ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဖြင့်သာ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မတို့ ဝင်ရောက်နိုင်သည် (အပိုင်း တစ်)

04.09.2019

ဆင်းလျှိုး၊ အမေရိကန်ပြည်ထောင်စု

အယ်ဒီတော့မှတ်စု- လူများစွာက သခင့်အတွက် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ကြိုးပမ်းခြင်းနှင့် အလုပ်လုပ်ခြင်းမျှဖြင့် ဖခမည်းတော်၏ အလိုတော်ကို ကျွန်တော်တို့ လုပ်ဆောင်နေသည်ဟု ယုံကြည်ကြသည်၊ သို့သော် သခင်ယေရှုက- “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) ဟု ဆိုထားပါသည်။ သခင်ယေရှုက သူ၏ အမည်နာမ၌ လုပ်ဆောင်ဟောပြောသောသူများကို အဓမ္မအမှုကိုပြုသောသူများဟု အဘယ်ကြောင့် ဆိုခဲ့ပါသနည်း။ သခင့်အတွက် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ကြိုးပမ်းခြင်းနှင့် အလုပ်လုပ်ခြင်းသည် ဖခမည်းတော်၏ အလိုတော်ကို လုပ်ဆောင်နေခြင်း မဟုတ်သလော။ ခမည်းတော်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဟူသည် မည်သည့်အရာကို ဆိုလိုခြင်းသက်သက်နည်း။ ညီအစ်မဆင်းလျှိုး၏ အတွေ့အကြုံက ကျွန်တော်တို့ကို အဖြေတစ်ခု ပေးပါသည်။ ပိုမိုလေ့လာရန် ဆက်လက်ဖတ်ရှုပါ...

၂၀၁၂ ခုနှစ်တွင် ကျွန်မအမျိုးသားနှင့် ကျွန်မသည် အမေရိကန် ပြည်ထောင်စုသို့ အလုပ်ရှာရန် လာခဲ့ကြသည်။ ကောင်းသောတိုက်ဆိုင်မှုတစ်ခုအဖြစ် ကျွန်မသည် အသင်းတော်တစ်ခုကို တရားဒေသနာ နားထောင်ရန် သွားခဲ့သည်။ သခင်ယေရှုက ကျွန်မတို့၏ အပြစ်များမှ ရွေးနုတ်ဖို့ရန် ကားစင်တင်ခံခဲ့ရသည်ဟု သင်းအုပ်ဆရာက ဟောသည်ကို ကြားရသည့်အခါ ကျွန်မတုန်လှုပ်ခဲ့ရသည်။ အထူးသဖြင့် သခင့်ကိုချီးမွမ်းသည့် ဓမ္မသီချင်းများကို ကျွန်မကြားသည့်အခါ၊ သခင်ယေရှု၏ ကိုယ်ကျိုးမငဲ့သော ချစ်ခြင်းမေတ္တာက ကျွန်မကို မျက်ရည်များကျသည်အထိ တို့ထိခဲ့သည်။ သခင့်၏ ချစ်ခြင်းမေတ္တာမှာ ကျွန်မဘဝတစ်ခုလုံးကို အလင်းပေးသည့် အမှောင်ညထဲတွင် တောက်ပနေသော မီးအိမ်တစ်ခုပမာ ဖြစ်ခဲ့သည်။ အသင်းတော်၏ လှုပ်ရှားမှုမျိုးစုံတွင် ကျွန်မ စတင်ပါဝင်ခဲ့ပါသည်။ နောက်ပိုင်းတွင် အသင်းတော်၌ တာဝန်များကို စီစဉ်ဆောင်ရွက်ပေးခြင်းအတွက် ကျွန်မအရွေးခံခဲ့ရပြီး ဧဝံဂေလိတရားကို သခင့်အတွက် စိတ်ပါလက်ပါ ကျွန်မ ဟောပြောခဲ့သည်။ သခင့်အတွက် စိတ်အားထက်သန်စွာ ကျွန်မ အသုံးတော်ခံသရွေ့ ကျွန်မသည် သခင့်၏ သစ္စာရှိသော အစေခံဖြစ်သည်၊ ကျွန်မကို သူကျေနပ်နှစ်သက်လိမ့်မည်ဖြစ်ပြီး ကောင်းချီးမင်္ဂလာများကို သူပေးလိမ့်မည်ဟု ကျွန်မယုံကြည်ခဲ့သည်။

မမျှော်လင့်သော အပြောင်းအလဲတစ်ခု ကျွန်မအပေါ် ကျရောက်သည့်အချိန်တွင် ရှုပ်ထွေးမှုထဲ ကျွန်မပိတ်မိသည်

