၆၄၀ ကြီးလှစွာသော ကောင်းချီးများကို သင်တို့ခံစားခဲ့ရပြီးပြီကျူး
၁ အဘယ်ကြောင့် နောက်ဆုံးသောကာလ အမှုကို အားလုံးထဲတွင် အမှောင်ဆုံးနှင့် ခေတ်အနောက်ကျဆုံးသော နေရာဖြစ်သည့် တရုတ်ပြည်၌ လုပ်ဆောင်နေသနည်း။ ယင်းမှာ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ပြသဖို့အလို့ငှာ ဖြစ်ပေသည်။ နေရာက ပိုမှောင်လေ၊ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ရှင်းရှင်းလင်းလင်း ပိုပြသနိုင်လေ ဖြစ်သည်။ အမှန်တွင်၊ ဤအရာအားလုံးသည် ဘုရားသခင်၏ အမှုအတွက်အလို့ငှာ ဖြစ်ပေသည်။ ဘုရားသခင်သည် သင်တို့အလယ်၌ ရပ်ဖို့ရန်၊ ကောင်းကင်မှ ဆင်းကြွလာပြီးဖြစ်သည်၊ သင်တို့၏ ညစ်ညူးမှုနှင့် ပုန်ကန်မှုတို့အားဖြင့် ထင်ရှားလာပြီး ဖြစ်သည်ကို ယနေ့တွင်သာ သင်တို့ နားလည်ကြခြင်းဖြစ်ပြီး၊ ယခုတွင်သာ ဘုရားသခင်ကို သင်တို့ သိကြခြင်း ဖြစ်သည်။ ဤသည်မှာ အကြီးမားဆုံးသော ချီးမြှောက်မှု မဟုတ်လော။ သင်တို့သည် အရွေးချယ်ခံရသည့် တရုတ်ပြည်ထဲက လူစုတစ်စု ဖြစ်သည်။
၂ သင်တို့ အရွေးချယ်ခံရပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ကြပြီးဖြစ်သောကြောင့်၊ ပြီးလျှင် ဤကဲ့သို့ ကြီးမားသည့် ကျေးဇူးတော်ကို မွေ့လျော်ဖို့ သင်တို့ မထိုက်တန်သောကြောင့်၊ ဤအရာအားလုံးသည် သင်တို့ကို အထွတ်အထိပ် ချီးမြှောက်ခြင်းဖြစ်သည်ကို ဤအရာက သက်သေပြ လေသည်။ ဘုရားသခင်သည် သင်တို့ထံ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ သန့်ရှင်းသော စိတ်သဘောထားကို အလုံးစုံ သင်တို့အား ပြသလေပြီ၊ ပြီးလျှင် ထိုအရာအားလုံးကို သင်တို့အား သူပေးပြီးဖြစ်ကာ သင်တို့ မွေ့လျော်ဖို့ ဖြစ်နိုင်သည့် ကောင်းချီးမင်္ဂလာအားလုံးကို သင်တို့အား မွေ့လျော်စေလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သင်တို့ မြည်းစမ်းပြီး ဖြစ်သည်သာမက၊ ၎င်းအပြင် ဘုရားသခင်၏ ကယ်တင်ခြင်း၊ ဘုရားသခင်၏ ရွေးနုတ်ခြင်းနှင့် ဘုရားသခင်၏ အကန့်အသတ်မဲ့၊ အဆုံးမရှိ ချစ်ခြင်းမေတ္တာကို သင်တို့ မြည်းစမ်းပြီးလေပြီ။ အားလုံးထဲတွင် အညစ်ညူးဆုံးဖြစ်သည့် သင်တို့သည် ထိုသို့သော ကြီးမားသည့် ကျေးဇူးတော်ကို မွေ့လျော်ကြလေပြီ- သင်တို့သည် ကောင်းချီးခံစားရသည် မဟုတ်လော။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု ဒုတိယအဆင့်၏ အကျိုးတရားများကို ရရှိပုံ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်