အိမ်တွင်းမှ ဝိညာဉ်ရေးတိုက်ပွဲတစ်ခု

03.04.2021

၂၀၁၈ သြဂုတ်လတုန်းက သူငယ်ချင်းတစ်ယောက်က ကျွန်မကိုပြောတယ်။ သခင်ယေရှုပြန်လာပြီ တဲ့၊ ဘုရားရဲ့အိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကို ပြုဖို့ သမ္မာတရားတွေကို ဖော်ပြနေပြီ တဲ့။ ကျွန်မ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ပြီးတော့ အဲဒါတွေဟာ သမ္မာတရားတွေဖြစ်ပြီး ဘုရားသခင်ရဲ့အသံပဲဆိုတာတွေ့ရတယ်။ သခင်ယေရှု ပြန်လာတာက အနန္တတန်ခိုးရှင်ဘုရားသခင်ပဲဆိုတာ ကျွန်မသိခဲ့တယ် အဲဒါကြောင့် သူ့ရဲ့နောက်ဆုံးသောကာလအမှုတော် ကိုလက်ခံပြီးတော့ အွန်လိုင်းတွေ့ဆုံပွဲတွေကို စတက်ခဲ့တယ်။ သခင့်ကိုကြိုဆိုရမှာမို့လို့ ကျွန်မ အရမ်းပျော်နေခဲ့တဲ့အချိန်မှာပဲ အိမ်မှာ မထင်မှတ်ထားတဲ့ ဝိညာဉ်ရေးတိုက်ပွဲတစ်ခု ဖြစ်လာခဲ့တယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ တစ်ရက်ကျတော့ ကျွန်မရဲ့အမျိုးသားက မက်ဆေ့ချ်ပို့လာတယ်။ “ဒီနောက်ပိုင်းမင်းဘုရားကျောင်းမသွားတာကြာပြီ ပြီးတော့ မင်း အမြဲတမ်းဖတ်နေတဲ့စာအုပ်ကဘာလဲ။ အွန်လိုင်းတွေ့ဆုံပွဲတွေမှာရော ဘာတွေပြောကြတာလဲ” တဲ့ ကျွန်မက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံတာ မကြာသေးတော့ ရှင်းအောင် ပြောပြနိုင်မယ်လို့ မထင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ အမျိုးသားက ငယ်ငယ်ကတည်းက ယုံကြည်သူဖြစ်ခဲ့ပြီး အသင်းတော်မှာ တွဲဖက်အမှုဆောင်လည်းဖြစ်တယ်ဆိုတော့ သခင်ပြန်ကြွလာခြင်းကို သူ့ကိုဝေမျှသင့်တယ်ဆိုပြီး စဉ်းစားမိလိုက်တယ်။ အဲဒါနဲ့ “ကျွန်မတို့နောက်ဆုံးသောကာလကိုရောက်နေပြီးတော့ သခင်ပြန်လာမယ်ဆိုတဲ့ဟောကိန်းက ပြည့်စုံသွားပြီ။ လူ့ဇာတိခံပြီးပြန်လာတာ သူ့နာမည်က အနန္တတန်ခိုးရှင်ဘုရားသခင်တဲ့။ လူသားမျိုးနွယ်ကိုသန့်စင်စေဖို့ နှုတ်ကပတ်တော်တွေကနေတစ်ဆင့် တရားစီရင်တဲ့အလုပ်ကိုလုပ်ဆောင်နေတယ်။ ကျွန်မဖတ်နေတဲ့စာအုပ်က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေပဲ။ အဲဒီမှာ သမ္မာကျမ်းစာရဲ့ထူးခြားဆန်းကျယ်မှုတွေအကြောင်း အများကြီးပါတယ်။ ကျွန်မ ဘုရားသခင်ရဲ့လုပ်ဆောင်မှုအသစ်တွေနဲ့ အလုပ်ရှုပ်နေပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က အဖွဲ့ဝင်တွေနဲ့တွေ့နေတာ အဲဒါကြောင့် အရင်အသင်းတော်မှာ အမှုတော်တွေမထမ်းဆောင်ဖြစ်တော့တာပေါ့။ ရှင်လည်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ ကိုယ်တိုင်သိအောင်လုပ်သင့်တယ်။” လို့ပြောခဲ့တယ်။ အသင်းတော်ဝက်ဘ်ဆိုဒ်ရဲ့ လင့်ကိုလည်းသူ့ကိုပို့ပေးခဲ့တယ်။ အံ့ဩစရာကောင်းတာက မကြာခင်မှာပဲ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို နာမည်ပျက်အောင် တရုတ်ပြည်ကွန်မြူနစ်ပါတီက အွန်လိုင်းမှာဖြန့်ထားတဲ့ အလိမ်အညာနဲ့ ကောလဟာလတွေအများကြီးကို သူကကျွန်မဆီပို့လာတယ် ကွန်မြူနစ်ပါတီက အသင်းတော်ကို အကွက်ဆင်ထားတဲ့ အတုအယောင် ကျောက်ယွမ်ကိစ္စလည်းပါတယ်။ ကျွန်မအမျိုးသားက ဖိလစ်ပိုင်လူမျိုးဆိုတော့ တရုတ်ပြည်မှာသတင်းအတုတွေဘယ်လေက်တောင်ရှိလဲသူကမသိတော့ လွယ်လွယ်ယုံမိတာပေါ့။ အဲဒါနဲ့ ကျွန်မလည်း “ကျောက်ယွမ်အမှုကို တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ တရားရုံးမှာစစ်တာ တရုတ်ပြည်ကွန်မြူနစ်ပါတီ တရားရုံးတွေအကုန်လုံးက အစိုးရရဲ့ အာဏာတည်မြဲရေးအတွက် အသုံးချတဲ့ကိရိယာတွေပဲ သူတို့ရဲ့တရားခွင်နဲ့ စီရင်ချက်တွေက ယုံကြည်စရာလုံးဝမရှိဘူး။ တရုတ်ပြည်ကွန်မြူနစ်ပါတီက နှစ်ပေါင်းများစွာ မဟုတ်မမှန် မမျှတတဲ့ အမှုတွေအများကြီးကို လုပ်ကြံဖန်တီးခဲ့တာ တစ်ကမ္ဘာလုံးအံ့အားသင့်ခဲ့ရတဲ့ တီယန်မင်ရင်ပြင်ကျောင်းသားအမှုလိုမျိုးနဲ့ တိဘက်ဆန္ဒပြမှုတွေကို နှိမ်နင်ခဲ့တာမျိုးတွေပေါ့။ အရင်ဆုံးသူတို့က အလိမ်အညာတွေကို လုပ်ဇာတ်ခင်းမယ် အချက်အလက်တွေကို လိုရာဆွဲ မမှန်မကန်ပြောပြီး မတရားဆွဲချက်တင်မယ် ပြီးရင် အကြမ်းဖက်ဖိနှပ်မယ် လို့ပြန်ပြောလိုက်တယ်။ သူတို့နဲ့သဘောထားမတူတဲ့သူတွေကို အမြဲတမ်းအဲဒီလိုနည်းလမ်းတွေနဲ့ ရှင်းလင်းခဲ့တာပဲ။ ပြီးတော့ သူတို့ကအာဏာရကတည်းက ဘာသာရေးယုံကြည်မှုတွေကို ပြင်းပြင်းထန်ထန်ဖိနှိပ်ခဲ့တဲ့ ဘာသာမဲ့ပါတီတစ်ခုပဲ။ အသင်းတော်တစ်ခုကို သူတို့ရဲ့ရှုံချမှုကို ကျွန်မတို့ကဘယ်လိုယုံကြည်ရမှာလဲ တကယ်တမ်း အနောက်တိုင်းကပညာရှင်တွေက သူတို့ရဲ့အလိမ်အညာတွေကိုဖော်ထုတ်ထားတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးပြီ” ပြီးတော့ ကျွန်မသူ့ကို အီတလီဘာသာရေးပညာရှင် ပါမောက္ခ မက်ဆီမို အင်ထရိုဗစ်ဂ်ညာရဲ့ ညီလာခံတစ်ခုမှာမိန့်ခွန်းပြောတဲ့ဗီဒီယို ပို့ပေးလိုက်တယ်။ ကျွန်မသူ့ကိုပြောတယ် “ဗီဒီယိုကြည့်ပြီးရင် ရှင်အမှန်တရားကိုနားလည်လာလိမ့်မယ်။ ကျောက်ယွမ်တရားခံက တရားရုံးမှာပြောတယ် ‘ကျွန်တော် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်နဲ့ အဆက်အသွယ်လုံးဝမရှိခဲ့ပါဘူး’ တဲ့ သူတို့က အသင်းတော်ကမဟုတ်ဘူးဆိုတာကို သူတို့ကိုယ်တိုင်ပြောတယ်။ အသင်းတော်ကလည်း သူတို့ကိုအသိအမှတ်မပြုခဲ့ဘူး ဆိုပြီး ပြောပြလိုက်တယ်။ သူတို့နဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အသင်းတော်နဲ့ ဘာပတ်သက်မှုမှမရှိခဲ့တာ အရှင်းကြီးပဲ ဒါပေမဲ့ အသင်းတော်နဲ့ပတ်သက်ပါတယ်လို့ တရားရုံးက သူတို့ကိုအတင်းပြောခိုင်းခဲ့တယ်။ သူတို့ကတမင်တကာကို အချက်အလက်ကို မဟုတ်မမှန်လိမ်ညာ အမှုဆင်ပြီး အသင်းတော်ကိုနာမည်ပျက်အောင်လုပ်ခဲ့ကြတာ။ အဲဒါကြောင့် ကျောက်ယွမ်အမှုက ခရစ်ယာန်တွေကိုဖိနှိပ်ဖို့ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ လုပ်ဇာတ်ခင်းထားတဲ့ ဆင်ခြေတစ်ခုပဲ။ အဲဒါက ဘာသာရေးယုံကြည်မှုတွေကို နှိမ်နင်းဖို့ သူတို့လုပ်နေကျနည်းလမ်းတစ်ခုပဲ” လို့။ ဒါပေမဲ့ ကျွန်မအမျိုးသားက တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့အလိမ်အညာတွေကို အရမ်းယုံပြီး ကျွန်မပြောတာကိုနားမထောင်ခဲ့ဘူး။

အဲဒါပြီးတော့ သူကကျွန်မရဲ့ယုံကြည်မှုကို ပိတ်ပင်လာတယ် ကျွန်မဘာလုပ်လဲအကုန်ကြည့်လို့ရအောင်လို့ အိမ်မှာလုံခြုံရေးကင်မရာခြောက်လုံးတတ်တယ်။ တစ်ညနေကျတော့ ကင်မရာတစ်ခုမှာ ကျွန်မတွေ့ဆုံပွဲတက်နေတာကို သူတွေ့သွားပြီးတော့ ကျွန်မဘာလို့အဲဒီတွေ့ဆုံပွဲတွေ တက်နေသေးတာလဲဆိုပြီး အခန်းထဲကိုအော်ဟစ်ပြီး ရုတ်တရက်ဝင်လာတယ်။ ကျွန်မလည်း “ငါအမေရိကန်နိုင်ငံ၊ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိတဲ့နိုင်ငံ။ တရားဥပဒေမှာကိုပြဌာန်းထားတယ်။ ကျွန်မယုံကြည်တာကိုကိုးကွယ်တာ ဘာမှမမှားဘူး။ ဘာလို့လိုက်ပိတ်ပင်နေတာလဲ။ နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ဧဝံဂေလိတရားက အနောက်နိုင်ငံအများကြီးကို ပျံ့နှံ့ပြီးပြီ။ အဲဒီအထဲမှာ အရီဇိုးနားက မစ္စတာနဲ့ မစ္စစ်ရှမစ်တို့လိုလူတွေလည်းပါတယ် တီနာနဲ့ ချာလီတို့လို နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့လုပ်ဆောင်မှုကို လက်ခံတဲ့အကြောင်း သူတို့ကိုအတွေ့အကြုံကို အင်တာဗျူးဖြေထားတဲ့သူတွေလည်းပါတယ်။ ကနေဒါ၊ ကျူးဘား၊ ဂျပန်၊ ပြင်သစ်၊ ရုရှ၊ ထိုင်းနဲ့ တခြားနိုင်ငံတွေအများကြီးက သက်သေခံချက်တွေလည်းရှိတယ်။ ကမ္ဘာတဝမ်းက သခင်ပြန်လာတာကို စောင့်မျှော်နေကြတဲ့သူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ဆီ ခစားကြပြီး သူ့ရဲ့လုပ်ဆောင်မှုကိုလက်ခံကြတယ်။ ဘုရားမဲ့ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ အလိမ်အညာတွေကို မျက်စိစုံမှိတ်ယုံမယ့်အစား သူ့ရဲ့လုပ်ဆောင်ချက်တွေက ဘာတွေပြီးမြောက်ပြီးတော့ အဲဒါကဘုရားသခင်ရဲ့အသံတော် ဟုတ် မဟုတ်ကို ဘာလို့မလေ့လာတာလဲ” လို့ပြောလိုက်တယ်။ သူကကျွန်မပြောတာကို နားမထောင်ပဲနဲ့ ကျွန်မလက်ထဲကဖုန်းကိုလာလုတယ်။ ကျွန်မလည်းသူ့ကိုကာရင်းနဲ့ သူ့လက်မောင်းကို ရိုက်မိသွားတယ်။ သူကအဲဒါကိုအကြောင်းပြပြီး ကျွန်မကိုရဲတိုင်တော့ ကျွန်မတော်တော်လန့်သွားတယ်။ သူကအေးတိအေးစက်ပြုံးပြီး ပြောတယ် “မင်းရဲ့ဘုရားသခင်ရှိတယ်မဟုတ်လား သူ့ကိုအကူအညီတောင်းလေ။ ရဲတွေရောက်လာတော့မယ်။ ဒီညမင်းကိုဘယ်သူကယ်မလဲကြည့်တာပေါ့” တဲ့။ ကျွန်မအရမ်းစိတ်တိုပြီးတော့ နည်းနည်းလည်းကြောက်မိတယ်။ တရုတ်ပြည်က ညီအစ်ကိုမောင်နှမတွေအများကြီးလိုမျိုး ရဲတွေကကျွန်မကိုခေါ်သွားမှာကိုကြောက်မိတယ်။ နောက်တော့ ကျွန်မဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက ဒါကိုသွားသတိရတယ် “လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) အရာခပ်သိမ်းဟာ ဘုရားသခင်ရဲ့လက်ထဲမှာရှိပြီးတော့ သူကအရာရာကိုပိုင်စိုးတယ်။ အဲဒီနေ့ကရဲတွေကျွန်မကို ဖမ်းမလား မဖမ်းဘူးလားဆိုတာက ဘုရားသခင်အပေါ်မှာပဲ လုံးဝမူတည်တယ်။ တကယ်လို့ဘုရားသခင်က အဲဒါကိုခွင့်ပြုတယ်ဆိုရင် အဲဒါသူ့ရဲ့အလိုတော်ဖြစ်ပြီးတော့ ကျွန်မနာခံရမယ်။ ကျွန်မဆုတောင်းပြီးတဲ့နောက်မှာ အရမ်းမတုန်လှုပ်တော့ဘူး။ ငါးမိနစ်လောက်နေတော့ ရဲတွေရောက်လာပြီးတော့ သူတို့ကအခြေအနေကိုသဘောပေါက်တာနဲ့ ကျွန်မကိုနားလည်လာကြတယ်။ လူဖြူအမျိုးသားရဲအရာရှိတစ်ယောက်က သူတရုတ်ပြည်မှာနေခဲ့ဖူးပြီးတော့ တရုတ်အစိုးရရဲ့ ဘာသာရေးယုံကြည်မှုတွေကို ဖိနှိပ်တဲ့အကြောင်းတွေကိုသိတယ်လို့ပြောတယ်။ စကားပြောပြီးတော့ ရဲအရာရှိက ကျွန်မအမျိုးသားကို သတိပေးပြီးပြောတယ် “အမေရိကန်နိုင်ငံမှာ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ်။ ခင်ဗျားအမျိုးသမီးရဲ့ယုံကြည်မှုကို ခင်ဗျားမှာပိတ်ပင်ပိုင်ခွင့်မရှိဘူး” တဲ့။ အဲဒီအခါကျတော့ သူကပြန်ပြောတယ် “သူ့ယုံကြည်တာကိုးကွယ်လို့ရတယ် ဒါပေမဲ့အိမ်မှာ အွန်လိုင်းတွေ့ဆုံပွဲတွေတော့မတက်ရဘူး” တဲ့။ ရဲအရာရှိကသူ့ထပ်သတိပေးတယ် “သူကခင်ဗျားရဲ့အမျိုးသမီးဖြစ်ပြီးတော့ အိမ်ထောင်စုဝင်တစ်ယောက်ဖြစ်တယ်။ သူအနေနဲ့အိမ်ကနေ တွေ့ဆုံပွဲတွေကိုတက်ခွင့်ရှိတယ် တရားဥပဒေရှိတယ်။ ခင်ဗျားအနေနဲ့ အိမ်ကနေသူတွေ့ဆုံပွဲတွေတက်တာကို ပိတ်ပင်ခွင့်မရှိဘူး အဲဒီလိုလုပ်တာက အမေရိကန်ဥပဒေကို ချိုးဖောက်ရာရောက်တယ်” တဲ့။ ရဲတွေပြန်သွားတော့ ဖြစ်ပျက်ခဲ့တာတွေပြန်တွေးပြီး ကျွန်မမယုံနိုင်အောင်ဖြစ်ရတယ်။ ကျွန်မတို့အတူတူရှိခဲ့တာ နှစ်တွေကြာပြီ ဒါပေမဲ့ သူကကျွန်မရဲ့အနန္တတန်ခိုးရှင်ဘုရားသခင်ကိုယုံကြည်သက်ဝင်မှုကို အကြောင်းပြပြီး ကျွန်မကိုရဲတိုင်ခဲ့တယ်။ ကျွန်မသိခဲ့တဲ့အမျိုးသားဘယ်ရောက်သွားပြီလဲ။ သူ့မှာလူသားဆန်မှုမရှိတော့ဘူး။ ကျွန်မအဲဒီလိုတွေကြုံတွေ့ခဲ့ရပေမယ့်လည်း ဘုရားသခင်ကကျွန်မဘေးမှာ တိတ်တိတ်လေးရှိနေခဲ့ပြီးတော့ ကျွန်မကိုကာကွယ်ပေးနေတာကိုသိခဲ့ရတယ်။ ကျွန်မဘုရားသခင်ကိုအရမ်းကျေးဇူးတင်မိပြီးတော့ သူ့ကိုကိုးကွယ်ယုံကြည်တဲ့ စိတ်ပိုင်းဖြတ်မှုကလည်း ပိုပြီးအားကောင်းလာခဲ့တယ်။

ကျွန်မရဲ့ယုံကြည်မှုကိုမစွန့်လွှတ်ဖို့ စိတ်ပိုင်းဖြတ်ပြီးကတည်းက ကျွန်မအမျိုးသားက ကျွန်မတို့ရဲ့ ပူးတွဲဘဏ်ကဒ်တွေ၊ ကားသော့တွေ၊ ကျွန်မတို့ရဲ့ဆိုင်သော့နဲ့ ကျွန်မပိုက်ဆံတွေအကုန်လုံးကိုယူသွားတယ်။ ကျွန်မတို့အိမ်ထောက်သက်တစ်လျှောက်လုံးမှာ ကျွန်မကပဲငွေရေးကြေးရေးနဲ့ စီးပွါးရေးတွေကို စီမံခန့်ခွဲခဲ့ရတာ ဒါပေမဲ့ အခုကျတော့ သူကကျွန်မဆီက အကုန်ယူသွားတယ်။ ကျွန်မအွန်လိုင်းတွေ့ဆုံပွဲတွေတက်လို့မရအောင်လို့ အင်တာနက်ဝန်ဆောင်မှုကိုလည်းဖျက်လိုက်ပြီးတော့ ကျွန်မဝင်မရအောင် ပင်မအိပ်ခန်းတံခါးကိုလည်းသော့ခတ်ထားတယ်။ သူကကျွန်မအပေါ်ပိုပြီးအေးတိအေးစက်ဖြစ်လာတယ်။ တစ်ခါတလေကျရင် ကျွန်မကသူ့ကို ဘယ်သွားမလို့လဲမေးရင် သူကမချေမငံနဲ့ “ငါ့ကိစ္စကိုဝင်မရှုပ်နဲ့ မင်းမှာမေးပိုင်ခွင့်မရှိဘူး အနန္တတန်ခိုးရှင်ဘုရားသခင်ကိုမင်းယုံကြည်ချင်ရင် အိမ်ကထွက်သွား။ ကိုယ့်လမ်းကိုယ်လျှောက် မင်းဆိုင်မှာအလုပ်မလုပ်နဲ့တော့။ မင်းအဲဒီနားကိုသွားတာတွေ့ရင် ငါရဲတိုင်မယ်” လို့ပြန်ပြောတယ်။ ကျွန်မတို့မိတ်ဆွေတွေကိုလည်း အွန်လိုင်းကအလိမ်အညာတွေကို တရစပ်ပြောပြီးတော့ တချို့ကအိမ်ကိုတောက်လျှောက်လာပြီးတော့ ကျွန်မရဲ့ယုံကြည်မှုကိုစွန့်လွှတ်ဖို့လာပြောကြတယ်။ ကျွန်မတို့ရဲ့အရင်ကအေးချမ်းခဲ့တဲ့ ဘဝလေးက တစ်စစီပျက်စီးသွားတယ်။ အဲဒီအချိန်က ကျွန်မတို့အတူရှိနိုင်ဖို့ ကျွန်မရဲ့လုပ်ငန်းကိုစွန့်လွှတ်ပြီးတော့ ကျွန်မအမျိုးသားနဲ့စီးပွါးရေးလုပ်ဖို့စဉ်းစားခဲ့တယ် အဲဒါကြောင့်ပဲ ဒီမြို့မှာကျွန်မတို့ဆိုင်လေးရှိလာခဲ့တယ်။ ဒါပေမဲ့ မိသားစုနဲ့ ယုံကြည်မှုကိုရွေးချယ်ရမယ့်အချိန်ကျတော့ ကျွန်မတကယ်ဘာလုပ်ရမှန်းမသိခဲ့ဘူး။ ကျွန်မအရမ်းစိတ်အားငယ်ခဲ့တယ်။ ကျွန်မနားမလည်နိုင်ခဲ့ဘူး။ ယုံကြည်သူတွေအကုန်လုံးက သခင်ပြန်လာမှာကိုမမျှော်လင့်ကြဘူးလား။ ကျွန်မဆိုရင် သခင့်ကိုကြိုဆိုပြီးတော့ ယုံကြည်သက်ဝင်မှုနဲ့ မှန်ကန်တဲ့လမ်းကိုစသွားမှာပဲ။ အဲဒါကိုဘာလို့လူတွေကနားမလည်ကြတာလဲ။ အဲဒီလိုတွေးမိပြီး ကျွန်မမထိန်းနိုင်ဘဲငိုမိတယ်။ နောက်တော့ ကျွန်မဘုရားသခင်ရဲ့နှုတ်ကပတ်တော်တချို့ကို စဉ်းစားမိတယ်။ “ယနေ့ သင်တို့ အမွေခံပြီးဖြစ်သည့်အရာသည် ခေတ်ကာလများတစ်လျှောက် တမန်တော်များနှင့် ပရောဖက်များ အမွေခံခဲ့ရသည့်အရာများထက် သာလွန်သကဲ့သို့၊ မောရှေနှင့် ပေတရုတို့ အမွေခံခဲ့ရသည့်အရာများထက်ပင် သာ၍ကြီးမားပေသည်။ ကောင်းချီးမင်္ဂလာများကို တစ်ရက် နှစ်ရက်အတွင်း မရရှိနိုင်ပေ။ ယင်းတို့ကို ကြီးမားသော စွန့်လွှတ်ခြင်းမှတစ်ဆင့် ရရှိရမည်ဖြစ်သည်။ ယင်းမှာ၊ သင်တို့သည် စစ်ဆေးခြင်း ကြုံရပြီးဖြစ်သည့် ချစ်ခြင်းမေတ္တာတစ်ခုကို ပိုင်ဆိုင်ရမည်၊ ကြီးမားသောယုံကြည်ခြင်းကို သင်တို့ ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ သင်တို့ ကြိုးပမ်းရရှိဖို့ ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားများစွာ ရှိရမည်ဟု ဆိုလိုပေသည်။ ထို့အပြင်၊ သင်တို့သည် ချိုးနှိမ်ခြင်းကိုမခံဘဲ သို့မဟုတ် တိမ်းရှောင်ခြင်း မရှိဘဲ၊ တရားမျှတမှုဘက်သို့ လှည့်ရမည် ဖြစ်ပြီး၊ ဘုရားသခင်ကို ခိုင်မြဲပြီး မလျှော့သော ချစ်ခြင်းမေတ္တာ ရှိရမည်ဖြစ်သည်။ သင့်၌ စိတ်ပိုင်းဖြတ်ချက် ရှိရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကြောင့် ကျွန်မအားတက်ခဲ့ပြီးတော့ သူလိုချင်တာက လူတွေရဲ့စစ်မှန်တဲ့ယုံကြည်မှုနဲ့ ချစ်ခင်မှုပဲဆိုတာရယ် ပြီးတော့ ဘယ်လိုအခက်အခဲတွေပဲကြုံရပါစေ ကျွန်မတို့သူနဲ့ ဘယ်တော့မှ မသွေဖည်သွားဖို့ဆိုတာကိုတွေ့ခဲ့ရတယ်။ ဘုရားသခင်ရဲ့အသံတော်ကိုကြားရပြီးတော့ နောက်ဆုံးသောကာလမှာ သခင်ပြန်လာမှာကိုကြိုဆိုရတဲ့ ကံကောင်းမှုက ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာပါပဲ။ ခရစ်တော်နောက်ကိုလိုက်လို့ နာကျင်ခံစားရတာက တန်ဖိုးနဲ့အဓိပ္ပါယ်ရှိပြီးတော့ အဲဒါဟာ မှန်ကန်တဲ့အကြောင်းတရားပဲဖြစ်တယ်။ သခင်ယေရှုနောက်ကိုလိုက်ခဲ့တဲ့ တပည့်တော်တွေအကြောင်းကိုတွေးမိတယ်။ သူတို့ဟာ ရောမတွေရဲ့ပြင်းပြင်းထန်ထန်ဖိနှိပ်တာနဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ရှုံချတာကိုခံခဲ့ရတယ် အချို့ဆိုသခင့်အတွက် ညှင်းပန်းနှိပ်စက် သတ်ဖြတ်တာတောင်ခံခဲ့ရတယ်။ သူတို့အများကြီးခံစားခဲ့ရတယ် ဒါပေမဲ့ သခင်ကသူတို့ကိုမမေ့ခဲ့ဘူး။ စစ်မှန်တဲ့ဘုရားသခင်နောက်ကိုလိုက်လို့ တားဆီးနှောင့်ယှက်ပြီး ဖိနှိပ်ခံရတာကို ကျွန်မစိတ်မညစ်သင့်ဘူး ဒါပေမဲ့ သူတော်စင်တွေရဲ့မျိုးဆက်တွေဆီကနေ သင်ယူပြီးတော့ ဘယ်လိုအခက်အခဲတွေနဲ့ပဲ ကြုံတွေ့ပါစေ အဆုံးအထိဘုရားသခင်နောက်ကိုလိုက်ရမယ်လို့ ကျွန်မသဘောပေါက်ခဲ့တယ်။