ကျွန်မတို့သည် သခင်၏ကောင်းချီးပေးခြင်းခံခဲ့ရပြီး ကျွန်မတို့၏ စီးပွားရေးမှာ တိုးတက်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် လုပ်ပိုင်ခွင့်ရကုမ္ပဏီတစ်ခုကို ကျွန်မတို့ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းက ကောင်းမွန်နေခဲ့သည်။ သို့သော် ကောင်းသောကာလများမှာ မရှည်ကြာခဲ့ပါ၊ ၂၀၁၅ ခုနှစ်တွင် လုပ်ပိုင်ခွင့်ရလုပ်ငန်းလုပ်ကိုင်သူ စည်းမျဉ်းများကို ကျွန်မတို့ ချိုးဖောက်သည်ဟူသည့် အကြောင်းပြချက်ကို အသုံးပြုပြီး လုပ်ငန်းစနစ်တည်ထောင်သူ လုပ်ငန်းရှင်က ကျွန်မတို့၏ တစ်နှစ်တာ အပိုဆုကြေးအားလုံးကို ဒဏ်တပ်ခဲ့သည်။ တုန့်ပြန်သည့်အနေဖြင့် ကျွန်မတို့၏တရားစွဲဆိုမှု ရှုံးနိမ့်သည့်အခါ၊ ကျွန်မတို့၏ကုမ္ပဏီမှာ ဒေဝါလီခံရလုလုအခြေအနေတွင် ရှိနေခဲ့ပြီး အမှုကိစ္စက ကျွန်မတို့ကို အလွန်အမင်း အကြွေးတင် ကျန်ရစ်စေခဲ့သည်။ သခင့်၏ကျေးဇူးတော်ကို ကျွန်မတို့ ဆုံးရှုံးလိုက်ရချိန်တွင် ကျွန်မမှာ ဦးတည်ချက်ပျောက်ဆုံးသည့် သိုးသငယ်တစ်ကောင်လို ဖြစ်ခဲ့ရသည်။ မည်သည့်လမ်းသို့ သွားရမည်ကို ကျွန်မမသိတော့ဘဲ စိတ်မချမ်းမမြေ့နှင့် အကူအညီမဲ့ခဲ့ရပါသည်။ ညည့်နက်ချိန် အခြားသူအားလုံး အိပ်မောကျသောအခါ- “ငါ သခင့်အတွက် အမြဲတမ်း စိတ်အားထက်သန်စွာ အသုံးတော်ခံပြီး အသင်းတော်ကို အစေခံခဲ့တယ်၊ ဒါဆို ဘာလို့ သခင်က ငါ့ကို ဂရုစိုက်ပြီး မကာကွယ်ပေးခဲ့တာလဲ။ ဒါမှမဟုတ် သခင့်အလိုတော်နဲ့ မညီတာတစ်ခုခု ငါလုပ်ခဲ့မိလို့များ ငါ့အပေါ် ဒီလိုဖြစ်ပျက်ခဲ့တာလား။” ဟု မကြာခဏ တွေးတောခဲ့သည်။ ကျွန်မ အလွန် စိတ်ရှုပ်ထွေးပြီး- “သခင်၊ ဘာဖြစ်လို့ ကျွန်မအပေါ် ဒီလိုဖြစ်ရတာလဲဆိုတာ ကျွန်မ မသိတော့ဘူး၊ ဒါကြောင့် ကျွန်မ အရမ်းစိတ်ဆင်းရဲနေပါတယ်။ သခင်၊ ကိုယ်တော်ရဲ့ မျက်မှောက်တော်ကို ကျွန်မမခံစားရတော့ဘူး။ ကိုယ်တော် ကျွန်မကို တကယ်ပဲ စွန့်ပစ်ထားပြီလား။ သခင်ဘယ်မှာလဲ။ ကျေးဇူးပြုပြီး ကျွန်မကို ကိုယ်တော်ရဲ့လမ်းပြမှု ပေးတော်မူပါ။” ဟု ကိုယ်တော့်ထံ ဆုတောင်းကာ မကြာခဏ ငိုကြွေးမိခဲ့ပါသည်။ သို့သော် ကျွန်မဆုတောင်းပြီးနောက်တွင် ကျွန်မ၏ စိတ်နှလုံး လေးမြဲလေးနေခဲ့သည်။ မသိလိုက်ပါဘဲနှင့် သခင့်၌ ကျွန်မ၏ယုံကြည်ခြင်းမှာ များစွာယုတ်လျော့သွားခဲ့သည်။ အသင်းတော်၏ ဝတ်ပြုအစည်းအဝေးများကို သွားသည်မှာ ပို၍နည်းသထက်နည်းလာပြီး အိမ်တွင်သာ ကျမ်းစာဖတ်ခြင်းနှင့် ဆုတောင်းခြင်းတို့ကို ဆက်လုပ်ခဲ့ရသည်။

မည်သည့်လူမျိုးများက ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်နိုင်သည်နှင့် ပတ်သက်၍ မရှင်းမလင်းဖြစ်ခြင်း

တစ်နေ့တွင် ကျွန်မသည် ကျမ်းစာဖတ်နေစဉ် သခင်ယေရှု၏ နှုတ်ကပတ်တော်များကို အမှတ်မထင်တွေ့ခဲ့သည်၊ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) သခင်ယေရှု၏ နှုတ်ကပတ်တော်များသည်- “သခင်ယေရှုက ကိုယ်တော့်အတွက် စွန့်လွှတ်တဲ့သူ၊ အသုံးခံတဲ့သူ၊ ကြိုးပမ်းတဲ့သူနဲ့ အလုပ်လုပ်တဲ့သူ၊ သခင့်ကို အလွန်တကကြွစွာ အစေခံတဲ့သူတွေကို အဓမ္မအမှုပြုသူတွေလို့ ဘာလို့ ပြောခဲ့တာလဲ။ သခင်ယေရှုရဲ့ စကားတွေထဲမှာ နက်နဲမှုတစ်ခုခုများ ရှိသလား” ဟု ကျွန်မကို ဆင်ခြင်သုံးသပ်စေခဲ့သည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို ဤသမ္မာကျမ်းချက်များ၏ အဓိပ္ပါယ်ကို ကျွန်မမေးခဲ့သော်လည်း တစ်ညီတစ်ညာတည်း သူတို့၏အဖြေမှာ၊ “သခင့်ရဲ့ နှုတ်ကပတ်တော်တွေကို ခင်ဗျားသံသယမဖြစ်ရဘူး။ ဧဝံဂေလိတရားကို ကျွန်တော်တို့ဟောကြားပြီး ပိုမိုလုပ်ဆောင်နေသရွေ့၊ အချိန်တန်တဲ့အခါ သခင့်ရဲ့သဘောကျလက်ခံမှုကို ကျွန်တော်တို့ရရှိပြီး ကောင်းကင်နိုင်ငံထဲကို ဝင်ကြမှာပါ” ဟူ၍ ဖြစ်သည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ဤသို့ပြောသည်ကို ကြားရသည့်နောက် ဤကျမ်းချက်များထဲက သခင်ယေရှု၏ ဆိုလိုချက်ကို လုံးလုံးလျားလျား နားမလည်သော်လည်း သခင့်အတွက် အသုံးခံဖို့ စိတ်ဓါတ်လှုံ့ဆော်မှုကို ကျွန်မတစ်ဖန်ရရှိခဲ့ပြီး၊ ထို့ကြောင့် အသင်းတော်၏ လှုပ်ရှားမှုများစွာတွင် တစ်ဖန်စတင်ပါဝင်ခဲ့သည်။

