၉၉၆ လမ်းခရီး၏ နောက်ဆုံးခရီးတစ်ထောက်ကို ကောင်းမွန်စွာ လိုက်လျှောက်နည်းကျူး

၁ ဤစကားများသည် ယခုပြောဆိုထားပြီးဖြစ်သည်ကို သင့်အနေဖြင့် မှတ်မိရမည်။ နောင်တွင်၊ သင်သည် သာ၍ကြီးမားသော အတိဒုက္ခနှင့် သာ၍ကြီးမားသော ဒုက္ခဆင်းရဲကို ကြုံရလိမ့်မည်။ စုံလင်ခံရဖို့ဆိုသည်မှာ ရိုးရှင်းသောအရာ သို့မဟုတ် လွယ်ကူသောအရာတစ်ခု မဟုတ်။ အနည်းဆုံးအနေဖြင့်၊ ယောဘ၏ယုံကြည်ခြင်း သို့မဟုတ် သူ၏ယုံကြည်ခြင်းထက် သာ၍ပင် ကြီးမားသည့် ဖြစ်နိုင်သော ယုံကြည်ခြင်းကို သင်ပိုင်ဆိုင်ရမည်။ အနာဂတ်ရှိ စမ်းသပ်မှုများသည် ယောဘ၏ စမ်းသပ်မှုများထက် သာ၍ကြီးမားလိမ့်မည် ဖြစ်ပြီး၊ သင်သည် ရေရှည် ပြစ်တင်ဆုံးမခြင်းနှင့် ကြုံရဦးမည် ဖြစ်သည်ကို သင့်အနေဖြင့် သိသင့်သည်။ ဤသည်မှာ ရိုးရှင်းသည့်အရာတစ်ခုလော။ သင်၏ အရည်အချင်းသည် မတိုးတက်နိုင်ပါက၊ သင်၏ သိနားလည်နိုင်ခြင်း အစွမ်းအစသည် ချို့တဲ့နေပါက၊ ပြီးလျှင် သင်သည် အလွန်နည်းပါးစွာ သိပါက၊ ထိုအချိန်တွင် သင့်အနေဖြင့် မည်သည့်သက်သေမျှ ရှိလိမ့်မည်မဟုတ်ဘဲ ယင်းအစား ရယ်စရာတစ်ခု၊ စာတန်အတွက် ကစားစရာတစ်ခု ဖြစ်လာပေလိမ့်မည်။ အကယ်၍ သင့်အနေဖြင့် ရူပါရုံများကို ယခု မထိန်းသိမ်းနိုင်ပါက၊ သင်သည် အခြေခံအုတ်မြစ် မရှိသကဲ့သို့၊ အနာဂတ်တွင် ဖယ်ရှားခြင်းခံရပေလိမ့်မည်။

၂ လမ်းကြောင်း၏ မည်သည့် ခရီးတစ်ထောက်မျှ လျှောက်လှမ်းဖို့ မလွယ်ကူသောကြောင့်၊ ဤအရာကို ပေါ့ပေါ့တန်တန် သဘောမထားလေနှင့်။ သင့်အနေဖြင့် ဤလမ်းကြောင်း၏ နောက်ဆုံး ခရီးတစ်ထောက်ကို မှန်ကန်စွာ လျှောက်လှမ်းနိုင်ဖို့အလို့ငှာ ဤအရာကို ယခု ဂရုတစိုက်ချိန်ဆလော့။ ဤသည်မှာ အနာဂတ်တွင် လျှောက်လှမ်းရမည့် လမ်းကြောင်းဖြစ်ပြီး လူတိုင်း လျှောက်လှမ်းရမည့် လမ်းကြောင်း ဖြစ်သည်။ သင်သည် ဤအသိပညာကို အလေးဂရုမပြု မဖြစ်စေရ။ သင့်ကို ငါပြောဆိုသမျှသည် လေသာကုန်သည်ဟု မထင်လေနှင့်။ ထိုအရာအားလုံးကို ကောင်းကောင်းအသုံးချရမည့်နေ့ရက် ရောက်ရှိလာလိမ့်မည်- စကားများကို အချည်းနှီး ပြောဆိုထားခြင်း မရှိနိုင်ပေ။ ဤသည်မှာ မိမိကိုယ်ကိုယ် ပြင်ဆင်ရမည့်အချိန်၊ အနာဂတ်အတွက် လမ်းခင်းရမည့် အချိန် ဖြစ်သည်။ နောင်တွင် လျှောက်လှမ်းရမည့် လမ်းကြောင်းကို သင့်အနေဖြင့် ပြင်ဆင်သင့်သည်။ သင့်အနေဖြင့် အနာဂတ်တွင် မည်ကဲ့သို့ ခိုင်မြဲစွာ ရပ်တည်နိုင်မည်ကို စိုးရိမ်ကာ ပူပန်သင့်ပြီး သင်၏အနာဂတ် လမ်းကြောင်းအတွက် ကောင်းကောင်း ပြင်ဆင်သင့်ပေသည်။ အစားကြူးပြီး ပျင်းရိခြင်း မရှိလေနှင့်။