အဲဒါပြီးတော့ ကျွန်မဖတ်ခဲ့တဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တချို့ကို “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။...ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) စစ်မှန်တဲ့လမ်းကြောင်းကိုလက်ခံပြီးတော့ ဘုရားသခင်ရဲ့လုပ်ဆောင်မှုအသစ်နောက်ကို လိုက်ခဲ့ပြီးတဲ့နောက်မှာ အပြင်ပန်းမှာတော့ ကျွန်မအမျိုးသားက ကျွန်မကိုပိတ်ဆို့ပြီးတော့ ဖိနှိပ်တာပဲဖြစ်ပေမဲ့ နောက်ကွယ်မှာကျတော့ ဝိညာဉ်လောကမှာ စစ်ပွဲဖြစ်နေတာပါ။ စာတန်က ကျွန်မ စစ်မှန်တဲ့လမ်းကို စွန့်လွှတ်ပြီး စာတန်ဆီမှာ အညံ့ခံအောင် ကျွန်မကို နှောင့်ယှက်ဖို့ ကျွန်မ ယောက်ျားကို အသုံးပြုနေတာ၊ ကျွန်မကို ခြိမ်းခြောက်ဖို့အတွက် ကျွန်မ ယောက်ျားအပေါ် ချစ်ခင်မှုနဲ့ ကျွန်မ စိတ်ဝင်စားတဲ့အရာတွေကို အသုံးချနေတာပါ။ အဲဒီလိုဆိုရင် ကျွန်မဘုရားသခင်ကို သစ္စာဖောက်ရာရောက်သွားပြီလေ။ ဒါတွေက စာတန်ရဲ့လှည့်ကွက်တွေထဲကတစ်ခုပဲ။ တစ်ချိန်တည်းမှာပဲ ဘုရားသခင်ကိုဆန့်ကျင်တဲ့ ကျွန်မအမျိုးသားရဲ့မကောင်းတဲ့စိတ်ကို ကျွန်မကိုပြသဖို့အတွက် ဘုရားသခင်က ဒီအခြေအနေကိုအသုံးချခဲ့တာပါ။ သူအသင်းတော်မှာ တရားဟောတဲ့အခါ သည်းခံမှုရှိဖို့နဲ့ သခင်ပြန်လာတာကိုစောင့်ဖို့ ကျွန်မတို့ကိုပြောတယ်။ ဒါပေမဲ့ သခင်ပြန်လာမယ့်လုပ်ဆောင်မှုလည်းကျရော သူကလုံးဝမလေ့လာဘဲနဲ့ ကျွန်မကိုတောင်ရန်သူလို့ဆက်ဆံခဲ့တယ်။ သူမုန်းတာ ကျွန်မကိုမဟုတ်ဘူး။ သူ မုန်းတီးပြီး ဆန့်ကျင်နေတာက ဘုရားသခင်ပါ။ သူကအဘက်ဘက်ကနေ မယုံကြည်သူဖြစ်နေတာ။ သူ့လုပ်ရပ်တွေကိုတွေးကြည့်လိုက်ရင် ကျွန်မမခံစားရတော့ဘူး။ ဒေါသပဲအရမ်းထွက်မိတယ်။ ကျွန်မတို့ကလင်မယားတွေဖြစ်ခဲ့ပေမယ့် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်ခဲ့တယ်။ ကျွန်မသူကြိုးဆွဲရာမကနိုင်တော့ဘူးဆိုတာ သိခဲ့တယ်။ သူကကျွန်မကိုချုပ်ချယ်လေလေ ကျွန်မကဘုရားသခင်နောက်ကိုပိုလိုက်ပြီးတော့ စာတန်ကိုသက်သေပြပြီးတော့ အရှက်ကွဲစေချင်လေပဲ။ ကျွန်မအနေနဲ့ ဘုရားသခင်နောက်ကိုလိုက်ချင်ရုံတင်မကဘဲ နောက်ဆုံးသောကာလရဲ့ ဘုရားသခင်ရဲ့ဧဝံဂေလိတရားကိုလည်း သမ္မာတရားကိုချစ်တဲ့ စစ်မှန်တဲ့ယုံကြည်သူတွေနဲ့ မျှဝေချင်သေးတယ်။ အဲဒီအတွေးဟာ ဒါကိုဖြတ်ကျော်ဖို့အတွက် ကျွန်မလိုအပ်နေတဲ့ခွန်အားကိုပေးတယ်။ အချိန်ခဏလေးအတွင်းမှာပဲ အိမ်နားကစျေးမှာ ကျွန်မအလုပ်အသစ်တစ်ခုရတယ် အဲဒါနဲ့ အဲဒီမှာအလုပ်လုပ်ပြီးတော့ ဧဝံဂေလိတရားကိုမျှဝေခဲ့တယ်။ အလုပ်ကပင်ပန်းပေမယ့် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကြောင့် ကျွန်မလုံးဝသက်သောင့်သက်သာဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်မရဲ့အမျိုးသားက မပြောင်းလဲဘူး။ ကျွန်မရဲ့ယုံကြည်မှုကိုဖျက်ဆီးဖို့ ကျွန်မအလုပ်သွားရင်စီးတဲ့စက်ဘီးကို ခိုးယူသွားပြီးတော့ ကျွန်အလုပ်သွားလုပ်လို့မရအောင်တားဆီးခဲ့တယ်။ ကျွန်မအလုပ်ကို စျေးဝယ်သူတချို့ကိုလည်းလွှတ်ပြီးတော့ ကျွန်မရဲ့ယုံကြည်မှုကိုစွန့်လွှတ်ဖို့ပြောခိုင်းတယ်။ အဲဒါတင်မကသေးဘဲနဲ့ ကျွန်မက ကျွန်မရဲ့ယုံကြည်မှုအတွက် မိသားစုကိုစွန့်လွှတ်ပါတယ်ဆိုပြီးလည်း အသင်းတော်မှာ ကျွန်မအကြောင်း မဟုတ်တာတွေလျှောက်ဖြန့်သေးတယ်။ ကျွန်မရဲ့အလုပ်ရှင်ကအဲဒီအကြောင်းတွေသိတော့ ကျွန်မကိုအရင်ကလိုမဆက်ဆံတော့ဘဲနဲ့ အလုပ်ဖြုတ်လိုက်တယ်။ ဒီအချိန်မှာပဲ ဖိလစ်ပိုင်က ကျွန်မရဲ့ယောက္ခမရုတ်တရက်ဆုံးသွားလို့ ကျွန်မယောကျ်ားပြန်ရတယ်။ သူ့မှာရွေးချယ်စရာမရှိဘဲ ကျွန်မရဲ့ဖုန်းနဲ့ ဆိုင်သော့ကိုကျွန်မနဲ့ပဲထားခဲ့ရတယ်။ သူအမေရိကကိုပြန်လာတော့ ကျွန်မကိုဆက်ဆံတာနည်းနည်းပျော့ပျောင်းသွားတယ်။ ကျွန်မအွန်လိုင်းတွေ့ဆုံပွဲတွေတက်တာကို အရမ်းကြီးမဆန့်ကျင်တော့ဘူး။ သူတကယ်များပြောင်းလဲသွားပြီလားလို့ ကျွန်မထင်ခဲ့တယ်။

