လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်မပါဘဲ အသက်တာကို မရှာဖွေနိုင်
အသက်တာကို ရှာဖွေရာ၌ သင်သည် အရာနှစ်ခုကို အာရုံစိုက်ရမည်- ပထမမှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်းရှိ သမ္မာတရားကို နားလည်ခြင်းနှင့် ဒုတိယမှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်း၌ သင့်ကိုယ်သင် နားလည်ခြင်းတို့ဖြစ်သည်။ ဤအရာနှစ်ခုမှာ အခြေခံအကျဆုံးဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် ပြင်ပတွင် အသက်တာ သို့မဟုတ် သမ္မာတရားမရှိပေ။ သမ္မာတရားကို ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်း၌ မရှာဖွေလျှင် ယင်းကို သင် မည်သည့်နေရာ၌ ရှာဖွေမည်နည်း။ ဤလောကတွင် သမ္မာတရား အဘယ်မှာရှိသနည်း။ လောကတွင် ပုံနှိပ်ထုတ်ဝေသည့် စာအုပ်များ၏ အဘယ်နေရာ၌ ပြောလောက်စရာ သမ္မာတရား ရှိသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲရှိ သမ္မာတရားကို နားလည်ခြင်းနှင့်ဆိုင်သော အရေးကြီးဆုံး အပိုင်းများမှာ ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်အတွင်း၌ နားလည်ခြင်း၊ လူ့အသက်တာကို သူ၏ နှုတ်ကပတ်တော်အတွင်း၌ နားလည်ခြင်း၊ သမ္မာတရား၏ ရှုထောင့်အားလုံးကို သူ၏ နှုတ်ကပတ်တော်အတွင်း၌ နားလည်ခြင်း၊ မိမိကိုယ်ကိုယ် စစ်မှန်စွာ နားလည်ခြင်းနှင့် ဘုရားသခင့် နှုတ်ကပတ်တော်အတွင်း၌ လူသားဖြစ်တည်ခြင်း၏ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိခြင်း .… တို့ပင်ဖြစ်သည်။ သမ္မာတရားအားလုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်း၌ပင် ရှိလေသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် ဝင်ရောက်ခြင်း မဟုတ်ပါက သမ္မာတရားထဲသို့ မဝင်ရောက်နိုင်ပေ။ သင် လှမ်းယူရမည့် အဓိကရလဒ်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်အား စစ်မှန်သော နားလည်သဘောပေါက်မှု ရှိခြင်းမှာ အဘယ်အရာဖြစ်သည်ကို သိရှိခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အား စစ်မှန်သော နားလည်ခြင်းဖြင့်၊ သင်သည် သမ္မာတရားကို နားလည်နိုင်သည်- ဤသည်မှာ အခြေခံအကျဆုံးအရာပင် ဖြစ်သည်။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်သည် သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းအားဖြင့်သာ သင်၏စိတ်နေသဘောထား၌ ပြောင်းလဲမှုများကို ရရှိနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။