တစ်ကြိမ်တွင် လူအထောင်အသောင်းတက်ရောက်သည့် ဧဝံဂေလိ အစည်းအဝေးတစ်ခုတွင် “စွန့်ခွာခဲ့ခြင်း” ဟု ခေါ်သည့် ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မ ကြားခဲ့ရသည်။ ဓမ္မသီချင်းက ကျွန်မကို လွန်စွာ တို့ထိခဲ့သည်။ ကျွန်မ မည်သည့်အရာကိုမျှ အမှန်တကယ် ဘယ်တော့မှ မစွန့်လွှတ်ခဲ့သည်ကို ကျွန်မ နားလည်သဘောပေါက်သွားသည်။ ကျွန်မ၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းနှင့် မိသားစုအတွက် ကျွန်မ၏ အားအင်ရှိသမျှကို ကျွန်မအသုံးပြုနေဆဲဖြစ်သည်။ သခင့်အတွက် တကယ်ကို အလွန်နည်းပါးစွာ ကျွန်မလုပ်ဆောင်ခဲ့သည်။ ကျွန်မသည် သခင့်ကို အလွန်များစွာ အကြွေးတင်မိခဲ့သည်တကား။ ကျွန်မတွေးမိသည်နှင့် မျက်ရည်များက မျက်နှာမှာ စီးကျလာသည်ကို ကျွန်မမတားနိုင်ခဲ့ပါ။ ကျွန်မက- “ငါ ဒီလိုဆက်သွားလို့ မဖြစ်ဘူး။ သခင့်ရဲ့ကတိတော်တွေအပေါ် ငါယုံကြည်မှုရှိဖို့ လိုတယ်။ ဧဝံဂေလိတရားကို စိတ်အားထက်သန်စွာ ငါဖြန့်ဝေသရွေ့၊ သခင်က သူ့ရဲ့ ကတိတော်တွေကို တည်စေမယ်လို့ ငါယုံကြည်တယ်” ဟု တွေးရင်း မိမိကိုယ်ကိုယ် တိတ်တဆိတ် အားပေးခဲ့သည်။ ကျွန်မသည် သခင့်နောက်လိုက်ဖို့ ကျွန်မအတွင်းမှ စိတ်အားထက်သန်မှုကို ပြန်နိုးဆွခဲ့သည်၊ သို့သော် ကျွန်မ၏ မရှင်းလင်းမှုမှာ မပြေလည်သေးဘဲ ရှိနေဆဲဖြစ်သောကြောင့် ရှာဖွေရန် သခင့်ထံ ကျွန်မ ဆုလည်းတောင်းခဲ့ပါသည်။

အံ့သြဖွယ်ရာ ကြုံဆုံမှုက ကျွန်မနှလုံးသားထဲက ပြင်းပြသောခံစားမှုကို နိုးဆွပေးသည်

တစ်နေ့တွင် ကျွန်မသည် မြေအောက်မီးရထား စောင့်နေစဉ်၊ ရထားများက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ကျွန်မ အလွန်စိတ်ပူပန်သွားခဲ့ပြီး ကျွန်မဘေးက အမျိုးသမီးအား ဘာဖြစ်နေသည်ကို မေးလိုက်သည်။ ကျွန်မတို့ စကားစမြည်ပြောစဉ်တွင် သူမလည်း ခရစ်ယာန်တစ်ဦးဖြစ်သည်ကို ကျွန်မသိရှိခဲ့သည်၊ ထို့ကြောင့် ကျွန်မတို့ သခင့်ထံ အတူတကွ ဆုတောင်းခဲ့ကြပြီး မကြာခင်မှာ မီးရထားများက ပြန်လည်အသုံးပြု၍ရသွားသည်။ ကျွန်မတို့ ရထားပေါ်တက်ပြီး စကားစတင်ပြောကြသောအခါ ကျွန်မတို့မှာ တစ်ဦးနှင့်တစ်ဦး နှစ်များစွာ သိကျွမ်းခဲ့ပြီးသားလို ဖြစ်ခဲ့ကြလေသည်။ ကျွန်မတို့ အလွန် စကားကောင်းခဲ့ကြသည်။ ကျွန်မတို့သည် ဖုန်းနံပါတ်များ ဖလှယ်ခဲ့ကြပြီး ကျွန်မနှင့်အတူ ကျမ်းစာလေ့လာရန် ထိုညီအစ်မအသစ်ကို ကျွန်မ ဖိတ်ခေါ်ခဲ့သည်။

