ကြိုးစားအားထုတ်ခြင်းက ကောင်းကင်နိုင်ငံသို့ ဝင်ခွင့် ရနိုင်သလား

10.03.2022

ရှီလာ ကင်ညာနိုင်ငံ

ကျွန်မက ဘာသာရေးကိုင်းရှိုင်းတဲ့ ကက်သလစ်ဘာသာဝင် မိသားစုမှာ မွေးတာပါ။ ကျွန်မတို့ဆရာတော်က အမြဲပြောတတ်တယ်။ ဘုရားရဲ့ပညတ်တော်တွေကို လိုက်နာသင့်တယ်။ ဝတ်ပြုပွဲ တက်သင့်တယ်။ အချင်းချင်း ချစ်ခင်ပြီး ကောင်းမှုတွေ လုပ်သင့်တယ်ပေါ့။ ဒါတွေလုပ်တဲ့ လူတွေကသာ စစ်မှန်ကိုင်းရှိုင်းတဲ့ ယုံကြည်သူတွေပဲ၊ သခင် ကြွလာတဲ့အချိန်မှာလည်း သူတို့တွေကို ကောင်းကင်နိုင်ငံဆီ ခေါ်ဆောင်လိမ့်မယ်ဆိုပြီး ဆရာတော်က ပြောတတ်တယ်။ ကျွန်မလည်း မကြာမကြာ ကိုယ့်ကိုယ်ကိုယ် ပြောမိတယ်၊ “ဘုရားသခင် ပြောတဲ့အတိုင်း ငါ အမြဲတမ်း လုပ်ရမယ်။ ကောင်းတဲ့အလုပ်တွေမှာ တက်တက်ကြွကြွ ပါဝင်ရမယ်။ အသင်းတော်စည်းကမ်းတွေကို အလေးထားရမယ်။ ဒါမှ သခင်က ချစ်ခင်ပြီး ငါ့ကို အလေးထားလိမ့်မယ်။ အဲဒီအတိုင်း နေသွားရင် နောက်ဆုံး သခင် ပြန်ကြွလာတဲ့အခါ၊ ငါ့ကို ကောင်းချီးပေးပြီး သူ့နိုင်ငံတော်ဆီ ခေါ်ဆောင်မှာပဲ” ပေါ့။

ကောလိပ် တက်တော့လည်း အသင်းတော်မှာ လုပ်အားပေးအလုပ်တွေ လုပ်ဖို့ အချိန်ပိုရအောင်ဆိုပြီး ကျောင်းစာတွေကို ခဏရပ်ထားသေးတာ။ တခြားဘုရားကျောင်းတက်တဲ့လူတွေက အသင်းတော်ကို ရောက်ပြီဆို၊ ဆုတောင်းလိုက် ဝတ်ပြုပွဲ တက်လိုက်နဲ့ သိပ်ပြီး ဘာသာရေးကိုင်းရှိုင်းသလို ထင်ရတယ်။ ဒါပေမဲ့ အပြင်ရောက်ရင်တော့ ဆေးလိပ်သောက်၊ အရက်သောက်နဲ့ ပါတီတွေ ပေးကြရော။ ကျွန်မလည်း ရွံသလိုဖြစ်မိတယ်။ စဉ်းလည်း စဉ်းစားတယ်၊ “သခင်က သူ့ကို ချစ်ခင်ဖို့၊ လိုအပ်နေသူတွေကို ကူညီဖို့၊ လူ့လောကရဲ့ သွေးဆောင်မှုတွေအားလုံးကို သတိနဲ့ ရှောင်ကြဉ်ဖို့ ငါတို့ကို ဆုံးမတယ်။ ဒီလူတွေက သခင့်ကို လှိုက်လှိုက်လှဲလှဲ ယုံကြည်တယ်လို့ ထင်ရပေမဲ့၊ တကယ်တမ်းကျတော့ သူတို့က သခင့်အတွက် ဘာတစ်ခုမှ လုပ်ကြတာမဟုတ်ဘူး။ လောကီအပျော်အပါးတွေကိုပဲ လိုချင်တပ်မက်ပြီး ရှာဖွေကြတာ။ အဲဒါက သခင့်အဆုံးအမတွေကို ဆန့်ကျင်တာ မဟုတ်ဘူးလား ငါကတော့ သူတို့လို မဖြစ်စေရဘူး။ သခင့်အတွက် ကောင်းတဲ့အလုပ်တွေ ပိုလုပ်မယ်။ ဒါမှ အချိန်တန်ရင် ငါက ကောင်းကင်နိုင်ငံတော်ကို ဝင်နိုင်မှာ” ပေါ့။

ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကျွန်မလည်း ဘုရားသခင်ရဲ့ ပညတ်တွေကို ကိုယ့်နေ့စဉ်ဘဝမှာ မစောင့်ထိန်းနိုင်မှန်း တွေ့လာတယ်။ ကျွန်မက အခက်အခဲတွေနဲ့ အမှန်တကယ် ရုန်းကန်နေရချိန်မှာ ပျော်ရွှင်လွတ်လပ်နေကြတဲ့ အပျော်ရှာကြတဲ့ အဲဒီအသင်းသားတွေကို မြင်မိတဲ့အခါတိုင်း၊ ဘုရားသခင်ကို အပြစ်မတင်မိအောင် ကျွန်မကိုယ်ကျွန်မ ထိန်းလို့မရဘူး။ တခြားလူတွေကို ကိုယ့်လိုသဘောထားပြီး ချစ်ခင်ဖို့ သခင်က ဆုံးမတယ်လေ။ ဒါပေမဲ့ ကျွန်မက လူတွေကို အမြဲတမ်း မနာလိုဖြစ်ပြီး အထင်သေးနေမိတယ်။ ကျွန်မမိသားစုကလည်း ကျွန်မ အမှားလုပ်တာတွေကို ဆူတတ်တယ်။ ဒါပေမဲ့ ကျွန်မက ဆင်ခြေတွေပေးပြီး သူတို့ကို စိတ်ဆိုးမိတော့တာပဲ။ နှိမ့်ချတတ်ဖို့ ခွင့်လွှတ်တတ်ဖို့ အရေးကြီးတယ်လို့ သခင်က ကျွန်မတို့ကို ဆုံးမတယ်။ ဒါပေမဲ့ ကျွန်မက ဒါတွေကို တစ်ခုမှ မလိုက်နာမိခဲ့ဘူး။ တော်တော်ကြီး အပြစ်ရှိသလို ကျွန်မ ခံစားခဲ့ရတယ်။ ငါက နာမည်ခံ ယုံကြည်သူသက်သက်ပဲဆိုပြီး ကြောက်မိတာ။ ကျွန်မလည်း စပြီး ဆင်ခြင်ကြည့်တယ်၊ “ငါက ငါ့အပြစ်တွေကို ဘာလို့ မကျော်လွှားနိုင်ရတာလဲ။ ငါ အပြစ်လုပ်မိတိုင်း ဆရာတော်ဆီမှာ အပြစ်ကို ဝန်ခံတယ်၊ အဲဒီအတွက် ကျေအောင် ကောင်းတဲ့အလုပ်တွေ လုပ်တယ်ဆိုပေမဲ့၊ ငါက အဲဒီအပြစ်ကိုပဲ ထပ်ပြီး လုပ်မိလျက်သား ဖြစ်နေတယ်။ ငါ့လိုယုံကြည်ခြင်းမျိုးကို ဘုရားသခင်က ဘယ်လိုလုပ် ကောင်းချီးပေးနိုင်မှာလဲ” ပေါ့။ ဒါပေမဲ့ ကျွန်မတို့ဆရာတော် အမြဲတမ်း ပြောတတ်တာလေးကို ကျွန်မ စဉ်းစားမိပြန်ရော။ ကျွန်မတို့က အပြစ်လုပ်ပြီးတဲ့နောက်မှာ သူ့ဆီ ဝန်ခံမယ်ဆိုရင်၊ ကျွန်မတို့က ခွင့်လွှတ်ခံရမယ်။ ပြီးတော့ သခင့်အတွက် အလုပ်လုပ်ပြီး ကောင်းမှုတွေကို မပြတ်တမ်း လုပ်နေသရွေ့၊ သခင်က ကျွန်မတို့ကို သနားကရုဏာထားပြီး ကောင်းချီးပေးလိမ့်မယ်။ သူ့နိုင်ငံတော်ဆီ ဝင်ခွင့်ပြုလိမ့်မယ်တဲ့။ သမ္မာကျမ်းမှာ ရေးထားတယ်လေ၊ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဖို့ သိုထားလျက်ရှိ၏။” (တိမောသေသြဝါဒစာ ဒုတိယစောင် ၄:၇-၈) ဒါကို ဖတ်ရင်းနဲ့ ကျွန်မ စိတ်သက်သာရာရသွားတယ်။ ကျွန်မအနေနဲ့ ဝတ်ပြုပွဲ တက်တာ၊ အပြစ်ဝန်ခံတာ၊ သခင့်အတွက် ဆက်ပြီး အလုပ်လုပ်တာတွေ ရှိနေသရွေ့၊ ဘုရားသခင်ရဲ့နိုင်ငံတော်ဆီ ဝင်နိုင်မှာပဲလို့ တွေးမိသွားတယ်။ အဲဒါနဲ့ ကျွန်မလည်း ကောင်းတဲ့အလုပ်တွေ လုပ်ရင်း အချိန်ကုန်တော့တာပဲ။ မကျန်းမာတဲ့သူတွေ၊ ထောင်ကျနေသူတွေကို သွားကြည့်ပေးတယ်။ မိဘမဲ့ကလေးဂေဟာတစ်ခုမှာ လုပ်အားပေးတယ်။

