၄၈၈ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုအတွင်း ဝင်ရောက်နည်းကျူး
၁ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အမှန်တကယ် အသုံးခံသောသူများသည် သူ၏ရှေ့တွင် ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို ခင်းကျင်းထားသည်။ ၎င်းတို့သည် သူ၏ မိန့်မြွက်ချက်များအားလုံးကို အမှန်တကယ် ကျိုးနွံနာခံပြီး၊ သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့၏ တည်ရှိခြင်း အခြေခံအုတ်မြစ် ဖြစ်စေပြီး မည်သည့်အပိုင်းများအား လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိဖို့ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ စိတ်အားထက်သန်စွာ ရှာဖွေနိုင်ကြလေသည်။ ယင်းမှာ ဘုရားသခင်ရှေ့တွင် အမှန်တကယ် အသက်ရှင်သော လူများဖြစ်သည်။ သင်လုပ်ဆောင်သောအရာသည် သင့်ဘဝအတွက် အကျိုးရှိပြီး၊ သင်၏ အသက်စိတ်သဘောထား ပြောင်းလဲရန်အလို့ငှာ၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် သင်၏ အတွင်းလိုအပ်ချက်များနှင့် အားနည်းချက်များကို သင် ဖြည့်ဆည်း နိုင်ပါက၊ ဤအရာက ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းလိမ့်မည်။
၂ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပါက၊ ပြီးလျှင် သင်သည် ဇာတိပကတိကို ကျေနပ်စေခြင်းမရှိဘဲ၊ ယင်းအစား ဘုရားသခင်၏ အလိုကို ကျေနပ်စေပါက၊ ဤအရာတွင် သူ၏နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ သင် ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်း အကြောင်းကို သာ၍ လက်တွေ့ကျကျ ပြောဆိုဆွေးနွေးသည့်အခါတွင်၊ ယင်းမှာ သင်သည် သင်၏ တာဝန်ကို ဆောင်ရွက်နိုင်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်သည်ကို ဆိုလိုပေသည်။ ဤသို့သော လက်တွေ့ကျသည့် လုပ်ဆောင်မှုများကိုသာ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းဟု ခေါ်ဆိုနိုင်ပေသည်။ ဤလက်တွေ့အရှိတရားထဲသို့ သင်ဝင်ရောက်နိုင်ပါက၊ သင်သည် သမ္မာတရားကို ပိုင်ဆိုင်လိမ့်မည်။ ဤသည်မှာ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှု စတင်ခြင်း ဖြစ်သည်။ သင်သည် ဤလေ့ကျင့်မှုကို ပထမဦးစွာ လုပ်ဆောင်ရမည်ဖြစ်ပြီး ထို့နောက်တွင်မှ သင်သည် သာ၍ပင် နက်ရှိုင်းသော လက်တွေ့အရှိတရားများထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်