ဒါပေမဲ့ တစ်ရက်ကျတော့ ကျွန်မက သူ့အသင်းတော်က အစ်မတစ်ယောက်နဲ့ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလအမှုတော်ဧဝံဂေလိတရားကို မျှဝေတာကိုလည်းသိရော ကျွန်မမသိအောင် သင်းအုပ်ဆရာဆီကနေတစ်ဆင့် သူ့ကိုသွားဆက်သွယ်တယ်။ သူကအလိမ်အညာတွေမျိုးစုံသွားပြောပြီးတော့ အဲဒီ အစ်မက ယုံသွားပြီး နောက်ကျွန်မနဲ့ဘာမှမဆက်ဆံတော့ဘူး။ သူကကျွန်မကိုသတိပေးတယ် “အနန္တတန်ခိုးရှင်ဘုရားသခင်ကို မင်းမယုံကြည်ရဘူးလို့ဘယ်သူကမှမတားနိုင်ဘူး ဒါပေမဲ့ ငါ့အသင်းတော်ကလူတွေကို လာဆွယ်တာကိုတော့ ငါခွင့်မပြုနိုင်ဘူး။ မင်း အသင်းတော်ကိုလာတာကို လက်မခံတော့ဘူး ပြီးတော့ ဆိုင်ကိုလည်းမင်းဖုန်းယူမလာနဲ့တော့။ မင်းသူတို့ဆီကစာတွေဖတ်တာပဲဖြစ်ဖြစ် ဖုန်းကိုင်တာပဲဖြစ်ဖြစ်လုပ်ရင် မင်းကိုမောင်းထုတ်မယ်” တဲ့။ သူ့ရဲ့အပြုအမူက အရမ်းဆိုးရွားပြီးတော့ တော်တော်စိတ်တိုဖို့ကောင်းတယ်။ အဲဒီလပိုင်းတွေမှာ ကျွန်မသူ့ကိုအရမ်းသည်းခံခဲ့ပြီးတော့ သူ့ကို ကျွန်မနေထိုင်တဲ့ပုံစံကိုဆွဲခေါ်ဖို့ကြိုးစားခဲ့တယ်။ ဘုရားသခင်ရဲ့လုပ်ဆောင်မှုနဲ့ သူ့ရဲ့ကျွန်မအပေါ်ဆက်ဆံတဲ့ပုံစံပြောင်းလဲဖို့ အဲဒါကသူ့အပေါ်မှာသက်ရောက်မှုရှိသင့်တယ်။ ကျွန်မရဲ့အမျိုးသားက အရမ်းခေါင်းမာပြီးတော့ အငြိုးထားလိမ့်မယ်လို့ကျွန်မဘယ်တုန်းကမှမတွေးမိခဲ့ဘူး။ သူကလုံးဝမှားယွင်းတဲ့သရုပ်သကန်တစ်ခုကို လောကကိုပြသခဲ့တယ်။ ကျွန်မရဲ့ယုံကြည်မှုကိုမမျှဝေဘဲနဲ့ ကျွန်မသူများတွေကိုမျှဝေတာကိုလည်းပိတ်ပင်ခဲ့တယ် ညီအစ်ကိုမောင်နှမတွေကို အရှက်မရှိသူပိုင်သလိုလုပ်တယ်။ အဲဒါက ဘုရားသခင်ရဲ့သိုးတွေကို အရှက်မရှိ မတရား လုယုဖို့လုပ်တာပဲမဟုတ်ဘူးလား။ ဘုရားသခင်ရဲ့သိုးတွေဟာ ဘုရားသခင်ရဲ့အသံတော်ကိုကြားပြီးတော့ သူ့ရဲ့အိမ်တော်ကိုပြန်လာကြတယ်။ အဲဒါဟာမှန်ကန်ပြီးတော့ သဘာဝကျတယ်။ ပြီးတော့ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်လည်းရှိတယ် ဒါပေမဲ့ သူကတော့ သင်းအုပ်ဆရာနဲ့ပေါင်းပြီးတော့ ညီအစ်ကိုမောင်နှမတွေကို ဘယ်လိုနည်းနဲ့မဆိုနှောင့်ယှက်ဖို့လုပ်နေတယ်။ သူကလူတွေအထင်မှားပြီးတော့ နောက်ဆုံးသောကာလရဲ့ ဘုရားသခင်ရဲ့ဧဝံဂေလိတရားကို လူတွေနားမထောင်ရဲအောင်လို့အလိမ်အညာတွေလိုက်ဖြန့်တယ်။ သူကမွန်းကျပ်ပြီးတော့ အသင်းတော်ကိုဆာလောင်မွတ်သိပ်အောင်လုပ်ပြီး လူတွေကယ်တင်ခံရမယ့်အခွင့်အရေးကိုဖျက်ဆီးနေတာ။ သခင်ယေရှုက ဖာရိရှဲတွေကို ပြစ်တင်ကြိမ်းမောင်းတာကိုသွားသတိရတယ် “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃) အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အချို့ကိုကျွန်မဖတ်ပြမယ်။ “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) အကယ်၍ဒီစကားတွေနဲ့ သူ့ရဲ့လုပ်ရပ်တွေကိုသာ ကျွန်မကိုယ်တိုင်မမြင်တွေ့ခဲ့ရရင် ဒီလိုအလှူအတန်းပွဲတွေလုပ်တဲ့သူ ဘာသာရေးအရမ်းကိုင်းရှိုင်းပြီး အထင်ကြီးလေးစားရတဲ့သူက သခင်ပြန်လာမယ့်လုပ်ဆောင်မှုကို လက်မခံဘဲ ဒါမှမဟုတ် လေ့လာဖို့ကိုတောင် ငြင်းဆန်ရုံတင်မကဘဲ အသင်းတော်တစ်ခုလုံးမှာ အလိမ်အညာတွေလိုက်ဖြန့်ပြီးတော့ သူများတွေကိုလိမ်ညာပြီး သူတို့ကိုဘုရားသခင်ဆီမရောက်အောင်လုပ်မယ်လို့ ဘယ်လိုမှတွေးမိမှာမဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ် ၂၀၀၀ က သခင်ယေရှုကို ကားစင်တင်ခဲ့တဲ့ ဖာရိရှဲနဲ့ သူနဲ့ဘာများကွာခြားသေးလို့လဲ။ သူတို့ကတကယ့်အန္တီခရစ်တွေ လူတွေရဲ့ဝိညာဉ်တွေကိုဝါးမျိုတဲ့ မိစ္ဆာတွေပဲ။ ကျွန်မအမျိုးသားရဲ့အနှစ်အသာရဲ့တကယ့်အမှန်တရားဖြစ်တဲ့ ပြုပြင်မရတဲ့မကောင်းဆိုးဝါးပဲဆိုတာကို ကျွန်မမြင်လိုက်ရတယ်။ ယုံကြည်သူတွေနဲ့ မယုံကြည်သူတွေက ဘယ်လိုမှ ကိုက်ညီမှုမရှိဘူး။ ကျွန်မသူနှောင့်ယှက်တာကိုမခံနိုင်တော့ဘူး။ အဲဒါကိုသေချာစဉ်းစားပြီးတော့ ကျွန်မရဲ့ယုံကြည်မှုနဲ့ သမ္မာတရားကိုလိုက်စားဖို့ကို အချိန်ပိုပေးဖို့စိတ်ပိုင်းဖြတ်ပြီးတော့ ကျွန်မရဲ့အမျိုးသားက ဘယ်လိုပဲဆက်ဆံပါစေ အနန္တတန်ခိုးရှင်ဘုရားသခင်နောက်ကိုလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

