၃၄ ပလ္လင်တော်တစ်ဝိုက် လှည့်ပတ်ကခုန်ကြ

၁ နောက်ဆုံးသောကာလ၏ ခရစ်တော် ယခု ပေါ်ထွန်းပြီ၊ ကောင်းကင်နိုင်ငံတော် ကမ္ဘာမြေပေါ် ရောက်လာပြီ။ လူ့ဇာတိခံယူသည့် ဘုရားသခင် စာစောင်ကိုဖွင့်လျက် သမ္မာတရားကို မြွက်ဆိုသည်၊ ဤသည်မှာ လူ့ဇာတိ၌ ပေါ်လာသည့် နှုတ်ကပတ်တော်ပင်။ ဘုရားနှုတ်ကပတ်တော်အားလုံးတို့ အင်မတန် သြဇာအာဏာရှိပေ၊ သူ၏ ဘုန်းအာနုဘော်ကိုပြသလျက် လူအားလုံးကို သိမ်းပိုက်သည်။ သူ့ကို ချီးမွမ်းလော့၊ ချီးမွမ်းခြင်းအလုံးစုံ သူ့အတွက်ပေ၊ ဝမ်းမြောက်မှုဖြင့် အားလုံးကခုန်နေ။ ထို့ပြင် သူ၏ ပလ္လင်တော်တစ်ဝိုက် ကျွန်ုပ်တို့ ကခုန်ကြပေ။ ဝမ်းမြောက်မှုဖြင့် အားလုံးကခုန်နေ။ ဘုရား၏ အသံတော်ကို ကျွန်ုပ်တို့ ကြားခဲ့ပြီး သူ၏ ပလ္လင်တော်ရှေ့ ချီမခြင်းခံရပြီ၊ သိုးသငယ်၏ စားသောက်ပွဲကို တက်ရောက်ရန်ဖြစ်ပေ။ ထို့ပြင် သူ၏ နှုတ်ကပတ်တော်ကို နေ့စဉ် ကျွန်ုပ်တို့ မွေ့လျော်နိုင်ပေ၊ ဘုရား၏ မျက်မှောက်တော်တွင် နေထိုင်ခြင်းသည်ပင် ဝမ်းမြောက်ခြင်းဖြစ်ပေ။ အမှောင်မှ ကျွန်ုပ်တို့ လွတ်မြောက်ကာ လွတ်လပ်မှုကို ရရှိပြီ၊ ထို့ကြောင့် ကျွန်ုပ်တို့ ကခုန်လေလေ၊ ဝမ်းမြောက်လေလေဖြစ်ပေသည်။

၂ ဘုရားသခင်ရှေ့ ကျွန်ုပ်တို့လာသည်၊ ဘုရားသခင်ရှေ့ ကျွန်ုပ်တို့လာသည်၊ နိုင်ငံတော်၏ လေ့ကျင့်ပေးခြင်းကို လက်ခံကြသည်။ တရားစီရင်မှု၊ ဘုရားနှုတ်ကပတ်တော်၏ စစ်ဆေးခြင်းမှတစ်ဆင့်၊ ကျွန်ုပ်တို့စိတ်သဘောထားများ ပြောင်းလဲခြင်းခံရသည်။ ဘုရား၏ ကယ်တင်ခြင်းအလုံးစုံကို ကျွန်ုပ်တို့ ယခု ရရှိပြီးလျှင်၊ သူ၏ချစ်ခြင်းမေတ္တာတွင် ကျွန်ုပ်တို့ ပျော်ရွှင်မြူးထူးကြသည်၊ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ပင်။ သူ့ကို ချီးမွမ်းလော့၊ ချီးမွမ်းခြင်းအလုံးစုံ သူ့အတွက်ပေ၊ ဝမ်းမြောက်မှုဖြင့် အားလုံးကခုန်နေ။ ထို့ပြင် သူ၏ ပလ္လင်တော်တစ်ဝိုက် ကျွန်ုပ်တို့ ကခုန်ကြပေ။ ဝမ်းမြောက်မှုဖြင့် အားလုံးကခုန်နေ။ ကောင်းကင်နှင့်မြေကြီး ဝမ်းမြောက်လော့။ ဝမ်းမြောက်လော့။ လသည် ပြုံးရွှင်၊ ကြယ်တို့ ကခုန်ပြီးလျှင် သစ်ပင်တို့ထက်က ငှက်အပေါင်း မြည်တွန်လျက်သာ နေကြသည်။ မဆုံးနိုင်သော ကျေးဇူးချီးမွမ်းခြင်းနှင့်အတူ ယခု အသက်တာသစ်ကို ကျွန်ုပ်တို့နေထိုင်ကြ။ သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်အား သက်သေခံလျက်၊ ကျွန်ုပ်တို့၏ တာဝန်အားလုံးကို ကျွန်ုပ်တို့ သစ္စာရှိစွာ ဆောင်ရွက်။

၃ ဖြောင့်မတ်သောနိုင်ငံတော် ရောက်ရှိပြီ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အုပ်စိုးသည်။ ဖိနှိပ်မှု၊ ဆင်းရဲဒုက္ခများကို ကျွန်ုပ်တို့ ဖြတ်သန်းလာရပြီ၊ အဆင်းနီသောနဂါးကြီးကို ကျွန်ုပ်တို့ စိတ်နှလုံးအကြွင်းမဲ့ မုန်းတီးသည်။ ခရစ်တော်နောက် အစဉ်လိုက်လျှောက်ဖို့ ကျွန်ုပ်တို့ စွဲမြဲခိုင်မာစွာ ပြင်ဆင်ထားသည်။ တစ်လောကလုံးအား ဘုရား၏ နှုတ်ကပတ်တော်များ သိမ်းပိုက်ခဲ့ပြီ။ လူမျိုးတို့ သူ့ကို ကိုးကွယ်ကြသည်၊ သူ၏ ချီးမွမ်းခြင်းများကို ကျွန်ုပ်တို့ သီဆိုကြသည်။ သူ့ကို ချီးမွမ်းလော့၊ ချီးမွမ်းခြင်းအလုံးစုံ သူ့အတွက်ပေ၊ ဝမ်းမြောက်မှုဖြင့် အားလုံးကခုန်နေ။ ထို့ပြင် သူ၏ ပလ္လင်တော်တစ်ဝိုက် ကျွန်ုပ်တို့ ကခုန်ကြပေ။ အောင်မြင်သောသူများ အုပ်စုတစ်စုကို ဘုရားသခင် ပေါ်ပေါက်စေပြီ။ ဘုရားသခင်၏ ကြီးမြတ်သောအမှု အလျှင်းအောင်မြင်သည်။ ဘုရားသခင်၏ အလိုတော်သည် ကောင်းကင်မှာကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပြီ။ စာတန်နတ်ဆိုးကို သူ လုံးလုံးအရှက်ရစေပြီ။ ဘုရားသခင်၏ လူတို့အားလုံး သူ့ကို သက်သေခံကြသည်။ ယခု သူ၏ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် အပြည့်အဝ ဖြစ်ပေါ်လာပြီ။

အရှေ့သို့- ၃၃ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အောင်မြင်ခြင်း အတွက် ချီးမွမ်း

နောက်တစ်ခုသို့- ၃၅ ဘုရားအတွက် ထ၍ ကခုန်ပါ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

၆၀၉ ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်

၁ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက်...

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။