၂၄၀ နောက်ဆုံးသောကာလ၏ ခရစ်တော်ကို စွန့်ပယ်သူများသည် ထာဝရ အပြစ်ဒဏ်ပေးခြင်းကို ခံစားရလိမ့်မည်
လူတို့သည် ဘုရားသခင် အဘယ်အရာကို ပြောသည်ကို ဂရုမစိုက် ဖြစ်ကောင်းဖြစ်မည်
သို့ပါသော်လည်း ယေရှုနောက်လိုက်သည့် သန့်ရှင်းသူဟု
အခေါ်ခံရသူတိုင်းကို ကိုယ်တော် ပြောလိုဆဲဖြစ်သည်
၁
ယေရှု တိမ်ပေါ်မှ ကြွဆင်းလာသည်ကို သင့်မျက်လုံးနှင့် မြင်သည့်အချိန်တွင်၊
၎င်းသည် အများပြည်သူရှေ့တွင် ဖြောင့်မတ်ခြင်း၏နေမင်း ပေါ်ထွန်းခြင်း ဖြစ်လိမ့်မည်။
ယေရှု ကြွဆင်းလာသည်ကို သင်မြင်ရဖို့ စိတ်လှုပ်ရှားကောင်း လှုပ်ရှားမည်၊
သို့ပါသော်လည်း ၎င်းသည် သင့်အတွက် ငရဲတွင် အပြစ်ဒဏ်ပေး ခံရမည့် အချိန်ဖြစ်သည်ကိုလည်း သိပါ။
၎င်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် အဆုံးသတ်၏ နိမိတ် ဖြစ်လိမ့်မည်။
ထို့နောက် ဘုရားသခင်သည် ကောင်းသာသူကို ဆုချီးမြှင့်ပြီး စဉ်းလဲသူကို အပြစ်ဒဏ်ပေးမည်။
ဘုရားသခင်၏ တရားစီရင်မှုသည် လူက နိမိတ်လက္ခဏာများကို မမြင်မှီတွင် အဆုံးသတ်မည် ဖြစ်သည့်အတွက်၊
ထိုအချိန်တွင် သမ္မာတရားကို ဖော်ပြမှုသာ ရှိမည်။
၂
သမ္မာတရားကို လက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသည့် ထိုသူများသည် သန့်စင်ခြင်းခံရမည်၊
သူတို့သည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လာပြီး ဘုရားသခင်၏ ပွေ့ဖက်ခြင်းထဲ ဝင်ရောက်လိမ့်မည်။
သို့ပါသော်လည်း တိမ်ဖြူကိုမစီးသည့် ယေရှုသည် အယောင်ဆောင် ခရစ်တော်ဖြစ်သည်ဟု
ယုံကြည်နေကြဆဲဖြစ်သော ထိုသူတို့သည် ထာဝရ ပြစ်ဒဏ်ပေးခြင်း ခံရမည်။
ပြင်းထန်စွာ တရားစီရင်သူ၊ စစ်မှန်သည့် အသက်တာလမ်းကို ချပေးသူကိုမဟုတ်ပဲ
နိမိတ်လက္ခဏာများကို ပြသည့် ယေရှုကိုသာ သူတို့ ယုံကြည်ကြသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ယေရှုသည် သူတို့ကို ရိုက်နှက်ဆုံးမခြင်းသာ ဖြစ်နိုင်ပေသည်၊
ကိုယ်တော်သည် တိမ်ဖြူပေါ်သို့ ပွင့်လင်းစွာ ပြန်သွားသည့်အချိန်တွင်၊
တိမ်ဖြူပေါ်တွင်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။