တစ်ရက်ကျတော့ သူကကွာရှင်းပြတ်စဲရှေ့နေငှားပြီး ကွာရှင်းဖို့လုပ်တယ် ကျွန်မကိုတစ်လအတွင်းအိမ်ကနေထွက်သွားဖို့ပြောတယ်။ ကျွန်မအရမ်းအားငယ်သွားတယ်။ ဘယ်မှာသွားနေရပါ့မလဲ။ ကျွန်မအိမ်ခြေရာမဲ့ဖြစ်တော့မှာလားပေါ့။ ကျွန်မကိုညီအစ်ကိုမောင်နှမတွေနဲ့ အဆက်အသွယ်ဖျက်ဖို့ အိမ်ကအင်တာနက်လိုင်းကိုလည်း ထပ်ဖျက်လိုက်တယ်။ ကျွန်မအနေနဲ့အပြင်အမြဲသွားပြီး အများပြည်သူသုံးအင်တာနက်လိုင်းနဲ့ တွေ့ဆုံပွဲတွေတက်ရုံကလွဲလို့ ဘာမှလုပ်လို့မရတော့ဘူး။ ကျွန်မဘဝအခက်အခဲကြုံနေပြီ။ ဝင်ငွေမရှိရင် စားစရာနဲ့နေစရာလို အခြေခံလိုအပ်ချက်တွေက ပြဿနာဖြစ်လာမယ်။ ကျွန်မဒီလိုတစ်ခါမှမကျပ်တည်းဖူးဘူး ဘယ်လိုဖြတ်သန်းရမှန်းလည်းမသိဘူး။ ကျွန်မအရမ်းလမ်းပျောက်ပြီး နာကျင်ခံစားခဲ့ရတယ်။ အစ်မတစ်ယောက်ကအဲဒါကိုသိတော့ ကျွန်မကိုဘုရားသခင်ရဲ့စာပိုဒ်တစ်ပိုဒ်ပို့ပေးတယ်။ “စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။...သင်၏ အတွေ့အကြုံထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် မည်သည့်စစ်ဆေးခြင်းကိုမဆို သင်ကြုံရပါစေ၊ လူသားမျိုးနွယ်အား ဘုရားသခင်တောင်းဆိုသည့်အရာမှာ အချုပ်အားဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ချစ်ခြင်းပင် ဖြစ်သည်။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ပြင်းပြသော ဆန္ဒများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) အဲဒါကိုဖတ်ပြီးတော့ ကျွန်မအမျိုးသားက ကျွန်မနဲ့ကွာရှင်းဖို့ခြိမ်းခြောက်တာက ဘုရားသခင်ခွင့်ပြုထားလို့ပဲဆိုတာကို သဘောပေါက်လိုက်တယ်။ ယောဘ အစမ်းသပ်ခံတဲ့အချိန်တုန်းက ဓားပြတွေကသူ့မှာရှိသမျှကိုယူသွားခဲ့ပြီးတော့ သူ့ကလေးတွေလည်းအသက်ဆုံးရှုံးခဲ့ရတယ်။ သူ့တစ်ကိုယ်လုံးမှာအနာစိမ်းတွေပေါက်ခဲ့ပြီးတော့ ပြာပုံထဲမှာထိုင်နေခဲ့ရတယ်။ သူ့အမျိုးသမီးက သူ့ကို ငြင်းပယ်ပြီး သူ့ရဲ့ယုံကြည်မှုကိုစွန့်လွှတ်ပြီးတော့ သေလိုက်ဖို့ပြောခဲ့တယ်။ သူ့မိတ်ဆွေတွေက သူ့ကိုဝေဖန်ကဲ့ရဲ့ကြတယ်။ အဲဒီလိုအစမ်းသပ်ခံရပြီးတော့ နာကျင်ခံစားနေရတာတောင် ယောဘကဘုရားသခင်ကိုချီးကျူးသေးတယ် “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နူတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏။” (ယောဘ ဝတ္ထု ၁:၂၁) တကယ့်သက်ဝင်ယုံကြည်မှုပဲ။ ဘာတွေပဲဖြစ်ပါစေ ဘုရားသခင်ေနောက်ကိုပဲဆက်လိုက်မယ်ဆိုတဲ့ ခိုင်မှာတဲ့သန္နိဋ္ဌာန်တစ်ခုကို ဘုရားသခင်ရှေ့မှောက်မှာ တစ်ခါက ကျွန်မချမှတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်မ အသက်ရှင်သန်ရေးကို ထိခိုက်လာတဲ့ ကျွန်မအမျိုးသားရဲ့ခြိမ်းခြောက်မှုတွေနဲ့ကြုံတွေ့လာရတဲ့အခါ ကျွန်မ အပျက်သဘောနဲ့နာကျင်မှုတွေနဲ့ပဲ ပိတ်မိနေခဲ့တယ်။ ကျွန်မမှာ ဘုရားသခင်အပေါ် စစ်မှန်တဲ့ယုံကြည်မှုရှိမနေခဲ့တာကိုကျွန်မတွေ့လိုက်ရတယ်။ ကျွန်မဘုရားသခင်ကိုသစ္စာဖောက်ပြီးတော့ ကျောခိုင်းစွန့်ခွာဖို့အတွက် ကျွန်မ အမျိုးသားက ကွာရှင်းဖို့ကိစ္စနဲ့ ခြိမ်းခြောက်ခဲ့တယ်။ စာတန့်အကြံအစည်ရဲ့သားကောင်အဖြစ် ကျွန်မကျဆုံးလို့မဖြစ်ဘူး။ ဘယ်လိုစမ်းသပ်မှုတွေကိုပဲ ကျွန်မကြုံတွေ့ရပါစေ ကျွန်မအနေနဲ့ ဘုရားသခင်နောက်ကိုလိုက်ရမယ် သက်သေပြပြီးတော့ စာတန့်ကိုအရှက်ရအောင်လုပ်ရမယ်ဆိုတာကိုကျွန်မသိခဲ့တယ်။