၂၀၁၇ ထဲရောက်တော့ တစ်ရက်မှာ ကျွန်မက ဖေ့စ်ဘွတ်မှာ ခါတိုင်းလိုပဲ သတင်းတွေ လျှောက်ကြည့်တယ်ပေါ့။ အဲဒီမှာ ဘတ်တီဆိုတဲ့ အစ်မတစ်ယောက် တင်ထားတဲ့ စာပိုဒ်တစ်ခုကို သွားတွေ့တယ်။ “များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့် ညီညွတ်ရန် ၎င်းတို့ မည်သည့်အရာ လုပ်ရမည်ဆိုကြောင်းတို့ကို အနည်းငယ်ကသာ သိနားလည်ကြသည်။...‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိသည်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အရိုးရှင်းဆုံး အယူအဆ ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းနှင့် မတူပေ။ ယင်းထက်၊ ထိုအရာသည် ခိုင်မာသည့် ဘာသာရေး အငွေ့အသက်ပါရှိသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်- ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်သည်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ ‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဟု ခေါ်ဆိုနိုင်ပေသည်။ သို့သော် လူများက ဘုရားသခင်ကို ယုံကြည်မှုသည် ရိုးရှင်းပြီး ပေါ့ပေါ့ပြက်ပြက် ကိစ္စတစ်ခုကဲ့သို့ ယေဘုယျအားဖြင့် မြင်တတ်ကြသည်။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်သောလူများသည် ဘုရားသခင်အား ယုံကြည်ဖို့ဆိုသည်မှာ အဘယ်အရာဆိုလိုသည်ကို မျက်ခြည်ပြတ်သွားခဲ့ကြကာ၊ ၎င်းတို့သည် တကယ့်အဆုံးအထိ ဆက်လက် ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း၊ ဘုရားသခင်၏ လက်ခံခြင်းကို မည်သည့်အခါတွင်မျှ ရရှိမည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မှားယွင်းသောလမ်းကြောင်းပေါ် နင်းလျှောက်ကြသောကြောင့် ဖြစ်သည်။ ယနေ့တွင် ကျမ်းဟောင်းတရားများ နှင့် အနှစ်မဲ့သည့် အယူဝါဒများအတိုင်း ဘုရားသခင်ကို ယုံကြည်သူများ ရှိနေသေးပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်မှု၏ အနှစ်သာရ ကင်းမဲ့သည်ကို ၎င်းတို့ မသိကြသကဲ့သို့၊ ဘုရားသခင်၏ လက်ခံခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။ ၎င်းတို့သည် ဘေးကင်းလုံခြုံခြင်း ကောင်းချီးမင်္ဂလာများနှင့် လုံလောက်သော ကျေးဇူးတော်ကို ဘုရားသခင်ထံ တောင်းလျှောက်ကြဆဲ ဖြစ်သည်။ ငါတို့ ရပ်တန့်ကြစို့၊ ငါတို့၏ စိတ်နှလုံးများကို ငြိမ်သက်စေပြီး မိမိတို့ကိုယ်ကိုယ် မေးကြစို့- ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကမ္ဘာပေါ်တွင် အမှန်တကယ် အလွယ်ကူဆုံးသောအရာ ဖြစ်နိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ များစွာသော ကျေးဇူးတော် ရရှိခြင်းထက် ဘာမျှမပိုဟု ဆိုလိုသလော။ ဘုရားသခင်ကို မသိဘဲလျက် ဘုရားသခင်ကို ယုံကြည်သူ၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ဆန့်ကျင်သူတို့သည် ဘုရားသခင်၏အလိုကို အမှန်တကယ် ဖြည့်ဆည်းနိုင်သလော။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား) ဒီစကားတွေက မယုံနိုင်အောင်ကို ဆန်းသစ်တယ်လို့ ခံစားရတယ်။ ကြားလိုက်ရတာနဲ့ ချက်ချင်း စိတ်ထဲစွဲသွားတာ။ အထူးသဖြင့် ဒီစာပိုဒ်အဆုံးမှာ ထုတ်ထားတဲ့ မေးခွန်းတွေကို အရင်တုန်းက ကျွန်မ တစ်ခါမှ မစဉ်းစားကြည့်ခဲ့ဖူးဘူး။ ကျွန်မ တွေးလိုက်မိတာက၊ “ဒါက သိပ်ကောင်းနေပါလား။ ဒါတွေအားလုံးက ဘယ်သူ့စကားတွေလဲ။ စာပိုဒ်တိုလေးတစ်ခုနဲ့တင် ဘုရားကို ယုံကြည်ခြင်းအဓိပ္ပာယ်ကိုရော၊ ကိုယ့်ယုံကြည်ခြင်းကနေ ဘာကိုရဖို့ ရည်မှန်းမလဲဆိုတာကိုရော ထုတ်ဖော်ပြတယ်” ပေါ့။ ကျွန်မလည်း ဒီစကားတွေကို စဉ်းစားကြည့်ပြီးတော့၊ ကျွန်မဘဝမှာ ကိုယ့်ယုံကြည်ခြင်းကို ပထမဆုံးအကြိမ် လေးလေးနက်နက် ဆင်ခြင်မိတယ်။ ကျွန်မ ယုံကြည်လာခဲ့တဲ့ နှစ်တွေကို ပြန်စဉ်းစားကြည့်တယ်။ အသင်းတော်ရဲ့လှုပ်ရှားမှုတွေ၊ အခမ်းအနားတွေ အများကြီးမှာ ကျွန်မ ပါခဲ့တယ်။ အသင်းတော်ရဲ့အလုပ်မှာ တက်ကြွခဲ့တယ်။ ကိုယ့်အသိုက်အဝန်းထဲမှာ ကောင်းမှုတွေ လုပ်ခဲ့တယ်။ နည်းနည်းလောက် ဆင်းရဲဒုက္ခခံပြီး၊ အဖိုးအခ တန်သလောက် ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒါတွေကို ကျွန်မ လုပ်ခဲ့တယ်ဆိုတာ၊ ကျွန်မမိသားစုနဲ့ ကျွန်မ ကောင်းချီးတွေရနိုင်ဖို့၊ ဘုရားသခင်ရဲ့ ကွယ်ကာမှုကို ကျွန်မတို့ရနိုင်ဖို့၊ ပြီးတော့ အထူးသဖြင့် ဘုရားရဲ့နိုင်ငံတော်ဆီ ဝင်ရောက်နိုင်အောင်လို့ပဲ။ ကျွန်မအနေနဲ့ အဲဒီလိုအလုပ်တွေ လုပ်တာ မှန်ကန်တယ်၊ ဘုရားသခင်က ကျွန်မရဲ့ယုံကြည်ခြင်းကို ဝမ်းမြောက်လိမ့်မယ်၊ သူ့ကတိတော်တွေနဲ့ ကောင်းချီးတွေကို ကျွန်မ ရလိမ့်မယ်လို့ပဲ အမြဲတမ်း ထင်ခဲ့မိတာလေ။ ဒါပေမဲ့ ခုန စကားတွေကို ဖတ်ရင်း၊ ကိုယ့်ယုံကြည်ခြင်းအတွက် ပိုပြီးလေးနက်တဲ့ အဓိပ္ပာယ်တစ်ခုကို ခပ်ရေးရေး သတိထားမိလာတယ်။ ကျွန်မက ကောင်းမှုတွေလုပ်ပြီး ကြိုးစားအားထုတ်တယ်ဆိုတာ အပြန်အလှန်အနေနဲ့ နိုင်ငံတော်ရဲ့ ကောင်းချီးတွေကို ရဖို့သက်သက်ပဲ။ အဲဒါက ဘုရားသခင်ကို စစ်မှန်တဲ့ချစ်ခြင်း မဟုတ်ဘူး။ အဲဒီလိုယုံကြည်ခြင်းမျိုးကို ဘုရားသခင်က ချီးကျူးနိုင်ပါ့မလား။ ဒါပေမဲ့ အသင်းတော်ရဲ့အလုပ်တွေ အမြဲတမ်းလုပ်ရင်း၊ သခင့်ကို နှစ်ပေါင်းနှစ်ဆယ်ကျော် ယုံကြည်လာခဲ့တာတွေကို ကျွန်မ စဉ်းစားကြည့်တယ်။ ကျွန်မ ဆင်းရဲဒုက္ခခံတာတွေ၊ ပေးဆပ်ခဲ့တာတွေက အလဟဿဖြစ်ခဲ့တာများလား။ ခုန စကားတွေကို လေးလေးနက်နက် စဉ်းစားလေလေ၊ အဲဒီအစ်မဘတ်တီရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဘာတွေရှိဦးမလဲဆိုတာကို ပိုပြီးကြည့်ချင်လာလေလေပဲ။ ကျွန်မခေါင်းထဲမှာ ဒါတွေအားလုံး ရှင်းလင်းသွားအောင်ပေါ့။ ကျွန်မက ဆက်သွယ်လိုက်တော့၊ ကျွန်မတို့တွေ အွန်လိုင်းတွေ့ဆုံပွဲတစ်ခု လုပ်ကြတယ်။ တော်တော်ကို အသိဉာဏ်ပွင့်ခဲ့ရတာပါ။

အဲဒီစကားတွေကို ဖတ်မိချိန်မှာ ကျွန်မ ဘယ်လိုခံစားမိခဲ့တယ်ဆိုတာ သူ့ကို ပြောပြတယ်၊ “ဘတ်တီ၊ အွန်လိုင်းမှာ အစ်မ တင်တာတွေက သိပ်ကောင်းတာပဲ။ ကျွန်မက ကောင်းချီးတွေရဖို့ သခင့်ကို ယုံကြည်တာပဲဆိုတာရော အဲဒါက သခင့်ကို အမှန်တကယ် ချစ်ခင်တာမဟုတ်ဘူးဆိုတာပါ ကျွန်မ မြင်သွားတယ်။ ဒါပေမဲ့ ကျွန်မ နားမလည်တာတစ်ခု ရှိနေတယ်။ သမ္မာကျမ်းမှာ ပြောတယ်လေ၊ ‘ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဖို့ သိုထားလျက်ရှိ၏။’ (တိမောသေသြဝါဒစာ ဒုတိယစောင် ၄:၇-၈) ကျွန်မတို့က ကောင်းတဲ့အလုပ်တွေ၊ ကောင်းမှုတွေ လုပ်နေသရွေ့၊ သခင်က ကျွန်မတို့ကို ကောင်းချီးပေးလိမ့်မယ်၊ ကိုယ်တော့်နိုင်ငံတော်ထဲ ဝင်နိုင်လိမ့်မယ်လို့ ကျွန်မတို့ဆရာတော်က အမြဲပြောပါတယ်။ ယုံကြည်လာတဲ့ နှစ်တွေတစ်လျှောက်လုံး ကျွန်မ လုပ်ခဲ့တာလည်း ဒါတွေပါပဲ။ သခင်က အဲဒါကို မေ့ထားတော့မှာလား။ ကျွန်မက သူ့နိုင်ငံတော်ကို တကယ်ပဲ မဝင်နိုင်တော့ဘူးလား” ပေါ့။

