၈၇၄ လူသားအတွက် ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းဖြစ်၏

၁ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် လက်တွေ့ကျပြီး သူလုပ်ဆောင်သည့် မည်သည့်အရာမျှ အနှစ်မမဲ့ပါ။ မိမိကိုယ်ကိုယ် သာမန်လူတစ်ဦးအဖြစ် နှိမ့်ချရင်း၊ လူသားတို့ကြား ဘုရားသခင်ကြွလာသည်။ အမှုအနည်းကို လုပ်ဆောင်ပြီး စကားအနည်းငယ်ပြောပြီးနောက် သူ မစွန့်ခွာပါ၊ ထို့ထက်၊ လောက၏ ဆင်းရဲဒုက္ခကို တွေ့ကြုံဖို့ လူသားများကြား သူ အမှန်တကယ် ကြွလာသည်။ လူသားမျိုးနွယ်အတွက် ခရီးပန်းတိုင်တစ်ခုအတွက် ဖလှယ်ရာတွင် သူကိုယ်တိုင်၏ ဆင်းရဲဒုက္ခ အတွေ့အကြုံနှင့်ဆိုင်သည့် အဖိုးအခကို သူပေးလေသည်။ ဤသည်မှာ လက်တွေ့ကျသော အမှုဖြစ်သည် မဟုတ်သလော။ မိဘများသည် ၎င်းတို့ သားသမီးများဖို့အလို့ငှာ လေးနက်သော အဖိုးအခတစ်ခုကို ပေးနိုင်ကြပြီး၊ ဤအရာက ၎င်းတို့၏ စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းကို ကိုယ်စားပြုသည်။ ဟုတ်ပေ၏၊ ဤအရာလုပ်ဆောင်ခြင်းဖြင့်၊ လူ့ဇာတိခံ ဘုရားသခင်သည် လူသားမျိုးနွယ်အဖို့ စိတ်ရင်းအမှန်ဆုံးနှင့် သစ္စာအရှိဆုံး ဖြစ်လေသည်။

၂ ဘုရားသခင်၏ အနှစ်သာရမှာ သစ္စာနှင့်ပြည့်ဝသည်၊ သူပြောသည့်အတိုင်း သူပြုပြီး သူပြုသမျှ ဖြစ်မြောက်သည်။ လူသားများအတွက် သူ လုပ်ဆောင်သမျှတိုင်းသည် စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ မိန့်မြွက်ချက်များ လုပ်ဆောင်ခြင်းသက်သက်ကို သူ မပြုပေ၊ အဖိုးအခ သူပေးမည်ဟု ဆိုသည့်အခါ၊ အဖိုးအခကို သူအမှန်တကယ် ပေး၏။ လူသားမျိုးနွယ်၏ ဆင်းရဲဒုက္ခကို သူတာဝန်ယူပြီး သူတို့ကိုယ်စား ဆင်းရဲဒုက္ခခံမည်ဟု သူ ဆိုသည့်အခါ၊ ဤဆင်းရဲဒုက္ခကို ကိုယ်တိုင်ကိုယ်ကျ ခံစားကာ တွေ့ကြုံရင်း၊ သူတို့ကြားတွင် အသက်ရှင်ဖို့ သူ အမှန်တကယ် ကြွလာလေသည်။ ထို့နောက်တွင်၊ စင်္ကြဝဠာထဲရှိ အရာခပ်သိမ်းတို့သည် ဘုရားသခင် လုပ်သမျှတိုင်းက မှန်ကန်ကာ ဖြောင့်မတ်သည်၊ ဘုရားသခင် လုပ်ဆောင်သည့်အရာအားလုံး လက်တွေ့ကျသည်တို့ကို အသိအမှတ်ပြုကြလိမ့်မည်။ ဤသည်မှာ အားကောင်းသော သက်သေတစ်ခု ဖြစ်သည်။

၃ လူသားမျိုးနွယ်သည် အနာဂတ်တွင် လှပသော ခရီးပန်းတိုင်တစ်ခု ရှိလိမ့်မည်ဖြစ်ပြီး၊ ကျန်ရှိသူအားလုံးက ဘုရားသခင်ကို ချီးမွမ်းကြလိမ့်မည်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များအား လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းမေတ္တာမှ အမှန်လုပ်ဆောင်သည်ကို သူတို့ ချီးမွမ်းကြလိမ့်မည်။ ဘုရားသခင်၏ အလှတရားနှင့် ကောင်းမြတ်မှု အနှစ်သာရကို သူ၏ဇာတိပကတိ၌ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုတွင် တွေ့မြင်နိုင်သည်။ သူ လုပ်ဆောင်သမျှတိုင်းသည် စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်၊ သူ ပြောသမျှတိုင်းသည် လေးနက်ပြီး သစ္စာရှိသည်။ သူ လုပ်ဆောင်ဖို့ ရည်ရွယ်သမျှအားလုံး လက်တွေ့ကျကျ လုပ်ဆောင်ပြီး၊ ၎င်းတို့အတွက် တကယ့်အဖိုးအခကို သူပေးလေသည်၊ မိန့်မြွက်ချက်များ လုပ်ဆောင်ခြင်းသက်သက်ကို သူ မပြုပေ။ ထို့ကြောင့်၊ ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်သည်၊ ဘုရားသခင်သည် သစ္စာရှိသော ဘုရားသခင် ဖြစ်ပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့ဇာတိခံယူခြင်း ရည်ရွယ်ချက်၏ ဒုတိယ ရှုထောင့်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၇၃ ဘုရားသခင်၏အမှု အဘယ်မျှခက်ခဲလှ

နောက်တစ်ခုသို့- ၈၇၅ လူသားကိုယ်စား ဆင်းရဲဒုက္ခခံဖို့ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အရေးပါမှု

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၄ ဘုရားသည် လူတို့ရဲ့စစ်မှန်သော ယုံကြည်မှုနှင့်မေတ္တာကို လိုလားသည်

၁ဘုရားမျှော် လင့်တာကသင်သူ့သဘောထားအမှန်ကိုသိချိန် သင် ဘုရားနဲ့ပိုနီးစပ်လာမယ်သူ့မေတ္တာနဲ့ လူတို့အတွက် ပူပန်မှုကို...

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

၆၀၉ ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်

၁ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက်...

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။