အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

သမ္မာကျမ်းစာနဲ့ ပတ်သက်ပြီး တင်ပြချက် (၂)

သမ္မာကျမ်းစာကို ဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်းလို့လည်း ခေါ်ကြပါသေးတယ်။ အဲဒီကျမ်းလို့ ဆိုတဲ့ဟာက ဘာကိုရည်ညွှန်းမှန်း သင်တို့သိကြလား။ ဓမ္မဟောင်းကျမ်းထဲက “ကျမ်း” ဆိုတာဟာ ယေဟောဝါဘုရားက အဲဂုတ္တု ပြည်သူတွေကိုသတ်ပစ်ခဲ့ပြီး ဣသရေလပြည်သူတွေကိုဖာရိုဘုရင်ထံမှကယ်တင်ခဲ့စဉ်တုန်းက ဣသရေလလူတွေ အတွက်ချမှတ်ပေးခဲ့တဲ့ပဋိညာဉ်ထဲမှ ပေါ်ထွက်လာခဲ့တာပါ။ ဘုရားသခင်က လူသားအတွက် ချမှတ်ပေးခဲ့တဲ့ အဲဒီပဋိညာဉ်ရဲ့ အထောက်အထားမှာ တံခါးထုပ်များအပေါ်တွင် ပေကျံနေခဲ့တဲ့ သိုးငယ်ကလေးရဲ့ သွေးပါပဲ၊ ပဋိညာဉ်တစ်ခုထဲမှာ မိမိတို့ရဲ့ တံခါးဘောင်ရဲ့ အထက်နဲ့ဘေးတွင် သိုးငယ်ကလေးရဲ့ သွေးရှိနေသူတို့ဟာ ဣသရေလ လူတွေ ဖြစ်ကြပြီး၊ သူတို့ဟာ ဘုရားသခင်၏ရွေးချယ်ခံလူမျိုးများဖြစ်ကာ သူတို့ကို ယေဟောဝါဘုရားက လွတ်မြောက်စေမယ်လို့ ဆိုထားခဲ့ပါတယ် (ယေဟောဝါဘုရားဟာ အဲဒီတုန်းက အဲဂုတ္တုပြည်သူတွေရဲ့ သားဦးများနဲ့ ပထမဦးဆုံးမွေးတဲ့ သိုးနွားတွေကိုသတ်ပစ်ရန်ရှိနေခဲ့လို့ပါ)။ အဲဒီပဋိညာဉ်ထဲမှာ အဓိပ္ပါယ် နှစ်မျိုးနှစ်ဆင့်ရှိခဲ့ပါတယ်။ အဲဂုတ္တု နိုင်ငံထဲတွင် လူ ဒါမှမဟုတ် တိရိစ္ဆာန်ကို ယေဟောဝါဘုရားက မွေးခွင့်မပြုဘဲ၊ သားဦး နဲ့ ပထမဆုံးမွေးတဲ့ သိုးနဲ့တိရိစ္ဆာန်တွေကို သတ်ပစ်ဖို့ ရှိနေခဲ့ပါတယ်။ အဲဒါကြောင့်မို့လို့ အနာဂတ္တိကျမ်း အများအပြားတို့ထဲတွင် ယေဟောဝါဘုရားရဲ့ အဲဒီပဋိညာဉ်ကြောင့် အဲဂုတ္တု ပြည်သူတွေကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်လိမ့်မယ်လို့ ရေးသားခဲ့ကြတယ်။ ပထမ အဆင့်ရဲ့ အဓိပ္ပါယ်က အဲဒီလို ဖြစ်ပါတယ်။ ယေဟောဝါဘုရားဟာ အဲဂုတ္တု နိုင်ငံထဲက သားဦးတွေ အားလုံး နဲ့ ပထမဦးဆုံး မွေးခဲ့ကြတဲ့ တိရိစ္ဆာန်တွေ အားလုံးကို သတ်ပစ်ခဲ့ပြီး၊ ဣသရေလ လူတွေ အားလုံးကို ကယ်တင်ခဲ့တယ် ဆိုတော့၊ ဣသရေလ နိုင်ငံထဲက လူတွေ အားလုံးတို့ကို ယေဟောဝါဘုရားက ကောင်းကြီး မင်္ဂလာပေးခဲ့ပြီး ကယ်တင်တော်မူမယ်၊ ၎င်းဟာ သူတို့ထဲတွင် ရေရှည် အမှုတော်ထမ်းရန် ဆန္ဒရှိလျက် သိုးငယ်လေးရဲ့ သွေးကို အသုံးပြုပြီး သူတို့အတွက် ပဋိညာဉ်ကို ချမှတ်ပေးခဲ့တဲ့ သဘောပါပဲ။ အဲဒီအချိန်မှစပြီး၊ ယေဟောဝါဘုရားဟာ ဣသရေလ ပြည်သူတွေကို သတ်ပစ်မှာ မဟုတ်တော့ဘဲ၊ ၎င်းတို့ဟာ ဘုရားသခင်ရဲ့ အရွေးတော်ခံများအဖြစ် ထာဝစဉ် တည်ရှိနေကြမယ်လို့ မိန့်ကြားခဲ့ပါတယ်။ ဣသရေလအမျိုး ဆယ့်နှစ်မျိုးထဲတွင်၊ ဘုရားသခင်ဟာ မိမိရဲ့ အမှုတော်ကို ပညတ်ခေတ် တလျှောက်လုံးမှာ ထမ်းဆောင်သွားလျက်၊ ကိုယ်တော်ရဲ့ ပညတ်ချက်တွေ အားလုံးကို ဣသရေလ ပြည်သူများအား ချပြရင်း၊ သူတို့အထဲကနေပြီး ပရောဖက်များ နဲ့ တရားသူကြီးများကို ရွေးသွားမှာ ဖြစ်ပါတယ်၊ သူတို့ဟာ ဘုရားသခင် အမှုတော်ရဲ့ ဗဟိုချက် ဖြစ်ကြပါမယ်။ ကိုယ်တော်ဟာ သူတို့အတွက် ပဋိညာဉ်ကို ချမှတ်ပေးခဲ့တယ်- အဲဒီခေတ် မကုန်မချင်း ကိုယ်တော်ဟာ အရွေးခံများ အကြားမှာသာ လုပ်ကိုင်သွားမှာပါ။ ယေဟောဝါဘုရားရဲ့ ပဋိညာဉ်ကို ဘုရားသခင်ရဲ့ အရွေးခံလူများနဲ့ သွေးဖြင့် ပြုလုပ်ခဲ့တယ် ဆိုတော့ ဖောက်ဖျက် မရနိုင်ခဲ့ပါ။ ပိုလို့ကို အရေးကြီးခဲ့တာက၊ ကိုယ်တော်ဟာ ခေတ်ကြီး တစ်လျှောက်လုံး ကိုယ်တော်ရဲ့ အမှုတော်ကို ထမ်းရွက်သွားရန်အတွက် နယ်ပယ် နဲ့ ပန်းတိုင်ကိုပါ ရွေးပေးခဲ့တယ် ဆိုတော့၊ လူတို့ဟာ ပဋိညာဉ် အထူးအရေးပါတာကို မြင်တွေ့နိုင်ခဲ့ကြပါတယ်။ အဲဒါက ပဋိညာဉ် ဒုတိယ အဆင့်ရဲ့ အဓိပ္ပါယ်ပါ။ ပဋိညာဉ်ကို မချမှတ်မီ ရှိနေခဲ့တဲ့ ကမ္ဘာဦးကျမ်းမှလွဲပြီး၊ ဓမ္မဟောင်းကျမ်း အထဲက ကျမ်းစာအုပ်တွေ အားလုံးဟာ ပဋိညာဉ်ကို ချမှတ်လိုက်တဲ့ နောက်မှာ ဣသရေလ ပြည်သူများ အကြားတွင် လုပ်ကိုင်ခဲ့တာတွေကို ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်း တင်ပေးခဲ့ပါတယ်။ အဲဒီမှာ ရံဖန်ရံခါဆိုသလို တိုင်းတပါးသားတွေ အကြောင်းလည်း ပါရှိတတ်ခဲ့ပေမဲ့၊ ခြုံပြောရရင်၊ ဓမ္မဟောင်းကျမ်းဟာ ဣသရေလ နိုင်ငံထဲက ဘုရားသခင်ရဲ့ အမှုတော်များကို ရေးမှတ်ပေးထားတာပါ။ ယေဟောဝါဘုရားက ဣသရေလ ပြည်သူများအတွက် ချမှတ်ခဲ့တဲ့ ပဋိညာဉ်ကို အကြောင်းပြုပြီး ပညတ်ခေတ်တွင် ရေးခဲ့တဲ့ ကျမ်းစာအုပ်တွေကို “ဓမ္မဟောင်းကျမ်း”လို့ ခေါ်ကြပါတယ်။ ဣသရေလပြည်သူများနှင့်အတူချမှတ်ခဲ့သော ယေဟောဝါဘုရားရဲ့ပဋိညာဉ်ကိုအမှီပြု၍ ထိုကျမ်းစာအုပ်များကို အမည်ပေးထားခြင်းဖြစ်တယ်။

ဓမ္မသစ်ကျမ်းကိုကျတော့ လက်ဝါးကပ်တိုင်တော်ပေါ်မှာ ယေရှုရဲ့သွေးတွေစီးကျလာခဲ့လို့ ကိုယ်တော်ကို ကိုးကွယ်ခဲ့ကြသူအားလုံးတို့နဲ့အတူထားခဲ့တဲ့ပဋိညာဉ်ကိုအမှီပြုလျက် အမည်ပေးခဲ့ကြတာပါ။ ယေရှုရဲ့ ပဋိညာဉ်က ဒီလိုဖြစ်ခဲ့ပါတယ်- လူတွေဟာ သူတို့ရဲ့ မကောင်းမှုတွေမှ ခွင့်လွှတ်ခွင့် ရရှိရေးအတွက် ဘုရားသခင်ကို ယုံကြည်ကြဖို့သာ ရှိပါတယ်၊ အဲဒီလိုနည်းဖြင့် သူတို့ဟာ ကယ်တင်ခံလိုက်ရပြီး ဘုရားသခင်မှတဆင့် ပြန်ပြီး မွေးလာကြလျက် အပြစ်သားတွေ မဟုတ်ကြတော့ဘူး၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ရရှိဖို့အတွက် လူတွေဟာ ကိုယ်တော်ကို ယုံကြည်ရန် လိုအပ်တယ်၊ အဲဒီလိုဆိုရင် သူတို့ဟာ သေသွားတဲ့နောက်မှာ ငရဲထဲတွင် ဒုက္ခမခံကြရတော့ပါ။ ကျေးဇူးတော်ခေတ် အတွင်းမှာ ရေးသားခဲ့တဲ့ ကျမ်းစာ အားလုံးဟာ အဲဒီပဋိညာဉ်ရဲ့ နောက်မှာ ပေါ်ပေါက်လာခဲ့ကြပြီး၊ ထိုခေတ်ထဲ ပါဝင်ခဲ့ကြတဲ့ အမှုတော်များနဲ့ ပြောကြားချက်တွေကို ရေးမှတ်ပေးထားပါတယ်။ ၎င်းတို့ဟာ ယေရှုရဲ့ လက်ဝါး ကပ်တိုင်တော်ပေါ်မှာ အတင်ခံခဲ့ရခြင်းရဲ့ ကယ်တော်မူခဲ့မှု ဒါမှမဟုတ် ပဋိညာဉ်ထက် ကျော်လွန်ပြီး မသွားကြတော့ဘဲ၊ အဲဒီကျမ်းစာတွေ အားလုံးကို အတွေ့အကြုံရှိခဲ့ကြတဲ့ ဘုရားသခင်ရဲ့ ညီအကိုတော်များမှ ရေးပေးခဲ့ကြတာပါ။ ဒီလိုနည်းဖြင့်၊ အဲဒီကျမ်းစာအုပ်တွေကိုလည်း ပဋိညာဉ်တစ်ခုရဲ့ နောက်မှာ အမည်ပေးခဲ့ကြတယ်- ၎င်းတို့ကို ဓမ္မသစ်ကျမ်းလို့ ခေါ်ပါတယ်။ အဲဒီ ကျမ်းနှစ်ခုထဲတွင် ကျေးဇူးတော်ခေတ်နဲ့ ပညတ်ခေတ်တို့သာ ပါဝင်ကြပြီး၊ နောက်ဆုံးကာလခေတ်နဲ့ ဘယ်လိုမှ ဆက်နွှယ်မှုမရှိပါ။ ဒါကြောင့်မို့လို့၊ သမ္မာကျမ်းစာဟာ နောက်ဆုံးကာလ ရက်များထဲက လူတွေအတွက် သိပ်အသုံးမဝင်လှပါ။ အဲဒါဟာ အများဆုံး ယာယီရည်ညွှန်းစရာသာ ဖြစ်နိုင်ပြီး၊ အခြေခံအားဖြင့် ၎င်းရဲ့တန်ဖိုးဟာ နည်းလှပါတယ်။ ဒါပေမဲ့၊ ဘာသာကို သက်ဝင်ကြသူတို့က ၎င်းကိုမြတ်နိုးကြနေတုန်းပါပဲ။ သူတို့တွေဟာ သမ္မာကျမ်းစာကို မသိကြပါ၊ သူတို့ဟာ သမ္မာကျမ်းစာအား ရှင်းပြရေးကိုသာ သိရှိကြပြီး ၎င်းရဲ့ မူလဇာတ်မြစ်တွေကို အခြေခံမှအစ မသိရှိကြပါ။ သမ္မာကျမ်းစာအပေါ်သူတို့တွေရဲ့ စိတ်နေစိတ်ထားက ဒီလိုပါ- သမ္မာကျမ်းစာထဲပါရှိတဲ့ အရာတိုင်းဟာ မှန်ကန်တယ်၊ အဲဒီမှာ မမှန်ကန်တာတွေ ဒါမှမဟုတ် အမှားတွေ မပါဝင်ပါ။ အဲဒီနောက်မှာ သူတို့ဟာ ၎င်းကို စပြီး လေ့လာကြတယ်။ အစကတည်းက သမ္မာကျမ်းစာဟာ မှန်ကန်တယ်၊ အမှား မပါဘူးလို့ သူတို့က ဆုံးဖြတ်ထားကြတယ်ဆိုတော့ သူတို့ဟာ ၎င်းကို စိတ်ဝင်တစား လေ့လာစူးစမ်းကြပါတယ်။ ဒီခေတ်ရဲ့ အမှုတော်တွေကို သမ္မာကျမ်းစာထဲတွင် ဟောကြားမပေးထားပါ။ ရှိသမျှနေရာများအနက် အမှောင်မည်းဆုံး ဒေသတွေထဲက သိမ်းပိုက်ရန်အမှုတော်ကို ဘယ်တုန်းကမှ မပြောကြားခဲ့ပါ၊ နောက်ဆုံးကာလ အမှုတော်မို့လို့ ဖြစ်ပါတယ်။ လုပ်ဆောင်ရမယ့် ခေတ်က မတူဘူး ဆိုတော့၊ ယေရှု ကိုယ်တော်တိုင်တောင် အမှုတော်ရဲ့ အဲဒီအဆင့်ကို နောက်ဆုံးကာလ နေ့ရက်များအတွင်း လုပ်ပေးရမှာကို မသိရှိခဲ့ဘူး—ဆိုတော့၊ နောက်ဆုံးကာလ ရက်များထဲက လူတွေဟာ အမှုတော်ရဲ့ ဒီအဆင့်ကို ဘယ်လိုလုပ်ပြီး စူးစမ်းရှာဖွေကြရမှာလဲ။