အဲဒီမှာ အစ်မဘတ်တီက ဒီသဘောကို ပြောပြတယ်၊ “အမြဲတမ်း ကြိုးစားအားထုတ်ပြီး ပေးဆပ်တာတွေ၊ သခင့်အတွက် ကောင်းမှုတွေ လုပ်တာတွေက သခင့်ကို အများကြီး ဝမ်းမြောက်စေမှာပါ။ ကိုယ်တော် ပြန်ကြွတဲ့အခါလည်း ကျွန်မတို့ကို သူ့နိုင်ငံတော်ဆီ ချီဆောင်မှာပါ။ အမှန်တော့ ဒါက ရှင်ပေါလု ပြောခဲ့တာ။ သခင်ယေရှုက အဲဒါမျိုး လုံးဝ မပြောခဲ့ဘူး။ သန့်ရှင်းသောဝိညာဉ်တော်ကလည်း မမိန့်ဆိုခဲ့ဘူး။ ဒီစကားတွေက ရှင်ပေါလုရဲ့ ကိုယ်ပိုင်အမြင်တွေကိုပဲ ကိုယ်စားပြုတာပါ။ သခင် ရည်ရွယ်ခဲ့တာတွေ မဟုတ်ပါဘူး။ လူသားရဲ့စကားတွေက သမ္မာတရား မဟုတ်ဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကသာ သမ္မာတရားပဲ။ ဘုရားရဲ့နိုင်ငံတော်ကို ဝင်ရောက်တဲ့ကိစ္စနဲ့ပတ်သက်ရင်၊ ဘုရားနှုတ်ကပတ်တော်တွေကိုပဲ အလေးထားရမယ်။ ကျွန်မတို့က လူသားရဲ့စကားတွေအတိုင်း ကျင့်သုံးမယ်ဆိုရင်၊ သခင့်လမ်းခရီးကနေ သွေဖည်သွားနိုင်တယ် ဒါဆို ဘယ်လိုလူက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တာလဲ။ သခင်ယေရှုက တော်တော်ရှင်းရှင်းလင်းလင်း မိန့်ဆိုပြတာပါ၊ ‘သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁) နိုင်ငံတော်ကို ဘယ်သူ ဝင်ရောက်မလဲလို့ ဆုံးဖြတ်တဲ့အခါ၊ ဘုရားသခင်က ကျွန်မတို့ ဘယ်လောက်ပေးဆပ်တယ်ဆိုတာကို မကြည့်ဘူးလို့ ဒါက ပြနေတယ်။ အဲဒီအစား သူ့အလိုတော်ကို ကျွန်မတို့က ဆောင်ရဲ့လား၊ မဆောင်ဘူးလားဆိုတာပဲ ကိုယ်တော်က ကြည့်တာပါ။ ဆိုလိုတာက နိုင်ငံတော်ကို ဝင်ရောက်ဖို့အတွက်၊ လူတွေက သူတို့ရဲ့ အပြစ်ရှိတဲ့သဘာဝကို ဖယ်ရှားပြီး သန့်စင်စေခြင်းခံရမယ့်အပြင်၊ ဘုရားရဲ့နှုတ်ကပတ်တော်တွေအတိုင်း လုပ်ဆောင်ရမယ်။ ဘုရားကို အမှန်တကယ် နာခံပြီး၊ ချစ်ခင် ကိုးကွယ်ချီးမွမ်းရမယ်။ ကျွန်မတို့က ကြိုးစားအားထုတ်ပြီး ပေးဆပ်တာတွေ အများကြီး လုပ်ပေမဲ့၊ ဘုရားရဲ့နှုတ်ကပတ်တော်တွေကို မလိုက်နာနိုင်ဘူး၊ မကြာမကြာလည်း အပြစ်လုပ်ပြီး ဘုရားကို ခုခံတယ်ဆိုရင်၊ ကျွန်မတို့က မကောင်းမှုပြုသူတွေပဲပေါ့။ အဲဒီလိုလူမျိုးက နိုင်ငံတော်ကို မဝင်ရောက်နိုင်ပါဘူး သခင့်ကို ခုခံခဲ့ကြတဲ့ ဂျူးလူမျိုး ဖာရိရှဲတွေအားလုံးက ဘုရားသခင်ကို ဗိမာန်တော်မှာ တစ်ချိန်လုံး အစေခံလာခဲ့ကြတာပဲ။ ပြီးတော့ နေရာအနှံ့မှာ သာသနာတောင် ပြုခဲ့ကြတာ။ သူတို့တွေက ကြီးကြီးမားမား ဆင်းရဲဒုက္ခခံပြီး အဖိုးအခကြီးကြီး ပေးခဲ့ကြတာ။ အပြင်ပန်းမှာတော့ သူတို့က ဘုရားကို ရိုသေကိုင်းရှိုင်းသလို ထင်ရပေမဲ့၊ သူတို့ အလေးထားတာက ဘာသာရေး အခမ်းအနားတွေ ကျင်းပဖို့ပဲ။ သူတို့က လူ့ထုံးတမ်းအစဉ်အလာတွေနဲ့ သြဝါဒတွေကို ဟောပြောကြတယ်။ ဘုရားသခင်ရဲ့ ပညတ်ဥပဒေတွေကို စွန့်ပစ်ကြတယ်။ သူတို့အစေခံတာက ဘုရားရဲ့အလိုကို လုံးလုံး ဆန့်ကျင်သွားတယ်။ ဘုရားရဲ့လမ်းစဉ်ကနေ သွေဖည်သွားကြတာ။ သခင်ယေရှု အမှုတော်ပြုဖို့ ရောက်လာတဲ့အချိန်မှာ၊ ဖာရိရှဲတွေက သူတို့ရဲ့ဂုဏ်အဆင့်အတန်းတွေကို ကာကွယ်ဖို့ ကြိုးစားရင်း၊ ကိုယ်တော့်ကို အတိအလင်း အံတုကြပြန်တယ်။ သူတို့က ကိုယ်တော့်ကို သွေးရူးသွေးတန်း ရှုတ်ချပြီး