နောက်သုံးရက် လေးရက်မှာ ကျွန်မအလုပ်ရသွားပြီးတော့ တွေ့ဆုံပွဲတွေကိုတက်ဖို့ အင်တာနက်ကဒ်တွေဝယ်နိုင်ပြီးတော့ ကျွန်မရဲ့အမှုတော်ကိုထမ်းဆောင်နိုင်ခဲ့တယ်။ ကျွန်မရင်ထဲမှာတည်ငြိမ်ခိုင်မာမှုကို ခံစားလိုက်ရတယ်။ နောက်ကျတော့ ကျွန်မတည်တည်ငြိမ်ငြိမ်နဲ့ ကွာရှင်းစာချုပ်ကိုလက်မှတ်ထိုးခဲ့ပြီးတော့ ကျွန်မအမျိုးသားရဲ့ချုပ်ချယ်မှုတွေကနေ အပြည့်အဝလွတ်မြောက်ခဲ့တယ်။ ကျွန်မယုံကြည်သက်ဝင်တာကို လွတ်လွတ်လပ်လပ်ကိုးကွယ်လို့ရပြီ။ ကျွန်မရဲ့အမှုတော်ကိုဆက်ထမ်းဆောင်ခဲ့ပြီးတော့ ဧဝံဂေလိတရားကိုဆက်လက်မျှဝေခဲ့တယ် ပြီးတော့ အရင်ကထက်တောင်ငွေရေးကြေးရေးပိုကြပ်တည်းခဲ့ပေမဲ့လည်း ကျွန်မရဲ့အမှုတော်ကို အပူအပင်ကင်းကင်းနဲ့ ထမ်းဆောင်နိုင်ခဲ့တယ်။ ကျွန်မအနေနဲ့ ပျော်ရွှင်အေးချမ်းခဲ့ပြီးတော့ ဘုရားသခင်နောက်ကိုလိုက်ပြီး မှန်ကန်တဲ့လမ်းကြောင်းကိုရွေးချယ်တာက အဓိပ္ပါယ်အရှိဆုံးနေထိုင်နည်းပဲလို့ ခံစားခဲ့ရတယ်။ အိမ်မှာပဲဒီဝိညာဉ်တိုက်ပွဲကနေတစ်ဆင့် ကျွန်မကိုသက်သေပြခွင့်ပေးခဲ့တဲ့ ဘုရားသခင်ကိုကျေးဇူးတင်မိပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ မိုက်မဲသော သတို့သမီးတစ်ဦး ဖြစ်လာလုနီးပါး ဖြစ်ခဲ့ပုံ