၃ သင်လိုအပ်သည့်အရာမှန်သမျှကို ရရှိနိုင်ဖို့အလို့ငှာ သင်၏အချိန်ကို အကောင်းဆုံး အသုံးချဖို့ တတ်နိုင်သမျှအရာ အားလုံးကို အပြည့်အဝ လုပ်ဆောင်ရမည်။ သင်နားလည်နိုင်ဖို့အလို့ငှာ ငါသည် သင့်ကို အရာခပ်သိမ်းပေးနေ၏။ သာ၍ကြီးမားသော အတိဒုက္ခကို ကြုံခြင်းဖြင့်၊ လူအပေါင်းတို့၏အတွင်းထဲ၌ စစ်မှန်သော သိနားလည်မှုကို ရရှိပေလိမ့်မည်။ ဤသည်တို့မှာ အမှု၏ အဆင့်များ ဖြစ်သည်။ သင်သည် ယနေ့ မိတ်သဟာယပြုသည့် ရူပါရုံများကို အပြည့်အဝ နားလည်ပြီး စစ်မှန်သော ဝိညာဉ်အသက်တာ ရရှိသည်နှင့် တစ်ပြိုင်နက်၊ အနာဂတ်တွင် သင်ကြုံရသည့် မည်သည့် အခက်အခဲမဆိုက သင့်ကို လွှမ်းမိုးလိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့ကို သင် ကြံ့ကြံ့ခံနိုင်လိမ့်မည် ဖြစ်သည်။ ငါသည် အမှု၏ ဤနောက်ဆုံးအဆင့်ကို ပြည်စုံစေပြီး၊ နောက်ဆုံး နှုတ်ကပတ်တော်များကို မိန့်မြွက်ပြီးသောအခါ အနာဂတ်တွင် လူတို့သည် ကိုယ့်လမ်းကြောင်းကို ကိုယ်လျှောက်လှမ်းဖို့ လိုပေလိမ့်မည်။ ဤအချက်သည် ယခင် ပြောဆိုထားသည့် နှုတ်ကပတ်တော်များကို ပြည့်စုံစေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတစ်ဦးစီတိုင်းအတွက် စေခိုင်းချက် တစ်ရပ်နှင့် လူပုဂ္ဂိုလ် တစ်ဦးစီတိုင်းထဲတွင် လုပ်ဆောင်ရမည့် အမှုတစ်ခု ရှိ၏။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း၏ နောက်ဆုံးခရီးတစ်ထောက်ကို သင်လျှောက်လှမ်းသင့်ပုံ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၉၅ ယနေ့ကောင်းချီးများကို သင်တန်ဖိုးထားရမည်

နောက်တစ်ခုသို့- ၉၉၇ သိုးထိန်းကို ဘုရားရိုက်နှက်သောအခါကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၀၆ ဘုရားသခင်၌သာ အသက်လမ်းရှိ

၁ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူးလူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူးအသက်မှာ ဘုရားဆီကသာ လာသည်မို့ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။