့သော အရာအားလုံးသည် မျက်မှောက်ခေတ် အဖို့ အသုံးပြုမည်ဆိုပါက လူတိုင်းအတွက် လက်တွေ့ကျသော အဓိပ္ပာယ် တစ်ခုတစ်လေ ရှိသလော။ (ရှိပါသည်။) မည်သို့သော လက်တွေ့အဓိပ္ပာယ် ဖြစ်သနည်း။ စာတန်ကို အနိုင်ယူခြင်းမှာ လုပ်ဆောင်ရန် လွယ်ကူသော အရာဖြစ်သလော။ စာတန်၏ ဆိုးယုတ်သော သဘာဝနှင့်သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုကို လူတို့ ရှိရမည်လော။ စာတန်၏ သွေးဆောင်မှုများနှင့်ဆိုင်သော တိကျမှန်ကန်သည့် သိနားလည်မှုကို လူတို့ ရှိရမည်လော။ (ရှိရပါမည်။) သင် ကိုယ်တိုင်၏ အသက်တာတွင် စာတန်၏ သွေးဆောင်မှုကို တွေ့ကြုံသည့်အခါ၊ သင်သည် စာတန်၏ ဆိုးယုတ်သော သဘာဝကို ရိပ်စားမိနိုင်ပါက၊ ၎င်းကို အနိုင်ယူနိုင်မည် မဟုတ်လော။ အကယ်၍ စာတန်၏ ရယ်ဖွယ်ကောင်းမှုနှင့် ယုတ္တိမရှိမှုတို့ကို သင်သိရှိခဲ့ပါက သင်သည် စာတန်ဘက်တွင် ရပ်တည်ပြီး ဘုရားသခင်ကို တိုက်ခိုက်ဦးမည်လော။ အကယ်၍ စာတန်၏ မလိုမုန်းထားမှုနှင့် အရှက်မဲ့ခြင်းတို့သည် သင်မှတစ်ဆင့် မည်သို့ ဖော်ထုတ်ပြခံရသည်ကို သင်နားလည်ပါက- ဤအရာများကို ရှင်းလင်းစွာ သင် သတိပြုမိပြီး နားလည်ပါက- သင်သည် ဤနည်းဖြင့် ဘုရားသခင်ကို တိုက်ခိုက်၍ သွေးဆောင်ဦးမည်လော။ (သွေးဆောင်မည် မဟုတ်ပါ။) မည်သည့်အရာကို သင် လုပ်မည်နည်း။ (ကျွန်ုပ်တို့သည် စာတန်ကို ဆန့်ကျင်ပုန်ကန်ပြီး စွန့်ပစ်ပါမည်။) ယင်းမှာ လုပ်ဆောင်ရန် လွယ်ကူသော အရာတစ်ခုလော။ ယင်းသည် မလွယ်ကူပေ။ ဤအရာကို လုပ်ဆောင်ရန်၊ လူတို့အနေဖြင့် မကြာခဏ ဆုတောင်း ရမည်၊ ဘုရားသခင် ရှေ့မှောက်၌ မိမိတို့ကိုယ်ကိုယ် ထားရှိရမည် ဖြစ်ပြီး မိမိတို့ကိုယ်ကိုယ် ဆန်းစစ်ရမည်ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း၊ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့အား သူတို့ပေါ် ကျရောက် ခွင့်ပေးရမည်။ ဤနည်းလမ်းဖြင့်သာ လူတို့သည် စာတန်၏ လှည့်ဖြားခြင်းနှင့် ထိန်းချုပ်မှုမှ မိမိကိုယ်ကိုယ် တဖြည်းဖြည်း လွတ်မြောက်စေလိမ့်မည်။

ယခု၊ စာတန်ပြောခဲ့သည့် ဤစကားများအားလုံးကို ကြည့်ခြင်းဖြင့်၊ စာတန်၏အနှစ်သာရကို ဖန်တီးသည့်အရာများကို ငါတို့ အကျဉ်းချုပ်မည်ဖြစ်သည်။ ပထမဦးစွာ စာတန်၏ အနှစ်သာရသည် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် မတူ ကွဲပြားလျက်၊ ယေဘုယျအားဖြင့် ဆိုးယုတ်သည်ဟု ပြောနိုင်သည်။ စာတန်၏ အနှစ်သာရသည် ဆိုးယုတ်သည်ဟု ငါအဘယ်ကြောင့် ပြောသနည်း။ ဤမေးခွန်းကို ဖြေဖို့ရန်၊ လူတို့ကို စာတန် လုပ်ဆောင်သည့်အရာ၏ အကျိုးဆက်များကို ဆန်းစစ်ရမည်။ စာတန်သည် လူကို ဖောက်ပြန်ပျက်စီးစေပြီး ထိန်းချုပ်သည်၊ ပြီးလျှင် လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအောက်တွင် ပြုမူပြီး၊ စာတန်က ဖျက်ဆီးထားသော လူတို့၏ လောကတစ်ခုတွင် အသက်ရှင်လေသည်။ လူသားမျိုးနွယ်သည် အမှတ်တမဲ့ စာတန်၏ ပိုင်ဆိုင်မှုနှင့် သိမ်းသွင်းခြင်းကို ခံကြရသည်။ ထို့ကြောင့် လူသားတွင် စာတန်၏ သဘာဝဖြစ်သော သူ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိသည်။ စာတန် ပြောဆို၊ လုပ်ဆောင်ခဲ့သမျှတိုင်းမှ၊ ၎င်း၏မာနထောင်လွှားမှုကို သင်မြင်ပြီလော။ ၎င်း၏ လှည့်ဖြားမှုနှင့် မလိုမုန်းထားမှုတို့ကို မြင်ပြီလော။ စာတန်၏မာနထောင်လွှားမှုကို အဓိကအားဖြင့် မည်သို့ ပြသထားသနည်း။ စာတန်သည် ဘုရားသခင်၏နေရာကို အစဉ်အမြဲ ယူလိုသော ဆန္ဒသိုထားသလော။ လူတို့အနေဖြင့် စာတန်နောက်လိုက်ပြီး၊ သူ့ကို ပံ့ပိုးကာ ကိုးကွယ်ဖို့ရန်အလို့ငှာ၊ စာတန်သည် ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏နေရာကို ဖျက်ဆီးပြီး မိမိကိုယ်ကိုယ်အတွက် ရယူလိုသည်။ ဤသည်မှာ စာတန်၏ မာနထောင်လွှားသော သဘာဝဖြစ်သည်။ စာတန်က လူတို့ကို ဖောက်ပြန်ပျက်စီးစေသည့်အခါ ၎င်းတို့ လုပ်သင့်သည့် အရာကို တိုက်ရိုက်ပြောသလော။ ဘုရားသခင်ကို စာတန် သွေးဆောင်သောအခါ ၎င်းသည် ထွက်လာပြီး “ငါသည် သင့်ကို သွေးဆောင်နေသည်၊ သင့်ကို ငါတိုက်ခိုက်မည်” ဟု ပြောသလော။ လုံးဝမပြောပေ။ သို့ဖြစ်ရာ စာတန်က မည်သည့်နည်းလမ်းကို သုံးသနည်း။ ၎င်းသည် ဖြားယောင်း၏၊ သွေးဆောင်၏၊ တိုက်ခိုက်ပြီး၊ ထောင်ချောက်ဆင်၏။ သမ္မာကျမ်းစာများမှပင် ကိုးကားလေ၏။ စာတန်သည် ၎င်း၏ အန္တရာယ်ပေးနိုင်သော ရည်ရွယ်ချက်များနှင့် အကြံများ ပြည့်စုံရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ပြောဆိုပြုမူသည်။ ဤအရာကို စာတန်က လုပ်ဆောင်ပြီးသည့်အခါ၊ လူသားတွင် ပြသထားသည့်အရာမှ မည်သည့်အရာကို မြင်ရသနည်း။ လူတို့သည်လည်း မာနထောင်လွှားလာကြသည် မဟုတ်လော။ လူသားသည် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းမှ နှစ်ထောင်ပေါင်းများစွာ ဒုက္ခခံစားရပြီးဖြစ်၏၊ ထို့ကြောင့် လူသားသည် မာနထောင်လွှား လာသည်၊ လှည့်ဖြားတတ်လာသည်၊ မလိုမုန်းထားစိတ် ရှိလာသည်၊ အလွန်အမင်း မိုက်မဲလာသည်။ ဤအရာများ အားလုံးသည် စာတန်၏သဘာဝကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ စာတန်၏သဘာဝသည့် ဆိုးယုတ်သည့်အတွက်၊ ဤဆိုးယုတ်သောသဘာဝကို လူသားအားပေးပြီးဖြစ်ကာ ဤဆိုးယုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လူသားထံ ယူဆောင်ပြီးဖြစ်သည်။ ထို့ကြောင့်၊ လူသားသည် ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထား အောက်တွင် အသက်ရှင်ပြီး စာတန်ကဲ့သို့ ဘုရားသခင်ကို အာခံသည်၊ တိုက်ခိုက်ပြီး စုံစမ်းသွေးဆောင်သည်မှာ ဘုရားသခင်ကို လူသားက မကိုးကွယ်နိုင်သကဲ့သို့ သူ့ကို ကြောက်ရွံ့သည့် စိတ်နှလုံး မရှိတော့သည်အထိ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၄၇)

လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က အသိပညာကို အသုံးပြုပုံ

အသိပညာသည် အပြုသဘောဆောင်သော အရာတစ်ခုအဖြစ် အယောက်တိုင်း စဉ်းစားသည့်အရာတစ်ခု ဖြစ်သလော။ အနည်းဆုံးအနေဖြင့် လူများသည် “အသိပညာ” ဟူသော စကားလုံး၏ ဂယက်အနက်သည် အပျက်သဘောထက် အပြုသဘောဖြစ်သည်ဟု လူတို့ ထင်ကြသည်။ သို့ဆိုလျှင် စာတန်က လူကို ဖောက်ပြန်ပျက်စီးစေဖို့ အသိပညာကို အသုံးပြုသည်ဟု ဤနေရာတွင် ငါတို့ အဘယ်ကြောင့် ဖော်ပြနေကြသနည်း။ ဆင့်ကဲဖြစ်စဉ်သီအိုရီသည် အသိပညာ၏ ရှုထောင့်တစ်ခု မဟုတ်လော။ နယူတန်၏ သိပ္ပံပညာဆိုင်ရာ ဥပဒေသများသည် အသိပညာ၏ အစိတ်အပိုင်းဖြစ်သည် မဟုတ်လော။ ကမ္ဘာကြီး၏ ဆွဲငင်အားသည်လည်း အသိပညာ၏ အစိတ်အပိုင်းဖြစ်သည်၊ မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်လျှင် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသော အရာများအကြားတွင် အသိပညာကို အဘယ်ကြောင့် စာရင်းပြုထားသနည်း။ ဤအရာအပေါ် သင်၏ အမြင်မှာ အဘယ်နည်း။ အသိပညာတွင် သမ္မာတရား အနည်းငယ်မျှပင် ရှိပါသလော။ (မရှိပါ။) သို့ဆိုလျှင် အသိပညာ၏ အနှစ်သာရက အဘယ်နည်း။ မည်သည့်အခြေခံအကြောင်းရင်း ပေါ်တွင် လူသား ဆည်းပူးသည့် အသိပညာအားလုံးကို လေ့လာသင်ယူရသနည်း။ ဆင့်ကဲဖြစ်စဉ် သီအိုရီပေါ်တွင် အခြေခံသလော။ စူးစမ်းရှာဖွေခြင်းနှင့် ပေါင်းရုံးဖော်ပြချက်တို့ မှတစ်ဆင့် လူက ရရှိထားသည့် အသိပညာမှာ ဘုရားမဲ့ဝါဒကို အခြေခံသည် မဟုတ်လော။ ဤအသိပညာ တစ်ခုတစ်လေသည် ဘုရားသခင်နှင့် ဆက်နွှယ်မှု ရှိသလော။ ယင်းသည် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် ဆက်နွှယ်သလော။ ယင်းသည် သမ္မာတရားနှင့် ဆက်နွှယ် သလော။ (မဆက်နွှယ်ပါ။) သို့ဆိုလျှင် စာတန်သည် လူကို ဖောက်ပြန်ပျက်စီးစေဖို့ အသိပညာကို မည်သို့ အသုံးပြုသနည်း။ ဤအသိပညာ၏ မည်သည့်အရာကမျှ ဘုရားသခင်ကို ကိုးကွယ်ခြင်း သို့မဟုတ် သမ္မာတရားနှင့် ဆက်နွှယ်ခြင်းမရှိဟု ယခုပင် ငါပြောခဲ့သည်။ လူအချို့က ထိုအရာကို ဤကဲ့သို့ စဉ်းစားကြသည်- “အသိပညာသည် သမ္မာတရားနှင့် မည်သို့မျှ သက်ဆိုင်ခြင်းရှိကောင်းရှိလိမ့်မည် မဟုတ်သော်လည်း ယင်းသည် လူကိုမပျက်စီးစေသေးပါ။” ဤအရာအပေါ် သင်တို့၏ အမြင်မှာ အဘယ်နည်း။ လူတစ်ဦး၏ ပျော်ရွှင်မှုကို မိမိတို့၏ ကိုယ်ပိုင် လက်နှစ်ဖက်ဖြင့် ဖန်တီးရမည်ဟူသော အသိပညာကို သင့်အား သင်ပေးခဲ့သလော။ လူ၏ ကံကြမ္မာသည် သူ၏ကိုယ်ပိုင် လက်ထဲတွင် ရှိသည်ဟု အသိပညာက သင့်ကို သင်ပေး ခဲ့ဖူးသလော။ (သင်ပေးခဲ့ပါသည်။) ဤသည်မှာ မည်သို့သော ပြောဆိုမှုမျိုးဖြစ်သနည်း။ (အဓိပ္ပာယ်မရှိပါ။) လုံးဝမှန်သည်။ ယင်းသည် အဓိပ္ပာယ်မရှိ။ အသိပညာသည် ဆွေးနွေးရန် ရှုပ်ထွေးသည့် အကြောင်းအရာ ဖြစ်သည်။ သင့်အနေဖြင့် အသိပညာ နယ်ပယ်တစ်ခုသည် အသိပညာထက် ဘာမျှမပိုဟု ရိုးရှင်းစွာ ဖော်ပြနိုင်သည်။ ယင်းမှာ ဘုရားသခင်ကို ကိုးကွယ်မှု မပြုခြင်းနှင့် ဘုရားသခင်က ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသည်ကို နားမလည်ခြင်းပေါ် အခြေခံ၍ လေ့လာသင်ကြားရသည့် အသိပညာ၏ နယ်ပယ်တစ်ခုဖြစ်သည်။ လူတို့သည် ဤကဲ့သို့သော အသိပညာမျိုးကို လေ့လာသည့်အခါ ဘုရားသခင်သည် ခပ်သိမ်းသော အရာများအပေါ် အချုပ်အခြာ အာဏာရှိသည်ကို ၎င်းတို့မမြင်ကြချေ။ ခပ်သိမ်းသော အရာများကို ဘုရားသခင် ကွပ်ကဲအုပ်ချုပ်သည် သို့မဟုတ် စီမံခန့်ခွဲလျက်ရှိသည်ကို ၎င်းတို့မမြင်ကြချေ။ ယင်းအစား ၎င်းတို့ လုပ်ဆောင်သမျှမှာ အသိပညာ၏ ထိုနယ်ပယ်ကို မပြီးနိုင်မဆုံးနိုင် သုတေသနပြုကာ စူးစမ်းရှာဖွေပြီး အသိပညာပေါ်တွင် အခြေခံသော အဖြေများကို ရှာဖွေကြခြင်း ဖြစ်သည်။ သို့ရာတွင်၊ လူတို့သည် ဘုရားသခင်ကို မယုံကြည်ဘဲ ယင်းအစား သုတေသနကိုသာ လုပ်နေပါက ၎င်းတို့သည် မှန်ကန်သော အဖြေများကို မည်သည့်အခါမျှ ရှာတွေ့မည်မဟုတ်သည်မှာ မှန်ကန်သည် မဟုတ်လော။ အသိပညာက သင့်ကို ပေးနိုင်သမျှမှာ သင် ဆာလောင် မသွားဖို့ရန်အလို့ငှာ အသက်မွေးမှု၊ အလုပ်တစ်ခု၊ ဝင်ငွေတစ်ခုသာ ဖြစ်သည်။ သို့ရာတွင် ယင်းသည် သင့်ကို မည်သည့်အခါတွင်မျှ ဘုရားသခင်အား ကိုးကွယ်စေမည် မဟုတ်သကဲ့သို့ သင့်ကို မကောင်းမှုမှ ဝေးရာသို့ ဘယ်သောအခါမျှ ထိန်းသိမ်းပေးလိမ့်မည် မဟုတ်ပေ။ အသိပညာကို သင်ပိုမိုသင်ယူလေ၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်ရန်၊ ဘုရားသခင်ကို လေ့လာမှုများပြုရန်၊ ဘုရားသခင်ကို စုံစမ်းသွေးဆောင်ရန်နှင့် ဘုရားသခင်ကို ဆန့်ကျင်ရန် ဆန္ဒပိုရှိလေ ဖြစ်လိမ့်မည်။ သို့ဖြစ်ရာ ယခုတွင် အသိပညာက လူတို့ကို မည်သည့်အရာ သင်ပေး နေသည်ကို ငါတို့မြင်သနည်း။ စာတန်၏အတွေးခေါ်သာ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူများကြားတွင် စာတန် ပျံ့နှံ့စေသည့် ရှင်သန်ခြင်းနှင့်ဆိုင်သော အတွေးအခေါ်များနှင့် စည်းမျဉ်းများသည် သမ္မာတရား နှင့် ဆက်နွှယ်မှု တစ်ခုတစ်လေ ရှိသလော။ ထိုအရာတို့သည် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့၊ အမှန်တွင် သမ္မာတရား၏ ဆန့်ကျင်ဘက် ဖြစ်ကြသည်။ လူတို့က၊ “ဘဝသည် လှုပ်ရှားမှုဖြစ်၏” ဟူ၍ လည်းကောင်း၊ “လူသည် သံဖြစ်သည်၊ ထမင်းသည် သံမဏိ ဖြစ်သည်၊ အစာတစ်နပ် လွတ်ပါက လူသည် ငတ်မွတ်မှုကို ခံစားရသည်။” ဟူ၍ လည်းကောင်း မကြာခဏ ပြောကြသည်။ ဤဆိုရိုးစကားများမှာ အဘယ်နည်း။ ၎င်းတို့သည် ယုတ္တိအမှားများဖြစ်ကြပြီး၊ ၎င်းတို့ကို ကြားရခြင်းက စက်ဆုပ်ရွံရှာဖွယ် ခံစားချက်တစ်ခု ဖြစ်စေသည်။ လူသား၏ အသိပညာဟုဆိုသည့် အရာတွင်၊ စာတန်သည် ၎င်း၏ အသက်ရှင်မှုအတွက် အတွေးအခေါ်နှင့် ၎င်း၏ အတွေးကို အနည်းငယ် စိမ့်ဝင်စေသည်။ ဤအရာကို စာတန်က လုပ်သည် နှင့်အမျှ၊ လူသားအနေဖြင့် ဘုရားသခင်၏ တည်ရှိခြင်းကို ငြင်းပယ်နိုင်ဖို့၊ အရာခပ်သိမ်းနှင့် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အုပ်စိုးခြင်းကို ငြင်းပယ်နိုင်ဖို့အလို့ငှာ စာတန်သည် ၎င်း၏ စဉ်းစားမှု၊ အတွေးအခေါ်နှင့် ရှုထောင့် အမြင်များကို လူအား ခံယူခွင့်ပေးလေသည်။ ထို့ကြောင့် လူ၏ လေ့လာသင်ယူမှုများ တိုးတက်လာပြီး သာ၍များသော အသိပညာကို သူရရှိသည်နှင့်အမျှ၊ ဘုရားသခင်၏ တည်ရှိမှုမှာ မှေးမှိန်လာသည်ဟု သူခံစားရပြီး ဘုရားသခင် တည်ရှိသည်ဟုပင် ခံစားကောင်း ခံစားရတော့မည်မဟုတ်ပေ။ စာတန်က ရှုထောင့်အမြင်များ၊ အယူအဆများနှင့် အတွေးများကို လူ၏စိတ်ထဲ ထည့်သွင်းထားသည်နှင့်အမျှ၊ လူသည် ဤဖြစ်စဉ်တွင် ဖောက်ပြန်ပျက်စီးသည် မဟုတ်လော။ (ပျက်စီးပါသည်။) လူသည် မိမိ၏အသက်တာကို ယခုတွင် မည်သည့်အရာပေါ်အခြေခံသနည်း။ သူသည် ယင်းအသိပညာ အပေါ် အခြေခံကာ အမှန်တကယ် အသက်ရှင်နေပါသလော။ အသက်မရှင်ပေ။ လူသည် သူ၏အသက်တာကို ဤအသိပညာ အတွင်းတွင် ကွယ်ဝှက်ထားသော စာတန်၏ အတွေးများ၊ အမြင်များနှင့် အတွေးအခေါ်များအပေါ် အခြေပြုနေပေသည်။ ဤသည်မှာ လူသားကို စာတန် ဖောက်ပြန်ပျက်စီးစေခြင်း၏ ပဓာနကျသော အစိတ်အပိုင်း ဖြစ်ပေါ်သည့်နေရာဖြစ်သည်။ ဤသည်မှာ စာတန်၏ ရည်မှန်းချက်ပန်းတိုင်နှင့် လူသားကို ဖောက်ပြန်ပျက်စီးစေခြင်းအတွက် ၎င်း၏နည်းလမ်း နှစ်ခုလုံး ဖြစ်သည်။

အသိပညာ၏ အပေါ်ယံအကျဆုံးသော သွင်ပြင်လက္ခဏာကို ဆွေးနွေးခြင်းဖြင့် ငါတို့ အစပြုမည်။ ဘာသာစကားများထဲက သဒ္ဒါနှင့် စကားလုံးများက လူတို့ကို ဖောက်ပြန်ပျက်စီး စေနိုင်သလော။ စကားလုံးများက လူတို့ကို ဖောက်ပြန်ပျက်စီး စေနိုင်သလော။ (မပျက်စီးစေနိုင်ပါ။) စကားလုံးများက လူကို မပျက်စီးစေပေ။ ယင်းတို့သည် လူများက စကားပြောဖို့ အသုံးပြုသည့် တန်ဆာပလာတစ်ခုဖြစ်သကဲ့သို့ ဘုရားသခင်နှင့် လူတို့ ဆက်သွယ်ရန် အသုံးပြုသည့် တန်ဆာပလာလည်း ဖြစ်သည်။ ဘာသာစကားနှင့် စကားလုံးများသည် ယခုအခါ ဘုရားသခင်က လူတို့နှင့် ဆက်သွယ်သောနည်းဖြစ်သည်ကို ပြောဖို့မလိုပေ။ ယင်းတို့သည် တန်ဆာပလာများဖြစ်ပြီး မရှိမဖြစ် လိုအပ်သည်။ တစ်နှင့်တစ်ပေါင်း နှစ်ဖြစ်ပြီး နှစ်အမြောက်နှစ် ညီမျှခြင်း လေးဖြစ်သည်။ ဤသည်မှာ အသိပညာ မဟုတ်လော။ သို့သော် ဤအရာက သင့်ကို ဖောက်ပြန်ပျက်စီးစေနိုင်သလော။ ဤသည်မှာ သာမန်အသိ- သတ်မှတ်ထားသော ပုံစံတစ်ခု ဖြစ်ပြီး၊ ထို့ကြောင့် လူကို ဖောက်ပြန်မပျက်စီးစေနိုင်ပေ။ သို့ဖြစ်ရာ မည်သည့်အသိပညာအမျိုးအစားက လူကို ဖောက်ပြန်ပျက်စီး စေသနည်း။ ဖောက်ပြန်ပျက်စီးစေသော အသိပညာမှာ စာတန်၏ ရှုထောင့်အမြင်များနှင့် အတွေးများ ရောယှက်နေသော အသိပညာ ဖြစ်သည်။ စာတန်သည် ဤရှုထောင့်အမြင်များနှင့် အတွေးများကို အသိပညာ ကြားခံမှတစ်ဆင့် လူသားမျိုးနွယ်ထဲသို့ စွဲမှတ်အောင် သွန်သင်ရန် ကြိုးစားသည်။ ဥပမာအားဖြင့်၊ ဆောင်းပါး တစ်ခုတွင်၊ ၎င်းတို့ကိုယ်၌ထဲက ရေးသားထားသော စကားလုံးများတွင် အမှားဘာမျှမရှိပေ။ ပြဿနာမှာ ဆောင်းပါး ရေးသားသည့်အချိန်၌ စာရေးသူ၏ ရှုထောင့်အမြင်များနှင့် ရည်ရွယ်ချက်အပြင်၊ ၎င်းတို့ အတွေးများ၏ အကြောင်းအရာပေါ် တည်လေသည်။ ဤအရာများသည် စိတ်ဝိညာဉ်နှင့် ဆိုင်သော အရာများဖြစ်ပြီး လူတို့ကို ဖောက်ပြန်ပျက်စီးစေနိုင်သည်။ ဥပမာအနေဖြင့်၊ သင်သည် ရုပ်မြင်သံကြား ဖျော်ဖြေမှု အစီအစဉ်တစ်ခုကို ကြည့်နေပါက၊ ယင်းအထဲက မည်သည့်အရာ အမျိုးအစားသည် သင်၏ အမြင်ကို ပြောင်းလဲစေနိုင်သနည်း။ သရုပ်ဆောင်များ ပြောသော စကားလုံးများကိုယ်၌က လူတို့ကို ဖောက်ပြန်ပျက်စီးစေနိုင်သလော။ (မပျက်စီးစေနိုင်ပါ။) မည်သို့သောအရာမျိုးများက လူတို့ကို ဖောက်ပြန်ပျက်စီး စေလိမ့်မည်နည်း။ ယင်းသည် ဒါရိုက်တာ၏ အမြင်များကို ကိုယ်စားပြုသည့် အစီအစဉ်၏ အဓိက စိတ်ကူးများနှင့် အကြောင်းအရာများဖြစ်ပေမည်။ ယင်းအမြင်များကို သယ်ဆောင် လာသော အချက်အလက်များသည် လူများ၏ စိတ်နှလုံးများနှင့် စိတ်ဓာတ်ကို ယိမ်းယိုင်စေနိုင်သည်။ ထိုသို့မဟုတ်လော။ လူများကို ဖျက်ဆီးရန် စာတန်က အသိပညာကို အသုံးပြုခြင်း အကြောင်း ငါ၏ဆွေးနွေးချက်ထဲ၌ အဘယ်အရာကို ငါရည်ညွှန်း နေကြောင်း ယခု သင်တို့သိကြပြီ။ သင်တို့ နားလည်မှု လွဲမည်မဟုတ်၊ မှန်၏လော။ ထို့ကြောင့် သင်သည် နောက်တစ်ခါ ဝတ္ထု သို့မဟုတ် ဆောင်းပါးတစ်ပုဒ် ဖတ်သည့်အခါ ရေးသားထားသည့် စကားများတွင် ဖော်ပြထားသော အတွေးများသည် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်း ရှိမရှိ သို့မဟုတ် လူသားမျိုးနွယ်ကို ဖြည့်ဆည်း ပေးခြင်း ရှိမရှိ ဆိုသည်ကို သင်သုံးသပ်နိုင်မည်လော။ (ကျွန်ုပ်တို့ အတိုင်းအတာ အနည်းငယ် လုပ်နိုင်ပါသည်။) ဤသည်မှာ တဖြည်းဖြည်းချင်း လေ့လာပြီး တွေ့ကြုံရမည့် တစ်စုံတစ်ရာမျိုးဖြစ်ပြီး ယင်းမှာ ချက်ချင်း အလွယ်တကူ နားလည်ရသည့် တစ်စုံတစ်ရာ မဟုတ်ပေ။ ဥပမာအားဖြင့်၊ အသိပညာ နယ်ပယ်တစ်ခုကို သုတေသန ပြုလုပ်ခြင်း သို့မဟုတ် လေ့လာခြင်း လုပ်သည့်အခါ ထိုအသိပညာ၏ အချို့သော အပြုသဘောဆောင်သော ရှုထောင့်များသည် ယင်းနယ်ပယ် အကြောင်းနှင့်ဆိုင်သည့် ယေဘူယျ အသိပညာကို သင် နားလည်စေရန် ကူညီကောင်း ကူညီနိုင်သော်လည်း၊ လူတို့သည် မည်သည့်အရာကို ရှောင်ရှားသင့်သည်ကိုလည်း သိစေနိုင်သည်။ ဥပမာအားဖြင့်၊ “လျှပ်စစ်” ကိုကြည့်ပါ- ဤသည်မှာ အသိပညာနယ်ပယ် တစ်ခုဖြစ်သည် မဟုတ်လော။ လျှပ်စစ်က လူကို ဓာတ်လိုက်ပြီး ထိခိုက်နိုင်သည်ကို သင်မသိခဲ့ပါက၊ သင်သည် အလွန်မသိ နားမလည်ဖြစ်လိမ့်မည် မဟုတ်လော။ သို့သော် ဤအသိပညာ နယ်ပယ်ကို သင်နားလည်လာသည်နှင့်တစ်ပြိုင်နက်၊ လျှပ်စစ် ပစ္စည်းများကို ထိကိုင်ခြင်းနှင့်ပတ်သက်၍ သင်သည် သတိမမူဘဲ ဖြစ်လိမ့်မည်မဟုတ်သကဲ့သို့၊ လျှပ်စစ်ကို မည်သို့ အသုံးပြုရမည်ကို သိလိမ့်မည်။ ဤအရာများသည် နှစ်ခုစလုံး အပြုသဘောဆောင်သောအရာများ ဖြစ်သည်။ အသိပညာက လူတို့ကို ပျက်စီးစေပုံအရ၊ ငါတို့ ဆွေးနွေးနေခဲ့ပြီး ဖြစ်သည့်အရာနှင့်ပတ်သက်၍ သင်တို့ရှင်းလင်းသလော။ ကမ္ဘာပေါ်တွင် လေ့လာရသည့် အသိပညာ အမျိုးအစားများစွာရှိပြီး ၎င်းတို့ကို မိမိအတွက် ခွဲခြားသိဖို့ရန် သင့်အနေဖြင့် အချိန်ယူရမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၄၈)

လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က သိပ္ပံပညာကို အသုံးပြုပုံ

သိပ္ပံပညာဆိုသည်မှာ အဘယ်နည်း။ လူသား အယောက်စီတိုင်း၏ စိတ်ထဲတွင် သိပ္ပံပညာသည် သိက္ခာ မြင့်မြင့်မားမား စွဲကိုင်ထားပြီး နက်နဲ သိမ်မွေ့လှသည်ဟု ယူဆခံထားရသည် မဟုတ်လော။ သိပ္ပံပညာကို ဖော်ပြသည့်အခါ၊ “ဤသည်မှာ သာမန်လူများ နားမလည်နိုင်သည့် အရာဖြစ်သည်၊ သိပ္ပံဆိုင်ရာ သုတေသနပညာရှင်များ သို့မဟုတ် ကျွမ်းကျင်သူများ ကသာ မီနိုင်သည့် အကြောင်းအရာ တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့ ကဲ့သို့သော သာမန်လူတို့နှင့် ဘာမျှသက်ဆိုင်ခြင်း မရှိပါ” ဟု လူတို့ မခံစားရသလော။ ယင်းသည် သာမန်လူတို့နှင့် ဆက်စပ်မှု တစ်ခုတစ်လေ ရှိပါသလော။ (ရှိပါသည်။) လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က သိပ္ပံပညာကို မည်သို့ အသုံးပြုသနည်း။ ဤတွင် ကျွန်ုပ်တို့၏ ဆွေးနွေးချက်ထဲတွင်၊ မိမိတို့၏ကိုယ်ပိုင် အသက်တာများထဲ၌ လူတို့ မကြာခဏ ကြုံတွေ့ရသည့် အရာများအကြောင်းသာ ငါတို့ ဆွေးနွေးပြောဆို ကြမည်ဖြစ်ပြီး အခြားကိစ္စရပ်များကို လျစ်လျူရှုကြမည်ဖြစ်သည်။ “ဗီဇ” ဟူသည့် စကားလုံးတစ်လုံး ရှိ၏။ ယင်းကို သင်ကြား ဖူးပါသလော။ သင်တို့အားလုံးသည် ဤဝေါဟာရနှင့် အကျွမ်းတဝင် ရှိကြသည်၊ မဟုတ်လော။ မျိုးစေ့ဗီဇများကို သိပ္ပံပညာအားဖြင့် ရှာဖွေတွေ့ရှိခဲ့သည် မဟုတ်လော။ လူတို့အဖို့ ဗီဇများသည် အတိအကျ မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ကိုယ်ခန္ဓာသည် လျှို့ဝှက်ဆန်းကျယ်သော အရာတစ်ခုဖြစ်သည်ဟု လူတို့ကို ခံစားစေသည် မဟုတ်လော။ လူတို့ကို ဤအကြောင်းအရာ အစပျိုး လိုက်သည့်အချိန်တွင်၊ အသေးစိတ်များကို ပိုသိလိုပြီး ပိုလိုချင်ကြမည့် အထူးသဖြင့် စူးစမ်းချင်စိတ်ပြင်းပြသည့် လူအချို့ ရှိကြမည်မဟုတ်လော။ ဤစူးစမ်းချင်စိတ် ပြင်းပြသည့် လူတို့သည် ဤအကြောင်းအရာအပေါ် မိမိတို့၏အင်အားကို ဗဟိုပြုထားလိမ့်မည်ဖြစ်ပြီး၊ လုပ်စရာ အခြားအရာများ မရှိသည့်အခါ ထိုအရာနှင့်ပတ်သက်၍ အသေးစိတ် ပိုမို လေ့လာသင်ယူဖို့ရန် စာအုပ်များထဲနှင့် အင်တာနက်ပေါ်တွင် သတင်းအချက်အလက် ရှာဖွေကြလိမ့်မည်ဖြစ်သည်။ သိပ္ပံပညာ ဆိုသည်မှာ အဘယ်နည်း။ ရှင်းရှင်းပြောရလျှင်၊ သိပ္ပံပညာ ဆိုသည်မှာ လူသားက စူးစမ်းလိုစိတ် ပြင်းပြနေသည့် အတွေးများ နှင့် အရာဝတ္ထုများ၏ သဘောတရားများ၊ လူတို့ မသိရှိသည့်အရာနှင့် ဘုရားသခင်က ၎င်းတို့ကို ပြောပြမထားသည့် အရာများ ဖြစ်သည်။ သိပ္ပံပညာဆိုသည်မှာ လူသားက စူးစမ်းရှာဖွေလိုသည့် နက်နဲမှုများအကြောင်း အတွေးအခေါ်နှင့် သဘောတရားများ ဖြစ်သည်။ သိပ္ပံပညာ၏ နယ်ပယ်ကား အဘယ်နည်း။ ယင်းက တော်တော်ကျယ်ပြန့်သည်ဟု သင် ဆိုနိုင်သည်။ လူသားသည် မိမိ စိတ်ဝင်စားသောအရာတိုင်းကို သုတေသနပြုပြီး လေ့လာကြသည်။ သိပ္ပံပညာတွင် ဤအရာများ နှင့်ဆိုင်သော အသေးစိတ်အချက်များနှင့် ဥပဒေသများကို သုတေသနပြုခြင်း ပါဝင်ပြီးနောက်၊ လူတိုင်းကို “ဤသိပ္ပံပညာရှင်များသည် တကယ်ကို အံ့ဩချီးမွမ်းဖွယ် ဖြစ်သည်။ ဤအရာများကို နားလည်လောက်သည့် များလှစွာသော အရာများကို ၎င်းတို့ သိရှိကြသည်။” ဟု စဉ်းစားစေဖို့ ဖြစ်စေသည့် ယုတ္တိရှိသော သဘောတရားများကို တင်ပြခြင်းတို့ ပါဝင်သည်။ ၎င်းတို့သည် သိပ္ပံပညာရှင်များကို အလွန် လေးစားကြည်ညိုမှု ရှိကြသည်၊ မဟုတ်လော။ သိပ္ပံပညာကို သုတေသနပြုကြသည့် လူတို့သည် မည်သည့် အမြင်မျိုးကို သင်စွဲကိုင်သနည်း။ ၎င်းတို့သည် စကြဝဠာကို သုတေသန ပြုချင်ကြသည် မဟုတ်လော၊ သူတို့စိတ်ဝင်စားသည့် နယ်ပယ်တွင်ရှိသော နက်နဲသည့်အရာများကို သုတေသန ပြုချင်ကြသည် မဟုတ်လော။ ဤအရာ၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ အချို့သော သိပ္ပံပညာရပ်များ၌၊ လူတို့သည် ထင်မြင်ချက်ဖြင့် ၎င်းတို့၏ ကောက်ချက်များချတတ်ကြပြီး အခြားအရာများ၌မူ လူတို့သည် ကောက်ချက်များချရန် လူသား၏ အတွေ့အကြုံအပေါ် အမှီပြု ကြသည်။ သို့တိုင် အခြားသိပ္ပံပညာနယ်ပယ်များ၌၊ လူတို့သည် သမိုင်းနှင့် နောက်ခံအကြောင်းတို့ လေ့လာခြင်းများအပေါ် အခြေခံ၍ ၎င်းတို့၏ ကောက်ချက်များ ချလာတတ်ကြသည်။ ဤသည်မှာ မှန်သည်မဟုတ်လော။ ထိုသို့လျှင် သိပ္ပံပညာက လူတို့အတွက် မည်သည့်အရာ လုပ်ဆောင် ပေးသနည်း။ သိပ္ပံညာက လုပ်ဆောင်ပေးသည်မှာ ရုပ်ဝတ္ထုကမ္ဘာရှိ အရာဝတ္ထုများကို လူတို့အား မြင်ခွင့်ပေးခြင်းမျှသာဖြစ်ပြီး၊ လူတို့၏ စူးစမ်းလိုစိတ်ကို ကျေနပ်စေရုံမျှသာ ဖြစ်သည်၊ သို့သော် ထိုအရာက အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသည့် ဥပဒေသများကို လူတို့အားမသိစေနိုင်ပေ။ လူသည် သိပ္ပံပညာ ထဲတွင် အဖြေများကို ရှာတွေ့ပုံရသော်လည်း၊ ထိုအဖြေများသည် ပဟေဠိဆန်ပြီး လူသား၏စိတ်နှလုံးကို ရုပ်ဝတ္ထုကမ္ဘာတွင် အကျဉ်းကျစေရန်သာ ပြုသည့် ကျေနပ်မှုဖြစ်သော ယာယီ စိတ်ကျေနပ်မှုကိုသာ ယူဆောင်ပေးသည်။ သိပ္ပံပညာမှ အဖြေများ ရရှိပြီဟု လူက ခံစားရသည်၊ ထို့ကြောင့် မည်သည့် ပြဿနာ ပေါ်ပေါက်ပါစေ၊ ထိုပြဿနာကို သက်သေပြဖို့နှင့် လက်ခံဖို့ ၎င်းတို့၏ သိပ္ပံပညာအမြင်များကို အခြေပြု အကြောင်းအရင်း အဖြစ် အသုံးပြုကြလေသည်။ လူ၏ နှလုံးသားသည် သိပ္ပံပညာ၏ ပိုင်ဆိုင်ခြင်းကို ခံလာရပြီး ဘုရားသခင်ကို သိရှိဖို့၊ ဘုရားသခင်ကို ကိုးကွယ်ဖို့နှင့် ခပ်သိမ်းသောအရာတို့သည် ဘုရားသခင်ထံမှ လာပြီး အဖြေများ အတွက် ဘုရားသခင်ကို ရှာဖွေသင့်သည်ဆိုသော စိတ် မရှိတော့သည့် အဆင့်အထိ ဖြားယောင်းခြင်းခံရလေသည်။ ဤသည်မှာ မှန်သည်မဟုတ်လော။ လူတစ်ဦးသည် သိပ္ပံပညာကို ပိုယုံကြည်လေ၊ အရာရာတိုင်းတွင် သိပ္ပံပညာဆိုင်ရာ ဖြေရှင်းမှု တစ်ခုရှိကာ သုတေသန ပြုခြင်းက မည်သည့်အရာကိုမဆို ဖြေရှင်းနိုင်သည်ဟု ယုံကြည်လျက်၊ ပို၍ အဓိပ္ပါယ်မဲ့လေ ဖြစ်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မရှာဖွေကြသကဲ့သို့ သူတည်ရှိသည်ကို မယုံကြည်ကြပေ။ ဘုရားသခင်နောက် နှစ်ပေါင်းများစွာ လိုက်လျှောက်ပြီးဖြစ်သည့် လူအချို့ပင်လျှင် ပေါက်ပေါက်ရှာရှာ စိတ်ကူးဖြင့် သွား၍ ဗက်တီးရီးယားပိုးကို သုတေသနပြုကြလိမ့်မည် သို့မဟုတ် အကြောင်းကိစ္စတစ်ခုအဖို့ အဖြေရရန် အချက်အလက်အချို့ကို ရှာဖွေကြလိမ့်မည်။ ထိုသို့သော လူတို့သည် အကြောင်းကိစ္စများကို သမ္မာတရား၏ ရှုထောင့်အမြင်မှ မကြည့်သကဲ့သို့၊ များသောအားဖြင့် ပြဿနာများကို ဖြေရှင်းရန် သိပ္ပံပညာ အမြင်များ၊ သို့မဟုတ် အသိပညာ သို့မဟုတ် သိပ္ပံဆိုင်ရာ ဖြေရှင်းချက်များကို အားထား လိုကြသည်။ ဘုရားသခင်ကို ၎င်းတို့ အားမကိုးကြသကဲ့သို့ ဘုရားသခင်ကို မရှာဖွေကြပေ။ ဤသို့သော လူတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် ရှိသလော။ (မရှိပါ။) သိပ္ပံပညာကို ၎င်းတို့ လေ့လာသကဲ့သို့ ဘုရားသခင်ကို သုတေသန ပြုလိုသည့် လူအချို့ပင် ရှိသည်။ ဥပမာအားဖြင့်၊ သင်္ဘောရပ်နားသည့် တောင်ကို သွားရောက်သည့် ဘာသာရေး ပညာရှင်များစွာ ရှိသည်၊ ထိုသို့ဖြင့် သင်္ဘောရှိခဲ့ကြောင်းကို ၎င်းတို့ သက်သေပြခဲ့ကြသည်။ သို့သော် သင်္ဘော၏ ပေါ်ထွန်းခြင်းတွင် ဘုရားသခင်၏ တည်ရှိခြင်းကို ၎င်းတို့မမြင်ကြပေ။ ၎င်းတို့သည် ဇာတ်လမ်းများ နှင့် သမိုင်းကိုသာ ယုံကြည်ကြ၏။ ဤသည်မှာ ၎င်းတို့၏ သိပ္ပံပညာ သုတေသနပြုခြင်းနှင့် ရုပ်ဝတ္ထုကမ္ဘာကို လေ့လာခြင်း၏ ရလဒ်ဖြစ်သည်။ သင်သည် ရုပ်ဝတ္ထုအရာများကို သုတေသန ပြုပါက၊ ယင်းသည် အဏုဇီဝဗေဒဖြစ်စေ၊ နက္ခဗေဒ ဖြစ်စေ၊ သို့မဟုတ် ဘူမိဗေဒဖြစ်စေ၊ ဘုရားသခင် တည်ရှိသည် သို့မဟုတ် သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိသည် ဆိုသည်ကို ဆုံးဖြတ်ပေးသည့် ရလဒ်တစ်ခုကို ဘယ်သောအခါမျှ ရှာတွေ့လိမ့်မည် မဟုတ်ပေ။ သို့ဖြစ်လျှင် သိပ္ပံပညာသည် လူသားအတွက် မည်သည့်အရာ လုပ်ဆောင် သနည်း။ ယင်းသည် လူကို ဘုရားသခင်ထံမှ ဝေးကွာစေသည် မဟုတ်လော။ ယင်းက လူကို ဘုရားသခင်အား လေ့လာသင်ယူ စေသည် မဟုတ်လော။ ယင်းသည် လူတို့အား ဘုရားသခင်၏ တည်ရှိခြင်းကို ပိုမိုသံသယ ဝင်စေသည် မဟုတ်လော။ (ဝင်စေပါသည်။) ဤသို့လျှင် စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေရန် သိပ္ပံပညာကို မည်သို့ အသုံးပြုလိုသနည်း။ လူတို့ကို လှည့်ဖြား၍ ထုံအစေရန် စာတန်သည် သိပ္ပံပညာဆိုင်ရာ ကောက်ချက်ချမှုများကို အသုံးပြုလိုပြီး လူတို့အနေဖြင့် ဘုရားသခင်၏ တည်ရှိခြင်းကို မရှာဖွေဖို့ သို့မဟုတ် မယုံကြည်ဖို့ရန်အလို့ငှာ လူတို့၏ စိတ်နှလုံးမျာကို စွဲကိုင်ထားရန် ဒွိဟဖြစ်စေသော အဖြေများကို အသုံးပြုချင်သည် မဟုတ်လော။ (အသုံးပြုချင်ပါသည်။) ထို့အတွက်ကြောင့် ဤသည်မှာ သိပ္ပံပညာသည် လူတို့ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသည့် နည်းလမ်းများ ထဲမှ တစ်ခုဖြစ်သည်ဟု ငါပြောရသည့်အကြောင်းရင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၄၉)

လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က ရိုးရာယဉ်ကျေးမှုကို အသုံးပြုပုံ

ရိုးရာယဉ်ကျေးမှု၏ အစိတ်အပိုင်းအဖြစ် မှတ်ယူခြင်း ခံရသည့် အရာများစွာရှိသလော သို့မဟုတ် ရှိသည်မဟုတ်လော။ (ရှိပါသည်။) ဤ “ရိုးရာယဉ်ကျေးမှု” သည် မည်သည့်အရာကို ဆိုလိုသနည်း။ လူအချို့က ၎င်းကို ဘိုးဘွားဘီဘင်များမှ လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်- ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ အစအဦး ကတည်းက၊ ဘဝ၏ နည်းလမ်းများ၊ ဓလေ့ထုံးတမ်းများ၊ ဆိုရိုးစကားများနှင့် စည်းမျဉ်းစည်းကမ်းများကို မိသားစုများ၊ လူမျိုးစုများနှင့် လူသားမျိုးနွယ်တစ်ခုလုံးအတွင်းတွင်ပင် လက်ဆင့်ကမ်းခဲ့ကြပြီး လူတို့၏အတွေးများထဲတွင် သွတ်သွင်းခြင်းခံလာခဲ့ရသည်။ လူတို့က ယင်းတို့ကို ၎င်းတို့ ဘဝများ၏ မရှိမဖြစ် အစိတ်အပိုင်း တစ်ခုအဖြစ် ယူဆကြပြီး ယင်းတို့ကို ဘဝသက်သက် ဖြစ်သည့်အလား လိုက်နာလျက်၊ စည်းမျဉ်းစည်းကမ်းများအဖြစ် မှတ်ယူကြလေသည်။ အမှန်တွင်၊ ယင်းတို့ကို ၎င်းတို့၏ ဘိုးဘွားဘီဘင်များမှ လက်ဆင့်ကမ်းခဲ့ခြင်း ဖြစ်သောကြောင့် ၎င်းတို့သည် ဤအရာများကို ဘယ်သောအခါမျှ မပြောင်းလဲချင်ကြ သို့မဟုတ် မပစ်ပယ်လိုကြပေ။ ကွန်ဖြူးရှပ်နှင့် မင်းရှပ်စ်တို့မှ လက်ဆင့်ကမ်းလာကြသည့် အရာများနှင့် တရုတ် တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့က လူတို့ကို သင်ကြားပေးခဲ့သည့် အရာများကဲ့သို့သော လူတို့ တကယ့်အရိုးစွဲ ချိုးကပ်ခဲ့သည့် အခြားသော ရိုးရာယဉ်ကျေးမှု သွင်ပြင် လက္ခဏာများရှုထောင့်များ ရှိသည်။ ဤသည်မှာ မှန်၏လော။ ရိုးရာယဉ်ကျေးမှုတွင် မည်သည့်အရာများ ပါဝင် သနည်း။ လူတို့ ဆင်နွှဲသော အားလပ်ရက်များ ပါဝင်သလော။ ဥပမာအားဖြင့်၊ နွေဦးပွဲတော်၊ မီးပုံးပွဲတော်၊ သင်္ချိုင်းကန်တော့ပွဲ၊ နဂါးလှေပွဲတော်အပြင် တစ္ဆေပွဲတော်နှင့် လမုန့်ပွဲတော်တို့ ဖြစ်ကြသည်။ မိသားစုအချို့တို့သည် သက်ကြီးသူများ အသက် အပိုင်းအခြားတစ်ခုသို့ ရောက်ရှိသည့်အခါ သို့မဟုတ် ကလေးများ အသက်တစ်လပြည့်၊ သို့မဟုတ် ရက်တစ်ရာ ပြည့်သည့် နေ့များကိုပင် ဆင်နွှဲကြသည်။ စသည်ဖြင့် ဖြစ်၏။ ဤအရာအားလုံးသည် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အားလပ်ရက်များပင် ဖြစ်သည်။ ဤအားလပ်ရက်များကို အခြေခံနေသော ရိုးရာယဉ်ကျေးမှု ရှိသည် မဟုတ်လော။ ရိုးရာယဉ်ကျေးမှု၏ အဓိကအချက်က အဘယ်အရာ ဖြစ်သနည်း။ ယင်းသည် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် တစ်ခုတစ်လေ ပတ်သက်မှုရှိသလော။ ယင်းသည် လူတို့အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပြောဆိုခြင်းနှင့် တစ်ခုတစ်လေ ပတ်သက်မှုရှိသလော။ ဘုရားသခင်ကို ယဇ်ပူဇော်ရန်၊ ဘုရားသခင်၏ ယဇ်ပလ္လင်သို့သွားပြီး သူ၏ သွန်သင်မှုများကို ခံယူရန်အတွက် လူတို့တွင် အားလပ်ရက် တစ်ခုတစ်လေ ရှိသလော။ ဤသို့သော အားလပ်ရက်များ ရှိသလော။ (မရှိပါ။) ဤအားလပ်ရက်များအားလုံးတွင် လူတို့သည် မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ခေတ်သစ်ကာလများတွင် ယင်းတို့ကို စားခြင်း၊ သောက်ခြင်းနှင့် အပျော်အတွက် အခါသမယများ အဖြစ် မြင်ကြသည်။ ရိုးရာယဉ်ကျေးမှုကို အခြေခံနေသော အရင်းအမြစ်မှာ အဘယ်နည်း။ ရိုးရာယဉ်ကျေးမှုသည် မည်သူ့ထံမှ လာသနည်း။ (စာတန်ထံမှ လာပါ၏။) ၎င်းသည် စာတန်ထံမှလာသည်။ ဤရိုးရာယဉ်ကျေးမှု အားလပ်ရက်များ၏ မြင်ကွင်းများ နောက်ကွယ်တွင်၊ စာတန်သည် လူသားထဲသို့ အချို့သော အရာများကို သွတ်သွင်းလေသည်။ ဤအရာများမှာ အဘယ်နည်း။ လူတို့အနေဖြင့် ၎င်းတို့၏ ဘိုးဘေးဘီဘင်များကို သတိရသည်ကို သေချာစေခြင်းဖြစ်သည်- ယင်းသည် ထိုအရာများထဲမှ တစ်ခုမဟုတ်သလော။ ဥပမာအားဖြင့် သင်္ချိုင်းကန်တော့ပွဲနေ့ အတွင်းတွင် လူတို့သည် အုတ်ဂူများကို ရှင်းလင်းကြပြီး မိမိတို့၏ဘိုးဘေးဘီဘင်များကို မမေ့စေရန်အလို့ငှာ မိမိတို့၏ ဘိုးဘေးဘီဘင်များကို ပူဇော်ပသကြသည်။ ထို့ပြင်၊ လူတို့ မျိုးချစ်စိတ်ရှိဖို့ စာတန်က သေချာသတိရစေသည်၊ ယင်းနှင့်ဆိုင်သော ဥပမာမှာ နဂါးလှေပွဲတော် ဖြစ်သည်။ လမုန့်ပွဲတော်ကော အဘယ်သို့နည်း။ (မိသားစု ပြန်လည် ဆုံတွေ့ခြင်းများ ဖြစ်ပါ၏။) မိသားစု ပြန်လည်ဆုံတွေ့ခြင်းများ၏ နောက်ခံအကြောင်းက အဘယ်နည်း။ ယင်းအတွက် အကြောင်းပြချက်မှာ အဘယ်နည်း။ စိတ်လှုပ်ရှားစွာ ဆက်သွယ်ရန်နှင့် ဆက်နွှယ်ရန်ဖြစ်သည်။ ဟုတ်ပေ၏၊ တရုတ်နှစ်သစ်ကူး အကြိုနေ့ ကျင်းပသည်ဖြစ်စေ သို့မဟုတ် မီးပုံးပွဲတော်ကို ကျင်းပသည်ဖြစ်စေ၊ ဤပွဲလမ်းသဘင် ကျင်းပခြင်းများ၏ နောက်ကွယ်က အကြောင်းရင်းများကို ဖော်ပြသည့် နည်းလမ်းများစွာရှိသည်။ ထိုအကြောင်းရင်းများကို မည်သို့ဖော်ပြသည်ဖြစ်စေ၊ တစ်ခုစီသည် ဘုရားသခင်ထံမှ ၎င်းတို့ လမ်းလွှဲသွားစေရန်နှင့် ဘုရားသခင် ရှိသည်ကို မသိဘဲလျက် ၎င်းတို့၏ ဘိုးဘေးဘီဘင်များ သို့မဟုတ် စာတန်ထံသို့ ယဇ်ပူဇော် ဆက်ကပ်ကြစေရန်၊ လူ့ဇာတိ၏လိုအင်များအတွက် စားရန်၊ သောက်ရန်နှင့် ပျော်ပါးကြရန်အလို့ငှာ သူ၏ အတွေးအခေါ်များ နှင့် စဉ်းစားမှုတို့ကို လူတို့ထဲသို့ သွတ်သွင်းသည့် စာတန်၏ နည်းလမ်းဖြစ်သည်။ ဤအားလပ်ရက်များ တစ်ခုစီကို ကျင်းပသည်နှင့်အမျှ၊ စာတန်၏ အတွေးများနှင့် အမြင်များသည် လူတို့၏ စိတ်များအတွင်းတွင် ၎င်းတို့ သိရှိခြင်းမရှိဘဲ နက်နက်ရှိုင်းရှိုင်း နေရာယူထားထားလေသည်။ လူတို့သည် ၎င်းတို့၏ လေးဆယ်အရွယ်များ ငါးဆယ်အရွယ်များ သို့မဟုတ် ပိုကြီးရင့်သည့် အသက်အရွယ်များ ရောက်လာသည့်အခါ၊ စာတန်၏ ဤအတွေးများနှင့် ရှုထောင့်အမြင်များသည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နှင့်ပြီး ဖြစ်သည်။ ထို့အပြင် လူတို့သည် ဤအယူအဆများကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လက်လွတ်စပယ် သံသယကင်းစွာ နောက်မျိုးဆက်ဆီသို့ လက်ဆင့်ကမ်းရန် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ဤသည်မှာ မှန်၏လော။ (မှန်ပါသည်။) ရိုးရာယဉ်ကျေးမှုနှင့် ဤအားလပ်ရက်များသည် လူတို့ကို မည်သို့ဖောက်ပြန်ပျက်စီးစေသနည်း။ သင်သိသလော။ (လူတို့သည် ဤရိုးရာဓလေ့များ၏ စည်းမျဉ်းများဖြင့် ဘောင်ခတ်ခံရပြီး ချည်နှောင်ခြင်းခံရသည်မှာ ၎င်းတို့သည် ဘုရားသခင်ကို ရှာဖွေရန် အချိန် သို့မဟုတ် အားအင် မရှိကြချေ။) ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ ဥပမာအားဖြင့်၊ တရုတ်နှစ်သစ်ကူးအတွင်းတွင် လူတိုင်း ဆင်နွှဲကြသည်၊ သင်မဆင်နွှဲရပါက ဝမ်းနည်းမှုကိုသင်ခံစားရသည် မဟုတ်လော။ သင်၏ စိတ်နှလုံးထဲတွင် သင်ထိန်းသိမ်းထားသော အယူသည်းမှုများ တစ်ခုတစ်လေ ရှိသလော။ “နှစ်သစ်ကူးကို ကျွန်ုပ်မဆင်နွှဲလိုက်ရပါ၊ တရုတ်နှစ်သစ်ကူးနေ့သည် ဆိုးဝါးသည့်နေ့ဖြစ်သည့်အတွက် ကျန်သည့် တစ်နှစ်လုံး ဆိုးဝါးလိမ့်မည် မဟုတ်လော” ဟု သင်ခံစားရကောင်း ခံစား ရလိမ့်မည်။ သင်သည် နေမထိထိုင်မသာ ဖြစ်ပြီး အနည်းငယ် စိုးရွံ့လိမ့်မည် မဟုတ်လော။ မိမိတို့၏ ဘိုးဘွားဘီဘင်များကို နှစ်များစွာကြာ ပူဇော်ပသမှု မပြုခဲ့သည့် လူအချို့နှင့် သေဆုံးသောသူက ၎င်းတို့ကို ငွေတောင်းသည့် အိပ်မက်တစ်ခု ရုတ်တရက် မက်ကြသည့် လူအချို့ပင် ရှိကြလေသည်။ ၎င်းတို့ မည်ကဲ့သို့ခံစားရမည်နည်း။ “ယခု သေသွားသည့် ဤလူက သုံးရန်ငွေလိုသည်မှာ ဝမ်းနည်းဖို့ ကောင်းလေစွ။ သူတို့အတွက် စက္ကူငွေ အချို့ကို ကျွန်ုပ်မီးရှို့မည်၊ ကျွန်ုပ်မလုပ်ပါက မကောင်းရာ ကျပေမည်။ အသက်ရှင်နေသော ကျွန်ုပ်တို့အတွက် ဒုက္ခ ဖြစ်ကောင်းဖြစ်စေလိမ့်မည်- မည်သည့်အချိန်တွင် ကံဆိုးမိုးမှောင် ဆိုက်ရောက်လာမည်ကို အဘယ်သူပြောနိုင်သနည်း။” ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဤကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ခြင်း တိမ်တိုက်လေးက အမြဲတစေ ရှိပေလိမ့်မည်။ ဤစိုးရိမ်ပူပန်မှုကို ၎င်းတို့အား အဘယ်သူ ပေးသနည်း။ (စာတန်ပေးပါသည်။) စာတန်သည် ဤစိုးရိမ်ပူပန်မှု၏ အရင်းအမြစ်ဖြစ်သည်။ ဤသည်မှာ လူသားကို ဖောက်ပြန်ပျက်စီးစေသည့် စာတန်၏ နည်းလမ်းများထဲက တစ်ခုမဟုတ်သလော။ သင့်အနေဖြင့် မှင်တက်မိခြင်းသို့ ဆိုက်ရောက်ဖို့၊ ၎င်းကို အလျှော့ပေးကာ ကျိုးနွံနာခံဖို့အလို့ငှာ သင့်ကိုထိန်းချုပ်ရန်၊ သင့်ကို ခြိမ်းခြောက်ရန် နှင့် သင့်ကို ချည်နှောင်ရန်၊ ၎င်းသည် မတူညီသော ရည်ရွယ်ချက်များနှင့် အကြောင်းပြချက်များကို အသုံးပြု လေသည်။ ဤသည်ကား စာတန်က လူကို ဖောက်ပြန်ပျက်စီး စေပုံဖြစ်သည်။ မကြာခဏပင် လူတို့သည် အားနည်းသည့်အခါ သို့မဟုတ် အခြေအနေကို ၎င်းတို့ အပြည့်အဝ သတိမပြု မိသည့်အခါ၊ အမှုမဲ့အမှတ်မဲ့ဖြင့် နားဝေတိမ်တောင်ဖြစ်သည့် ပုံစံဖြင့် တစ်စုံတစ်ရာကို ပြုလုပ်ကောင်းပြုလိမ့်မည်။ ဆိုလိုသည်မှာ၊ ၎င်းတို့သည် စာတန်၏ လက်ထဲသို့ အမှုမဲ့အမှတ်မဲ့ ကျရောက်သွားပြီး အမှတ်တမဲ့ ပြုမူမိကောင်း ပြုမူမိလိမ့်မည် ဖြစ်ကာ ၎င်းတို့ လုပ်ဆောင်နေသည့်အရာကို မသိဘဲ အမှုအရာ များစွာကို လုပ်ဆောင်မိကောင်း လုပ်ဆောင်မိကြလိမ့်မည်။ ဤသည်မှာ စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းဖြစ်သည်။ ယခုတွင် နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေသည့် ရိုးရာယဉ်ကျေးမှုများကို စွန့်ခွာရန် တွန့်ဆုတ်နေသော၊ မစွန့်လွှတ်နိုင်သော လူအတော်များများ ရှိ၏။ ဤသို့သော အားလပ်ရက်များကို ၎င်းတို့ ဆင်နွှဲဖို့ ဆန္ဒရှိကြပြီး စာတန်ကို တွေ့ဆုံကာ တစ်ဖန် စိတ်ကျေစေလိုသည့်၊ မိမိတို့၏ စိတ်နှလုံးများကို နှစ်သိမ့်မှုယူဆောင်လိုသည့် ဆန္ဒရှိကြသည်မှာ အထူးသဖြင့် ၎င်းတို့ အားနည်းပြီး ပြုသမျှနုကြရသည့်အခါတွင် ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုအဖို့ နောက်ခံအကြောင်းရင်းကား အဘယ်နည်း။ မြင်ကွင်းများနောက်ကွယ်တွင် စာတန်၏လက်မဲက ကြိုးများဆွဲနေခြင်းဖြစ်သလော။ စာတန်၏ ဆိုးယုတ်သည့် သဘာဝက ဤအရာအားလုံးကို ကြိုးကိုင်ခြယ်လှယ်ပြီး ထိန်းချုပ်နေခြင်း ဖြစ်သလော။ စာတန်က ဤအရာများအားလုံး အပေါ် ဩဇာလွှမ်းမိုးသလော။ (လွှမ်းမိုးပါသည်။) လူတို့သည် ရိုးရာယဉ်ကျေးမှုထဲ အသက်ရှင်ကြပြီး ဤရိုးရာဓလေ့ အားလပ်ရက်မျိုးများကို ဆင်နွှဲသည့်အခါ၊ ဤသည်မှာ စာတန်အားဖြင့် ၎င်းတို့ လှည့်စားခံရပြီး ဖောက်ပြန်ပျက်စီး ရသည့်အပြင်၊ စာတန်၏ အရူးလုပ်ခံရပြီး၊ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသည်ကို ပျော်ရွှင်ကြသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်သည်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဤသည်မှာ သင်တို့အားလုံး အသိအမှတ် ပြုသည့်၊ သိထားကြသည့် အရာတစ်ခု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၅၀)

လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က အယူသီးခြင်းကို အသုံးပြုပုံ

လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်သည် အယူသီးခြင်းကို မည်သို့အသုံးပြုသနည်း။ လူတို့အားလုံးသည် မိမိတို့၏ ကံကြမ္မာကို သိချင်ကြ၏၊ ထို့ကြောင့် စာတန်သည် ၎င်းတို့ကို သွေးဆောင်ဖြားယောင်းရန် ၎င်းတို့၏ သိလိုစိတ်ပြင်းပြမှုကို ကောင်းကောင်း အသုံးချလေသည်။ လူတို့သည် အနာဂတ်တွင် ၎င်းတို့ကို မည်သည့်အရာ ဖြစ်ပျက်မည်၊ ပြီးလျှင် ရှေ့တွင် မည်သည့်လမ်းမျိုးရှိနေသည်တို့ကို လေ့လာသိရှိဖို့ရန်အလို့ငှာ ဂမ္ဘီရပညာ၊ ဗေဒင်ဟောခြင်းနှင့် ရုပ်အင်ဖတ်ခြင်းတို့တွင် စိတ်ပါဝင်စား ကြ၏။ သို့သော်လည်း၊ အဆုံးတွင်၊ လူတို့ အလွန် စိတ်ဝင်စားကြသည့် ကံကြမ္မာနှင့် ရှေ့ရေးများက မည်သူ၏လက်ထဲတွင် ရှိပါသနည်း။ (ဘုရားသခင်၏ လက်တော်တွင် ရှိပါသည်။) ဤအရာများအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ ဤနည်းလမ်းများကို အသုံးပြုရာတွင်၊ စာတန်က လူတို့အား အဘယ်အရာကိုသိစေလိုသနည်း။ ၎င်းသည် လူတို့၏ အနာဂတ် ကံကြမ္မာကို ၎င်းကသိပြီး၊ ဤအရာများကို သိရုံမျှမက ၎င်းက ထိန်းချုပ်သည်ကို လူတို့အား ပြောပြရန် စာတန်က ရုပ်အင်ဖတ်ခြင်းနှင့် ဗေဒင်ဟောခြင်းတို့ကို အသုံးပြုချင်သည်။ စာတန်သည် လူတို့အနေဖြင့် ၎င်းကို မျက်စိမှိတ်ပြီးယုံကြည်ကာ ၎င်း၏ စကားတစ်လုံးမကျန် လိုက်နာသည်အထိ လူတို့ကို ထိန်းချုပ်ဖို့ ဤအခွင့်အရေးကို အခွင့်ကောင်းယူပြီး ဤနည်းလမ်းများကို အသုံးပြုချင်လေသည်။ ဥပမာအနေဖြင့်၊ သင်သည် ရုပ်အင်ဗေဒဖတ်ခြင်း လုပ်ဆောင်ပါက၊ ဗေဒင်ဆရာက သူ၏မျက်လုံးများကို မှိတ်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်က သင့်ကို ဖြစ်ပျက်ခဲ့သည်များ အားလုံးအား ပြောပြပါက၊ စိတ်ထဲတွင် သင် မည်ကဲ့သို့ခံစားရမည်နည်း။ သင်က၊ “သူ အလွန်တိကျမှန်ကန်သည်။ ငါ၏ အတိတ်ကို ယခင်က မည်သူ့ကိုမျှ ငါမပြောခဲ့ဖူးပါ၊ သူ ဤအရာကို မည်ကဲ့သို့သိသနည်း။ ငါ ဤဗေဒင်ဆရာကို အမှန်ပင်လေးစား သွားပြီ။” ဟု ချက်ချင်း ခံစားရလိမ့်မည်။ စာတန်အတွက်က သင့်အတိတ်ကို သိရန် အလွန်လွယ်ကူသည် မဟုတ်လော။ ဘုရားသခင်က သင့်ကို ယနေ့ထိတိုင် လမ်းပြပြီးဖြစ်သကဲ့သို့၊ စာတန်က ထိုအချိန် တစ်လျှောက်လုံး လူတို့ကို ဖောက်ပြန်ပျက်စီးစေပြီး၊ သင့်နောက်သို့ လိုက်နေခဲ့သည်။ သင့်ဘဝ၏ ဆယ်စုနှစ်များကုန်လွန်ခြင်းက စာတန်အဖို့ ဘာမျှမဟုတ်သလို ဤအရာများကို သိရန် စာတန်အတွက် မခက်ခဲပေ။ စာတန်ပြောခဲ့သမျှ တိကျမှန်ကန်သည်ကို သင်သိသောအခါ၊ သင့်စိတ်နှလုံးကို သူ့အားပေးနေသည် မဟုတ်လော။ သင်၏အနာဂတ်နှင့် ကံကြမ္မာတို့ကို ထိန်းချုပ်ဖို့ ၎င်းအပေါ် မှီခိုနေသည် မဟုတ်လော။ တစ်ခဏချင်းတွင် သင်၏ စိတ်နှလုံးသည် ၎င်းကို လေးစားမှုအချို့နှင့် ကြောက်ရွံ့မှုကို ခံစားရလိမ့်မည်ဖြစ်ပြီး လူအချို့အတွက် ၎င်းတို့၏ ဝိညာဉ်များသည် ဤအချိန်တွင် ၎င်း၏လုယူခြင်းကိုခံရနှင့်ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ ပြီးလျှင် သင်သည် ဗေဒင်ဆရာကို ချက်ချင်းမေးလိမ့်မည်- “နောက်ရော ကျွန်ုပ်ဘာလုပ်သင့်သနည်း။ လာမည့်နှစ်ထဲမှာ ကျွန်ုပ် အဘယ်အရာကို ရှောင်ရှားသင့် သနည်း။ အဘယ်အရာတို့ကို ကျွန်ုပ် မလုပ်ရမည်နည်း။” ထို့နောက်တွင်၊ သူက “သင် ထိုနေရာသို့ မသွားရ၊ ဒီအရာကို မလုပ်ရ၊ ထိုထိုသောအရောင်ရှိသည့် အဝတ်အစားများကို မဝတ်နှင့်၊ သင်သည် အကြင်မည်သော နေရာများကို သွားတာ လျှော့သင့်သည်၊ အချို့သော အရာများကို ပိုမိုလုပ်ဆောင်ပါ...” ဟုပြောလိမ့်မည်။ သူပြောသမျှအားလုံးကို သင်သည် စိတ်နှလုံး ထဲတွင် ချက်ချင်း မှတ်ယူလိမ့်မည် မဟုတ်လော။ သင်သည် သူ၏ စကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထက် ပိုမိုလျင်မြန်စွာ အာဂုံဆောင်ထားလိမ့်မည်။ ၎င်းတို့ကို အဘယ်ကြောင့် အလွန်လျင်မြန်စွာ သင် အလွတ်ရမည်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ကံကောင်းခြင်းအတွက် စာတန်ကို အမှီပြုချင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းက သင်၏စိတ်နှလုံးကို သိမ်းလိုက်သည့်အချိန် ဖြစ်သည် မဟုတ်လော။ ၎င်း၏ ဟောကိန်းထုတ်မှုများ တစ်ခုပြီးတစ်ခု အမှန်တကယ် ဖြစ်လာသောအခါ၊ သင်သည် လာမည့်နှစ်က မည်သည့်ကံကြမ္မာကို ယူဆောင်လာမည်ကို သိရှိရဖို့ ၎င်းထံသို့ ချက်ချင်းပြန်သွားချင်လိမ့်မည် မဟုတ်လော။ (ပြန်သွားချင် ပါမည်။) စာတန်က သင့်အား လုပ်ဆောင်ရန် ပြောသည့် မည်သည့်အရာကိုမဆို သင်လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး ၎င်းက ရှောင်ရန်ပြောသည့် အရာများကိုလည်း သင်ရှောင်ကြဉ်လိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့်၊ သူပြောသမျှ အားလုံးကို သင်နာခံနေသည် မဟုတ်လော။ အလွန်လျင်မြန်စွာ၊ သင်သည် သူကို လက်ခံယုံကြည်ခြင်းထဲသို့ ကျရောက်သွားလိမ့်မည်၊ လှည့်ဖြားခံရမည်ဖြစ်ပြီး သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်လာ လိမ့်မည်။ ဤသို့ဖြစ်ရခြင်းမှာ သူပြောသည့်အရာကို သမ္မာတရား အဖြစ် သင်ယုံကြည်သောကြောင့် ဖြစ်ပြီး၊ သင်၏ အတိတ်က အသက်တာ၊ သင်၏ယခုအသက်တာနှင့် အနာဂတ်က အဘယ်အရာ ဆောင်ကြဉ်းလာမည့် အကြောင်းကို သူသိသည်ဟု သင်ယုံကြည်သောကြောင့် ဖြစ်သည်။ ဤကား လူတို့ကို ထိန်းချုပ်ရန် စာတန် အသုံးပြုသည့် နည်းလမ်းဖြစ်သည်။ သို့ရာတွင် အမှန်အားဖြင့်၊ မည်သူက အမှန်တကယ် ထိန်းချုပ် နေပါသနည်း။ ဘုရားသခင် ကိုယ်တော်တိုင်က ထိန်းချုပ်၏၊ စာတန်မဟုတ်ပေ။ စာတန်သည် ဤနေရာတွင် မသိမနားလည်သည့် လူများကို လှည့်စားရန်၊ ရုပ်ဝတ္ထု လောကကိုသာမြင်ပြီး ထိုအရာအပေါ် အားကိုးနေသည့် လူတို့ကို လှည့်စားရန် သူ၏ပရိယာယ်များကို အသုံးပြုနေခြင်း သာဖြစ်သည်။ ထို့နောက်၊ ၎င်းတို့သည် စာတန်၏ လက်ထဲသို့ ကျရောက်ကြပြီး သူ၏စကားတစ်လုံးစီတိုင်းကို နာခံကြ လေသည်။ သို့ရာတွင် လူတို့က ဘုရားသခင်ကို ယုံကြည်လိုပြီး ဘုရားသခင် နောက်သို့ လိုက်လိုသည့်အခါ၊ စာတန်က အလျှော့ပေးဖူးပါသလော။ စာတန်က အလျှော့မပေးပေ။ ဤအခြေအနေတွင်၊ လူတို့သည် စာတန်၏ လက်ထဲသို့ အမှန်တကယ် ကျရောက်နေကြသလော။ (ကျရောက်နေပါသည်။) ဤအရာနှင့်စပ်လျဉ်း၍ စာတန်၏ အပြုအမူက အရှက် ကင်းမဲ့သည်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) အဘယ်ကြောင့် ပြောနိုင်သနည်း။ မမှန်မကန်နှင့် လှည့်စားတတ်သော နည်းဗျူဟာများ ရှိသောကြောင့်ဖြစ်သည်။ စာတန်သည် အရှက်ကင်းမဲ့ပြီး လူတို့ကို ၎င်းတို့နှင့် ပတ်သက်သမျှတိုင်းကို ၎င်းက ထိန်းချုပ်ထားသကဲ့သို့ ၎င်းတို့၏ တကယ့်ကံကြမ္မာကို ထိန်းချုပ်ထားသည်ဟု တွေးမိစေခြင်းထဲသို့ လူတို့ကို လှည့်စားသည်။ ဤအရာက မသိမနားလည်သည့် လူတို့ကို ၎င်းအား လုံးဝ နာခံဖို့ ဖြစ်စေသည်။ စကားအနည်းငယ်မျှဖြင့် ၎င်းတို့ အလှည့်စားခံရကြလေသည်။ မှင်တက်မိခြင်းဖြင့် လူတို့သည် ၎င်း၏ရှေ့မှောက်တွင် ဦးညွှတ် ကြသည်။ ထိုသို့လျှင်၊ စာတန်သည် မည်သည့်နည်းလမ်းမျိုးကို အသုံးပြုသနည်း၊ ၎င်းကို သင်ယုံကြည်ရန် မည်သည့်အရာကို ၎င်းက ပြောသနည်း။ ဥပမာ၊ သင့်မိသားစုတွင် လူဘယ်နှစ်ဦး ရှိသည်ကို သင့်အနေဖြင့် စာတန်ကို ပြောကောင်း ပြောခဲ့မည် မဟုတ်သော်လည်း၊ ၎င်းက သင့်မိသားစု၌ လူဘယ်နှစ်ယောက် ရှိသည်ဆိုသည်နှင့် သင့်မိဘများနှင့် သားသမီးများ၏ အသက်အရွယ်များကို ပြောကောင်းပြောနိုင် လိမ့်ဦးမည်ဖြစ်သည်။ ဤအရာမတိုင်မီ သင့်အနေဖြင့် စာတန်နှင့်ပတ်သက်၍ မယုံသင်္ကာမှုများနှင့် သံသယများရှိကောင်း ရှိမည်ဖြစ်သော်လည်း၊ ဤအရာများအား ၎င်းက ပြောသည်ကို ကြားပြီးနောက်တွင်၊ သင်သည် နည်းနည်းပိုပြီး ယုံကြည်ဖွယ်ရာ ကောင်းသည်ဟု ခံစားလာရမည် မဟုတ်လော။ ထိုအခါ စာတန်က၊ သင့်အတွက် အလုပ်အကိုင်က အခုတလော မည်မျှ ခက်ခဲနေကြောင်း၊ သင့် အထက်လူကြီးများက သင်နှင့်ထိုက်သည့် အသိအမှတ်ပြုခြင်းကို မပေးဘဲ သင့်အား ဆန့်ကျင်၍ အမြဲတစေ လုပ်နေကြသည်၊ စသဖြင့် ပြောကောင်းပြောလိမ့်မည်။ ယင်းကို ကြားပြီးသည့်နောက်တွင်၊ သင်က၊ “လုံးဝ မှန်လေစွ။ အလုပ်မှာ ကိစ္စတွေက အဆင်ကိုပြေမနေခဲ့တာပဲ” ဟု သင်တွေးမိလိမ့်မည်။ ထိုသို့ဖြင့် သင်သည် စာတန်ကို အနည်းငယ် ပို၍ယုံကြည်လိမ့်မည်။ ထို့နောက် ၎င်းသည် သင်ကို ပို၍ပင် ယုံကြည်လာစေလျက် သင့်ကို လှည့်ဖြားရန် အခြားတစ်စုံတစ်ရာကို ပြောလိမ့်မည်။ နည်းနည်းချင်းစီဖြင့်၊ သင်သည် ခုခံနိုင်စွမ်းမရှိတော့ဘဲ သို့မဟုတ် ၎င်းကို နောက်ထပ် မယုံသင်္ကာဖြစ်ခြင်း တစ်စုံတစ်ရာ မရှိတော့သည်ကို သင့်ကိုယ်သင် တွေ့ရှိရလိမ့်မည်။ စာတန်သည် အသေးအဖွဲ လှည့်စားမှုလေးများ၊ မဖြစ်စလောက်သည့် လှည့်စားမှု သေးသေးလေးတို့ကိုပင် အသုံးပြုရုံမျှပြုပြီး ဤနည်းဖြင့် သင့်ကို ဝေခွဲမရဖြစ်စေသည်။ သင်သည် ဝေခွဲမရဖြစ်လာသည်နှင့်အမျှ၊ သင်၏ တိကျသော ရပ်တည်မှုကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်၊ သင်ဘာလုပ်ရမည်ကို မသိဖြစ်လိမ့်မည်ဖြစ်ပြီး၊ စာတန် ပြောသည့်အရာကို သင်သည် စတင်လိုက်နာလိမ့်မည်။ ဤသည်မှာ လူကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသော “ထူးခြားပြောင်မြောက်သော” နည်းလမ်းဖြစ်ပြီး၊ ယင်းက သင့်ကို သူ၏ထောင်ချောက်ထဲသို့ အမှတ်တမဲ့ ကျရောက်စေပြီး သူ၏ ဖြားယောင်းခြင်းကိုခံရစေလေသည်။ လူတို့က ကောင်းသည့် အရာများအဖြစ် စိတ်ကူးထားသည့် အရာ အနည်းငယ်ကို စာတန်က သင့်ကိုပြောပြီးနောက်၊ မည်သည့်အရာ လုပ်ရမည် ဆိုသည်နှင့် မည်သည့်အရာ ရှောင်ရမည်ဆိုသည်ကို ၎င်းက သင့်ကို ပြောသည်။ ဤသည်မှာ သင် အမှတ်တမဲ့ လှည့်ဖြားခံရသည့် ပုံဖြစ်သည်။ ယင်းအတွက် အလှည့်ဖြားခံရသည်နှင့်တစ်ပြိုင်နက် အမှုအရာများသည် သင့်အတွက် ခွတီးခွကျ ဖြစ်ပေလိမ့်မည်။ စာတန်ပြောသည့် အရာနှင့် သင့်ကို သူလုပ်ခိုင်းထားသည့်အရာကို စဉ်ဆက်မပြတ် သင်တွေးတော နေလိမ့်မည်ဖြစ်ပြီး၊ သင်သည် အမှတ်တမဲ့ဖြင့် ၎င်း၏ ပိုင်ဆိုင်ခြင်းကို ခံရလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤသို့ဖြစ်ရခြင်းမှာ လူသားမျိုးနွယ်သည် သမ္မာတရား ကင်းမဲ့သောကြောင့် ဖြစ်၏၊ ထို့ကြောင့် စာတန်၏ ဖြားယောင်းမှု နှင့် စုံစမ်းသွေးဆောင်မှုတို့ကို ခိုင်ခိုင်မာမာ ခံရပ်နိုင်ခြင်း မရှိကြပေ။ စာတန်၏ ဆိုးယုတ်မှုနှင့် ၎င်း၏ လှည့်ဖြားမှု၊ သစ္စာဖောက်မှုနှင့် မလိုမုန်းထားမှုတို့ကို ရင်ဆိုင်ရာတွင်၊ လူသားမျိုးနွယ်သည် အလွန် မသိနားမလည်ကြ‌၊ မရင့်ကျက် ကြသကဲ့သို့ အားနည်းကြ၏၊ ဟုတ်သည် မဟုတ်လော။ ဤသည်မှာ လူကို စာတန်က ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းများထဲမှ တစ်ခုမဟုတ်သလော။ (ဟုတ်ပါသည်။) လူသားသည် စာတန်၏ အမျိုးမျိုးသော နည်းလမ်းများဖြင့်၊ နည်းနည်းချင်း အမှတ်တမဲ့ လှည့်ဖြားခံရပြီး လှည့်စားခံရသည်၊ အဘယ်ကြောင့် ဆိုသော် ၎င်းတို့သည် အပြုသဘောနှင့် အပျက်သဘောကြားတွင် ပိုင်းခြားသိမြင်ဖို့ အစွမ်းအစ ကင်းမဲ့ သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဤဝိညာဉ် အသက်တာနှင့် စာတန်အပေါ် အောင်နိုင်သည့် အစွမ်းအစ ကင်းမဲ့ကြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၅၁)

လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က လူမှုခေတ်ရေစီးကြောင်းများကို အသုံးပြုပုံ

လူမှုခေတ်ရေစီးကြောင်းများက မည်သည့်အချိန်တွင် စတင် တည်ရှိလာခဲ့သနည်း။ မျက်မှောက်ခေတ်တွင်မှ ထိုအရာများ ဖြစ်တည်လာခဲ့သလော။ စာတန်က လူတို့ကို စတင် ဖောက်ပြန် နေစေသည့်အချိန်တွင် လူမှုခေတ်ရေစီးကြောင်းများ ဖြစ်လာ ခဲ့သည်ဟု ပြောနိုင်သည်။ လူမှုခေတ် ရေစီးကြောင်းများထဲတွင် မည်သည့်အရာ ပါဝင်သနည်း။ (ဝတ်ပုံစားပုံများနှင့် မိတ်ကပ်တို့ ပါဝင်ပါသည်။) ဤအရာများသည် လူတို့ မကြာခဏ ထိတွေ့ လာရသည့် အရာများ ဖြစ်ကြသည်။ ဝတ်ပုံစားပုံများ၊ ဖက်ရှင်နှင့် ခေတ်ရေစီးကြောင်းများ၊ ဤအရာများက သေးငယ်သည့် ကဏ္ဍတစ်ခုကို ဖန်တီးလေသည်။ အခြားတစ်ခုတစ်လေ ရှိသေး သလော။ လူတို့ ပြောနေကျဖြစ်သည့် ကျော်ကြားသည့် စကားရပ်များလည်း ပါဝင်သလော။ လူတို့လိုချင်ကြသည့် ဘဝနေထိုင်မှု ပုံစံများကော ပါဝင်သလော။ ဂီတကြယ်ပွင့်များ၊ ထင်ရှားကျော်ကြားသူများ၊ မဂ္ဂဇင်းများနှင့် လူတို့ နှစ်သက်သည့် ဝတ္ထုများ ပါဝင်သလော။ (ပါဝင်ပါသည်။) သင်တို့၏ စိတ်ထဲတွင်၊ မည်သည့် ခေတ်ရေစီးကြောင်း၏ သွင်ပြင်လက္ခဏာက လူကို ဖောက်ပြန်ပျက်စီးစေနိုင်သနည်း။ ဤခေတ်ရေစီးကြောင်းများထဲမှ မည်သည်က သင်တို့အဖို့ အဆွဲဆောင်ဆုံး ဖြစ်သနည်း။ လူအချို့က၊ “ကျွန်ုပ်တို့အားလုံး အရွယ်တစ်ခုကို ရောက်ခဲ့ကြပြီ၊ ကျွန်ုပ်တို့က အသက် ငါးဆယ်၊ ခြောက်ဆယ်၊ ခုနှစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ထဲ ဝင်နေကြပြီဖြစ်ပြီး ဤခေတ်ရေစီးကြောင်းများနှင့် အံမဝင်နိုင်တော့သကဲ့သို့ ၎င်းတို့သည် အမှန်တကယ် ကျွန်ုပ်တို့ကို မဆွဲဆောင်ပါ” ဟုပြောကြသည်။ ဤသည်မှာ မှန်သလော။ အခြားသူများက၊ “ထင်ရှားကျော်ကြားသူများနောက် ကျွန်ုပ်တို့ မလိုက်ပါ၊ ယင်းမှာ လူငယ်လူရွယ်များက ၎င်းတို့၏ အသက်နှစ်ဆယ်အရွယ်တွင် လုပ်ဆောင်သည့် အရာတစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့က ခေတ်ဆန်သည့် အဝတ်အစားများကိုလည်း မဝတ်ပါ၊ ၎င်းမှာ အသွင်အပြင်ကို ဂရုစိုက်သည့် လူများပြုလုပ်သည့် အရာတစ်ခု ဖြစ်သည်” ဟုပြောကြသည်။ ထိုသို့ဆိုလျှင်၊ ဤအရာများထဲမှ မည်သည့်အရာက သင်တို့ကို ဖောက်ပြန် ပျက်စီးစေနိုင်သနည်း။ (လူကြိုက်များသည့် ဆိုရိုးစကားများ ဖြစ်ပါသည်။) ဤဆိုရိုးစကားများက လူတို့ကို ဖောက်ပြန်ပျက်စီး စေနိုင်သလော။ ဥပမာတစ်ခုကို သင်တို့အား ငါပေးမည်၊ ပြီးလျှင် ၎င်းက လူတို့ကို ဖောက်ပြန်ပျက်စီးစေနိုင်ခြင်း ရှိမရှိ သင်တို့ မြင်နိုင်သည်- “ငွေက ကမ္ဘာကို လည်ပတ်စေသည်”- ဤသည်မှာ ခေတ်ရေစီးကြောင်းတစ်ခုလော။ သင်တို့ပြောခဲ့သည့် ဖက်ရှင်နှင့် အစားအသောက်ကောင်း ခေတ်ရေစီးကြောင်းများနှင့် နှိုင်းယှဉ်ပါက ဤသည်မှာ ပို၍များစွာဆိုးရွားသည် မဟုတ်လော။ “ငွေက ကမ္ဘာကို လည်ပတ်စေသည်” ဆိုသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခုဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ခုလုံးအကြား၊ လူ့အသိုင်းအဝိုင်းတိုင်းတွင် ပျံ့နှံ့လေသည်။ ယင်းသည် လူတစ်ဦးစီတိုင်း၏ စိတ်နှလုံးထဲ သွတ်သွင်းခံရသောကြောင့် ၎င်းကို ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်သည်ဟု သင်ပြောနိုင်သည်။ အစကတည်းမှ၊ လူတို့သည် ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း၊ ထို့နောက် လက်တွေ့ဘဝနှင့် ထိတွေ့လာရချိန်တွင် ထိုဆိုရိုးစကားကို သိသိသာသာ လက်ခံကြပြီး ဤစကားများက ဧကန်အမှန် မှန်ကန်သည်ဟု စတင်ခံစားကြလေသည်။ ဤသည်မှာ စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေခြင်း ဖြစ်စဉ် မဟုတ်လော။ လူတို့သည် ဤဆိုရိုးစကားကို တူညီသည့်အတိုင်းအတာဖြင့် နားလည်ကောင်း နားလည်မည်မဟုတ်သော်လည်း၊ အယောက်တိုင်းသည် အနီးတစ်ဝိုက်တွင် ဖြစ်နေသည့် အရာများနှင့် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများကို အခြေခံပြီး၊ ဤဆိုရိုးစကား နှင့်ဆိုင်သော မတူကွဲပြားသည့် အနက်ပြန်ခြင်းနှင့် သိမှတ်မှု အတိုင်းအတာများ ရှိကြသည်။ ယင်းမှာ မှန်၏လော။ တစ်စုံတစ်ယောက်သည် ဤဆိုရိုးစကားနှင့် သက်ဆိုင်သော အတွေ့အကြုံမည်မျှရှိပါစေ၊ တစ်စုံတစ်ယောက်၏ စိတ်နှလုံးသား အပေါ် မည်သည့် အပျက်သဘောဆောင်သော သက်ရောက်မှု ရှိနိုင်သနည်း။ သင်တို့ အယောက်စီတိုင်းအပါအဝင် ဤလောက ထဲက လူတို့၏ လူသား စိတ်သဘောထားမှတစ်ဆင့် တစ်စုံတစ်ခု ထုတ်ဖော်ပြခံရသည်။ ထုတ်ဖော်ပြခံရသည့် ဤအရာကို မည်သို့ အနက်ဖွင့်ကြသနည်း။ ယင်းသည် ငွေကို ကိုးကွယ်ခြင်းဖြစ်သည်။ ယင်းကို တစ်စုံတစ်ယောက်၏ စိတ်နှလုံးသားထဲမှ ဖယ်ရှားဖို့ ခက်ခဲသလော။ အင်မတန် ခက်ခဲသည်။ လူသားနှင့်ဆိုင်သော စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းသည် ဧကန်အမှန် အလွန် နက်ရှိုင်း၏။ ထို့ကြောင့် စာတန်သည် လူကို ဖောက်ပြန်ပျက်စီး စေရန် ဤခေတ်ရေစီးကြောင်းကို အသုံးပြုပြီးနောက်တွင် ယင်းသည် ၎င်းတို့အတွင်း၌ အဘယ်သို့ ပေါ်လွင်သနည်း။ ဤလောကတွင် ငွေတစ်ခုတစ်လေမျှမရှိဘဲ အသက်ရှင်မနေနိုင်၊ ငွေမရှိဘဲ တစ်ရက်မျှပင် မဖြစ်နိုင်ဟု သင်တို့ခံစားသလော။ လူတို့၏ အဆင့်အတန်းသည် ၎င်းတို့ ခံယူသည့် လေးစားမှုကဲ့သို့ ငွေမည်မျှရှိသည်ဆိုသည့်အပေါ် အခြေခံနေသည်။ ဆင်းရဲသားတို့၏ နောက်ကျောသည် အရှက်တရားတို့ဖြင့် ကွေးညွှတ်နေစဉ်၊ လူချမ်းသာတို့သည် ၎င်းတို့၏ မြင့်မားသည့် အဆင့်အတန်းကို သာယာ နေကြသည်။ သူတို့သည် ရဲရင့်ပြီး မော်ကြွားကြသည်၊ ကျယ်လောင်စွာ စကားပြောကြပြီး၊ မာန်မာနထောင်လွှားစွာ နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ခေတ်ရေစီးကြောင်းသည် လူသားတို့အား အဘယ်အရာကို ယူဆောင်လာပေးသနည်း။ ငွေကို လိုက်စားရှာဖွေရာတွင် မည်သည့်စွန့်လွှတ်မှုကိုမဆို လူများစွာက ပြုကြသည်မှာ မှန်သည်မဟုတ်လော။ လူတို့သည် ငွေကို ပိုမိုလိုက်စား ရှာဖွေရာတွင်‌ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် သမာဓိတို့ကို မစွန့်လွှတ်သလော။ ထို့အပြင်၊ ငွေကြေးအတွက် များစွာသော လူတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်လိုက်ရန် အခွင့်အရေးကို ဆုံးရှုံးကြသည် မဟုတ်လော။ ဤသည်မှာ လူတို့အတွက် ဆုံးရှုံးမှုတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) စာတန်သည် ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို ထိုသို့သော အတိုင်းအတာတစ်ခုထိ အသုံးပြုသည်မှာ အန္တရာယ်ပြုမည့် လက္ခဏာ မဟုတ်သလော။ ဤသည်မှာ မလိုမုန်းထားသည့် လှည့်ကွက်တစ်ခု မဟုတ်လော။ ဤလူသိများသည့် ဆိုရိုးစကားကို ကန့်ကွက်ရာမှ သင်သည် နောက်ဆုံးတွင် ယင်းကို သမ္မာတရားအဖြစ် လက်ခံ လာသည်နှင့်အမျှ၊ သင်၏စိတ်နှလုံးသည် စာတန်၏ လက်ထဲသို့ လုံးဝကျရောက်သွားသောကြောင့် သင်သည် ထိုဆိုရိုးစကားဖြင့် အမှတ်တမဲ့ အသက်ရှင်လာသည်။ ဤဆိုရိုးစကားက သင့်ကို အဘယ်အတိုင်းအတာအထိ အကျိုးသက်ရောက်မှု ဖြစ်စေသနည်း။ သင်က မှန်သောလမ်းကို သိကောင်းသိမည်ဖြစ်ပြီး၊ သမ္မာတရားကို သိကောင်းသိမည် ဖြစ်သော်လည်း၊ ယင်းကို လိုက်စားရှာဖွေရန် အစွမ်းမဲ့လေသည်။‌ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို သင် ရှင်းရှင်းလင်းလင်း သိကောင်းသိနိုင်သော်လည်း၊ သမ္မာတရားကို ရရှိဖို့အလို့ငှာ သင်သည် အဖိုးအခကို ပေးရန် သို့မဟုတ် ဆင်းရဲဒုက္ခခံရန် လိုလားခြင်းမရှိပေ။ ယင်းအစား၊ ဘုရားသခင်ကို အဆုံးတိုင်အောင် ဆန့်ကျင်ရန် သင်၏ ကိုယ်ပိုင်အနာဂတ်နှင့် ကံကြမ္မာကို သင် သာ၍စွန့်လွှတ်လိမ့်မည်။ ဘုရားသခင် အဘယ်အရာကို ပြောသည် ဖြစ်စေ၊ အဘယ်အရာကို လုပ်သည်ဖြစ်စေ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက သင့်အတွက် မည်မျှကြီးမြတ်ပြီး နက်ရှိုင်းသည်ကို သင်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ၊ သင်သည် ခေါင်းမာစွာဖြင့် ဤဆိုရိုးစကား အတွက် မိမိသဘောအတိုင်း လုပ်ဆောင်ပြီး အဖိုးအခ ပေးလိမ့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဤဆိုရိုးစကားသည် သင်၏အပြုအမူနှင့် သင်၏အတွေးများကို ထိန်းချုပ်ထားနှင့်ပြီး ဖြစ်ကာ၊ ယင်းကို စွန့်လွှတ်လိုက်သည်ထက် ယင်းအား သင်၏ကံကြမ္မာကို သင် ထိန်းချုပ်ထားစေလိမ့်မည်ဖြစ်သည်။ လူတို့က ဤသို့ လုပ်ဆောင်ကြသည့် အချက်၊ ဤဆိုရိုးစကား၏ ထိန်းချုပ်ခြင်းနှင့် ကြိုးကိုင်ညွှန်ကြားခြင်းကို ၎င်းတို့ ခံရသည့် အချက်မှာ လူသားမျိုးနွယ်ကို စာတန်၏ ဖောက်ပြန်ပျက်စီး စေခြင်းက ထိရောက်သည်ကို သာဓကပြသည် မဟုတ်လော။ ဤကား စာတန်၏ အတွေးအခေါ်နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့က သင်၏ စိတ်နှလုံးထဲတွင် အမြစ်စွဲနေခြင်း မဟုတ်လော။ ဤအရာကို သင်လုပ်ဆောင်လျှင်၊ ၎င်း၏ ပန်းတိုင်ကို စာတန်က ရရှိအောင်မြင်သွားပြီ မဟုတ်လော။ (ဟုတ်ပါသည်။) စာတန်က လူကို ဤနည်းလမ်းဖြင့် မည်သို့ အကျင့်ပျက်စေပြီးဖြစ်သည်ကို သင်မြင်သလော။ သင်ခံစား ရနိုင်သလော။ (မခံစားရနိုင်ပါ။) ထိုအရာကို သင်မမြင်ခဲ့ သို့မဟုတ် မခံစားခဲ့ရချေ။ ဤနေရာ၌ စာတန်၏ ဆိုးယုတ်မှုကို သင် မြင်သလော။ စာတန်သည် လူကို ခပ်သိမ်းသော အချိန်များနှင့် ခပ်သိမ်းသော နေရာများတွင် ဖောက်ပြန်ပျက်စီး စေသည်။ စာတန်သည် လူသားအား ဤဖောက်ပြန်ပျက်စီးမှုကို ဆန့်ကျင်ဖို့ မဖြစ်နိုင်စေရန် လုပ်ဆောင်ပြီး ယင်းနှင့်ပတ်သက်၍ လူသားကို ကူကယ်ရာမဲ့ဖြစ်အောင် လုပ်ဆောင်သည်။ စာတန်သည် သင်အမှုမဲ့အမှတ်မဲ့ ဖြစ်နေသည့် အခြေအနေများနှင့် သင့်ထံတွင် မည်သည့်အရာဖြစ်နေသည်ကို သင် သတိမပြု မိချိန်တွင် ၎င်း၏အတွေးများ၊ ၎င်း၏ရှုထောင့်အမြင်များနှင့် ၎င်းထံမှလာသည့် ဆိုးယုတ်သည့် အရာများကို သင့်အား လက်ခံစေသည်။ လူတို့သည် ဤအရာများကို လက်ခံကြပြီး၊ ယင်းတို့ကို ပယ်ချကန့်ကွက်ခြင်း မပြုကြပေ။ ၎င်းတို့သည် ဤအရာများကို ချစ်ခင်မြတ်နိုးပြီး ရတနာကဲ့သို့ သိမ်းထား ကြသည်၊ ဤအရာများအား ၎င်းတို့ကို ကြိုးကိုင် ညွှန်ကြားခွင့်ပေးကြပြီး၊ ၎င်းတို့နှင့် ကစားကြသည်။ ဤကား စာတန်၏ လူသားတို့ကို ဖောက်ပြန်ပျက်စီးစေခြင်း နက်ရှိုင်းသည်ထက် နက်ရှိုင်းလာပုံ ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၅၂)

စာတန်သည် လူကို ဖောက်ပြန်ပျက်စီးစေရန် ဤနည်းလမ်း အချို့ကို အသုံးပြုသည်။ လူသည် အသိပညာနှင့် အချို့သော သိပ္ပံဆိုင်ရာ အခြေခံမူများကို သိနားလည်ခြင်းတစ်ခု ရှိသည်၊ လူသည် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှုအောက်တွင် နေထိုင်ပြီး၊ လူသားတိုင်းသည် ရိုးရာယဉ်ကျေးမှု၏ အမွေခံသူနှင့် သယ်ဆောင်သူ တစ်ဦးဖြစ်သည်။ လူသားသည် သူ့ကို စာတန် ပေးထားသည့် ရိုးရာယဉ်ကျေးမှုကို ဝတ္တရားအရ ဆက်လက် လုပ်ဆောင်ရပြီး၊ စာတန်က လူသားမျိုးနွယ်ကို ပံ့ပိုးပေးသည့် ခေတ်ရေစီးကြောင်းကိုလည်း လိုက်လုပ်ရသည်။ တစ်ချိန်လုံး စာတန် လုပ်သမျှကို လိုက်လုပ်လျက်၊ ၎င်း၏ ဆိုးယုတ်မှု၊ လှည့်ဖြားမှု၊ မလိုမုန်းထားမှုနှင့် မာနထောင်လွှားမှုတို့ကို လက်ခံရင်း လူသားသည် စာတန်နှင့် ခွဲခြား၍မရချေ။ လူသားသည် စာတန်၏ ဤစိတ်သဘောထားများကို ပိုင်ဆိုင် လာသည်နှင့်တစ်ပြိုင်နက်၊ သူသည် ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားတွင် ပျော်ရွှင်ဖွယ်ဖြစ်သော ရှင်သန်ခြင်း ရှိလေသလော သို့မဟုတ် ဝမ်းနည်းဖွယ် ရှင်သန်ခြင်း ရှိလေသလော။ (ဝမ်းနည်းဖွယ် ဖြစ်ပါမည်။) အဘယ်ကြောင့် သင် ထိုသို့ပြောသနည်း။ (အဘယ်ကြောင့်ဆိုသော် လူသားသည် ဤအရာများဖြင့် ချည်နှောင်ခံရပြီး ထိန်းချုပ်ခံရသောကြောင့်၊ သူသည် အပြစ်တွင် အသက်ရှင်ကာ ခက်ခဲကြမ်းတမ်းသော ရုန်းကန်လှုပ်ရှားမှုဖြင့် လွှမ်းမိုးခံရပါသည်။) လူအချို့သည် အလွန်ဉာဏ်ပညာရှိပုံပေါ်လျက် မျက်မှန်တပ်ကြ၏။ ၎င်းတို့သည် အပြောကောင်းခြင်းနှင့် ဆင်ခြင်တုံတရားတို့ဖြင့် အလွန် သိက္ခာရှိစွာ စကားပြောဆိုကောင်းပြောဆိုကြလိမ့်မည်ဖြစ်ပြီး၊ အမှုအရာများစွာကို ဖြတ်သန်းရပြီးဖြစ်သောကြောင့်၊ ၎င်းတို့ အလွန် အတွေ့အကြုံရှိကာ ခေတ်မီကောင်း ခေတ်မီကြပေလိမ့်မည်။ ၎င်းတို့သည် ကိစ္စကြီးငယ်များနှင့်ပတ်သက်၍ အသေးစိတ် ပြောကောင်းပြောနိုင်ကြလိမ့်မည်။ ၎င်းတို့အနေဖြင့် အမှုအရာများ၏ စစ်မှန်မှုနှင့် အကြောင်းပြချက်များကိုလည်းအကဲဖြတ်ကောင်း အကဲဖြတ်နိုင်ကြလိမ့်မည်။ အချို့သည် ဤလူတို့၏ အပြုအမူ၊ သွင်ပြင်တို့အပြင် ၎င်းတို့၏ အကျင့်စရိုက်၊ လူ့သဘာဝ၊ အပြုအမူ စသည်တို့ကို ကြည်ပြီး ယင်းတို့နှင့်ပတ်သက်၍ အပြစ်ရှာတွေ့ကောင်းတွေ့မည်မဟုတ်ချေ။ ထိုသို့သော လူတို့သည် လက်ရှိ လူမှုခေတ် ရေစီးကြောင်းကို အထူးသဖြင့် ကျင့်သားရနိုင်ကြလေသည်။ ဤလူတို့သည် ပို၍အသက်ကြီးကောင်း ကြီးမည်ဖြစ်သော်လည်း၊ ဘယ်သောအခါမျှ ခေတ်နောက်ကျခြင်း မရှိသကဲ့သို့ သင်ယူရန်လည်း ဘယ်သောအခါမျှ အိုမင်းမသွားပေ။ အပေါ်ယံတွင်၊ ထိုသို့သော လူတစ်ဦးနှင့်ပတ်သက်၍ မည်သူမျှ အပြစ်ရှာမတွေ့နိုင်သော်လည်း၊ အတွင်းတွင် ၎င်းတို့သည် စာတန်အားဖြင့် အကြွင်းမဲ့နှင့် လုံးဝ ဖောက်ပြန်ပျက်စီး ခံရကြလေသည်။ ဤလူများနှင့်ပတ်သက်၍ အပြင်ပန်း အမှားကို ရှာမတွေ့နိုင်သော်လည်း၊ အပေါ်ယံတွင် ၎င်းတို့သည် သိမ်မွေ့သည်၊ ခံ့ညားပြီး၊ အသိပညာနှင့် အချို့သော အကျင့်သိက္ခာကို ပိုင်ဆိုင်ထားပြီး၊ သမာဓိရှိသော်လည်း၊ အသိပညာအရ ၎င်းတို့သည် ငယ်ရွယ်သူများထက် မနိမ့်ကျ သော်လည်း၊ ၎င်းတို့၏သဘာဝနှင့် အနှစ်သာရနှင့် စပ်လျဉ်း၍ ထိုသို့သော လူတို့သည် စာတန်၏ ပြည့်ဝပြီး အသက်ရှင်သော ပုံစံငယ် ဖြစ်လေသည်။ ၎င်းတို့သည် စာတန်နှင့် တထေရာတည်း တူသောသူဖြစ်သည်။ ဤကား လူကို စာတန် ဖောက်ပြန်ပျက်စီး စေခြင်း၏ “အကျိုးတရား” ဖြစ်သည်။ ငါပြောပြီးသည့် အရာသည် သင်တို့အဖို့ နာကျင်စရာဖြစ်နိုင်သော်လည်း အားလုံး မှန်ကန်၏။ လူလေ့လာသည့် အသိပညာ၊ သူနားလည်သည့် သိပ္ပံပညာ၊ လူမှုခေတ် ရေစီးကြောင်းများနှင့် အံဝင်ခွင်ကျ ဖြစ်အောင် သူရွေးချယ်သည့် နည်းနာတို့သည်၊ ခြွင်းချက်မရှိ စာတန်၏ ဖောက်ပြန်ပျက်စီးစေသည့် တန်ဆာပလာများ ဖြစ်သည်။ ဤသည်မှာ အကြွင်းမဲ့ မှန်ကန်၏။ ထို့ကြောင့် လူသားသည် စာတန်အားဖြင့် လုံးဝ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအတွင်းတွင် အသက်ရှင်ပြီး၊ ဘုရားသခင်၏ သန့်ရှင်းခြင်းက မည်သည့်အရာဖြစ်သည် သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်ကို မသိနိုင်ပေ။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ အပေါ်ယံတွင် စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းများနှင့် ပတ်သက်၍ မည်သူမျှ အပြစ်ရှာမတွေ့နိုင်ပေ။ တစ်စုံတစ်ယောက်၏ အပြုအမူမှ တစ်ခုခုလွဲနေသည်ဟု တစ်ယောက်ယောက်က မပြောနိုင်ပေ။ အယောက်တိုင်းသည် မိမိတို့၏အလုပ်ကို ပုံမှန် လုပ်ဆောင်နေကြပြီး ပုံမှန် အသက်တာများကို အသက်ရှင်နေကြသည်။ ပုံမှန်အားဖြင့် စာအုပ်များနှင့် သတင်းစာများကို ၎င်းတို့ ဖတ်ရှုပြီး ပုံမှန် လေ့လာသင်ယူကာ စကားပြောကြသည်။ လူအချို့သည် လူ့ကျင့်ဝတ် အနည်းငယ်ကို သင်ယူကြပြီး အပြောကောင်းကြသည်၊ နားလည်မှုရှိပြီး ဖော်ရွေကြသည်၊ ကူညီတတ်ပြီး ရက်ရောတတ်ကြသကဲ့သို့၊ အရေးမပါသော ရန်စမှုများ သို့မဟုတ် လူတို့ကို အခွင့်အရေးယူခြင်းများ မလုပ်ဆောင်ကြချေ။ သို့ရာတွင်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများသည် ၎င်းတို့အတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေပြီး၊ ဤအနှစ်သာရကို အပြင်ပန်း အားထုတ်ခြင်းအပေါ် မှီခိုခြင်းဖြင့် ပြောင်းလဲ၍မရနိုင်ပေ။ ဤအနှစ်သာရကြောင့် လူသားသည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို မသိနိုင်သကဲ့သို့၊ ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရကို လူသားထံသို့ ဖွင့်ပြပါသော်လည်း၊ လူက ထိုအရာကို အလေးအနက်မထားပေ။ ဤသို့ဖြစ်ရခြင်းမှာ စာတန်သည် လူသား၏ ခံစားချက်များ၊ အယူအဆများ၊ ရှုထောင့်အမြင်များနှင့် အတွေးများကို နည်းလမ်း အမျိုးမျိုးဖြင့် လုံးဝပိုင်ဆိုင်လာနှင့်ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ဤပိုင်ဆိုင်ခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့သည် ခေတ္တ သို့မဟုတ် ရံဖန်ရံခါမဟုတ်ဘဲ၊ နေရာတကာနှင့် အချိန်တိုင်းတွင် ရှိလေသည်။ ထိုသို့ဖြင့်၊ ဘုရားသခင်ကို သုံးနှစ် လေးနှစ် သို့မဟုတ် ငါးနှစ် ခြောက်နှစ်ပင်- ယုံကြည်ခဲ့ကြသည့် ကြီးမြတ်သော လူများစွာတို့သည်၊ ၎င်းတို့ထဲသို့ စာတန် သွတ်သွင်းပေးလိုက်သည့် ဤဆိုးယုတ်သော အတွေးများ၊ အမြင်များ၊ ဆင်ခြင်တွေးခေါ်မှုနှင့် အတွေးအခေါ်များကို ရတနာများအဖြစ် သဘောထားကြပြီး ၎င်းတို့ကို လက်မလွှတ်နိုင်ကြချေ။ လူသည် ဆိုးယုတ်မှု၊ စာတန်၏ သဘာဝမှလာသည့် မာနထောင်လွှားပြီး မလိုမုန်းထားသော အရာများကို လက်ခံပြီးဖြစ်သောကြောင့်၊ လူ၏ အချင်းချင်း ဆက်ဆံမှုများတွင် စာတန်၏ မာနထောင်လွှားသော သဘာဝ၏ အကျိုးဆက်အဖြစ် လာသည့် သဘောထားကွဲလွဲမှုများ၊ အငြင်းအခုံများနှင့် သဟဇာတမဖြစ်ခြင်းများသည် မလွှဲမရှောင်သာ မကြာခဏ ရှိပေသည်။ အကယ်၍ စာတန်သည် လူသားမျိုးနွယ်ကို အပြုသဘောဆောင်သည့် အရာများ ပေးခဲ့ပါက၊ ဥပမာ၊ လူသားတို့ လက်ခံထားသည့် ရိုးရာယဉ်ကျေးမှုနှင့်ဆိုင်သော ကွန်ဖြူးရှပ်ဝါဒနှင့် တာအိုဝါဒတို့သည် ကောင်းသောအရာများ ဖြစ်ပါက၊ အလားတူသည့် လူများသည် ထိုအရာများကို လက်ခံ ပြီးသည့်နောက်တွင် အချင်းချင်း အဆင်ပြေနိုင်သင့် ပေသည်။ ထို့ကြောင့်၊ တူညီသည့်အရာများကို လက်ခံထားသည့် လူများကြားတွင် အဘယ်ကြောင့် ထိုသို့သော ကြီးမားသည့် ကွဲပြားခြင်းတစ်ခု ရှိပါသနည်း။ ယင်းသည် အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်နည်းမူကား ဤအရာများသည် စာတန်ထံမှလာပြီး စာတန်သည် လူများအကြားတွင် ခွဲပြားခြင်းကို ဖန်တီးသည်။ စာတန်ထံမှ လာသည့်အရာများသည်၊ အပေါ်ယံတွင် မည်မျှပင် ဂုဏ်သိက္ခာရှိပုံရသည်ဖြစ်စေ သို့မဟုတ် ကြီးမြတ်ပုံရသည်ဖြစ်စေ၊ လူသားထံသို့ မာနထောင်လွှားခြင်းကိုသာ ယူဆောင်လာပြီး လူသားအသက်တာမှ မာနထောင်လွှားခြင်းကိုသာ ပေါ်ထွက် လာစေကာ၊ စာတန်၏ ဆိုးယုတ်သည့် သဘာဝ၏ လှည့်ဖြားမှုထက် ဘာမျှမပိုပေ။ ၎င်းမှာ ထိုသို့မဟုတ်လော။ မိမိကိုယ်ကိုယ် ရုပ်ဖျက်နိုင်သည့် တစ်စုံတစ်ယောက်၊ ကြွယ်ဝသည့် အသိပညာ ပိုင်ဆိုင်ထားသည့်သူ သို့မဟုတ် ကောင်းမွန်စွာ ကြီးပြင်းခဲ့သူသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို ဖုံးကွယ်ရန် ခက်ခဲသည့်အချိန် ရှိနိုင်သေး၏။ ဆိုလိုသည်မှာ၊ ဤလူသည် နည်းလမ်းမည်မျှဖြင့် သူ့ကိုယ်သူ ဖုံးအုပ်စေကာမူ၊ ၎င်းတို့ကို သူတော်စင်တစ်ဦးအဖြစ် သင်တွေးထင်သည်ဖြစ်စေ မထင်သည်ဖြစ်စေ၊ သို့မဟုတ်‌ ၎င်းတို့ စုံလင်မှုရှိသည်ဟု သင်ထင်သည်ဖြစ်စေ၊ မထင်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ကို ကောင်းကင်တမန်ဟု သင်တွေးထင်သည်ဖြစ်စေ မထင်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ဖြူစင်သည်ဟု သင် တွေးထင်ပါစေ၊ မြင်ကွင်းများ နောက်ကွယ်တွင် ၎င်းတို့၏ ဘဝသည် မည်သည့်အရာနှင့်တူ သနည်း။ ၎င်းတို့ စိတ်သဘောထား၏ ထုတ်ဖော်မှုတွင် မည်သည့်အနှစ်သာရကို သင်မြင်မည်နည်း။ စာတန်၏ ဆိုးယုတ်သည့် သဘာဝကို သင်မြင်မည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ထိုသို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဥပမာအားဖြင့်၊ လူကောင်း တစ်ယောက်ဟု သင်ထင်ထားသည့် သင်တို့နှင့် နီးစပ်သည့် လူတစ်ဦးကို သင်သိသည်ဆိုပါစို့၊ သင်မြတ်နိုး ကိုးကွယ်သည့် တစ်စုံတစ်ယောက် ဖြစ်ကောင်းဖြစ်မည်။ သင်၏လက်ရှိ ဝိညာဉ်အသက်တာဖြင့်၊ ၎င်းတို့ကို သင် မည်သို့ တွေးထင်သနည်း။ ပထမဦးစွာ၊ ဤကဲ့သို့သော လူစားသည် ကိုယ်ချင်းစာနာခြင်း ရှိမရှိ၊ ရိုးသားခြင်း ရှိမရှိ၊ လူတို့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ၎င်းတို့ ရှိမရှိ၊ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် အခြားသူများ အတွက် အကျိုးရှိပြီး အကူအညီဖြစ်မဖြစ်ကို ကြည့်လော့။ (အကူအညီမဖြစ်ပါ) လူတို့ ထုတ်ဖော်ပြသည့် ကြင်နာခြင်း၊ ချစ်ခြင်း သို့မဟုတ် ကောင်းမြတ်ခြင်း ဆိုသည်များက မည်သည့် အရာနည်း။ ထိုအရာအားလုံးသည် အယောင်ဆောင်များ ဖြစ်ပြီး၊ အားလုံးက အပေါ်ယံမျက်နှာစာဖြစ်သည်။ ဤအပေါ်ယံ မျက်နှာစာ၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသည့် ဆိုးယုတ်သော ရည်ရွယ်ချက်တစ်ခု ရှိသည်- ထိုပုဂ္ဂိုလ်ကို နှစ်သက်ကြည်ညို စေရန်နှင့် နှစ်သက်ကိုးကွယ်စေရန်ဖြစ်သည်။ ဤအရာကို သင်တို့ ရှင်းလင်းစွာမြင်သလော။ (မြင်ပါသည်။)

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၅၃)