တစ်ကြိမ်တွင် ကျွန်မ၏ညီအစ်မက သူမ၏အသင်းတော်တွင် ကျမ်းစာလေ့လာမှုစည်းဝေးပွဲတစ်ခုဆီ ကျွန်မကို ဖိတ်ခေါ်ခဲ့ပြီး ကျွန်မလည်း ပျော်ရွှင်စွာ သဘောတူခဲ့ပါသည်။ ထိုနေရာတွင် သူတို့၏မိတ်သဟာယ အလွန်အကျိုးရှိသည့် ညီအစ်မလီနှင့် ညီအစ်ကိုကျန်းတို့ကို ကျွန်မဆုံတွေ့ခဲ့ရသည်။ သူတို့က ကျွန်မကို အရင်က စိတ်ရှုပ်ထွေးစေခဲ့သည့် သမ္မာကျမ်းချက်များအပေါ် များစွာပိုမိုရှင်းလင်းပြီး ပိုမိုထက်မြက်သော နားလည်ခြင်းတစ်ခု ပေးခဲ့ကြသည်။ ထို့နောက်တွင် ညီအစ်ကိုကျန်းက “ဘုရားသခင် မိမိဘုန်းတော်ကို အရှေ့အရပ်သို့ ယူဆောင်” ဟု ခေါ်သည့် အကနှင့် သီချင်းဗီဒီယိုတစ်ခုကို ကျွန်မအား ဖွင့်ပြခဲ့သည်။ ဗီဒီယိုထဲမှ ပုံရိပ်များက ကျွန်မကို တုန်လှုပ်အံ့သြသွားစေခဲ့သည်။ အကသမားများ၏ စွမ်းရည်ကို ကျွန်မ ထပ်ခါတလဲလဲ အံ့သြစွာပြောနေမိသည်။ ညီအစ်ကိုကျန်းက အကသမားအားလုံးမှာ ဘုရားသခင်ကိုယုံကြည်သည့် ညီအစ်ကို မောင်နှမများဖြစ်ကြောင်း ကျွန်မကို ပြောခဲ့သည်။ ကျွန်မ အလွန်အံ့အားသင့်သွားခဲ့ပြီး သူတို့၏အကမှာ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုမှလာခြင်း ဖြစ်ရမည်ဟု တွေးမိခဲ့သည်။ သို့သော် ဘုရားသခင်သည် အရှေ့အရပ်တွင် ကြွလာနှင့်ပြီးဖြစ်သည်ဟု ဗွီဒီယိုက ဖော်ပြသည်ကို ကျွန်မ တွေ့ရသည့်အခါ- “သူတို့က ‘အရှေ့အရပ်မှလျှပ်ပြက်ခြင်း’ အသင်းသားတွေ မဟုတ်လား။ အရင်တုန်းက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက အရှေ့ရပ်မှလျှပ်ပြက်ခြင်း သာသနာပြုတွေနဲ့ အဆက်အသွယ်မလုပ်ဖို့၊ မဟုတ်ရင် သိုးစုထဲကနေ ငါတို့တွေ အခိုးခံရမယ်လို့ သတိပေးတာကိုပဲ ငါ ကြားခဲ့ရတယ်။ ငါဒီနေ့ သူတို့နဲ့ တကယ်ပဲ ဆုံမိနေပြီလား” ဟု တွေးမိခဲ့သည်။ သို့သော်လည်း ကျွန်မက- “သူတို့ရဲ့ မိတ်သဟာယမှာ သိမြင်နားလည်မှုတွေ အများကြီးရှိတယ်၊ ပြီးတော့ သူတို့နဲ့ငါ အပြန်အလှန်ဆက်ဆံမှုတွေကနေတဆင့် သူတို့က သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေ ပြောတာနဲ့ လုံးဝမတူတဲ့ ဘုရားကို ယုံကြည်သူစစ်စစ်တွေဖြစ်တယ်ဆိုတာ ငါခံစားရတယ်။ ငါဒီမှာ ရှိနေသရွေ့၊ သူတို့ပြောတာကို ငါနားထောင်ရင်လည်း နားထောင်မယ်လေ။ တကယ်လို့ သူတို့ရဲ့ယုံကြည်မှုမှာ မှားတဲ့လမ်းချိုးထဲ သူတို့ အမှန်တကယ် ဝင်လျှောက်မိခဲ့ရင် သူတို့ကို မှန်တဲ့လမ်းကြောင်းဆီ ငါ ပြန်လည်သွေးဆောင်နိုင်မှာပဲ” ဟု တွေးမိခဲ့သည်။ ထို့ကြောင့် ဆက်နားထောင်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့ပါသည်။

ထို့နောက်တွင် ကျွန်မကို စိတ်ရှုပ်ထွေးနေစေခဲ့သည့် မေးခွန်းကို သူတို့ဆီ ကျွန်မပြောပြခဲ့သည်- “ကျမ်းစာထဲမှာ သခင်ယေရှုက ‘သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) လို့ ပြောတယ်။ သခင့်အတွက် အသုံးတော်ခံပြီး အလုပ်လုပ်ခဲ့ကြတဲ့ ဒီလူတွေထဲမှာ အချို့က သူတို့မိသားစုတွေကို စွန့်လွှတ်ခဲ့ကြတယ်၊ အခြားသူတွေက သူတို့ရဲ့ ပျိုရွယ်တဲ့ကာလတစ်ခုလုံးကို အစေခံရာမှာ ဆက်ကပ်ခဲ့ကြတယ်၊ ပြီးတော့ အချို့က သူတို့ဘဝတစ်ခုလုံး သခင့်ကို အစေခံဖို့ အိမ်ထောင်ရေးကိုတောင် စွန့်လွှတ်ခဲ့ကြတယ်။ အကျိုးသင့် အကြောင်းသင့်ပြောရရင်၊ သူတို့က သခင့်ရဲ့ သဘောကျလက်ခံမှုကို ရရှိထားသင့်တယ်လေ၊ ဒီတော့ ဘာလို့ သခင်ယေရှုက သူတို့ဟာ အဓမ္မအမှုပြုသူတွေလို့ ပြောရတာလဲ။ ခမည်းတော်ရဲ့အလိုတော်ကို ဆောင်တဲ့သူတွေက ဘယ်လိုလူမျိုးတွေလဲ။”