လုပ်ကြံပြောကြတယ်။ ကိုယ်တော့်ကို လူတွေ လက်မခံအောင် ကြိုးစားကြတယ်။ နောက်ဆုံး သခင်ယေရှုကို ကားစင်တင်ဖို့အတွက် ရောမအစိုးရနဲ့တောင် ပူးပေါင်းလိုက်တော့၊ ဘုရားရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိတယ်၊ ဘုရားရဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံကြရတယ် လူတွေက ကြိုးစားအားထုတ်ပြီး ပေးဆပ်တာတွေ လုပ်တယ်ဆိုပေမဲ့၊ သူတို့က ဘုရားရဲ့အလိုကို ဆောင်တာပဲဆိုတဲ့ သေချာပေါက် သဘောမျိုးမဟုတ်ဘူးဆိုတာ ဒါက သက်သေပါပဲ။ လူတွေက အပြစ်ကနေ သန့်စင်ခြင်း မဖြစ်သေးဘူးဆိုရင်၊ သူတို့ကိုယ်သူတို့ ဘုရားအတွက် အသုံးခံတယ်ဆိုရင်တောင်၊ အပြစ်လုပ်ပြီး ဘုရားကို ခုခံမိကြဦးမှာပဲ။ ပြီးတော့ ကျွန်မတို့တွေပေါ့။ ကျွန်မတို့က ဘုရားကျောင်းအတူတက်သူတွေကို ကူညီတယ်၊ ကြင်နာစိတ် ရှိတယ်၊ ကြိုးစားအားထုတ်တယ်လို့ ထင်ရပေမဲ့၊ ကျွန်မတို့ရည်ရွယ်ချက်က ကောင်းချီးပေးခံရဖို့နဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲ ဝင်ရဖို့ပဲလေ။ ဘုရားသခင်က ကျွန်မတို့ကို ကောင်းချီးပေးတဲ့အခါတိုင်း၊ ကျွန်မတို့က သူ့ကို ကျေးဇူးတင်ပြီး ချီးမွမ်းကြတယ်။ ကျွန်မတို့တွေ မကျန်းမာတာမျိုး၊ မကောင်းတာတစ်ခုခု ဖြစ်တဲ့အခါမျိုးဆို၊ ကျွန်မတို့က ကိုယ်တော့်ကို အပြစ်တင်ပြီး အထင်မှားကြတယ်။ ကိုယ်တော့်ကို သစ္စာတောင် ဖောက်တတ်ကြတယ်။ များသောအားဖြင့် ကျွန်မတို့က ဘုရားအတွက် ဘယ်လောက် ဆင်းရဲဒုက္ခခံပြီး အလုပ်လုပ်တယ်ဆိုတာကို ကြွားလုံးထုတ်ရင်းနဲ့၊ ကိုယ် ပေးဆပ်တာတွေ၊ ကောင်းတဲ့အလုပ်တွေအပေါ်မှာ အမြတ်ထုတ်ဖို့ ကြိုးစားကြတာပါ။ ဒါမှ တခြားသူတွေက ကျွန်မတို့ကို အထင်ကြီးကိုးကွယ်လာမယ်။ ဂုဏ်၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းဆိုတာတွေလည်း ရကြမယ်လေ။ ကိုယ် မနှစ်သက်တဲ့ လူတွေ၊ အကြောင်းကိစ္စတွေနဲ့ ကြုံပြီဆိုရင် ကျွန်မတို့က ဒေါသဖြစ်ပြန်ရော။ ဘုရားနှုတ်ကပတ်တော်တွေကိုလည်း မလိုက်နာနိုင်တော့ဘူး၊ စတာတွေပေါ့။ ဒါက ဘာကိုပြလဲဆိုရင်၊ ကျွန်မတို့ လုပ်နေတာတွေအားလုံးက ဘုရားသခင်ကို ချစ်လို့၊ ဘုရားသခင် ကျေနပ်စေဖို့ဆိုပြီး လုပ်နေတာတွေ မဟုတ်ဘူး။ တကယ်တော့ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ပါပဲ။ ကျွန်မတို့က ကိုယ့်ရည်မှန်းချက်တွေ ပြည့်ဝအောင်၊ ဘုရားကို အသုံးချပြီး လိမ်ညာနေကြတာပါ။ အဲဒီလိုဆို ကျွန်မတို့က ကောင်းကင်ဘုံက ခမည်းတော်ရဲ့အလိုကို ဆောင်တဲ့လူတွေ ဖြစ်နိုင်ပါ့မလား။ သမ္မာကျမ်းမှာ ပြောတယ်လေ၊ ‘အကြောင်းမူကား၊ ငါသည်သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့(ပေတရုသြဝါဒစာပဌမစောင် ၁:၁၆) ဘုရားသခင်က သန့်ရှင်းတယ်ဆိုတာ ကျွန်မတို့သိကြတယ်။ ဒါဆို ကျွန်မတို့လို ညစ်ညမ်းတဲ့လူတွေကို ဘုရားက ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်ပေးနိုင်ပါ့မလား။ ကျွန်မတို့ရဲ့ လွဲမှားတဲ့သဘာဝကို စွန့်ပစ်ပြီး ဘုရားကို နောက်ထပ် ခုခံခြင်းမရှိတော့တဲ့အခါကျမှသာ၊ ဘုရားက ကျွန်မတို့ကို နှစ်သက်လက်ခံပြီး၊ သူ့နိုင်ငံတော်ဆီ ဝင်ရောက်နိုင်ကြမှာပါ” တဲ့။