လူတို့ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသည့် နည်းလမ်းများက မည်သည့်အရာကို လူသားမျိုးနွယ်ထံ ယူဆောင်ပါသနည်း။ ၎င်းတို့သည် အပြုသဘောဆောင်သည့် တစ်ခုတစ်လေ ယူဆောင်ပေးပါသလော။ ပထမဦးစွာ၊ လူသည် အကောင်းနှင့် အဆိုးကြား ခွဲခြားနိုင်သလော။ ဤလောကထဲတွင် တစ်စုံတစ်ခု ကောင်းမြတ်သည်၊ ဆိုးယုတ်သည်၊ မှန်သည် မှားသည် အကဲဖြတ်ဖို့ ကျော်ကြားသော သို့မဟုတ် ကြီးမြတ်သောပုဂ္ဂိုလ် တစ်ချို့တို့ကိုဖြစ်စေ၊ မဂ္ဂဇင်းတစ်ချို့ သို့မဟုတ် အခြား ပုံနှိပ်ထုတ်ဝေမှုတို့ကိုဖြစ်စေ ၎င်းတို့ အသုံးပြုသည်ဟု သင် ပြောမည်၊ မှန်ပါသလော။ ဖြစ်ရပ်များနှင့် လူတို့နှင့် သက်ဆိုင်သော ၎င်းတို့၏ အကဲဖြတ်ခြင်းများက တရားမျှတ ပါသလော။ ၎င်းတို့အနေဖြင့် သမ္မာတရား ပါရှိသလော။ ဤလောက၊ ဤလူသားမျိုးနွယ်သည် သမ္မာတရား၏ စံနှုန်းကို အခြေခံပြီး အပြုသဘောနှင့် အပျက်သဘောဆောင်သော အရာများကို အကဲဖြတ်သလော။ (အကဲမဖြတ်ပါ။) လူတို့သည် အဘယ်ကြောင့် ထိုအစွမ်းအစ မရှိကြသနည်း။ လူတို့သည် အသိပညာများစွာကို သင်ယူခဲ့ကြပြီး၊ သိပ္ပံပညာအကြောင်း များစွာသိရှိကြသောကြောင့် ၎င်းတို့သည် ကြီးမြတ်သည့် အစွမ်းအစများ ပိုင်ဆိုင်ကြသည် မဟုတ်လော။ ထို့ဆိုလျှင် ၎င်းတို့သည် အပြုသဘောနှင့် အပျက်သဘောဆောင်သည့် အရာများအကြား အဘယ်ကြောင့် ခွဲခြားနိုင်စွမ်းမရှိကြသနည်း။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ (လူတို့တွင် သမ္မာတရား မရှိကြသောကြောင့် ဖြစ်ပါသည်၊ သိပ္ပံပညာနှင့် အသိပညာတို့သည် သမ္မာတရား မဟုတ်ပါ။) လူသားမျိုးနွယ်ထံသို့ စာတန် ယူဆောင်သမျှတိုင်းသည် ဆိုးယုတ်သည်၊ ဖောက်ပြန်ပျက်စီး စေပြီး သမ္မာတရား၊ အသက်နှင့် လမ်းခရီး ကင်းမဲ့နေသည်။ လူသားထံ စာတန် ယူဆောင်လာသည့် ဆိုးယုတ်မှုနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့နှင့်အတူ၊ စာတန်တွင် ချစ်ခြင်းမေတ္တာ ရှိသည်ဟု သင်ပြောနိုင်သလော။ လူသားတွင် ချစ်ခြင်းမေတ္တာ ရှိသည်ဟု သင်ပြောနိုင်သလော။ လူအချို့က၊ “ကိုယ်တော် မှားသည်၊ ကမ္ဘာတစ်ဝှမ်းတွင် ဆင်းရဲသား သို့မဟုတ် အိမ်ယာမဲ့များကို ကူညီနေသည့် လူများစွာရှိသည်။ ထိုသူတို့သည် လူကောင်းများ မဟုတ်သလော။ ကောင်းသည့်အလုပ်များကို လုပ်သည့် အများအကျိုးဆောင်သည့် အဖွဲ့အစည်းများစွာလည်း ရှိသည်၊ သူတို့ လုပ်သည့် အလုပ်သည် ကောင်းသည့် အလုပ် မဟုတ်လော” ဟု ပြောကောင်း ပြောလိမ့်မည်။ ယင်းနှင့်ပတ်သက်၍ သင် မည်သည့်အရာ ပြောမည်နည်း။ စာတန်သည် လူသားကို ဖောက်ပြန်ပျက်စီးစေရန် မတူညီသည့် နည်းလမ်းများနှင့် သဘောတရားများကို အသုံးပြုသည်- လူ၏ ဤဖောက်ပြန်ပျက်စီးခြင်းသည် မရေရာသော အယူအဆ တစ်ခုလော။ မဟုတ်ပေ၊ ယင်းသည် မရေမရာ မဖြစ်ပေ။ စာတန်သည် အချို့သော လက်တွေ့ကျသည့် အရာများကိုလည်း လုပ်ဆောင်ပြီး၊ ၎င်းသည် ဤလောက သို့မဟုတ် လူမှုအဖွဲ့အစည်းထဲတွင် ရှုထောင့်အမြင်တစ်ခု သို့မဟုတ် သဘောတရားတစ်ခုကိုလည်း အားပေးလေသည်။ မင်းဆက်တိုင်း နှင့် ခေတ်တိုင်းတွင် ၎င်းသည် သဘောတရားတစ်ခုကို ထောက်ခံအားပေးပြီး လူ၏ စိတ်ထဲသို့ အတွေးအခေါ်များကို သွတ်သွင်းပေးသည်။ ဤအတွေးအခေါ်များနှင့် သဘောတရားများသည် လူတို့၏ စိတ်နှလုံးထဲတွင် တဖြည်းဖြည်း နှင့် အမြစ်စွဲလာ ပြီးနောက်၊ လူတို့သည် ၎င်းတို့ဖြင့် စတင် အသက်ရှင်လာကြသည်။ ဤအရာများဖြင့် ၎င်းတို့ စတင် အသက်ရှင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အမှတ်တမဲ့ဖြင့် စာတန် ဖြစ်လာကြသည် မဟုတ်လော။ ထိုအခါ လူတို့သည် စာတန်နှင့် တစ်ကိုယ်တည်း ဖြစ်လာကြသည် မဟုတ်လော။ လူတို့သည် စာတန်နှင့် တစ်ကိုယ်တည်း ဖြစ်လာသည့်အခါ၊ အဆုံးတွင် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်အပေါ် စာတန် ထားရှိသည့် သဘောထားနှင့် တူသည် မဟုတ်လော။ မည်သူမျှ ဤအရာကို ဝန်မခံဝံ့ချေ၊ ဟုတ်ပါသလော။ ထိတ်လန့်ဖွယ်ရာ ကောင်းပေစွ။ စာတန်၏ သဘာဝသည် ဆိုးယုတ်သည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ ငါသည် ဤအရာကို အခြေအမြစ်မရှိဘဲ မပြော၊ ယင်းထက် စာတန် လုပ်ဆောင်ခဲ့သည့်အရာနှင့် ထုတ်ဖော်ပြခဲ့သည့် အရာတို့အပေါ် အခြေခံ၍ စာတန်၏ သဘာဝကို သတ်မှတ်ကာ စိစစ်ခြင်းဖြစ်သည်။ စာတန်က ဆိုးယုတ်သည်ဟုသာ ငါပြောပါက၊ သင်တို့ မည်ကဲ့သို့ တွေးမည်နည်း။ သင်တို့က၊ “စာတန်က ဆိုးယုတ်သည်မှာ သိသာလှပါသည်” ဟု တွေးပေလိမ့်မည်။ သို့ဖြစ်လျှင်၊ “စာတန်၏ မည်သည့်သွင်ပြင် လက္ခဏာက ဆိုးယုတ်သနည်း” ဟု သင့်ကို ငါမေး၏။ “စာတန်၏ ဘုရားသခင်ကို ဆန့်ကျင်ခြင်းက ဆိုးယုတ် ပါသည်” ဟု သင်ပြောလျှင်၊ သင်သည် ရှင်းလင်းပြတ်သားစွာ ပြောလိမ့်ဦးမည် မဟုတ်ချေ။ ယခုတွင် ဤနည်းလမ်းဖြင့် တိတိကျကျ ငါပြောပြီ။ စာတန်၏ ဆိုးယုတ်မှု အနှစ်သာရ နှင့်ဆိုင်သော အသေးစိတ် အကြောင်းအရာနှင့် ပတ်သက်၍ သင်တို့နားလည်သလော။ (နားလည်ပါသည်။) အကယ်၍ သင်သည် စာတန်၏ ဆိုးယုတ်သော သဘာဝကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပါက သင်ကိုယ်တိုင်၏ အခြေအနေများကို သင်တွေ့မြင်လိမ့်မည်။ ဤအရာနှစ်ခုကြားတွင် ဆက်စပ်မှု တစ်ခုတစ်လေ ရှိသလော။ ဤအရာသည် သင့်အဖို့ အကူအညီ ဖြစ်သလော၊ မဖြစ်သလော။ (ဖြစ်ပါသည်။) ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရကို ငါမိတ်သဟာယပြုသည့်အခါ၊ စာတန်၏ ဆိုးယုတ်သည့် အနှစ်သာရကို မိတ်သဟာယပြုရန် လိုအပ်ပါသလော။ ဤအရာနှင့်ပတ်သက်၍ သင်တို့၏ ထင်မြင်ချက်ကား အဘယ်နည်း။ (ဟုတ်ပါသည်၊ လိုအပ်ပါသည်။) အဘယ်ကြောင့်နည်း။ (စာတန်၏ ဆိုးယုတ်မှုသည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို ရုပ်လုံးကြွထင်ရှားစေပါသည်။) ထိုသို့ ဖြစ်သလော။ စာတန်၏ ဆိုးယုတ်ခြင်းမရှိဘဲ၊ လူတို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို မသိနိုင်ဆိုသည့် အသိစိတ်အရ ဤသည်မှာ တစ်စိတ်တစ်ပိုင်း မှန်ကန်၏။ သို့ရာတွင်၊ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် စာတန်၏ ဆိုးယုတ်မှုနှင့် ဆန့်ကျင်သောကြောင့်သာ တည်ရှိနေခြင်း ဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ မှန်၏လော။ ဤယုတ္တိဗေဒနည်းကျ ဆန်းစစ် ရှာဖွေခြင်းဆိုင်ရာ တွေးတောပုံနည်းလမ်းက မှားသည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းက ဘုရားသခင်၏ ပင်ကို အနှစ်သာရဖြစ်သည်။ ဘုရားသခင်သည် သူ၏ လုပ်ဆောင်ချက်များ မှတစ်ဆင့် ထိုအရာကို ထုတ်ဖော်သည့် အခါတွင်ပင်၊ ဤသည်မှာ ဘုရားသခင်၏ ပင်ကိုအနှစ်သာရကို သဘာဝအလျောက် ဖော်ပြခြင်းပင်ဖြစ်နေသေးပြီး၊ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဖြစ်နေသေး၏။ ယင်းသည် အမြဲတည်ရှိကာ လူက မမြင်နိုင်သော်လည်း ဘုရားသခင်ကိုယ်တော်တိုင်အဖို့ ပင်ကိုနှင့် မွေးရာပါ ဖြစ်၏။ ဤသို့ဖြစ်ရခြင်းမှာ၊ လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြားနှင့် စာတန်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပြီး၊ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့်ဆိုင်သော တိကျသည့် အကြောင်းအရာကို သိဖို့မဆိုထားနှင့်၊ သန့်ရှင်းခြင်းအကြောင်းကိုပင် မသိသောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ငါတို့သည် စာတန်၏ ဆိုးယုတ်သည့် အနှစ်သာရကို ပထမဆုံး မိတ်သဟာယပြုရန် လိုအပ်သလော။ (လိုအပ်ပါသည်။) လူအချို့တို့သည်၊ “ကိုယ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင်အကြောင်းကို မိတ်သဟာယပြုသည်၊ သို့ဆိုလျှင် စာတန်က လူကို မည်သို့ အကျင့်ပျက်စေပြီး စာတန်၏ သဘာဝက မည်ကဲ့သို့ ဆိုးယုတ်သည်ကိုသာ ကိုယ်တော်က အဘယ်ကြောင့် အမြဲပြောဆို နေသနည်း” ဟူ၍ သံသယအချို့ကို ဖော်ပြကောင်း ဖော်ပြပေမည်။ ယခုတွင် သင်သည် ဤသံသယများကို အဆုံးသတ် နိုင်ကြပြီဖြစ်သည်၊ မဟုတ်လော။ လူတို့သည် စာတန်၏ ဆိုးယုတ်မှုကို သိမြင်ခြင်းရှိသည့်အခါနှင့် ယင်းကို တိကျသည့် အနက်ဖွင့်မှု ရှိကြသည့်အခါ၊ ဆိုးယုတ်ခြင်း၏ တိကျသော အကြောင်းအရာနှင့် သရုပ်သကန်၊ ဆိုးယုတ်မှု၏ အရင်းအမြစ် နှင့် အနှစ်သာရတို့ကို လူတို့ ရှင်းရှင်းလင်းလင်း မြင်နိုင် ကြသည့်အခါ၊ ထိုအခါတွင်မှ ဘုရားသခင်၏ သန့်ရှင်းခြင်း နှင့်ဆိုင်သော ဆွေးနွေးခြင်းမှတဆင့် ဘုရားသခင်၏ သန့်ရှင်းခြင်းက မည်သည့်အရာ ဖြစ်သည်၊ သန့်ရှင်းခြင်းက မည်သည့်အရာဖြစ်သည် ဆိုသည်ကို လူတို့ ရှင်းရှင်းလင်းလင်း နားလည်နိုင်ပေသည်၊ သို့မဟုတ် သတိပြုနိုင်ပေသည်။ စာတန်၏ ဆိုးယုတ်မှုကို ငါမဆွေးနွေးပါက၊ လူအချို့တို့က လူ့အဖွဲ့အစည်းထဲနှင့် လူတို့ကြားတွင် လူတို့လုပ်ဆောင်နေသည့် အရာတစ်ချို့၊ သို့မဟုတ် ဤကမ္ဘာလောကတွင်ရှိသည့် တစ်ချို့သော အရာတို့သည် သန့်ရှင်းခြင်းနှင့် ဆက်နွှယ်မှု တစ်ချို့တစ်လေ ရှိကောင်းရှိမည်ဟု မှားယွင်းစွာ ယုံကြည်ကြလိမ့်မည်။ ဤသည်မှာ မှားယွင်းသော ရှုထောင့်အမြင်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။)

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၅၄)

စာတန်သည် အသိပညာကို တည်ကြက်အဖြစ် အသုံးပြု၏။ သေချာစွာ နားထောင်လော့။ အသိပညာသည် တည်ကြက်တစ်မျိုးသာ ဖြစ်၏။ လူတို့သည် အသိပညာကို ၎င်းတို့အတွက် လက်နက်ဖြစ်စေကာ တပ်ဆင်ဖို့နှင့်၊ ယင်းနောက် သိပ္ပံတံခါးပေါက်ကို ဖွင့်ရာတွင် အသုံးပြုရန်အလို့ငှာ၊ ကြိုးစားလေ့လာ၍ မိမိတို့ကိုယ်ကိုယ် နေ့စဉ် တိုးတက်စေဖို့ သွေးဆောင်ဖြားယောင်းခံကြရ၏။ တစ်နည်းပြောရလျှင် သင်သည် အသိပညာရလေလေ၊ ပို၍ နားလည်လာလေလေ ဖြစ်လိမ့်မည်။ စာတန်သည် ဤအရာတစ်ခုလုံးကို လူတို့အား ပြောပြ၏။ အသိပညာကို ၎င်းတို့ လေ့လာသင်ယူသည်နှင့်အမျှ ရည်မှန်းချက်များနှင့် ပြင်းပြသည့် ဆန္ဒများကို တစ်နေ့တခြား ကြီးထွားလာစေကြဖို့ စာတန်က ၎င်းတို့ကို သွန်သင်ရင်း မြင့်မားသည့် စံများကို မြှင့်တင်ကြရန် လူတို့ကို ပြောလေသည်။ လူသားက သတိမထားမိလိုက်ဘဲ၊ စာတန်သည် ဤသို့သောသတင်းစကား အများအပြားကို ပေးပို့တတ်ပြီး၊ ဤအရာတို့မှာ မှန်ကန်သလိုလို အကျိုးရှိသလိုလိုဖြင့် လူတို့အား မသိစိတ်၌ ခံစားစေ၏။ လူတို့သည် ဤလမ်းကြောင်းပေါ်တွင် အမှတ်တမဲ့ ခြေချ မိကြကာ၊ ၎င်းတို့၏ကိုယ်ပိုင် စံအယူအဆများ၊ ရည်မှန်းချက်များ၏ ရှေ့ဆက် ဦးဆောင်ခြင်းကိုလည်း အမှတ်တမဲ့ပင် ခံကြရ၏။ တစ်ဆင့်ပြီးတစ်ဆင့်၊ သူတို့သည် ကြီးမြတ်သော၊ ကျော်ကြားသော ပုဂ္ဂိုလ်ကြီးများ၏ တွေးခေါ်နည်းများကို စာတန် ပေးထားသော အသိပညာမှ အမှတ်တမဲ့ သင်ယူမိကြသည်။ သူရဲကောင်းများအဖြစ် မှတ်ယူခံရသော လူတို့၏ လုပ်ဆောင်မှုများမှလည်း ၎င်းတို့က အချို့သောအရာများကို လေ့လာသင်ယူကြသည်။ ဤသူရဲကောင်းတို့၏ လုပ်ဆောင်မှုများ ထဲတွင် စာတန်က လူသားအတွက် မည်သည့်အရာကို အားပေးထောက်ခံနေသနည်း။ စာတန်က လူ့အထဲတွင် မည်သည်ကို သွတ်သွင်းချင်သနည်း။ လူသားသည် မျိုးချစ်စိတ် ရှိရမည်၊ အမျိုးသားဂုဏ်သိက္ခာရှိကာ သူရဲကောင်းစိတ်ဓာတ် ရှိရမည် ဖြစ်သည်။ သမိုင်းဇာတ်လမ်းများ သို့မဟုတ် သူရဲကောင်းဆန်ဆန် ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိများမှ လူသားသည် မည်သည့်အရာကို သင်ခန်းစာရသနည်း။ ပုဂ္ဂိုလ်ရေးဆိုင်ရာ သစ္စာရှိခြင်းအသိတစ်ခုရှိရန်၊ သို့မဟုတ် မိမိမိတ်ဆွေများနှင့် ညီအစ်ကိုများအတွက် မည်သည့်အရာကို မဆို လုပ်ဆောင်ရန် အဆင်သင့်ရှိဖို့ ဖြစ်သည်။ စာတန်၏ ဤအသိပညာအတွင်းတွင် လူသားသည် လုံးဝ အပြုသဘောဆောင်ခြင်း မရှိသည့် အရာများစွာကို အမှုမဲ့အမှတ်မဲ့ သင်ယူမိ၏။ လူသား၏ သတိမမူမိခြင်း အလယ်တွင်၊ စာတန် ပြင်ဆင်ပေးထားသော မျိုးစေ့တို့သည် လူတို့၏ မရင့်ကျက်သော စိတ်များထဲ၌ စိုက်ပျိုးခံရ၏။ ၎င်းတို့အနေဖြင့် ကြီးမြတ်သောသူများ ဖြစ်သင့်သည်၊ ကျော်ကြားသင့်သည်၊ သူရဲကောင်းများ ဖြစ်သင့်သည်၊ မျိုးချစ်စိတ် ရှိသင့်သည်၊ မိသားစုကို ချစ်သောသူများ ဖြစ်သင့်ပြီး၊ မိတ်ဆွေတစ်ဦးအတွက် ဘာမဆိုလုပ်ပေးကာ ပုဂ္ဂိုလ်ရေးဆိုင်ရာ သစ္စာရှိမှု အသိ ရှိသင့်သည်ဟူ၍ ဤမျိုးစေ့များက ၎င်းတို့ကို ခံစားစေလေသည်။ စာတန်၏ ဖြားယောင်းသွေးဆောင်ခြင်းခံရလျက်၊ ၎င်းတို့သည် စာတန် ပြင်ဆင် ပေးထားသည့်လမ်းကို အမှုမဲ့အမှတ်မဲ့ လျှောက်လှမ်းမိကြ၏။ ၎င်းတို့သည် ဤလမ်းအတိုင်း သွားကြသည်နှင့်အမျှ၊ စာတန်၏ ရှင်သန်နေထိုင်မှု စည်းကမ်းများကို အတင်းအကျပ် လက်ခံစေခြင်း ခံကြရသည်။ လုံးဝ သတိမမူမိဘဲလျက်၊ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ရှင်သန်မှု စည်းမျဉ်းများ ဖြစ်ပေါ်စေ မိကြ၏။ သို့သော် ဤအရာများသည် ၎င်းတို့ထဲသို့ စာတန်က အတင်းအဓမ္မ သွတ်သွင်းခဲ့သည့် စာတန်၏ စည်းကမ်းများထက် ဘာမျှမပိုပေ။ သင်ယူခြင်းဖြစ်စဉ် အတွင်း၌၊ စာတန်သည် ၎င်းတို့ကို ကိုယ်ပိုင် ရည်မှန်းချက်များကို အားပေးသကဲ့သို့ ကိုယ်ပိုင်ဘဝ ပန်းတိုင်များ၊ လိုက်နာရမည့်စည်းကမ်းများနှင့် အသက်တာ ဦးတည်ချက်တို့ကို ဆုံးဖြတ်စေလေသည်၊ တစ်ချိန်တည်းမှာပင် ၎င်းတို့ ငါးစာဟပ်သည်အထိ လူတို့အား သွေးဆောင်ရန် ဇာတ်လမ်းများ၊ အတ္ထုပ္ပတ္တိများနှင့် အခြား ဖြစ်နိုင်သမျှ နည်းလမ်းများကို နည်းနည်းချင်းစီ အသုံးပြုကာ စာတန်၏ အမှုအရာများကို ၎င်းတို့ထဲသို့ သွင်းလေသည်။ ဤနည်းလမ်းဖြင့်၊ ၎င်းတို့၏ သင်ယူခြင်းဖြစ်စဉ် အတွင်း၌ လူအချို့သည် စာပေကို ကြိုက်နှစ်သက်လာကြ၏၊ အချို့က စီးပွားရေး၊ အချို့က နက္ခတ္တဗေဒ သို့မဟုတ် ပထဝီပညာရပ်ကို ကြိုက်နှစ်သက်လာ၏။ ထို့နောက် နိုင်ငံရေးကို ကြိုက်နှစ်သက်လာသူအချို့၊ ရူပဗေဒကို ကြိုက်သူအချို့၊ ဓါတုဗေဒကို ကြိုက်သူအချို့နှင့် ဘာသာရေးယုံကြည်မှုဆိုင်ရာ လေ့လာမှုပညာရပ်ကို ကြိုက်နှစ်သက်သူအချို့ပင် ရှိလာကြသည်။ ဤအရာအားလုံးသည် သာ၍ ကြီးမြတ်သော အရာတစ်ခုလုံး ဖြစ်သည့် အသိပညာ၏ အစိတ်အပိုင်းများဖြစ်၏။ သင်တို့နှလုံးသားများထဲ၌၊ ဤအရာတို့မှာ အမှန်တကယ် မည်သည့်အရာများဖြစ်ကြသည်ကို သင်တို့ တစ်ဦးချင်းစီတိုင်း သိကြသည်။ သင်တို့တစ်ဦးချင်းစီသည် ၎င်းအရာတို့နှင့် ယခင်က ထိတွေ့ခဲ့ပြီးသား ဖြစ်သည်။ ဤအသိပညာများ၏ ဤအတက်အလက်တို့ တစ်ခုမဟုတ် တစ်ခုအကြောင်း သင်တို့အသီးသီးသည် အဆုံးမရှိအောင် မရပ်မနား ပြောဆိုနိုင်ကြသည်။ ထို့ကြောင့် ဤအသိပညာသည် လူသားတို့၏ စိတ်ထဲ၌ မည်မျှ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီးဖြစ်သည်မှာ သိသာလှသည်။ လူသား၏စိတ်ထဲတွင် ဤအသိပညာက ဝင်ရောက် ယူထားသည့် နေရာနှင့် ၎င်းတို့အပေါ်တွင် မည်မျှ နက်နက်နဲနဲ သက်ရောက်မှုရှိသည်ကို မြင်သာပေသည်။ လူတစ်ယောက်သည် အသိပညာ၏ ရှုထောင့်တစ်ခုကို ကြိုက်နှစ်သက်ပြီဆိုသည်နှင့် လူတစ်ယောက်၏ ထိုအရာကို နက်နက်ရှိုင်းရှိုင်း ချစ်မိသွားသောအခါ၊ ၎င်းတို့သည် ရည်မှန်းချက်များ အမှုမဲ့အမှတ်မဲ့ ဖြစ်ပေါ် လာကြလေသည်။ လူအချို့က စာရေးဆရာ ဖြစ်ချင်ကြသည်၊ အချို့သည် စာပေရေးသားသူများ ဖြစ်ချင်ကြသည်။ အချို့က နိုင်ငံရေးဖြင့် အသက်မွေးချင်ကြပြီး၊ အချို့သည် စီးပွားရေးတွင် ပါဝင်ပတ်သက်ပြီး စီးပွားရေးသမားများ ဖြစ်ချင်လာကြသည်။ ထို့နောက် သူရဲကောင်း ဖြစ်ချင်သော၊ ကြီးမြတ်ချင်သော သို့မဟုတ် ကျော်ကြားချင်သော လူတစ်စုလည်း ရှိ၏။ လူတစ်ယောက်သည် မည်သို့သောလူမျိုး ဖြစ်ချင်သည်ဖြစ်စေ၊ ၎င်းတို့၏ ပန်းတိုင်သည်ကား အသိပညာကို သင်ယူခြင်းဖြစ်သော ဤနည်းလမ်းကိုယူ၍ ကိုယ်ပိုင် ပန်းတိုင်များအတွက် အသုံးချရန်၊ ၎င်းတို့၏ကိုယ်ပိုင်ဆန္ဒများ၊ ကိုယ်ပိုင် ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်တို့ပင် ဖြစ်သည်။ မည်မျှပင် ကောင်းမွန်သည့်သဘော ရှိပါစေ၊ ၎င်းတို့သည် ၎င်းတို့၏ မျှော်မှန်းချက်များကို ရယူချင် ကြသည်ဖြစ်စေ၊ ဘဝကို မဖြုန်းတီးချင်ကြသည်ဖြစ်စေ၊ သို့မဟုတ် သို့မဟုတ် အသက်မွေးဝမ်းကျောင်းတစ်ခုခု ရှိချင်ကြသည်ဖြစ်စေ၊ ၎င်းတို့သည် ဤသို့ မြင့်မားသော စံများနှင့် ရည်မှန်းချက်များကို ထားကြသော်လည်း၊ ထိုအရာ အားလုံးသည် အခြေခံအားဖြင့် မည်သည့်အရာအတွက် ဖြစ်သနည်း။ သင်တို့သည် ဤမေးခွန်းကို ယခင်က စဉ်းစားဖူးသလော။ စာတန်သည် အဘယ်ကြောင့် ဤနည်းလမ်းဖြင့် လုပ်ဆောင်သနည်း။ လူသား၏အထဲတွင် ဤအရာတို့ကို သွတ်သွင်းသည့် စာတန်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်တို့၏နှလုံးသားများသည် ဤမေးခွန်း အပေါ်တွင် ရှင်းလင်းပြတ်သားနေရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၅၅)

လူသား၏ အသိပညာ သင်ယူခြင်း ဖြစ်စဉ်အတွင်း၊ စာတန်သည် ဇာတ်လမ်းများကို ပြောပြခြင်းဖြစ်စေ၊ အသိပညာ တစ်စိတ်တစ်ပိုင်း ပေးလိုက်ခြင်း သက်သက် ဖြစ်စေ၊ သို့မဟုတ် လူတို့၏ ဆန္ဒများ သို့မဟုတ် ၎င်းတို့၏ ရည်မှန်းချက်များကို ဖြည့်ဆည်းခွင့် ပေးသည်ဖြစ်စေ နည်းလမ်းမျိုးစုံကို အသုံးပြု လေသည်။ စာတန်သည် သင့်ကို မည်သည့်လမ်းဖြင့် ခေါ်ဆောင်ချင်ပါသနည်း။ အသိပညာကို သင်ယူလေ့လာခြင်း နှင့် ပတ်သက်၍ မည်သည့်အရာမျှ မှားယွင်းခြင်း မရှိ၊ လုံးဝ သဘာဝကျသည်ဟု လူတို့က ထင်ကြ၏။ နှစ်သက်ဖွယ်ကောင်းသည့် နည်းလမ်းဖြင့် ပြောရမည် ဆိုလျှင်၊ မြင့်မားသော စံအယူအဆများ ရှိခြင်း သို့မဟုတ် ရည်မှန်းချက်များ ရှိခြင်းသည် ပြင်းပြသောဆန္ဒများ ရှိခြင်းဖြစ်ပြီး၊ ဤသည်မှာ အသက်တာတွင် မှန်ကန်သောလမ်း ဖြစ်သင့်သည်ဟု လူတို့က ထင်ကြသည်။ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် စံအယူအဆများအား ဖြစ်မြောက်စေနိုင်သည် သို့မဟုတ် ၎င်းတို့၏အသက်တာတွင် အသက်မွေးဝမ်းကျောင်းတစ်ခု အောင်မြင်စွာ ပြုနိုင်သည် ဆိုလျှင်၊ ထိုနည်းလမ်းသည် လူတို့အသက်ရှင်နေထိုင်ရန် အတွက် ပို၍ ဂုဏ်ဝင့်ဖွယ်ကောင်းသောနည်းလမ်း မဟုတ်လော။ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့် လူတစ်ဦးသည် မိမိ၏ဘိုးဘေးများကို ဂုဏ်ပြုရုံသာမက၊ သမိုင်းတွင် မိမိ၏အမှတ်အသားတစ်ခု ကျန်ရစ်စေဖို့ အခွင့်အရေးတစ်ခုလည်း ရှိနိုင်ပေသည်- ဤသည်မှာ ကောင်းသော အရာတစ်ခု မဟုတ်သလော။ ဤသည်မှာ လောကီလူတို့၏အမြင်တွင် ကောင်းသောအရာတစ်ခု ဖြစ်နေပြီး၊ ၎င်းတို့အတွက်ကား သင့်လျော်ကာ အပြုသဘောဆောင်နေသင့်၏။ သို့ရာတွင် အန္တရာယ် ပြုမည့် လက္ခဏာရှိသော စေ့ဆော်မှုများရှိသည့် စာတန်သည် လူတို့ကို ဤလမ်းမျိုးဆီ ခေါ်ဆောင်ပြီးနောက်တွင်၊ ဤမျှသာလော။ လုံးဝ မဟုတ်ပေ။ အမှန်တွင် လူသား၏ စံအယူအဆများသည် မည်မျှမြင့်မားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ရယူချင်သည့် အရာအားလုံး၊ လူသားက ရှာဖွေသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်း၏ အသက်တာအတွက် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် “ကျော်ကြားမှု” နှင့် “အမြတ်အစွန်း” တို့ ဖြစ်၏။ စာတန်သည် လူတို့၏ အယူအဆများနှင့် အလွန်များစွာပူးပေါင်း ထားသော နည်းလမ်းဖြစ်သည့် လွန်စွာ သိမ်မွေ့ညင်သာသော နည်းလမ်းမျိုးကို အသုံးပြု၏။ ယင်းသည် လုံးဝ အစွန်းရောက်သော နည်းလမ်း မဟုတ်။ ယင်းမှတဆင့် ၎င်း၏ရှင်သန်ခြင်း နည်းလမ်း၊ လိုက်နာရမည့် သူ၏စည်းကမ်းများကို စာတန်က လူတို့အား အမှုမဲ့အမှတ်မဲ့ လက်ခံစေကာ၊ ဘဝပန်းတိုင်များနှင့် အသက်တာ ဦးတည်ချက်များကို ထူထောင်စေလေသည်၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် အသက်တာထဲတွင် ရည်မှန်းချက်များကိုလည်း အမှုမဲ့အမှတ်မဲ့ ရှိလာကြ လေသည်။ ဤဘဝရည်မှန်းချက်များက မည်မျှပင် ကြီးကျယ်ခမ်းနား ပုံရသည် ဖြစ်စေ၊ ဤအရာ တို့သည် “ကျော်ကြားမှု” နှင့် “အမြတ်အစွန်း” နှင့် ခွဲမရအောင် ချိတ်ဆက်ထားလေသည်။ အမှန်တကယ်၌ ကြီးမြတ်သော၊ ကျော်ကြားသော ပုဂ္ဂိုလ် မည်သူမဆို၊ လူအားလုံးတို့သည် အသက်တာတွင် ၎င်းတို့ လိုက်သည့်အရာသည် “ကျော်ကြားမှု” နှင့် “အမြတ်အစွန်း” ဟူသော ဤစကားလုံး နှစ်လုံးနှင့်သာ ဆက်စပ်နေသည်။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက်၊ မြင့်မားသော အဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝခြင်းတို့ကို ခံစားရန်နှင့် အသက်တာကို ပျော်မွေ့ရန် အတွက် ဤအရာများကို အကျိုးရှိအောင် အသုံးချနိုင်မည်ဟု ထင်ကြ၏။ ၎င်းတို့အနေဖြင့် ကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့ကို အပျော်အပါးလိုက်စားသည့် အသက်တာနှင့် ကာယိန္ဒြေမစောင့်ဘဲ ဇာတိပကတိ၌ ပျော်မွေ့ခြင်း အသက်တာကို ရရှိဖို့ အသုံးပြုနိုင်သည့် အရင်းအနှီးမျိုးဟု ထင်ကြလေသည်။ လူသားမျိုးနွယ် အလွန်တပ်မက်သည့် ဤကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့အတွက်၊ လူတို့သည် ၎င်းတို့၏ခန္ဓာနှင့် စိတ်၊ ၎င်းတို့တွင်ရှိသည်များ အားလုံး၊ ၎င်းတို့၏အနာဂတ်များနှင့် ကံကြမ္မာများအားလုံးကို အမှုမဲ့အမှတ်မဲ့ ဖြစ်သော်လည်း စိတ်လိုလက်ရဖြင့် စာတန်အား ပေးအပ်ကြလေ၏။ ထိုသူတို့သည် တုံ့ဆိုင်းခြင်း အလျှင်းမရှိသည့်အပြင်၊ ၎င်းတို့ လွှဲအပ်သမျှကို ပြန်၍ရယူရန် လိုအပ်သည်ကိုလည်း လုံးဝမသိနားမလည်ဘဲ ထိုသို့ပြုကြ၏။ လူတို့သည် စာတန်ထံတွင် ဤသို့ ခိုလှုံကြပြီး၊ ၎င်းအပေါ် သစ္စာရှိ သွားကြသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိကိုယ်ကိုမိမိ ထိန်းချုပ်နိုင်ဦးမည်လော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် နွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကိုယ် ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် အောင်မြင်မှုနှင့် အမြတ်အစွန်းတွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ ဖြောင့်မတ်သောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့အပေါ်တွင် ရှိသော အောင်မြင်မှုနှင့် အမြတ်အစွန်းတို့၏ စွဲဆောင်မှု အင်အားသည် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူတို့အတွက် ဘဝတစ်လျှောက်လုံး လိုက်စားသည့် အရာများ၊ အဆုံးမရှိ ထာဝရလိုက်စားသည့် အရာများပင် ဖြစ်သွားကြ၏။ ဤသည်မှာ အမှန် မဟုတ်သလော။ လူအချို့က အသိပညာ သင်ယူခြင်း ဟူသည်မှာ ခေတ်နောက်ကျမကျန်ခဲ့စေရန် သို့မဟုတ် ကမ္ဘာကြီးတွင် နောက်ကျမကျန်စေရန်အတွက်၊ စာအုပ်များ ဖတ်ခြင်း သို့မဟုတ် ၎င်းတို့ မသိသေးသောအရာအချို့ကို လေ့လာသင်ယူခြင်းထက် မပိုဟု ဆိုကြသည်။ ၎င်းတို့ကိုယ်တိုင်၏ အနာဂတ်အတွက် သို့မဟုတ် အခြေခံ လိုအပ်မှုများကို ထောက်ပံ့ရန် ၎င်းတို့ ထမင်းစားပွဲတွင် စားစရာရှိနေရန်အတွက်သာ အသိပညာကို သင်ယူခြင်း ဖြစ်သည်ဟု ပြောကြလိမ့်မည်။ အခြေခံ လိုအပ်ချက်များ သက်သက်အတွက်၊ အစားအစာကိစ္စကို ဖြေရှင်းရန် သက်သက်အတွက်ဖြင့် ဆယ်စုနှစ်တစ်ခုစာ ပင်ပင်ပန်းပန်း လေ့လာ သင်ယူသည့် လူတစ်ဦးတစ်လေ ရှိပါသလော။ ဤကဲ့သို့သောလူမျိုး တစ်ဦးမျှမရှိပေ။ သို့ဆိုလျှင် လူတစ်ဦးသည် ဤနှစ်များအားလုံးအတွက် အဘယ်ကြောင့် ဤဆင်းရဲဒုက္ခခံပါသနည်း။ ဤသည်မှာ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက်ဖြစ်သည်။ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့သည် သူ့ကို လက်ယပ်ခေါ်လျက်၊ အဝေးတွင် စောင့်ကြို နေကြ၏။ ၎င်းတို့အနေဖြင့် မိမိတို့၏ကိုယ်ပိုင် လုံ့လဝီရိယ၊ အခက်အခဲများနှင့် ရုန်းကန်မှုများအားဖြင့်သာ ၎င်းတို့ကို ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့ကို ရရှိဖို့ ဦးဆောင်မည့် လမ်းကို လိုက်နိုင်သည်ဟု ယုံကြည်ကြလေသည်။ ထိုသို့သော လူသည် သူကိုယ်တိုင်၏ အနာဂတ် လမ်းကြောင်းအတွက်၊ အနာဂတ် ပျော်ရွှင်မှုအတွက်နှင့် ပို၍ကောင်းမွန်သော ဘဝတစ်ခုကို ရရှိဖို့ ဤသို့သော အခက်အခဲများကို ဒုက္ခခံရပေမည်။ ဤသည်မှာ မည်သို့သော အသိပညာနည်း၊ သင်တို့ ငါ့အား ပြောပြနိုင်သလော။ ထိုအရာသည် လူတို့၏ အသိပညာသင်ယူခြင်း ဖြစ်စဉ်တွင် စာတန်က ၎င်းတို့ထဲ သွတ်သွင်းပေးလိုက်သည့် စည်းကမ်းများ၊ စာတန်က ၎င်းတို့ကို သင်ကြားပေးလိုက်သည့် ရှင်သန်နေထိုင်နည်း စည်းကမ်းများ မဟုတ်သလော။ ၎င်းအရာသည် စာတန်က လူသား၏အထဲတွင် သွတ်သွင်းပေးလိုက်သည့် ဘဝ၏ “မြင့်မားသော စံများ” ဖြစ်သည်မဟုတ်လော။ ဥပမာဆိုရသော် ကြီးမြတ်သော လူတို့၏စိတ်ကူးများ၊ နာမည်ကျော်ကြားသူတို့၏ တည်ကြည်မှု သို့မဟုတ် လူစွမ်းကောင်းတို့၏ ရဲရင့်သောစိတ်ဓာတ်တို့ကို ကြည့်လော့။ သို့တည်းမဟုတ် သိုင်းဝတ္ထုများထဲမှ ဇာတ်လိုက်များ၊ ဓါးသမားများ၏ သူရဲကောင်းစိတ်ဓါတ်နှင့် ကြင်နာတတ်မှုတို့ကို ကြည့်လော့- ဤအရာများ အားလုံးသည် စာတန်က ဤစံများကို သွတ်သွင်းသည့် နည်းလမ်းများ ဖြစ်သည် မဟုတ်လော (ဟုတ်ပါသည်။) ဤအယူအဆတို့သည် မျိုးဆက်များ တစ်ခုပြီးတစ်ခုအပေါ် လွှမ်းမိုးလျက်ရှိနေသကဲ့သို့၊ မျိုးဆက် တစ်ခုစီ၏ လူတို့သည် ဤအယူအဆတို့အား လက်ခံရန်၊ ဤအယူအဆများအတွက် အသက်ရှင်နေထိုင်ရန်နှင့် ၎င်းတို့နောက် အဆုံးမရှိ လိုက်ကြရ၏။ ဤသည်မှာ စာတန်က လူသားကို အသိပညာအားဖြင့် ဖျက်ဆီးရန် အသုံးပြုသည့် နည်းလမ်း သို့မဟုတ် လမ်းကြောင်း ဖြစ်သည်။ သို့ဆိုလျှင် စာတန်က လူတို့အား ဤလမ်းသို့ ခေါ်ဆောင်ပြီးနောက်တွင်၊ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ကိုးကွယ်ရန် ဖြစ်နိုင်ပါသေးသလော။ စာတန်က လူသားထဲ၌ သွတ်သွင်းထားသော အသိပညာနှင့် အတွေးအခေါ်တို့တွင် ဘုရားသခင်ကို ကိုးကွယ်ခြင်းအကြောင်းအရာ တစ်စက်မျှ ပါဝင်သလော။ ၎င်းတို့တွင် သမ္မာတရားနှင့်သက်ဆိုင်သော အကြောင်းအရာ တစ်စုံတစ်ရာ ပါဝင်သလော။ ၎င်းအရာတို့တွင် ဘုရားသခင်အား ကြောက်ရွံ့ခြင်း၊ မကောင်းမှုအား ရှောင်ကြဉ်ခြင်း အကြောင်းအရာ တစ်ခုတစ်လေ ပါဝင်သလော (မပါဝင်ပါ။) သင်တို့သည် အနည်းငယ် မသေချာသည့်ပုံ ရသော်လည်း ကိစ္စမရှိ။ “ကျော်ကြားမှု” နှင့် “အမြတ်အစွန်း” ဆိုသည်မှာ လူတို့ကို ဆိုးယုတ်သည့် လမ်းကြောင်းသို့ ဖြားယောင်းဖို့ စာတန်က အသုံးပြုသည့် အဓိက စကားလုံးနှစ်ခုဖြစ်ကြောင်းကို သင် သိမြင်သရွေ့၊ လုံလောက်ပြီဖြစ်သည်။

