ဘုရား၏လူ့ဇာတိခံယူခြင်းကို ငြင်းပယ်ခြင်းသည် ဘုရား၏ရန်သူဖြစ်ခြင်းတည်းကျူး
၁ မျက်စိဖြင့်မမြင်ရ၊ လက်ဆုပ်လက်ကိုင်လည်းမပြနိုင်သော ဘုရားသခင်ကို အားလုံးက ချစ်ပြီး ကြိုဆိုကြသည်။ အကယ်၍ ဘုရားသခင်သည် လူတို့မမြင်နိုင်သော ဝိညာဉ်တော်တစ်ပါးသာဖြစ်ပါက လူသားတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်ရန် အလွန်လွယ်ကူသည်။ လူသားသည် မိမိ၏စိတ်ကူးစိတ်သန်းကို ဇက်ကုန်လွှတ်နိုင်ပြီး၊ မိမိကိုယ်ကို ကျေနပ်စေရန်နှင့် ပျော်ရွှင်အောင်ပြုရန် မိမိနှစ်သက်သည့် မည်သည့်ပုံရိပ်ကိုမဆို ဘုရားသခင်၏ ပုံရိပ်အဖြစ် ရွေးချယ်နိုင်သည်။ ဤနည်းအားဖြင့် လူသားသည် မိမိ၏ကိုယ်ပိုင်ဘုရားသခင်က အကြိုက်နှစ်သက်ဆုံးအရာနှင့် မိမိကို ပြုလုပ်စေလိုဆုံး မည်သည့်အရာကိုမဆို သိက္ခာစောင့်စည်းမှု မရှိဘဲနှင့် ပြုလုပ်ကောင်း ပြုလုပ်လိမ့်မည်။ ထို့အပြင် လူသားသည် သူ့ထက်ပို၍ ဘုရားသခင်ကို ပို၍သစ္စာရှိသူ၊ ပို၍ဆပ်ကပ်နိုင်သူ တစ်ဦးမျှမရှိဟု ယုံကြည်ပြီး၊ အခြားသူအားလုံးသည် တစ်ပါးအမျိုးသား ခွေးများဖြစ်ပြီး၊ ဘုရားသခင်အပေါ် သစ္စာမရှိသောသူများဖြစ်သည်ဟု ယုံကြည်သည်။
၂ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုကြောင့် ဘုရားသခင်သည် လူသားတို့ တွေ့မြင်၊ ထိတွေ့နိုင်သည့် လက်ဆုပ်လက်ကိုင်ပြနိုင်သော ပုံသဏ္ဌာန်ရှိသည့် ဇာတိခန္ဓာဖြစ်လာခြင်းဖြစ်သည်။ သူသည် ပုံသဏ္ဌာန်မရှိသော ဝိညာဉ်တော်မဟုတ်ဘဲ လူသားအနေဖြင့် ထိတွေ့ဆက်သွယ်ကာ တွေ့မြင်နိုင်သော ဇာတိခန္ဓာဖြစ်သည်။ သို့ရာတွင် လူတို့ယုံကြည်သည့် ဘုရားအများစုသည် ပုံသဏ္ဌာန်ကင်းမဲ့သော၊ ဇာတိခန္ဓာမရှိသည့် နတ်ဘုရားများဖြစ်ပြီး၊ ၎င်းတို့မှာ စိတ်ကြိုက်ပုံသဏ္ဌာန်နှင့်လည်း ဖြစ်နေသည်။ ဤသို့ဖြင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် ဘုရားသခင်ကို ယုံကြည်သောသူ အများစု၏ ရန်သူဖြစ်လာပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခဲ့သည်ဟူသော အချက်ကို လက်မခံနိုင်သည့် သူများသည်လည်း ထိုနည်းတူပင် ဘုရားသခင်၏ ရန်ဘက်များဖြစ်လာကြသည်။
၃ လူသား၌ အယူအဆများရှိနေသည်မှာ သူ၏စဉ်းစားမှုပုံစံ၊ သို့မဟုတ် သူ၏ပုန်ကန်တတ်မှုကြောင့် မဟုတ်ဘဲ လူသား၏ ဤပုဂ္ဂလိကပိုင်ဆိုင်မှုကြောင့်ဖြစ်သည်။ ဤပိုင်ဆိုင်မှုကြောင့် လူအများစုသည် သေဆုံးကြပြီး၊ ထိတွေ့၍မရ၊ မမြင်တွေ့နိုင်၊ မတည်ရှိသော မရေရာသည့် ဤဘုရားကသာလျှင် အမှန်တကယ်တွင် လူသား၏အသက်တာကို ဖျက်ဆီးနေခြင်း ဖြစ်သည်။ လူ၏အသက်တာသည် လူ့ဇာတိခံယူသော ဘုရားသခင်ကြောင့် ဆုံးရှုံးပျက်စီးရခြင်း မဟုတ်ပေ၊ ကောင်းကင်ဘုံရှင် ဘုရားသခင်ကြောင့် ပျက်စီးရခြင်းလည်း သာ၍မဟုတ်ပေ၊ ထိုသို့ဖြစ်ရခြင်းမှာ လူ၏ ကိုယ်ပိုင်စိတ်ကူးထဲမှ ဘုရားကြောင့်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။