သမ္မာကျမ်းစာကို ရှင်းပြကြသူ အများစုတို့ဟာ ဆင်ခြင်တုံတရားဖြင့် သုံးသပ်လိုကြပေမဲ့၊ လက်တွေ့ နောက်ခံဆိုလို့ ဘာမှမရှိပါ။ သူတို့ဟာ အရာအများအပြားကို ကောက်ချက်ချနိုင်ရန် ဆင်ခြင်တုံတရားကို မဖြစ်စလောက်မျှသာအသုံးပြုကြတယ်။ နှစ်တွေ ကုန်လွန်လာခဲ့ပေမဲ့၊ ဘယ်သူမှာမှ သမ္မာကျမ်းစာကို ခွဲခြမ်းမစူးစမ်းရဲ ဒါမှမဟုတ် သမ္မာကျမ်းစာကို “မလိုချင်ဘူး” လို့ မပြောရဲပါ၊ အဲဒါဟာ သန့်ရှင်းတဲ့ ကျမ်းစာဖြစ်ပြီး လူတွေက ၎င်းကို ရှိခိုးနေကြလို့ပါ။ ဒီလို ဖြစ်လာခဲ့တာ နှစ်ပေါင်း ထောင်ချီ ကြာသွားပါပြီ။ ဘုရားသခင်က ဘယ်လိုမှ အရိပ်အမြွက် မပြခဲ့သလို၊ ဘယ်သူမှာမှ သမ္မာကျမ်းစာထဲက နက်ရှိုင်းတဲ့ အတွင်းရေးတွေကို ရှာမတွေ့နိုင်ခဲ့ပါ။ သမ္မာကျမ်းစာကို မြတ်နိုးမှုဟာ ရုပ်တုကိုးကွယ်မှုပါလို့ ကျွန်ုပ်တို့က ဆိုနေကြပေမဲ့၊ ကိုင်းရှိုင်းကြတဲ့ ဘယ်ကိုးကွယ်သူကမှ ၎င်းကို အဲဒီလိုနည်းဖြင့် မမြင်ရဲကြဘဲ၊ သူတို့က သင့်ကို ပြန်ပြောကြမှာက- “အကိုရာ! အဲဒီလို မပြောပါနဲ့၊ ကြောက်လန့်စရာကြီး။ အကိုက ဘယ်လိုလုပ်ပြီး ဘုရားသခင်ကို ကျိန်ဆဲရဲတာလဲ။” အဲဒီနောက်မှာ သူတို့ဟာ မနှစ်လို့ဖွယ် စကားလုံးတွေကို ပြောကြပါလိမ့်မယ်- “ကျေးဇူးရှင် သခင်ယေရှုခင်ဗျာ၊ ကယ်တင်ရှင် ယေဟောဝါဘုရားခင်ဗျာ၊ ဒီလူတွေရဲ့ မကောင်းမှုအတွက် ခွင့်လွှတ်ပေးပါရန် ကျွန်ုပ် တောင်းပန်ပါတယ်၊ အရှင်ဘုရားသခင်ဟာ လူတွေအပေါ် မေတ္တာရှိသူပါ၊ ကျွန်ုပ်တို့အားလုံးဟာ မကောင်းမှု ကျူးလွန်ခဲ့သူတွေပါ၊ ကျေးဇူးတော်ပြုပြီး ကျွန်ုပ်တို့အား သနားတော်မူကြောင်း ပြသပေးပါ၊ အာမင်။” သူတို့ ကိုင်းရှိုင်းကြပုံကို မြင်လား၊ သူတို့အနေနဲ့ အမှန်တရားကို လက်ခံရေးဟာ ဘယ်လိုလုပ်ပြီး လွယ်ကူမလဲ။ သင်ရဲ့ ပြောကြားချက်ဟာ သူတို့ကို အကြီးအကျယ် စိတ်တုန်လှုပ်သွားစေမှာပါ။ သမ္မာကျမ်းစာထဲတွင် လူတွေရဲ့ စိတ်ကူးများနဲ့ လူတွေရဲ့ ခံယူချက်များ စွန်းထင်းနေတာကို ဘယ်သူမှာမှ စိတ်မကူးရဲကြပါ၊ ဘယ်သူမှာမှ အဲဒီချွတ်ယွင်းချက်ကို မမြင်နိုင်ပါဘူး။ သမ္မာကျမ်းစာထဲက အချို့အရာများဟာ လူသားရဲ့ အတွေ့အကြုံနဲ့ အသိပညာတွေပါ၊ အချို့ကျတော့ သန့်ရှင်းတဲ့ ဝိညာဉ်တော်မှ လင်းပေးခဲ့တာ ဖြစ်ပြီး အဲဒီမှာ လူသားရဲ့ အသိပညာနဲ့ ထင်မြင်ချက်တွေ ရောယှက်နေတာလည်း ရှိပါတယ်။ ဘုရားသခင်ဟာ အဲဒီအရာများထဲကို ဘယ်တုန်းကမှ မစွက်ဖက်ခဲ့ပေမဲ့၊ ကန့်သတ်ချက်တစ်ခု ရှိပါတယ်- အဲဒါတွေဟာ လူတွေရဲ့ ပုံမှန်တွေးထင်မှုကို မကျော်လွန်နိုင်ကြပါ၊ ၎င်းတို့က ကျော်လွန်မိလျှင်၊ ၎င်းတို့ဟာ ဘုရားသခင်ရဲ့ အမှုတော်ကို စွက်ဖက်လျက် နှောင့်ယှက်နိုင်ကြပါတယ်။ လူတွေရဲ့ ပုံမှန်တွေးထင်မှုကို ကျော်လွန်မှုတွေဟာ စာတန်ရဲ့ လက်ချက်ပါ၊ ၎င်းဟာ လူတွေကို သူတို့ရဲ့ တာဝန်တွေ မေ့သွားစေရန် လုပ်ကိုင်ညွှန်ကြားနေတာမို့၊ အဲဒီအချိန်မှာ သန့်ရှင်းတဲ့ ဝိညာဉ်တော်က သင့်ကို အဲဒီလို ပုံစံမျိုး လုပ်ဆောင်ခွင့် ပြုမှာမဟုတ်ပါ။ မကြာခဏဆိုသလို၊ အချို့သော ညီအကို၊ ညီအမတို့က မေးတတ်ကြတာက- “ကျွန်မ/ကျွန်တော် ဒီလို-ဟိုလို ပုံစံနဲ့ လုပ်ဆောင်နေတာ ကောင်းပါသလား။” ကျွန်တော်ဟာ သူတို့ရဲ့ အနေအထားကို ကြည့်ပြီး- “ကောင်းတယ်။” လို့ ဖြေတတ်ပါတယ်။ ပြီးတော့ တချို့လူတွေ ဆိုကြသေးတာက- “ကျွန်မ/ကျွန်တော် ဒီလို-ဟိုလို ပုံစံနဲ့ လုပ်ကိုင်ရင် ကျွန်မ/ကျွန်တော့် အခြေအနေ ပုံမှန်ဟုတ်ရဲ့လား။” ကျွန်တော် ဖြေတတ်တာက- “ဟုတ်တယ်၊ အဲဒါ ပုံမှန်ပါ၊ သိပ်ကို ပုံမှန်ပါ။” အခြားသူတွေ ဆိုကြတာက- “ကျွန်မ/ကျွန်တော် ဒီလိုပုံစံနဲ့ လုပ်ကိုင်ရင် ကောင်းပါသလား။” ကျွန်တော်က- “မကောင်းဘူး။”လို့ ဖြေတယ်။ သူတို့က ပြန်ပြီး- “သူကျတော့ ကောင်းပြီး ကျွန်ုပ်အတွက် မကောင်းတာက ဘာကြောင့်လဲ။” ကျွန်တော်ရဲ့ အဖြေက- သင် လုပ်နေတဲ့ဟာက စာတန်ထံမှလာတယ်၊ ၎င်းက နှောင့်ယှက်နေလို့ သင်လုပ်ဆောင်နေတာရဲ့ ဇာတ်မြစ်ဟာ လွဲမှားနေတယ်။” လုပ်ဆောင်ချက်ဟာ ခရီးအတော်ကလေး မရောက်သေးလို့ ညီအကို၊ ညီအမတို့က အဲဒါကို မသိကြတဲ့ အဖြစ်မျိုးလည်း ကြုံရတတ်ပါတယ်။ အချို့သူတို့က အဲဒီလို ပုံစံနဲ့ လုပ်ကိုင်ရင် ကောင်းမလားလို့ ကျွန်ုပ်ကို မေးကြတဲ့အခါမှာ သူတို့ရဲ့ အလုပ်က အနာဂတ် အလုပ်ကို နှောင့်ယှက်ခြင်း မရှိတာကို မြင်ရပါက၊ ကျွန်ုပ်က- “ဟုတ်တယ်၊ ကောင်းတယ်။” သန့်ရှင်းတဲ့ ဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်က လူတွေ အတွက် နယ်ပယ်ဘောင်ကို ချမှတ်ပေးတယ်၊ လူတွေဟာ သန့်ရှင်းတဲ့ ဝိညာဉ်တော်ရဲ့ လိုအင်တွေကို လုံးဝအတိအကျကြီး လိုက်နာရန် မလိုဘဲ၊ လူတွေဟာ ပုံမှန် ဆင်ခြင်ကြသူတွေ ဖြစ်ကြပြီး အားနည်းချက်တွေ ရှိတတ်တယ်၊ သူတို့ဆီမှာ သွေးသားရဲ့ တောင်းဆိုချက်တွေ ရှိနိုင်သလို၊ လက်တွေ့ ပြဿနာတွေလည်း ရှိကြပြီး သူတို့ရဲ့ဦးနှောက်ထဲမှာ ရှိကြတဲ့ အတွေးအခေါ်တွေကို သူတို့ဟာ အခြေခံအားဖြင့် ဘယ်လိုမှ ထိန်းချုပ်နိုင်စွမ်း မရှိကြလို့ပါ။ ကျွန်ုပ်က လူတွေကို တောင်းဆိုတဲ့ အရာတိုင်းဆီမှာ ကန့်သတ်ချက် ရှိပါတယ်။ တချို့တွေက ကျွန်ုပ်ရဲ့ စကားလုံးတွေဟာ အနက်မပြတ်သားဘူး၊ ကျွန်တော် ပြောနေတာက တနည်းနည်းနဲ့ လုပ်ဆောင်ကြစေဖို့ ဖြစ်တယ်လို့ ယုံကြည်ကြတယ်—ကျွန်တော်ရဲ့ တောင်းဆိုချက်တွေနဲ့ သင့်တော်တဲ့ နယ်ပယ်ဘောင် ရှိနေတာကို သင် မသိရှိလို့ပါ။ အဲဒါက သင် စိတ်ကူးသလို ဖြစ်ခဲ့မယ်—ကျွန်တော်က လူတွေ အားလုံးကို ခြွင်းချက်မရှိ တူညီတဲ့ သိက္ခာမျိုးကို တောင်းဆိုမယ်ဆိုရင်—အဲဒါဟာ အလုပ်မဖြစ်နိုင်ပါဘူး။ အဲဒါဟာ လုပ်ရနိုင်တာကို လုပ်ခိုင်းမှု ဖြစ်ပြီး လူသားတွေရဲ့ လုပ်ကိုင်ပုံ အခြေခံမူဖြစ်ပြီး ဘုရားသခင်ရဲ့ အခြေခံမူ မဟုတ်ပါ။ ဘုရားသခင်ရဲ့ အမှုတော်ကို လူတွေရဲ့ လက်တွေ့ အခြေအနေများနဲ့အညီ ထမ်းရွက်ခဲ့ပြီး လူတွေရဲ့ မွေးရာပါ အရည်အသွေးကို ထည့်တွက်ပါတယ်။ ဧဝံဂေလိ တရားတော်ကို ဖြန့်ကြက်ရာတွင်လည်း အဲဒါက အခြေခံမူတစ်ရပ်ပါ- သင်က တယောက်ယောက်ကို အမှန်တရားကို မပြောကြားခင်၊ သင်ဟာ ဖြည်းဖြည်းချင်း လုပ်ဆောင်ရင်း သဘာဝအလျောက် ဖြစ်လာခွင့် ပေးလိုက်ပါ။ အဲဒီလိုမှသာ သူတို့ဟာ နားလည်လာကြမှာဖြစ်ပြီး၊ အဲဒီအချိန်ကျမှသာ သူတို့ဟာ သမ္မာကျမ်းစာကို ဘေးမှာ ချထားလာနိုင်ကြမှာပါ။ ဘုရားသခင်ကသာ အမှုတော်ရဲ့ ဒီအဆင့်ကို မလုပ်ဖြစ်ရင်၊ ဘယ်သူက ပဋိညာဉ်ကို ချိုးဖောက်ရဲမလဲ။ ဘယ်သူက အမှုတော်အသစ်ကို လုပ်ဆောင်နိုင်စွမ်း ရှိမလဲ။ ဘယ်သူက သမ္မာကျမ်းစာရဲ့ ပြင်ပမှာ လမ်းကြောင်းသစ်ကို ရှာနိုင်စွမ်း ရှိမလဲ။ လူတွေရဲ့ အစဉ်အလာ ခံယူချက်တွေနဲ့ ခေတ်ဟောင်း ကျင့်ဝတ်တွေ ဘယ်လောက်ကို အားကောင်းနေကြလဲ ဆိုတော့၊ သူတို့ဟာ အဲဒီလို အရာများကို သူတို့ဘာသာသူတို့ စွန့်ပစ်နိုင်စွမ်း မရှိသလို၊ အဲဒီလို လုပ်နိုင်ဖို့ အစွမ်းသတ္တိလည်း မရှိကြပါဘူး။ ဒီနေ့တွင် လူတွေဟာ သမ္မာကျမ်းစာထဲက အသက်မရှိကြတော့တဲ့ စကားလုံးအချို့တွေနဲ့ သူတို့နှလုံးသားထဲမှာ ဝင်နေရာယူထားကြတဲ့ စကားလုံးတွေရဲ့ ဖမ်းစားမှုကို ခံနေကြရပါတယ်။ သူတို့ဟာ ဘယ်လိုလုပ်ပြီး သမ္မာကျမ်းစာကို စွန့်လွှတ်ကြရဲမှာလဲ။ သူတို့ဟာ ဘယ်လိုလုပ်ပြီး သမ္မာကျမ်းစာရဲ့ ပြင်ပမှာရှိနေတဲ့ ခရီးကို လက်ခံကြမှာလဲ။ သင်တို့အတွက် သမ္မာကျမ်းစာရဲ့ အတွင်းရေး အချက်တွေနဲ့ သန့်ရှင်းတဲ့ ဝိညာဉ်တော် လုပ်ဆောင်ချက် အခြေခံမူတွေကို လူတွေအနေနဲ့ လုံးဝကျေနပ် လက်ခံလာကြမယ့်အထိ ရှင်းလင်းစွာ ပြောပြရေးဟာ—အရေးတကာ့ အရေးကြီးဆုံး လိုအပ်ချက်ပါ။ ဒီလို ဖြစ်ရတာက ဘာသာကို ယုံကြည်သူတိုင်းဟာ သမ္မာကျမ်းစာကို အမွန်အမြတ်ထားပြီး၊ ၎င်းကို ဘုရားသခင်လိုပဲ ရှိခိုးပါတယ်၊ ပြီးတော့ သူတို့ဟာ ဘုရားသခင်ကိုတောင် သမ္မာကျမ်းစာ အတွင်းထဲမှာ ဘောင်ခတ်ထားလိုကြပြီး သူတို့ရဲ့ ရည်မှန်းချက်တွကို ဘုရားသခင်ကို လက်ဝါးကပ်တိုင်တော် ပေါ်ကိုတင်ပြီး သံမှိုရိုက်သတ်ပစ်ခြင်းဖြင့်သာ ဖြည့်ဆည်းခဲ့ကြတဲ့ အဖြစ်ကိုတောင် ကြုံခဲ့ရပြီဖြစ်ပါတယ်။

ယခင်က:သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)

နောက်တစ်ခုသို့:သမ္မာကျမ်းစာနှင့် ပတ်သက်သော တင်ပြချက် (၃)

သင်နှစ်သက်နိုင်သည့် အရာများ