ယခုအထိ ဆွေးနွေးခဲ့သည်များကို အကျဉ်းချုံး ပြန်သုံးသပ် ကြည့်ကြစို့- လူသားအား သူ၏ထိန်းချုပ်မှု အတွင်းတွင် အခိုင်အမာ ထားရှိရန် စာတန်သည် မည်သည့်အရာကို အသုံးပြုသနည်း။ (ကျော်ကြားမှုနှင့် အမြတ်အစွန်း ဖြစ်ပါသည်။) ထို့ကြောင့် လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ၊ ၎င်း၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့သည် လုံးဝ စက်ဆုပ်စရာကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် အသက်မရှင်နိုင်ဟု ထင်သည့်အတွက်ကြောင့်၊ စာတန်၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့ကို ယနေ့တွင် မြင်ကောင်း မြင်နိုင်ကြမည် မဟုတ်ပေ။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ချန်ထားခဲ့မည်ဆိုလျှင်၊ ၎င်းတို့အနေဖြင့် ရှေ့ခရီးလမ်းကို မြင်နိုင်တော့မည် မဟုတ်၊ ၎င်းတို့၏ ပန်းတိုင်များကို မြင်နိုင်တော့မည်မဟုတ်၊ ၎င်းတို့၏ အနာဂတ်သည်လည်း မှေးမှိန် မှောင်မိုက်လာမည်ဟု ထင်ကြ၏။ သို့ရာတွင် ကျော်ကြားမှုနှင့် အမြတ်အစွန်း ဟူသည် စာတန်က လူသားကို ချည်နှောင်ရန် အသုံးပြုသည့် ကြောက်မက်ဖွယ် ကောင်းသော အချုပ်အနှောင်များ ဖြစ်သည် ဆိုသည်ကို သင်တို့ အားလုံးသည် တစ်နေ့တွင် တဖြည်းဖြည်းဖြင့် သိမြင်လာကြလိမ့်မည်။ ထိုနေ့ရောက်သောအခါ၊ သင်သည် စာတန်၏ ထိန်းချုပ်မှုကို လုံးလုံးလျားလျား ခုခံမည်ဖြစ် သကဲ့သို့၊ စာတန်က သင့်အား ချည်နှောင်ရန် အသုံးပြုသည့် အချုပ်အနှောင်များကိုလည်း လုံးလုံးလျားလျား ခုခံလိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော အရာအားလုံးကို သင်လွှင့်ပစ်ချင်သည့် အချိန်ကျသည့်အခါ၊ သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ၊ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် ရွံရှာမုန်းတီး လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ လူသားမျိုးနွယ်သည် ဘုရားသခင် အတွက် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၅၆)

သိပ္ပံကို လေ့လာကာ လျှို့ဝှက်ဆန်းကြယ်မှုများကို စူးစမ်းချင်သော လူသား၏ သိချင်စိတ်ပြင်းပြမှု၊ လူသား၏ဆန္ဒကို ဖြည့်ဆည်းပေးရန် စာတန်သည် သိပ္ပံ၏နာမည်ကို အသုံးပြု၏။ စာတန်သည် သိပ္ပံအတွက်ကြောင့် လူသား၏ ရုပ်ဝတ္ထု လိုအပ်ချက်များနှင့် ၎င်းတို့၏ဘဝအရည်အသွေးကို မပြတ်တမ်းမြှင့်တင်ရန် လူသား၏ တောင်းဆိုချက်ကို ဖြည့်ဆည်း ပေး၏။ ထို့ကြောင့် စာတန်သည် ဤမူမမှန်သော အကြောင်းပြချက်ဖြင့် လူသားကို ဖျက်ဆီးရန် သိပ္ပံကို အသုံးပြုခြင်းဖြစ်သည်။ စာတန်က သိပ္ပံကို ဤနည်းဖြင့် အသုံးပြုလျက် ဖျက်စီးသည်မှာ လူသား၏ အတွေးအခေါ် သို့မဟုတ် လူသား၏ စိတ်သာ ဖြစ်သလော။ ငါတို့အနေဖြင့် မြင်နိုင်ပြီး ထိတွေ့လာရသည့် ငါတို့ပတ်ဝန်းကျင်ရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများထဲမှ အခြားမည်သည့်အရာကို စာတန်သည် သိပ္ပံကို အသုံးပြု၍ ဖျက်ဆီးသနည်း။ (သဘာဝပတ်ဝန်းကျင် ဖြစ်ပါသည်။) မှန်သည်။ သင်တို့သည် ဤအရာကြောင့် အလွန်အမင်း ဒုက္ခရောက်ကြပြီးဖြစ်ကာ အလွန်အမင်း ထိခိုက်ခံရကြပြီးဖြစ်ပုံပေါ်သည်။ လူသားကို လှည့်စားရန်အတွက် အမျိုးမျိုးသော ရှာဖွေတွေ့ရှိချက်များနှင့် သိပ္ပံဆိုင်ရာ ကောက်ချက်များ အားလုံးကို အသုံးပြုခြင်းအပြင်၊ စာတန်သည် ဘုရားသခင်က လူသားတို့ကို ပေးထားခဲ့သည့် ရှင်သန်နေသော ပတ်ဝန်းကျင်အား အကြောင်းမဲ့ ဖျက်ဆီးခြင်းနှင့် အကျိုးအမြတ်ထုတ်ခြင်းတို့ ဆောင်ရွက်ရန် သိပ္ပံကိုလည်း နည်းလမ်းတစ်ခုအနေနှင့် အသုံးပြု၏။ လူသားသည် သိပ္ပံဆိုင်ရာ သုတေသနကို ဆောင်ရွက်ပါက၊ လူသား၏ ရှင်သန်နေသော ပတ်ဝန်းကျင်နှင့် ဘဝ အရည်အသွေးတို့သည် ဆက်လက်တိုးတက်လိမ့်မည်ဖြစ်သည့်အပြင်၊ သိပ္ပံပညာ တိုးတက်ခြင်း၏ ရည်ရွယ်ချက်မှာ လူသား၏ နေ့စဉ်တိုးလာနေသော ရုပ်ဝတ္ထုလိုအပ်ချက်များနှင့် ၎င်းတို့၏ ဘဝအရည်အသွေးကို အဆက်ပြတ် တိုးတက်စေရန် လိုအပ်မှုတို့ကို ဖြည့်တင်းပေးရန် ဖြစ်သည် ဆိုသည့် မူမမှန်သည့် အကြောင်းပြချက် အောက်တွင် စာတန်သည် ဤအရာကို လုပ်ဆောင် လေသည်။ ဤသည်မှာ စာတန်၏ သိပ္ပံတိုးတက်မှုနှင့်ဆိုင်သည့် အယူအဆရေးရာ အခြေခံ အကြောင်းရင်း ဖြစ်သည်။ သို့ရာတွင်၊ သိပ္ပံက လူသားမျိုးနွယ်ထံ မည်သည့်အရာကို ဆောင်ယူပြီး ဖြစ်သနည်း။ ငါတို့ ဆက်နွှယ်သည့် ပတ်ဝန်းကျင်တွင် မည်သည့်အရာ ပါဝင်သနည်း။ လူသားမျိုးနွယ်တို့ ရှူသွင်းသော လေသည် ညစ်ညမ်းလာပြီ မဟုတ်လော။ ငါတို့ သောက်သုံးသော ရေသည် အမှန်တကယ် သန့်စင်သေးသလော (မသန့်စင်တော့ပါ။) ငါတို့ စားသုံးနေသော အစားအစာသည် သဘာဝအတိုင်း ဟုတ်ပါ၏လော။ အများစုသည် ဓါတုဓာတ်မြေသြဇာ နှင့် မျိုးဗီဇ ပြုပြင်မှုကို အသုံးပြုကာ စိုက်ပျိုးထားခြင်းဖြစ်ပြီး သိပ္ပံနည်းလမ်းအမျိုးမျိုးကို အသုံးပြုခြင်းဖြင့် သန္ဓေပြောင်းလဲခြင်းတို့သည်လည်း ရှိကြသည်။ ငါတို့စားသုံးသည့် ဟင်းသီးဟင်းရွက်တို့နှင့် အသီးအနှံတို့သည်ပင် သဘာဝအတိုင်း မဟုတ်တော့ပေ။ သဘာဝအတိုင်းဖြစ်သော ကြက်ဥ တစ်လုံးကိုပင် ရှာတွေ့ဖို့ မလွယ်သလို၊ ကြက်ဥများသည် စာတန်၏ သိပ္ပံဟူသော အရာဖြင့် ပြုပြင်ခံထားရနှင့်ပြီးဖြစ်လျက်၊ ယခင်ရှိခဲ့ဖူးသော အရသာမျိုး မရှိတော့ပေ။ ခြုံ၍ကြည့်ပါက၊ လေထု တစ်ခုလုံးသည် ဖျက်ဆီးခံထားရပြီး၊ ညစ်ညမ်းပြီး ဖြစ်သည်။ တောင်တန်းများ၊ ရေကန်များ၊ သစ်တောများ၊ မြစ်များ၊ သမုဒ္ဒရာများနှင့် မြေပြင် အထက်အောက်ရှိ အရာအားလုံးတို့မှာ သိပ္ပံဆိုင်ရာ အောင်မြင်မှု ဟုဆိုသော အရာကြောင့် အားလုံး ပျက်စီးပြီးဖြစ်သည်။ အကျဉ်းချုပ်အားဖြင့်၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ပေးအပ်ခဲ့သည့် သဘာဝ ပတ်ဝန်းကျင်တစ်ခုလုံး၊ ရှင်သန်နေသော ပတ်ဝန်းကျင်သည် သိပ္ပံဟူသောအရာကြောင့် ဖျက်စီးခံရကာ ပျက်စီးပြီးဖြစ်သည်။ လူအများအပြားတို့သည် ၎င်းတို့ ရှာဖွေသည့် ဘဝ၏ အရည်အသွေးအရ မိမိတို့၏ စိတ်ဆန္ဒများနှင့် ကိုယ်ခန္ဓာ နှစ်ခုလုံးကို ဖြည့်ဆည်းရင်း ၎င်းတို့ အမြဲမျှော်လင့်ခဲ့သည့်အရာကို ရရှိပြီးဖြစ်သည့် လူများစွာ ရှိသော်လည်း၊ လူသားနေထိုင်သည့် ပတ်ဝန်းကျင်မှာ သိပ္ပံက ယူဆောင်ခဲ့သည့် “အောင်မြင်မှု” အမျိုးမျိုးတို့ကြောင့် အခြေခံအားဖြင့် ဖျက်ဆီးခံရကာ ပျက်စီးပြီး ဖြစ်သည်။ ယခုအချိန်တွင်၊ သန့်ရှင်းသည့် လေတစ်ရှိုက်ကိုပင် ကျွန်ုပ်တို့ ရှူခွင့် မရှိကြတော့ပေ။ ဤသည်မှာ လူသားမျိုးနွယ်၏ သောကရောက်စရာ ဖြစ်သည်မဟုတ်လော။ ဤနေရာမျိုးတွင် နေထိုင်ရမည့် အချိန်တွင်၊ လူသားအတွက် ပြောပြစရာ ပျော်ရွှင်မှု တစ်ခုတစ်လေ ရှိပါသလော။ လူသား အသက်ရှင် နေထိုင်သည့် ဤနေရာနှင့် ရှင်သန်သော ပတ်ဝန်းကျင်သည် အစအဦးကတည်းက လူသားအတွက် ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းဖြစ်၏။ လူတို့ သောက်သုံးသော ရေ၊ လူတို့ရှူရှိုက်သော လေ၊ လူတို့စားသုံးသော အစားအစာ၊ အပင်များ၊ သစ်ပင်များနှင့် သမုဒ္ဒရာများ- ဤရှင်သန်နေသော ပတ်ဝန်းကျင်၏ အစိတ်အပိုင်းတိုင်းအား လူသားကို ဘုရားသခင်က ပေးခဲ့ခြင်းဖြစ်သည်။ ယင်းသည် ဘုရားသခင် ချမှတ်ပေးခဲ့သည့် သဘာဝနိယာမနှင့်အညီ လည်ပတ်လျက် သဘာဝအလျောက် ဖြစ်လေသည်။ သိပ္ပံသာမရှိခဲ့ပါက၊ လူတို့သည် ပျော်ရွှင်ခဲ့လိမ့်မည် ဖြစ်ကာ အရာရာတိုင်းကို ဘုရားသခင်၏ နည်းလမ်းအတိုင်း၊ ၎င်းတို့ခံစားရန် ဘုရားသခင် အပ်နှင်းခဲ့သောအရာနှင့်အညီ၊ ယင်းတို့၏ အသန့်ရှင်း အသန့်ပြန့်ဆုံးအခြေအနေကို ခံစားနိုင်ကြမည် ဖြစ်သည်။ သို့ရာတွင် ယခုအချိန်၌ ဤအရာအားလုံးကို စာတန်က ဖျက်ဆီးထား၍ ပျက်စီးခဲ့လေပြီ။ လူသား၏ အဓိက အသက်ရှင်နေထိုင်ရာနေရာသည် သန့်ရှင်းခြင်း မရှိတော့ပေ။ သို့သော် ဤအရာကို မည်သည့်အရာက ဖြစ်စေခဲ့သည် သို့မဟုတ် ဤအရာ မည်သို့ ဖြစ်လာသည်ကို အဘယ်သူကမျှ သတိမပြုမိနိုင် ကြသလို၊ ပို၍ပင် များပြားသောလူတို့သည် သိပ္ပံပညာကို ချဉ်းကပ်ကြပြီး ၎င်းတို့ထံတွင် စာတန် သွတ်သွင်းထားသော အယူအဆများမှတဆင့် သိပ္ပံကို သိနားလည်ကြလေသည်။ ဤသည်မှာ အလွန် စက်ဆုပ်ဖွယ်ကောင်းပြီး၊ သနားစဖွယ်ဖြစ်သည် မဟုတ်လော။ ယခုအချိန်တွင် စာတန်သည် လူတို့ တည်ရှိသည့်နေရာအပြင် ၎င်းတို့ ရှင်သန်သည့် ပတ်ဝန်းကျင်ကို နေရာယူထားပြီး ၎င်းတို့ကို ဤအခြေအနေထဲသို့ ပျက်စီးစေလျက်နှင့် ဤနည်းဖြင့် လူသားမျိုးနွယ်သည် ဆက်လက်တိုးတက်နေရင်းဖြင့်၊ ဘုရားသခင်အတွက် ဤလူတို့ကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးရန် လိုအပ်မှုတစ်ခုတစ်လေ ရှိပါသလော။ လူသားမျိုးနွယ်သည် ဤအတိုင်း ဆက်၍ တိုးတက်ပါက၊ မည်သည့်လားရာသို့ ၎င်းတို့ ဦးတည်မည်နည်း။ (၎င်းတို့ မျိုးဖြုတ်ခံရကြပါလိမ့်မည်။) ၎င်းတို့ မည်သို့ မျိုးဖြုတ်ခံရကြမည်နည်း။ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် လူသား၏ လောဘတကြီး ရှာဖွေမှုအပြင်၊ ၎င်းတို့သည် သိပ္ပံဆိုင်ရာ စူးစမ်းရှာဖွေခြင်းများနှင့် သုတေသနကို နက်နက်နဲနဲ ပြုလုပ်ပြီးနောက်၊ ၎င်းတို့၏ ကိုယ်ပိုင် ရုပ်ဝတ္ထုလိုအပ်ချက်များ၊ စိတ်ဆန္ဒများကို ဖြည့်ဆည်းဖို့ ထိုသို့သော နည်းလမ်းဖြင့် မရပ်မနား ဆောင်ရွက် ကြလေသည်။ ထိုသို့ဆိုလျှင် လူသားအတွက် အကျိုးဆက်များမှာ အဘယ်နည်း။ ဦးဆုံးအနေဖြင့်၊ ဂေဟစနစ်ဆိုင်ရာ ဟန်ချက်ညီမှုက ကျိုးပျက်သွားပြီဖြစ်ပြီး ဤအရာ ဖြစ်ပျက်သည့်အချိန်တွင် လူတို့၏ ကိုယ်ခန္ဓာများ၊ ၎င်းတို့၏ အတွင်းအင်္ဂါများသည် ဤဟန်ချက်မညီသည့် ပတ်ဝန်းကျင်အားဖြင့် စွန်းထင်းကာ ထိခိုက်ခဲရကြပြီး၊ ကူးစက်တတ်သော ရောဂါအမျိုးမျိုးနှင့် ကပ်ရောဂါတို့ သည်လည်း ကမ္ဘာလောကအနှံ့ ပျံ့နှံ့ကြ၏။ ဤသည်မှာ လူသားအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေ တစ်ခုဖြစ်သည်မှာ မှန်သည်မဟုတ်လော။ ယခုအချိန်တွင် သင်တို့သည် ဤအရာကို နားလည်၏၊ လူသားမျိုးနွယ်သည် ၎င်းတို့ကိုယ်၎င်းတို့ အဆက်မပြတ် ကြွယ်ဝစေရန် အသိပညာကို အသုံးပြုရင်း၊ လူ့ဘဝ၏ အနာဂတ်ကို မရပ်မနား စူးစမ်းလေ့လာရန် သိပ္ပံပညာကို အသုံးပြုရင်း၊ ဆက်လက် ရှင်သန်ရန်အတွက် ဤသို့သော နည်းလမ်းကို အသုံးပြုရင်းဖြင့်၊ ဘုရားသခင်၏ နောက်ကို မလိုက်ဘဲ၊ စာတန်နောက်ကိုသာ ဤနည်းဖြင့် အမြဲလိုက်လျှောက်ပါက- လူသားမျိုးနွယ် အတွက် ဤအရာ မည်သို့ အဆုံးသတ်မည်ကို သင် သတိပြုမိနိုင်သလော။ (မျိုးသုဉ်းခြင်း ဖြစ်ပါလိမ့်မည်။) ဟုတ်ပေသည်၊ မျိုးသုဉ်းခြင်းဖြင့် အဆုံးသတ်လိမ့်မည် ဖြစ်သည်။ သားမျိုးနွယ်သည် မိမိ၏ ကိုယ်ပိုင် မျိုးသုဉ်းပျောက်ကွယ်ခြင်းဆီသို့ တစ်လှမ်းပြီးတစ်လှမ်း သာ၍ ချဉ်းကပ်လာပေသည်။ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသော ပျက်စီးခြင်းဖြစ်၏။ အမှုအရာများကို သင်တို့ ခွဲခြားသိမြင်ရန် ကြိုးစားသည့်အခါ ဇဝေဇဝါဖြင့်သာ လုပ်မိကြဖို့အလို့ငှာ သိပ္ပံဟူသည် ယခုအချိန်တွင် လူသားအတွက် စာတန်ပြင်ဆင်ထားသော မှော်ဆေးရည်တစ်မျိုးအလား ထင်ရ၏။ မည်မျှပင် ကြိုးစား၍ ကြည့်သည်ဖြစ်စေ၊ အမှုအရာများကို သင်တို့ ရှင်းလင်းစွာ မမြင်နိုင်သကဲ့သို့၊ မည်မျှပင် ကြိုးစားသည်ဖြစ်စေ ယင်းအရာတို့ကို အဖြေမရှာနိုင် ကြပေ။ သို့ရာတွင် စာတန်သည် သင်၏အာသီသကို ပြင်းပြလာစေရန်နှင့် သင့်အား နဖားကြိုးတပ်ကာ အသူရာချောက်နက် နှင့် သေမင်းဆီသို့ တစ်လှမ်းချင်း ဆက်လျှောက်စေရန် သိပ္ပံ၏နာမည်ကို အသုံးပြုလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၅၇)

ရိုးရာယဉ်ကျေးမှုသည် လူကို စာတန် ဖျက်ဆီးသည့် တတိယနည်းလမ်းဖြစ်၏။ ရိုးရာယဉ်ကျေးမှုနှင့် အယူသီးမှုတွင် ဆင်တူမှုများစွာ ရှိသော်လည်း၊ ကွာခြားချက်မှာ ရိုးရာယဉ်ကျေးမှု၌ အချို့သော ဇာတ်လမ်းပုံပြင်များ၊ သွယ်ဝိုက် ရည်ညွှန်းချက်များနှင့် ဇာစ်မြစ်များရှိ၏။ စာတန်သည် လူတို့ကို ရိုးရာယဉ်ကျေးမှု သို့မဟုတ် အယူသီးသော ပုဂ္ဂိုလ်များနှင့်သက်ဆိုင်သော နက်ရှိုင်းသည့် အထင်ကြီးမှုများ ကျန်ရစ်စေလျက် ရိုးရာပုံပြင်များစွာ သို့မဟုတ် သမိုင်းစာအုပ်များထဲတွင် မြင်ရသည့် ဇာတ်လမ်းများကို လုပ်ကြံဖန်တီး ထားလေသည်။ ဥပမာအားဖြင့်၊ တရုတ်ပြည်တွင် “ပင်လယ်ကို ဖြတ်သော မသေမျိုးရှစ်ဦး”၊ “အနောက်ဘက်သို့ ခရီး”၊ “ကျောက်စိမ်း ဧကရာဇ်”၊ “နဂါးဘုရင်ကို အောင်နိုင်သော နီကျား” နှင့် “နတ်ဘုရားတို့၏ အာဏာအပ်နှင်းပွဲ” တို့ ရှိ၏။ ဤအရာတို့သည် လူ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်လာပြီ မဟုတ်လော။ သင်တို့ထဲမှ အချို့သည် အသေးစိတ် အားလုံးကို သိပင် မသိသော်ငြား၊ ယေဘုယျ ဇာတ်လမ်းများကို သင်တို့ သိကြလိမ့်ဦးမည်ဖြစ်ပြီး သင်တို့ မမေ့နိုင်ဖို့အလို့ငှာ သင်၏နှလုံးသားနှင့် သင်၏စိတ်ထဲတွင် ကပ်ငြိနေသည်မှာ ဤယေဘုယျ အကြောင်းအရာဖြစ်ပေသည်။ ဤအရာတို့သည် စာတန်က လူသားအတွက် အချိန်ကြာမြင့်စွာ ကတည်းက ပြင်ဆင်ထားခဲ့သည့် အမျိုးမျိုးသော အယူအဆများ သို့မဟုတ် ဒဏ္ဍာရီများ ဖြစ်ပြီး၊ ယင်းသည် မတူသောအချိန်များတွင် ဖြန့်ဖြူးထားပြီးဖြစ်ပေသည်။ ဤအရာတို့သည် လူတို့၏ ဝိညာဉ်များကို တိုက်ရိုက် ထိခိုက်စေကာ တိုက်စားပစ်ပြီး၊ ဖမ်းစားခြင်းတစ်ခုပြီး တစ်ခုအောက်တွင် လူတို့ကို ထားလေ၏။ ဆိုလိုသည်မှာ ထိုသို့သော ရိုးရာယဉ်ကျေးမှု၊ ပုံပြင်များ သို့မဟုတ် အယူသီးသော အရာတို့ကို သင် လက်ခံပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် သင်၏ စိတ်ထဲတွင် အခြေခိုင်သွားသည် နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် သင်၏ နှလုံးသားထဲတွင် ၎င်းတို့ ကပ်ငြိသည်နှင့်တစ်ပြိုင်နက်၊ ယင်းမှာ သင်သည် ညှို့ယူဖမ်းစား ခံထားရသည့်အလား ဖြစ်သည်- သင်သည် ဤယဉ်ကျေးမှုဆိုင်ရာ အဆောင်အယောင် အဆင်တန်ဆာများ၊ ဤအယူအဆများနှင့် ရိုးရာဇာတ်လမ်းပုံပြင်တို့အားဖြင့် ရုန်းမထွက်သာအောင်မိနေပြီး လွှမ်းမိုးခံလာရလေသည်။ ၎င်းတို့သည် သင်၏ဘဝ၊ သင်၏ ဘဝပေါ် အမြင်နှင့် အမှုအရာများအပေါ် သင်၏ ဝေဖန်ပိုင်းခြားမှုကို လွှမ်းမိုး၏။ ထို့ထက်ပို၍ အသက်တာ၏ စစ်မှန်သောလမ်းခရီးအတွက် သင်၏ လိုက်စားမှုကို ၎င်းတို့က လွှမ်းမိုးလေသည်။ ဤသည်မှာ ဧကန်အမှန် ဆိုးယုတ်သော မန္တန်တစ်ခုဖြစ်၏။ သင် ကြိုးစားနိုင်သမျှ ကြိုးစားလော့၊ ၎င်းတို့ကို ခါချမရနိုင်ပေ။ ၎င်းတို့ကို သင်ခုတ်ဖြတ် ပစ်သော်ငြား၊ ခုတ်လှဲမရနိုင်ပေ၊ သင်သည် ၎င်းတို့ကို ရိုက်နှက် သော်ငြား၊ ၎င်းတို့ကို အနိုင်မရနိုင်အောင်ရှိ၏။ ထို့အပြင် လူတို့သည် ဤသို့သော မန္တန်အောက်တွင် အမှုမဲ့အမှတ်မဲ့ဖြင့် ထားရှိခံရပြီးနောက်၊ ၎င်းတို့၏ နှလုံးသားများထဲတွင် စာတန်၏ပုံရိပ်ကို မွေးမြူရင်း စာတန်အား အမှုမဲ့အမှတ်မဲ့ဖြင့် စတင်ကိုးကွယ်ကြ လေသည်။ တစ်နည်းဆိုရသော်၊ ၎င်းတို့သည် စာတန်အား ၎င်းတို့အတွက် ကိုးကွယ်ပြီး ကြည်ညို လေးစားရမည့် အရာတစ်ခုဖြစ်သည့် ၎င်းတို့၏ ရုပ်တုအဖြစ် တည်ထောင်ကာ၊ ဘုရားသခင်အဖြစ် မှတ်ယူသည်အထိပင် လုပ်ဆောင်ကြလေသည်။ ဤအရာတို့သည် လူတို့၏ စကားများနှင့် လုပ်ဆောင်ချက်များကို ထိန်းချုပ်လျက်၊ ၎င်းတို့၏ နှလုံးသားများ ထဲတွင် အမှုမဲ့အမှတ်မဲ့ ရှိနေကြ၏။ ထို့အပြင်၊ သင်သည် ဤပုံပြင်များနှင့် ဒဏ္ဍာရီများကို မှားယွင်းသည်ဟု ကနဦးတွင် မှတ်ယူသော်လည်း၊ ထို့နောက် သင်သည် ၎င်းတို့ကို အမှန်တကယ် ရှိသော လူပုဂ္ဂိုလ်များဖြစ်စေရင်းနှင့် စစ်မှန်သော အရာများအဖြစ် ပြောင်းလဲစေရင်း ဤဇာတ်လမ်း ပုံပြင်များ၏တည်ရှိမှုကို အမှုမဲ့အမှတ်မဲ့ဖြင့် သင်အသိအမှတ်ပြုလေသည်။ သင် သတိမမူမိခြင်းတွင်၊ သင်သည် ဤအယူအဆများ နှင့် ဤအရာများ၏ တည်ရှိမှုကို မသိစိတ်၏ စေ့ဆော်မှုအရ လက်ခံလေသည်။ သင်သည် နတ်ဆိုးများ၊ စာတန်နှင့် ရုပ်တုများကိုလည်း သင်၏ အိမ်နှင့် သင်၏ နှလုံးသားထဲသို့ မသိစိတ်၏ စေ့ဆော်မှုအရ လက်ခံမိလေသည်- ဤသည်မှာ ဧကန်အမှန် မန္တန်တစ်ခုဖြစ်၏။ ဤစကားများကို သင်တို့ ကြားရသလော။ (ကြားပါသည်။) သင်တို့ထဲတွင် ဗုဒ္ဓအား အမွှေးတိုင် ထွန်းကာ၊ ကိုးကွယ်ကြသူ တစ်ဦးတစ်လေ ရှိသလော။ (ရှိပါသည်။) ဤသို့ဆိုလျှင် ဗုဒ္ဓအား အမွှေးတိုင်ထွန်းကာ၊ ကိုးကွယ်ခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ (ငြိမ်းချမ်းမှုအတွက် ဆုတောင်းခြင်းဖြစ်ပါသည်။) ထိုအကြောင်းကို ယခု စဉ်းစားကြည့်ပါက၊ ငြိမ်းချမ်းမှုအတွက် စာတန်အား ဆုတောင်းဖို့မှာ ရယ်ဖွယ်ဖြစ်သည်မဟုတ်သလော။ စာတန်သည် ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပါသလော။ (မဆောင်ကြဉ်းပါ။) သင်တို့သည် ထိုအချိန်က မည်မျှ မသိနားမလည်ခဲ့သည်ကို မြင်ကြသည် မဟုတ်လော။ ထိုသို့သော အပြုအမူမျိုးသည် ရယ်ဖွယ်ရာဖြစ်သည်၊ ပညာမဲ့ရာကျပြီး နုံအရာ ရောက်သည် မဟုတ်လော။ စာတန်သည် သင့်ကို မည်သို့ ဖျက်ဆီးရမည်ကိုသာ တွေးတော၏။ စာတန်သည် သင့်အား ငြိမ်းချမ်းမှုကို မပေးနိုင်ပေ၊ ယာယီသက်သာမှုသာ ပေးနိုင်၏။ သို့ရာတွင် ဤသက်သာမှုကို ရရှိဖို့ သင်သည် ကတိသစ္စာ ပြုရမည်ဖြစ်ပြီး၊ သင်၏ ကတိ သို့မဟုတ် စာတန်ကို သင်ပြုထားသော သင်၏ကတိသစ္စာကို သင်ဖောက်ဖျက်ခဲ့ပါက၊ စာတန်သည် သင့်အား မည်သို့နှိပ်စက်သည်ကို သင် မြင်ရလိမ့်မည်။ သင့်ကို ကတိသစ္စာ ပြုစေရာတွင်၊ အမှန်မှာ ၎င်းက သင့်အား ထိန်းချုပ်ချင်လေသည်။ သင်တို့က ငြိမ်းချမ်းမှုအတွက် ဆုတောင်းသည့်အချိန်တွင်၊ ငြိမ်းချမ်းမှုကို သင်တို့ ရရှိခဲ့ကြပါသလော။ (မရခဲ့ပါ။) သင်တို့သည် ငြိမ်းချမ်းမှုကို မရခဲ့ကြဘဲ ဆန့်ကျင်ဖက်အနေဖြင့် သင်၏ အားထုတ်မှုများက ကံဆိုးခြင်းနှင့် အဆုံးမရှိသော ဘေးဒုက္ခများ- အမှန်တကယ် အကန့်အသတ်မဲ့သော ခါးသီးခြင်း သမုဒ္ဒရာတစ်ခုကို သယ်ဆောင်လာခဲ့၏။ စာတန်၏ အုပ်စိုးမှုတွင် ငြိမ်းချမ်းမှုဟူသည် မရှိ၊ ဤသည်မှာ အမှန်တရား ဖြစ်သည်။ ဤသည်မှာ ရှေးရိုးစွဲအယူသီးမှု၊ ရိုးရာယဉ်ကျေးမှုများက လူသားမျိုးနွယ်ထံ ယူဆောင်ပြီးသည့် အကျိုးဆက်ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၅၈)