အဲဒီအစ်မ ပြောတာကို နားထောင်ရင်း ကျွန်မ စဉ်းစားမိတယ်၊ “ကောင်းတဲ့အလုပ်တွေ လုပ်ရင်းနဲ့ နိုင်ငံတော်ဆီ ဝင်ရောက်နိုင်တယ်လို့ ငါက ထင်ခဲ့ဖူးတာ။ ဒါပေမဲ့ အခုတော့ ငါက ကိုယ့်ယုံကြည်ခြင်းကို ဘုရားအလိုတော်နဲ့ ဆန့်ကျင်ပြီး လုပ်ဆောင်မိနေတာမျိုး ဖြစ်နေပြီ။ လူတွေက သန့်ရှင်းလာမှပဲ နိုင်ငံတော်ဆီ ဝင်နိုင်ကြမှာ။ ဒါပေမဲ့ ခက်တာက သန့်ရှင်းလာအောင် ဘယ်လိုလုပ်မလဲဆိုတာ ငါလည်း မသိဘူး” ပေါ့။ ကျွန်မလည်း အစ်မဘတ်တီကို ကိုယ်တွေးမိတာတွေ ပြောပြပြီး ရင်ဖွင့်လိုက်တယ်။

သူကလည်း အဖြေပေးတဲ့သဘောနဲ့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက ဆိုင်ရာကျမ်းပိုဒ်တွေကို ဖတ်ပြတယ်။ “ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍)ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား) ပြီးတော့ အစ်မဘတ်တီက မိတ်သဟာယပြုပေးပါတယ်၊ “ကျေးဇူးတော်ခေတ်အတွင်းမှာ သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကိုပဲ လုပ်ခဲ့တာပါ။ ကျွန်မတို့က ကိုယ်တော့်ကယ်တင်ခြင်းကို လက်ခံပြီးရင်၊ ကိုယ်တော့်ဆီမှာ ဝန်ခံနောင်တရဖို့ပဲ လိုတယ်။ ကျွန်မတို့အပြစ်တွေက ခွင့်လွှတ်ခံရလိမ့်မယ်။ အဲဒီနောက်မှာ ကျွန်မတို့ကို ကိုယ်တော် ပေးအပ်တဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ခံစားနိုင်ကြတယ်။ သခင်ယေရှုက ကျွန်မတို့အပြစ်တွေကို ခွင့်လွှတ်တယ်ဆိုတာ မှန်ပေမဲ့၊ ကျွန်မတို့ရဲ့ လွဲမှားတဲ့သဘာဝနဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို မဖြေရှင်းပေးပါဘူး။ စာတန်က ကျွန်မတို့ကို အကျင့်ပျက်အောင် လုပ်ပြီးတဲ့နောက်မှာ၊ ကျွန်မတို့က ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေဖြစ်တဲ့ မာနထောင်လွှားတာ၊ လိမ်ညာလှည့်ဖြားတာ၊ ယုတ်မာကြမ်းကြုတ်တာမျိုးတွေနဲ့ လွှမ်းမိုးခံလာရတယ်။ အဲဒီတော့ အပြစ်မလုပ်မိအောင်၊ ဘုရားကို မခုခံမိအောင် မနေတတ်ကြတော့ဘူး။ တကယ်တော့ ကျွန်မတို့အပြစ်ရဲ့အရင်းခံက ကျွန်မတို့ရဲ့ မကောင်းတဲ့သဘာဝပါပဲ။ အဲဒါကို မဖယ်ရှားဘူးဆိုရင်၊ ဘုရားကို ခုခံမိနေတာကို ဘယ်တော့မှ ရပ်လို့ရကြမှာ မဟုတ်ဘူး။ နိုင်ငံတော်ထဲ ဝင်ရောက်ဖို့လည်း ဘယ်တော့မှ အရည်အချင်းပြည့်ကြမှာ မဟုတ်ဘူး အဲဒါကြောင့် နောက်ဆုံးသောကာလမှာ ကိုယ်တော် ပြန်လာပြီး၊ ဘုရားရဲ့အိမ်တော်ကနေ စတင်တဲ့ တရားစီရင်ခြင်းအမှုကို ပြုဖို့၊ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို လုံးဝ သန့်စင်ပြောင်းလဲပစ်ဖို့အတွက်၊ သမ္မာတရားကို ဖော်ပြမယ်ဆိုပြီး သခင်က ပြောခဲ့တာပါ။ အဲဒီတော့မှ ကျွန်မတို့က နောက်ဆုံးမှာ အပြစ်နဲ့ လွတ်ကင်းနိုင်ပြီးတော့၊ ဘုရားရဲ့ ကယ်တင်ရယူခြင်းကို အပြည့်အဝ ခံရနိုင်မှာပါ အဲဒါက သခင် ပရောဖက်ပြုခဲ့တဲ့အတိုင်းပါပဲ၊ ‘ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန် ၁၂:၄၈)သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့သခင်ရဲ့ တရားစီရင်ခြင်းအမှုကို လက်ခံခြင်းအားဖြင့်သာ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုတွေအားလုံး သန့်စင်ခံရနိုင်မှာပါ။ အဲဒီတော့မှပဲ ကျွန်မတို့က ဘုရားရဲ့ကတိတော်တွေကို ရဖို့၊ သူ့နိုင်ငံတော်ထဲ ဝင်ရောက်ဖို့၊ သင့်တော်လာကြမှာပါ” တဲ့။

အစ်မဘတ်တီရဲ့ မိတ်သဟာယက ကျွန်မကို တကယ် မျက်စိဖွင့်ပေးလိုက်တာပါ။ ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်လုံးမှာ ကျွန်မက အပြစ်လုပ်တယ်၊ ဆရာတော်ဆီ အပြစ်ဝန်ခံတယ်၊ ပြီးရင် ကောင်းမှုတွေလုပ်ဖို့ အားထုတ်တယ်။ ဒါပေမဲ့ အပြစ်တွေ မလုပ်မိအောင် ကိုယ့်ကိုယ်ကိုယ် တားလို့မရနိုင်ခဲ့ဘူး။ အခုကျမှ ကျွန်မ သိသွားတယ်။ သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကိုပဲ လုပ်ခဲ့တာလေ။ ကိုယ်တော့်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်မတို့အပြစ်တွေပဲ ခွင့်လွှတ်ခံရတာ။ ကျွန်မတို့ရဲ့ လွဲမှားတဲ့သဘာဝက အထဲမှာ ဆက်ရှိနေတယ်။ အဲဒါကြောင့် ကျွန်မက အပြစ်လုပ်မယ် အပြစ်ဝန်ခံမယ်ဆိုတဲ့ ရက်စက်တဲ့ သံသရာထဲမှာ နေခဲ့ရတာ။ ဖောက်ပြန်ပျက်စီးမှုကနေ သန့်စင်ခံရဖို့ တစ်ခုတည်းသောလမ်းဆိုတာ နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့သခင်ရဲ့ တရားစီရင်ခြင်းအမှုကို လက်ခံဖို့ပဲ။ အဲဒီလိုလက်ခံခြင်းအားဖြင့်သာ ကျွန်မတို့က ဘုရားသခင်ကို အမှန်တကယ် ချစ်ခင်နာခံတတ်သွားတယ်၊ ဘုရားသခင်ရဲ့နိုင်ငံတော်ဆီ ဝင်ရောက်နိုင်ကြတယ်။ အဲဒီလိုအတွေးနဲ့ ကျွန်မ တော်တော် ပျော်သွားတာ။ အပြစ်နဲ့ လွတ်ကင်းဖို့၊ နိုင်ငံတော်ဆီ ဝင်ရောက်ဖို့ မျှော်လင့်ချက် ရှိသွားပြီပေါ့။

အစ်မဘတ်တီက နောက်နေ့မှာတင် ဗီဒီယိုတစ်ခု ဖွင့်ပြပြန်ရော၊ ခေါင်းစဉ်က- ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည် တဲ့။ အဲဒါကလည်း မယုံနိုင်လောက်အောင် လှိုက်လှိုက်လှဲလှဲ ခံစားရတယ်။ အဲဒီစကားတွေက သိပ်ပြီး သြဇာအာဏာပါတယ်လို့ ထင်မိတယ်။ နောက်တော့ သူက ကျွန်မကို စိတ်လှုပ်ရှားတဲ့လေသံနဲ့ ပြောလာရော၊ “အစ်မတို့အားလုံး တောင့်တလာခဲ့ကြတဲ့ သခင်က ပြန်ကြွလာပြီ၊ သူက လူ့ဇာတိခံယူတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားတွေအများကြီးကို ဖော်ပြတယ်။ ဘုရားရဲ့အိမ်တော်ကနေ စတင်တဲ့ တရားစီရင်ခြင်းအမှုကို ပြုတယ်။ မနေ့က အစ်မတို့ ဖတ်ခဲ့တာတွေ၊ ဒီနေ့ နားထောင်တဲ့ ရွတ်ဆိုပြထားတာတွေ အားလုံးကို အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တိုင် မိန့်ဆိုခဲ့တာပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကြွလာပါပြီ။ ကိုယ်တော်က တံဆိပ်ခုနစ်ချက်ကို ဖွင့်ပြီး၊ စာစောင်ငယ်ကို ဖြေလိုက်ပါပြီ။ အစ်မတို့ လုံးဝ နားမလည်ကြသေးတဲ့ နက်နဲမှုတွေအားလုံးကို ကိုယ်တော်က ထုတ်ဖော်ပြလိုက်ပြီ။ အပြည့်အဝ သန့်စင်၊ ကယ်တင်ခံရဖို့အတွက် အစ်မတို့လိုအပ်တဲ့ သမ္မာတရားအားလုံးကိုလည်း ပေးအပ်လိုက်ပြီ။ ဒါက ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်ကို ပြည့်စုံစေတာပဲ၊ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။(ဗျာဒိတ်ကျမ်း ၃:၆) အစ်မတို့ ဒီနေ့ ဘုရားသခင်ရဲ့အသံတော်ကို ကြားနိုင်တယ်ဆိုတာ ဘုရားသခင်ရဲ့ လမ်းညွှန်မှုကြောင့်ပါပဲ။ အစ်မတို့အားလုံး ကောင်းချီးတွေ ပြည့်နေကြပြီ” တဲ့။