ညီအစ်ကိုကျန်းက ပြုံးလိုက်ပြီး- မိတ်သဟာယပြုခဲ့သည်မှာ- “အရင်တုန်းက ကျွန်တော်တို့ စွန့်လွှတ်သရွေ့၊ အသုံးခံသရွေ့၊ ကြိုးပမ်းပြီး အလုပ်လုပ်သရွေ့၊ ကျွန်တော်တို့ဟာ ခမည်းတော်ရဲ့အလိုတော်ကို ဆောင်တဲ့လူတွေဖြစ်ကြတယ်၊ ဘုရားသခင်ရဲ့ သဘောကျလက်ခံမှုကို ကျွန်တော်တို့ ရကြမယ်၊ ပြီးတော့ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်နိုင်ကြမယ်လို့ ကျွန်တော်တို့အားလုံး ယုံကြည်ခဲ့ကြတယ်။ ဒါပေမယ့် အပြင်ပန်း စွန့်လွှတ်တာ၊ အသုံးတော်ခံတာ၊ ကြိုးစားအားထုတ်တာနဲ့ အလုပ်လုပ်တာတွေက ဘုရားသခင်ရဲ့အလိုတော်ကို လုပ်ဆောင်နေတယ်လို့ တကယ်ပဲ ဆိုလိုသလား။ ဒါက ကျွန်တော်တို့ ဂရုတစိုက် ဆင်ခြင်ရမယ့် မေးခွန်းပဲ။ ဖာရိရှဲတွေကို ပြန်စဉ်းစားကြည့်လိုက်ပါ။ လူတွေအတွက် မကြာခဏ ကျမ်းစာတွေ အနက်ပြန်ပေးကြတယ်၊ ယုံကြည်သူတွေအတွက် ဆုတောင်းပေးကြတယ်၊ ပြီးတော့ အလုပ်လုပ်ဖို့နဲ့ တရားဟောဖို့ နေရာတကာကို ခရီးသွားကြတယ်၊ ဒါပေမယ့် သခင်ယေရှုက အမှုပြုဖို့ ကြွလာခဲ့တဲ့အချိန်မှာ ဘာကြောင်မို့ သူတို့က သခင့်ရဲ့ သဘောကျလက်ခံမှုကို မရခဲ့ကြရုံသာမက၊ တကယ်တမ်း သခင်ကျိန်ဆဲတာကို ခံခဲ့ကြရတာလဲ။ ဖာရိရှဲတွေဟာ ဘုရားသခင်ကို အစေခံကြတဲ့လူတွေပဲလေ၊ ဒါဆို သခင် အမှုပြုဖို့ ကြွလာတဲ့အခါ၊ သူတို့က သခင့်ရဲ့ ကယ်တင်ခြင်းကို ရှာဖွေပြီး လက်ခံခဲ့သင့်ပေမယ့် သူတို့က လုံးဝဆန့်ကျင်ဘက်ကို လုပ်ဆောင်ခဲ့ကြတယ်။ သူတို့ရဲ့ ကိုယ်ပိုင်အဆင့်အတန်းနဲ့ ရာထူးကို ကာကွယ်ဖို့ သူတို့ဟာ သခင်ယေရှုရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို လက်ခံဖို့ ငြင်းပယ်ခဲ့ရုံသာမက၊ ဂျူးယုံကြည်သူတွေကိုလည်း သခင့်ကို သွေးရူးသွေးတန်း အာခံပြီး ရှုတ်ချလာအောင်လည်း သူတို့လှည့်ဖြားပြီး လှုံ့ဆော်ခဲ့ကြတယ်၊ သခင့်ကို အမှုဆင်ဖို့ မမှန်တဲ့သက်သေခံခဲ့ကြတယ်၊ ပြီးတော့ သခင်ယေရှု ကားစင်တင်ခံရစေဖို့ ရောမအစိုးရနဲ့တောင် ပူးပေါင်းကြံစည်ခဲ့ကြတယ်။ ဖာရိရှဲတွေ လုပ်ခဲ့တဲ့အရာအားလုံးက သူတို့ကို ဘုရားသခင်ရဲ့ ရန်သူတွေဖြစ်စေခဲ့တယ်။ ဒီလိုနဲ့ သူတို့က ဘုရားသခင်ရဲ့ စိတ်နေသဘောထားကို စော်ကားပြစ်မှားခဲ့ကြတဲ့အတွက် ဘုရားသခင်က သူတို့ကို ကျိန်ဆဲပြီး အပြစ်ဒဏ်ပေးခဲ့တယ်။ ဒီအရာက အပြင်ပန်း စွန့်လွှတ်တာ၊ အသုံးတော်ခံတာ၊ ကြိုးစားအားထုတ်တာနဲ့ အလုပ်လုပ်တာတွေက ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ အလိုတော်ကို လုပ်ဆောင်နေတယ်လို့ မဆိုလိုဘူးဆိုတာ ကျွန်တော်တို့ကို ပြသနေတယ်။ သခင့်ကို ယုံကြည်သူတွေအနေနဲ့ ကျွန်တော်တို့ကိုလည်း ကြည့်လေ။ သခင့်နာမနဲ့ ကျွန်တော်တို့က စွန့်လွှတ်ပြီး အသုံးတော်ခံနိုင်ကြပေမယ့် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က သူ့ကို ချစ်ဖို့နဲ့ နာခံဖို့ မဟုတ်ဘဲ၊ အဲဒီအစား သခင့်ဆီကနေ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေကို ထုတ်ယူဖို့နဲ့ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ဖို့ပဲဖြစ်တယ်။ ဒီနည်းနဲ့ ကျွန်တော်တို့ အဖိုးအခပေးပြီး အသုံးတော်ခံတဲ့အခါ၊ ကျွန်တော်တို့ လုပ်တဲ့အရာရဲ့ အနှစ်သာရက သခင်နဲ့ အပေးအယူလုပ်ဖို့ပဲ။ ကျွန်တော်တို့ဟာ ဘုရားသခင်ကို လှည့်ဖြားပြီး အသုံးချနေကြတာပဲ။ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေမှာ နာမကျန်းဖြစ်တာ ဒါမှမဟုတ် အဟန့်အတားတွေ ကျွန်တော်တို့ကြုံရတဲ့အခါ ဘုရားသခင်ရဲ့ အလိုတော်ကို ရှာတာထက် ကျွန်တော်တို့ကို ဝေဒနာခံစားစေတဲ့ နာမကျန်းဖြစ်ခြင်း ဒါမှမဟုတ် အတားအဆီးတွေကို ဖယ်ရှားပေးဖို့ သခင့်ကို ဆုတောင်းပြီး တောင်းလျှောက်တာမှတပါး ကျွန်တော်တို့ ဘာမှမလုပ်ကြဘူး၊ ပြီးတော့ ဘုရားသခင်က ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို မဖြည့်ဆည်းပေးတဲ့အခါ ကျွန်တော်တို့ ဘုရားသခင်ကို ဆန့်ကျင်ညည်းညူပြီး နားလည်မှုလွဲကြတယ်၊ ဘုရားသခင်ဆီကနေ ကိုယ့်ကိုယ်ကိုယ် ကင်းကွာစေကြပြီးတော့ ဆိုးရွားတဲ့ကိစ္စတွေမှာဆို ဘုရားသခင်ကို ငြင်းပယ်ပြီး သစ္စာဖောက်ကြတယ်။ သခင့်ရဲ့ ကြွလာခြင်းကို ကျွန်တော်တို့ သဘောထားတဲ့ပုံနဲ့ ပတ်သက်ပြီး လူအများစုက သခင့်ရဲ့ နှုတ်ကပတ်တော်ကို နားလည်ခြင်း ဒါမှမဟုတ် သူ့အလိုတော်ကို ရှာဖွေခြင်းအပေါ် သူတို့ရဲ့ အားထုတ်ကြိုးပမ်းမှုကို ဗဟိုမပြုကြဘဲ၊ အဲဒီအစား သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို ကျိုးကြောင်းမမြင်ဘဲ နားထောင်ကြတယ်။ သခင်ပြန်ကြွလာပြီလို့ လူတွေ သက်သေခံတဲ့အချိန်မှာတောင် သူတို့က မရှာဖွေသလို မလေ့လာမဆန်းစစ်ကြဘူး၊ တချို့က သင်းအုပ်ဆရာတွေနောက်ကို လိုက်ပြီးတော့ နောက်ဆုံးသောကာလထဲက ဘုရားသခင်ရဲ့အမှုကို အာခံပြီး ရှုတ်ချတဲ့အထိ လုပ်ကြတယ်။ ဒါဟာ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေက အခွင့်အာဏာနဲ့ တန်ခိုးရှိတယ်ဆိုတာ မြင်ကြပေမယ့် ရှာဖွေဖို့ ဒါမှမဟုတ် လေ့လာဆန်းစစ်ဖို့ ငြင်းတဲ့သူတွေ၊ ပြီးတော့ ‘သိုးတွေကို ကာကွယ်ခြင်းနဲ့ မှန်ကန်တဲ့လမ်းခရီးကို စောင့်ရှောက်ခြင်း’ ဆိုတဲ့ အမည်ခံပေမယ့် တကယ်တော့ သူတို့ရဲ့ အဆင့်အတန်းနဲ့ ရာထူးတွေကို ကာကွယ်ဖို့၊ နောက်ဆုံးသောကာလ ဘရားသခင်ရဲ့အမှုကို ငြင်းပယ်ဖို့၊ ရှုတ်ချဖို့နဲ့ အာခံဖို့ ကြိုးပမ်းကြသလို၊ ယုံကြည်သူတွေကို နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့အမှုကို လေ့လာဆန်းစစ်ခြင်းကနေ တားဆီးပြီး သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ လူတွေကို အခိုင်အမာထိန်းသိမ်းကြတဲ့ ဘာသာရေးလောကရဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကြားမှာ အထူးသဖြင့် ပြင်းထန်ပါတယ်။ ဒါက သူတို့ကို ဘုရားသခင်ကိုအာခံတဲ့ အန္တိခရစ်တွေ မဖြစ်စေဘူးလား။ ဒီအရာတွေကနေ လူတွေဟာ သခင့်အတွက် စွန့်လွတ်၊ အသုံးတော်ခံ၊ ကြိုးပမ်းပြီး အလုပ်လုပ်နိုင်ရင်တောင်မှ သူတို့က လူတွေနောက်လိုက်ပြီး ကိုးကွယ်ဆည်းကပ်ရင်း၊ ဘုရားသခင်ကိုတောင် ရှုတ်ချရင်း၊ အာခံရင်းနဲ့ ဘုရားသခင်ရဲ့ ရန်သူတွေအဖြစ် ပြုမူရင်း သူတို့ဟာ ဘုရားသခင်ကို လှည့်ဖြားပြီး အသုံးချနိုင်ကြသေးတယ်ဆိုတာ ကျွန်တော်တို့ မြင်နိုင်တယ်။ ဒီလိုလူတွေဟာ အဓမ္မအမှုပြုသူတွေလို့ သခင်ယေရှုခေါ်တဲ့သူတွေ အတိအကျပဲ မဟုတ်လား။ ဒါကြောင့် ဒီလိုမျိုး စွန့်လွှတ်တာနဲ့ အသုံးတော်ခံတာက သခင့်ရဲ့ သဘောကျလက်ခံမှုကို မရရုံသာမက သခင့်ရဲ့ ဝေဖန်ရှုတ်ချမှုကို ဖိတ်ခေါ်လိုက်တာပါပဲ။