လူကို စာတန် ဖျက်ဆီးသည့် နောက်ဆုံးနည်းလမ်းမှာ လူမှုရေး ရေပန်းစားမှုများ မှတဆင့် ဖြစ်သည်။ “လူမှုရေး ရေပန်းစားမှုများ” တွင် အကြောင်းအရာများစွာ ပါဝင်၏။ လူအချို့က၊ “လူမှုရေး ရေပန်းစားမှုများဆိုသည်မှာ နောက်ဆုံးပေါ် ဖက်ရှင်များ၊ အလှအပပစ္စည်းများ၊ ဆံပင်ပုံစံများနှင့် အစားကောင်း အသောက်ကောင်းများကို ဆိုလိုသလော” ဟူ၍ ပြောကြသည်။ ဤအရာတို့ကို လူမှုရေး ရေပန်းစားမှုများဟု မှတ်ယူပါသလော။ ၎င်းတို့သည် လူမှုရေး ရေပန်းစားမှုများ၏ အစိတ်အပိုင်းတစ်ခုကို ဖန်တီးသော်လည်း၊ ငါတို့သည် ၎င်းတို့အကြောင်းကို ဤနေရာတွင် ပြောမည်မဟုတ်။ လှုမှုရေး ရေပန်းစားမှုများက လူတို့အထဲသို့ ယူဆောင်လာသော အယူအဆများ၊ ကမ္ဘာကြီးထဲတွင် ၎င်းတို့က လူတို့ကို မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်စေသည့် နည်းလမ်းနှင့် လူတို့အထဲတွင် ၎င်းတို့ ယူဆောင်သည့် ဘဝပန်းတိုင်းများနှင့် အမြင်တို့အကြောင်းကိုသာ ငါတို့ ဆွေးနွေးချင်သည်။ ဤအရာများသည် လွန်စွာအရေးကြီး၏၊ ၎င်းတို့သည် လူသား၏ စိတ်အခြေအနေကို ထိန်းချုပ်ကာ၊ လွှမ်းမိုးနိုင်၏။ ဤရေပန်းစားမှုများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ် လာပြီး လူတို့ကို အသိစိတ်၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ကို ဆုံးရှုံးဖို့ ဖြစ်စေရင်း၊ ၎င်းတို့၏ ကိုယ်ကျင့်တရားများနှင့် အကျင့်စရိုက် အရည်အသွေးတို့ကို သာ၍ပင် အားနည်းစေလျက်၊ လူသားမျိုးနွယ်ကို အဆက်မပြတ် ဆုတ်ယုတ်စေသည့် ဆိုးယုတ်သော လွှမ်းမိုးမှု သယ်ဆောင်သည်မှာ ယခုတွင် လူအများစုသည် ဂုဏ်သိက္ခာ၊ လူ့သဘာဝ မရှိသလို၊ ဆင်ခြင်တုံတရားရှိဖို့ မဆိုထားနှင့်၊ အသိစိတ် တစ်ခုတစ်လေပင် မရှိဟု ငါတို့ ပြောနိုင်သည့်အတိုင်းအတာထိ ဖြစ်လေသည်။ ထိုသို့ဆိုလျှင် ဤလူမှုရေး ရေပန်းစားမှုများသည် မည်သည့်အရာများဖြစ်သနည်း။ ၎င်းတို့သည် သင်တို့ ပကတိမျက်စိဖြင့် မမြင်နိုင်သည့် ရေပန်းစားမှုများဖြစ်သည်။ ရေပန်းစားမှု အသစ်တစ်ခုသည် ကမ္ဘာလောက တစ်လျှောက် ရိုက်ခတ်သည့်အခါ၊ အရေအတွက် အနည်းငယ်သော လူတို့သာ ဖက်ရှင်ရှေ့ဆောင်များ အဖြစ် ပြုမူရင်း ခေတ်အမီဆုံးဖြစ်ကောင်း ဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် အသစ်သော အရာတစ်ချို့ကို စတင်လုပ်ဆောင်ပြီးနောက် အယူအဆ အမျိုးအစားတစ်ချို့ သို့မဟုတ် ရှုထောင့်အမျိုးအစား တစ်ချို့ကို လက်ခံကြခြင်းဖြစ်သည်။ သို့ရာတွင် လူအများစုမှာကား အမှုမဲ့အမှတ်မဲ့နှင့် ဆန္ဒအလျောက် မဟုတ်ဘဲ ထိုအရာကို လက်ခံကာ၊ ထိုအထဲတွင် နစ်မြုပ်ပြီး ထိန်းချုပ် ခံရသည်အထိတိုင်၊ ဤရေစားမှုမျိုးဖြင့် အဆက်မပြတ် ကူးစက်ခံရ၏၊ လက်သင့်ခံရကာ ဆွဲဆောင်ခံရလိမ့်မည်ဖြစ်သည်။ ထိုသို့သော ရေပန်းစားမှုများက ကိုယ်နှင့် စိတ်မကျန်းမာသူ၊ သမ္မာတရားဆိုသည်မှာ မည်သည့်အရာ ဖြစ်သည်ကို မသိသူများနှင့် အပြုသဘောဆောင်သောအရာနှင့် အပျက် သဘောဆောင်သော အရာတို့ကြား မခွဲခြားတတ်သူတို့ကို စာတန်ထံမှလာသော ဘဝအမြင်များနှင့် တန်ဖိုးတို့ကို တစ်ခုပြီး နောက်တစ်ခု ပျော်ရွှင်စွာ လက်ခံစေလေသည်။ ၎င်းတို့သည် ဘဝကို မည်သို့ ချဉ်းကပ်ရမည့်အကြောင်း စာတန် ပြောသည့်အရာနှင့် ၎င်းတို့အပေါ် စာတန် “နှင်းအပ်” သည့် အသက်ရှင်ဖို့နည်းလမ်းကို လက်ခံကြသကဲ့သို့၊ ၎င်းတို့အနေဖြင့် ခုခံဖို့ သတိမူမိခြင်းရှိဖို့ မဆိုထားနှင့်၊ ခွန်အား မရှိသကဲ့သို့ အစွမ်းအစလည်း မရှိကြချေ။ ထိုသို့ဆိုလျှင် ဤလူမှုရေး ရေပန်းစားမှုများမှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ သင်တို့ တဖြည်းဖြည်း နားလည် လာနိုင်မည့် ရိုးရှင်းသော ဥပမာတစ်ခုကို ငါ ရွေးချယ်ထား၏။ ဥပမာအားဖြင့်၊ အတိတ်က မည်သူမျှ လိမ်လည်ခြင်းမခံရဖို့အလို့ငှာ စီးပွားလုပ်ကိုင်ခဲ့ကြ၏၊ မည်သူ ဝယ်ယူနေသည်ဖြစ်စေ ကုန်ပစ္စည်းများကို တူညီသောစျေးနှုန်းဖြင့် ၎င်းတို့ ရောင်းချခဲ့ကြသည်။ ဤနေရာတွင် ကောင်းမွန်သော အသိစိတ်နှင့် လူ့သဘာဝ၏ အစိတ်အပိုင်းအချို့ ဖော်ပြထားသည် မဟုတ်လော။ လူတို့သည် ကောင်းမွန်သော ယုံကြည်ချက်ဖြင့် မိမိတို့၏ စီးပွားရေးကို စီမံခန့်ခွဲသည့်အချိန်တွင်၊ ၎င်းတို့သည် အသိစိတ်အချို့၊ လူ့သဘာဝအချို့ ထိုအချိန်က ရှိခဲ့ကြသေးသည်ကို မြင်နိုင်၏။ သို့ရာတွင် ငွေကြေးအတွက် လူသား၏ သာ၍ တိုးပွားနေသော တောင်းဆိုချက် နှင့်အတူ၊ လူတို့သည် ငွေ၊ အကျိုးအမြတ်နှင့် ကာမဂုဏ်တို့ကို အမှုမဲ့အမှတ်မဲ့ဖြင့် သာ၍ သာ၍ ချစ်ခင်လာ ခဲ့ကြလေသည်။ အတိုချုပ်အနေဖြင့်၊ လူတို့သည် ငွေကြေးကို ပို၍အရေးကြီးသော အရာအဖြစ် ယခင်ကထက် ရှုမြင်လာခဲ့ကြလေသည်။ လူတို့သည် ငွေကြေးကို ပို၍ အရေးကြီးသောအရာအဖြစ် မြင်ကြသောအခါ၊ ၎င်းတို့၏ ဂုဏ်သတင်း၊ ကျော်ကြားမှု၊ မိမိတို့၏ နာမည်ကောင်းနှင့် မိမိတို့၏ သိက္ခာတို့ကို အမှုမဲ့အမှတ်မဲ့ သာ၍ အလေးပေးမှု စတင်လျော့ပေါ့ကြသည် မဟုတ်လော။ ၎င်းတို့သည် စီးပွားရေးတွင် ပါဝင်ပတ်သက်သည့်အခါ၊ အခြားသူများသည် လူတို့ကို လိမ်လည်ပြီး ချမ်းသာရန်အလို့ငှာ၊ အမျိုးမျိုးသော နည်းလမ်းများအား သုံးလျက်ရှိသည်ကို သင် တွေ့ရသည်။ ရရှိသည့် ငွေကြေးသည် မစင်ကြယ် သော်လည်း၊ ၎င်းတို့သည် ချမ်းသာသည်ထက် ချမ်းသာလာကြ၏။ ၎င်းတို့သည် သင်ကဲ့သို့ပင် အလားတူစီးပွားရေး လုပ်ကိုင်သော်လည်း၊ ၎င်းတို့၏ မိသားစုတစ်ခုလုံးသည် သင့်ထက်ပို၍ ဘဝကို မွေ့လျော်ကြပြီး၊ သင့်အဖို့မှာမူ “ငါသည် အဘယ်ကြောင့် ထိုသို့ မလုပ်နိုင်သနည်း။ ငါသည် အဘယ်ကြောင့် သူတို့ရှာဖွေသမျှလောက် မရှာဖွေနိုင် သနည်း။ ငါ၏လုပ်ငန်း ကြီးပွားစေဖို့၊ ငွေကြေး ပိုရရှိဖို့ နည်းလမ်းတစ်ခုကို ငါ စဉ်းစားရမည်” ဟုဆိုရင်း ဝမ်းနည်းနေရ၏။ ထို့နောက်တွင် သင်သည် ငွေများစွာ မည်သို့ ရှာဖွေရမည်ကို အစွမ်းကုန် စဉ်းစားတွေးတောသည်။ စျေးဝယ်သူ အားလုံးကို တူညီသောစျေးနှုန်းဖြင့် ပစ္စည်းများကို ရောင်းချခြင်း ဟူသော၊ ပုံမှန်ငွေကြေးရှာဖွေမှု နည်းလမ်းအတိုင်း သင် ရရှိသော အကျိုးအမြတ် တစ်ခုတစ်လေသည် လိပ်ပြာသန့်သန့်ဖြင့် ရခြင်းဖြစ်၏။ သို့သော် ဤသည်မှာ အလျင်အမြန် ချမ်းသာစေမည့် နည်းလမ်းမဟုတ်ချေ။ အကျိုးအမြတ် ဖန်တီးလိုသည့် ပြင်းပြသောဆန္ဒဖြင့် မောင်းနှင်ခံရလျက်၊ သင်၏ စဉ်းစားတွေးခေါ်မှုသည် ညင်သာသော ပြောင်းလဲခြင်း တစ်ခုကို ကြုံရ၏။ ဤပြောင်းလဲမှုအတွင်းတွင်၊ သင်၏ ပြုမူနေထိုင်မှု စည်းမျဉ်းများသည်လည်း စတင် ပြောင်းလဲ၏။ သင်သည် တစ်စုံတစ်ယောက်အား ပထမဆုံးအကြိမ် လိမ်ညာသည့်အခါ၊ “လူတစ်ဦးကို ဤတစ်ကြိမ်တည်းသာ ငါ လိမ်မည်။ ငါနောက်တစ်ကြိမ် ထပ်မလုပ်တော့။ လူတို့ကို ငါ လိမ်၍မဖြစ်။ လိမ်လည်ခြင်းတွင် ဆိုးရွားသော အကျိုးဆက်များရှိသည်။ ငါ့ကို ဒုက္ခများစွာ ရောက်စေလိမ့်မည်” ဟု ဆိုရင်း သံသယများ သင်ရှိ၏။ တစ်စုံတစ်ယောက်ကို ပထမဆုံးအကြိမ် သင်လိမ်လည် သောအခါ၊ သင်၏စိတ်နှလုံးတွင် စောင့်စည်းမှု အချို့ရှိ၏။ ဤသည်မှာ လူသား၏အသိစိတ် လုပ်ဆောင်ပုံဖြစ်သည်- တစ်စုံတစ်ဦးကို သင် လိမ်လည်သည့်အခါ သဘာဝမကျသကဲ့သို့ သင့်ကို ခံစားစေဖို့အလို့ငှာ သင့်ကို သိက္ခာစောင့်ထိန်းစေပြီး သင့်ကို ပြစ်တင်မိစေသည်။ သို့ရာတွင် သင်သည် တစ်စုံတစ်ယောက်ကို အောင်မြင်စွာ လိမ်လည် ပြီးသည့်အခါ၊ သင့်ထံတွင် ယခင်ကထက် ငွေကြေး ပိုမိုရှိလာသည်ကို သင် တွေ့ရပြီး၊ ဤနည်းလမ်းသည် သင့်အတွက် များစွာ အကျိုးအမြတ် ရှိနိုင်သည်ဟု သင် ထင်၏။ သင်၏စိတ်နှလုံးထဲတွင် စူးသော နာကျင်မှု ရှိနေသော်ငြား၊ သင်သည် သင်၏ “အောင်မြင်မှု” အပေါ် မိမိကိုယ်ကိုယ် ဂုဏ်ယူသည့်အလား ခံစားရဆဲဖြစ်ပြီး၊ သင့်ကိုယ်သင်လည်း အတော်အတန် ကျေနပ်မိ၏။ ပထမဦးဆုံးအကြိမ်၊ သင်၏ ကိုယ်ပိုင် အပြုအမူ၊ သင်၏ ကိုယ်ပိုင် လှည့်ဖြားတတ်သည့် နည်းလမ်းများကို သင် သဘောကျမိလေသည်။ ထို့နောက်တွင်၊ လူသားသည် ဤလိမ်လည်ခြင်းဖြင့် စွန်းထင်းသွားသည်နှင့် တစ်ပြိုင်နက်၊ ယင်းသည် လောင်းကစားမှုပြုရာတွင် ပါဝင်မိပြီးနောက် လောင်းကစားသမား ဖြစ်လာသူနှင့် အတူတူပင် ဖြစ်သည်။ သင်၏ သတိမမူမိခြင်းတွင်၊ သင်သည် မိမိ၏ ကိုယ်ပိုင် လိမ်လည်သောအပြုအမူကို သဘောကျကာ၊ လက်ခံကြ၏။ သတိမမူမိခြင်းဖြင့်၊ သင်သည် လိမ်လည်ခြင်းကို တရားဝင် စီးပွားဖြစ် အပြုအမူတစ်ခုနှင့် သင်၏ ရှင်သန်ရေးနှင့် အသက်မွေးမှုအတွက် အသုံးအဝင်ဆုံး နည်းလမ်းအဖြစ် မှတ်ယူကြလေသည်။ ဤအရာပြုလုပ်ခြင်းအားဖြင့် သင်သည် ဥစ္စာပစ္စည်းကို အလျင်အမြန် ရှာဖွေနိုင်သည်ဟု ထင်သည်။ ဤသည်မှာ ဖြစ်စဉ်တစ်ခု ဖြစ်၏။ အစ၌၊ လူတို့သည် ဤအပြုအမူမျိုးကို လက်မခံနိုင်ကြသကဲ့သို့၊ ဤအပြုအမူနှင့် ကျင့်ကြံမှုတို့ကို အထင်အမြင်သေးကြ၏။ ထို့နောက် ၎င်းတို့သည် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ကြိုးစားရင်း ဤအပြုအမူကို မိမိတို့ကိုယ်တိုင် စမ်းလုပ်ကြည့်ကြကာ ၎င်းတို့၏ နှလုံးသားများသည် တဖြည်းဖြည်း စတင်ပြောင်းလဲလာ၏။ ဤသည်မှာ မည်သို့သော ပြောင်းလဲခြင်းမျိုး ဖြစ်သနည်း။ ယင်းမှာ လူမှုရေး ရေပန်းစားမှုက သင့်အထဲတွင် သွတ်သွင်းထားသည့် ဤရေပန်းစားမှုနှင့် ဤအယူအဆများကို အတည်ပြုခြင်းနှင့် ခွင့်ပြုခြင်းပင်ဖြစ်သည်။ နားမလည်လိုက်ဘဲ၊ သင်သည် လူတို့နှင့် စီးပွားရေးလုပ်သည့်အချိန်တွင် ၎င်းတို့ကို မလိမ်လည်ပါက၊ သင် ထိခိုက်နစ်နာသည်ဟု ခံစားရသည်၊ သင် လိမ်ညာမှု မပြုပါက တစ်စုံတစ်ခုကို ဆုံးရှုံးရသည့်အလား သင် ခံစားရ၏။ အမှုမဲ့အမှတ်မဲ့ဖြင့်၊ ဤလိမ်ညာခြင်းသည် သင်၏ တကယ့်ဝိညာဉ်၊ သင်၏ မဏ္ဍိုင်နှင့် သင်၏ဘဝတွင် စည်းမျဉ်း တစ်ခုဖြစ်သည့် မရှိမဖြစ်သော အပြုအမူမျိုး ဖြစ်လာသည်။ လူသားသည် ဤအပြုအမူနှင့် ဤအတွေးအခေါ်ကို လက်ခံပြီးသည့် နောက်တွင်၊ ဤအရာက လူ၏ စိတ်နှလုံးထဲတွင် ပြောင်းလဲမှုတစ်ခု ယူဆောင်ပြီး ဖြစ်သည် မဟုတ်လော။ သင်၏နှလုံးသားသည် ပြောင်းလဲသွားပြီဖြစ်သည်၊ ထို့ကြောင့် သင်၏ သိက္ခာသည်လည်း ပြောင်းလဲသွားသလော။ သင်၏ အသိတရားသည်ကော ပြောင်းလဲသွားပြီလော။ သင်၏ လူ့သဘာဝ ပြောင်းလဲပြီလော။ သင်၏ အသိစိတ် ပြောင်းလဲပြီလော။ (ပြောင်းလဲ ပါသည်။) ဟုတ်ပေ၏၊ ဤလူ၏ အစိတ်အပိုင်းအားလုံးသည် ၎င်းတို့၏ နှလုံးသားမှ ၎င်းတို့၏ အတွေးများအထိ၊ ၎င်းတို့ အတွင်းအပြင် ပြောင်းလဲသည့် အတိုင်းအတာအထိ အရည်အသွေးဆိုင်ရာ ပြောင်းလဲမှု တစ်ခုကို ကြုံကြရလေသည်။ ဤပြောင်းလဲမှုသည် သင့်ကို ဘုရားသခင်ထံမှ ပို၍ပို၍ ဝေးရာ ဆွဲခေါ်သွားပြီး၊ သင်သည် စာတန်နှင့် ပို၍ပို၍ နီးကပ်စွာ ပေါင်းစည်းလာ၏၊ သင်သည် စာတန်နှင့် ပို၍ ပို၍ ဆင်တူလာလေသည်။

ဤလူမှုရေး ရေပန်းစားမှုများကို ကြည့်သည့်အခါ၊ ၎င်းတို့သည် လူတို့အပေါ် ကြီးမားသောလွှမ်းမိုးမှုတစ်ခု ရှိသည်ဟု သင်ဆိုမည်လော။ ၎င်းတို့သည် လူတို့အပေါ် အလွန်အမင်း ထိခိုက်နစ်နာစေသော သက်ရောက်မှု ရှိပါသလော။ (ရှိပါသည်။) ၎င်းတို့သည် လူတို့အပေါ် အလွန်အမင်း ထိခိုက်စေသော သက်ရောက်မှု ဧကန်ရှိပါသည်။ လူသားနှင့်ပတ်သက်၍ စာတန်သည် လူမှုရေး ရေပန်းစားမှု တစ်ခုပြီးတစ်ခုကို အသုံးပြုလျက် မည်သည့်အရာကို ဖျက်ဆီးသနည်း (လူ၏ အသိစိတ်၊ ဆင်ခြင်တုံတရား၊ လူ့သဘာဝ၊ ကိုယ်ကျင့်တရားနှင့် ဘဝအပေါ် အမြင်တို့ ဖြစ်ပါသည်။) ၎င်းတို့သည် လူတို့အထဲတွင် တဖြည်းဖြည်း ဆုတ်ယုတ်ခြင်းကို ဖြစ်စေကြသည် မဟုတ်လော။ လူမှုရေး ရေပန်းစားမှုထဲတွင် ပိတ်မိကြသည့် လူတို့သည် ငွေကြေးနှင့်၊ ရုပ်ဝတ္ထု တပ်မက်မှုများ၊ ဆိုးယုတ်မှုနှင့် အကြမ်းဖက်မှုတို့ကို အမှုမဲ့အမှတ်မဲ့ အားပေးမိကြဖို့အလို့ငှာ စာတန်သည် လူတို့အား နတ်ဆိုးတို့၏ ရိပ်မြုံထဲသို့ ဖြည်းဖြည်းချင်း သွေးဆောင်ရန် ဤလူမှုရေး ရေပန်းစားမှုများကို အသုံးပြုလေသည်။ ဤအရာတို့သည် လူသား၏ စိတ်နှလုံးထဲသို့ ဝင်ရောက်သွားသည်နှင့်၊ လူသားသည် မည်သည့်အရာ ဖြစ်လာသနည်း။ လူသားသည် နတ်ဆိုး၊ စာတန် နတ်ဆိုးဖြစ်လာသည် တကား။ အဘယ်ကြောင့်နည်း။ လူသား၏စိတ်နှလုံးထဲတွင် မည်သည့် စိတ်ပိုင်းဆိုင်ရာ ယိမ်းယိုင်မှုကြောင့် ဖြစ်သနည်း။ လူသားက မည်သည့်အရာကို မြတ်နိုးသနည်း။ လူသားသည် ငြိမ်းသက်ခြင်း မဆိုထားနှင့်၊ အလှတရား သို့မဟုတ် ကောင်းမြတ်ခြင်းကို ချစ်ခင်နှစ်သက်ခြင်းမရှိဘဲလျက်၊ ဆိုးယုတ်မှုနှင့် အကြမ်းဖက်မှုတို့တွင် စတင် ပျော်မွေ့ကြသည်။ လူတို့သည် ပုံမှန် လူ့သဘာဝ၏ ရိုးရှင်းသောဘဝကို နေထိုင်ရန် လိုလားခြင်းမရှိဘဲ၊ ယင်းအစား ၎င်းတို့ကို ပြန်ဆွဲထားမည့် ကန့်သတ်ချုပ်ချယ်မှုများ၊ နှောင်ကြိုးများမဲ့လျက် မိမိတို့၏ ဇာတိပကတိကို ဖြည့်ဆည်းဖို့ အစွမ်းကုန် ကြိုးစားရင်း၊ တစ်နည်းအားဖြင့်၊ မိမိတို့ ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရင်း၊ မြင့်မားသောအဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝမှုကို ခံစားပျော်မွေ့ရန်၊ ဇာတိပကတိ သာယာမှုများထဲတွင် သောက်စားပျော်မြူးရန် ဆန္ဒရှိကြလေသည်။ ထို့ကြောင့် လူသားသည် ဤသို့သော ရေပန်းစားမှုများထဲ၌ နစ်မြုပ် လာပြီးသည့်အခါ၊ သင် သင်ယူထားသော အသိပညာသည် သင့်ကိုယ်သင် လွတ်မြောက်ဖို့ ကူညီပေးနိုင်ပါသလော။ ရိုးရာယဉ်ကျေးမှုနှင့် အယူသီးမှုတို့နှင့်ဆိုင်သည့် သင်၏ သိနားလည်မှုသည် ဤကြောက်မက်ဖွယ် အကျပ်အတည်းမှ လွတ်မြောက်ဖို့ သင့်ကို ကူညီပေးနိုင်ပါသလော။ လူသား သိသည့် ရိုးရာကိုယ်ကျင့်တရားနှင့် ထုံးတမ်းစဉ်လာတို့သည် လူတို့ကို သည်းခံခြင်းကို ကျင့်ကြံဖို့ ကူညီ ပေးနိုင်သလော။ ဥပမာအားဖြင့်၊ စရိုက်သုံးခု ဂန္တဝင်စာအုပ်ကို ကြည့်လော့။ ၎င်းသည် လူတို့အား ဤရေပန်းစားမှုတို့၏ နွံအိုင်ထဲမှ မိမိတို့၏ ခြေများကို ကူညီ ဆွဲထုတ်ပေးနိုင်သလော (မကူညီပေးနိုင်ပါ။) ဤသို့ဖြင့် လူသားသည် ပို၍ ပို၍ ဆိုးယုတ်လာ၏၊ မာနထောင်လွှားလာ၏၊ တင်စီးလာ၏၊ တစ်ကိုယ်ကောင်းဆန်ကာ မလိုမုန်းထားလာလေသည်။ လူတို့ကြားတွင် မည်သည့်ချစ်ခင်မှုမျှ မရှိတော့၊ မိသားစုဝင်တို့ကြားတွင် မည်သည့် ချစ်ခြင်းမေတ္တာမျှ မရှိတော့၊ ဆွေမျိုးများနှင့် မိတ်ဆွေများကြားတွင် မည်သည့်နားလည်မှုမျှ မရှိတော့ပေ။ လူသားချင်း ဆက်ဆံရေးတို့သည် အကြမ်းဖက်မှုအသွင် ဆောင်လာလေပြီ။ လူအယောက်ချင်း စီတိုင်းသည် ၎င်းတို့၏ ရောင်းရင်းလူသားတို့ကြား ရှင်သန်နေထိုင်ဖို့ရန် အကြမ်းဖက်သော နည်းလမ်းတို့ကို အသုံးပြုဖို့ ကြိုးစားကြ၏။ မိမိတို့၏ နေ့စဉ်အစာကို အကြမ်းဖက်မှုသုံးလျက် အရယူကြသည်။ အကြမ်းဖက်မှုကို သုံးလျက် ၎င်းတို့၏ ရာထူးနေရာများကို ရယူပြီး၊ ၎င်းတို့၏ အကျိုးအမြတ်များကို ရရှိကြသကဲ့သို့၊ ၎င်းတို့ လုပ်ချင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ဖို့ အကြမ်းဖက်ပြီး မကောင်းသော နည်းလမ်းများကို သုံးကြလေသည်။ ဤလူ့သဘာဝသည် ထိတ်လန့်စရာ မကောင်းပါသလော။ (ကောင်းပါသည်။) ယခုပင် ငါက ပြောဆိုသည့် ဤအရာများအားလုံးကို ကြားပြီးသည့်နောက်တွင်၊ သင်တို့အနေဖြင့် စာတန် ဖျက်ဆီးထားသည့် ဤကမ္ဘာလောက၊ ဤပတ်ဝန်းကျင်နှင့် ဤသို့သောလူမျိုးတို့ကြားတွင် အသက်ရှင်နေထိုင်ရန်မှာ ထိတ်လန့်စရာ ကောင်းသည်ဟု ထင်ကြသည် မဟုတ်လော (ထင်ပါသည်။) သို့ဆိုလျှင်၊ သင်တို့ကိုယ်သင်တို့ သနားစရာကောင်းသည်ဟု ခံစားဖူးသလော။ ယခုအချိန်တွင် အနည်းငယ်မျှ ခံစားရမည်မဟုတ်လော (ဟုတ်ပါသည်။) သင်တို့၏ လေသံကို ကြားရသည်မှာ “စာတန်သည် လူသားကို ဖျက်ဆီးသည့် များစွာသော နည်းလမ်း အမျိုးမျိုးရှိ၏။ ၎င်းသည် အခွင့်အရေး ဟူသမျှကို အရယူကာ၊ ငါတို့ဦးလှည့်သမျှ နေရာတိုင်းတွင် ရှိနေသည်။ လူသားသည် ကယ်တင်ခံ ရနိုင်သေးသလော” ဟူ၍ သင်တို့ စဉ်းစား နေဟန်ရှိ၏။ လူသားသည် ကယ်တင် ခံရနိုင်သေးသလော။ လူသားသည် ၎င်းတို့ကိုယ်၎င်းတို့ ကယ်တင်နိုင်သလော။ (မကယ်တင်နိုင်ပါ။) ကျောက်စိမ်းဧကရာဇ်သည် လူသားကို ကယ်တင် နိုင်သလော။ ကွန်ဖြူးရှပ်သည် လူသားကို ကယ်တင်နိုင်သလော။ ကွမ်ရင်ဗောဓိသာရသည် လူသားကို ကယ်တင်နိုင်သလော (မကယ်တင်နိုင်ပါ။) ဤသို့ဆိုလျှင် မည်သူက လူသားကို ကယ်တင် နိုင်သနည်း (ဘုရားသခင် ဖြစ်ပါသည်။) သို့ရာတွင် အချို့သောလူတို့သည် ၎င်းတို့၏စိတ်နှလုံးများထဲတွင် ဤမေးခွန်းများ ဖြစ်ပေါ်ကြလိမ့်မည်- “စာတန်သည် အင်မတန် စိတ်ဖောက်ပြန်သည့် သွေးရူးသွေးတန်း ဖြစ်ခြင်းဖြင့် ငါတို့အား အလွန် ကြမ်းတမ်းစွာ ထိခိုက်စေသည်မှာ ငါတို့တွင် ဘဝကို ရှင်သန်ရန် မျှော်လင့်ချက်မရှိသလို၊ ဘဝကို ရှင်သန်ရန် မည်သည့်ယုံကြည်မှုမျှ မရှိကြ။ ငါတို့အားလုံးသည် ဖောက်ပြန်ပျက်စီးခြင်းအလယ်တွင် အသက်ရှင်ကြပြီး၊ လူတိုင်းတစ်ဦးစီတိုင်းသည် ဘုရားသခင်ကို မည်သည့်နည်းနှင့်မဆို ဆန့်ကျင်ကြကာ၊ ယခုတွင် ငါတို့၏ နှလုံးသားများသည် နိမ့်နိုင်သမျှ နိမ့်ကျလေပြီ။ ဤသို့ဆိုလျှင် စာတန်သည် ငါတို့ကို ဖျက်ဆီးနေစဉ်တွင် ဘုရားသခင် အဘယ်မှာရှိသနည်း။ ဘုရားသခင်သည် မည်သည့်အရာကို လုပ်နေပါသနည်း။ ငါတို့အတွက် ဘုရားသခင် မည်သည့်အရာကို လုပ်နေပါစေ၊ ငါတို့ လုံးဝ မခံစားရကြပါ”။ အချို့သောလူတို့သည် ဧကန်မလွဲ စိတ်ဓါတ်ကျကာ အတော်အတန် စိတ်ပျက်အားလျော့ ကြသည်မှာ မှန်ပါသလော။ သင်တို့အဖို့၊ ဤခံစားချက်သည် လွန်စွာ နက်ရှိုင်း၏၊ အဘယ်ကြောင့်ဆိုသော် ငါ ပြောနေခဲ့သည့်အရာများ အားလုံးသည် လူတို့အနေဖြင့် တဖြည်းဖြည်း နားလည်လာကြစေရန်၊ ၎င်းတို့ မျှော်လင့်ချက်မဲ့သည်ဟု ပိုပိုပြီး ခံစားရစေရန်၊ ဘုရားသခင်က ၎င်းတို့ကို စွန့်ပစ်ထားပြီးဖြစ်သည်ကို ပိုပိုပြီး ခံစားမိကြစေရန် လူတို့ကို အခွင့်ပေးဖို့ ဖြစ်သောကြောင့်ဖြစ်သည်။ သို့ရာတွင် မစိုးရိမ်နှင့်။ ယနေ့အတွက် ငါတို့၏ မိတ်သဟာယခေါင်းစဉ်ဖြစ်သော “စာတန်၏ ဆိုးယုတ်မှု” သည် ငါတို့၏ အမှန်တကယ် အဓိက ဆိုလိုရင်း မဟုတ်ပေ။ သို့ရာတွင် ဘုရားသခင်၏ သန့်ရှင်းခြင်းအနှစ်သာရကို ဆွေးနွေးရန်အတွက်မူ၊ ယခု လူသားက မည်သည့်အခြေအနေမျိုးတွင် ရှိသည်ကို လူတို့အား ရှင်းလင်းစေဖို့ရန်အလို့ငှာ စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေပုံနှင့် စာတန်၏ ဆိုးယုတ်မှုတို့ကို ပထမဦးစွာ ငါတို့ ဆွေးနွေးရမည်ဖြစ်သည်။ ဤအကြောင်းကို ဆွေးနွေးခြင်း၏ ရည်မှန်းချက်တစ်ခုမှာ စာတန်၏ ဆိုးယုတ်မှုကို လူတို့အား သိခွင့်ပေးဖို့ဖြစ်လင့်ကစား၊ အခြားသော ရည်မှန်းချက်မှာ စစ်မှန်သော သန့်ရှင်းခြင်းက မည်သည့်အရာဖြစ်သည်ကို လူတို့အား သိခွင့်ပေးဖို့ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၅၉)

စာတန်က လူသားကို ဖျက်ဆီးသည့်အခါတိုင်း သို့မဟုတ် ပြင်းထန်သော အန္တရာယ် ရောက်စေသည့်အခါတိုင်းတွင် ဘုရားသခင်သည် အကြောင်းမဲ့သက်သက် ရပ်မနေသကဲ့သို့၊ သူရွေးချယ်ထားသော လူတို့ကို ဘေးဖယ်ထားခြင်း သို့မဟုတ် မသိကျိုးကျွန်ပြုခြင်း မရှိပေ။ စာတန် လုပ်ဆောင်သမျှ အားလုံးကို ဘုရားသခင်သည် အပြည့်အဝ ရှင်းလင်းစွာ နားလည်၏။ စာတန်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့် ရေပန်းစားမှုကို စာတန်က ဖြစ်ပေါ်စေသည်ဖြစ်စေ၊ စာတန် လုပ်ဆောင်ဖို့ ကြိုးစားနေသည့် အရာအားလုံးကို ဘုရားသခင်သည် သိသကဲ့သို့၊ ဘုရားသခင်သည် သူ ရွေးချယ်ထားသောလူတို့အပေါ် လက်လျော့ခြင်းလည်း မရှိပေ။ ယင်းအစား၊ မည်သည့်အာရုံကိုမျှ ဆွဲဆောင်ခြင်းမရှိဘဲ၊ လျှို့ဝှက်စွာ တိတ်ဆိတ်စွာဖြင့်- လိုအပ်သော အရာတိုင်းကို ဘုရားသခင်သည် ပြုလေသည်။ ဘုရားသခင်သည် တစ်စုံတစ်ယောက်အပေါ်၌ အမှုကိုစတင်သည့်အခါ၊ တစ်စုံတစ်ယောက်အား ရွေးချယ်ပြီးသည့်အခါ၊ သူသည် ဤသတင်းကို မည်သူကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိသလို၊ စာတန်ထံ ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ၊ မည်သည့် ထည်ဝါခံ့ညားသော အမူအရာကိုမျှ သာ၍မပြုပေ။ ဘုရားသခင်သည် အလွန်တိတ်ဆိတ်စွာ၊ သဘာဝကျစွာဖြင့်ပင် လိုအပ်သောအရာကို လုပ်ဆောင်သည်။ ဦးစွာပထမ သူသည် သင့်အတွက် မိသားစုတစ်စုကို ရွေးချယ်သည်။ သင့်မိသားစု၏ နောက်ခံသမိုင်း၊ သင့်မိဘများ၊ သင့်ဘိုးဘေးများ- ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင် ရွေးချယ်သည်။ တစ်နည်းဆိုရသော်၊ ဘုရားသခင်သည် ဤဆုံးဖြတ်ချက်တို့ကို စိတ်ကူးပေါက်ရာ လုပ်ခြင်းမဟုတ်၊ ယင်းထက် အချိန်ကြာမြင့်စွာ ကတည်းက ဤအမှုကို သူစတင်ခဲ့ခြင်းဖြစ်သည်။ သင့်အတွက် မိသားစုတစ်စုကို ဘုရားသခင် ရွေးချယ်ပြီးသည်နှင့်၊ သင်မွေးဖွားလာမည့် နေ့စွဲကို သူ ရွေးချယ်၏။ ထို့နောက်၊ သင် ငိုယိုမွေးဖွားကာ လောကထဲ ရောက်လာစဉ် ဘုရားသခင်က စောင့်ကြည့်၏။ သင်၏ မွေးဖွားခြင်းကို သူစောင့်ကြည့်၏၊ သင်က ပထမဆုံးသော စကားများ ဟသည်ကို စောင့်ကြည့်၏၊ သင်က မည်သို့ လမ်းလျှောက်ရမည်ကို သင်ယူသည်နှင့်အမျှ သင်၏ ပထမဆုံးခြေလှမ်းများ ဒယိမ်းဒယိုင်ဖြစ်ကာ တော့တီးတော့တ ဖြစ်သည်ကို သူစောင့်ကြည့်၏။ အစပထမ၌ သင်သည် ခြေတစ်လှမ်းကို လှမ်းကာ နောက်တစ်လှမ်းကို လှမ်း၏...ယခုသော် သင်သည် ပြေးနိုင်သည်၊ ခုန်နိုင်သည်၊ စကားပြောနိုင်ပြီး သင်၏ခံစားချက်တို့ကို ဖော်ပြနိုင်သည်။ လူသားက ကြီးပြင်းလာသည်နှင့်အမျှ၊ စာတန်၏ စူးစိုက်သော အကြည့်သည် ကျားတစ်ကောင်က သားကောင်ကို ကြည့်နေသကဲ့သို့ လူတိုင်းအပေါ်တွင် စူးစိုက်ကြည့်လေသည်။ သို့ရာတွင် သူ၏အမှုကို လုပ်ဆောင်ရာ၌ ဘုရားသခင်သည် လူများ၊ အဖြစ်အပျက်များ သို့မဟုတ် အမှုအရာများ၊ အချိန်နှင့် နေရာတို့မှ ထွက်ပေါ်သည့် ကန့်သတ်ချက်များကို လုံးဝ မခံရပေ။ သူသည် ပြုသင့်သည်ကို ပြုကာ၊ သူ ပြုရမည့်အရာကို ပြုလေသည်။ ကြီးပြင်းခြင်းဖြစ်စဉ်တွင် နာမကျန်း ဖြစ်ခြင်း စိတ်ပျက်ခြင်းများ ကဲ့သို့သော သင် မကြိုက်နှစ်သက်သည့် အရာများစွာ တွေ့ကြုံနိုင်သည်။ သို့သော် ဤလမ်းကို သင် လျှောက်သည်နှင့်အမျှ၊ သင်၏ အသက်တာနှင့် သင်၏အနာဂတ်သည် ဘုရားသခင်၏ ဂရုစိုက်မှုအောက်၌ လုံးဝ ရှိ၏။ ဘုရားသခင်သည် သင့်ကို ကာကွယ်လျက်၊ စောင့်ရှောက်လျက်၊ သင်၏ဘေးတွင် ရှိနေသည့် အတွက်၊ သူသည် သင်၏အသက်တာ တစ်ခုလုံးကို တာရှည်ခံဖို့ စစ်မှန်သည့်အာမခံချက်တစ်ခုကို ပေးသည်။ သင်သည် ဤအရာကို သတိမမူမိဘဲ ကြီးပြင်း၏။ သင်သည် အကြောင်းအရာ အသစ်တို့နှင့် စတင်၍ ထိတွေ့လာသကဲ့သို့၊ ဤကမ္ဘာလောကနှင့် ဤလူသားမျိုးနွယ်ကို စတင်၍ သိလာရ၏။ အရာရာတိုင်းသည် သင့်အတွက် လတ်ဆတ်ကာ၊ အသစ်ဖြစ်နေသည်။ လုပ်ဆောင်ရသည်ကို နှစ်သက်သည့် အရာအချို့ သင့်မှာ ရှိ၏။ သင်သည် သင်၏ ကိုယ်ပိုင် လူ့သဘာဝအတွင်း၌ နေထိုင်၏၊ သင်၏ ကိုယ်ပိုင်နေရာ၌ သင် နေထိုင်ကာ၊ ဘုရားသခင်၏ တည်ရှိမှုကို သင့်အနေဖြင့် အနည်းငယ်မျှပင် သိမြင်နားလည်မှု မရှိပေ။ သို့ရာတွင် သင် ကြီးပြင်းလာသည်နှင့်အမျှ၊ သင်၏ ခြေလှမ်းတိုင်းကို ဘုရားသခင် စောင့်ကြည့်သကဲ့သို့၊ ရှေ့ဆက်သည့် ခြေလှမ်းတိုင်းကို သင်လှမ်းသည်နှင့်အမျှ သူသည် သင့်ကို စောင့်ကြည့်၏။ သင်သည် အသိပညာကို သင်ယူနေသည့်အချိန် သို့မဟုတ် သိပ္ပံပညာကို လေ့လာနေသည့်အခါ၌ပင်၊ ဘုရားသခင်သည် သင့်အနားမှ တစ်ဖဝါးမျှ မခွာဖူးပေ။ ကမ္ဘာလောကကို သိလာရခြင်းနှင့် ထိတွေ့လာရခြင်း ဖြစ်စဉ်တွင် သင်သည် တခြားသောလူတို့နှင့် အတူတူပင်ဖြစ်၏၊ သင်သည် သင်၏ကိုယ်ပိုင် စံတို့ကို ထူထောင်ထားပြီဖြစ်သည်၊ သင်သည် သင်၏ ကိုယ်ပိုင် ဝါသနာများ၊ ကိုယ်ပိုင် စိတ်ဝင်စားမှုများ ရှိသကဲ့သို့၊ မြင့်မားသော ရည်မှန်းချက်များကိုလည်း သင်သိုထားသည်။ သင်သည် သင်၏အနာဂတ်ကို မည်သို့ဖြစ်သင့်သည်ဟူ၍ မကြာခဏ ဆိုသလို ပုံကြမ်းချကာ၊ ကိုယ်ပိုင်အနာဂတ်ကို တွေးဆတတ်၏။ သို့ရာတွင် လမ်းခရီးတစ်လျှောက်၌ မည်သည့်အရာ ဖြစ်ပေါ်သည် ဖြစ်စေ၊ ဘုရားသခင်သည် ဖြစ်ပျက်နေသည့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင်အတိတ်ကို သင်ကိုယ်တိုင် မေ့ကောင်းမေ့နေပြီ ဖြစ်သော်လည်း၊ ဘုရားသခင်အဖို့မူ သူ့ထက်ပို၍ သင့်ကို နားလည်နိုင်သောသူ မရှိပေ။ သင်သည် ဘုရားသခင်၏ စူးစိုက်ကြည့်ခြင်းအောက်တွင် အသက်ရှင်သည်၊ ကြီးပြင်းကာ အရွယ်ရောက်၏။ ဤကာလအတွင်းတွင်၊ ဘုရားသခင်၏ အရေးကြီးဆုံး အလုပ်သည်ကား မည်သူမျှ သတိမမူမိဖူးသောအရာ တစ်ခု၊ မည်သူမျှ မသိသောအရာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ထိုအရာအကြောင်းကို မည်သူကိုမျှ ဧကန်မုချ ပြောမည်မဟုတ်ပေ။ သို့ဆိုလျှင် ဤအရေးပါဆုံးသောအရာမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်က လူတစ်ယောက်ကို ကယ်တင်မည် ဆိုသည့် အာမခံချက်တစ်ခု ဖြစ်သည်ဟု ဆိုနိုင်၏။ ဤသည်မှာ ဘုရားသခင်က ဤလူကို ကယ်တင်ချင်ပါက၊ ဤအရာကို လုပ်ဆောင်ရမည်ဟု ဆိုလိုပေသည်။ ဤအလုပ်သည် လူသားနှင့် ဘုရားသခင် နှစ်ဦးလုံးအတွက် မရှိမဖြစ် အရေးကြီးပေသည်။ ထိုအရာ မည်သည့်အရာ ဖြစ်သည်ကို သင်တို့ သိပါ၏လော။ သင်တို့သည် ဤအရာနှင့်ပတ်သက်၍ ခံစားချက်တစ်ခုတစ်လေ သို့မဟုတ် အယူအဆတစ်ခုတစ်လေ ရှိကြပုံမရချေ၊ ထို့ကြောင့် သင်တို့ကို ငါပြောပြမည်။ သင့်ကို မွေးဖွားသောအချိန်မှသည် ယခုအချိန်အထိ တစ်လျှောက်လုံး၊ ဘုရားသခင်သည် သင့်အပေါ်တွင် အမှုများစွာ လုပ်ဆောင်ပြီးသော်လည်း၊ သူ လုပ်ဆောင်ပြီးဖြစ်သည့် အရာရာတိုင်း၏ ပြည့်စုံစေ့စပ်သော မှတ်တမ်းတစ်ခုကို သင့်အား မပြောပေ။ ဘုရားသခင်သည် သင့်အား ဤအရာကို သိခွင့်မပေးခဲ့သလို၊ သင့်အား ပြောပြခဲ့ခြင်းလည်း မရှိပါ။ သို့ရာတွင် လူသားမျိုးနွယ် အတွက်၊ သူပြုသမျှ အရာရာတိုင်းသည် အရေးကြီး၏။ ဘုရားသခင်နှင့် ပတ်သက်သရွေ့၊ ယင်းသည် သူလုပ်ရမည့် အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏နှလုံးသားထဲ၌၊ ဤအရာများ တစ်ခုတစ်လေထက် သာလွန်သော သူ လုပ်ရန်လိုအပ်သည့် အရေးကြီးသောအရာတစ်ခု ရှိသည်။ ဆိုလိုသည်မှာ လူသား မွေးဖွားသော အချိန်မှသည် ယခုအထိတိုင်၊ ဘုရားသခင်သည် ၎င်းတို့၏ ဘေးကင်းရေးကို အာမခံချက် ပေးရမည် ဖြစ်သည်။ ဤစကားတို့ကို ကြားသည့်အချိန်တွင်၊ သင်တို့သည် အပြည့်အဝ နားမလည်သကဲ့သို့ ခံစားရနိုင်၏။ “ဤဘေးကင်းရေးသည် အလွန် အရေးကြီးသလော” ဟူ၍ သင် မေးနိုင်သည်။ ကောင်းပေ၏၊ “ဘေးကင်းရေး” ၏ တိုက်ရိုက် အဓိပ္ပါယ်သည် အဘယ်နည်း။ ထိုအရာမှာ ငြိမ်းချမ်းမှုကို ဆိုလိုသည်ဟု သင်တို့ နားလည်ကောင်း နားလည်နိုင်သကဲ့သို့၊ ထိုအရာမှာ ကောင်းစွာ နေထိုင်ရန်၊ သာမန်ဘဝကို ရှင်သန်ရန်အလို့ငှာ မည်သည့် ဘေးဒုက္ခနှင့် ကပ်ဘေးတို့ကိုမျှ လုံးဝ မတွေ့ကြုံရခြင်းကို ဆိုလိုသည်ဟု သင်တို့ နားလည်ကောင်း နားလည်နိုင်သည်။ သို့ရာတွင် သင်တို့၏ စိတ်နှလုံးများထဲတွင် ယင်းမှာ သိပ်မရိုးရှင်းသည်ကို သိရမည်။ သို့ဆိုလျှင် ဘုရားသခင် ပြုရမည့်အရာဟု၊ ငါ ပြောဆိုနေသည့် ဤအရာမှာ မည်သည့်အရာဖြစ်သနည်း။ ဘေးကင်းရေးဆိုသည်မှာ ဘုရားသခင်အဖို့ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် “ဘေးကင်းရေး” ၏ သာမန် အဓိပ္ပါယ်နှင့်ဆိုင်သည့် အာမခံချက် ဧကန်အမှန် ဖြစ်ပါသလော။ မဟုတ်ပေ။ သို့ဆိုလျှင် ဘုရားသခင် ပြုသည့် ထိုအရာမှာ အဘယ်အရာနည်း။ ဤ “ဘေးကင်းရေး” ဟူသည်မှာ သင့်အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို ခံရမည်မဟုတ်ဟု ဆိုလိုသည်။ ဤသည်မှာ အရေးကြီးပါ၏လော။ စာတန်၏ ဝါးမျိုမခံရခြင်း- ဤသည်မှာ သင်၏ဘေးကင်းရေးနှင့် သက်ဆိုင်သလော မသက်ဆိုင်သလော။ မှန်သည်၊ ဤသည်မှာ သင်ကိုယ်တိုင်၏ ဘေးကင်းရေးနှင့် သက်ဆိုင်သကဲ့သို့၊ သာ၍အရေးကြီးသည့်အရာ မရှိနိုင်တော့ပေ။ သင်သည် စာတန်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်နင့်တစ်ပြိုင်နက်၊ သင်၏ ဝိညာဉ်နှင့် သင်၏ ခန္ဓာသည် ဘုရားသခင်နှင့် မသက်ဆိုင်တော့ပေ။ ဘုရားသခင်သည် သင့်အား ကယ်တင်တော့မည် မဟုတ်ချေ။ ဘုရားသခင်သည် စာတန်၏ ဝါးမျိုခြင်းခံရသည့် ဝိညာဉ်များနှင့် လူတို့ကို စွန့်ပစ်၏။ ထို့ကြောင့် ဘုရားသခင် ပြုရမည့် အရေးကြီးဆုံးအရာမှာ သင်၏ဤဘေးကင်းရေးကို အာမခံချက် ပေးရန်၊ သင့်အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို ခံရမည် မဟုတ်ဟူသော အာမခံချက် ပေးရန် ဖြစ်သည်ဟု ငါ ပြော၏။ ဤသည်မှာ လွန်စွာ အရေးကြီးသည် မဟုတ်ပါလော။ သို့ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် မဖြေနိုင်သနည်း။ သင်တို့သည် ဘုရားသခင်၏ ကြီးမြတ်သော ကြင်နာမှုကို မခံစားနိုင်ကြသည့်ပုံရ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၆၀)