သခင်က တကယ်ကို ပြန်ကြွလာပြီဆိုတဲ့ သတင်းကို ကြားလိုက်တော့ ကျွန်မ အပျော်တွေပြည့်ပြီး၊ စိတ်လှုပ်ရှားသွားတာပေါ့။ ကျွန်မ နားထောင်လိုက်ရတဲ့ ရွတ်ဖတ်ပြတာတွေ၊ အရင်နေ့က ဖတ်ရတဲ့ စကားတွေ အားလုံးက တကယ်ကို ဘုရားနှုတ်ကပတ်တော်တွေ ဖြစ်နေတာကိုး။ အဲဒါတွေမှာ သြဇာအာဏာ ပါနေတယ်ဆိုတာ မအံ့သြတော့ဘူး။ သခင် ဘယ်လိုပြန်ကြွလာတယ်ဆိုတာနဲ့ပတ်သက်တဲ့ နက်နဲမှုကို အတိအကျ ထုတ်ဖော်ပြနိုင်တာ တခြားဘယ်သူရှိဦးမှာလဲ။ ဒီလိုလုပ်နိုင်တာဆိုလို့ ဘုရားသခင်ကလွဲရင် ဘယ်သူမှ မရှိပါဘူး။ ဒီစကားတွေကို ဘုရားသခင် မိန့်ဆိုတာပဲ၊ သခင်က တကယ်ကို ပြန်ကြွလာပြီဆိုပြီး ကျွန်မ လုံးဝ လက်ခံသွားတယ်။ ကျွန်မ တော်တော်ကို စိတ်လှုပ်ရှားသွားတာ။ သခင် ပြန်လာတာကို ကျွန်မ ကြိုဆိုနိုင်လိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။ ကျွန်မ သိပ်ကံကောင်းတယ်လို့ ထင်မိတယ်။ ဒါပေမဲ့ ကျွန်မမှာ မေးခွန်းတစ်ခု ရှိနေသေးတယ်၊ “ဘုရားသခင်က လူသားကို သန့်စင်ပြီး အပြည့်အဝ ကယ်တင်ဖို့အတွက် တရားစီရင်ခြင်းအမှုကို ဘယ်လိုလုပ်ဆောင်တာလဲ” ပေါ့။

အစ်မဘတ်တီက ကျွန်မ မေးတာကို ဖြေတဲ့အနေနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဟောဒီကျမ်းပိုဒ်ကို ဖတ်ပြတယ်။ “နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏) ဒါကို ဖတ်ပြီးတော့ အစ်မဘတ်တီက ပြောပြတယ်၊ “နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားတွေကို တရားစီရင်၊ သန့်စင်ပေးဖို့အတွက် နှုတ်ကပတ်တော်တွေနဲ့ လုပ်ဆောင်ပါတယ်။ ကိုယ်တော်က လူသားရဲ့ပုန်ကန်မှုနဲ့ ကောက်ကျစ်ယုတ်မာမှုကို တရားစီရင်တယ်။ အစ်မတို့ရဲ့ ဘုရားကိုခုခံတတ်တဲ့ သဘာဝနဲ့ အကျင့်ပျက် စိတ်သဘောထားတွေကို ထုတ်ဖော်ပြတယ်။ အစ်မတို့ရဲ့ ကောင်းချီးတွေလိုချင်နေတဲ့ ဆန္ဒ၊ ပြီးတော့ မသန့်စင်တဲ့ ယုံကြည်ခြင်းနဲ့ မှားယွင်းတဲ့အမြင်တွေ၊ ဘုရားသခင်နဲ့ပတ်သက်တဲ့ အယူအဆတွေအမျိုးမျိုးကို တရားစီရင်ပြီး ဖော်ထုတ်ပြတယ်။ ရိုးသားမှုရှိအောင် ဘယ်လိုနေထိုင်မလဲဆိုတာအပြင်၊ သူ့အလိုတော်နဲ့အညီ ဘယ်လိုအစေခံမလဲ၊ သူ့ကို ဘယ်လို အမှန်တကယ် နာခံမလဲ၊ သူ့ကို ဘယ်လို အမှန်တကယ် ချစ်မြတ်နိုးမလဲ၊ သူ့အလိုကို ဘယ်လိုဆောင်မလဲ စသဖြင့် ကိုယ်တော်က ပြသပေးတယ်။ ဘုရားရဲ့ ပြစ်တင်ဆုံးမမှုနဲ့ တရားစီရင်မှုကို တွေ့ကြုံလိုက်ရတော့မှ၊ တို့တွေက စာတန်ကြောင့် ဘယ်လောက်တောင် အကျင့်ပျက်နေပါလား၊ တို့တွေ လိမ်ညာတာ၊ မာနထောင်လွှားတာ၊ ယုတ်မာတာတွေ အားလုံးက တို့တွေရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကနေ လာတာပဲဆိုတာကို အစ်မတို့ မြင်ကြတယ်။ ဒီလိုနဲ့ ဘယ်လို ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံတဲ့ ဘုရားရဲ့ သန့်ရှင်း၊ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို အစ်မတို့ မြင်နိုင်ကြတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးလာကြတယ်၊ နောင်တရလာပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်လာကြတယ်။ အဲဒီနောက်မှာ အစ်မတို့ရဲ့ အသက်စိတ်သဘောထားတွေက စပြီး ပြောင်းလဲတယ်။ ဒီဖြစ်စဉ်တစ်ခုလုံးကို ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုကြောင့် ရရှိတာပါ” တဲ့။ နောက်တော့ အစ်မဘတ်တီက သူ့ကိုယ်ပိုင် အတွေ့အကြုံတွေကို ပြောပြတယ်။ ဟိုအရင် သူ့ယုံကြည်ခြင်းမှာ၊ သူ ထင်ခဲ့တာက၊ သူ့ကိုယ်သူ စိတ်ထက်ထက်သန်သန်နဲ့ အသုံးခံတဲ့အတွက် သူက သခင့်ကို ချစ်မြတ်နိုးတယ်ပေါ့။ ဒီတော့ သူက ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ရဖို့၊ သခင့်ဆီမှာ မကြာမကြာ ဆုတောင်းတတ်တယ်။ သူက သခင့်အတွက် ဆင်းရဲဒုက္ခခံထားတာကြောင့်၊ ကိုယ်တော်က သူ့ကို နိုင်ငံတော်ဆီ ဝင်ရောက်ခွင့်နဲ့ သေချာပေါက် ဆုချလိမ့်မယ်ဆိုပြီး သူက မလျှော့တမ်း ယုံကြည်ခဲ့တာ။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီး၊ နှုတ်ကပတ်တော်တွေနဲ့ တရားစီရင်ခံလိုက်ရတော့မှ၊ ယုံကြည်ခြင်းအပေါ် သူ့အမြင်တွေက မှားယွင်းပြီး မသန့်စင်ဘူးဆိုတာ သူ မြင်သွားတယ်။ အဲဒီတော့မှ နားလည်သွားတယ်။ သူက ဘုရားကို ချစ်ခင်တာကြောင့်၊ ဒါမှမဟုတ် ဖန်ဆင်းခံတစ်ယောက်ရဲ့တာဝန်ကို လုပ်ဆောင်ချင်တာကြောင့် ယုံကြည်တာ မဟုတ်ဘူး။ အပြန်အလှန်အနေနဲ့ ကောင်းချီးတွေလိုချင်တဲ့ သူ့ကိုယ်ပိုင်ဆန္ဒ ပြည့်ဝဖို့နဲ့၊ နိုင်ငံတော်ရဲ့ကောင်းချီးတွေကို ရဖို့အတွက်သက်သက်ပဲ။ ဒါက ဘုရားသခင်ကို အသုံးချနေတာ၊ ကိုယ်တော့်ကို အပေးအယူ လုပ်နေတာပဲ။ သူ့ကိုယ်သူ တစ်ကိုယ်ကောင်းဆန်တယ်၊ နည်းနည်းမှ လူ့သဘာဝ မရှိဘူးလို့ တွေးမိသွားတယ်။ အဲဒါကို သူ လုံးလုံး နောင်တရပြီး၊ သူ့ကိုယ်သူ မုန်းတီးမိတယ်ပေါ့။ သူလည်း ဘုရားသခင် သတ်မှတ်တဲ့အတိုင်း သမ္မာတရားကို စပြီး အားထုတ်တယ်။ အချိန်ကြာလာတော့ ယုံကြည်ခြင်းအပေါ် လွဲမှားတဲ့ သူ့အမြင်တွေက မှန်ကန်သွားတယ်။ လှည့်ဖြားတတ်တဲ့ ဆိုးယုတ်တဲ့ သူ့စိတ်သဘောထားကလည်း စပြီး ပြောင်းလဲသွားတယ်။ ဖောက်ပြန်ပျက်စီးမှုကနေ အမှန်တကယ် သန့်စင်ခံရဖို့နဲ့ သူ့ကိုယ်သူ သိဖို့အတွက် တစ်ခုတည်းသောလမ်းက ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှု နှစ်ခုလုံးကို လက်ခံဖို့ပဲဆိုတာ သူ မြင်သွားတယ်ပေါ့။