“သခင်ယေရှုက- ‘သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။(ရှင်မဿဲခရစ်ဝင် ၂၂:၃၇-၃၉)သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့် အမှန်ဖြစ်ကြ၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၃၁) လို့ ပြောခဲ့တယ်။ သခင့်ရဲ့ နှုတ်ကပတ်တော်တွေကနေ၊ ခမည်းတော်ရဲ့အလိုတော်ကို အမှန်တကယ် လုပ်ဆောင်သူတွေဆိုတာ စွန့်လွှတ်ခြင်း၊ အသုံးတော်ခံခြင်း၊ ကြိုးစားအားထုတ်ခြင်းနဲ့ အလုပ်လုပ်ခြင်းရဲ့ ဖြစ်စဉ်ထဲမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လုပ်ဆောင်နိုင်တဲ့သူတွေ၊ ဘုရားသခင်ရဲ့ ပညတ်ချက်တွေကို နာခံနိုင်တဲ့သူတွေ၊ လူတွေအပေါ် ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေကို လက်တွေ့လုပ်ဆောင်နိုင်တဲ့သူတွေ၊ စမ်းသပ်မှုတွေနဲ့ စစ်ဆေးမှုတွေရဲ့အလယ်မှာ ဘုရားသခင်အတွက် ခိုင်ခိုင်မာမာရပ်တည်ပြီး သက်သေခံနိုင်တဲ့သူတွေနဲ့ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့အတွက်သာလျှင် အရာရာကို လုပ်ဆောင်နိုင်တဲ့သူတွေ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ မြင်နိုင်တယ်။ ဒီလူတွေဟာ ဘုရားသခင်အတွက် စစ်မှန်တဲ့ နာခံမှုနဲ့ ချစ်ခြင်းမေတ္တာ ရှိတဲ့သူတွေပါ။ ဘုရားသခင်ကို အရာခပ်သိမ်းအထက်မှာ ရိုသေပြီး ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေကို နာခံနိုင်ခဲ့တဲ့ အာဗြဟံလို လူတွေပေါ့။ ဘုရားသခင်က သူ့ရဲ့ တစ်ဦးတည်းသောသား ဣဇက်ကို ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ဖို့ သူ့ကို တောင်းတဲ့အခါ သူက အကြောင်းပြချက်တွေ ဒါမှမဟုတ် ဆင်ခြေတွေ မရှာခဲ့ဘဲ အကြွင်းမဲ့နာခံခြင်းနဲ့ ဘုရားသခင် မိန့်ခဲ့တဲ့အတိုင်း လုပ်ဆောင်ခဲ့တယ်၊ ဣဇက်ကို ဘုရားသခင်ဆီ ပြန်ပေးဖို့ စိတ်ရင်းအတိုင်း ပြင်ဆင်ခဲ့ပြီး နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ကောင်းချီးပေးတာခံခဲ့ရတယ်။ ပြီးတော့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနောက်လိုက်ဖို့နဲ့ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ သူ့ဘဝကို မြှုပ်နှံခဲ့တဲ့ ပေတရုလိုပေါ့။ သူက သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို မှတ်မိခဲ့တယ်၊ ပြီးတော့ အရာခပ်သိမ်းမှာ သမ္မာတရားကို တောင့်တပြီး ရှာဖွေခဲ့တယ်။ သခင့်ရဲ့စေစားချက်ကို လက်ခံပြီးတဲ့နောက် ပေတရုဟာ အသင်းတော်ကို သခင့်ရဲ့အလိုတော်နဲ့ တောင်းဆိုချက်တွေအတိုင်း တင်းတင်းကျပ်ကျပ် ထိန်းကျောင်းခဲ့တယ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနဲ့ ဘုရားသခင်ရဲ့ အလိုတော်ကို ဖြည့်ဆည်းခြင်းတို့ကို အလေးထားခဲ့တယ်၊ ပြီးတော့ နောက်ဆုံးမှာ ဘုရားသခင်အတွက် ပြောင်းပြန်ကားစင်တင်ခံခဲ့ရတယ်။ သူက ဘုရားသခင်ကို အစွမ်းကုန်ချစ်ခဲ့တယ်၊ သေတဲ့အထိတောင် နာခံခဲ့တယ်။ သူတို့နှစ်ယောက်လုံးက ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ အရာရာကို စွန့်လွှတ်ခဲ့ကြတယ်၊ သူတို့ရဲ့ ကိုယ်ပိုငအသက်ကိုတောင်မှပေါ့။ ဒီလိုလူတွေဟာ ဘုရားသခင်အတွက် စစ်မှန်တဲ့ နာခံမှုနဲ့ ချစ်ခြင်းမေတ္တာရှိကြတဲ့သူတွေပါ။ သူတို့ဟာ ဘုရားသခင်အတွက် လှပပြီး ကျယ်လောင်မြည်ဟိန်းတဲ့ သက်သေကို ဖန်တီးကြတဲ့အတွက် ဒီလူတွေဟာ ခမည်းတော်ရဲ့အလိုတော်ကို အမှန်တကယ် ဆောင်ကြတဲ့သူတွေပါပဲ။”