ဘုရားသခင်သည် လူတို့၏ ဘေးကင်းရေးကို အာမခံချက် ပေးခြင်း၊ ၎င်းတို့အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို ခံရမည်မဟုတ်ဟု အာမခံချက်ပေးခြင်း တို့အပြင်၊ ပို၍များစွာ လုပ်ဆောင်ပါ၏။ တစ်စုံတစ်ယောက်ကို ရွေးချယ်ပြီး မကယ်တင်မီတွင် ကြိုတင် ပြင်ဆင်သည့် အလုပ်များစွာ သူသည် လုပ်ဆောင်၏။ ဦးစွာအနေဖြင့်၊ သင်သည် မည်သို့စရိုက်လက္ခဏာရှိမည်၊ မည်သို့သောမိသားစုတွင် မွေးဖွားလာမည်၊ သင်၏မိဘများ မည်သူတို့ဖြစ်မည်၊ သင့်ထံတွင် ညီအစ်ကိုမောင်နှမ မည်မျှရှိမည်ဆိုသည်နှင့် အနေအထား၊ စီးပွားရေး အဆင့်အတန်းနှင့် သင် မွေးဖွားသည့် မိသားစု အခြေအနေ မည်သို့ဖြစ်မည် ဆိုသည်တို့နှင့် စပ်လျဉ်း၍ စေ့စပ်သော ပြင်ဆင်မှုများကို ဘုရားသခင် ပြုလေသည်။ ဘုရားသခင် ရွေးကောက်သည့် လူအများစုသည် မည်သည့် မိသားစုမျိုး၌ မွေးဖွားသည်ကို သင်တို့သိပါ၏လော။ ထင်ရှားသော မိသားစူများ ဖြစ်ပါသလော။ ထင်ရှားသော မိသားစုများထဲ မွေးဖွားသူမရှိဟု ငါတို့ သေချာ မပြောနိုင်ပေ။ အချို့ရှိနိုင်သော်လည်း အလွန်နည်းပါပေသည်။ အင်မတန် ချမ်းသာကြွယ်ဝသည့် မိသားစုများ၊ ဘီလျံနာ မိသားစုများ သို့မဟုတ် မီလျံနာ မိသားစုများ ဖြစ်ပါသလော။ မဟုတ်ပါ၊ ၎င်းတို့သည် ဤမိသားစုမျိုး ထဲတွင် မမွေးဖွားသလောက် နီးပါးဖြစ်၏။ သို့ဆိုလျှင် ဘုရားသခင်သည် ဤလူတို့အတွက် မည်သို့သော မိသားစုမျိုးကို အများဆုံး စီစဉ်ပေးသနည်း (သာမန်မိသားစုများ ဖြစ်ပါသည်။) သို့ဆိုလျှင် မည်သည့် မိသားစုများကို သာမန်မိသားစုများဟု မှတ်ယူနိုင်သနည်း။ ၎င်းတို့တွင် အလုပ်လုပ်သော မိသားစုများ ပါဝင်၏၊ ယင်းမှာ ရှင်သန်ဖို့ လုပ်အားခများအပေါ် မှီခိုရသည့်၊ အခြေခံလိုအပ်ချက်များကို တတ်နိုင်သည့် မိသားစုများ ဖြစ်ပြီး၊ အလွန် မချမ်းသာကြချေ။ ၎င်းတို့တွင် လယ်သမား မိသားစုများလည်း ပါဝင်သည်။ လယ်သမားတို့သည် ၎င်းတို့၏အစားအစာအတွက် ကောက်ပဲသီးနှံစိုက်ပျိုးခြင်းကို မှီခိုကြ၏- စားသောက်ရန် အတွက် ဂျုံ၊ စပါးရှိပြီး ဝတ်ဖို့ အဝတ်အစားများရှိကြကာ ဆာလောင်ငတ်မွတ်ခြင်း သို့မဟုတ် အအေးဒဏ်ခံစားရခြင်း မရှိကြချေ။ ထို့နောက် အသေးစား စီးပွားရေးလုပ်ကိုင်သော မိသားစုအချို့ ရှိသကဲ့သို့၊ တစ်နေရာရာတွင် ပညာတတ် မိဘများ ရှိကြကာ ဤမိသားစုတို့ကို သာမန် မိသားစုများအဖြစ် မှတ်ယူနိုင်၏။ ရုံးလုပ်သားများ သို့မဟုတ် ထင်ရှားသော မိသားစုများအဖြစ် မမှတ်ယူ၍မရသည့် အငယ်တန်း အစိုးရအရာရှိများဖြစ်သော မိဘအချို့လည်း ရှိပေသည်။ အများစုသည် သာမန် မိသားစုများတွင် မွေးဖွားကြပြီး၊ ဤအရာအားလုံးကို ဘုရားသခင်က စီစဉ်ထားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဦးဆုံးအနေဖြင့် သင် နေထိုင်သော ဤပတ်ဝန်းကျင်သည် လူတို့ စိတ်ကူးကောင်း စိတ်ကူးနိုင်သည့် ဥစ္စာဓန ကုံလုံကြွယ်ဝသည့် မိသားစုမဟုတ်ဘဲ ဤသည်မှာ ဘုရားသခင်က သင့်အတွက် ရွေးချယ်ပေးသည့် မိသားစုတစ်ခု ဖြစ်ပြီး၊ လူအများစုတို့သည် ဤမိသားစုမျိုး၏ အကန့်အသတ်များအတွင်း၌ နေထိုင်ကြလိမ့်မည်။ သို့ဆိုလျှင် လူမှုအဆင့်အတန်းနှင့် ပတ်သက်၍ မည်သို့နည်း။ မိဘတို့အများစု၏ စီးပွားရေးအခြေအနေများမှာ သာမန်ဖြစ်ပြီး၊ ၎င်းတို့တွင် မြင့်မားသော လူမှုအဆင့်အတန်း မရှိကြချေ- ၎င်းတို့အတွက် အလုပ်တစ်ခုရှိနေမျှဖြင့် အဆင်ပြေနေပြီ ဖြစ်သည်။ ၎င်းတို့တွင် ပြည်နယ် အုပ်ချုပ်ရေးမှူးများ ပါဝင်သလော။ နိုင်ငံ့သမ္မတများ ပါဝင်သလော။ (မပါဝင်ပါ။) အများဆုံးအနေဖြင့် ၎င်းတို့သည် လုပ်ငန်းငယ် မန်နေဂျာများ သို့မဟုတ် စီးပွားရေး လုပ်ငန်းငယ်များ၏ ပိုင်ရှင်များ ဖြစ်ကြသည်။ ၎င်းတို့၏ လူမှုအဆင့်အတန်းသည် အလယ်အလတ် ဖြစ်သကဲ့သို့၊ ၎င်းတို့၏ စီးပွားရေး အခြေအနေများသည်လည်း သာမန်ဖြစ်သည်။ နောက်ထပ်အချက်မှာ မိသားစု၏ ရှင်သန်နေထိုင်နေသော ပတ်ဝန်းကျင်ဖြစ်၏။ ဦးစွာပထမ၊ ၎င်းတို့၏သားသမီးများအား ဂမ္ဘီရပညာနှင့် ဗေဒင်ပညာ လမ်းကြောင်းကို လျှောက်လှမ်းခြင်းထဲတွင် သိသိသာသာ လွှမ်းမိုးမည့် မိဘများ မရှိချေ။ ထိုသို့သော အရာများ၌ ပါဝင်ပတ်သက်သူ အလွန်နည်းပါး၏။ မိဘအများစုသည် သာမန်သာဖြစ်သည်။ ဘုရားသခင်သည် လူတို့အား ရွေးချယ်သည့် အချိန်၌ပင်၊ ယင်းသည် လူတို့ကို ကယ်တင်သည့် သူ၏အမှုအတွက် လွန်စွာ အကျိုးပြုသည့် ဤသို့သော ပတ်ဝန်းကျင်မျိုးကို ၎င်းတို့အတွက် သူပြင်ဆင် ပေးလေသည်။ အပြင်ပန်းအားဖြင့် ကြည့်သော် ဘုရားသခင်သည် လူသားအတွက် ကမ္ဘာတုန်လောက်သော မည်သည့်အရာကိုမျှ အထူးသဖြင့် လုပ်ဆောင်မထားသလို ထင်ရ၏။ သူသည် နှိမ့်ချစွာနှင့် တိတ်တဆိတ် သူ လုပ်ဆောင်သည့် အရာအားလုံးကို တိတ်ဆိတ်စွာနှင့် လျှို့ဝှက်စွာ ရှေ့ဆက် ဆောင်ရွက်လေသည်။ သို့သော် အမှန်တွင်၊ ဘုရားသခင် ပြုသောအရာ အားလုံးသည် သင်၏ကယ်တင်ခြင်းအတွက် အခြေခံအုတ်မြစ်ချရန်၊ ရှေ့တွင်ရှိသည့် လမ်းနှင့် သင်၏ ကယ်တင်ခြင်းအတွက် လိုအပ်သော အခြေအနေအားလုံးကို ပြင်ဆင်ပေးရန် လုပ်ဆောင်ခြင်းဖြစ်သည်။ နောက်ထပ်၊ လူတိုင်းကို အသီးသီး တိကျသော အချိန်တွင် ဘုရားသခင်သည် သူ၏ရှေ့မှောက်သို့ ပြန်ခေါ်ဆောင်၏- ယင်းမှာ ဘုရားသခင်၏အသံကို သင်ကြားရသည့်အချိန် ဖြစ်သည်။ ယင်းသည် သူ၏ရှေ့မှောက်သို့ သင် လာရသည့်အချိန် ဖြစ်သည်။ ဤအရာဖြစ်ပျက်သောအချိန်၌ အချို့သောလူတို့သည် ၎င်းတို့ကိုယ်တိုင် မိဘများ ဖြစ်လာနှင့်ကြပြီး ဖြစ်သော်လည်း၊ တခြားသူတို့မှာမူ တစ်စုံတစ်ယောက်၏ သားသမီးသာ ဖြစ်ကြပေသည်။ တစ်နည်းဆိုရသော်၊ အချို့သောလူတို့သည် အိမ်ထောင်ရက်သားကျ၍၊ သားသမီးများ ရခဲ့ကြပြီဖြစ်သော်ငြား၊ အချို့သည် တစ်ကိုယ်တည်း ဖြစ်နေဆဲဖြစ်ပြီး၊ ၎င်းတို့၏ ကိုယ်ပိုင် မိသားစုများကို စတင်ခြင်း မပြုကြသေးပေ။ သို့သော် တစ်ဦး တစ်ယောက်၏အခြေအနေ မည်သို့ဖြစ်ပါစေ၊ သင်သည် မည်သည့်အချိန်၌ ရွေးချယ်ခံရမည် ဆိုသည်နှင့် သူ၏ ဧဝံဂေလိတရားနှင့် နှုတ်ကပတ်တော်တို့သည် မည်သည့်အချိန်တွင် သင့်ထံသို့ ရောက်မည်ဆိုသည်တို့ကို ဘုရားသခင်က သတ်မှတ်ထားပြီး ဖြစ်သည်။ သင့်အနေဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို ကြားနိုင်ရန် အလို့ငှာ၊ သင့်ထံသို့ ဧဝံဂေလိတရား လက်ဆင့်ကမ်းမည့် လူတစ်ဦးတစ်ယောက် သို့မဟုတ် အကြောင်းအရာတစ်ခုခုအပေါ် ဆုံးဖြတ်ထားသည့် အခြေအနေတို့ကို ဘုရားသခင်သည် သတ်မှတ်ထားပြီး ဖြစ်၏။ လိုအပ်သည့် အခြေအနေအားလုံးကို သင့်အတွက် ဘုရားသခင် ပြင်ဆင်နှင့်ပြီး ဖြစ်သည်။ ဤသို့ဖြင့်၊ ဖြစ်ပျက်နေသည့်အရာကို လူသည် သတိမမူမိသော်လည်း၊ ဘုရားသခင်ရှေ့မှောက် လာကာ ဘုရားသခင်၏ မိသားစုထံ ပြန်သွားလေသည်။ လူသည် မိမိအတွက် ဘုရားသခင် ပြင်ဆင်ပေးထားသည့် ဘုရားသခင်၏ အမှုပြုသည့်နည်းလမ်း၏ အဆင့်အသီးသီးထဲသို့ ဝင်ရောက်ရင်း၊ အမှုမဲ့အမှတ်မဲ့ ဘုရားသခင် နောက်သို့ လိုက်ကာ သူ၏ အမှု အဆင့်အသီးသီးထဲသို့လည်း ဝင်ရောက်လေသည်။ ဤအချိန်၌ ဘုရားသခင်သည် လူသားအတွက် လုပ်ဆောင်သည့်အခါ၊ မည်သို့သော နည်းလမ်းတို့ကို အသုံးပြုသနည်း။ ပထမဦးစွာ၊ အခြေခံအကျဆုံး နည်းလမ်းမှာ လူသား နှစ်သက်သည့် ဂရုစိုက်မှုနှင့် ကာကွယ်ပေးမှုဖြစ်၏။ ဤအရာအပြင်၊ လူသားအနေဖြင့် ဘုရားသခင်၏ တည်ရှိမှုနှင့် သူ၏လုပ်ဆောင်မှုတို့ကို မြင်နိုင်စေရန် အလို့ငှာ၊ ဘုရားသခင်သည် အမျိုးမျိုးသောလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပြင်ဆင်လေသည်။ ဥပမာအားဖြင့်၊ ၎င်းတို့၏ မိသားစုထဲတွင် တစ်စုံတစ်ဦး နာမကျန်းဖြစ်သောကြောင့်၊ ဘုရားသခင်ကို ယုံကြည်သော လူအချို့ရှိသည်။ အခြားသူများက ၎င်းတို့ထံ ဧဝံဂေလိတရား ဟောပြောသောအခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို စတင် ယုံကြည်လာကြပြီး၊ ဘုရားသခင်အပေါ် ဤသို့ ယုံကြည်ခြင်းသည် အခြေအနေကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤအခြေအနေကို မည်သူက စီစဉ်ခဲ့သနည်း (ဘုရားသခင် ဖြစ်ပါသည်။) ဤနာမကျန်းဖြစ်ခြင်း နည်းလမ်းအားဖြင့်၊ အယောက်တိုင်း ယုံကြည်သူဖြစ်သည့် မိသားစုအချို့ရှိသော်လည်း၊ မိသားစုထဲတွင် အနည်းငယ်ကသာ ယုံကြည်သည့် အခြား မိသားစုများလည်းရှိသည်။ အပေါ်ယံအားဖြင့်၊ သင့်မိသားစုထဲမှ တစ်ဦးဦးက မကျန်းမာမှုရှိသည်ဟု ထင်ရသော်လည်း၊ အမှန်တွင် ထိုအရာမှာ သင့်အနေဖြင့် ဘုရားသခင်ရှေ့မှောက် လာစေရန်အလို့ငှာ သင့်အပေါ် အပ်နှင်းလိုက်သော အခြေအနေတစ်ခုသာဖြစ်သည်- ဤသည်မှာ ဘုရားသခင်၏ ကြင်နာခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အချို့သောလူတို့အတွက် မိသားစုဘဝသည် ခက်ခဲပြီး ၎င်းတို့အနေဖြင့် ငြိမ်းချမ်းခြင်းကို ရှာမတွေ့နိုင်သောကြောင့်၊ အခွင့်အလမ်းတစ်ခုသည် သူ့ဖာသာ ပေါ်လာမည်ဖြစ်သည်- တစ်စုံတစ်ယောက်သောသူသည် ဧဝံဂေလိတရားကို လက်ဆင့်ကမ်းကာ၊ “သခင်ယေရှုကိုယုံကြည်ပါ၊ ငြိမ်သက်ခြင်း ရလိမ့်မည်” ဟု ပြော၏။ ထိုသို့ဖြင့်၊ သူတို့သည် သတိမမူမိဘဲလျက် လွန်စွာသဘာဝကျသော အခြေအနေများအောက်၌ ဘုရားသခင်ကို ယုံကြည်လာလေသည်၊ သို့ဆိုလျှင် ဤသည်မှာ အခြေအနေ အမျိုးအစားတစ်ခု ဖြစ်သည် မဟုတ်လော။ ပြီးလျှင် ၎င်း၏ မိသားစုသည် ငြိမ်သက်ခြင်းမရှိကြသည်မှာ ဘုရားသခင်ပေးအပ်သည့် ကျေးဇူးတော်တစ်ခု မဟုတ်လော။ တခြားသော အကြောင်းရင်းများ အတွက် ဘုရားသခင်ကို ယုံကြည်လာသူ အချို့လည်းရှိ၏။ ယုံကြည်မှုနှင့် ဆိုင်သည့် မတူညီသော အကြောင်းရင်းများနှင့် မတူညီသော နည်းလမ်းများ ရှိကြသော်လည်း၊ မည်သို့သော အကြောင်းရင်းက သင့်ကို ဘုရားသခင်အား ယုံကြည်စေသည်ဖြစ်စေ၊ အမှန်တွင် အားလုံးကို ဘုရားသခင်က စီစဉ်ကာ လမ်းပြခဲ့ခြင်း ဖြစ်သည်။ ဦးဆုံးအနေဖြင့်၊ ဘုရားသခင်သည် သင့်အား ရွေးချယ်ရန်နှင့် သင့်အား သူ၏မိသားစုထဲသို့ ခေါ်ဆောင်ရန်၊ အမျိုးမျိုးသော နည်းလမ်းတို့ကို အသုံးပြုလေသည်။ ဤသည်မှာ လူပုဂ္ဂိုလ် တစ်ဦးချင်းအပေါ်တွင် ဘုရားသခင်က သနားသည့် ကျေးဇူးတော်ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၆၁)

ဘုရားသခင်၏ လက်ရှိ နောက်ဆုံးသောကာလ အမှုတော်ထဲတွင်၊ ဘုရားသခင်သည် ယခင်က လုပ်ဆောင်ခဲ့သည့်အတိုင်း လူသားအပေါ် ကျေးဇူးတော် နှင့် ကောင်းချီးမင်္ဂလာများကို ပေးအပ်ခြင်း မပြုတော့ သကဲ့သို့၊ လူကို ရှေ့ဆက်ရန် စည်းရုံးခြင်းလည်း မပြုတော့ပေ။ ဤအမှုတော် အဆင့်အတွင်းတွင် လူသားသည် သူကြုံတွေ့ရပြီး ဖြစ်သည့် ဘုရားအမှုတော်၏ သွင်ပြင်လက္ခဏာ အားလုံးမှ မည်သည့်အရာကို မြင်ပြီးပြီနည်း။ လူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မြင်ပြီး ဖြစ်သည်။ ဤအချိန်ကာလ အတွင်းတွင်၊ လူသားအနေဖြင့် ဘုရားသခင်၏ရည်ရွယ်ချက်တို့ကို တဖြည်းဖြည်း သိလာရန်၊ ဘုရားသခင် မိန့်ဆိုသော နှုတ်ကပတ်တော်များနှင့် လူသားအပေါ် အပ်နှင်းသော သမ္မာတရားကို တဖြည်းဖြည်း သိလာရန်အလို့ငှာ၊ ဘုရားသခင်သည် လူသားကို ထောက်ပံ့၏၊ ပံ့ပိုး၏၊ ဉာဏ်အလင်းပေးကာ လမ်းပြလေသည်။ လူသား၏ နုနယ်သော ဝိညာဉ်အသက်တာအနေဖြင့် ခွန်အား တဖြည်းဖြည်း တိုးပွားနိုင်စေဖို့အလို့ငှာ၊ အပြုသဘောဆောင်ဖြင်းဖြင့် တဖြည်းဖြည်း ပေါ်ထွက်နိုင်ပြီး ဘုရားသခင်နှင့် ပူးပေါင်း လုပ်ဆောင်ရန် လိုလားလာစေဖို့အလို့ငှာ ဘုရားသခင်သည် လူသား အားနည်းသောအခါ၊ စိတ်ဓါတ်ကျသောအခါ၊ အဘယ်ကိုမျှ ဦးလှည့်စရာ မရှိသောအခါတွင်၊ လူကို နှစ်သိမ့်ရန်၊ အကြံပေးရန်၊ အားပေးရန် သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုမည်ဖြစ်သည်။ သို့ရာတွင် လူသည် ဘုရားသခင်ကို မနာခံသည့်အခါ၊ သူ့ကို ဆန့်ကျင်သည့်အခါ၊ သို့မဟုတ် မိမိ၏ ပျက်စီးခြင်းကို လူက ထုတ်ဖော်ပြသည့်အခါတွင်၊ လူကို ပြစ်တင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတွင် ဘုရားသခင်သည် မည်သို့မျှ သက်ညှာလိမ့်မည် မဟုတ်ချေ။ သို့ရာတွင် လူသား၏ မိုက်မဲမှု၊ မသိနားမလည်မှု၊ အားနည်းမှုနှင့် မရင့်ကျက်မှုတို့ အတွက်မူ၊ ဘုရားသခင်သည် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ပြသလိမ့်မည်ဖြစ်သည်။ ဤသို့ဖြင့် လူသားအတွက် ဘုရားသခင် လုပ်ဆောင်သော အမှုအားလုံးမှတစ်ဆင့်၊ လူသားသည် တဖြည်းဖြည်း အရွယ်ရောက်လာ၏၊ ကြီးပြင်းလာပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားအချို့ကို သိလာ၏၊ မည်သည့်အရာများက အပြုသဘောဆောင်သောအရများဖြစ်ပြီး မည်သည့်အရာများက အပျက်သဘောဆောင်သော အရာများဖြစ်သည် ဆိုသည်ကို သိလာ၏၊ မကောင်းမှုနှင့် မှောင်မိုက်ခြင်းမှာ မည်သည့်အရာများ ဖြစ်သည်ကို သိလာ၏။ ဘုရားသခင်သည် လူသားကို အမြဲပြစ်တင်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်း နည်းလမ်းကို မပြုလုပ်သကဲ့သို့၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း တို့ကိုလည်း အမြဲမပြချေ။ ယင်းထက် လူတို့၏ မတူညီသောအဆင့်များတွင် လည်းကောင်း၊ ၎င်းတို့၏ မတူညီသောဝိညာဉ်အသက်တာများ၊ အရည်အချင်းများ နှင့်အညီ ဘုရားသခင်သည် လူတစ်ဦးချင်းစီအတွက် မတူညီသောနည်းလမ်းများဖြင့် ထောက်ပံ့ပေး၏။ သူသည် လူသားအတွက် အမှုအရာများစွာ လုပ်ဆောင်ပေးကာ၊ အဖိုးအခ ကြီးမားလှ၏။ လူသားသည် ဤအရာများ သို့မဟုတ် ဤအဖိုးအခ နှင့်ပတ်သက်၍ ဘာကိုမျှ မသိမြင်သော်လည်း၊ လက်တွေ့၌ သူ သူလုပ်ဆောင်သမျှအားလုံးသည် လူတစ်ဦးချင်းစီတိုင်းအပေါ်တွင် ဆောင်ရွက်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းသည် လက်တွေ့ကျ၏- ဘုရားသခင်၏ ကျေးဇူးတော်မှတဆင့်၊ လူသားသည် ဘေးဒုက္ခ တစ်ခုပြီးတစ်ခု ရှောင်ရှားနေပြီး၊ တစ်ချိန်လုံး ဘုရားသခင်သည် လူသား၏အားနည်းချက်အပေါ် သူ၏ သည်းခံခြင်းကိုလည်း အကြိမ်ကြိမ် ပြသ၏။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် လူတို့အား လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်သော အနှစ်သာရကို တဖြည်းဖြည်း သိလာစေသည်။ ဘုရားသခင် ထောက်ပံ့သော အရာ၊ လူသားအပေါ် သူ၏ ဉာဏ်အလင်းပေးခြင်းနှင့် သူ၏လမ်းပြမှု အားလုံးသည် လူသားမျိုးနွယ်အား သမ္မာတရား၏ အနှစ်သာရကို ပို၍ပို၍ သိလာခွင့်ပေးပြီး လူတို့ လိုအပ်သောအရာ၊ ၎င်းတို့ လျှောက်သင့်သောလမ်း၊ မည်သည့်အရာအတွက် ရှင်သန်နေထိုင်သင့်ပုံ၊ ၎င်းတို့အသက်တာများ၏ တန်ဖိုးနှင့် အဓိပ္ပါယ်အပြင်၊ ရှေ့တွင်ရှိသော လမ်းအား မည်သို့လျှောက်ရမည် ဆိုသည်တို့ကို တိုး၍ တိုး၍ သိလာခွင့်ပေး၏။ ဘုရားသခင် ပြုသော ဤအရာများအားလုံးသည် သူ၏တစ်ခုသော မူလရည်ရွယ်ချက်မှ ခွဲထုတ်၍မရချေ။ သို့ဆိုလျှင် ဤရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်သည် လူသားအပေါ် သူ၏အမှုကို ဆောင်ရွက်ရန်၊ အဘယ်ကြောင့် ဤနည်းလမ်းတို့ကို အသုံးပြုသနည်း။ မည်သည့် ရလဒ်ကို သူရရှိချင် သနည်း။ တစ်နည်းအားဖြင့်၊ သူသည် လူ့အထဲတွင် မည်သည့်အရာကို မြင်ချင်သနည်း။ လူသားထံမှ မည်သည့်အရာကို သူရရှိချင်သနည်း။ ဘုရားသခင် မြင်ချင်သောအရာမှာ လူသား၏ နှလုံးသား ပြန်လည်နိုးထနိုင်ဖို့ ဖြစ်သည်။ လူသားအပေါ် အမှုပြုရန် သူအသုံးပြုသည့် ဤနည်းလမ်းများသည် လူသား၏ နှလုံးသားနှင့် လူသား၏ စိတ်ဝိညာဉ်ကို စဉ်ဆက်မပြတ် နိုးထစေရန်ဖြစ်ကာ၊ လူသားအနေဖြင့် မည်သည့်နေရာက မိမိလာခဲ့သည်၊ မည်သူက မိမိကို လမ်းပြနေသည်၊ ထောက်ပံ့နေပြီး ပံ့ပိုးနေသည်၊ ပြီးလျှင် မည်သူက မိမိကို ယခုထိတိုင်အောင် ရှင်သန် ခွင့်ပြုထားသည် ဆိုသည်ကို သိနိုင်စေဖို့ဖြစ်သည်။ ထိုနည်းလမ်းများသည် လူအား မည်သူက ဖန်ဆင်းရှင် ဖြစ်သည်၊ မည်သူကို သူကိုးကွယ်သင့်သည်၊ မည်သို့သောလမ်းမျိုးကို လျှောက်သင့်သည်ဆိုသည်နှင့် ဘုရားသခင် ရှေ့မှောက်သို့ မည်သည့်နည်းလမ်းဖြင့် လာသင့်သည်ဆိုသည်တို့ကို နားလည်နိုင်စေသည့် နည်းလမ်းများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏စိတ်နှလုံးကို သိစေရန်၊ နားလည်စေရန် နှင့် လူသားကို ကယ်တင်ဖို့ဖြစ်သည့် ဘုရားသခင်၏ အမှုတော်နောက်ကွယ်က ကြီးစွာသောဂရုစိုက်မှုနှင့် အတွေးကို သဘောပေါက်စေရန်အလို့ငှာ၊ လူသား၏ နှလုံးသား တဖြည်းဖြည်း ပြန်၍အားပြည့်လာစေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ လူသား၏ နှလုံးသား ပြန်လည်အားပြည့် လာသည့်အခါ၊ လူသည် ဆုတ်ယုတ်သော ပျက်စီးသော စိတ်သဘောထား တစ်ခုဖြင့် အသက်ရှင်ရန် ဆန္ဒမရှိတော့ပဲ၊ ယင်းအစား ဘုရားသခင်ကို စိတ်ကျေနပ်စေရန် သမ္မာတရားကို ရှာဖွေဖို့သာ ဆန္ဒရှိလာသည်။ လူ၏ နှလုံးသားသည် နိုးထ လာသည့်အခါ၊ လူသည် စာတန်ထံမှ အပြည့်အဝ ရုန်းထွက် နိုင်လေသည်။ စာတန်၏ အန္တရာယ်ပြုခြင်း၊ စာတန်၏ ထိန်းချုပ်ခြင်း သို့မဟုတ် အရူးလုပ်ခြင်းကို မခံရတော့ပေ။ ယင်းအစား ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေဖို့ ဘုရားသခင်၏ အမှုနှင့် သူ၏ နှုတ်ကပတ်တော်တို့တွင် ဖန်တီးယူကာ ပူးပေါင်းဆောင်ရွက်နိုင်၏၊ ထိုသို့ဖြင့် ဘုရားသခင်ကို ကြောက်ရွံခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့အား ရရှိလေသည်။ ဤသည်မှာ ဘုရားအမှုတော်၏ မူလရည်ရွယ်ချက် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၆၂)