နောက်ဆုံးသောကာလမှာ သမ္မာတရားကို ဖော်ပြပြီး၊ တရားစီရင်ခြင်းအမှုကို ပြုတယ်ဆိုတာ၊ ဘုရားသခင်အနေနဲ့ ဘယ်လောက် လက်တွေ့ကျတယ်ဆိုတာကိုရော၊ လူတွေကို အမှန်တကယ် ပြောင်းလဲ၊ သန့်စင်ပေးနိုင်တယ်ဆိုတာကိုရော၊ အစ်မဘတ်တီရဲ့ မိတ်သဟာယကနေ ကျွန်မ မြင်သွားတယ်။ ဘုရားသခင်အနေနဲ့ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှု ပြုဖို့ဆိုတာ ကျွန်မတို့အတွက် ဘယ်လောက်တောင် လိုအပ်တယ်၊ အခုဆို ကျွန်မတို့မှာ ဖောက်ပြန်ပျက်စီးမှုကနေ လွတ်မြောက်လာဖို့ လမ်းလည်း ရှိနေပြီဆိုတာကိုပါ မြင်သွားတယ်။ ကျွန်မလည်း ပျော်မဆုံးဖြစ်သွားတာပေါ့။ နောက်ပိုင်း တွေ့ဆုံပွဲတွေမှာ၊ အစ်မဘတ်တီ ပြောပြတာတွေက ဘုရားသခင် လူ့ဇာတိခံယူခြင်းရဲ့ နက်နဲမှုအကြောင်း၊ စာတန်က လူသားကို အကျင့်ပျက်စေဖို့ ဘယ်လိုနည်းလမ်း ရှာသလဲ၊ လူသားကို တစ်ဆင့်ချင်း ကယ်တင်တဲ့ ဘုရားရဲ့လုပ်ငန်းစဉ်အကြောင်း၊ သမ္မာကျမ်းရဲ့အဖြစ်မှန်၊ ဘယ်လိုအဆုံးသတ်တွေက လူသားကို စောင့်ကြိုနေတယ် စသဖြင့် အများကြီးပဲ။ ဘုရားသခင်ကို ယုံကြည်လာတဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်မှာ ကျွန်မ လုံးဝ မကြားဖူးခဲ့တဲ့ သမ္မာတရားတွေကို သူက ပြောပြခဲ့တာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရင်း၊ အဲဒါတွေက ဘုရားရဲ့အသံပဲဆိုတာ ကျွန်မ ပိုပိုပြီး ခံစားမိလာတယ်။ လူ့ဇာတိခံတဲ့ ဘုရားသခင်ကသာ အဲဒီလို ပြင်းပြင်းထန်ထန် သြဇာအာဏာပါတဲ့၊ အားကောင်းတဲ့ စကားလုံးတွေကို ဖော်ပြနိုင်တာပါ။ စာတန်ကြောင့် ဖြစ်ရတဲ့ လူသားရဲ့အကျင့်ပျက်မှု အဖြစ်မှန်ကို ဘုရားကလွဲလို့ ဘယ်သူက ဖော်ထုတ်နိုင်မှာလဲ။ ကျွန်မတို့ယုံကြည်ခြင်းထဲက အမှားတွေကို တခြားဘယ်သူကများ ပြပေးနိုင်မှာလဲ၊ ကျွန်မတို့ယုံကြည်မှုမှာ လမ်းကြောင်းမှန်ကို ဘယ်သူကများ ထုတ်ဖော်ပြနိုင်မှာလဲ။ ဘုရားရဲ့ နှစ်ခြောက်ထောင်အစီအစဉ်ရဲ့ နက်နဲမှုတွေကို ဘယ်သူက ထုတ်ဖော်ပြနိုင်မှာလဲ၊ ဘယ်လို အဆုံးသတ်တွေနဲ့ ပန်းတိုင်တွေက ကျွန်မတို့ကို စောင့်ကြိုနေမှန်း ဘယ်သူက ပြောပြနိုင်မှာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတာ အမှန်တကယ် ပြန်ကြွလာတဲ့ သခင်ပဲ၊ သူဟာ နောက်ဆုံးသောကာလရဲ့ခရစ်တော် အစစ်အမှန်ပဲ ဆိုတာကို ကျွန်မ တော်တော် ယုံကြည်မိသွားတယ်။ နောက်တော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ ပျော်ပျော်ကြီး လက်ခံခဲ့တာပါ။ ကျွန်မကို ရွေးချယ်ပြီး ကယ်တင်ပေးတဲ့အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သခင့်ကို ကြိုဆိုခြင်းနှင့်ဆိုင်သည့် ကျွန်မ၏ ဇာတ်ကြောင်း

စူးရန် တရုတ်နိုင်ငံ ကျွန်မငယ်ငယ်တုန်းက ခြေထောက်တွေမှာ ပြင်းထန်တဲ့ နာကျင်မှုကြောင့် လမ်းမလျှောက်နိုင်ခဲ့လို့ အမေက ကျွန်မကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။