လီဖန်း၊ တရုတ်နိုင်ငံ၂၀၀၂ ခုနှစ်၏ ဆောင်းဦးရာသီတွင်၊ ကျွန်မ၏ ဂိုဏ်းခွဲတစ်ခုဖြစ်သော သမ္မာတရား အသင်းတော်မှ အစ်မ ကျောက်က ကျွန်မကို သခင့်၏...

မိသားစု၏ အကျဉ်းသား ကျွန်ုပ်

ကျင့်ရွှင် ထိုင်းနိုင်ငံ ၂၀၁၉မှာ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေဖတ်ရင်း အနန္တတန်ခိုးရှင်...

ကောလာဟလ ထောင်ချောက်မှ ချိုးဖျက်လွတ်မြောက်ခြင်း

ရှောင်ယွန်၊ တရုတ်နိုင်ငံကျွန်မ အမျိုးသမီး စစ်တပ်အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ၁၉၉၉ခုနှစ် တစ်ရက်တွင်၊ ကိုရီယား သင်းအုပ်ဆရာတစ်ဦးက သခင်ယေရှု၏...

စာတန်၏ တင်းကျပ်သော ဝန်းရံမှုမှ ထိုးဖောက်ထွက်ခြင်း

ဇောက်ဂန်း၊ တရုတ်ပြည်ဤပြီးခဲ့သည့် နိုဝင်ဘာလတွင် တရုတ်ပြည်မြောက်ပိုင်း၌ ခါးသီးစွာ အေးချမ်းလေသည်၊ မြေပေါ်သို့ကျသည့် မည်သည့်နှင်းမျှ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။