၄၈၆ ဘုရား၏နှုတ်ကပတ်တော်များနှင့် သင့်ကိုယ်သင် တပ်ဆင်ရန် သင်ဦးထိပ်ထားရမည်ကျူး

၁ လက်တွေ့ကျခြင်းနှင့်ဆိုင်သည့် အသိပညာနှင့် ဘုရားသခင်၏အမှုကို မခြွင်းမချန် သိနားလည်ခြင်းအား ရရှိခြင်း- ဤအရာနှစ်ခုလုံးကို သူ၏နှုတ်ကပတ်တော်များတွင် တွေ့ရပြီး၊ အသိဉာဏ်ပွင့်လင်းခြင်းကို သင် ရရှိနိုင်သည်မှာ ဤမိန့်မြွက်ချက်များမှတစ်ဆင့်သာ ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် မိမိကိုယ်ကိုယ် ပြင်ဆင်ဖို့ သာ၍ လုပ်ဆောင်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆိုင်သည့် သင်၏သိနားလည်မှုကို မိတ်သဟာယ၌ ပြောပြလော့၊ ဤနည်းဖြင့် သင်သည် အခြားသူများကို အသိဉာဏ်ပွင့်လင်းစေနိုင်ပြီး ထွက်ပေါက်တစ်ခု ပေးနိုင်ပေသည်- ဤသည်မှာ လက်တွေ့ကျသော လမ်းကြောင်းတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တခုကို မစီစဉ်မီတွင်၊ သင်တို့ အသီးသီးသည် မိမိကိုယ်ကိုယ် သူ၏နှုတ်ကပတ်တော်များဖြင့် ဦးစွာ ပြင်ဆင်ရမည်။ ဤသည်မှာ အယောက်တိုင်း လုပ်ဆောင်သင့်သော အရာတစ်ခု ဖြစ်သည်။ ယင်းသည် အရေးတကြီး ဦးစားပေးအရာတစ်ခု ဖြစ်သည်။

၂ ပထမဦးစွာ ဘုရားသခင်၏နှုတ်ကပတ်တော်များအား မည်သို့ စားသောက်ရမည်ကို သင်သိရှိသည့်အဆင့်တစ်ခုသို့ ရောက်လော့။ သင် မလုပ်ဆောင်နိုင်သော အရာမှန်သမျှအတွက်၊ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်း တစ်ခုကို သူ၏နှုတ်ကပတ်တော်များ၌ ရှာဖွေပြီး၊ သင် နားမလည်သော မည်သည့်ကိစ္စရပ်မဆိုအတွက် သို့မဟုတ် သင်၌ ရှိကောင်းရှိမည့် မည်သည့်အခက်အခဲများမဆိုအတွက် ဤမိန့်မြွက်ချက်များကို စေ့စေ့ကြည့်လော့။ ဘုရားသခင်၏နှုတ်ကပတ်တော်များအား သင်၏ အထောက်အပံ့ဖြစ်စေပြီး၊ သင်၏ လက်တွေ့ကျသော အခက်အခဲများနှင့် ပြဿနာများကို ဖြေရှင်းရာတွင် ၎င်းတို့ကို ကူညီမစခွင့်ပေးလော့။ သူ၏ နှုတ်ကပတ်တော်များကို ဘဝတွင် သင်၏ အကူအညီဖြစ်လာခွင့်လည်း ပေးလော့။ ဤအရာများသည် သင် လုပ်ဆောင်ရသည့်အပိုင်းတွင် ကြိုးပမ်းအားထုတ်မှု လိုအပ်လိမ့်မည်။

၃ ဘုရားသခင်၏ နှုတ်ကပတ်တော်အား စားသောက်ရာတွင်၊ ရလဒ်များကို သင်ရရှိရမည်။ သင်သည် သူ၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို တည်ငြိမ်စေနိုင်ရမည်ဖြစ်ပြီး၊ ပြဿနာများတစ်ခုတလေကို သင် ကြုံရသည့် မည်သည့်အချိန်တွင်မဆို သူ၏ မိန့်မြွက်ချက်များနှင့်အညီ သင် လက်တွေ့လုပ်ဆောင်ရမည်။ သင်သည် မည်သည့်ပြဿနာများကိုမျှ တွေ့ကြုံရခြင်း မရှိသေးချိန်တွင်၊ သူ၏ နှုတ်ကပတ်တော်များအား စားသောက်ခြင်းကိုသာ သင် စိတ်ဝင်စားသင့်သည်။ တစ်ခါတစ်ရံ သင်သည် ဆုတောင်းပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဆင်ခြင်ကောင်း ဆင်ခြင်နိုင်သည်၊ သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် သင်၏ သိနားလည်ခြင်းကို မိတ်သဟာယ၌ဝေမျှနိုင်ပြီး၊ မိမိကိုယ်ကိုယ်အတွင်း သင် တွေ့ကြုံရသည့် အသိဉာဏ်ပွင့်လင်းခြင်းနှင့် အလင်းပေးခြင်း၊ ပြီးလျှင် ဤမိန့်မြွက်ချက်များကို ဖတ်ရှုနေစဉ်တွင် သင်ရှိထားသော တုံ့ပြန်မှုများနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးပြုနိုင်သည်။ ထို့အပြင် သင်သည် လူတို့ကို ထွက်ပေါက်တစ်ခု ပေးနိုင်သည်။ ဤသည်သာလျှင် လက်တွေ့ကျ၏။ ဤအရာကို လုပ်ဆောင်ခြင်း၏ ရည်မှန်းချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ လက်တွေ့ကျသော အထောက်အပံ့ ဖြစ်လာခွင့်ပေးရန် ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၄၈၅ ဘုရာသခင့် အမှုတော်နှင့်ဆိုင်သည့် အတွေ့အကြုံကို သူ၏ နှုတ်ကပတ်တော်များမှ ခွဲ၍မရနိုင်

နောက်တစ်ခုသို့- ၄၈၇ လူတစ်ဉီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်မပါဘဲ အသက်ကို မရှာဖွေနိုင်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

၂၀၆ ဘုရားသခင်၌သာ အသက်လမ်းရှိ

၁ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူးလူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူးအသက်မှာ ဘုရားဆီကသာ လာသည်မို့ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။