စာတန်၏ဆိုးယုတ်မှုအကြောင်း ယခုပင် ငါတို့ ပြောဆိုဆွေးနွေးခြင်းက၊ လူသည် အလွန်စိတ်မချမ်းမြေ့မှုအလယ်တွင် ရှင်သန်ပြီး လူ၏အသက်တာသည် ကံဆိုးမှုများဖြင့် ပတ်ချာဝိုင်း ခံရသည့်အလား လူတိုင်းကို ခံစားရစေသည်။ သို့ရာတွင် ယခုတွင် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် လူသားအပေါ် သူ ဆောင်ရွက်သော အမှုတော်အကြောင်းကို ငါပြောဆိုနေသည့်အချိန်တွင်၊ ယင်းက သင်တို့ကို မည်သို့ခံစားရစေသနည်း (အလွန်ပျော်ပါသည်။) ဘုရားသခင် လုပ်ဆောင်သော အရာအားလုံး၊ လူသားအတွက် ပင်ပန်းကြီးစွာ သူ စီစဉ်သမျှအားလုံးသည် အပြစ်ဆိုစရာမရှိသည်ကို ငါတို့ ယခု မြင်နိုင်သည်။ ဘုရားသခင် ပြုလုပ်သမျှ အရာတိုင်းသည် အမှားအယွင်း ကင်းကာ၊ အပြစ်အနာအဆာ ကင်းသည့်သဘောဖြစ်ပြီး၊ မည်သူကမျှ ပြုပြင်ပေးရန်၊ အကြံပေးရန် သို့မဟုတ် ပြောင်းလဲမှုများ တစ်ခုတစ်လေ ပြုလုပ်ရန် မလိုအပ်ပေ။ တစ်ဦးချင်းစီတိုင်းအတွက် ဘုရားသခင် လုပ်ဆောင်သမျှအားလုံးသည် သံသယရှိစရာ မလိုအပ်ပေ။ သူသည် လူတိုင်းကို လက်ဆွဲခေါ်ကာ ဦးဆောင်ပြီး၊ သင့်အား ကုန်လွန်သွားသည့် အချိန်တိုင်းတွင် စောင့်ရှောက်သကဲ့သို့၊ သင့်အနားမှလည်း တစ်ခါမျှ မခွာခဲ့ချေ။ လူတို့သည် ဤကဲ့သို့သောပတ်ဝန်းကျင်မျိုးနှင့် ဤကဲ့သို့သော နောက်ခံမျိုးတွင် ကြီးပြင်းသည်နှင့်အမျှ၊ လူတို့သည် အမှန်တွင် ဘုရားသခင်၏ လက်ဖဝါးပေါ်တွင် ကြီးပြင်းသည်ဟု ငါတို့ ဆိုနိုင်မည်လော (ဆိုနိုင်ပါသည်။) သို့ဆိုလျှင် သင်တို့သည် ဆုံးရှုံးခြင်း အသိစိတ်တစ်ခုကို ယခုတွင် ခံစားနေကြ ရသေးသလော။ တစ်ဦးတစ်ယောက်သည် စိတ်ပျက် အားငယ်မိသေးသလော။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စွန့်ပစ်သွားပြီဟု တစ်ယောက်ယောက်က ခံစားရသလော (မခံစားရပါ။) သို့ဆိုလျှင် ဘုရားသခင်သည် မည်သည့်အရာကို အတိအကျ လုပ်ဆောင်ပြီးဖြစ်သနည်း။ (လူသားမျိုးနွယ်ကို ဆက်လက် ဂရုစိုက်ပြီးဖြစ်သည်။) ဘုရားသခင် လုပ်ဆောင်သော အရာရာထဲတွင် ဘုရားသခင်ထားသည့် ကြီးစွာသော အတွေးနှင့် ဂရုစိုက်မှုသည် မေးခွန်းထုတ်စရာပင် မလိုအပ်ချေ။ ထို့အပြင် သူ၏ အမှုတော်ကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် အစဉ်အမြဲ အကြွင်းမဲ့ လုပ်ဆေင် လေသည်။ သင့်အနေဖြင့် သူ့အား နက်နက်နဲနဲ ကျေးဇူးတင်မိစေရန်အလို့ငှာ သင့်အတွက် သူ ပေးဆပ်ခဲ့သော အဖိုးအခကို သင်တို့ထဲမှ မည်သူကမျှသိဖို့ သူ လုံးဝ မတောင်းဆိုဖူးပေ။ ဘုရားသခင်သည် ဤအရာကို သင့်အား တောင်းဆိုဖူးပါသလော။ (မတောင်းဆိုဖူးပါ။) လူ့ဘဝ၏ ရှည်လျားသော လမ်းကြောင်းတွင်၊ လူအယောက်စီတိုင်းနီးပါး အန္တရာယ်ရှိသော အခြေအနေများစွာကို ကြုံဖူးသကဲ့သို့ ဖြားယောင်း သွေးဆောင်မှုများစွာကို ရင်ဆိုင်ဖူးကြ၏။ ဤသည်မှာ စာတန်သည် သင်၏အနားတွင် ရပ်နေသောကြောင့်၊ ၎င်း၏မျက်လုံးတို့သည် သင့်အပေါ် စဉ်ဆက်မအပြတ် စူးစိုက်ကြည့် နေသောကြောင့် ဖြစ်သည်။ သင့်ကို ဘေးဒုက္ခရိုက်ခတ်သည့်အခါ၊ သင့်အပေါ် ကပ်ဘေးများ ကျရောက်သည့်အခါ၊ ဤအရာ၌ စာတန် အကြိုက်တွေ့ လေသည်။ သင့်အတွက် မည်သည့်အရာမျှ အဆင်မပြေသည့်အခါ၊ စာတန်၏ ကွန်ယက်တွင် သင် ငြိတွယ်ခံရသည့်အခါတွင်၊ ဤအရာများမှ ကြီးစွာသော ပျော်ရွှင်မှုကို စာတန်က ရယူလေသည်။ ဘုရားသခင် လုပ်ဆောင်နေသည့် အရာအတွက်မူ၊ သူသည် သင့်အား ကုန်လွန်သည့်အချိန်တိုင်းတွင် ကာကွယ် ပေးလျက်ရှိကာ၊ ကံဆိုးခြင်းတစ်ခုပြီး တစ်ခုမှ လည်းကောင်း၊ ဘေးဒုက္ခတစ်ခုပြီး တစ်ခုမှ လည်းကောင်း သင့်ကို ထိန်းကျောင်းပေးနေ၏။ ဤသည်မှာ လူသားတွင် ရှိသောအရာ အားလုံးဖြစ်သည့် ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှု၊ ကောင်းချီးမင်္ဂလာများနှင့် တစ်ကိုယ်ရေဘေးကင်းရေးတို့သည် အမှန်တွင် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် အားလုံး ရှိကြသည်ဟု ငါက ပြောရသည့်အကြောင်းရင်း ဖြစ်သည်။ သူသည် လူတစ်ဦးစီတိုင်း၏ ကံကြမ္မာကို လမ်းပြကာ ဆုံးဖြတ်ပေး၏။ သို့ရာတွင် ဘုရားသခင်သည် အချို့သောလူတို့ ပြောသကဲ့သို့ သူ၏ အနေအထားအပေါ် ကြီးကျယ်သော အယူအဆတစ်ခု ရှိပါသလော။ “ငါသည် အရာအားလုံး၏ အကြီးမြတ်ဆုံး ဖြစ်သည်။ သင်တို့ကို ကွပ်ကဲသည်မှာ ငါဖြစ်၏။ သင်တို့အားလုံးသည် သက်ညှာမှုအတွက် ငါ့ကို တောင်းခံကြရမည်ဖြစ်ပြီး၊ မနာခံမှုသည် သေခြင်းဖြင့် ပြစ်ဒဏ်ပေးခံရမည်” ဟူ၍ သင့်အား ဘုရားသခင် ထုတ်ဖော်ပြောဆို ပါသလော။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဤနည်းလမ်းမျိုးဖြင့် ခြိမ်းခြောက်ဖူးပါသလော (မခြိမ်းခြောက်ဖူးပါ။) “လူသားမျိုးနွယ်သည် ပျက်စီး နေသောကြောင့်၊ ၎င်းတို့ကို ငါမည်သို့ဆက်ဆံသည်မှာ အရေးမကြီးသကဲ့သို့၊ မည်သည့်နည်းလမ်းဖြင့်မဆို ၎င်းတို့ ဆက်ဆံခံရနိုင်၏။ ငါသည် ၎င်းတို့အတွက် ကောင်းမွန်သော စီစဉ်မှုများ ပြုလုပ်ရန် မလိုအပ်။” ဟု သူပြောဖူးပါသလော။ ဘုရားသခင်သည် ဤသို့စဉ်းစား ပါသလော။ ဘုရားသခင်သည် ဤနည်းဖြင့် ပြုမူဖူးပါသလော (မပြုမူဖူးပါ။) ဆန့်ကျင်ဖက် အနေဖြင့်၊ လူတစ်ဦးတစ်ယောက်ချင်းစီအပေါ် ဘုရားသခင်၏ ဆက်ဆံမှုသည် လေးနက်၍ တာဝန်ယူမှုရှိ၏။ သင့်ကိုယ်သင် သဘေားထားသည် ထက်ပင် ဘုရားသခင်က သင့်ကို သာ၍ တာဝန်ယူမှုရှိစွာ ဆက်ဆံ၏။ ဤသို့မဟုတ်ပေသလော။ ဘုရားသခင်သည် အကြောင်းမဲ့သက်သက် ပြောဆိုခြင်း မရှိသလို၊ သူ၏ ချီးမြှောက်ခံရသည့် အနေအထားကို ဟန်မထုတ်ပေ သို့မဟုတ် လူတို့ကို ပေါ့ပေါ့ဆဆ မလှည့်ဖြားပေ။ ယင်းအစား သူကိုယ်တိုင် ပြုရန် လိုအပ်သောအရာတို့ကို ရိုးသားစွာနှင့် တိတ်ဆိတ်စွာ လုပ်ဆောင်လေသည်။ ဤအရာတို့သည် လူသားထံသို့ ကောင်းချီးများ၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်မှုတို့ကို ဆောင်ကြဉ်း၏၊ ၎င်းတို့သည် လူသားကို ဘုရားသခင်၏ မြင်ကွင်းနှင့် သူ၏မိသားစုထဲသို့ ငြိမ်းချမ်းစွာနှင့် ပျော်ရွှင်စွာ ပို့ဆောင်ပေး၏။ ထို့နောက် လူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ပြီး ပုံမှန် ဆင်ခြင်တုံတရားနှင့် တွေးခေါ်မှုတို့ဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံကြလေသည်။ ထို့ကြောင့်၊ ဘုရားသခင်သည် သူ၏အမှုတွင် လူသားနှင့်ပတ်သက်၍ တမင်လှည့်စားဖူးပါသလော။ သူသည် လူသားအား ပထမဦးစွာ စကားအနည်းငယ်ဖြင့် အရူးလုပ်ပြီး၊ ထို့နောက် သူ့ကို ကျောခိုင်းကာ အတုအယောင် ကြင်နာမှုကို ပြသဖူးသလော (မပြသဖူးပါ။) ဘုရားသခင်သည် ပြောတော့တစ်မျိုး၊ လုပ်တော့ တခြားဖြစ်ဖူးသလော။ ဘုရားသခင်သည် အနှစ်မရှိသော ကတိတို့ကို ပေးကာ၊ သူသည် ၎င်းတို့အတွက် ဤအရာအား လုပ်ပေးနိုင်သည် သို့မဟုတ် ထိုအရာအား ၎င်းတို့အတွက် ကူညီပေး နိုင်သည်ဟု ပြောလျက် ကြွားဝါသော်လည်း၊ ယင်းနောက်တွင် ပျောက်ကွယ်သွားဖူးသလော (မပျောက်ကွယ်ဖူးပါ။) ဘုရားသခင်ထံ၌ မည်သည့် လှည့်စားမှု၊ မည်သည့် မမှန်ကန်မှုမျှ မရှိချေ။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသကဲ့သို့၊ သူ ပြုသောအရာတိုင်း၌ စစ်မှန်၏။ သူသည် လူတို့ အားထားနိုင်သည့် တစ်ဦးတည်းသောသူဖြစ်၏။ သူသည် လူတို့အနေဖြင့် ၎င်းတို့၏အသက်တာများနှင့် ၎င်းတို့ရှိသမျှ အရာတိုင်းကို အပ်နှံနိုင်သည့် တစ်ဦးတည်းသောသူလည်း ဖြစ်သည်။ ဘုရားသခင်၌ မည်သည့်လှည့်စားမှုမျှ မရှိသည့်အတွက်၊ ဘုရားသခင်သည် အစစ်မှန်ဆုံးဖြစ်သည်ဟု ငါတို့ ဆိုနိုင်မည်လော (ဆိုနိုင်ပါသည်။) ငါတို့ဆိုနိုင်သည်မှာ ဟုတ်ပေ၏။ “စစ်မှန်သော” ဟူသည့် စကားသည် အလွန်အားနည်းသော်လည်း၊ ဘုရားသခင်အဖို့ သုံးသည့်အခါ အလွန်လူသားဆန်သော်လည်း၊ ငါတို့ သုံးဖို့အတွက် မည်သည့် အခြားသော စကားလုံး ရှိသနည်း။ လူသားဘာသာစကား၏ ကန့်သတ်ချက်မှာ ထိုသို့ဖြစ်၏။ ဘုရားသခင်ကို “စစ်မှန်သည်” ဟု ခေါ်ဆိုခြင်းသည် အတော်အတန် မသင့်လျော်သော်လည်း၊ လောလောဆယ်တွင်မူ ဤစကားလုံးကို ငါတို့ အသုံးပြုသွားမည်။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံကာ၊ စစ်မှန်၏။ သို့ဆိုလျှင် ငါတို့သည် ဤသွင်ပြင်လက္ခဏာတို့ကို ပြောဆိုသည့်အခါ မည်သည့်အရာကို ငါတို့ ရည်ညွှန်းနေခြင်း ဖြစ်သနည်း။ ငါတို့သည် ဘုရားသခင်နှင့် လူသားကြား၊ ဘုရားသခင်နှင့် စာတန်ကြား ခြားနားမှုများကို ရည်ညွှန်းနေခြင်း ဖြစ်သလော။ ဟုတ်ပေ၏၊ ထိုသို့ ငါတို့ဆိုနိုင်၏။ ဤသည်မှာ လူသားအနေဖြင့် ဘုရားသခင်၌ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်စွန်းတစ်စမျှ မမြင်ရသောကြောင့် ဖြစ်လေသည်။ ငါသည် ဤသို့ ပြောရာ၌ မှန်ကန်ပါ၏လော။ အာမင်။ (အာမင်။) ငါတို့သည် ဘုရားသခင်၌ စာတန်၏ ဆိုးယုတ်မှုတစ်ခုမျှ ထုတ်ဖော်ပြသည်ကို မမြင်ရပေ။ ဘုရားသခင် လုပ်ဆောင်ကာ ထုတ်ဖော်ပြသမျှအားလုံးသည် လုံးလုံးအကျိုးပြုပြီး လူကို ကူညီမစ၏၊ လူသားကို ထောက်ပံ့ပေးရန် လုံးလုံးလျားလျား လုပ်ဆောင်ထားခြင်း ဖြစ်သည်၊ အသက်နှင့် ပြည့်ဝပြီး လူသားအတွက် လိုက်လျှောက်ရန် လမ်းတစ်ခုနှင့် လျှောက်လှမ်းရမည့် ဦးတည်ချက်တစ်ခုကို ပေး၏။ ဘုရားသခင်သည် ပျက်စီးခြင်းမရှိသည့်အပြင်၊ ဘုရားသခင် လုပ်ဆောင်သော အရာရာတိုင်းကို ယခု ကြည့်သောအခါ၊ ဘုရားသခင်သည် သန့်ရှင်းသည်ဟု ငါတို့ ဆိုနိုင်သလော (ဆိုနိုင်ပါသည်။) ဘုရားသခင်သည် လူသားမျိုးနွယ်၏ ပျက်စီးခြင်း တစ်ခုမျှ မရှိသကဲ့သို့၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သို့မဟုတ် စာတန်၏အနှစ်သာရနှင့် ဆင်တူသောအရာတစ်ခုမျှ မရှိသလို၊ ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့်အရာမျှ ဤအရာများနှင့် တူညီမှုတစ်ခုတစ်လေ မပါရှိသည့်အတွက်၊ ဤရှုထောင့်မှ ဘုရားသခင်သည် သန့်ရှင်းသည်ဟု ငါတို့ ဆိုနိုင်သည်။ ဘုရားသခင်သည် မည်သည့်ဖောက်ပြန်ပျက်စီးခြင်းကိုမျှ ထုတ်ဖော် မပြသကဲ့သို့၊ သူ၏ အမှုတော်၌ရှိသည့် သူ၏ကိုယ်ပိုင် အနှစ်သာရကို ထုတ်ဖော်ခြင်းမှာ ဘုရားသခင် ကိုယ်တော်တိုင် သန့်ရှင်းကြောင်းကို အတည်ပြုခြင်း သက်သက်ဖြစ်သည်။ ဤအရာကို သင်တို့ မြင်ကြသလော။ ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရကို သိရန်၊ ယခု ဤလက္ခဏာနှစ်ရပ်ကို ကြည့်ကြပါစို့- ၁) ဘုရားသခင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်စွန်းတစ်စမျှမရှိ။ ၂) လူသားအပေါ်ပြုသော ဘုရားသခင် အမှုတော်၏ အနှစ်သာရသည် လူသားအား ဘုရားသခင်၏ကိုယ်ပိုင်အနှစ်သာရကို မြင်ခွင့်ပေးပြီး၊ ဤအနှစ်သာရသည် လုံးလုံးလျားလျား အပြုသဘောဆောင်၏။ ဘုရားသခင် အမှုတော်၏ အစိတ်အပိုင်းတိုင်းက လူသားထံ ယူဆောင်ပေးသောများမှာ အပြုသဘောဆောင် ကြသည်သာ ဖြစ်သည်။ ဦးဆုံးအနေဖြင့်၊ ဘုရားသခင်သည် လူသားကို ရိုးသားရန် တောင်းဆိုသည်- ဤသည်မှာ အပြုသဘောဆောင်သည့်အရာ မဟုတ်သလော။ ဘုရားသခင်သည် လူသားကို ဉာဏ်ပညာပေး၏- ဤသည်မှာ အပြုသဘောမဆောင်သလော။ ဘုရားသခင်သည် လူသားအား အကောင်းနှင့်အဆိုးကို ခွဲခြားသိမြင်တတ်စေသည်- ဤသည်မှာ အပြုသဘော မဆောင်သလော။ သူသည် လူသားအား လူ့ဘဝ၏ အဓိပ္ပါယ်နှင့် တန်ဖိုးကို နားလည်ခွင့်ပေးသည်- ဤသည်မှာ အပြုသဘော မဆောင်သလော။ သူသည် လူသားအား လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများ၏ အနှစ်သာရကို သမ္မာတရား နှင့်အညီ ထွင်းဖောက်သိစေ၏— ဤသည်မှာ အပြုသဘော မဆောင်သလော (အပြုသဘောဆောင်ပါသည်။) ဤအရာအားလုံး၏ အကျိုးရလဒ်မှာ လူသားသည် စာတန်၏ လှည့်စားခြင်းကို မခံရတော့၊ စာတန်၏ အန္တရာယ်ပြုခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို ဆက်၍ မခံရတော့ခြင်းဖြစ်သည်။ တစ်နည်းဆိုရလျှင်၊ ဤအရာတို့သည် လူတို့ကို စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းမှ မိမိတို့ကိုယ်ကိုယ် လုံးလုံး လွတ်မြောက်ခွင့်ပေး၏၊ ထို့ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုအား ရှောင်ကြဉ်ခြင်းလမ်းကို တဖြည်းဖြည်း လျှောက်လှမ်းကြ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၆၃)

လူသားကို ဖျက်ဆီးရန် စာတန်အသုံးချသော အဓိကလှည့်ကွက်များ ခြောက်ခုရှိ၏။

ပထမသည်ကား ထိန်းချုပ်ခြင်းနှင့် အကျပ်ကိုင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ စာတန်သည် သင်၏နှလုံးသားကို ထိန်းချုပ်ရန်အတွက် ဖြစ်နိုင်သမျှ အရာအားလုံးကို ပြုလုပ်လိမ့်မည်ဖြစ်သည်။ “အကျပ်ကိုင်ခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်မနာခံပါက ခံစားရမည့် အကျိုးဆက်များကို သင့်အား တွေးတောစေလျက် သင့်အား သူ့ကိုနာခံစေဖို့ ခြိမ်းခြောက်မှု နှင့် အတင်းအဓမ္မ နည်းလမ်းများအား အသုံးပြုခြင်းကို ဆိုလိုသည်။ သင်သည် ကြောက်ရွံ့ပြီး မဖီဆန်ရဲသောကြောင့် ထိုအခါ သင်သည် သူ့ကို ကျိုးနွံနာခံလေသည်။

ဒုတိယမှာ လိမ်လည်ခြင်းနှင့် လှည့်စားမှု ဖြစ်သည်။ “လိမ်လည်ခြင်းနှင့် လှည့်စားခြင်း” တွင် မည်သည့်အရာ လိုအပ်သနည်း။ စာတန်သည် ဇာတ်လမ်းပုံပြင်များနှင့် မုသားအချို့ကို ဖန်တီးကာ၊ သင့်အား ထိုအရာတို့ကို ယုံကြည်လာစေရန် လှည့်စားခြင်း ဖြစ်၏။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်းဖြစ်သည်ဟူ၍ ၎င်းက သင့်အား လုံးဝမပြောသကဲ့သို့ သင့်အား ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်းမဟုတ်ဟူ၍လည်း တိုက်ရိုက်မပြောပေ။ ၎င်းသည် “ဘုရားသခင်” ဟူသော စကားလုံးကို လုံးလုံး အသုံးမပြုဘဲ၊ ယင်းအစား အစားထိုးအနေဖြင့် အခြားတစ်စုံအရာကို အသုံးပြုကာ၊ ဘုရားသခင်၏ တည်ရှိခြင်းကို အခြေခံအားဖြင့် သင်မသိနိုင်ဖို့အလို့ငှာ သင့်အားလှည့်စားဖို့ရန် ဤအရာကို အသုံးပြုလေသည်။ ဟုတ်ပေ၏၊ ဤ “လှည့်စားမှု” တွင် ဤအရာတစ်ခုသာ မဟုတ်၊ သွင်ပြင်လက္ခဏာရပ်များစွာ ပါဝင်ပေ၏။

တတိယမှာ အယူဝါဒ အဓမ္မသွတ်သွင်းခြင်းဖြစ်သည်။ မည်သည့်အရာဖြင့် လူတို့သည် အယူဝါဒ သွတ်သွင်းခံရကြသနည်း။ အယူဝါဒ အဓမ္မသွတ်သွင်းခြင်းကို လူသားကိုယ်တိုင်၏ ရွေးချယ်မှုဖြင့် လုပ်ဆောင်သလော။ ယင်းကို လူသား၏ သဘောတူညီမှုဖြင့် လုပ်ဆောင်ခြင်းလော။ (မဟုတ်ပါ။) သင်သဘောမတူလျှင်ပင်၊ ထိုအရာနှင့်ပတ်သက်၍ သင်လုပ်နိုင်သည့်အရာ ဘာမျှမရှိပေ။ သင်၏ သတိမမူမိခြင်းကြောင့်၊ စာတန်သည် သူ၏အတွေးအခေါ်၊ သူ၏ ဘဝစည်းမျဉ်းများနှင့် သူ၏ အနှစ်သာရတို့ကို သင့်အထဲ မွေးမြူလျက် အယူဝါဒ သွတ်သွင်းလေသည်။

စတုတ္ထသည်ကား ခြိမ်းခြောက်မှုနှင့် နားယောင်စေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ သင့်အနေဖြင့် ၎င်းကို လက်ခံရန်၊ လိုက်နာရန်နှင့် ၎င်းအတွက် အမှုထမ်းရန်အလို့ငှာ စာတန်သည် အမျိုးမျိုးသော လှည့်ကွက်တို့ကို အသုံးချခြင်းဖြစ်၏။ ၎င်းသည် ၎င်း၏ ရည်မှန်းချက်များကို ရရှိရန် မည်သည့်အရာကိုမဆို လုပ်ဆောင် လိမ့်မည်ဖြစ်သည်။ ၎င်းသည် တစ်ချိန်လုံး သင့်ကို အပြစ်ကျူးလွန်မိစေရန် သွေးဆောင်လျက် တစ်ခါတစ်ရံ၌ သင့်အပေါ် မျက်နှာသာ အနည်းငယ်ပေး၏။ သင်သည် ၎င်းကို မလိုက်နာလျှင် သင့်ကို ဒုက္ခခံစားစေကာ၊ သင့်ကို ဒဏ်ပေးမည်ဖြစ်ပြီး သင့်အား တိုက်ခိုက်ရန်နှင့် အမိဖမ်းရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြု လိမ့်မည်ဖြစ်သည်။

ပဉ္စမမှာ လှည့်ဖြားခြင်းနှင့် တုံ့ဆိုင်းစေခြင်းဖြစ်သည်။ “လှည့်ဖြားခြင်းနှင့် တုံ့ဆိုင်းစေခြင်း” ဆိုသည်မှာ လူတို့၏ ဇာတိအခြေအနေ၊ ၎င်းတို့၏ အသက်တာများနှင့် အနာဂတ်များကို ထောက်ထားနေသည့်အလား ထင်ရစေဖို့၊ လူတို့၏ အယူအဆများနှင့် ကိုက်ညီသည့် စိတ်ကူးများနှင့် နားဝင်ချိုလှသော စကားလုံးအချို့ကို စာတန်က လုပ်ကြံဖန်တီးသည့်အချိန်သည် အမှန်တကယ်တွင် ၎င်း၏ တစ်ခုတည်းသော ရည်မှန်းချက်က သင့်ကို လှည့်စားဖို့ဖြစ်သည့်အချိန် ဖြစ်သည်။ ထို့နောက် မည်သည့်အရာက မှန်ပြီး မည်သည့်အရာက မှားသည်ကို သင် မသိစေဖို့အလို့ငှာနှင့်၊ သင် အမှတ်တမဲ့ လှည့်စားခံရကာ ထိုသို့ဖြင့် ၎င်း၏ထိန်းချုပ်မှု အောက်သို့ ရောက်လာဖို့အလို့ငှာ သူသည် သင့်ကို တုံ့ဆိုင်းစေလေသည်။

ဆဌမမှာ ကိုယ်နှင့်စိတ်ကို ဖျက်ဆီးခြင်းဖြစ်သည်။ စာတန်သည် လူသား၏ မည်သည့်အစိတ်အပိုင်းကို ဖျက်ဆီးသနည်း။ (လူ၏စိတ်နှင့် ဖြစ်တည်မှုတစ်ခုလုံး ဖြစ်ပါသည်။) သင့်အနေဖြင့် ခုခံရန် အစွမ်းမရှိအောင် ပြုလျက်၊ စာတန်သည် သင်၏ စိတ်ကို ဖျက်ဆီး၏၊ ဆိုလိုသည်မှာ သင်၏နှလုံးသားသည် စာတန်ဆီသို့ မရည်ရွယ်ဘဲ တဖြည်းဖြည်းချင်း လှည့်မိခြင်း ဖြစ်သည်။ သင့်အနေဖြင့် နောက်ဆုံးတွင် လူကောင်းတစ်ဦးဖြစ်ဖို့ ဆန္ဒမရှိတော့ရန်အလို့ငှာ၊ “ဖြောင့်မတ်ခြင်း” ဟု သင်ခေါ်ဆိုသော အရာအတွက် ရပ်တည်ချင်စိတ် မရှိတော့စေရန်အလို့ငှာ ၎င်းသည် သင့်ကို လွှမ်းမိုးပြီး လက်သပ်မွေးဖို့ရန် ဤအယူအဆများနှင့် ယဉ်ကျေးမှုများကို နေ့စဉ်အသုံးပြုရင်း၊ သင်၏ဆန္ဒကို နည်းနည်းစီ လှိုက်စားရင်း သင့်အထဲသို့ ဤအရာများကို နေ့စဉ် သွတ်သွင်းလေသည်။ အမှုမဲ့အမှတ်မဲ့ဖြင့်၊ သင်သည် ရေစီးကြောင်းကို ဆန်တက်ကူးခတ်ရန် စိတ်စွမ်းအား မရှိတော့ဘဲ၊ ယင်းအစား ရေစီးကြောင်းနှင့် အလိုက်သင့် မျောပါသွားလေသည်။ “ဖျက်ဆီးခြင်း” ဆိုသည်မှာ စာတန်သည် လူတို့ကို လွန်စွာ ညှဉ်းပန်းနှိပ်စက်သဖြင့် ၎င်းတို့သည် လူသားမဟုတ်တော့ဘဲ၊ မိမိတို့ကိုယ်တိုင်၏ အရိပ်အယောင်များ ဖြစ်လာကြလေသည်။ ဤသည်မှာ စာတန်က ၎င်းတို့အား တိုက်ခိုက်၊ ဖမ်းဆီးကာ ဝါးမျိုသောအခါတွင်ဖြစ်သည်။

လူသားကို ဖျက်ဆီးရန် စာတန်အသုံးချသော ဤလှည့်ကွက် တစ်ခုစီသည် လူသားအား ခုခံနိုင်စွမ်းမဲ့စေ၏။ ယင်းတို့ တစ်ခုစီတိုင်းသည် လူသားအတွက် ဆိုးဆိုးရွားရွား ဖြစ်စေနိုင်သည်။ တစ်နည်းအားဖြင့် စာတန်လုပ်ဆောင်သော အရာရာတိုင်းနှင့် ၎င်းအသုံးချသော လှည့်ကွက်ဟူသမျှက သင့်ကို ဆုတ်ယုတ် စေနိုင်သည်၊ စာတန်၏ ထိန်းချုပ်မှု အောက်သို့ ရောက်စေနိုင်ကာ၊ သင့်အား မကောင်းမှုနှင့် အပြစ်တို့၏ နွံထဲ၌ နစ်မြုပ်စေနိုင်၏။ ယင်းကဲ့သို့အရာများမှာ လူသားကိုဖျက်ဆီးရန် စာတန်အသုံးချသော လှည့်ကွက်များ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၆၄)

ယခုတွင်မူ “ဘုရားသခင်၏ သန့်ရှင်းခြင်း” ဆိုသည်မှာ ဘုရားသခင်၏အနှစ်သာရမှာ အပြစ်အနာအဆာ ကင်းကြောင်း၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာက ကိုယ်ကျိုးငဲ့ခြင်းမရှိ၊ လူသားကို ဘုရားသခင်ပေးသော အရာအားလုံးသည် ကိုယ်ကျိုးငဲ့ခြင်း မရှိသည်ကို ဆိုလိုကြောင်း သင်၏ နှလုံးသားဗဟိုချက်မှ သင်သိမည့်နေ့ တစ်နေ့အထိ၊ ဘုရားသခင်၏ အနှစ်သာရအပေါ် သင်တို့၏ ထိုးထွင်းသိမြင်မှုကို အခြေခံသည့် သိနားလည်ခြင်းသည် ထိုအရာကို သင်ယူလေ့လာရန်၊ ခိုင်မာစေရန်၊ ခံစားရန်နှင့် ကြုံတွေ့ရန် ကြာရှည်သောအချိန်ကာလတစ်ခု လိုအပ်သေး၏။ ပြီးလျှင် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အပြစ် အနာအဆာကင်းပြီး အပြစ်တင်စရာမရှိသည်ကို သင်သိလာလိမ့်မည်။ ဘုရားသခင်၏ ဤအနှစ်သာရနှင့်ဆိုင်သည့် ဤသွင်ပြင် လက္ခဏာများသည် သူ၏ အဆင့်အတန်းကို ကြွားလုံးထုတ်ရန် သူအသုံးပြုသော စကားလုံးများသက်သက်မဟုတ်ဘဲ၊ ယင်းထက် ဘုရားသခင်သည် လူတစ်ဦးတစ်ယောက်စီတိုင်းအား တည်ငြိမ်သော ရိုးသားမှန်ကန်မှုဖြင့် ဆက်ဆံရန် သူ၏အနှစ်သာရကို အသုံးပြုခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ အနှစ်သာရသည် အဓိပ္ပာယ်မဲ့မဟုတ်သကဲ့သို့ အယူအဆရေးရာ သို့မဟုတ် အယူဝါဒဆိုင်ရာလည်း မဟုတ်ပေ၊ ပြီးလျှင် ယင်းသည် အသိပညာတစ်မျိုး မဟုတ်သည်မှာလည်း အသေအချာပင်ဖြစ်၏။ ယင်းသည် လူသားအတွက် ပညာရေးတစ်မျိုးမဟုတ်ပေ။ ထိုအစား၊ ဘုရားသခင်ကိုယ်တိုင်၏ လုပ်ဆောင်ချက်များနှင့်ဆိုင်သော စစ်မှန်သည့် ထုတ်ဖော်ပြခြင်းနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့်ဆိုင်သည့် ထုတ်ဖော်ထားသော အနှစ်သာရဖြစ်သည်။ ဘုရားသခင် ပြုသောအရာတိုင်းနှင့် သူပြောဆိုသော နှုတ်ကပတ်တော်တိုင်းသည် လူတစ်ဦးတစ်ယောက်ချင်းစီအဖို့ ကြီးစွာသောတန်ဖိုးနှင့် ကြီးစွာသောအရေးပါမှု ရှိခြင်းကြောင့် လူသားသည် ဤအနှစ်သာရကို သိသင့်ပြီး နားလည်သဘောပေါက် သင့်၏။ သင်သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည် သဘောပေါက် လာသည့်အခါ ဘုရားသခင်ကို သင် အမှန်တကယ် ယုံကြည်နိုင်လိမ့်မည်။ သင်သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည်သဘောပေါက်လာသည့်အခါ “အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်” ဟူသော စကားလုံးတို့၏ အဓိပ္ပါယ် အစစ်အမှန်ကို အမှန်တကယ် နားလည်နိုင်လိမ့်မည်။ သင့်အနေဖြင့် ဤတစ်လမ်းအပြင် သင်ရွေးလျှောက်နိုင်သည့် အခြားလမ်းကြောင်းများရှိသည်ကို တွေးလျက် သင်သည် စိတ်ကူးယဉ်တော့မည် မဟုတ်သကဲ့သို့၊ သင့်အတွက် ဘုရားသခင် စီစဉ်ထားသော အရာရာတိုင်းကို သစ္စာဖောက်ရန်လည်း လိုလားတော့မည် မဟုတ်ပေ။ ဘုရားသခင်၏ အနှစ်သာရသည် သန့်ရှင်းသောကြောင့် ယင်းသည် ဘုရားသခင် အားဖြင့်သာလျှင် ဖြောင့်မတ်သော အလင်းလမ်းကြောင်းပေါ် အသက်တာတစ်လျှောက် သင်လျှောက်လှမ်းနိုင်သည်ဟု အဓိပ္ပာယ် ရ၏။ ဘုရားသခင်အားဖြင့်သာ ဘဝ၏ အဓိပ္ပာယ်ကို သင်သိနိုင်၏။ ဘုရားသခင်အားဖြင့်သာ စစ်မှန်သော လူ့သဘာဝကို သင် အသက်ရှင်နေထိုင်နိုင်ပြီး သမ္မာတရားကို ပိုင်ဆိုင်နိုင်သကဲ့သို့ သိလည်းသိနိုင်သည်။ ဘုရားသခင်အားဖြင့်သာ သမ္မာတရားမှ အသက်ကို သင်ရရှိနိုင်သည်။ ဘုရားသခင်ကိုယ်တိုင်သာ သင့်အား မကောင်းမှုမှ ရှောင်ကြဉ်ရန် ကူညီပေးနိုင်ပြီး စာတန်၏ အန္တရာယ်နှင့် ထိန်းချုပ်မှုမှ သင့်အား ကယ်တင်ပေးနိုင်၏။ ဆင်းရဲဒုက္ခကို သင် မခံစားရတော့ရန်အလို့ငှာ ဘုရားသခင် မှအပ သင့်အား မည်သူမျှ၊ မည်သည့်အရာကမျှ ဒုက္ခပင်လယ် အတွင်းမှ မကယ်တင်နိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရအားဖြင့် သတ်မှတ်ခြင်း ဖြစ်၏။ ဘုရားသခင် ကိုယ်တိုင်သည်သာ သင့်ကို လုံးဝကိုယ်ကျိုးမငဲ့ဘဲ ကယ်တင်၏၊ ဘုရားသခင်သည်သာ သင်၏အနာဂတ်၊ သင်၏ ကံကြမ္မာနှင့် သင်၏အသက်တာအတွက် အခြေခံအားဖြင့် တာဝန်ရှိပြီး၊ သူသည် သင့်အတွက် အရာခပ်သိမ်းကို စီစဉ်ပေး၏။ ဤသည်မှာ ဖန်ဆင်းခံဖြစ်စေ၊ ဖန်ဆင်းခံ မဟုတ်သည့်အရာဖြစ်စေ မည်သည့် အရာကမျှ မစွမ်းဆောင်နိုင်သည့် အရာတစ်ခုဖြစ်သည်။ ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့်အရာတို့က ဘုရားသခင်၏ အနှစ်သာရကဲ့သို့သော အနှစ်သာရကို မပိုင်ဆိုင်သောကြောင့် မည်သည့်လူ သို့မဟုတ် မည်သည့်အရာကမျှ သင့်အား ကယ်တင်ရန် သို့မဟုတ် သင့်အား ဦးဆောင်လမ်းပြရန် အစွမ်းအစမရှိချေ။ ဤသည်မှာ လူသားအဖို့ ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သော အရေးပါမှု ဖြစ်သည်။ ငါပြောပြီးသော ဤနှုတ်ကပတ်တော်များသည် ယေဘုယျ အားဖြင့် အနည်းငယ်မျှ အထောက်အကူဖြစ်နိုင်သည်ဟု သင်တို့သည် ခံစားရကောင်းခံစားရမည်။ သို့ရာတွင် သင်သည် သမ္မာတရားကို လိုက်စားပါက၊ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးပါက ဤနှုတ်ကပတ်တော်များက သင်၏ သင်၏ ကံကြမ္မာကို ပြောင်းလဲပေးရုံသာမက၊ ထို့ထက်ပင် ၎င်းတို့က သင့်အား လူ့အသက်တာ၏ မှန်ကန်သောလမ်းကြောင်းဆီသို့ မည်သို့ပို့ဆောင် ပေးလိမ့်မည်ကို သင်တွေ့ကြုံလာရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၆၅)

ယနေ့ ဆုံတွေ့ပွဲ၏အစ၌ ငါ့အား အံ့အားသင့်စေခဲ့သည့် သင်တို့ပြုလုပ်ခဲ့သော အရာတစ်ခုအကြောင်းကို သင်တို့ကို ငါပြောချင်သည်။ သင်တို့ထဲမှ အချို့သည် ကျေးဇူးတရား အသိစိတ်တစ်ခုကို ပြုစုပျိုးထောင်ကောင်း ပျိုးထောင် နေလိမ့်မည်၊ ကျေးဇူးတင်ရှိကောင်းတင်ရှိနေလိမ့်မည်၊ ထို့ကြောင့် သင်တို့၏စိတ်ခံစားချက်သည် အလားတူ လိုက်လျောညီထွေသော လုပ်ဆောင်ချက်ကို ဆောင်ကြဉ်းခဲ့ပေသည်။ သင်တို့ လုပ်ခဲ့သည့်အရာသည် အပြစ်ဆိုဖို့မလိုသည့်အရာတစ်ခု ဖြစ်၏။ မှန်လည်း မမှန်သကဲ့သို့ မှားလည်းမမှားချေ။ သို့ရာတွင် သင်တို့ကို ငါသည် တစ်စုံတစ်ခုအား နားလည်စေချင်သည်။ မည်သည့်အရာကို သင်တို့အား ငါ နားလည်စေချင်သနည်း။ ဦးစွာအနေဖြင့်၊ သင်တို့ ယခုတင် လုပ်ခဲ့သောအရာ နှင့်ပတ်သက်ပြီး သင်တို့ကို မေးချင်သည်။ ယင်းသည် ဝတ်ပြုကိုးကွယ်ရန် ဝပ်စင်းရခြင်းလော သို့မဟုတ် ဒူးထောက်ရခြင်းလော။ တစ်ယောက်ယောက် ငါ့က