ယခင်က သခင်ယေရှုထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်သည့်အခါ ၎င်းတို့အထဲတွင် ရှာဖွေရမည့် သမ္မာတရားရှိသည်ဟု ခံစားခဲ့ရသော်လည်း ကျွန်မ အပြည့်အဝနားမလည်ခဲ့ပါ။ သို့သော် ညီအစ်ကိုကျန်း၏ မိတ်သဟာယမှတဆင့် သခင်ယေရှု ဆိုလိုသည့်အရာကို နောက်ဆုံးတွင် ကျွန်မနားလည်ခဲ့သည်၊ ထို့ပြင် သူ၏ မိတ်သဟာယနှင့်အတူ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဆင်ခြင်သည့်အခါ ယခင်က ကျွန်မ၏ ပြုမူလုပ်ဆောင်ပုံများအားလုံးကို အမှတ်ရစေခဲ့ပါသည်- သခင့်ကျေးဇူးတော်ကို ကျွန်မမွေ့လျော်ခဲ့သည့်အခါ သူ့အပေါ် ကျွန်မ၏ယုံကြည်ခြင်းမှာ အားကောင်းသယောင်ထင်ရပြီး သခင့်အတွက် ကျွန်မ စိတ်အားထက်သန်စွာ အသုံးတော်ခံခဲ့သည်၊ သို့သော် ကျွန်မအပေါ် ဘေးဒုက္ခနှင့် စမ်းသပ်မှုများ ကျရောက်သည့်အခါ သခင့်အပေါ် ကျွန်မ၏ ယုံကြည်ခြင်းကို ဆုံးရှုံးပြီး၊ သူကျွန်မကို မကွယ်ကာခဲ့ ဟူ၍ပင် မကျေမနပ်ပြောကာ သူ့အတွက် အသုံးတော်ခံရန် ကျွန်မ၏ စိတ်အားထက်သန်မှု ပျောက်ဆုံးခဲ့သည်။ ကျွန်မပြုလုပ်ခဲ့သမျှကို စဉ်းစားကြည့်သည့်အခါ သခင့်ကို ကျွန်မ တကယ်ပင် အပေးအယူလုပ်နေခဲ့သည်မှာ ပေါ်လွင်လာခဲ့သည်။ သခင့်ကို ကျွန်မ အမှန်တကယ် အသုံးချပြီး လှည့်ဖြားနေမိခဲ့ပါပြီလော။ ထိုသို့ အလုပ်လုပ်ခြင်းနှင့် အသုံးတော်ခံခြင်းက သခင့်ချီးမွမ်းမှုကို ရရှိစေနိုင်ခဲ့သလော။ ကျွန်မသည် ခမည်းတော်၏ အလိုတော်ကို ဆောင်သောသူတစ်ဦး အမှန်တကယ် မဖြစ်ခဲ့ဟန်တူသည်တကား။ သို့ဆိုလျှင် လူတစ်ဦးသည် ခမည်းတော်၏ အလိုတော်ကို ဆောင်ပြီး ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်သောသူတစ်ဦး မည်သို့ ဖြစ်လာနိုင်မည်နည်း။ ထို့ကြောင့် ကျွန်မ၏ မရှင်းလင်းမှုကို သူတို့ထံ ကျွန်မ ပြောပြခဲ့ပြန်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Myanmar Movie - ကောင်းကင်နိုင်ငံတော် သားများ | Only Honest People Can Be Blessed by God

သခင်ယေရှုက၊ “ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မ ရောက်ရကြ” (ရှင်မဿဲ ၁၈:၃) ဟု...

Myanmar Gospel Skit - ကျွန်ုပ်တို့ ကယ်တင်ခြင်းရလျှင် ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်နိုင်ပါသလား

ဇန်မုသည် အိမ်အသင်းတော်တစ်ခုတွင် ဆရာတစ်ပါးဖြစ်ပြီး၊ “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့...

Myanmar Full Movie - ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်

သခင် ပြန်လာခြင်းကို စိတ်အားထက်သန်စွာ စောင့်မျှော်နေသော တောင်ကိုရီးယားမှ သင်းအုပ်ဆရာတစ်ယောက်သည် အရှေ့အရပ်မှလျှပ်ပြက်ခြင်းအကြောင်းကို...

Myanmar Movie - အိပ်မက်မှ နိုးထလာခြင်း | Revealing the Mystery of Entering the Kingdom of Heaven

ယုဖန်း သည် သခင်ယေရှုကို ယုံကြည်သော အခြားသောသူများကဲ့သို့ပင် ဖြစ်သည်၊ သခင်ယေရှု လက်ဝါးကပ်တိုင်တွင် အသတ်ခံရသည့်အခါ သူသည် လူသားတို့၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။